← Chapters

အခန်း (၁၁၄၁-၁၁၄၃)

Vol. 77 Ch. 1141-1143

အခန်း (၁၁၄၁-၁၁၄၃)

Vol. 77 Ch. 1141-1143

အခန်း(၁၁၄၁)

အေးစက်စက် ကြုံးဝါးသံက ကမ္ဘာတစ်ခွင်လုံးကို ပဲ့တင်ထပ် သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သွေးနတ်ဆိုး နန်းတော်၏ ခန်းမသခင် ခန္ဓာကိုယ်ထဲကနေ သွေးအလင်း ခုနစ်ခု ပေါက်ကွဲ၍ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုသွေးအလင်း ခုနစ်ခုသည် လေထဲတွင် ချက်ချင်း ဆိုသလို ပုံရိပ်ခုနစ်ခု အဖြစ် ပြောင်းလဲသွားခဲ့၏။

ထိုပုံရိပ် အားလုံးသည် သွေးနတ်ဆိုး နန်းတော်၏ ခန်းမသခင်နှင့် တထေရာတည်း ဖြစ်နေခဲ့သည်။

ထို့အပြင် ထိုပုံရိပ် တစ်ခုချင်းစီတွင် နတ်ဝိညာဉ် ဘုရင်နယ်ပယ် အဆင့် အရှိန်အဝါလည်း ရှိနေခဲ့၏။

"ကျန်းချန်.. ဒါက ငါတို့ သွေးနတ်ဆိုး နန်းတော်ရဲ့ ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်ပဲ.. ဒီကိုယ်ပွား တစ်ခုစီတိုင်းမှာ မူရင်း ခန္ဓာကိုယ်ထက် မနိမ့်ကျတဲ့ ခွန်အားတွေ ရှိတယ်.. ဒီနေ့တော့ ငါမင်းကို ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်ရဲ့ စွမ်းအားကို မြည်းစမ်းခွင့် ပေးရသေးတာပေ့ါ"

ဤအချိန်တွင် ခန်းမသခင်၏ ကိုယ်ပွား ခုနစ်ခုလုံးသည် ကျန်းချန်ကို ကြည့်နေခဲ့ပြီး အသံများသည်လည်း တစ်ချိန်တည်း နီးပါး ၎င်းတို့ဆီကနေ ပဲ့တင်ထပ်လာခဲ့သည်။

ဤကောင်လေးက အလွန်ပင် ပါရမီ ရှိသည့်အတွက် သူ့အနေဖြင့် မည်မျှပင် ပေးဆပ်ရပါစေ၊ ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်ကို သုံးပြီး ယနေ့တွင် ဤကောင်လေးကို အဆုံးသတ် ပစ်ရပေမည်။

"သွေးနတ်ဆိုး နန်းတော်ရဲ့ ခန်းမသခင်က တကယ်ပဲ ဒဏ္ဍာရီလာ ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်ကို လေ့ကျင့်ထားတယ်လား"

ထိုအချိန်တွင် ကျီရှတို့ သုံးဦးသည် မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

သူတို့၏ အကြည့်သည် ချက်ချင်း ဆိုသလိုပင် အလွန်တရာ လေးနက် တည်ကြည်သွားခဲ့၏။

"ဟားဟား.. ငါတို့ ခန်းမသခင်က သွေးနတ်ဆိုး နန်းတော်ရဲ့ လျှို့ဝှက် နည်းစနစ် ဖြစ်တဲ့ ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်ကို လေ့ကျင့် အောင်မြင်သွားခဲ့ပြီ.. ဒီကောင်လေးတော့ သေဖို့ တစ်လမ်းပဲ ရှိတယ်"

မဟာ အုပ်ထိန်းသူ နှစ်ဦး ဖြစ်သည့် ရွှယ်မင်နှင့် ဟန်လီတို့သည် ဤအခြေအနေကို မြင်လျှင် ၎င်းတို့၏ မျက်လုံးထဲ၌ ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်သည် သွေးနတ်ဆိုး နန်းတော်၏ ဘုရင်အဆင့် လျှို့ဝှက် နည်းစနစ် ဖြစ်သည်။

ထိုနည်းစနစ်သည် ကိုယ်ပွား ခုနစ်ခုကို ထုတ်ဖော်နိုင်ပြီး ထိုကိုယ်ပွား တစ်ခုစီတိုင်းသည် မူရင်း ခန္ဓာကိုယ်နှင့် ညီမျှသော စွမ်းအား ရှိသည်။

ယခုအခါတွင် သူတို့၏ ခန်းမသခင်သည် ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်ကို အသုံးပြုလိုက်ပြီ ဖြစ်ရာ နတ်ဝိညာဉ် ဘုရင်နယ်ပယ် ခုနစ်ယောက်နှင့် ခန်းမသခင်က ကျန်းချန်ကို ပူးပေါင်း တိုက်ခိုက်သည်နှင့် တူနေသည် မဟုတ်ပါ‌လော။

ကျန်းချန်က မည်မျှပင် အစွမ်းထက်နေပါစေ၊ နတ်ဝိညာဉ် ဘုရင် ရှစ်ပါး၏ ဝိုင်းရံ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါမည်နည်း။

"မင်းရဲ့ ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ.. ဒါပေမဲ့ ငါ့အတွက်တော့ ဓား တစ်ချက်စာပဲ ရှိတယ်"

စကားဆုံးသည်နှင့် ကျန်းချန် ထံမှ ထက်ရှသော ဓားအလင်း တစ်ခုသည် လေထုကို ထိုးဖောက်ကာ ခန်းမသခင်၏ ကိုယ်ပွား တစ်ခုစီသို့ ဦးတည် သွားခဲ့သည်။

ထိုဓားအလင်းက ခန်းမသခင်၏ ကိုယ်ပွားကို ထိမှန်သွားသည်နှင့် ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်သည် ပေရာပေါင်းများစွာ အထိ ပျံ့နှံ့ သွားခဲ့ပြီး လေထုထဲတွင် မျက်စိဖြင့် မြင်နိုင်သော အက်ကွဲမှုများကိုပင် တိုက်ရိုက် ဖြစ်ပေါ်လာခဲ့သည်။

ဤသို့ဖြင့်ပင် ခန်းမသခင်၏ ကိုယ်ပွား တစ်ခုသည် လေထဲတွင် တိုက်ရိုက် ပြိုလဲ သွားပြီး အဆုံးသတ်၌ မရေမတွက်နိုင်သော သွေးမြူများ အဖြစ် ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

"ဒီကောင်လေးက ဒီလောက်တောင် အစွမ်းထက်တယ်လား.. ငါ့ရဲ့ ကိုယ်ပွားကိုတောင် ဓားတစ်ချက်တည်းနဲ့ ဇာတ်သိမ်း ပစ်လိုက်တယ်ဟ"

ခန်းမသခင်က မျက်မှောင်ကြုတ်သွားခဲ့ပြီး စိတ်ထဲကနေ ရုတ်တရက် တုန်လှုပ် သွားခဲ့သည်။

သိထားရမည်မှာ ဤသည်က ကိုယ်ပွား တစ်ခုမျှ ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင် ခွန်အားနှင့် အတူတူပင် ဖြစ်၏။

ထိုကဲ့သို့သော ကိုယ်ပွားမျိုးကို ကျန်းချန်သည် ခုခံနိုင်စွမ်း မရှိလောက်အောင်ပင် ဓား တစ်ချက်တည်းဖြင့် ရှင်းပစ်လိုက်သည်။

ဤသည်ကို ကြည့်လျှင် ကျန်းချန်ထံ၌ နတ်ဝိညာဉ် ဘုရင်နယ်ပယ် အဆင့်ကို ဓား တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ် ကောင်းသော စွမ်းရည်ရှိသည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

သို့သော်လည်း ဤဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်သည် သွေးနတ်ဆိုး နန်းတော်၏ အစွမ်းအထက်ဆုံး လျှို့ဝှက် နည်းစနစ် ဖြစ်သည်။

ကျန်းချန်၏ ခွန်အားက ကောင်းကင်ကိုပင် တုန်လှုပ်စေလျှင်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

"ကျန်းချန်.. မင်းရဲ့ ခွန်အားက တကယ်ကို အားကောင်းတာပဲ သာမန် နတ်ဝိညာဉ် ဘုရင် တစ်ပါးသာ ဆိုရင် မင်းရဲ့ လက်ထဲမှာ အလွယ်တကူ သေဆုံးသွားမယ်လို့ ငါထင်တယ် ဒါပေမဲ့ ငါတို့ သွေးနတ်ဆိုး နန်းတော်ရဲ့ ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်က မင်း အလွယ်တကူ ချေဖျက်နိုင်တဲ့ နည်းစနစ် မဟုတ်ဘူး.."

သွေးနတ်ဆိုး နန်းတော်၏ ခန်းမသခင်က အေးစက်စက် ပြုံးလိုက်သည်။

ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကျန်းချန် အစောပိုင်းက သတ်လိုက်သည့် ကိုယ်ပွားသည် ပြန်ပေါ်လာခဲ့သည်။

"မြောက်ပိုင်း တောရိုင်း ဒေသက ဌာနခွဲလေး တစ်ခုမှာ ငါတို့ ပင်မသွေးနတ်ဆိုး နန်းတော်ရဲ့ လျှို့ဝှက် နည်းစနစ် ရှိနေလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး ဒီဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်ကို ကျင့်ကြံထားရင် ဝိညာဉ် တစ်ခုကနေ ခုနစ်ခု အဖြစ် ပြောင်းလဲ သွားပြီး ဝိညာဉ် ခုနစ်ခုလုံးက တစ်ခုနဲ့ တစ်ခု ဖြည့်ဆည်း ပေးနိုင်တယ် မင်းအနေနဲ့ ဝိညာဉ် ခုနစ်ခုလုံးကို တစ်ချိန်တည်း မသတ်နိုင်ဘူးဆိုရင် ဒီလူကို ဘယ်လိုမှ သတ်နိုင်မှာ မဟုတ်ဘူး မင်းသာ ငါ့ခန္ဓာကိုယ်ထဲက သွေးနတ်ဆိုး ဝိညာဉ် ပေါက်ကွဲ ဆေးလုံးကို ဖယ်ရှားပေးဖို့ ဆန္ဒရှိရင် ဒီဧကရာဇ်က ဒီလူကို ဖယ်ရှားဖို့ မင်းအတွက် ကူညီပေးနိုင်တယ်.."

ထိုအချိန်မှာပင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် သွေးမြစ်သည် ရုတ်တရက် ကျန်းချန်၏ စိတ်ထဲကနေ ပြောလိုက်သည်။

အခန်း(၁၁၄၁)ပြီး၏။

အခန်း(၁၁၄၂)

"သွေးမြစ်.. မင်း ဒီအတောအတွင်း ရွှယ်လင်သိဒ္ဓိ စမ်းရေကို စုပ်ယူပြီး ဝိညာဉ် စွမ်းအားတွေ အတော်လေး ပြန်လည် ကောင်းမွန် လာပုံရတယ်.. မင်းက ငါ့ကိုတောင် စျေးကိုင်နေတယ် ပေါ့လေ"

ကျန်းချန်က နှာခေါင်းရှုံ့၍ အေးစက်စက် ရေရွတ်လိုက်သည်။

"မင်း မမေ့ပါနဲ့.. မင်းက နတ်သန္ဓေ အင်ပါယာ အဆင့်ကို ပြန်လည် ရောက်ရှိ သွားရင်တောင် မင်းရဲ့ အသက်က ငါ့ရဲ့ လက်ထဲမှာပဲ ရှိတယ်"

အင်ပါယာ အမွေအနှစ် နယ်မြေတွင် ကျန်းချန်သည် သွေးမြစ်ကို ရွှယ်လင်သိဒ္ဓိ စမ်းရေ တချို့ ခွဲဝေပေးခဲ့သည်။

ဤအတောအတွင်း သွေးမြစ်သည် ရွှယ်လင်သိဒ္ဓိ စမ်းရေမှ ဝိညာဉ် စွမ်းအားများကို စုပ်ယူခဲ့သောကြောင့် သူ၏ ဝိညာဉ် စွမ်းအားများ သိသိသာသာပင် ပြန်လည် ကောင်းမွန်လာခဲ့သည်။

"ဟာ.. အဲဒီလို သဘောမျိုး မဟုတ်ပါဘူး.. ဒီဧကရာဇ်က နောက်လိုက်တာပါ.. မင်း ငါ့ရဲ့ ခန္ဓာကိုယ်ထဲက သွေးနတ်ဆိုး စိတ်ဝိညာဉ် ပေါက်ကွဲ ဆေးလုံးကို မဖယ်ရှားပေးရင်လည်း ငါ ဒီလူကို ချက်ချင်း ဖယ်ရှားပေးမှာပါ"

သွေးမြစ်က အလောတကြီး ပြန်ဖြေလိုက်သည်။

"မလိုပါဘူး.. ဒါက သာမန် လျှို့ဝှက် နည်းစနစ်လေးပါပဲ.. ငါ့ကို ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ"

ကျန်းချန်က မထီမဲ့မြင် ရေရွတ်လိုက်သည်။

သွေးနတ်ဆိုး နန်းတော်၏ ခန်းမသခင်သည် ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်ကို ပိုင်ဆိုင်ထားလျှင်ပင် နတ်ဝိညာဉ် ဘုရင်နယ်ပယ် ပထမအဆင့်ထက် မပိုပေ။

သူ၏ လက်ရှိ ခွန်အားဖြင့် ဆိုလျှင် နတ်ဝိညာဉ် ဘုရင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူ လောက်ကို မျက်စိထဲပင် ထည့်စရာ မလိုအပ်ချေ။

"ကျန်းချန်.. ငါက ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်ကို လေ့ကျင့်ထားတယ်.. မင်း ငါ့ကို ဘယ်လိုမှ သတ်နိုင်မှာ မဟုတ်ဘူး.. မင်းက ထူးချွန်တဲ့ သိုင်းပါရမီရှင် တစ်ယောက် ဖြစ်တာကြောင့် ငါ့ကို အညံ့ခံဖို့ အခွင့်အရေး ပေးမယ်.. မင်းသာ ငါ့ကို အညံ့ခံဖို့ ဆန္ဒရှိ သရွေ့ အနာဂတ်မှာ မင်းက ငါ့ရဲ့ နေရာကို ဆက်ခံခွင့် ရလိမ့်မယ်.."

ဤအချိန်တွင် ခန်းမသခင်၏ ကိုယ်ပွား ခုနစ်ယောက်လုံးသည် နတ်ဝိညာဉ် ဘုရင်နယ်ပယ် အဆင့် အရှိန်အဝါကို တစ်ချိန်တည်းတွင် ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ် ကောင်းသော သွေးအရှိန်အဝါများသည် လေထုကိုပင် တုန်ခါစေခဲ့သည်။

"ဟားဟား.. မင်းရဲ့ ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်က တကယ်ကို ကောင်းမွန်တဲ့ လျှို့ဝှက် နည်းစနစ် တစ်ခုပဲ.. ဒါပေမဲ့ ဒီနည်းစနစ်ကို အသုံးပြုတဲ့ မင်းကတော့ အရမ်းကို အားနည်းလွန်းတယ်.. လျှို့ဝှက် နည်းစနစ်က အားကောင်းခဲ့ရင်တောင် ငါ့ရှေ့မှာ မင်းက ပုရွက်ဆိတ် တစ်ကောင်သာသာပဲ.. ဒီလို လျှို့ဝှက် နည်းစနစ် လောက်ကို မပြောနဲ့.. မင်းက အင်မော်တယ် ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်ထားရင်တောင် ငါ အချိန်မရွေး ဖျက်ဆီး ပစ်နိုင်တယ်.."

ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

သူ၏ မျက်လုံးထဲတွင် မထီမဲ့မြင် အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

"ကောင်လေး.. မင်းက ကိုယ့်သေလမ်းကိုယ်ရှာနေတာပဲ.."

လေထုထဲမှ ကိုယ်ပွား ခုနစ်ခုသည် တစ်ချိန်တည်းမှာပင် ဒေါသတကြီး ရေရွတ်လိုက်သည်။

သူတို့က သူတို့၏ ခန္ဓာကိုယ်မှ အသက် စွမ်းအင်များကို အပြင်းအထန် လှုံ့ဆော်လိုက်ကြ၏။

ဤသို့ဖြင့် ကြောက်မက်ဖွယ် ကောင်းသော သွေးစွမ်းအားများနှင့် အဆိပ် မီးလျှံများသည် အရပ်လေးမျက်နှာကနေ ဖြတ်ကျော်လာခဲ့ပြီး ချက်ချင်း ဆိုသလို ကျန်းချန်ကို ဖုံးလွှမ်းသွားခဲ့သည်။

တစ်ခဏအတွင်း မှာပင် ကျန်းချန်၏ ပတ်ဝန်းကျင်ရှိ ပေရာပေါင်းများစွာ နေရာသည် သွေးများ စွန်းပေနေသော သင်္ချိုင်း အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။

နတ်ဝိညာဉ် ဘုရင်အဆင့် ခုနစ်ယောက်၏ ပေါင်းစပ် တိုက်ခိုက်မှုသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါစေခဲ့ပြီး ကောင်းကင်များနှင့် မြစ်များကိုပင် အရောင် ပြောင်းလဲ သွားစေခဲ့သည်။

"မိတ်ဆွေလေး ကျန်းချန် သတိထားပါ.."

ဤအချိန်တွင် ကျီရှတို့ သုံးဦး၏ မျက်နှာ အမူအရာသည် ပြောင်းလဲ သွားခဲ့သည်။

သူတို့၏ မျက်နှာထက်တွင် စိုးရိမ် ပူပန်သော အရိပ်အယောင်များ ဖြစ်ပေါ် လာခဲ့၏။

သွေးနတ်ဆိုး နန်းတော်၏ ခန်းမသခင်သည် အလွန်တရာပင် အားကောင်းလွန်းသည်။

ကျန်းချန်က ခန်းမသခင်ကို တားဆီးနိုင် မနိုင် သူတို့ အတိအကျ မသိပေ။

"ခန်းမသခင်က အရမ်း အစွမ်းထက်တာပဲ.. ဒီကောင်လေးတော့ ဒီတစ်ခါ သေပြီပဲ.."

သွေးနတ်ဆိုး နန်းတော်မှ ကျင့်ကြံသူများစွာသည် ဤမြင်ကွင်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုနေခဲ့ကြသည်။

မဟာ အုပ်ထိန်းသူများ ဖြစ်သည့် ရွှယ်မင်နှင့် ဟန်လီတို့ နှစ်ဦး၏ မျက်နှာထက်တွင်လည်း ရှားရှားပါးပါး အပြုံးများပင် ဖြစ်ပေါ်နေခဲ့သည်။

"ငါတို့ရဲ့ ခန်းမသခင်က‌တော့ ပြိုင်ဘက်ကင်းပဲ.. ကျန်းချန်က ထူးခြားတဲ့ ခွန်အားတွေ ရှိနေရင်တောင် နတ်ဝိညာဉ် ဘုရင်နယ်ပယ် အဆင့် ခုနစ်ယောက်ရဲ့ ပူး‌ပေါင်း တိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်မှာလဲ.. ဒီကောင်လေး မကြာခင်မှာ ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရတော့မယ်.."

သို့သော်လည်း သူတို့ စကားမဆုံးခင် မှာပင် သွေးများဖြင့် ပြည့်နှက်နေသော လေထုထဲတွင် ကြည်လင်သော နဂါး ဟိန်းသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်း ဆိုသလိုပင် ရွှေရောင် အလင်းတန်း တစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက် လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ သွေးမြူများကို ချက်ချင်းပင် ဖယ်ရှား ပစ်လိုက်သည်။

ထိုတောက်ပသော ရွှေရောင် အလင်းက သွေးမြူများကို ဖယ်ရှားလိုက်ပြီးနောက်တွင် အဆုံးသတ်၌ ကျန်းချန်၏ ဦးခေါင်းထက်တွင် ပေတစ်ရာခန့် ရှည်လျားသော ခြေငါးချောင်းပါ ရွှေရောင် နဂါးအဖြစ် ပြောင်းလဲ သွားခဲ့သည်။

ရွှေရောင် နဂါးကြီးသည် ကောင်းကင်ထက်ကနေ ကြီးမားသော ရွှေရောင် မျက်လုံးများဖြင့် အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

ရွှေရောင် နဂါးထံမှ ကြောက်မက်ဖွယ် ကောင်းသော နဂါးစွမ်းအားသည် နေရာ အနှံ့သို့ ပျံ့နှံ့နေခဲ့သည်။

"ဒါ.. ဒါက ဘာစွမ်းအားလဲ"

ဤအချိန်တွင် ခန်းမသခင်၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲ သွားခဲ့၏။

သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အရိပ်အယောင်များသည် မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

"ခန်းမသခင်.. မင်း ငါ့ရဲ့ သဘာဝလွန် သွေးမျိုးဆက် စွမ်းရည်အောက်မှာ ပထမဆုံး သေရတဲ့သူ ဖြစ်လာတော့မဲ့ အတွက် ဂုဏ်ယူလို့ရပြီ.."

"သဘာဝလွန် သွေးမျိုးဆက် စွမ်းရည်.. ကမ္ဘာ ဖျက်ဆီး နဂါး မီးလျှံ"

ကျန်းချန်က သွေးနတ်ဆိုး နန်းတော်၏ ခန်းမသခင်ကို မထီတရီ ဟန်ဖြင့် ကြည့်ကာ ကြုံးဝါးလိုက်သည်။

ဤအချိန်တွင် သူ၏ လက်ဝါးများသည် လေထဲတွင် ရုတ်တရက် တောက်ပ လာခဲ့၏။

အခန်း(၁၁၄၂)ပြီး၏။

အခန်း(၁၁၄၃)

ကျန်းချန်က သူ၏ ရွှေရောင် တောက်ပနေသော လက်ဝါး နှစ်ဖက်ဖြင့် လက်ဟန် တစ်ခုကို ပြုလုပ်လိုက်သည်။

ထိုခဏတွင် ရွှေရောင် နဂါးကြီးသည် ဟိန်းဟောက်လိုက်ပြီး ပါးစပ်ကနေ ရွှေရောင် မီးလျှံများကို မှုတ်ထုတ်လိုက်သည်။

ထိုရွှေရောင် မီးလျှံမှာ သဘာဝလွန် သွေးမျိုးဆက် စွမ်းရည်ဖြစ်သည့် ကမ္ဘာ ဖျက်ဆီး နဂါး မီးလျှံပင် ဖြစ်သည်။

ကျန်းချန်က အစစ်အမှန် နဂါးနတ်ဘုရား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးနောက်တွင် သဘာဝလွန် သွေးမျိုးဆက် စွမ်းရည်ဖြစ်သည့် ကမ္ဘာ ဖျက်ဆီး နဂါး မီးလျှံကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။

ရွှေရောင် မီးလျှံသည် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားများကို သယ်ဆောင်ကာ ခန်းမသခင်၏ ကိုယ်ပွား တစ်ခုချင်းစီသို့ မျက်တောင် တစ်ခတ်အတွင်း ရောက်ရှိ သွားခဲ့သည်။

ခန်းမသခင်၏ ကိုယ်ပွားသည် ရွှေရောင် မီးလျှံအောက်တွင် ချက်ချင်း ဆိုသလို ပေါက်ကွဲ ထွက်သွားခဲ့ပြီး အဆုံးသတ်တွင် ဘာမှ မကျန်ရှိတော့ပေ။

ရွှေရောင် မီးလျှံက ကိုယ်ပွား တစ်ခုကို သတ်ဖြတ်လိုက်ပြီးနောက်တွင် နောက်ထပ် ကိုယ်ပွား တစ်ခုစီသို့ တိုက်ရိုက် ရောက်ရှိ သွားခဲ့သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ဤသို့ဖြင့် ကောင်းကင်ကိုပင် တုန်လှုပ်စေသော ပေါက်ကွဲသံ ခုနစ်သံသည် လေထုထဲတွင် ဆက်တိုက် ဆိုသလို ထွက်ပေါ်လာခဲ့၏။

ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်ဖြင့် ခန်းမသခင် ဖန်တီးထားသော သွေးကိုယ်ပွား ခုနစ်ခုသည် ရွှေရောင် မီးလျှံများ၏အောက်တွင် ခံနိုင်ရည် လုံးဝ မရှိဘဲ ပျက်စီးသွားခဲ့ရသည်။

ရွှေရောင် နဂါးက ကောင်းကင်ပေါ်တွင် ပျံသန်းကာ ကမ္ဘာ ဖျက်ဆီး နဂါး မီးလျှံဖြင့် ကိုယ်ပွားများကို ဖျက်ဆီး ပစ်လိုက်သည်။

ကိုယ်ပွား ခုနစ်ခုလုံး ပျက်စီးသွားပြီးနောက်တွင် မြောက်ပိုင်း တောရိုင်း ဒေသရှိ သွေးနတ်ဆိုး နန်းတော်၏ ခန်းမသခင်သည် ကျန်းချန်၏ သဘာဝလွန် သွေးမျိုးဆက် စွမ်းအားများအောက်တွင် သေဆုံးသွားခဲ့ရသည်။

ဤအချိန်တွင် သွေးမြူ တောင်တန်းရှိ ပတ်ဝန်းကျင်သည် လုံးဝကို တိတ်ဆိတ် ငြိမ်သက် သွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လျှင် လူတိုင်းသည် အံ့အားသင့်သွားပြီး ပါးစပ် အဟောင်းသားပင် ဖြစ်နေခဲ့ကြသည်။

သွေးနတ်ဆိုး နန်းတော်၏ ခန်းမသခင်သည် မြောက်ပိုင်း တောရိုင်း ဒေသတွင် နှစ်ပေါင်း တစ်ထောင်နီးပါး သက်တမ်းရှိသည့် အထင်ကရ ပုဂ္ဂိုလ်ကြီး တစ်ပါး ဖြစ်သည်။

ယခင်က မြောက်ပိုင်း တောရိုင်း ဒေသရှိ ဂိုဏ်းကြီး သုံးဂိုဏ်း၏ ဘိုးဘေးများ ပူးပေါင်း၍ ခန်းမသခင်နှင့် တိုက်ခိုက်ခဲ့ကြ ဖူးသည်။

သို့တိုင် ခန်းမသခင်ကို အပြင်းအထန် ထိခိုက်ဒဏ်ရာ ရစေရုံသာ တတ်နိုင်ခဲ့၏။

ယခုအခါတွင်မူ ကျန်းချန်သည် ပေါ့ပေါ့ပါးပါးဖြင့် အဆုံးသတ် ပစ်လိုက်ပြီ ဖြစ်သည်။

"ခန်းမသခင်က ဒီလိုပဲ သေဆုံးသွားပြီလား.."

သွေးနတ်ဆိုး နန်းတော်မှ အကြီးအကဲများ၏ မျက်နှာများသည် အလွန်တရာပင် ဖြူဖျော့ သွားခဲ့သည်။

မဟာ အုပ်ထိန်းသူ နှစ်ဦး ဖြစ်သည့် ရွှယ်မင်နှင့် ဟန်လီတို့ နှစ်ဦး အပါအဝင် သွေးနတ်ဆိုး နန်းတော်မှ ကျင့်ကြံသူများ၏ ကျန်းချန်ကို ကြည့်နေသည့် အကြည့်များတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

နတ်ဝိညာဉ် ဘုရင်နယ်ပယ် အဆင့် ခွန်အားကို ပိုင်ဆိုင် ထားသော ခန်းမသခင်က ဝိညာဉ် ခုနစ်ပါး သွေးအရိပ် နည်းစနစ်ကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်က အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်ဟု သူတို့ ဘယ်လိုမှ မထင်ထားခဲ့ကြပေ။

"သွေးနတ်ဆိုး နန်းတော်တော့ ပြီးဆုံးသွားပြီ.."

ရွှယ်မင်က သူ၏ စိတ်ဝိညာဉ်ကို ဆုံးရှုံးသွားသည့်နှယ် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

ယခင်က မြောက်ပိုင်း တောရိုင်း ဒေသ၏ ဂိုဏ်းကြီးများ ပူးပေါင်း တိုက်ခိုက်ခဲ့၍ သွေးနတ်ဆိုး နန်းတော်သည် အင်အား ချည့်နဲ့ကာ အချိန် အတော်ကြာ ပုန်းအောင်းနေခဲ့ရသည်။

နှစ်ပေါင်းများစွာ ကြာသည်အထိ သွေးနတ်ဆိုး နန်းတော်သည် လျှို့ဝှက်စွာဖြင့် ၎င်းတို့၏ ခွန်အားများကို ပြန်လည် စုဆောင်းနေခဲ့သည်။

ယခုအခါတွင် သွေးနတ်ဆိုး နန်းတော်သည် သူတို့၏ ခွန်အားများကို အဆုံးသတ်၌ ပြန်လည် ရရှိလာခဲ့ပြီ ဖြစ်၏။

မြောက်ပိုင်း တောရိုင်း ဒေသရှိ ဂိုဏ်းကြီး သုံးဂိုဏ်းပင် သူတို့ သွေးနတ်ဆိုး နန်းတော်ကို မည်သို့မှ ယှဉ်၍ ရတော့မည် မဟုတ်ပေ။

ယခင်က သူတို့သည် သွေးနတ်ဆိုး နန်းတော်၏ လက်ရှိ အင်အားဖြင့် မြောက်ပိုင်း တောရိုင်း ဒေသကို စိုးမိုးရန်မှာ လွယ်ကူသော ကိစ္စဟု ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း မည်သူမှ မထင်မှတ်ထားသည်မှာ မြောက်ပိုင်း တောရိုင်း ဒေသသည် ကျန်းချန်ကဲ့သို့ ပြိုင်ဘက်ကင်း မွန်းစတား တစ်ဦးကို မွေးဖွားခဲ့ခြင်းပင် ဖြစ်၏။

ထို တစ်ဦးတည်း၏ စွမ်းအားဖြင့်ပင် သွေးနတ်ဆိုး နန်းတော်၏ ရာစုနှစ်ပေါင်းများစွာ စုဆောင်းထားသော အင်အားကို လုံးဝ နီးပါး ဖျက်ဆီး ပစ်လိုက်သည်။

ကျန်းချန်က ခန်းမသခင်ကို သတ်ဖြတ်ပြီး‌နောက်တွင် မထီတရီ အကြည့်ဖြင့် သွေးနတ်ဆိုး နန်းတော်မှ ကျင့်ကြံသူများကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မုန့်ချင်းရွှယ်လို့ ခေါ်တဲ့ အမျိုးသမီး တစ်ယောက်ကို မင်းတို့ဆီ ပို့လိုက်တယ်လို့ ငါ သိထားတယ်.. သူမ အခု ဘယ်မှာလဲ.."

"ကျန်းချန်.. မင်းက အထူး ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးအတွက် ဒီနေရာကို ရောက်လာတာလား.."

ရွှယ်မင်၏ မျက်လုံးများသည် အနည်းငယ် တောက်ပ သွားခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီးနောက်တွင် တည်ကြည်သော လေသံဖြင့် ပြောလိုက်၏။

"သူမ ဘယ်မှာလဲဆိုတာ မင်း သိချင်တယ် မဟုတ်လား.. ဒါဆို ငါတို့တွေ အေးအေးဆေးဆေး ထိုင်ပြီး ညှိနှိုင်းကြရ‌အောင်.."

သို့သော် ရွှယ်မင်၏ စကားအဆုံးသတ်သည်နှင့် ကြောက်မက်ဖွယ် ကောင်းသော ဝိညာဉ် စွမ်းအားသည် လေထုကို ချက်ချင်းပင် တောင့်တင်း စေခဲ့သည်။

တစ်ချိန်တည်း မှာပင် မဟာအဆင့် ဓားဆန္ဒသည် ကျန်းချန်ထံကနေ တိုက်ရိုက် ပေါက်ကွဲ ထွက်လာခဲ့ပြီး ရွှယ်မင်ကို နှစ်ပိုင်း ဖြတ်ပစ်လိုက်သည်။

"မင်းတို့လို အမှိုက်တွေကများ ငါနဲ့ ဆွေးနွေးဖို့ ထိုက်တန်တယ် ထင်နေလား.."

ရွှယ်မင်ကို သတ်ဖြတ် ပစ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ အေးစက်စက် မျက်လုံးများဖြင့် နောက်ထပ် မဟာအုပ်ထိန်းသူ တစ်ဦး ဖြစ်သည့် ဟန်လီကို တိုက်ရိုက် ကြည့်လိုက်သည်။

"သူ့လို မဖြစ်ချင်ရင် မုန့်ချင်းရွှယ်ကို ချက်ချင်း ငါ့လက်ထဲ အပ်ပါ"

အခန်း(၁၁၄၃)ပြီး၏။

All Chapters