← Chapters

အခွင့်ကောင်းကြီး

Vol. 28 Ch. 390

အခွင့်ကောင်းကြီး

Vol. 28 Ch. 390

လေလံပွဲမှ လူများက ပိုက်ဆံတောင်းရန်အတွက် လောထျန်းဆီသို့ သတိထား လျှောက်လာကြ၏။ သို့သော် မျှော်လင့်မထားစွာပင် လောထျန်းက အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး သန်း ၁၀၀ အား အလွယ်တကူ ထုတ်ပေးလိုက်သည်။

ထိုတခဏတွင် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်၏။

အားလုံး၏ လောထျန်းအပေါ် ကြည့်သော အကြည့်မှာလည်း ယခင်နှင့် လုံးဝ မတူတော့ပါချေ။

" သခင်လေး စျေးပေးတာ နည်းနည်း များလွန်းနေတယ်လို့ မထင်ဘူးလား "

ပန်းလင်က လောထျန်းဘက်လှည့်ကာ ရုတ်တရက် ပြောလာသည်။

လောထျန်းက လက်ယမ်း၍ ပြန်ပြော၏။

" ပိုက်ဆံက အရေးမကြီးပါဘူးဗျာ ။ ကျုပ်က အချိန်ဖြုန်းမနေချင်လို့ တစ်ခါတည်း စျေးပိုပေးလိုက်တာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းကင်ဘုံနဂါးပြိုင်ပွဲ ပြီးသွားရင် ကျုပ် ပိုက်ဆံ ပြန်ရမှာပဲလေ "

ဟွမ်ယင်က စိုးရိမ်ဟန်ဖြင့် ဝင်ပြောသည်။

" လောထျန်း ၊ ဟိုစကားပုံ ရှိသေးတယ်လေ .. ကိုယ့်ပိုင်ဆိုင်မှုကို ထုတ်မပြရဘူးတဲ့ ။ အစွမ်းထက်တဲ့သူ တစ်ယောက်ယောက်က ရှင် စျေးအမြင့်ကြီး ပိုပေးတာကို မြင်သွားပြီးတော့ ရှင့်အပေါ်  မျက်စိကျလာရင် ဘယ်လိုလုပ်မလဲ "

လောထျန်း မျက်လုံးများ အရောင်လက်သွားကာ ပြန်ပြော၏။

" အဲ့လိုကျလဲ ကောင်းတာပဲ မဟုတ်ဘူးလား ။ တကယ်လို့ တစ်ယောက်ယောက်က ကန်းပြီး  ကျုပ်ကို ပစ်မှတ်ထားရင်လဲ ထားစမ်းပါစေ ။ ကျုပ်က အားလုံးကို အေးအေးဆေးဆေး လက်ခံလိုက်မှာ "

ဟွမ်ယင်နှင့် ပန်းလင်တို့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် လောထျန်းပြောသည်မှာ မှန်ကြောင်းကိုလည်း သူတို့ သိကြပါ၏။

သူ့အစွမ်းနှင့် ဆိုပါက ပြဿနာ ရှာလာမည့် မည်သူ့ကိုမှ  ဂရုစိုက်နေစရာ အကြောင်းမရှိပါချေ။

" ကောင်းတယ်ဗျာ .. ကဲ .. လေလံပွဲ ဆက်ပါမယ် "

စင်မြင့်ထက်မှ အစီစဥ် ကြေငြာသူက နဖူးမှ ချွေးကို သုတ်ရင်း လေလံပွဲ ဆက်လုပ်သည်။

ထိုစဥ် သီးသန့်ခန်း ( ၁ ) ထဲမှ လူများမှာလည်း ထူးဆန်းသော မျက်နှာပေး ကိုယ်စီ ရှိနေကြ၏။

" အကိုလီ .. အဲ့ မြောက်ပိုင်းဒေသက ကောင်လေးက ဘယ်သူလဲ ။ သူက အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀စ ကိုတောင် ချက်ချင်း ထုတ်ပေးလိုက်တာ တွေ့တယ် "

" သူက ချမ်းသာတယ် ဆိုရင်တောင် အဲ့လိုကြီးတော့ ဖြုန်းလိုက်ဖို့ မကောင်းဘူးလေ .. ဟုတ်တယ်မလား "

" အမှန်ပဲ ။ ကျုံ့ကျိုး မြင့်မြတ်နယ်မြေတွေက နတ်ဘုရား သခင်ကြီး တချို့တောင် အဲ့လို ပိုက်ဆံတွေအများကြီး ထုတ်သုံးတာ မဟုတ်ဘူး "

" ကျုပ်ထင်တာတော့ ဖြစ်နိုင်ချေက နှစ်ခုပဲ ရှိတယ် .. "

" ပြောပါဦး "

" ပထမ တစ်ခုက ဒီကောင်လေး စိတ်မနှံ့ဘူး ဆိုတာပဲ ။ ဒါပေမယ့် ဒီဖြစ်နိုင်ချေက နည်းတော့ တော်တော်နည်းတယ် "

အားလုံး ခေါင်းညိတ်လိုက်ကြသည်။

စိတ်မနှံ့သူ တစ်ယောက်သည်ပင် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ကို ချက်ချင်း ထုတ်ပေးမည် မထင်ပါ။

" ဒုတိယ ဖြစ်နိုင်ချေကတော့ .. သူ့မှာ လျှို့ဝှက်ချက်တွေ ရှိထားတာ ဖြစ်ရမယ် "

" လျှို့ဝှက်ချက် .. ဘယ်လို လျှို့ဝှက်ချက်မျိုးလဲ .. "

အားလုံး စိတ်ဝင်တစား ဖြစ်ကုန်ကြသည်။

အစောကလူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး စကားဆက်၏။

" ကြည့်ရတာ .. ဒီလေလံပွဲမှာ ရှားပါးတဲ့ အဖိုးတန်ရတနာတွေ ပါတဲ့အကြောင်း သူ သိထားတဲ့ပုံပဲ "

" ရှားပါးတဲ့ အဖိုးတန် ရတနာတွေ ... ဥပမာလေး ပြောပြပါဦး .. "

ထိုလူက သက်ပြင်း ထပ်ရှိုက်ကာ လောထျန်းလက်ထဲမှ စာအုပ်ကို ကြည့်ရင်း ဆိုသည်။

" ဥပမာအနေနဲ့ဆိုရင် .. အခု သူ့လက်ထဲက စာအုပ်က သားရဲတစ်ရာ လျှို့ဝှက်နည်း စာအုပ် မဟုတ်ဘဲနဲ့ အဲ့ထက် အများကြီး ပိုကြောက်စရာ ကောင်းတဲ့ ရှေးဟောင်း လျှို့ဝှက်စာအုပ်တစ်ခု ဖြစ်နိုင်တယ် .. "

" ရှေးဟောင်း လျှို့ဝှက်စာအုပ် .. ဟုတ်လား "

အားလုံး တအံ့တသြ ဖြစ်ကုန်ကြသည်။

ထိုစဥ် လီယီဖန်းကလည်း မျက်မှောင်ကြုံ့၍ ပြောလာ၏။

" ကျုပ်လဲ အခုမှ သတိရတယ် ။ ကျုပ် အဖိုးဆီက ကြားဖူးတာ .. ခုလို လေလံပွဲတို့ ၊ လမ်းဘေး စျေးတန်း တို့ကနေ အဖိုးတန် ပစ္စည်းတွေ ကံကောင်းပြီး ရသွားတဲ့ ဆင်းရဲသား လူငယ်လေး တစ်ယောက် ရှိခဲ့ဖူးတယ်တဲ့။ သူ စျေးနည်းနည်းပဲ ပေးပြီး ဝယ်ထားတဲ့ အမှိုက်တွေက မမျှော်လင့်ဘဲ ရှေးဟောင်း အဖိုးတန် ပစ္စည်းတစ်ခုရဲ့ အပိုင်းအစ ဖြစ်နေခဲ့တာလို့ ပြောတယ် .. "

သူ့ဘေးမှ ဖက်တီးဝမ်ကလည်း ရုတ်တရက် ဝင်ပြောသည်။

" ကျုပ်လဲ အဲ့ ဒဏ္ဍာရီကို ကြားဖူးတယ်ဗျ ။ အဲ့ကောင်လေးက ကျိုးပဲ့နေတဲ့ ရှေးဟောင်းပစ္စည်း တစ်ခုတည်းကိုပဲ အားကိုးပြီးတော့ နေရာစုံက လူတွေအများကြီးကို သတ်ပြီး အောင်မြင်ကျော်ဇောလာခဲ့တာ တဲ့ ။ အခု ဒီကောင်ကလဲ .... အဲ့လိုများ .... "

ထိုတခဏတွင် အားလုံး၏ လောထျန်းကို ကြည့်သောအကြည့်က ပြောင်းသွားပြန်တော့သည်။

" ဟုတ်တယ် ၊ ဒီကောင်လေးက တစ်ခုခု သိထားတာပဲ ဖြစ်ရမယ် ။ မဟုတ်ရင် ရူးနေတာ မဟုတ်ဘဲနဲ့တော့ .. စာအုပ်တစ်အုပ်အတွက် အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ဘယ်သူက ပေးမှာလဲ "

" ဒါပေမယ့် .. အဲ့လိုဆိုရင် သူ လိုချင်တာ ရသွားပြီဆို ထွက်သွားရတော့မှာလေ ။ အခု ဘာလို့ မသွားသေးတာလဲ "

ထိုမေးခွန်းကြောင့် အားလုံး တိတ်သွားပြန်ကြသည်။

ရုတ်တရက် လီယီဖန်းက တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် ပြောလာ၏။

" ကျုပ် သိပြီ ။ သူက ဒီလေလံပွဲမှာ အဲ့ထက် အဖိုးတန်တာတွေ ရှိနေသေးမှန်း သိလို့ ဆက်နေနေတာ ဖြစ်မယ် "

အားလုံးကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

" အဲ့လိုပဲ ဖြစ်ရမယ် ။ ဒီလို လေလံပွဲသေးသေးလးမှာ အခွင့်ကောင်းမျိုးနဲ့ ကြုံရမယ်လို့ ထင်တောင် မထင်ထားမိဘူး "

" ဟား ဟား .. ဒီတစ်ခေါက် ကျုပ်တို့ ဒီကိုလာတာ တကယ်မှန်သွားပြီဗျာ ။ အကိုလီ ရော ဘယ်လို တွေးထားသေးလဲဗျ "

တစ်ယောက်က လီယီဖန်းဘက် လှည့်ကြည့်ကာ မေးသည်။

လီယီဖန်းက မျက်မှောင်ကြုံ့၍ ဆို၏။

" အခု ဒီကိစ္စက ကျုပ်တို့နဲ့ သူနဲ့ကြားက တိုက်ပွဲပဲ မဟုတ်တော့ဘူး ။ ကျုပ်တို့ အနာဂါတ်အတွက် အခွင့်အကောင်းကို အရယူရမယ့် ပွဲ ဖြစ်သွားပြီ ။ အားလုံး .. ကျုပ် အဆိုပြုချင်တာ တစ်ခု ရှိတယ် "

" အသေးစိတ်သာ ပြောပါဗျာ "

အားလုံး စိတ်ဝင်တစား နားစွင့်လိုက်ကြသည်။

လီယီဖန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြော၏။

" အဲ့ကောင်လေးက တော်တော်ချမ်းသာတယ်ဗျ။ အဲ့တော့ ကျုပ်တို့ မိသားစုဘက်က အကူအညီသာ မပါရင် အခွင့်ကောင်းတွေကို သူနဲ့ ပြိုင်ပြီး လေလံဆွဲဖို့ မဖြစ်နိုင်ဘူး ။ ဒီတော့ ကျုပ်တို့အားလုံး ပေါင်းပြီး ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို စုပြီးတော့မှ သူနဲ့ ပြိုင်ကြမယ်ဗျာ .. ဘယ်လိုလဲ "

ဖက်တီးဝမ်က ရုတ်တရက် မျက်မှောင်ကြုံ့ပြီး ပြောလာသည်။

" ဒါ .. အကြံကောင်း ဟုတ်ပါ့မလားဗျာ။ ကျုပ်တို့ မိသားစုတွေကိုပဲ သတင်းပို့ပြီး အကြီးအကဲတွေကနေတဆင့် လေလံဆွဲဖို့ ပိုက်ဆံ ယူလာခိုင်းကြရင် မကောင်းဘူးလား "

လီယီဖန်းက တံတွေးထွေးကာ ပြန်ပြော၏။

" အဓိပ္ပါယ် မရှိတာ ။ ကျုပ်တို့ မိသားစုတွေဆီကနေ ပိုက်ဆံတွေအများကြီး လာပို့ခိုင်းရင် တခြားအဖွဲ့က လူတွေ သတိထားမိသွားနိုင်တယ်လေ။ အဲ့ကျရင် လူတွေအများကြီး ပိုပါလာပြီးတော့ ကျုပ်တို့ဘက်က ဆုံးရှုံးမှု ပိုများသွားမှာပေါ့ "

အားလုံး ထိုအချိန်မှသာ အသိဝင်သွားကြသည်။

" ကောင်းပြီဗျာ .. ၊ ဒါဆို အကိုလီ ပြောတဲ့အတိုင်းပဲ လုပ်လိုက်ကြမယ် "

လီယီဖန်းက နှုတ်ခမ်းတွန့်ရုံပြုံးကာ ဆက်ပြော၏။

" ကဲ ဒါဆို .. ကျုပ်ဘက်က အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၃၀ ထုတ်နိုင်တယ်ဗျာ ။ မင်းတို့ရော ဘယ်လိုလဲ "

ဖက်တီးဝမ်ကလည်း မေးစေ့ကို ပွတ်ရင်း ပြန်ပြောသည်။

" ကျုပ်က ကျုပ်ပိုင်တဲ့ ဟာတွေကို ရေကြည့်ရဦးမှာမို့ အတိအကျ ဘယ်လောက်လဲ မပြောနိုင်သေးပေမယ့် .. အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၂၅ သန်းတော့ ထုတ်နိုင်တယ်ဗျာ "

အခြားတစ်ယောက်ကလည်း ဝင်ပြောသည်။

" ကျုပ်က သန်း ၂၀ ထုတ်မယ် "

" ကျုပ်က ၂၂ သန်း ထုတ်မယ် "

အားလုံး ရှိသမျှ ထုတ်ကာ ရေကြည့်ပြီးသွားသည့် အချိန်တွင်မူ သူတို့ထံတွင် အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး သန်း ၂၄၀ ရှိနေခဲ့ပြီဖြစ်သည်။

သူတို့ဘေးတွင် ရှိနေသည့် ရှယန်ယွိသည်ပင် ထိုပမာဏကို ကြည့်ကာ မနာလိုစိတ် ဖြစ်သွား၏။

ထို လူချမ်းသာ သားသမီးများ၏ ပိုင်ဆိုင်မှုက အမှန်တကယ်ပင် ကြောက်စရာကောင်းသည် ဟုလည်း သူ တွေးမိလိုက်သည်။

ထိုစဥ် လီယီဖန်းက ခေါင်းညိတ်ပြီး ပြော၏။

" ကောင်းပြီဗျာ ။ ကဲ .. ဒါဆို ခုချိန်က စပြီးတော့ အားလုံး ဟိုကောင့်ကို သတိထားပြီး စောင့်ကြည့်ထားကြပါ။ သူ့ဘက်က စပြီး စျေးပေးတာနဲ့ ကျုပ်တို့က သူ့ထက် စျေးပိုပေးမယ်ဗျာ ။ အခု ကျုပ်တို့မှာ ရှိတဲ့ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၂၄၀ နဲ့ဆို အခွင့်ကောင်းတွေကို မရနိုင်စရာ အကြောင်းမရှိဘူး "

" အကိုလီ ပြောတာ မှန်တယ် "

အားလုံး၏ အကြည့်က လောထျန်းဆီသို့ ရောက်သွားကြသည်။

" ဟင် ... "

ထိုစဥ် ခန်းမထောင့်တွင် ရှိနေသော လောထျန်းက ရုတ်တရက် ခေါင်းကုတ်လိုက်၏။

" ဘာဖြစ်လို့လဲ လောထျန်း "

ဟွမ်ယင်က မေးလိုက်သည်။

" ဘာမှ မဟုတ်ပါဘူး ၊ ကျုပ်နဲ့လဲ မသိတဲ့ လူစိမ်းတစ်စုက ကျုပ်ကို ပစ်မှတ်ထားနေတယ်လို့ ခံစားလိုက်ရလို့ပါ "

လောထျန်း ပြန်ပြော၏။

" လူစိမ်းတွေ .. ဟုတ်လား "

ဟွမ်ယင်ကမူ သူ ပြောသည်ကို နားမလည်ဟန်ဖြင့် မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်သည်။

ထိုအချိန်တွင် အခြား ပစ္စည်းနှစ်ခု ထပ်ရောင်းပြီးသွားပြီ ဖြစ်ကာ ​ရောင်းစျေးများမှာလည်း အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၃ သန်း အထက် ဖြစ်၏။

ပုံမှန်ဆိုလျှင် ထိုစျေးနှုန်းများကို စျေးကြီးသည်ဟု ထင်ရမည် ဖြစ်သော်လည်း ..

လောထျန်း၏ စျေးပေးမှုကြောင့် ၎င်းက ဘာမှ မထူးခြားသလိုသာ ဖြစ်နေပါသည်။

ထိုအချိန်မှာပင် လေလံပွဲ ကြေငြာသူက လည်ချောင်းရှင်းပြီး ပြောလာ၏။

" အားလုံးပဲ .. ​ဒီတစ်ခေါက် လေလံတင်မယ့် အရာကတော့ နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်ပါတယ် "

" နတ်ဆိုးသားရဲတဲ့ .. နောက်ဆုံးတော့ ရောက်လာပြီပေါ့ကွာ .. "

ထိုစကားကို ကြားသည်နှင့် လောထျန်း မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြသည်။

သူ ဤနေရာသို့ လာခဲ့ရသည့် အဓိက ရည်ရွယ်ချက်မှာ သားရဲတစ်​ကောင် ဝယ်ရန် မဟုတ်ပါလား ။

ကြေငြာသူက စကားဆက်၏။

" ဒီနတ်ဆိုးသားရဲက အဆုံးအစမဲ့ အဆင့်ရှိတဲ့ မြင်းနဂါး တစ်ကောင်ပါ "

သူက ပြောပြောဆိုဆိုပင် လက်ခုပ် တစ်ချက် တီးလိုက်ရာ လူတစ်ယောက်က သံလှောင်အိမ် တစ်ခုကို တွန်း၍ ထွက်လာသည်။

လှောင်အိမ်ထဲတွင်ကား မြင်းနဂါးတစ်ကောင် ရှိနေ၏။

၎င်းကို မြင်သည်နှင့် လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" ကောင်းတယ်ကွာ .. အဲ့ကောင်ကိုပဲ ရွေးလိုက်မယ် "

လောထျန်း တီးတိုး ရေရွတ်လိုက်သည်။

" ဟင် .. ဘာဖြစ်လို့လဲ "

ဟွမ်ယင်မှာ တအံဘတသြ ဖြစ်သွားကာ လောထျန်းကို တစ်လှည့် ၊ လှောင်အိမ်ထဲမှ မြင်းနဂါးကို တစ်လှည့် ကြည့်လိုက်သည်။

သူမ နားမလည်နိုင်လည်း ဖြစ်နေပါ၏။

လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။

" ကြည့်ရတာ အဲ့ကောင်ကြီးက ဒီမှာ ရှိနေတာ ကြာတဲ့ပုံ ဆိုတော့ သုံးစားမရဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲလေ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်နေတာက လွဲပြီးတော့ သွေးဆက်ရော ၊ အစွမ်းရော တခြားဘာမှ သုံးစားမရဘူး။ အဲ့တော့ ကောင်းကင်ဘုံနဂါးပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ အကောင်းဆုံးပဲ "

ဟွမ်ယင်နဲ့ ပန်းလင်မှာ သူ့စကားကြောင့် ဆွံ့အကုန်ကြသည်။

ထိုအချိန်တွင် လောထျန်းမှာ လေလံဆွဲရန် စိတ်စောနေလေပြီ။

သီးသန့်ခန်းထဲမှ လူများမှာလည်း လောထျန်းကို ကြည့်ကာ အလားတူပင် စိတ်လှုပ်ရှားနေကြဟန် တူပါ၏။

" အကိုလီ .. "

ဖက်တီးဝမ်က လီယီဖန်းအား စိုးရိမ်တကြီး ကြည့်လိုက်သည်။

" ကျုပ် တွေ့တယ်။ ကြည့်ရတာ ဒီမြင်းနဂါးက အခွင့်ကောင်းကြီးနဲ့ တူတယ် "

လီယီဖန်းမှာ စိတ်လှုပ်ရှားလွန်း၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရာမှ သွေးများ ထွက်မတတ်ပင် ဖြစ်နေ၏။

All Chapters