← Chapters

နင်က ငါ့ကို ဘာလို့ရှောင်နေတာလဲ

Vol. 164 Ch. 2455

နင်က ငါ့ကို ဘာလို့ရှောင်နေတာလဲ

Vol. 164 Ch. 2455

“ကျုပ်တို့လည်း လိုက်ခဲ့မယ်”

လျှိုဖျင်က အရင်စ၍ မတ်တတ်ထရပ်ပြီး ဆူဇီမိုနောက်သို့ လိုက်ပါချင်၏။

“မရဘူး”

ဆူဇီမိုက တွေးတောတုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းပယ်လိုက်၏။

“မင်းတို့နှစ်ယောက်က တက္ကသိုလ်မှာ နေခဲ့ရမယ်… တခြားဘယ်နေရာကိုမှ သွားခွင့်မပေးဘူး”

သူတို့နှစ်ယောက်မှာ မြင့်မားသော ကျင့်ကြံမှုနယ်ပယ်များ မရှိသည့်အတွက် သူတို့က လိုက်ပါလာမည်ဆိုလျှင်တောင် အထောက်အကူပြုနိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် ဆူဇီမိုသည် ထောင်ယောင်ကို အန္တရာယ်နှင့် ထိပ်မံမကြုံတွေ့စေလိုပေ။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ထက် ပိုမိုဘေးကင်းလုံခြုံသောနေရာ မရှိလောက်တော့ပေ။

“သခင်လေး… ခင်ဗျားက…”

ထောင်ယောင်က စိုးရိမ်ပူပန်၍ တွေဝေတုံ့ဆိုင်းနေ၏။

မင်းသမီး သက်တံနီက ဘေးကနေ နှစ်သိမ့်ပေးလိုက်၏။

“မပူပါနဲ့… လောရှုနဲ့ တက္ကသိုလ်က အမွေခံတပည့်တွေက ဒီတစ်ခေါက် လိုက်ပါလာကြလိမ့်မယ်… အဲဒီမှာ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး”

မင်းသမီးသက်တံနီက အလကားသက်သက် ယုံကြည်နေခြင်း မဟုတ်ပေ။

ကောင်းကင်အဆင့်အဖွဲ့အစည်း ခုနစ်ခုထဲမှာ တစ်ခုအနေဖြင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အမွေခံတပည့်များသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ သူတို့သွားချင်သည့်နေရာကို သွားနိုင်ပြီး မည်သူကမှ သူတို့ကို ရန်စရဲလိမ့်မည် မဟုတ်ပေ။

နက်ရှိုင်းသော ရန်ငြိုးရန်စ မရှိဘဲ တက္ကသိုလ်၏ အမွေခံတပည့်များနှင့် အခြားသော ကောင်းကင်အဆင့်အဖွဲ့အစည်းများကြားမှာ ပဋိပက္ခများက ဖြစ်ပွားမလာတတ်ပေ။

ဒါ့အပြင် အဲဒီမှာ တိုက်ပွဲတစ်ခုဖြစ်လာမည်ဆိုလျှင်တောင် လူတိုင်းက သူတို့၏ အစွမ်းအစအပေါ်သာ မှီခိုရလိမ့်မည်ဖြစ်ပြီး မည်သည့်အင်မော်တယ်ဘုရင်ကမှ ကြားဝင်စွက်ဖက်လိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ကောင်းကင်အဆင့်အဖွဲ့အစည်းများ အားလုံးမှာ အင်မော်တယ်ဘုရင်များ၏ နောက်ခံရှိကြလေသည်။

တစ်ဖက်ဖက်က အရင်စ၍ မျှခြေကို ချိုးဖျက်လိုက်မည်ဆိုလျှင် အခြေအနေက အရှိန်အဟုန်မြင့်တက်သွားပြီး ထိန်းချုပ်မှုလွတ်ကာ အင်မော်တယ်ဘုရင်များ၏ အဆင့် တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားဖို့ လွယ်ကူလေသည်။

ထိုအခါ မည်သည့်အဖွဲ့အစည်းအတွက်မှ အကျိုးရှိတော့မည် မဟုတ်ပေ။ အကျိုးအမြတ်ထက် ဆုံးရှုံးနစ်နာမှုက ပိုများသွားပေလိမ့်မည်။

ဥပမာအားဖြင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ဘက်မှာ တက္ကသိုလ်၏ ဂိုဏ်းချုပ်က သူ၏ ပြီးပြည့်စုံသော တွက်ချက်မှုများနှင့်အတူ အရာရာတိုင်းကို ထိန်းသိမ်းစောင့်ရှောက်ပေးနေ၏။

ကျင့်ကြံမှုနယ်ပယ်တူသော လူများအကြား တိုက်ပွဲတစ်ခုမှာ တက္ကသိုလ်၏ ဂိုဏ်းချုပ်အနေဖြင့် ကြားဝင်စွက်ဖက်ဖို့က မသင့်လျော်ပေ။ သို့သော်လည်း အင်မော်တယ်ဘုရင်တစ်ပါးက တက္ကသိုလ်၏ အမွေခံတပည့်တစ်ယောက်ကို တိုက်ခိုက်လာမည်ဆိုလျှင် တက္ကသိုလ်၏ ဂိုဏ်းချုပ်ကလည်း ဒီတိုင်းကြည့်နေလိမ့်မည် မဟုတ်ပေ။

“သွားကြတာပေါ့”

ဆူဇီမိုက ပြောဆိုပြီး အပြင်ဘက်သို့ ဦးတည်လိုက်၏။

တခြားမည်သည့် ရွေးချယ်စရာမှ မရှိသရွေ့ သူက သိုင်းတာအိုပင်မခန္ဓာကို လှမ်းခေါ်လိမ့်မည် မဟုတ်ပေ။

အစစ်အမှန်ခန္ဓာနှစ်ခုက သီးခြားကျင့်ကြံနေကြပြီး တစ်ယောက်ချင်းစီမှာ မတူညီသော ကံကြမ္မာအခွင့်အလမ်းများနှင့် ဓမ္မတာအိုများ ရှိကြလေသည်။

သူက ကိစ္စတိုင်းအတွက် သိုင်းတာအိုပင်မခန္ဓာကို လှမ်းခေါ်နေမည်ဆိုလျှင် သူ့အနေဖြင့် ဤအစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ကျင့်ကြံနေစရာ လိုတော့မည် မဟုတ်ပေ။

ဒါ့အပြင် အစစ်အမှန်ခန္ဓာနှစ်ခုက နေရာတစ်ခုထဲမှာ ထပ်ဖန်တလဲလဲ ပေါ်ထွက်လာမည်ဆိုလျှင် အဲဒါက သေချာပေါက် သံသယဝင်စရာ ဖြစ်လာပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာသည် လွန်ခဲ့သည့် နှစ်တစ်ထောင်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို ဖန်တီးဖို့အတွက် ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့သာ သွားရောက်ခဲ့ပြီး သဲလွန်စတစ်ခုကို စာအုပ်အင်မော်တယ် ယွင်ကျူးက ချက်ချင်းပင် ထောက်လှမ်းသိရှိခဲ့၏။

ဤကဲ့သို့သော ပုံစံဖြင့် အကြိမ်ရေအနည်းငယ် ထပ်မံဖြစ်ပွားလာမည်ဆိုလျှင် စီနီယာအစ်မမိုချင်လို ရိုးအသော လူတစ်ယောက်ပင်လျှင် သူတို့နှစ်ယောက်ကြား ပတ်သက်ဆက်ဆံမှုကို သတိထားမိလာပေလိမ့်မည်။

သိပ်မကြာခင် ဆူဇီမိုနှင့် မင်းသမီး သက်တံနီက တက္ကသိုလ်၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာကြ၏။

ယန်လောရှုနှင့် အမွေခံတပည့်သုံးဦးက တက္ကသိုလ်၏ ဝင်ပေါက်ဝမှာ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

ယန်လောရှုက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သူတို့သုံးယောက်နဲ့ ငါမိတ်ဆက်ပေးမယ်… သူတို့တွေက ပကတိအင်မော်တယ် ချင်းကျင်၊ ပကတိအင်မော်တယ် ဖူကွမ်းနဲ့ ပကတိအင်မော်တယ် ဟွာချန်းရှန်တို့ပဲ… သူတို့အားလုံးက အမွေခံကုန်းမြေက စီနီယာအစ်ကိုတွေပဲ”

ပကတိအင်မော်တယ်သုံးဦး ထုတ်ဖော်ထားသည့် အော်ရာများက ယန်လောရှုနှင့် မတိမ်းမယိမ်းမှာ ရှိလေသည်။ သူ့ထင်တာ မမှားဘူးဆိုလျှင် သူတို့သုံးယောက်သည် ပေါင်းစည်းခြင်းနယ်ပယ်မှာ ရှိသော ပကတိအင်မော်တယ်များ ဖြစ်ကြပေလိမ့်မည်။

ဆူဇီမိုက အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောမနေပေ။ မည်သို့ပင်ဆိုစေ တက္ကသိုလ်မှ စီနီယာအစ်ကိုသုံးယောက်က ကူညီပေးလိုသည့်အတွက် သူက အလွန်တရာ ကျေးဇူးတင်မိနေပြီဖြစ်၏။

“မင်္ဂလာပါ စီနီယာအစ်ကိုတို့… ကျုပ်က ဆူဇီမိုပါ”

ဆူဇီမိုက ရှေ့သို့ ခပ်မြန်မြန်တက်ပြီး ဦးညွှတ်လိုက်၏။ သူသည် ဂိုဏ်းချုပ်၏ အမည်ခံတပည့်ဖြစ်သော်လည်း သူသည် မည်သို့ပင်ဆိုစေ ယခုအချိန်ထိ ဂိုဏ်းချုပ်၏ တရားဝင်တပည့် မဖြစ်သေးပေ။ သူ၏ အဆင့်အတန်းက အမွေခံတပည့်များ၏ အောက်မှာပင် ရှိလေသည်။

ဟွာချန်းရှန်နဲ့ အခြားသူများက ဆူဇီမိုကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်နေ၏။

“မင်းက ဆူဇီမိုလား”

ပကတိအင်မော်တယ် ချင်းကျင်က တစ်စုံတစ်ခုကို ရည်ညွှန်းလိုသည့်ပုံစံဖြင့် ပြောလိုက်၏။

“မင်းက ဒီနှစ်တွေထဲမှာ တက္ကသိုလ်မှာ အတော်လေး ရေပန်းစားနေတာပဲ”

ဆူဇီမိုသည် ဒသမမြောက် ကျောက်လှေကားထစ်ကို စုဖွဲ့ခဲ့ပြီး မဟာအကြီးအကဲကိုးဦးနှင့် ဂိုဏ်းချုပ်ကိုပင် သတိထားမိစေခဲ့ကာ ဂိုဏ်းချုပ်က သူ့ကို အမည်ခံတပည့်အဖြစ်ပင် ခေါ်ယူခဲ့လေသည်။ ထိုအရာများအားလုံးက သူ့ကို တက္ကသိုလ်မှာ ကျော်ကြားလာစေခဲ့သည်။

တက္ကသိုလ်၏ တပည့်များစွာသည် သူ့ကို အရင်က မတွေ့မြင်ဖူးသော်လည်း သူ၏ နာမည်ကို ကြားဖူးထားကြ၏။

“တကယ်တော့ မဟုတ်ပါဘူး”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

ယန်လောရှုက ပြောလိုက်လေသည်။

“ကျုပ်တို့ နှောင့်နှေးကြန့်ကြာနေတဲ့အချိန်မှာ အမှားအယွင်းတစ်ခုခု မဖြစ်အောင် အခုပဲ သွားကြတာပေါ့”

“လောစရာမလိုပါဘူး”

ဟွာချန်းရှန်က ခေါင်းခါပြလိုက်၏။

“ငါတို့ မသွားခင် ရှင်းရှင်းလင်းလင်း ပြောထားရမယ့် ကိစ္စတချို့ရှိတယ်”

“ခင်ဗျား ဘာကိုဆိုလိုတာလဲ”

ယန်လောရှုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

ဟွာချန်းရှန်က ပြောလိုက်၏။

“အပိုတွေ ပြောမနေတော့ဘူး… လိုရင်းကိုပဲ တန်းပြောတော့မယ်… မင်းက ငါတို့သုံးယောက်ကို ကူညီပေးစေချင်တယ်ဆိုရင် ရတယ်လေ… ငါတို့တွေက အများကြီး မတောင်းဆိုချင်ပါဘူး… အသောကသစ်သီးတစ်လုံးစီကိုပဲ လိုချင်တယ်”

ယန်လောရှု၏ အမူအရာက ပြောင်းလဲသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“စီနီယာအစ်ကိုတို့… ဒါက ဘာသဘောလဲ”

ပကတိအင်မော်တယ် ဖူကွမ်းက ပြုံးလိုက်၏။

“ဂျူနီယာညီယန်… ငါတို့က ဆူဇီမိုနဲ့ ပတ်သက်ဆက်နွယ်မှု များများစားစား မရှိဘူး… ငါတို့တွေက တစ်ဂိုဏ်းတည်းသား ရောင်းရင်းတွေဖြစ်ရုံပဲ… ငါတို့က တန်ရာတန်ကြေးကို တောင်းဆိုတာ မလွန်ဘူးမလား”

“စောစောက အမွေခံကုန်းမြေမှာတုန်းက ကျုပ်က လုံလောက်တဲ့ စိတ်ဝိညာဉ်အမြုတေကျောက်တုံးတွေနဲ့ ခင်ဗျားတို့ကို ကမ်းလှမ်းခဲ့ပြီးပြီပဲ… ခင်ဗျားတို့တွေကလည်း အဲဒါကို သဘောတူခဲ့ကြတယ်လေ”

ယန်လောရှုက သူ့၏ ရင်ထဲရှိ ဒေါသကို ဖိနှိမ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကျုပ်တို့ အခုသွားတော့မယ်ဆိုမှ ခင်ဗျားတို့တွေက အသောကသစ်သီးကို တောင်းဆိုလာကြတယ်… အဲဒါက လောဘကြီးလွန်းရာကျမနေဘူးလား”

“ဂျူနီယာညီယန်… စကားကို ဆင်ခြင်ပြော”

ဟွာချန်းရှန်၏ အမူအရာက အေးစက်လာခဲ့၏။

“မင်းက စီနီယာအစ်ကိုယွဲ့ဟွားနဲ့ ဆက်ဆံရေးမကောင်းဘူးဆိုတာ တက္ကသိုလ်မှာရှိတဲ့ လူတိုင်းသိထားတယ်… ငါတို့သုံးယောက်က မင်းကိုကူညီပေးတယ်ဆိုတာ အန္တရာယ်ကို အတော်လေး စွန့်စားမိနေပြီ… ငါတို့က ငါတို့ရသင့်ရထိုက်တာကို တောင်းဆိုနေတာပဲ”

“ဟုတ်တယ်… အတိအကျပဲ”

ပကတိအင်မော်တယ် ဖူကွမ်းကလည်း ပြောလိုက်၏။

“နောက်ပြီး ဒီခရီးစဉ်က သေချာပေါက် မရိုးရှင်းဘူး… အဲဒါက အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ်… မဟုတ်ရင် မင်းတစ်ယောက်တည်း အဲဒါကို လုပ်မှာပေါ့… ငါတို့ကို ဘာလို့လာရှာမှာလဲ”

ပကတိအင်မော်တယ် ချင်းကျင်က ဆူဇီမိုကို ကြည့်ပြီး ရယ်မောလိုက်၏။

“ဂျူနီယာညီဆူ… ငါတို့လိုချင်တဲ့ဟာက မများပါဘူး… မင်းက ဂျူနီယာညီယန်ကို အရင်တုန်းက ကယ်တင်ဖို့အတွက် အသောကသစ်သီးကို သုံးခဲ့တာပဲ… မင်းမှာ သေချာပေါက် ထပ်ရှိနေဦးမယ်ဆိုတာ ငါသေချာပြောနိုင်တယ်”

မင်းသမီး သက်တံနီက တက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့်တစ်ယောက်သာ ဖြစ်၏။ သူမက မကျေမနပ်ဖြစ်နေသော်လည်း သူမက မည်သည့်စကားမှ မဆိုနိုင်ဘဲ အေးစက်နေသော အမူအရာဖြင့် စိတ်ထဲကနေသာ ကျိန်ဆဲနေ၏။

ရုတ်တရက် ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ သူက မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။

“ဒါပေါ့… ကျုပ်မှာ အသောကသစ်သီးတွေ ရှိသေးတယ်”

ဟွာချန်းရှန်နဲ့ အခြားနှစ်ယောက်က ကျေနပ်သဘောကျသွား၏။

သို့သော်လည်း ဆူဇီမိုက စကားလမ်းကြောင်းပြောင်းပြီး လှောင်ရယ်လိုက်၏။

“ဒါပေမဲ့ ကျုပ်က ခင်ဗျားတို့ကို အဲဒါပေးမှာမဟုတ်ဘူး”

ဟွာချန်းရှန်နဲ့ အခြားနှစ်ယောက်၏ အမူအရာများက သုန်မှုန်သွားလေသည်။

ယန်လောရှုက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဟွာချန်းရှန်နဲ့ အခြားနှစ်ယောက်၏ ရှေ့မှာ မတ်တတ်ရပ်ကာ အော်ပြောလိုက်၏။

“အမှန်ပဲ… ငါတို့တွေက ဒီကိစ္စကို အပေးအယူမလုပ်နိုင်ဘူး… ညီအစ်ကိုဆူ မပူနဲ့… ငါတစ်ယောက်တည်းက သူတို့နှစ်ယောက်ကို ကယ်တင်ပေးနိုင်မှာပါ”

တကယ်တော့ ဆူဇီမိုသည် အသောကသစ်သီးများကို မပေးရက်နိုင်သောကြောင့် မဟုတ်ပေ။ အဲဒါသည် ဟွာချန်းရှန်နဲ့ အခြားနှစ်ယောက်၏ လောဘရမ္မက်က သူ့ကို ရွံရှာစက်ဆုပ်လာစေသောကြောင့် ဖြစ်၏။

သူက သူတို့သုံးယောက်ကို ယခုအချိန်မှာ အသောကသစ်သီးများ ပေးလိုက်မည်ဆိုလျှင်တောင် ထိုနေရာသို့ ရောက်ရှိသည့်အခါ သူတို့က ထပ်မံ၍ တောင်းဆိုလာပေလိမ့်မည်။

ပကတိအင်မော်တယ် ချင်းကျင်က လှောင်ရယ်လိုက်၏။

“ဂျူနီယာညီယန်… မင်းက ပေါင်းစည်းခြင်း ပကတိအင်မော်တယ်တစ်ဦးပဲ… မင်းက ကြီးမားတဲ့ စစ်တပ်တစ်တပ်ကို ခုခံနိုင်မယ်လို့ တကယ်ပဲ ထင်လို့လား”

ဟွာချန်းရှန်က ဆူဇီမိုကို အေးစက်စွာ စိုက်ကြည့်ပြီး နောက်တစ်ဖန် ခြိမ်းခြောက်လိုက်၏။

“ဆူဇီမို… ငါတို့ မင်းကို အခွင့်အရေးမပေးဘူးလို့ အပြစ်မတင်နဲ့… မင်းက နောက်ပိုင်း သူတို့ကို ကယ်တင်ဖို့ မအောင်မြင်ခဲ့ဘူးဆိုရင် နောက်ကျမှ နောင်တရနေမယ်”

“ဆူဇီမို… ဟမ့်.. နင်နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီပေါ့လေ”

ထိုစဉ်မှာပင် အေးစက်မှုနှင့် အမျက်ဒေါသ ရောစွက်နေသော အသံတစ်သံက မလှမ်းမကမ်းကနေ ထွက်ပေါ်လာ၏။

လူတိုင်းက လှမ်းကြည့်လိုက်ကြ၏။ ပန်းချီကားထဲကနေ လျှောက်လှမ်းထွက်လာသော နတ်မိမယ်တစ်ဦးအလား… ပြိုင်ဘက်ကင်း အချောအလှတစ်ဦးက လေထဲကနေ ပျံသန်းလာသည်ကို သူတို့က တွေ့မြင်လိုက်ရ၏။ သူမသည် လှပကြော့ရှင်း၍ ပြိုင်ဘက်ကင်း ချောမောလှပနေ၏။ အဲဒါက ပန်းချီအင်မော်တယ် မိုချင်ဖြစ်လေသည်။

ဆူဇီမိုက စီနီယာအစ်မမိုချင်ကို တွေ့မြင်သောအခါ သူက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူ၏ အကြည့်ကို ရှောင်လွှဲလိုက်၏။

ဟွာချန်းရှန်နှင့် အခြားနှစ်ယောက်အနေဖြင့် အမွေခံကုန်းမြေမှာ နတ်မိမယ်မိုချင်ကို တွေ့မြင်ရခြင်းက ရှားရှားပါးပါး ဖြစ်လေသည်။

သူတို့နှစ်ယောက်က အံ့အားသင့်သွားပြီး ယနေ့ သူမကို တွေ့မြင်ရသည့်အတွက် ကျေနပ်သဘောကျနေ၏။

တစ်ချိန်တည်းမှာပင် သူတို့သုံးယောက်သည် နတ်မိမယ်မိုချင် ဖိနှိပ်ထားသည့် အမျက်ဒေါသကို အာရုံခံမိသွားပြီး စိတ်ထဲကနေ ကြိတ်၍ လှောင်ရယ်လိုက်ကြ၏။

ဆူဇီမိုက စီနီယာအစ်မမိုချင်ကို ဆန့်ကျင်ခဲ့မိသည်ဆိုမှတော့ သူက သေချာပေါက် ထိခိုက်ခံစားရပေတော့မည်။

ယန်လောရှုနှင့် မင်းသမီးသက်တံနီကလည်း စိုးရိမ်ပူပန်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

တစ်ခဏချင်းမှာပင် မိုချင်က ဆူဇီမိုရှေ့သို့ ရောက်ရှိလာပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်နေ၏။ သူမက အံကို တင်းတင်းကြိတ်ပြီး သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။

“ဒီနှစ်တွေထဲမှာ နင် ငါ့ကို ဘာလို့ရှောင်နေတာလဲ”

ဘေးကနေ ရပ်ကြည့်နေသူများက ထိုစကားကို ကြားသောအခါ သူတို့သည် ကြောင်အ,မှင်တက်၍ ကြက်သေသေကုန်ကြ၏။

All Chapters