အပိုင်း (၄၄၂)
Vol. 30 Ch. 442
“ထာဝရ အစစ်အမှန်အင်မော်တယ် …. ဒါ ထာဝရ အစစ်အမှန် အင်မော်တယ် မဟုတ်လား”
“ဟုတ်နိုင်တယ်။ ဒီအော်ရာတွေက မြေအင်မော်တယ်လောကကို ကယ်တင်မယ့် ထာဝရ အစစ်အမှန် အင်မော်တယ်ရဲ့ အော်ရာတွေပဲ။ သူသာ ကြားဝင်လှုပ်ရှားရင် ပိုင်လီတော့ သေပြီပဲ”
“အမှန်ပဲ။ ထာဝရ အစစ်အမှန်အင်မော်တယ်က မြေအင်မော်တယ်လောကကြီး ပျက်စီးမှာကို ဒီတိုင်းကြည့်နေမှာ မဟုတ်ဘူး။ ဒီလောက် ရှုပ်ထွေးနေတာ ဝင်ပါရတော့မှာပေါ့”
ထာဝရအစစ်အမှန် အင်မော်တယ် ပေါ်ပေါက်လာခြင်းသည် အားလုံးသော သူတို့အတွက် စိတ်ပျက်မှုများကြားမှ မျှော်လင့်ချက် အလင်းရောင်တစ်ခု ပေါ်လာခြင်းလိုပင်။ ထာဝရအစစ်အမှန် အင်မော်တယ်သည် နိရယအင်ပါယာ၏ ကပ်ဘေးကို ဖျက်ဆီးပြီး နိရယအင်ပါယာ အဆင့်တက်သွားအောင် ကူညီနိုင်သည်။ နိရယ အင်ပါယာသည်သာ အဆင့်တက်ပြီး အင်မော်တယ် ဖြစ်သွားပါက အင်မော်တယ်နှစ်ယောက် ပူးပေါင်းတိုက်ခိုက်ခြင်းအားဖြင့် ပိုင်လီ ထွက်ပြေး၍ပင် ရမည်မဟုတ်ချေ။
နတ်ဘုရားတောင်ထွတ်ကြီးတစ်ခုသည် ကောင်းကင်ယံတွင် ရွေ့လျားလာသည်။ ၎င်းတောင်ထွတ်ကြီးသည် နိရယအင်ပါယာ ကပ်ဘေးကျော်ရာ မိုင်တစ်သန်း အကွာအဝေးတွင် ရပ်တန့်သွားသည်။
အားလုံးသော သူတို့သည် ထိုတောင်ထွတ်ကြီးပေါ်မှ ထာဝရအစစ်အမှန် အင်မော်တယ်ကို လှမ်းကာ ကြည့်ရှုနေကြသည်။
“ဘုန်း ….”
ချက်ချင်းဆိုသလိုပဲ ထာဝရ အစစ်အမှန် အင်မော်တယ်သည် စတင် လှုပ်ရှားလေသည်။ တိုက်ခိုက်ချက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ အင်မော်တယ်တစ်ယောက်၏ ခန္ဓာကိုယ်ကိုပင် နှစ်ပိုင်း ပိုင်းဖြတ်သွားနိုင်သည့် ဓားတိုက်ခိုက်ချက်မျိုးပင်။
တော်ဝင်အင်ပါယာ ပိုင်လီကတော့ သွားပြီပဲ” တစ်စုံတစ်ယောက်သည် တော်ဝင်အင်ပါယာ ပိုင်လီ တည်ရှိရာသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။ စောစောတည်းက ထွက်ခွာသွားခဲ့လျှင် လွတ်မြောက်နိုင်သေးသည်။ ယခုတော့ မည်သို့မှ မဖြစ်နို်ငတော့ချေ။
“ခရမ်းရောင်နက်နဲလောကကြီးက ခက်ခက်ခဲခဲ နဲ့ အင်မော်တယ်တစ်ယောက် ရလာတာ။ အခုတော့ မျက်ကန်းတောတိုး လျှောက်လုပ်ရင်း ရှိတဲ့ အင်မော်တယ် တစ်ယောက်က သေရတော့မယ်” မြေအင်မော်တယ် လောကမှ ကွာစီအင်ပါယာ တစ်ယောက်သည် အေးစက်စက်ဖြင့် မှတ်ချက်ပြုလိုက်သည်။
“အင်း …”
တခြားသောသူများကလည်း ထိုအချက်ကို လက်ခံကြသည်။ “ဒီပိုင်လီက ခရမ်းရောင်နက်နဲလောကြီးရဲ့ မျှော်လင့်ချက် အကုန်ကို ထမ်းပိုးထားရတာ။ အခုတော့ ပြန်တောင် မပြန်နိုင်လောက်တော့ဘူး”
လက်ရှိ အချိန်မှာတော့ ထာဝရ အစစ်အမှန် အင်မော်တယ်သည် ပိုင်လီကို တိုက်ခိုက်နေပြီဖြစ်သည်။ ပိုင်လီတစ်ယောက် မည်သို့ လွတ်မြောက်တော့မည်နည်း။
ချလွမ် ချလွမ် ချလွမ်
ဓားအလင်းတန်းများသည် ကြမ်းတမ်းလွန်းလှ၏။ ဓားအလင်းတန်းကြီး ကျဆင်းလာသည့် အချိန်မှာတော့ တောင်များ၊ ချောင်းများ၊ အရာအားလုံးဆီမှ အော်ငြီးသံကြီးများ ထွက်ပေါ်လာခဲ့၏။ ထူးခြားလွန်းလှသည့် အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ အားကုန်တိုက်ခိုက်ချက်သည် တကယ်ပင် ကြောက်ခမန်းလိလိပင်။
ထိုအရာကြီးသည် မြေပေါ်သို့ ကျဆင်းလာခြင်း မရှိသေးဘူး ဆိုလျှင်တောင်မှ အင်မော်တယ်ကပ်ဘေးကြီး တစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသည့် အစွမ်းအစ၊ အရှိန်အဝါမျိုးကို ထုတ်ဖော်ပြီးသား ဖြစ်၏။
ဘုန်း
ဓားအလင်းတန်းများ ကျဆင်းလာခဲ့ပြီး ကောင်းကင်ဘုံကပ်ဘေးကြီးထဲသို့ ဓားအလင်းတန်းများ ဝင်ရောက် သွားခဲ့၏။ ချက်ချင်းဆိုသလိုပဲ နေနှင့်လတို့ပင်လျှင် ၎င်းတို့၏ ရောင်စဉ်ရောင်ဝါများ ရပ်တန့်သွားခဲ့၏။ ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် တုန်ခါလျက် ရှိနေပြီး လေဟာနယ်ကြီး တစ်ခုလုံး၌ အက်ကွဲကြောင်းများ ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့သည်။
ဓားအလင်းတန်းများကြောင့် နတ်ဘုရားတောင်ထွတ်များသည် ပျက်စီးလျက် ရှိနေလေ၏။ ရေတွက်လို့ မရအောင် များပြားလှသည့် ပျက်စီးခြင်းများသည် ကြုံဆုံလာခဲ့သည်။ ဆန်းကြယ်လွန်းလှသည့် အော်ရာများသည် တည်နေရာကြီး တစ်ခုလုံးကိုပင် ဖိနှိပ်ထားခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် အားလုံးသောသူတို့ပင် မလွတ်မြောက်နိုင်ခဲ့သည် အရာများကဲ့သို့ပင်။
လက်ရှိအခြေအနေမှာတော့ ကောင်းကင်ဘုံကပ်ဘေး၏အတွင်း ပိုင်လီနှင့် နိရယအင်ပါယာတို့၏ ပုံရိပ်များသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ အားလုံးသော သူတို့သည် ကြောင်အသွားခဲ့၏။ အစစ်အမှန် အင်မော်တယ်များ၏ အစစ်အမှန် စွမ်းအင်ဆိုသည်မှာ ဤအရာလား။
ထာဝရ အစစ်အမှန် အင်မော်တယ်သည် အစစ်အမှန် အင်မော်တယ်ထဲတွင် တကယ့်ကို ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်၏။ တော်ဝင်အင်ပါယာ ပိုင်လီသည် ၎င်း၏ တိုက်ခိုက်ချက် တစ်ခုတည်းအောက်တွင် သေဆုံးသွားခဲ့ခြင်းမှာ ထိုက်တန်လှ၏။
အချိန်အတော်ကြာမြင့်ပြီးသည့်နောက် သွေးများ ဖုံးလွှမ်းလျက် ရှိနေသည့် လူတစ်ယောက်သည် ပျံသန်းထွက်ခွာ လာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များ အားလုံးသည် စုတ်ပြတ်သတ်လျက် ရှိနေပြီး သွေးများသည်လည်း တကယ့်ကို များပြားလွန်းလှ၏။ သွေးစွမ်းအင်များသည် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ၎င်းသည် ကြီးမားလှသည့် အရှိန်အဝါများကို ပြန်လည်ကာ ထုတ်ဖော်လာခဲ့၏။ ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် မြန်မြန်ဆန်ဆန်နှင့် ပြန်လည်ကာ ကောင်းမွန်လာခဲ့သည်။
အချိန်အတိုင်းတာတိုအတွင်း အစစ်အမှန် အင်မော်တယ်၏ စိတ်ဆန္ဒများသည် ကောင်းကင်ယံ တစ်ခုလုံးကို သန့်စင်သွားခဲ့၏။ တိမ်များအားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီး အားလုံးသောသူတို့သည် ထိုအော်ရာကို အာရုံခံမိ၏။
“ဘာလဲ။ ဘယ်လိုဖြစ်ရတာလဲ”
ထိုလူကို မြင်ရသည့် အချိန်မှာတော့ လူပေါင်းများစွာတို့သည် တုန်လှုပ်သွား ခဲ့ကြ၏။ တော်ဝင်အင်ပါယာများနှင့် နတ်နယ်မြေထဲတွင် ရှိနေသည့် အကြီးအကဲများ အားလုံးတို့ပင်လျှင် ငြိမ်ငြိမ် သက်သက် ထိုင်မနေရဲတော့ချေ။
အားလုံးသောသူတို့သည် မတ်တပ်ထရပ်ပြီးသည့်နောက် အဝေးတစ်နေရာရှိ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ၎င်းတို့သည် ဤအော်ရာများနှင့်ပတ်သက်၍ ရင်းနှီးနေခဲ့ပြီ ဖြစ်လေ၏။ ဤအော်ရာများသည် တော်ဝင်အင်ပါယာပိုင်လီ ပိုင်ဆိုင်သည့် အော်ရာများပင် ဖြစ်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ” တော်ဝင်အင်ပါယာတစ်ယောက်သည် မည်သို့မှ မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။
လက်ရှိအခြေအနေကို ခဏဘေးဖယ်ထားဦး။ တော်ဝင်အင်ပါယာပိုင်လီ၏ ဒဏ်ရာများသည် တကယ့်ကို ကြီးမား ပြင်းထန်လွန်းလှ၏။ ထိုကဲ့သို့သော ဒဏ်ရာများသည် တော်ဝင်အင်ပါယာတစ်ယောက်ကိုပင် ချက်ချင်း သေဆုံး သွားနိုင်စွမ်းရှိသည့် အရာမျိုးပင်ဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ ထာဝရ အစစ်အမှန် အင်မော်တယ်၏ အင်ပြည့်အားပြည့် တိုက်ခိုက်ချက်အောက်တွင် တော်ဝင်အင်ပါယာပိုင်လီသည် မားမားမတ်မတ် ရပ်တန့်လျက် ရှိနေသေးသည်။
“တစ်စုံတစ်ခုတော့ မှားယွင်းနေပြီပဲ”
အားလုံးသောသူတို့၏ ကျောရိုးမကြီးများသည် စိမ့်တက်သွားခဲ့ကြ၏။ ၎င်းတို့၏ စိတ်ထဲတွင် အေးစက်သည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ ခေါင်းအစ၊ ခြေအဆုံး အေးစက်သွားခဲ့၏။
တော်ဝင်အင်ပါယာပိုင်လီသည် လက်ရှိအချိန်တွင် အင်မော်တယ် ဖြစ်လာသည်မှာ မကြာသေးချေ။ တစ်နှစ်နီးပါး ခန့်သာလျှင် ရှိ၏။ အဘယ်ကြောင့် ထာဝရ အစစ်အမှန် အင်မော်တယ်၏ တိုက်ခိုက်ချက်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်နေသနည်း။ အစမှ အဆုံးအထိ တစ်စုံတစ်ခု မှားယွင်းနေလေသည်လား။
အင်မော်တယ်စာရင်းတွင် အားအကောင်းဆုံးသောလူသည် တော်ဝင်အင်ပါယာကျန်းထျန် မဟုတ်ဘဲ တော်ဝင် အင်ပါယာပိုင်လီများ ဖြစ်နေလေသည်လား။ ထိုသို့ဆိုလျှင် မြေအင်မော်တယ်လောကကြီး တစ်ခုလုံးသည် အန္တရာယ်အတွင်းသို့ ကျရောက်နေပြီဖြစ်၏။ ထာဝရ အစစ်အမှန် အင်မော်တယ်ပင်လျှင် တစ်ဖက်လူကို ထိန်းချုပ်နိုင်ခြင်းမရှိဘူးဆိုပါက ၎င်းတို့ မြေအင်မော်တယ်လောကကြီးအနေနှင့် မည်သူ့ကို သွားရောက်ကာ အားကိုးရမည်နည်း။
“သူပြန်ပေါ်လာပြီးတဲ့နောက်မှာ သက်တောင့်သက်သာ ဖြစ်နေမယ်လို့ ကျုပ်တော့ မယုံဘူး။ ကျိန်းသေပေါက် သူ့ရဲ့ ဒဏ်ရာတွေကို ပြန်ပြီးတော့ ဖိနှိပ်ကုသနေတာပဲဖြစ်မယ်” အင်ပါယာတစ်ယောက်သည် လေးလေးနက်နက် အသံဖြင့် ပြောဆိုလိုက်၏။
မြင်နေရသည်ကို မယုံကြည်သော်လည်း တော်ဝင်အင်ပါယာပိုင်လီသည် လုံးဝ ကျိန်းသေပေါက် ကြီးကြီးမားမား ဒဏ်ရာ မရရှိသည်မှာတော့ သေချာလှ၏။ ပြောရမည်ဆိုလျှင် ရရှိခဲ့သည့် ဒဏ်ရာများပင်လျှင် ပြန်လည်ကာ ကောင်းမွန်လာခဲ့၏။ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသော လူတစ်ယောက်အနေနှင့် ဤကဲ့သို့ ကြမ်းတမ်းလှသော အော်ရာများကို မည်သို့မှ ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ချေ။
“အခုမှ အင်မော်တယ် ဖြစ်လာတဲ့ လူတစ်ယောက်က ထာဝရ အစစ်အမှန် အင်မော်တယ်ကို ရင်ဆိုင်ယှဉ်ပြိုင် ရဲတာလား။ သူ့ဆီမှာ ဝှက်ဖဲတစ်ခုခုများ ရှိနေတာလား”
“ဖြစ်နိုင်တယ်။ တော်ဝင်အင်ပါယာပိုင်လီက တကယ့်ကို ထူးခြားလွန်းတဲ့ အသက်ကယ်အဆောင်တစ်ခုခုကို ကိုင်ထားတာပဲ ဖြစ်ရမယ်” မြေအင်မော်တယ်လောကကြီးထဲမှာတော့ ရေတွက်လို့ မရအောင် များပြားလှသည့် ကျင့်ကြံသူများသည် ကောင်းကင်ယံရှိ မြင်ကွင်းကို လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့၏ ကျောရိုးမကြီး တစ်ခုလုံးသည် စိမ့်တက်လာခဲ့ကြ၏။
ထာဝရ အစစ်အမှန် အင်မော်တယ်အနေနှင့် တော်ဝင်အင်ပါယာပိုင်လီကို အနိုင်မယူနိုင်ဟု သူတို့ မယုံကြည်ပေ။ ဤနေရာတွင် ထူးခြားလှသည့် အကြောင်းအရာ တစ်ခုခု တည်ရှိနေပေလိမ့်မည်။ မြေအင်မော်တယ်လောကတွင် ရှိနေသည့် အဆုံးမဲ့များပြားသော ကျင့်ကြံသူများအတွက် ဤကဲ့သို့သော ကိစ္စရပ်သည် ၎င်းတို့၏ ယုံကြည်ချက်များ ကိုပင် ပျောက်ကွယ်သွားစေခဲ့၏။ အကူအညီမဲ့သော ခံစားချက်များသည် ၎င်းတို့၏ နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့သည်။
ယခုမှ အင်မော်တယ် ဖြစ်လာခဲ့သော တစ်စုံတစ်ယောက်သည် တကယ့်ကို ခန့်မှန်း၍ မရအောင် အားကောင်းလျက် ရှိနေ၏။ တော်ဝင်အင်ပါယာပိုင်လီသည် ထာဝရ အစစ်အမှန် အင်မော်တယ်၏ တိုက်ခိုက်ချက်ကို ခံယူပြီးသည့်နောက် မားမားမတ်မတ် ရပ်တည်နေရုံသာမက နိရယ အင်ပါယာကို ဆက်လက် တိုက်ခိုက်ရန်ပင် ကြံစည်လျက် ရှိနေ၏။ တကယ်၍ သုံးဦးသုံးဖက်သာ တိုက်ခိုက်သည်ဆိုပါက အစစ်အမှန် အင်မော်တယ်များ၏ တိုက်ပွဲသည် ဤနေရာတွင် ကြီးကြီးမားမားဖြစ်ပေါ်လာမှာ သေချာ၏။
ထိုအချိန်မှာတော့ လူပေါင်းများစွာတို့၏ အသိအာရုံထဲသို့ တစ်စုံတစ်ခုက ဝင်ရောက်လာခဲ့သည်။ နိရယအင်ပါယာ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။