← Chapters

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်

Vol. 164 Ch. 2452

ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်

Vol. 164 Ch. 2452

ကျင့်ကြံရေးလမ်းခရီးက ရှည်လျားပြီး ခက်ခဲကြမ်းတမ်းလေသည်။

ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကနေ ပြန်လည်ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် သူ၏ လိုဏ်ဂူခန်းဝါထဲကနေ ထွက်ခွာခြင်းမရှိသလောက်နီးပါးဖြစ်ပြီး သူ၏ အချိန်အများစုကို တံခါးပိတ်ကျင့်ကြံရာမှာ ကုန်ဆုံးနေတတ်သည်။

သူ၏ လိုဏ်ဂူခန်းဝါထဲမှာ ထောင်ယောင်နှင့် လျှိုဖျင်သည် သူ၏ ဝေယာဝိစ္စများနှင့် အသေးအဖွဲ့ကိစ္စများကို ကူညီဆောင်ရွက်ပေးနေ၏။ အဲဒါက သူ့ကိုအချိန်နှင့်စွမ်းအင် အတော်လေးသက်သာစေလေသည်။

သူ၏ ကျင့်ကြံမှုနယ်ပယ်က ခပ်မှန်မှန်မြင့်တက်လာနေ၏။ နောက်ဆုံးဤနေ့မှာ သူသည် အဆင့်-၆ ကောင်းကင်အမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသွား၏။

နောက်ကို ပြန်ကြည့်မည်ဆိုလျှင် နှစ်တစ်ထောင်က ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ဤနှစ်များအားလုံးမှာ မင်းသားချင်းချန်ထံမှဖြစ်စေ၊ ယွင်ကျူးထံမှဖြစ်စေ ပကတိအင်မော်တယ်ညသင်္ချိုင်းနှင့် ဖုန့်ကျစ်ရီနှင့်ပတ်သက်သည့် မည်သည့်သတင်းမှ ရောက်ရှိမလာခဲ့ပေ။

အချိန်က ဆက်လက်၍ ကြန့်ကြာလေလေ သူတို့နှစ်ယောက်ကို ရှာတွေ့နိုင်မည့်အခွင့်အလမ်းက ပို၍နည်းပါးလာလေဖြစ်၏။

အဲဒါထက် သူတို့နှစ်ယောက် အသက်ရှင်နိုင်သေးသည့်ဖြစ်နိုင်ခြေကလည်း လျော့ကျလာခဲ့၏။

ဆူဇီမိုသည် လိုဏ်ဂူခန်းဝါထဲမှာ တစ်ပတ်လှည့်ကြည့်လိုက်၏။

ထောင်ယောင်နှင့် လျှိူဖျင်က အကြောင်းအရင်တချို့ကြောင့် အပြင်ဘက်ကို ရောက်ရှိနေကြ၏။

လိုဏ်ဂူခန်းဝါ၏ နောက်ဖေးခြံရှိ စိတ်ဝိညာဥ်ဥယျာဥ်မှ အသောကသစ်ပင်နှင့် အင်မော်တယ်မိုးမခထံမှ မည်သည့်ထူးခြားမှုမှရှိမလာခဲ့ပေ။

အင်မော်တယ်မက်မွန်ပျိုးပင်ကတော့ တဖြည်းဖြည်းကြီးထွားလာပြီး အရင်ကထက် အတော်လေးပိုမိုတုတ်ခိုင်လာသည်။

ထိုစဥ်မှာပင် လိုဏ်ဂူခန်းဝါ၏ အပြင်ဘက် လေထဲကနေ လူနှစ်ယောက်ဖြတ်လျှောက်လာသံ ထွက်ပေါ်လာ၏။ တစ်ခဏချင်းမှာပင် သူတို့က လိုဏ်ဂူခန်းဝါရှေ့သို့ရောက်ရှိလာပြီး ဘေးချင်းယှဥ်ကာ လျှောက်လှမ်းဝင်ရောက်လာကြ၏။ အဲဒါက လျှိုဖျင်နှင့်ထောင်ယောင်ဖြစ်လေသည်။

အချိန်အတော်အတန်ကြာပြီးနောက် သူတို့၏ ရုပ်ရည်သွင်ပြင်များက များစွာပြောင်းလဲသွားခြင်းမရှိဘဲ သူတို့က ကလေးငယ်များနှင့်တူနေဆဲဖြစ်၏။

လျှိုဖျင်၏ နဖူးပေါ်ရှိ ဆံပင်က တဖြည်းဖြည်းနူးညံ့၍ ထူထဲလာ၏။ သူ၏ ကျင့်ကြံမှုကလည်း အလွန်တရာလျင်မြန်စွာမြင့်တက်လာခဲ့ပြီး သူက အဆင့်-၂ ကောင်းကင်အမြုတေနယ်ပယ်၏ အထွတ်အထိပ်ကနေ အဆင့်-၃ ကောင်းကင်အမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသွားခဲ့ပြီဖြစ်၏။

ထောင်ယောင်သည် ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်ကို မရောက်ခင်က သူသည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်နေခဲ့ပြီးလေပြီ။

ယခုအချိန်မှာ သူ၏ ကျင့်ကြံမှုနယ်ပယ်က လျှိုဖျင်ထက် အနည်းငယ်သာနိမ့်ကျပြီး အဆင့်-၁ ကောင်းကင်အမြုတေနယ်ပယ်ကို ရောက်ရှိနေခဲ့ပြီဖြစ်၏။

ဤနှစ်များမှာ ထောင်ယောင်သည် တက္ကသိုလ်တွင် လူများစွာနှင့် မသိကျွမ်းခဲ့သော်လည်း လျှိုဖျင်၏ ဦးဆောင်မှုအောက်မှာ သူသည် တက္ကသိုလ်၏ ပတ်ဝန်းကျင်ဒေသနှင့် အတော်လေးရင်းနှီးကျွမ်းဝင်မှုရှိလာခဲ့၏။

ထောင်ယောင်တက်လှမ်းလာပြီးနောက် သူသည် ဆင်းရဲဒုက္ခနှင့် ညှင်းပန်းနှိပ်စက်မှုများကို နှစ်ပေါင်းများစွာတွေ့ကြုံခံစားခဲ့ရပြီး သူ၏ နှလုံးသားမှာ အတော်အတန်ပျက်စီးထိခိုက်မှုဖြစ်စေခဲ့၏။

ဤနှစ်များမှာ သူသည် ဆူဇီမို၏ ဘေးမှာရှိနေခဲ့ပြီး သူ့ကို လျှိုဖျင်က အဖော်ပြုပေးခဲ့၏။ သူ့နှလုံးသားထဲရှိ ထိခိုက်ဒဏ်ရာများက တဖြည်းဖြည်းသက်သာပျောက်ကင်းလာပြီး သူ့မျက်နှာပေါ်ရှိ အပြုံးများက ​ပို၍တိုးလာ၏။

“သခင်လေး... ကြည့်ပါဦး”

ထောင်ယောင်က သူ့လက်ထဲရှိစာအုပ်တစ်အုပ်ကို ကိုင်မြှောက်ပြီး ဆူဇီမိုကို ကမ်းပေးလိုက်၏။

“အဲဒါဘာလဲ”

ဆူဇီမိုက စာအုပ်ကိုလက်ခံယူပြီး သာမန်ကာလျှံကာ မေးလိုက်လေသည်။

လျှိုဖျင်က ပြောလိုက်၏။

“စီနီယာအစ်ကို... ခင်ဗျားအဲဒါကို မသိဘူးလား... ဒီနေ့ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရဲ့ နေ့ကြီးရက်ကြီးလို့ဆိုရမယ်... ဂမ္ဘီရမိုးကောင်းကင်နန်းတော်ရဲ့ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ကို တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီ”

“ဟုတ်လား”

ဆူဇီမိုက လက်ထဲရှိစာအုပ်ကိုကြည့်ပြီး အဲဒါကို ဖြည်းဖြည်းချင်းဖွင့်လိုက်၏။

၎င်းပေါ်မှာ ထူးခြားအံ့မခန်း တာအိုဘွဲ့များကို အတန်းလိုက်ရေးထိုးထားလေသည်။

“ဒါက.. ကြိုတင်ခန့်မှန်းကောင်ကင်အဆင့်သတ်မှတ်ကိုး”

ဆူဇီမိုက ပြောလိုက်လေသည်။ သူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်နှင့် သိပ်ပြီးတော့စိမ်းသက်မနေပေ။

နှစ်တစ်သောင်းတွေ့ဆုံပွဲမှာတုန်းက ယန်ယန်းအင်မော်တယ်နိုင်ငံသည် ကြိုတင်ခန့်မှန်းကမ္ဘာမြေအဆင့်သတ်မှတ်ချက်တစ်ခုကို ထုတ်ဖော်ခဲ့လေသည်။ အဲဒါသည် လူတိုင်းအတွက် ပြိုင်စံရှားများစွာနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စာရင်းပြုစုပေးထား၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုက စဥ်းစားရခက်သွားပြီး မေးလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲရဲ့ ကောင်းကင်အဆင့်သတ်မှတ်ချက်တိုက်ပွဲက နှစ်တစ်ထောင်ကျော်လိုသေးတယ်လေ... ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ကို အခုဘာလို့ထုတ်ပေးလိုက်တာလဲ”

“စီနီယာအစ်ကို... ခင်ဗျားက တစ်ချိန်လုံးတံခါးပိတ်ကျင့်ကြံနေတော့... အဲဒါကိုသိမှာမဟုတ်ဘူး ဟုတ်တယ်မလား”

လျှိုဖျင်က ရှင်းပြလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲရဲ့ ကောင်းကင်အဆင့်သတ်မှတ်ချက်တိုက်ပွဲက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်လို ရှုပ်ထွေးမနေဘူး... အဲဒီမှာလည်း လူစစ်ထုတ်တဲ့ လုပ်ထုံးလုပ်နည်းတစ်ခုရှိတယ်”

“ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် အဆင့်သတ်မှတ်ချက်တိုက်ပွဲကို ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲမှာ တိုက်ရိုက်ကျင်းပလိမ့်မယ်... ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ပေါ်မှာ စာရင်းဝင်တဲ့ ကျင့်ကြံသူတွေကပဲ နောက်ဆုံးအဆင့်သတ်မှတ်ချက်မှာ ဝင်ပါဖို့အခွင့်အရေးရှိလိမ့်မယ်”

ဆူဇီမိုက မေးလိုက်၏။

“ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ကို ဘာအပေါ်အခြေခံပြီး ဆုံးဖြတ်ကြတာလဲ”

လျှိုဖျင်က ပြောလိုက်၏။

“အခြေခံလိုအပ်ချက်ကတော့ ကျင့်ကြံမှုနယ်ပယ်ပဲ... ဥပမာ ကျင့်ကြံမှုနယ်ပယ်နိမ့်ကျတဲ့ ကျုပ်တို့လိုလူတွေက အဆင့်သတ်မှတ်ချက်ထဲကို သေချာပေါက်ဝင်လာနိုင်မှာ မဟုတ်ဘူး”

“အဆင့်သတ်မှတ်ချက်ရဲ့ အနိမ့်အမြင့်ကို သတ်မှတ်ဖို့အတွက် ဝှက်ဖဲတွေ.. ကံကြမ္မာအခွင့်အလမ်းတွေနဲ့ တခြားအချက်အလက်တွေ အမျိုးမျိုးကိုလည်း ထည့်သွင်းစဥ်းစားရလိမ့်မယ်... အရေးကြီးဆုံးကတော့ လူတစ်ယောက်ရဲ့ ယခင်တိုက်ပွဲမှတ်တမ်းတွေကို ထည့်သွင်းတွက်ချက်ရလိမ့်မယ်”

ဆူဇီမိုက နားလည်သဘောပေါက်လာခဲ့၏။

“ပြောရမယ်ဆိုရင် ကျန်နေတဲ့နှစ်တစ်ထောင်မှာ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ကောင်းကင်အင်မော်တယ်တွေက အဆင့်သတ်မှတ်ချက်ထဲကိုဝင်ရောက်ဖို့ နောက်ဆုံးအခွင့်အရေးရှိနေသေးတာပေါ့”

“ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နောက်ဆုံးအဆင့်သတ်မှတ်ချက်တိုက်ပွဲထဲ သူတို့က ဝင်ရောက်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲမတိုင်ခင် ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ထဲကို ဝင်ရောက်နိုင်ဖို့ပဲပေါ့”

“ဒါပေါ့... အဲအတိုင်း အတိအကျပဲ”

လျှိုဖျင်က ပြောလိုက်၏။

“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမတိုင်ခင် နှစ်တစ်ထောင်က ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အစည်ကားဆုံးကာလတစ်ခုပဲ... ကောင်းကင်အင်မော်တယ်နယ်ပယ်မှာရှိတဲ့ မရေမတွက်နိုင်တဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေက သူတို့ရဲ့ဂိုဏ်းတွေကနေ တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လာပြီး အပြင်ဘက်မှာ သွားလာလှုပ်ရှားကြလိမ့်မယ်”

“ဒီအချိန်အတောအတွင်းမှာ ထိပ်သီးပြိုင်စံရှားတွေကြား တိုက်ပွဲတွေကလည်း နှစ်တိုင်းလိုလိုပေါ်ထွက်လာလိမ့်မယ်... ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ပေါ်က နာမည်တွေနဲ့အဆင့်တွေကလည်း အဆက်မပြတ်ပြောင်းလဲနေလိမ့်မယ်”

ဆူဇီမိုက သူ့ဘာသာသူခေါင်းညိတ်လိုက်၏။

ဥပမာအားဖြင့် တစ်နှစ်ပတ်လုံးတံခါးပိတ်ကျင့်ကြံနေတတ်သည့် ပြိုင်စံရှားတချို့အနေဖြင့် သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက အလွန်တရာမြင့်မားပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက အားမနည်းဘူးဆိုလျှင်တောင် သူတို့မှာ ထင်ရှားသည့်တိုက်ပွဲမှတ်တမ်းများမရှိဘဲ ကြိုတင်ခန့်မှန်း အဆင့်သတ်မှတ်ချက်ထဲကို ဝင်ရောက်ဖို့ အဆင့်မီလိမ့်မည် မဟုတ်ပေ။

တစ်နည်းအားဖြင့်ဆိုလျှင် လာမည့်နှစ်တစ်ထောင်မှာ အမျိုးမျိုးသောကောင်းကင်အဆင့်အဖွဲ့အစည်းများမှ ထိပ်သီးပြိုင်စံရှားများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး အပြင်ဘက်မှာ လှုပ်ရှားသွားလာကြပေလိမ့်မည်။

ဆူဇီမိုက ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်ကိုဖွင့်ပြီး အဲဒါကိုဖတ်ရှုလိုက်၏။

ဟမ်...

ဆူဇီမိုက သာမန်ကာလျှံကာတစ်ချက်ကြည့်ပြီး ယွသ်ထင်၏ အမည်က ကြိုတင်ခန့်မှန်းအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးမှာ မဟုတ်သည်ကို ရုတ်တရက်သတိထားမိလိုက်၏။ အဲဒါက တတိယနေရာမှာဖြစ်လေသည်။

ယွင်ထင်ကို ဘယ်သူက ကျော်တက်သွားတာလဲ။

“အမည် - ချင်ကူ”

“အဆင့် - အဆင့်-၉ ကောင်းကင်အင်မော်တယ်”

“သရုပ်သကန် - တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ပြန်ဝင်စားအင်မော်တယ်၊ ရှေးဟောင်းလမင်းလျှို့ဝှက်ကုန်းမြေ၏ တစ်ဦးတည်းသောအရိုက်အရာဆက်ခံသူ၊ မိုးကြိုးနတ်ဘုရားနန်းတော်၏ နန်းတော်အရှင်”

ဆူဇီမိုက တိတ်တဆိတ်ပြောစရာစကားမဲ့သွားရ၏။

ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ဟူသော သရုပ်သကန်တစ်ခုတည်းကပင် အတော်လေး တာသွားလေသည်။ ယခု ထိုသူ၏ နောက်ထပ်သရုပ်သကန်နှစ်ခုကို ထပ်မံတွေ့ရှိလိုက်ရလေသည်။ ဤလူက ဘယ်လို ကံကြမ္မာအခွင့်အလမ်းများနှင့် ကြုံတွေ့ခဲ့ရသလဲ ဆူဇီမိုက သိချင်နေမိသည်။

“တိုက်ပွဲမှတ်တမ်း - လွန်ခဲ့သည့်နှစ်ခုနှစ်သောင်းက အဆင့် -၇ ကောင်းကင်အင်မော်တယ်တစ်ယောက်အနေဖြင့် သူသည် အဆင့်သေးနှစ်ဆင့်ကိုဖြတ်ကျော်ပြီး အဆင့်-၉ ကောင်းကင်အင်မော်တယ် ချန်းရှိုကို သတ်ဖြတ်ခဲ့သည်။ လွန်ခဲ့သည့်နှစ်၆သောင်းက အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်အနေဖြင့် သူသည် ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ကောင်းကင်အင်မော်တယ်ဆယ်ဦး၏ ပူးပေါင်းတိုက်ခိုက်ခံခဲ့ရသော်လည်း သူက သူတို့ထဲမှခြောက်ယောက်ကို ပြန်လှန်သတ်ဖြတ်နိုင်ခဲ့သည်။ လွန်ခဲ့သည့်နှစ်လေးသောင်းက သူသည် ကျုံးဖေးယွီနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရာမှာ မဆိုစလောက်အသာစီးရရှိမှုဖြင့် အနိုင်ရရှိခဲ့လေသည်။”

“အကဲဖြတ်တန်ဖိုး - ပြန်ဝင်စားခြင်းမတိုင်ခင် သူသည် ထိပ်သီးပကတိအင်မော်တယ်တစ်ဦး ဖြစ်ခဲ့ပြီးလေပြီ။ သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းရာမှာ ကျရှုံးသွားခြင်းကြောင့် သူသည် ပြန်ဝင်စားခြင်းကို ရွေးချယ်ခဲ့ရပြီး ရှုံးနိမ့်ခြင်းမရှိဘဲ နောက်တစ်ဖန် မြင့်မားတိုးတက်လာခဲ့သည်။ သူသည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ပြိုင်ဘက်ကင်းလေသည်။”

ဤလူနှင့် ပတ်သက်သည့် တိုက်ပွဲမှတ်တမ်းများစွာရှိပြီး သူ၏ အကဲဖြတ်တန်ဖိုးကလည်း အလွန်တရာမြင့်မားလေသည်။

ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ဒုတိယ..။

“အမည် - ကျုံးဖေးယွီ”

“အဆင့် - အဆင့်-၉ ကောင်းကင်အင်မော်တယ်”

“သရုပ်သကန် - အင်မော်တယ်ပျံဂိုဏ်း၏ ပြန်ဝင်စားအင်မော်တယ်၊ ကျုံးကလန်၏ နံပါတ်တစ်ကောင်းကင်အင်မော်တယ်၊ အပြာရောင်မီးတောက်ကျွန်း၏ ကျွန်းသခင်၊ လောင်ကျွမ်းကမ္ဘာမြေ၏ အရိုက်အရာဆက်ခံသူနှင့် သွေးနီရောင်အဆိပ်သန့်စင်ဂိုဏ်း၏ သခင်လေး”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

သူကလည်း နောက်ထပ်ပြန်ဝင်စားအင်မော်တယ်တစ်ဦးဖြစ်နေသည်။ ဒါ့အပြင် သူ့မှာ ဆူဇီမိုတစ်ခါမှမကြားဖူးခဲ့သည့် သရုပ်သကန်များနှင့် နောက်ခံများစွာ ရှိနေ၏။

ကျုံးဖေးယွီသည် အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးမှာရှိသော ချင်ကူ၏ တိုက်ပွဲမှတ်တမ်းထဲမှာလည်း တစ်ခါပါခဲ့ဖူးလေသည်။

ဤလူ့မှာလည်း တိုက်ပွဲမှတ်တမ်းများစွာရှိလေသည်။

မဆိုစလောက်အရေးနိမ့်မှုနှင့် ရှုံးနိမ့်ခဲ့ရသည့် ချင်ကူနှင့်တိုက်ပွဲမှတ်တမ်းကလွဲလျှင် သူသည် တခြားတိုက်ပွဲများအားလုံးကို အနိုင်ရခဲ့ပြီး နှစ်ပေါင်းများစွာကျော်ကြာလာခဲ့၏။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ သူ့အပေါ် အကဲဖြတ်တန်ဖိုးကလည်း အလွန်တရာမြင့်မားပြီး ချင်ကူနှင့်ယှဥ်နိုင်လေသည်။

ဆူဇီမိုက ပြောလိုက်၏။

“ယွင်ထင်က တတိယနေရာမှာ ရောက်နေတာ... သူက ဒီပြန်ဝင်စားအင်မော်တယ်နှစ်ဦးရဲ့လောင်းရိပ်ကို မိနေလို့ပဲ... အဲဒါက အဓိပ္ပါယ်တော့ရှိသားပဲ”

လျှိုဖျင်က ပြောလိုက်၏။

“မင်းသားယွင်ထင်က တတိယနေရာမှာရှိနေတဲ့ အဓိကအကြောင်းအရင်းက သူ့ရဲ့ကျင့်ကြံမှူနယ်ပယ်က လက်ရှိမှာ အဆင့်-၈ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာ ရှိနေလို့ပဲ... သူက နဲနဲနိမ့်ကျနေတယ်”

“နောက်ပြီး မင်းသားယွင်ထင်က အရမ်းကို ငယ်သေးတယ်... သူ့ကိုမကြာသေးခင်နှစ်တွေမှာ မြင့်မားတိုးတက်လာတဲ့ ပြန်ဝင်စားမွန်းစတားတစ်ဦးလို့ဆိုနိုင်တယ်... သူက နာမည်ကြီးကျော်ကြားလာတာ အချိန်သိပ်မကြာသေးဘူး”

“မင်းသားယွင်ထင်က အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်အဖြစ် ချိုးဖျက်တက်လှမ်းသွားနိုင်မယ်ဆိုရင် သူက အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးက လူနှစ်ယောက်ကို ကျော်တက်သွားနိုင်ဖို့အခွင့်အရေးရှိတယ်”

ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“ဒါပေမဲ့ မင်းသားယွင်ထင်က အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ဆိုရင်တောင် သူက အရမ်းကိုစွမ်းအားကြီးမားနေပြီ... သူက နောက်ထပ်ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ကိုတောင်မှ ဖိနှိမ်ထားတယ်”

All Chapters