မအောင်မြင်သော စုဆောင်းမှု
Vol. 6 Ch. 89
"ဘာ?" ဝတ်ရုံရှည်ဝတ်လူမှာ သူ့နားသူပင် မယုံနိုင်ခဲ့ပေ။ ဤလူအား အရာရာကို ရှင်းပြရန် သူ အလွန်ကြိုးစားခဲ့သော်လည်း၊ သူ ရလိုက်သည်မှာ ဤအဖြေတစ်ခုသာဖြစ်သည်။
ဤသည်မှာ သူ့အတွက် လက်ခံရန် အလွန်ခက်ခဲစေခဲ့သည်။
ဒါတွေအားလုံးက မင်းနဲ့ ဘယ်လိုသက်ဆိုင်တာလဲ ဟုတ်လား? ငါ စောစောကပြောတဲ့ စကားတွေကို မင်း နားမလည်ဘူးလား? မင်းက ပါရမီရှင်တစ်ဦးဖြစ်လေ၊ ဧရာမဆေးဝါးကုမ္ပဏီမှာ မင်းအတွက် အန္တရာယ်များလေပဲ။ ပျောက်ကွယ်သွားတဲ့ အဒီပါရမီရှင်တွေနဲ့ တူတဲ့ ကံကြမ္မာကို မင်း လိုချင်တာလား...?
ဝတ်ရုံရှည်ဝတ်လူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ရိုးရှင်းစွာပင်
ဖုန့်လင်း၏ နှလုံးသားထဲတွင် မည်သည့်အတွေးများ ရှိနေသည်ကို သူ မှန်းဆ၍မရခဲ့ချေ။
သူ၏လေးစားရသောခေါင်းဆောင် အကြိမ်ကြိမ်ငြင်းပယ်ခံရသည်ကို မြင်ရပြီးနောက်တွင် မြွေကလေး သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးအော်လိုက်သည်၊ "မိုက်မဲတဲ့ကောင်၊ မင်းအတွက် ဘာကကောင်းတယ်ဆိုတာမသိဘူးလား မရူးချင်စမ်းနဲ့။ ငါ့ခေါင်းဆောင်က မင်းကို ကူညီချင်လို့ စေတနာနဲ့ပြောတာ၊ ဒါပေမယ့် မင်းက..."
"သတိထား!" ဤအချိန်တွင်၊ ဝတ်ရုံရှည်ဝတ်လူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
"ဘွမ်းးးးးး!"
မြွေကလေး အော်ဟစ်နေခဲ့စဥ် နောက်တစ်ခဏတွင် သူ အသံတိတ်သွားခဲ့၏။ လေထဲမှ မမြင်ရသော လက်သီးတစ်ချက်သည် သူ့ဆီသို့ ထိုးချလာခဲ့သည်။
မြွေကလေးမှာ သူ့ရင်ဘတ်ကို တောင်ကြီးတစ်လုံးနှင့် တိုက်မိလိုက်သကဲ့သို့ ခံစားခဲ့ရပြီး သူ့ခန္ဓာကိုယ်မှာ သဲအိတ်တစ်လုံးကဲ့သို့ လေထဲသို့ ပစ်တင်ခံလိုက်ရသည်။ ထို့နောက် မြေပြင်ပေါ်သို့ အပြင်းအထန် ကျလာပြီး နာကျင်မှုကြောင့် ညည်းတွားရင်း လဲကျနေခဲ့သည်။ဆ
ဤမျှနီးကပ်သော အကွာအဝေးတွင်၊ ဝတ်ရုံရှည်ဝတ်လူပင် အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိခဲ့ချေ။သူ၏လက်အောက်ငယ်သားမှာ လက်သီးတစ်ချက်ဖြင့် လွင့်ပျံသွားသည်ကို ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။
သူ့မျက်နှာပေါ်တွင် ဒေါသထွက်နေဟန် ပေါ်လာခဲ့သည်။ ဤဖုန့်လင်းဆိုသူက အရမ်းကို အကျိုးသင့်အကြောင်းသင့်မဟုတ်ဘူးပဲ။
သို့သော် ဖုန့်လင်း၏ ကြီးစိုးနိုင်သောစွမ်းရည်နှင့် သူ၏နောက်ထပ်ရည်မှန်းချက်ကို စဉ်းစားမိလိုက်သောအခါ၊ သူ သည်းခံရန်သာ ရွေးချယ်နိုင်ခဲ့သည်။
အသေးအဖွဲကိစ္စများတွင် သည်းမခံနိုင်ခြင်းသည် ကြီးကျယ်သောအစီအစဉ်များကို ပျက်ပြားစေနိုင်သည်။
သက်လတ်ပိုင်းအရွယ် ဝတ်ရုံရှည်ဝတ်လူသည် နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်သည်။ သူ့နှာခေါင်းပေါ်သို့ သူ့မျက်လုံးများကို အာရုံစိုက်ထားပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူ့ရှေ့မှာဖြစ်ပျက်နေသည့် မြင်ကွင်း ကို မမြင်ခဲ့သလိုပင်။
ဖုန့်လင်း ဖြည်းဖြည်းချင်း သူ၏လက်သီးကို ပြန်ရုပ်လိုက်ကာ မူလနေရာတွင် မလှုပ်မယှက်ရပ်နေပြီး၊ သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှမရှိချေ။ အစောက လက်သီးဖြင့်ထိုးခဲ့သူသည် သူ မဟုတ်သလိုဖြစ်နေပြီး ရိုက်နှက်ခံရသူမှာ စိတ်အနှောင့်အယှက်ဖြစ်စေသော ယင်ကောင်တစ်ကောင်သာဖြစ်သည်ဟု ထင်ရ၏။
ဖုန့်လင်းလေသံသည် ပိုမိုကြမ်းတမ်းလာပြီး သူ၏သတ်ဖြတ်လိုစိတ်များ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ သူ သတိပေးလိုက်သည် "ငါ့ကို ထပ်ခါထပ်ခါ ရန်မစနဲ့။ ငါ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်ဆိုတာ သိထားသင့်တယ်။ နောက်တစ်ခါဆိုရင် ငါ့ကို သနားညှာတာမှုမပြလို့ အပြစ်မတင်နဲ့ "
ထို့နောက် သူသည် ဝတ်ရုံရှည်ဝတ်လူအား အေးစက်စွာပြောလိုက်သည်၊
"ငါက မင်းတို့ မားစ်ဂြိုလ်တော်လှန်ရေးတပ်ရဲ့ကိစ္စတွေမှာ ပါမှာမဟုတ်သလို ဧရာမဆေးဝါးကုမ္ပဏီနဲ့ ညွှန်ပေါင်းအစိုးရကို မင်းတို့တော်လှန်တာမှာလည်း ပါမှာမဟုတ်ဘူး။ မင်းတို့ရဲ့တော်လှန်ရေးအတွေးအခေါ်က နည်းလမ်းတစ်ခုသာသာပဲ။ ငါ ဘယ်သူ့ကိုမှ မယုံဘူး။ ငါ့ကံကြမ္မာကို ငါကိုယ်တိုင်ထိန်းချုပ်မယ်"
ဖုန့်လင်း၏ အသံသည် အလွန်ပြတ်သားပြီး ညှိနှိုင်းစရာ လမ်းလုံးဝမြင်ချေ။
လူသားတွေရှိနေသရွေ့ ပဋိပက္ခတွေရှိနေမှာပဲဆိုတာ ရှင်းရှင်းလင်းလင်း သူ မြင်နိုင်ပါတယ်။
မားစ်ဂြိုလ်တော်လှန်ရေးတပ်ရဲ့ အတွင်းပိုင်းအဖွဲ့အစည်းဟာ ဝတ်ရုံရှည်ဝတ်လူပြောသလို အံ့ဖွယ်ကောင်းနေမှာ မဟုတ်ပါဘူး။
ဒါ့အပြင် ဖုန့်လင်းက ကမ္ဘာမြေကနေ လာတဲ့ အပြင်လူတစ်ယောက်ပဲ။ သူ့ကို အလေးနက်ထားပြီး အဖွဲ့ရဲ့အချက်အချာကျတဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ် ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
ဧရာမဆေးဝါးကုမ္ပဏီမှာရှိတဲ့ သူ့အခြေအနေက ဥပမာကောင်းတစ်ခုမဟုတ်လား။
အပေါ်ယံမှာတော့ သူက R&D ဌာနရဲ့အချက်အချာကျတဲ့ဌာနထဲ ရောက်နေပြီဆိုပေမယ့်၊ ကိစ္စတော်တော်များများကို သူ့ဆီကနေ ဖုံးကွယ်ထားဆဲပဲလေ။
ဒါဆိုရင် သူ ဘာလို့ မားစ်ဂြိုလ်တော်လှန်ရေးတပ်ထဲဲကို ဝင်ဖို့လိုဦးမှာလဲ?
"ဘယ်လောက်ပဲ ကြီးကျယ်တဲ့ဆောင်ပုဒ်တွေနဲ့ ကြွေးကြော်နေပါစေ၊ ဒါက ငါနဲ့ဘာမှမဆိုင်ဘူး" ဖုန့်လင်း ထိုထဲသို့ဝင်ပြီး အဆင့်မြင့် အမြောက်စာအဖြစ် အသုံးချခံရဖို့ မလိုလားပေ။
ဖုန့်လင်း၏ သတိပေးချက်ကို ကြားသောအခါ၊ ဝတ်ရှည်ရုံဝတ်လူမှာ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်သွားစသည်။ "မင်း တကယ်ပဲ အဲဒီမှာ ဆက်နေချင်တာလား? တစ်နေ့မှာ မင်း အကြောင်းပြချက်တောင်မသိဘဲ သေသွားလိမ့်မယ်။ ငါတို့ တော်လှန်ရေးတပ်ထဲ ဝင်မှသာ မင်း လုံခြုံမှုရှိလိမ့်မယ်"
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ၊ ဖုန့်လင်းက ထိုသို့မထင်ပေ။ "ဒီကိစ္စက အမှန်လား အမှားလား ဆိုတာ ငါ မသိဘူး။ မင်းရဲ့စကားတစ်ခုတည်းကိုပဲ ယုံနေရတာ။ ငါ ကိုယ်တိုင်စုံစမ်းမယ်၊ မင်း စိတ်ပူစရာမလိုဘူး"
"ဘာလို့လဲ? မင်းသာ ငါတို့အဖွဲ့ဝင်ဖြစ်ရင် အားလုံးရဲ့အကူအညီကိုရမယ်။ဒါက မင်း တစ်ယောက်တည်းရုန်းကန်နေတာထက် ပိုအားကောင်းမှာပဲ" ဝတ်ရုံရှည်ဝတ်လူ လက်မလျှော့သေးဘဲ
ဖုန့်လင်းကို နားဝင်အောင် ကြိုးစားနေဆဲဖြစ်သည်။
သို့သော် ဖုန့်လင်းက သူ့လက်ကို မြှောက်ပြီး ဆက်မပြောဖို့ တားလိုက်သည်။ "နောက်ထပ်မပြောနဲ့တော့။ အဖြေက ရိုးရှင်းပါတယ် ငါ မင်းတို့ကို မယုံဘူး။ မင်း ဘယ်လောက်ပဲပြောပြော အကျိုးမရှိဘူး။ ငါ မင်းတို့တော်လှန်ရေးတပ်ထဲ ဘယ်တော့မှမဝင်ဘူး"
"ခဏ..." ဝတ်ရုံရှည်ဝတ်လူ လက်မလျှော့သေးပေ။
သို့သော် ဖုန့်လင်း၏ လျှင်မြန်သော အရှိန်ကြောင့်၊ သူတို့ကြားမှ အကွာအဝေးသည် ချက်ချင်းဝေးကွာသွားသည်။ ဤနေရာတွင် တစ်ခဏမျှပင် ထပ်မနေလိုဟန်ရှိသည်။
ဝတ်ရုံရှည်ဝတ်လူမှာ နောက်ထပ်စကားများ ပြောဖို့ အချိန်မရတော့ဘဲ၊
ဖုန့်လင်း ထွက်ခွာသွားသည်ကိုသာ ကြည့်နေခဲ့ရသည်။
သူ ကျရှုံးခဲ့သည်။
သူ အကူအညီမဲ့စွာ သက်ပြင်းချလိုက်ရသည်။ ဤတစ်ကြိမ်တွင်၊ သူ ဖုန့်လင်းကို အတင်းအကျပ်မတားတော့ပေ။
သူ ပြောလိုသည်များကို အားလုံးပြောပြီးသွားပြီဖြစ်သည်။ ဖုန့်လင်းမှာ မလှုပ်မယှက်ဖြစ်နေပြီး စိတ်ပိုင်းဖြတ်ထားသည့်ဟန်ရှိသည့်အတွက် နောက်ထပ် ဘာပြောပြော အကျိုးမရှိတော့ပေ။
သို့သော်၊ သူ့နှလုံးသားထဲတွင် နောက်ဆုံးကြိုးစားမှုအတွက် မျှော်လင့်ချက်အနည်းငယ်ရှိနေဆဲဖြစ်သည်။ သူ အော်လိုက်သည်၊
"မင်းရဲ့ ဒီနေ့ရွေးချယ်မှုကို နောင်တရရင်၊ ငါ့ကို အမြဲတမ်း ဆက်သွယ်နိုင်တယ်။ ငါက မားစ်ဂြိုလ်တော်လှန်ရေးတပ် က သံမဏိသွေးဌာန ရဲ့ အကြီးအကဲပဲ။ ငါ့နာမည်က လုခ် ပါ!"
စကားပြောပြီးနောက်၊ သူ၏မိုက်ခရိုချစ်ပ်မှတစ်ဆင့် ဆက်သွယ်ရန်အချက်အလက်များကို ပေးပို့လိုက်သည်။
ဖုန့်လင်း၏ ခြေလှမ်းသည် မရပ်ခဲ့ဘဲ၊ သူ အဖြေမပေးခဲ့ပေ။ သူ အချက်အလက်များကို လက်ခံခဲ့လား မခံခဲ့သလားဆိုသည်ကိုမသိရပေ။ သူ လုခ်၏ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားကာ အမှောင်ထုထဲသို့ ဝင်ရောက်သွားသည်။
လုခ် နက်ရှိုင်းစွာ အသက်ရှုထုတ်လိုက်သည်။
ဤတစ်ကြိမ် စုဆောင်းမှုသည် လုံးဝကျရှုံးခဲ့သည်။
စိတ်မာသည့် လူတစ်ဦးကို စကားလုံးများဖြင့် နားဝင်အောင်ပြောရန်မှာ အလွန်ခက်ခဲလှသည်။
သို့သော်၊ မြွေကလေးကမူ ထိုသို့မထင်ပေ။ ဤမွန်းစတားထွက်ခွာသွားသည်ကို မြင်သောအခါ၊ သူ့နှလုံးသားပေါ်တွင် ဖိနေသော ဖိအားများ လျော့ပါးသွားပြီး ဖုန့်လင်း၏ ကံဆိုးမှုကို ပျော်ရွှင်စွာ ပြောလိုက်သည်၊ "ခေါင်းဆောင် ဒီကောင်က သူ့အတွက် ဘာက ကောင်းတယ်ဆိုတာကို မသိဘူး။ ကျွန်တော်တို့ မားစ်ဂြိုလ်တော်လှန်ရေးတပ်က သူ့ကို အရေးထားပေမယ့်၊ သူက ကျွန်တော်တို့ကို တန်ဖိုးမထားဘူး။ သူက ကမ္ဘာမြေကလာပြီး ဧရာမဆေးဝါးကုမ္ပဏီ ထဲ ဝင်တဲ့လူတစ်ယောက်ပဲ။ အနာဂတ်မှာ သူဟာသူ ဘယ်လိုသေသွားမယ်မှန်းတောင် မသိနိုင်ဘူး"
သူ အေးစက်စွာ နှာခေါင်းရှူံလိုက်ပြီး၊
ဖုန့်လင်း၏ နောက်ကျောသို့ စိုက်ကြည့်နေသော သူ့မျက်လုံးများမှာ အလွန်အေးစက်နေခဲ့ပြီး လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။
အစောပိုင်းက ဖုန့်လင်း၏လက်ထဲတွင် သူ အလွန် ဒုက္ခရောက်ခဲ့ရသည်။ ယခုအခါတွင် သူ့နှလုံးသားသည် ဖုန့်လင်းအပေါ် မုန်းတီးမှုနှင့် မနာလိုမှုတို့ဖြင့် ပြည့်နှက်နေသည်။
"တော်လောက်ပြီ!" လုခ် သည် လေးနက်သောအသံဖြင့် ကြိမ်းမောင်းလိုက်သည်။
"ခေါင်းဆောင်!" မြွေကလေး၏ မျက်လုံးများကျယ်သွားပြီး၊ သူ ဘာအမှားလုပ်မိသည်ကို မသိခဲ့ပေ။
"မြွေကလေး၊ မင်းက ငါတို့ မားစ်ဂြိုလ်တော်လှန်ရေးတပ် ရဲ့ ပါရမီရှင် အလုပ်သင်ကျင့်ကြံသူ ဖြစ်ပြီး၊ ကြယ်တာရာကျင့်ကြံသူ တစ်ယောက်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ အဒါကြောင့် မင်းက အမြဲတမ်း မာနကြီးပြီး အခြားသူတွေကို မနာခံဘူး။ ဒါပေမယ့် မင်း သိထားသင့်တာက၊ မင်းထက် ပိုပြီးတော်တဲ့သူတွေ၊ ကျွမ်းကျင်သူတွေထက် ပိုပြီးကျွမ်းကျင်တဲ့သူတွေ၊တစ်ခုထက်တစ်ခုပိုမြင့်တဲ့ကောင်းကင်တွေ အမြဲရှိနေလိမ့်မယ်။ ကြယ်တာရာကမ္ဘာကြီးင ကျယ်ပြန့်လွန်းပြီး ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတယ်။ မင်း စိတ်ကူးနိုင်တာထက် ပိုတော်တဲ့ပါရမီရှင်တွေ အမြဲရှိနေမှာပဲ။ ဒီနေ့ မင်းရဲ့မဆင်မခြင် ပြုမူမှုကြောင့် ငါတို့နှစ်ယောက် အသက်ဆုံးရှုံးသွားတဲ့အထိ ဖြစ်နိုင်တယ်!" ဝတ်ရုံရှည်လူက မြွေကလေးကို ပြင်းထန်စွာ ကြိမ်းမောင်းလိုက်သည်။
မြွေကလေး အံ့သြသွားသည်။ သူ၏ဤခေါင်းဆောင်သည် အမြဲတမ်း ခွန်အားကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်သော်လည်း ယခုအခါတွင် သူ့နောက်ကျောတွင် ချွေးစေးများနှင့်
ပြည့်နေသည်ကို တွေ့ခဲရသည်။ ထိုငနဲက ခေါင်းဆောင်အတွက် ဒီလောက်ထိ ဖိအားတွေ ပေးနိုင်တာလား။
"ဒီနေ့ အကယ်၍ အဒီလူသာ ရှေးဟောင်းသိုင်းပညာဖြစ်တဲ့ - ခွန်းလွန်မဟာလက်ဝါးတံဆိပ်တော်ကို ရယူလိုစိတ်မရှိဘဲ၊ တကယ် သတ်ဖို့စိတ်ကူးမရှိတာ မဟုတ်ခဲ့ရင်၊ ငါကတော့ ထွက်ပြေးနိုင်တယ်။ ဒါပေမယ့် မင်းကတော့ ဒီမှာအသေခံရမှာပဲ! နောက်ပိုင်းမှာ မင်းကိုယ်မင်း ထိန်းချုပ်ရမယ်။ ဒီလိုပြဿနာတွေ ထပ်မဖန်တီးနဲ့တော့။ ဖုန့်လင်းက အသက် ၁၇ နှစ်ပဲရှိသေးပြီး မင်းထက်ငယ်ပေမယ့် စစ်မှန်တဲ့ ကြယ်တာရာကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီ။ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က သူနဲ့ရွယ်တူတွေထက် အများကြီးသာတယ်" ဝတ်ရုံရှည်ဝတ်လူက မြွေကလေးကို အေးစက်စွာ ဆုံးမလိုက်သည်။ "မင်း သိထားရမှာက၊ အနိုင်ရသူတွေကသာ အခြားသူတွေကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ အရှုံးသမားတွေရဲ့ စကားတွေက ဘယ်လောက်ပဲထက်နေပါစေ၊ အသုံးမဝင်တဲ့ ခွေးဟောင်သံသက်သက်ပဲ"
မားစ်ဂြိုလ်တော်လှန်ရေးတပ်၏ ပါရမီရှင် အလုပ်သင်ကျင့်ကြံသူတစ်ဦးအနေဖြင့်၊ သူ့ခေါင်းဆောင်၏ ဤမျှပြင်းထန်သော ဆုံးမမှုကို အရင် မည်သည့်အခါကမျှ မခံခဲ့ရပေ။
မြွေကလေး၏ မျက်နှာနီရဲလာခဲ့ပြီး၊ သူ့နှလုံးသားတွင် မနာလိုမှုများဖြင့် ပြည့်နှက်ကာ တွေးနေမိသည်၊ "ငါက ကြယ်တာရာကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာ။ အဲဒီအချိန်ကျရင် အဲဒီကောင်ကို ငါရှုံးမှာမဟုတ်ဘူး"
သူ့အနဖြင့် သူရိုသေလေးစားရသော ခေါင်းဆောင်ကို ဆန့်ကျင်ရန် မဝံ့ရဲခဲ့ပေ။ ထို့ကြောင့်၊ သူ၏ဒေါသနှင့် မကျေနပ်ချက်အားလုံးကို ဖုန့်လင်းအပေါ်သို့ ပြောင်းလိုက်ပြီး မလိုလားစွာ ပြောလိုက်သည်၊
"ဒါပေမယ့် သူ့ကို လုံးဝခေါ်နိုင်ဖို့လည်း မလိုပါဘူး။ ကျွန်တော်တို့က သူ့ကိုအရမ်းအထင်ကြီးလွန်းနေတာ! သူက သာမန် ကြယ်တာရာကျင့်ကြံသူတစ်ယောက်ပဲ။ ကျွန်တော်တို့ တော်လှန်ရေးတပ်မှာ ကျင့်ကြံသူတွေအများကြီးရှိတယ်။ သူ ရှိလည်းရသလို မရှိလည်း ရတယ်။ ပြီးတော့ သူက ကမ္ဘာမြေကလူဆိုတော့ ကျွန်တော်တို့ ယုံကြည်မှုနဲ့
မထိုက်တန်ပါဘူး"
"မင်း မှားနေတယ်" ဝတ်ရုံရှည်ဝတ်လူ ခေါင်းခါလိုက်သည်။ "ငါတို့မှာ ကြယ်တာရာကျင့်ကြံသူတွေအများကြီးရှိပေမယ့်၊ R&D ဌာနထဲကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့သူတွေက အရမ်းနည်းတယ်။ R&D ဌာနက ဧရာမဆေးဝါးကုမ္ပဏီရဲ့အချက်အချာကျတဲ့ဌာနပဲ။ ငါတို့ အမြဲတမ်း ထိုးဖောက်ဝင်ချင်နေပေမယ့် အခုထိ မအောင်မြင်သေးဘူး။ ဒီဖုန့်လင်းကိုသာ ခေါ်နိုင်ရင်၊ ဧရာမဆေးဝါးကုမ္ပဏီရဲ့ အချက်အချာကျတဲ့နေရာ မှာ ငါတို့က ဆူးတစ်ချောင်းစိုက်နိုင်မှာဖြစ်သလို ငါတို့အဖွဲ့အစည်းအတွက် အရမ်းအထောက်အကူဖြစ်မှာပဲ! ပြီးတော့ သူ့ရဲ့ကမ္ဘာမြေသားဆိုတဲ့ အထောက်အထားက ငါတို့အတွက် အကောင်းဆုံး အကာအကွယ်ပဲ။ ဧရာမဆေးဝါးကုမ္ပဏီအနေနဲ့ ကမ္ဘာမြေသားတစ်ယောက်က ငါတို့ မားစ်ဂြိုလ်တော်လှန်ရေးတပ်ကလူဆိုတာ ဘယ်တော့မှမထင်မိလောက်ဘူး။ ငါတို့ အဖွဲ့ကိုဝင်ပြီးရင် သူ့လုံခြုံစိတ်ချရမှုလည်း ပိုတိုးလာမယ်၊ သူ့အထောက်အထားကိုလည်း ပိုပြီးဖုံးကွယ်နိုင်မယ်။ ဝမ်းနည်းစရာက သူ သဘောမတူခဲ့ဘူး!"
ဤအထိပြောပြီးနောက်၊ သူ နောင်တများဖြင့် ခေါင်းခါလိုက်သည်။
သူ မြွေကလေး၏ သဘောမတူသောမျက်နှာထားကို သတိမထားမိခဲ့ပေ။ ဝတ်ရုံရှည်ဝတ်လူသည် ဖုန့်လင်း ထွက်ခွာသွားသည့်လမ်းကြောင်းကို ကြည့်လိုက်သည်။ သူ၏အကြည့်မှာ တည်ငြိမ်ပြီး အလွန်နက်နဲနေကာ သူ ဘာတွေးနေသည်ကို မသိနိုင်ပေ။ အကြောင်းတစ်ချို့ကြောင့် သူ့မျက်နှာပေါ်တွင် အားနည်းသော အပြုံးတစ်ခုပေါ်လာခဲ့သည်။
စုဆောင်းမှုကျရှုံးသွားသော်လည်း၊ ဘာအကျိုးအမြတ်မှမရှိသည် မဟုတ်ပေ။
သူ့နှလုံးသားထဲတွင် နောက်ဆုံးမျှော်လင့်ချက်အနည်းငယ်ရှိနေဆဲဖြစ်သည်။
မားစ်ဂြိုလ်တော်လှန်ရေးတပ်ထဲသို့မဝင်ခြင်းသည် သက်သက်ကိစ္စတစ်ခုဖြစ်ပြီး ရည်မှန်းချက်တူညီသည့်အတွက် ယာယီပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်သေးသည်။
မဟုတ်ဘူးလား?