← Chapters

အခန်း (၂၂၀၆-၂၂၁၀)

Vol. 89 Ch. 2206-2210

အခန်း (၂၂၀၆-၂၂၁၀)

Vol. 89 Ch. 2206-2210

အပိုင်း (၂၂၀၆)

လက်ရှိ သူ့ကျင့်ကြံခြင်းနှင့် ဆေးစွမ်းရည်အရ အဆုံးမဲ့ရတနာဆေးလုံး ငါးလုံးကို ဖော်စပ်နိုင်ခဲ့ခြင်းမှာ ကံကောင်းသွားသည့် အတွက်ကြောင့်ဟု ပြော၍ရသည်။

သူကိုယ်တိုင်ကမူ သုံးလုံးလောက်သာ ဖော်စပ်နိုင် လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်လေသည်။ ငါးလုံးဖော်စပ်နိုင်ခဲ့သည့် အတွက်ကြောင့် ရန်ကိုင်ကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသေးသည်။

ရန်ကိုင့်စိတ်ထဲ နောင်တရမိသည့် အချက်ဆို၍ ဆေးလုံးငါးလုံးထဲ ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံးမှ ပါမလာခြင်းသာ ရှိပေသည်။

အဆုံးမဲ့ရတနာဆေးလုံးသည် အစကတည်းက ဖော်စပ်ရခက်သည့် ဆေးလုံးတစ်လုံး ဖြစ်သည့်အတွက်ကြောင့် မည်သည့်ဆေးလုံးတွင်မှ ဆေးသွေးကြော ပါမလာသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။

ဆေးသွေးကြောပါသည့် အဆုံးမဲ့ရတနာဆေးလုံးကိုသာ ဖော်စပ်နိုင်မည်ဆိုလျှင် အလွန်တရာကိုမှ အံ့အားသင့်ဖွယ် ကောင်းသွားလိမ့်မည်ဟု ပြော၍ရသည်။

နောက်ရက်များအတွင်း ရန်ကိုင်သည် နန်းတော်ထဲတွင်နေကာ ကျင့်ကြံရင်း နေမင်းပြာကျောင်းတော်မှ အကြောင်းပြန်လာမည်ကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေခဲ့လေသည်။

ကပ်ဘေးအသီးသည် တစ်ရက်နှစ်ရက်အတွင်း ရှာလို့တွေ့နိုင်မည့် အသီးမဟုတ်။ ရန်ကိုင့်အနေဖြင့် သုံးလ အချိန်ပေးခဲ့ရခြင်းမှာ ချင်းယုအတွက်ကြောင့်ပင် ဖြစ်လေသည်။ သုံးလထက် ကျော်လွန်သွားမည်ဆိုပါက ချင်းယုအနေဖြင့် ဆက်၍ တောင့်ခံထားနိုင်တော့လိမ့်မည် မဟုတ်ပေ။ နေမင်းပြာကျောင်းတော်သည် သူမနှင့် ရန်ကိုင်၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပေသည်။

ရန်ကိုင် နေနေသည့် ပျံလွှားတောင်ထွတ်သည် နေမင်းပြာတောင်တန်း၏ ချောင်ကျသည့် နေရာတွင် ရှိနေသည့် အတွက်ကြောင့် ထိုနေရာသည် အတော်လေးကို တိတ်ဆိတ်ကာ မည်သူမျှ ရန်ကိုင့်အား လာရောက် မနှောင့်ယှက်ခဲ့ပေ။

သို့သော်ငြား ရက်အနည်းငယ် ကြာပြီးသည့်နောက် ရန်ကိုင့်ဆီသို့ ဧည့်သည်တစ်ဦး ရောက်လာခဲ့သည်။ ထိုဧည့်သည်မှာ အခြားမဟုတ်ဘဲ ထူးထူးခြားခြားကိုပင် ကောင်းရွှယ်ထင်း ဖြစ်နေခဲ့သည်။

ကောင်းရွှယ်ထင်းသည် လုပ်စရာ ကိစ္စတစ်ခုခု ရှိသည့်အတွက်ကြောင့် သူ့ဆီသို့ ရောက်လာခြင်း ဖြစ်သည်ဟု ထင်မှတ်ထားခဲ့သော်ငြား တကယ့်တကယ်မှာမူ ထိုကဲ့သို့ မဟုတ်ခဲ့ပေ။

ဤဧကရာဇ်အဆင့် ပညာရှင်သည် ရန်ကိုင်နှင့် နေ့တစ်ဝက်ကြာအောင် နေကာ ရန်ကိုင့်၏ သိုင်းတာအို ကျင့်ကြံခြင်းနှင့် ပတ်သက်၍ မေးမြန်းသွားခဲ့သည်။

သူမ မေးမြန်းသွားသော မေးခွန်းများကို ရန်ကိုင်သည် သေသေချာချာ ဂရုစိုက်၍ တစ်ခုချင်းစီ ပြန်လည် ဖြေကြားပေးခဲ့လေသည်။

သို့သော်ငြား ကောင်းရွှယ်ထင်း၏ အမူအယာမှာ တည်တည်ကြည်ကြည်ဖြင့်သာ ဖြစ်နေသဖြင့် သူ့အဖြေနှင့်ပတ်သက်၍ သူမစိတ်တိုင်းကျလေသလား မကျလေသလား ဆိုသည်ကိုမူ ရန်ကိုင် မသိခဲ့ပေ။

ထို့အပြင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနှင့် အနီးကပ် တွေ့ဆုံဖို့ရာ အလွန်တရာကိုမှ ခဲယဉ်းလွန်းလှသဖြင့် ရန်ကိုင်သည် ဤအခိုက်အတန့်ကို အမိအရ ဆုတ်ကိုင်၍ ကျင့်ကြံခြင်း၌ သူမသိ နားမလည်သော မေးခွန်းများကို မေးမြန်းခဲ့ပေသည်။

ကောင်းရွှယ်ထင်းသည်လည်း ရန်ကိုင်မေးသမျှ မေးခွန်း တစ်ခုချင်းစီတိုင်းအား သေသေချာချာ ပြန်လည် ဖြေကြား ပေးသွားခဲ့သည်။ ထို့အတွက်ကြောင့် သူမဆီမှ အကြောင်းအရာများစွာကို ရန်ကိုင်သိခဲ့ရပေသည်။

ထွက်မသွားခင် ကောင်းရွှယ်ထင်းသည် ရန်ကိုင့်၏ ကောင်းကင်စိတ်အာရုံ မည်မျှအားကောင်းကြောင်းကို စမ်းသပ်လိုကြောင်း ပြောခဲ့သည်။

ကောင်းရွှယ်ထင်း ဘာကြောင့် ထိုကဲ့သို့ လုပ်ချင်နေသလဲဆိုသည်ကို သူ မသိသော်ငြား ရန်ကိုင်ကမူ ငြင်းမနေခဲ့ပဲ သူ့ကောင်းကင်စိတ်အာရုံကို စုစည်း၍ ကောင်းရွှယ်ထင်းဆီသို့ ပို့လွှတ်လိုက်လေသည်။

ရန်ကိုင့်၏ ကောင်းကင်စိတ်အာရုံစွမ်းအားကို ခံစားမိပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား အဓိပ္ပာယ်ပါပါဖြင့် တစ်ချက်လှမ်းကြည့်လိုက်လေသည်။ “နင်အစွမ်းကုန် မသုံးဘူးဆိုတာကို ငါသိနေပါတယ်” ဟု ပြောနေသယောင်ယောင်ပင်။

နောက်ဆုံးတွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား လက်ဆောင်တစ်ခုပေးကာ ထွက်သွားခဲ့လေသည်။

ကောင်းရွှယ်ထင်းအား ပြန်လိုက်ပို့ပြီးသည့်တိုင် သူမ ဘာကြောင့် သူ့ဆီသို့ လာလည်မှန်းကို ရန်ကိုင် လုံးဝ နားမလည်ခဲ့ပေ။

ဥတုလေးမျိုးနယ်မြေသို့ သွားစဉ်က ကောင်းရွှယ်ထင်း၏ ပုံစံအရ သူမသည် အခြားသူများနှင့် ရောရောနှောနှော နေရသည်ကို မကြိုက်သည့် လူစားမျိုး ဖြစ်သည်။ သူမ၏စရိုက်ကိုက ခက်ထန်ကြမ်းတမ်းပြီး မကောင်းသည်တော့မဟုတ်။ သူမ၏ မွေးရာပါ စရိုက်ကကို အခြားသူများနှင့် အတူတကွ မနေချင်ပဲ သူမဘာသာ တစ်ကိုယ်တည်း နေချင်လိုခြင်း ဖြစ်သည်။

သူမ၏ အေးစက်စက် မျက်နှာထားမှာ သူစိမ်းများအား သူမအနားသို့ မလာရန် ပြောနေသယောင်ယောင်။

ကောင်းရွှယ်ထင်းသည် မကောင်းသည့်လူတစ်ယောက် မဟုတ်မှန်း ရန်ကိုင်ပြောနိုင်ပေသည်။

ရန်ကိုင်သည် မျက်မှောင်ကျုံ့လျက် ကောင်းရွှယ်ထင်း ပေးသွားသည့် သူ့လက်ထဲရှိ ပစ္စည်းကိုကြည့်ရင်း ရေရွတ်လိုက်လေ၏။ “သူဘာလုပ်ချင်နေတာလဲ… တစ်ခုခုတော့ မှားနေသလိုပဲ…”

ကောင်းရွှယ်ထင်းပေးသွားသည့် လက်ဆောင်မှာ အခြားမဟုတ်။ လက်ဝါးအရွယ်အစားမျှသာ ရှိသော ဒိုင်းကာငယ်လေးတစ်ခု ဖြစ်ပေသည်။ ဒိုင်းပတ်ပတ်လည်တစ်ဝိုက်တွင် အလင်းရောင်အချို့ ရစ်သိုင်းနေခဲ့ပြီး ဒိုင်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာလည်း အားနည်းခြင်းမရှိချေ။

ကောင်းရွှယ်ထင်းကမူ ဤဒိုင်းကာငယ်လေးကို ခရမ်းနေခြည်ဒိုင်းကာဟု ခေါ်သွားခဲ့သည်။ ဤဒိုင်းကာသည် တာအိုအဆင့်နိမ့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။

ဤဒိုင်းကာငယ်လေးသည် သာမန်တာအိုအဆင့်နိမ့် မှော်ရတနာတစ်ခုသာလျှင် မဟုတ်။ ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုလည်း ဖြစ်နေခဲ့သည်။

ဝိဉာဉ်အမျိုးအစား မှော်ရတနာများသည် အလွန်တရာကိုမှ ရှားပါးလှပေသည်။ ထိုမှော်ရတနာများကို ကောင်းကင်စိတ်အာရုံဖြင့်သာ အသုံးပြုနိုင်ပြီး အရင်းအမြစ်ချီဖြင့် အသုံးပြု၍ မရချေ။

ထို့အတွက်ကြောင့်ပင်လျှင် ဝိဉာဉ်အမျိုးအစား မှော်ရတနာများမှာ သာမန် အရင်းအမြစ်ချီကို အသုံးပြု၍ ထိန်းချုပ်ရသော မှော်ရတနာများထက် အဆပေါင်းများစွာ ပိုမိုရှားပါးနေခြင်းပင် ဖြစ်လေသည်။

ဤဒိုင်းကာငယ်လေးသည် တာအိုအဆင့်နိမ့် မှော်ရတနာတစ်ခုသာ ဖြစ်သော်ငြား ၎င်း၏တန်ဖိုးသည် အရင်းအမြစ်ချီကို အသုံးပြု၍ ထိန်းချုပ်ရသော တာအိုအဆင့်မြင့် မှော်ရတနာတစ်ခုထက် နိမ့်ကျခြင်း မရှိချေ။ ပို၍ပင် အဖိုးတန်ကောင်း တန်နိုင်သေး၏။

ဤဒိုင်းကာငယ်လေးမှာ အကာအကွယ် မှော်ရတနာတစ်ခု ဖြစ်သည်။ ဤဒိုင်းကာကို သန့်စင်၍ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်မည်ဆိုပါက ရန်ကိုင့်၏ အသိစိတ်ပင်လယ်နှင့် ဝိဉာဉ်အား အခြားသူများ၏ ကောင်းကင်စိတ်အာရုံတိုက်ခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပေလိမ့်မည်။

တကယ်တော့ လက်ရှိတွင် ရန်ကိုင့်၌ မည်သည့် ဝိဉာဉ်အမျိုးအစား မှော်ရတနာမှ ရှိမနေခဲ့ပေ။ သူအားနည်းစဉ် အခါက သူ့တွင် ဝိဉာဉ်အမျိုးအစား တိုက်ခိုက်ရေးမှော်ရတနာတစ်ခု ရှိခဲ့ဖူးသည်။ သို့သော်ငြား သူ့ခွန်အား မြင့်မားလာသည့်အလျောက် ထိုမှော်ရတနာကို ဆက်၍ အသုံးမပြုတော့ချေ။

လက်ရှိတွင် ရန်ကိုင့်၌ တိုက်ခိုက်ရေး ဝိဉာဉ်အမျိုးအစား သိုင်းပညာရပ်တစ်ခုဖြစ်သော အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်းပညာရပ် ရှိနေခဲ့သည်။ ထိုသိုင်းပညာရပ်၏ စွမ်းအားမှာ အခြားသော ဝိဉာဉ်အမျိုးအစား တိုက်ခိုက်ရေးမှော်ရတနာ အများစု၏ စွမ်းအားထက်ကိုပင်လျှင် သာလွန်နေသည့်အတွက်ကြောင့် မည်သည့်ဝိဉာဉ်အမျိုးအစား တိုက်ခိုက်ရေးမှော်ရတနာကိုမှ ရန်ကိုင် လိုက်မရှာခဲ့ခြင်း ဖြစ်လေသည်။

ကောင်းရွှယ်ထင်းပေးသွားသည့် လက်ဆောင်သည့် သူ့အားနည်းချက်တစ်ခုအား ဖာထေးနိုင်မည့် မှော်ရတနာတစ်ခု ဖြစ်နေခဲ့သည်။

အားကောင်းသော ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားရုံမက သူ့အသိစိတ်ပင်လယ်အား ကာကွယ်ပေးမည့် မှော်ရတနာတစ်ခုပါ ရှိနေပြီးဖြစ်သည့်အတွက်ကြောင့် အခြားသူများအနေဖြင့် ကောင်းကင်စိတ်အာရုံကို သုံး၍ ရန်ကိုင့်အား ထိခိုက်အောင် လုပ်ဖို့ဆိုသည်မှာ အတော်လေးကိုမှ ခက်ခဲသွားခဲ့လေပြီ။

လောလောဆယ်တွင် သူ့၌ ကပ်ဘေးအသီးကို စောင့်နေရုံမှလွဲ၍ အခြားမည်သည့်လုပ်စရာ ကိစ္စမှ ရှိမနေသည့်အတွက်ကြောင့် ထိုမှော်ရတနာကို စတင် သန့်စင်ထားရန် ဆုံးဖြတ်လိုက်လေသည်။

ရန်ကိုင်သည် ဆက်၍ တုံ့ဆိုင်းမနေတော့ပဲ တင်ပလင်ခွေထိုင်ကာ သူ၏ စိတ်စွမ်းအင်ကို ခရမ်းနေခြည်ဒိုင်းကာထဲသို့ ထည့်သွင်းလိုက်လေ၏။

ဤသို့ဖြင့် ရက်ပေါင်းဆယ်ရက်မှာ တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့လေသည်။ ဆယ်ရက်ကျော် ကြာပြီးသည့်တိုင် ရန်ကိုင်သည် သူ့အခန်းထဲ မလှုပ်မယှက် တင်ပလင်ခွေ ထိုင်နေခဲ့သည်။

စဉ်ဆက်မပြတ် အားထုတ်ကာ ကြိုးစားသန့်စင်ခဲ့သည့် အတွက်ကြောင့် ယခုဆိုလျှင် ရန်ကိုင်သည် ဒိုင်းကာအား သုံးပုံတစ်ပုံခန့် သန့်စင်ပြီးသွားလေပြီ။

ထို့အတွက်ကြောင့်ပင်လျှင် လက်ရှိအချိန်၌ ရန်ကိုင်သည် ဒိုင်းကာ၏ စွမ်းအားကို စတင် သုံးစွဲနိုင်လေခဲ့ပြီ။ သို့သော်ငြား ဒိုင်းကာအား အပြည့်အဝ သန့်စင်ဖို့ရာမှာတော့ အတော်လေးကို အချိန်ကြာပေဦးမည်။

ခရမ်းနေခြည်ဒိုင်းကာအား တပိုင်းတစ သန့်စင်ပြီးသွားသည့် နောက်တွင် ဤဒိုင်းကာသည် ရန်ကိုင့်၏ အသိစိတ် ပတ်ပတ်လည်၌ ခရမ်းရောင် အလင်းအကာအကွယ်တစ်ခုကို ဖန်တီးကာ သူ့ဝိဉာဉ်အား ကာကွယ်ပေးထားခဲ့လေသည်။

ရန်ကိုင့်အသိစိတ်ပင်လယ်အား ထိခိုက်အောင် လုပ်ချင်သူ မှန်သမျှ ဤအကာအရံကို ဦးစွာ ချိုးဖြတ်ရပေလိမ့်မည်။

သုံးပုံတစ်ပုံလောက်သာ သန့်စင်ပြီးသေးသည့် အတွက်ကြောင့် ဒိုင်းကာ၏ အခြားသော စွမ်းရည်များကိုမူ ရန်ကိုင်မသိရသေးပေ။ သို့တိုင် ဤစွမ်းရည်ဖြင့်ပင်လျှင် အတော်လေး လုံလောက်နေပြီဟု ပြော၍ရသည်။

တစ်နေ့တွင် ရန်ကိုင်သည် တစ်ခုခုကို အာရုံခံမိလိုက်ပြီး အလျင်စလို မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးဖွင့်လိုက်သည့် အချိန်မှာပင်လျှင် အပြင်ဘက်မှ တစ်စုံတစ်ဦးသည် အသံကျယ်ကျယ်ဖြင့် လှမ်းအော်ပြောလိုက်လေ၏။

“ရောင်းရင်းရန်… ငါမင်းကို တွေ့ဖို့လာတယ်…”

ထိုအသံကို ကြားလိုက်သည်နှင့် ရောက်လာသည့်လူမှာ ရှရှန်းမှန်း ရန်ကိုင် တန်းသိလိုက်သည်။

ရှရှန်းသည် အော်ပြောပြီးသည်နှင့် တစ်ပြိုင်နက် အခန်းတံခါးကိုဖွင့်ကာ အထဲသို့ ဝင်လာခဲ့လေ၏။

ရှရှန်း တံခါးဖွင့် ဝင်ဝင်ပြီးချင်း အခြားတစ်ဦးက ထပ်၍ ပြောလိုက်လေသည်။ “စီနီယာအစ်ကို သူမင်းကို လာပါလို့ မပြောရသေးဘူးလေ… မင်းအခုလိုလုပ်လိုက်လို့ သူကျင့်ကြံခြင်း အနှောင့်အယှက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” ထိုစကားကို ပြောလိုက်သည့်လူမှာ ရှောင်ပိုင်ယီသာ ဖြစ်လေသည်။

“ဟုတ်တယ် ဟုတ်တယ်… ဂျူနီယာမောင်လေးရန်က ကျင့်စဉ်တစ်ခုခုကို ကျင့်ကြံနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်… စီနီယာအစ်ကို အဲ့လိုမျိုး မဆင်မခြင် မလုပ်နဲ့လေ…” မုရုန်ရှောင်ရှောင်ကလည်း ဝင်ပြောလိုက်လေသည်။

“အာ…” ထိုစကားကို ကြားသည့်အခါ ရှရှန်း ရှက်သွားခဲ့လေ၏။ သူ့ခမျာ ဆုပ်လဲစူး စားလဲရူး အခြေအနေမျိုးတွင် ရောက်နေသည့်အလား အသံတိုးတိုးဖြင့် ရေရွတ်လိုက်လေ၏။ “ဒါဆို ငါ ဘာလုပ်ရမှာလဲ… ငါ အော်ပြီးတော့တောင် ပြောပြီးသွားပြီ…”

“ရပါတယ် ဝင်လာခဲ့ပါ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ရှရှန်း၏အမူအယာ ချက်ချင်း ပျော်သွားပြီး အားပါးတရ ရယ်မောရင်း အထဲသို့ ဝင်လာခဲ့လိုက်လေသည်။

မကြာမီ လူပေါင်းများစွာ ရန်ကိုင့်ရှေ့သို့ ရောက်လာကြလေ၏။

ဝင်လာသည့် လူများအနက် ရှရှန်း၊ ရှောင်ပိုင်ယီနှင့် မုရုန်ရှောင်ရှောင်တို့အပြင် ချန်းမုကျီပါ ပါနေသည်ကို ရန်ကိုင် အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။

ရှရှန်းသည် ရန်ကိုင်နှင့် ချန်းမုကျီတို့အား နွေးထွေးစွာ မိတ်ဆက်ပေးလိုက်သည်။

ရန်ကိုင် နေနေသည့် ဧည့်ခန်းမှာ အတော်လေးကိုမှ ရိုးရှင်းပေသည်။ ထို့ကြောင့် သူတို့ အဆင်ပြေသလို နေရန် ပြောပြီးသည့်နောက် ရှရှန်းဘက်သို့ လှည့်၍ မေးလိုက်လေ၏။

“အကုန်လုံး တစ်စုတစ်စည်းတည်းနဲ့ ရောက်လာကြတယ်ဆိုတော့ တစ်ခုခု ပြောစရာများ ရှိလို့လား…”

ရှရှန်းက ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်လေ၏။ “ကျောင်းသခင်က ငါတို့ကို ခေါ်နေတယ်…”

“ငါလည်း ပါတာလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ လက်ရှိ သူ့ရှေ့တွင် ရှိနေသည့် လူများမှာ နေမင်းပြာကျောင်းတော်၏ တပည့်တပန်းများ ဖြစ်ကြသည့်အတွက် ကျောင်းသခင်မှ သူတို့အား ခေါ်သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

သို့သော်ငြား ရှရှန်းပြောပုံအရ သူတို့၏ ကျောင်းသခင်သည် ရန်ကိုင်ကိုပါ ခေါ်နေသည့်ပုံပင်။

“ပါတယ်….” ရှရှန်းက ခေါင်းညိတ်၍ အလေးအနက် အမူအယာဖြင့်ရှင်းပြလိုက်သည်။ “မင်းကိုလာခေါ်ဖို့ ကျောင်းသခင်က ငါတို့ကို အမိန့်ပေးလိုက်တာ…”

“ကျောင်းသခင် ဘာလို့ ခေါ်လဲသိလား…”

“ကိစ္စကောင်းတစ်ခုခုကြောင့်လို့တော့ ထင်တာပဲ…” ရှရှန်းက ပြုံး၍ ရယ်မော၍ ပြောလိုက်လေသည်။

ထိုစဉ် ရှောင်ပိုင်ယီက ဘေးဘက်မှ ဝင်ပြောလိုက်၏။ “အရင်တစ်ခေါက်တုန်းက ကျောင်းသခင်က ငါတို့ရမဲ့ ဆုတွေအကြောင်းကို ပြန်ပြီး အကြောင်းပြန်မယ်လို့ ပြောခဲ့တယ်မလား… အဲ့ကိစ္စအတွက် ခေါ်နေတယ်လို့ ထင်တာပဲ…”

“ဆုလား…” ရန်ကိုင်၏ အမူအယာ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့လေသည်။ “ဒါပေမဲ့ ငါလိုချင်တဲ့ဆုကို ကျောင်းသခင်ကို ပြောပြီးသွားပြီလေ… အခြားဘာဆုထပ်ပေးချင်သေးလို့လဲ…”

ရှရှန်းက ပြုံး၍ ဆက်ပြောလိုက်လေ၏။ “မင်းတောင်းဆိုလိုက်တဲ့ တောင်းဆိုချက်ကလေးက ကြယ်စည်းတံဆိပ်ခြောက်ခုနဲ့ ယှဉ်လိုက်လို့ရှိရင် ဘာဟုတ်တော့မှာ မို့လို့လဲ… ကျောင်းသခင်က ဆုပေးဒဏ်ပေးမှာ အမြဲတမ်း မျှမျှတတပဲ… မင်းဘက်က ကြယ်စည်းတံဆိပ်ခြောက်ခုလုံး ပေးထားတယ်ဆိုမှတော့ မင်းကို အပိုဆုထပ်ပေးတာ သဘာဝပဲလေ…”

“ဟုတ်တယ်…” ရှောင်ပိုင်ယီကလည်း ခေါင်းညိတ်၍ ဝင်ပြောလိုက်သည်။ “ကျောင်းသခင်ခေါ်တဲ့ လူတွေထဲမှာ ငါတို့တွေပဲ ပါတယ်ဆိုတာ မင်းသတိထားမိတယ်မလား… ငါတို့တွေကပဲ ကြယ်စည်းတံဆိပ် အပိုတွေကို ရခဲ့တာ… ကြယ်စည်းတံဆိပ် အပိုတစ်ခုပဲပေးတဲ့ ငါ၊ ရှောင်ရှောင်နဲ့ ညီလေးချန်းတောင် ဆုရတယ်ဆိုမှတော့ အပိုခြောက်ခု ပေးထားတဲ့ မင်းဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး…”

“စကားများမနေကြတော့နဲ့… မြန်မြန်သွားကြရအောင်…. ကျောင်းသခင် ဘာဆုပေးမလဲဆိုတာကို ငါအတော်လေးသိချင်နေပြီ…” ရှရှန်းက စိတ်မရှည်သည့် အမူအယာဖြင့် ဝင်ပြောလိုက်လေသည်။

“အဲ့လိုဆိုမှတော့လည်း သွားကြတာပေါ့…” ရန်ကိုင်ကလည်း ပြောလိုက်သည်။

ဤသို့ဖြင့် ရန်ကိုင်တို့ငါးဦးသည် သူတို့၏ လှုပ်ရှားမှုပညာရပ် အသီးသီးကို သုံး၍ နေမင်းပြာကျောင်းတော်၏ အဓိကတောင်ထွတ်ဆီသို့ ပျံသန်းသွားကြလေသည်။

မကြာမီ သူတော်စင်များတောင်ထွတ်ဆီသို့ ရောက်လာပြီး တောင်ပေါ်သို့ ဆင်းကာ အဓိကခန်းမထဲသို့ လမ်းလျှောက်ဝင်သွား ကြလေ၏။

သို့သော်ငြား အဓိကကျောင်းတော်၏ တံခါးပေါက်ကို ဖြတ်ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။

တစ်ချိန်တည်းတွင် ဆန်းကြယ်သော စွမ်းအားတစ်ရပ် သူ့ပေါ်သို့ ရုတ်တရက် ဖုံးလွှမ်းလာကြောင်းကို ရန်ကိုင် ခံစားမိလိုက်သည်။ သူမတုံ့ပြန်နိုင်သေးခင်မှာပင် သူ့တစ်ကိုယ်လုံး လေထဲ မြောက်တက်သွားသလို ခံစားလိုက်ရလေသည်။

ကျန်သည့်လူများသည်လည်း တံခါးပေါက်အား ဖြတ်ဝင်လိုက်သည့်အခါ ရန်ကိုင်ရုတ်တရက် ပျောက်ကွယ်သွားကြောင်းကို သတိပြုမိလိုက်ကြသည်။

“ရောင်းရင်းရန် ဘယ်ရောက်သွားတာလဲ…” ရှရှန်း၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။

ရှောင်ပိုင်ယီ၊ မုရုန်ရှောင်ရှောင်နှင့် ချန်းမုကျီတို့သည်လည်း ဇဝေဇဝါ ဖြစ်နေခဲ့ကြသည်။

“စိတ်ပူမနေနဲ့.. ကျောင်းသခင်က သူ့ကို တစ်ယောက်တည်း ခေါ်တွေ့နေတာ…” ရုတ်တရက် သူတို့ရှေ့ဘက်ဆီမှ တစ်စုံတစ်ဦးက ပြောလိုက်လေ၏။ လှည့်ကြည့်လိုက်ရာ ကောင်းရွှယ်ထင်းဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

ဂျူနီယာအားလုံး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဝမ်ကျိရှန်း ရန်ကိုင့်အား တစ်ယောက်တည်း ဘာကြောင့် ခေါ်တွေ့နေမှန်းကို သူတို့နားမလည်ကြချေ။ သို့ရာတွင် ထိုကိစ္စနှင့် ပတ်သက်၍ စိတ်ပူမနေပဲ ပြန်၍သာ ပြောလိုက်လေ၏။

“အကြီးအကဲကောင်းကို နှုတ်ဆက်ပါတယ်…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၀၇)

တစ်ချိန်တည်းတွင် ရန်ကိုင်သည် သူတော်စင်များတောင်ထွတ်ပေါ်ရှိ သီးခြားအခန်းတစ်ခုထဲ၌ ဆန်းကြယ်စွာ ပေါ်လာခဲ့လေသည်။

သူ့ခန္ဓာကိုယ်အား ပြန်ထိန်းချုပ် လိုက်နိုင်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ခုခံသည့်ပုံစံ ချက်ချင်းပြင်လိုက်လေ၏။

သို့သော်ငြား ဝမ်ကျိရှန်းသည် အနီးအနားတွင် ပျင်းရိပျင်းတွဲ ထိုင်လျက် သူ့အား ပြုံးကာကြည့်နေကြောင်း တွေ့လိုက်ရပေသည်။

“ကျောင်းသခင်ကို နှုတ်ဆက်ပါတယ်…” ရန်ကိုင်က အလေးအနက် အမူအယာဖြင့် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။

ဝမ်ကျိရှန်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “အခုလိုတွေ လုပ်နေစရာ မလိုဘူး…” ထို့နောက် ထိုင်ရာမှထ၍ စားပွဲခုံဆီသို့ လျှောက်သွားကာ ဝိုင်တစ်ခွက် ငှဲ့လိုက်လေ၏။

အခန်းတစ်ခုလုံး အရက်သင်းရနံ့တို့ဖြင့် ပြည့်လာခဲ့လေသည်။

ဝမ်ကျိရှန်းသည် အရက်အား တစ်ငုံမော့သောက်လိုက် ပြီးသည့်နောက် အလွန်ကိုမှ ကျေနပ်နှစ်ခြိုက်နေသည့်အလား မိန့်မိန့်ကြီး ပြုံးလိုက်လေ၏။

ဝမ်ကျိရှန်း ထိုကဲ့သို့လုပ်နေသည်ကို မြင်သော် ရန်ကိုင့်မျက်နှာကြီး မည်းသွားခဲ့လေသည်။ သို့သော်ငြား ဝင်ရောက် မနှောင့်ယှက်ဘဲ ငြိမ်သက်စွာသာ ရပ်နေလိုက်သည်။

အချိန်အတော်ကြာသွားပြီး နောက်တွင် ဝမ်ကျိရှန်းသည် အသိပြန်ဝင်လာသည့်အလား ကျေနပ်နေသည့် အမူအယာဖြင့် ပြောလိုက်လေ၏။ “ငါမင်းကို ဘာလို့ ခေါ်လိုက်လဲ သိမှာပေါ့… ဟုတ်တယ်မလား…”

ရန်ကိုင်သည် တခဏမျှ တိတ်နေပြီးသည့်နောက် ခေါင်းညိတ်လိုက်သည်။ “ရောင်းရင်းရှောင်ပြောတာကို ကြားပြီး နည်းနည်းပါးပါးတော့ ခန့်မှန်းမိပါတယ်…”

“ဟား ဟား…” ဝမ်ကျိရှန်းက ရယ်မောလျက် “မင်းက တကယ်ကို သတိကြီးတာပဲကွ ကောင်လေးရ… အင်း ဟုတ်တယ်… ငါမင်းကို ဆုပေးချင်လို့ ခေါ်လိုက်တာ… အရင်ရက်က မင်းလိုချင်တဲ့ဆုကို ပြောပြီးသွားပြီဆိုပေမဲ့ အဲ့ဆုက မင်းပေးခဲ့တဲ့ ကြယ်စည်းတံဆိပ်ခြောက်ခုနဲ့ မညီဘူး ဖြစ်နေတယ်…”

“ဒါပေမဲ့ ပေးဖို့ စဉ်းစားလိုက်ပြန်တော့လည်း မင်းက ငါတို့ နေမင်းပြာကျောင်းတော်ရဲ့ တပည့်တစ်ဦး ဖြစ်မနေပြန်ရော… ဒီတော့ မင်းကို ပေးရမဲ့ဆုက တော်တော်လေးကို စဉ်းစားရခက်တယ်…”

“ဂျူနီယာ အများကြီးမလိုပါဘူး…” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်သည်။

ဝမ်ကျိရှန်းက ပြန်ပြောလိုက်၏။ “အဲ့ဒါဆို မင်းဘာလိုချင်လဲ… ငါကိုယ်တိုင်လည်း စဉ်းစားလို့ မရတော့မှတော့ မင်းကိုပဲ မေးလိုက်တော့မယ်….”

ဝမ်ကျိရှန်းသည် ကိုယ်လိုချင်သည့်ဆုအား ရွေးချယ်မည့် အခွင့်အရေးကို ရန်ကိုင့်ဆီသို့ ပေးလိုက်လေသည်။ ဝမ်ကျိရှန်း၏ လုပ်ပုံမှာ အမှန်တကယ်ကိုမှ ရက်ရောလှသော်ငြား တကယ်တမ်း ဘာဖြစ်နေသလဲဆိုသည်ကိုမူ ရန်ကိုင်သာသိသည်။

ရန်ကိုင်သည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်ငြား ဝမ်ကျိရှန်းကမူ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သလို ဂိုဏ်းချုပ်တစ်ဦးလည်း ဖြစ်သည်။

ရန်ကိုင့်အတွက် အဖိုးတန်ရှားပါးသည့် ရတနာတစ်ခုသည် ဝမ်ကျိရှန်းအနေဖြင့် သာမန်ပစ္စည်းတစ်ခုသာ ဖြစ်နေပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဝမ်ကျိရှန်းသည် ရန်ကိုင်တောင်းဆိုလာမည့် မည်သည့်ဆုကိုမဆို အလွယ်တကူ ပေးနိုင်ခြင်း ဖြစ်သည်။

အခွင့်အရေးသည် သူ့ရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြောက်မြောက် ရောက်လာခြင်းဖြစ်လေရာ ရန်ကိုင့်အနေဖြင့် ဤကဲ့သို့သော အခွင့်အလမ်းကောင်းကို မည်ကဲ့သို့များ အလွယ်တကူ လက်လွတ်ခံနိုင်မည်နည်း။ ထို့ကြောင့် ပြန်၍သာ ပြောလိုက်လေသည်။ “ကျောင်းသခင် ဂျူနီယာကို ဘယ်လိုဆုများ ပေးချင်တာလဲမသိဘူး…”

ထိုစကားကိုကြားသည့်အခါ ဝမ်ကျိရှန်း၏ အကြည့်ထဲ ချီးကျူးလိုရိပ်များ ဖြတ်ပြေးသွားခဲ့လေသည်။ စကားအနည်းငယ် ပြောပြီးရုံသာ ရှိသေးသော်ငြား နှစ်ဦးစလုံးသည် တစ်ယောက်၏ရည်ရွယ်ချက်ကို တစ်ယောက် သိလိုက်ကြသည်။

ခဏအကြာမျှ တိတ်နေပြီးသည့်နောက်တွင် ဝမ်ကျိရှန်းက ပြန်ပြောလိုက်လေသည်။ “မင်းပေးခဲ့တဲ့ ကြယ်စည်းတံဆိပ် အရေအတွက်အရ ဆိုရင်တော့ ငါမင်းကို ရတနာဂိုထောင်ထဲ ဝင်ခွင့်ပေးပြီး ကြိုက်ရာရတနာသုံးခု ယူခွင့်ပေးလို့ရတယ်…”

ရန်ကိုင့်၏မျက်လုံးများ ရုတ်ချည်း တောက်ပသွားခဲ့လေသည်။ ဝမ်ကျိရှန်းသည် သူ့ကိုယ်ပိုင်ရတနာဂိုထောင်ကို မဟုတ်ပဲ နေမင်းပြာကျောင်းတော်၏ ရတနာဂိုထောင်ကို ပြောနေခြင်း ဖြစ်ပေသည်။

နေမင်းပြာကျောင်းတော်သည် တောင်ဘက်နယ်မြေထဲတွင် ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ ရတနာဂိုထောင်ထဲတွင် အဖိုးတန်ရတနာများစွာ ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ရန်ကိုင်သာ ထိုရတနာဂိုထောင်ထဲသို့ ဝင်ပြီး သူကြိုက်ရာ အဖိုးတန်ရတနာသုံးခုကို ရွေးချယ်ခွင့်ရမည်ဆိုပါက သူ့စွမ်းအားမှာ သိသိသာသာကို ခုန်တက်သွားပေလိမ့်မည်။

သို့သော်ငြား သူ့စိတ်ထဲ ဝမ်းသာမိနေရုံပင် ရှိသေး ဝမ်ကျိရှန်းက ထပ်ပြောလိုက်လေသည်။ “ရတနာဂိုထောင်ထဲမှာ အဖိုးတန်ရတနာ‌တွေ မှော်ရတနာတွေ အများကြီးပဲ… အဆင်မြင့်မှော်ရတနာတွေတင်မဟုတ်ဘူး… ဧကရာဇ်အဆင့် မှော်ရတနာနှစ်ခုတောင် ရှိသေးတယ်… အဲ့ဧကရာဇ်အဆင့် မှော်ရတနာနှစ်ခုက ဘာတွေလဲ ဘယ်နေရာမှာရှိသလဲ ဆိုတာကိုတော့ မင်းဘာသာမင်း ရှာမှပဲရမယ်… ငါမင်းကို ပြောပြမှာ မဟုတ်ဘူး…”

“အဲ့ဒါတွေအပြင် အပြင်လောကကြီးမှာ ရှာလို့မလွယ်တဲ့ ဆေးလုံးတွေလည်း အများကြီးပဲ… အပြင်လူတွေ တစ်ခါမှ မမြင်ဖူးတဲ့ ကျင့်စဉ်တွေ သိုင်းပညာရပ်တွေလည်း ရှိနေသေးတယ်… မင်းကျင့်ကြံခြင်းနဲ့ ဆိုရင်တော့ မင်းသာ အဲ့ထဲက ရတနာတစ်ခုလောက်ကို ရလိုက်လို့ရှိရင် မင်းခွန်အားက သိသိသာသာကို ထိုးတက်သွားမှာ…”

“အဲ့ဒါတွေအပြင်ကိုမှ အဲ့ရတနာဂိုထောင်ထဲမှာ အရင့်အရင်က ဧကရာဇ်အဆင့်ပညာရှင်တွေ ချန်ထားရစ်ခဲ့တဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ သူတို့ရဲ့ထိုးထွင်းနားလည်မှုတွေ ရေးမှတ်ထားတဲ့ မှတ်တမ်းတွေလည်း အများကြီးပဲ… အဲ့ကနေ မင်း အများကြီးသင်ယူလို့ရတယ်…”

ဝမ်ကျိရှန်း ပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင့်၏အသက်ရှူနှုန်း တဖြည်းဖြည်း မြန်ဆန်လာခဲ့လေသည်။ ဝမ်ကျိရှန်း ဤမျှ ရက်ရောလိမ့်မည်ဟုလည်း သူမထင်ထားခဲ့ချေ။

မည်သို့ပင်ဖြစ်နေစေကာမူ ရန်ကိုင်သည် အပြင်လူတစ်ယောက်သာ ဖြစ်နေဆဲ။ သို့သော်ငြား ဝမ်ကျိရှန်းသည် လိုလိုလားလားဖြင့် သူ့အား ရတနာဂိုထောင်ထဲသို့ ဝင်ခွင့်ပေးခဲ့သည်။ ထိုအချက်ဖြင့်ပင်လျှင် ရန်ကိုင်သည် ဝမ်ကျိရှန်းအား အလွန်ကိုမှ ကျေးဇူးတင်မိ သွားတော့လေသည်။

သို့သော်ငြား ဝမ်ကျိရှန်း ပြောပြသွားသည့် ရတနာများအနက် အတော်များများမှာ ရန်ကိုင့်အတွက် အသုံးမဝင်လှချေ။

ရတနာဂိုထောင်ထဲတွင် ဧကရာဇ်အဆင့် မှော်ရတနာနှစ်ခု ရှိနေသည်ဟု ပြောခဲ့သော်ငြား ရန်ကိုင်ကမူ ထိုမှော်ရတနာနှစ်ခုကို စိတ်မဝင်စားချေ။

ဆေးလုံးများဆိုလျှင်လည်း သူ့ဘာသာ ဆေးလုံးများကို ဖော်စပ်နိုင်၏။ ထို့ကြောင့် ထိုဆေးလုံးများကိုလည်း မလိုအပ်။

ကျင့်စဉ်နှင့် သိုင်းပညာရပ်များမူကား သူ့တွင် ထိုအရာများကို ကျင့်ကြံနေရန် အချိန်ရှိမနေချေ။

ရန်ကိုင် စိတ်ဝင်စားသွားသည်မှာ အခြားမဟုတ်။ အရင့်အရင် ဧကရာဇ်အဆင့် ပညာရှင်များ ချန်ထားရစ်ခဲ့သည့် သူတို့၏ ကျင့်ကြံခြင်း အတွေ့အကြုံများသာ ဖြစ်ပေသည်။ ထိုသူများ၏ ကျင့်ကြံခြင်း အတွေ့အကြုံများသည် ရန်ကိုင့်၏ ကျင့်ကြံခြင်းအား ထိရောက်စွာ ကူညီပေးနိုင်ပေသည်။

ရန်ကိုင့်၏ ပြောင်းလဲသွားသည့် အမူအယာကို မြင်ပြီးသည့်နောက် ဝမ်ကျိရှန်းက အံ့အားသင့်နေသည့်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။ “ဘာဖြစ်တာလဲ… မင်းအဲ့ဒါတွေကို စိတ်မဝင်စားဘူးလား…”

ရန်ကိုင်က အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ ပြန်ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ကျောင်းသခင်… ကျုပ် ဘယ်လိုဆုံးဖြတ်ရမှန်း မသိသေးလို့ပါ…”

ဝမ်ကျိရှန်းက ပြုံးကာ ပြန်ပြောလိုက်လေ၏။ “ငါနားလည်တယ်… ကောင်းပြီလေ… မင်း အဲ့ဒါတွေထဲမှာ မင်းလိုချင်တာ မရှိဘူးဆိုရင် ငါကိုယ်တိုင် မင်းကို ကျင့်စဉ်တစ်ခု သင်ပေးမယ်ဆိုရင်ကော…”

ရန်ကိုင်သည် ခေါင်းမော့၍ ဝမ်ကျိရှန်းအား ကြည့်ကာ အလျင်အမြန် ပြန်ပြောလိုက်လေ၏။ “ကျောင်းသခင်ဝမ်… ရောင်းရင်းရှနဲ့ အခြားသူတွေ ဘာဆုတွေရသွားလဲဆိုတာ သိလို့ရမလား… သူတို့ရော ကျောင်းတော်ရဲ့ ရတနာဂိုထောင်ထဲဝင်ပြီး သူတို့ကြိုက်ရာ ရတနာသုံးခု ရွေးခွင့်ရသွားတာလား…”

ထိုနားသို့ အရောက်တွင် ဝမ်ကျိရှန်းသည် ရန်ကိုင့်အား အဓိပ္ပာယ်ပါပါဖြင့် စိုက်ကြည့်ရင်း ပြုံးကာ ပြောလိုက်လေသည်။ “မင်းက တကယ်ကို နားလည်နိုင်စွမ်း မြင့်တာပဲ ကောင်လေးရဲ့…”

“ကြည့်ရတာ ရောင်းရင်းရှနဲ့ အခြားသူတွေ ရသွားတဲ့ဆုက ကျုပ်ရတဲ့ ဆုနဲ့ မတူဘူးနဲ့တူတယ်…” ရန်ကိုင် နားလည်သွားခဲ့သည်။

“ဟုတ်တယ်… သူတို့ရသွားတဲ့ ဆုတွေက မတူဘူး… သူတို့က ကျောင်းတော်ရဲ့ တပည့်တွေဆိုပေမဲ့ မင်းက မဟုတ်ဘူးလေ…” ဝမ်ကျိရှန်းသည် ပွင့်ပွင့်လင်းလင်းကို ပြောလိုက်လေသည်။

လူတိုင်းသည် ကိုယ့်ဘက်ကိုယ်ယက်သည့် လိပ်များသာ ဖြစ်ကြလေရာ ရန်ကိုင် မကျေမနပ် ဖြစ်သွားမည်ကို ဝမ်ကျိရှန်း စိတ်ပူမနေခဲ့ပေ။

“ဒါပေမဲ့…” ဝမ်ကျိရှန်းသည် ချက်ချင်းကို ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “မင်းမှာလည်း သူတို့ရသွားတဲ့ဆုကို ရနိုင်မဲ့ အခွင့်အရေးရှိတယ်… ဒါပေမဲ့ အဲ့ဒါက မင်းအပေါ်မူတည်လိမ့်မယ်…”

“ကျောင်းသခင် သေချာလေး ရှင်းပြပေးလို့ ရမလား…” ရန်ကိုင်က အလေးအနက် အမူအယာဖြင့် ပြောလိုက်သည်။

ရှရှန်းနှင့် အခြားလူများ မည်ကဲ့သို့သောဆုအား ရသွားသလဲ ဆိုသည်ကို သူမသိသော်ငြား ဝမ်ကျိရှန်းကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း ဝန်ခံလာသဖြင့် သူတို့ရသွားသည့်ဆုမှာ သူရသည့်ဆုထက် ပိုကောင်းသည်မှာတော့ ယုံမှားသံသယ ရှိစရာ မလိုပေ။

အခွင့်အရေးသည် သူ့ရှေ့တွင် ရောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် လက်လွတ်ခံလိမ့်မည်မဟုတ်။

ယခုတစ်ကြိမ်တွင်တော့ ဝမ်ကျိရှန်းသည် ရန်ကိုင်၏ အမေးအား ချက်ချင်း ပြန်မဖြေခဲ့ပဲ ပြန်၍သာ မေးလိုက်လေသည်။ “ငါဘာလို့ နေမင်းပြာကျောင်းတော်ကို ဒီနေရာမှာ တည်ထောင်ခဲ့လဲဆိုတာ မင်းသိလား…”

(နေမင်းပြာကျောင်းတော်ကို တည်ထောင်တာ နှစ်ပေါင်း ထောင်နဲ့ချီနေပြီ… ငါဘယ်လိုလုပ်ပြီး သိမှာလဲ…)ဟု ရန်ကိုင်သည် စိတ်ထဲမှနေ၍ တွေးလိုက်လေသည်။ သို့သော်ငြား အပြင်သို့ ထုတ်မပြောခဲ့ပဲ ယဉ်ယဉ်ကျေးကျေးသာ ပြန်ဖြေလိုက်လေသည်။ “မသိပါဘူး…”

“ဒီနေရာနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးခြားနေလို့ပေါ့ကွ…” ဝမ်ကျိရှန်းသည် အတိတ်ကို လွမ်းဆွတ်တမ်းတနေဟန်ဖြင့် ပြန်ပြောပြလိုက်လေသည်။

“လွန်ခဲ့တဲ့နှစ်ရှစ်ရာတုန်းက ငါ ဒီနေမင်းပြာတောင်တန်းနားကနေ ဖြတ်သွားတုန်းက ဒီနားမှာ အရမ်းကို ဆန်းကြယ်တဲ့ ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့တယ်… အဲ့တုန်းက ငါ့ကျင့်ကြံခြင်းက ဧကရာဇ်တတိယအဆင့်ကို ရောက်နေပြီ… ဒီတော့ ငါလည်း အဲ့ပစ္စည်းကို ယူဖို့ ကြိုးစားတာပေါ့… ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး… အဲ့ဒါကြောင့်ပဲ ဒီနေရာမှာ ခဏအခြေချဖို့ ဆုံးဖြတ်လိုက်တာ…”

“ဒါပေမဲ့ အဲ့လိုမျိုး အခြေချလိုက်တာကနေ နှစ်တွေ ကြာသွားလည်း ကြာသွားရော တဖြည်းဖြည်းနဲ့ ဒီနေရာကြီးက ဂိုဏ်းတစ်ခုနဲ့ ဆင်တူလာတယ်… အဲ့ဒါနဲ့ ငါလည်း ဒီမှာ နေမင်းပြာကျောင်းတော်ကို တည်ထောင်ဖို့ ဆုံးဖြတ်လိုက်တာပဲ…”

“ငါတို့ နေမင်းပြာကျောင်းတော်က တောင်ဘက်နယ်မြေထဲမှာ ရှိတဲ့ အခြားထိပ်တန်းဂိုဏ်းတွေနဲ့ ယှဉ်လို့ရှိရင် သက်တမ်း အတော်လေးနုတယ်လို့ ပြောလို့ရတယ်… ဒါပေမဲ့ အဲ့ဒါကိုတောင် ဘာလို့ သူတို့ဂိုဏ်းတွေနဲ့ အဆင့်တူမှာ ရပ်တည်နေနိုင်လဲဆိုတာကို မင်းသိလား…”

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ပြောလိုက်လေ၏။ “ကျောင်းသခင် ယူဖို့ကြိုးစားတဲ့ ပစ္စည်းကြောင့်လား…”

ဝမ်ကျိရှန်းက ခေါင်းညိတ်လျက် “ဟုတ်တယ်… ငါကိုယ်တိုင်က ဧကရာဇ်တတိယအဆင့် ဖြစ်နေလို့ ငါ့ခွန်အားက အခြားဂိုဏ်းချုပ်တွေ ကျောင်းသခင်တွေရဲ့ ခွန်အားအောက် နိမ့်ကျခြင်း မရှိဘူးဆိုပေမဲ့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ခွန်အားဆိုတာ လူတစ်ယောက်တည်းပေါ်မှာ မူတည်နေတာမဟုတ်ဘူး…”

“ဂိုဏ်းတစ်ဂိုဏ်း အချိန်အကြာကြီး ရပ်တည်နိုင်ဖို့ အားကောင်းနေဖို့ ဆိုလို့ရှိရင် လက်အောက်ငယ်သားတွေ ဂိုဏ်းသူဂိုဏ်းသားတွေရဲ့ ခွန်အားကလည်း မြင့်မားနေဖို့ လိုတယ်… ငါတို့ဂိုဏ်းက အခုလိုမျိုး အားကောင်းတဲ့လူတွေ အများကြီး ရှိနေနိုင်တာက အဲ့ပစ္စည်းရဲ့ ကျေးဇူးကြောင့်ပဲ…”

“အဲ့ဒါ ဘာပစ္စည်းလဲ ဂျူနီယာသိလို့ရမလား…” ဝမ်ကျိရှန်းပြောပြသည်ကို ကြားပြီးသည့်နောက် သူယူရန် ကြိုးစားသည့် ပစ္စည်းအကြောင်းကို ရန်ကိုင်အတော်လေး သိချင်မိသွားခဲ့လေသည်။

ဝမ်ကျိရှန်းသည် ရန်ကိုင့်အား တစ်ချက်ကြည့်ပြီးသည့်နောက် အလေးအနက် အမူအယာဖြင့် ရှင်းပြလိုက်လေ၏။ “ကောင်းကင်တက်လှမ်းခြင်း ကြေးမုံပဲ… အဲ့ပစ္စည်းက ဒီလောကကြီး စတင် ဖြစ်တည်လာတည်းက ဒီနေရာမှာ ရှိနေခဲ့တာ… အဲ့ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲမှာ ငါတို့ အခုနေနေတဲ့ လောကကြီးနဲ့ လုံးဝကို မတူတဲ့ လောကကြီးတစ်ခုရှိတယ်…”

“ဘယ်လိုကွဲပြားလည်း ဆိုတာကိုတော့ ငါမင်းကို ပြောပြမှာမဟုတ်ဘူး… နောက်ပိုင်း မင်းအဲ့ထဲကို ဝင်ဖို့ အခွင့်အရေးရတဲ့အခါ အဲ့ကြမှ မင်းဘာသာမင်း လေ့လာကြည့်ပေါ့….”

“အဲ့ထဲကို လေ့ကျင့်ဖို့ ဝင်သွားတဲ့ ကျင့်ကြံသူတိုင်း သူတို့ခွန်အားကို အကြီးအကျယ် မြှင့်တင်နိုင်သွားကြတာချည်းပဲ… အရင်အကြိမ်တွေတုန်းက ငါကိုယ်တိုင်လည်း အဲ့ထဲကို ဝင်ပြီး အဲ့ထဲက လောကကြီးကို စူးစမ်းဖို့ ကြိုးစားခဲ့တာ… ဒါပေမဲ့ အပြည့်အဝ မစူးစမ်းနိုင်ခဲ့ဘူး…”

“အရင်နှစ်တွေအတွင်းမှာ ငါတို့ကျောင်းတော်ရဲ့ လက်ရွေးစင်တပည့်အများစု အဲ့ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲကို ဝင်သွားနိုင်ခဲ့ကြတယ်… အဲ့ထဲကို ဝင်သွားပြီး ပြန်ထွက်လာတဲ့လူတိုင်း အရင်ကထက် ပိုပြီး အားကောင်းလာကြတာချည်းပဲ…”

“ကြယ်ဝိဉာဉ်နန်းတော်မှာ ငါးရောင်ခြယ်ရတနာဘုရား ရှိတယ်… ရှေးဟောင်းကျောင်းတော်မှာ ကြယ်တာရာလေပြင်းရှိတယ်… ကောင်းကင်တိုက်ပွဲဒိုဂျိုမှာလည်း သိုင်းစိတ်ဆန္ဒကျောင်းတော် ရှိတယ်… အဲ့တာတွေအကုန်လုံးက သူတို့ဂိုဏ်းအသီးသီးရဲ့ အုတ်မြစ်တွေပဲ… သူတို့ဂိုဏ်း ဒီနေ့အချိန်ထိ ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီပေးခဲ့တဲ့ အရာတွေပဲ…”

ဝမ်ကျိရှန်းက ဂုဏ်ယူဝံ့ကြွားသည့် အမူအယာဖြင့် ထပ်ပြောလိုက်လေ၏။ “သူတို့လိုပဲ ငါတို့နေမင်းပြာကျောင်းတော်မှာလည်း ကောင်းကင်တက်လှမ်းခြင်းကြေးမုံ ရှိတယ်… ကောင်းကင်တက်လှမ်းခြင်းကြေးမုံ မပျက်စီးသရွေ့ ငါတို့ကျောင်းတော်က ဆက်ပြီး တည်ရှိနေမှာ…”

“ဂျူနီယာလည်း အဲ့ထဲကို ဝင်လို့ရလား…” ရန်ကိုင်က မေးကြည့်လိုက်သည်။

ဝမ်ကျိရှန်းက ပြုံးလျက် “အစကတော့ မင်းလို အပြင်လူတစ်ယောက်ကို အဲ့ထဲကို ဝင်ခွင့်ပေးဖို့က လုံးဝ မဖြစ်နိုင်ဘူးလို့ ငါထင်ခဲ့တာ…. တကယ်တော့ ကောင်းကင်တက်လှမ်းခြင်း ကြေးမုံဆိုတာ ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်လေ… ဂိုဏ်းထဲက သာမန်တပည့်တွေကို မပြောနဲ့… အဆင့်မြင့်တပည့်တွေထဲတောင် အဲ့ထဲကို ဝင်ဖူးတဲ့လူတွေပဲ သိကြတာ… အခြားဂိုဏ်းတွေ သိဖို့ဆိုရင်တော့ ဝေလာဝေး…”

“ဒါပေမဲ့ ဒီတစ်ကြိမ် မင်းက ငါတို့ဂိုဏ်းကို ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့တာဆိုတော့ မင်းကို ဝင်ခွင့်မပေးရင် နည်းနည်း လွန်ရာကျနေလိမ့်မယ်… ဒါပေမဲ့ အဲ့လိုဆိုရင်တောင် မင်းကိုဝင်ခွင့်ပေးလိုက်ရင် ဂိုဏ်းစည်းကမ်းကို ချိုးဖြတ်ရာ ကျနေဦးမယ်…”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်က ချက်ချင်း ပြောလိုက်လေသည်။ “ကျောင်းသခင်ဝမ်… ရွှယ့်ယီနဲ့တိုက်ခိုက်တုန်းကလေ သူ့ကိုသာ အနိုင်တိုက်မယ်ဆိုလို့ရှိရင် ကျုပ်ရဲ့ တောင်းဆိုချက်တစ်ခုကို ကျောင်းသခင်ဝမ် ဖြည့်ဆည်းပေးမယ်လို့ ပြောခဲ့တာကို မှတ်မိသေးရဲ့လား…”

ဝမ်ကျိရှန်း ခဏမျှ တန့်သွားခဲ့ပြီးနောက် အံ့အားသင့်နေသည့် အမူအယာဖြင့် ရန်ကိုင့်အား ကြည့်၍ မေးလိုက်လေသည်။ “ဘာလဲ မင်းက အဲ့တောင်းဆိုချက်ကို အခုသုံးချင်လို့လား…”

“ဟုတ်တယ်….” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ပြီးတော့ ဂျူနီယာက ကျောင်းတော်ကို ကြယ်စည်းတံဆိပ်ခြောက်ခုတောင် ပေးထားတာဆိုတော့ ဂျူနီယာအနေနဲ့ ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲကို ဝင်ရင် မလွန်ဘူးမလား…”

“ဒါပေါ့… မလွန်ဘူးပေါ့…” ဝမ်ကျိရှန်းသည် ခဏမျှ စဉ်းစားပြီးသည့်နောက် “မင်း ဒီလောက်တောင် ပြောပြီးနေပြီဆိုပေမဲ့ မင်း အဲ့ထဲကိုဝင်ချင်တာ သေချာလား… ကောင်းကင်တက်လှမ်းခြင်းကြေးမုံက မင်းအတွက် ဘာလုပ်ပေးနိုင်လဲဆိုတာကိုတောင် မင်းမသိသေးဘူးနော်…”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရှနဲ့ အခြားသူတွေက ဒီဆုကို ရသွားတယ်ဆိုမှတော့ ဒီဆုက အကောင်းဆုံးဆုဖြစ်လို့ပေါ့… အကောင်းဆုံးဆုဆိုမှတော့ ကျုပ်က ဘာလို့ တုံ့ဆိုင်းနေရတော့မှာလဲ…”

“ကောင်းပြီလေ…” ဝမ်ကျိရှန်းက ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုမှတော့ ငါမင်းကို ဝင်ခွင့်ပေးရတာပေါ့… ဒါပေမဲ့ ဒီကောင်းကင်တက်လှမ်းခြင်းကြေးမုံအကြောင်းကို အခြားဘယ်သူ့ကိုမှ လျှောက်မပြောပြပါဘူးလို့တော့ မင်းကျိန်ဆိုရမယ်… မဟုတ်ရင်တော့…”

“ဂျူနီယာနားလည်ပါတယ်…” ရန်ကိုင်က ချက်ချင်း ဝမ်ကျိရှန်းရှေ့၌ ကျိန်ဆိုပြလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၀၈)

နေ့တစ်ဝက် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူတော်စင်များတောင်ထွတ်ဆီမှ သူနေထိုင်ရာ ပျံလွှားတောင်ထွတ်ဆီသို့ ပြန်လာခဲ့လေသည်။

ထိုနေ့တစ်ဝက်အတွင်း ဝမ်ကျိရှန်းသည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံ၏ လျှို့ဝှက်ချက်များ အကြောင်းကို ရန်ကိုင့်အား ရှင်းပြခဲ့သည်။

ကောင်းကင်တက်လှမ်းခြင်းကြေးမုံအကြောင်းကို ပိုမိုသိလာလေ ထိုရတနာကို ရန်ကိုင် ပို၍ အထင်ကြီးမိလာလေပင်။

ဤကဲ့သို့သော အလွန်ကိုမှ ဆန်းကြယ်နက်နဲလှသည့် ရတနာတစ်ခု ဤလောကထဲ ဖြစ်ပေါ်လာသည့်အပေါ် ရန်ကိုင် အလွန်ကိုမှ အံ့အားသင့်နေမိသည်။

ဝမ်ကျိရှန်းပြောသည်မှာ မှန်ပေသည်။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်သွားပြီးသည့် လူတိုင်း၏ ခွန်အားမှာ ယခင်ကထက် သိသိသာသာကို ပိုမိုတိုးတက်လာခဲ့လေသည်။

ထိုတိုးတက်မှုသည် တစ်စုံတစ်ဦး၏စွမ်းအား မြင့်မားလာခြင်းသာလျှင် မဟုတ်ဘဲ ကျင့်ကြံသူတစ်ဦး၏ အခြေခံအုတ်မြစ် ပို၍အားကောင်းလာသည့် တိုးတက်မှုမျိုး ဖြစ်ပေသည်။

ယခုမှသာ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကောင်းရွှယ်ထင်း သူ့ဆီသို့ လာရောက်ပြီး ခရမ်းနေခြည်ဒိုင်းကာအား ဘာကြောင့်ပေးခဲ့သလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားတော့သည်။

သူမသည် ဤကိစ္စနှင့် ပတ်သက်၍ ကြိုသိထားသည့်ပုံပင်။ ထို့ကြောင့်သာ ရန်ကိုင့်အား ဝိဉာဉ်အမျိုးအစား အကာအကွယ်မှော်ရတနာတစ်ခု အထူးတလည် လာပေးခဲ့ခြင်းပင်။

သို့မှသာ ရန်ကိုင့်အနေဖြင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်ပြီးသည့်နောက် သူ့ကိုယ်သူ ပိုမိုကာကွယ်နိုင်လိမ့်မည် မဟုတ်လေလော။

ထိုအချက်ကို နားလည်ပြီးသည့်နောက် ရန်ကိုင့်တစ်ကိုယ်လုံး ရုတ်ချည်းအေးခဲသွားခဲ့သည်။ ယခုမှပဲ တစ်စုံတစ်ခုကို နားလည်သွားခဲ့ပြီး မဲ့ပြုံးပြုံးရင်း ရေရွတ်လိုက်လေ၏။

“သက်တမ်းရင့်တဲ့ဂျင်းက ပိုစပ်တယ်ဆိုတာ တကယ်အမှန်ပါပဲလား…” ရန်ကိုင် ဤကဲ့သို့ ပြောလိုက်ရခြင်းမှာ ယခုမှသာလျှင် ရန်ကိုင်သည် ဝမ်ကျိရှန်းနှင့် အခြားသူများ သူ့အား ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်ခွင့်ပေးရန် သဘောတူထားပြီးဖြစ်ကြောင်းကို နားလည်သွားသည့် အတွက်ကြောင့်ပင်လျှင်။

ထို့ကြောင့် ဝမ်ကျိရှန်းသည် ထိုအကြောင်းကို တိုက်ရိုက်မပြောခဲ့ပဲ သူ့အား အခက်မတွေ့ တွေ့အောင်ကို လုပ်ခဲ့သည်။

ရှရှန်းနှင့် အခြားသူများ ရသွားသည့်ဆုမှာ သူရမည့်ဆုထက် အများကြီးပိုကောင်းကြောင်း ထိုဆုအား ရန်ကိုင့်အား အလွယ်တကူ မပေးနိုင်ကြောင်း ပြောရင်း ရန်ကိုင်နှင့် လုပ်ခဲ့သော ကတိကို ရန်ကိုင်အသုံးမပြု ပြုလာအောင် နည်းအမျိုးမျိုးဖြင့် လှည့်စားသွားခဲ့လေသည်။

တစ်နည်းဆိုရသော် ရန်ကိုင့်အနေဖြင့် ဝမ်ကျိရှန်းနှင့် လုပ်ခဲ့သော ကတိကို အသုံးမပြုခဲ့လျှင်ပင် ဝမ်ကျိရှန်းသည် ရန်ကိုင့်အား ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်ခွင့်ပေးမည်သာ။

သို့သော်ငြား ယခုမှ အော်ငိုနေလို့လည်း အသုံးဝင်တော့မည်မဟုတ်။ ဝမ်ကျိရှန်းနှင့် ထားခဲ့သည့် ကတိကိုမူ အသုံးပြုမိသွားခဲ့လေပြီ။

သို့သော်ငြား ရန်ကိုင်လည်း အရမ်းကြီး စိတ်ညစ်မနေခဲ့ပေ။ သူသည် နေမင်းပြာကျောင်းတော်၏ အဖိုးအတန်ဆုံးသော ရတနာတစ်ခုအား အသုံးပြုခွင့် ရတော့မည် မဟုတ်လေလော။

ထို့အတွက်ကြောင့် ဝမ်ကျိရှန်းနှင့် ထားခဲ့သော ကတိအား အသုံးပြုရလျှင်ပင် ဘာအရေးနည်း။

မနက်ဖြန်ကြလျှင် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲသို့ ဝင်ရတော့မည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် ခရမ်းနေခြည်ဒိုင်းကာအား ဆက်၍ သန့်စင်မနေတော့ချေ။ ထို့အစား တင်ပလင်ခွေထိုင်ကာ သူ့ကိုယ်သူ အကောင်းဆုံး အခြေအနေသို့ ရောက်အောင်သာ ပြင်ဆင်နေလိုက်သည်။

နောက်တစ်နေ့မနက်သို့ ရောက်သည့်အခါ ရန်ကိုင် မျက်လုံးပွင့်လာခဲ့လေသည်။ ထို့နောက် ထိုင်ရာမှထ၍ နေမင်းပြာတောင်တန်း၏ တစ်ခုသောနေရာဆီသို့ ဦးတည်သွားလေ၏။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် တောင်မြင့်မြင့်တစ်လုံး၏ တောင်ခြေဆီသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။

ရန်ကိုင့်ထက်စော၍ လူလေးယောက် ကြိုရောက်နေခဲ့ကြသည်။ ထိုလူများမှာ အခြားမဟုတ်။ ရှရှန်း၊ ရှောင်ပိုင်ယီ၊ မုရုန်ရှောင်ရှောင်နှင့် ချန်းမုကျီတို့သာ ဖြစ်ပေသည်။

“ရောင်းရင်းရန်လာမယ်မှန်း ငါသိသားပဲ…” ရန်ကိုင်ရောက်လာသည်ကို မြင်သော် ရှရှန်းက အပြုံးကြီးပြုံးလျက် ပြောလိုက်လေ၏။

ရှောင်ပိုင်ယီကမူ အံ့အားသင့်နေသည့် အမူအယာဖြင့် ရန်ကိုင့်အား စိုက်ကြည့်နေခဲ့လေသည်။

ကောင်းကင်တက်လှမ်းခြင်းကြေးမုံသည် နေမင်းပြာကျောင်းတော်၏ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်သည့်အတွက်ကြောင့် အပြင်လူတစ်ယောက်ဖြစ်သော ရန်ကိုင့်အနေဖြင့် ဂိုဏ်းအတွက် မည်သို့ပင် အကျိုးဆောင်ပေးစေကာမူ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်ခွင့်ရလိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်။

သို့သော်ငြား လက်တွေ့မှာမူ သူထင်ထားသကဲ့သို့ ဖြစ်မနေခဲ့ချေ။

“ဂျူနီယာမောင်လေးရန်…” မုရုန်ရှောင်ရှောင်က ပြုံးလျက် ရန်ကိုင့်အား နှုတ်ဆက်လိုက်သည်။

“ရောင်းရင်းရန်…” ချန်းမုကျီကလည်း လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။ သူတို့နှစ်ဦးသည် တစ်ယောက်အကြောင်း တစ်ယောက် သိပ်မသိကြသော်ငြား အနည်းဆုံး အချင်းချင်း စကားပြောခဲ့ဖူးကြသည်။

ထို့အပြင် ယခုအချိန်မှစ၍ သူတို့အားလုံးမှာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ အတူတကွ ဝင်ကြရတော့မည် ဖြစ်သလို အထဲသို့ ရောက်သည့်အခါတွင်လည်း တစ်ဦးကိုတစ်ဦး အားကိုးကြရမည် ဖြစ်သည့်အတွက်ကြောင့် နှစ်ဦးသားကြား ရင်းနှီးသည့် ဆက်ဆံရေး ရှိထားခြင်းမှာ အကျိုးမယုတ်ချေ။

ရန်ကိုင်သည်လည်း အကုန်လုံးအား လက်သီးဆုပ်ကာ ပြန်နှုတ်ဆက်လိုက်လေ၏။

စကားနည်းနည်းပါးပါး ပြောပြီးသည့်နောက်တွင် ခေါင်းစဉ်ပြောင်းကာ မေးလိုက်လေသည်။ “ဒီတစ်ကြိမ်ဝင်မှာ ငါတို့ပဲလား… ဦးဆောင်မဲ့ အခြားအကြီးအကဲ တစ်ယောက်ယောက်ရော ပါသေးလား…”

ရှရှန်းက ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ပါတာပေါ့… ကောင်းကင်တက်လှမ်းခြင်းကြေးမုံရဲ့ အတွင်းပိုင်းက တော်တော်လေးကို အန္တရာယ်များတာ… ဒီတော့ ကျောင်းတော်က ငါတို့ချည်းပဲ လွှတ်လိုက်ဖို့ စိတ်မချဘူး… ဒါကြောင့် အခုတစ်ကြိမ် ဧကရာဇ်အဆင့် အကြီးအကဲတစ်ဦးကို လွှတ်ပေးလိမ့်မယ်…”

“ဘယ်သူလာမလဲ ဆိုတာကိုပဲ မသိသေးတာ…” ချန်းမုကျီက ပြုံးလျက် ဝင်ပြောလိုက်သည်။

ထိုစဉ် ရှရှန်း၏မျက်နှာ ရုတ်ချည်းမည်းမှောင်သွားခဲ့ပြီး ရေရွတ်လိုက်လေ၏။ “အကြီးအကဲကောင်းတော့ လုံးဝဖြစ်လို့မရဘူး…”

ဥတုလေးမျိုးနယ်မြေသို့ သွားစဉ်က ကောင်းရွှယ်ထင်းသည် အသွားရောအပြန်ရောတွင်ပါ ရှရှန်းအား သင်္ဘောပေါ်မှ လွှင့်ပစ်ခဲ့လေသည်။ ထို့ကြောင့် ရှရှန်းသည် ကောင်းရွှယ်ထင်းအား အတော်လေးကို ကြောက်နေခဲ့၏။

ထိုစကားကို ပြောပြီးသည့်နောက်တွင် ရှရှန်းသည် မုရုန်ရှောင်ရှောင်ဘက်သို့ လှည့်၍ သင်္ကာမကင်း အမူအယာဖြင့် မေးလိုက်လေသည်။ “ရှောင်ရှောင်… နင်ညတုန်းက ကောင်းကောင်း နားမထားဘူးလား… နင့်မျက်နှာက ဘာဖြစ်နေတာလဲ…”

“မဟုတ်ဘူး…” မုရုန်ရှောင်ရှောင်သည် စိုးရိမ်နေသည့် အမူအယာဖြင့် တိုးတိုးလေးပြန်ပြောလိုက်လေသည်။

“ဟမ့်…” ရှောင်ပိုင်ယီသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး အခြားတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုအချိန်အတောအတွင်း ချန်းမုကျီသည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေပြီး ရန်ကိုင်သည် မြေကြီးအားငုံ့ကြည့်နေရင်း မသိချင်ယောင် ဆောင်နေလေသည်။

တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်သည့်နောက် ရှရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့သည်။ သေမင်းသည် သူ့နောက်တွင် ရပ်နေသည့်အလား သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရလေသည်။

“ဟား ဟား ဟား…” ရှရှန်းသည် ရုတ်တရက် ခြောက်ကပ်ကပ် လေသံဖြင့် ရယ်မောရင်း “ငါဘာပြောလိုက်တာပါလိမ့်… ငါတစ်ခုခု…” ပြောလို့ မဆုံးသေးခင်မှာပင် သူ့ခေါင်းအား တစ်ယောက်ယောက်မှ အားကုန်သုံး၍ ခေါက်လိုက်သည့်အလား ခေါင်းတစ်ခုလုံး ပူထူသွားခဲ့သည်။

အလွန်အားပါသည့် အတွက်ကြောင့်လားမသိ ခေါင်းခေါက်ခံလိုက်ရချိန် ရှရှန်းတစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားခဲ့လေသည်။

“နင်တို့အားလုံး ငါ့နောက်လိုက်ခဲ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် လေပေါ်သို့ ပျံဝဲသွားလေ၏။

“ဟုတ်ကဲ့…” အကုန်လုံးလည်း ခေါင်းညိတ်လိုက်ကြပြီး ကောင်းရွှယ်ထင်းနောက်မှ အနီးကပ်လိုက်သွားကြလေသည်။

ကောင်းရွှယ်ထင်းနောက်သို့ လိုက်သွားနေရင်းမှ မုရုန်ရှောင်ရှောင်သည် ရှရှန်းအား ကရုဏာသက်နေသည့် အမူအယာဖြင့် လှမ်းကြည့်လိုက်လေသည်။

သို့သော်ငြား ရှရှန်းအား သွားထူပေးရဲသည့် သတ္တိ သူမတွင် ရှိမနေခဲ့ချေ။ ထို့ကြောင့် သူမ၏စီနီယာအစ်ကိုအတွက် စိတ်ထဲမှနေ၍သာ ကြိတ်၍ ဆုတောင်းပေးနေရလေ၏။

ကောင်းရွှယ်ထင်းသည် လမ်းတွင် စကားတစ်ခွန်းမှ ပြောမသွားခဲ့။ ထို့အတွက်ကြောင့် တပည့်များမှာလည်း အတော်လေးကိုမှ စိတ်မသက်မသာ ဖြစ်နေကြရလေသည်။

ဘာကြောင့်မှန်းမသိ တပည့်အားလုံး ကောင်းရွှယ်ထင်းနှင့် အတူရှိနေကြချိန် မည်သူမျှ စကားမပြောတော့ကြ။ ပြုံးလည်း မပြုံးကြတော့ပေ။

မကြာခင် သူတို့အဖွဲ့ တောင်ပေါ်သို့ ရောက်လာခဲ့သည်။ ဤတောင်ပေါ်၏ အခြားတစ်ဖက်တွင် ချောက်ကမ်းပါးတစ်ခု ရှိနေခဲ့လေသည်။

ကောင်းရွှယ်ထင်းသည် ချောက်ကမ်းပါးရှေ့ဘက်ရှိ လေထဲတွင် ဝဲနေလိုက်သည်။

ရန်ကိုင်နှင့် အခြားသူများသည်လည်း ကောင်းရွှယ်ထင်းနှင့် ဆယ်မီတာခန့်အကွာတွင် ရပ်၍ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ကြလေသည်။

ရန်ကိုင်သည် နေမင်းပြာကျောင်းတော်၏ တပည့်တစ်ဦး မဟုတ်သည့်အတွက်ကြောင့် ဤနေရာအကြောင်း ပိုသိချင်စိတ် ဖြစ်မိသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

သို့သော်ငြား ရှောင်ပိုင်ယီနှင့် အခြားသူများမှာမူ ထိုကဲ့သို့မဟုတ်။ သူတို့သည် နေမင်းပြာကျောင်းတော်ထဲတွင် ငယ်ရွယ်စဉ်ကတည်းက နေလာခဲ့ကြခြင်း ဖြစ်သည်။

နေမင်းပြာကျောင်းတော်ထဲတွင် ရှိနေစဉ် အတော်အတွင်း ဤနေရာအား အခေါက်ပေါင်းများစွာ ဖြတ်သွားခဲ့ဖူးပေသည်။ သို့သော်ငြား ဤနေရာသည် သာမန်နေရာတစ်ခု ဖြစ်သည်ဟုသာ တွေးလျက် မည်သူမျှ အာရုံမစိုက်ခဲ့ကြ။

ယခုမှသာ ဤနေရာတွင် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေမှန်း သိခဲ့ရခြင်း ဖြစ်ပေသည်။

“အထဲကို ဝင်သွားပြီဆိုတာနဲ့ နင်တို့ မကြည့်သင့်တာကို မကြည့်နဲ့… မပြောသင့်တာကို မပြောနဲ့… တိတ်တိတ်ကလေးနေကြ…” ကောင်းရွှယ်ထင်းသည် အားလုံးအား သတိပေးလိုက်သည်။

ထို့နောက် တစ်ယောက်သောသူကို ကြည့်၍ လက်ညှိုးထိုး၍ ပြောလိုက်လေသည်။ “အထူးသဖြင့် နင်ပဲ…”

ပြောပြီးသွားသည်နှင့် သူမ၏ အကြည့်သည် မုရုန်ရှောင်ရှောင်နောက်တွင် ပုန်းအောင်းရန် ကြိုးစားနေသော ရှရှန်းဆီသို့ ရောက်သွားခဲ့လေသည်။

“တပည့် လုံးဝကို တိတ်တိတ်နေပေးပါ့မယ်…” ထိုစကားကို ကြားသည့်အခါ ရှရှန်းသည် ချက်ချင်းပဲ သူ့ပါးစပ်အား လက်ညှိုးဖြင့် ရေပြင်ညီ ဖြတ်ဆွဲပြလိုက်လေသည်။

ထိုအခါမှသာ ကောင်းရွှယ်ထင်းသည် ချောက်ကမ်းပါးဘက်သို့ လှည့်၍ အော်ပြောလိုက်လေ၏။ “အဖွားယိုရှိလား… ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ တပည့်တွေကို ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို ခေါ်သွားဖို့ ရွှယ်ထင်း ရောက်လာတာပါ… အဖွားယို ကျေးဇူးပြုပြီး အကာအရံကို ဖွင့်ပေးပါ…”

ကောင်းရွှယ်ထင်း၏ လေသံမှာ အလွန်တရာကိုမှ ယဉ်ကျေးနေခဲ့လေသည်။ ဂိုဏ်းချုပ်ဖြစ်သော ဝမ်ကျိရှန်း၊ ဒုဂိုဏ်းချုပ်ဖြစ်သောချို့ရန်တို့နှင့် စကားပြောသော အချိန်တွင်ပင်လျှင် သူမ၏လေသံမှာ ဤမျှ မယဉ်ကျေးခဲ့ချေ။

ဝမ်ကျိရှန်းနှင့် စကားပြောနေစဉ် မယဉ်ကျေးနေခြင်းမှာ အထူးအဆန်းတော့ မဟုတ်။ ဝမ်ကျိရှန်းကိုယ်တိုင်သည် ကောင်းရွှယ်ထင်းအား ပြုစုပျိုးထောင်ခဲ့သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ အတော်လေးရင်းနှီးသည်ဟု ပြော၍ရသည်။

ထို့အပြင် ဝမ်ကျိရှန်းကိုယ်တိုင်ကလည်း လူရိုသေရှင်ရိုသေဖြစ်အောင် မနေသဖြင့် ကောင်းရွှယ်ထင်း သူ့အား မလေးစားသည်မှာ အထူးအဆန်းတော့မဟုတ်။

သို့သော်ငြား ချို့ရန်သည် နေမင်းပြာကျောင်းတော်၏ ဒုကျောင်းသခင်ဖြစ်သလို ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ သို့တိုင် ကောင်းရွှယ်ထင်းသည် သူ့အား ဤမျှ ယဉ်ကျေးစွာ တစ်ခါမှ မဆက်ဆံခဲ့ပေ။

ထိုမျှသာလျှင် မဟုတ်သေး။ ကောင်းရွှယ်ထင်း၏ ပုံစံကို ကြည့်ရင်း သူမလေသံသည် ယဉ်ကျေးရုံသာမဟုတ် သူမ၏အသံထဲ စိုးရိမ်မှု၊ ကြောင့်ကြမှုတို့ပါ ပါဝင်နေသည်ကို ရန်ကိုင် ခံစားမိနေခဲ့သည်။

ထို့အပြင် အဖွားယိုအား လှမ်းခေါ်သည့် အချိန်တွင် ကောင်းရွှယ်ထင်းသည် သူမကိုယ်သူမ ဂျူနီယာတစ်ဦးဖြစ်ကြောင်း မြင်သာအောင် သုံးနှုန်းသွားခဲ့လေသည်။

ထိုအချက်ကို ကြည့်ရသလောက် ဤနေရာကိုစောင့်ကြပ်နေသည် အဖွားယိုဟု ခေါ်သူသည် မဟာအကြီးအကဲနှင့် အဆင့်တူသည့် လူတစ်ဦးဖြစ်သလို အလွန်ကိုမှလည်း ဒေါသကြီးသည့် လူတစ်ဦး ဖြစ်ရပေလိမ့်မည်။

နေမင်းပြာကျောင်းတော်ထဲတွင် ဤကဲ့သို့သော လူတစ်ယောက် ရှိနေလိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

အော်ပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် ရပ်စောင့်နေလိုက်လေ၏။ ကောင်းရွှယ်ထင်းမှ အော်ခေါ်ပြီး နာရီဝက်ခန့် အကြာတွင် သူတို့ရှေ့ဘက်ရှိ ချောက်ကမ်းပါးဆီမှ အလင်းတစ်ချက် လက်သွားခဲ့လေ၏။

ထိုကဲ့သို့ အလင်းတစ်ချက် လက်သွားပြီးသည့်နောက်တွင် ယခင်က ဘာဆိုဘာမှ ရှိမနေခဲ့သော ချောက်ကမ်းပါးပေါ်တွင် ဂူတစ်လုံး ထူးဆန်းစွာ ထွက်ပေါ်လာခဲ့လေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ ကောင်းရွှယ်ထင်းသည် အားလုံးအား အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ “ငါ့နောက်လိုက်ခဲ့…”

ထို့နောက် အကုန်လုံးကို ဦးဆောင်ရင်း ဂူဆီသို့ ပျံသန်းသွားလေ၏။

ဂူထဲသို့ ဝင်လာပြီးသည်နှင့် တစ်ပြိုင်နက် အေးစက်စက် အရှိန်အဝါတစ်ခု သူတို့အား လွှမ်းခြုံလာကြောင်းကို အကုန်လုံး ခံစားမိလိုက်ကြသည်။

အကုန်လုံးမှာ တာအိုသခင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် ထိုအအေးဓာတ် အရှိန်အဝါကို ခံစားမိလိုက်သည့်နောက် တုန်တုန်ရီရီ ဖြစ်သွားကုန်ကြလေသည်။

လိုဏ်ဂူမှာ တိတ်ဆိတ်ပြီး အနည်းငယ်မှောင်မိုက်နေသည်။ မည်သူမျှ စကား မပြောကြချေ။ တကယ်ဆိုလျှင် အကုန်လုံးသည် အသက်ကိုပင် ပြင်းပြင်းမရှူရဲကြ။ တစ်ခုတည်းသော ကြားနိုင်သည့်အသံဆို၍ သူတို့၏နှလုံးခုန်သံများ ဖြစ်ကြလေသည်။

မြွေလိမ်မြွေကောက်လမ်းများကို ဖြတ်ကျော်လာရင်း ကောင်းရွှယ်ထင်းသည် အားလုံးအား တောင်အတွင်းပိုင်းဆီသို့ ဦးဆောင်ခေါ်လာခဲ့လေသည်။

အချိန်အတော်ကြာအောင် လမ်းလျှောက်လာပြီးသည့်နောက်တွင် တောက်ပသည့် အလင်းတစ်ခု သူတို့အားလုံးရှေ့၌ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ခဏအကြာ၌ ကျယ်ပြောကြီးမားသည့် လိုဏ်ဂူတစ်ခုထဲသို့ ရောက်လာခဲ့ကြသည်။ လိုဏ်ဂူမှာ အလွန်ကိုမှ ရိုးရှင်းလှသည်။ မည်သည့်အဆင်တန်ဆာမှ ရှိမနေခဲ့။

ထိုလိုဏ်ဂူအလယ်တွင်မူ စားပွဲခုံတစ်လုံးစာ အရွယ်ရှိသော ကြေးမုံတစ်ချပ် ရှိနေခဲ့လေသည်။ ထိုကြေးမုံသည် သူတို့၏ဂိုဏ်းချုပ် ပြောပြောနေသည့် ဒဏ္ဍာရီလာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံ ဖြစ်မည်မှန်း အကုန်လုံး သိလိုက်ကြသည်။ ထို့အတွက်ကြောင့် အကုန်လုံးသည် ကြေးမုံအား စိတ်ဝင်တစား စူးစမ်းကြည့်ကြတော့လေသည်။

သို့သော်ငြား ကြေးမုံအား အာရုံစိုက်လိုက်ချိန် ပြားချပ်နေသော ကြေးမုံ၏ မျက်နှာပြင်သည် ဧရာမဝဲကတော့ကြီးတစ်ခုအသွင်သို့ ပြောင်းသွားလျက် သူတို့၏ စိတ်ဝိဉာဉ်များကို စတင်စုပ်ယူရန် ကြိုးစားလာကြောင်း တွေ့လိုက်ရလေသည်။

ထိုဆွဲအားကြောင့် အကုန်လုံး၏ အသိစိတ်ပင်လယ်မှာ မတည်မငြိမ် ဖြစ်လာပြီး သူတို့၏ဝိဉာဉ်များပင်လျှင် တုန်ရီလာကြလေသည်။

ထို့အတွက်ကြောင့် အကုန်လုံးမှာ အထိတ်ထိတ် အလန့်လန့်နှင့် သူတို့၏အကြည့်များကို အလျင်စလို ရုတ်သိမ်းကြလေ၏။ မည်သူမျှ ထိုကြေးမုံအား ဆက်၍ မစိုက်ကြည့်ရဲကြတော့ချေ။

“လူငယ်တွေဆိုတာ သူတို့ဘယ်လောက် သေးနုပ်ကြောင်းကို ခံဖူးမှ သိကြတာ… ဟမ့်…” စူးရှသည့် အသံတစ်သံ ကျယ်ပြောသည့် ကျောက်တုံးခန်းထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ထိုအသံသည် ကျောက်ပြင်အား စူးချွန်များဖြင့် ကုတ်ခြစ်ရာမှ ထွက်ပေါ်လာသည့် အသံနှယ်။ ထိုအသံကို ကြားလိုက်သည့် လူတိုင်း၏ စိတ်ထဲ မသက်မသာ ဖြစ်သွားကြရလေသည်။

ထိုအသံကို ကြားလိုက်ချိန် ရန်ကိုင်နှင့် အခြားသူအားလုံး သူတို့ခေါင်း ထုံထိုင်းသွားတော့မည်နှယ် ခံစားလိုက်ကြရသည်။ ထိုအသံနှင့်အတူ ပုံရိပ်တစ်ခုသည် အားလုံးရှေ့ ဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့လေသည်။

သူမ မည်ကဲ့သို့ ပေါ်လာသလဲဆိုသည်ကို မည်သူမျှ သတိမထားမိခဲ့ကြချေ။ ကောင်းရွှယ်ထင်းပင်လျှင် ခြွင်းချက်မဟုတ်။

ပုံရိပ်ပေါ်လာလာချင်း ကောင်းရွှယ်ထင်းမှာ အနည်းငယ် ပျာယာခတ်သွားခဲ့ကြသော်ငြား ချက်ချင်းပဲ သူမ၏အမူအယာကို ပြန်ထိန်းလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၀၉)

“အဖွားယိုကို နှုတ်ဆက်ပါတယ်…” ကောင်းရွှယ်ထင်းသည် အလေးအနက် အမူအယာဖြင့် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။

ရန်ကိုင်နှင့် အခြားသူများသည်လည်း အသစ်ရောက်လာသည့်လူအား အလျင်စလို လှမ်းကြည့်လိုက်ကြသည်။

အဖွားယိုဆိုသည့်လူသည် အတော်လေးကိုမှ အရပ်ပုပေသည်။ သူမ၏အရပ်မှာ ရန်ကိုင့်ရင်ဘတ်ကိုသာ ရောက်လေ၏။ ခါးမှာလည်း ကုန်းနေပြီး သူမကိုယ်သူမ တုတ်ကောက်တစ်ချောင်းဖြင့် ထူမ ထားရသည်။

အဖွားယို၏ မျက်နှာမှာတော့ တကယ်ကို မကြည့်ရက်စရာပင်။ သူမ၏ မျက်နှာတစ်ပြင်လုံး ကျောက်ပေါက်မာများဖြင့် ပြည့်နေ၏။

ထို့အပြင် အချိန်၏တိုက်စားမှုကြောင့် မရေမတွက်နိုင်သော အရေးအကြောင်းများဟာလည်း သူမမျက်နှာထက် အထင်းသား တည်ရှိနေခဲ့လေသည်။

သူမပုံစံကို ကြည့်ရသည်မှာ အသက်ရှင်ရန် အချိန်သိပ်မကျန်တော့သည့် သက်ကြားအိုကြီးတစ်ဦး၏ ပုံစံနှင့်ပင် တူနေပေသေးသည်။

သူမတစ်ကိုယ်လုံးမှာ အားအင်ချည့်နဲ့နေဟန် ထင်ရသော်ငြား သူမ၏အစိမ်းရောင်မျက်လုံးများမှာတော့ စွမ်းအင်များဖြင့် တလက်လက် တောက်ပနေခဲ့လေသည်။

သူမနှင့် အကြည့်ချင်းဆုံမိလိုက်သူတိုင်း ရင်ထဲအသည်းထဲမှနေ၍ ထိတ်လန့်သွားကုန်ကြရသည်။ သူမ၏ အစိမ်းရောင်မျက်လုံးများသည် အလွန်တရာကိုမှ ရက်စက်ကြမ်းကြုတ်သော အသွင်ကို ဆောင်နေလေသည်။

အဖွားယို၏ မျက်လုံးများအား လှမ်းကြည့်လိုက်ပြီးသည့်နောက် မုရုန်ရှောင်ရှောင်၏ မျက်နှာလေး သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ သူမသည် အခြားသူများလောက် သတ္တိမရှိ။ အခြားသူများပင်လျှင် အဖွားယိုနှင့် အကြည့်ချင်းမဆုံရဲလေရာ သူမဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

သို့သော်ငြား အဖွားယိုသည် သူတို့ရှေ့တည့်တည့်တွင် ရပ်နေသည့် အတွက်ကြောင့် မည်သူမှ သူမ မကောင်းကြောင်း မပြောရဲကြချေ။ အကုန်လုံးသည် လက်သီးဆုပ်၍သာ ယဉ်ယဉ်ကျေးကျေးဖြင့် နှုတ်ဆက်လိုက်ကြလေသည်။ “စီနီယာကို နှုတ်ဆက်ပါတယ်…”

အဖွားယိုသည် ဘာဆိုဘာမှ ပြန်မပြောပဲ ခေါင်းတချက်သာ ညိတ်ပြလိုက်ပြီး သူမ၏ အားကောင်းလှသော ကောင်းကင်စိတ်အာရုံကိုသုံး၍ အကုန်လုံးအား စစ်ဆေးကြည့်လိုက်လေသည်။

အဖွားယို၏ ကောင်းကင်စိတ်အာရုံ သူ့အပေါ်သို့ ရောက်ရှိလာချိန် ရန်ကိုင် အမှန်တကယ်ကို ထိတ်လန့်သွားခဲ့သည်။ ဤအဖွားယိုဆိုသူ၏ ကောင်းကင်စိတ်အာရုံမှာ ထူးထူးခြားခြားကို အားကောင်းလွန်းနေခဲ့လေသည်။

ယခင်က တွေ့ခဲ့ဖူးသော ဒေါ်လေးဖုန်းဆိုသူ၏ ကောင်းကင်စိတ်အာရုံသည်ပင်လျှင် အဖွားယို၏ ကောင်းကင်စိတ်အာရုံနှင့် မယှဉ်နိုင်ပေ။ ဒေါ်လေးဖုန်းဆိုသူသည် ဝမ်ကျိရှန်းနှင့်ပင် ယှဉ်နိုင်သော ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လေသည်။

သို့သော်ငြား အဖွားယို၏ အရှိန်အဝါမှာ ဧကရာဇ်တတိယအဆင့်ပင် ရှိမနေခဲ့။ ရန်ကိုင်မြင်ရသလောက် အဖွားယို၏ ကျင့်ကြံခြင်းသည် ဧကရာဇ်ပထမအဆင့်သာ ရှိပေသေးသည်။

တစ်နည်းဆိုရသော် သူ့ရှေ့ရှိ အဖွားအိုကြီးသည် ကျင့်ကြံခြင်းအရ ဧကရာဇ် ပထမအဆင့်သာ ရှိသေးသော်ငြား သူမ၏ ကောင်းကင်စိတ်အာရုံမှာတော့ ဧကရာဇ် တတိယအဆင့်ကဲ့သို့ အားကောင်းနေခဲ့လေပြီ။

ထိုကဲ့သို့ဖြစ်ရသည်မှာ သူမ၏ မွေးရာပါ ပါရမီကြောင့်လား ထိုသို့မဟုတ်ဘဲ သူမစောင့်ကြပ်နေရသော ကောင်းကင်တက်လှမ်းခြင်းကြေးမုံကြောင့်လား ဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။

ကောင်းကင်တက်လှမ်းခြင်းကြေးမုံကြောင့် ထိုကဲ့သို့ ဖြစ်နေသည်မှာ ပို၍ ဖြစ်နိုင်သည်ဟု ရန်ကိုင်တွေးမိလိုက်သည်။

ဝမ်ကျိရှန်းပြောပုံအရ ကောင်းကင်တက်လှမ်းခြင်းကြေးမုံသည် ကျင့်ကြံသူတစ်ဦး၏ ဝိဉာဉ်ကို အားကောင်းလာအောင် လုပ်ပေးနိုင်သည် မဟုတ်လေလော။

အဖွားယိုသည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို စောင့်ကြပ်ရန်အတွက် ဤနေရာတွင် အမြဲတမ်း နေနေသဖြင့် ကောင်းကင်တက်လှမ်းခြင်းကြေးမုံမှ အကျိုးအမြတ်များစွာ ရရှိခဲ့မည်မှာ ယုံမှားသံသယ ရှိစရာမလိုပေ။

“အို…” အခြားသူများအား စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အဖွားယိုသည် ရန်ကိုင့်အား စိုက်ကြည့်၍ တစ်ခုခုအား သတိပြုမိသွားသည့်အလား ထူးဆန်းစွာ ရယ်မောရင်း ရေရွတ်လိုက်လေသည်။ “စိတ်ဝင်စားစရာ ကောင်လေးတစ်ကောင် ပေါ်လာပြီပဲ…”

ကောင်းရွှယ်ထင်းသည်လည်း ရန်ကိုင့်အား ကြည့်ကာ မျက်မှောင်ကျုံ့လိုက်လေသည်။ သို့သော် ဘာမှတော့ မပြောခဲ့ချေ။

အဖွားယိုသည် ရန်ကိုင်နှင့်ပတ်သက်၍ ဘာမှပြောမနေခဲ့ပဲ စူးရှသည့် လေသံဖြင့်သာ ပြောလိုက်လေသည်။ “ကျန်တဲ့သူတွေကတော့ အရည်အချင်း ပြည့်မီရုံပဲ…”

ကောင်းရွှယ်ထင်းက လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည်။ “သူတို့ကို ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲကို ခေါ်သွားပေးဖို့ အဖွားယိုကို တောင်းဆိုပါတယ်…”

“ဟမ့်… အဲ့ခွေးသူတောင်းစားလေးဝမ်ကျိရှန်း ဒီအဖွားအိုကြီးကို ဘယ်လိုအမိန့်ပေးခိုင်းရမလဲပဲ သိတယ်…” ထိုစကားကို ကြားသည့်အခါ အဖွားယိုသည် ရုတ်တရက်ကြီး ဒေါသတကြီး ထအော်တော့လေသည်။

ရန်ကိုင်နှင့် အခြားသူအားလုံး မင်သက်သွားခဲ့ပြီး သူတို့ရှေ့ရှိ အဖွားအိုကြီးအား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်ကြလေ၏။

မည်သို့ပင် ဖြစ်စေကာမူ ဝမ်ကျိရှန်းသည် နေမင်းပြာကျောင်းတော်၏ ကျောင်းသခင်ဖြစ်နေဆဲ။

အဖွားယိုသည် ဤတားမြစ်နေရာအား ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကို ယူထားသည့်အတွက်ကြောင့် သူမသည် ကျောင်းတော်၏ အဖွဲ့သားတစ်ဦး ဖြစ်ရပေလိမ့်မည်။

ကျောင်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေသည့်တိုင် သူတို့၏ ကျောင်းသခင်အား ခွေးသူတောင်းစားလေးဟု လူများရှေ့မှာ ခေါ်ဆိုခဲ့သည်။ အဖွားအို၏ သဘောထားနှင့်ပတ်သက်၍ အကုန်လုံးမှာ လုံးဝကို အူကြောင်ကြောင် ဖြစ်နေရတော့လေသည်။

သို့သော်ငြား အဖွားယိုသည် ဝမ်ကျိရှန်းအား အော်ဆဲပြီးသည့်နောက်တွင် အခြားသူများဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “နင်တို့ မျက်နှာတွေက ဘာဖြစ်နေတာလဲ… အဲ့ခွေးသူတောင်းစားက ငါ့ကို ဒီမှာ တောက်လျှောက် ပိတ်လှောင်ထားတာ ငါသူ့ကို ဆဲလို့တောင်မရဘူးလား… ဘာလဲ နင်တို့ကို မကျေနပ်တာလား…”

အကုန်လုံး ချက်ချင်း ခေါင်းခါပြလိုက်လေသည်။

ထိုအချိန်တွင် ကောင်းရွှယ်ထင်းကမူ မျက်မှောင်ကျုံ့၍ ပြောလိုက်လေသည်။ “အဖွား… အဖွားဒီမှာ ပိတ်မိနေတာ ကျောင်းသခင်နဲ့ လုပ်ထားတဲ့ အလောင်းအစားကြောင့်လေ… ဘာလို့…”

“နင် ဘာသိလို့လဲ…”

ရန်ကိုင်ထင်ထားသကဲ့သို့ပင် အဖွားယိုသည် အလွန်တရာကိုမှ ဒေါသကြီးသူတစ်ဦး ဖြစ်သည်။ ဝမ်ကျိရှန်းအား အော်ဆဲပြီးသည့်နောက် ကောင်းရွှယ်ထင်းကိုပါ ဒေါသထွက်လာခဲ့လေသည်။

“အဲ့တုန်းက နင်က ကလေးသာသာပဲ ရှိသေးတယ်… အဲ့အရွယ်နဲ့ နင်ဘာသိမှာ မို့လို့လဲ… ငါသူ့ကို မနိုင်လို့သာပေါ့… မဟုတ်ရင် အဲ့ခွေးသူတောင်းစား ဝမ်ကျိရှန်းရဲ့ အလောင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်ပြီ…”

ရန်ကိုင်နှင့် အခြားသူများမှာတော့ ဤအဖွားအိုကြီး ရုတ်တရက် ရူးသွားကာ သူတို့အား ထတိုက်ခိုက်လာမည့် အကြောင်းကို တွေးရင်း ရင်တုန်ပန်းတုန်ဖြင့် ရပ်နေကြလေသည်။

ဧကရာဇ်တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ကောင်းကင်စိတ်အာရုံထက်ပင် ပိုမိုအားကောင်းသော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားလေရာ သူမသာ သတိမပေးဘဲ တိုက်ခိုက်လာမည်ဆိုပါက ကောင်းရွယ်ထင်းပင်လျှင် သူတို့အား ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။

ကံကောင်းစွာဖြင့် အဖွားယိုမှာ အလွန်တရာကိုမှ ဒေါသထွက်နေသော်ငြား ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကိုတော့ ဆုံးရှုံးမသွားခဲ့။

သူမစိတ်ရှိသလောက် ဆဲရေးတိုင်းထွာ ပြီးသွားသည့်နောက်တွင် မတ်တပ်ရပ်၍ အမောတကော အသက်ရှူနေခဲ့လေသည်။

ပုံမှန်အားဖြင့် စိတ်ဆတ်သော ကောင်းရွှယ်ထင်းပင်လျှင် အဖွားယိုနှင့်အတွေ့တွင် သူမ ဆဲရေးတိုင်းထွာနေသည်ကို သွားမနှောင့်ယှက်ရဲခဲ့ပဲ စိတ်ရှည်ရှည်ဖြင့်သာ ရပ်စောင့်နေရသည်။

အဖွားယို စိတ်ရှိသလောက် အော်ဟစ်ဆဲရေး ပြီးသွားသည်ဟု ထင်သည့်အခါမှသာ ကောင်းရွှယ်ထင်းက ပြောလိုက်လေသည်။ “အဖွား… သူတို့ကို အရင်ဆုံး ပို့ပေးလို့ရမလား…”

“ငါသိတယ်…” အဖွားယိုက စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်ပြီးသည့်နောက် ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ “ဒီတစ်ကြိမ် နင်ရော ဝင်မှာလား…”

ကောင်းရွှယ်ထင်းက ပြန်ဖြေလိုက်သည်။ “ဝင်မှာ….”

“အဲ့ဒါဆို ကိုယ့်ဘာသာ အခန်းတစ်ခန်းဆီ သွားရှာကြ…” အဖွားယိုသည် သူမရှေ့တည့်တည့်သို့ တုတ်ကောက်ဖြင့် ညွှန်ပြလိုက်လေသည်။

ရန်ကိုင်နှင့် အခြားသူများသည်လည်း အဖွားယို ညွှန်ပြနေသည့်ဘက်သို့ လှည့်ကြည့်လိုက်ရာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံ အနီးတစ်ဝိုက်တွင် လူလုပ်ထားသည့် တံဆိပ်ပြားတစ်ပြားချင်းစီ ချိတ်ဆွဲထားသော အခန်းများ ရှိနေကြောင် တွေ့လိုက်ရသည်။

အကြမ်းဖျင်း ရေတွက်ကြည့်ရသော် စုစုပေါင်း ဆယ်ခန်းနီးပါး ရှိနေခဲ့သည်။ ထိုအခန်းများသည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံအား စက်ဝိုင်းခြိမ်းပုံစံဖြင့် ဝိုင်းရံထားခဲ့လေသည်။

ကောင်းရွှယ်ထင်းက ရှင်းပြလိုက်လေ၏။ “ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို ဘယ်လိုဝင်ရမယ်ဆိုတာ နင်တို့သိပြီးသွားပြီလို့ ငါထင်တယ်… အဲ့ထဲကို ငါတို့ဝိဉာဉ်တွေပဲ ဝင်လို့ရတာ… ဒီတော့ ငါတို့ ဝိဉာည်တွေ အဲ့ထဲကို ဝင်နေတုန်း အပြင်က ခန္ဓာကိုယ်တွေက လှုပ်လို့ရတော့မှာ မဟုတ်ဘူး… ဒါကြောင့်ပဲ ငါတို့ဝိဉာဉ်တွေ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို ရောက်နေတုန်း ခန္ဓာကိုယ်တွေ ဘာမှမဖြစ်အောင် ကျောင်းသခင်က အဲ့ကျောက်တုံးခန်းတွေကို ဖန်တီးပေးထားတာ…”

“ကျောက်တုံးခန်းပတ်လည်က အကာအရံတွေကို အသက်သွင်းလိုက်မယ်ဆိုလို့ရှိရင် သတ်မှတ်ထားတဲ့ တံဆိပ်ပြားမပါပဲ ဘယ်သူမှ အဲ့အကာအရံကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး… ကျောင်းသခင်ကလွဲလို့ပေါ့… အဲ့လိုဆို နင်တို့တွေရဲ့ ခန္ဓာကိုယ်တွေ တစ်ခုခု ဖြစ်သွားမှာကိုလည်း ဘာမှ စိတ်ပူနေစရာ မလိုဘူး… စိတ်ချလက်ချနဲ့ ကောင်းကင်တက်လှမ်းခြင်းကြေးမုံရဲ့ အတွင်းပိုင်းကို စူးစမ်းလို့ရတယ်…”

အကုန်လုံး နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။

“အဲ့အခန်းတွေ အကုန်လုံး ငါ့ကို ကြောက်လို့ ဆောက်ထားတာပဲ…” အဖွားယိုသည် အေးစက်စက် လေသံဖြင့် ရေရွတ်လိုက်လေ၏။ ထို့နောက် ညစ်ကျယ်ကျယ် အမူအယာဖြင့် ရယ်မောရင်း “အဲ့လောက် ငါ့ကို မယုံသင်္ကာ ဖြစ်နေလို့ရှိရင် ဘာလို့ အစောကြီးတည်းက မသတ်လိုက်တာလဲ… ဘာလို့ ဒီနေရာကို အတင်းအကြပ် လာစောင့်ခိုင်းထားတာလဲ…”

အဖွားအိုမှာ တရစပ် ကရားရေလွတ် ပြောနေသော်ငြား အကုန်လုံးကမူ မသိချင်ယောင် ဆောင်နေခဲ့လေသည်။ သို့သော်ငြား သူမအမှန်ကို ပြောနေမှန်း ရန်ကိုင်တို့တစ်ဖွဲ့လုံး သိနေကြသည်။

ဝမ်ကျိရှန်းသည် ထိုကျောက်တုံးခန်းများအား ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်သွားသည့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို အဖွားယို၏ရန်မှ ကာကွယ်ရန်အတွက် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။

အဖွားယိုသည် အလွန်ကိုမှ အန္တရာယ်များသူတစ်ဦး ဖြစ်သည်။ သူမသည် မည်သည့်အချိန်တွင် ဘာထလုပ်မည်မှန်းကို မည်သူမျှ မပြောနိုင်ကြချေ။

သူတို့အားလုံး ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ရောက်နေကြချိန် သူမသာ သူတို့၏ ခန္ဓာကိုယ်များကို တိုက်ခိုက်ခဲ့ပါက မည်သူက ဘာပြောနိုင်မည်နည်း။ သူတို့၏ ခန္ဓာကိုယ်များသာ ပျက်စီးသွားမည်ဆိုပါက အပြင်သို့ ပြန်ထွက်လာနိုင်ကြတော့မည် မဟုတ်ဘဲ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲတွင်သာ ထာဝရ ပိတ်မိသွားပေလိမ့်မည်။

အဖွားယိုစကားပြောနေစဉ်တွင် အကုန်လုံးသည် အခန်းကိုယ်စီရှာကာ အခန်းတံခါးတွင် ချိတ်ဆွဲထားသော တံဆိပ်ပြားများကို ယူ၍ အထဲသို့ ဝင်သွားကြလေ၏။

ကောင်းရွှယ်ထင်းကမူ အခန်းမရှာသေးဘဲ မူလရပ်နေသည့် နေရာတွင်သာ ရပ်၍ တံဆိပ်ပြားအား မည်ကဲ့သို့ အသုံးပြုရမလဲ ဆိုသည်ကို ရှင်းပြနေခဲ့သည်။

သုံးရမည့်နည်းလမ်းကို သိပြီးသည့်နောက်တွင် အကုန်လုံးသည် တံဆိပ်ပြားကိုယ်စီကို ယူ၍ ကျောက်တုံးခန်းအသီးသီးထဲသို့ ဝင်ကာ ပတ်ပတ်လည်ရှိ အကာအကွယ်များကို အသက်သွင်းလိုက်ကြလေသည်။

အကုန်လုံးဝင်သွားပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် လွတ်နေသည့် ကျောက်တုံးခန်းတစ်ခန်းကို ရှာ၍ ဝင်သွားလိုက်လေ၏။

အခန်းတံခါး မပိတ်ခင် ကောင်းရွှယ်ထင်းက ပြောလိုက်လေသည်။ “အဖွားကိုပဲ ဒုက္ခပေးတော့မယ်နော်…”

“လေကုန်ခံပြီး လာပြောနေစရာမလိုဘူး…” အဖွားယိုက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

ကောင်းရွှယ်ထင်းသည် မည်သည့်အပိုစကားမှ ပြောမနေတော့ပဲ အခန်းပတ်လည်ရှိ အကာအကွယ်ကို အသက်သွင်းလိုက်လေ၏။

ခဏအကြာတွင် အဖွားယိုသည် တုတ်ကောက်ဖြင့် ထောက်ရင်း ကောင်းကင်တက်လှမ်းခြင်းကြေးမုံဆီသို့ လျှောက်သွားလိုက်လေသည်။

ကောင်းကင်တက်လှမ်းခြင်းကြေးမုံဆီသို့ အရောက်တွင် တုတ်ကောက်ကို ဘေးသို့ ပစ်လျက် လက်နှစ်ဖက်ကို ဖြန့်ကျက်လိုက်လေသည်။

တစ်ချိန်တည်းတွင် အလွန်တရာကိုမှ များပြားလှသော စိတ်စွမ်းအင်များသည် သူမ၏ နဖူးမှနေ၍ ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲသို့ စီးဝင်သွားလေသည်။

ထိုကဲ့သို့ လုပ်နေစဉ်အတွင်း မန္တန်တစ်ခု ရွတ်ဆိုနေသည့်အလား သူမပါးစပ်မှနေ၍ တစ်စုံတစ်ခုအား အဆက်မပြတ် ရွတ်ဖတ်နေလေ၏။

သို့သော်ငြား သူမရွတ်နေသည့် စကားလုံးများကို သေချာနားထောင်ကြည့်ပါက မည်သို့မှ ယုတ္တိမရှိကြောင်း သိနိုင်ပေလိမ့်မည်။

အဖွားယိုမှ ထိုကဲ့သို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် အစက ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေသော ကောင်းကင်တက်လှမ်းခြင်း ကြေးမုံသည် ရုတ်ချည်း အရောင်တလက်လက်ဖြင့် တောက်ပလာခဲ့လေသည်။

တစ်ချိန်တည်းတွင် ကျောက်တုံးခန်းများထဲ တင်ပလင်ခွေထိုင်နေကြသော ရန်ကိုင်နှင့် အခြားသူများအားလုံးကို တောက်ပသည့် အလင်းရောင်များက ဖုံးလွှမ်းသွားကုန်ကြလေ၏။

ထိုအလင်းတန်း၏ လွှမ်းခြုံခြင်း ခံလိုက်ရသည်နှင့် သူတို့၏ ဝိဉာဉ် ခန္ဓာကိုယ်ထဲမှ စုပ်ထုတ်ခြင်း ခံနေရကြောင်း တွေ့ရှိလိုက်ရလေသည်။ သို့သော်ငြား မည်သူမှ ထိုစွမ်းအားကို ခုခံရန် မကြိုးစားခဲ့ပေ။ ဤသည်မှာ သူတို့မျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်လေသည်။

ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲသို့ ဝင်သည့်သူတိုင်း ဤကဲ့သို့သော အတွေ့အကြုံကို ခံစားကြရပေလိမ့်မည်။

“ဝုန်း…” ကောင်းကင်တက်လှမ်းခြင်းကြေးမုံသည် ရုတ်ချည်း အရောင်တလက်လက် တောက်ပလာခဲ့ပြီး ဝဲကတော့တစ်ခုဟာလည်း ၎င်းဆီမှ ထွက်ပေါ်လာခဲ့လေသည်။

ထိုဝဲကတော့သည် လိုဏ်ဂူထဲတွင် ရှိနေသည့် အရာမှန်သမျှကို လွှမ်းခြုံသွားခဲ့သည်။

“ရွှစ် ရွှစ် ရွှစ်…”

ကျောက်တုံးခန်းခြောက်ခုမှ အလင်းတန်းခြောက်ခု ထွက်ပေါ်လာပြီး ထိုဝဲကတော့မှတစ်ဆင့် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲသို့ ဝင်ရောက်သွားကြလေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်နှင့် အခြားသူများ၏ ပုံရိပ်များသည် လျှပ်စီးလက်သွားသည့်နှယ် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံမျက်နှာပြင်ပေါ်တွင် ပေါ်လာကြလေသည်။

“ဟမ်…” စိတ်စွမ်းအင်ကို ထည့်သွင်းပေးနေရင်းမှ အဖွားယို၏ မျက်လုံးများ ရုတ်ချည်း တဖျတ်ဖျတ် တောက်ပလာခဲ့သည်။

တစ်စုံတစ်ခုအား သတိပြုမိသွားသည့်အလား ကောင်းကင်တက်လှမ်းခြင်း ကြေးမုံအား စိုက်ကြည့်ရင်း အလန့်တကြား ဆိုလိုက်လေသည်။ “မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး… အဲ့ကောင်လေးတွေထဲက တစ်ယောက်ဆီမှာ ဒီလောက်အဖိုးတန်တဲ့ ရတနာတစ်ခု ရှိနေတာလား… ငါပဲ အမြင်မှားသွားတာလား…”

ထိုသို့ ရေရွတ်ပြီးသည့်နောက် သူမ၏ လက်နှစ်ဖက်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။ တလက်လက်တောက်ပနေသော ကောင်းကင်တက်လှမ်းခြင်းကြေးမုံသည် ပြန်လည်တည်ငြိမ်သွားခဲ့ပြီး မူလပုံစံအတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။

သို့သော်ငြား အဖွားယို့၏ မျက်နှာမှာတော့ အတော်လေးကို ဖြူလျော်နေခဲ့ပြီး သူမနဖူးတစ်ခုလုံး ချွေးသီးချွေးပေါက်များဖြင့် စိုရွှဲနေခဲ့လေ၏။ ယခင်ကတည်းက ပုတိုတို ဖြစ်နေခဲ့သော သူမ၏ခန္ဓာကိုယ်သည် ပို၍ပင် ပုသွားသယောင် ပေါက်လာခဲ့လေသည်။

“သေစမ်း သေစမ်း… ခွေးသူတောင်းစားဝမ်ကျိရှန်း နင်ငါ့ကို အသက်ရှင်လျက်ထားတာ ဒီကောင်းကင်တက်လှမ်းခြင်းကြေးမုံကို အသက်သွင်းဖို့ ဧကရာဇ်တတိယအဆင့် တစ်ယောက်ရဲ့ ကောင်းကင်စိတ်အာရုံကို လိုအပ်လို့မလား.. ငါသိနေတယ်.. နင် ဘာလုပ်ချင်နေတယ်ဆိုတာကို ငါမသိဘူးမှတ်မနေနဲ့… တစ်နေ့နေ့ကြရင် ဒီအဖွားအို နင့်ကို ဒီထက်အဆတစ်ရာမက ပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်…”

ထိုသို့ ပြောပြီးသည့်နောက်တွင် အလျင်စလို တင်ပလင်ခွေ ထိုင်ချလိုက်ပြီး သူမ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးအချို့ကို ထုတ်သောက်လိုက်လေသည်။

“ငါအမြင်မှားတာ ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး… ကိုယ်တိုင်တစ်ချက် သွားစစ်ဆေးကြည့်ရမယ်… တကယ်သာ မှန်နေတယ်ဆိုရင်တော့ ဝမ်ကျိရှန်းရေ ဒါက နင့်အဆုံးသတ်ပဲ… ဟား ဟား ဟား…”

အဖွားအိုသည် အရူးမကြီးတစ်ယောက်နှယ် အကျယ်ကြီး အော်ရယ်မောတော့လေသည်။

တစ်ချိန်တည်းတွင် ဝမ်ကျိရှန်းသည် သူတော်စင်များတောင်ထွတ်မှနေ၍ အဝေးတစ်နေရာဆီသို့ လှမ်းကြည့်နေခဲ့လေသည်။

ချန်းချန်သည် သူ့ဘေးနားတွင် ရှိနေခဲ့လေသည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ စိတ်စွမ်းအင်နှင့် ညီမျှသော စွမ်းအင်လှိုင်းများ ငြိမ်ကျသွားသည့်အခါမှသာ ချန်းချန်က ရေရွတ်လိုက်လေ၏။ “ကြည့်ရတာ အစ်မကောင်းနဲ့ အခြားသူတွေ ဝင်သွားပြီနဲ့တူတယ်…”

“ဟုတ်တယ်…” ဝမ်ကျိရှန်းက ခေါင်းညိတ်လိုက်သည်။ “ အကုန်လုံး အဆင်ပြေပြေနဲ့ ပြီးသွားတာပဲ…”

“ကျောင်းသခင်…” ချန်းချန်သည် ရုတ်တရက် ဝမ်ကျိရှန်းဘက်သို့ လှည့်၍ မေးလိုက်လေသည်။ “ဒီလက်အောက်ငယ်သား နားမလည်တာ တစ်ခုရှိတယ်…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၁၀)

“အို၊ ချန်လေး မသိတာလည်း ရှိတာပဲလား။ နင်က အကောင်သာသေးတာ၊ အရမ်း ပါးလွန်းလို့ နင်မသိတာမရှိတော့ဘူးလို့ ငါထင်နေတာ” ဝမ်ကျိရှန်းက အပြုံးကြီးပြုံးရင်း ပြောလိုက်လေသည်။

ချန်းချန်သည် ဝမ်ကျိရှန်းအား စူးရဲစွာစိုက်ကြည့်လျက် “ကျောင်းသခင်၊ အစ်မကောင်းကို ရှင်ကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့လို အခုလိုပုံစံမျိုးနဲ့ သူ့ကိုပြောတာ ဘာမှကိစ္စမရှိဘူး။ ဒါပေမယ့် ကျွန်မက သူ့လို မဟုတ်ဘူးနော်... ကျောင်းသခင်က အခုလိုမျိုး ပြောင်ချော်ချော် ဆက်လုပ်နေဦးမယ်ဆို တစ်ဘဝလုံး လူပျိုကြီး ဖြစ်သွားတော့မှာ”

ထိုစကားကို ကြားသည့်အခါ ဝမ်ကျိရှန်း ဇောချွေးပျံသွားပြီး ရှက်ကိုးရှက်ကန်း အမူအရာဖြင့် “အဟမ်း၊ အဲ့ကိစ္စကို ခဏဘေးဖယ်ထားကြရအောင်၊ ခုဏတုန်းက နင်ဘာမေးလိုက်တာလဲ”

“ကျောင်းသခင်... ဘာလို့ အဖွားယို့က မသတ်လိုက်တာလဲလို့ မေးတာ” ချန်းချန်က အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည်။

ဝမ်ကျိရှန်း၏ မျက်နှာ လေးနက်တည်ကြည်သွားခဲ့ပြီး ခဏမျှ အသံတိတ်သွားခဲ့၏။ ထို့နောက် ပြန်၍ ဖြေလိုက်လေသည် “မသတ်ချင်တာမဟုတ်ဘူး... သတ်လို့မရတာ”

ချန်းချန်က နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေ၏ “ကျောင်းသခင် ဘာပြောချင်တာလဲ”

ဝမ်ကျိရှန်းက ပြန်ဖြေလိုက်လေသည် “ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို ဒီမှာတွေ့လို့ ငါဒီမှာ နေဖို့ဆုံးဖြတ်လိုက်တာကို သိတယ်မလား။ အဲ့အချိန်အကတည်းက သူက ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို စောင့်ကြပ်နေတာ။ ကြည့်ရတာ သူအဲ့ရတနာကို ကာကွယ်နေတာ နှစ်ပေါင်း နှစ်ထောင်မကတော့ဘူးနဲ့တူတယ်။ ငါလည်း ဒီလို ရတနာကို မြင်တော့ သွားစူးစမ်းကြည့်ချင်တာတော့။ ဒါပေမယ့် အဲ့သက်ကြားအိုကြီးက ငါ့ကို လုံးဝ ခွင့်မပြုဘူးလေ။ ဒီလို့နဲ့ ငါလည်း သူနဲ့ တိုက်ခိုက်ရတော့တာပဲ...”

“အဲ့လိုနဲ့ ကျောင်းသခင်နိုင်သွားပြီး အဖွားယို့ ရှုံးသွားတယ်ပေါ့”

“ဟုတ်တယ်” ဝမ်ကျိရှန်းက ခေါင်းညိတ်လိုက်၏ “ငါတို့ ကောင်းကင်စိတ်အာရုံက အတူတူလောက်ပဲဆိုပေမယ့် သူ့ကျင့်ကြံခြင်းက ဧကရာဇ်ပထမအဆင့်ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ်ပြီး ငါ့ကိုနိုင်မှာလဲ။ အဲ့ကတည်းက အဲ့သက်ကြာအိုးကြီး တစ်စက်ကလေးမှ အကျင့်မကောင်းမှန်း ငါသိတယ်။ စိတ်ကလည်းကြီး၊ ရက်ကလည်း ရက်စက်၊ ဖြစ်သာဖြစ်နိုင်ရင် ငါသူ့ကို တစ်ခါတည်း သတ်ပစ်လိုက်တယ်။ ဒါပေမယ့် ဆိုးသွားတာက ကောင်းကင်တက်လှမ်းခြင်းကြေးမုံရဲ့ ဆန်းကြယ်မှုအချို့ကို သူသိနေတာပဲ။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံကိုသုံးပြီး ရန်သူတွေကို မတိုက်ခိုက်နိုင်ပေမယ့် သူနားလည်ထားတာကိုသုံးပြီး ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို ချိတ်ပိတ်၊ ဖျက်စီးပစ်လို့ရတယ်။ ငါသာ သူ့ကို အတင်းဖိအားပေးလိုက်ရင် ဒေါသထွက်ထွက်နဲ့ ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို ဘယ်သူမှ သုံးမရတော့အောင် ဖျက်စီးပစ်မှာစိုးလို့ အသက်ရှင်လျက်ထားပေးလိုက်တာ”

ယခုမှပဲ ချန်းချန် နားလည်သွားတော့လေသည် “ဒီတော့ ကျောင်းသခင်က အဲ့အချက်ကို စိုးရိမ်နေတာပေါ့...”

“ဟုတ်တယ်” ဝမ်ကျိရှန်းက ပြန်ပြောလိုက်၏ “ဒါကြောင့်ပဲ ငါသူနဲ့ သဘောတူညီချက် လုပ်ခဲ့တာ။ ငါသူ့ကို အသက်ရှင်လျက် ထားပေးမယ်... အပြန်အလှန် အနေနဲ့ သူကလည်း ငါကောင်းကင်တက်လှမ်းခြင်းကြေးမုံကို သုံးချင်တိုင်း ပြန်ကူညီပေးရမယ်”

ချန်းချန်က နားလည်သွားဟန်ဖြင့် “အဲ့ဒါကြောင့်ကိုး... ကျွန်မ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲကို ဝင်ဖို့လုပ်တုန်းက အဖွားယို့က လုံးဝက မလုပ်ချင်ပေးတဲ့ ပုံစံကြီးလုပ်နေပေမယ့် လုပ်ပေးခဲ့တာက”

“နင်တင်မဟုတ်ဘူး...” ဝမ်ကျိရှန်းက ရယ်မော၍ “အခြားသူတွေလည်း အဲ့အတိုင်းပဲ။ အဲ့သက်ကြားအိုကြီးက ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို သူ့အပိုင်အဖြစ် သတ်မှတ်ထားတာ။ ဒီတော့ အခြားသူတွေ လာသုံးရင် လုံးဝ မကြိုက်ဘူး”

ဝမ်ကျိရှန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “အဲ့သက်ကြားအိုကြီးက အပေါ်ပိုင်းမှာသာ ငါတို့ပြောတဲ့အတိုင်း လုပ်ပေးနေတာ။ တကယ်တမ်း သူ့ကြောင့် ငါတို့ ကျောင်းတော်က သေသွားခဲ့ရတဲ့ လက်ရွေးစင်တပည့်တွေ နည်းတာမဟုတ်ဘူး”

ထိုစကားကိုကြားသည့်အခါ ချန်းချန်၏ အမူအရာ ပြောင်းလဲသွားပြီး ဝမ်ကျိရှန်းအား အံ့ဩတကြီး စိုက်ကြည့်ရင်း “ကျောင်းသခင် ပြောချင်တာက...”

ဝမ်ကျိရှန်းက အေးစက်စက်လေသံဖြင့် ရယ်မောရင်း “သူလုပ်တာကို ဘယ်သူမှ မသိဘူး ထင်နေတယ်။ ငါအကုန်သိပြီးသား။ အရမ်း မလွန်သေးလို့သာ မပြောဘဲ ကြည့်နေတာ”

“ဒါပေမယ့် သေသွားတဲ့ တပည့်တွေအတွက်က...” ချန်းချန်က နာကျင်နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

ဝမ်ကျိရှန်းက သက်ပြင်းချလျက် “သူတို့ကိုတော့ စမ်းသပ်ချက်ကို မကျော်ဖြတ်နိုင်တဲ့ လူတွေလို့ပဲ မှတ်ယူလိုက်ရမှာပေါ့၊ သူတို့သာ ကျော်ဖြတ်နိုင်ခဲ့ရင် ပိုပြီး အားကောင်းလာမှာ။ လူတိုင်းရဲ့ ကံကြမ္မာက တူကြတာမဟုတ်ဘူး။ သူတို့ မကျော်ဖြတ်နိုင်တာ သူတို့ ကံတရားပဲ။ ငါတို့ ဝင်စွက်ဖက်နေစရာ မလိုဘူး”

ထိုစကားကို ကြားပြီးနောက်တွင် ချန်းချန်သည် သူမ၏ ရင်ဘတ်ကို လက်ဖြင့်ဖိ၍ ပြောလိုက်လေ၏ “အဲ့တုန်းက ကျွန်မ ဘာမှမဖြစ်သွားတာက ကံကောင်းသွားတယ်” တစ်ချက်ရပ်ပြီးနောက်တွင် ချန်းချန်က ပြန်မေးလိုက်လေသည် “ဒါနဲ့ကျောင်းသခင်၊ အပြင်လူတစ်ယောက်ကို ဘာလို့ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲ ဝင်ခွင့်‌ပေးလိုက်တာလဲ။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံအကြောင်းကို ကျွန်မတို့ ကျောင်းတော်ရဲ့ တပည့်အများစုတောင် သိတာမဟုတ်ဘူး”

“ဘာမှမဟုတ်ဘူး... ဒီအတိုင်း သူ့ကို စမ်းသပ်ချင်လို့” ဝမ်ကျိရှန်းက ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်လေသည်။

ထိုအခါ ချန်းချန်က “သူဖုန်းစား မဟာဧကရာဇ်ကြောင့်လား၊ ကျွန်မ ကြားတာတော့ သူဖုန်းစား မဟာဧကရာဇ်က ကျောင်းသခင်ကို ပြုစုပျိုးထောင်ခဲ့တာဆို။ ဒါကြောင့် ကျောင်းသခင်...”

“နင်ဘာတွေလာပြောနေတာလဲ” ဝမ်ကျိရှန်းသည် ချန်းချန်အား စိုက်ကြည့်ရင်း ပျာယာခတ်နေသည့် အမူအရာဖြင့် “ငါနဲ့ သူဖုန်းစားကြီးနဲ့ ဘာမှမပက်သက်ဘူး။ ဘယ်လိုလုပ်ပြီး သူ့က ငါ့ကို ပျိုးထောင်ပေးခဲ့ရမှာလဲ”

“အို၊ ကျောင်းသခင် လိမ်ညာ သိပ်မပိရိဘူးနော်...” ချန်းချန်က သူမ၏ ပါးစပ်လေးကို လက်ဖြင့်အုပ်ရင်း ပြုံးကာ ပြောလိုက်၏။

“အဲ့ဒါ သူများတွေ လျှောက်ပြောနေတာ”

“ကျောင်းသခင် ပိုငြင်းလေ ပိုသိသာလာလေ ဖြစ်နေပြီနော်”

“ချန်းချန်လေး...” ဝမ်ကျိရှန်းသည် ရုတ်တရက်ဆိုသလို ချန်းချန်အား အလွန်ကိုမှ သိမ်မွေ့သည့် လေသံလေးဖြင့် ခေါ်လိုက်လေသည်။

ချန်းချန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး “ကျောင်းသခင်၊ လက်အောက်ငယ်သားမှာ လုပ်စရာတစ်ခု ရှိသေးတာကို အခုမှပဲ သိရတယ်။ လက်အောက်ငယ်သားကို သွားခွင့်ပြုပါဦး”

ပြောပြီးသည်နှင့် ချန်းချန်သည် ထိုနေမှာ ချက်ချင်း ထွက်ပြေးသွားလေ၏။

အတိတ်အတွေ့အကြုံအရ ဝမ်ကျိရှန်း ခေါင်းစဉ်ပြောင်းပြီး ဤကဲ့သို့ လေသံကို သုံးလာတိုင်း သူ့ဆီမှ အမြန်ဆုံး ထွက်ပြေးခြင်းသည်သာ အကောင်းဆုံးမှန်း သိထားသည်၊ မဟုတ်ရင်... သေချင်စိတ်ပေါက်လောက်အောင်ကို နှိပ်စက်ခံရပေလိမ့်မည်။

“ဟန့်၊ ဒီလောက်နဲ့များ ငါ့ကို လာစိန်ခေါ်ချင်သေးတယ်။ တက်မလာနဲ့ တောက်ချပစ်လိုက်မယ်။ ဟားဟားဟား” ဝမ်ကျိန်ရှန်းသည် အောင်နိုင်သူတစ်ဦး၏ အပြုံးကို ဆင်မြန်းရင်း အားပါးတရဖြင့် ဝါးလုံးကွဲ အော်ရယ်မောတော့လေသည်။

......

ထူးဆန်းသော လေဟာနယ်ထဲ... လူခြောက်ဦး ပေါ်လာခဲ့လေသည်။ ပေါ်လာပြီးနောက်၌ ထိုလူခြောက်ဦးသည် ဝေဒနာတစ်ခုခုကို ခံစားနေရသည့်အလား အသီးသီး ငြီးတွားလိုက်ကြ၏။ သို့သော်ငြား ခဏအကြာ၌ အကုန်လုံး ပြန်ကောင်းသွားခဲ့သည်။

ပြီးသည့်နောက်တွင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြလေသည်။

“ဒါက ကောင်းကင်တက်လှမ်းခြင်းကြေးမုံလား” ရှရှန်းက အံ့အားသင့်နေသည့် လေသံဖြင့် အော်ပြောလိုက်လေသည်။

“ငါ့ခန္ဓာကိုယ် အရင်ကနဲ့ သိပ်မတူတော့သလိုပဲ” မုရုန်ရှောင်ရှောင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“တူမလား၊ ငါတို့ နာမ်ဝိဥာဉ်နဲ့ ဒီရောက်နေတာဟာကြီးကို” ရှောင်ပိုင်ရီက ပြောလိုက်၏။

“ဟုတ်တယ်။ နေရတာ တစ်မျိုးကြီးပဲ” ချန်းမုကျီကလည်း ပြောလိုက်သည်။

ရန်ကိုင်ကမူ ဘာမှမပြောဘဲ လက်သီးသာ ဆုပ်ကြည့်နေခဲ့သည်။

အကုန်လုံး၏ ပုံစံသည် ပြင်ပရှိ ရုပ်သွင်နှင့်တူသော်ငြား သေချာအနီးကပ်ကြည့်မည် ဆိုပါက ဤခန္ဓာကိုယ်များသည် ရုပ်ခန္ဓာကိုယ်များမဟုတ်ဘဲ နာမ်ဝိဥာဉ်များသာ ဖြစ်ကြောင်းကို မြင်တွေ့နိုင်ပေလိမ့်မည်။

“ငါနင်တို့ကို ပြောခဲ့သလိုပဲ” ကောင်းရွှယ်ထင်းမှာမူ ယခင်က ရောက်ဖူးသည့် အတွက်ကြောင့်လားမသိ၊ ဤနေရာနှင့် ခဏလေး အသားကျသွားခဲ့သည် “ဒီထဲကို ငါတို့ရဲ့ နာမ်ဝိဥာဉ်တွေပဲ ရောက်လာတာ။ ရုပ်ခန္ဓာကိုယ်တွေက အပြင်မှာ ကျန်ခဲ့မှာ။ ဒီကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲက ဟာတွေ အကုန်လုံးကလည်း စိတ်စွမ်းအင်နဲ့ပဲ ဖွဲ့စည်းထားတာ။ ဒါကြောင့် ဒီနေရာက ငါတို့ဝိဥာဉ်ကို အားကောင်းလာအောင် လုပ်ပေးတဲ့နေရာမှာ အရမ်း အသုံးဝင်တာ။ အရမ်းအားကောင်းတဲ့ ဝိဥာဉ်ကိုသာ ပိုင်ဆိုင်ထားမယ်ဆိုရင် ကျင့်စဉ်တွေ၊ သိုင်းပညာရပ်တွေကို လေ့ကျင့်နေရာမှာ အများကြီး ပိုလွယ်ကူလာလိမ့်မယ်။ ရှင်းရှင်းပြောရရင် ဝိဥာဉ်ဆိုတာ ရုပ်ခန္ဓာကိုယ်ပြီးသွားရင် ကျင့်ကြံသူအတွက် အရေးအကြီးဆုံး အခြေခံအုတ်မြစ်တစ်ခုပဲ။ ဒါကြောင့် ဒီကို ရောက်တုန်း အခွင့်အရေးကို အကျိုးရှိရှိ အသုံးချကြ။ နင်တို့ဝိဥာဉ်တွေသာ အတိုင်းအတာတစ်ခုအထိ အားကောင်းနေမယ်ဆိုရင် နောက်ပိုင်း ဧကရာဇ်အဆင့်ကို တက်ဖို့ ပိုလွယ်ကူသွားပြီ”

“တပည့်တို့ နားလည်ပါပြီ” ရှောင်ပိုင်ရီနှင့် အခြားသူအားလုံး လက်သီးဆုပ်၍ ပြန်ပြောလိုက်ကြသည်။

“နင်တို့ အပြင်မှာ ကျင့်ကြံမယ်ဆိုရင် နင်တို့ စုပ်ယူလိုက်တဲ့ မိုးမြေစွမ်းအင်က ချီစွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး နင်တို့ရဲ့ ကျင့်ကြံခြင်းကို အားဖြည့်ပေးတာ။ ဒီမှာကတော့ အဲ့လိုမဟုတ်ဘူး။ နင်တို့ဒီမှာ စုပ်ယူလိုက်တဲ့ စိတ်စွမ်းအင်တွေက နင်တို့ရဲ့ ဝိဥာဉ်ကို အားဖြည့်ပေးမှာ။ အဲ့အချက်ကို နင်တို့အားလုံး သတိပြုမိလောက်ရောပေါ့” ‌ကောင်းရွှယ်ထင်းက ရှင်းပြလိုက်လေသည်။

အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။

ရန်ကိုင်သည်လည်း ဤနေရာသည် အပြင်လောကကြီးနှင့် မတူကြောင်း သတိပြုမိသည်။ ဘေးပတ်ဝန်းကျင်ရှိ စွမ်းအင်များကို စုပ်ယူနေသည့်အလျောက် သူ့နာမ်ဝိဥာဉ် ပိုပို၍ အားကောင်းလာနေသည်ကို သတိပြုမိခဲ့သည်။

“နင်တို့ ဝိဥာဉ်ကို ပိုအားကောင်းလာစေချင်တယ်ဆိုရင် ကျင့်ကြံတာအပြင် အခြားနည်းလမ်းတစ်ခုလည်း ရှိသေးတယ်။ ဒီမှာနေနေတဲ့ သက်ရှိတွေကို သတ်တာပဲ”

“ဒီမှာ အခြားသက်ရှိတွေလည်း ရှိနေသေးတာလား” ရှောင်ပိုင်ရီ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့သည်။

ကောင်းရွှယ်ထင်းသည် ရှောင်ပိုင်ရီအားကြည့်၍ “ဒီနေရာက လောကကြီးတစ်ခုပဲလေ။ ဘာလို့ သက်ရှိတွေ မရှိရမှာလဲ”

ရှောင်ပိုင်ရီ ဆွံ့အသွားခဲ့လေ၏။

ကောင်းရွှယ်ထင်းက ဆက်ပြောလိုက်သည် “ကျောင်းသခင်ပြောတာကတော့ ဒီကောင်းကင်တက်လှမ်းခြင်းကြေးမုံက မိုးမြေကနေဖြစ်ပေါ်လာတဲ့ ကိုယ်ပိုင်လောကကြီး တစ်ခုရှိနေတဲ့ ရတနာတစ်ခုပဲတဲ့။ ဒီကြေးမုံရဲ့ အတွင်းပိုင်းက တောင်ဘက်နယ်မြေလောက် မကျယ်ပေမယ့် ဒီနေရာတစ်ခုလုံးက သီးခြားကမ္ဘာတစ်ခု ဖြစ်တယ်ဆိုတာတော့ ငြင်းလို့မရဘူး။ အပြင်မှာ လူတွေ၊ မွန်းစတားသားရဲတွေ ရှိသလို ဒီမှာလည်း လူတွေ၊ မွန်းစတားသားရဲတွေရှိတယ်။ အပြင်နဲ့ မတူတဲ့တစ်ချက်က အပြင်က သက်ရှိတွေက ရုပ်ခန္ဓာရယ်၊ နာမ်ဝိဥာဉ်ရယ်ပေါင်းပြီး ဖွဲ့စည်းထားတယ်ဆိုပေမယ့် ဒီက သက်ရှိတွေကတော့ နာမ်ဝိဥာဉ်သက်သက်နဲ့ပဲ ဖွဲ့စည်းထားတာ။ သက်ရှိတွေမှာ ရုပ်ခန္ဓာပါ ရှိတယ်ဆိုတဲ့အချက်ကို ဒီကသက်ရှိတွေ ဘယ်လိုမှမသိကြဘူး။ ပြီးတော့ ငါနင်တို့ကို သတိပေးချင်တာ တစ်ခုရှိသေးတယ်။ ဒီနေရာက ဒေသခံတွေကို သွားပြီး ရန်မစမိစေနဲ့။ ဒီထဲမှာ နင်တို့ ခန့်မှန်းနိုင်တာထက်ကို အများကြီး ပိုအားကောင်းတဲ့ သက်ရှိတွေ အများကြီးပဲရှိတယ်”

“ဒါပေမယ့် နင်တို့ကို မကောင်းတာ တစ်ခုခု လုပ်ဖို့ ကြိုးစားတဲ့ သက်ရှိတွေကို သတ်ပစ်နိုင်မယ်ဆိုရင်တော့ နင်တို့ရဲ့ နာမ်ဝိဥာဉ်တွေ ပိုပြီး အားကောင်းလာလိမ့်မယ်”

ထိုစကားကို ကြားသည့်အခါ အကုန်လုံး၏ မျက်လုံးများ တဖျက်ဖျက် တောက်ပသါားခဲ့သည်။

“ငါရှင်းပြလို့လည်း နင်တို့ ဒီလောက်နားလည်မှာမဟုတ်ဘူး။ ကိုယ်တိုင် ကြုံဖူးမှပဲ ကောင်းကောင်း သိသွားမှာ” ပြောပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းသည် မျက်လုံးကို ပိတ်၍ သူမ၏ ဧကရာဇ်ပထမအဆင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။

ခဏအကြာ၌ မျက်လုံး ပြန်ဖွင့်လာပြီး အားလုံးအား ပြောလိုက်လေ၏ “ငါ့နောက်လိုက်ခဲ့”

ပြောပြီးသည်နှင့် စတင် ခရီးဆက်လေ၏။

သူတို့ ရောက်နေသည့်နေရာသည် မြက်ခင်းပြင်ကြီး တစ်ခုဖြစ်ပေသည်။ ငှက်များသည် ကောင်းကင်ယံထက် ပျံဝဲကာ ပျော်မြူးနေကြသည်။ အပြင်တွင်ကဲ့သို့ ကောင်းကင်ထက်တွင် နေမရှိသော်ငြား ဘာကြောင့်မှန်းမသိ ဤနေရာသည် နေ့အချိန်ကဲ့သို့ ထွန်းလင်းနေခဲ့သည်။

ကောင်းရွှယ်ထင်းနောက် လိုက်သွားရင်းမှ မိုင်အနည်းငယ်ခန့်အား ဖြတ်ကျော်လာပြီးသည့်နောက် မွန်းစတားသားရဲတစ်ကောင်နှင့် သွားတိုးလေသည်။

ထိုမွန်းစတားသားရဲကို သူတို့ တစ်ခါမှမမြင်ဖူးချေ။ မွန်းစတားသားရဲသည် သာမန် တောရိုင်းသားရဲတစ်ကောင်နှင့် တူသော်ငြား အလွန်ကိုမှ ကြီးလွန်းလှသည်။ ငေါထွက်နေသည့် ၎င်း၏ အစွယ်နှစ်ချောင်းဟာလည်း ချောက်ခြားဖွယ်ရာ အငွေ့အသက်ကို ပေးစွမ်းနေခဲ့လေသည်။

အကုန်လုံး သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက် စစ်ဆေးကြည့်လိုက်ရာ ထိုမွန်းစတားသားရဲသည် တန်ခိုးရှင်ဘုရင်အထွဋ်အထိပ်အဆင့်နှင့် တူညီသော အဆင့်တစ်ဆယ် မွန်းစတားသားရဲတစ်ကောင်သာ ဖြစ်ကြောင်း တွေ့လိုက်ရလေ၏။

ဤကဲ့သို့သော မွန်းစတားသားရဲလောက်ကိုတော့ အကုန်လုံး နိုင်ပေသည်။ ကြည့်ရသလောက် ကောင်းရွှယ်ထင်သည် သူတို့အား အတွေ့အကြုံ ရစေချင်သည့် အတွက်ကြောင့် ဤမွန်စတားသားရဲကို တမင်သက်သက် ရှာပေးခဲ့သည့်ပုံပင်။

All Chapters