← Chapters

လျော်ကြေးတောင်းခြင်း

Vol. 6 Ch. 85

လျော်ကြေးတောင်းခြင်း

Vol. 6 Ch. 85

"မားစ်ဂြိုလ်တော်လှန်ရေးစစ်တပ်?"

ဖုန့်လင်း စိတ်ရှုပ်သွားခဲ့သည်။ သူ မြွေပုံစံနှင့်လူ၏ လည်မျိုကို ဆုပ်ကိုင်ထားပြီး လှုပ်ရှားမရအောင် လုပ်ထားသည်။ အားအနည်းငယ်သုံးလိုက်တာနဲ့ မြွေပုံစံနဲ့လူ အသက်ရှူကျပ်လာကာ မျက်နှာမှာ နာကျင်မှုကြောင့် တွန့်လိမ်သွားသည်။

ဝတ်ရုံရှည်ဝတ်သူ၏ ခြိမ်းခြောက်သည့်လေသံ ကြားသောအခါ သူ၏မျက်နှာတွင် အပြုံးမမည်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ဆောရီးပဲ ငါ မင်းတို့ကို မသိဘူး။ ပြီးတော့ မင်းမှားနေတယ်၊ ငါက မင်းတို့နဲ့ ရန်သူဖြစ်ချင်နေတာမဟုတ်ဘူး။ မင်းတို့ကသာ ငါနဲ့ ရန်သူဖြစ်ချင်နေတာ!"

ဤမားစ်ဂြိုလ်တော်လှန်ရေးတပ်ဆိုသည်မှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနှင့် တူပြီး ဝတ်ရုံရှည်ဝတ်သူ၏ ခြိမ်းခြောက်သည့်လေသံ ကြည့်လျှင် အင်အားကောင်းပုံရသည်။

သို့သော် ဖုန့်လင်း လုံးဝမကြောက်ပေ။ အစောပိုင်းက တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည့် အခြေအနေတွင် သူတို့မှာ ကမ္ဘာမကြေ ရန်သူများ ဖြစ်နေပြီပင်။ သူတို့အပေါ် သူ ဘယ်လို ယဉ်ကျေးနိုင်ဦးမှာလဲ?

"ငါတို့ ဒါကို မရည်ရွယ်ပါဘူး၊ တိုက်ဆိုင်ပြီးတော့ ဒီကိုရောက်လာတာပါ!" ဝတ်ရုံရှည်ဝတ်လူ၏ မျက်တောင်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပြီး ရှင်းပြလိုက်သည်။

ဖုန့်လင်း အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်နှင့် မြွေပုံစံနှင့်လူ အသက်ရှူရ ခက်လာသည်။ မြွေပုံစံလူ၏ မျက်နှာမှာ အသက်ရှူမဝသည့်အတွက် တဖြည်းဖြည်း နီမြန်းလာခဲ့သည်။

ဝတ်ရုံရှည်ဝတ်လူ၏ မျက်နှာအမူအရာ ချက်ချင်း မည်းမှောင်သွားသည်။

"မင်းဘာလုပ်တာလဲ?"

ဖုန့်လင်း ဆက်လက်ပြီး အေးစက်စွာ ရယ်နေခဲ့သည်။ "ဟားဟားဟား၊ ကလေးကိုတောင် မလှည့်စားနိုင်တဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာ ရပ်လိုက်။ မဟုတ်ရင် ဒီမြွေလေးရဲ့ အသက်ကို ငါ ဆက်မထိန်းနိုင်တော့မှာစိုးလို့။"

ဝတ်ရုံရှည်ဝတ်လူ တိတ်ဆိတ်သွားသည်။ ဖုန့်လင်း၏မျက်လုံးများထဲတွင် မြွေပုံစံနှင့်လူ၏အသက်ကို ဂရုမစိုက်သည့် အေးစက်သောအကြည့်ကို သူမြင်နိုင်ခဲ့၏။

အကယ်၍ သူသာ အဓိပ္ပါယ်မရှိသည့် စကားများကို ဆက်ပြောနေမည်ဆိုလျှင် သူ၏တိုက်ခိုက်ရေးအဖော် မြွေပုံစံနှင့်လူ အသက်ဆုံးရှုံးရမည်မှာ အသေအချာပင်။

"မင်း တကယ် လိုချင်တာ ဘာလဲ?" သူ လေးနက်စွာ မေးလိုက်သည်။

ဒီဝတ်ရုံရှည်ဝတ်လူက နောက်ဆုံးမှာ ရိုးသားတော့မှာလား?

ဖုန့်လင်း အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏လက်ကို ဖြေလျော့လိုက်ကာ မြွေပုံစံနှင့်လူအား အသက်ရှူဖို့ အခွင့်အရေးပေးလိုက်သည်။

မြွေပုံစံလူမှာ သူ၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ကာ လေကို ပြင်းပြင်းရှူသွင်းပြီး ကပ်ဘေးမှ လွတ်မြောက်လာသည့် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

"မင်းတို့နှစ်ယောက်က ငါ့ကို ဘာလို့ လိုက်ဖမ်းချင်နေတာလဲ?" ဖုန့်လင်း လေးလေးနက်နက် မေးလိုက်သည်။

ဤနှစ်ဦး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ သူ၏ပထမဆုံး တုံ့ပြန်မှုမှာ သူ့မိသားစုက သူ့ကိုသတ်ဖို့ စေလွှတ်လိုက်ခြင်းဖြစ်မည်ဟု ထင်မိခဲ့သည်။သို့သော် ပိုကြာကြာ စဉ်းစားလိုက်သည့်အခါ အရာအားလုံး တစ်ခုခု မှားယွင်းနေသည်ဟု သဘောပေါက်လာခဲ့သည်။

သူ့ကလန်တွင် သူသည် အရည်အချင်းမရှိသော အနိမ့်ဆုံးအဆင့် ကလန်သားသာဖြစ်ပြီး သူ့ကိုဖမ်းဆီးရန် အဖွဲ့တစ်ဖွဲ့ကို အခြားဂြိုဟ်သို့ စေလွှတ်ရန် ဤမျှကြီးမားသော ကုန်ကျစရိတ်ကို အကုန်ခံရန် မလိုအပ်ပေ။

ထို့အပြင် ဤလူနှစ်ဦးအနက် တစ်ဦးမှာ ကြယ်တာရာ ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သူ့ကလန်တွင်လည်း ရှားပါးသည်။

ဘဏ္ဍာစိုးကြီး၏ ဉာဏ်ရည်နှင့် အကြံအစည်များကို ထည့်သွင်းစဉ်းစားလျှင် သူ၏မိဘများသည် ကလန်အတွင်းတွင် ရှိနေဆဲဖြစ်ပြီး ဘဏ္ဍာစိုးကြီးအတွက် ဤမျှအားစိုက်ရန် မလိုအပ်ပေ။ ဖုန့်လင်းမှာ နောက်ဆုံးတွင် ပြန်လာမည်ဖြစ်ပြီး ထိုအချိန်တွင် ဘဏ္ဍာစိုးကြီးသည် ဖုန့်လင်းကို အလွယ်တကူ ကိုင်တွယ်နိုင်မည်ဟု သဘောပေါက်လိမ့်မည်။

ထို့ကြောင့် အနည်းငယ်စဉ်းစားလိုက်သည်နှင့် ဤလူများသည် သူ့ကလန်မှ စေလွှတ်လိုက်ခြင်းဆိုသည့် ဖြစ်နိုင်ခြေကို ဖုန့်လင်း ပယ်ခဲ့သည်။

ထိုသို့ဆိုလျှင် အရာရာသည် စိတ်ဝင်စားဖွယ်ကောင်းလာပြီဖြစ်သည်!

ဖုန့်လင်း မားစ်ဂြိုလ်သို့ ရောက်ရှိလာသည်မှာ မကြာသေးမီကသာဖြစ်ပြီး ဤနေရာတွင် မည်သူ့ကိုမျှ မသိသေးပေ။ သူ ဧရာမဆေးဝါးကုမ္ပဏီ တွင်သာ နေထိုင်ခဲ့ပြီး မည်သည့်အရာကိုမျှ မလုပ်ခဲ့ပေ။ ဘာလို့ တစ်စုံတစ်ယောက်က သူ့ကို လိုက်ဖမ်းချင်နေရတာလဲ?

အရာရာသည် ပဟေဠိတစ်ခု ဖြစ်နေဆဲပင်။

ထို့ကြောင့် ဖုန့်လင်း အကြောင်းပြချက်ကို သိရှိရန် လိုအပ်သည်။ မဟုတ်ပါက ဤလျှို့ဝှက်ဆန်းကြယ်သော ရန်သူသည် အမြဲတမ်း အမှောင်ထဲတွင် ရှိနေမည်ဖြစ်ပြီး သူ၏အသက်ကို သတ်ဖြတ်လိုသူအကြောင်း မည်သည့်အရာကိုမျှ မသိဘဲ ဖုန့်လင်း အေးချမ်းစွာ အနားယူခြင်း၊ စားခြင်းများ မလုပ်နိုင်ပေ။

နောင်တွင်ဖြစ်လာမည့် ပြဿနာအရင်းအမြစ်အားလုံးကို ဖယ်ရှားပစ်ရန် အရေးကြီးလှသည်။

ဖုန့်လင်း၏မေးခွန်းကို ရင်ဆိုင်ရသည့်အခါ ဝတ်ရုံရှည်ဝတ်လူ ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ သူ့ပါးစပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး မည်သည့်အရာကိုမျှ ဖော်ပြလိုစိတ် မရှိပေ။

ဖုန့်လင်း မျက်မှောင်ကျုံ့လိုက်ပြီးမြွေပုံစံနှင့်လူကို ထပ်မံဆုပ်ကိုင်ကာ သူ၏လည်ပင်းကို ပြင်းပြင်းထန်ထန် ညှစ်လိုက်သည်။ မြွေပုံစံလူမှာ အသတ်ခံရမည့် ဘဲတစ်ကောင်ကဲ့သို့ အသံပြာလာပြီး အသက်ရှူကျပ်လာကာ သေတော့မည့်အရိပ်အယောင်များ ပေါ်နေခဲ့သည်။

ဖုန့်လင်း၏အကြည့်သည် ဓားများနှင့်တူပြီး ဝတ်ရုံရှည်ဝတ်လူကို စိုက်ကြည့်ကာ ဆက်မေးလိုက်သည်၊ "ငါတို့ကြားမှာ ဘယ်လိုမျိုး မကျေနပ်ချက်တွေရှိနေလို့လဲ? မင်းတို့နှစ်ယောက်က ငါ့ကို ဘာလို့ လိုက်ဖမ်းတာလဲ?"

"ဒါ..." ဝတ်ရုံရှည်ဝတ်လူသည် ဝန်ခံရန် စဉ်းစားနေပုံရသည်။ သို့သော် ဖုန့်လင်းလက်ထဲရှိ မြွေပုံစံနှင့်လူကို မြင်သောအခါ သူ နှုတ်ဆိတ်နေရန် မဖြစ်နိုင်တော့ဘဲ အမှန်တရားကို မဖော်ပြပါက အရာရာမှာ ဆိုးလာမည်ကို သိလိုက်ရသည်။

သူ၏မျက်နှာအမူအရာမှာ မည်းမှောင်သွားပြီး လေးနက်စွာ ပြောလိုက်သည်၊ "ငါတို့မှာ မင်းနဲ့ မကျေနပ်ချက် တစ်ခုမှ မရှိပါဘူး။ မင်း အပြစ်တင်ချင်ရင် ဧရာမဆေးဝါး ဝန်ထမ်းဖြစ်နေလို့နဲ့ကုမ္ပဏီကနေ တစ်ယောက်တည်း ထွက်လာခဲ့တာကို အပြစ်တင်ရမှာပဲ။

ငါတို့ရဲ့ မားစ်ဂြိုလ်တော်လှန်ရေးတပ် က ဧရာမဆေးဝါးကုမ္ပဏီ နဲ့

လုံးဝဆန့်ကျင်ဘက်ပဲ။ သူတို့ရဲ့ဝန်ထမ်းတိုင်းက ငါတို့ရဲ့ ရန်သူတွေပဲ။ငါတို့က သူတို့ဝန်ထမ်းတွေကို အပြင်မှာတွေ့ရင် သတ်ဖြတ်ဖို့ ပစ်မှတ်ထားကြတယ်။ ဒါက မင်းကို ငါတို့အဖွဲ့ဝင် မြွေကလေး က ဘာလို့ နောက်ယောင်ခံတာလဲဆိုတာပဲ။"

သူ စကားပြောနေစဉ် ဧရာမဆေးဝါးကုမ္ပဏီ မှ လူတိုင်းကို စိတ်ထဲကနေ မုန်းတီးနေသကဲ့သို့ အံကြိတ်နေခဲ့သည်။ ဖုန့်လင်းသည်လည်း ခြွင်းချက်မဟုတ်ပေ။

ဖုန့်လင်း၏ နှလုံးသား လှုပ်ရှားသွားသည်။ ဤမုန်းတီးမှုသည် ဟန်ဆောင်မှု မဟုတ်နိုင်ချေ။ အဖွဲ့အစည်းနှစ်ခုကြားတွင် အနက်ရှိုင်းဆုံးသော မကျေနပ်ချက်များ သို့မဟုတ် သွေးကြွေးများ ရှိနေဟန်တူသည်။ ဤသည်မှာ သူတို့နှစ်ဦးက သူ့ကို လိုက်လံဖမ်းဆီးရန်ကြိုးစားခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းပင်။

ဤမျှကြာမြင့်ပြီးနောက် မားစ်ဂြိုလ်တော်လှန်ရေးတပ်သည် ဧရာမဆေးဝါးကုမ္ပဏီ နှင့် ကမ္ဘာမကြေရန်သူများဖြစ်ကြောင်း သိလိုက်ရသည်။ သူကိုယ်တိုင်မှာ မတော်တဆ ကြားညပ်နေသူတစ်ဦးသာ ဖြစ်သည်။

သူသာ သေသွားခဲ့ရင် သူ ဘယ်သူ့ကို မကျေမနပ်ဖြစ်ရမှာလဲ?

ဖုန့်လင်း အကူအညီကင်းမဲ့မှုကို ခံစားခဲ့ရသည်။ ထို့နောက် ဝတ်ရုံရှည်ဝတ်လူကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။

ဤလူနှစ်ဦး မည်သည့်အဖွဲ့မှ ဖြစ်သည်ကို သူ ဂရုမစိုက်ပေ။ သူတို့အနေနှင့် သူ့ကို ဤကိစ္စတွင် ပါဝင်စေရန် အကြောင်းမရှိပေ။ တန်ဖိုးတစ်ခုခု မပေးဘဲနဲ့တော ဘေးကင်းကင်းနဲ့ ထွက်သွားဖို့ မျှော်လင့်မထားကြနဲ့!

ထို့နောက် ဖုန့်လင်း၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဤအရာကို မြင်လိုက်သောအခါ ဝတ်ရုံရှည်ဝတ်လူမှာ နှလုံးသားထဲတွင် အေးစက်မှုကို ခံစားခဲ့ရသည်။ သူ သွေးစုပ်ဖုတ်ကောင်တစ်ကောင်၏ ပစ်မှတ်ဖြစ်နေရသကဲ့သို့ သူ၏တန်ဖိုးရှိသောအရာများ အားလုံးယူဆောင်သွားခံရမည်ဖြစ်ပြီး သူ၏သွေးအကုန်လုံးပင် စုပ်ယူခံရတော့မည်ကဲ့သို့ပင်။

"ဧရာမဆေးဝါးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ အများကြီးရှိတယ်လေ။ ဘာလို့ ငါ့ကို ပစ်မှတ်ထားတာလဲ?" ဖုန့်လင်း ထပ်မေးလိုက်သည်။

သူ ပြိုင်ဘက်၏ မျက်နှာအမူအရာကို အနီးကပ် စောင့်ကြည့်နေပြီး သူ လှည့်စားခံရခြင်း မရကြောင်း သေချာလိုနေခဲ့သည်။

"မားစ်ဂြိုလ်တော်လှန်ရေးတပ်က ဧရာမဆေးဝါးကုမ္ပဏီနဲ့ ဆန့်ကျင်ဘက်ပဲ။

မင်း အဒီကုမ္ပဏီ၏ ဝန်ထမ်းဖြစ်နေသရွေ့ မင်းက ငါတို့ရဲ့ ရန်သူပဲ!

ငါတို့အဖွဲ့အစည်းရဲ့ စစ်သားတိုင်းက

ဧရာမဆေးဝါးကုမ္ပဏီ ဝန်ထမ်းတွေကို မြင်တိုင်း ဖမ်းမှာပဲ။ ဝန်ထမ်းအများစုက အဖွဲ့လိုက်အပြင် ထွက်လေ့ရှိလို့

သူတို့ကို တိုက်ခိုက်ဖို့က အရမ်းခက်တယ်။ ဒါပေမယ့် ဘယ်သူသိမှာလဲ

မင်းက ဒီညမှာ တစ်ယောက်တည်း ထွက်လာခဲ့ပြီး ဧရာမဆေးဝါးကုမ္ပဏီရဲ့ ယူနီဖောင်းကို ဝတ်ထားသေးတယ်။

အဒါကြောင့် ငါတို့ရဲ့ တိုက်ခိုက်ရေးအဖွဲ့လေးက မင်းကို ချက်ချင်း ပစ်မှတ်ထားလိုက်တာပဲ။ ဒါပေမယ့် သေနိုင်လောက်တဲ့ အစီအစဉ်ကို မဆွဲရသေးခင်

မြွေကောင်လေးက ခွင့်ပြုချက်မရှိဘဲ လုပ်လိုက်တာပဲ။ ငါတို့ မမျှော်လင့်ထားတာက မင်းရဲ့ တိုက်ခိုက်မှုစွမ်းရည်က ဒီလောက်ထိပြင်းထန်မှာကိုပဲ အခုတော့ မင်းက အန္တရာယ်ထဲရောက်နေရမည့်အစား ငါတို့က အန္တရာယ်ထဲရောက်နေတယ်။"

"ငါ သိပြီ။" ဖုန့်လင်း ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အမှန်ပင် မျှော်လင့်မထားသော အခြေအနေတစ်ခုဖြစ်ဟန်တူသည်။

ကုမ္ပဏီမှ ထွက်ခွာပြီးနောက် သူအနေဖြင့် ကနဦးတွင် မားစ်ဂြိုလ်၏ မျက်နှာပြင်ပေါ်သို့ ကြယ်တာရာစွမ်းအင်များ စုပ်ယူရန်နှင့် ကျင့်ကြံရန် တက်လာခဲ့သည်။ မားစ်ဂြိုလ်တော်လှန်ရေးတပ်ရဲ့ စစ်သားတွေက သူ့ကို မြင်တွေ့သွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?

အမှန်တော့ သူ စောဒကတက်လိုလျှင်ပင် စောဒကတက်စရာ မည်သူမှ မရှိပေ။

သို့သော်လည်း ဧရာမဆေးဝါးကုမ္ပဏီမှာ ဒီလို ရန်သူတွေရှိရင် သူ့ကို အရင်ကတည်းက ဘယ်သူကမှ ဘာလို့ မပြောခဲ့ကြတာလဲ?

ဧရာမဆေးဝါးကုမ္ပဏီက ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခြင်းဖြစ်စေ ဝတ်ရုံရှည်ဝတ်လူက လှည့်စားနေခြင်းဖြစ်စေ မားစ်ဂြိုလ်ပေါ်ရှိ အခြေအနေများသည် အပေါ်ယံတွင် မြင်ရသည်ထက်

မတည်ငြိမ်ကြောင်း၊အမှောင်ထဲတွင် လှိုင်းများထန်နေကြောင်းနှင့် ဤနေရာသည် ရှုပ်ထွေးနေကြောင်း ဖုန့်လင်း သတိထားမိလာခဲ့သည်။

"မြွေကလေးကရော?"

ဖုန့်လင်းမှာ သူ့လက်ထဲတွင် သေဆုံးသွားသော မြွေတစ်ကောင်ကဲ့သို့ တွဲကျနေသော ပုံရိပ်ကို ကြည့်လိုက်သည်။ဤအမည်ပြောင်သည် လုံးဝကိုက်ညီသည်။

လူတစ်ဦး၏ အမည်ကို မှားယွင်းခေါ်ခြင်းသာ ရှိခဲ့ဖူးပြီး ဘွဲ့နာမည်အတွက် မှားယွင်းခြင်းမျိုး မရှိဖူးပေ။

ဤ မြွေကလေး သည် မြွေဗီဇတစ်မျိုးကို နိုးထစေခဲ့သည်မှာ အလွန်ဖြစ်နိုင်ချေရှိသည်။ဤသည်မှာ သူ၏ခန္ဓာကိုယ်သည် မြွေတစ်ကောင်ကဲ့သို့ နူးညံ့ပျော့ပျောင်းပြီး ကွေးဆန့်နိုင်ခြင်း၏ အကြောင်းရင်းဖြစ်သည်။

သူ့လက်ဝါးမှာ အလိုလို တင်းကျပ်လာကာ မြွေကောင်လေးကို အသက်ရှူကျပ်စေခဲ့သည်။

ဝတ်ရုံရှည်ဝတ်လူ၏ မျက်နှာအမူအရာမှာ အလွန်ဆိုးရွားစွာ ပြောင်းလဲသွားသည်။ "ငါပြောသင့်တာတွေ အကုန်ပြောပြီးပြီ။ ဘာလို့ သူ့ကို မလွှတ်သေးတာလဲ?!"

"လွှတ်ရမှာလား?" ဖုန့်လင်း အံ့အားသင့်သွားသကဲ့သို့ အမူအရာဖြင့် ရယ်လိုက်သည်။

"မင်း အရာရာကို ရိုးရိုးလေးပဲ တွေးနေမိတာလား? ဒီလူက အကြောင်းပြချက်မရှိဘဲ ငါ့ကိုသတ်ဖို့ ကြိုးစားခဲ့တယ်၊ မင်းတို့နှစ်ဦးကို အလွယ်တကူ ထွက်ခွာခွင့်ပေးနိုင်မယ့် အကျိုးအကြောင်း ကမ္ဘာပေါ်မှာ ရှိတယ်လို့ ထင်တာလား?"

"ဒါဆို မင်းဘာလိုချင်တာလဲ?"

ဝတ်ရုံရှည်ဝတ်လူ၏ နှလုံးသား လေးလံလာခဲ့သည်။

ယနေ့ ဤကိစ္စကို ဖြေရှင်းရန်မှာ အလွန်ခက်ခဲမည်ဖြစ်ကြောင်း သူ နားလည်လိုက်သည်။**

ဖုန့်လင်း၏အကြည့်သည် ရေခဲကဲ့သို့ အေးစက်ပြီး ကရုဏာကင်းမဲ့ကာ လုံးဝ ခံစားချက်မဲ့နေခဲ့သည်။

"ပထမဆုံး ဒီလူက ငါ့ကို အန္တရယ်ပေးဖို့ ကြိုးစားခဲ့တယ်၊ ကျေနပ်လောက်မဲ့ လျော်ကြေးမပေးဘူးဆိုရင် မင်းတို့နှစ်ယောက် ဒီကနေ ထွက်သွားဖို့ စဥ်းတောင် မစဥ်းစားနဲ့။"

"မင်း ဘာလိုချင်တာလဲ? ဘယ်လိုအခြေအနေတွေ လိုအပ်လဲ? အရင်ဆုံး သူ့ကိုလွှတ်လိုက်!"

ဝတ်ရုံရှည်ဝတ်လူ၏ နှလုံးသား ချိုင့်ဝှမ်းထဲသို့ နစ်ဝင်သွားခဲ့ပြီး စကားလုံးများကို အတင်းအကျပ် ပြောလိုက်ရသည်။

ဖုန့်လင်း အေးစက်စွာ ရယ်လိုက်သော်လည်း မြွေကောင်လေးကို မလွှတ်ခဲ့ပေ။ တကယ်တမ်း သူ့လက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်လိုက်ပြီး မြွေကောင်လေးအား နာကျင်မှုဖြင့် အော်ဟစ်သည့်အသံများ ထွက်ပေါ်လာစေခဲ့သည်။

"ငါ့ကို မင်း လှည့်စားလို့ရတဲ့ သုံးနှစ်သားကလေးလို့ ထင်နေတာလား?!"

သူ ပြုံးလိုက်သည်။

"ဆောရီးပဲ အကျဉ်းသားက ငါ့လက်ထဲမှာ။ ငါ့ကို ငြင်းဆန်ဖို့ မင့်မှာ အရည်အချင်းမရှိဘူး။

ဝတ်ရုံရှည်ဝတ်လူ၏ မျက်နှာအမူအရာမှာ လုံးဝမည်းမှောင်သွားသည်။**

"ဒီအကျဉ်းသားကို ရွေးချင်ရင်၊မင်း စောနက သုံးနေတဲ့ သိုင်းပညာကို ငါ့ကိုပေးရမယ်၊" ဖုန့်လင်း သူလိုချင်သည်ကို ဖော်ပြလိုက်သည်။ ဤဝတ်ရုံရှည်ဝတ်လူ အသုံးပြုခဲ့သော လှုပ်ရှားမှုများ၏ နက်နဲမှုကို တွေးမိလိုက်ပြီး သူ့နှလုံးသားတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။

"ဘာ? မင်းက ငါ့သိုင်းပညာကို လိုချင်တာလား? မဖြစ်နိုင်ဘူး!"

ဝတ်ရုံရှည်ဝတ်လူ အလွန်အမင်း ထိတ်လန့်သွားပြီး ဒေါသဖြင့် အော်ဟစ်လိုက်သည်။

ဤသိုင်းပညာသည် သူ့ကို ကျော်ကြားစေခဲ့သော အကြောင်းရင်းပင်။ သူ မည်သည့်သူစိမ်းကိုမျှ သင်ကြားပေးခဲ့ခြင်း မရှိခဲ့သလို၊ အထူးသဖြင့် ဧရာမဆေးဝါးကုမ္ပဏီမှ မုန်းတီးဖွယ်ကောင်းသော ဝန်ထမ်းတစ်ဦးကို ပို၍

မပေးနိုင်ချေ။

ဖုန့်လင်း အဓိပ္ပါယ်မရှိသော စကားများဖြင့် အချိန်ဖြုန်းရန် ငြင်းဆန်လိုက်သည်။ လက်ကိုတင်းကျပ်စွာ ဆုပ်လိုက်ပြီး သနားညှာတာမှုမပြဘဲ မြွေကောင်လေး ကို အသက်ရှူကျပ်စေခဲ့သည်။

"ဆောရီးပဲ မင်းမှာ ငါနဲ့ ညှိနှိုင်းပိုင်ခွင့် မရှိဘူး။ မင်းတို့နှစ်ယောက်လုံး ဒီမှာအမြဲတမ်းနေမလား၊ ဒါမှမဟုတ် ငါ့ကို ကျေနပ်စေလောက်တဲ့ လျော်ကြေးပေးမလား။ မဟုတ်ရင် ငါ သနားညှာတာမှု မပြဘူးဆိုပြီး အပြစ်မတင်နဲ့။"

သူ့အသံတွင် သတ်ဖြတ်လိုစိတ်များ ရှင်းရှင်းလင်းလင်း ပါဝင်နေခဲ့သည်။

ဤလူ နောက်တစ်ကြိမ် ငြင်းဆန်ပါက သူ ချက်ချင်းပင် သတ်ဖြတ်ရန် လုပ်ဆောင်မည်ဖြစ်သည်။

ဖုန့်လင်း နောက်ဆုံးအကြိမ်အဖြစ် သတိပေးရန် ဆုံးဖြတ်လိုက်သည်။ "ဒါက ငါ့ရဲ့ နောက်ဆုံးသတိပေးချက်ပဲ။ သာမန်သိုင်းပညာတွေနဲ့ ငါ့ကိုလှည့်စားဖို့ မကြိုးစားနဲ့။ မင်းရဲ့သိုင်းကွက်တွေအားလုံးကို ငါအရင်ကတည်းက ကြုံထားပြီးပြီ။ တစ်ခုခုမှားယွင်းနေတာကို ငါ သိရင် ငါ့ရဲ့လက်က ပိုတင်းကျပ်သွားလိမ့်မယ်..."

သူ မြွေသေကောင်ကို ကိုင်ထားသကဲ့သို့ မြွေကလေးကို လေထဲသို့ ပို၍မြင့်မြင့် မြှောက်လိုက်သည်။

ဤဝတ်ရုံရှည်ဝတ်လူက တစ်ခုခု အကြံအဖန်လုပ်ဖို့ သတ္တိရှိလျှင် မြွေကလေး၏ ကံကြမ္မာမှာ ပြောစရာမလိုတော့ပေ။

သူ့အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရခြင်းသည် နောက်ဆုံးအကန့်အသတ်တစ်ခုဖြစ်သည်။

ဝတ်ရုံရှည်ဝတ်လူ၏ မျက်နှာအမူအရာမှာ ရှုံ့မဲ့လာကာ သဘောတူဖို့ ဖြစ်နေသော်လည်း၊ ထိုအချိန်တွင် မြွေကလေးက ရုန်းကန်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ခေါင်းဆောင် သူ့စကားကို မယုံနဲ့! ဧရာမဆေးဝါးကုမ္ပဏီရဲ့လူတွေကို ယုံလို့မရဘူး။ သူ့ကို သိုင်းပညာမပေးနဲ့။ သူ ငါ့ကိုသတ်ချင် သတ်ပစေ။ ငါတို့ မားစ်ဂြိုလ်တော်လှန်ရေးတပ်က သူ့ကို ဘယ်တော့မှ အလွတ်မပေးဘူး။ ငါ သူနဲ့အတူတူ ပျက်စီးသွားချင်တယ်!"

"ငါနဲ့အတူ ပျက်စီးချင်တာလား?"

ဖုန့်လင်း၏ အကြည့်များ အေးစက်သွားပြီး ရယ်လိုက်သည်။ "မင်းရဲ့ပက တော်တော်လေကြီးတာပဲ ။"

သူ အညှာအတာမဲ့စွာ လက်ကို တင်းကျပ်စွာ ညှစ်လိုက်သည်။ နောက်တစ်မိနစ်အတွင်း မြွေကလေး၏ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားသော်လည်း၊ ဖုန့်လင်းကို ရက်စက်စွာ စိုက်ကြည့်နေဆဲဖြစ်သည်။ သူ၏ မျက်လုံးများ နီမြန်းလာကာ ဖုန့်လင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ကိုက်ဖြတ်ပစ်လိုသည့်ဆန္ဒတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

"တော်လောက်ပြီ!" မြွေကလေး အသတ်ခံရမည်ကို မြင်သောအခါ၊ ဝတ်ရုံရှည်ဝတ်လူသည် နောက်ဆုံးတွင် စကားပြောလိုက်သည်။ ဖုန့်လင်းကို အလွန်အမင်းမုန်းတီးသော အကြည့်ဖြင့် စိုက်ကြည့်ကာ အံကြိတ်ပြီး ပြောလိုက်သည်။ "သိုင်းပညာကို မင်းကို ငါပေးမယ်။"

သူတို့၏ မုန်းတီးမှုနှင့်ပတ်သက်၍

ဖုန့်လင်း ဂရုမစိုက်ချေ။ သူ တည်ငြိမ်စွာ ပြောလိုက်သည်။ "အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် နေတတ်သူတွေက ပညာရှိတဲ့သူတွေပဲ။ အခုပဲ အချက်အလက်တွေကို ငါ့ဆီပို့လိုက်ပါ၊ ငါ အဒါကို စစ်လိုက်မယ်။"

ဝတ်ရုံရှည်ဝတ်လူမှာ အလွန်အမင်း အကူအညီမဲ့မှုကို ခံစားနေခဲ့ရသည်။ သူ၏ ကိုယ်ရေး မိုက်ခရိုချစ်ပ် ကို အသုံးပြုကာ အချက်အလက်များကို ပေးပို့သည့်လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ပြီး၊ ပုံတစ်ပုံ၏ အချက်အလက်များကို ဖုန့်လင်းထံသို့ ပေးပို့လိုက်သည်။

ဖုန့်လင်း ကြည့်လိုက်သောအခါ၊ ထိပ်ဆုံးတွင် စာလုံးများကို တွေ့လိုက်ရသည် - ခွန်းလွန် မဟာလက်ဝါးတံဆိပ်တော်!

All Chapters