အခန်း (၂၂၂၆-၂၂၃၀)
Vol. 90 Ch. 2226-2230
အပိုင်း (၂၂၂၆)
ဤ ရုတ်တရက် အဖြစ်အပျက်သည် ရှောင်ပိုင်ယီနှင့် ကျန်သုံးယောက်အား ကူကယ်ရာမဲ့စေခဲ့သလို စိတ်လည်းစိတ်ပူသွားစေခဲ့လေသည်။
ရန်ကိုင်နှင့် ရှရှန်းတို့ မည်ကဲ့သို့ အခြေအနေ ရှိသလဲ ဆိုသည်ကို သူတို့ မသိကြချေ။
သူတို့သုံးဦး တိတ်တဆိတ် ဆက်သွယ်နေကြစဉ် မီးကဲ့သို့ နီရဲတောက်သော ဆံပင်အား ပိုင်ဆိုင်ထားသည့် လူတစ်ဦးသည် ကျင့်ကြံသူတစ်ဦးကို သယ်ရင်း လျှောက်လာခဲ့လေ၏။
ထိုလူကို မြင်သည့်အခါ ရှောင်ပိုင်ယီတို့ အပေါင်းအပါများ၏ အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ ထိုဆံပင်အနီရောင်နှင့်လူ သယ်လာသည့်လူမှာ အခြားမဟုတ်။ ရှရှန်း ဖြစ်နေခဲ့၏။
ဤရှရှန်းကို ဖမ်းလာသည့်လူမှာ သူတို့ကြားနေရသည့် လျန်းရန်ဆိုသည့်လူ ဖြစ်နိုင်ပေသည်။ ဧကရာဇ်အဆင့်နှင့် ရင်ဆိုင်ရသည့်အခါတွင် ရှရှန်း၏ ခွန်အားမှာ တမူထူးခြားလှသော်ငြား မည်သို့မှ မလွတ်မြောက်နိုင်ခဲ့ပဲ အဖမ်းခံလိုက်ရလေ၏။
ထို့အပြင် ရှရှန်းသည် ပြန်လည်ခုခံရန် ကြိုးစားခဲ့သည့်အလား သူ့ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များစွာ ရှိနေခဲ့လေသည်။
ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် လျန်းရန်သည် ရှရှန်းအား လူအုပ်ကြီးထဲသို့ ပစ်ချလိုက်ပြီး သူ့လက်အောက်ငယ်သားများအား ထိုလူကို စောင့်ကြည့်နေရန် ပြောပြီးသည့်နောက် ကျိုးထျန်းနောက်တွင် သွားရပ်နေလေ၏။
မုရုန်ရှောင်ရှောင်နှင့် အခြားသူများမှာ ရှရှန်း၏ အခြေအနေကို လှမ်းမေးချင်သော်ငြား ရှရှန်းကမူ သူတို့အား ခေါင်းသာခါပြနေသဖြင့် တိတ်တိတ်သာ နေလိုက်ကြတော့လေ၏။ ဤအခြေအနေတွင် သူတို့အချင်းချင်း သိနေကြသည်ကို ထုတ်မပြောသည်မှာ အကောင်းဆုံးဖြစ်ပေသည်။
လေညင်းမှာ တသုန်သုန် တိုက်ခတ်နေသော်ငြား ကျိုးထျန်းနောက်တွင် ရပ်နေသော လျန်းရန်မှာမူ စိတ်ပူနေခဲ့လေ၏။ ထိုကဲ့သို့ စိတ်ပူနေရသည့် အကြောင်းမှာ ကျိုးထျန်းဆီမှ ဖြာထွက်နေသည့် တိုက်ခိုက်လိုစိတ်အား ခံစားမိနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ကျိုးထျန်း မည်သည့်အရာကို ဆာလောင်နေမှန်း လျန်းရန် ကောင်းကောင်း သိသည်။ ကောင်းကင်တက်လှမ်းခြင်း နိုင်ငံတော် တည်ထောင်ပြီးသွားသည့် အချိန်မှစ၍ လောကကြီးတစ်ခုလုံး ပေါင်းစည်းသွားခဲ့ပြီး တိုက်ပွဲများ အဆုံးသတ်သွားခဲ့သည်။
ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ကျိုးထျန်းကဲ့သို့သော လူမျိုး၌ ပြိုင်ဘက်အနည်းငယ်သာ ရှိပေသည်။ ထိုပြိုင်ဘက်အနည်းငယ်ထဲတွင် ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲ၌ ရှိနေသောလူမှာ တစ်ဦးအပါအဝင် ဖြစ်ပေသည်။
ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် နှစ်ပေါင်း ၂၀၀၀ခန့်ကြာအောင် ငြိမ်သက်နေခဲ့သော ကျိုးထျန်း၏ သတ်ဖြတ်လိုစိတ် တိုက်ခိုက်လိုစိတ်မှာ တစ်ဖန်ပြန်လည် နိုးထ လာခဲ့ရလေ၏။
လက်ရှိ အခြေအနေတွင် ကျိုးထျန်း မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို လျန်းရန် သိနေခဲ့သည်။ ထို့အတွက်ကြောင့် ကျိုးထျန်းအား အနည်းငယ်လေးမှပင် သွားမနှောင့်ယှက်ရဲခဲ့ပေ။ ထိုသို့သာမဟုတ်ပါက အကျိုးဆက်မှာ မတွေးရဲစရာပင်။
အချိန်ကြာလာသည်နှင့်အမျှ ကျိုးထျန်းဆီမှ ဖြာထွက်နေသည့် တိုက်ခိုက်လိုစိတ်မှာ ပိုပို၍ အားကောင်းလာနေခဲ့လေသည်။
တစ်ခုသော အချိန်သို့ အရောက်တွင် ထိုသိပ်သည်းအားကောင်းလှသည့် တိုက်ခိုက်လိုစိတ်တို့မှာ မည်သည့်အခါကမှ ထွက်ပေါ်လာခြင်း မရှိသည့်အလား ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။
ထိုအခါမှပဲ လျန်းရန်သည်လည်း သူ့ရင်ဘတ်ထဲရှိ ဝန်ထုပ်ကြီးတစ်ခု လျှောကျသွားသည့်အလား စိတ်သက်သာရာရနိုင်တော့လေသည်။
“အခြေအနေ ဘယ်လိုလဲ…” ကျိုးထျန်းက နောက်သို့မလှည့်ဘဲ မေးလိုက်လေသည်။
“အကုန်လုံးနီးပါး ကောင်းပါတယ်ဆရာ…” လျန်းရန်က ဦးညွှတ်၍ ပြန်ပြောလိုက်လေသည်။
“အကုန်လုံးနီးပါး…” ကျိုးထျန်းသည် လျန်းရန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ကျိုးထျန်း၏ လေသံကို ကြားပြီးသည့်နောက် လျန်းရန်၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့သည်။ ထို့နောက် လက်သီးဆုပ်၍ ပြန်ပြောလိုက်လေ၏။ “ပြဿနာက ပန်ချန်းပါဆရာ… သူနဲ့ အဆက်အသွယ် ပြတ်သွားပါပြီ…”
ထိုစကားကို ကြားသည့်အခါ ကျိုးထျန်းက မျက်ခုံးပင့်၍ ပြန်မေးလိုက်လေ၏။ “ဘယ်လိုလုပ်ပြီး အဆက်အသွယ်ပြတ်သွားတာလဲ…”
“လက်အောက်ငယ်သားလည်း မသိပါဘူး…” လျန်းရန်က အံ့အားသင့်နေသည့် အမူအယာဖြင့် “အခုချိန် မတိုင်ခင်ထိတော့ ပန်ချင်းက ကျုပ်တို့ဆီ သတင်းခဏခဏ ပို့နေတာပါပဲ… ဒါပေမဲ့ ရုတ်တရက်ကြီး သူ့ဆီကနေ ဘာသတင်းမှ မရတော့ပါဘူး… ကြည့်ရတာ အားကောင်းတဲ့ရန်သူတစ်ယောက်နောက်ကို သူလိုက်နေတယ်နဲ့ တူတယ်…”
ကျိုးထျန်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ပန်ချင်းရဲ့ ကိုယ်ပျောက်စွမ်းရည်က တကယ်ကို ပြိုင်ဘက်ကင်းပဲ… သူ့ကိုအခုလိုမျိုး သတိထားအောင် လုပ်နိုင်တဲ့လူကတော့ လုံးဝ သာမန် ဟုတ်မှာမဟုတ်ဘူး… ကဲ ဒီကိစ္စကို အရှင်မင်းမြတ် ကိုယ်တိုင် အမိန့်ပေးထားတာဆိုတော့လဲ ငါကိုယ်တိုင် လှုပ်ရှားရတော့မှာပေါ့….”
ပြောပြီးသည့်နောက်တွင် စီးနင်းနေသည့် ချိုကိုးချောင်း နဂါးသားရဲအား တွန်းအားပေးလိုက်ရာ နဂါးသားရဲသည် ကောင်းကင်မွန်းစတား ရိုးမတောင်တန်း၏ အတွင်းပိုင်းဆီသို့ ဝင်သွားလေ၏။
“ဆရာ…” ထိုအချင်းအရာကို မြင်သော် လျန်းရန်က လှမ်းအော်ပြောလိုက်လေသည်။
“ဘာဖြစ်လို့လဲ…” ကျိုးထျန်းသည် နောက်လှည့်မကြည့်ဘဲနှင့် ပြန်မေးလိုက်လေ၏။
လျန်းရန်က ပြောလိုက်လေသည်။ “ကျုပ်တို့သာ ရှေ့ဆက်သွားလို့ရှိရင် ကောင်းကင်မွန်းစတား ရိုးမတောင်တန်းနဲ့ လုပ်ထားတဲ့ သဘောတူညီချက် နယ်မြေကို ရောက်ပါတော့မယ်… အဲ့နယ်မြေထဲကိုသာ ဝင်လိုက်လို့ရှိရင် မွန်းစတားမျိုးနွယ်စုက….”
“ငါ သူတို့ကို ကြောက်မယ်လို့ မင်းထင်နေတာလား…” ကျိုးထျန်းက ပြန်ပြောလိုက်လေသည်။ “လျန်းရန်… လျန်းရန်… မင်း တကယ် သတ္တိနည်းလာတာပဲကွ…”
လျန်းရန်၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီးသည့်နောက်တွင် အံကြိတ်၍ ပြန်ပြောလိုက်လေသည်။ “ဆရာ့နောက်ကို လက်အောက်ငယ်သားကို လိုက်ခွင့်ပေးပါ…”
ကျိုးထျန်းသည် လျန်းရန်အား စိုက်ကြည့်နေပြီးသည့်နောက် ကျေနပ်စွာဖြင့် ခေါင်းညိတ်၍ “ကောင်းပြီလေ… လိုက်ခဲ့ပေါ့…” ပြောပြီးသည့်နောက် ရှေ့သို့ ဆက်သွားလေ၏။
မကြာခင်တွင် ကျိုးထျန်းနှင့် ချိုကိုးချောင်းနဂါးသားရဲသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲ၏ အတွင်းပိုင်းဆီသို့ ပျံသန်းဝင်သွားလေသည်။
ကောင်းကင်မွန်းစတား တောင်ကြား…
ဤတောင်ကြားသည် ကောင်းကင်မွန်းစတား ရိုးမတောင်တန်း၏ အတွင်းပိုင်းဆုံး နေရာဖြစ်သလို တောင်တန်းအား အုပ်စိုးသည့် အရှင်သခင် နေနေသည့် နေရာလည်း ဖြစ်ပေသည်။
ဤတောင်ကြားထဲရှိ အဆောက်အဦးများမှာ မွန်းစတားသားရဲများ နေနေကြသည့် နေရာဆိုသည့်အတိုင်း အလွန်ကြီးမား၍ အကြမ်းထည် ဆန်လှသည်။ လူသားများ ဆောက်လုပ်ထားကြသည့် အိမ်များနှင့် လုံးဝကို ကွဲပြားနေလေ၏။
တောင်ကြားအပြင်ဘက်တွင် အဆင့်ဆယ့်တစ် အထွဋ်အထိပ်သို့ ရောက်နေသော သွေးဝံပုလွေ အဖွဲ့တစ်ဖွဲ့သည် တောင်ကြားထဲသို့ မည်သူမျှ ဝင်မလာနိုင်အောင် စောင့်ကြပ်နေကြလေသည်။
ယွမ်ဖေးနှင့် ပိုင်လုတို့သည် ရန်ကိုင့်ကိုခေါ်ကာ တောင်ကြားထဲသို့ ဝင်လာကြလေသည်။ နှစ်ဦးစလုံးမှာ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲတွင် နာမည်ကျော်ကြားသည့် သက်ရှိများ ဖြစ်ကြသည့်အတွက်ကြောင့် အဆင့်ဆယ့်တစ်သာ ရှိသေးသော သွေးဝံပုလွေများအနေဖြင့် ထိုမွန်းစတားသားရဲနှစ်ကောင်ကို မည်ကဲ့သို့များ သွားတားရဲမည်နည်း။
အဆင့်ဆယ့်နှစ် မွန်းစတားသားရဲနှစ်ကောင်အား မည်သူမျှ သိပ်၍ ဂရုမစိုက်ကြသော်ငြား ရန်ကိုင့်ကိုမူ မွန်းစတားသားရဲ တော်တော်များမှာ စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေကြလေသည်။ အချို့ဆိုလျှင် ရန်ကိုင့်အား ရွံရှာစက်ဆုပ်သည့် အကြည့်များဖြင့်ပင် ကြည့်နေကြသည်။
တော်တော်များများမှာ ရန်ကိုင့်ကို မြင်သည်နှင့် မာန်ဖီနေကြလေ၏။ ရန်ကိုင်သာ အဆင့်ဆယ့်နှစ်မွန်းစတားသားရဲနှစ်ကောင်နှင့် အတူပါလာနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုမွန်းစတားသားရဲများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံရနေပြီးလောက်ပေသည်။
မကြာမီ ရန်ကိုင်တို့အဖွဲ့သည် ကောင်းကင်မွန်းစတားတောင်ကြား၏ အလယ်ဗဟိုဆီသို့ ရောက်လာခဲ့လေသည်။
ဤနေရာတွင် မိုးထိမတတ် မြင့်မားလှသော ဧရာမ သစ်ပင်ကြီးတစ်ပင် ရှိနေခဲ့လေသည်။ ထိုသစ်ပင်ကြီး၏ အမြစ်များသည် ဘေးပတ်ပတ်လည်အနှံ့ ပျံ့နှံ့နေကြလေ၏။ ကောင်းကင်ပေါ်သို့ လှမ်းကြည့်လိုက်သော်ငြား သစ်ပင်၏အဖျားကို မမြင်ခဲ့ရပေ။ သစ်ပင်၏ သစ်ကိုင်းသစ်ခက်များသည် ကောင်းကင်တစ်ခုလုံးနီးပါးအား ဖုံးလွှမ်းနေခဲ့လေ၏။
ထိုမြင်ကွင်းကို မြင်ပြီးသည့်နောက် ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရလေသည်။
ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် မိုးမြေစွမ်းအင်မှာ အခြားနေရာများထက် ပိုမိသိပ်သည်းနေကြောင်း ခံစားမိလိုက်လေ၏။
ဤသစ်ပင်ကြီးသည် အလွန်ကိုမှ အဖိုးအနဂ္ဂ ထိုက်တန်သည့် ရတနာတစ်ခုမှန်း ရန်ကိုင်ချက်ချင်း သိလိုက်လေသည်။ သစ်ပင်ကြီး၏ အမြစ်များကြားတွင် တံခါးပေါက်တစ်ပေါက် ရှိနေခဲ့လေ၏။ လက်ရှိတွင် တံခါးပေါက်မှာ ပိတ်ထားခဲ့လေသည်။
ထိုနားသို့ ရောက်လာပြီးသည့်နောက်တွင် ယွမ်ဖေးသည် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “ကောင်လေး… ဒီမှာ စောင့်နေ… ငါမပြောမချင်း နည်းနည်းလေးမှ မလှုပ်နဲ့နော်… မဟုတ်ရင် ငါ့ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့…”
ရန်ကိုင်သည် ခေါင်းညိတ်ပြလိုက်လေ၏။
“ကျွီ ကျွီ ကျွီ ကျွီ…” ခရမ်းရောင်ရှဉ့်လေးမှာမူ တစ်ခုခုပြောချင်နေသည့်အလား တကျွီကျွီ လုပ်နေခဲ့လေသည်။
ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်ပြလိုက်လေ၏။ “ငါ့ကို စိတ်ပူမနေနဲ့… မင်းကိုယ်မင်းသာ ဂရုစိုက်…”
“သွားကြရအောင်…” ပြောရင်းဆိုရင်းဖြင့် ပိုင်လုသည် တံခါးကိုဖွင့်ကာ သစ်ပင်ထဲသို့ ဝင်သွားလေ၏။
ခဏအကြာတွင် အပြင်ဘက်၌ ရန်ကိုင်တစ်ယောက်တည်းသာ ကျန်တော့လေသည်။
ဤသစ်ပင်ကြီးကို ကြည့်ရင်း ရန်ကိုင် အလွန်ကိုမှ အံ့အားသင့်နေမိတော့သည်။
မွန်းစတားသားရဲများသည်လည်း သူ့နားတွင် စတင်၍ စုဝေးလာကုန်ကြလေသည်။
အသက်ဆယ်ရှိုက်စာအတွင်း ရန်ကိုင့်အနီးတစ်ဝိုက်တွင် မွန်းစတားသားရဲပေါင်းများစွာ ရှိလာခဲ့ကြလေ၏။ တချို့သော မွန်းစတားသားရဲများသည် သစ်ကိုင်းသစ်ခက်များပေါ်တွင် နေရင်းဖြင့်ပင်လျှင် သူ့အား စူးစမ်းလေ့လာနေကြလေသည်။
အချို့မွန်းစတားသားရဲများမှာ လူအသွင်ပြောင်းထားကြသော်ငြား အချို့မှာတော့ သားရဲအသွင်အတိုင်းသာ ရှိနေကြသည်။
သို့သော်ငြား မည်သူပင်ဖြစ်နေစေကာမူ အကုန်လုံးသည် ရန်ကိုင့်အား ရက်စက်ကြမ်းကြုတ် ခက်ထန်သည့် အမူအယာများဖြင့် စိုက်ကြည့်နေကြလေသည်။
သို့ရာတွင် ရန်ကိုင့်အား ယွမ်ဖေးနှင့် ပိုင်လုတို့မှ ခေါ်လာခြင်း ဖြစ်သည့်အတွက်ကြောင့် သူတို့နှစ်ဦးဆီမှ အမိန့်မရခင် အချိန်အထိ မည်သည့်မွန်းစတားသားရဲမှ ရန်ကိုင့်အား တိုက်ခိုက်ရဲကြလိမ့်မည် မဟုတ်ချေ။
အဆင့်ခွဲဝေသတ်မှတ်ပုံသည် လူသားမျိုးနွယ်ထက် မွန်းစတားသားရဲမျိုးနွယ်တွင် ပို၍ တင်းကြပ်သည်ဟု ပြော၍ရပေသည်။
အမြင့်ပိုင်း မွန်းစတားသားရဲများသည် အဆင့်နိမ့်မွန်းစတားသားရဲများအပေါ် အာဏာအပြည့်ရှိပေသည်။ အလွန်ကိုမှ အားကောင်းသော နောက်ခံအား ပိုင်ဆိုင်ထားကြသည့် ခရမ်းရောင်ရှဉ့်လေးကဲ့သို့သော မွန်းစတားသားရဲမျိုးသည်သာ အာဏာကို လွန်ဆန်နိုင်ကြခြင်း ဖြစ်ပေသည်။
လက်ရှိ သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း အတိတ်ကို ရန်ကိုင် ပြန်လည် အမှတ်ရသွားခဲ့သည်။ မည်သည့်နေရာသို့ ရောက်နေပါစေ လူသားမျိုးနွယ်နှင့် မွန်းစတားမျိုးနွယ်စုများအကြား မကျေချမ်းနိုင်သော ပဋိပက္ခများ ရှိနေခဲ့ကြသည်။
အမျိုးမျိုးသော မျိုးနွယ်စုများတွင် အမျိုးမျိုးသော ထုံးတမ်းအစဉ်အလာများ ယဉ်ကျေးမှုများ ရှိကြပေသည်။ မျိုးနွယ်စု မတူလျှင် သူစိမ်းအဖြစ် ရှုမြင်ခံရသည်မှာ နေရာတိုင်းတွင်လိုလို ဖြစ်နေ၏။
မရေမတွက်နိုင်သော မွန်းစတားသားရဲများ၏ ဝိုင်းရံနေခြင်း ခံနေရသော်ငြား ရန်ကိုင်မှာမူ အနည်းငယ်မျှပင် ကြောက်လန့်သွားခြင်း မရှိချေ။ ထို့အစား သူ့ကိုယ်ထဲရှိ ဝိဉာဉ်ဝါးမျို အင်းစက်များမှာ ပို၍ မငြိမ်မသက် ဖြစ်လာကြလေ၏။
အနီးအနားတွင် အလွန်ကိုမှ အရသာရှိမည် ထင်ရသော စားကောင်းသောက်ဖွယ်များ ရှိနေသည့် အတွက်ကြောင့်လားမသိ ဝိဉာဉ်ဝါးမျို အင်းစက်များသည် ရန်ကိုင့်၏ ထိန်းချုပ်မှုကို လွန်ဆန်၍ ပြေးထွက်လာရန် ကြိုးစားနေကြလေသည်။
ထိုအချက်ကို သတိပြုမိလိုက်သော ရန်ကိုင့်၏ မျက်နှာ ဖြူလျော်သွားပြီး သူ့စိတ်စွမ်းအင်ကို အလျင်စလို လှည့်ပတ်၍ ဝိဉာဉ်ဝါးမျို အင်းစက်များကို အတင်းအကြပ် ဖိနှိပ်လိုက်ရသည်။
ဝိဉာဉ်ဝါးမျို အင်းစက်များ မငြိမ်မသက် ဖြစ်လာသည်နှင့် တစ်ပြိုင်နက် အနီးအနားတစ်ဝိုက်တွင် စုဝေးနေကြသော မွန်းစတားသားရဲများ ဘာကြောင့်မှန်းမသိ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြလေသည်။ ထိုခံစားချက်ကို ရှင်းပြ၍ မရသော်ငြား ခံစားမိနေသည်မှာတော့ အသေအချာပင် ဖြစ်လေသည်။
ထို့အတွက်ကြောင့် မွန်းစတားသားရဲမျိုးနွယ်စုဝင် တော်တော်များများ၏ အမူအယာ ပြောင်းလဲသွားခဲ့ကြပြီး ရန်ကိုင့်အား မယုံသင်္ကာ အထိတ်တလန့် အမူအယာများဖြင့် ကြည့်လိုက်ကြလေ၏။
ရန်ကိုင်မှာမူ ထိုမွန်းစတားသားရဲများကို အာရုံစိုက်နေချိန် မရှိဘဲ ဝိဉာဉ်ဝါးမျို အင်းစက်များကို ဖိနှိပ်ရန်သာ အတတ်နိုင်ဆုံး ကြိုးစားနေလေ၏။
လူပေါင်းများစွာ ရှေ့တွင် ခုနှစ်ရောင်ခြယ် ဝိဉာဉ်ကြာပန်းအား အသုံးမပြုနိုင်သည့် အတွက်ကြောင့် သူ့စိတ်ထဲ ကြိတ်၍ ငြီးတွားမိနေလေသည်။
ထိုစဉ် မဟာသမုဒ္ဒရာ လှိုင်းလုံးကဲ့သို့သော ကျယ်ပြောလှသည့် ဖိအားတစ်ရပ်သည် ရန်ကိုင့်ပေါ်သို့ ရုတ်တရက် ကျဆင်းလာခဲ့လေသည်။ ထိုဖိအားမှာ ရုတ်တရက်ကြီး ထွက်ပေါ်လာသည့် အတွက်ကြောင့် ရန်ကိုင်ပင်လျှင် အချိန်မီ မတုံ့ပြန်လိုက်နိုင်ပေ။
သို့သော်ငြား ခဏအကြာ၌ ထိုဖိအားမှာ သူ့အား ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ သူ့ကိုယ်ထဲရှိ ဝိဉာဉ်ဝါးမျို နတ်ဆိုးအင်းစက်များကို ဖိနှိပ်နေခြင်းသာ ဖြစ်ကြောင်း တွေ့လိုက်ရလေ၏။
“အဆင့်ဆယ့်နှစ် အထွဋ်အထိပ်…” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ သူ့စိတ်ထဲ ခန့်မှန်းထားပြီး ဖြစ်သော်ငြား ကောင်းကင်မွန်းစတား ရိုးမတောင်တန်း အရှင်သခင်၏ ကျင့်ကြံခြင်းကို သိလိုက်ရချိန် ရန်ကိုင့်စိတ်ထဲ အံ့အားသင့်မိနေပေသေးသည်။
ကောင်းကင်တက်လှမ်းခြင်း လောကကြီးသည် ရုပ်ခန္ဓာ ပိုင်ဆိုင်ထားခြင်း မရှိသော သက်ရှိများသာ နေကြသည့် အလွန်ထူးခြား ဆန်းကြယ်သော နေရာတစ်ခု ဖြစ်ပေသည်။ သို့သော်ငြား ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားခြင်း မရှိသည့်တိုင် ဤနေရာတွင် ဤမျှ အဆင့်မြင့်လှသော ပညာရှင်များ ရှိနေသေး၏။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် ဤနေရာတွင် မဟာဧကရာဇ်ကဲ့သို့သော ပညာရှင်မျိုးလည်း ရှိကောင်းရှိနေနိုင်လိမ့်မည်ဟု တွေးမိသွားခဲ့လေသည်။ သူ့စိတ်ထဲ ထိုအတွေးများ ဖြတ်ပြေးနေစဉ် ပိုင်လု သူ့ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့လေ၏။
ပိုင်လုသည် ဘေးပတ်ဝန်းကျင်တစ်ဝိုက် လှည့်ပတ်ကြည့်ပြီးသည့်နောက် ရန်ကိုင့်အား ကြည့်ကာ ပြောလိုက်လေသည်။ “ငါ့နောက်လိုက်ခဲ့… ခေါင်းဆောင်က နင့်ကို တွေ့ချင်နေတယ်…” ထိုသို့ ပြောပြီးသည့်နောက်တွင် ဘာမှ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားလေသည်။
ရန်ကိုင်သည်လည်း သူမနောက်မှ အနီးကပ်လိုက်၍ သစ်ပင်ထဲသို့ ဝင်သွားလေ၏။ အထဲသို့ ရောက်မှသာ သစ်ပင်အတွင်းပိုင်းရှိ လိုဏ်ဂူမှာ ပရိဘောဂများဖြင့် အပြည့်အဝ တန်ဆာဆင်ထားသော နေအိမ်ကဲ့သို့သော နေရာတစ်ခု ဖြစ်နေကြောင်း သိလိုက်ရလေသည်။
အောက်ဆုံးထပ်သည် ခန်းမကျယ်ကြီးတစ်ခု ဖြစ်ပြီး လက်ရှိတွင် ဤခန်းမထဲ၌ မည်သူမျှ ရှိမနေခဲ့ချေ။
ခန်းမ၏ ထောင့်တစ်နေရာတွင်မူ အပေါ်သို့ ဦးတည်နေသော ကြောင်လိမ်လှေကားတစ်ခု ရှိနေခဲ့သည်။ ထိုကြောင်လိမ်လှေကား မည်မျှ မြင့်သလဲဆိုသည်ကို သူမသိသော်ငြား ထိုကြောင်လိမ်လှေကား၏ အဖျားကိုမူ ရန်ကိုင် လှမ်းမမြင်နိုင်ခဲ့ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၂၇)
ကြောင်လိမ်လှေကားအတိုင်း ဆယ့်ငါးမိနစ်ခန့်ကြာအောင် တက်လာပြီးသည့်နောက်တွင် ခန်းမကျယ်ကြီး တစ်ခုဆီသို့ ရောက်လာခဲ့လေသည်။ ထိုခန်းမ၏ တံခါးပေါက်သည် သစ်ပင်ပင်စည်ထက်တွင် ဆောက်လုပ်ထားခြင်း ဖြစ်ပေ၏။
တံခါးပေါက်မှရပ်၍ လှမ်းမျှော်ကြည့်လိုက်မည်ဆိုပါက ဘေးပတ်ဝန်းကျင်တစ်ခွင်ကို မြင်တွေ့နိုင်ပေလိမ့်မည်။
ရန်ကိုင်သည် တံခါးပေါက်ရှေ့တွင် ရပ်ရင်း အောက်သို့ ငုံ့ကြည့်လိုက်လေ၏။ သူရပ်နေရာသည် သစ်ပင်၏ အောက်ခြေဆီမှ မီတာထောင်ပေါင်းများစွာအကွာတွင် ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
ဤနေရာသို့ ရောက်လာပြီးသည့်နောက် သူ့အား လှမ်းကြည့်နေသည့် အကြည့်တစ်စုံကို ရန်ကိုင် ခံစားလိုက်ရလေသည်။
ချက်ချင်း လှည့်ကြည့်လိုက်ရာ ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ဦးအား မြင်တွေ့လိုက်ရလေသည်။
သက်လတ်ပိုင်းလူကြီးသည် အနက်ရောက်ဆံပင်များကို ပိုင်ဆိုင်ထားခဲ့ပြီး လက်နောက်ပစ်ရင်း ပြုံးကာ သူ့အား လှမ်းကြည့်နေခဲ့လေသည်။
သူ့ရှေ့တွင် ကြိုရောက်နေသော ယွမ်ဖေးသည် သက်လတ်ပိုင်းလူကြီး၏ ဘေးတွင် တလေးတစားဖြင့် ရပ်နေလေသည်။
“ကောင်းကင်မွန်းစတား ရိုးမတောင်တန်းရဲ့ သခင်လား…” ရန်ကိုင့်၏ စိတ်ထဲ ထိုအတွေး ဖြတ်ပြေးသွားခဲ့လေသည်။
သက်လတ်ပိုင်းလူကြီးဆီမှ မည်သည့် ထူးခြားသည့် အချက်ကိုမှ ရှာမတွေ့ခဲ့ချေ။ ဤသာမန်လူတစ်ဦးကဲ့သို့ ထင်ရသော သက်လတ်ပိုင်းလူကြီးသည် အစောပိုင်းက သူ့အား ကူညီပေးခဲ့သော အဆင့်ဆယ့်နှစ် အထွဋ်အထိပ် မွန်းစတားသားရဲ မျိုးနွယ်ဝင် ဖြစ်ကြောင်း ရန်ကိုင် အသေအချာ သိနေခဲ့သည်။
ဤလူသည် ခရမ်းရောင်ရှဉ့်လေး၏ အဖေ ဖြစ်မည်ထင်ရသော ကောင်းကင်မွန်းစတား ရိုးမတောင်တန်း၏ သခင်သာ ဖြစ်လေသည်။
သူ့အမူအယာကို ပြန်ထိန်းလျက် ရန်ကိုင်သည် ဦးညွှတ်ကာ လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “ဂျူနီယာရန်ကိုင် စီနီယာကို နှုတ်ဆက်ပါတယ်…”
သက်လတ်ပိုင်းလူကြီးသည် ခေါင်းသာ တစ်ချက်ညိတ်ပြလိုက်ပြီး မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ ထို့အစား သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်လျက် ရန်ကိုင့်တည့်တည့်သို့ လက်ညှိုးထိုးလိုက်လေ၏။
သက်လတ်ပိုင်းလူကြီး ဘာပြောချင်လို့ ပြောချင်နေမှန်း မသိသေးခင်မှာပင် ရန်ကိုင့်၏ အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ့စိတ်စွမ်းအင်ကို အလျင်စလို လှည့်ပတ်၍ သူ့ပတ်ပတ်လည်၌ အကာအရံတစ်ခု ဖန်တီးလိုက်လေသည်။
ဖတ်ခနဲဟူသော မြည်သံနှင့်အတူ ရန်ကိုင် ဖန်တီးလိုက်သည့် အကာအကွယ် အလွယ်တကူ ကျိုးပျက်သွားခဲ့လေ၏။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး နောက်သို့ ဒယီးဒယိုင် ဆုတ်သွားလိုက်ရလေသည်။ ခဏအကြာမှသာ အခြေငြိမ်အောင် ပြန်ရပ်လိုက်နိုင်လေ၏။
ရန်ကိုင် ခံစားလိုက်ရသည့် တိုက်ခိုက်မှုမှာ သူ့အား ထိခိုက်စေလိုသည့် ရည်ရွယ်ချက်မျိုး ရှိမနေပဲ သူ့အခြေအနေကို စမ်းသပ်လိုသည့် တိုက်ခိုက်မှုမျိုးသာ ဖြစ်လေသည်။
“စီနီယာ… ဒါ ဘာသဘောလဲ…” ရန်ကိုင်က မျက်မှောင်ကျုံ့၍ ပြန်မေးလိုက်လေသည်။ တစ်ဖက်လူသည် အဆင့်ဆယ့်နှစ် အထွဋ်အထိပ် မွန်းစတားသားရဲတစ်ကောင် ဖြစ်သည်။ ထိုသို့ဖြစ်လေရာ သူ့ခွန်အားဖြင့် ဘာကြောင့်များ ရန်ကိုင့်ခွန်အားကို စစ်ဆေးနေရလေသနည်း။
ထိုသက်လတ်ပိုင်းလူကြီးအနေဖြင့် တစ်ချက်ကြည့်ရုံဖြင့်ပင်လျှင် ရန်ကိုင့်၏ ခွန်အားကို သိနိုင်ပေသည်။
“ဟမ်…” သက်လတ်ပိုင်းလူကြီးက မျက်ခုံးပင့်လျက် ရန်ကိုင့်အား သင်္ကာမကင်း အမူအယာဖြင့် ကြည့်ရင်း မေးလိုက်လေသည်။ “ဘာဖြစ်လို့ မင်းရဲ့ဝိဉာဉ်အမျိုးအစား မှော်ရတနာကို မသုံးလိုက်တာလဲ…”
“ဒီမတိုင်ခင်မှာ အားကောင်းတဲ့ရန်သူတစ်ယောက်နဲ့ တွေ့ခဲ့တယ်လေ… သူနဲ့တိုက်ခိုက်ရင်း အဲ့မှော်ရတနာ ဖျက်ဆီးခံလိုက်ရလို့ ဆက်ပြီးတော့ မသုံးနိုင်တော့….” ပြောလို့မပြီးသေးခင်မှာပင် ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး သက်လတ်ပိုင်းလူကြီးအား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်၍ “စီနီယာ ခင်ဗျား…”
ယခုမှပဲ ရန်ကိုင် ရုတ်တရက် အသိပြန်ဝင်လာတော့သည်။ “သူတကယ်ကြီး ဝိဉာဉ်အမျိုးအစား မှော်ရတနာလို့ ပြောလိုက်တာပဲ…”
ဝိဉာဉ်အမျိုးအစား မှော်ရတနာဟူသော စကားလုံးသည် ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲတွင် ရှိနေသူများ သိကြသည့် စကားလုံးမျိုး မဟုတ်ပေ။
ဝိဉာဉ်အမျိုးအစား မှော်ရတနာများကို ဖန်တီးရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ဤနေရာတွင် ရှိမနေသည့်အတွက်ကြောင့် ထိုကဲ့သို့သော မှော်ရတနာများလည်း ဤလောကကြီးထဲတွင် ရှိမနေကြပေ။
သို့သော်ငြား သက်လတ်ပိုင်းလူကြီးကမူ ဝိဉာဉ်အမျိုးအစား မှော်ရတနာကဲ့သို့သော အရာမျိုးအကြောင်းကို သိနေခဲ့လေသည်။ ရန်ကိုင် မထိတ်လန့်ပဲ ဘယ်နေနိုင်မည်နည်း။
“ဘာဖြစ်လို့လဲ…” သက်လတ်ပိုင်းလူကြီးက ပြုံးလျက် “ငါ ဘာမှ မသိဘူးလို့ မင်းထင်နေတာလား…”
ရန်ကိုင် မည်ကဲ့သို့ ပြန်ပြောလို့ ပြောရမှန်း မသိတော့ချေ။ “ကြည့်ရတာ…” သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လျက် “မင်းက ဒေသခံတစ်ဦး မဟုတ်ဘူးပဲ…”
ရန်ကိုင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေ၏။ “စီနီယာက တကယ်ကို အမြင်စူးရှတာပဲ… စီနီယာ ဘယ်လိုလုပ်ပြီး…”
သက်လတ်ပိုင်းလူကြီးက ပြုံးလျက် လက်ကိုမြှောက်ကာ ဓါးရှည်တစ်ချောင်းကို ထုတ်ပြလိုက်လေသည်။ ဓါးရှည်တစ်ဝိုက် အရောင်တလက်လက် ထနေပြီး အားကောင်းသည့် စွမ်းအင်လှိုင်းတို့မှာ ထိုဓါးရှည်ဆီမှ ဖြာထွက်နေခဲ့လေ၏။
ဤဓါးရှည်သည် စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသည့် ဓါးတစ်လက်မဟုတ်ဘဲ ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် ဓါးအမျိုးအစား တစ်ချောင်းသာ ဖြစ်လေသည်။
“ဝိဉာဉ်အမျိုးအစား မှော်ရတနာ…” ထိုဓါးရှည်ကို မြင်ပြီးသည့်နောက် ရန်ကိုင် မျက်လုံးကျွတ်ထွက်လုမတတ် ဖြစ်သွားခဲ့လေသည်။
ဤလောကကြီးထဲရှိ ကျင့်ကြံသူတစ်ဦးသည် ပြင်ပလောကကြီးတွင်သာ တွေ့ရလေ့ရှိသော ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုကို တကယ်ကြီး ထုတ်ပြလာခဲ့သည်။
ထို့အပြင် ရိုးရိုးဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုပင် မဟုတ်။ အလွန်ကိုမှ အဆင့်မြင့်လှသည့် ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခု ဖြစ်လေသည်။
ဓါးရှည်ဆီမှ ဖြာထွက်နေသော စွမ်းအင်အရ ဤဓါးရှည်သည် ဧကရာဇ်အဆင့်သို့ ရောက်နေသော မှော်ရတနာတစ်ခု ဖြစ်ပေသည်။ ဓါးရှည်ဆီမှ ဖြာထွက်နေသည့် ဧကရာဇ်ဖိအားနှင့် စိတ်ဆန္ဒမှာ သက်လတ်ပိုင်းလူကြီး၏ အရှိန်အဝါနှင့် လုံးဝကို အသားကျနေခဲ့လေသည်။
ဘေးဖက်တွင် ရှိနေသော ယွမ်ဖေးနှင့် ပိုင်လုသည်လည်း ထိုဓါးရှည်အား ငေးကြောင်ကြောင် အမူအယာများဖြင့် စိုက်ကြည့်နေကြလေသည်။
ကောင်းကင်မွန်းစတား ရိုးမတောင်တန်း၏ အရှင်သခင်၏ လက်အောက်ငယ်သားများ ဖြစ်သည့်အလျောက် သူတို့ခေါင်းဆောင်တွင် ဤကဲ့သို့သော အဖိုးတန်ရတနာတစ်ခု ရှိနေကြောင်းကို သူတို့နှစ်ဦးစလုံး သိထားကြပေသည်။
သို့တိုင် သူတို့ပင်လျှင် ဤဓါးရှည်အား နှစ်ကြိမ်သာ မြင်ဖူးပေသေးသည်။ ယနေ့တစ်ကြိမ်ပါပါလျှင် စုစုပေါင်းသုံးကြိမ်သာ ရှိပေသေး၏။ ဤကဲ့သို့သော ရတနာတစ်ခု မည်သည့်နေရာမှ ရောက်လာသလဲ ဆိုသည်ကို ယွမ်ဖေးနှင့် ပိုင်လုတို့ နှစ်ဦးစလုံး မသိကြပေ။
သို့သော်ငြား ဤဓါးရှည်သည် သူတို့၏ စိတ်စွမ်းအင်သက်သက်နှင့် ဖန်တီးလိုက်သော လက်နက်များထက် အများကြီး ပိုအားကောင်းကြောင်းကို ကောင်းကောင်းသိထားကြသည်။
သူတို့နားမလည်နိုင်သည်မှာ သူတို့၏ ခေါင်းဆောင်သည် ယနေ့မှသာ ရောက်လာသော ရန်ကိုင့်ကဲ့သို့သော လူငယ်လေးတစ်ဦးအား ဘာကြောင့် ဤမှော်ရတနာအား ထုတ်ပြနေသလဲ ဆိုသည်ကိုပင်။
ထို့အပြင် ဤလောက၏ ဒေသခံမဟုတ်ဘူးဟူသော သူတို့ခေါင်းဆောင်ပြောသွားသည့် စကားသည် မည်သည့်အရာကို ဆိုလိုနေသနည်း။ နှစ်ဦးစလုံးသည် နားမလည်နိုင်ဟန်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
“ဟုတ်တယ်… ဒါက ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုပဲ…” သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်လေ၏။ ထို့နောက်တွင် ဓါးအား လက်ချောင်းဖြင့် တောက်လိုက်လေသည်။
သက်လတ်ပိုင်းလူကြီး၏ တောက်ချက်အောက်တွင် ဓါးရှည်သည် ကိုယ်ပိုင်စိတ်ဝိဉာဉ်တစ်ခု ရှိနေသည့်အလား တုန်ရီသွားခဲ့လေ၏။
“လွန်ခဲ့တဲ့ နှစ်ရှစ်ရာတုန်းက ငါ ဒီဓါးရှည်ကို ဝမ်ကျိရှန်းဆိုတဲ့ လူဆီကနေ ရခဲ့တာ…” သက်လတ်ပိုင်းလူကြီးသည် ရန်ကိုင့်အား ပြုံးကာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “မင်း သူ့ကို သိမလားမသိဘူး…”
“ကျောင်းသခင်ဝမ်ဆီကလား…” ရန်ကိုင့်မျက်နှာကြီး မဲ့သွားခဲ့လေ၏။
လွန်ခဲ့သော နှစ်ရှစ်ရာခန့်က ဝမ်ကျိရှန်းသည် နေမင်းပြာတောင်တန်းဆီသို့ ရောက်လာခဲ့ပြီး ကောင်းကင်တက်လှမ်းခြင်းကြေးမုံကို တွေ့ခဲ့သည်ဟု ပြောခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် ဤနေရာ၌ နေကာ နေမင်းပြာကျောင်းတော်ကို တည်ထောင်ခဲ့ခြင်း ဖြစ်လေသည်။
ထိုစဉ်က ဝမ်ကျိရှန်းသည် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲသို့ ဝင်လာပြီး လျှောက်သွားနေရင်းမှ ဤသက်လတ်ပိုင်းလူကြီးနှင့် လာတိုးခဲ့ခြင်း ဖြစ်လောက်ပေသည်။
ဤမှော်ရတနာ သက်လတ်ပိုင်းလူကြီး၏ လက်ထဲသို့ မည်ကဲ့သို့ ရောက်လာသလဲ ဆိုသည်ကိုတော့ ရန်ကိုင် မသိပေ။
“သူက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကောင်ကွ…” သက်လတ်ပိုင်းလူကြီးက အတိတ်အား လွမ်းဆွတ်နေသည့် အမူအယာမျိုးဖြင့် ပြောလိုက်လေသည်။
“ငါ သူနဲ့တွေ့တွေ့ခြင်း မိတ်ဆွေဟောင်းတွေလိုပဲ ခံစားလိုက်ရတယ်… ငါတို့ တကယ်ကို အဆင်ပြေပြေ ရှိခဲ့တာ… ဒီဓါးရှည်ကို ဘယ်လိုရလာခဲ့လဲ ဆိုရင်တော့ သူနဲ့ အလောင်းအစားတစ်ခုကို နိုင်ပြီးတော့ ရလာခဲ့တာပေါ့…” ရှင်းရှင်းပြောရရင် ဒီဓါးရှည်ကို စစရခြင်းတုန်းက မင်းတို့အခေါ်နဲ့ ဆိုရင်တော့ တာအိုသခင် အဆင့်မြင့်လောက်ပဲ ရှိဦးမယ်… နှစ်တွေအများကြီးကြာပြီး တဖြည်းဖြည်းချင်း အဆင့်မြှင့်တင်ပေးခဲ့လို့ပဲ ဧကရာဇ်အဆင့်ထိ ရောက်လာခဲ့တာ…”
ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။ “ကြည့်ရတာ စီနီယာလည်း အပြင်လောကကြီးအကြောင်း တော်တော်လေးသိထားတယ်နဲ့တူတယ်…”
သက်လတ်ပိုင်းလူကြီးက ပျော်ရွှင်စွာ ရယ်မောရင်း “မင်းကလည်း… မျောက်နတ်ဘုရားဝိုင်လေး နည်းနည်းတိုက်လိုက်တာနဲ့ အဲ့ ဝမ်ကျိရှန်းဆိုတဲ့ကောင် မူးပြီးတော့ အကုန်ပြောတော့တာပဲ… ဘာမှကို ချန်မထားဘူး… ဒီတော့ ငါ အပြင်လောကကြီးအကြောင်းကို ဘယ်လိုသိတာလဲလို့ မင်းထင်လဲ…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏ မျက်နှာ မည်းသွားခဲ့လေသည်။ သူ့စိတ်ထဲလည်း အနည်းငယ်တော့ စိတ်သက်သာရာရသွားမိခဲ့လေ၏။
ဤသက်လတ်ပိုင်းလူကြီးသည် ကျောင်းသခင်ဝမ်နှင့် အတော်လေး ရင်းနှီးသူဖြစ်သည့်အတွက်ကြောင့် သူ့အပေါ် မည်သည့်မကောင်းကြံလိုစိတ်မှ ရှိလိမ့်မည် မဟုတ်ချေ။
“စီနီယာကို ဂျူနီယာ ဘယ်လိုခေါ်ရမလဲ မသိဘူး…” ရန်ကိုင်က လက်သီးဆုပ်၍ မေးလိုက်လေ၏။
“ရီချွမ်းလို့ ခေါ်လို့ရတယ်…” ထိုလူကြီးက ပြန်ပြောလိုက်လေသည်။ ထို့နောက် မှော်ရတနာကို သိမ်း၍ ဆက်ပြောလိုက်လေ၏။ “မင်း ငါ့သားအသက်ကို ကယ်ခဲ့တယ်လို့ ယွမ်ဖေးက ပြောတယ်…”
“တိုက်ဆိုင်သွားခဲ့တာပါ…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
“တိုက်ဆိုင်ဆိုင် မတိုက်ဆိုင်ဆိုင် ကယ်ခဲ့တာက ကယ်ခဲ့တာပဲ…” ပြောပြီးသည့်နောက်တွင် ရီချွမ်းသည် နောက်သို့ ပစ်ထားသော သူ့လက်ကိုသုံး၍ ပုံရိပ်တစ်ခုအား အရှေ့သို့ တွန်းထုတ်လိုက်လေသည်။
ထိုပုံရိပ်မှာ အင်္ကျီတို ဘောင်းဘီတိုများကို ဝတ်စားထားသော အသက်နှစ်နှစ်ခန့်လောက်သာ ရှိမည်ထင်ရသည့် ကလေးငယ်လေးတစ်ဦး ဖြစ်နေသည်။
ထိုကလေးငယ်လေးမှာ ဖြူဖြူဖွေးဖွေး ပါးဖောင်းဖောင်းလေး ဖြစ်ပေသည်။ လက်နှင့် ခြေထောက်များမှာ ပုပုကွကွ ဖြစ်နေသဖြင့် အတော်လေးကိုမှ ချစ်စဖွယ်ကောင်းနေခဲ့လေ၏။ ဆံပင်ကိုမူ ယောက်ျားများ သျှောင်ထုံး ထုံးသကဲ့သို့ ထုံးထားလေ၏။
“ခရမ်းရောင်ရှဉ့်လေးလား…” ရန်ကိုင်သည် ကောင်လေးကိုကြည့်ရင်း မျက်ခုံးပင့်လိုက်လေ၏။
ထိုကောင်လေးမှာ အတော်လေး ရှက်တတ်သည့် ပုံပင်။ ရန်ကိုင့်အား တစ်ချက်ကြည့်ပြီးသည့်နောက် ရီချွမ်းနောက်တွင် ချက်ချင်း ပြေးပုန်းတော့လေသည်။
ထိုအချင်းအရာကို မြင်လိုက်သည်နှင့် ထိုလူငယ်လေးမှာ ခရမ်းရောင်ရှဉ့်လေးမှန်း ရန်ကိုင် သေချာသွားတော့လေသည်။
သို့သော်ငြား ရန်ကိုင်နှင့်အတူ ရှိနေစဉ်က ခရမ်းရောင်ရှဉ့်လေးမှာ ဤမျှ မရှက်တက်ခဲ့ချေ။
“အဖေ မင်းကို ဘာပြောထားလဲ…”
ထိုအချင်းအရာကို မြင်သော် ရီချွမ်းသည် ခရမ်းရောင်ရှဉ့်လေး၏ ခေါင်းကို တစ်ချက် ထုလိုက်လေ၏။ ထို့အတွက်ကြောင့် ခရမ်းရောင်ရှဉ့်လေးမှာ ဒယိမ်းဒယိုင်ဖြစ်ကာ နောက်သို့ လဲကျသွားခဲ့လေသည်။
ထိုအချင်းအရာကို မြင်သည့်အခါ ပိုင်လု စိတ်မကောင်း ဖြစ်သွားခဲ့လေ၏။
ကောင်လေးမှာတော့ ငိုတော့မည့်အလား နှုတ်ခမ်းဆူနေခဲ့လေသည်။
“ဟမ်း…” ရီချွမ်းက အသံတစ်ချက် ဟိတ်လိုက်လေ၏။
ထို့အတွက်ကြောင့် ခရမ်းရောင်ရှဉ့်လေးမှာ အလွန်ကိုမှ ကြောက်လန့်သွားပြီး မျက်ရည်စများကို သုတ်ကာ မငိုအောင် ထိန်းထားလိုက်လေသည်။ ထို့နောက် ရန်ကိုင့်ကိုကြည့်၍ အထစ်ထစ် အငေါ့ငေါ့ဖြင့် စကားပြောရန် ကြိုးစားလိုက်လေ၏။
“ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး… မင်းလည်း ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ… တကယ်ဆိုရင် ငါကတောင် မင်းကို ကျေးဇူးတင်နေရဦးမှာ…” ရန်ကိုင်က ပြန်ပြောလိုက်လေ၏။
“ကိုယ့်အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ရဘူး…” ရီချွမ်းသည် ကောင်လေး၏ ခေါင်းကို ပွတ်ပေးရင်း ပြောလိုက်လေ၏။ “အဲ့ဒါကို မြဲမြဲမှတ်ထား…”
ခရမ်းရောင်ရှဉ့်လေး အလျင်အမြန် ခေါင်းညိတ်ပြလိုက်လေသည်။
“ပိုင်လု…” ရီချွမ်းက ပြောလိုက်သည်။
“လက်အောက်ငယ်သား ရှိပါတယ်…” ပိုင်လု ရှေ့ထွက်လာခဲ့လေသည်။
“နင့်သခင်လေးကို ခေါ်ပြီး အပြင်မှာ သွားကစားနှင့်… သူ့ကို သေချာ ကြည့်ထားဦးနော်… နောက်တစ်ကြိမ် ထွက်မပြေးသွားစေနဲ့ဦး… ဒီလူငယ်လေးနှင့် စကားပြောစရာ ရှိလို့…” ရီချွမ်းက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ…” ပြောပြီးသည့်နောက်တွင် ပိုင်လုသည် ကောင်လေးအား လက်ဝှေ့ယမ်း ပြလိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ ခရမ်းရောင်ရှဉ့်လေးမှာ အလွန်ကိုမှ နာနာခံခံ ရှိသွားလေ၏။ သူ့လက်ကို ဆန့်ထုတ်၍ ပိုင်လုလက်ကို လှမ်းကိုင်လိုက်သည်။ အပြင်သို့ ထွက်မသွားခင် ရန်ကိုင့်အား တစ်ချက်လှမ်းကြည့်လိုက်လေ၏။
ခန်းမထဲမှ ထွက်သွားပြီးသည့်နောက်တွင် ယွမ်ဖေးသည် ပိုင်လုအား တိုးတိုးလေးပြောလိုက်လေသည်။ “ခေါင်းဆောင်ပြောလိုက်တာကို နင် နားလည်လား…”
ပိုင်လုက ခေါင်းခါ၍ ယွမ်ဖေးအား ကြည့်ရင်း ပြန်မေးလိုက်လေသည်။ “နားမလည်ဘူး… နင်ရော…”
ယွမ်ဖေးက မျက်မှောင်ကြီးကျုံ့လျက် ရေရွတ်လိုက်လေ၏။ “နင်တောင် နားမလည်တာ ငါက ဘယ်လိုလုပ်ပြီးနားလည်မှာလဲ… ဒါပေမဲ့ ငါမှတ်မိသလောက်ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ရှစ်ရာလောက်တုန်းက ဒီကို လူသားတစ်ယောက် ရောက်လာသေးတယ်… ငါတို့ခေါင်းဆောင် အဲ့လူနဲ့ စကားအကြာကြီး ပြောခဲ့တာ သုံးရက်သုံးညတိုင်တိုင်ပဲ… ပြီးတော့မှပဲ အဲ့လူပြန်ထွက်သွားတာ…”
“ငါလည်း မှတ်မိတယ် အဲ့အကြောင်းကို… အဲ့လူက ခေါင်းဆောင်လိုပဲ အရမ်းအားကောင်းတယ်…” ပိုင်လုက ခေါင်းညိတ်လိုက်လေသည်။
“ဒါနဲ့ ဝိဉာဉ်အမျိုးအစား မှော်ရတနာဆိုတာ ဘာကို ပြောတာလဲ… အဲ့ကောင်လေးမှာလည်း အဲ့လိုဟာမျိုးတစ်ခု ရှိနေတယ်လို့ ခေါင်းဆောင်က ဘာလို့ပြောတာလဲ…”
“နင်ဘာတွေ စိတ်ပူနေတာလဲ… ငါတို့ သိသင့်တဲ့ဟာဆို ခေါင်းဆောင်က ပြောပြမှာပေါ့…” ပိုင်လုသည် ယွမ်ဖေးအား စိုက်ကြည့်လိုက်လေသည်။
“ဟုတ်တယ်နော်…” ယွမ်ဖေးခေါင်းညိတ်လိုက်လေ၏။
“ယား ယား ယား…” ပိုင်လုလက်ကို ဆွဲ၍ လိုက်လာသော ကောင်လေးသည် ထိုအချိန်တွင် ကြားဖြတ်ဝင်ပြောလိုက်လေ၏။
ထိုစကားကိုကြားသော် ပိုင်လု အံ့အားသင့်သွားခဲ့ပြီးနောက် “သခင်လေး ပြောချင်တာက အဲ့ရန်ကိုင်ဆိုတဲ့ ကောင်လေးက အရင်တိုက်ပွဲမှာ ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုကို သုံးခဲ့တယ်လို့လား…”
“ယား ယား ယား…” ကောင်လေးသည် သူ့ခေါင်းကို အားတက်သရော ညိတ်ပြလိုက်လေသည်။
“အဲ့ဒါ ဘာနဲ့တူလဲ… ပြောပြပါလား သခင်လေး…” ယွမ်ဖေး ချက်ချင်း စိတ်လှုပ်ရှားလာခဲ့ပြီး သခင်လေးအား အားတက်သရောဖြင့် ကြည့်လိုက်လေသည်။
သို့သော်လည်း ကောင်လေးသည် ယွမ်ဖေးအား တစ်ချက်သာ ကြည့်လိုက်ပြီး အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ယွမ်ဖေး၏ မေးခွန်းအား ပြန်မဖြေချင်သည့်အလား ယွမ်ဖေးဆီမှ သူ့အကြည့်ကို လွှဲဖယ်လိုက်လေသည်။

အပိုင်း (၂၂၂၈)
ရီချွမ်းသည် ရန်ကိုင်အား ထိုင်ခုံတစ်ခုံ ယူထိုင်ရန် ပြောလိုက်လေသည်။
ရီချွမ်းက အလွန်ကိုမှ အားတက်သရော ဖြစ်နေသဖြင့် ရန်ကိုင်လည်း ကိန်းကြီးခန်းကြီး လုပ်မနေတော့ချေ။ သူတို့ကြားရှိ ကျင့်ကြံခြင်း ကွာဟချက်မှာ အလွန်ကိုမှ ကြီးမားသော်ငြား ရီချွမ်းကပင်လျှင် ဂရုမစိုက်နေလေရာ ရန်ကိုင်ကလည်း ဂရုစိုက်နေတော့လိမ့်မည် မဟုတ်ပေ။
ရီချွမ်းသည် ပဉ္စလက်ဆန်ဆန် ဝိုင်အိုးတစ်အိုးနှင့် ခွက်နှစ်ခွက်ကို ထုတ်ယူပြီး ရန်ကိုင့်အတွက် တစ်ခွက် သူ့အတွက် တစ်ခွက် ငှဲ့လိုက်၏။
“ဒါက စီနီယာပြောတဲ့ မျောက်နတ်ဘုရားဝိုင်လား…” ရန်ကိုင့်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး ဝိုင်၏ သင်းရနံ့အား ရှူရှိုက်ကြည့်လိုက်လေသည်။ ဤဝိုင်သည် ကျင့်ကြံသူတစ်ဦး၏ ဝိဉာဉ်အား ကြီးကြီးမားမား အကူအညီ ပေးနိုင်သည့် ပုံပင်။
“ဟုတ်တယ်…” ရီချွမ်းသည် သူ့ရှေ့ရှိ ခွက်အား ကောက်ယူ၍ တစ်ငုံသောက်လိုက်ပြီးသည့်နောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်လေသည်။ “ငါတို့ဘက်မှာ ထုတ်တဲ့ ပစ္စည်းတွေက မင်းတို့ဘက်က ပစ္စည်းတွေနဲ့ မတူဘူး… ဒါပေမဲ့ ပစ္စည်းနှစ်ခုစလုံး မှာတော့ ကိုယ့်အားသာချက်နဲ့ကိုယ် ရှိကြတာပေါ့… ဒီကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲက စိတ်ဝိဉာဉ်မျောက်တွေက ဒီမျောက်နတ်ဘုရားဝိုင်ကို ဖောက်ဖို့ အချိန်အကြာကြီး ယူရတယ်… ဒီဝိုင်က ငါတို့တွေရဲ့ ဝိဉာဉ်အတွက် နည်းနည်း အကျိုးရှိတယ်…”
“စီနီယာ… ဒီတစ်ခွက်ကို နည်းနည်းလောက် ထပ်ဖြည့်ပေးလို့ ရမလား…” ရန်ကိုင်သည် သူ့ရှေ့ရှိ ခွက်ကို ညွှန်ပြရင်း ရီချွမ်အား တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်လေသည်။
ရီချွမ်းသည် သူ့အား ခွက်အပြည့် ဖြည့်မပေးဘဲ ခွက်တစ်ဝက်သာ ဖြည့်ပေးလေ၏။
“ဟား ဟား ဟား…” ရန်ကိုင့်၏ ပုံစံကို မြင်သော် ရီချွမ်းက ရယ်မော၍ ပြောလိုက်လေသည်။ “အဲ့ခွက်တစ်ဝက်ကို ကုန်အောင်သောက်ပြီးမှပြော… မင်းသာ ကုန်အောင် သောက်နိုင်မယ်ဆိုရင် ငါ ကပ်စေးနည်းနေမှာ မဟုတ်ဘူး…”
ထိုစကားကို ကြားသော် ဤမျောက်နတ်ဘုရားဝိုင်သည် သာမန်ကျင့်ကြံသူများ တောင့်မခံနိုင်လောက်အောင် အာနိသင် ပြင်းလှသည့် ဝိုင်တစ်ခွက်မှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်လေသည်။
ရီချွမ်း၏ အမြင်အရ တာအိုသခင် တတိယအဆင့်သာ ရှိသေးသော ရန်ကိုင်ကဲ့သို့သော လူမျိုးသည် ခွက်တစ်ဝက်လောက်ကိုသာ သောက်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်လည်း မည်သည့်စကားမျှ ပြောမနေတော့ဘဲ သူ့ရှေ့ရှိ ခွက်ကို ကောက်ယူ၍ ဖြည်းဖြည်းချင်း မော့ချလိုက်လေသည်။
မျောက်နတ်ဘုရားဝိုင်သည် နှင်းစက်တမျှ ချိုမြလှ၏။ သို့သော်ငြား လည်ချောင်းထဲသို့ စီးဝင်သွားသည့်အခါ ရေခဲရေကို သောက်လိုက်ရသည့်အလား အေးစက်စက် ခံစားချက်တစ်ခုသည် လည်ချောင်းမှတစ်ဆင့် ခေါင်းထိတိုင်အောင် ဆောင့်တက်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့၏။
သူ့ဝမ်းဗိုက်ဆီသို့ ရောက်သည့်အခါ ဝိုင်မှာ ယခင်ကကဲ့သို့ အေးမနေတော့ဘဲ ပူနွေးနွေး ဖြစ်သွားခဲ့၏။ ထို့အတွက်ကြောင့် သူ့ခြေလက် အရိုးများမှာလည်း နွေးနွေးထွေးထွေး ဖြစ်လာရလေသည်။
ထိုဝိုင်အား သူ့ခန္ဓာကိုယ်တစ်ဝိုက် လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက်တွင် ဝိုင်၏ အာနိသင်မှာ ပိုမို၍ အားကောင်းလာခဲ့လေသည်။ နောက်ဆုံး သောက်ပြီးသည့်နောက် ရန်ကိုင် ဂျို့တစ်ချက် ထိုးလိုက်လေ၏။
အစောပိုင်းက ပန်ချင်းနှင့်တိုက်ပွဲကြောင့် ရခဲ့သော ဒဏ်ရာများမှာ သိသာသည့် နှုန်းဖြင့် ပြန်လည်ကောင်းမွန်နေကြောင်းကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။
ထို့အတွက်ကြောင့် ရန်ကိုင် စိတ်အားတက်သွားခဲ့ပြီး ခွက်ထဲရှိ ကျန်နေသော ဝိုင်အားလုံးကို တစ်ကျိုက်တည်း မော့ချလိုက်လေသည်။
“ဖြည်းဖြည်းသောက်ပါဟ…” ထိုအချင်းအရာကိုမြင်သော် ရီချွမ်းက အလျင်အမြန် လှမ်းတားလိုက်လေသည်။
သို့သော်ငြား သူပြောလို့ မပြီးသေးခင်မှာပင် ရန်ကိုင်သည် တစ်ခွက်လုံးကို မော့ချ ပြီးနေခဲ့လေပြီ။ ထို့နောက်တွင် ဘာမှ မပြောနေတော့ဘဲ မျက်လုံးပိတ်၍သာ ထိုင်နေလိုက်လေသည်။
“အာ…” ရီချွမ်းက သက်ပြင်းချ၍ သူ့ကိုယ်သူ ပြောလိုက်လေ၏။ “အပြင်လောကကြီးအကြောင်းကို ငါမင်းနဲ့ နည်းနည်းပါးပါး ထပ်ပြောချင်သေးတာ… ကြည့်ရတာ ရက်နည်းနည်း စောင့်ရတော့မယ်နဲ့တူတယ်…”
ရန်ကိုင့်၏ ကျင့်ကြံခြင်းဖြင့် ဤမျောက်နတ်ဘုရားဝိုင် ခွက်တစ်ဝက်လောက်ကို သောက်ပြီးသည့်နောက် ရက်အတော်ကြာအောင် သတိမေ့နေတော့လိမ့်မည်ဟု ထင်ခဲ့သည်။ ထို့အတွက်ကြောင့် ခါးသက်စွာ ရယ်မောမိလိုက်လေသည်။
မျောက်နတ်ဘုရားဝိုင်ကို ထုတ်လိုက်ရခြင်းမှာ ရန်ကိုင် ဒဏ်ရာရထားသည်ကို မြင်သည့်အတွက်ကြောင့် ပြန်ကောင်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် ဖြစ်လေသည်။
သို့သော်ငြား အပြင်လောကကြီးအကြောင်းကိုလည်း ရန်ကိုင်နှင့် စကားစမြည် ပြောချင်ပေသေးသည်။
“စီနီယာ ဘာအကြောင်းပြောချင်တာလဲ…” ရန်ကိုင်သည် ရုတ်တရက် မျက်လုံးဖွင့်လာပြီးသည့်နောက် မေးလိုက်လေ၏။
“ဟမ်…” ရီချွမ်း ကြောင်သွားခဲ့ပြီး ရန်ကိုင့်အား ထူးဆန်းစွာ ကြည့်ရင်း မယုံသင်္ကာဖြင့် မေးလိုက်လေသည်။ “မင်းမမူးဘူးလား…”
“ဘယ်ကသာ မူးရမှာလဲ စီနီယာရဲ့…” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ ထို့နောက် အနည်းငယ်မျှပင် ယဉ်ကျေးမနေပဲ သူ့ရှေ့ရှိဝိုင်အိုးကို ယူ၍ သူ့ခွက်ထဲသို့ လောင်းထည့်လိုက်ပြီးသည့်နောက် နောက်တစ်ကျိုက်မော့သောက်လိုက်ရင်း ချီးကျူးလိုက်လေ၏။ “တကယ်ကို ကောင်းတဲ့ဝိုင်ပဲ…”
တစ်ခွက်နှင့် တစ်ဝက် သောက်ပြီးသည့်နောက် ရန်ကိုင့်၏ ဒဏ်ရာများမှာ အလုံးစုံ ပြန်ကောင်းသွားခဲ့လေပြီ။ ထိုမျှသာလျှင် မဟုတ်သေးဘဲ သူ့ဝိဉာဉ်မှာလည်း ယခင်ကထက်ကို ပိုမိုအားကောင်းလာခဲ့လေ၏။
ပိုလျှံနေသည့် မျောက်နတ်ဘုရားဝိုင်၏ စွမ်းအင်များမှာမူ ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းထဲသို့ စီးဆင်းသွားကုန်ကြလေသည်။ ဝိဉာဉ်ကျောက်စိမ်းအား စုပ်ယူလိုက်စဉ်ကကဲ့သို့ပင် ဝိဉာဉ်ကြာပန်းသည် ပိုလျှံနေသော မျောက်နတ်ဘုရားဝိုင်ထဲရှိ စွမ်းအင်များကို စုပ်ယူပြီးသည့်နောက် ရန်ကိုင့်၏ နာမ်ဝိဉာဉ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်လည် ထည့်သွင်းပေးနေ၏။
“ဒါက…” ရီချွမ်းသည် သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း လုံးဝကို မင်သက်နေတော့လေသည်။
သူ့အဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် ဤလောကကြီးတွင် သူ့အား အံ့အားသင့်အောင် လုပ်နိုင်သည့် အရာဆို၍ အနည်းငယ်သာ ရှိတော့သည်။ ထိုအနည်းငယ်များထဲတွင် ရန်ကိုင်၏ လက်ရှိအပြုအမူလည်း ပါပေသည်။ ဤကဲ့သို့ သောက်ပြီးသည့်တိုင် ရန်ကိုင် ဘာကြောင့် မမူးသေးသလဲ ဆိုသည်ကို ရီချွမ်း နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
တကယ်တော့ ဤနေရာသို့ ပထမဦးဆုံး ရောက်လာခဲ့သော ဝမ်ကျိရှန်းပင်လျှင် ထိုကဲ့သို့ မသောက်ရဲခဲ့ပေ။ သို့သော်ငြား ရန်ကိုင်ကမူ ဤကဲ့သို့ သောက်ပြီးသည့်တိုင် ဘာမှ ဖြစ်မသွားခဲ့။
“ကြည့်ရတာ မင်းက တကယ်ကို အခြားသူတွေနဲ့ မတူတာပဲ…” ရီချွမ်းက ပြုံးလျက် ပြောလိုက်လေ၏။ “အပြင်လောကက လူတွေ အကုန်လုံးကတော့ မင်းလိုမျိုး မဟုတ်ဘူးမလား…”
“ဘယ်ဟုတ်ပမလဲ…” ရန်ကိုင်က ရယ်မော၍ “ဂျူနီယာက…” ရန်ကိုင်သည် ခဏမျှ စဉ်းစားလိုက်ပြီးသည့်နောက် မည်သို့ ပြောလို့ ပြောရမှန်းမသိသဖြင့် မဲ့ပြုံးပြုံး၍သာ ပြောလိုက်လေသည်။
“ဂျူနီယာမှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်လေ…”
ရီချွမ်းသည် ခေါင်းညိတ်လိုက်ပြီး မည်သည့်မေးခွန်းမှ ဆက်မမေးတော့ချေ။ ခဏမျှ ရပ်နေပြီးသည့်နောက် နောက်တစ်ခု ပြောတော့မည်အပြု ရန်ကိုင် ဝိုင်ကရားအား လှမ်းကိုင်လိုက်သည်ကို တွေ့လိုက်ရလေသည်။
“ဒီလက်ဆောင်အတွက် စီနီယာကို ဂျူနီယာ တကယ် ကျေးဇူးတင်ပါတယ်…” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဝိုင်အိုးကိုကိုင်၍ တစ်ကျိုက်ပြီးတစ်ကျိုက် မော့သောက်တော့လေ၏။
ဝိုင်အိုးတစ်အိုးလုံးကိုကိုင်ကာ အားပါးတရ မော့သောက်နေသော ရန်ကိုင်ကိုကြည့်ရင်း ရီချွမ်း၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။
အချိန်တခဏလေးအတွင်း ရန်ကိုင်သည် ဝိုင်တစ်အိုးလုံးအား ပြောင်စင်အောင် သောက်ပစ်လိုက်လေသည်။ အားပါးတရဖြင့် သူ့နှုတ်ခမ်းကို လက်ဖြင့် သပ်လိုက်ပြီးသည့်နောက် ရီချွမ်းအား ကြည့်ရင်း ထပ်မေးလိုက်လေသည်။ “နောက်ထပ်တစ်အိုးလောက် ရဦးမလား စီနီယာ…”
“မင်း ထပ်လိုချင်နေသေးတာလား…” ရီချွမ်းသည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်၍ “ဒီမျောက်နတ်ဘုရားဝိုင်ကို မင်း ဘာမှတ်နေတာလဲ ကောင်လေး… ဒီဝိုင်တစ်အိုး တစ်အိုး ဖြစ်ဖို့ကို နှစ်တစ်ရာလောက် အချိန်ယူရတာကွ… မင်း အခုသောက်လိုက်တာက နှစ်အနည်းငယ်လေးနဲ့ ဖြစ်လာတာ မဟုတ်ဘူး… မျောက်နတ်ဘုရားဝိုင်က စိတ်ဝိဉာဉ်မျောက်ကလန်ရဲ့ နှစ်တစ်ရာ ကြိုးစားအားထုတ်မှုကွ…”
အလွန်ကိုမှ စိတ်စေတနာကောင်းလှသော ရီချွမ်းပင်လျှင် ရန်ကိုင်၏ စကားပြောပုံကိုကြည့်ပြီး ဒေါသထွက်လာခဲ့လေသည်။ ဤကဲ့သို့ ဖြစ်မည်မှန်းသာ သိခဲ့လျှင် ရန်ကိုင့်အား မျောက်နတ်ဘုရားဝိုင်နှင့် မဧည့်ခံခဲ့ပေ။ မျောက်နတ်ဘုရားဝိုင်အား ထုတ်လာမိခဲ့သည်ကိုပင် ရီချွမ်း နောင်တရနေခဲ့လေပြီ။
“အဟမ်း…” ရန်ကိုင်သည် အသာအယာ ချောင်းဟန့်လိုက်လေ၏။ ထို့နောက် ပြောလိုက်လေ၏။ “စီနီယာက လူကြီးလူကောင်းတစ်ယောက်ပဲ… ဒီလောက်ကလေးကို ကပ်စေးနည်းမနေစမ်းပါနဲ့ စီနီယာရယ်…”
“ကပ်စေးနည်းတယ်…” ရန်ကိုင့်စကားကို ကြားပြီးသည့်နောက်တွင် ရီချွမ်း ဆွံ့အသွားခဲ့လေ၏။ ခဏမျှ စဉ်းစားနေပြီးသည့်နောက် ညစ်ကျယ်ကျယ်ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ကောင်းပြီလေ… မင်းသာ ငါ့ကို အပြင်လောကကြီးအကြောင်း ထပ်ပြောပြနိုင်မယ် ဆိုလို့ရှိရင် ငါမင်းကို နောက်ထပ် တစ်အိုးပေးမယ်… ဘယ်လိုလဲ…”
“တကယ်လား… စီနီယာတကယ်ပြောတာနော်…” ရန်ကိုင်က ပြန်မေးလိုက်လေသည်။ “ဒါဆို စီနီယာ ဘာအကြောင်းတွေ ကြားချင်တာလဲ…”
“ဘာပဲဖြစ်ဖြစ်…” ရီချွမ်းက ပြန်ပြောလိုက်၏။
ဝမ်ကျိရှန်းရောက်လာတုန်းကတော့ ငါ့ကို အပြင်လောကကြီးအကြောင်း နည်းနည်းပါးပါး ပြောပြသွားတယ်… ဒါပေမဲ့ ဒီကောင်က စကားတစ်ခွန်းနှစ်ခွန်းလေး ပြောပြီးတာနဲ့ မှောက်နေတော့ ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး…”
“အဲ့ဒါဆို ကျောင်းသခင်ဝမ်နဲ့ စကြတာပေါ့…” ရန်ကိုင်က ပြုံးလျက် အသာအယာ ချောင်းဟန့်ပြီးသည့်နောက် စပြောလိုက်လေသည်။
ကြယ်တာရာအစုအဝေးသည် အလွန်ကိုမှ ကျယ်ပြောပေသည်။ ထို့အပြင် ဤနေရာသို့ ရန်ကိုင် ရောက်သည်မှာ မကြာသေးသည့်အတွက်ကြောင့် ဤလောကကြီးအကြောင်းကို သိပ်မသိသေးချေ။ ရှင်းရှင်းပြောရလျှင် မဟာဧကရာဇ်ဆယ်ပါး၏ နာမည်ကိုပင်လျှင် ရန်ကိုင်မသိချေ။
သို့တိုင် သူသိထားသည့် အကြောင်းအရာများမှာတော့ ရီချွမ်း မသိသေးသည့် အကြောင်းအရာများသာ ဖြစ်ကြလေသည်။ အပြင်လောကကြီးအကြောင်းကို မသိသည့်အတွက်ကြောင့် ရီချွမ်းသည် ရန်ကိုင်ပြောပြသည်ကို စိတ်ဝင်တစားဖြင့် နားစိုက်ထောင်နေခဲ့သည်။
နေမင်းပြာကျောင်းတော်၊ ကောင်းကင်တိုက်ပွဲဒိုဂျို၊ ရှေးဟောင်းကျောင်းတော်၊ ကြယ်ဝိဉာဉ်နန်းတော်နှင့် တောင်ဘက်နယ်မြေကြီး တစ်ခုလုံးအကြောင်း သူသိထားသမျှ ရန်ကိုင် ပြောပြခဲ့ပေသည်။
လူများအကြောင်း၊ နေရာများအကြောင်း၊ အမျိုးမျိုးသော ဇာတ်လမ်းများအကြောင်း၊ ကျင့်ကြံသူများ အတွေ့အကြုံရှာထွက်သည့် သီးခြားလောကများအကြောင်း၊ တစ်ဆင့်စကား တစ်ဆင့်ဖြင့် အမျိုးမျိုးလက်ဆင့်ကမ်းလာကြသော ရှေးဟောင်းဒဏ္ဍာရီများအကြောင်း ရန်ကိုင်သည် သူ့စိတ်ထဲ ပေါ်လာသည့် ရောက်တက်ရာရာ အကြောင်းများကို အကုန်ပြောပြလိုက်လေသည်။
ရီချွမ်းသည်လည်း ရန်ကိုင်ပြောပြနေသည်ကို တစ်ချက်ကလေးမှ ဝင်မရှုပ်ပဲ သေသေချာချာ နားစိုက်ထောင်နေခဲ့လေ၏။
ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားကြခြင်း၏ အံ့အားသင့်ဖွယ်အချက်များ၊ အမျိုးမျိုးသော ကျင့်စဉ်နှင့် မှော်ရတနာများ၏ နက်နဲဆန်းကြယ်မှုများ။ ဤအရာအားလုံးသည် ဤလောကကြီးတွင် မရှိသော အရာများ ဖြစ်ကြပေသည်။
ထိုသို့ဖြင့် ရန်ကိုင်နှင့် ရီချွမ်းကြားရှိ စကားဝိုင်းမှာ တစ်ရက်နှင့် တစ်ညတိုင်တိုင် ကြာသွားခဲ့လေသည်။ တောက်လျှောက်ကြီး စကားပြောလာရသည့်အတွက်ကြောင့် ရန်ကိုင်လည်း အာခေါင်ခြောက်လာခဲ့ရာ ရီချွမ်းဆီမှ မျောက်နတ်ဘုရားဝိုင် နောက်ထပ်တစ်အိုး ထပ်တောင်းတော့လေသည်။
ရန်ကိုင်ပြောပြသည့် အကြောင်းအရာအားလုံးသည် သူ့အား အလွန်ကိုမှ စိတ်ဝင်စားစေခဲ့လေ၏။ အပြင်လောကကြီးနှင့် ယှဉ်လိုက်သော် ကောင်းကင်တက်လှမ်းခြင်း လောကကြီးမှာ အလွန်ကိုမှ သေးငယ်ပေသည်။
ထို့အပြင် ရီချွမ်းသည် အဆင့်ဆယ့်နှစ် အထွဋ်အထိပ်သို့ ရောက်နေခဲ့လေပြီ။ သူ့အထက်တွင် မဟာဧကရာဇ်သာ ရှိပေတော့မည်။ မဟာဧကရာဇ်အဆင့်သည် ကြိုးစားအားထုတ်ရုံဖြင့် ရောက်နိုင်သည့် အဆင့်မျိုး မဟုတ်။ ကံကောင်းဖို့လည်း လိုပေသေးသည်။
မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိရန်အတွက် ကိုယ်မြင်ခဲ့သမျှ ကြုံခဲ့ရသမျှ အရာအားလုံးသည် အခွင့်အလမ်းတစ်ရပ် ဖြစ်လာနိုင်ပေသည်။
ရီချွမ်းလိုအပ်နေသည့် အခွင့်အလမ်းများသည် ဤလောကကြီးတွင် ရှိမနေခဲ့ပေ။ သို့သော်ငြား အပြင်လောကကြီးတွင်တော့ ရှိကောင်း ရှိနေနိုင်၏။ ထို့အတွက်ကြောင့် အပြင်လောကကြီးသို့ အလွန်သွားချင်မိပေသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူတစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဖူးသော လောကကြီး၌ မဟာဧကရာဇ်အဆင့်သို့ လျှောက်လှမ်းနိုင်မည့် လမ်းစည်အား သူ့အနေဖြင့် ရှာတွေ့ကောင်း ရှာတွေ့နိုင်လောက်ပေသည်။
ကံမကောင်းစွာဖြင့် သူ့တွင် ဝိဉာဉ်သာ ရှိပြီး ရုပ်ခန္ဓာ ရှိမနေခဲ့ပေ။ ထို့အတွက်ကြောင့် အပြင်လောကကြီးသို့ ရောက်သွားမည်ဆိုလျှင်ပင် အချိန်ကြာကြာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်။
ဤနေရာမှ ထွက်သွားလိုက်သည်နှင့် တစ်ပြိုင်နက် အပြင်လောကကြီးမှ နိယာမများ၏ ငြင်းဆန်ခြင်းကို ခံရကာ အလျင်အမြန် သေသွားရပေလိမ့်မည်။
“ငါ့ဝိဉာဉ်နဲ့ လုံးဝအပြည့်အဝ ပေါင်းစပ်နိုင်တဲ့ ခန္ဓာကိုယ်တစ်ခုကိုသာ ဖန်တီးနိုင်မယ် ဆိုလို့ရှိရင် ဒီလောကကြီးကနေ ထွက်သွားနိုင်တယ်လို့ ဝမ်ကျိရှန်း ငါ့ကို တစ်ခါပြောဖူးတယ်… မင်းရော အဲ့အကြောင်း ဘယ်လောက်သိထားလဲ…” ရီချွမ်းသည် ရန်ကိုင့်အား ရုတ်တရက် ကောက်မေးလိုက်လေသည်။
“ခန္ဓာဖြစ်တည်ဆေးလား…” ရန်ကိုင် မျက်ခုံးပင့်သွားပြီး ပြန်ပြောလိုက်လေ၏။
“ဘာခန္ဓာဖြစ်တည်ဆေးလဲ…” ရီချွမ်း၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့၏။
“အမ်း…” ရန်ကိုင်သည် ခဏမျှ စဉ်းစားနေပြီးသည့်နောက် ဆက်ပြောလိုက်လေသည်။ “ဆေးလုံးတစ်မျိုးပဲ ဒါပေမဲ့ အခုတော့ မရှိတော့ဘူး…”
“မင်းပြောတဲ့ ဆေးလုံးတွေဆိုတာ ဘာလဲ…” ရီချွမ်း လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
“ဒီလိုဗျာ… အပြင်လောကကြီးမှာ ဆေးပညာရှင်တွေဆိုတဲ့ လူတွေ ရှိကြတယ်… သူတို့တွေက အချို့ပစ္စည်းတွေကို သုံးပြီးတော့ ဆေးပင်တွေ အမျိုးမျိုးကို ပေါင်းစပ်ပစ်လိုက်တယ်… ပေါင်းစပ်ပြီးတာနဲ့ ဆေးပင်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပြီး သူတို့ရဲ့ အဆီအနှစ်တွေကို ဆေးလုံးဖြစ်အောင် သိပ်သည်းပေးလိုက်တယ်… ဖြစ်လာတဲ့ အလုံးတွေကို ဆေးလုံးတွေလို့ ခေါ်တာပဲ… ဆေးလုံးတွေထဲမှာပါတဲ့ အာနိသင်တွေက ဒီတိုင်းပဲ ဆေးပင်တွေကို အစိမ်းစားလိုက်တဲ့ အာနိသင်ထက် အများကြီး ပိုအားကောင်းတယ်…”
“ဒါဆို မင်းပြောတဲ့ ခန္ဓာဖြစ်တည်ဆေးက ဆေးလုံးတစ်မျိုးပေါ့…” ရီချွမ်းက ပြန်မေးလိုက်သည်။
“ဟုတ်တယ်… ပြောကြတာကတော့ စီနီယာသာ အဲ့လိုဆေးလုံးမျိုးကို စားလိုက်လို့ရှိရင် ခန္ဓာကိုယ်တစ်ခုကို ဖန်တီးနိုင်မယ်တဲ့…”
“ပြောကြတာကတော့…” ရီချွမ်း မျက်ခုံးပင့်သွားခဲ့လေသည်။
ရန်ကိုင်က ရယ်မောလျက် “အဲ့ဆေးလုံးက ကောလဟာလတွေပဲ ကျန်ရစ်တော့တာလေ ဘယ်သူမှမှ တစ်ခါမှ မဖော်စပ်ဖူးတာ…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၂၉)
“ဘာလို့ အဲ့လို ဖြစ်ရတာလဲ…” ရီချွမ်း ရုတ်တရက် ဒေါသထွက်လာခဲ့သည်။ “ဆေးပညာရှင်တွေက အဲ့လောက်တောင် အသုံးမကျ ကြတာလား…”
ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ပြောလိုက်လေသည်။ “အိမ်ရှင်မတစ်ဦး ဘယ်လောက်ပဲတော်နေတော်နေ ဆန်မပါပဲနဲ့ ထမင်းချက်လို့ မရဘူးလေ… အဲ့လိုပဲ ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်ချင်တယ် ဆိုလို့ရှိရင် ခန္ဓာဖြစ်တည်အသီးကို ရထားဖို့လိုတယ်… ဒါပေမဲ့ အဲ့အသီးက မျိုးတုန်း ပျောက်ကွယ်သွားတာ ကြာနေပြီ… အဲ့အသီးမရှိမှတော့ ဆေးပညာရှင်တွေကလည်း ခန္ဓာဖြစ်တည်ဆေးလုံးကို ဘယ်လိုလုပ်ပြီး ဖော်စပ်နိုင်တော့မှာလဲ…”
“ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်ရတာလဲ…” ရီချွမ်းကမူ မယုံကြည်နိုင်ဟန်ဖြင့် “အပြင်လောကကြီးက ကျယ်လဲကျယ်တယ် အရင်းအမြစ်တွေလည်း အများကြီးပဲ မဟုတ်ဘူးလား…”
ရန်ကိုင်က ရယ်မောလျက် “အဲ့လို ဟုတ်တယ်ဆိုပေမဲ့ အချို့အရာတွေက ကံတရားပေါ် မူတည်တယ်လေ…”
ရီချွမ်း ရုတ်တရက် စိတ်ပျက်သွားခဲ့လေသည်။ သို့သော်ငြား ခဏအကြာတွင် တစ်ခုခုအား တွေးမိသွားသည့်အလား စိတ်အားတက်ကြွစွာဖြင့် ရန်ကိုင့်ကို ကြည့်၍ ပြောလိုက်လေသည်။ “ခန္ဓာဖြစ်တည်ဆေးလုံးအကြောင်းကို ဒီလောက်တောင် သိထားတယ်ဆိုတော့ မင်းက ဆေးပညာရှင်တစ်ယောက်လား…”
“ဆိုပါတော့…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
ရီချွမ်း မည်သည့်အရာအား ပြောချင်နေသလဲ ဆိုသည်ကို နားလည်သည့်အလား ရီချွမ်းမေးစရာမလိုပဲနှင့် ဆက်၍ ပြောပြလိုက်လေသည်။ “ဒါပေမဲ့ စီနီယာသိထားဖို့က ဆေးပညာရှင်တွေမှာလည်း ကျင့်ကြံသူတွေလို အဆင့်တွေရှိတယ်ဆိုတာပဲ… တာအိုသခင်အဆင့် ဆေးလုံးဖော်စပ်ချင်တယ်ဆိုလို့ရှိရင် တာအိုသခင်အဆင့် ဆေးပညာရှင်ကိုလိုတယ်… အဲ့လိုပဲ ဧကရာဇ်အဆင့် ဆေးလုံးကို ဖော်စပ်ချင်တယ် ဆိုလို့ရှိရင် ဧကရာဇ်အဆင့် ဆေးပညာရှင်ကို လိုတယ်… ဒါပေမဲ့ ဧကရာဇ်အဆင့်ဆေးပညာရှင်တွေက တာအိုသခင်အဆင့်ရော ဧကရာဇ်အဆင့် ဆေးလုံးတွေကိုပါ ဖော်စပ်နိုင်ကြတယ်… ခန္ဓာဖြစ်တည်ဆေးလုံးက ဧကရာဇ်အဆင့်ပဲ… ဒါပေမဲ့ အခု ဂျူနီယာက တာအိုသခင်အဆင့် ဆေးပညာရှင်ပဲ ရှိသေးတာ…”
“အဲ့လိုကိုး…” ရီချွမ်းက လေသံကို မြှင့်လျက် “မင်းက အသက်ငယ်ငယ်လေးပဲ ရှိသေးပေမဲ့ ဒီလောက်အားကောင်းတဲ့ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားနိုင်နေပြီ… ဒီတော့ မင်းရဲ့ပါရမီနဲ့ နောက်ပိုင်း ဧကရာဇ်အဆင့်ကို မရောက်နိုင်စရာ အကြောင်းမရှိဘူး… ဒီလိုလုပ်လေ… မင်းဧကရာဇ်အဆင့် ရောက်လာမှပဲ အဲ့ခန္ဓာဖြစ်တည်ဆေးလုံးကို ငါ့အတွက် ဖော်စပ်ပေးပေါ့…”
ရန်ကိုင်က ခါးသက်စွာရယ်မောလျက် ပြန်ပြောလိုက်လေ၏။ “ဖော်စပ်နိုင်တယ်ဆိုလို့ရှိရင်တောင် ဆေးအမယ်တွေ လိုသေးတယ်လေ…”
“အဲ့ဒါဆို သွားရှာလိုက်ပေါ့…” ရီချွမ်းက ပြန်ပြောလိုက်လေသည်။ “ငါ့အတွက် စောင့်ရတာ ကိစ္စမရှိဘူး… မင်းခန္ဓာဖြစ်တည်အသီးကို ရှာလို့တွေ့မှ ခန္ဓာဖြစ်တည်ဆေးလုံးကို ဖော်စပ်လိုက်ပေါ့… ငါစောင့်နိုင်တယ်… မင်းသဘောတူဖို့ပဲလိုတာ…”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်မျက်နှာ လေးနက်တည်ကြည်သွားခဲ့လေသည်။ ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် ပြန်၍ပြောလိုက်လေ၏။ “စီနီယာက ဒီလောက် စိတ်အားထက်သန်နေမှတော့လည်း ဂျူနီယာကလည်း သဘောတူရတာပေါ့… ဒါပေမဲ့ စီနီယာ တော်တော်ကြာအောင် စောင့်ရမှာနော်… လုံးဝ ဖြစ်မလာတာမျိုးတောင် ဖြစ်သွားနိုင်တယ်…”
“ကိစ္စမရှိဘူး…” ရီချွမ်းက သူ့လက်ကို ဝှေ့ယမ်း၍ “မင်းဘက်က ဖော်စပ်ပေးချင်တဲ့ စိတ်ရှိနေသရွေ့ အဆင်ပြေတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် မျှော်လင့်ချက် အလင်းရောင်တစ်ခုကို မြင်တွေ့လိုက်ရသည့်အလား သူ့မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေ၏။
ထို့နောက် ပြောလိုက်လေသည်။ “ကောင်းပြီလေ… ငါပြောထားတဲ့အတိုင်း မင်းကို နောက်ထပ် မျောက်နတ်ဘုရားဝိုင်တစ်အိုး ထပ်ပေးရတာပေါ့…” ပြောပြီးသည့်နောက်တွင် ရန်ကိုင့်ရှေ့၌ မျောက်နတ်ဘုရားဝိုင်တစ်အိုး ချပေးလိုက်လေသည်။
မျောက်နတ်ဘုရားဝိုင်ကို မြင်သော် ရန်ကိုင် ပြုံးဖြီးလိုက်ပြီး တစ်ထိုင်တည်း မော့ချတော့လေသည်။ မျောက်နတ်ဘုရားဝိုင်အိုးများကို တစ်အိုးပြီးတစ်အိုး မော့သောက်နေသည့်အတွက်ကြောင့် ရန်ကိုင့်တွင် ဝိုင်၏ အာနိသင်ကို ချေဖျက်ပေးမည့် ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်း ရှိနေသည့်တိုင် သူ့အနေဖြင့် စတင်၍ မူးလာခဲ့လေသည်။
ရန်ကိုင်မူးလာသည်ကို မြင်သော် ရန်ကိုင် ပြန်အနားယူနိုင်ရန်အတွက် ရီချွမ်းသည် တစ်ယောက်ယောက်ကို ခေါ်တော့မည်အပြု သူ့အမူအယာသည် ရုတ်ချည်း အေးစက်သွားခဲ့ပြီး တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
ရီချွမ်း၏ အမူအယာ ပြောင်းလဲသွားသည်ကို မြင်သော် ရန်ကိုင်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့လေ၏။
ရီချွမ်းသည် မလှုပ်ရှားသေးဘဲ ထိုင်နေ၍သာ စောင့်ကြည့်နေခဲ့သည်။ ခဏအကြာတွင် အေးစက်စက် လေသံဖြင့် အော်ပြောလိုက်လေ၏။ “ဒီကောင်လုပ်ရဲတာလား…”
“စီနီယာ ဘာဖြစ်လို့လဲ…” ရန်ကိုင်က မေးလိုက်လေသည်။
ရီချွမ်း ပြန်မဖြေရသေးခင်မှာပင် အပြင်ဘက်မှ မွန်းစတားသားရဲတစ်ကောင် ဝင်လာပြီး လက်သီးဆုပ်၍ အလျင်အမြန် တင်ပြလိုက်လေသည်။ “ဆရာ… လူသားကျင့်ကြံသူတစ်ဦး ကျူးကျော်လာပါတယ်… သွေးဝံပုလွေ အစောင့်အကြပ်တွေက သူ့ကို တားထားပေမဲ့ အခု ကျူးကျော်လာတဲ့လူက အရမ်းအားကောင်းလွန်းနေတော့…”
“ငါသိတယ်…” ရီချွမ်းက အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်လေ၏။ “သွေးဝံပုလွေတွေကို ပြန်ဆုတ်လာဖို့ ပြောလိုက်… အခုဝင်လာတဲ့ကောင်ကို သူတို့တားနိုင်မှာမဟုတ်ဘူး… အဲ့ကောင်ကို ဝင်ခွင့်ပေးလိုက်…”
မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်သည် ချက်ချင်းပဲ ပြန်ထွက်သွားလေ၏။
ယခုမှပဲ ရန်ကိုင်လည်း အသိပြန်ဝင်လာခဲ့ပြီး မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်လေသည်။ “ကျိုးထျန်းကိုယ်တိုင် ရောက်လာတာများလား…”
ရီချွမ်း၏ ကျင့်ကြံခြင်းသည် ဧကရာဇ်အထွဋ်အထိပ်အဆင့်နှင့် ညီမျှနေပေပြီ။ ထို့ကြောင့် သူ့အား စိတ်ပူအောင် လုပ်နိုင်သည့် လူဆို၍ ကျိုးထျန်းတစ်ယောက်သာ ရှိ၏။
ရန်ကိုင် ခန့်မှန်းသည့်အတိုင်းပင် ရီချွမ်းက ခေါင်းညိတ်၍ “ဟုတ်တယ်… သူရောက်လာတာ… ငါတို့ကြား သဘောတူညီချက် လုပ်ထားတာတောင် ဒီကောင် ငါတို့ရဲ့ ကောင်းကင်မွန်းစတား တောင်ကြားထဲကို ဝင်လာရဲမယ်လို့ ငါမထင်ထားဘူး… သူမင်းအတွက် ရောက်လာတာများလား…”
“ကျုပ်အတွက်…” ရန်ကိုင်သည် သူ့ကိုယ်သူ ပြန်လက်ညှိုး ထိုးလိုက်လေ၏။ ထို့နောက် ခြောက်ကပ်ကပ်လေသံဖြင့် ရယ်မော၍ “အဲ့လိုတော့ မထင်ဘူးနော်… ဂျူနီယာ ဒီကိုရောက်လာတာ ဆယ်ရက်လောက်ပဲ ရှိသေးတယ်… ကျိုးထျန်းဆိုတဲ့လူကို သိတောင် သိတာမဟုတ်ဘူး… သူဘာဖြစ်လို့ ကျုပ်အတွက် ရောက်လာရမှာလဲ…”
“ငါလည်း မသိဘူး… ဒါပေမဲ့…” ပြောပြီးသည့်နောက်တွင် ရီချွမ်း၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ရီသွားပြီး ရန်ကိုင်ရှေ့တွင် ပြန်ပေါ်လာကာ သူ့ပုခုံးကို ပုတ်လိုက်လေသည်။
ရန်ကိုင်သည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား ရီချွမ်းသည် သူ့အပေါ် မကောင်းသည့် အရာတစ်ခုခု လုပ်မည်မဟုတ်မှန်း သိနေသည့်အတွက်ကြောင့် ငြိမ်သာ ခံနေလိုက်လေသည်။
သိမ်မွေ့သည့် စွမ်းအားတစ်ရပ်သည် သူ့ပုခုံးမှတစ်ဆင့် ခြေလက်များဆီသို့ စီးဆင်းသွားလေ၏။
ခဏအကြာတွင် ရီချွမ်းက မှုန်ကုပ်ကုပ် အမူအယာဖြင့် ပြောလိုက်လေသည်။ “ထင်ထားတဲ့အတိုင်းပဲ… မင်း အမှတ်အသား လုပ်ခံထားရတာပဲ… ငါတကယ်ကို သတိလက်လွတ် ဖြစ်သွားတယ်…”
ထိုစဉ် ရီချွမ်း၏လက် ရုတ်တရက် တုန်ခါသွားခဲ့လေသည်။
တစ်ချိန်တည်းတွင် ရန်ကိုင်သည်လည်း ငြီးတွားလိုက်လေ၏။ သို့သော်ငြား ကိုယ်တွင်းဆီမှ ထူးဆန်းသည့် အသံတစ်သံ ထွက်ပေါ်နေသည်ကို ရန်ကိုင် အတိုင်းသား ကြားနေရသည်။
ထိုအသံ ထွက်ပေါ်လာပြီးသည့်နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အချုပ်အနှောင် တစ်ခုခုမှ လွတ်မြောက်သွားသည့်အလား လန်းဆန်းပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။
“မင်း ပန်ချင်းနဲ့တွေ့ပြီး သူ့ကို သတ်လိုက်နိုင်တယ်လို့ ငါ့သားက ပြောတယ်… ပန်ချင်းက ကိုယ်ပျောက်တာ လုပ်ကြံသတ်ဖြတ်တာတွေမှာသာ ကျွမ်းတာမဟုတ်ဘူး… ခြေရာကောက်တဲ့ နေရာမှာလည်း ကျွမ်းတယ်… မင်းနဲ့တိုက်ခိုက်နေတုန်း မင်းအပေါ်မှာ အမှတ်အသားတစ်ခု ချန်ရစ်ခဲ့တာပဲ ဖြစ်ရမယ်… ကျိုးထျန်းက အဲ့အမှတ်အသားကို ခြေရာခံပြီး မင်းနောက်ကို လိုက်လာခဲ့တာ…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။ ပန်ချင်း သူ့အား တစ်ခုခု လုပ်ခဲ့ရလိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းခဲ့ပေသည်။ သို့သော်ငြား ဘာလုပ်ခဲ့သလဲဆိုသည်ကိုမူ သူ့စွမ်းအားအတိုင်းအတာဖြင့် ရှာမတွေ့နိုင်ခဲ့ချေ။ ယခုမှပဲ ထိုကျင့်ကြံသူများနှင့် ဘာကြောင့် ထပ်တလဲလဲ တိုးနေရမှန်းကို ရန်ကိုင် နားလည်သွားတော့လေ၏။
“စီနီယာကို ပြဿနာဖြစ်အောင် လုပ်မိလိုက်လို့ တောင်းပန်ပါတယ်…” ရန်ကိုင်က တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်လေသည်။
ရီချွမ်းက သူ့လက်အား ဝှေ့ယမ်းလျက် ပြောလိုက်လေ၏။ “မလိုဘူး… မင်းက ငါ့သားရဲ့ ကျေးဇူးရှင်ဆိုတော့ ငါမင်းကို ကောင်းကောင်းဆက်ဆံရမှာပေါ့… ဒီကိစ္စမှာ လွန်တာ ကျိုးထျန်းပဲ… ငါတို့ကြားက သဘောတူညီချက်ကိုတောင် လျစ်လျူရှုပြီး ဒီထဲကို ဝင်လာရဲတယ်… သူ့ကိုယ်သူ ဘာမှတ်နေလဲမသိဘူး…”
ပြောပြီးသည့်နောက်တွင် ဆက်၍ ပြောလိုက်လေ၏။ “မင်း ပန်ချင်းကို သတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင်တော့ မင်းမှာရှိနေတဲ့ အင်းစက်တွေကို အပြင်ကို မထုတ်ပေးတာ အကောင်းဆုံးပဲ… မင်းဒီကို နောက်တစ်ကြိမ် ဝင်လာမယ်ဆိုလို့ရှိရင် အဲ့အင်းစက်တွေကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသရွေ့ ခေါ်မလာနဲ့… ဒီနေရာတစ်ခုလုံးက အဲ့အင်းစက်တွေကြောင့် ပျက်စီးခါနီး ဖြစ်သွားခဲ့ဖူးတယ်…”
ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး “ဝိဉာဉ်ဝါးမျို အင်းစက်တွေက ဒီမှာရှိခဲ့ဖူးတာလား….”
“အဲ့ကောင်တွေကို ဝိဉာဉ်ဝါးမျို အင်းစက်လို့ ခေါ်တာလား…” ရီချွမ်းက ပြန်ပြောလိုက်လေ၏။ “သူတို့ကို ဘယ်လိုပဲခေါ်ခေါ် ဒီကောင်တွေက ဒီလောကကြီးတစ်ခုလုံးရဲ့ ရန်သူပဲ… မင်းမှာ ရှိနေသေးတဲ့ အင်းစက်တွေက အရမ်းကြီး အားကောင်းမနေသေးတော့ ငါမင်းကိုကူပြီး အဲ့ကောင်တွေကို ဖိနှိပ်ထားပေးလို့ရတယ်… ဒါပေမဲ့ ဒါငါလုပ်နိုင်တာ အကုန်ပဲ… သူတို့သာ နောက်ဆုံးအဆင့်ထိ ရောက်သွားမယ်ဆိုလို့ရှိရင် ငါတောင် သူတို့ရဲ့ အစာ ဖြစ်သွားရလိမ့်မယ်…”
“ဂျူနီယာ နားလည်ပါပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။
“မင်း အဲ့ဒါကို သေချာမှတ်ထားတာ ကောင်းလိမ့်မယ်…” ရီချွမ်းက သတိပေးလိုက်လေသည်။
“ရီချွမ်း…”
ထိုစဉ် မြေပြင်တစ်ခုလုံးအား တုန်ခါသွားစေနိုင်သည့် အသံတစ်သံ အပြင်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံမှာ အလွန်ကျယ်လှခြင်း မရှိသော်ငြား မိုးခြိမ်းကဲ့သို့ အလွန်ပြင်းထန်သည့် ဖိအားတစ်ရပ်မှာ ထိုအသံထဲ ကိန်းအောင်းနေခဲ့လေ၏။
ထိုအသံလှိုင်းကို ကြားလိုက်ရပြီးသည့်နောက်တွင် အားနည်းသည့် မွန်းစတားမျိုးနွယ်စုဝင် ကျင့်ကြံသူအချို့ နားများဆီမှ သွေးများ စီးကျလာကုန်ကြလေ၏။
“ဟမ့်…” ရီချွမ်းသည် အသံထွက်ပေါ်လာရာဘက်ဆီသို့ ဒေါသတကြီး လှည့်ကြည့်လိုက်လေ၏။ ထို့နောက် ပြန်၍ အော်ပြောလိုက်လေသည်။ “ကျိုးထျန်း… ငါ့ကောင်းကင်မွန်းစတား တောင်ကြားထဲမှာ မင်းအော်ချင်တိုင်း လာအော်လို့ရအောင် ဘယ်သူက မင်းကို ခွင့်ပြုပေးထားတာလဲကွ…”
“ဟား ဟား ဟား ဟား…” ကျိုးထျန်း၏ ရယ်မောသံ ထွက်ပေါ်လာခဲ့လေသည်။ ထိုရယ်မောသံသည် အစပိုင်းတွင် တည်ငြိမ်နေသော်ငြား ကျိုးထျန်း၏ စိတ်ခံစားချက်များ၏ လွှမ်းမိုးမှု ခံရကာ ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေသည့် ရယ်မောသံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
“ဘုန်း ဘုန်း ဘုန်း…” ပေါက်ကွဲသံများ အပြင်ဘက်မှ အစီအရီ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် မှုန်ကုပ်ကုပ် အမူအယာဖြင့် ရပ်နေခဲ့လေသည်။ သူ၏ နာမ်ဝိဉာဉ်မှာ အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေကာ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော အလင်းရောင်ဟာလည်း စတင်၍ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့ခွန်အားကို လှည့်ပတ်၍ သူကိုယ်သူ ကာကွယ်ထားလိုက်ရလေသည်။ ထိုအခါမှပဲ အနည်းငယ် သက်သာသွားတော့၏။
သူ အသိပြန်ဝင်လာချိန် ရီချွမ်းမှာ ခန်းမထဲ ရှိမနေတော့ချေ။ အပြင်သို့ အလျင်အမြန် ပြေးထွက်သွားပြီး လေထဲတွင် ဝဲကာ ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်လေ၏။
အလျင်အမြန်ပင် ရီချွမ်းနှင့် ကျိုးထျန်းတို့အား ရှာတွေ့သွားခဲ့လေသည်။ ရန်ကိုင်ရှိနေရာဆီမှ မိုင်ငါးဆယ်ခန့် အကွာတွင် ရီချွမ်းသည် သူ့အရှိန်အဝါကို ထိန်းချုပ်ရင်း ငြိမ်သက်စွာ ရပ်နေခဲ့သည်။
သူနှင့် မလှမ်းမကမ်းတွင်တော့ ကျိုးထျန်းသည် အလွန်အားကောင်းသည့် မွန်းစတားသားရဲတစ်ကောင်ကို စီးနင်းလျက် ရီချွမ်းအား အပေါ်ဆီးမှ ငုံ့ကြည့်နေခဲ့လေ၏။
“ကျိုးထျန်းလား သူက…”
ကျိုးထျန်းအား တစ်ခါမှ မတွေ့ခဲ့ဖူးသော်ငြား မြင်လိုက်သည်နှင့် ထိုလူသည် ကျိုးထျန်းမှန်း ရန်ကိုင် ချက်ချင်း တန်းသိလိုက်လေသည်။
ထို့အပြင် ရီချွမ်းအား ဤကဲ့သို့ စိတ်ပူရအောင် လုပ်နိုင်သည့် လူမှာ ကျိုးထျန်းတစ်ဦးသာ ရှိပေသည်။
ကျိုးထျန်း၏ နောက်ဘက်တွင်မူ ဆံပင်အနီရောင်နှင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး မတ်တပ်ရပ်နေခဲ့လေသည်။ ထိုဆံပင် အနီရောင်ကို မြင်လိုက်ပြီးသည့်နောက် ထိုလူမှာ လျန်းရန်မှန်း ရန်ကိုင် ချက်ချင်း တန်းသိလိုက်သည်။
မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များမှာ ထိုလူသားပညာရှင်နှစ်ဦးကို အဘက်ဘက်မှ ဝိုင်းထားကြသော်ငြား မည်သူမှ မတိုက်ခိုက်ရဲကြပေ။
ကျိုးထျန်းသည် လုံးဝကို တည်ငြိမ်နေခဲ့လေ၏။
လျန်းရန်ဆိုသည့်လူသည်ပင် အနည်းငယ်မျှ စိုးရိမ်နေခြင်း မရှိဘဲ အထင်တသေးပြုံးရင်းဖြင့် ဘေးပတ်ဝန်းကျင်ရှိ မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များအား ရန်စလိုသည့် အကြည့်ဖြင့် လိုက်ကြည့်နေခဲ့လေသည်။
“ဒီနေ့တွေအတောအတွင်းမှာ မင်းတကယ်ကို အဆင်ပြေပြေနဲ့ ရှိသေးတာပဲ ရီချွမ်း… ငါတကယ်ကို ကျေနပ်သွားပြီ…” ကျိုးထျန်းက စ၍ စကားပြောလိုက်လေသည်။
ရီချွမ်းက လှောင်ပြုံးပြုံးလျက် “ငါ အဆင်ပြေပြေ ရှိနေတာကတော့ ဟုတ်ပါတယ်… ဒါပေမဲ့ မင်းရဲ့ ဒဏ်ရာအခြေအနေရော ဘယ်လိုလဲ ကျိုးထျန်း…”
ထိုစကား ထွက်ပေါ်လာသည်နှင့် ကျိုးထျန်း မျက်နှာထက်ရှိ အပြုံးမှာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး အေးစက်စက် အမူအယာတစ်ခုက အစားထိုးဝင်ရောက်လာခဲ့လေ၏။ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း၍ မျက်လုံးတစ်ချက် မှိတ်လိုက်ပြီးသည့်နောက် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်လေသည်။ သူမျက်လုံးပြန်ဖွင့်လာချိန်တွင် သူ့မျက်နှာအမူအယာမှာ လုံးဝကို တည်ငြိမ်သွားလေ၏။
ထိုအချင်းအရာကိုမြင်သော် ရီချွမ်း မျက်ခုံးပင့်သွားခဲ့လေသည်။
“ရီချွမ်း… ဖြစ်နိုင်လို့ရှိရင် ငါမင်းရဲ့ ကောင်းကင်မွန်းစတားတောင်ဆီကို တကယ်မလာချင်ဘူး… ဒါပေမဲ့ ဒီတစ်ကြိမ်က အရှင်မင်းမြတ်ကိုယ်တိုင် အမိန့်ပေးထားတာဆိုတော့ မလာလို့ မရတော့ဘူး…” ကျိုးထျန်းက ပြောလိုက်လေသည်။
“မင်းသခင် ဘာအမိန့်ပဲပေးပေး ငါ့ကိစ္စက မဟုတ်ဘူး… ငါတို့ကြား သဘောတူညီချက်အရ ဘယ်လူသားမှ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲကို မိုင်သုံးထောင်ထက် ပိုပြီး ဝင်မလာရဘူးလို့ ပြောထားပြီးသား… ဒါပေမဲ့ အဲ့သဘောတူညီချက်ကို ဒီနေ့ မင်း ချိုးဖောက်လိုက်ပြီ… မင်းတို့လူသားတွေရဲ့ စကားက တကယ်ကို မယုံရဘူးပဲ…” ရီချွမ်းက ဒေါသတကြီး အော်ပြောလိုက်လေသည်။
ကျိုးထျန်းက ညစ်ကျယ်ကျယ် ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ငါ ဒီနေ့ လူတစ်ယောက်ကို လာရှာတာ… မင်းသာ သူ့ကို ပေးမယ်ဆိုလို့ရှိရင် ငါ ချက်ချင်း ပြန်ထွက်သွားပေးမယ်… ငါ မင်းတို့အတွက် ဘာမှ ခက်ခဲအောင် လုပ်နေမှာ မဟုတ်ဘူး… မင်းလည်း မြင်တာပဲ… ငါ ဒီထဲကို ဝင်လာတယ်ဆိုပေမဲ့ ဘယ်သူ့ကိုသတ်ပစ်လိုက်လို့လဲ… ငါသာ ဆန္ဒရှိရင် သတ်ပစ်လိုက်လို့ရပေမဲ့ ငါ တစ်ယောက်ကိုမှ သတ်မပစ်ခဲ့ဘူး…”
“ကောင်းကင်မွန်းစတားက တောင်ကြားက မင်း လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ ရတဲ့ နေရာမို့လို့လား…” ရီချွမ်းက မျက်ခုံးပင့်လျက် “မင်းဘယ်သူ့အတွက် ရောက်လာမှန်း ငါသိတယ်… ဒါပေမဲ့ သူက ငါ့ရဲ့ အထူးဧည့်သည်တော်တစ်ယောက်ပဲ… သူ့ကို ခေါ်သွားချင်တာလား… ငါသဘောတူမတူ အရင်မေးလိုက်ဦး…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၃၀)
“အထူးဧည့်သည်တော်…” ကျိုးထျန်းသည် ရီချွမ်းအား မျက်ခုံးပင့်ကာ စိုက်ကြည့်၍ ပြန်မေးလိုက်လေသည်။ “မင်း ငါ့ကို လာနောက်နေတာလား…” ရီချွမ်း မဟုတ်တရုတ် လျှောက်ပြောနေခြင်း ဖြစ်သည်ဟုသာ ကျိုးထျန်း ထင်နေမိလေသည်။
မီတာငါးဆယ်ခန့် အကွာတွင် ရပ်နေသော ရန်ကိုင်ကို သူမြင်ပြီးနေလေပြီ။ ရန်ကိုင့်၏ ကျင့်ကြံခြင်းကိုလည်း စစ်ဆေးပြီးသွားခဲ့လေပြီ။ ထိုကဲ့သို့သော အားနည်းသည့် လူသားကောင်လေးတစ်ဦးသည် ရီချွမ်း၏ အထူးဧည့်သည်တော် မည်ကဲ့သို့များ ဖြစ်လာနိုင်ပါမည်နည်း။
“ငါ့မှာ မင်းနဲ့ နောက်နေဖို့ အချိန်မရှိဘူး…” ရီချွမ်းက အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “မြန်မြန် ငါ့ကောင်းကင်မွန်းစတား တောင်ကြားထဲကနေ ပြန်ထွက်သွားလိုက်တော့… မဟုတ်ရင် ငါ့ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့…”
“ကြည့်ရတာ မင်းက သူ့ကို တကယ် မပေးချင်ဘူးပဲ…” ကျိုးထျန်းသည် ရီချွမ်းအား အေးစက်စက် အမူအယာဖြင့် စိုက်ကြည့်လိုက်လေသည်။
ရီချွမ်းကမူ မည်သည့်စကားမှ ပြန်ပြောမနေခဲ့ဘဲ သူ့စိတ်စွမ်းအင်ကိုသာ ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်လေ၏။
ယခုအခြေအနေသို့ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် စကားဆက်ပြောနေ၍လည်း အသုံးဝင်တော့လိမ့်မည် မဟုတ်မှန်း နှစ်ဦးစလုံး သိနေကြသည်။ ဤကိစ္စအား ဖြေရှင်းနိုင်မည့် နည်းလမ်းဆို၍ တိုက်ခိုက်ဖို့သာ ရှိတော့လေသည်။
ဧကရာဇ်တတိယအဆင့် ပညာရှင်နှင့် အဆင့်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်၏ ဖိအားတို့ ဖြာထွက်လာချိန် ပတ်ဝန်းကျင် တစ်ခုလုံး သိမ့်သိမ့်တုန်သွားခဲ့လေသည်။
အခြေအနေ မကောင်းတော့သည်ကို မြင်သော် အနီးအနားတစ်ဝိုက်တွင် စုဝေးနေကြသော မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များမှာ လှုပ်ရှားမှုပညာရပ် အသီးသီးကို သုံး၍ အဘက်ဘက်သို့ ထွက်ပြေးကုန်ကြလေ၏။
လျန်းရန်သည်လည်း ထိုနည်းတူပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အနီရောင်အလင်းတန်းတစ်ခု အဖြစ်သို့ အသွင်ပြောင်းလာခဲ့ပြီး မိုင်ပေါင်းများစွာအကွာသို့ ပြန်ဆုတ်သွားခဲ့လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး အလွန်ပြင်းထန်လှသည့် တိုက်ခိုက်လိုစိတ် အားကောင်းလွန်းလှသည့် ဖိအားတို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။
မိုင်ငါးဆယ်ခန့်အကွာတွင် ရှိနေသော ရန်ကိုင်ပင်လျှင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။ သူ့တွင် ရုပ်ခန္ဓာမရှိနေသည့် အတွက်ကြောင့်သာ မဟုတ်ပါက ဤကဲ့သို့သော အခြေအနေမျိုးတွင် အသက်ပင် ကောင်းကောင်းရှူနိုင်လိမ့်မည် မဟုတ်ချေ။
ယွမ်ဖေးနှင့် ပိုင်လုသည် ရန်ကိုင့်ဘေးတစ်ဖက်တစ်ချက်စီတွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ သူတို့နှစ်ဦး ဤနေရာသို့ ရောက်နေရခြင်းမှာ ရန်ကိုင့်အား ကာကွယ်ပေးရန် အတွက်သာ ဖြစ်လေသည်။
“ခရမ်းရောင်ရှဉ့်လေးရော…” ရန်ကိုင်က မေးလိုက်လေ၏။
“သခင်လေးကို လုံခြုံတဲ့နေရာဆီ ခေါ်သွားပြီးပါပြီ…” ပိုင်လုက သိမ်မွေ့သည့် လေသံဖြင့် ပြန်ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး စိတ်မပူပါနဲ့ သခင်လေးရန်…”
ရီချွမ်းမှ ရန်ကိုင့်အား အထူးဧည့်သည်တော်တစ်ယောက်ဟု ပြောလိုက်သည့် အတွက်ကြောင့် ပိုင်လု၏ ရန်ကိုင့်အပေါ် အခေါ်အဝေါ်သည် လုံးဝကို အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး တိုက်ပွဲဆီသို့ ပြန်လှမ်းကြည့်လိုက်လေသည်။ ဤသည်မှာ ဧကရာဇ်တတိယအဆင့် ပညာရှင်နှစ်ဦးကြားမှ တိုက်ပွဲတစ်ပွဲ ဖြစ်လေရာ တိုက်ပွဲအား ကြည့်ရုံဖြင့်ပင်လျှင် သူ့အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်။
ကျိုးထျန်းက စတင်၍ လှုပ်ရှားလိုက်လေသည်။ သူစီးနေသည့် သားရဲပေါ်မှ လေပေါ်သို့ ခုန်တက်လိုက်ကာ မျက်စိကျိန်းမတတ် အလင်းတန်းများကို ထုတ်လွှတ်လိုက်လေသည်။
ထိုအလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် သူ့လက်ထဲ၌ လှံပုဆိန်တစ်ချောင်း ပေါ်လာခဲ့လေ၏။ ထိုလှံပုဆိန်သည် ဆယ်မီတာမက အရှည်ရှိပြီး ရိုးတံ၏ လုံးပတ်မှာ ယောကျ်ားတစ်ဦး၏ လက်မောင်းခန့် ထူထဲလှပေသည်။ လောကတစ်ခုလုံးကို တုန်လှုပ်ပစ်နိုင်သော အလွန်ကိုမှ အားကောင်းလှသည့် အရှိန်အဝါမှာ လှံပုဆိန်ဆီမှ ဖြာထွက်နေခဲ့လေ၏။
လှံပုဆိန် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျိုးထျန်း ခန္ဓာကိုယ်တစ်ဝိုက်ရှိ အရှိန်အဝါမှာလည်း သိသိသာသာကို ပြောင်းလဲသွားခဲ့လေသည်။ ဤသည်မှာ ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခု မဟုတ်။ ကျိုးထျန်း၏ စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော လက်နက်တစ်ခုသာ ဖြစ်လေသည်။
ဤလှံပုဆိန်သည် ကျိုးထျန်း၏ လက်စွဲတော် လက်နက်တစ်ခုလည်း ဖြစ်၏။ သူ့စိတ်စွမ်းအင်ဖြင့် အဆက်မပြတ် အားဖြည့်လာပေးသည့်အတွက်ကြောင့် ဤလှံပုဆိန်မှာ ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခု မဟုတ်သော်ငြား ၎င်း၏ အစွမ်းမှာ သာမန် ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုအောက် နိမ့်ကျနေခြင်း မရှိချေ။
လှံပုဆိန်ကို ကိုင်စွဲရင်း ကျိုးထျန်းသည် အရူးတစ်ယောက်နှယ် အော်ရယ်မောလိုက်လေသည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းတစ်ခုအဖြစ်သို့ အသွင်းပြောင်းလျက် ရီချွမ်းဆီသို့ ပြေးဝင်သွားလေ၏။ “ရီချွမ်း… ဒီနှစ်တွေအတွင်းမှာ မင်းဘယ်လောက် တိုးတက်လာသေးလဲ ကြည့်ရတာပေါ့…”
ကျိုးထျန်း၏ တိုက်ခိုက်မှုသည် ဥက္ကာခဲတစ်စင်းနှယ် ရီချွမ်းပေါ်သို့ တိုးဝင်သွားခဲ့လေသည်။ ကျိုးထျန်း၏ တိုက်ခိုက်မှုဆီမှ ဖြာထွက်လာသည့် အလင်းကြောင့် ကြည့်နေသူများပင်လျှင် မျက်စိများ ကျိန်းသွားကုန်ကြလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာတော့ အံ့အားသင့်နေတော့လေသည်။ သူ့ဘဝတွင် ဧကရာဇ်တတိယအဆင့် ပညာရှင်များစွာကို တွေ့ခဲ့ဖူးသော်ငြား ထိုပညာရှင်များ တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယခုအခါမှသာ ဧကရာဇ်တတိယအဆင့် ပညာရှင်များ မည်မျှ အားကောင်းကြောင်းကို ရန်ကိုင် နားလည်သွားတော့သည်။ ထိုကဲ့သို့သော ပညာရှင်များသည် ဤလောကကြီးထဲတွင် ပြိုင်ဘက်ကင်း တည်ရှိမှုများ ဖြစ်ကြပေသည်။
ထိုအလွန်တရာကိုမှ အားကောင်းသည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်ငြား ရီချွမ်းမှာမူ တုတ်တုတ်မျှပင် မလှုပ်။ အထင်အမြင်တသေးဖြင့်သာ ပြန်၍ စိုက်ကြည့်နေခဲ့လေ၏။
သိပ်သည်းလှသည့် စိတ်စွမ်းအင်တို့သည် လှံပုဆိန်ဆီမှ ဖြာထွက်လာပြီးသည့်နောက်တွင် နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲကာ ရီချွမ်းဆီသို့ တိုးဝင်သွားခဲ့လေသည်။
“ကြည့်ရတာ…” ရီချွမ်းက ထူးမခြားနားဟန်ဖြင့် “အနာကျက်သွားတာနဲ့ အတိတ်ကို မေ့သွားတာပဲ… လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက တိုက်ပွဲကို မင်းတကယ်ကြီး မေ့သွားတာလားကွ…” ပြောပြီးသည်နှင့် ရီချွမ်းသည် သူ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက်လေ၏။
ရီချွမ်းသည် သူ့ဆီသို့ တိုးဝင်လာနေသော နဂါးကြီးအား ရိုးရှင်းသည့် တိုက်ကွက်တစ်ခုဖြင့်သာ တန်ပြန်တိုက်ခိုက်ခဲ့ပေသည်။
တိုက်ကွက်နှစ်ခုကြားရှိ ကွာခြားချက်မှာ အလွန်ကိုမှ သိသာလှသည်။ ပုရွတ်ဆိတ်တစ်ကောင်မှ သစ်ပင်တစ်ပင်အား ကိုင်လှုပ်ရန် ကြိုးစားနေသည့်ပုံပင်။ သို့သော်ငြား ရီချွမ်း၏ ရိုးရှင်းသည့် တိုက်ကွက် နဂါးကြီးအား သွားရောက်ထိမှန်သည့် အခါတွင် ထိုတိုက်ကွက်သည် အလင်းစက်ကလေးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ နဂါးတစ်ကိုယ်လုံးအား ဝိုင်းရံသွားခဲ့လေသည်။ နဂါးကြီးမှာတော့ အဆက်မပြတ် အော်မြည်နေတော့လေ၏။
ထိုအချင်းအရာကိုမြင်သော် ကျိုးထျန်း၏ အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ရီချွမ်း၏ ခန္ဓာကိုယ်သည်လည်း မူလရပ်နေရာဆီမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
“ထန်...” အသံတစ်ချက် ထွက်လာပြီးသည့်နောက် လူအုပ်ကြီး ကောင်းကောင်း ပြန်မြင်လာနိုင်သည့်အခါ ရီချွမ်းသည် ကျိုးထျန်းရှေ့သို့ ရောက်နေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။
လက်ရှိ ရီချွမ်းသည် ဓါးတစ်ချောင်းကို ကိုင်စွဲလျက် ကျိုးထျန်း၏ လှံပုဆိန်ဆီသို့ ထိုးစိုက်ချလိုက်လေ၏။
ထိုဓါးရှည်ကိုမြင်သော် ကျိုးထျန်း ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ လွန်ခဲ့သော နှစ်နှစ်ထောင်ခန့်က ရီချွမ်းနှင့် တိုက်ခိုက်ခဲ့စဉ် ရီချွမ်း၌ ဤကဲ့သို့သော လက်နက်တစ်ခု ရှိမနေသည်ကို ကျိုးထျန်း ကောင်းကောင်းမှတ်မိနေပေသေးသည်။
ထို့အပြင် လက်ရှိ ရီချွမ်းကိုင်ထားသော ဓါးသည် စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသော လက်နက်တစ်ခုနှင့် လုံးဝ မတူချေ။ ဤကဲ့သို့သော လက်နက်တစ်ခုအား ရီချွမ်း မည်သည့်နေရာမှ ရလာသလဲဆိုသည်နှင့် ပတ်သက်၍ ကျိုးထျန်း နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
သို့သော်ငြား သူ့တွင် ကောင်းကောင်း အံ့အားသင့်နေရန် အချိန်မရှိချေ။ ဧကရာဇ်တတိယအဆင့် ပညာရှင်နှစ်ဦးကြား တိုက်ပွဲ၌ တစ်ချက်ကလေး သတိလက်လွတ် ဖြစ်မိသွားရုံဖြင့် မိမိ၏အသက်ကို ဆုံးရှုံးလိုက်ရနိုင်ပေသည်။
ထို့အတွက်ကြောင့် ကျိုးထျန်းသည် တိုက်ပွဲကို အလျင်အမြန် ပြန်အာရုံစိုက်၍ သူ၏ လှံပုဆိန်ကို တွန်းထုတ်ကာ ရီချွမ်းဆီမှ ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာလိုက်လေ၏။ တစ်ချိန်တည်းတွင် အားကောင်းသော စိတ်စွမ်းအင်တစ်မျိုးမျိုးဖြင့် ရီချွမ်းအား လှမ်းပစ်လိုက်လေသည်။
ရီချွမ်း၏ အမူအယာ လေးနက်သွားခဲ့ပြီး သူ့စိတ်စွမ်းအင်ကို လှည့်ပတ်၍ ဝိဉာဉ်ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်လေ၏။
နှစ်ယောက်စလုံးသည် ဧကရာဇ်တတိယအဆင့် ပညာရှင်များ ဖြစ်ကြလေသည်။ သူတို့ကြား စွမ်းအင်ကွာခြားချက် အနည်းငယ်ရှိနေခဲ့သော်ငြား အရမ်းကြီး ကြီးမားခြင်းမရှိ။ ထို့အတွက်ကြောင့် ဤတိုက်ပွဲတွင် မည်သူအသာရလို့ ရနေမှန်းကို ကြည့်နေသည့်လူတိုင်း မပြောနိုင် ဖြစ်နေခဲ့လေသည်။
လွန်ခဲ့သော နှစ်နှစ်ထောင်ခန့်က မပြီးပြတ်ခဲ့သော တိုက်ပွဲသည် ယနေ့တွင် တစ်ဖန် ပြန်လည် စတင်လာခဲ့လေသည်။
ဝိဉာဉ်စွမ်းအားချင်း ရိုက်ခတ်သွားချိန် ထိုလူနှစ်ဦး၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရှိနေသော အလင်းရောင်များမှာ အနည်းငယ် လှုပ်ခါသွားခဲ့လေသည်။ သို့သော်ငြား သူတို့၏ လက်များမှာမူ တစ်ချက်ကလေးမှပင် ရပ်တန့်သွားခြင်း မရှိချေ။
ဓါးရှည်နှင့် လှံပုဆိန်သည် အဆက်မပြတ်ကို တိုက်ခိုက်နေခဲ့ကြလေ၏။ မျက်တောင်တစ်ခတ်အတွင်း ရီချွမ်းနှင့် ကျိုးထျန်းတို့သည် အကြိမ်တစ်ရာခန့် တိုက်ခိုက်ပြီးသွားခဲ့လေပြီ။
ဓါးရှည်သည် လျင်မြန်ပေါ့ပါးကာ အလွန်တရာကိုမှ မြန်ဆန်လှသည့် ကြယ်ပျံတစ်စင်းနှယ် အဘက်ဘက်မှ ပေါ်လာ၍ ပြိုင်ဘက်အား ဖိအားပေးတိုက်ခိုက်နေခဲ့လေသည်။
သံပုဆိန်မှာတော့ အလွန်တရာကိုမှ အားကောင်းလှသည့် ခွန်အားကို ပိုင်ဆိုင်ထား၏။ ပြင်းထန်လှသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ရင်း တစ်ဖက်လူ၏ တိုက်ကွက်များကို ချေဖျက်ကာ ပြန်လည်ဖိအားပေးရန် ကြိုးစားနေလေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ဘေးပတ်ပတ်လည်၌ ရှိနေသော ကျင့်ကြံသူအားလုံး အံ့ဩတကြီး ဖြစ်နေလေသည်။
“ဝူး…”
နောက်ဆုံးတွင် အချို့သော မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များမှာ တိုက်ပွဲအား ဆက်မကြည့်နိုင်တော့သည့်အလား အကြည့်လွှဲလိုက်ကြသည်။
တစ်ချိန်တည်းတွင် ဒဏ်ရာတစ်ခုခု ရသွားသည့်အလား သူတို့၏ ရင်ဘတ်ကို လက်ဖြင့် ဆုပ်ကိုင်ရင်း နောက်သို့ ဒယီးဒယိုင် ဆုတ်လိုက်ကြလေ၏။ ထို့နောက် ဖြည်းဖြည်းချင်း မျက်လုံးပိတ်ကာ တိုက်ပွဲအား ဆက်မကြည့်ရဲကြတော့ပေ။
အချိန်ကြာလာသည်နှင့် ထိုကဲ့သို့ ဖြစ်လာသည့်သူ အရေအတွက်မှာ ပိုပို၍ များလာခဲ့သည်။ အစပိုင်းတွင် အဆင့်ဆယ့်တစ်အစပိုင်း မွန်းစတားသားရဲ ပညာရှင်များသာ ထိုကဲ့သို့ဖြစ်သော်ငြား အချိန်ကြာလာသည်နှင့် အလယ်အလတ်အဆင့် နောက်ဆုံးတွင် အဆင့်မြင့်အဆင့်များပါ ဖြစ်လာကြလေသည်။
အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးသည့်နောက်တွင် အဆင့်ဆယ့်နှစ်မွန်းစတားသားရဲများ ဖြစ်ကြသော ယွမ်ဖေးနှင့် ပိုင်လုတို့ပင်လျှင် ခံစားနေရသည့် မသက်မသာခံစားချက်ကို ပြေပျောက်စေရန်အတွက် သူတို့၏ ခွန်အားကို လှည့်ပတ်ရလေတော့သည်။
ရုတ်တရက် ယွမ်ဖေးသည် တစ်ခုခုအား သတိပြုမိသွားသည့်အလား ရန်ကိုင့်ဆီသို့ အလျင်စလို လှမ်းကြည့်လိုက်လေသည်။ ထို့နောက် ယွမ်ဖေး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေ၏။
ရန်ကိုင်သည် မျက်တောင်တစ်ချက်ပင် မခတ်ပဲ မျက်လုံးအပြူးသားဖြင့် တိုက်ပွဲအား အပြည့်အဝ အာရုံစိုက်ကာ စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။
ရန်ကိုင်သည် မည်သည့်ဘေးထွက်ဆိုးကျိုးကိုမှ မခံစားရသည့်ပုံစံမျိုးဖြင့် တိုက်ပွဲအား မမှိတ်မသုန် စိုက်ကြည့်နေခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ရန်ကိုင်သည် အတွေးပင် နက်သွားတတ်သေး၏။ ထိုအချင်းအရာကြောင့် ယွမ်ဖေးမှာ မင်သက်သွားခဲ့ပြီး ပိုင်လုအား မသိမသာလေး လှမ်းတောက်လိုက်လေသည်။
“ဘာလို့လဲ…” တိုက်ပွဲအား အာရုံစိုက်ကြည့်နေစဉ်အတွင်း ယွမ်ဖေးမှ လာရောက်နှောင့်ယှက်သည့် အတွက်ကြောင့် ပိုင်လုက မကျေမနပ်ဖြင့် ယွမ်ဖေးဘက်သို့ လှည့်ကြည့်လိုက်လေ၏။
ယွမ်ဖေးသည် ရန်ကိုင့်ကိုသာ မျက်စပစ်ပြလိုက်လေသည်။
ပိုင်လုလည်း ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့ရလေ၏။
“ဒီကောင်လေးက နည်းနည်း ထူးဆန်းနေတယ်ဟ…” ယွမ်ဖေးသည် ပိုင်လုအား တိုးတိုးလေး ပြောလိုက်လေသည်။
အဆင့်ဆယ့်နှစ်ဖြစ်နေသော သူတို့ပင်လျှင် ရီချွမ်းနှင့် ကျိုးထျန်းတို့ တိုက်ခိုက်သည်ကို အချိန်တော်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် အနည်းငယ် မသက်မသာ ဖြစ်လာခဲ့ရလေသည်။
သို့သော်ငြား တာအိုသခင် တတိယအဆင့်သာ ရှိသေးသော ရန်ကိုင်ကမူ တိုက်ပွဲအား လုံးဝ အေးအေးဆေးဆေး ရပ်ကြည့်နေနိုင်ခဲ့လေသည်။
“ဆရာက အလေးပေးဆက်ဆံရတဲ့ လူတစ်ယောက် ဆိုတဲ့အတိုင်းပဲ သူက တကယ်ကို ထူးခြားတာပဲ…” ပိုင်လု ခေါင်းတညိတ်ညိတ် ဖြစ်သွားလေသည်။
သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်း သန့်စင်လှသည့် စိတ်စွမ်းအင်တစ်ရပ်သည် ရန်ကိုင့်၏ ခန္ဓာကိုယ်မှ ဖြာထွက်လာကာ သူ့တစ်ကိုယ်လုံးအား အပြည့်အဝ လွှမ်းခြုံသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ဆန်းကြယ်နက်နဲသည့် ပြောင်းလဲမှုများမှာ ရန်ကိုင့်၏ ကိုယ်တွင်း၌ ဖြစ်ပျက်နေလေ၏။
“ဧကရာဇ်စိတ်ဆန္ဒ…” ယွမ်ဖေးက အလန့်တကြား ဆိုလိုက်လေသည်။ “သူတကယ်ကြီး ဧကရာဇ်စိတ်ဆန္ဒကို အသုံးပြုနိုင်တာလား…” ထိုအံ့အားသင့်ဖွယ် ဖြစ်ရပ်ကို ရှာတွေ့လိုက်သည့်နောက် ယွမ်ဖေး အလန့်တကြား ထအော်လေသည်။
ပိုင်လုသည်လည်း ရန်ကိုင့်အား အံ့အားသင့်နေသည့် အမူအယာဖြင့် စိုက်ကြည့်ရင်း ခေါင်းညိတ်ကာ ပြောလိုက်လေ၏။ “ဟုတ်တယ်နော်… သူ့ဧကရာဇ်စိတ်ဆန္ဒက အရမ်းကြီး အားမကောင်းသေးပေမဲ့ ဧကရာဇ်စိတ်ဆန္ဒဆိုတာတော့ အသေအချာပဲ… သူဒီမှာ ဧကရာဇ်အဆင့်ကို တက်တော့မှာတော့ မဟုတ်ပါဘူးနော်…” ထိုအဖြစ်အပျက်ကြောင့် ပိုင်လု ထိတ်လန့်သွားခဲ့လေ၏။
ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲတွင် အဆင့်တစ်ဆင့် ချိုးဖြတ်ရန်မှာ မလွယ်ကူလှပေ။ အဆင့်တစ်ဆင့် ချိုးဖြတ်တိုင်း ချိုးဖြတ်တိုင်း သေရေးရှင်ရေး အခြေအနေကို ဖြတ်ကျော်ရသည်။ တစ်ချက်ကလေး မှားသွားရုံဖြင့် မိမိ၏ ဝိဉာဉ် ပျောက်ကွယ်သွားနိုင်ပေသည်။
ဤလောကကြီးထဲရှိ သက်ရှိများမှာ ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်း မရှိသည့်အတွက်ကြောင့် အဆင့်ချိုးဖြတ်ရန် ကြိုးစားသည့်အခါ ထွက်ပေါ်လာသည့် မိုးမြေကောင်းချီးကို သူတို့၏ နာမ်ဝိဉာဉ်သက်သက်ဖြင့် ခုခံရလေသည်။ ထို့အတွက်ကြောင့် ဤနေရာ၌ အဆင့်ချိုးဖြတ်ခြင်းသည် ပြင်ပလောကကြီး၌ အဆင့်ချိုးဖြတ်ခြင်းထက် အများကြီးပိုမို အန္တရာယ်များပေသည်။
လက်ရှိအချိန်တွင် ရီချွမ်းသည် ကျိုးထျန်းနှင့် တိုက်ခိုက်နေရသည်။ သူတိုက်ခိုက်နေစဉ် အတောအတွင်း ရန်ကိုင်သာ တစ်ခုခု ဖြစ်သွားပါက ယွမ်ဖေးနှင့် ပိုင်လုတို့ ဤကိစ္စကို ရီချွမ်းအား မည်ကဲ့သို့ ပြန်လည် ရှင်းပြလို့ ရှင်းပြရမှန်း သိလိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ပိုင်လုမှာ စတင်၍ စိတ်ပူလာခဲ့လေသည်။
တကယ်တော့ သူမအတွေးလွန်နေခြင်းသာ ဖြစ်ပေသည်။ ရန်ကိုင်သည် ဤလောကကြီး၏ ဒေသခံတစ်ဦး မဟုတ်ပေ။ ထို့အတွက်ကြောင့် သူသည် ဤနေရာထဲသို့ နာမ်ဝိဉာဉ်ကိုသုံး၍ ဝင်လာသည့်တိုင် သူ့တွင် ရုပ်ခန္ဓာ ရှိပေသေးသည်။
ဧကရာဇ်နှစ်ဦး တိုက်ခိုက်နေသည်ကို ကြည့်ရင်း သူ၏ ဧကရာဇ်စိတ်ဆန္ဒကို သိပ်သည်းလိုက်နိုင်သည့်တိုင် ရန်ကိုင့်အနေဖြင့် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်လိမ့်ဦးမည် မဟုတ်ပေ။ သူ့ဝိဉာဉ် ဧကရာဇ်အဆင့်သို့ ရောက်သွားမည်ဆိုလျှင်ပင် သူ၏ ရုပ်ခန္ဓာ ဧကရာဇ်အဆင့်သို့ ရောက်ရန် လိုအပ်ပေသေးသည်။
သူ၏ ရုပ်ခန္ဓာ ဧကရာဇ်အဆင့်သို့ ရောက်သွားသည့် အခါမှသာလျှင် ရန်ကိုင့်အနေဖြင့် အစစ်အမှန် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာနိုင်ပေလိမ့်မည်။