အပိုင်း (၄၃၈)
Vol. 30 Ch. 438
မြေအင်မော်တယ်လောကကြီးတွင် ရှိနေသည့် အကြပ်အတည်းများ၊ စိတ်ခံစားချက်များသည် အချိန်ကာလအတောအတွင်း ပျောက်ကွယ်မသွားခဲ့ချေ။ အစစ်အမှန် အင်မော်တယ်သုံးယောက်တို့သည် ထာ၀ရ အစစ်အမှန်အင်မော်တယ်၏ ကြား၀င် လှုပ်ရှားမှုကြောင့် အပြင်ဘက် တည်နေရာပတ်လမ်းကြောင်းဆီသို့ လွင့်စင်သွားခဲ့၏။
ဤလှုပ်ရှားမှုသည် ရေတွက်၍ မရအောင် များပြားလှသည့်လူများကို အံ့အားသင့်စေခဲ့သည်။
တစ်ယောက်နှင့်သုံးယောက် တိုက်ခိုက်သည့်တိုက်ပွဲမျိုး မဟုတ်ဘူးဆိုသော်လည်း ထာ၀ရအစစ်အမှန်အင်မော်တယ် ၏ အားအင်အဆင့်သည် ကျိန်းသေပေါက် ကြီးမားကြောင်း သက်သေပြခဲ့ပြီးဖြစ်၏။ ဤကဲ့သို့သော အခြေနေမျိုးတွင် ခရမ်းရောင် နက်နဲလောက၏ အလယ်တွင် တည်ရှိနေသော အင်ပါယာပိုင်လီသည် အင်မော်တယ် အဖြစ်သို့ အောင်အောင်မြင်မြင် တက်လှမ်းသွားခဲ့၏။
၎င်းသည် အင်မော်တယ် ဖြစ်လာခဲ့သည် ဆိုသော်လည်း ကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီးသည့်နောက် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့လေ၏။ ၎င်း၏ အော်ရာများအားလုံးကို မည်သူကမှ ရှာဖွေ မတွေ့ရှိခဲ့ချေ။ မည်သည့်နေရာသို့ ထွက်ခွာသွားကြောင်း မည်သူကမှ မသိရှိကြချေ။
တော်တော်များများတို့သည် ၎င်းမှာ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် ကြိုးစားချင်သောကြောင့် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ကြောင်း တွက်ချက်လိုက်မိကြ၏။ ထို့အပြင် ပိုင်လီသည် အင်ပါယာ ကျန်းထျန်ကဲ့သို့ တော်၀င်အင်ပါယာထိပ်ဆုံးအဆင့်သို့ ရောက်ရှိပြီးသား ကျင့်ကြံသူတစ်ယောက် မဟုတ်ချေ။ ထို့ကြောင့် အားအင်အဆင့်သည် ကျိန်းသေပေါက် တည်ငြိမ်လိမ့်မည် မဟုတ်ချေ။ အားအင်အဆင့် မတည်ငြိမ်ဘူးဆိုပါက အနာဂတ်ကျင့်ကြံခြင်း လမ်းစဉ်တွင် အန္တရာယ်များ ဖြစ်တည်နေပေလိမ့်မည်။
မြေအင်မော်တယ်လောက နိရယ ယင်ကောင်းကင်ဘုံနန်းတော် ….။
နန်းတော်ကြီးသည် တကယ့်ကို ခိုင်ခိုင်မာမာနှင့်တည်ဆောက်ထားပြီး လေထုထဲတွင်လည်း များပြားလှသည့် အစီအရင်များနှင့် ပြည့်နှက်နေ၏။ ရေတွက်၍ မရအောင်များပြားလှသည့် သင်္ကေတများသည် လင်းလက်နေပြီး လေထုထဲတွင် သတ်ဖြတ်ခြင်း ဆန္ဒများက ထွန်းတောက်နေ၏။
အဝေးတစ်နေရာမှလှမ်းကာကြည့်ရှုမည်ဆိုလျှင်ပင် ထိုအစီရင်ထဲတွင်ရှိနေသည့် သတ်ဖြတ်ခြင်းဆန္ဒများကို ကောင်းကောင်း ခံစားမိနိုင်၏။ မြေအင်မော်တယ်လောကတွင် ရှိနေသည့် လူတော်တော်များများသည် နိရယလောက၏ ခပ်ဝေးဝေးဆီမှ လှမ်းကာ ခပ်ဝေးဝေးမှရှောင်ရှားသွားတတ်ကြသည်။
ကြည့်ရှုရမည်ဆိုလျှင် ၎င်းတို့အားလုံးသည် အနားသို့ မည်သူမျှမချဉ်းကပ်ရဲကြပေ။ လက်ရှိ အခြေနေမှာတော့ အင်ပါယာစာရင်းရှိ ပထမ နှင့် ကိုးယောက်မြောက်နေရာတွင် ရှိနေသည့် အင်ပါယာနှစ်ယောက်တို့သည် တစ်ယောက်ပြီး တစ်ယောက် အင်မော်တယ် ဖြစ်သွားခဲ့၏။ ထို့ကြောင့် စာရင်းထဲမှ ကျန်သူများသည် ငြိမ်ငြိမ်သက်သက် ထိုင်မနေနိုင်တော့ချေ။
လက်ရှိ နိရယအင်ပါယာသည် အင်ပါယာစာရင်း၏ ပထမနေရာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။ သူမကိုကျော်၍ တခြားသော တစ်စုံတစ်ယောက်သည်သာ အင်မော်တယ် ဖြစ်သွားမည် ဆိုပါက ကျိန်းသေပေါက် နိရယလောက သည် သိက္ခာကျပေတော့မည်။
“ကျန်းထျန်၊ ပိုင်လီ”
နိရယယင်ကောင်းကင်နန်းတော်ထဲမှာတော့ နိရယ အင်ပါယာသည် ခြေချိတ်ကာထိုင်လျက် ရှိနေ၏။ ၄င်းသည် မိုင်သန်းနှင့် ချီသည့် အကွာဝေးတွင်ရှိနေသည့် စိတ်ဝိညာဉ် စွမ်းအင် အားလုံးကို စုပ်ယူလိုက်၏။
ကောင်းကင်နန်းတော်ထက်တွင်တော့ ဥမင်လှိုဏ်ခေါင်းကဲ့သို့သော အရာတစ်ခုသည် ဖြစ်တည်လာခဲ့ပြီး စိတ်ဝိညာဉ် စွမ်းအင်များသည် အဆုံးအစမဲ့စွာဖြင့် ကျဆင်းလာခဲ့၏။ တည်နေရာတစ်ခုလုံးသည် နတ်ဘုံနက်နဲ ကြီးကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။ စိတ်ဝိညာဉ်စွမ်းအင်များ၏ ပေါကြွယ်မှုသည် တကယ်ကို မယုံနိုင်ဖွယ်ပင်။
သူမသည် ကျောက်စိမ်းပြားပေါ်သို့ လက်တင်ပြီး အထဲတွင်ရှိနေသည့် အင်ပါယာစာရင်း၏ အကြောင်းအရာများကို သေချာ ကြည့်ရှုလိုက်၏။ သူမ၏ နာမည်သည် စာရင်း၏ ပထမနေရာ၌ ပေါ်ပေါက်နေလေ၏။
“ခရမ်းရောင်နက်နဲလောကရဲ့အင်ပါယာက ပိုင်လီ …. ဒီလူ အစစ်အမှန်အင်မော်တယ်အဆင့် ကို တက်လှမ်းပြီးပြီ ဆိုတော့ကျိန်းသေပေါက် နိရယလောကကြီးကိုပြဿနာရှာမှာပဲ။ ငါ့အနေနဲ့ ဖြစ်နိုင်သမျှအမြန်ဆုံး အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းဖို့ လိုအပ်လာပြီ”
နိရယ အင်ပါယာသည် ခရမ်းရောင်နက်နဲလောကကြီးထဲတွင် ဖြစ်နေသော အခြေနေများကို သေသေချာချာ နားလည်ပြီးဖြစ်၏။ မြေအင်မော်တယ်လောကရှိ တခြားသော အင်အားစုများသည် ခရမ်းရောင်နက်နဲ လောကကြီးကို တိုက်ခိုက်ခဲ့သော်လည်း သူတို့ကဲ့သို့ ရှင်းရှင်းလင်းလင်းနှင့် ဦးဆောင် တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။
သူမ အင်ပါယာယုညိုနှင့် တိုက်ခိုက်ပြီးနောက် ပိုင်လီသည် အင်မော်တယ် ဖြစ်လာခဲ့၏။ ထို့ကြောင့် မနှေးနှင့် မမြန် ဆိုသလို သူမတို့ကို လာရောက်ကာ ကလဲ့စားချေပေတော့မည်။ နိရယ လောကကြီးသည် အသင့်တော်ဆုံးသော ပစ်မှတ်တစ်ခုလည်း ဖြစ်နေ၏။
နိရယလောကကြီးသာ ပျက်စီးသွားမည်ဆိုပါက မြေအင်မော်တယ်လောကကြီးတစ်ခုလုံး သည်လည်း ပွက်လောရိုက်ကုန်မှာ သေချာ၏။ ထို့အပြင် နိရယလောက၏ အုပ်ချုပ်သူတစ်ယောက်ဖြစ်သော သူမသည် အင်ပါရီယာစာရင်း၏ ထိပ်ဆုံးတွင်လည်း ဦးဆောင်လျက်ရှိနေ၏။ ထို့ကြောင့် သူမ၏ သေဆုံးမှုသည် မြေအင်မော်တယ်လောကကြီး တစ်ခုလုံး၏ ကျဆုံးခြင်းနှင့် သက်ဆိုင်လို့ နေသည်။
“တွေးကြည့်ရမယ်ဆိုရင် ငါတစ်နှစ် အတွင်း အစစ်အမှန်အင်မော်တယ်ဖြစ်လာဖို့ လိုအပ်လာပြီလား ။”
နိရယအင်ပါယာ၏ လက်ရှိအားအင် နှင့် အဆင့်အရ ဆိုလျှင် အင်ပါယာအဆင့်၌ သူမထက် မည်သူမှ ပိုမို၍ အားကောင်းလိမ့်မည် မဟုတ်ချေ။ လက်ရှိအခြေခံအရဆိုလျှင် သူမသည် တစ်နှစ်အတွင်း အစစ်အမှန် အင်မော်တယ် အဆင့်ဆီသို့ မတက်လှမ်းနိုင်စရာ အကြောင်း မရှိချေ။ အခွင့်အရေးသာ တည်ရှိမည် ဆိုပါက အစစ်အမှန် အင်မော်တယ်ဖြစ်ဖို့ ဆိုသည်မှာ ကိစ္စသေးသေးလေးမျှသာ။
“အင်း...တစ်နှစ်ကြာပြီးရင် အမှန်တရားက ပေါ်ပေါက်လာမှာပဲ။” နိရယအင်ပါယာက ပြောလိုက်၏။
သူမသည် ကျောက်စိမ်းပြားကိုအသာ သိမ်းဆည်းပြီးနောက် အတွေးများကို ရပ်တန့်လိုက်၏။ မျက်လုံးကို မှိတ်ပြီးနောက် သေသေချာချာ စဉ်းစားဆင်ခြင်နေမိ၏။ စိတ်ဝိညာဉ်စွမ်းအင်အမျှင်တစ်ခုချင်းစီတိုင်းသည် သူမ၌ လာရောက်စုဝေးပြီး သူမ၏ ခန္ဓာကိုယ်မှ ဆန်းကြယ်သော အော်ရာများသည် အရှိန်တငြီးငြီး နှင့် ထွက်ပေါ်လာ၏။
အချိန်များသည် တဖြည်းဖြည်း နှင့် ကုန်လွန်သွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ကျော် အချိန်သို့ ရောက်ရှိသွား၏။ ဤအတောအတွင်း ခရမ်းရောင်နက်နဲလောကကြီးနှင့် မြေအင်မော်တယ်လောကကြီးကြား တိုက်ပွဲများသည် တဖြည်းဖြည်းနှင့် လျော့ပါးသွားခဲ့သည် ဆိုသော်လည်း အသေးစား တိုက်ခိုက်မှုများမှာတော့ ဆက်လက်ဖြစ်ပေါ်နေတုန်းပင်။
ရံဖန်ရံခါဆိုသလို လောကနှစ်ခုကြား တိုက်ခိုက်မှုများသည် ရှောင်လွှဲလို့ရသည့် အရာမျိုး မဟုတ်ချေ။ သို့ပေမည့် အစပိုင်း ဖြစ်တည်ခဲ့သည့် တိုက်ပွဲကြီးများနှင့် ယှဉ်မည်ဆိုလျှင် တော်တော့်ကို သိသိသာသာ ကျဆင်းသွားသည်ဟု ဆိုရမည်။ အဓိကအားဖြင့် ပိုင်လီ အစစ်အမှန် အင်မော်တယ်အဆင့်သို့ တက်လှမ်းသွားခြင်းကြောင့်ပင်။
၎င်းသည် အဆင့်ကြီး တစ်ဆင့်တက်လှမ်းသွားပြီးသည့်နောက် မည်သည့်နေရာသို့ရောက်ရှိသည် မသိသော်လည်း ခရမ်းရောင်နက်နဲလောကြီး၌ အင်ပါယာတစ်ယောက် တည်ရှိနေခြင်းမှာတော့ ငြင်းပယ်၍ မရနိုင်ချေ။ နေရာတစ်ခုတွင် အားကောင်းလှသည့် အဟန့်အတားတစ်ခုက တည်ရှိနေသောကြောင့် မည်သူမှ အဆင်ခြင်မဲ့စွာဖြင့် ရှေ့သို့ လှမ်းမတက်ရဲတော့ချေ။ တကယ့်ကြီးမားလှသည့် ပြဿနာတစ်ခုခု ကြုံတွေ့ရမည်ဆိုပါက အစစ်အမှန် အင်မော်တယ်များပင်လျှင် သူတို့ကို ကယ်တင်နိုင်လိမ့်မည်မဟုတ်ချေ။
ထာ၀ရအစစ်အမှန်အင်မော်တယ်နေထိုင်ရာ နတ်ဘုရားတောင်ထွတ်၏ အပေါ်တွင်တော့ ….
လူတစ်ယောက်သည် တန်ခိုးကျင့်ကြံနေရာမှ နိုးထလာခဲ့၏။ မျက်လုံးကိုဖွင့်လိုက်ပြီးနောက် နတ်ဘုရား အလင်းတန်းများ သည် ၎င်း၏ မျက်လုံးထဲတွင်ထွန်းတောက်လာခဲ့သည်။ ၎င်းသည် သာမန်ထက်ပိုကာ ထူးချွန်လွန်းသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်မှန်း သိသာလှ၏။ ဖြည်းညင်းစွာ မတ်တပ် ထရပ်ပြီးနောက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
“အချိန်ရောက်လာပြီပဲ”
ပြောပြောပြီးချင်းမှာပင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် နတ်ဘုရားကပ်ဘေးကြီးသည် ဆူဝေလာခဲ့၏။ မြေအင်မော်တယ်လောကကြီးတစ်ခုလုံးက တုန်ခါလာခဲ့၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဤ စွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး လောကကြီး၏ ထူးခြားလှသည့်နိယာမများက လှုပ်ခါလာခဲ့၏။ ထိုထဲတွင် ပြန်လည်၀င်စားခြင်း၏ နိယာမများလည်း ပျံ့နှံ့လို့နေ၏။ အားလုံးသောသူတို့သည် ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ကျော်ဖြတ်နေရသည့် လူများကဲ့သို့ပင် ခံစားနေရ၏။
ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးသည် ထိုစွမ်းအင်များ၏ လွှမ်းမိုးမှုခံနေရပြီး အင်ပါယာများပင် နှလုံးသားများ လှုပ်ခါလျက်ရှိသည်။
“တစ်စုံတစ်ယောက်က အင်မော်တယ် ထပ်ဖြစ်အုံးမလား။ ဘယ်လိုဖြစ်ပြီးတော့ တစ်နှစ်အတွင်း လူသုံးယောက်က အင်မော်တယ်တွေ ဖြစ်ကုန်ကြတာလဲ။ လောကကြီးပေါင်းစပ်ပြီးတဲ့နောက်မှာ ကောင်းကင် တာအို ပြောင်းလဲသွားခဲ့တယ်ဆိုတာ ရှင်းလင်းနေတာပဲ။ ဒါကြောင့်ပဲ ဖြစ်မယ်” မြေအင်မော်တယ်လောကတွင်ရှိနေသည့် တော်၀င်အင်ပါယာတစ်ယောက် သည် သက်ပြင်းကိုအသာချလိုက်၏။
လောကများ ပေါင်းစပ်ပြီးသည့်နောက် အားနည်းသည့် လောကများသည် တဖြည်းဖြည်း နှင့် ပြောင်းလဲလာခဲ့၏။
အကန့်အသတ်အဖြစ် တည်ရှိခဲ့သော အခြေခံ နိယာမများသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သောကြောင့် တစ်စုံတစ်ယောက်သည် အစစ်အမှန်အင်မော်တယ်အဆင့်ဆီသို့ လွယ်လွယ်ကူကူနှင့် တက်လှမ်းနိုင်၏။ ယခင်နှစ်များတုန်းကဆိုလျှင် အင်မော်တယ်တစ်ယောက် ပေါ်ပေါက်ဖို့ဆိုတာ နှစ်တစ်သန်းကြာပြီး တစ်ယောက် တောင် မသေချာချေ။ လက်ရှိမှာတော့ တစ်နှစ်အတွင်း အစစ်အမှန်အင်မော်တယ် သုံးယောက် ပေါ်ပေါက်လာခဲ့သည်။
“အင်း ဒီအော်ရာတွေကိုရင်းနှီးနေတယ်။ ကြည့်ရတာ …. အင်ပါယာစာရင်းရဲ့ ပထမနေရာ မှာရှိတဲ့ နိရယ အင်ပါယာပဲ ဖြစ်ရမယ်”
များပြားလှသည့် တော်ဝင်အင်ပါယာများသည် ထိုအရာကို သတိပြုမိကြ၏။ နတ်ဘုရားကပ်ဘေး ပေါ်ပေါက်လာချိန်မှာတော့ သူတို့အားလုံး သည် ထိုကပ်ဘေးကိုကျော်ဖြတ်မည့်သူအကြောင်းကို အတိအကျ စုံစမ်းပြီးဖြစ်၏။ နိရယအင်ပါယာပင်။
နိရယအင်ပါယာ၏ ရည်ရွယ်ချက်သည် တကယ့်ကိုကြီးမားလွန်းလှ၏။ သူမသည် မြေအင်မော်တယ်လောက ကြီးတွင်ရှိနေသည့် တခြားသော အင်အားစုများနှင့် တိုက်ခိုက်ရမည်ကို တစ်ချက်လေးမှ တွန့်ဆုတ်နေလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အစစ်အမှန်အင်မော်တယ်များ ရှိနေသောကြောင့် သူမသည် သူမ၏ စိတ်ဆန္ဒများကို ဖိနှိပ်ခဲ့ရခြင် ဖြစ်မည်။
ယခု နိရယအင်ပါယာသည်အင်မော်တယ် ဖြစ်လာခဲ့ပြီဖြစ်၏။ ထို့ကြောင့် အကြောင်းရာများအားလုံးသည် မရိုးရှင်းနိုင်တော့ပေ။ အင်ပါယာကျန်းထျန်သည် အင်မော်တယ်ဖြစ်လာခဲ့ပြီးနောက် အစစ်အမှန် အင်မော်တယ် နှစ်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရဲနေသည်ကို ကြည့်ရှုရမည်ဆိုလျှင် နိရယအင်ပါယာသည်လည်း အင်မော်တယ်အဆင့်သို့ ရောက်ရှိပြီးနောက် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကိုပြုလုပ်မှာ သေချာ၏။
"ဝုန်း"
နတ်ဘုရားကပ်ဘေးကြီးသည် ကြီးမားစွာပင်ဖြစ်တည်လာခဲ့၏။ ကြမ်းတမ်းလွန်းလှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာအနှံသို့ ပျံ့နှံ့သွားခဲ့၏။ အားလုံးသောသူများသည် ၎င်းတို့ကိုယ်တိုင်ပင်လျှင် ကပ်ဘေးကြီးကို ကျော်ဖြတ်ရသကဲ့သို့ ခံစားနေမိကြသည်။
ကပ်ဘေးကိုကျော်ဖြတ်ခြင်းဆိုသည်မှာ အင်ပါယာများအနေနှင့် ၎င်းတို့၏ မူရင်း ခန္ဓာကိုယ်အား အင်မော်တယ်ခန္ဓာကိုယ်ဆီသို့ ပြောင်းလဲရန် ပြင်ဆင်ခြင်းသာဖြစ်၏။
အင်ပါယာများသည် သေဆုံးသွားသည်ဆိုလျှင်တောင် သွေးတစ်စက်နှင့် ပြန်လည်ရှင်သန်နိုင်စွမ်းရှိ၏။ အစစ်အမှန် အင်မော်တယ်များမှာတော့ လူသားလောကကိုကျော်ဖြတ်ပြီး အင်မော်တယ်လမ်းဆီသို့ လှမ်းလျှောက်နိုင်မည့်လူများ ဖြစ်၏။ ၎င်းတို့သည် ခြေတစ်လှမ်း ပိုမိုလှမ်းနိုင်မည်ဆိုပါက ကျိန်းသေပေါက် ထာ၀ရရှင်သန်မှုကို ပိုင်ဆိုင်နိုင်မှာသေချာသည်။
"နိရယအင်မော်တယ်ကအင်ပါယာဖြစ်လာပြီ။ နိရယလောကကြီးရဲ့ နာမည်ကလည်း လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေလိမ့်မယ်"
အကြီးအကဲတစ်ယောက်သည် ထကာ အော်ဟစ်လိုက်၏။ လူပေါင်းများစွာတို့သည် နိရယအင်ပါယာတစ်ယောက် အင်မော်တယ်ဖြစ်လာပြီးနောက် ခရမ်းရောင်နက်နဲ လောကကြီးတစ်ခုလုံးကို အုပ်စိုးတော့မည် ဖြစ်ကြောင်း သိရှိပြီးဖြစ်၏။
ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကကြီးတို့သည် ၎င်း၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိမှာ သေချာ၏။ မြေအင်မော်တယ်လောကပင်လျှင် သူမ၏ ထူးချွန်လှသည့် စီမံခန့်ခွဲမှုနှင့် ကြီးမားသည့် ရည်မှန်းချက်များဆီမှ လွတ်မြောက်မည်မဟုတ်ပေ။ အစစ်အမှန်အင်မော်တယ် အနည်းငယ်မှလွဲ၍ သူမနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည့်သူ ဆိုသည်မှာ ရှားပါးပေလိမ့်မည်။