← Chapters

အပိုင်း (၄၅၇)

Vol. 31 Ch. 457

အပိုင်း (၄၅၇)

Vol. 31 Ch. 457

“ခင်ဗျားရဲ့ အထင်အရဆိုရင် ဘယ်အရာက ပိုပြီးဖြစ်နိုင်လဲ” ဖန်းဘုရင်၏ မျက်လုံးများသည် လျှပ်စီးတန်းများ လင်းလက်လျက်ရှိနေပြီး လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်၏။

“မြေအင်မော်တယ်လောကပေါ့”

သက်လတ်ပိုင်းလူသည် ထိုစကားကို ဖြည်းဖြည်းချင်း ပြောဆိုလိုက်၏။ ဤစကားလုံးများသည် မိုးခြိမ်းသံကဲ့သို့ပင် ဟောခန်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။

ဖန်းဘုရင်သည် အလွန်မြင့်မားလှသည့် ဂုဏ်ထူးဂုဏ်ဝါတစ်ခုတွင် နေထိုင်ခဲ့သည် ဆိုလျှင်တောင်မှ သူ၏ စိတ်နှလုံးသည် မအေးချမ်းနိုင်တော့ချေ။ ဤနာမည်သည် သူ့ကို တကယ်ပင် ဖိအားများ သက်ရောက်စေခဲ့၏။ မြေအင်မော်တယ်လောကဆီမှ ရောက်ရှိလာခဲ့သည့် ဖိအားဆိုသည်မှာ တကယ့်ကို ကြီးမားလှသည့် အရာပင် ဖြစ်ပြီး မြေအင်မော်တယ်လောကသည်သာ ကောင်းကင်မူလလောကကြီးကို တိုက်ခိုက်သည်ဆိုပါက သူတို့အနေနှင့် လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် ခရမ်းရောင်နက်နဲလောကကြီးအနေနှင့် လက်ရှိ အခြေအနေ၌ တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်သည် ဆိုခြင်းမှာ ၎င်းတို့၌ အစစ်အမှန် အင်မော်တယ်တစ်ယောက် ပေါ်ပေါက်လာခြင်း ကြောင့်ပင်။ ကောင်းကင်မူလလောကကြီး၌ အင်ပါယာအဆင့်ဆီသို့ တက်လှမ်းသွားနိုင်သည့် ကျင့်ကြံသူများ ရှိသည်ဆိုလျှင်တောင်မှ အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းသွားနိုင်ဖို့ ဆိုသည်မှာ ကျိန်းသေပေါက် လွယ်ကူလိမ့်မည် မဟုတ်ချေ။

ကောင်းကင်မူလလောကကြီးသည် သွေးနတ်ဆိုးလောကကြီးနှင့် တိုက်ခိုက်ရာ၌ပင် တော်တော် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီးပြီဖြစ်၏။ ထို့အပြင် သွေးနတ်ဆိုးလောကကြီးသည် လက်ရှိအချိန်၌ အစစ်အမှန်အင်မော်တယ်တစ်ယောက် တည်ရှိလို့နေ၏။ ထိူသူသည် အစစ်အမှန် အင်မော်တယ် တစ်ယောက်တည်းသာ ဆိုသော်လည်း ကောင်းကင် မူလလောကကြီးကို ချိုးဖြတ်ပစ်နိုင်သည့် လူတစ်ယောက် ဖြစ်လို့နေ၏။

အခြေအနေက သိသာထင်ရှားလှ၏။ လောကနှစ်ခုကြား စစ်ဖြစ်ပွားပြီးနောက် မြေအင်မော်တယ်လောက သည် ကျိန်းသေပေါက် ခရမ်းရောင်နက်နဲလောကကြီးကို ဖိနှိပ်ခဲ့ပြီးသား ဖြစ်၏။ ၎င်းတို့သည် အားအင်အဆင့် ကျန်သေးသည် ဆိုပါက ကောင်းကင်မူလလောကကြီးကို ဆက်တိုက်ဆိုသလိုပဲ ကျူးကျော်မှုကို ပြုလုပ်နိုင်၏။ ကြောက်မက်ဖွယ်ရာပင်။

“ဒီလို တကယ် ထင်နေတာလား” ဖန်းဘုရင်သည် မျက်မှောင်ကုတ်ကာ မေးမြန်းလိုက်သည်။

“ကျုပ်လည်း သေသေချာချာ မသိဘူး။ ဒါပေမဲ့ မြေအင်မော်တယ်လောကမှာရှိတဲ့ ဂိုဏ်းဂဏ ဒါမှမဟုတ် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် ဒီလိုကိစ္စမျိုးကို စီမံလုပ်ကိုင်နေတယ်ဆိုတာ ခုနှစ်ဆယ်ရာခိုင်နှုန်း သေချာတယ်” သက်လတ်ပိုင်းလူက ဖြည်းညှင်းစွာ ပြောလိုက်၏။ ခုနှစ်ဆယ်ရာခိုင်နှုန်း ဆိုသည်မှာ ဖြစ်နိုင်ချေ တော်တော်ပင် မြင့်မားလှ၏။

“ခရမ်းရောင်နက်နဲလောကနဲ့ မြေအင်မော်တယ်လောကကြားမှာရှိတဲ့ စစ်ပွဲကြီးက မပြီးဆုံးသေးဘူး။ မြေအင်မော်တယ်လောကရဲ့ လူတွေက ကောင်းကင်မူလလောကကြီးကိုတောင် လက်လှမ်းလာ နေပြီလား။ သူတို့ တကယ့်ကို မောက်မာလွန်းတယ် မထင်ဘူးလား”

ဖန်းဘုရင်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် အသာပြောလိုက်သည်။ “ကြည့်ရတာ အထီးကျန်မှုကို မခံစားနိုင်တဲ့ တားမြစ်တည်နေရာထဲက အင်ပါယာတချို့လည်း ဖြစ်နိုင်သေးတယ်လေ။ သူတို့ လောကကြီးထဲ ပြန်ဝင်လာချင်တာလည်း ဖြစ်နိုင်တယ်”

“ကျုပ်လည်း ဒီလိုထင်တယ်။ ဒါပေမဲ့ အချက်အလက်အားဖြင့် ခရမ်းရောင်နက်နဲလောကကြီးက မြေအင်မော်တယ်လောကကြီး နဲ့ မယှဉ်နိုင်ခဲ့ဘူးလေ”

သက်လတ်ပိုင်းလူသည် ခေါင်းကို ခါယမ်းလိုက်၏။ “ကျုပ်ရဲ့ လက်ရှိအမြင်အရဆိုရင် ခရမ်းရောင်နက်နဲ လောကကြီးဆီမှာ အစစ်အမှန် အင်မော်တယ်တစ်ယောက်ရှိတယ်။ မြေအင်မော်တယ်လောကကြီးက အစစ်အမှန် အင်မော်တယ်လေးယောက်ကို ထုတ်ဖော်ပြသပြီးပြီ။ ကြောက်စရာပဲ”

“ဒါက” ဖန်းဘုရင်က တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည်လည်း ဤကိစ္စကို သိရှိပြီးဖြစ်သည်။

လက်ရှိနှစ်များအတွင်းတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ခရမ်းရောင်နက်နဲလောကဆီမှ လာရောက်ကြသည့် သတ္တဝါ တော်တော်များများတို့ ရှိခဲ့၏။ ထိုသူတို့သည် နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးနောက် အခွင့်အရေးများကို ဝယ်ယူခဲ့ကြ၏။ ထိုကဲ့သို့သော ရည်ရွယ်ချက်များ အားလုံးတို့သည် မြေအင်မော်တယ်လောကကို ခုခံရန်အတွက် ဖြစ်၏။

ထို့အပြင် မြေအင်မော်တယ်လောကသည် အစောကြီးကတည်းက တိုက်ခိုက်နေခဲ့ပြီဖြစ်၏။ ကောင်းကင်ဘုံ ပစ္စည်းတချို့နှင့် ကောင်းကင်ဘုံရတနာများကို သိမ်းဆည်းထားခြင်း ဆိုသည်မှာ လုံလောက်သည့် အားအင်အဆင့် မရှိပါက တစ်ဖက်လူများ၏ လက်ထဲသို့ ရောက်ရှိသွားမည့် အရာမျိုးပင် ဖြစ်၏။ သို့ပေမဲ့ ထိုအရာများ အားလုံးကို သတင်းအချက်အလက်များဖြင့် လဲလှယ်လိုက်မည်ဆိုပါက ကျိန်းသေပေါက် သူတို့အနေနှင့် ခုခံနိုင်မည့် အရာများ ဖြစ်လာပေလိမ့်မည်။

သို့သော်ငြား ထိုသို့ဆိုလျှင်တောင်မှ ခရမ်းရောင်နက်နဲလောကကြီးသည် မြေအင်မော်တယ်လောကနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ ၎င်းတို့နှစ်ခုသည် တူညီသည့် အဆင့်တွင် ရှိနေသည့် အရာမျိုး မဟုတ်ကြောင်း သက်သေပြလျက် ရှိနေ၏။

“သတိ မမေ့နဲ့အုံး။ မြေအင်မော်တယ်လောကမှာ ရှိတဲ့ အင်အားစုတွေထဲက ကျောက်စိမ်းလေဟာနယ် နန်းတော်က လောကနှစ်ခုကြား တိုက်ပွဲမှာ ပေါ်မလာသေးဘူး။ သူတို့က ခရမ်းရောင်နက်န လောကကြီးမှာ ရှိနေတဲ့ အရင်းအမြစ်တွေကို မမြင်တာ မဖြစ်နိုင်ဘူး။ သူတို့က ကြီးကြီးမားမား လှုပ်ရှားဖို့ ပြင်ဆင်နေတာပဲ ဖြစ်မယ်” သက်လတ်ပိုင်းလူက လေးလေးနက်နက် ပြောလိုက်သည်။

“ခင်ဗျား ပြောနေတာ ကျောက်စိမ်းလေဟာနယ်နန်းတော်ရဲ့ အဓိကရည်ရွယ်ချက်က ခရမ်းရောင် နက်နဲလောကကြီး မဟုတ်ဘဲနဲ့ ကောင်းကင်မူလလောကကြီးလို့ ဆိုလိုတာလား” ဖန်းဘုရင်က မျက်မှောင်ကုတ် လိုက်သည်။

လောကကြီးနှစ်ခု ပေါင်းစပ်ပြီးသည့်နောက် ကျောက်စိမ်းလေဟာနယ် နန်းတော် မည်မျှကြောက်မက်ဖွယ် ကောင်းကြောင်းကို သူတို့ သိရှိပြီးဖြစ်၏။ ရန်ကျန့် ကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်သည့် အကြောင်းကို ကြည့်ရှုမည်ဆိုလျှင် ကျောက်စိမ်းလေဟာနယ် နန်းတော်၏ အမွေအနှစ် မည်မျှ နက်ရှိုင်းကြောင်း သိရှိပြီး ဖြစ်ပေလိမ့်မည်။ အစစ်အမှန် အင်မော်တယ်တစ်ယောက်သည် နန်းတော်ထဲတွင် ထိုင်လျက် ရှိနေ၏။ ကျောက်စိမ်းလေဟာနယ် နန်းတော်သည်သာ ၎င်းတို့ဆီကို ရောက်ရှိလာပါက လောကကြီးတစ်ခုလုံးသည် နေဝင်မိုးချုပ်သွားမှာ သေချာ၏။

"ဖြစ်နိုင်ဖို့က အရမ်းများတယ်။ "

သတ်လတ်ပိုင်းလူသည် အသာသက်ပြင်းချကာ ပြောလိုက်သည်။ "အသေးစိတ်အချက်အလက်တွေကို သိရှိဖို့ဆိုရင် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီ သွားမှပဲဖြစ်မယ်။ ဒါပေမဲ့ လောကနှစ်ခုကြားမှာ ဖြစ်နေတဲ့ စစ်ပွဲ အသေးစိတ်တွေ ပါနေတယ်။ ပြီးတော့ အစစ်အမှန်အင်မော်တယ်တွေလည်း ပါဝင်နေတယ်။ ဒီတော့ ဒီသတင်းရဲ့ တန်ဖိုးက ….."

သူ့အနေဖြင့် ဆက်ကာ မပြောတော့ချေ။ သို့ပေမဲ့ ဖန်းဘုရင်သည် အစောကြီးကတည်းက နားလည်နေပြီဖြစ်၏။ အင်မော်တယ်များပင် ပါဝင်နေသောကြောင့် သတင်းအချက်အလက်ကို ဝယ်ယူမည်ဆိုလျှင် ကျိန်းသေပေါက် ထိခိုက်နာကျင်စရာမျိုး ဖြစ်လာပေလိမ့်မည်။

သတင်းအချက်အလက်ကို ဝယ်ယူပြီးသည် ဆိုလျှင်တောင်မှ သူတို့သည် ဘာလုပ်၍ ရနိုင်မည်နည်း။ ဘာမှမလုပ်နိုင်ချေ။ သတင်းအချက်အလက်များကို ရယူပြီး တစ်ဖက်လူ လာသတ်သည်ကို ဤအတိုင်း ခံရပေလိမ့်မည်။ ဆိုးရွားလှသည့် ကံတရားပင်။ အစစ်အမှန်အင်မော်တယ်များနှင့် ရင်ဆိုင်သည်ဆိုခြင်းမှာ နဂါးတစ်ကောင်ကို ပုရွက်ဆိတ်ပေါင်းများစွာက သွားရောက်တိုက်ခိုက်ခြင်းနှင့် ဆင်တူနေ၏။

"ကြည့်ရတာ ကျုပ်တို့ လူသားမျိုးနွယ်တွေနဲ့ စကားပြောဖို့ လိုအပ်လာပြီပဲ။ ပြီးတော့ နဂါးကလန်၊ ကောင်းကင်မူလောကထဲမှာ ရှိနေတဲ့ တခြားကလန်တွေနဲ့လည်း စကားပြောရတော့မယ်" ဖန်းဘုရင်က ပြောဆိုလိုက်သည်။ အဖွဲ့အစည်းတစ်ခုတည်းနှင့် မြေအင်မော်တယ်လောကတွင် ဖြစ်နေသမျှကို စုံစမ်းရန်မှာ ယုတ္တိတန်သည့် ကိစ္စမျိုး မဟုတ်ချေ။ အတူတကွ သွားရောက်ကာ ကောင်းကင်လျှို့ဝှက် နန်းဆောင်ရှိ အချက်အလက်များကို ဝယ်ယူခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။ မည်သည့်သတင်းအချက်အလက်ကို ရရှိ၍ ဘာဆက်လုပ်ရမည်သည် မြေအင်မော်တယ်လောကကြီး မည်မျှအားစိုက်ထုတ်မည် ဆိုသောအချက်အလက် ပေါ်တွင် မူတည်နေသည်။ သို့ပေမဲ့ ထိုသူ တို့အနေဖြင့် ခရမ်းရောင် နက်နဲလောကကြီးနှင့် ရင်ဆိုင်စရာကလည်း ရှိနေသေး၏။ ထို့ကြောင့် ကောင်းကင်မူလလောကကြီးဆီသို့ လူပေါင်းများစွာ ရောက်ရှိလာရန်မှာ မဖြစ်နိုင်သေး ချေ။

"တကယ်လို့ ကောင်းကင်မူလလောကကြီးမှာသာ အစစ်အမှန် အင်မော်တယ်တစ်ယောက် ရှိခဲ့မယ်ဆိုရင် …." သတ်လတ်ပိုင်းလူက တီးတိုးရေရွတ်လိုက်၏။

ထိုစကားစု ထူးဆန်းစွာ ထွက်သွားပြီးနောက် သူသည် ချက်ချင်းပဲ အတွေးများကို ဖယ်ရှားလိုက်၏။ ဤကိစ္စသည် ယုတ္တိမတန်လှချေ။ အင်ပါအဆင့်ကိုပင် သူတို့မတတ်လှမ်းနိုင်ချေ။ အင်မော်တယ်ဖြစ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် ကိစ္စရပ်ပင်။ အင်မော်တယ်ဖြစ်လာရန် ပြည့်စုံသည့် အရည်အသွေးကို ပိုင်ဆိုင်သည့် လူများ ရှိလျှင်တောင်မှ ၎င်းတို့သည် အင်မော်တယ် ဖြစ်လာခဲ့သော အင်မော်တယ်ပိုင်လီနှင့် နိရယအင်ပါယာကဲ့သို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ အလျင်စလို ဝင်ရောက်နိုင်သည့် အခြေအနေမျိုး မဟုတ်ခဲ့ချေ။ လက်ရှိအချိန်မှာတော့ အင်မော်တယ်ဖြစ်လာရန် စာရင်းထဲကိုပင် မဝင်သည့် အင်ပါယာများသာလျှင် ကောင်းကင်မူလလောကကြီး ထဲ၌ တည်ရှိ၏။ မည်သူမှသည် အင်မော်တယ်ဖြစ်လာရန် အရည်အသွေးမပြည့်ဝဟု သတ်မှတ်ရမလိုပင်။

"အစစ်အမှန် အင်မော်တယ် ဟင်း …."

ဖန်းဘုရင်သည် သက်ပြင်းအရှည်ကြီး ချလိုက်မိ၏။ မြေအင်မော်တယ် လောကကြီးသည် ကြီးမားသည့် လှုပ်ရှားမှုကို မပြုလုပ်ခဲ့သေးချေ။ အင်မော်တယ်ဟူသော စကားလုံးနှင့်ပင် ၎င်းတို့ အသက်ရှုကြပ်လို့နေခဲ့၏။ အင်မော်တယ်သည်သာ တကယ်တမ်း ရောက်ရှိလာပါက ဖြစ်လာနိုင်သည့် အခြေအနေသည် ခန့်မှန်း၍ပင် ရလိမ့်မည် မဟုတ်ချေ။

…………

တခြားသော တစ်ဖက်ခြမ်း

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် မုန့်ရှင်းကျီ အင်ပါယာဖြစ်လာပြီးနောက် ပိုမိုကာ ချဲ့ထွင်လာခဲ့၏။ တောင်၏ ဂိတ်တံခါးသည် ပိုမိုကာ ကြီးမားလာခဲ့ပြီး ဟောခန်းကြီးသည်လည်း ပိုမိုကာ ကြီးမားလာခဲ့၏။ အရှိန်အဟုန်လည်း တကယ်ပင် ပြင်းထန်လာခဲ့၏။

တောင်ထွတ်များသည် မြင့်မားလျက် ရှိနေပြီး တိမ်များထဲသို့ပင် ထိုးသွင်းလျက် ရှိနေ၏။ ရှေးသစ်ပင်ကြီးသည် လေနှင့်အတူ ယိမ်းယိုင်လျက် ရှိနေပြီး စိတ်ဝိညာဉ်စွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံနေ၏။ ကောင်းကင်တွင် အင်မော်တယ်ကြိုးကြာများ ပျံသန်းလျက် ရှိနေပြီး တကယ့်ကို နတ်ဘုံနတ်နန်းကဲ့သို့ပင် အထင်မှားရစေ၏။ တည်နေရာကို ကြည်ရှုပြီး သုံးသပ်ရမည်ဆိုလျှင် နတ်ဆိုးလမ်းစဉ်ကို လျှောက်လမ်းနေကြသည့် လူများဖြစ်သည်ဟု မည်သူမှ ယုံကြလိမ့်မည် မဟုတ်ချေ။

"ဂိုဏ်းချုပ် …. ကျုပ်တို့ နတ်ဆိုးဂိုဏ်းက လတ်တလောမှာ ကျော်ကြားလာခဲ့ပြီ။ ဂိုဏ်းတော်တော်များများ ကလည်း အညံ့ခံလာကြတယ်။ မိုင်းသန်းနဲ့ချီ ကွာဝေးတဲ့ ဝမ်ဟန်နတ်နယ်မြေကတောင်မှ အကြီးအကဲ တစ်ယောက်ကို စေလွှတ်ပြီး လက်ဆောင်ပေးခိုင်းထားသေးတယ်။”

ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်ဖြစ်သော ဟောင်ကွမ်သည် ယန်ရှို၏ နောက်မှလိုက်ကာဖြင့် လေးလေးစားစား ပြောဆိုလျက်ရှိသည်။ ပြောဆိုနေတုန်းမှာပဲ သူသည် ယန်ရှိုဆီသို့ ဂါဝရပြုကတ်ပြားတစ်ခုကို လှမ်းကာပေးလိုက်၏။

"ဂိုဏ်းချုပ် …. ဒါက ဝမ်ဟန်နတ်နယ်မြေဆီက ဂါဝရပြုတဲ့ ကတ်ပြားပါပဲ"

"ဝမ်ဟန်နတ်နယ်မြေ ဟုတ်လား။ "

အလွန်ကြည့်ကောင်းလှသည့် ဟန်ပန်မျိုးဖြင့် ယန်ရှိုသည် ချောက်ကမ်းပါးတစ်ခုဆီသို့ လှမ်းလျှောက်လာခဲ့၏။ သူသည် လက်နှစ်ဖက်ကို နောက်သို့ယှက်ကာဖြင့် အသာပြောလိုက်သည်။ "ဒီဂိုဏ်းကို ကျုပ်မှတ်မိတယ်။ သူတို့ကိုသူတို့ လမ်းမှန်ဂိုဏ်းသားတွေလို့ သတ်မှတ်ထားခဲ့တာလေ။ ဘယ်လိုဖြစ်လို့ ကျုပ်တို့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းကို ဂါရဝပြုကတ်ပြားတွေ ပို့နေရတာလဲ။ တကယ့်ကို ရယ်စရာပဲ။ အင်း … သူတို့ကိုငြင်းလိုက်။ ပြီးတော့ ကျုပ်အခု အလုပ်များနေတယ်။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အနေနဲ့ နေ့စဉ်နေ့တိုင်း များပြားတဲ့ တခြားဂိုဏ်းချုပ်တွေ၊ နတ်အရှင်တွေနဲ့ တွေ့ဆုံနေရတယ်လေ။ ဝမ်ဟန်နတ်နယ်မြေက လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်။"

ဖော်ပြချက်သည် ရှင်းလင်းလွန်းလှ၏။ ဝမ်ဟန်နတ်နယ်မြေသည် သူ့ကို တွေ့ချင်သည် ဆိုလျှင်တောင်မှ လက်ရှိအချိန်တွင် တွေနိုင်သည့် အရည်အချင်းမရှိချေ။

"ကောင်းပါပြီ"

ဟောင်ကွမ်သည် အနည်းငယ် မနာလိုသည့် မျက်နှာအသွင်အပြင်နှင့် ယန်ရှို၏ ကျောပြင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ မူလအားဖြင့် ဤနေရာသည် သူပိုင်ဆိုင်သည့် နေရာဖြစ်၏။ ကံဆိုးစွာဖြင့် သူ၏တပည့်သည် စောစောစီးစီးသေဆုံးသွားခဲ့ပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ စောစော မဝင်ခဲ့ရချေ။ ထို့ကြောင့်ပင်လျှင် အကျိုးအမြတ်များ အားလုံးသည် ယန်ရှိုဆီသို့ ရောက်ရှိသွားခဲ့၏။

မဟုတ်ပါက ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ အောင်မြင်မှုများ အားလုံးသည် သူ၏လက်ထဲတွင် ဖြစ်တည်လာမှာ သေချာ၏။ သို့ပေမဲ့ လက်တလောအခြေအနေမှာတော့ နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူသည် ဘာတစ်ခုကိုမှ မရရှိခဲ့ချေ။ ဂိုဏ်းချုပ်နေရာကိုပင် လက်လွတ်ခဲ့ရ၏။ သူ့အနေဖြင့် ဂိုဏ်းချုပ်နေရာကို ပြန်လည်ရရှိရန် အတော်လေး ပြန်လည်ကြိုးစားရပေဦးမည်။

All Chapters