← Chapters

အသက်စွမ်းအား ပေါက်ကွဲမှု

Vol. 6 Ch. 90

အသက်စွမ်းအား ပေါက်ကွဲမှု

Vol. 6 Ch. 90

ကျင့်ကြံခြင်းလုပ်ပြီးနောက်တွင် မားစ်ဂြိုလ်နော်လှန်ရေးတပ် နှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရပြီးနောက်၊ အချိန်မြန်မြန်ကုန်သွားကာ မိုးလင်းလာခဲ့လေ၏။

ဖုန့်လင်း အရှိန်အပြည့်ဖြင့် ပြေးလွှားကာ၊ သူ့နောက်တွင် နောက်ချန်ပုံရိပ်များစွာကျန်ရစ်ခဲ့သည်။ သူ အပြန်လမ်းဆီသို့ အလျင်အမြန်ဦးတည်သွားနေခဲ့သည်။

သူ အလွန်မြန်ဆန်စွာ ပြေးနေသည့်အတွက် လေထဲတွင် သူ၏ဝတ်ရုံအနားစများ လှုပ်ခတ်နေခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လေထုကို ခွဲဖြတ်သွားသော ဓားတစ်ချောင်းကဲ့သို့ဖြစ်ကာ၊ လေတိုးသံများ ဖြစ်ပေါ်စေခဲ့သည်။

နေထွက်လာသောအခါ၊ အင်္ဂါဂြိုဟ်၏ အပူချိန်သည် စတင်မြင့်တက်လာသည်။ အလျင်အမြန်ပင် အပူချိန်သည် ၅၀ ဒီဂရီဆဲလ်စီးယပ်ကျော်လာပြီး၊ သည်းမခံနိုင်လောက်အောင် ပူပြင်းလာငါ ပြင်းထန်သောလေကြောင့်လည်း သဲမှုန်များနှင့် ဖုန်မှုန့်များသည် ရူးသွပ်စွာ လည်ပတ်နေခဲ့သည်။

တောင်ပေါ်မှဆင်းလာပြီးနောက်၊

ဖုန့်လင်း၏ ခြေလှမ်းများမှာ မရပ်တန့်ခဲ့ပေ။ မိနစ် ၂၀ အတွင်း ရှီထိုက်မြို့ မျက်နှာပြင်ရှိ လေရဟတ်တောအုပ်ဆီသို့ ရောက်ရှိသွားပြီး၊ ဓာတ်လှေကားဖြင့် မြေအောက်မြို့ဆီသို့ ဆင်းသွားလိုက်သည်။

ဤသည်မှာ သူ၏အားလပ်ချိန်ဖြစ်သောကြောင့်၊ ဖုန့်လင်း သူ့ကိုယ်ရေးမိုက်ခရိုချစ်ပ် ကို ထုတ်ယူကာ အမြန်နှိပ်လိုက်သည်။

မိုက်ခရိုချစ်ပ် သည် လူတစ်ဦး၏ အချက်အလက်များနှင့် နေ့စဉ်အတွေ့အကြုံများကို အလိုအလျောက်မှတ်တမ်းတင်ထားနိုင်သည်။ ၎င်းသည် အရေးကြီးသောအရာများကို မေ့မသွားစေရန်နှင့် မှတ်တမ်းများကို မည်သည့်အချိန်တွင်မဆို ပြန်လည်ဖတ်ရှုနိုင်စေရန် အထောက်အကူပြုသည်။

သို့သော်၊ သူနှင့် မားစ်ဂြိုလ်တော်လှန်ရေးတပ်တို့အကြားမှ အပြန်အလှန်ဆက်သွယ်မှုများကိုမူ မှတ်တမ်းတင်ရန် မသင့်တော်ပေ။

ကိုယ်ရေးမိုက်ခရိုချစ်ပ် ထဲရှိ အရာများမှာ အပြည့်အဝ ယုံကြည်စိတ်ချရခြင်း မရှိချေ။ ကြယ်တာရာဟက်ကာများသည် ဗိုင်းရပ်စ်များကို အသုံးပြု၍ firewall ကိုချိုးဖျက်ပြီး ၎င်းအတွင်းရှိ အချက်အလက်များကို ယူနိုင်သည်။

ရိုးရှင်းစွာပင် ဧရာမဆေးဝါးကုမ္ပဏီတွင် ထူးဆန်းသောလျှို့ဝှက်ချက်များ အလွန်များပြားနေခဲ့ပြီး၊ ဖုန့်လင်းအား သူ့နှလုံးသားထဲမှ စိုးရိမ်နေစေခဲ့သည်။ မမျှော်လင့်ထားသော အခြေအနေများအတွက် သူ အသင့်ပြင်ထားရပေလိမ့်မည်။

မားစ်ဂြိုလ်တော်လှန်ရေးတပ်သာ သူ့အားမလိမ်ခဲ့ပါက၊ သူ့အခြေအနေသည်လည်း သိပ်ကောင်းမည် မဟုတ့ပေ။

ဧရာမဆေးဝါးကုမ္ပဏီ၏ စွမ်းအားဖြင့် ကြယ်တာရာဟက်ကာတစ်ဦးအား ငှားရန်မှာ ခက်ခဲသည့် အလုပ်မဟုတ်ပေ။

ဧရာမဆေးဝါးကုမ္ပဏီ၏ လူများသာ သူ၏တော်လှန်ရေးတပ်နှင့် တွေ့ဆုံမှုကို သိရှိသွားပါက မည်သည့်ပြဿနာမျိုး ကြုံရလိမ့်မည်ကို သူ ကိုယ်တိုင်ပင် သေချာမသိပေ။

ထို့ကြောင့် လုံခြုံရေးအရ၊ မှားယွင်းသည့်လက်တွင်းသို့ ရောက်ရှိသွားပါက သူ့အား အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် အလိုအလျောက်မှတ်တမ်းတင်ထားသော အချက်အလက်များကို ဖျက်ရန်

ဖုန့်လင်း ဆုံးဖြတ်လိုက်သည်။

သို့သော် ဝတ်ရုံရှည်နှင့် လုခ် ဆိုသူမှ ပေးပို့လိုက်သော ဆက်သွယ်ရန်အချက်အလက်ကို မြင်လိုက်သောအခါ၊ သူ အနည်းငယ်စဥ်းစားလိုက်ပြီး လျှို့ဝှက်ကုဒ်ဖြင့် ပြုလုပ်ထားပြီးသား ဖြစ်သောကြောင့် ထိုအချက်အလက်ကို သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။

အကယ်၍ သူ တကယ်ပဲ အန္တရာယ်နှင့် ရင်ဆိုင်ရခဲ့လျှင် ရွေးချယ်စရာ တစ်ခုပိုရှိခြင်းက အသက်ရှင်ရန် လမ်းကြောင်းတစ်ခု ပိုရှိခြင်းနှင့် အတူတူပင်။

ဓာတ်လှေကားမှ ထွက်လာပြီးနောက်၊ ဆူညံပြီး စည်ကားနေသော မြေအောက်မြို့ကို သူ လှမ်းကြည့်လိုက်ကာ ဧရာမဆေးဝါးကုမ္ပဏီသို့ ခေါ်ဆောင်သွားမည့် ရထားပေါ်သို့ တက်လိုက်သည်။

သူ့မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး သူ မနေ့ညက ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို နှလုံးသားအတွင်းနက်ရှိုင်းစွာ မြှုပ်နှံထားရန်နှင့် နောက်ထပ် ဘယ်တော့မှ မပေါက်ကြားစေရန် ဆုံးဖြတ်ထားခဲ့သည်။

လုခ် ပြောပြခဲ့သော အချက်အလက်များကို သူ မယုံကြည်သည်မဟုတ်ပေ။ သို့သော် အရာအားလုံးကိုမူ အပြည့်အဝလည်း မယုံကြည်ချေ။ သို့သော် ၎င်းထဲတွင် အမှန်တရားအချို့ ပါဝင်နေသည်မှာ မလွဲဧကန်ပင်။

နောက်တစ်ခု သူလုပ်ရမည့်အရာမှာ သူသိရှိလိုက်ရသော အချက်အလက်များအားလုံးကို အတည်ပြုရန် ကြိုးစားဖို့ပင်။

အကယ်၍ ဧရာမဆေးဝါးကုမ္ပဏီတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့လျှင်လည်း ယင်းသည် သူ့အား

မထိခိုက်သရွေ့ အဆင်ပြေသည်။

ဖုန့်လင်းသည် သူ့ကိုယ်သူ ကောင်းကောင်းသိထားသည်။ သူ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချခဲ့သည်မှာ မကြာသေးဘဲ ကြယ်တာရာ ကျင့်ကြံသူတစ်ဦးအဖြစ် မကြာသေးမီကမှ ဖြစ်လာသူဖြစ်ပြီး၊ သူ၏ကံကြမ္မာကို ထိန်းချုပ်နိုင်လောက်သည့်အထိ အားကောင်းခြင်း မရှိသေးပေ။

သတိထားခြင်းနှင့် ထိန်းချုပ်ခြင်းသည်သာ မှန်ကန်သောလမ်းကြောင်းဖြစ်သည်!

သို့သော် အခြားသူများက သူ့အား တကယ်စော်ကားလာခဲ့လျှင်လည်း

ဖုန့်လင်း အလွယ်တကူ လက်ခံလိမ့်မည် မဟုတ်ချေ။

သူ လုံလောက်အောင် အားမကောင်းသေးသည့်တိုင်၊ ထိုနေရာတွင်ပင် ငြိမ်သက်နှင့် သေရမည်ကို ထိုင်မစောင့်နေနိုင်ပေ။

ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ရှိ ခြေလှမ်းတိုင်သည် အလွန်ခက်ခဲလှသည်။ တစ်ယောက်အနေနှင့် သတ္တိမရှိဘဲ ကြောက်ရွံ့မှုတို့ပြည့်နေသော နှလုံးသားသာ ရှိနေပါက၊ ဤလမ်းကြောင်းပေါ်တွင် ဝေးဝေးလျှောက်နိုင်မည် မဟုတ်ချေ။

...

ရထားသည် လုံးဝ ပြည့်ကျပ်နေခဲ့သည်။ ဖုန့်လင်းမှာ ဧရာမဆေးဝါးကုမ္ပဏီ၏ ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အလွန်ထင်ရှားနေခဲ့သည်။ ဘေးပတ်လည်ရှိ အင်္ဂါဂြိုလ်သားများက သူ့ကို အမျိုးမျိုးသော ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်နေကြခဲ့သည်။ အားကျမှု၊ စူးစမ်းလိုမှု၊ လောဘ၊

မနာလိုမှု၊ မုန်းတီးမှု—ထိုအကြည့်များတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

“မြန်မြန် ကြည့်လိုက်စမ်း၊ ဒီလူက ဧရာမဆေးဝါးကုမ္ပဏီရဲ့ဝန်ထမ်းပဲ။ သူ ကြီးပွားတော့မှာပေါ့! ငါ သူ့ကို အားကျလိုက်တာ!”

“ဧရာမဆေးဝါးကုမ္ပဏီက လူတွေအားလုံးက သွေးစပ်ဖုတ်ကောင်တွေချည်းပဲ။ အားကျစရာ မရှိဘူး!”

"ဒီကုမ္ပဏီက ငါတို့ ရှီထိုက်မြို့ရဲ့ ကင်ဆာအကျိတ်ကြီးတစ်ခုပဲ!"

...

ဆွေးနွေးသံများကို နေရာတကာမှ ကြားနေရပြီး လေထုတစ်ခုလုံး ရန်လိုမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။

ဖုန့်လင်း၏ နှလုံးသား နစ်မြုပ်သွားသည်။ ဧရာမဆေးဝါးကုမ္ပဏီ သည် ရှီထိုက်မြို့၏ အကြီးဆုံးကုမ္ပဏီဖြစ်သော်လည်း ဤမျှ ပျူငှာမှုမရှိခြင်း၏နောက်ကွယ်တွင် မုချအကြောင်းရင်းတစ်ခုရှိရမည်ဖြစ်ပြီး ဤအချက်ကို လေးလေးနက်နက် စဉ်းစားသင့်သည်။

သူ့အနီးအနားမှ မှတ်ချက်များကို သူ့အကြောင်းမဟုတ်သကဲ့သို့ လျစ်လျူရှုကာ ဧရာမဆေးဝါးကုမ္ပဏီသို့ တိုက်ရိုက်ပြန်ရောက်သည်အထိ ဘာမှမမြင်ဟန် မကြားဟန် နေလိုက်သည်။

ယနေ့သည် သူ၏ အားလပ်ရက်နေ့ဖြစ်ပြီး ကျင့်ကြံခြင်း ဆက်လုပ်ကာ အခြေခံကို ခိုင်မာစေရန် အချိန်လုံလောက်စွာရှိသည်။

ဧရာမဆေးဝါးကုမ္ပဏီ ပိုင်ဆိုင်ထားသည့် နေရာမှာ အလွန်ကျယ်ဝန်းပြီး အမျိုးမျိုးသော လုပ်ငန်းဆိုင်ရာ ဌာနများ ဒါဇင်နှင့်ချီရှိသည်။

အသစ်ရောက်လာသူတစ်ဦးအနေဖြင့် ဖုန့်လင်းမှာ နေရာတိုင်းတွင်

မကောင်းသောအထင်အမြင်များ မကျန်စေရန် ပညာရှိစွာဖြင့် လှည့်ပတ်

မသွားရန်ရွေးချယ်ခဲ့သည်။ အမှန်ကတော့ သူ့မှာ ထိုသို့လုပ်ဆောင်ရန် အတွေးများလည်း မရှိသလို အချိန်လည်း မရှိခြင်းကြောင့်ပင်။

သူ၏ ယာယီနေထိုင်ရာသို့ ပြန်ရောက်သောအခါ ကြိုးကြိုးစားစား စတင်

ကျင့်ကြံခဲ့သည်။

ဂွီ_

သူ့၏ဆာလောင်မှုကြောင့် မိုးခြိန်းသံများကဲ့သို့ အသံများ ထွက်လာခဲ့သည်။ ကျင့်ကြံမှုတစ်ခုပြီးသွားတိုင်း စိတ်နှင့်ခန္ဓာကိုယ်အပေါ်ရှိ ဖိအားမှာ အလွန်ကြီးမားလွန်းသည်။ ရှည်လျားပြီး ခက်ခဲသော တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ရသလို ခံစားခဲ့ရပြီး အားအင်များ လုံးဝကုန်ခန်းသွားသည်။

ဖုန့်လင်း အစောကတည်းက ဗိုက် အလွန်ဆာနေပြီဖြစ်သည်။

သူ ဧရာမဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သော ဘီလူး အမျိုးအစား-A အာဟာရဖျော်ရည်တစ်ပုလင်းကို ထုတ်ကာ သောက်လိုက်သည်။

ဝမ်းနည်းစရာကောင်းသည်မှာ ၎င်း၏အရသာမှာ ပေါ့ရွှတ်နေပြီး သူ ထိုဆေးကို သောက်လိုက်သည့်အခါ အစားအစာ၏ အနံ့အနည်းငယ်မှလွဲ၍ ဘာမှမခံစားခဲ့ရပေ။ ရေကဲ့သို့ပင် အရသာကင်းမဲ့နေခဲ့သည်။

ဤအမျိုးအစားရှိ အဆင့်မြင့် အာဟာရဖျော်ရည်များသည် သာမန်လူသားများအတွက် အသုံးဝင်ကောင်းဝင်နိုင်သော်လည်း ကြယ်တာရာကျင့်ကြံသူ ဖြစ်လာပြီးသော ဖုန့်လင်းအတွက်မူ အကျိုးကျေးဇူးမှာ မပြောပလောက်တော့ပေ။

ယခုအခါတွင် သူအနေနှင့် အသက်ဆေးရည်များကိုသာ သောက်နိုင်တော့မည်ဖြစ်သည်။

ဖုန့်လင်း အသက်ဆေးရည် ပုလင်းတစ်လုံးကို ထုတ်ယူကာ သောက်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် အေးမြသောအရည်များ စီးဆင်းနေကာ အနည်းငယ်မျှသော အပူဓာတ်ကို ခံစားလိုက်ရသည်။

အာနိသင်အနည်းငယ်ရှိသော်လည်း အလွန်အားနည်းသော သက်ရောက်မှုသာ ဖြစ်သေးသည်။

အခုတော့ အခြေအနေတွေ တကယ်ပဲ ပြောင်းလဲသွားခဲ့ပါပြီ။

ဖုန့်လင်းနှလုံးသားထဲမှာ အကူအညီမဲ့နေသလို ပျှော်ရွှင်မှုကိုလည်း ခံစားနေခဲ့ရပါတယ်။

ပထမဆုံးအကြိမ် အသက်ဆေးရည်သောက်ခဲ့စဉ်က သူ့ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး မခံမရပ်နိုင်တဲ့ နာကျင်မှုတွေကို ခံစားခဲ့ရတာကို သူ မှတ်မိနေဆဲပါ။ အဲဒီအချိန်က သေမင်းနဲ့ ရင်ဆိုင်နေရသလို ခံစားခဲ့ရပေမယ့် အခုချိန်မှာတော့ ဘာမှ မခံစားရတော့ပါဘူး။

ဒါက သူ့ရဲ့အသက်အနှစ်သာရတွေက အလွန်မြင့်မားတဲ့အဆင့်ကို ရောက်ရှိနေပြီး ပြီးပြည့်စုံမှုနဲ့ တဖြည်းဖြည်း နီးစပ်လာနေပြီဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့်မို့လို့ အသက်ဆေးရည်ရဲ့ အာနိသင်တွေ နည်းပါးလာတာပါ။

ဒါပေမယ့် ပိုအဆင်မြင့်တဲ့ ဆေးတွေကို ရှာဖွေရမယ်ဆိုတဲ့အချက်က သူ့ကို အကူအညီမဲ့သလို ခံစားရစေပါတယ်။

ဖုန့်လင်း ဤပေါ်ပေါက်လာသော ခေါင်းကိုက်စရာတစ်ခုကြောင် တဖြည်းဖြည်း မျက်မှောင်ကြုတ်မိလိုက်သည်။

အသက်ဆေးရည်က အဆင့်အနိမ့်ဆုံး ဗီဇဆေးရည်တွေထဲက တစ်မျိုးဖြစ်ပြီး ဈေးအသက်သာဆုံးပါပဲ။ အခြားဗီဇဆေးရည်တွေကတော့ ကြယ်တာရာတွေလောက်ပမာဏရှိတဲ့ ငွေကြေးတွေ ကုန်ကျနိုင်ပါတယ်။

ကြယ်တာရာကျင့်ကြံသူဆိုတာ ငွေကြေးအမြောက်အမြား ကုန်ကျတဲ့ အလုပ်တစ်ခုပါပဲ။ သူ့ရဲ့ကျင့်ကြံမှုကို ဆက်ထိန်းဖို့ဆိုရင် ရေစီးနေသလို ငွေကြေးတွေ သုံးစွဲရမှာပါ။

တစ်ယောက်က ကျင့်ကြံခြင်းလမ်းကြောင်းပေါ် ချောမောစွာ လျှောက်လှမ်းချင်ရင်တော့ စည်းစိမ်ဥစ္စာတွေ နည်းလို့မရပါဘူး။

သူ ငွေရှာဖို့ ကြီးမားတဲ့အစီအစဉ်တစ်ခု စတင်ရေးဆွဲဖို့ လိုအပ်နေပါပြီ။

ဒါပေမယ့် အခုအချိန်က ဒါတွေတွေးဖို့ အချိန်မဟုတ်သေးပါဘူး။ ဖုန့်လင်းမှာ ဆာလောင်မှုကို မခံနိုင်တော့ဘဲ အသက်ဆေးရည်တွေကို အဆက်မပြတ် သောက်သုံးနေတော့သည်။

"အသက်ဆေးရည်" ဆိုတဲ့ တရုတ်စာလုံးမှာ "ရေ" ဆိုတဲ့ စကားလုံး ပါပါတယ်။ အခု သူ သောက်လိုက်တဲ့အခါမှာ တကယ်ကို ရေလိုပဲ ဘာအရသာမှ မရှိပါဘူး။

အသက်ရှုတစ်ရှိုက်အတွင်းမှာပဲ ဖုန့်လင်း စက်တွေနဲ့ထုတ်လုပ်ထားတဲ့ အသက်ဆေးရည် ဆယ်ပုလင်းကို တစ်ခါတည်း သောက်ခဲ့လိုက်၏။ ဒါတွေသောက်ပြီးမှသာ သူ့ရဲ့ဆာလောင်မှု အနည်းငယ် ပြေပျောက်သလို သူ ခံစားလိုက်ရပြီး ရွေးချယ်စရာမရှိဘဲ လူသားတွေ ဖော်စပ်ထားတဲ့ အဆင့်မြင့် အသက်ဆေးရည် နောက်ထပ်ငါးပုလင်းကို ထပ်သောက်လိုက်ရသည်။ ဒါမှပဲ သူ့ရဲ့ဆာလောင်မှုကို အနည်းငယ်မျှသာ ဖြေဖျောက်နိုင်ခဲ့တော့၏။

သူ ချက်ချင်းပဲ မျက်လုံးမှိတ်ပြီး ထိုင်ချလိုက်ကာ သူ့ရဲ့ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

စွမ်းအင်မှ ချီအဖြစ်သို့ ပြောင်းလဲသည့်နည်းစနစ်မှာ အလိုအလျောက်လည်ပတ်နေခဲ့သည်။

ဖုန့်လင်း၏အစာအိမ်မှာ ကြီးမားသောမီးဖိုတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ပူလောင်မှုကို ခံစားလိုက်ရသည်။ ထိုမီးဖိုကြီးသည် အာဟာရဓာတ်များကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးနေသည်။ နွေးထွေးသောစွမ်းအင်စီးကြောင်းများသည် ခန္ဓာကိုယ်တစ်လျှောက် လည်ပတ်ကာ စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးနေပြီး ဗီဇအလားအလာအဖြစ် သိုလှောင်ထားနိုင်သည့် သန့်စင်သောအာဟာရဓာတ်များကို ချန်ထားခဲ့သည်။

ဗီဇအလားအလာ +၂၀%၊ +၂၀%၊ +၂၀%...

လုံလောက်သောအာဟာရဓာတ်များ၏ ထောက်ပံ့မှုဖြင့် ဤကျင့်ကြံခြင်းနည်းစနစ်သည် အံ့ဩဖွယ်ကောင်းဆောင် မြန်ဆန်စွာ လည်ပတ်နေပြီး ခန္ဓာကိုယ်အတွင်းရှိ ဗီဇအလားအလာကို မကြုံစဖူးနှုန်းမျိုးဖြင့် မြင့်တက်စေခဲ့သည်။ မကြာမီပင် သူ၏ဗီဇအလားအလာမှာ ၅၂၁% အထိ ရောက်ရှိသွားသည်။

တစ်ချိန်တည်းမှာပင် ဖုန့်လင်း၏ အသက်စွမ်းအင်သည် ဆက်လက်မြင့်တက်လျက်ရှိသည်။

ကြယ်တာရာကျင့်ကြံသူ သူတစ်ဦးအဖြစ်သို့ ချိုးဖြတ်လာပြီးနောက်တွင် သူ၏အသက်ဆင့်ကဲပြောင်းလဲမှုသည် လုံးဝရပ်တန့်သွားမည့်ပုံ မပေါ်သေးပေ။ အာဟာရဓာတ်များ၏ဖြည့်စွက်မှုအောက်တွင် ဆင့်ကဲဖြစ်စဉ်သည် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

အသက်စွမ်းအင်အညွှန်းကိန်း 13.9 , 14.1 , 14.3...

တစ်ကြိမ်တိုင်းတွင် အနည်းဆုံး 0.2 စီ တိုးလာခဲ့ပြီး သူ၏အသက်စွမ်းအင်အညွှန်းကိန်းသည် ပေါက်ကွဲနေသကဲ့သို့ ဆက်လက်တိုးတက်နေဆဲဖြစ်သည်။

လျင်မြန်စွာပင် ဖုန့်လင်း၏အသက်စွမ်းအင်အညွှန်းကိန်းသည် ၁၅.၀ အမှတ်ကို ချိုးဖြတ်ပြီး နောက်ဆုံးတွင် ၁၆.၈ အထိ ရောက်ရှိသွားခဲ့သည်။

All Chapters