← Chapters

အပိုင်း (၄၃၇)

Vol. 30 Ch. 437

အပိုင်း (၄၃၇)

Vol. 30 Ch. 437

“အခု နိရယအင်ပါယာ က လှုပ်ရှားဖို့ မဆုံးဖြတ်သေးဘူး”

အဖြူရောင်ဝတ်စုံနှင့်လူက တီးတိုး ရေရွတ်လိုက်၏။ “ပြီးတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ငါ့ကို လိမ်မှာ မဟုတ်ဘူးလေ။ ငါ ငြိမ်ငြိမ်သက်သက်နဲ့ ထိုင်ပြီးတော့ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမယ်။ တစ်နှစ်ဆိုတာ အရမ်းကြီး ကြာတဲ့ကိစ္စတော့ မဟုတ်ပါဘူး”

သူ၏ စကားလုံး ထွက်ပေါ်လာလာချင်းမှာပဲ နတ်ဘုရားအလင်းတန်းများသည် လေဟာနယ်ထဲ၌ တွန်းတောက် လာခဲ့၏။ ထိုအလင်းတန်းများသည် ၎င်း၏ လမ်းစဉ်တွင် ရှိနေသည့် အရာအားလုံးကို ရှင်းလင်းသုတ်သင်ပစ်မည့် ပုံပင်။ မရပ်တန့်နိုင်လောက်အောင်ပင် အားအင်ကောင်းမွန်လွန်း၏။ ရောင်စဉ်အလင်းတန်းများသည် အားလုံးသော သူတို့၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေခဲ့၏။ အစစ်အမှန် အင်မော်တယ်များအကြား တိုက်ပွဲ၏ သက်ရောက်မှု သည် သာမန်လူများ မည်သို့မှခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။ အင်ပါယာများပင်လျှင် သေဆုံးသွားနိုင်စွမ်း ရှိသည်။

“ဟမ်”

အဖြူရောင်ဝတ်စုံနှင့်လူသည် ထိုမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ မျက်နှာသွင်ပြင် တစ်ခုလုံး ပျက်ယွင်းသွား ခဲ့၏။ နတ်ဘုရား အလင်းတန်းများသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး သူနေထိုင်ရာ နတ်ဘုရားတောင်ထွတ်အား တိုက်ခိုက်လိုက်သလို ကျဆင်းလာခဲ့၏။ တိုက်ပွဲကြီး၏ သက်ရောက်မှုသည် မရည်ရွယ်ဘဲ သူ့ကို သတ်ဖြတ်မိမလို ဖြစ်ခဲ့၏။

သူ၏ နှလုံသားထဲတွင်တော့ ဒေါသတရားများ ဖြစ်တည်လာခဲ့သည်။ ထို့အပြင် သူသည် နှစ်သန်းပေါင်း များစွာ ပုန်းကွယ်ကာ နေထိုင်ခဲ့၏။ တခြားသူများ၏ မြင်ကွင်းရှေ့သို့ ထွက်ပေါ်မလာခဲ့ချေ။ လောကကြီးတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် သူ၏ တည်ရှိမှုကို မေ့လျော့လို့ နေခဲ့ပြီဖြစ်သည်။

ဤနတ်ဘုရားအလင်းတန်းများကြောင့် သူ၏ အော်ရာ ထွက်ပေါ်သွားနိုင်သည်။ နိရယအင်ပါယာတစ်ယောက် မည်ကဲ့သို့သော အမွေအနှစ်များကို ရရှိခဲ့ကြောင်း သူ သေသေချာချာ မသိရှိသေးချေ။ သေဆုံးသွားခဲ့သော ရှေးအလောင်း ဆီမှ ဘာတွေရခဲ့သည်ကို သူသေသေချာချာ မသိရှိသေးချေ။

သူသာ လက်ရှိ လှုပ်ရှားသည် ဆိုပါက နိရယအင်ပါယာသည် သူတည်ရှိသေးကြောင်း သတိပြုမိသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်၏။ သို့ပေမည့် နတ်ဘုရားအလင်းတန်းများ ရောက်ရှိလာသည့်အချိန်တွင် ငြိမ်ငြိမ်သက်သက် မသိသလို ပုန်းကွယ်နေ၍ မရချေ။ ထိုတိုက်ခိုက်ချက်၏ သက်ရောက်မှုကိုသာ ခွင့်ပြုလိုက်သည်ဆိုပါက သူ၏ နတ်ဘုရားတောင်ထွတ်သည် အလုံးစုံ ဖျက်ဆီးခြင်း ခံရမှာဖြစ်၏။ နှစ်သန်းပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေသည့် သူ၏ နေရာတစ်ခုလုံးသည် အားလုံးရှေ့သို့ ပေါ်ပေါက်သွားခဲ့မှာပင်။

“ဘာပဲပြောပြော ရှောင်လို့ မရနိုင်ဘူးပဲ” အဖြူရောင်ဝတ်စုံနှင့်လူသည် တည်ငြိမ်လျက် ရှိနေ၏။ ၎င်း၏ အမူအရာ သည် အလွန်အမင်း တင်းမာခက်ထန်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့ပြီး သူသည် လက်ကို အသာမြှောက်လိုက်၏။

ချလွင် ... ချလွင် ...။

ခေါင်းလောင်းသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ တာအို၏ ခေါင်းလောင်း လှုပ်ခါသွားသည့် အချိန်မှာတော့ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် လှုပ်ခါသွားခဲ့၏။ များပြားလွန်းလှသည့် နိယာမများသည် ကောင်းကင်ယံ ထက်မှ ကျဆင်းလာခဲ့ပြီး အရာအားလုံးကို လွှမ်းခြုံသွားခဲ့သည်။

မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် ထိုအရာကို အာရုံခံမိသည့် အချိန်မှာတော့ ထိုတည်နေရာဆီသို့ မျက်လုံးအကြည့်များ ရောက်ရှိသွားကြ၏။

“ဘာကြီးလဲ”

မြေအင်မော်တယ်လောကရှိ အင်ပါယာတစ်ယောက်သည် ခေါင်းကိုမော့ကာဖြင့် ခေါင်းလောင်းသံ ပေါ်ပေါက်လာရာ တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှု့လိုက်၏။ ၎င်း၏ မျက်လုံးထဲတွင် နဝေတိမ်တောင် အမူအရာများ ဖြစ်တည်လို့ နေ၏။ ရုတ်တရက် ရှေးမှတ်တမ်းများတွင် ရေးသားထားသည့် မှတ်တမ်းတစ်ခုကို သူက ပြန်လည်ကာ သတိရလိုက်၏။ ထို့ကြောင့် အံ့အားတသင့်ဖြင့် ထပ်မံကာ ရေရွတ်လိုက်မိသည်။ “အသင်္ချေအသွင်ပြောင်းခြင်း ခေါင်းလောင်းလား။ ဒါ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တဲ့ အသင်္ချေ အသွင်ပြောင်းခြင်း ခေါင်းလောင်း မဟုတ်လား”

“ဒါကြီး ပြန်ပေါ်လာတယ်ဆိုတော့ ထာဝရ အစစ်အမှန် အင်မော်တယ်တစ်ယောက် အသက်ရှင်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်လား။ ဒီလူက နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာခဲ့တဲ့ လူတစ်ယောက်ပဲ။ အင်မော်တယ် သုံးယောက်တို့ရဲ့ တိုက်ပွဲက အစစ်အမှန် အင်မော်တယ်တစ်ယောက်ကို ထပ်ပြီး ဆွဲခေါ်နိုင်လိမ့်မယ်လို့ ကျုပ် မထင်မိခဲ့ဘူး။ ကျုပ်တို့ မြေအင်မော်တယ်လောကမှာ နောက်ထပ် ရှေးအစစ်အမှန် အင်မော်တယ်တစ်ယောက် တည်ရှိနေသေးတာကိုး”

မြေအင်မော်တယ်လောကတစ်ခုလုံးသည် အသင်္ချေ အသွင်ပြောင်းခြင်း ခေါင်းလောင်း ပေါ်ပေါက်လာသည့် အချိန်မှာတော့ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ ထာဝရ အစစ်အမှန် အင်မော်တယ် ဆိုသည်မှာ မြေအင်မော်တယ်လောကထဲတွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး နှစ်သန်းပေါင်းများစွာ အားလုံးသော သူတို့၏ မျက်စိရှေ့သို့ ပေါ်ပေါက်မလာသည့် လူတစ်ယောက် ဖြစ်၏။ ၎င်းသည် အဆင့်ချိုးဖြတ်သွားခဲ့ပြီး ဖြစ်သည်ဟုပင် တော်တော်များများက ယုံကြည်ချက် ရှိနေကြ၏။

အစစ်အမှန် အင်မော်တယ်များသည် ထာဝရ အသက်ရှင်နေထိုင်နိုင်စွမ်း မရှိကြချေ။ ထို့ကြောင့်သာ ဤကဲ့သို့ တွေးထင် သတ်မှတ်ခဲ့ကြခြင်းဖြစ်၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ တစ်ဖက်လူသည် အားလုံး၏ မြင်ကွင်းရှေ့သို့ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။

အသင်္ချေ အသွင်ပြောင်းခြင်းခေါင်းလောင်း၏ မြည်သံ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် အင်မော်တယ် သုံးယောက်တို့၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာခဲ့သော သက်ရောက်မှုများသည် ရုတ်တရက် အဝေးသို့ လွင့်စင်သွားခဲ့၏။ ကြည့်ရှုရသည်မှာ လက်ဝါးတစ်ချက် ရိုက်ခါလိုက်ရုံနှင့် တပြိုင်နက် မြေအင်မော်တယ် လောကကြီး တစ်ခုလုံးကိုပင် ပျက်စီးအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည့်လူ ဖြစ်ပုံပေါ်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။

အင်မော်တယ် သုံးယောက်တို့သည် အခြေအနေကို နားလည်ခဲ့ပြီးသည့်နောက် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ သန်းနှင့်ချီသည့် အကွာအဝေးဆီသို့ လှမ်းဆုတ်လိုက်ကြ၏။ ၎င်းတို့သည် အသင်္ချေအသွင်ပြောင်းခြင်း ခေါင်းလောင်း ပေါ်ပေါက်လာခဲ့သည့် နေရာဆီသို့ မသေချာ၊ မရေရာသလို လှမ်းကာ ကြည့်ရှုလိုက်သည်။

နတ်ဘုရားတောင်ထွတ်၏အထက် ကောင်းကင်နှင့်မြေပြင်ကြား လေထုထဲတွင် အသင်္ချေ အသွင်ပြောင်းခြင်း ခေါင်းလောင်းသည် ယိမ်းယိုင်လျက် ရှိနေ၏။ ထိုခေါင်းလောင်းကြီး၏ အောက်တွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထား သည့် လူတစ်ယောက်သည် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်း၏ သွင်ပြင်မူရာသည် သာမန်ထက်ပိုကာ ထူးခြားလွန်းလှ၏။ ၎င်း၏ရှည်လျားပြီး မင်ကဲ့သို့ နက်မှောင်လွန်းလှသည့် ဆံနွယ်များသည် လေနှင့်အတူ လွင့်မျော နေခဲ့၏။

အဖြူရောင်ဝတ်စုံသည် မည်သည့်ဖုန်တစ်စက်မှ မရှိသလို သန့်ရှင်းလို့နေခဲ့ပြီး ၎င်းသည် ကမ္ဘာခြားမှ နတ်သား တစ်ပါးကဲ့သို့ပင် ချောမောလွန်းလှ၏။ ၎င်းသည် မြေအင်မော်တယ်လောကထဲတွင် မတ်မတ်ရပ်လျက် ရှိနေသည် ဆိုသော်လည်း ဤလောကကြီးနှင့် လုံးဝ မပတ်သက်ဘဲ သီးခြားတည်ရှိနေသည့် လူတစ်ယောက်ကဲ့သို့ပင်။ သို့ပေမဲ့ ၎င်း၏ တည်ရှိမှုကို မည်သူကမှ လျစ်လျှူမရှုနိုင်ချေ။

“စီနီယာ ထာဝရလား” တာအိုပညာရှင်ကျိရှုသည် လေးလေးစားစားဖြင့် ဦးညွတ်ကာ မေးမြန်းလိုက်သည်။

“ကျုပ် တာအိုရောင်းရင်း ထာဝရကို နှုတ်ဆက်ပါတယ်”

အင်မော်တယ် တစ်ယောက်ကလည်း ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်၏။ ၎င်းသည် တာအိုပညာရှင်ကျိရှုထက် ပိုမိုစောကာဖြင့် အင်မော်တယ်တစ်ယောက် ဖြစ်လာခဲ့သူဖြစ်၏။ ထို့ကြောင့် အတိတ်တုန်းက ထာဝရ အစစ်အမှန် အင်မော်တယ်နှင့် တွေ့ဆုံခဲ့ဖူး၏။ ထို့ကြောင့်ပင်လျှင် ယနေ့ ထာဝရ အစစ်အမှန် အင်မော်တယ် ဝင်ရောက် လှုပ်ရှားခြင်းနှင့် ပတ်သက်၍ အံ့အားမသင့်ခြင်းပင်။

တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင်တောင် ၎င်းတို့၏ တစ်ဖက်ခြမ်းတွင် ရပ်လျက်ရှိနေသည့် အင်ပါယာ ကျန်းထျန်မှာတော့ အံ့အားသင့်မှုများနှင့် ပြည့်နှက်လာခဲ့၏။ ထာဝရ အစစ်အမှန် အင်မော်တယ် - ထိုသူသည် အင်ပါယာကျန်းထျန်ကို မျက်မှောင်ကုတ်ကာဖြင့် တိတ်ဆိတ်ငြိမ်သက် သွားစေခဲ့၏။ သူ အဆင့်တက်ပြီး အင်မော်တယ် ဖြစ်လာပြီးနောက် မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကို နတ်ဘုရားအသိအမြင် ဖြန့်ကျက်ကာ စစ်ဆေးခဲ့ပြီး ဖြစ်သည်။

မျက်နှာပြင်တွင် အစစ်အမှန် အင်မော်တယ်နှစ်ယောက်၏ အော်ရာများကိုသာ သူက အာရုံခံမိ၏။ ထိုအင်မော်တယ် နှစ်ယောက်တို့သည်လည်း သူနှင့် တိုက်ခိုက်ခဲ့ပြီးပြီဖြစ်၏။ မထင်မှတ်ထားလောက်အောင်ဘဲ နောက်ထပ် အင်မော်တယ်တစ်ယောက်က တည်ရှိနေခဲ့၏။ ထိုလူသည် သာမန်ထက်ပိုကာ အားကောင်းလှသည့် စွမ်းအင် အဆင့်ကို ပိုင်ဆိုင်မှာ သေချာ၏။ အင်မော်တယ် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး အန္တိမလမ်းစဉ်၏ ကျင့်ကြံခြင်းအဆင့်နှင့်ပင် ခြေတစ်လှမ်း အကွာအဝေးသို့ ရောက်ရှိကောင်း ရောက်ရှိနေပေလိမ့်မည်။

“မြေအင်မော်တယ်လောကကြီးမှာ အစစ်အမှန် အင်မော်တယ်တွေ တိုက်ခိုက်မှုကို ခွင့်မပြုဘူး” ထာဝရ အစစ်အမှန် အင်မော်တယ်က ပြောဆိုလိုက်၏။

“စီနီယာ” တာအိုပညာရှင် ကျိရှုက ပြောဆိုရန် ပြင်လိုက်၏။ သို့ပေမဲ့ သူ့စကား ဆုံးအောင် မပြောလိုက်ရချေ။ ထာဝရ အစစ်အမှန် အင်မော်တယ်သည် ကောင်းကင်ယံဆီသို့ လက်ကို ညွှန်လိုက်၏။ ချက်ချင်းဆိုသလိုပဲ ကောင်းကင်ယံထက်တွင် နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အသက်စွမ်းအင်များ ဖြစ်တည်လာခဲ့သည်။

ဤစွမ်းအင်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး သက်ရှိသတ္တဝါအားလုံး၏ အသက်ဓာတ်များကို ပြန်လည် ဖြည့်စည်းနိုင်စွမ်း ရှိ၏။ စွမ်းအင်များသည် ကောင်းကင်ယံ၌ ဖြစ်တည်လာခဲ့ပြီးနောက် ပျက်စီးခဲ့သည့် အရာများ အားလုံးကို ပြန်လည်ကာ ပြင်ဆင်ခဲ့လေ၏။ ကောင်းကင်ယံတွင် ရှိနေသည့် လေဟာနယ် အပေါက်ကြီး များပင်လျှင် ပြန်လည်ကာ ကောင်းမွန်လာခဲ့၏။

လှည့်ပြန်ရန် ပြင်ဆင်လျက် ရှိနေသည့် အစစ်အမှန် အင်မော်တယ် သုံးယောက်တို့သည် ဆန်းကြယ်လှသည့် အားအင်စုတစ်ခု၏ ဆွဲယူခြင်းကိုခံရပြီး လောက၏ အပြင်ဘက် တည်နေရာ ပတ်လမ်းကြောင်းသို့ စေလွှတ်ခြင်း ခံလိုက်ရ၏။ ထာဝရ အစစ်အမှန် အင်မော်တယ်၏ ရည်ရွယ်ချက်သည် ရှင်းလင်းနေ၏။ ပြဿနာကို ဖြေရှင်းမည်ဆိုပါက တခြားသော နေရာတွင် သွားရောက်ကာ ဖြေရှင်းရန်ပင် ဖြစ်၏။ မြေအင်မော်တယ်လောကကြီးကို မသက်ရောက်အောင်ပင်။

အရာအားလုံး ပြုလုပ်ပြီးသည့်နောက် ထာဝရ အစစ်အမှန် အင်မော်တယ်သည် နတ်ဘုရားတောင်ထွတ်ပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကို ကြည့်ရှုလိုက်၏။ ရုတ်တရက် သူ၏ အမူအရာသည် တစ်စုံတစ်ခုကို နားလည်သွားသလို ပြောင်းလဲသွားခဲ့၏။ သူသည် ကောင်းကင်မူလလောကကြီးကို လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။

“အင်း... ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ တွက်ချက်မှုအတိုင်း အရာအားလုံးက ဖြစ်နေတာလား” သူက တီးတိုးရေရွတ်လိုက်သည်။

တိုက်ပွဲကြောင့် ဖြစ်ပေါ်လာခဲ့သော နတ်ဘုရားအလင်းတန်းများသည် သူတံခါးပိတ်ကျင့်ကြံရာ တည်နေရာဆီသို့ တိုက်ရိုက်ဆိုသလိုပဲ ရောက်ရှိလာပြီး သူ့ကို အပြင်ဘက်သို့ ထွက်ရန် အတင်းဖိအားပေးခဲ့၏။ သူသည် ပါဝင် လှုပ်ရှားခဲ့ပြီး မြေအင်မော်တယ်လောကတွင် ရှိနေသည့် ကပ်ဘေးကြီးကို ကူညီဖြေရှင်းပေးခဲ့ရ၏။ ထိုသို့ဆိုလျှင် နိရယအင်ပါယာသည် မြေအင်မော်တယ်လောကကြီးမှ ထွက်ခွာသွားရန် မလိုအပ်တော့ချေ။

မျက်နှာပြင်တွင် အကျိုးသင့်၊ အကြောင်းသင့် ဖြစ်တည်လာခဲ့သည် ဆိုသော်လည်း ဤအရာများသည် တိုက်ဆိုင်လို့ နေခဲ့၏။ နောက်ကွယ်တွင် မမြင်ရသည့် လက်ကြီးတစ်ဖက်သည် အရာအားလုံးကို စီမံ ဖန်တီးနေသကဲ့သို့ပင်။

“ကျုပ်အတွက်တော့ ဘာမှ ထူးထူးခြားခြားတော့ မရှိပါဘူး။ အများဆုံး ကျုပ်တည်ရှိနေတယ်ဆိုတဲ့အကြောင်း ပေါ်သွားရုံပါပဲ” ထာဝရ အစစ်အမှန် အင်မော်တယ်သည် တီးတိုးရေရွတ်လိုက်၏။ သူသည် နိရယ အင်ပါယာ နေထိုင်ခဲ့ရာ နန်းတော်ဆီသို့ နောက်ဆုံးအကြိမ် တစ်ချက်လှမ်းကြည့်လိုက်သည်။ ပြီးနောက် အင်္ကျီလက်ကို ယမ်းခါလိုက်၏။ နတ်ဘုရားတောင်ထွတ်ကြီး တစ်ခုလုံးသည် ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်အခါကမှ မရှိခဲ့သလိုပင် အားလုံး၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။

All Chapters