အခန်း (၁၁၇၇-၁၁၇၉)
Vol. 79 Ch. 1177-1179
အခန်း(၁၁၇၇)
သီးသန့်နေအိမ်သို့ ရောက်လာပြီးနောက်တွင် ကျန်းချန်သည် စတင်၍ ကျင့်ကြံခဲ့သည်။
သူ၏ခွန်အားကို အလျင်အမြန် တိုးတက်စေရန်အတွက် ကျန်းချန်သည် အနည်းငယ်မျှပင် နှမြော တွန့်တိုနေခြင်း အလျဥ်းမရှိဘဲ လက်ကျန် နတ်ခရစ်စတယ် ၁၀၀ ကျော်ကို ထုတ်ယူခဲ့သည်။
နတ်ခရစ်စတယ်သည် နတ်ဘုရားနယ်မြေ၏ အထွေထွေသုံး ငွေကြေး ဖြစ်သည်။
နတ်ခရစ်စတယ် တစ်ခုတွင် ပါဝင်သော အသက်စွမ်းအင်သည် ဝိညာဉ်ကျောက်တုံးထက်ပင် များစွာ သာလွန်၏။
ထို့ကြောင့် ကျန်းချန်သည် နတ်ခရစ်စတယ်၏ ကျင့်ကြံခြင်း အတွက် အကျိုးသက်ရောက်မှုကို စမ်းသပ်ရန် ပြင်ဆင်နေခဲ့သည်။
အရင်ဦးစွာ ကျန်းချန်သည် နတ်ခရစ်စတယ် ၁ ခုဖြင့် စတင်ကျင့်ကြံလိုက်သည်။
သူ၏စိတ်ထဲတွင် စနစ်၏ သတိပေးချက်သည် လျင်မြန်စွာပင် ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က နတ်ခရစ်စတယ် ၁ခုကို ကျင့်ကြံရန်အတွက် စုပ်ယူပြီး အတွေ့အကြုံရမှတ် ၈၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
ကျန်းချန်က ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။
အကြောင်းရင်းမှာ နတ်ခရစ်စတယ် တစ်ခုမှ ရရှိသောအတွေ့အကြုံ ရမှတ်များသည် ဝိညာဉ်ကျောက်တုံး တစ်ခုမှ ရရှိသော အတွေ့အကြုံရမှတ်ထက် ဆယ်ဆပိုမို များပြားသောကြောင့် ဖြစ်သည်။
ဤနတ်ခရစ်စတယ်များဖြင့်သာ ဆိုလျှင် ကျင့်ကြံခြင်းတွင် သံသယဖြစ်ဖွယ်ရာ မရှိဘဲ ပင်ပန်းမှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆကို ရရှိစေမည် ဖြစ်၏။
ဤသို့ဖြင့် ကျန်းချန်သည် နတ်ခရစ်စတယ်များကို အသုံးပြု၍ ဆက်လက် ကျင့်ကြံခဲ့သည်။
သူ၏ စိတ်ထဲမှ စနစ်၏ သတိပေးချက်သည်လည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့၏။
"ဒင်.. သင်က နတ်ခရစ်စတယ် တစ်ခုကို ကျင့်ကြံရန်အတွက် စုပ်ယူပြီး အတွေ့အကြုံရမှတ် ၈၀၀၀ ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က နတ်ခရစ်စတယ်တစ်ခုကို ကျင့်ကြံရန်အတွက် စုပ်ယူပြီး အတွေ့အကြုံရမှတ် ၈၀၀၀ ကို အဆ၁၀၀ ရရှိပါတယ်"
"............"
"ဒင်.. သင်က နတ်ဝိညာဉ်ဘုရင် နယ်ပယ် ဒုတိယအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ"
နတ်ခရစ်စတယ် ၁၀၀ကို သုံးစွဲပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် အဆုံးသတ်၌ နတ်ဝိညာဉ်ဘုရင်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် ကျန်ရှိသော နတ်ခရစ်စတယ်များကို ဆက်လက် စုပ်ယူကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို နတ်ဝိညာဉ်ဘုရင် နယ်ပယ် အလယ်အလတ် အဆင့်ထိ တိုးမြှင့်ခဲ့သည်။
နတ်ခရစ်စတယ်များကို အသုံးပြု၍ ကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် အလျင်စလို အပြင်သို့ မထွက်ခဲ့ပေ။
သူက ရွှယ်မင်ကျောင်းဆောင် ထဲသို့ ဝင်ရောက်သွားပြီး စိတ်ဝိညာဉ် မြှင့်တင်ခြင်းမြက်များကို တူးယူခဲ့သည်။
ထို့နောက်တွင် စိတ်ဝိညာဉ် မြှင့်တင်ခြင်းမြက်များကို စုပ်ယူကာ ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်များကို ဆက်လက် ရယူခဲ့သည်။
စိတ်ဝိညာဉ် မြှင့်တင်ခြင်းမြက် ထောင်ပေါင်းများစွာကို အသုံးပြုပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် အဆုံးသတ်၌ နတ်ဝိညာဉ်ဘုရင် နယ်ပယ် တတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။
"နတ်ဝိညာဉ်ဘုရင်နယ်ပယ် တတိယအဆင့်ကို ရောက်ပြီဆိုတော့ ဒုတိယထပ်က စစ်ဘုရင်ဘွဲ့ကို စိန်ခေါ်ဖို့ အချိန်တန်ပြီ"
ကျန်းချန်က ကျင့်ကြံရာကနေ မျက်လုံးကို ဖွင့်လိုက်သည်။
သူ၏နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့၏။
သူသိထားသလောက်ဆိုရင် နဂါးမျှော်စင် ဒုတိယထပ်ရှိ စစ်ဘုရင်များသည် နတ်ဝိညာဉ်နယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိနေသည့် ပါရမီရှင်များ ဖြစ်သည်။
နတ်ဝိညာဉ်ဘုရင်နယ်ပယ် ပထမအဆင့်၏ တိုက်ပွဲဝင်စွမ်းရည်ဖြင့် ဆိုလျှင်လည်း ဒုတိယထပ်မှ စစ်ဘုရင်ကို အနိုင်ယူနိုင်မည် ဖြစ်သည်။
သို့သော်လည်း သူ့အနေဖြင့် ဝှက်ဖဲများစွာကို ထုတ်သုံးရလိမ့်မည် ဖြစ်၏။
ဤကဲ့သို့ ပြိုင်ဆိုင်မှု ပြင်းထန်သည့် နဂါးမျှော်စင်တွင် ကျန်းချန်သည် တိမ်တိုက်ဝါးမျိုန ည်းစနစ်နှင့် အချိန်နှင့်အာကာသဓားနယ်မြေ ကဲ့သို့ ဝှက်ဖဲများကို အလွယ်တကူ အသုံးမပြုလိုခဲ့ချေ။
ထို့ကြောင့်ပင် ကျန်းချန်သည် သူ၏ ဝှက်ဖဲများကို မထုတ်ပြချင်သောကြောင့် ကျင့်ကြံခြင်းအဆင့်ကို အရင် တိုးတက်အောင်လုပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဉ်ဘုရင် နယ်ပယ် တတိယအဆင့်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်ရာ ဝှက်ဖဲများကို အသုံးမပြုလျှင်ပင် ကျန်းချန်အတွက် ဒုတိယထပ်တွင် ဖိအားသိပ်မရှိတော့ပေ။
သီးသန့်နေအိမ်ကနေ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ဒုတိယထပ်ရှိ တိုက်ပွဲစင်မြင့် ဆီသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။
တိုက်ပွဲစင်မြင့်ပေါ်ရှိ အခြေအနေသည် ယခင်ကလိုပင် ပြင်းထန်နေဆဲပင်။
လက်ရှိအချိန်တွင် တိုက်ပွဲစင်မြင့်ပေါ်ရှိ ကျင့်ကြံသူ နှစ်ဦး၏ တိုက်ပွဲသည် အလွန်ပင် ပြင်းထန်နေခဲ့သည်။
ထိုလူနှစ်ဦးထဲမှ တစ်ဦးသည် ကျန်းချန်နှင့် မစိမ်းပေ။
ထိုလူမှာ ဟွမ်ဖျင်ကို ကယ်ဆယ်ခဲ့သည့် လူငယ် ဖြစ်သည်။
ထိုလူငယ်၏ ခွန်အားက အမှန်တကယ်ပင် အားကောင်းပြီး သူ၏ ပြိုင်ဘက်ဖြစ်သည့် နတ်ဝိညာဉ်ဘုရင် နယ်ပယ် စတုတ္ထအဆင့် အစောပိုင်း ကျင့်ကြံသူဖြစ်သည့် ခေါင်းတုံးပြောင် လူငယ်ကို လုံးဝ ဖိနှိပ်ထားခဲ့သည်။
နောက်ထပ် မိနစ်အနည်းငယ်အကြာတွင် ခေါင်းတုံးပြောင် လူငယ်သည် နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်ပြန် လွင့်စင်သွားခဲ့၏။
ထိုလူငယ်၏ ရင်ဘတ်သည် သွေးချင်းချင်း နီရဲနေခဲ့သည်။
ထို့နောက်တွင် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော တာဝန်ခံ တစ်ဦးသည် စင်မြင့်ပေါ်သို့ တက်လာခဲ့ပြီး ရလဒ်ကို ကျယ်လောင်စွာ ကြေညာလိုက်၏။
"ဟွမ်လုံ.. ကိုးပွဲဆက်တိုက် အောင်ပွဲကို ရရှိခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်"
အခန်း(၁၁၇၇)ပြီး၏။
အခန်း(၁၁၇၈)
"လခွမ်း.. ကိုးပွဲဆက်တိုက် အနိုင်ရရှိတဲ့ နောက်တစ်ယောက် ပေါ်လာပြန်ပြီဟ.. နဂါးမျှော်စင်ရဲ့ ဒုတိယထပ်မှာ ဒီလောက်ထိအားကောင်းတဲ့သူ ဘယ်ကတည်းက ပေါ်လာတာလဲ.. ငါဘာလို့မကြားဖူးရတာလဲ"
"မင်းမကြားဖူးတာ ပုံမှန်ပါပဲ.. ဒီဟွမ်လုံ ဆိုတဲ့လူသစ်က ဒုတိယထပ်ကို ရောက်တာ သုံးရက်လောက်ပဲရှိသေးတယ် သူက တစ်နေ့ကို တိုက်ပွဲသုံးပွဲ ယှဉ်ပြိုင်ပြီး ကိုးပွဲဆက်တိုက်အနိုင်ရခဲ့တာလို့ ပြောကြတယ်"
"ဒီဟွမ်လုံဆိုတဲ့ ကောင်က တကယ့်ကို မွန်းစတားပဲ.. ဒါနဲ့ ပထမထပ်က ပြိုင်ဘက်မဲ့ အခြေအနေနဲ့ စစ်ဘုရင်ဖြစ်လာတဲ့ ကျင့်ကြံသူတစ်ယောက်လည်း ဒုတိယထပ်ကို ရောက်လာယ်လို့ ငါကြားမိတယ်.. နဂါးမျှော်စင်ကို ဒီတစ်သုတ် ရောက်လာတဲ့ လူသစ်တွေက တကယ်ကို လက်ဖျားခါလောက်စရာပဲ"
".........."
လူတိုင်းသည် စင်မြင့်ပေါ်ရှိ ဟွမ်လုံကို ကြည့်ကာ အံ့အားသင့်နေကြသည်။
"ဟွမ်လုံ..မင်းက ကိုးပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ အတွက် ဒုတိယထပ်က စစ်ဘုရင်ကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မီနေပြီ.. စစ်ဘုရင်ကို စိန်ခေါ်ဖို့ ဆန္ဒရှိလား"
အနက်ရောင်ဝတ် တာဝန်ခံက ဟွမ်လုံကို မေးလိုက်သည်။
"စိန်မခေါ်သေးပါဘူး"
ဟွမ်လုံက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်ပြီး တိုက်ပွဲစင်မြင့်ထက်ကနေ ခုန်ဆင်းသွားခဲ့သည်။
နဂါးမျှော်စင်၏ ဓလေ့ထုံးစံအရ ကျင့်ကြံသူ အများစုသည် သုံးပွဲထက် ပို၍ မယှဥ်ပြိုင်ကြပေ။
အကြောင်းအရင်းမှာ တိုက်ပွဲများကို ဆက်တိုက် ယှဉ်ပြိုင်ခြင်းသည် အသက်စွမ်းအင်များကို ကုန်ဆုံးသွားစေသောကြောင့်ဖြစ်သည်။
ဟွမ်လုံက ဆင်ခြင်တုံတရားရှိသည့်သူ ဖြစ်ရာ ပြင်ဆင်မှုမရှိဘဲ စစ်ဘုရင်ကို စိန်ခေါ်မည် မဟုတ်ပေ။
"နောက်ထပ် ဘယ်သူ တိုက်ခိုက်ချင်သေးလဲ"
ဟွမ်လုံ ဆင်းသွားပြီးနောက်တွင် အနက်ရောင်ဝတ် တာဝန်ခံသည် တိုက်ပွဲ စင်မြင့်အောက်ဘက်ကို ဝေ့ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
ထိုစကားကို ကြားသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ စင်မြင့်ထက်ကို ခုန်တက်သွားခဲ့၏။
"ဒီကောင်.."
ဟွမ်လုံက စင်မြင့်ထက်သို့ ခုန်တက်သွားသည့် ကျန်းချန်ကိုမြင်လျှင် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။
အနက်ရောင်ဝတ် တာဝန်ခံက ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် ကျန်းချန်ကို ပြောလိုက်သည်။
"ဒါက မင်းအတွက် စင်မြင့်ပေါ်ကို တက်တာ ပထမဆုံးအကြိမ်ဆိုတော့ ကျေးဇူးပြုပြီး မင်းရဲ့ သက်သေခံ တံဆိပ်ပြားကို ထုတ်ပြပေးပါ"
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ သူ၏ သက်သေခံ တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။
"ဒီကျင့်ကြံသူက လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာက ပထမထပ်မှာ ပြိုင်ဘက်မဲ့ အခြေအနေနဲ့ စစ်ဘုရင်ဘွဲ့ကို ရရှိခဲ့တဲ့ ကျန်းချန်ပဲ.. စိန်ခေါ်ချင်တဲ့သူရှိပါသလား"
အနက်ရောင်ဝတ် တာဝန်ခံသည် ကျန်းချန်၏ သက်သေခံတံဆိပ်ပြားကို ကြည့်ရှုပြီးနောက်တွင် ကျန်းချန်၏ အထောက်အထား အချက်အလက်များကို ကျယ်လောင်စွာ ကြေညာလိုက်သည်။
"ဘာ.. ဒီကောင်က ပထမထပ်က ပြိုင်ဘက်မဲ့ အခြေအနေနဲ့ စစ်ဘုရင်ဘွဲ့ကို ရရှိတဲ့သူလား.. ပထမထပ်မှာ ပြိုင်ဘက်မဲ့အခြေအနေနဲ့ စစ်ဘုရင်ဘွဲ့ကို ရရှိတာဆိုတော့ ဒီကောင်လေးက အားမနည်းလောက်ဘူး.. တစ်ကြိမ်တည်းနဲ့ သုံးပွဲဆက်တိုက် အနိုင်ရရှိသွားလောက်တယ်"
"အဲဒီလောက်တော့ မလွယ်ဘူးထင်တယ်.. သူက ပြိုင်ဘက်မဲ့အခြေအနေနဲ့ စစ်ဘုရင် ဖြစ်လာတာဆိုတော့ သူ့ကိုအနိုင်ရရင် ဆုလာဘ်က နှစ်ဆရရှိလိမ့်မယ်.. ဒါကြောင့် သူ့ကို အခုအချိန်မှာ ဒုတိယထပ်က အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေ မျက်စိကျနေလောက်ပြီ"
"........."
ပရိသတ်များက တီးတိုး ဆွေးနွေးနေကြသော အချိန်မှာပင် နတ်ဝိညာဉ်ဘုရင်နယ်ပယ် တတိယအဆင့် နှောင်းပိုင်းရှိ ကျင့်ကြံသူ တစ်ယောက်သည် စင်မြင့်ပေါ်သို့ ခုန်တက်လာခဲ့သည်။
ထိုလူငယ်က အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့သည်။
"ဒီကောင်က ခြောက်ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ ခုံးယန်ပဲ.. ပထမဆုံး ရင်ဆိုင်ရမဲ့သူက ခြောက်ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့သူ ဆိုတော့ ဒီကောင်လေး ကံမကောင်းနိုင်တော့ဘူးထင်တယ်"
"............"
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကျင့်ကြံသူအားလုံးသည် တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏အကြည့်တွင် ကရုဏာသက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ခုံးယန်၏ တိုက်ပွဲဝင်စွမ်းရည်သည် ဒုတိယထပ်တွင် ထိပ်ဆုံး မဟုတ်သော်လည်း အားကောင်းသော စာရင်းထဲ၌ ပါဝင်၏။
ထို့ကြောင့် ဤကောင်လေးသည် ပထမဆုံးပွဲမှာတင် ခုံးယန်၏ လက်ထဲ၌ ရှုံးနိမ့်သွားနိုင်ပေသည်။
"ငါ့နာမည်က ခုံးယန်.. နဂါးမျှော်စင်ထဲကို ဝင်ရောက်လာတာ တစ်နှစ်ရှိပြီ.. ပါရမီရှင် အများအပြားကို အနိုင်ယူဖူးပေမဲ့ ပြိုင်ဘက်မဲ့အခြေအနေနဲ့ စစ်ဘုရင် ဖြစ်လာတဲ့သူကိုတော့ တစ်ခါမှ အနိုင်မယူဖူးဘူး.. ကောင်လေး မင်းဘယ်လိုမျိုး သေချင်လဲ ငါ့ကို တစ်ခါတည်း ပြောထားပါ"
ခုံးယန်က သူ၏နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ ပြောလိုက်သည်။
သူ၏ပုံစံက သားကောင် တစ်ကောင်ကို ကြည့်နေသော မုဆိုးတစ်ဦးကဲ့သို့ပင်။
"မင်းရဲ့အရည်အချင်းက ငါ့ကို အနိုင်ယူဖို့ မလုံလောက်ဘူး"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ရေရွတ်လိုက်သည်။
ထိုခဏတွင် သူ၏ မောက်မာသောအသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ဒီနေ့ငါကျန်းချန် တိုက်ပွဲစင်မြင့်ပေါ်ကို တက်လာတာ ရည်ရွယ်ချက်တစ်ခုတည်းပဲ ရှိတယ်.. အဲဒါက ဒုတိယထပ်က စစ်ဘုရင်နဲ့ တိုက်ခိုက်ဖို့ပဲ.. တစ်ယောက်ချင်း တိုက်ခိုက်ရတာက ငါ့ရဲ့အချိန်ကို ဖြုန်းတီးသလိုပဲ ဘာလို့ တစ်စုတစ်စည်း လာပြီး မတိုက်ခိုက်ရတာလဲ"
အခန်း(၁၁၇၈)ပြီး၏။
အခန်း(၁၁၇၉)
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် ချက်ချင်းဆိုသလို တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
လူတိုင်းသည် ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာသည် အထိ မှင်တက်နေခဲ့ကြသည်။
"လခွမ်း..ဒီကောင်က စစ်ဘုရင်ဘွဲ့ကို တစ်ကြိမ်တည်းနဲ့ ယူချင်နေတာလား ဒီကောင် ဦးနှောက်ပျက်နေပြီထင်တယ်"
"........"
တိုက်ပွဲစင်မြင့်ပေါ်တွင် စစ်ဘုရင်ဘွဲ့ကို တစ်ကြိမ်တည်းဖြင့် ရရှိရန်မှာ အခြေအနေနှစ်ခုသာ ရှိသည်။
ယင်းမှာ ပြိုင်ဘက်မဲ့ အခြေအနေဖြင့် တိုက်ပွဲကို စိုးမိုးရန် သို့မဟုတ် ဆယ်ပွဲဆက်တိုက် အနိုင်ရရှိအောင် လုပ်ဆောင်ရန်တို့ဖြစ်သည်။
စင်စစ် ထိုအခြေအနေ နှစ်မျိုးလုံးကို ပြီးမြောက်အောင် လုပ်ဆောင်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ ဤနေရာသည် နဂါးမျှော်စင်၏ ပထမထပ် မဟုတ်ပေ။
နဂါးမျှော်စင်၏ ပထမထပ်တွင်မူ ပါရမီထူးချွန်သည့် လူသစ်တချို့သာ ရှိနိုင်သည်။
ထို့ကြောင့် ပထမထပ်တွင် တစ်ကြိမ်တည်းဖြင့် စစ်ဘုရင်ဘွဲ့ကို ရရှိနိင်ပေသည်။
နဂါးမျှော်စင်၏ ဒုတိယထပ်မှ ကျင့်ကြံသူအများစုကမူ နဂါးမျှော်စင်တွင် အချိန်အတော်အကြာ နေထိုင်ခဲ့ကြသည့် အတွေ့အကြုံရှိသူများ ဖြစ်ကြ၍ ၎င်းတို့၏ ခွန်အားသည် ပထမထပ်ရှိ ကျင့်ကြံသူများထက် များစွာပို၍ အားကောင်းသည်။
ဤနှစ်များအတွင်း သူတို့သည် နဂါးမျှော်စင်တွင် လေလုံးထွားသော ပါရမီရှင် အများအပြားကို မြင်ဖူးခဲ့သော်လည်း ဤမျှအတိုင်းအတာ အထိ လေလုံးထွားသော သူမျိုးကို မတွေ့ဖူးခဲ့ပေ။
တိုက်ပွဲစင်မြင့်ပေါ်တွင် တစ်ကြိမ်တည်းဖြင့် စစ်ဘုရင်ဘွဲ့ကို ရယူချင်သည်မှာ လုံးဝမဖြစ်နိုင်သော ကိစ္စတစ်ခုဖြစ်သည်။
နဂါးမျှော်စင်ကို စတင် တည်ထောင်ချိန်ကစ၍ နဂါးမျှော်စင်၏ ဒုတိယထပ်တွင် ထိုကဲ့သို့ စွမ်းဆောင်နိုင်သောသူ မရှိသေးချေ။
ထို့ကြောင့် ကျန်းချန်၏ လုပ်ရပ်သည် ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် မခြားနားဟု ဆိုရပေမည်။
"ကောင်လေး မင်းငါ့ကို အထင်သေးရဲတယ်လား"
ကျန်းချန်က သူ့ကို မျက်စိထဲပင် မထည့်သည်ကို မြင်လျှင် ခုံးယန်၏ မျက်နှာထက်တွင် ဒေါသရိပ်များ ပြည့်နှက်သွားခဲ့သည်။
"အထင်သေးတော့ရော ဘာဖြစ်လဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ခနဲ့လိုက်သည်။
"ဟမ့်.. ကျန်းချန်.. မင်းက ပထမထပ်မှာ ပြိုင်ဘက်မဲ့အခြေအနေနဲ့ စစ်ဘုရင်ဘွဲ့ကို ရရှိခဲ့တာနဲ့ပဲ ဒုတိယထပ်မှာ မင်းကိုဘယ်သူမှ အနိုင်မယူနိုင်တော့ဘူးလို့ ထင်နေတာလား.. ကျန်းချန် ဒီနေ့ မင်း ငါခုံးယန်ရဲ့ အစွမ်းကို သိရလိမ့်မယ်.. သေဖို့သာ ပြင်ထားလိုက်တော့"
ခုံးယန်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ခုံးယန်သည် သူ၏ အသက်စွမ်းအင်များကို ဖော်ထုတ်လိုက်ရာ မျက်တောင်တစ်ခတ် အတွင်းမှာပင် တိုက်ပွဲစင်မြင့် တစ်ခုလုံးသည် မီးပင်လယ်ကဲ့သို့ ဖြစ်သွားခဲ့သည်။
"ဒီလောက်လေးနဲ့ ငါ့ကို အနိုင်ယူချင်တာလား"
မီးပင်လယ်ထဲသို့ ရောက်နေသော်လည်း ကျန်းချန်၏ မျက်နှာ အမူအရာသည် လုံးဝ မပြောင်းလဲသွားခဲ့ပေ။
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်၏ အရှိန်အဟုန်က မယုံနိုင်လောက်စရာ မြန်ဆန်နေခဲ့၏။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ကျန်းချန်၏ ပုံရိပ်သည် ခုံးယန်၏ နောက်ကျောဘက်၌ ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် လက်ထဲမှ သွေးနဂါးဓားဖြင့် ခုံးယန်၏ လည်ပင်းကို ပွတ်ဆွဲလိုက်သည်။
"မင်း..မင်း.."
ခုံးယန်က ရုတ်တရက် မျက်လုံးပြူးသွားပြီး ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်ကာ စကားတစ်လုံးကိုသာ ပြောနိုင်လိုက်သည်။
ထို့နောက်တွင် သူ၏ ဦးခေါင်းသည် လည်ပင်းကနေ လိမ့်ကျသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် မြေပြင်ပေါ်သို့ တအိအိ ပြိုလဲသွားခဲ့သည်။
"........."
တိုက်ပွဲစင်မြင့်ထက်တွင် သေဆုံးသွားသော ခုံးယန်ကိုမြင်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ထိုအချိန်တွင် လူတိုင်း၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
သူတို့အားလုံးက ကျန်းချန်သည် ပထမထပ်တွင် ပြိုင်ဘက်မဲ့အခြေအနေဖြင့် စစ်ဘုရင်ဘွဲ့ကို ရရှိကြောင်း သိရှိထားခဲ့၍ ကျန်းချန်၏ တိုက်ပွဲဝင်စွမ်းရည်က အတော်လေး အားကောင်းမှန်း သိရှိထားကြသည်။
သို့သော်လည်း ခြောက်ပွဲဆက်တိုက် အနိုင်ရရှိထားသည့် နတ်ဝိညာဉ်ဘုရင်နယ်ပယ် တတိယအဆင့် နှောင်းပိုင်း ကျင့်ကြံသူဖြစ်သည့် ခုံးယန်ကို ဟင်းသီးဟင်းရွက်လှီးဖြတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ပို၍ သူတို့ကို အံ့အားသင့်စေသည်မှာ ကျန်းချန်သည် ဓားကွက် တစ်ကွက်တည်းဖြင့်ပင် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။
ဆိုရလျှင် ကျန်းချန် ထုတ်ဖော်ခဲ့သော တိုက်ပွဲဝင်စွမ်းရည်သည် ဒုတိယထပ်ရှိ စစ်ဘုရင်နှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်၏။
ဤအချိန်တွင် သူတို့သည် အစောပိုင်းက ကျန်းချန်၏ စကားများသည် လျှာရိုးမရှိတိုင်း လျှောက်ပြောနေခြင်း မဟုတ်ဘဲ ဒုတိယထပ်မှ စစ်ဘုရင်ကို စိန်ခေါ်ရန် အမှန်တကယ် အရည်အချင်းရှိမှန်း အဆုံးသတ်တွင် နားလည်သွားခဲ့ကြသည်။
အခန်း(၁၁၇၉)ပြီး၏။