အပိုင်း (၄၅၆)
Vol. 31 Ch. 456
“ပြောဖို့ခက်တယ်”
ရီချင်းမင်သည် လေဟာနယ်ထဲကို လှမ်းကြည့်ပြီးသည့်နောက် တွေးတွေးဆဆဖြင့် ပြောလိုက်၏။ “ပြင်ပအဖွဲ့အစည်းတွေ မပါဝင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ပါဝင်နေပြီဆိုရင် ကောင်းကင်မူလလောကကြီး အတွက် တကယ့်ကို ကပ်ဘေးကြီးဆိုတဲ့ အဓိပ္ပာယ်ပဲ”
လက်ရှိအခြေအနေ၌ ခရမ်းရောင်နက်နဲလောကကြီးသည် မြေအင်မော်တယ်လောကကြီး၏ တိုက်ခိုက်မှု အောက်သို့ ရောက်ရှိလျက် ရှိနေ၏။ အစစ်အမှန် အင်မော်တယ်တစ်ယောက် ထွက်ပေါ်လာခဲ့သောကြောင့် မြေအင်မော်တယ်လောကသည် ကောင်းကင်မူလ လောကကြီးဆီသို့ ရောက်ရှိမလာနိုင်သေးချေ။
ယခု ကောင်းကင်မူလလောကကြီး၌ ဖြစ်ပျက်နေသည့် ပြဿနာများသည် ပြင်ပမှအဖွဲ့အစည်းများ၏ လက်ချက်ဆိုပါက ကျိန်းသေပေါက် မြေအင်မော်တယ်လောကမှ လူများ၏ လက်ချက်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည်သာ ခရမ်းရောင်နက်နဲလောကကြီးကို သိမ်းပိုက်ပြီးလျှင် ကောင်းကင်မူလလောကကြီး သည်လည်း ခရမ်းရောင်နက်နဲလောကကဲ့သို့ ဒုက္ခရောက်တော့မှာ သေချာ၏။
“အင်း... ခရမ်းရောင်နက်နဲလောကကြီးမှာရှိတဲ့ သင်ခန်းစာတွေကို လေ့လာပြီးတဲ့နောက် ငါတို့ မျက်လုံးရှေ့မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံး သိပြီးသားပဲ။ ကောင်းကင်မူလလောကကြီးက မြေအင်မော်တယ်လောကကြီးနဲ့ ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး” ရီချင်းမင်သည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်သည်။
“အဖေ”
ရီချန်သည် အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် အသာပြောလိုက်၏။ “တစ်စုံတစ်ယောက်က ကောင်းကင်မူလလောကကြီးထဲမှာ ပြဿနာရှာချင်နေတယ်ဆိုရင် ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို မသွားရမှာလဲ။ နန်းဆောင်သခင်ဆီကနေ လမ်းညွှန်ပြသမှုကို တောင်းခံလို့ ရတယ်လေ။ နန်းဆောင်သခင်သာ ဝင်ပြီး လှုပ်ရှားပေးမယ်ဆိုရင် နောက်ကွယ်မှာ လုပ်နေတဲ့လူက ဘယ်သူဖြစ်လဲဆိုတာကို သိရုံတင်မကဘူး။ အင်ပါရီယာ ရီကလန်ကိုလည်း ကာကွယ်နိုင်စွမ်း ရှိလိမ့်မယ်။ ဒါက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်တာပဲ”
“ဒီကိစ္စကို စဉ်းစားပြီးသား။” ရီချင်းမင်သည် သက်ပြင်းချလိုက်သည်။
တချို့သော အရာများသည် မသိသည်က ပိုကောင်း၏။ ပို၍ အရေးကြီးသည်မှာ ဤကိစ္စသည် အင်ပါရီယာ ရီကလန်ကို အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်မည့် ကိစ္စ မဟုတ်ချေ။ နောက်ကွယ်မှ ပြုလုပ်နေသည့် လူတစ်ယောက်ကို သိရှိသည် ဆိုလျှင်တောင်မှ သူတို့ ဘာလုပ်နိုင်မည်နည်း။ တစ်ဖက်လူကို သွားရောက်ကာ သုတ်သင်ရမည်လား။
ကျိန်းသေပေါက် ဤနောက်ကွယ်မှ ပြုလုပ်နေသူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ပင် ဖြစ်လျှင် ဖြစ်နေနိုင်သေး၏။ ထိုသို့ဆိုလျှင် အားလုံးသောသူများသည် အတိုင်းသား ထိုင်ကာ ကြည့်နေရပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရန်ဆိုသည်မှာ အားလုံးသော ဂိုဏ်းဂဏအသီးသီးတို့ စဉ်းစားပြီးသား ဖြစ်၏။ သို့ပေမဲ့ မည်သူက ဦးဆုံးသွားမည်ဆိုသည်ကို အားလုံးသောသူတို့က စောင့်စားလျက် ရှိနေ၏။ ထို့အပြင် အထဲသို့ ဝင်ရောက်သည် ဆိုပါက ကျိန်းသေပေါက် သက်ဆိုင်သည့် ပမာဏကို ပေးအပ်ရမည် မဟုတ်ပါလား။
အခြားတစ်ဖက် .........
မွန်းစတားအင်ပါယာ၏ နန်းတော်အတွင်းတွင်တော့ လူနှစ်ယောက်တို့သည် မျက်နှာချင်းဆိုင် ထိုင်လျက် ရှိနေ၏။ နှစ်ယောက်လုံးဆီမှ ထွက်ပေါ်နေသည့် အော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး လောကကြီး တစ်ခုလုံးကိုပင် ဖိနှိပ်နိုင်စွမ်း ရှိနေ၏။
“ဖန်းဘုရင်က ဒီအချိန်ကြီး ဘယ်လိုဖြစ်ပြီး ကျုပ်တို့ မွန်းစတားအင်ပါယာနန်းတော်ဆီ လာရတာလဲ” သက်လတ်ပိုင်းလူက မေးမြန်းလိုက်၏။ ဤလူသည် လက်ရှိ ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်ဖြစ်ပြီး ဆန်းကြယ်လှသော အော်ရာများကို ထုတ်ဖော်နေသည်။
သူ၏ရှေ့တွင် ထိုင်နေသည့် အဘိုးအိုသည် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်ဆီမှ အဘိုးအိုပင် ဖြစ်၏။ လက်ရှိကလန်ခေါင်းဆောင်ဖြစ်ပြီး ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်ထက် ပိုမိုကာ သက်တမ်းအဆင့်မြင့်မား၏။ သို့ပေမဲ့ ၎င်းသည် လက်ရှိကလန်ခေါင်းဆောင်ရာထူးမှ အနားမယူရသေးချေ။ အားအင်အဆင့်သည် သူတော်စင် ဘုရင် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီး စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်၍ရ၏။
“မွန်းစတားအင်ပါယာနန်းတော်က လက်ရှိ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရဘူးလား” ဖန်းဘုရင်က မေးမြန်းလိုက်လေ၏။ သူ၏အသံသည် ရွှေနှင့်သံကဲ့သို့ မာကျောလျက် ရှိနေပြီး အားလုံးသော သူတို့သည် ထိုစကားကို ကြားလိုက်ရသည်နှင့် ကြက်သီးထလောက်သည်။
“ဖန်းဘုရင်က ဂိုဏ်းဂဏတစ်ချို့ သုတ်သင်ရှင်းလင်းခံနေရတဲ့ကိစ္စရပ်ကို ရည်ညွှန်းချင်တာလား” သက်လတ်ပိုင်းလူ က တည်ငြိမ်စွာဖြင့် ပြန်လည်ကာ မေးခွန်းထုတ်လိုက်၏။
“ဟုတ်ပါတယ်” ဖန်းဘုရင်က ခေါင်းညိတ်လိုက်၏။ သူ၏အမူအရာသည် မသက်မသာ ဖြစ်လို့နေခဲ့၏။ သုတ်သင် ရှင်းလင်းခြင်းခံရသည့် မျိုးနွယ်စုများကြားတွင် တစ်ခုသည် ရွှေတောင်ပံတော်ဝင်ဖန်းကလန်နှင့် သက်ဆိုင်လျက် ရှိနေ၏။ အနည်းငယ် အလှမ်းဝေးသည် ဆိုလျှင်တောင်မှ သွေးမျိုးဆက်ချင်း ချိတ်ဆက်မှု ရှိသည်။
ရွှေတောင်ပံတော်ဝင်ဖန်းကလန်သည် ၎င်းတို့၏ သွေးမျိုးဆက်ကို ထိန်းသိမ်းနိုင်ရန် အစဉ်အမြဲ ရုန်းကန်နေရ၏။ ရွှေတောင်ပံတော်ဝင်ဖန်းမျိုးနွယ်၏ အစစ်အမှန် သွေးမျိုးဆက်သည် တကယ့်ကို နတ်ဆန်လွန်းလှ၏။ ထို့ကြောင့်ပင်လျှင် ရွှေတောင်ပံတော်ဝင်ဖန်းကလန်၏ ဂုဏ်သိက္ခာက ကြီးမားခြင်းဖြစ်၏။
လက်ရှိ မျိုးနွယ်စုများထဲမှ လက်အောက်မျိုးနွယ်တစ်စု သုတ်သင်ရှင်းလင်းခံရသည့် အချိန်မှာတော့ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်အနေနှင့် ငြိမ်ငြိမ်သက်သက် မနေနိုင်တော့ချေ။
“ဖန်းဘုရင်က ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ရှာမတွေ့ခဲ့ဘူးလား” သက်လတ်ပိုင်း လူသည် အသာရယ်မောကာ မေးမြန်းလိုက်သည်။
“ဒီအဘိုးကြီးသာ အမှန်တရားကို သိတယ်ဆိုရင် မွန်းစတားအင်ပါယာနန်းတော်ဆီ ဘယ်လိုဖြစ်ပြီး လာမှာလဲ” ဖန်းဘုရင်က နှာခေါင်းရှုံ့လိုက်၏။ သူ၏ အမူအရာသည် တင်းမာခက်ထန်လျက် ရှိနေ၏။ သူ၏ စကားကို နားထောင်ရမည်ဆိုလျှင် လေးစားသမှုဟူ၍ လုံးဝမရှိချေ။
ရွှေတောင်ပံတော်ဝင်ဖန်းကလန်သည် နိမ့်ပါးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ တခြားသော ကလန်၊ နဂါးကလန်ကဲ့သို့သော ကလန်များသည် အင်ပါယာအသစ် ပေါ်ပေါက်လာခဲ့ပြီး လူသားမျိုးနွယ်တွင် အင်ပါယာ နှစ်ယောက် သို့မဟုတ် သုံးယောက် ရှိလာခဲ့၏။
ရွှေကျီးကန်းကလန် အနေနှင့် ၎င်းတို့၏ အတိတ်မှ လွှမ်းမိုးနိုင်မှုကို ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်ချက်ရှိသည် ဆိုလျှင်တောင်မှ ထိုကဲ့သို့ ပြုလုပ်ရန်အတွက် အရည်အချင်းမရှိသေးချေ။ တခြားမဆိုနှင့် တကယ်တမ်း နဂါးကလန်သည်သာ လှုပ်ရှားချင်သည်ဆိုပါက ကျိန်းသေပေါက် ရွှေတောင်ပံတော်ဝင်ဖန်းကလန်ကို ဖိနှိပ်ထားနိုင်မှာ သေချာသည်။
“ဖန်းဘုရင်.. ခင်ဗျား လာနောက်နေတာလား”
သက်လတ်ပိုင်းလူသည် အသာရယ်မောလိုက်၏။ သူက ပြောလိုက်၏။ “မွန်းစတားအင်ပါယာနန်းတော်က ဒီကိစ္စရဲ့ လက်သည် ဘယ်သူမှန်းမသိသေးဘူး”
“ဪ”
ဖန်းဘုရင်သည် သက်လတ်ပိုင်းလူကို လှမ်းကာကြည့်ရှုလိုက်၏။ ထိုလူ၏ အမူအရာကို ကြည့်ရသည်မှာ လိမ်ညာပြောဆိုနေသည့်ပုံ မပေါ်ချေ။ ထို့ကြောင့် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ “မွန်းစတားအင်ပါယာ နန်းတော်တောင်မှ အကူအညီ ကင်းမဲ့နေပြီဆိုရင် ကျုပ်အနေနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားဖို့ပဲ ရှိတော့တာပေါ့”
သူ့အနေနှင့် အရင်းအမြစ်များကို အသုံးပြုရန် နှမျောတသ ရှိလှသည်ဆိုလျှင်တောင်မှ ရွှေတောင်ပံတော်ဝင်ဖန်း ကလန်၏ ဂုဏ်သိက္ခာတရားကို ထိန်းသိမ်းနိုင်ရန်အတွက် ကျိန်းသေပေါက် နှလုံးသွေးစက်စက်ယိုရမည် ဆိုလျှင်တောင်မှ ပေးရပေလိမ့်မည်။ သူသည် ထိုကိစ္စများ အားလုံး၏ နောက်ကွယ်တွင် ရှိနေသည့်လူမှာ မည်သူ ဖြစ်သည်ဆိုသည်ကို ကျိန်းသေပေါက် သိရှိရန် လိုအပ်၏။ ပြောပြီးသည့်နောက် ဖန်းဘုရင်သည် မတ်တပ် ထရပ်ကာဖြင့် ထွက်ခွာသွားရန် ပြင်လိုက်၏။
“ဖန်းဘုရင်... ကျေးဇူးပြုပြီး နေပါအုံး” သက်လတ်ပိုင်းလူက တားမြစ်လိုက်သည်။
“ဘာရှိသေးလို့လဲ” ဖန်းဘုရင်က ပြန်လည်ကာ မေးမြန်းလိုက်၏။
“မွန်းစတားအင်ပါယာနန်းတော်က ဒီကိစ္စရဲ့ အစစ်အမှန်တရားကို ရှာဖွေမတွေ့ရှိသေးဘူး ဆိုပေမဲ့ နောက်ကွယ်မှာ လုပ်နေတဲ့လူကို မှန်းဆဖို့အတွက် ခက်ခဲတာ မဟုတ်ဘူး။ ဒါ နဂါးကလန်၊ လူသားကလန်နဲ့ တားမြစ် တည်နေရာထဲက အင်ပါယာ၊ ဒါမှမဟုတ် ခရမ်းရောင်နက်နဲလောကရဲ့ ကျင့်ကြံသူ၊ ဒါမှမဟုတ် မြေအင်မော်တယ် လောက ဒါတွေကလွဲရင် ဘယ်သူမှ မရှိဘူးလေ”
“ဘာကို ဆိုလိုတာလဲ” ဖန်းဘုရင်က မေးမြန်းလိုက်၏။
“ဆိုလိုတာက ရိုးရှင်းတယ်လေ။ ဘယ်သူမှ သတိမပြုမိဘဲ ဒီလိုကိစ္စရပ်ကြီးကို ပြုလုပ်နိုင်စွမ်းရှိတယ်ဆိုတော့ စွမ်းအားမြင့် ကျင့်ကြံသူတွေပဲ နေမှာပေါ့။ ပထမနှစ်ခုက ကျုပ်တို့အနေနဲ့ ကိုင်တွယ်ဖို့ ခက်ခဲတဲ့အရာ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ကနှစ်ခုကတော့ ကျိန်းသေပေါက် အခြေအနေ ဆိုးရွားသွားနိုင်တဲ့အရာပဲ။ သွေးမုန်တိုင်းကြီးတစ်ခု နီးကပ်လာတဲ့ အဓိပ္ပာယ်ပဲ”
ပြောနေစရာပင် မလိုချေ။ လူသားမျိုးနွယ်များ၏ အလုံးစုံသော အားအင်အဆင့်သည် တော်ဝင်အင်ပါယာ သုံးယောက်ဖြစ်သော လင်းရှောင်၊ မုန့်ရှင်းကျီနှင့် ရီကလန်၏ ဘိုးဘေးတို့ ဖြစ်သောကြောင့် ကြီးမားလွန်းလှ၏။ နဂါးကလန်အား အောင်းရွှမ်က တာဝန်ယူထား၏။ ရွှေကျီးကန်းကလန်အနေဖြင့် နဂါးကလန်ကို ယှဉ်ပြိုင်ရန် အတွက် ကျိန်းသေပေါက် ကိစ္စရပ်ကြီး မဟုတ်လှပေ။ ကိစ္စတစ်ခုကို စောစောစီးစီး ကိုင်တွယ်နိုင်သည်ဆိုပါက ကျိန်းသေပေါက် ကောင်းမွန်လှသည့်အရာပင်။ သို့ပေမဲ့ တားမြစ်တည်နေရာထဲတွင် ရှိနေသည့် အင်ပါယာများ ဆိုပါက ရှုပ်ထွေးသွားခဲ့ပြီဖြစ်သည်။
လောကကြီး၏ အဆင့်အတန်းကို သတ်မှတ်ရမည်ဆိုလျှင် အင်ပါယာများအနေနှင့် အကန့်အသတ် မရှိတော့ချေ။ ထို့ကြောင့် တားမြစ်တည်နေရာထဲတွင် ရှိနေသည့် အင်ပါယာများသည် ၎င်းတို့၏ ရည်မှန်းချက်များကို စတင်ကာ အကောင်အထည်ဖော်တော့မှာဖြစ်၏။ ရှေ့ဆီသို့ တစ်လှမ်းလှမ်းတက်ရန်ဆိုလျှင် ၎င်းတို့အနေဖြင့် များပြားလှသည့် အရင်းအမြစ်များကို လိုအပ်၏။ တားမြစ်တည်နေရာထဲတွင် နေ့စဉ်နေ့တိုင်း နေထိုင်ခြင်းအားဖြင့် ၎င်းတို့သည် အရင်းအမြစ်များကို မည်သို့ ရရှိမည်နည်း။
ထို့ကြောင့် အင်အားစု တော်တော်များများကို ဖျက်ဆီးကာ ၎င်းတို့၏ ဆန္ဒများ ပြည့်ဝအောင် ပြုလုပ်ခြင်းပင် ဖြစ်ပေလိမ့်မည်။ တားမြစ်တည်နေရာ၏ အင်ပါယာများသာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ် လာမည်ဆိုပါက ကျိန်းသေပေါက် ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် ဂိုဏ်းဂဏအသီးသီးတို့၏ အလားအလာသည် မကောင်းမွန်လှချေ။ အလုံးစုံ ဖျက်ဆီးခြင်းသို့ ရောက်ရှိမှာ သေချာ၏။
နောက်ဆုံးတစ်ခုဖြစ်သော မြေအင်မော်တယ်လောကဆိုလျှင်တော့ ၎င်းတို့အနေနှင့် ရင်ဆိုင်စရာ တစ်ခုတည်း သာလျှင်ရှိ၏။ ခရမ်းရောင်နက်နဲလောကကြီး၏ လက်ရှိကံကြမ္မာကို ကြည့်လိုက်ရုံနှင့် လောကကြီးတစ်ခုလုံးသည် ပျက်စီးယိုယွင်းနေပြီဖြစ်သည်။
ကောင်းကင်မူလလောကကြီးသည်သာ မြေအင်မော်တယ်လောကကြီးနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင် သူတို့ ဘာအကျိုးကျေးဇူးကို ရရှိမည်နည်း။ ဖြစ်နိုင်သည်မှာ ကောင်းကင်မူလလောကကြီးသည် ခရမ်းရောင်နက်နဲ လောကကြီးထက် ပိုမိုကာ ဆိုးရွားသည့် အခြေအနေဆီသို့ပင် ရောက်ရှိသွားနိုင်ခြင်းပင်။