← Chapters

အပိုင်း (၄၆၀)

Vol. 31 Ch. 460

အပိုင်း (၄၆၀)

Vol. 31 Ch. 460

မြေအင်မော်တယ်လောက၊ လွင့်မျောတိမ်တောင် ....။

နတ်ဘုရားတောင်ထွတ်ကြီး တစ်ခုအပေါ်တွင် အဓိက ဟောခန်းကြီးတစ်ခုက မားမားမတ်မတ် တည်ရှိနေ၏။ ထိုအထဲတွင်တော့ များပြားလှသည့် ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ကာ ရပ်လျက် ရှိနေ၏။

“တောင်သခင်... သတင်းတစ်ခု ရှိပါတယ်” အကြီးအကဲတစ်ယောက်သည် အပြင်ဘက်ဟောခန်းဆီမှ ရောက်ရှိ လာကာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဪ”

လွင့်မျောတိမ်တောင်သခင်၏ မျက်လုံးများသည် ပွင့်လာခဲ့၏။ ရောင်စဉ်အလင်းတန်းများ တောက်ပလာခဲ့ပြီးနောက် ထိုသူက လေးလေးနက်နက်ဖြင့် မေးမြန်းလိုက်၏။ “ဖန်းဟန် ဘယ်မှာရှိတယ်ဆိုတဲ့ အကြောင်းလား”

“တောင်သခင်ရဲ့ မျက်လုံးအောက်ကနေ ဘယ်အရာမှ မလွတ်မြောက်နိုင်ပါဘူး”

အကြီးအကဲသည် ပေါ့ပေါ့ပါးပါးဖြင့် ချီးကျူးလိုက်သည်။ “အခု အင်ပါယာရန်မိုက သတင်းအချက်အလက်တစ်ခု ပြောလိုက်တယ်။ ဖန်းဟန်က တော်ဝင် သဲကန္တာရမြို့ထဲမှာ ရှိတယ်တဲ့။ လက်ရှိအချိန်မှာ အင်ပါယာရန်မိုက တော်ဝင်သဲကန္တာရမြို့ အပြင်ဘက်က နေပြီးတော့ ဖန်းဟန် ထွက်လာမှာကို စောင့်နေတယ်”

“ဖန်းဟန်က လူငယ်လေး တစ်ယောက်ပဲလေ။ သူ့အနေနဲ့ အခုတလော ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရမှာပဲလေ။ ဒါပေမဲ့ တစ်ဘဝလုံး ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှာတော့ မဟုတ်ဘူး။ နှစ်ပေါင်းတစ်ရာအတွင်းမှာ ဖန်းဟန်က ကျိန်းသေပေါက် လွင့်မျောတိမ်တောင်လက်ထဲကို ရောက်လာလိမ့်မယ်။ ကောင်းပြီ”

လွင့်မျောတိမ်တောင်၏ သခင်သည် လက်ခုပ်၊ လက်ဝါးတီးကာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်၏။ “အင်ပါယာရန်မိုက တကယ့်ကို လွင့်မျောတိမ်တောင်ရဲ့ ဒေါက်တိုင် ကျင့်ကြံသူတစ်ယောက် ပီသပါပေတယ်။ သူ လှုပ်ရှားပြီဆိုတာနဲ့ ဖန်းဟန်ကို အမိဖမ်းနိုင်မှာ သေချာပါတယ်”

“အရာအားလုံးက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ ညွှန်ကြားပြသမှုကြောင့်ပါပဲ” အကြီးအကဲက အသာ ပြောလိုက်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က လိုလိုချင်ချင်နဲ့ လမ်းညွှန်ပေးပြီ ဆိုမှတော့ ကောင်းကင်မူလ လောကထဲကို ဝင်မယ့်အကြံအစည်ကို တားမြစ်မှာ မဟုတ်ဘူးနဲ့တူတယ်” လွင့်မျောတိမ်တောင်၏ သခင်သည် ပြုံးကာ ပြောလိုက်၏။

“အမှန်ပါပဲ”

အကြီးအကဲက ခေါင်းညိတ်လိုက်သည်။ “ကျုပ်တို့ရဲ့ မဟာမိတ်တွေ အကုန်လုံးကလည်း ကောင်းကင်မူလလောကကြီးထဲမှာ အကြိမ်ပေါင်းများစွာ ကြိတ်ပြီး လှုပ်ရှားနေခဲ့ပြီးပြီ။ ကောင်းကင်လျှို့ဝှက် နန်းဆောင် သခင်က ဒါတွေအားလုံးကို မမြင်ချင်ယောင်ဆောင်ထားတယ်”

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သက်ရှိသတ္တဝါ အားလုံး၏ အားအင်အဆင့်ကို ကောင်းကောင်း သိရှိသူဖြစ်၏။ လွင့်မျောတိမ်တောင်၏ လှုပ်ရှားမှုသည် တခြားသောသူများကို ဖုံးကွယ်နိုင်မည် ဆိုလျှင်တောင်မှ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ မျက်လုံးအောက်မှ လွတ်မြောက် လိမ့်မည် မဟုတ်ချေ။

“တောင်သခင်... ကျုပ်တို့ ကောင်းကင်မူလလောကကြီးထဲကို ဆင်းသက်ဖို့ အချိန်ကျပြီနဲ့တူတယ်” တခြားသော အကြီးအကဲတစ်ယောက်သည် အရှေ့သို့ လှမ်းတက်လာကာ ပြောလိုက်၏။

“အင်း... အချိန်ကျပြီ”

လွင့်မျောတိမ်တောင်၏ သခင်သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ သူသည် ကောင်းကင် မူလလောကကြီး တည်ရှိရာနေရာဆီသို့ လှမ်းကာ ကြည့်ရှုရင်း ကြေညာလိုက်သည်။ “ဒါဆိုရင် အကြီးအကဲ နှစ်ယောက်တို့က လမ်းကို ဦးဆောင်လိုက်။ အင်ပါရီယာလက်နက် နှစ်ခုကို သယ်ဆောင်သွားပြီး ကောင်းကင်မူလ လောကကြီးဆီကို သွားပေတော့”

“ကောင်းပါပြီ” အကြီးအကဲနှစ်ယောက်တို့သည် စိတ်လှုပ်ရှားမိကြ၏။ ၎င်းတို့နှစ်ယောက်သည် ပြိုင်တူဆိုသလို ထကာအော်ဟစ်လိုက်၏။

လွင့်မျောတိမ်တောင်၏ အတွင်းမှာတော့ ရှေးအင်ပါယာများ၏ အော်ရာများသည် ထွက်ပေါ်လာခဲ့၏။ အင်ပါရီယာ လက်နက်နှစ်ခုသည် နေကဲ့သို့ပင် ရောင်စဉ်ရောင်ဝါများ ထွန်းတောက်လျက်ရှိပြီး လေဟာနယ် တစ်ခုလုံး၌ တောက်ပသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့သည်။ မိုင်သန်းနှင့်ချီသည့် တည်နေရာ တစ်ခုလုံးကို စတင်ကာ ဖိနှိပ်လာခဲ့သည်။

ဘုန်း ဘုန်း

ကျယ်လောင်လှသည့် အသံများ ထွက်ပေါ်လာ၏။ တည်နေရာကြီး တစ်ခုလုံးသည် တွန့်လိမ်လျက် ရှိနေပြီး ရေတွက်လို့ မရအောင် များပြားလှသည့် ရွက်သင်္ဘောများသည် လွင့်မျောတိမ်တောင်ဆီမှ ပျံသန်းထွက်ခွာလာခဲ့ ကြ၏။ ၎င်းတို့၏ မဲနက်လျက် ရှိနေသည့် ရွက်သင်္ဘောများသည် ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အရေအတွက်မှာ အလွန်တရာ များပြားလွန်းလှ၏။ ထိုရွက်သင်္ဘောများ၏ ဦးတည်ရာ တည်နေရာသည် ကောင်းကင်မူလလောကကြီးဆီသို့ပင် ဖြစ်လေ၏။

“ဘာတွေဖြစ်နေတာလဲ”

“ဘာတွေ ဖြစ်ကုန်တာလဲ”

မြေအင်မော်တယ်လောကတွင်တော့ သက်ရှိသတ္တဝါပေါင်းများစွာသည် ဆွံ့အသွားခဲ့ကြ၏။ ၎င်းတို့သည် လွင့်မျောတိမ်တောင် တည်ရှိရာ နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ရေတွက်လို့ မရအောင် များပြားလှသည့် ရွက်သင်္ဘောများကို မြင်ရသည့်အချိန်မှာတော့ အားလုံးတို့သည် တကယ်ပင် တုန်လှုပ်နေမိကြသည်။

နောက်ဆုံးအကြိမ် လွင့်မျောတိမ်တောင် လှုပ်ရှားခြင်းသည် ဖန်းကလန်နှင့် တိုက်ခိုက်စဉ်က ဖြစ်၏။ ယနေ့ ၎င်းတို့သည် များပြားလှသည့် ၎င်းတို့၏ စစ်သည်များကို ထုတ်ဖော်ကာ တိုက်ခိုက်ရန် ပြင်ဆင်နေ၏။ မည်သူ့ကို ပစ်မှတ်ထားနေသနည်း။

ခရမ်းရောင်နက်နဲလောကကြီးများလား။ သို့ပေမဲ့ လက်ရှိ ခရမ်းရောင်နက်နဲလောကကြီး၌ အစစ်အမှန် အင်မော်တယ်တစ်ယောက် တည်ရှိလို့နေ၏။ ထို့ကြောင့် အစစ်အမှန် အင်မော်တယ်တစ်ယောက်ပင် မရှိသော လွင့်မျောတိမ်တောင် လှုပ်ရှားမည်ဆိုပါက ကျိန်းသေပေါက် ပြဿနာဖြစ်မှာ သေချာ၏။

“လွင့်မျောတိမ်တောင်ကတော့ ရူးသွားပြီနဲ့တူတယ်။ ဟုတ်တယ်မလား။ ခရမ်းရောင်နက်နဲလောကကြီးရဲ့ အင်ပါယာပိုင်လီက အခုမှ အင်မော်တယ်တစ်ယောက် ဖြစ်လာတယ်ဆိုပေမဲ့ သွားပြီး ရန်မစသင့်ဘူးလေ” တစ်စုံတစ်ယောက်သည် ဇဝေဇဝါဖြင့် လှမ်းကာ ပြောလိုက်သည်။

“သူတို့ရဲ့ ပစ်မှတ်က ခရမ်းရောင်နက်နဲလောကကြီး မဟုတ်လောက်ဘူး”

ဆန်းကြယ်လှသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် လေထုထဲတွင် မတ်မတ်ရပ်ကာဖြင့် လွင့်မျောတိမ်တောင်၏ တည်နေရာဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။ “ဖြစ်နိုင်တာက ကောင်းကင်မူလ လောကကြီးလား”

ချက်ချင်းပဲ လူပေါင်းများစွာတို့သည် အခြေအနေကို နားလည်သွားမိကြ၏။ ကောင်းကင်မူလလောကကြီး၏ အခြေအနေကို သူတို့က ကောင်းကောင်းသိ၏။ သို့ပေမဲ့ တစ်ဖက်လူများနှင့် တိုက်ခိုက်ရန်အတွက် သူတို့သည် လုံလောက်သည့် ရန်ငြိုးလည်း ရှိလှသည် မဟုတ်ချေ။ ကောင်းကင်မူလလောကကြီးဆိုသည်မှာ သူတို့နှင့် ဝေးကွာလှ၏။ ထို့အတူ ခရမ်းရောင်နက်နဲလောကနှင့် အနည်းငယ် ဆင်တူသည်ဆိုသော သတင်းကိုသာ သူတို့ ကြားဖူးသည်။

“ကျိန်းသေပေါက် ကောင်းကင်မူလလောကကြီးပဲ ဖြစ်ရမယ်။ ကောင်းကင်မူလလောကကြီးဆိုတာ အစစ်အမှန် အင်မော်တယ်တောင် ရှိတာ မဟုတ်ဘူး။ ခရမ်းရောင်နက်နဲလောကကြီးထက်တောင် အဆင့်တစ်ဆင့် ပိုပြီး အားနည်းသေးတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိနေတာသာ မဟုတ်ဘူးဆိုရင် လွင့်မျောတိမ်တောင် အနေနဲ့ ကောင်းကင်မူလလောကကြီးကို ဘယ်သူ့အကူအညီမှ မလိုဘဲနဲ့ သုတ်သင်ရှင်းလင်းပစ်နိုင်တယ်”

အခြေအနေသည် အုတ်အော်သောင်းတင်း ဖြစ်ခဲ့၏။ ကောင်းကင်မူလလောကကြီးသည် မထင်မှတ်ထားလောက် အောင်ဘဲ အားနည်းလွန်း၏။

ဘုန်း

နောက်ထပ် ကျယ်လောင်လှသော အသံကြီးက ထွက်ပေါ်လာ၏။ ကောင်းကင်၏အဆုံး ခပ်ဝေးဝေး တည်နေရာတွင် လေထုထဲ၌ ကြီးမားလှသည့် လက်ကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ ထိုလက်ကြီးသည် မိုင်သန်းနှင့် ချီသည့် အကွာအဝေးကို ဖုံးလွှမ်းသွားခဲ့၏။ လက်ဝါးကြီး၏ အတွင်းမှာတော့ နေနှင့်လသည် ချာချာလည်လျက် ရှိနေ၏။ ရှုပ်ထွေးလှသည့် အဆုံးမဲ့သော အော်ရာများ ထွက်ပေါ်နေပြီး ဤကြီးမားလှသည့် လက်ကြီးသည် လူများ အားလုံးကို ကြောက်လန့်စရာ အရှိန်အဝါမျိုး ပေးစွမ်းလျက် ရှိနေလေသည်။

“ဒါ ကျောက်စိမ်းလေဟာနယ်နန်းတော် တည်နေရာ မဟုတ်လား” ကွာစီအင်ပါယာတစ်ယောက်က ထကာ အော်ဟစ်လိုက်မိ၏။

ကျောက်စိမ်းလေဟာနယ်နန်းတော်သည် မြေအင်မော်တယ်လောကကြီးတွင် အဆင့်အတန်းတစ်ခု တည်ရှိနေ၏။ ၎င်းတို့၏ တပည့်များသည် နည်းပါးသည် ဆိုလျှင်တောင်မှ တစ်ယောက်ချင်းစီတိုင်းသည် သူတော်စင်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ကြ၏။ လူအရေအတွက် နည်းပါးလှသည် ဆိုသော်လည်း တကယ့်ကို အစွမ်းအစရှိသည့် လူများနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး သာမန်လူများသည် သူတို့ကို သွားရောက်ကာ ရန်ပြုဖို့ ဆိုသည်မှာ တကယ်ကိုပင် စဉ်းစားစရာ ဖြစ်သည်။

လောကကြီးနှစ်ခု ပေါင်းစပ်သည့် အတောအတွင်း မြေအင်မော်တယ်လောကကြီးနှင့် ခရမ်းရောင်နက်နဲလောကတို့ တိုက်ခိုက်သည့် အချိန်တွင် ကျောက်စိမ်းလေဟာနယ်နန်းတော်မှ အင်အားစု အနည်းငယ်သာလျှင် ပါဝင်ခဲ့၏။ များများစားစား လူများကို မစေလွှတ်ခဲ့ကြချေ။ ကျောက်စိမ်းလေဟာနယ်နန်းတော်သည် ခရမ်းရောင်နက်နဲ လောကကြီးကို ဂရုမစိုက်ဟု သူတို့က ရိုးရှင်းစွာ ထင်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ ကြည့်ရသည်မှာ ကျောက်စိမ်းလေဟာနယ်နန်းတော်သည် စိတ်မဝင်စားခြင်း မဟုတ်ဘဲ ၎င်းတို့၏ ပစ်မှတ်မှာ အစကတည်းက ခရမ်းရောင်နက်နဲလောက မဟုတ်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဘုန်း ...။

လက်ဝါးရိုက်ချက်ကြီးသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို တုန်ခါသွားခဲ့၏။ မြေအင်မော်တယ်လောကကြီး တစ်ခုလုံးသည် ရှုပ်ထွေးကုန်လေ၏။ များပြားလှသည့် သဲများသည် လေဟာနယ်ထဲသို့ လိမ့်ကာ တက်လျက် ရှိနေပြီး လေပြင်းမုန်တိုင်းများပင် တိုက်ခတ်လာခဲ့၏။ လူပေါင်းများစွာတို့သည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ ဤရိုက်ချက်၏ စိတ်ဆန္ဒသည် ကောင်းကင်ယံတစ်ခုလုံးကိုပင် တိုက်ရိုက်ဆိုသလိုပဲ ကွဲကြေသွားစေ၏။ ကြီးမားလှသည့် တွင်းကြီးများ ဖြစ်တည်လာခဲ့၏။

များပြားလှသည့် ကျင့်ကြံသူများ ပေါ်ပေါက်လာခဲ့ကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် တော်ဝင်အင်ပါယာ အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်နေ၏။ ၎င်းတို့သည် ခပ်မတ်မတ် ရပ်လျက်ရှိနေပြီး ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို အုပ်မိုးကာ ကြည့်ရှုနေသည်။

“တော်ဝင်အင်ပါယာ သုံးယောက်လား” တစ်စုံတစ်ယောက်သည် ထိုမြင်ကွင်းကို မြင်ရသည့် အချိန်မှာတော့ တကယ်ပဲ တုန်လှုပ်သွားမိ၏။

ကျောက်စိမ်းလေဟာနယ်နန်းတော်သည် အစကတည်းက တော်ဝင်အင်ပါယာ သုံးယောက်တို့ကို စေလွှတ်ခဲ့ပြီး ဖြစ်၏။ ဤလှုပ်ရှားမှုသည် သံသယရှိစရာ မလိုအောင်ဘဲ ကြီးမားလွန်းလှ၏။ ခရမ်းရောင်နက်နဲ လောကကြီးနှင့် တိုက်ခိုက်သည့်အချိန်တွင် ကျောက်စိမ်းလေဟာနယ်နန်းတော်မှာ တစ်ချက်ကလေးမှ အားမစိုက်ထုတ်ခဲ့ချေ။ အစစ်အမှန် အင်မော်တယ်ပင် မရှိသော ကောင်းကင်မူလလောကကြီးသည့် တိုက်ခိုက်သည့် အချိန်မှာတော့ အဘယ်ကြောင့် ဤကဲ့သို့သော အင်အားစုကို ထုတ်ဖော်ရသနည်း။ မည်သူက ခုခံနိုင်မည်နည်း။

ကြည့်ရသည်မှာ အစစ်အမှန် အင်မော်တယ်များပင်လျှင် ပါဝင်ပတ်သက်ရန် မလိုတော့သည့်ပုံပေါ်၏။ ကျောက်စိမ်း လေဟာနယ်နန်းတော်မှ တော်ဝင်အင်ပါယာသုံးယောက်နှင့်ပင် လောကကြီး တစ်ခုလုံးအား ဖျက်ဆီးနိုင်စွမ်း ရှိပေလိမ့်မည်။ ထို့အပြင် ကောင်းကင်မူလလောကကြီးသည် အစစ်အမှန် အင်မော်တယ် မရှိကြချေ။ အင်ပါယာ အဆင့်သည်သာ ထိပ်ဆုံးတည်ရှိနေ၏။

All Chapters