← Chapters

အပိုင်း (၄၄၁)

Vol. 30 Ch. 441

အပိုင်း (၄၄၁)

Vol. 30 Ch. 441

“ဒါဘာကြီးလဲ” လောကနှစ်ခု၏ အစပ်တည်နေရာမှာတော့ လွင့်မျောတိမ်တောင်၏ ကျင့်ကြံသူများသည် မထင်မှတ်ထားသည့် အရာကို မြင်လိုက်ရသောကြောင့် မျက်လုံးများ ပြူးကျယ်လျက်ရှိသည်။ ၎င်းတို့သည် ပိုင်လီ ဆင့်ခေါ်လိုက်သော လက်နက်ကြီးကို ကြည့်ရင်း တကယ်ပဲ ဆွံ့အလို့နေသည်။

“လွင့်မျောတိမ်တောင်ရဲ့ အင်မော်တယ်ကျောက်တိုင်”

လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက လွင့်မျောတိမ်တောင်သည် အားလုံး၏ အထက်တွင် ရပ်တည်နိုင်ခဲ့သော အချိန်ကာလကို ပိုင်ဆိုင်ခဲ့ဖူးသည်။ ၎င်းတို့၌ အစစ်အမှန် အင်မော်တယ် တစ်ယောက် ရှိခဲ့ဖူးသည်။ သို့ပေမည့် ဖန်းကလန်မှ ဘိုးဘေးနှင့် အပြင်းအထန် တိုက်ခိုက်ရင်း သေဆုံးခဲ့ရသည်။ ဖန်းကလန်၏ ဘိုးဘေးသည်လည်း ဒဏ်ရာကြီးကြီးမားမား ရရှိကာ မြေအင်မော်တယ်လောကသို့ ပြန်ပြေးရင်း နောက်ဆုံး၌ သေဆုံးခဲ့ရ၏။

မူလအားဖြင့် သူတို့ဘိုးဘေး၏ လက်နက်သည် ဖန်းကလန်၏ လက်တွင်းသို့ ကျရောက်သွားခဲ့သည်ဟုသာ ထင်မှတ်ခဲ့သည်။ သို့ပေမဲ့ ဖန်းကလန်ကို ဖျက်ဆီးတိုက်ခိုက်ပြီးချိန်ထိ ၎င်းတို့ဘိုးဘေး၏ လက်နက်ကို ရှာမတွေ့ခဲ့ချေ။ ယခု မထင်မှတ်ထားလောက်အောင်ဘဲ အင်မော်တယ် ပိုင်လီ၏ လက်ထဲသို့ ရောက်ရှိနေလေသည်။

“သူအင်မော်တယ် ဖြစ်လာတာ ကျုပ်တို့ ဘိုးဘေးရဲ့ အမွေအနှစ်တွေကို ရခဲ့လို့လား” လွင့်မျောတိမ်တောင်၏ အကြီးအကဲ တစ်ယောက်သည် လေးလေးနက်နက် ဖြင့် ဝင်ရောက် ပြောလိုက်သည်။

“အခု ကျုပ်တို့ရဲ့ အင်မော်တယ်လက်နက် က အစစ်အမှန် အင်မော်တယ် တစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားခဲ့ပြီ။ ကျုပ်တို့ ဘာလုပ်နိုင်မှာလဲ” လွင့်မျောတိမ်တောင်သခင်သည် အကူအညီမဲ့သလို သက်ပြင်းသာ ချလိုက်မိသည်။ အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ လက်ထဲမှ လက်နက်ကို သွားရောက် လုယက်ဖို့ ဆိုသည်မှာ ကောင်းကင်သို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲသေးသည်။ တစ်ဖက်လူ ဒေါသထွက်သွားပါက ကျိန်းသေပေါက် လက်ဖျောက်တစ်ချက် တီးရုံဖြင့် လွင့်မျောတိမ်တောင် တစ်ခုလုံး ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။

“သခင် … စိတ်မပူပါနဲ့။ တော်ဝင်အင်ပါယာ ပိုင်လီ က အခု မြေအင်မော်တယ်လောကထဲ ဝင်လာတာ။ ဒါက သေလမ်းရှာခြင်း တစ်မျိုးပဲလေ။ ကျုပ်တို့ ဘေးကနေ ငြိမ်ငြိမ်သက်သက် ကြည့်နေရင်ကို အဆင်ပြေပြီ။”

စောနက ပြောဆိုခဲ့သော အကြီးအကဲသသည် ထပ်မံ ပြောဆိုလိုက်သည် “သူ နိရယအင်ပါယာကို ပြဿနာရှာတာက အရေးမကြီးဘူး။ ဒါပေမဲ့ ထာဝရ အစစ်အမှန် အင်မော်တယ် ကိုပါ ပြဿနာထဲ ဆွဲခေါ်မိရင် အသက်ရှင်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး”

“ဟမ်”

လွင့်မျောတိမ်တောင်သခင်၏ မျက်လုံးများက လင်းလက်သွားသည်။ ပြီးနောက် မေးမြန်းလိုက်၏ “ဘာကို ဆိုလိုတာလဲ”

“သခင် တွေးနေသလိုပါပဲ”

အကြီးအကဲသည် ပြုံးကာဖြင့် မုတ်ဆိတ်မွေးများကို ပွတ်သပ်နေမိသည်။ သူသည် ယုံကြည်ချက်ရှိရှိ ပြုံးပြီး ပြောလိုက်သည် “နိရယအင်ပါယာရဲ့ ကပ်ဘေးက တကယ့်ကို သာမန်ထက် ပိုတယ်လေ။ ပိုင်လီရဲ့ အစွမ်းနဲ့ ကပ်ဘေးက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ နိရယ အင်ပါယာ အင်မော်တယ် ဖြစ်လာတာကို သူ တားဆီးနိုင်မှာ မဟုတ်ဘူး”

“ဒါဆိုရင် နိရယအင်ပါယာက သူကပ်ဘေးကျော်တာကို လာရောက်ဖျက်ဆီးတဲ့သူကို အကောင်းတိုင်းထားမလား။ နိရယအင်ပါယာရဲ့ စိတ်နေစိတ်ထားအရဆိုရင် သူသေကိုယ်သေ ချမှာပဲ။ နှစ်ယောက် တိုက်ခိုက်နေတုန်း ထာဝရ အစစ်အမှန် အင်မော်တယ်ပါ ပါလာပြီဆိုရင် ပွဲကပြီးပြီ။ ဒါဆိုရင် အင်မော်တယ်လက်နက်ကလည်း လက်ပြောင်းသွားလိမ့်မယ်။နိရယ အင်ပါယာရဲ့ လက်ထဲကိုသာ လက်နက် မရောက်သွားဘူးဆိုရင် ထာဝရ အစစ်အမှန် အင်မော်တယ်က ကျုပ်တို့ရဲ့ အင်မော်တယ် လက်နက်ကို တစ်ချက်လေးမှ စိတ်ဝင်စားမှာ မဟုတ်ဘူး”

ထာဝရ အစစ်အမှန် အင်မော်တယ် ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် စွမ်းအင်အဆင့်နှင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူတို့၏ ဘိုးဘေးကြီး အသက်ရှင်စဉ်ကပင်လျှင် ထာဝရ အစစ်အမှန် အင်မော်တယ် ကို မယှဉ်နိုင်ခဲ့ချေ။ ထိုကဲ့သို့သော သူမျိုးသည် လွင့်မျောတိမ်တောင်၏ အင်မော်တယ် လက်နက်ကို ကျိန်းသေပေါက် စိတ်ဝင်စားမည် မဟုတ်ပေ။

“အင်း …”

လွင့်မျောတိမ်တောင်သခင်သည် နားလည်သွား၏။ ၎င်းက တီးတိုးပြောလိုက်သည် “အင်မော်တယ် လက်နက်က ထာဝရ အစစ်အမှန် အင်မော်တယ် လက်ထဲရောက်သွားရင် ကျုပ်တို့ သွားတောင်းလို့ရတယ်လို့ ပြောချင်တာလား”

“အတိအကျပဲ”

အကြီးအကဲက ခေါင်းညိတ်လိုက်သည် “ကျုပ်တို့ရထားတဲ့ ဖန်းကလန်ရဲ့ အမွေအနှစ်တွေနဲ့ သွားလဲလိုက်မယ်လေ။”

“ကောင်းတယ်”

လွင့်မျောတိမ်တောင်သခင်၏ မျက်လုံးများက လင်းလက်သွားသည်။ “အစီအစဉ်အတိုင်း လုပ်ကြတာပေါ့”

နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် ပြုံးကြည့်ပြီး နားလည်မှုယူလိုက်ကြ၏။ ပြီးနောက် နိရယ အင်ပါယာ ကပ်ဘေးကျော်ဖြတ်ရာ နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။

လက်ရှိ ကောင်းကင်ဘုံကပ်ဘေး တည်နေရာထဲမှာတော့ အင်မော်တယ် အလင်းများ ထွန်းလင်းလျက်ရှိပြီး အဆုံးအစမဲ့ ကပ်ဘေးမိုးကြိုးများနှင့် ပြည့်နှက်နေသည်။ နိရယအင်ပါယာသည် ပြိုင်ဘက်ကင်း ဧကရီမ တစ်ပါးကဲ့သို့ မတ်မတ်ရပ်လျက်ရှိပြီး လက်ကို မြှောက်ကာဖြင့် စွမ်းအင်များကို စုစည်းလိုက်သည်။

တစ်ဖက်တွင် ကောင်းကင်ဘုံကပ်ဘေးကို ရင်ဆိုင်နေရပြီး တစ်ဖက်မှာတော့ ပိုင်လီ ရှိနေသည်။ နှစ်ဖက်လုံးသည် အထင်သေး၍ ရသည့်အရာမျိုးမဟုတ်ချေ။ အမှားအယွင်း အနည်းငယ်လောက်ကပင်လျှင် ဆိုးရွားသည့် အကျိုးဆက်ဆီ ရောက်ရှိသွားနိုင်၏။

“ဘုန်း …”

ကောင်းကင်တွင် အင်မော်တယ် ကျောက်တိုင်ကြီး ပေါ်လာပြီး အရာအားလုံးကို ဖိနှိပ်လျက်ရှိသည်။ ပိုင်လီသည် ထိပ်ဆုံးအဆင့် အားအင်များကို ထုတ်ဖော်ကာ ကောင်းကင်ဘုံကိုးပါး ၊ ငရဲဘုံကိုးပါးကိုပါ ရိုက်နှက်လေသည်။

အစစ်အမှန်အင်မော်တယ် တစ်ယောက်၏ အားကုန်သုံး တိုက်ခိုက်မှုသည် ကြမ်းတမ်းလွန်းလှပြီး လူပေါင်းများစွာ တို့၏ ဝိညာဉ်များကိုပင် တုန်ခါစေခဲ့သည်။ အားလုံးတို့သူတို့သည် နှလုံးသားများပင် ဖြူရော်သွားခဲ့၏။

မြေအင်မော်တယ်လောကကြီးသည် လောကအပျက်အစီးကြီး တစ်ခုကဲ့သို့ပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မျက်စိတမှိတ်အတွင်းပင်။

လက်ရှိ အချိန်၌ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံး မိုးခြိမ်းသံများနှင့် ပြည့်နှက်လျက်ရှိပြီး ကြီးမားလှသည့် တောင်ထွတ်များပင်လျင် ပျောက်ကွယ်ကုန်လေသည်။ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးတွင် အင်မော်တယ် အလင်းတန်းများနှင့် ထွန်းတောက်လျက် ရှိနေပြီး လူတစ်ယောက်သည် တည်နေရာတစ်ခု၌ မတ်မတ်ရပ် လျက်ရှိသည်။

လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လျက်ရှိပြီး ဆံနွယ်များကလည်း လေနှင့်အတူ လွင့်မျောနေသည်။ ၎င်းသည် အဝေးတစ်နေရာရှိ ကောင်းကင်ဘုံကပ်ဘေးကြီးကို လှမ်းကြည့်ရင်း စိတ်ဆုံးဖြတ်ချက် ချနေပုံပေါ်၏။

All Chapters