← Chapters

မိတ်ဆွေဟောင်း 

Vol. 28 Ch. 387

မိတ်ဆွေဟောင်း 

Vol. 28 Ch. 387

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက အလွန်ဒေါသထွက်နေပုံ ရသဖြင့် ရှောက်ချီ မည်သို့မှ ထပ်မပြောရဲတော့ဘဲ ခေါင်းလေး ငုံ့သွားသည်။

ထို အမျိုးသမီးမှာ သူမ၏ အထက်လူကြီးတစ်ယောက် ဖြစ်ပြီး ဒေါသလည်း အလွန်ကြီးကြောင်းကို သူမ သိထားသည် မဟုတ်ပါလား ။

သူမ ဆက်ပြောနေပါက အမျိုးသမီးကြီးမှာ သူမကိုပင် ကိုယ်ထိ​လက်ရောက် ရိုက်လာနိုင်ပါ၏။

ထို့ကြောင့် သူမ စိတ်ပျက်လက်ပျက်ဖြင့်သာ အခန်းထဲမှ ထွက်လာပြီး လောထျန်းတို့ လူစုဆီသို့ သွားလိုက်သည်။

" ကျွန်မ တောင်းပန်ပါတယ် သခင်လေး "

ရှောက်ချီ၏ အသံလေးမှာ လောထျန်း ဒေါသထွက်သွားမည်ကို စိုးရိမ်နေသည့်အလား တုန်ယင်နေပါသည်။

" ဟင် .. ဘာဖြစ်လို့လဲ ၊ ကျုပ်တို့ကို ပေးမဝင်ဘူးလား "

လောထျန်းက တအံ့တသြ ပြန်မေး၏။

ရှောက်ချီက ခပ်မြန်မြန်ပင် ခေါင်းလေးယမ်းပြပြီး ဆိုသည်။

" အဲ့လို မဟုတ်ပါဘူးရှင် ။ သီးသန့် အခန်းတွေက အကုန် လူတွေ ပြည့်သွားလို့ သခင်လေးတို့ကို ဟောခန်းမ ထဲမှာပဲ နေရာချပေးလို့ ရတော့မှာ မို့ပါ "

လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။

" ကျုပ်က ဘာများလဲလို့ဗျာ ။ ဘယ်နေရာပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး ။ ကျုပ်တို့ကို ခေါ်သာ ခေါ်သွားပေးပါ "

" နားလည်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် သခင်လေး "

ရှောက်ချီမှာ ထိုအချိန်မှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး ချပြီး လောထျန်းတို့ လူစုအား ခန်းမထောင့်​တစ်နေရာရှိ စားပွဲတစ်လုံးဆီ ခေါ်သွားလိုက်သည်။

" ဧည့်သည်ကြီးတို့ ၊ အဆင်မပြေ ဖြစ်သွားရတဲ့အတွက် ကျွန်မ အနူးညွှတ် တောင်းပန်ပါတယ် ။  လိုအပ်တာ တစ်ခုခု ရှိရင်လဲ အားမနာပါနဲ့ ၊ ကျွန်မကို ချက်ချင်း ပြောပါရှင် "

ရှောက်ချီက တောင်းပန် တိုးလျှိုးသည့် လေသံလေးဖြင့် ပြော၏။

" ကောင်းပါပြီ "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" ဒီလူငယ်က အရမ်း ချမ်းသာတာဆိုတော့ တစ်ခုခုတော့ ဝယ်မှာ အသေချာပဲ ။ တကယ်လို့ သူသာ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး တစ်သန်း သုံးရင် ငါက အဲ့ပမာဏရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံ ရမှာဆိုတော့ ငါ့အမေအတွက် တစ်နှစ်ခွဲစာ ဆေးဝယ်ဖို့ လုံလောက်သွားပြီ "

ရှောက်ချီ တစ်ကိုယ်တည်း တွေးမိလိုက်သည်။

ထိုစဥ် သီးသန့် အခန်း (၁) အတွင်း၌ ..

" အကိုလီ ၊ ဘာဖြစ်လို့လဲဗျ ။ဘာဖြစ်လို့ ကျုပ်တို့အားလုံးကို အခုလို စုလိုက်ရတာလဲ "

ခရမ်းရောင် ဝတ်စုံနှင့် လူငယ်လေးတစ်ယောက်က မေးသည်။

" ဟုတ်တယ် အကိုလီ ၊ ကျုပ်လဲ အိပ်ရာ နိုးနိုးချင်းမှာတင် အကိုက ခေါ်လို့ ဒီကို လာခဲ့တာ။ ဒီလို လေလံပွဲလေး တစ်ခုက ဘယ်လောက် အရေးကြီးလို့လဲဗျာ "

ခပ်ဝဝ လူငယ်တစ်ယောက်ကလည်း မကျေမနပ် မျက်နှာပေးဖြင့် ပြောလာ၏။

အခန်းလယ်မှ အဓိက ထိုင်ခုံပေါ်တွင် ထိုင်နေသူမှာမူ လီမိသားစုမှ အကြီးဆုံး သား ဖြစ်ပြီး သူက လျှို့ဝှက်ပြုံးဖြင့် ဆိုသည်။

" အားလုံးကို ကျုပ် ဒီကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းက ပါရမီရှင်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပဲ "

" ပါရမီရှင် .. ဟုတ်လား ။ အကိုကြီး မိတ်ဆွေအသစ် ရလာလို့လား "

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က ပြန်မေး၏။

" ​တခြား လူထူးဆန်း တစ်ယောက်တော့ မဖြစ်စေနဲ့နော် လီယီဖန်း ။ မင်းက ကျုပ်တို့နဲ့ ရင်းနှီးတယ် ဆိုပေမယ့် လူတိုင်းက အဲ့လို ကျုပ်တို့နဲ့ ရင်းနှီးခွင့် မရှိဘူး "

အဖြူရောင် ဝတ်စုံနှင့် အခြားလူငယ် တစ်ယောက်ကလည်း မရွှင်မပျ မျက်နှာဖြင့် ပြောလာသည်။

လီမိသားစုမှ အကြီးဆုံးသား ဖြစ်သော လီယီဖန်းက ချက်ချင်း အပြုံးဖြင့် ပြန်ပြော၏။

" စိတ်မပူပါနဲ့ဗျာ ၊ ဒီ နေ့ ကျုပ် မိတ်ဆက်ပေးချင်တဲ့သူက တကယ့် ကမ္ဘာ့ထိပ်သီးအဆင့် ပါရမီရှင်တစ်ယောက်ပဲဗျ "

" ကမ္ဘာ့ထိပ်သီးအဆင့် .. ဟုတ်လား ၊ အဲ့ဒါကြီးကတော့ မလွန်လွန်းဘူးလား "

အဖြုရောင် ဝတ်စုံနှင့် လူငယ်က မျက်မှောင်ကြုံ့ပြီး ပြောလာသည်။

လီယီဖန်းက ခေါင်းယမ်း၍ ပြန်ပြော၏။

" ကျုပ်ပြာတာ လုံးဝ မလွန်ဘူးဗျာ။ မလွန်တဲ့အပြင်ကို လျော့တောင် လျော့နေသေးတယ် ထင်တာပဲ "

" ဘယ်လို .. အဲ့လူက ဘယ်သူလဲ ။ ကျုပ်တို့ကို ပြောပြပါဦး "

အားလုံး သိချင်စိတ် ဖြစ်သွားကြသည်။

လီယီဖန်းက အပြုံးဖြင့် ပြန်ပြော၏။

" အဲ့ အကိုကြီးက တောင်ပိုင်းဒေသ ကဗျ ။ သူက အခုမှ အသက် ၃၅ နှစ်ပဲ ရှိသေးတာတောင် ကောင်းကင်ဘုံ အဆင့် ၁ ကို ရောက်နေပြီ "

ထိုစကားကို ကြားသည်နှင့် အားလုံး အလန့်တကြား မတ်တပ် ထရပ်လိုက်ကြသည်။

" ဘယ်လို .. အသက် ၃၅ နှစ်နဲ့ ကောင်းကင်ဘုံ အဆင့်မှာ ဟုတ်လား ။ နောက်နေတာ များလား "

" အဲ့လူက လူမှ ဟုတ်သေးရဲ့လား "

" အဲ့လို ပါရမီမျိုးနဲ့ဆို အဲ့လူက တောင်ပိုင်းဒေသက သခင်ကြီး ဟွမ်ဖူ နဲ့တောင် ယှဥ်လို့ ရလောက်တယ်နော် "

အားလုံးက တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

အားလုံး အံ့သြတုန်လှုပ်သွားကြသည်ကို ကြည့်ကာ လီယီဖန်းက ဂုဏ်ယူသည့် မျက်နှာဖြင့် ပြောလာ၏။

" အားလုံး ခဏနေကြပါဦးဗျာ ၊ ကျုပ်စကား မဆုံးသေးဘူးဗျ "

" ဟင် .. တခြား ထူးခြားတာတွေ ရှိသေးလို့လား "

အားလုံးရုတ်တရက် သိချင်သွားကြသည်။

လီယီဖန်းက ခေါင်းညိတ်ပြ၏။

" ဟုတ်တယ်ဗျ ၊ အဲ့လူက ကျင့်ကြံခြင်းအဆင့် တက်တဲ့နှုန်းတင် မြန်တာ မဟုတ်ဘူး ။ ပါရမီကလဲ အရမ်း ကြောက်စရာကောင်းတယ်။ သူ လျှို့ဝှက်နဂါးကျောက်ပြားမှာ စမ်းသပ်ကြည့်တုန်းကလဲ နဂါးအစွမ်းကို လှုပ်နှိုးနိုင်ခဲ့သေးတယ်။ သူက နဂါးအစွမ်း အဆင့် ပါရမီရှင်ဗျ "

" နဂါးအစွမ်းအဆင့် ပါရမီရှင် .. ဟုတ်လား ။ နောက်နေတာတော့ မဟုတ်ဘူး မလား "

" ဒီ လျှို့ဝှက်နဂါးကျောက်ပြား အကြောင်းကို ကျုပ်အဖေ ပြောပြတာ ကြားဖူးတယ်ဗျ။ ကျုပ်တို့ မိသားစုမှာ လျှို့ဝှက်နဂါးကျောက်ပြားက အသိအမှတ် ပြုတာကို ခံရတဲ့ နဂါးအစွမ်း အဆင့် ပါရမီရှင် ဘိုးဘေးတစ်ယောက် ရှိဖူးတယ်တဲ့ဗျ။ အဲ့ ဘိုးဘေးရဲ့ ကျင့်ကြံခြင်းအဆင့် ပြီးပြည့်စုံသွားတဲ့အချိန်မှာတော့ ယွမ်ရှောက်မြို့ရဲ့ အစွမ်းအထက်ဆုံး ထိပ်တန်းသိုင်းသမား ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်လာခဲ့တယ်တဲ့ "

" မင်းတို့ မိသားစုမှာက အဲ့လို နဂါးအစွမ်းအဆင့် ပါရမီရှင်မျိုး ရှိဖူးပါသေးတယ်ကွာ ။ ကျုပ်တို့ မိသားစုမှာဆို အဲ့လိုမျိုး တစ်ယောက်မှ မရှိခဲ့ဖုးဘူး "

" ကျုပ်က အဲ့ဘိုးဘေးကို တစ်ခါမှတောင် မတွေ့ဖူးလိုက်ပါဘူးဗျာ ။ အကို လီယီဖန်းက တကယ် စိတ်သဘောကောင်းတဲ့ သူပဲ။ ကျုပ်တို့ ညီအကိုတွေကို အဲ့လို လူမျိုးနဲ့တောင် မိတ်ဆက်ပေးဖို့ စီစဥ်ထားတာ "

" ဟုတ်တယ်ဗျာ အကိုလီ ၊ ကျုပ်တို့တွေ ဒီတစ်ခေါက် အခွင့်အရေးကို အမိအရ ယူပြီး အဲ့သခင်လေးနဲ့ မိတ်ဆွေကောင်း ဖြစ်အောင် လုပ်ထားမှ ရမယ်။ဒါမှ သူ နောက်ကျ ထပ်တန်းအဆင့် သခင်ကြီးတစ်ယောက် ဖြစ်လာရင် ကျုပ်တို့ သူ့ကို မှီလို့ရမှာ "

" အကိုလီ ၊ အခု အဲ့လူက ဘယ်မှာလဲဗျ "

အားလုံးက လီယီဖုန်းအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။

လီယီဖုန်းက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြော၏။

" အကို ရှ  ၊ ကျေးဇူးပြုပြီး ထွက်လာခဲ့ပါဗျာ "

သူ့စ​ကား ဆုံးသည်နှင့် သီးသန့်ခန်း အတွင်းဘက် ထောင့်တစ်ခုမှ လူတစ်ယောက် ဖြည်းညင်းစွာ ထွက်လာသည်။

ဝုန်း ...

ထိုလူ ထွက်လာသည်ကို မြင်သည်နှင့် အားလုံး ချက်ချင်း မတ်တပ်ထရပ်ကာ သူ့အား တလေးတစား ကြည့်လိုက်ကြသည်။

ထိုလူက အားလုံးကို တစ်ချက် ဝေ့ကြည့်ကာ ခေါင်းအသာညိတ်ပြပြီး ပြော၏။

" ကျုပ်က တောင်ပိုင်းဒေသက ရှယန်ယွိပါ ။ အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ် "

အားလုံးကလည်း သူ့အား ဦးညွှတ်အရိုအသေ ပြန်ပေးလိုက်ကြသည်။

" သခင်လေး ရှက အရမ်း ယဥ်ကျေးလွန်း နေပါပြီဗျာ "

" သခင်လေးရှ  က ကျုပ်တို့ကို ဘာလို့ အဲ့လို နှုတ်ဆက်နေရတာလဲဗျာ ။ ကျုပ်တို့ဘက်ကသာ အဲ့လို နှုတ်ဆက်ရမှာပါ "

အခန်းထဲရှိ လူများအားလုံးပင် ရှယန်ယွိအား ကပ်ဖားလိုက်ကြတော့သည်။

သို့သော် ရှယန်ယွိက လက်ကာပြပြီး ပြန်ပြော၏။

" အားလုံး .. ကျုပ်ကို ခုလိုကြီး ဆက်ဆံနေဖို့ မလိုပါဘူးဗျာ။  ညီလေး လီယီဖန်း နဲ့ ကျုပ်က မိတ်ဆွေတွေပါ။ အခု အားလုံးက လီယီဖန်းရဲ့ မိတ်ဆွေတွေဆိုတော့ ကျုပ်နဲ့လဲ မိတ်ဆွေတွေပေါ့ဗျာ ။ ကျုပ်ကို အကို ရှ လို့ပဲ ခေါ်ပါ "

ရှယန်ယွိက ဆက်ဆံရလွယ်သူတစ်ယောက် ဖြစ်ဟန် တူသဖြင့် အားလုံး ဝမ်းသာသွားကြပြန်သည်။

" အကိုရှ ၊ ဒီတစ်ခေါက် ယွမ်ရှောက်မြို့ကို ကောင်းကင်ဘုံနဂါး ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လာခဲ့တာလားဗျ "

ခရမ်းရောင်ဝတ် လူငယ်က သိချင်နေဟန်ဖြင့် မေးလာ၏။

ရှယန်ယွိက ခေါင်းအသာ ညိတ်၍ ပြန်ပြောသည်။

" ဟုတ်တယ်ဗျ ၊ ကျုပ်တို့ ဂိုဏ်းကလဲ ဒီတစ်ခေါက် ကောင်းကင်ဘုံနဂါး ပြိုင်ပွဲက ဆုကို စိတ်ဝင်စားနေတာ။  ကျုပ်တို့ဘက်က ပြိုင်ပွဲအတွက် သားရဲ သုံးကောင်ကိုတောင် သေချာရွေးချယ်လာသေးတယ် ။ ကျုပ်ကတော့ ဒီတိုင်း နောက်လိုက်အဖြစ်နဲ့ပဲ လိုက်ခဲ့တာဗျ ။ အခုက ဒီမှာ လေလံပွဲ ရှိတယ်ဆိုလို့ အပျော်အနေနဲ့ လာခဲ့တာပဲ "

အနည်းငယ် ခပ်ဝဝနှင့် လူငယ်က ချက်ချင်း ထရပ်ပြီး ပြော၏။

" အကိုရှ ၊ ဒီ လေလံပွဲမှာ အကို ကြိုက်တာ ရှိရင် ပြောသာပြောဗျာ ။ ကျုပ် ၊ ဝမ်က သေချာပေါက် ဝယ်ပေးမယ် "

ခရမ်းရောင် ဝတ်စုံနှင့် လူငယ်ကလည်း မျက်မှောင်ကြုံ့၍ ပြောလာသည်။

" ဟေ့ ဖက်တီးဝမ် ၊ မင်းဝယ်ပေးစရာ မလိုပါဘူးကွာ ။ အကို ရှ အတွက်ကို ငါ ဝယ်ပေးမှာ "

" ဟားဟား .. မင်းတို့ နှစ်ယောက် ဒီတစ်ခါတော့ ဝင်မပြိုင်ကြပါနဲ့ကွာ ။ အကိုရှ အတွက် ကျုပ်ပဲ ဝယ်ပေးပါရစေ "

အဖြူရောင်ဝတ် လူငယ်ကလည်း ဝင်ပါလာသည်။

ရှယန်ယွိထံမှ မျက်နှာသာ ရလိုသည့်အတွက် လူငယ် များစွာပင် စကားများကုန်ကြ၏။

ရှယန်ယွိမှာလည်း သူ့အား လူအများက ထိုသို့ တလေးတစား ဖားနေကြသဖြင့် ကျေနပ်ဝမ်းသာနေကာ မျက်နှာကြီး ပြုံးနေသည်။

သို့သော် ထိုအချိန်မှာပင် သူ အခန်းအပြင်ဘက်သို့ ကြည့်လိုက်မိရာ ရုတ်တရက် .. လေလံပွဲ ခန်းမထောင့် တစ်နေရာမှ ရင်းနှီးနေသော လူတစ်ယောက်ကို တွေ့သွားပြီး ကြက်သေ သေသွား၏။

" ဘာလို့ သူ ဖြစ်နေရတာလဲ .. "

ရှယန်ယွိ တီးတိုး ရေရွတ်လိုက်သည်။

" ဟင် .. အကိုရှ ၊ ဘာဖြစ်လို့လဲဗျ "

သူ့အား သတိထား ကြည့်နေသည့် လီယီဖန်းက ၎င်းကို ချက်ချင်း သတိထားမိသွားကာ မေးလာ၏။

ရှယန်ယွိက တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ ပြန်ပြောလိုက်သည်။

" ဘာမှ မဟုတ်ပါဘူးဗျာ ၊ ကျုပ် မိတ်ဆွေဟောင်းတစ်ယောက်ကို ပြန်တွေ့မိလိုက်လို့ပါ " 

" မိတ်ဆွေဟောင်း .. ဟုတ်လား ။ ဒါဆို သူ့ကိုရော ဒီကို ဖိတ်လိုက်မလားဗျ "

လီယီဖန်းက ပြော၏။

ရှယန်ယွိက အံကြိတ်၍ ပြန်ပြောသည်။

" အဲ့လို ဖိတ်ဖို့ မလိုဘူး ၊ ကျုပ်နဲ့ အဲ့လူနဲ့ ကြားမှာ ရန်ငြိုးရန်စ နည်းနည်း ရှိထားတယ် "

" ရန်ငြိုး ရှိတယ် ဟုတ်လား ၊ အကိုရှကို ရန်စရဲတဲ့ကောင် ဘယ်ကောင်လဲ ။ ကျုပ် အဲ့လူကို သင်ခန်းစာ သွားပေးလိုက်မယ်ဗျာ "

" ဟုတ်တယ် အကိုရှ ၊ ကျုပ်တို့ လင်မိသားစုကလဲ ယွမ်ရှောက်မြို့မှာ အချိတ်အဆက်တွေ အများကြီး ရှိတယ်။ အဲ့ကောင်ကို ကိုင်တွယ်ဖို့ အကူညီ လိုရင် ပြောပါ "

အားလုံးက အသည်းအသန် ပြောလိုက်ကြပြန်သည်။

သို့သော် .. ရှယန်ယွိမှာ ထိုလူများကို ကြည့်ရင်း အလွန်စိုးရိမ် ကြောက်လန့်သွားဟန်ဖြင့် မျက်နှာ ဖြူရော်သွားကာ အမြန် တားလိုက်သည်။

" မဟုတ်ဘူး .. မလုပ်ကြနဲ့ "

လောထျန်းက မည်မျှ ကြောက်စရာကောင်းသည်ကို သူ ကောင်းကောင်းကြီး သိထားသည် မဟုတ်ပါလား ။

ထိုလူငယ် တစ်အုပ်ကသာ လောထျန်းအား ရန်သွားစကြပါက ပြဿနာ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်ပါသည်။

" ဟင် .. "

အားလုံးမှာလည်း ရှယန်ယွိဆီမှ မျှော်လင့်မထားသော တုန့်ပြန်ပုံကြောင့် အံ့အားသင့်ကုန်ကြ၏။

" အကိုရှ ၊ အဲ့လူရဲ့ နောက်ခံက အရမ်း ကြောက်ဖို့ကောင်းလို့လားဗျ "

လီယီဖန်းက မေးလာသည်။

ရှယန်ယွိတစ်ယောက် မည်သို့မှ ပြန်မပြောနိုင်ဘဲ ခေတ္တမျှ အံ့သြမှင်သက်သွားသည်။ ထိုအချိန်မှသာလည်း သူ ဟန်ချက်ပျက်သွားခဲ့ပြီ ဖြစ်ကြောင်း သတိထားမိလိုက်တော့၏။

တဖက်မှ လူငယ်များသာ သူ လောထျန်းအား အလွန်ကြောက်ရကြောင်း သိသွားခဲ့ပါက သူ့ ဂုဏ်သိက္ခာကို ဘယ်နား သွားထားရပါတော့မည်နည်း။

သို့ဆိုလျှင် သူ ထိုလူငယ်များကို ဆက်လှည့်စား၍လည်း မရတော့ပေ။

" မဟုတ်ပါဘူးကွာ ၊ သူက ဒီတိုင်း မြောက်ပိုင်းဒေသက ကောင်လေးတစ်ယောက်ပါ။ ကျုပ်က သူ့ကို မတိုက်ခိုက်ဘူးလို့ မိတ်ဆွေတစ်ယောက်ကို ကတိပေးထားလို့ "

ရှယန်ယွိ ပြောကာ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။

All Chapters