← Chapters

အခန်း (၁၁၅၀-၁၁၅၂)

Vol. 77 Ch. 1150-1152

အခန်း (၁၁၅၀-၁၁၅၂)

Vol. 77 Ch. 1150-1152

အခန်း(၁၁၅၀)

"ကောင်လေး.. ငါတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ရဲ့ ရှေ့မှာ လေလုံး ထွားရဲတယ်လား.. မင်းဘာသာမင်း ဘယ်သူ့ကိုပဲ မှီခိုနေပါစေ.. ငါတို့ ရှန်းဖုန်း ကြေးစား စစ်သည်အဖွဲ့က ဒီနေ့ မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

လုရှန်းဖုန်းက အေးစက်စက် ပြောလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒီကောင်လေးကို ဖမ်းလိုက်စမ်း.."

"လုရှန်းဖုန်း.. မင်းက ငါတို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဧည့်သည်ကို ငါတို့ တံခါးဝ ရှေ့မှာ အကြမ်းဖက်နေတာကို ငါတို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းက ဒီအတိုင်း ကြည့်နေမယ်များ ထင်နေလား"

လုံလီက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။

ချက်ချင်း ဆိုသလို သူ၏ တစ်ကိုယ်လုံးတွင် လူသတ်ငွေ့များဖြင့် ပြည့်နှက်သွားခဲ့သည်။

ထိုအချိန်တွင် လုရှန်းဖုန်း၏ အကြည့်သည့် ကျဉ်းမြောင်းသွားခဲ့သည်။

"လုံလီ.. ဒီနေ့ ငါ ဒီ ကောင်လေးကို ဖမ်းခေါ်သွားမယ်.. မင်းရဲ့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းက ဒီ ကောင်လေးအတွက်နဲ့ ငါတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို တကယ်ပဲ တိုက်ခိုက်မှာလား.."

"မင်းတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့နဲ့ တိုက်ဖို့ ငါ လုံလီက ကြောက်မယ်များ ထင်နေလား.. လွန်ခဲ့တဲ့ ခြောက်လက တံခါးပိတ် ကျင့်ကြံနေတဲ့ အချိန်မှာ မင်းတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းကို ဖိနှိပ်ပြီး ဟေးလုံမြို့ကို ထိန်းချုပ်ခဲ့တယ်.. ဒီနေ့တော့ အဲဒီ အကြွေးကို ရှင်းလိုက်ကြစို့"

လုံမိသားစု အမွေအနှစ် နယ်မြေက ဖွင့်လှစ်တော့မည် ဖြစ်၍ လုံလီသည် မူလတွင် ထိုကိစ္စ ပြီးစီးပြီးနောက်မှသာ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့နှင့် ရှင်းလင်းရန် စီစဉ်ထားခဲ့သည်။

သို့သော်လည်း ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က သူတို့၏ တံခါးဝထိ ရောက်လာမည်ဟု မည်သူက ကြိုသိနိုင်ပါမည်နည်း။

ဤကိစ္စသည် ကျန်းချန်နှင့်လည်း ပတ်သက်နေသည်။

သူတို့ လုံမိသားစု၏ အမွေအနှစ် နယ်မြေမှ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရန် ဆိုသည်မှာ ကျန်းချန် အပေါ်တွင်သာ မူတည်နေသည်။

သို့ဖြစ်ရာ သူက ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့နှင့် တိုက်ခိုက်ရန် လုံးဝ မတွန့်ဆုတ်သလို ကျန်းချန်ကို ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့၏ လက်ထဲသို့ ဘယ်တော့မှ ကျရောက်ခွင့် ပြုမည် မဟုတ်ပေ။

"ကောင်းပြီလေ.. ဒီနေ့ ငါ လုရှန်းဖုန်းက နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ မင်းရဲ့ ခွန်အားကို လေ့လာရတာပေ့ါ.."

လုရှန်းဖုန်း၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် သိုင်းသခင် နယ်ပယ် ဆဋ္ဌမ အဆင့်၏ အရှိန်အဝါသည် ချက်ချင်း ဆိုသလို ပေါက်ကွဲ ထွက်လာခဲ့သည်။

"မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က နောက်တစ်ဆင့်ကို တက်လှမ်းသွားပြီပဲ.. ဒါကြောင့် မင်းက ငါ့ရှေ့မှာ ဒီလောက်ထိ မောက်မာရဲနေတာကိုး"

လုံလီက အေးစက်စက် ပြုံးလိုက်သည်။

"မင်းအနေနဲ့ သိုင်းသခင် နယ်ပယ် ဆဋ္ဌမ အဆင့်ကို ထိုးဖောက်ရုံလေးနဲ့ ငါ့ရှေ့မှာ မောက်မာဖို့ အရည်အချင်း ရှိသွားပြီလို့ ထင်နေတာလား"

လုရှန်းဖုန်းက ကျင့်ကြံခြင်း အဆင့် တိုးတက်လာသကဲ့သို့ လုံလီကလည်း ဤခြောက်လအတွင်း တိုးတက်လာခဲ့သည်။

ဆိုရလျှင် လုံလီ၏ ကျင့်ကြံခြင်း အဆင့်သည် သိုင်းသခင် နယ်ပယ် ဆဋ္ဌမ အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

လဝက်လောက် အချိန် သေသေချာချာ ပေး၍ ကျင့်ကြံလိုက်သည်နှင့် လုံလီသည် သိုင်းသခင် နယ်ပယ် သတ္တမ အဆင့်ကို ထိုးဖောက်ရန် သေချာသလောက် ဖြစ်၏။

လုရှန်းဖုန်းက သိုင်းသခင် နယ်ပယ် ဆဋ္ဌမ အဆင့်ကို ထိုးဖောက်ခဲ့လျှင်ပင် သူ့အတွက် ကြောက်စရာ မလိုအပ်ပေ။

"ငါ့မှာ အဲဒီလို အရည်အချင်း ရှိ မရှိ စမ်းသပ်ကြည့်ရင် သိရမှာပေါ့"

လုရှန်းဖုန်း၏ မျက်လုံးများက လေးနက်သွားခဲ့သည်။

"လုရှန်းဖုန်း.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ မင်း ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

လုံလီ၏ မျက်လုံးများက ထက်ရှသော ဓား တစ်စင်း ကဲ့သို့ အေးစက်သွားခဲ့သည်။

သူက ခန္ဓာကိုယ်ထဲမှ အသက် စွမ်းအင်များကို လှုံ့ဆော်လိုက်၏။

"ဥက္ကဋ္ဌလုံ.. ဒီလူက ကျွန်တော့်ဆီ လာတာဆိုတော့ ကျွန်တော်ပဲ ဖြေရှင်းပါရစေ"

လုံလီက လုရှန်းဖုန်းကို စတင် တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာပင် ကျန်းချန်၏ စကားသံသည် သူ၏ နံဘေးကနေ ထွက်ပေါ်လာခဲ့သည်။

"မိတ်ဆွေလေး ကျန်းချန်က နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ အထူး ဧည့်သည် တစ်ယောက်ပါ.. မိတ်ဆွေလေး ကျန်းချန်ရဲ့ ပြဿနာကို ငါတို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းက ဘယ်လိုလုပ်ပြီး မကူညီဘဲ နေနိုင်ပါ့မလဲ"

လုံလီက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။

"ဒါက သိုင်းသခင် နယ်ပယ် ဆဋ္ဌမ အဆင့်က ကျင့်ကြံသူ တစ်ယောက်ပါပဲ.. မိတ်ဆွေလေး ကျန်းချန် ကိုယ်တိုင် ကိုင်တွယ်ဖို့အထိ မလိုအပ်ပါဘူး"

"ဥက္ကဋ္ဌလုံရဲ့ ခွန်အားနဲ့ သူ့ကို ဖြေရှင်းမယ်ဆိုရင် အနည်းဆုံး အကွက် တစ်ရာလောက် လိုအပ်မယ် ထင်တယ်.. ဒါက အချိန်ဖြုန်းနေတာပဲ"

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး လုရှန်းဖုန်းကို ပေါ့ပါးစွာ ကြည့်လိုက်သည်။

"သူ့လို လူမျိုးကို မျက်တောင် တစ်ခတ်အတွင်း ကျွန်တော် အလျင်အမြန် သတ်ဖြတ်နိုင်တယ်.. ဒါကြောင့် ကျွန်တော်ပဲ ဖြေရှင်းလိုက်ပါ့မယ်"

"............."

ကျန်းချန်၏ စကားကို ကြားလျှင် လုံလီသည် ခဏမျှ တုန်လှုပ်သွားခဲ့သည်။

သူ၏ ပင်ကို သိစိတ်အရ ကျန်းချန်၏ လက်ရှိ ခွန်အားက သူ့ထက် လုံးဝ မနိမ့်ကျသည်ကို သိထားသော်လည်း ဤမျှအထိ တိုးတက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"သိုင်းသခင် နယ်ပယ် ဆဋ္ဌမ အဆင့် ကျင့်ကြံသူကို မျက်တောင် တစ်ခတ်အတွင်း သတ်ဖြတ်နိုင်တယ်လား.. ဒီ ကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် နတ်ဆိုးဆန်နေရတာလဲ"

အခန်း(၁၁၅၀)ပြီး၏။

အခန်း(၁၁၅၁)

"ဟမ့်.. နို့နံ့တောင် မစင်သေးတဲ့ ကောင်လေး တစ်ယောက်က ငါ့ရှေ့မှာ လေလုံး ထွားရဲတယ်.. ကောင်လေး.. မင်း ဒီလောက်တောင် သေဖို့ စိတ်အား ထက်သန်နေမှတော့ ငါ မင်း ဆန္ဒကို ဖြည့်ဆည်းပေးမယ်.."

ကျန်းချန်၏ မထီမဲ့မြင် စကားများကို ကြားလျှင် လုရှန်းဖုန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။

သူ လုရှန်းဖုန်းဆိုသည်မှာ မည်သူနည်း။

ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့၏ ခေါင်းဆောင် ဖြစ်ပြီး ဟေးလုံမြို့တွင် နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ ဥက္ကဋ္ဌနှင့် တစ်တန်းတည်း နာမည် ကျော်ကြားသည့် ကျင့်ကြံသူ ဖြစ်သည်။

မြောက်ပိုင်း တောရိုင်း ဒေသ တစ်ခုလုံးမှာပင် ထိပ်ဆုံး၌ ရပ်တည်နေသော ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး သူ့ကို အနိုင်ယူနိုင်သည့် သူသည် လက်ချိုး ရေတွက်၍ပင် ရသည်။

သို့တိုင် သူ့ရှေ့မှ နို့နံ့ပင် မစင်သေးသော ကောင်လေးသည် သူ့ကို အလွန်တရာပင် အထင်‌သေးနေပြီး မျက်တောင် တစ်ခတ်အတွင်း သတ်ဖြတ်နိုင်သည်ဟုပင် ကြွေးကြော်နေခဲ့သည်။

"မင်းက ငါ့ကို သတ်မယ် ဟုတ်လား"

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ပျင်းရိ လေးတွဲ့စစွာ ပြောလိုက်သည်။

"ကောင်းပြီလေ.. မင်းကို အရင် တိုက်ခွင့်ပေးမယ်.. ငါသာ အရင် တိုက်မယ် ဆိုရင် မင်း အနေနဲ့ လှုပ်ရှားဖို့တောင် အခွင့်အရေး ရလိုက်မှာ မဟုတ်ဘူး"

"ဒီလောက်တောင် စော်ကားနေတာ.. သွားသေလိုက်တော့"

လုရှန်းဖုန်း၏ မျက်လုံးများက အေးစက်သွားခဲ့သည်။

သူ၏ ပုံရိပ်က နေရာကနေ ပျောက်ကွယ် သွားခဲ့ပြီး ကျန်းချန်၏ ခေါင်း အထက်တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

သူက ငွေရောင် စွမ်းအင်များ တောက်ပနေသော လက်ဝါး ရိုက်ချက်ဖြင့် ကျန်းချန်၏ ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

လုရှန်းဖုန်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာသည် လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။

သူက စိတ်လောခြင်း အလျဥ်းမရှိပဲ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။

"ချေဖျက်စမ်း.."

ထိုခဏမှာပင် လုရှန်းဖုန်း၏ ငွေရောင် တောက်ပသော လက်ဝါး ရိုက်ချက်သည် ပြိုကွဲသွားခဲ့သည်။

"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာပဲ.."

လုရှန်းဖုန်း၏ အမူအရာက သိသိသာသာပင် ပြောင်းလဲသွားခဲ့၏။

ထိုအခိုက်အတန့်တွင် သူ့နှလုံးသား၏ နက်ရှိုင်းသော နေရာကနေ အေးစိမ့်သော ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။

သူက နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းချန်သည် နောက်ထပ် လက်ဝါး ရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

တစ်ခဏအတွင်း လုရှန်းဖုန်းသည် သူ့ ပတ်ဝန်းကျင် တစ်ဝိုက်ရှိ နေရာလွတ်များက တောင့်တင်းသွားသည်ဟု ခံစားလိုက်ရသည်။

သူက အစွမ်းကုန် ရုန်းကန်ခဲ့သော်လည်း လှုပ်ရှား၍ လုံးဝ မရခဲ့ပေ။

ထို့ကြောင့် ကျန်းချန်၏ လက်ဝါးက သူ၏ မြင်ကွင်းထဲတွင် လျင်မြန်စွာ ကျယ်ပြန့်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။

မျက်တောင် တစ်ခတ်အတွင်း လက်ဝါး ရိုက်ချက်က ကျရောက်လာခဲ့သည်။

ကျန်းချန်၏ လက်ဝါး ရိုက်ချက် အောက်တွင် လုရှန်းဖုန်းသည် ကြိုးပြတ်သွားသော စွန် တစ်ကောင် ကဲ့သို့ လေထဲကနေ ပြုတ်ကျသွားခဲ့ပြီး အဆုံးသတ်၌ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိုးကျကာ ဧရာမ တွင်းပေါက် တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့သည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံး နီးပါးသည် မြေကြီးထဲတွင် ကျွံဝင်သွားခဲ့ပြီး ခေါင်း တစ်လုံးသာလျှင် မြေပြင်ပေါ်၌ ကျန်ရှိနေခဲ့သည်။

လုရှန်းဖုန်းက အသက် ကင်းမဲ့နေပြီ ဖြစ်သော်လည်း မျက်လုံးများက ပြူးကျယ်စွာ ဖွင့်နေပြီး အဆုံးမဲ့ ကြောက်ရွံ့သော အရိပ်အယောင်များသည် သူ၏ မျက်ဝန်းထဲတွင် ထင်ဟပ်နေခဲ့သည်။

"..........."

လုရှန်းဖုန်း ရက်ရက်စက်စက် သေဆုံးသွားသည်ကို မြင်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက် သွားခဲ့သည်။

လုံလီတို့ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း အပါအဝင် ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့မှ အင်အားကြီးမားသော ကျင့်ကြံသူများပါ မကျန် အံ့သြ မှင်တက်ရာကနေ ပြန်လည် သက်သာရန် အချိန် အတော်ကြာ ယူခဲ့ရသည်။

ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် သိုင်းသခင် နယ်ပယ် ဆဋ္ဌမ အဆင့် ကျင့်ကြံသူသည် ကျန်းချန်၏ လက်ဝါး ရိုက်ချက် တစ်ချက်တည်းဖြင့်ပင် ဤသို့နှယ် သေဆုံးသွားခဲ့ရသည်။

"ကြောက်စရာ ကောင်းလိုက်တာ.. ဒီ ကောင်လေးက တကယ်ကို ကြောက်စရာ ကောင်းတာပဲ"

"ငါတို့ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့တော့ ပြိုကွဲသွားပြီ.. အသက်ရှင်ဖို့အတွက် ထွက်ပြေးကြစို့"

ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့မှ အင်အားကြီးမားသော ကျင့်ကြံသူများသည် ပြန်လည် သတိဝင်လာပြီးနောက်တွင် ခဲဖြင့် အပေါက်ခံရသော ခွေးလေခွေးလွင့်များ ကဲ့သို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်။

ကျန်းချန်က ထွက်ပြေးသွားသော ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို လှည့်၍ပင် မကြည့်ပေ။

သူက လုံလီကိုသာ တိုက်ရိုက် ပြောလိုက်သည်။

"ဥက္ကဋ္ဌလုံ.. ကျန်တဲ့ ကိစ္စကို ဥက္ကဋ္ဌ လုံကပဲ ကြည့်ကျက် ဖြေရှင်းလိုက်ပါ"

ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့၏ အစွမ်းအထက်ဆုံး စာရင်းဝင် ကျင့်ကြံသူများသည် သိုင်းသခင် နယ်ပယ် ပထမနှင့် ဒုတိယ အဆင့် ကျင့်ကြံသူများထက် မပိုပေ။

ဤကဲ့သို့သော အဆင့်သည် ကျန်းချန်၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်များ သဖွယ် တည်ရှိမှုများသာ ဖြစ်၍ သူ ကိုယ်တိုင် လှုပ်ရှားရန် စိတ်ဝင်စားမှု မရှိပေ။

"ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး ကျန်းချန်.."

လုံလီက မှင်တက်ရာကနေ ပြန်လည် သတိဝင်လာပြီးနောက်တွင် ကျန်းချန်ကို ကျေးဇူးတင်စကား ပြောကြားလိုက်သည်။

ထို့နောက် သူက ခက်ထန်သော လေသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"နဂါးနက် ကုန်သွယ်ရေး အဖွဲ့ဝင်တွေ နားထောင်.. ငါ ကိုယ်တိုင် ဦးဆောင်ပြီး ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို နှိမ်နင်းမယ်"

အခန်း(၁၁၅၁)ပြီး၏။

အခန်း(၁၁၅၂)

လုံလီက လက်အောက်ငယ်သား တစ်ယောက်ကို ကျန်းချန် အနားယူရန်အတွက် စီစဉ်ခိုင်းပြီးနောက်တွင် နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းမှ ကျင့်ကြံသူများကို ဦးဆောင်ကာ ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို သွားရောက် တိုက်ခိုက်ခဲ့သည်။

ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့က ဟေးလုံမြို့ကို သိမ်းပိုက်ပြီးကတည်းက စ၍ နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်းနှင့် ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့တို့ကြားရှိ ပဋိပက္ခ ပြဿနာများသည် ဘယ်တော့မှ ရပ်တန့် မသွားခဲ့ပေ။

လုံလီသည် ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို အမြစ်ဖြတ် သုတ်သင်ရန် စိတ်ကူး ရှိထားပြီးသား ဖြစ်သော်လည်း အခွင့်အရေး မရရှိခဲ့ချေ။

ယခုအခါတွင် ကျန်းချန်က ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့၏ ခေါင်းဆောင် လုရှန်းဖုန်းကို သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်ရာ နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ အမြစ်ဖြတ် သုတ်သင်မှုကို မည်သူမှ တားဆီးနိုင်မည် မဟုတ်တော့ပေ။

ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို အမြစ်ဖြတ် သုတ်သင်နိုင်မည့် အခွင့်အရေးကို သူက အဘယ်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။

လုံလီက ရှန်းဖုန်း ကြေးစား စစ်သည် အဖွဲ့ကို သွားရောက် တိုက်ခိုက်နေစဉ်တွင် ကျန်းချန်သည် နဂါးနက် ကုန်သွယ်ရေး အဖွဲ့အစည်း၏ အထူးအခန်း၌ အနားယူခဲ့ရသည်။

လုံလီ၏ ခန့်မှန်းချက်အရ လုံမိသားစု အမွေအနှစ် နယ်မြေသည် ဆယ်ရက်အတွင်း ဖွင့်လှစ်တော့မည် ဖြစ်၍ ကျန်းချန်သည် တခြား နေရာများကို သွားရောက်ရန် အစီအစဉ် မရှိတော့ပေ။

သူက ဟေးလုံမြို့မှ ကိစ္စများကို ဆောင်ရွက်ပြီးမှသာ ထွက်ခွာရန် ရည်ရွယ်ထားခဲ့သည်။

"လုံမိသားစုရဲ့ အမွေအနှစ် နယ်မြေက ထူးခြားတယ်.. အောင်မြင်ဖို့ မလွယ်လောက်ဘူး ထင်တယ်.. ဒါကြောင့် ဒီရက်တွေမှာ ငါ့ရဲ့ ခွန်အားကို မြှင့်တင်ထားမှရမယ်"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

ယုတ္တိဗေဒ ပြောရလျှင် ဟေးလုံမြို့မှ လုံမိသားစုသည် ယခင်က မြောက်ပိုင်း တောရိုင်း ဒေသ၏ နံပါတ်တစ် မိသားစု ဖြစ်ခဲ့သည်။

သို့သော်လည်း ထိုမိသားစုသည် ကြယ်နှစ်ပွင့် အင်အားစု အဆင့်မျှသာ ရှိ၏။

သို့ဖြစ်ရာ သူ၏ နတ်ဝိညာဉ် ဘုရင် နယ်ပယ် အဆင့် ခွန်အားဖြင့် ဆိုလျှင် ကြယ်နှစ်ပွင့် အင်အားစုဖြစ်သည့် မိသားစု၏ အမွေအနှစ် စမ်းသပ်မှုတွင် ပါဝင်ရန်မှာ အလွန်ပင် လွယ်ကူနေသည် မဟုတ်ပါလော။

သို့သော်လည်း ကျန်းချန်သည် လုံမိသားစု အမွေအနှစ် နယ်မြေက ထင်ထားသလောက် မရိုးရှင်းဟု အမြဲတစေ ခံစားခဲ့ရသည်။

"နောက်ဆုံးအကြိမ်က လုရွှေကန်ကနေ ရခဲ့တဲ့ လျှိုလီထျန်းရှီ အမြစ်တွေ ငါ့မှာ အများကြီး ကျန်သေးတယ်.. ငါ့ရဲ့ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို အဆင့်မြှင့်တင်ဖို့ အချိန်တန်ပြီ"

ကျန်းချန်က အနည်းငယ် စဉ်းစားလိုက်ပြီးနောက်တွင် စိတ်ထဲတွင် ဆုံးဖြတ်ချက် ချလိုက်သည်။

သူ၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဝိညာဉ် ဘုရင် နယ်ပယ် အဆင့်ကို ထိုးဖောက်ခဲ့ပြီးပြီ ဖြစ်သည်။

သို့သော် သူ၏ ရုပ်ပိုင်းဆိုင်ရာတာအို(ဝါ)ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အဆင့်ကမူ သိုင်းသခင် နယ်ပယ် သတ္တမ အဆင့်သာ ရှိနေသေး၍ သိုင်း ကျင့်ကြံခြင်း အဆင့်နှင့် အတော်ပင် ကွာဟနေခဲ့သည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အဆင့်ဖြင့် သိုင်းသခင် နယ်ပယ် ကျင့်ကြံသူ တစ်ယောက်ကို ရင်ဆိုင်နိုင်သော်လည်း နတ်ဝိညာဉ် ဘုရင် နယ်ပယ် အဆင့်ကို ရင်ဆိုင်ရန်မှာမူ အနည်းငယ် ခက်ခဲ၏။

ထို့ကြောင့် ဤ တစ်ကြိမ်တွင် ကျန်းချန်သည် သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို ဆဋ္ဌမ အဆင့်ထိ မြှင့်တင်ရန် ရည်ရွယ်ထားခဲ့သည်။

ထိုသို့ တွေးမိလိုက်သည်နှင့် ကျန်းချန်သည် တွေဝေ မနေတော့ပေ။

သူက လျှိုလီထျန်းရှီ အမြစ်များကို ထုတ်ယူလိုက်ရာ သူ့ အရှေ့တွင် တောင်ကဲ့သို့ ပုံနေခဲ့သည်။

ကျန်းချန်က သူ့ရှေ့မှ လျှိုလီထျန်းရှီ အမြစ် တစ်ပုံတစ်ပင်ကို ကြည့်နေရင်း အမြစ် တစ်ခုကို ကောက်ယူကာ ဝါးစားလိုက်သည်။

"ဒင်.. သင်က လျှိုလီထျန်းရှီ အမြစ်ကို စားသုံးပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် အတွက် အတွေ့အကြုံ ရမှတ် ၁၆၆မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က လျှိုလီထျန်းရှီ အမြစ်ကို စားသုံးပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် အတွက် အတွေ့အကြုံ ရမှတ် ၁၆၆မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"..........."

စနစ်၏ သတိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာသည်နှင့်အမျှ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် အတွက် အတွေ့အကြုံ ရမှတ်များသည်လည်း တိုးတက်လာခဲ့သည်။

အချိန် မည်မျှ ကြာသွားသည် မသိပေ။

ကျန်းချန်သည် သူ၏ ရှေ့တွင် တောင်လို ပုံနေသည့် လျှိလီထျန်းရှီ အမြစ်များ၏ တစ်ဝက်ကျော်လောက်ကို စားသုံးပြီးသွားပြီ ဖြစ်၏။

"ဒင်.. သင်က လျှိုလီထျန်းရှီ အမြစ်ကို စားသုံးပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်အတွက် အတွေ့အကြုံ ရမှတ် ၁၆၆မှတ်ကို အဆ၁၀၀ ရရှိပါတယ်.."

"ဒင်.. သင်က လျှိလီထျန်းရှီ အမြစ်ကို စားသုံးပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်အတွက် အတွေ့အကြုံ ရမှတ် ၁၆၆မှတ်ကို အဆ၁၀၀ ရရှိပါတယ်"

"............"

"ဒင်.. သင့်ရဲ့ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်က ပဉ္စမ အဆင့်ကို တိုးမြှင့်သွားခဲ့ပါပြီ"

လျှိုလီထျန်းရှီ အမြစ်များကို အများအပြား စားသုံးပြီးနောက်တွင် ကျန်းချန်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်သည် ဆဋ္ဌမ အဆင့်ထိ တိုးမြှင့်သွားခဲ့သည်။

ကျန်းချန်က မျက်လုံးကို ဖွင့်လိုက်သည်။

သူ၏ မျက်နှာထက်တွင် အပြုံး တစ်ပွင့် ပေါ်လာခဲ့၏။

မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်/ကျင့်စဥ် ဆဋ္ဌမ အဆင့်။

ယင်းက သူ၏ ရုပ်ပိုင်းဆိုင်ရာတာအို(ဝါ) ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အဆင့်သည် သတ္တမ အဆင့်ကို ဝင်ရောက်သွားပြီး ခန္ဓာကိုယ် အင်အား သီးသန့်ဖြင့်ပင် နတ်ဝိညာဉ် ဘုရင် အဆင့်ကို ယှဉ်နိုင်သည်ဟု အဓိပ္ပါယ်ရ၏။

ထို့အပြင် ကျန်းချန်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်သည် သာမန် နည်းစနစ်များထက် ပိုမို အားကောင်းပြီး သူ၏ အစစ်အမှန် နတ်ဘုရား ခန္ဓာကိုယ် သွေးစွမ်းအားဖြင့်သာ ပေါင်းစပ်လိုက်လျှင် ပေါက်ကွဲထွက်လာသော စွမ်းအားသည် အလွန်ပင် အင်အားကြီးမားလှသည်။

ယခုအခါတွင် ရုပ်ပိုင်းဆိုင်ရာ ခွန်အား သီးသန့်ဖြင့်ပင် ကျန်းချန်သည် သာမန် နတ်ဝိညာဉ် ဘုရင် နယ်ပယ် အစောပိုင်း အဆင့် ကျင့်ကြံသူကို ချေမှုန်း သတ်ဖြတ်နိုင်ပြီဟု ယုံကြည်မှု ရှိလာခဲ့သည်။

အခန်း(၁၁၅၂)ပြီး၏။

All Chapters