သူ့ရဲ့ပုံတူပန်းချီကား
Vol. 164 Ch. 2446
သူမက တကယ်ပဲပြုံးနေတာလား။
ဆူဇီမိုက အဖြစ်အပျက်ကို ပြန်လည်ပြောပြရင်း သူ၏ မျက်ဝန်းထောင့်ကနေ မိုချင်၏ လှပကြော့ရှင်းသောမျက်နှာကို အမှတ်တမဲ့တွေ့မြင်ကာ သူက အံ့အားသင့်သွားရ၏။
သူက မျက်တောင်ခတ်၍ မော့ကြည့်လိုက်သည့်အချိန်မှာ စောစောက မိုချင်၏ မျက်နှာပေါ်ရှိအပြုံးသည် သူ၏ စိတ်ကူးစိတ်သန်းတစ်ခုအလား သူမက မှင်သေသေအမူအရာနှင့်အတူထိုင်နေသည်ကို တွေ့ရှိလိုက်ရ၏။
ဆူဇီမိုက အဲဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေပေ။
မည်သို့ပင်ဆိုစေ လန့်ဖုန်းမြို့တော်မှတိုက်ပွဲနှင့်ပတ်သက်၍ ရယ်စရာကောင်းသောအရာ တကယ်ပင်ဘာမှမရှိပေ။
ဒါ့အပြင် စီနီယာအစ်မမိုချင်သည် ပန်းချီတာအိုမှာ သူမကိုယ်သူမနှစ်မြှုပ်ထားပြီး တည်ငြိမ်သော စိတ်နေစရိုက်ရှိလေသည်။ သူမတွင် စိတ်အာရုံများ မရှိသလောက်နည်းပါးပြီး သူမက စိတ်ခံစားချက်မြင့်မားသော သွင်ပြင်ဟန်ပန်တစ်ခုခုကို ထုတ်ဖော်တတ်လေ့မရှိပေ။
ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ကြီးမားသောတိုက်ပွဲကြောင့် သူမက ဘာ့ကြောင့်ပြုံးရမှာလဲ။
“အခြေအနေမကောင်းတော့ဘူးဆိုတာ ကျုပ်သိရတာနဲ့... ကျုပ်လည်း အရင်ဦးအောင် ပြန်ပြေးလာခဲ့တာပဲ... အထီးကျန်သိုင်းသခင်က နောက်ပိုင်းမှာ မထိမခိုက်ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကျုပ်ကြားရတယ်”
ဆူဇီမိုက စိတ်သက်သာစွာသက်ပြင်းချပြီး ဤကိစ္စကို ပြန်ပြောပြခြင်းကို နောက်ဆုံးအဆုံးသတ်လိုက်၏။
မိုချင်က သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး မေးလိုက်၏။
“အထီးကျန်သိုင်းသခင်က နောက်ပိုင်း နင်နဲ့ဆက်သွယ်ခဲ့သေးလား”
“ဟင့်အင်း”
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
သူက အဲဒါနှင့်ပတ်သက်၍ လိမ်ညာနေခြင်းမဟုတ်ပေ။ သိုင်းတာအိုပင်မခန္ဓာသည် အဝီစိသို့ ဝင်ရောက်သွားပြီးနောက် သူ့ကိုအရင်ဆုံးစ၍ ဆက်သွယ်ခဲ့ခြင်းမရှိပေ။
သူ့မှာလည်း ကိစ္စများစွာရှိနေပြီး သူကလည်း သိုင်းတာအိုပင်မခန္ဓာကို အရေးမလုပ်နိုင်ခဲ့ပေ။
မိုချင်သည် အတန်ကြာသည့်အထိ အလေးအနက်စဥ်းစားတွေးတောရင်း တိတ်တဆိတ်ဖြင့်ထိုင်နေ၏။
ဆူဇီမိုက မိုချင်ကို နှင်မထုတ်နိုင်ဘဲ တွေဝေရှုပ်ထွေးစွာဖြင့် ဘေးကနေကြည့်နေရ၏။
အတန်ကြာပြီးနောက် မိုချင်က ရုတ်တရက် ဆူဇီမိုကိုလှည့်ကြည့်ကာ တွေဝေတုံ့ဆိုင်းစွာဖြင့် မေးလိုက်၏။
“ဂျူနီယာမောင်ဆူ... တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်က ဘယ်လိုပုံစံလဲဆိုတာ နင်..နင်သိလား”
ဆူဇီမိုက မလုံမလဲခံစားသွားရပြီး ဘယ်လိုပြန်ဖြေရမည် မသိတော့ပေ။
သူက အဲဒါကို ဘယ်လိုပဲတွေးတွေး သူသည် အကျပ်အတည်းကိုကျော်လွှားနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ သူကမသိပါဖူးဟု ဟန်ဆောင်ဖို့သာဖြစ်သည်။
ဆူဇီမိုက သာမန်ကာလျှံကာအကြောင်းပြချက်တစ်ခုပေးတော့မည့်ဆဲဆဲမှာပင် သူ့ခေါင်းကို မော့လိုက်သည့်အချိန်မှာ မိုချင်နှင့်အကြည့်ချင်းဆုံသွားသည်။
ထိုမျက်လုံးများက ကမ္ဘာပေါ်မှာ အလှပဆုံးပန်းချီကားတစ်ချပ်ဖြစ်သည့်အလား ရေကဲ့သို့ ကြည်လင်သန့်စင်၍ လှုပ်ရှားနေ၏။
ထိုမျက်လုံးများကိုကြည့်ရင်း ဆူဌီမိုသည် ဆက်လက်၍မလိမ်ညာနိုင်တော့ပေ။
မိုချင်၏ အကြည့်ကို ရှောင်လွှဲရင်း သူက သူ၏ စိတ်ခံစားချက်များကို ဖုံးကွယ်ဖို့အတွက် ဘေးမှာရှိသောလက်ဖက်ရည်ခွက်ကို လှမ်းဆွဲလိုက်၏။
“စီနီယာအစ်မ... ခင်ဗျားက အထီးကျန်သိုင်းသခင်ရဲ့ ရုပ်ရည်သွင်ပြင်အကြောင်း ဘာလို့သိချင်လာရတာလဲ”
မိုချင်က ပြောလိုက်၏။
“ငါက... သူ့ကိုပန်းချီကားတစ်ချပ် ဆွဲပေးချင်လို့ပဲ”
“အဟွတ်... အဟွတ်”
ဆူဇီမိုက လက်ဖက်ရည်ကို သောက်လိုက်ခါစဖြစ်ပြီး ထိုစကားကိုကြားသောအခါ သူက လက်ဖက်ရည်သီးသွားရ၏။
မိုချင်၏ အမူအရာကတည်ငြိမ်နေပြီး ထူးမခြားနားလေသံဖြင့် ရှင်းပြလိုက်၏။
“တာအိုရောင်းရင်းအထီးကျန်သိုင်းသခင်က ငါ့အသက်ကိုအရင်ကကယ်တင်ပေးခဲ့တယ်လေ... ငါ့မှာ သူ့ကိုပြန်ပေးစရာဘာမှမရှိဘူး... ငါ့ရဲ့အသိအမှတ်ပြု အမှတ်အသားလက်ဆောင်မနေနဲ့ သူ့ကိုပန်းချီကားတစ်ချပ်ပဲ ဆွဲပေးနိုင်မယ်”
“ကျုပ်သိပြီ”
ဆူဇီမိုက သူ့ကိုယ်သူဣန္ဒြေဆယ်ပြီး ညည်းတွားရေရွတ်လိုက်၏။
'ငါက... အများကြီးလျှောက်တွေးနေခဲ့တာပဲ'
သူက ညင်သာစွာချောင်းဟန့်၍ ပြောလိုက်၏။
“စီနီယာအစ်မ... ခင်ဗျားက သူ့ကိုပေးဖို့ ပန်းချီကားတစ်ချပ်ကို ကျပန်းရှာလိုက်လို့ရတာပဲ... ခင်ဗျားဆွဲတဲ့ ပန်းချီကားတိုင်းက လောကမှာ ရတနာတစ်ခုပဲ”
“အဲလိုလုပ်လို့ဘယ်ရပါ့မလဲ”
မိုချင်က သူမ၏ ခေါင်းကို ခါယမ်းပြီး တည်တံ့စွာပြောလိုက်၏။
“ငါကသူ့ကို ပန်းချီကားတစ်ချပ်ပဲ ပေးရမယ်ဆိုရင် အဲဒါက ငါ့ရဲ့စိတ်ရင်းကိုဖော်ပြဖို့လိုတာပေါ့.... အဲဒါကို အလွယ်တကူလုပ်လို့ ဘယ်ရပါ့မလဲ”
ဆူဇီမိုက ပြောလိုက်၏။
“စီနီယာအစ်မ... ခင်ဗျားက ပန်းချီကားအသစ်တစ်ချပ်ဆွဲပေးလို့ရတာပဲ... ခင်ဗျားက အထီးကျန်သိုင်းသခင်ရဲ့ ရုပ်ရည်သွင်ပြင်ကို ဘာလို့မေးတာလဲ”
“ငါက... အထီးကျန်သိုင်းသခင်ရဲ့ ပုံတူပန်းချီကို ဆွဲပေးချင်လို့ပဲ”
မိုချင်က လွှတ်ခနဲပြောလိုက်၏။
“ပုံတူပန်းချီကားလား...”
ဆူဇီမို၏ မျက်လုံးက ပြုးကျယ်သွားပြီး မိုချင်ကို တုန်လှုပ်စွာဖြင့်ကြည့်လိုက်၏။
သူကအလိုလိုမေးလိုက်၏။
“စီနီယာအစ်မ... ခင်ဗျားက ပုံတူပန်းချီကားတွေကို ဘယ်တုန်းကမှမဆွဲခဲ့ဘူးလို့ ခင်ဗျားမပြောခဲ့ဘူးလား”
ထိုစကားကိုကြားရချိန်မှာ မိုချင်က သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး ဆူဇီမို၏ အကြည့်ကို ရှောင်လွှဲကာ ပြောလိုက်၏။
“ငါက... နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကားကိုရပြီး အဲဒီကနေ ပန်းချီတာအိုမှာ နားလည်ဆင်ခြင်မှုအသစ်တစ်ခု ရှိလာလို့ ငါက ပုံတူပန်းချီကားတစ်ချပ်ကို စမ်းပြီးတော့ဆွဲကြည့်ချင်နေတာ “
ဆူဇီမိုက နေရာမှာပင်မှင်တက်သွားပြီး သူ၏ စိတ်က ရှုပ်ထွေးနောက်ကျိနေ၏။
သူက အဲဒါကိုအရင်က ဘယ်လိုပင်သတိမမူမိခဲ့သည်ဖြစ်စေ စီနီယာအစ်မမိုချင်က သူ၏ လိုဏ်ဂူခန်းဝသို့ နှစ်ကြိမ်တိုင်တိုင်ရောက်လာခဲ့သည်မှာ သိုင်းတာအိုပင်မခန္ဓာအကြောင်း မေးမြန်းစုံစမ်းဖို့ဆိုတာကို ဤအခိုက်အတန့်မှာ သူကနားလည်သဘောပေါက်လာ၏။
“နင်ငါ့ကို မပြောပြချင်ဘူးဆိုလည်းရတယ်လေ... ငါပြန်တော့မယ်”
ရုတ်တရက်မိုချင်က မတ်တတ်ထရပ်ပြီး လိုဏ်ဂူခန်းဝါအပြင်ဘက်သို့ လျှောက်လှမ်းသွား၏။
ဆူဇီမိုကလည်း ခပ်မြန်မြန်မတ်တတ်ထရပ်ပြီး မိုချင်ကို တံခါးပေါက်ဝသို့ လိုက်ပို့လိုက်၏။
စီနီယာအစ်မမိုချင်က သူ၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားမှသာ သူက စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
သို့သော်မကြာခင် သူကခေါင်းကိုက်လာခဲ့၏။
'အဲလိုဖြစ်လို့မရဘူးလေ... ဟုတ်တယ်မလား အဲဒါကိုဘယ်လိုလုပ်ရမလဲ'
ခဏကြာသည်အထိ ဆူဇီမိုသည် ဤကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲ မသိတော့ပေ။
ပုံမှန်အခြေအနေမှာဆိုလျှင် အရိုးရှင်းဆုံးအဖြေသည် မိုချင်နှင့်အတူ စားပွဲပေါ်မှာ သူ၏ ဝှက်ဖဲများကိုချပြပြီး သူက အထီးကျန်သိုင်းသခင်ဖြစ်သည်ဆိုတာကို ပြောပြလိုက်ဖို့ပင်။
စီနီယာအစ်မမိုချင်သည် သူက အထီးကျန်သိုင်းသခင်ဖြစ်သည်ဆိုတာကို သိသွားမည်ဆိုလျှင် သူမက သူ့ကိုအထင်သေးပြီး ချက်ချင်း လက်လျှော့သွားပေလိမ့်မည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လျှို့ဝှက်ချက်နှင့် အကြီးမားဆုံး ဝှက်ဖဲတစ်ခုဖြစ်၏။
သူက အဲဒါကို စောလျင်စွာ ထုတ်ဖော်လိုခြင်းမရှိပေ။
အတန်ကြာအောင်စဥ်းစားတွေးတောပြီးနောက် ဆူဇီမိုက လောလောဆယ်မှာ အချိန်ဆွဲထားဖို့သာရွေးချယ်လိုက်၏။
မည်သို့ပင်ဆိုစေ သိုင်းတာအိုပင်မခန္ဓာက မိုချင်နှင့် ဝေးကွာလွန်းသော နေရာမှာရှိနေပြီး သူတို့နှစ်ယောက်က အတူမဆုံနိုင်ပေ။
အနာဂတ်မှာ သူသည် တက္ကသိုလ်တွင် တံခါးပိတ်ကျင့်ကြံပြီး စီနီယာအစ်မမိုချင်ကို ရှောင်တိမ်းရပေမည်။
အချိန်ကြာလာသည်နှင့်အမျှ စီနီယာအစ်မမိုချင်သည် ဤကိစ္စကို မေ့လျော့သွားပေလိမ့်မည်။
ထိုစဥ်မှာပင် သူသည် သိုင်းတာအိုပင်မခန္ဓာခံမှ ဆက်သွယ်မှုကိုရရှိလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် အဝီစိသို့ရောက်ရှိလာပြီး အထဲမှာ ငရဲသက်ရှိများကို အသုံးချခဲ့၏။ သိပ်မကြာခင် သူက သူ့နောက်သို့လိုက်လာခဲ့သည့် အင်မော်တယ်ဘုရင်ကို သတ်ဖြတ်ပစ်လိုက်၏။
ထို့နောက် သိုင်းတာအိုပင်မခန္ဓာသည် အဝီစိမှာကြန့်ကြာမနေဘဲ ထျန်ဟွမ်ဂိုဏ်းသို့ တိုက်ရိုက်ပြန်လာခဲ့၏။
ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာသည်လည်း အကျိုးအမြတ်ကြီးမားစွာရရှိခဲ့လေသည်။ အင်မော်တယ်ဘုရင်တစ်ပါး၏ သိုလှောင်အိတ်တစ်လုံးအပြင် အဲဒီမှာ တာအိုသစ်သီးအရေအတွက် ထောင်ချီရှိနေသည်။
တာအိုသစ်သီးတိုင်းမှာ ပကတိအင်မော်တယ်တစ်ယောက်၏ ဓမ္မတာအိုပါဝင်နေပြီး အလွန်တရာအဖိုးတန်လေသည်။
အဲဒါသည် ကျင့်ကြံရေးလောကရှိ ပကတိအင်မော်တယ်မြောက်မြားစွာကို တိုက်ခိုက်စေမည့် အကျိုးအမြတ်ဖြစ်လေသည်။
အစစ်အမှန်သိုင်းတာအိုခန္ဓာကို သန့်စင်မွမ်းမံပြီး သိုင်းတာအိုဓမ္မအစီအရင်များကို ဆက်လက်၍နားလည်ဆင်ခြင်ဖို့အတွက် သိုင်းတာအိုပင်မခန္ဓာလိုအပ်သော တာအိုသစ်သီးအရေအတွက်က စဥ်းစားကြည့်၍မရနိုင်အောင်ပင်။
သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ဆက်သွယ်လိုက်သည့်အကြောင်းအရင်းမှာ အခြားအကြောင်းအရင်းတစ်စုံတစ်ရာကြောင့်ဖြစ်၏။
လွန်ခဲ့သည့်နှစ်တစ်ထောင်က ဖုန့်စန်းထျန်သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ပြီး အင်မော်တယ်ဘုရင် ကောင်းကင်ဘုံအမျက်ဒေါသဘွဲ့ကို ခံယူခဲ့သည့်သတင်းက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း ဤမျှအထိကြာမြင့်ပြီးတာတောင် ပကတိအင်မော်တယ်ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီ၏ မည်သည့်သတင်းမှ ရရှိမလာခဲ့ပေ။ သူတို့နှစ်ယောက်သည် ဖုန့်စန်းထျန်ကို တွေ့ဆုံဖို့အတွက် မိစ္ဆာမဟာနယ်မြေသို့လည်း ရောက်မလာခဲ့ပေ။
ပကတိအင်မော်တယ် ညသင်္ချိုင်းသည် ဖုန်းစန်းထျန်၏ မျိုးဆက် ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတစ်ဦးဖြစ်၏။
ဖုန့်ကျစ်ရီသည် ဖုန့်စန်းထျန်၏ မြေးမလေးဖြစ်ပြီး ဤလောကမှာ သူ၏ တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည်။
ဖုန့်စန်းထျန်က စိုးရိမ်ပူပန်နေပြီး သူတို့ကိုရှာဖွေဖို့အတွက် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ပင် သွားရောက်ခဲ့၏။ သို့သော်လည်း ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက အလွန်တရာကျယ်ပြောလေသည်။
ဖုန့်စန်းထျန်သည် တစ်နေရာချင်းစီ လိုက်လံရှာဖွေမည်ဆိုလျှင် သူ့အနေဖြင့် ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာနေခြင်းနှင့် တူနေပေလိမ့်မည်။
သူသည် ရှာဖွေဖို့အတွက် အင်မော်တယ်ဘုရင်တစ်ပါးအဖြစ် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သောကြောင့် မဟာကျင်းအင်မော်တယ်နိုင်ငံက သိပ်မကြာခင် သူ့ကိုသတိထားမိသွားပြီး သူ့ကိုအမဲလိုက်ဖို့အတွက် အန္တိမအင်မော်တယ်ဘုရင်တချို့ကိုပင် စေလွှတ်ခဲ့သည်။
ဖုန့်စန်းထျန်သည် သူ၏ ကောင်းကင်လိုဏ်ဂူကို ဖွဲ့တည်ထားခါစဖြစ်ပြီး အင်မော်တယ်ဘုရင်များစွာကို မယှဥ်နိုင်ပေ။ ဘာမှမတတ်နိုင်ဘဲ သူက မိစ္ဆာမဟာနယ်မြေသို့ ပြန်လည်ဆုတ်ခွာလာရ၏။
ဖုန့်စန်းထျန်အနေဖြင့် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ တစ်ခုခုပြုလုပ်ဖို့မသင့်လျော်ပေ။ ထို့ကြောင့် သူသည် ဆူဇီမိုကို ပကတိအင်မော်တယ်ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီ၏ သတင်းကို စုံစမ်းပေးစေလိုခြင်းဖြစ်သည်။
သူသည် လိုဏ်ဂူခန်းဝါရှေ့မှာ ထိုသတင်းကို လက်ခံရရှိပြီးနောက် ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်သွား၏။
အဲဒါက တကယ့်ကိုကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ပကတိအင်မော်တယ် ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီသည် အဆင်ပြေပြေရှိနေပြီး ဖုန့်စန်းထျန်က မိစ္ဆာမဟာနယ်မြေမှာ အခြေကျသွားသည်ကို သူတို့ကြားသိရမည်ဆိုလျှင် သူတို့က ထိုနေရာသို့ သေချာပေါက်သွားရောက်ပေလိမ့်မည်။ သို့သော်လည်း နှစ်တစ်ထောင်အတွင်း သူတို့နှစ်ယောက်၏ မည်သည့်သတင်းမှပေါ်ထွက်မလာခဲ့ပေ။
ဆူဇီမိုက တစ်စုံတစ်ရာကို အမှတ်ရသွား၏။ မဟာကျင်းအင်မော်တယ်နိုင်ငံသည် သူ့ကိုအမဲလိုက်လိုခဲ့စဥ်က သူတို့သည် ပကတိအင်မော်တယ်ညသင်္ချိုင်း တည်ထောင်ထားသည့် အဖွဲ့အစည်း အကြွင်းအကျန်ညကို အသည်းအသန်လိုက်လံတိုက်ခိုက်ခဲ့ကြ၏။
အဲဒါကို ဦးဆောင်ခဲ့သည့်သူက မင်းသားယွမ်ကျောဖြစ်လေသည်။
ပကတိအင်မော်တယ်ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီက အသက်ရှင်နေဦးမည်ဆိုလျှင်တောင် ဤနှစ်များမှာ သူတို့၏ အခြေအနေက အလွန်တရာဆိုးဝါးနေခဲ့ပေလိမ့်မည်။
ယခုအချိန်တွင် တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ ပကတိအင်မော်တယ်ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ လက်ထဲသို့တော့ မကျရောက်သေးပေ။ မဟုတ်ပါက မဟာကျင်းအင်မော်တယ်နိုင်ငံသည် ဖုန့်စန်းထျန်ကို ခြိမ်းခြောက်ဖို့အတွက် သူတို့နှစ်ယောက်ကို သေချာပေါက် အသုံးချခဲ့ပေလိမ့်မည်။