ကျင့်ကြံသူတစ်ဦးနှင့် တိုက်ပွဲ
Vol. 6 Ch. 83
"အရူးပဲ၊ တကယ့်ကို သိုင်းပညာအရူးပဲ!" ဝတ်ရုံရှည်ဝတ်လူမှာ ယခင်ကကဲ့သို့ အေးဆေးတည်ငြိမ်မှုမရှိတော့ဘဲ စိတ်ညစ်စွာ အော်ဟစ်လိုက်သည်။
တိုက်ခိုက်လိုက်သည့်အခါတိုင်း သူ့အနေနှင့် ဖုန့်လင်းကို မထိခိုက်စေနိုင်ခဲ့ဘဲ သူ၏လက်နှင့်ခြေထောက်များမှာ သံပြားတစ်ချပ်ကို ထိုးနှက်နေရသကဲ့သို့ ခံစားနေရပြီး သူ့ကိုယ်သူပင် ထိခိုက်စေခဲ့သည်။
ခွန်အားက အရာအားလုံးကို အောင်နိုင်တယ်!
ထို့အပြင် မိုးကောင်းကင်အောက်ရှိ သိုင်းပညာအားလုံးတွင် အမြန်နှုန်းသည် အဓိကအရေးပါဆုံးသော အချက်ဖြစ်သည်။
ဝတ်ရုံရှည်ဝတ်လူ၏တိုက်ကွက်များ မည်မျှပင် နက်နဲပါစေ၊ သူ၏အမြန်နှုန်းနှင့် ခွန်အားနှစ်ခုလုံးမှာ ဖုန့်လင်းထက် နိမ့်ကျနေခဲ့၏။
ဖုန့်လင်း သူ၏သာလွန်မှုကို ပြသလိုက်သည်။ သူ ပတ်ပတ်လည်တွင် လှည့်ပတ်ကာ စီးဆင်းနေသော ပြဒါးရေကဲ့သို့ စည်းချက်ကျသည့် တိုက်ခိုက်မှုများဖြင့် ပြိုင်ဘက်အား အသက်ရှူခွင့်ပင် မပေးခဲ့ချေ။
သူ၏လှုပ်ရှားမှုများမှ နောက်ချန်ပုံရိပ်များ ဖြစ်လာခဲ့ပြီး တစ်ခုမှ ဆယ်ခုအထိ တိုးလာကာ ဝတ်ရုံရှည်ဝတ်လူကို ဝိုင်းရံလိုက်သည်။ ထို့ကြောင့် ဝတ်ရုံရှည်ဝတ်လူမှာ မလွတ်မြောက်နိုင်တော့ပေ။
ဝတ်ရုံရှည်ဝတ်လူ မကျေမနပ်ဖြစ်ကာ ကျိန်ဆဲနေခဲ့ပြီး လူဆယ်ယောက်နှင့် တစ်ပြိုင်နက်တိုက်ခိုက်နေရသကဲ့သို့ ခံစားခဲ့ရပြီး အခြေအနေမှာ သူ့အတွက် အလွန်အန္တရာယ်များနေခဲ့၏။
သို့သော် ဤအကျိုးသက်ရောက်မှုသည် ဖုန့်လင်း၏ အမြန်နှုန်းလွန်စွာမြန်ဆန်ပြီး ပြင်းထန်သောကြောင့် နောက်ချန်ပုံရိပ်များ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူ သိသည်။
ဝတ်ရုံရှည်ဝတ်လူ သူ၏အကွက်များကို ဆက်လက်ပြောင်းလဲနေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို မီးလျှံများဖြင့်ဖုံးအုပ်ထားခဲ့ပြီး မီးလူသားကဲ့သို့ဖြစ်နေပြီး သာမန်လူများအနေဖြင့် သူ့အနားပင် ကပ်နိုင်မည် မဟုတ်ပေ။
သို့သော် ဖုန့်လင်းမှည ဤအရာကို လုံးဝမကြောက်ပေ။ ရေနှင့်မီးမှာ သူ့အပေါ် မသက်ရောက်နိုင်ပေ။ ဤမီးလျှံများ၏ပြင်းအားသည် သူ့လက်မှ အရေပြားကိုပင် မလောင်ကျွမ်းစေနိုင်ပေ။
ဝတ်ရုံရှည်ဝတ်လူ၏နည်းစနစ်များ မည်မျှပင် အံ့သြကဖွယ်ကောင်းစေကာမူ ဖုန့်လင်း၏ ခွန်အားသာလွန်မှုကို မကိုင်တွယ်နိုင်ဘဲ ဆက်တိုက်နောက်သို့ဆုတ်ခွာနေခဲ့ရသည်။
သူ့အတွက် ပို၍မယုံနိုင်စရာကောင်းသည်မှာ သူ၏မီးစွမ်းအင်သည် ယခင်က သူ့ကိုဘယ်တော့မှ စိတ်မပျက်စေခဲ့သော်လည်း ဖုန့်လင်းအပေါ် သုံးသည့်အခါတွင် အသုံးမဝင်ခဲ့ဘဲ ဖုန့်လင်း၏ ဆံချည်တစ်မျှင်ကိုပင် မထိခိုက်စေနိုင်ခြင်းဖြစ်သည်။
ဒီလူ တကယ်ပဲ မီးဒဏ်ကို ခံနိုင်ရည်ရှိနေတာလား? သူ ဘယ်လိုဗီဇကို နိုးထခဲ့တာလဲ?
သူ အလွန်အမင်း စိတ်ရှုပ်ထွေးနေခဲ့သည်။ ခန္ဓာကိုယ်ကာကွယ်မှုကို မြှင့်တင်ပေးသည့် ဗီဇမျိုးဖြစ်လျှင်ပင် ဤမျှအားကောင်းနိုင်မည်မဟုတ်ပေ။
သို့သော် စဉ်းစားရန် အချိန်မရှိသည်မှာ ဝမ်းနည်းစရာပင်။
ဖုန့်လင်းမှာ ထိုလူ၏မီးလျှံများကို လုံးဝမကြောက်ရွံ့ပေ။ သူ့ရန်သူကို လှည့်ပတ်နေခဲ့ပြီး ထိုးလိုက်သည့် လက်သီးချက်တိုင်းသည် အသားကိုထိမှန်နေပြီး "ဘယ်သူ့အသားက ပိုမာလဲ" ဆိုသည့် ပြိုင်ပွဲတစ်ခုကို ဆင်နွှဲနေခဲ့သည်။
ဝတ်ရုံရှည်ဝတ်လူမှည အလွန်အမင်း ဖိနှိပ်ခံနေရသည်။ သူ၏စွမ်းရည်အားလုံးမှာ ဖုန့်လင်းအပေါ်တွင် အသုံးမဝင်ကြောင်း သဘောပေါက်လာခဲ့လေ၏။ ဤသို့ဆိုလျှင် ဤကဲ့သို့သော ပြိုင်ဘက်ကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခုသာ ကျန်တော့သည်၊ ထိုနည်းလမ်းမှာ...
ဆွစ်ရှ်!
ချီ၊ ချီ၊ ချီ~
လက်သီးချက်များနှင့်ခြေကန်ချက်များကြားတွင်၊ ၎င်းတို့၏ ထိုးနှက်မှုအားမှ လေပြင်းများ ဖြစ်ပေါ်လာခဲ့သည်။
သူတို့နှစ်ဦး ထိပ်တိုက် ရင်ဆိုင်နေကြပြီး အလွန်နီးကပ်စွာ တိုက်ခိုက်နေကြသည်။
လက်သီးချင်းတိုက်မိသည့်အခါတိုင်း ဝတ်ရုံရှည်ဝတ်လူမှာ ဖိအားပေးခံနေရပြီး နောက်သို့ဆုတ်ခွာခဲ့ရ၏။ ဤမျှပြင်းထန်သော အားကို တိုက်ရိုက်ရင်ဆိုင်ရခြင်းသည် သူ့အတွက် ခက်ခဲလှသည်။
သူ၏အမြန်နှုန်းနှင့် အင်အားနှစ်ခုလုံးမှာ ဖုန့်လင်းထက် လုံးဝနိမ့်ကျနေခဲ့၏။
ဤသည်မှာ ကြမ်းတမ်းသောအင်အား၏ ကွာခြားချက်ဖြစ်ပြီး သူ၏လှုပ်ရှားမှုများနှင့် နည်းစနစ်များ မည်မျှပင် နက်နဲစေကာမူ ထိုကွာခြားချက်ကို ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။
ဝတ်ရုံရှည်ဝတ်လူအနေနှင့် ယခင်က ဤကဲ့သို့ ဒုက္ခပေးနိုင်သည့် ပြိုင်ဘက်ကို မတွေ့ဖူးပေ။ ဖုန့်လင်းမှာ သံနှင့်လုပ်ထားသော လူသားတစ်ဦးနှင့် တူနေသည်ဟု သူ ခံစားနေရသည်။
ဖုန့်လင်း၏ လှုပ်ရှားမှုများတွင် အားနည်းချက်များစွာရှိသော်လည်း သူ၏ကာကွယ်မှုမှာ အလွန်မြင့်မားပြီး သံမဏိတံတိုင်းတစ်ခုကို အသွေးအသားလက်သီးဖြင့် ထိုးနေရသကဲ့သို့ ခံစားနေရကာ သူ၏နည်းစနစ်များ မည်မျှပင် ကောင်းစေကာမူ လုံးဝအသုံးမဝင်ပေ။
သူ့တိုက်ကွက်များ၏ အမျိုးမျိုးသောပုံစံများကို ဆက်လက်ပြောင်းလဲနေခဲ့သည်။ သူ၏တိုက်ခိုက်မှုတစ်ခုချင်းစီသည် အလွန်အံ့သြဖွယ်ကောင်းပြီး - ဖုန့်လင်း၏အားကို ပယ်ဖျက်ခြင်း၊ လမ်းလွှဲခြင်း၊ သူ၏ကိုယ်ပိုင်တိုက်ခိုက်မှုအတွက် ငှားခြင်း... သူ၏ကျွမ်းကျင်မှုအားလုံးကို အသုံးပြုပြီးမှသာ အရှုံးမပေးရသည့် အခြေအနေသို့ ရောက်ရှိနိုင်ခဲ့သည်၊ သို့သော်လည်း လုံးဝအဆင်မပြေသော အခြေအနေတွင်သာ ရှိနေဆဲဖြစ်သည်။
ဖုန့်လင်းသည်လည်း ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ သူ လုံးဝအသာစီးရထားသော်လည်း နောက်ဆုံးအနိုင်ကို မရနိုင်သေးပေ။
သူ အကူအညီမဲ့စွာပင် ပြိုင်ဘက်၏ သိုင်းပညာစွမ်းရည်ကို ချီးကျူးရင်း
ပင့်သက်ရှိုက်လိုက်မိသည်။ သူ၏လှုပ်ရှားမှုတစ်ခုချင်းစီတွင် အမျိုးမျိုးသောပုံစံများ ပါဝင်ပြီး မရေမတွက်နိုင်သော အပြောင်းအလဲများကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ မိုးကောင်းကင်အောက်ရှိ သိုင်းပညာအားလုံး၏အနှစ်သာရများ ပါဝင်နေသည်ဟုပင် ခံစားခဲ့ရသည်။
သူ မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို အသုံးပြုသည်ဖြစ်စေ၊ သူ့ပြိုင်ဘက်တွင် တုံ့ပြန်နိုင်သည့် နည်းလမ်းရှိနေခဲ့၏။
"စိတ်ဝင်စားစရာပဲ!" ဖုန့်လင်း စိတ်လှုပ်ရှားသွားသည်။ ဝတ်ရုံရှည်ဝတ်လူကို အလျင်အမြန်သတ်ရန် သူ စိတ်မလောတော့ဘဲ ပြိုင်ဘက်နှင့်အတူ တိုက်ခိုက်ရင်း စဥ်းစားနေခဲ့သည်။
အနီးကပ်တိုက်ပွဲတွင် ဟုန်လက်သီး၊ ပြိုင်ဘက်ကို ဟန့်တားရန် ထိုက်ချိ၊
ရှင်းယီလက်သီး ၏ ပေါက်ကွဲနိုင်စွမ်း—ဖုန့်လင်း အမျိုးမျိုးသော အန္တိမ
တိုက်ကွက်များကို အသုံးပြုကာ အလွန်ကြီးမားသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ဝတ်ရုံရှည်ဝတ်လူတွင် ပိန်လှီသော ခန္ဓာကိုယ်ရှိပြီး လုံလောက်သည့် ခွန်အားမရှိသော်လည်း သူ၏နည်းစနစ်များတွင် မရေမတွက်နိုင်သော အပြောင်းအလဲများ ပါဝင်နေသဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် လုံလောက်နေသည်။သူ့ပုံစံမှာ ပစ်တိုင်းထောင်အရုပ်တစ်ခုနှင့် တူနေပြီး မည်သို့ပင် ထိုးနှက်ခံရစေကာမူ သူ လုံးဝ လဲမကျခဲ့ချေ။
ဖုန့်လင်း သူနှင့်တိုက်ခိုက်လေလေ၊ ပိုမိုအံ့အားသင့်လာလေလေပင်။သူ့ပြိုင်ဘက်၏နည်းစနစ် မည်မျှနက်နဲသည်ကို သူ ခံစားမိနေပြီး အစကတည်းက ယခုအချိန်ထိ ပြိုင်ဘက်အသုံးပြုသော အကွက်အားလုံးသည် တစ်ခုတည်းသော သိုင်းပညာမှ ဆင်းသက်လာကြောင်း သိလာခဲ့သည်။
ဤသိုင်းပညာတွင် အပြောင်းအလဲများစွာ ပါဝင်နေပြီး မရေမတွက်နိုင်သော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဤသည်မှာ အလွန်နက်နဲသော ဗီဇသိုင်းပညာတစ်ခုဖြစ်ဟန်တူသည်။
ဤမျှကောင်းမွန်သော လေ့ကျင့်ဖော်ကို သူ ဘယ်နေရာမှာ ရှာတွေ့နိုင်ပါ့မလဲ?
ဘယ်လိုတောင် ကောင်းတဲ့လူလဲ!
ဖုန့်လင်း ထိုလူအပေါ်သို့ ကြည့်သည့် အကြည့်မှာ ချက်ချင်းပြောင်းလဲသွား၏။
သူ ကြယ်တာရာကျင့်ကြံသူဖြစ်လာပြီးနောက် သူ၏အစစ်အမှန်တိုက်ခိုက်မှုစွမ်းအား မည်မျှရှိမည်ကို သူကိုယ်တိုင်ပင် မသေချာပေ။
ဤသည်မှာ ပထမဆုံးအကြိမ် အခြားကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်ခြင်းဖြစ်ပြီး အဓိကအချက်မှာ ဤပြိုင်ဘက်သည် အလွန်အားကောင်းခြင်းမရှိသဖြင့် သူ၏ကိုယ်ပိုင်တိုက်ခိုက်မှုများကို ပြိုင်ဘက်၏တုံ့ပြန်မှုကို စိုးရိမ်စရာမလိုဘဲ ထုတ်ဖော်ပြနိုင်ခြင်းဖြစ်သည်။
ဖုန့်လင်း အရှိန်မြှင့်လိုက်ကာ တိုက်ခိုက်မှုအမြန်နှုန်းကို တိုးမြှင့်လိုက်ပြီး သူသင်ယူထားသော လှုပ်ရှားမှုအားလုံးကို အသုံးပြုကာ သူ၏အကန့်အသတ်ကို စမ်းသပ်လိုက်သည်။
တိုက်ခိုက်မှုတစ်ခုစီ ပိတ်ဆို့ခံရသည့်အခါတိုင်း ဖုန့်လင်းအနေဖြင့် သူ၏ လှုပ်ရှားမှုများတွင် ချို့ယွင်းချက်ရှိနေသေးကြောင်း သတိထားမိပြီး တဖြည်းဖြည်းတိုးတက်အောင် ကြိုးစားကာ ဤတိုက်ပွဲမှရရှိသော အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သည်။
ထိုဝတ်ရုံရှည်ဝတ်လူမှာလည်း ဖုန့်လင်းက သူ့ကို လေ့ကျင့်ဖော်အဖြစ်အသုံးပြုကာ သူ၏နည်းစနစ်များကို လေ့လာနေကြောင်း သိရှိသွားပြီး အလွန်ဒေါသထွက်လာခဲ့သည်။
ကြယ်တာရာ ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် မည်သည့်နေရာသို့သွားသွား မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦးဖြစ်နေခဲ့ပြီး လူတိုင်း၏လေးစားမှုကို ခံယူခဲ့ရသည်။ ဘယ်အချိန်ကစပြီး
သူ ဒီလောက်ထိ ဆိုးဆိုးရွားရွား အရှက်ခွဲခံခဲ့ရတာလဲ?
သူ၏မျက်နှာမှာ နီရဲလာခဲ့ပြီး မျက်လုံးများပင် အနီရောင်တောက်လာကာ
ဖုန့်လင်းကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။ သူ ဒေါသ အလွန်ထွက်နေခဲ့ပေပြီ။
ထို့နောက် သူ၏မျက်လုံးများမှ မီးတောက်များ ထုတ်လွှတ်လိုက်သည်!
ဆွရှ်၊ ဆွစ်ရှ်~
မီးတောက်နှစ်ခုမှာ ဖုန့်လင်း၏ မျက်လုံးများဆီသို့ ဦးတည်လာခဲ့သည်။
ဖုန့်လင်း သူ့မျက်လုံးများကို မှိတ်လိုက်ပြီး သူ့မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ဖြစ်နေခဲ့၏။မီးတောက်များ သူ၏ မျက်နှာပေါ်သို့ ရောက်ရှိလာသောအခါ မီးပွားငယ်များအဖြစ် ပြောင်းလဲသွားကာ ပျံ့ကြဲသွားသည်။ သို့သော် သူ၏ အမြင်အာရုံကို နှောင့်ယှက်ခဲ့သောကြောင့် သူ၏လှုပ်ရှားမှုများမှာ နှေးကွေးသွားခဲ့သည်။
အသက်ရှူချိန်အနည်းငယ်ပင် ရရှိရန်မမလွယ်ကူပေ။ ဝတ်ရုံရှည်ဝတ်လူမှာ အလျင်အမြန်ပင် အကွာအဝေးကို ခြားလိုက်ပြီး ဖုန့်လင်းကို စိုက်ကြည့်ရင်း ရုတ်တရက် အေးစက်စွာ အော်လိုက်သည်၊"လူငယ်လေး ဘာက မင်းအတွက် ကောင်းတယ်ဆိုတာ သိသင်တယ်။ ဒါက မင်းကိုယ်တိုင် ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာပဲ သနားညှာတာမှုမပြတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့!"
ရွှံ့နှင့်ပြုလုပ်ထားသော လူသားတစ်ဦးတွင်ပင် ဒေါသသုံးခုရှိသည်!
ဂျုနီယာလူငယ်တစ်ဦးထံမှ ဤမျှဆိုးရွားစွာ ဖိနှိပ်ခံနေရသော ဝတ်ရုံရှည်ဝတ်လူ၏ နှလုံးသားထဲတွင် အရှက်ရမှုနှင့် အမျက်ဒေါသများ ပြည့်နှက်နေခဲ့သည်။
သူ လက်တစ်ဖက်ကို ဆုပ်လိုက်ပြီး လက်ဖဝါးထဲတွင် လေမုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာသည်။ အခြားလက်ဖဝါးတွင်မူ မီးလျှံများ အပြင်းအထန် တောက်လောင်နေပြီး အပူလှိုင်းများ လှုပ်ရှားနေခဲ့သည်။
လက်နှစ်ဖက်ကို ပေါင်းစပ်လိုက်ပြီး "လေနှင့်မီး ဘီးလုံး" ဟု တိုးညင်းစွာ အော်လိုက်သည်။
ကြီးမားသော လေမုန်တိုင်းကို ပစ်လွှတ်လိုက်ပြီး မီးလျှံပြင်းများမှာ နောက်မှအလျင်အမြန် လိုက်ပါလာခဲ့သည်။ ၎င်းတို့မှာ ရုတ်တရက် ပေါင်းစည်းသွားရင်း မီးလျှံများမှာ လေအားဖြင့် အားဖြည့်ခံရပြီး တိုက်ခိုက်မှု၏ပြင်းအား ပိုမိုမြင့်တက်လာကာ လေနှင့်မီး ဘီးလုံးအဖြစ် ပြောင်းလဲသွားပြီး ဖုန့်လင်းဆီသို့ ပစ်လိုက်သည်။
ဖုန့်လင်းသည် သူ၏မူလနေရာတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
ဤလေနှင့်မီး ဘီးလုံး၏ စွမ်းအားသည် အပူချိန် မြင့်တက်လာသည်နှင့်အမျှ တိုးလာခဲ့ပြီး သူ့ကို လောင်ကျွမ်းပြာကျသွားစေရန် ဖိအားပေးနေခဲ့သည်။
"ရပ်စမ်း!" ဖုန့်လင်း လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏လက်ဖဝါးသည် ကျောက်စိမ်းကဲ့သို့ တောက်ပလာကာ ဘီးလုံးကို တဖြည်းဖြည်း အဝေးသို့ တွန်းထုတ်လိုက်သည်။
သူ့လက်ဝါး မီးထဲသို့ ရောက်သွားသောအခါ ဖုန့်လင်း၏လက်မောင်း ရုတ်တရက် အပြင်းအထတ် တုန်ခါသွားသည်။
တစ်လက်မအား!
စွမ်းအားပြင်းထန်သော လှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လေနှင့်မီး ဘီးလုံးကို အပိုင်းပိုင်းဖြစ်သွားစေကာ မီးပွားငယ်များအဖြစ် ပျံ့နှံ့ပြီး ပျောက်ကွယ်သွားခဲ့လေ၏။ သူ၏အဝတ်အစားများ လောင်ကျွမ်းသွားခြင်းမှလွဲ၍ အခြားသက်ရောက်မှုမရှိပေ။
"ဘာ?" သူ၏အန္တိမတိုက်ခိုက်မှုမှာ ဤမျှလွယ်ကူစွာ တွန်းလှန်ခံလိုက်ရသည်ကို မြင်ပြီးနောက် ထိုဝတ်ရုံရှည်ဝတ်လူ ထိတ်လန့်သွားပြီး အလျင်အမြန်ပင် တိုက်ခိုက်မှုများကို သူ ဆက်လက် ထုတ်လွှတ်လိုက်သည်။
မီးလျှံများသည် မတူညီသောပုံစံများဖြင့် ပြေးဝင်လာခဲ့သည်။ မီးဘောလုံးများ၊ ဥက္ကာခဲများ၊ မီးလျှံငှက်များ—ထိုအရာများမှာ အရွယ်အစားနှင့်ပုံစံအမျိုးမျိုးရှိနေပြီး ဝတ်ရုံရှည်ဝတ်လူ၏ တိုက်ခိုက်မှုတစ်ခုစီတွင် ပြင်းထန်သည့်စွမ်းအားများ ပါဝင်နေခဲ့သည်။
ဤမီးတောက်များသည် လေစွမ်းအင်ဖြင့် အားဖြည့်ထားသည့်အခါတွင် အလွန် အင်အားကြီးမားလာခဲ့သည်။ လေသည် မယှဥ်သာအောင် အလွန်ချွန်ထက်နေပြီး လေဓားများအဖြစ် ပြောင်းလဲကာ ဖန်းလင်းကို ခုတ်ပိုင်းရန် ကြိုးစားနေခဲ့သည်။
ဤဝတ်ရုံရှည်ဝတ်လူသည် ရှေးဦးဗီဇနှစ်မျိုးကို နိုးထစေခဲ့ဟန်ရှိသည်။ တစ်ခုမှာ မီးဂုဏ်သတ္တိပါသော ဗီဇဖြစ်ပြီး အခြားတစ်ခုမှာ လေဂုဏ်သတ္တိပါသော ဗီဇဖြစ်သည်။
မီးနှင့်လေကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ဓာတ်ငါးပါးသဘာဝဂုဏ်သတ္တိများအရ ဝတ်ရုံရှည်ဝတ်သူ၏ တိုက်ခိုက်မှုစွမ်းအားမှာ သဘာဝအတိုင်းပင် ပိုမိုမြင့်တက်လာခဲ့လေ၏။
သို့သော် ဖုန့်လင်းမှာ သူ၏မူလနေရာတွင်သာ ရပ်တည်နေပြီး သူ့လက်ဝါးများဖြင့် အဆက်မပြတ် တိုက်ခိုက်နေခသည်။ ပြိုင်ဘက်၏မီးသည် မည်သို့ပုံစံပြောင်းပြောင်း၊ လေက မည်မျှပင် အားဖြည့်ပေးပါစေ ဖုန့်လင်း၏ လက်ဝါးမှ ထွက်ပေါ်လာသော အားက အလွယ်တကူပင် တားဆီးနိုင်သည်။
ပြင်းထန်သောမီးလျှံများကို ရင်ဆိုင်ရင်းဖြင့် ဖုန့်လင်းမှာ နီးသထက်နီးလာပြီး ပြိုင်ဘက်၏တိုက်ခိုက်မှုများကို အစီအစဥ်တကျ ပိတ်ဆို့နေခဲ့သည်။
ထိုက်ချိ ပေါက်ကွဲလက်သီး!
ဖုန့်လင်း၏တိုက်ခိုက်မှုမှာ အမြောက်တစ်ခုမှထွက်လာသော ကြီးမားသည့် မီးဘောလုံးကဲ့သို့ သူ့မျက်စိရှေ့ရှိ အရာအားလုံးကို ဘာမှမကျန်အောင် ဖျက်ဆီးလိုက်သည်။ သူ၏လက်သီးအားသည် ရှေ့သို့ဆက်လက်တိုးသွားပြီး ပြိုင်ဘက်ဆီသို့ ပေါက်ကွဲထွက်သွားသည်။
ဝတ်ရုံရှည်ဝတ်လူမှာ အခြားဘာမျှမလုပ်နိုင်ဘဲ အကူအညီမဲ့နေပြီး
ဖုန့်လင်း၏ တိုက်ခိုက်မှုတိုင်းကို ထိပ်တိုက်ရင်ဆိုင်ရန်သာ တတ်နိုင်ကာ သူ ရင်ဆိုင်နေရသည့် ဖုန့်လင်း၏ ထိုးနှက်ချက်တိုင်းကို ချိုးဖျက်ရန်ကြိုးပမ်းနေခဲ့သည်။
နှစ်ဦးသား တိုက်မိသွားသည်။
ဖုန့်လင်း၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ခါသွားပြီးနောက် ထပ်မံ ပြေးဝင်လာသည်။ အစောက အရှိန်ပြင်းထန်စွာ တိုက်မိပြီးနောက်တွင် ဝတ်ရုံရှည်ဝတ်လူ ခြေလှမ်းဆယ်လှမ်းကျော် နောက်သို့ဆုတ်ခွာပြီးမှ ရပ်တန့်နိုင်ခဲ့သည်။သူ အသက်ရှူဖို့အချိန်တောင် မရလိုက်ဘဲ ဖုန့်လင်း၏တိုက်ခိုက်မှု နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်သည်။
ထို့ကြောင့် သူ အံကြိတ်ကာ ဖုန့်လင်း၏ လှုပ်ရှားမှုများကို ဆက်လက်ကာကွယ်နေခဲ့ရသည်။
ဝတ်ရုံရှည်ဝတ်လူအနေဖြင့် သူ၏တုံ့ပြန်တိုက်ခိုက်မှုများမှာ တဖြည်းဖြည်းနှင့် အကျိုးသက်ရောက်မှုမရှိတော့ကြောင်း စိတ်မသက်သာစွာ သတိထားမိလာခဲ့၏။
သူအနေနှင့် ဤငနဲလေး၏ လေ့ကျင့်ဖော်တစ်ဦး ထပ်ဖြစ်လာပြီး ဖုန့်လင်း၏ ကျွမ်းကျင်မှုများ လေ့ကျင့်ရန် အသက်ရှင်နေသည့် ပစ်မှတ်တစ်ခု ဖြစ်နေခဲ့သည်။
သူ ဘာလို့ 'ထပ်ဖြစ်' ဟူတဲ့ စကားလုံးကို ထည့်လိုက်မိတာလဲ?
ဤသည်မှာ စစ်မှန်သည့် ဝမ်းနည်းဖွယ် ပုံပြင် တစ်ပုဒ်ပင်...