← Chapters

လောထျန်းအား ပစ်မှတ်ထားခြင်း

Vol. 28 Ch. 388

လောထျန်းအား ပစ်မှတ်ထားခြင်း

Vol. 28 Ch. 388

" မြောက်ပိုင်းဒေသက .. ဟုတ်လား .. "

ထိုစကားကို ကြားသည်နှင့် အားလုံး၏ မျက်နှာတွင် အထင်သေးဟန်များ အပြည့် ပေါ်လာသည်။

" ဟင် .. ကျုပ်က ဘယ်ဂိုဏ်းကြီးကလဲလို့ .. လက်စသတ်တော့ မြောက်ပိုင်းဒေသက ဘာမဟုတ်တဲ့ အမှိုက်ကောင် ဖြစ်နေတာလား "

မြောက်ပိုင်းဒေသ အစွမ်းနိမ့်လာသည်မှာ အလွန်ကြာခဲ့ပြီ ဖြစ်ရာ ကျုံ့ကျိုးဒေသ ၊ ယွမ်ရှောက်မြို့ရှိ လူချမ်းသာ သားသမီး များက ထိုသို့ အထင်သေးကြနေသည်မှာ မဆန်းပေ။

" အကိုရှ ၊ အဲ့ကောင်လေးက အကိုရှကိုတောင် ရန်စရဲတာဆိုတော့ နည်းတဲ့ ဇတော့ မဟုတ်ဘူးပဲ ။ ဒါပေမယ့် အကို့အနေနဲ့  သူ့ကို တိုက်ခိုက်ဖို့ အဆင်မပြေဘူးဆိုတော့ ကျုပ်တို့ကပဲ အကိုရှအစား သူ့ကို သင်ခန်းစာ ပေးလိုက်မယ်ဗျာ "

လီယီဖန်းက လက်ပိုက်၍ ဆိုသည်။

" မဖြစ်ဘူး .. မလုပ်နဲ့ "

ရှယန်ယွိမှာ ထိုစကားကို ကြားသောအခါ သေမတတ်ပင် ကြောက်ရွံ့သွား၏။

လောထျန်းဆိိုသည့် လူထူးဆန်းကြီးကိုသာ သွားပြီး ရန်စလိုက်ပါက မိမိကိုယ်ကို သေကြောင်းကြံသည်နှင့် ဘာမှခြားတော့မည် မဟုတ်ပါ။

" ဟင် .. ဘာဖြစ်လို့လဲ အကိုရှ "

သူ့ တုန့်ပြန်ပုံကြောင့် အားလုံး အံ့အားသင့်သွားကြပြန်သည်။

ရှယန်ယွိ၏ မျက်နှာထား အနည်းငယ် ပြောင်းသွားပြီး အလေးနက် ဆို၏။

" ဒီကိစ္စက .. ကျုပ် မိတ်ဆွေကို အဲ့လူကို မတိုက်ခိုက်ဘူး ဆိုပြီး ကတိပေးထားတယ်။ တကယ်လို့ ညီအကိုတို့က ကျုပ်အတွက်နဲ့ သူ့ကို သွားပြီး တိုက်ခိုက်ကြရင် ကျုပ်ကိုယ်တိုင် တိုက်ခိုက်တာနဲ့ ဘာခြားတော့မှာလဲ "

သူ့စကား ဆုံးသောအခါ အားလုံး ခေါင်းအသာညိတ်လိုက်ကြသည်။

" အကိုရှ က တကယ်ကို တောင်ပိုင်းဒေသရဲ့ ဂုဏ်ယူစရာ ပုဂ္ဂိုလ်တစ်ယောက်ပဲဗျာ ။ တကယ့်ကို ဖြောင့်မတ်တဲ့ လူပဲ "

" ဟုတ်တယ်ဗျာ ၊ အကိုရှကို ကျုပ် တကယ် လေးစားတယ် "

" ဒါပေမယ့် အကိုရှ .. ဒီကောင်လေးက အကိုရှကို ရန်စခဲ့တာဆိုတော့ ဒီတိုင်းတော့ လွှတ်ထားဖို့ မသင့်ဘူး ။ ကျုပ်မှာ အကြံတစ်ခုရှိတယ်ဗျ .. "

လီယီဖန်းက ထပ်ပြောလာသည်။

" ဘာအကြံလဲ "

ရှယန်ယွိက လီယီဖန်းတစ်ယောက် လောထျန်းအား သွားတိုက်ခိုက်မည်ကို အလွန် စိုးရိမ်နေဟန်ဖြင့် ​ပြန်မေး၏။

လီယီဖန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

" အဲ့ဒါက ရိုးရိုးလေးဗျ .. သူက ဒီ လေလံပွဲကို တစ်ခုခုဝယ်ဖို့ လာခဲ့တာ ဖြစ်နိုင်တယ်လေ ။ အဲ့တော့ သူ လေလံဆွဲတဲ့အခါ ကျုပ်က သူ့ထက်သာအောင် ပေးပြီး သူ ဘာမှ ဝယ်လို့မရအောင် လုပ်လိုက်မယ် "

ဖက်တီးဝမ်ကလည်း မျက်လုံးများ အရောင်လက်သွားပြီး ဆို၏။

" အဲ့အကြံ ကောင်းတယ်ဗျ။ အဲ့ကောင်လေးက ဘာကိုပဲ လေလံဆွဲဆွဲ ကျုပ်တို့က သူ့ထက် စျေးအများကြီး ပိုပေးပြီး သူ ဘာမှ မရသွားအောင် လုပ်လိုက်မယ် "

" ဟုတ်တယ်ဗျ ၊ အဲ့ဒါ အဓိပ္ပါယ် ရှိတယ် ။ ကျုပ်တို့လို အဆင့်တန်းမျိုးနဲ့ လူတွေက သူ့ကို ပစ်မှတ်ထားပြီး သေချာလုပ်ရင် သူ ကျုပ်တို့ကို ဘာမှ ပြန်လုပ်နိုင်မှာ မဟုတ်ဘူး "

အားလုံး ခေါင်းညိတ်ကာ ရှယန်ယွိအား ကြည့်လိုက်ကြသည်။

ရှယန်ယွိက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပြော၏။

" ကောင်းပါပြီ ၊ ဒါဆိုလဲ အဲ့လိုပဲ လုပ်ကြတာပေါ့ "

လေလံဆွဲခြင်းဖြင့် ပြဿနာ ကြီးကြီးမားမား ဖြစ်နိုင်ချေ မရှိရာ သူ ထပ်ငြင်းနေ၍ မကောင်းပါချေ။ ထပ်ငြင်းနေလျှင်လည်း ထိုလူငယ်အုပ်က သူ့အား သံသယ ဝင်လာနိုင်ပါသည်။

ထို့ကြောင့်လည်း သူ မည်သို့မှ မတတ်နိုင်ဘဲ သဘောတူလိုက်ရခြင်းပင်။

လီယီဖန်းနှင့် သူ့မိတ်တွေများက ရှယန်ယွိ သဘောတူသဖြင့် ကျေနပ်စွာ ရယ်လိုက်ကြ၏။

" အကိုရှ ၊ ကျုပ်တို့တွေ အဲ့ကောင်လေးကို ဘယ်လို ရယ်စရာကောင်းအောင် လုပ်မလဲဆိုတာသာ စောင့်ကြည့်လိုက်ပါဗျာ "

တစ်ယောက်က ပြောသည်။

သို့သော် ထိုအချိန်မှာပင် လူအုပ်ထဲမှ ကလေး အသံလေးတစ်သံ ထွက်ပေါ်လာ၏။

" ဒါပေမယ့် .. အဲ့လူက အရမ်းချမ်းသာနေရင် ဘယ်လိုလုပ်မလဲ အကိုကြီး "

လီယီဖန်း အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ ထိုသို့ ပြောလိုက်သူမှာ ဤတစ်ကြိမ် ခရီးတွင် သူနှင့်အတူ လိုက်လာခဲ့သည့် အသက် ၉ နှစ်အရွယ် သူ့ညီမလေး ဖြစ်သည်ကို တွေ့လိုက်ရသည်။

လီယီဖန်းက ချက်ချင်း ရယ်ပြီး ပြန်ပြော၏။

" ဟားဟား ..ငါ့ညီမလေးက အကိုကြီးရဲ့ ငွေကြေးအင်အား ဘယ်လောက်ရှိတယ်ဆိုတာ မသိသေးဘဲကိုးကွ ။ အခု မင်းအကိုကြီး ဆီမှာ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၃၀ လောက် ရှိနေပြီ ။ အဲ့ကောင်လေးက ငါနဲ့ ပြိုင်ပြီး ဘာလုပ်နိုင်မှာမို့လဲ "

အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၃၀ တဲ့လား ..

သူ့စကားကြောင့် ကျန်လူငယ်များ စိတ်လှုပ်ရှားသွားကြသည်။

လီမိသားစု၏ ဆက်ခံသူ တစ်ယောက် ပီသပါပေသည်ဟုလည်း သူတို့ အထင်ကြီးသွားကြသည်။

ထိုလူငယ်များသာမက ၊ ရှယန်ယွိသည်ပင် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ပါ၏။

ကြည့်ရသည်မှာ လီယီဖန်းက ငွေကြေး အင်အားကြီးသူတစ်ယောက် ဖြစ်ဟန်ပင် ။

ထိုသို့သော လူမျိုးသာ သူ့ဘေး ရှိထားပါက လောထျန်းအတွက် အရှုံးဟု တွေးကာ သူ စိတ်လည်း ကျေနပ်သွားသည်။

သူ ထိုသို့ တွေးနေစဥ်မှာပင် လေလံပွဲ စတင်လိုက်ပြီ ဖြစ်သဖြင့် ခန်းမထဲမှ လှုပ်လှုပ်ရှားရှား အသံများ ထွက်ပေါ်လာ၏။

လူကြီးတစ်ယောက်က  လေလံပွဲ အဖွင့်စကား ခဏတာမျှ ပြောလိုက်ပြီးနောက် ပထမဆုံး အရာအဖြစ် အဆင့် ၈  ဓားရှည်တစ်လက်ကို စတင်ရောင်းချလိုက်သည်။

လေလံပွဲ ကြေငြာသူ၏ အသံနှင့်အတူ လူအုပ်ထံမှ စျေးပေးသံများလည်း ကြားလာရ၏။

နောက်ဆုံးတွင်မူ ထို အဆင့် ၈ ဓားအား အဘိုးအိုတစ်ယောက်က အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၃ သန်းပေး၍ ဝယ်ယူသွားသည်။

" တော်တော်​ကောင်းတဲ့ ဓားပဲ "

လောထျန်းဘေးမှ ဟွမ်ယင်က ဓားအား လိုချင်နေသည့် မျက်လုံးများဖြင့် ကြည့်၏။

​လောထျန်းက သူမကို ခေါင်းလှည့်ကြည့်ကာ အေးအေဆေးဆေးပင် မေးလိုက်သည်။

" အဲ့ဓားက ဘာကောင်းလို့လဲ "

ဟွမ်ယင် အံ့အားသင့်သွားပြီး ပြန်ပြော၏။

" အဲ့ဒါ အဆင့် ၈ စိတ်စွမ်းအင် ဓားလေ ၊ တော်တော်ကောင်းနေပြီ မဟုတ်ဘူး​လား ။ ကျွန်မမှာ ပိုက်ဆံ မရှိလို့သာ .. ရှိရင် အဲ့ဓားကို သေချာပေါက် ဝယ်တယ် "

လောထျန်းက သူမကို ကြည့်ကာ ထပ်ပြောလာသည်။

" မင်းက ဓား လိုချင်နေတာလား .. လက်ဝါးသိုင်း မလေ့ကျင့်တော့ဘူးလား "

ဟွမ်ယင်က ခေါင်းကုတ်၍ ပြန်ဖြေ၏။

" လက်ဝါးသိုင်းလဲ လေ့ကျင့်ပါတယ် ။ ဒါပေမယ့် ကျွန်မရဲ့ မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ်က ဓားနဲ့ ပိုပြီး လိုက်ဖက်တာရှင့် ။ ပြီးတော့ နတ်ဘုရားမြို့က မြို့စားကြီး ၃ ယောက်ကလဲ ပြောထားသေးတယ်။ အဆင့်မြင့်တဲ့ စိတ်စွမ်းအင် ဓားတစ်လက်သာ ရှိထားရင် ကျွန်မရဲ့  တိုက်ခိုက်စွမ်းရည်လဲ သေချာပေါက် တိုးလာမှာတဲ့ "

ထို့နောက် သူမ သက်ပြင်းချကာ စကားဆက်သည်။

" ဒါပေမယ့် ကျွန်မတို့ မြောက်ပိုင်းဒေသမှာ အဲ့လို အဆင့်မျိုးရှိတဲ့ စိတ်စွမ်းအင်ဓားတွေ သိပ်မရှိတာတော့ စိတ်မကောင်းစရာပေါ့ရှင် ။ အခု ကျုံ့ကျိုးကို ရောက်လာတော့လဲ ကျွန်မှာ ဝယ်စရာ ပိုက်ဆံက ရှိမနေဘူး "

လောထျန်းက သူမအား တစ်ချက် ထပ်ကြည့်လိုက်ပြီးနောက် သူ့အင်္ကျီလက်ထဲမှ ဟင်းလင်းပြင် လက်စွပ်တစ်ကွင်းကို ထုတ်၍ ပေးလာသည်။

" အဲ့ထဲက မင်းကြိုက်တာ တစ်ခု ယူလိုက် "

" အင် .. "

ဟွမ်ယင်မှာ မျှော်လင့်မထားသော အဖြစ်ကြောင့် ရုတ်တရက် အံ့သြမှင်သက်သွား၏။ သို့သော် သူမ လောထျန်း ပြောသည့်အတိုင်း လက်စွပ်ကို ယူ၍ သူမ၏ စိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်သည်။

ချက်ချင်း ဆိုသလိုပင် သူမ ကြက်သေ သေသွားရ၏။

အဘယ့်ကြောင့်ဆိုသော် .. လောထျန်း၏ လက်စွပ်ထဲ၌ မရေမတွက်နိုင်သော လက်နက်ပေါင်းစုံနှင့် မှော်လက်နက်များများ ပြွတ်သိပ်နေပြီး ထိုအထဲမှ အနိမ့်ဆုံး အဆင့်သည်ပင် အဆင့် ၇ ရှိနေသောကြောင့် ဖြစ်သည်။

" ဒါ ... "

ဟွမ်ယင်မှာ မည်သို့ ပြန်ပြောရမည် မသိဘဲ ဆွံ့အသွားရှာသည်။ ထိုလက်စွပ် တစ်ကွင်းက သူမတို့ နတ်ဘုရားမြို့တော်ရှိ ရတနာ တိုက် တစ်ခုလုံးစာနှင့်ပင် တန်ဖိုးချင်း ယှဥ်၍ ​ရနေသည် မဟုတ်ပါလား ။

" ဒါဆို ကျွန်မ တစ်ခု ယူလိုက်မယ်နော် "

နောက်ဆုံးတွင်မူ ဟွမ်ယင် တုန့်ဆိုင်းမနေတော့ဘဲ ဆက်ရှာလိုက်ပြီး လျှပ်စီးမိုးကြိုး  အစွမ်းများ ပါဝင်နေသည့် ခရမ်းရောင် ဓားတစ်လက်ကို ထုတ်ယူလိုက်၏။

" ဟီး ဟီး .. အဆင့် ၈ စိတ်စွမ်းအင် ဓားက တကယ်လဲ အစွမ်းထက်တာပဲ။ ကျုပ် ဒီလိုအဆင့်မျိုး ရှိတဲ့ စိတ်စွမ်းအင် ဓားကို ရှာနေတာ နှစ်ဆယ်ချီပြီး ကြာနေပြီ ။ ဒီနေ့တော့ ကျုပ်ဆန္ဒတွေ ပြည့်သွားခဲ့ပြီပေါ့ကွာ ။ ဒီ တစ်ခေါက် ယွမ်ရှောက်မြို့ကို လာခဲ့ရတဲ့ ခရီးက တကယ်ကို တန်တာပဲ "

လေလံပွဲမှ ဓားကို ရသွားသော အဘိုးအိုက ကျယ်လောင်စွာ အော်ရယ်၍ ပြောလာသည်။

သူ့လက်ထဲမှ ဓားရှည်ကလည်း တချွှင်ချွှင် မြည်သံပေးနေကာ ကြောက်မက်ဖွယ် ဓားအစွမ်းတစ်ခုလည်း ထုတ်လွှတ်နေသည်။

အားလုံးကလည်း ထိုဓားအား မနာလို ဝန်တိုစွာ ကြည့်နေကြ၏။

သို့သော် ထိုအချိန်မှာပင် ...

ချွှင် ..

ခန်းမထောင့် တစ်နေရာမှ ဓားသံတစ်ချက် ထွက်လာပြီး လျှပ်စီးကြောင့်တစ်ခု ဖျတ်ခနဲ လက်သွားသည်။

အားလုံး အံ့သြတကြီး လှည့်ကြည့်လိုက်ကြရာ လက်ထဲတွင် ဓားအစွမ်းများဖြင့် ပြည့်နေသော ခရမ်းရောင် ဓားတစ်လက်ကို ကိုင်ထားသည့် ဟွမ်ယင်အား တွေ့လိုက်ရသည်။

" အဆင့် ၈ လား .. အဲ့ဒါ အဆင့် ၈ စိတ်စွမ်းအင် ဓားတစ်လက်လား "

" ဘုရားရေ .. အဲ့ဓားက စောနက လေလံဆွဲသွားတဲ့ ဓားထက် လုံးဝ အစွမ်းမနိမ့်တာ သေချာတယ် "

" အဲ့မိန်းကလေးက ဘယ်သူလဲ ။ သူ့မှာ ဘယ်လိုလုပ်ပြီး အဲ့လို မှော်ဓားမျိုး ရှိနေရတာလဲ "

အားလုံး တအံ့တသြ ရေရွတ်လိုက်ကြသည်။

ထိုအချိန် အစောက လေလံပွဲမှ ဓားကို ဝယ်သွားခဲ့သူ အဘိုးအိုမှာ​ကား မျက်နှာကြီး ရှုံ့မဲ့လျက် ရှိနေ၏။

သူ ငွေကြေးများစွာ ကုန်ကျခံကာ ဝယ်ခဲ့သော ဓားအား ကြွားမည် ပြင်နေစဥ်မှာပင် တဖက် မိန်းကလေးက သူ့ထက် လုံးဝ အဆင့်မနိမ့်သည့် ဓားကို  ထုတ်လာသတဲ့လား။

အဘိုးအို ဒေါသထွက်သွားကာ ရန်လုပ်မည် ပြင်လိုက်စဥ်မှာပင် ..

ဟွမ်ယင်ဘေးမှ လောထျန်းက ရုတ်တရက် ပြောလာသည်။

" ဘာလို့ အဲ့ဓားလဲ ... အာ .. ကျုပ် ဟင်းလင်းပြင်လက်စွပ် ပေးတာ မှားသွားတာ ။ အဲ့ဒါ မယူနဲ့ ​.. ရော့ ဒီဟာနဲ့ ပြန်လဲလိုက် "

လောထျန်းက ပြောပြောဆိုဆိုပင် ဟွမ်ယင်လက်ထဲမှ ဓားကို ပြန်ယူကာ ဟင်းလင်းပြင်လက်စွပ်ထဲ ပြန်သိမ်းလိုက်ပြီး .. နောက်ထပ် ဟင်းလင်းပြင်လက်စွပ်တစ်ခု ထပ်ထုတ်ပေးလိုက်၏။

" ကျုပ် ခုနက ပေးလိုက်တဲ့ လက်စွပ်က ဘာမှ သုံးမရတဲ့ အဆင့် ၇ ၊ အဆင့် ၈ အမှိုက်တွေ သိမ်းတဲ့ဟာ။  ဒီလက်စွပ်ထဲမှာက အဆင့် ၉ လက်နက်တွေနဲ့ မှော်လက်နက်တွေ ပါတယ်။ အဲ့ထဲကနေ တစ်ခု ရွေးလိုက် "

လောထျန်းက ပြောလိုက်သည်။

သူ နဂါးသင်္ချိုင်းမြေထဲတွင် ရှိနေစဥ်က အဓိက ဂိုဏ်းကြီး အတော်​များများမှ အဖိုးတန် ရတနာပေါင်း များစွာကို ရခဲ့ပါ၏။ ထိုရတနာများထဲမှ တချို့တစ်ဝက်ကို ပျောင်ပိုင်မြို့မှ လူများအား ပေးပြီးသွားသည့်တိုင် သူ့ထံတွင် အတော်များများ ကျန်နေပါသေးသည်။

ဟွမ်ယင်မှာ စစချင်းတွင် လောထျန်းက အဆင့် ၈ စိတ်စွမ်းအင် ဓားအား မပေးလို၍များလားဟု ထင်လိုက်မိသေးသာ်လည်း .. သူ့စကားကို ကြားပြီး နောက်တွင်မူ အံ့သြမှင်သက်ကာ မျက်လုံး ပြူးသွား၏။

အဆင့် ၇ ၊ အဆင့် ၈  အမှိုက်တွေတဲ့လား ...

ထိုအရာမျိုးကို အမှိုက်ဟု ခေါ်နေသတဲ့လား ..

ဟွမ်ယင်မှာ မည်သို့မှ ပြန်မပြောနိုင်ဘဲ လောထျန်း ပေးလာသည့် ဟင်းလင်းပြင်လက်စွပ်ကိုသာ ယူ၍ ထပ်စစ်ဆေးကြည့်လိုက်သည်။ သူမ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်၏။

All Chapters