← Chapters

အပိုင်း (၄၅၈)

Vol. 31 Ch. 458

အပိုင်း (၄၅၈)

Vol. 31 Ch. 458

ထွက်ခွာသွားခဲ့သော ဟောင်ကွမ်၏ နောက်ကျောအား ကြည့်ရှုရင်း ယန်ရှိုသည် မျက်မှောင်ကုတ်လိုက်မိ၏။ တစ်ချိန်က ဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးသော သူ၏ ဂျူနီယာညီလေးသည် ကောင်းမွန်သည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ပြီး ကိုယ်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုလည်း မြင့်မား၏။ ကိစ္စတစ်ခုခု မရှိလျှင် ဤကဲ့သို့ မျက်နှာပျက်ရွင်းနေ လိမ့်မည် မဟုတ်ချေ။

"ဂိုဏ်းချုပ် တစ်ခုခုဖြစ်ပြီ"

ဟောင်ကွမ် သည် ဝမ်ဟန်နတ်နယ်မြေဆီမှ ဂါရဝပြုကတ်ပြားကို ကိုင်ဆောင်ပြီး ချက်ချင်း ပြန်ရောက်လာခဲ့၏။ "ဝမ်ဟန်နတ်နယ်မြေက သုတ်သင်ခြင်းကို ခံလိုက်ရပြီ"

“ဘာ …”

ယန်ရှိုသည် တွန့်ခနဲ့ ဖြစ်သွားမိ၏။ သူ့အား ဂါရဝပြုကတ်ပြား ပေးအပ်ခဲ့သည့် ဂိုဏ်းသည် မျက်စိတစ်မှတ်အတွင်း ပျောက်ကွယ်သွားခဲ့၏။ ဘယ်လိုပဲပြောပြော ဝမ်ဟန်နတ်နယ်မြေသည် နတ်နယ်မြေတစ်ခုအဖြစ်တော့ တည်ရှိနေသေး၏။ ထိုကဲ့သို့ ငြိမ်ငြိမ်သက်သက် ဖျက်ဆီးခြင်း ခံရမည့် အရာမျိုး မဟုတ်ချေ။

အရင်ဦးဆုံး ယန်ရှို၏ မျက်လုံးထဲသို့ ဝင်လာသည်မှာ ကောင်းကင်လျှို့ဝှက် နန်းဆောင်ပင် ဖြစ်၏။ တစ်စုံတစ်ယောက်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့ အသုံးပြုခဲ့သည့် နည်းလမ်းအတိုင်း ဝမ်ဟန်နတ်နယ်မြေ၏ တောင်အကာအကွယ်အစီအရင်ကို ဝယ်ယူကာ နတ်နယ်မြေတစ်ခုလုံး ကို ဖျက်ဆီးပစ်လိုက်သည်လား။ ထိုမှသာလျှင် ဝမ်ဟန်နတ်နယ်မြေသည် တစ်ခါတည်း ပျက်စီးသွားနိုင်၏။ ထို့ပြင် နတ်နယ်မြေဆစ်ခုကို တိုက်ခိုက်ရာတွင် ပထမဆုံး ပြုလုပ်ရသည်မှာ အစီအရင်ကို ကျော်ဖြတ်ခြင်းသာ ဖြစ်၏။ အစီအရင်ကို အချိန်မီ မချိုးဖျက်နိုင်ပါက ကောင်းကင်မူလလောကထဲတွင် ရှိနေသော ဂိုဏ်းအသီးသီးကို သတိပေးလိုက်သလို ဖြစ်ပေလိမ့်မည်။

"ဘယ်အချိန်က ဖြစ်သွားတာလဲ။ ဘယ်သူလုပ်ခဲ့တာလဲ သိလား။ "

"ဘယ်သူလုပ်ခဲ့တာလဲ မသိပါဘူး။ သိတာက ကောင်းကင်ကနေ လက်ဝါးကြီးတစ်ခု ကျဆင်းလာပြီး ဝမ်ဟန်နတ်နယ်မြေတစ်ခုလုံး တစ်ခါတည်း ပျောက်ကွယ်သွားခဲ့တာပဲ။"

ဟောင်ကွမ်၏ မျက်နှာတစ်ခုလုံးသည် ဇဝေဇဝါ အမူအရာများနှင့် ပြည့်နှက်လျက် ရှိ၏။ ယခင်က ဂိုဏ်းချုပ် ဖြစ်ခဲ့ဖူးသော လူတစ်ယောက်အနေဖြင့် ဤကိစ္စသည် ပုံမှန်မဟုတ်ကြောင်း သတိထားမိ၏။ ဝမ်ဟန်နတ်နယ်မြေ ဖျက်ဆီးခံရခြင်းသည် သာမန်မဟုတ်ကြောင်း သိသာ၏။ နတ်နယ်မြေတစ်ခုအနေဖြင့် သူတော်စင်များ၊ တော်ဝင်သူတော်စင်များပင် အထဲတွင် ရှိကောင်းရှိနိုင်၏။ သို့ပေမဲ့ ထိုသူတို့အားလုံးသည် ခုခံရန်အတွက် စွမ်းအင်ကင်းမဲ့လို့နေခဲ့၏။ ချက်ချင်းဆိုသလိုပင် သတ်ဖြတ်ခံလိုက်ရခြင်းမှာ လာရောက်လုပ်ကြံသူများသည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလေသနည်း။ အင်ပါရီယန်လက်နက်များကို ကိုင်ဆောင်ထားသည့် ကွာစီအင်ပါယာ ထိပ်ဆုံးအဆင့် ကျင့်ကြံသူများလည်း ဖြစ်နိုင်သည် သို့မဟုတ် တော်ဝင်အင်ပါယာ တစ်ယောက်ပင်လျှင် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီး တိုက်ခိုက်ခဲ့လေသည်လား။

"အပြင်ကနေ တိုက်ခိုက်ခဲ့တာလား"

ယန်ရှိုသည် မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာဖြင့် မျက်လုံးများ မှေးကျဉ်းသွားခဲ့၏။ နှစ်ပေါင်းများစွာသော အတွေ့အကြုံများအရ သူကောင်းကောင်းသိရှိ၏။ ဝမ်ဟန်နတ်နယ်မြေ ဖျက်ဆီးခံရခြင်းသည် အားအင်သီးသန့် ဖြင့် ဖျက်ဆီးခံရခြင်းသာ ဖြစ်သည်။

"သေသေချာချာ ပြန်စဉ်းစားမယ်ဆိုရင် မကြာသေးခင်က လူသားနယ်မြေထဲမှာ ရှိတဲ့ ဂိုဏ်းတော်တော်များများ ဖျက်ဆီးခြင်း ခံခဲ့ရတယ်" ယန်ရှိုက တီးတိုးပြောလိုက်၏။

"ဂိုဏ်းချုပ်ပြောတာ အမှန်ပါပဲ။ ဂိုဏ်းတော်တော်များများက ပျောက်ကွယ်သွားခဲ့ကြတယ်။ လက်ရှိ မွန်စတားကလန်သုံးခု လည်း ဖျက်ဆီးခြင်း ခံလိုက်ရပြီ။ ဒီနေ့ ဝမ်ဟန်နတ်နယ်မြေကလည်း သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရတယ်"

ဟောင်ကွမ်သည် မျက်မှောင်ကုတ်လိုက်၏။ သူ၏လေသံသည် တကယ်ကို လေးနက်မှုများနှင့် ပြည့်နှက်လျက် ရှိ၏။ ကောင်းကင်မူလလောကကြီးကို မမြင်ရသည့် လက်ကြီးတစ်ခုက ဖုံးကွယ်ထားခဲ့ပြီး အားလုံးသောသူများကို ဖိနှိပ်နေသကဲ့သို့ပင်။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းအတွင်း ရှိနေလျှင်တောင်မှ ၎င်းတို့သည် လုံခြုံမှုကို မခံစားရချေ။ ထို့အပြင် ဝမ်ဟန်နတ်နယ်မြေသည် ခန့်မှန်း၍ မရသော အားအင်ကို ပိုင်ဆိုင်သည်ဟု သတ်မှတ်ရမည့် ဂိုဏ်းတစ်ခုဖြစ်၏။ တော်ဝင်အင်ပါယာတစ်ယောက်ကို မွေးထုတ်နိုင်ခြင်း မရှိသေးလျှင်တောင်မှ ၎င်းတို့သည် အလယ်အလတ်ဂိုဏ်းများနှင့် နှိုင်းယှဉ်၍ ရနိုင်၏။ လိုအပ်နေသည်မှာ တော်ဝင်အင်ပါယာ တစ်ယောက်သာပင်။

"အင်း ….. မွန်းစတားနယ်မြေရဲ့ ကလန်သုံးခု၊ လူသားနယ်မြေရဲ့ အသေးစားနဲ့ အလတ်တန်းစား ဂိုဏ်းနှစ်ဆယ် ဒါတွေအားလုံးက ဖျက်ဆီးခြင်းကို ခံလိုက်ရတယ်။ အခု ဝမ်ဟန်နတ်နယ်မြေတောင် ပါဝင်လာပြီဆိုတော့ ခန့်မှန်းလို့မရတဲ့ အခြေအနေဖြစ်လာပြီ"

ယန်ရှို၏ မျက်လုံးများသည် လေဟာနယ်ထဲကို စူးစိုက်ကာ ကြည့်ရှုနေ၏။ သူက တီးတိုးရေရွတ်လိုက်သည်။ "စိတ်ဝင်စားစရာတော့ ကောင်းလာပြီပဲ"

"ဂိုဏ်းချုပ် တစ်ခုခုကို စဉ်းစားမိလို့လား" ဟောင်ကွမ်က မေးမြန်းလိုက်၏။

"ကျုပ် ဘာတစ်ခုကိုမှတော့ မစုံစမ်းမိသေးပါဘူး။ ဒါပေမဲ့ ဒီဂိုဏ်းတွေ ဖျက်ဆီးခံရခြင်းက ကျုပ်ကို ခံစားချက် တစ်ချို့ ပေးနေတယ်" ယန်ရှိုသည် လက်ကိုနောက်ပစ်ကာဖြင့် မထူးခြားနားသလို ပြောလိုက်သည်။

"ခံစားချက် ဟုတ်လား။ ဘယ်လိုခံစားချက်မျိုးလဲ " ဟောက်ကွမ်သည် အသာမေးမြန်းလိုက်၏။

"ဒီကိစ္စနောက်ကွယ်မှာ ရှိတဲ့လူက တစ်စုံတစ်ခုကို စမ်းသပ်ချင်တဲ့ပုံပဲ။ အားနည်းတဲ့ဂိုဏ်းလေးတွေကနေ အားကောင်းတဲ့ဂိုဏ်းတွေထိ တဖြည်းဖြည်း အဆင့်တိုးပြီး ရှင်းလင်းပစ်နေတယ်။ သူတို့က တစ်ချို့နားလည်မှုတွေကို တူးထုတ်ချင်နေတာ ဖြစ်လိမ့်မယ်။”

သူသည် လေဟာနယ်ထဲကို ကြည့်ရှုကာ တီးတိုးရေရွတ်လိုက်၏။ "သူတို့က တကယ်ပဲ စမ်းသပ်ဖို့ ကြိုးစားနေတာပဲ"

"တားမြစ်တည်နေရာထဲမှာ ရှိနေတဲ့ တစ်ချို့ရှေးမွန်းစတားတွေ ပြန်လာဖို့ ကြိုးစားနေတာများလား။ "

ဟောင်ကွမ်က တွက်ချက်လိုက်၏။ လက်ရှိအချိန်မှာတော့ ထိုနေရာဆီမှ ထွက်လာသော တော်ဝင်အင်ပါယာများသည် ကောင်းကင်မူလလောကကြီးထဲ၌ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ခဲ့၏။ သို့ပေမဲ့ နှစ်ဖက်လုံး သည် မိမိကိုယ်မိမိ ပြန်လည်ထိန်းသိမ်းခဲ့ကြသည်။

"မဟုတ်သေးဘူး"

ယန်ရှိုက ခေါင်းကို ခါယမ်းလိုက်၏။ "တားမြစ်တည်နေရာထဲမှာ ရှိနေတဲ့ ရှေးမွန်းစတားတွေဆိုရင် နယ်မြေတစ်ခုလုံးကို လွှမ်းမိုးဖို့ ကြိုးစားမှာပဲလေ။ ဂိုဏ်းကဏ တွေကို သုတ်သင်ရှင်းလင်းဖို့ ကြိုးစားမှာ မဟုတ်ဘူး။ ဒီလိုလုပ်ရပ်က သူတို့ စိတ်ဝင်စားတဲ့ကိစ္စရပ်မျိုး မဟုတ်ဘူး။ ဖြည်းဖြည်းချင်း စမ်းသပ်သွားတဲ့ ကိစ္စက စိတ်ဝင်စားစရာ ဖြစ်နေတယ်။ "

ယန်ရှိုသည် အချိန်အတော်ကြာ စဉ်းစားပြီးနောက် မည်သည့် သဲလွန်စကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ ဟောင်ကွမ်ဆီသို့ အသာလှည့်ကာ ညွှန်ကြားလိုက်သည်။

"ကျေးဇူးပြုပြီး ဂျူနီယာအစ်ကို … ကော်းကင်လျှို့ဝှက် နန်းဆောင်ဆီကို သွားပါလား။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီကို ရောက်ပြီးရင် စီနီယာနန်းဆောင်သခင် အနေနဲ့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း ဘယ်လိုမျိုး အန္တရာယ်ကြားကနေ ရှောင်ထွက်လို့ရမလဲ ဆိုတဲ့အကြောင်းကို စုံစမ်းလိုက်လေ"

ယန်ရှို၏ အဓိပ္ပာယ်က ရှင်းလင်းလွန်းလှ၏။ သူ့အနေဖြင့် တစ်ချို့ဂိုဏ်းများ ဖြစ်ပွားခဲ့သည့် အကြောင်းအရာများ ကို မထိန်းချုပ်နိုင်ချေ။ နောက်ကွယ်မှ ပြုလုပ်နေသူသည် ငရဲကိုကောင် နတ်ဆိုးဂိုဏ်းကို ပစ်မှတ်မထားမချင်း သူ့အနေဖြင့် စိုးရိမ်နေလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ပြိုင်ဖက်၏ အားအင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ဝမ်ဟန်နတ်နယ်မြေကိုပင် တစ်ချက်တည်း ရိုက်နှက်ကာ သတ်ဖြတ်ခဲ့သောကြောင့် သူတို့ကိုလည်း လာရောက်ကာ သတ်ဖြတ်နိုင်စွမ်း ရှိနေ၏။ အင်ပြည့်အားပြည့်နှင့် တိုက်ခိုက်ခဲ့သည်ကို ကြည့်ရမည်ဆိုလျှင် တစ်ဖက်လူသည် တော်ဝင်အင်ပါယာတစ်ယောက်ပင် ဖြစ်နိုင်စွမ်း ရှိ၏။ အဆင့်ကျော်ဖြတ်လုနီးပါး ကွာစီအင်ပါယာတစ်ယောက် ဖြစ်နေလျှင်တောင် ယန်ရှိုအနေဖြင့် အံ့အားသင့်လိမ့်မည် မဟုတ်ချေ။

"ကောင်းပါပြီ"

ဟောင်ကွမ်သည် ဦးညွှတ်ကာ ထွက်ခွာသွားရန် ပြင်လိုက်၏။ ထိုစဉ်မှာပဲ အဝေးတစ်နေရာဆီမှ အလင်းတန်းတစ်ခုက ချဉ်းကပ်လာခဲ့၏။ ပြီးနောက် သူတို့နှင့် မနီးမဝေး တည်နေရာဆီသို့ ရောက်ရှိလာ၏။

"တပည့် ဂိုဏ်းချုပ်နဲ့ အကြီးအကဲဟောင်ကို ဂါဝရပြုပါတယ်" ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ တပည့်တစ်ယောက်သည် အသာဦးညွှတ်ကာ ပြောဆိုလိုက်သည်။

"ဘာကိစ္စရှိလို့လဲ" ဟောင်ကွမ်က မေးမြန်းလိုက်၏။

"အကြီးအကဲကို ဂါဝရပြုပါတယ်။ ဖန်းဟန်လို့ခေါ်တဲ့ လူတစ်ယောက်က တောင်ရဲ့ဂိတ်တံခါးမှာ လာပြီး တွေ့ခွင့်တောင်းနေပါတယ်။ သူက တွေ့ချင်လို့တဲ့" တဖြည်းဖြည်းနှင့် ထိုတပည့်၏ အသံက တိုးသွားခဲ့သည်။

"ဘယ်သူ့ကို တွေ့ချင်တာလဲ" ဟောင်ကွမ်က မျက်မှောင်ကုတ်ကာ မေးမြန်းလိုက်၏။

"သူ …. သူတွေ့ချင်တာက ဘိုးဘေးတဲ့"

"ဘိုးဘေး ဟုတ်လား" ယန်ရှိုက မျက်မှောင်ကုတ်လိုက်မိ၏။ သူတို့၏ ဘိုးဘေးသည် သာမန်လူတစ်ယောက် မဟုတ်ချေ။ တော်ဝင်အင်ပါယာ တစ်ယောက်ဖြစ်၏။ ကောင်းကင်မူလလောကကြီးတွင် တော်ဝင်အင်ပါယာ ဆိုသည်မှာ လက်ငါးချောင်းထက် ပိုလှသည် မဟုတ်ပေ။ ဖန်းဟန်ဆိုသောလူသည် သူတို့၏ဘိုးဘေးကိုပင် တွေ့ဆုံရန် တောင်းခံလျက် ရှိနေ၏။

ယန်ရှိုသည် အသာရယ်မောလိုက်၏။ ဖန်းဟန်ကို နှင်ထုတ်ရန် စဉ်းစားလိုက်မိ၏။ သို့ပေမဲ့ ခဏအတွင်းမှာပဲ …

"ဖန်းဟန်လား"

နာမည်ကို မှတ်မိသွားချိန်မှာတော့ ယန်ရှိုသည် တွန့်ခနဲဖြစ်သွားခဲ့၏။ သူသည် အမြန်ပဲမေးမြန်းလိုက်သည်။ "လောကအသီးသီးရဲ့ ပါရမီရှင်စာရင်းမှာ ခြောက်ယောက်မြောက်နေရာချိတ် ဖန်းဟန်လား"

All Chapters