အခန်း (၂၂၃၁-၂၂၃၅)
Vol. 90 Ch. 2231-2235
အပိုင်း (၂၂၃၁)
တာအိုသခင်အဆင့်နှင့် ဧကရာဇ်အဆင့်ကြား သိသာကြီးမားလှသော ကွာခြားချက်တစ်ခု ရှိနေခဲ့လေသည်။
တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး၏ စိတ်စွမ်းအင်အား သစ်သားချောင်းတစ်ချောင်းဟု ပြောရမည်ဆိုလျှင် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး၏ စိတ်စွမ်းအင်သည် သံချောင်းတစ်ချောင်း ဖြစ်နေပေလိမ့်မည်။ သံချောင်းသည် သစ်သားချောင်းထက် ခွန်အားအရာတွင်ရော မာကျောကြံ့ခိုင်မှုတွင်ပါ ပိုသာပေသည်။
တာအိုသခင်ပထမအဆင့် ဒုတိယအဆင့်နှင့် တတိယအဆင့်ကြား ကွာခြားချက်မှာ သစ်သားချောင်း၏ အထူနှင့် အရှည်သာ ကွာခြားခြင်းဖြစ်သည်။
သစ်သားချောင်းတစ်ချောင်းကို သံချောင်းတစ်ချောင်းအဖြစ် ပြောင်းလဲလိုလျှင် အလွန်ကိုမှ ကြီးမားလှသည့် ကွာခြားချက်တစ်ခုကို ဖြတ်ကျော်ရပေလိမ့်မည်။
ရန်ကိုင်သည် ထိုကွာခြားချက်ကြီး၏ အလယ်ဗဟိုတွင် ရောက်နေခြင်း ဖြစ်သည်။ ကွာခြားချက်အား အပြည့်အဝ မဖြတ်ကျော်ရသေးချေ။ သို့သော်ငြား သူ့အနေဖြင့် ဧကရာဇ်စိတ်ဆန္ဒကို သိပ်သည်းလိုက်နိုင်သည့် အတွက်ကြောင့် ရန်ကိုင်၏ သစ်သားချောင်းသည် အပေါ်ယံမှ သံဖြင့်အုပ်လိုက်သလို ဖြစ်သွားခဲ့လေသည်။
သို့သော်ငြား သူ၏တကယ့်ခွန်အားမှာတော့ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်လိုက်လျှင် အများကြီး ကွာခြားနေပေးသေးသည်။
သို့သော်ငြား ဤမျှနှင့်ပင် လုံလောက်ပေပြီ။ ဤလောကကြီးတွင် သူမှလွဲ၍ မည်သူကများ တာအိုသခင် ပထမအဆင့်လေးဖြင့် ဧကရာဇ်စိတ်ဆန္ဒကို သိပ်သည်းနိုင်ခဲ့လို့နည်း။ နာမည်ကျော်ကြားလှသော မဟာဧကရာဇ် ဆယ်ဦးပင်လျှင် ထိုကဲ့သို့ မလုပ်နိုင်ခဲ့ပေ။ ဧကရာဇ်စိတ်ဆန္ဒအား သိပ်သည်းနိုင်ခြင်းသည် သူ၏ ကြီးထွားမှုအား သိသိသာသာကို ကူညီပေးနိုင်ပေလိမ့်မည်။
ရန်ကိုင်သည် တိုက်ပွဲအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
အခြားသူများမှာ ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦးကြားရှိ တိုက်ပွဲကို ကြည့်ရင်း သူတို့၏ အမြင်အာရုံနှင့် ဝိဉာဉ်များမှာ ထိခိုက်ရသော်ငြား ရန်ကိုင့်အတွက်မူ လေညင်းတဖြူးဖြူး တိုက်ခတ်နေသလိုသာ ဖြစ်သဖြင့် အရမ်းကြီး အာရုံစိုက်နေစရာ မလိုခဲ့ပေ။
ဧကရာဇ်အဆင့် ပညာရှင်နှစ်ဦး တိုက်ခိုက်ရာမှ ဖြာထွက်လာသော စွမ်းအင်လှိုင်းများကို ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းမှ ချေဖျက်ပေးလိုက်သဖြင့် ရန်ကိုင်လည်း မည်သည့်ဒဏ်ရာကိုမှ မခံစားရတော့ချေ။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့လေသည်။ ပညာရှင်နှစ်ဦးကြားရှိ တိုက်ပွဲကို ကြည့်ရင်း ရန်ကိုင် ရရှိနေသည့် အကျိုးအမြတ်မှာ ပိုပို၍ များပြားလာခဲ့လေသည်။
တိုက်ပွဲသည်လည်း အထွဋ်အထိပ်တစ်ခုသို့ ရောက်လာသည့်အလား ကျိုးထျန်းသည် ချုပ်တည်းမရသည့် ဒေါသဖြင့် မာန်သွင်းအော်ဟစ်နေခဲ့လေသည်။ ရီချွမ်းသည်လည်း ယခင်ကကဲ့သို့ တည်ငြိမ်မနေတော့ပဲ သူ၏ ဓါးရှည်ကို ဝှေ့ယမ်းရင်း ဝိဉာဉ်ပညာရပ်များကို တစ်ခုပြီးတစ်ခု ထုတ်သုံးနေခဲ့လေသည်။
လက်ရှိ ရန်ကိုင်၏ ကျင့်ကြံခြင်းကြောင့် ဤတိုက်ပွဲတွင် မည်သူ အသာရနေသလဲ ဆိုသည်ကို မပြောနိုင်ခဲ့ပေ။ နှစ်ယောက်စလုံးမှာ လက်ရည်တူဖြင့်သာ တိုက်ခိုက်နေကြသည်ဟု မြင်နေရသည်။
သို့သော်ငြား ကျိုးထျန်း၏ ဒေါသတကြီး အော်ဟစ်သံများအရ သူ့အတွက် အခြေအနေ သိပ်မကောင်းတော့သည်ပုံပင်။
သို့သော်ငြား ဤကဲ့သို့ ဖြစ်သည်မှာလည်း သဘာဝသာ ဖြစ်ပေသည်။ အစောပိုင်းက ရန်ကိုင် ကြားခဲ့သည့် စကားအရ ကျိုးထျန်းနှင့် ရီချွမ်းသည် လွန်ခဲ့သော နှစ်နှစ်ထောင်ခန့်က တစ်ကြိမ် တိုက်ခိုက်ခဲ့ပေသည်။ ထိုစဉ်က တိုက်ပွဲတွင် ကျိုးထျန်း ဒဏ်ရာရသွားခဲ့ပြီး ရီချွမ်းမှာမူ ဘာမှ မဖြစ်ခဲ့ပေ။
ယခု နှစ်နှစ်ထောင်ခန့် ကြာပြီးသည့်နောက်တွင် နှစ်ဦးစလုံးမှာ တိုးတက်လာခဲ့ကြသည်။ ရီချွမ်းတွင် ဧကရာဇ်အဆင့် ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုပါ ရှိနေသည့်အတွက်ကြောင့် သူ၏ ခွန်အားမှာ ပို၍ပင် တိုးတက်လာသည်ဟု ပြော၍ရပေသေးသည်။ ထို့အတွက်ကြောင့် ကျိုးထျန်း အောက်စည်းသို့ ရောက်နေသည်မှာ အထူးအဆန်းတေ့ာ မဟုတ်ချေ။
ရီချွမ်းမှ အသာရနေသော်လည်း နောက်ဆုံးတွင် မည်သူနိုင်မလဲဆိုသည်မှာတော့ ပြောရခက်ပေလိမ့်မည်။ ဤအတိုင်းသာ အနိုင်အရှုံးပေါ်သည်အထိ ဆက်တိုက်ခိုက်နေမည်ဆိုပါက လဝက်မှ တစ်လခန့်အထိ ကြာမြင့်သွားနိုင်လိမ့်မည်ဟု ရန်ကိုင် ခန့်မှန်းမိပေသည်။
သို့သော်ငြား တိုက်ပွဲ ပိုကြာလေ ရန်ကိုင် ပိုပျော်လေပင်။ ပညာရှင်နှစ်ဦး၏ တိုက်ပွဲကို ပိုကြာကြာကြည့်လေ သူ့အတွက် ပိုအကျိုးအမြတ် ရှိလာလေပင် မဟုတ်လေလော။
သို့သော်ငြား ထိုအခိုက်အတန့်မှာပင် ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ပုံမှန်မဟုတ်သည့် စွမ်းအင်လှိုင်းတစ်ရပ်ကို ရန်ကိုင် ရုတ်တရက် အာရုံခံမိလိုက်လေသည်။
ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး ပိုင်လုနှင့် ယွမ်ဖေးတို့နှစ်ယောက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြား သူတို့နှစ်ဦးစလုံးမှာတော့ ထိုစွမ်းအင်လှိုင်းကို အာရုံမခံမိသည့် ပုံစံဖြင့်သာ ရှိနေကြလေ၏။
ပိုင်လုနှင့် ယွမ်ဖေးတို့ နှစ်ဦးစလုံး ဘာဆိုဘာမှ မတုံ့ပြန်သည့် အတွက်ကြောင့် သူအထင်မှားနေခြင်း ဖြစ်သည်ဟုသာ ရန်ကိုင် ထင်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် တိုက်ပွဲအား ဆက်ကြည့်တော့မည်အပြု ရန်ကိုင်သည် တစ်ခုခုအား နားလည်သွားခဲ့ပြီး အလျင်စလို လှမ်းအော်ဟစ်လိုက်လေ၏။ “စီနီယာ သတိထား…”
သူပြောလို့ မပီးသေးခင်မှာပင် ပုံရိပ်တစ်ခုသည် တိုက်ပွဲအလယ်၌ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုပုံရိပ်တစ်ခုလုံးကို အနက်ရောင်ဝတ်ရုံဖြင့် လွှမ်းခြုံထားသည့် အတွက်ကြောင့် ပေါ်လာသည့်လူမှာ ယောကျ်ားလား မိန်းမလား ဆိုသည်အား ပြောရခက်လှ၏။
ထို့အပြင် ထိုလူသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသော မျက်နှာဖုံးတစ်ခုကိုလည်း ဝတ်ဆင်ထားသေး၏။
ထိုလူသည် ရုတ်တရက် သတိမပေးဘဲ ပေါ်လာခြင်း ဖြစ်သည်။ ရီချွမ်းနှင့် ကျိုးထျန်းသည်ပင်လျှင် ထိုလူရောက်နေသည်ကို သတိမပြုမိခဲ့ပေ။ လေဟာာနယ်တာအိုအား အဆင့်မြင့်မြင့် ကျွမ်းကျင်ထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည်လည်း ထိုလူအား သတိပြုမိလိမ့်မည်မဟုတ်။
တစ်ဖက်လူသည် တိုးတိုးတိတ်တိတ်ဖြင့် လှုပ်ရှားခဲ့သော်ငြား လေဟာနယ်တာအိုအား အဆင့်မြင့်မြင့် ကျွမ်းကျင်ထားသည့် အတွက်ကြောင့် ဟင်းလင်းပြင်စွမ်းအင်လှိုင်းများကို အာရုံခံကာ ရန်ကိုင်သည် တစ်ဖက်လူ ရောက်နေကြောင်းကို သတိပြုမိနိုင်ခဲ့ပေသည်။
သို့သော်ငြား သူသတိပေးလိုက်သည်မှာ နောက်ကျသွားခဲ့လေ၏။ ထိုလူသည် ရီချွမ်း၏ဘေးတွင် ရုတ်တရက် ပေါ်လာပြီး ရီချွမ်းအား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
ရီချွမ်း၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့ဓါးရှည်ကို ပြန်ရုတ်ကာ တိုးဝင်လာနေသည့် လက်ဝါးချက်ဆီသို့ ဓါးဖြင့် ပြန်ထိုးချလိုက်လေသည်။ အချိန်မီပြန်လည် တုံ့ပြန်လိုက်နိုင်သည့်အတွက်ကြောင့် မျက်နှာဖုံးဝတ်လူ၏ လက်ဝါးချက်ကို ရီချွမ်း အချိန်မီခုခံ သွားနိုင်ခဲ့သည်။
သို့သော်ငြား ကျိုးထျန်းသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူ၏ လှံပုဆိန်ဖြင့် ရီချွမ်း၏ ညာဘက်ပုခုံးတည့်တည့်ဆီသို့ ထိုးချလိုက်လေသည်။
“အား…” ရီချွမ်းသည် နာကျင်စွာ ညီးတွားလျက် နောက်သို့ ဆုတ်သွားခဲ့လေသည်။ အခြေငြိမ်ငြိမ် ပြန်ရပ်လိုက်နိုင်ပြီးသည့်နောက် သူ့လက်တစ်ဖက်ဖြင့် ပုခုံးကို ကိုင်ကာ ဒဏ်ရာအား ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
သို့သော်ငြား သူ့အနေဖြင့် ကျိုးထျန်း၏ တိုက်ကွက်ကို မည်ကဲ့သို့များ အလွယ်တကူ ဟန့်တားနိုင်ပါမည်နည်း။ ကျိုးထျန်း၏ တိုက်ကွက်ကြောင့် ရီချွမ်းမှာ ဒဏ်ရာရသွားခဲ့ပြီး စိတ်စွမ်းအင်များသည် ထိုဒဏ်ရာမှတစ်ဆင့် အပြင်သို့ စီးထွက်ကုန်ကြလေသည်။
ထိုအချင်းအရာကို မြင်သော် ပိုင်လု၊ ယွမ်ဖေးနှင့် အခြားသော မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကာ အလန့်တကြား ထအော်ကုန်ကြလေ၏။ အကုန်လုံးသည် ရီချွမ်းအား သွားရောက်ကူညီပေးရန် လုပ်လိုက်ကြလေသည်။
သို့သော်ငြား ရီချွမ်းကမူ လက်ထောင်ကာ သူတို့အား တားထားလိုက်လေ၏။ မှုန်ကုပ်ကုပ် အမူအယာဖြင့် ရုတ်တရက် ပေါ်လာသော မျက်နှာဖုံးဝတ်လူအား စိုက်ကြည့်လိုက်လေသည်။
ကျိုးထျန်းသည်လည်း မျက်နှာဖုံးနှင့်လူ ပေါ်လာလိမ့်မည်ဟု ထင်မထားသည့်ပုံပင်။ ဤလူ ပေါ်လာသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် ရီချွမ်းအား ဤကဲ့သို့ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ဤကိစ္စနှင့် ပတ်သက်၍ ကျိုးထျန်းမှာ ပျော်မနေခဲ့ပေ။ မျက်နှာဖုံးဝတ်လူ၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် သူ့တိုက်ပွဲမှာ ပျက်စီးသွားသလို ခံစားလိုက်ရသည်။ သို့တိုင် အထွန့်မတက်ရဲခဲ့ပဲ လက်သီးဆုပ်၍သာ ပြန်ပြောလိုက်လေသည်။ “အရှင်မင်းမြတ် ဘာလို့ ရောက်လာတာလဲ…”
“မင်းကို ကူညီဖို့လေ…” မျက်နှာဖုံးဝတ်လူသည် ခြောက်ကပ်ကပ်လေသံဖြင့် ပြန်ပြောလိုက်လေသည်။
“ဒါပေမဲ့ လက်အောက်ငယ်သား…” ကျိုးထျန်းကတော့ ပြန်ပြောချင်နေသေးသည့်ပုံပင်။
မျက်နှာဖုံးဝတ်လူက ဖြတ်ပြောလိုက်လေ၏။ “ဘာမှဆက်ပြောနေစရာ မလိုတော့ဘူး… သူ့ကို နန်းတော်ဆီခေါ်သွားလိုက်… ငါဒီက ကိစ္စကို တာဝန်ယူလိုက်မယ်…”
အရှင်မင်းမြတ်က ဤကဲ့သို့ ပြောလာသည့်အတွက်ကြောင့် ကျိုးထျန်းမှာလည်း ဘာမှ ပြန်မပြောနိုင်တော့ဘဲ အံကြိတ်၍သာ အော်ပြောလိုက်လေ၏။ “ဟုတ်ကဲ့ပါ…”
ထို့နောက် ရီချွမ်းအား ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်ပြီး ရန်ကိုင့်ဆီသို့ ပြေးဝင်သွားလေသည်။
ရီချွမ်းမှာ ရန်ကိုင့်အား သွားမကူညီနိုင်သဖြင့် လှမ်း၍သာ အော်ပြောရတော့သည်။ “ပြေးပေတော့…”
ရန်ကိုင်လည်း နှေးမနေခဲ့ပေ။ အခြေအနေ ပြောင်းလဲမှုများမှာ အလွန်တရာကိုမှ မြန်ဆန်လှသော်ငြား အကြောင်းစုံကို ရန်ကိုင်သည် အချိန်တိုအတွင်း နားလည်သွားခဲ့လေသည်။
မျက်နှာဖုံးဝတ်လူသည် ကပ်ဘေးကြယ်အား ဖမ်းဆီးရန် အမိန့်ပေးခဲ့သော ကျိုးထျန်း၏ ဆရာသာ ဖြစ်လေသည်။ ကျိုးထျန်း၏ ဆရာဖြစ်သည့် အလျောက် ထိုလူသည် ကျိန်းသေကို ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်ရပေလိမ့်မည်။
ထို့အပြင် တိုက်ပွဲ၌ မည်သူမှ မသိအောင် ပေါ်လာပြီး ရီချွမ်းအား အလစ်ချောင်း တိုက်ခိုက်သွားခဲ့သည့်ပုံကို ကြည့်ရသလောက် သူ၏ ခွန်အားမှာ ရီချွမ်းထက်ပင် ပိုမြင့်မားသည့်ပုံပင်။
ထိုလူမှ ရီချွမ်းအား ထိန်းထားမည်ဆိုပါက ကျိုးထျန်းအား ယှဉ်နိုင်သည့်လူ ရှိတော့လိမ့်မည် မဟုတ်ပေ။ ထိုသို့ ဖြစ်လေရာ ရန်ကိုင့်အနေဖြင့် မည်သို့များ တုံ့ဆိုင်းနေနိုင်ပါဦးမည်နည်း။ ရီချွမ်းမှ ပြေး ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် မီတာတစ်ထောင်အကွာသို့ တမုဟုတ်ချည်း တည်နေရာခုန်ကူးသွားခဲ့လေသည်။
ဤအခြေအနေသို့ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် သူ၏ ဝှက်ဖဲများကို ထုတ်သုံးရတော့လေသည်။ ဧကရာဇ်တတိယအဆင့် ဖြစ်သော ကျိုးထျန်းလက်မှ ထွက်ပြေးလွတ်မြောက်ရန် အတွက် လေဟာနယ်စွမ်းအားကို ထုတ်သုံးရုံမှအပ အခြားသော နည်းလမ်းများကို ရန်ကိုင် မစဉ်းစားတတ်တော့ချေ။
ရန်ကိုင် ထွက်ပြေးနေစဉ် အတောအတွင်း ပိုင်လုနှင့် ယွမ်ဖေးသည် ဘေးချင်းယှဉ်ရပ်၍ ကျိုးထျန်းအား တားဆီးထားရန် ကြိုးစားလိုက်လေသည်။
ကျိုးထျန်း တိုးဝင်လာသည်ကို မြင်သော် ပညာရှင်နှစ်ဦးစလုံးသည် မာန်သွင်းအော်ဟစ်၍ သားရဲအသွင်သို့ ပြောင်းလိုက်ကြလေ၏။
ထို့နောက်တွင် ယွမ်ဖေးသည် ကျိုးထျန်းဆီသို့ ပထမဦးဆုံး ပြေးဝင်သွားခဲ့လေသည်။ ပိုင်လုသည်လည်း အဖြူရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်လေသည်။ သူမမည်ကဲ့သို့သော ပညာရပ်အား ထုတ်သုံးနေသလဲ ဆိုသည်ကို မသိရသော်ငြား သူမ၏ အဖြူရောင်အလင်းတန်းသည် မိုင်သုံးဆယ်ပတ်လည်အား အပြည့်အဝ ဖုံးလွှမ်းသွားခဲ့လေ၏။
“ငါ့လမ်းကို တားတဲ့သူ မှန်သမျှ သေရမယ်…” ကျိုးထျန်းသည် ဒေါသတကြီး အော်ဟစ်ရင်း လှံပုဆိန်အား လွှဲယမ်းလိုက်လေသည်။
“ဖုန်း…” ကျိုးထျန်း၏ တိုက်ခိုက်မှုကြောင့် ယွမ်ဖေးသည် ကျိုးထျန်းအနားသို့ မကပ်နိုင်သေးခင်မှာပင် အမှောက်သိပ်ခံလိုက်ရလေသည်။ သူတို့နှစ်ဦးသားကြားရှိ ခွန်အားကွာခြားချက်မှာ အလွန်တရာကိုမှ ကြီးမားလွန်းလှသည်။ ယွမ်ဖေးအနေဖြင့် ကျိုးထျန်း၏ ပြိုင်ဘက် မည်သို့မှ မဖြစ်နိုင်ပေ။
ကျိုးထျန်းမှ သူ့လှံပုဆိန်အား နောက်တစ်ကြိမ် လွှဲယမ်းလိုက်ချိန် ပိုင်လုမှ ဖန်တီးထားသည့် အဖြူရောင်အလင်းမှာ တမုဟုတ်ချည်း ပျက်စီးသွားခဲ့ရလေသည်။ ပိုင်လု၏ ခန္ဓာကိုယ်လည်း ပြန်ပေါ်လာခဲ့လေ၏။ သို့သော်ငြား သူမခန္ဓာကိုယ်အား လွှမ်းခြုံထားသော အလင်းမှာ သိသိသာသာကို မှိန်ကျနေတော့လေသည်။
ကျိုးထျန်းသည် အလင်းတန်းအသွင်သို့ ပြောင်းလျက် ပိုင်လုနှင့် ယွမ်ဖေးတို့အား ဂရုစိုက်မနေတော့ဘဲ ရန်ကိုင့်နောက်သို့သာ ပြေးလိုက်သွားလေသည်။
“မြန်လိုက်တာ…” ထွက်ပြေးနေသည့် ရန်ကိုင့်ကို ကြည့်ရင်း ကျိုးထျန်းက အံ့အားသင့်နေသည့် လေသံဖြင့် ဆိုလိုက်သည်။
သူထင်ထားသည်မှာ သူနှင့် ရန်ကိုင်ကြားရှိ ခွန်အားကွာခြားချက်အရ ရန်ကိုင့်အား အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား ယခုမှသာ တာအိုသခင် တတိယအဆင့် ကောင်လေးတွင် ဆန်းကြယ်နက်နဲသည့် လှုပ်ရှားမှုပညာရပ်တစ်ခုခု ရှိနေကြောင်း သိလိုက်ရလေ၏။
ထိုကောင်လေးသည် သူ့လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ကို လျစ်လျူရှု၍ တစ်နေရာမှ တစ်နေရာသို့ တမုဟုတ်ချည်း ခုန်ကျော်သွားလာနိုင်ပေသည်။
ယွမ်ဖေးနှင့် ပိုင်လုမှာ သူ့အတွက် အချိန်အနည်းငယ်လောက်သာ ဆွဲထားပေးလိုက်နိုင်သော်ငြား ထိုအချိန်အတောအတွင်း ရန်ကိုင်မှာမူ ကျိုးထျန်း၏ ကောင်းကင်စိတ်အာရုံ ထောက်လှမ်းနိုင်သည့် စက်ကွင်းအတွင်းမှ လွတ်မြောက်ခါနီး ဖြစ်သွားခဲ့လေသည်။
“စိတ်ဝင်စားစရာပဲ…” ကျိုးထျန်းသည် အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့ရင်း အရှိန်တင်လိုက်လေသည်။
အခြားတစ်ဖက်တွင်မူ ကျိုးထျန်းနှင့်အတူ ရောက်လာခဲ့သော လျန်းရန်သည် အခြေအနေ မကောင်းတော့သည်ကို မြင်သော် အကုန်လုံးထိတ်လန့်နေစဉ် အတောအတွင်း ကောင်းကင်မွန်းစတား တောင်ကြားထဲမှ ဘယ်သူမှ မသိအောင် ထွက်ပြေးသွားခဲ့လေသည်။
လေဟာနယ် စွမ်းအားကိုသုံး၍ အဆက်မပြတ် ထွက်ပြေးလာခဲ့ရာ ရန်ကိုင်သည် ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။
သို့သော်ငြား ထွက်ပြေးရာတွင် တသမတ်တည်း ထွက်မပြေးရဲခဲ့ပေ။ ဟိုကွေ့ဒီကွေ့ ပတ်သွားရင်း ကျိုးထျန်းအား ခြေရာဖျောက်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။
သို့သော်ငြား သူမည်သို့ပင် ကြိုးစားနေစေကာမူ အချည်းအနှီးပင်။ သူမည်မျှ မြန်အောင် လှုပ်ရှားနေစေကာမူ ကျိုးထျန်း၏ ကောင်းကင်စိတ်အာရုံသည် သူ့အား အပြည့်အဝ အာရုံခံမိနေသေး၏။
လှည့်မကြည့်ဘဲနှင့်ပင်ဖြင့်ပင်လျှင် ကျိုးထျန်း၏ ကောင်းကင်စိတ်အာရုံ သူ့ခန္ဓာကိုယ်ပေါ် အပြည့်အဝ လွှမ်းခြုံထားကြောင်းကို ရန်ကိုင် အတိုင်းသား ခံစားနေရသည်။
ယခုမှသာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ရန်ကိုင် နားလည်သွားတော့လေသည်။
သူနှင့် ကျိုးထျန်းကြားရှိ ခွန်အားကွာခြားချက်မှာ အလွန်တရာကိုမှ ကြီးမားလွန်းနေသဖြင့် ရန်ကိုင်သည် လေဟာနယ် နိယာမစွမ်းအားကို တတ်ကျွမ်းထားသည့်တိုင် ကျိုးထျန်းလက်မှ လွတ်မြောက်အောင် ထွက်မပြေးနိုင်ခဲ့ပေ။ သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်းချင်း ကျဉ်းမြောင်းလာခဲ့လေသည်။
ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကိုင်သည် တုန်လှုပ်ခြောက်ခြားမှုကို စတင် ခံစားလာရလေတော့သည်။ သူ့အနေဖြင့် လေဟာနယ်နိယာမစွမ်းအားကိုသုံး၍ ကျိုးထျန်းလက်မှ ထွက်ပြေးနိုင်မည်ဆိုလျှင်ပင် မည်သည့်နေရာသို့ ထွက်ပြေးရမှန်း မသိချေ။
ဝိဉာဉ်ဝါးမျို အင်းစက်များမှာ လုံလောက်အောင် အားကောင်းခြင်း မရှိသေးသည့်အတွက်ကြောင့် လက်ရှိအခြေအနေ၌ သူ့အား ကူညီပေးနိုင်လိမ့်မည်မဟုတ်။ ရီချွမ်းကိုယ်တိုင်ပင်လျှင် ဝိဉာဉ်ဝါးမျိုအင်းစက်များကို ဖိနှိပ်ပြသွားသည် မဟုတ်ပေလော။
ကျိုးထျန်းသည် ရီချွမ်းနှင့် အဆင့်တူ ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရီချွမ်းလုပ်သကဲ့သို့ ဝိဉာဉ်ဝါးမျို အင်းစက်များကို ဖိနှိပ်နိုင်ပေလိမ့်မည်။
သူ့အနေဖြင့် ဝိဉာဉ်ခွဲဆေဘာဓါးအပေါ် အနည်းငယ် အားကိုး၍ ရသော်ငြား ထိုအရာနှင့် ပတ်သက်၍လည်း မျှော်လင့်ချက် သိပ်မရှိပေ။ ရန်ကိုင့်အနေဖြင့် ထိုဝိဉာဉ်ခွဲဆေဘာဓါးအား အပြည့်အဝ မသန့်စင်ရသေးသည့် အတွက်ကြောင့် ထိုဓါး၏ စွမ်းအားအကုန်အစင်ကို ထုတ်မသုံးနိုင်သေးချေ။
ထိုဝိဉာဉ်ခွဲဆေဘာဓါးကိုသုံး၍ ပန်ချင်းအား ထိခိုက်အောင် လုပ်နိုင်ရန်အတွက်ပင် ရန်ကိုင့်အဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ ဧကရာဇ်တတိယအဆင့် ဖြစ်နေသော ကျိုးထျန်းကို ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။
သူ့တွင် မည်သည့် အခွင့်အလမ်းမှ ရှိမနေမှန်း ရန်ကိုင် ရုတ်ချည်း သဘောပေါက်သွားခဲ့သည်။ ကြည့်ရသလောက် မတိုက်ခိုက်ပဲ လက်လျှော့ရုံသာ ရှိတော့သည့်ပုံပင်။
သူ့စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးနေစဉ် သူ့နောက်မှ လိုက်လာနေသော ကျိုးထျန်းသည် ရန်ကိုင်နှင့် မိုင်သုံးဆယ်အကွာအတွင်းသို့ ရောက်လာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် သူ့နောက်ဘက်ဆီမှ ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် တိုးဝင်လာနေသည့် စွမ်းအားတစ်ရပ်ကို ရန်ကိုင် ခံစားမိလိုက်လေသည်။ နောက်လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့လေသည်။
အကြောင်းမှာ ကျိုးထျန်းမှ သူ၏ လှံပုဆိန်အား ရန်ကိုင့်တည့်တည့်သို့ ပစ်လွှတ်လိုက်သည့် အတွက်ကြောင့်ပင်လျှင် ဖြစ်လေသည်။
ထိုတိုက်ခိုက်မှု မည်မျှ အားကောင်းသလဲ ဆိုသည်ကို မသိသော်ငြား ရန်ကိုင်ကမူ လုံးဝကို ထိပ်တိုက်မရင်ဆိုင်ရဲချေ။ ထို့အတွက်ကြောင့် ရှောင်တိမ်းရန်သာ ကြိုးစားလိုက်လေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၃၂)
“ဝှစ် ဝှစ် ဝှစ်…”
ရန်ကိုင်သည် ဟိုမှသည်သို့ ပြေးလိုက် သည်မှဟိုသို့ ပြေးလိုက် လုပ်နေခဲ့သည်။ လေဟာနယ်စွမ်းအင်ကို ထုတ်သုံးနေသည့် အတွက်ကြောင့် ရန်ကိုင်သည် ပေါ်ချင်သည့် နေရာတွင် ပေါ်လာနေတော့လေသည်။
ထိုသို့ပင်လျှင် သူ့နောက်သို့ တရစပ် လိုက်ပါလာနေသော လှံပုဆိန်အား မျက်ခြေမဖြတ်နိုင်ခဲ့ပေ။
လှံပုဆိန်သည် ရန်ကိုင့်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေခဲ့လေသည်။ နောက်ဆုံး ပြေးမလွတ်နိုင်သည့် အဆုံးတွင် ရန်ကိုင်သည် စိတ်စွမ်းအင်ကို သုံး၍ ပြန်လည် တိုက်ခိုက်ရတော့လေသည်။
“ဘုန်း…”
ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်၏ တိုက်ကွက်သည် လှံပုဆိန်အား အနည်းငယ်မျှပင် နှေးမသွားစေခဲ့ချေ။
ချက်ချင်းဆိုသလို လှံပုဆိန်သည် ရန်ကိုင်၏ ခန္ဓာကိုယ်ဆီမှ မလှမ်းမကမ်းရှိ မြေပြင်အား သွားရောက်ထိမှန်လေသည်။ လှံပုဆိန်နှင့် မြေပြင် ထိမှန်ရာ အရပ်ဆီမှ ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းတွင် ဆယ်မိုင်ပတ်ပတ်လည်အနှံ့ မမြင်နိုင်သော ဖိအားတစ်ရပ်လည်း ဖြာထွက်လာခဲ့လေ။ ထိုဖိအားသည် အလွန်တရာကိုမှ အားကောင်းလှလေရာ ထိုဖိအားအောက်တွင် ရန်ကိုင့်အဖို့ လက်တစ်ချောင်းကိုပင်လျှင် မလှုပ်ရှားနိုင်တော့လေအောင် ဖြစ်သွားခဲ့ရလေသည်။ တည်နေရာခုန်ကူးဖို့ရာ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။ သူ့အတွေးများပင်လျှင် နှေးကွေးသွားကုန်ရ၏။
ကျိုးထျန်း၏ ခန္ဓာကိုယ်ကြီး သူ့ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေသည်ကို ရန်ကိုင် အတိုင်းသား မြင်နေရသည်။
တစ်ခဏအတွင်း ကျိုးထျန်းသည် ရန်ကိုင့်ရှေ့သို့ ရောက်လာပြီး သူ့အား အထင်အမြင်တသေးဖြင့် ငုံ့ကြည့်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။ “မင်းက တကယ်အပြေးသန်တာပဲ ကောင်လေးရဲ့… ဒါပေမဲ့ မင်း ဘယ်လောက် အပြေးသန်သန် ငါ့လက်ကလွတ်မှာမဟုတ်ဘူး…”
ပြောပြီးသည့်နောက်တွင် ရန်ကိုင့်ဆီသို့ စွမ်းအင်တန်းတစ်ခု ပစ်လွှတ်လိုက်လေသည်။ ထိုစွမ်းအင်တန်း၏ ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် သူ့ကိုယ်ထဲရှိစွမ်းအား ချိတ်ပိတ်ခြင်း ခံလိုက်ရကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရသည်။
ရန်ကိုင် မျက်နှာပျက်သွားခဲ့လေ၏။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ လက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်မှန်း သိထားသော်ငြား ယခုကဲ့သို့ ကိုယ်တိုင်အဖမ်းခံလိုက်ရသည့် အခါမှသာလျှင် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးနှင့် ယှဉ်လိုက်သော် သူမည်မျှ သေးနုပ်ကြောင်းကို ရန်ကိုင် နားလည်သွားတော့လေသည်။
လေဟာနယ်စွမ်းအင်အား ကျွမ်းကျင်ထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် ချက်ချင်းကို အဖမ်းခံလိုက်ရပေလိမ့်မည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည် သူ့လက်ရှိခွန်အားဖြင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် အဆင့်မျိုး မဟုတ်ချေ။
ကျိုးထျန်းမှာ သူ့လက်အား ဆန့်ထုတ်လိုက်သည့်အခါ မြေကြီးထဲသို့ စိုက်ဝင်သွားသော လှံပုဆိန်သည် သူ့လက်ထဲသို့ ပြန်လည် ပျံသန်း ဝင်ရောက်လာပြီး သူ့ကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
ထို့နောက်တွင် ကျိုးထျန်းသည် ကောင်းကင်မွန်းစတား တောင်ကြားဆီသို့ လှမ်းကြည့်လိုက်လေ၏။ တခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးသည့်နောက်တွင် နောင်တရနေသည့် အမူအယာဖြင့် သက်ပြင်းတစ်ချက် ချလျက် ရန်ကိုင့်ကို ဆွဲခေါ်ကာ ကောင်းကင်မွန်းစတား တောင်ဆီမှ ပြန်လည် ထွက်ခွာလာခဲ့လေသည်။
အရှင်မင်းမြတ်ကိုယ်တိုင် လှုပ်ရှားလာပြီ ဖြစ်သည့်အတွက်ကြောင့် ရီချွမ်း သူ့နောက်သို့ လိုက်လာနိုင်တော့လိမ့်မည် မဟုတ်မှန်း ကျိုးထျန်း သိနေသည်။ ဤအရှင်မင်းမြတ်၏ စွမ်းအားကို သူ့နောက်သို့ နှစ်ပေါင်းများစွာကြာအောင် လိုက်လာခဲ့သော သူပင်လျှင် အပြည့်အဝ နားမလည်နိုင်သေးပေ။
ဖြစ်သာဖြစ်နိုင်လျှင်တော့ ရီချွမ်းအား အနိုင်တိုက်နိုင်ရန် ကျိုးထျန်း မျှော်လင့်မိနေသည်။ သို့သော်ငြား ယခုအချိန်တွင်တော့ ဖြစ်နိုင်တော့လိမ့်မည် မဟုတ်လောက်ချေ။
သို့ရာတွင် ကျိုးထျန်းအား ပိုပြီး စိတ်ဝင်စားစေသည့် အချက်မှာ ရန်ကိုင်ဆိုသည့် ကောင်လေးပင်။ ဤရန်ကိုင်ဆိုသည့် ကောင်လေးသည် မည်ကဲ့သို့သော လျှို့ဝှက်ချက်အား ပိုင်ဆိုင်နေ၍များ သူတို့၏ အရှင်မင်းမြတ်ကိုယ်တိုင်ပင်လျှင် နန်းတော်ထဲမှ ထွက်၍ လှုပ်ရှားလာရသနည်း။
ဤရန်ကိုင်ဆိုသည့် ကောင်လေးအား သူမည်သို့ပင် စစ်ဆေးကြည့်စေကာမူ ဤကောင်လေးသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးမှလွဲ၍ ဘာဆိုဘာမျှ မဟုတ်ချေ။ ဤကောင်လေးနှင့်ပတ်သက်၍ ထူးခြားသည့် အချက်ဆို၍ သူ၏ ထွက်ပြေးသည့် နည်းစနစ်သာ ရှိသည်။
ဤနေရာသို့ သူကိုယ်တိုင်သာ မလာခဲ့ပဲ လျန်းရန်ကိုသာ တာဝန်ပေးခဲ့မည်ဆိုပါက ဤကောင် ကျိန်းသေ လွတ်သွားလောက်ပေပြီ။
“ဟေ့ကောင်… အရှင်မင်းမြတ် မင်းဆီက ဘာလိုချင်နေလဲ ဆိုတာကို သိလား…” ကျိုးထျန်းက ရုတ်တရက် မေးလိုက်လေသည်။
မှုန်ကုပ်ကုပ်ဖြစ်နေသော ရန်ကိုင်သည် စိတ်ပျက်ပျက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါကို ကျုပ်က မေးရမှာ မဟုတ်ဘူးလား…”
သို့သော်ငြား ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ရန်ကိုင့်တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး နာကျင်မှုကြောင့် သူ့မျက်နှာကြီး ရှုံ့မဲ့သွားခဲ့လေသည်။
ရန်ကိုင့်၏ ပမာမခန့် အမူအယာကို မကျေနပ်သည့် အတွက်ကြောင့် ကျိုးထျန်းသည် ရန်ကိုင့်အား သင်ခန်းစာ ပေးလိုက်ခြင်း ဖြစ်လေသည်။
အခြေအနေ အချိန်အခါ လိုက်၍ ပြုမူရမည်ဖြစ်ကြောင်းကို နားလည်သွားသည့် နောက်တွင် ရန်ကိုင်လည်း မာနတစ်ခွဲသား မလုပ်ရဲတော့ဘဲ ပြန်၍သာ ပြောလိုက်လေ၏။ “စီနီယာတို့ လူမှားနေတာများ မဟုတ်ဘူးလား… စီနီယာတို့ ကပ်ဘေးကြယ်ကို ရှာနေမှန်း ကျုပ်သိတယ်… ဒါပေမဲ့ သေချာကြည့်ကြည့်ပါဦး ကျုပ်က ကပ်ဘေးကြယ်နဲ့ တူလို့လား…”
“ငါ့တာဝန်က လူတွေကို ဖမ်းခေါ်လာဖို့ပဲ… ကျန်တဲ့ကိစ္စတွေက ငါနဲ့မဆိုင်ဘူး…” ကျိုးထျန်းက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်ပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ “ငါမင်းကို မေးဦးမယ်… မင်း ပန်ချင်းနဲ့ တွေ့ခဲ့တယ်မလား… သူ အခု ဘယ်ရောက်နေတာလဲ…”
“ပန်ချင်း… ဟို ခပ်ပုပုနဲ့ ကောင်ကို ပြောတာလား…” ရန်ကိုင်က ရွှီရှောင်ဇာတ်လမ်းတစ်ပုဒ် ထွင်၍ ပြန်ပြောလိုက်လေသည်။ “သူက မွန်းစတားမျိုးနွယ်စုက ပညာရှင်တစ်ယောက် သတ်လို့ သေသွားပြီလေ…”
ထိုစကားကို ကြားသည့်အခါ ကျိုးထျန်း၏ မျက်လုံးထဲ အေးစက်စက်အလင်းတို့ ဖြတ်ပြေးသွားခဲ့ပြီး သတ်ဖြတ်လိုစိတ်တို့ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့လေသည်။ ထိုသတ်ဖြတ်လိုစိတ်ကြောင့် ရန်ကိုင့်တစ်ကိုယ်လုံး တုန်ရီသွားခဲ့လေ၏။
သို့သော်ငြား မကြာခင် သူ၏ သတ်ဖြတ်လိုစိတ်အား ပြန်ရုတ်သိမ်းလျက် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်လေ၏။ “ဒီအကြွေးကိုတော့ တစ်နေ့ကြမှ စာရင်းရှင်းကြရတာပေါ့ကွာ…”
ဤကိစ္စနှင့် ပတ်သက်၍ ရန်ကိုင့်အား ဆက်၍ မေးမနေခဲ့ပေ။ ရန်ကိုင် ပန်ချင်းအား သတ်လိုက်သည်ဟုလည်း သူမထင်။ ထိုသို့မှ မဖြစ်နိုင်လေပဲ။ မွန်းစတားမျိုးနွယ်စုမှ ပညာရှင်တစ်ဦးသာ ပန်ချင်းအား သတ်နိုင်ပေလိမ့်မည်။
တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ကျိုးထျန်းသည် သူစခန်းချရာ နေရာဆီသို့ ရန်ကိုင့်အား ခေါ်လာခဲ့လေသည်။
လက်ရှိအချိန်တွင် ကျိုးထျန်းနှင့်အတူ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲသို့ ဝင်လာသည့် ပညာရှင်အားလုံး ဤနေရာ၌ စုဝေးနေကြလေ၏။
ယုမန်၊ ယွမ်ချင်းနှင့် အစောပိုင်းက ကောင်းကင်မွန်းစတား တောင်ကြားမှ ထွက်ပြေးလာခဲ့သော လျန်းရန်ပင်လျှင် ဤနေရာ၌ ရှိနေကြ၏။ ပန်ချင်းတစ်ယောက်သည်သာ ရှိမနေခြင်း ဖြစ်လေသည်။
ထိုလူများ၏ ဘေးဘက်တွင်မူ ကူကယ်ရာမဲ့၍ စိတ်ဓာတ်ကျနေသော အဖမ်းခံထားရသည့် လူတစ်အုပ် ရှိနေခဲ့လေ၏။
ကျိုးထျန်း ပြန်ရောက်လာသည်ကို မြင်သည့်အခါ အကုန်လုံး အလျင်အမြန် အလေးပြုလိုက်ကြလေသည်။
“အကုန်လုံးကို နန်းတော်ဆီ ပြန်ခေါ်သွားလိုက်ကြတော့…” ထိုသို့ အမိန့်ပေးပြီးသည့်နောက်တွင် ကျိုးထျန်းသည် ရန်ကိုင့်အား ဖမ်းခေါ်ထားခံရသည့် လူအုပ်ကြီးဆီသို့ လှမ်းပစ်လိုက်လေ၏။
ချန်းမုကျီသည် ရန်ကိုင် မြေပြင်ပေါ်သို့ ပြုတ်မကျစေရန် သူ့လက်ဖြင့် လှမ်းထူမ ပေးထားလိုက်သည်။ ထို့နောက် အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။
လှည့်ပတ်ကြည့်လိုက်သည့်နောက်တွင် နေမင်းပြာကျောင်းတော်မှ ညီအစ်ကိုရောင်းရင်း အားလုံးကို ရန်ကိုင် တွေ့လိုက်ရလေသည်။
အကြည့်ချင်း ဆုံသွားလိုက်ပြီးသည့်နောက် အကုန်လုံး ခါးသက်စွာ ရယ်မောမိလိုက်ကြသည်။ ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲသို့ ဝင်လာပြီးချင်း တစ်လအတွင်းမှာပင် ဤကဲ့သို့ အဖမ်းခံရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ကျိုးထျန်းတို့အဖွဲ့သည် အလျင်အမြန် စတင် လှုပ်ရှားကြတော့လေသည်။
လမ်းတစ်လျှောက်တွင် ရန်ကိုင်တို့သည် စကားတစ်ခွန်းမှ မပြောပဲ တိတ်တိတ်သာ နေခဲ့ကြသည်။
ယခုအချိန်ထိတိုင် သူနှင့် အခြားသူများ ဘာကြောင့် အဖမ်းခံရသလဲ ကပ်ဘေးကြယ်ဆိုသည်မှာ ဘာလဲ ဆိုသည်ကို သူ နားမလည်သေးချေ။
သို့သော်ငြား ဤကိစ္စမှာ အလွန်ကိုမှ ကြီးမားသည့် ကိစ္စတစ်ရပ်မှန်း ရန်ကိုင် သိနေခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ကျိုးထျန်း၏ သခင်ဖြစ်သော အရှင်မင်းမြတ်ကိုယ်တိုင်ပင်လျှင် ရောက်လာလိမ့်မည် မဟုတ်ပေ။ အရှုပ်အထွေးကိစ္စကြီး တစ်ရပ်ထဲသို့ ဆွဲခေါ်ခံလိုက်ရပြီမှန်း ရန်ကိုင် နားလည်လိုက်ပေသည်။
တစ်ရက်ခန့် ကြာပြီးသည့်နောက်တွင်…
ကောင်းကင်မွန်းစတား တောင်ကြား၌ ရီချွမ်းသည် တင်ပလင်ခွေထိုင်လျက် သူ၏ ဒဏ်ရာများကို ကုစားနေခဲ့သည်။ နာကျင်မှုကြောင့် သူ့မျက်နှာမှာ မသိမသာလေး ရှုံ့မဲ့နေခဲ့လေသည်။
အခြားသော မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များသည် သူ့အနားတွင် ရပ်လျက် ရီချွမ်းအား စိုးရိမ်တကြီး အမူအယာများဖြင့် ကြည့်နေကြလေ၏။
ယမန်နေ့က ရီချွမ်းသည် ကျိုးထျန်းနှင့် တိုက်ခိုက်ခဲ့လေသည်။
ထိုတိုက်ပွဲတွင် မျက်နှာဖုံးဝတ်လူ၏ အလစ်ချောင်းတိုက်ခိုက်မှုကြောင့် သူ့ခွန်အား များစွာကို သုံးစွဲခဲ့ရလေ၏။ ထိုအလစ်ချောင်းတိုက်ခိုက်မှုအပြီး၌ ကျိုးထျန်း၏ တရစပ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ဒဏ်ရာများစွာကိုပါ ထပ်မံရရှိခဲ့လေသည်။
မျက်နှာဖုံးဝတ်လူသာ ရီချွမ်းအား အနိုင်ယူ တိုက်ခိုက်ခဲ့မည်ဆိုပါက ကောင်းကင်မွန်းစတား တောင်တန်းတစ်ခုလုံး ၎င်းတို့၏ အရှင်သခင်ကို ဆုံးရှုံးကာ ဆက်လက် တည်ရှိနိုင်တော့လိမ့်မည်မဟုတ်ချေ။
ကံကောင်းစွာဖြင့် မျက်နှာဖုံးဝတ်လူသည် ရန်ကိုင်ကိုသာ ဖမ်းချင်ပြီး ကောင်းကင်မွန်းစတား တောင်ကြားအား အမြစ်ဖြတ်လိုစိတ် မရှိသည့် ပုံပင်။ ထို့အတွက်ကြောင့် ရီချွမ်းနှင့် ခဏမျှ တိုက်ခိုက်ပြီးသည့်နောက်တွင် ပြန်လည် ဆုတ်ခွာသွားခဲ့လေသည်။ သို့တိုင် ရီချွမ်း ရထားသည့် ဒဏ်ရာများမှာ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်နိုင်သည့် ဒဏ်ရာများ မဟုတ်ချေ။
ရီချွမ်းမှ သူ့ဒဏ်ရာများကို ပြန်လည်ကုစားနေစဉ် ပိုင်လု၏ အော်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ “ဘယ်သူလဲ…”
ရီချွမ်း မျက်လုံးပွင့်လာခဲ့ပြီး ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်လေ၏။ သူရှေ့တည့်တည့်တွင် သာမန် သေမျိုးတစ်ဦးနှယ် ထင်ရသော အဖြူရောင်မုတ်ဆိတ်ရှည်ကြီးအား ပိုင်ဆိုင်ထားသည့် လူအိုကြီးတစ်ဦး ရပ်နေခဲ့လေသည်။
ထိုလူအိုကြီး မည်သည့်နေရာမှ ရောက်လာသလဲ ဆိုသည်ကို ရီချွမ်းမသိ။ ထိုလူအိုကြီးသည် ဤနေရာသို့ ရောက်လာပြီးသည်နှင့် တစ်ပြိုင်နက် ရီချွမ်းဆီသို့ ချက်ချင်း လျှောက်လာခဲ့လေသည်။
မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များမှာလည်း ဤအတိုင်း ရပ်မနေခဲ့ချေ။ လက်ရှိရီချွမ်းသည် အလွန်ကိုမှ အရေးကြီးသည့် အခြေအနေသို့ ရောက်နေလေ၏။ ထိုလူအိုကြီးမှာ မိတ်ဆွေဖြစ်ပါစေ ရန်သူဖြစ်ပါစေ ရီချွမ်းနားသို့ မည်သည့်နည်းနှင့်မှ အလွယ်တကူ ကပ်ခွင့်မပြုနိုင်။
ထို့အတွက်ကြောင့် အော်ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ပိုင်လုသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် လူအိုကြီးဆီသို့ တိုးဝင်သွားလေသည်။
သို့သော်ငြား ထိုကဲ့သို့ ပျံသန်းသွားပြီးသည့်နောက်တွင် လူအိုကြီးအား လှမ်းဖမ်းဆွဲရန် ကြိုးစားလိုက်ပါသော်ငြား မည်သို့ပင် ကြိုးစားနေစေကာမူ လူအိုကြီးဆီသို့ လက်မလှမ်းနိုင်ကြောင်းကို တွေ့လိုက်ရလေသည်။
အခြားသော မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များသည်လည်း ထိုအတိုင်း ကြုံတွေ့နေရလေ၏။ မည်သူမျှ လူအိုကြီးနားသို့ မကပ်နိုင်အောင် ဖြစ်နေလေသည်။ အကုန်လုံးမှာ ထိုအဖြစ်အပျက်ကြောင့် မျက်လုံးပြူးမျက်ဆံပြူး ဖြစ်ကုန်ကြပြီး လူအိုကြီးမည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုလည်း နားလည်သွားကုန်ကြလေသည်။
လူအိုကြီး တစ်ချက်ကလေး လှုပ်ရှားသွားသည်ကိုပင် သူတို့မမြင်လိုက်ရပေ။ လူအိုကြီးသည် ဤအတိုင်းသာ လမ်းလျှောက်လာနေခြင်း ဖြစ်လေသည်။
မျက်တောင်တစ်ခတ်အတွင်း လူအိုကြီးသည် ရီချွမ်းရှေ့သို့ ရောက်လာပြီး သူ့အား ငုံ့ကြည့်လိုက်လေ၏။
“ခင်ဗျား…” ရီချွမ်းသည် မျက်မှောင်ကျုံ့၍ ရေရွတ်လိုက်လေ၏။ လူအိုကြီးအား တစ်ခဏမျှ ကြာအောင် စိုက်ကြည့်နေပြီးနောက် သူ့မျက်နှာထက် အံ့အားသင့်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။
ခေတ္တမျှအကြာတွင် သူ့မျက်လုံး တဖျတ်ဖျတ် တောက်ပလာပြီးသည့်နောက် တစ်ခုခုအား မှတ်မိသွားသည့်အလား အံ့အားသင့်နေသည့် လေသံဖြင့် “ခင်ဗျားက…”
လူအိုကြီးက လက်ထောင်ပြလိုက်ပြီး ရီချွမ်း၏ ပုခုံးပေါ်သို့ သူ့လက်ကို အသာအယာ တင်လိုက်လေ၏။
သန့်စင်လှသည့် စွမ်းအင်စီးကြောင်းတစ်ခုသည် လူအိုကြီး၏ လက်မှတစ်ဆင့် ရီချွမ်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားလေသည်။
ရီချွမ်းကဲ့သို့သော အားကောင်းသည့် လူတစ်ဦးပင်လျှင် ထိုစွမ်းအင်စီးကြောင်း သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီးသည့်နောက် အလွန်ကိုမှ သက်တောင့်သက်သာဖြစ်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။ ထိုစွမ်းအင်၏ အားဖြည့်ပေးမှုကြောင့် သူခံစားနေရသည့် ဒဏ်ရာများမှာလည်း သိသိသာသာကို လျော့ပါးသွားကုန်ကြလေ၏။
တခဏအကြာ၌ လူအိုကြီးသည့် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။ ထိုအခါမှသာ သူရရှိထားသည့် ကိုယ်တွင်းဒဏ်ရာအများစုမှာ ပျောက်ကင်းလုနီးပါး ဖြစ်နေကြောင်း ရီချွမ်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ သူ့အနေဖြင့် ခေတ္တခဏမျှ ထပ်မံ အနားယူလိုက်မည်ဆိုပါက ဒဏ်ရာအားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။
မတ်တပ်ရပ်လိုက်ပြီးသည့်နောက်တွင် ရီချွမ်းသည် လူအိုကြီးအား လက်သီးဆုပ်လျက် တလေးတစား ဦးညွှတ်လိုက်ပြီးသည့်နောက် “ဂျူနီယာရီချွမ်း စီနီယာကို နှုတ်ဆက်ပါတယ်… အခုလို ကူညီပေးတဲ့အတွက်လည်း စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်…”
ထိုစကား ထွက်လာပြီးသည့်နောက်တွင် ကောင်းကင်မွန်းစတား တောင်ကြားတစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေသည်။ မရေမတွက်နိုင်သော မွန်းစတား မျိုးနွယ်စုဝင် ပညာရှင်များသည် ရီချွမ်းအား ထိတ်လန့်တကြီး စိုက်ကြည့်နေကြလေ၏။ သူတို့ကြားလိုက်သည့် စကားအပေါ် မယုံကြည်နိုင်အောင် ဖြစ်နေကုန်ကြလေသည်။
ရီချွမ်းသည် ဤလောကကြီးထဲရှိ အားအကောင်းဆုံးသော ပညာရှင်များအနက် တစ်ဦးအပါအဝင် ဖြစ်လေသည်။ သို့သော်ငြား ရီချွမ်းသည် ဤလူအိုကြီးရှေ့တွင် သူ့ကိုယ်သူ ဂျူနီယာဟု သုံးနှုန်းခဲ့လေသည်။ ထိုသို့ဆိုလျှင် ဤလူအိုကြီးသည် မည်သူများ ဖြစ်နေလေသနည်း။
မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များအားလုံးမှာ လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေကုန်ကြလေ၏။
“မင်းငါ့ကို သိတယ်ဆိုလို့ရှိရင် ငါဘာလို့ ဒီကို ရောက်နေလဲ သိမှာပေါ့…” လူအိုကြီးက စကားစပြောလိုက်သည်။ ထို့နောက်တွင် ရီချွမ်းအား အလေးအနက် အမူအယာဖြင့် စိုက်ကြည့်လျက် “သူဘယ်မှာလဲ…”
ရီချွမ်းက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေ၏။ “သူ့ကို ခေါ်သွားပြီ…”
လူအိုကြီးက မျက်ခုံးပင့်လျက် “ဘယ်သူခေါ်သွားတာလဲ… ဘယ်ကိုလဲ…”
“ကောင်းကင်တက်လှမ်းခြင်း နိုင်ငံရဲ့ နန်းတော်ဆီကို…”
လူအိုကြီးက အသာအယာခေါင်းညိတ်လျက် ပြန်ပြောလိုက်လေ၏။ “ကြည့်ရတာ ငါ ခြေတစ်လှမ်း နောက်ကျသွားတဲ့ပုံပဲ… ဒါပေမဲ့ ဘာမှ မဖြစ်ပါဘူး… နောက်ထပ် နည်းနည်း ခရီးထပ်သွားလိုက်ရုံပေါ့…” ပြောပြီးသည့်နှင့် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ဝေဝါး ပျောက်ကွယ်သွားခဲ့လေသည်။
ရီချွမ်းမှာမူ အံ့ဩတကြီး အမူအယာဖြင့်သာ ငေးကြောင် ရပ်နေခဲ့လေ၏။ ထို့နောက်တွင် အားပါးတရ ထ၍ အော်ရယ်မောတော့လေသည်။
သူ၏ ကျယ်လောင်သည့် အော်ရယ်မောသံကြောင့် ကောင်းကင်မွန်းစတား တောင်ကြားထဲရှိ မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်အားလုံး မွန်းစတားသားရဲများအားလုံး အထိတ်တလန့် ဖြစ်ကုန်ကြလေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၃၃)
ရီချွမ်း ဘာကြောင့် ဤမျှ ပျော်ရွှယ်စွာ ရယ်မောနေသလဲ ဆိုသည်ကို မည်သည့် မွန်းစတား မျိုးနွယ်စုဝင် ပညာရှင်မှ မသိကြချေ။
နောက်ဆုံး မအောင့်အီးနိုင်တော့သည့် အဆုံးတွင် ပိုင်လုလည်း ဝင်၍ စပ်စုလိုက်လေသည်။ “ဆရာ… အဲ့လူအိုကြီးက ဘယ်သူလဲ…”
ထိုလူအိုကြီးသည် သာမန်လူတစ်ယောက် ဟုတ်လိမ့်မည် မဟုတ်မှန်း သိသော်ငြား ဤလောကကြီးထဲ၌ ဤမျှ အားကောင်းသည့် လူတစ်ဦး ရှိနေကြောင်းကို သူမအနေဖြင့် ဘာကြောင့်များ မသိရလေသနည်း။
ရီချွမ်းသည် မိုးကုပ်စက်ဝိုင်းတစ်ဖက်ဆီသို့ ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ “သူက လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက တော်ဝင်တိုက်ပွဲကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူပဲ…”
“တော်ဝင်တိုက်ပွဲ…” ပိုင်လု၏ ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့လေသည်။ ထို့နောက် အလွန်ကိုမှ အံ့အားသင့်သွားသည့် အမူအယာဖြင့် ပြန်၍ မေးလိုက်လေ၏။ “ဆရာပြောချင်တာက သူက…”
ရီချွမ်းက ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်… သူသာ ရှိနေလို့ရှိရင် ကောင်လေးရန်ကို ဘာမှ စိတ်ပူနေစရာ မလိုတော့ဘူး…” သို့သော်ငြား ထိုသို့ ပြောပြီးသည့်နောက်တွင် အခြားကိစ္စတစ်ခုကို စိတ်ပူသွားသည့်အလား မျက်မှောင်ပြန်ကျုံ့သွားခဲ့လေ၏။
ကောင်းကင်တက်လှမ်းခြင်း မြို့ထဲရှိ တော်ဝင်နန်းတော်ထဲတွင်…
တော်ဝင်နန်းတော်ရှိရာမြေအောက် မီတာသုံးထောင်အနက်တွင် အကျဉ်းထောင်တစ်ခု ရှိနေခဲ့လေသည်။
ဤအကျဉ်းထောင်မှာတော့ အတော်လေးကို ဆိုးဆိုးရွားရွားပေ။ ဤနေရာသည် အကျဉ်းသားများအတွက် ဖြစ်သော်ငြား ဤအကျဉ်းထောင်ကို အသုံးမပြုခဲ့သည်မှာ အလွန်ကိုမှ ကြာမြင့်နေခဲ့လေပြီ။
ကောင်းကင်တက်လှမ်းခြင်း နိုင်ငံ၏ စည်းမျဉ်းဥပဒေများကို မည်သူမျှ မချိုးဖောက်ရဲသည့် အတွက်ကြောင့် အကျဉ်းထောင်မှာ အသုံးမဝင်သလောက်ကို ဖြစ်နေ၏။
ထို့အပြင် စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သည့် လူများကိုလည်း နေရာတွင်သာ တန်းသတ်ပစ်လေ့ ရှိပေသည်။ ထို့အတွက်ကြောင့် အကျဉ်းထောင်မှာ လုံးဝကို အသုံးမဝင်တော့။
ထိုအကြောင်းကြောင့်ပင်လျှင် ကောင်းကင်တက်လှမ်းခြင်း နိုင်ငံတော်ထဲ၌ အကျဉ်းထောင်တစ်ခု ရှိမရှိကို နိုင်ငံသူနိုင်ငံသားများပင် သေချာ မသိကြတော့ချေ။
လက်ရှိတွင် ရန်ကိုင်နှင့် အခြားလူပေါင်းများစွာသည် အကျဉ်းထောင်ထဲတွင် ပိတ်လှောင်ထားခံရလေသည်။ ပိတ်လှောင်ထားခံရသူများမှာ မကျေမနပ်ဖြင့် အော်ဟစ်နေကြလေ၏။ သို့သော်ငြား အစောင့်များမှာတော့ လုံးဝကို ဂရုမစိုက်ကြချေ။
အကျဉ်းထောင်ထဲ အတူတူ ရောက်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်သည် အခြားသူများနှင့် သတင်းအချက်အလက် ဖလှယ်ကြည့်လိုက်လေသည်။ သို့သော်ငြား များများစားစား မသိရခဲ့ပေ။
ကျိုးထျန်းသည် သူ့လူများကို ခေါ်၍ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲသို့ ဝင်ကာ ကပ်ဘေးကြယ်ဟူသော လူအား လိုက်ရှာခိုင်းခဲ့သည့် အကြောင်းကိုသာ သိခဲ့ရသည်။
ကပ်ဘေးကြယ်ဟူသော လူအား လိုက်ရှာခိုင်းခဲ့သည့် ပုံမှာလည်း ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲရှိသမျှ လူအားလုံးကို ဖမ်းခြင်းသာ ဖြစ်ပေသည်။ ရန်ကိုင်နှင့် သူတို့အဖွဲ့သည်လည်း ထိုကပ်ဘေးမှ မလွတ်မြောက်ခဲ့ပေ။
ယခုလို ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် ကောင်းရွယ်ထင်းကိုသာ သူတို့အားလုံး မျှော်လင့်ရတော့လေသည်။ ယခုတစ်ကြိမ် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံထဲသို့ သူတို့အား ခေါ်လာသည့်လူမှာ ကောင်းရွှယ်ထင်း ဖြစ်ပေသည်။
ကောင်းရွှယ်ထင်းသည် သူတို့အား ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲတွင် ချထားပေးခဲ့ပြီးသည့်နောက် နောက်တစ်နေရာသို့ ထွက်သွားလေ၏။ သူမမည်သည့်နေရာသို့ ထွက်သွားသလဲဆိုသည်ကိုတော့ မည်သူမျှ မသိကြချေ။
လက်ရှိ သူတို့ အဖမ်းခံထားရသည့် အကြောင်းကိုသာ သိမည်ဆိုလျှင်တော့ သူတို့အား ချက်ချင်း ပြန်လာကယ်လောက်၏။ သို့သော်ငြား သူမ၏ ခွန်အားမှာ ဧကရာဇ် ပထမအဆင့်သာ ရှိသေးသည့် အတွက်ကြောင့် သူတို့အား ကယ်နိုင်လောက်လိမ့်မည် မဟုတ်။
ရန်ကိုင်မျှော်လင့်နေသည်မှာ ကောင်းရွှယ်ထင်းအနေဖြင့် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံအပြင်ဘက်တွင် ရှိနေသော ဝမ်ကျိရှန်းအား ဆက်သွယ်နိုင်ပါစေ ဟူ၍ပင်။ ကျောင်းသခင်ဝမ်ကိုယ်တိုင် ရောက်လာမည်ဆိုလျှင်တော့ သူတို့အတွက် မျှော်လင့်ချက် ရှိနိုင်ပေသေးသည်။
ထိုကဲ့သို့ တွေးနေစဉ် အတောအတွင်း အပြင်ဘက်မှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ဧကရာဇ်အဆင့် ဖိအားတစ်ရပ်သည်လည်း သူတို့အပေါ်သို့ ကျဆင်းလာခဲ့လေ၏။
ချက်ချင်းဆိုသလို အကုန်လုံး တိတ်ကျသွားခဲ့လေသည်။
ခြေသံများမှာ ဆက်လက် ထွက်ပေါ်နေခဲ့သည်။ တစ်ခုသော နေရာသို့ ရောက်သော် လူတစ်ဦးသည် ရပ်တန့်လိုက်ပြီး ရှေ့တည့်တည့်သို့ ညွှန်ပြရင်း အကျဉ်းခန်းထဲရှိ ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်လေသည်။
“အဲ့ကောင်ကို ခေါ်လာဖို့ အရှင်မင်းမြတ်က အမိန့်ပေးလိုက်တယ်…” အသံပိုင်ရှင်သည် ဗိုလ်ချုပ်ယုမန်သာ ဖြစ်လေသည်။
“ဟုတ်ကဲ့…” သူ့နောက်တွင် လိုက်ပါလာသော အစောင့်များသည် ချက်ချင်း အကျဉ်းတံခါးကို သွားဖွင့်လေသည်။
ရန်ကိုင်နှင့် အခြားသူများ၏ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ အကြောင်းမှာ ယုမန်ပြောနေသည့်လူမှာ အခြားမဟုတ်ဘဲ နေမင်းပြာကျောင်းတော်၏ အဓိကတပည့်ခေါင်းဆောင်ဖြစ်သော ရှရှန်း ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
မကြာမီ ရှရှန်း၏ အော်ဟစ်ရုန်းကန်သံများ ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား အစောင့်၏ သင်ခန်းစာ ပေးခံလိုက်ရပြီးသည့်နောက်တွင် ရှရှန်း ငြိမ်ကျသွားခဲ့လေသည်။
တခဏအကြာ၌ ယုမန်သည် ရှရှန်းအား ခေါ်ထုတ်သွားခဲ့လေ၏။
ရန်ကိုင်နှင့် အခြားသူများမှာ ရှရှန်းအား ကူညီပေးချင်လျှင်ပင် ဘာမှ မလုပ်နိုင်ချေ။ ရှရှန်း လုံခြုံပါစေဟု ဆုတောင်းပေးရုံသာ တတ်နိုင်လေ၏။
သူတို့ ငြိမ်သက်စွာ ထိုင်စောင့်နေကြစဉ် နာရီဝက်ခန့် ကြာပြီးသည့်နောက် ခြေသံများ တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံး မျက်နှာပျက်သွားခဲ့လေ၏။
ရှရှန်း၏ မျက်တွင်းများမှာ ချောင်ကျနေပြီး သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာရထားသည့်အလား တဆတ်ဆတ် တုန်ရီနေလေသည်။ အစောင့်၏ ဦးဆောင်မှုနောက်တွင် နေထိုင်ရာအကျဉ်းခန်းဆီသို့ လမ်းလျှောက်နေသည့် အလောင်းတစ်လောင်းနှယ် ပြန်လာခဲ့လေ၏။
သူဘာတွေ ကြုံလာရသလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။ သို့သော်ငြား သူ့အတွက် အကုန်လုံး ဝမ်းနည်းမိကြ၏။ မုရုန်ရှောင်ရှောင်ဆိုလျှင် ငိုပင်ငိုနေခဲ့လေသည်။ သို့သော်ငြား ရှရှန်းအား အော်မခေါ်ရဲခဲ့ပဲ တိတ်တိတ်လေးသာ ကြိတ်ငိုရဲခဲ့သည်။
ထို့နောက်တွင် ယုမန်သည် အခြားတစ်ယောက်ကို ထပ်၍ လက်ညှိုးထိုးလေသည်။ “အဲ့တစ်ယောက်ကို ခေါ်လာခဲ့…”
ယခုတစ်ကြိမ်မှာတော့ ရှောင်ပိုင်ယီ ဖြစ်လေ၏။ ရှောင်ပိုင်ယီ၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။
အစောင့်သည် အခန်းတံခါးကို ဖွင့်၍ ရှောင်ပိုင်ယီအား ခေါ်ထုတ်သွားခဲ့လေ၏။
သူတို့ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှရှန်းအား အလျင်စလို လှမ်းကြည့်၍ တိုးတိုးလေး လှမ်းပြောလေ၏။ သို့သော်ငြား ရှရှန်းသည် သူ့ဝိဉာဉ်အား ဆုံးရှုံးထားလိုက်ရသည့်အလား ဘာမှ ပြန်မပြောခဲ့ပေ။
“ဂျူနီယာမောင်လေးရန်… စီနီယာအစ်ကိုရှ တစ်ခုခု ဖြစ်သွားတာလား…” မုရုန်ရှောင်ရှောင်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။
ရန်ကိုင်က ခေါင်းခါလျက် “ငါလည်း မသိဘူး… ဒါပေမဲ့ သူ့ပုံစံကို ကြည့်ရတာ နှိပ်စက်ခံလာရတာနဲ့ တူတယ်… အဲ့ဒါကြောင့် သူ့ဝိဉာဉ်မတည်မငြိမ် ဖြစ်နေတာ… ခဏလောက် အနားယူလိုက်ရင် ပြန်သက်သာသွားလိမ့်မယ်…”
သို့သော်ငြား ရန်ကိုင် စိတ်ဝင်စားနေသည်မှာ မည်သည့်အရာက ရှရှန်းအား ဤကဲ့သို့ဖြစ်အောင် လုပ်လိုက်သလဲ ဆိုသည်ပင်။
သူ့စွမ်းအား ချိတ်ပိတ်ထားခံရသည့် အတွက်ကြောင့်သာမဟုတ်လျှင် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်နိုင်ပေသည်။ ထိုသို့ဆိုပါက သဲလွန်စအချို့ ရှာတွေ့ကောင်း ရှာတွေ့နိုင်သော်ငြား လက်ရှိအချိန်၌ သူ့ခွန်အားမှာ ချိတ်ပိတ်ထားခြင်း ခံရသဖြင့် လေ့လာကြည့်ရင်းဖြင့်သာ ကောက်ချက်ချရတော့လေ၏။
ရန်ကိုင်သည် အပြင်ဘက်တွင် မုရုန်ရှောင်ရှောင်အား နှစ်သိမ့်ပေးနေသော်ငြား စိတ်ထဲတွင်တော့ သူကိုယ်တိုင်လည်း စိတ်ပူနေမိလေ၏။
ဘေးဘက်သို့ လှည့်ပတ်ကြည့်လိုက်သည့်နောက် မည်သူမျှ သူတို့အား အာရုံစိုက်မနေသည်ကို တွေ့လိုက်ရလေ၏။ ထိုအခါ ရန်ကိုင်သည် အမှောင်ကျသည့် ထောင့်တစ်နေရာဆီသို့ မြန်မြန်သွားကာ ထိုင်ချလိုက်လေသည်။
သူ့ကိုယ်ထဲရှိ သူ့ခွန်အားကို ကျိုးထျန်းကဲ့သို့သော ပညာရှင်မှ ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ချိတ်ပိတ်ထားခဲ့သော ချိတ်စည်းကို ပြန်ဖြေလိုပါက ကျိုးထျန်းကဲ့သို့သော ပညာရှင်တစ်ဦးမှ ကူညီပေးရန် လိုအပ်ပေသည်။
သို့သော်ငြား ရန်ကိုင့်တွင် ဝိဉာဉ်ဝါးမျိုအင်းစက်များ ရှိနေပေသည်။ ကျိုးထျန်းအသုံးပြုခဲ့သော ချိတ်စည်းမှာ စိတ်စွမ်းအင်တစ်မျိုး ဖြစ်၏။ ဝိဉာဉ်ဝါးမျို အင်းစက်များသည် မည်သည့်စိတ်စွမ်းအင်ကိုမဆို ဝါးမျိုပစ်နိုင်ပေသည်။ သူသာ ဝိဉာဉ်ဝါးမျို အင်းစက်များကို လှုပ်ရှားခိုင်းနိုင်သရွေ့ ကျိုးထျန်း သူ့ကိုယ်ထဲ၌ ထည့်သွင်းထားသော ချိတ်စည်းကို ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
ခွန်အား ပြန်ရလာပြီးသည့်နောက် ဘာဆက်လုပ်မလဲ ဆိုသည်နှင့် ပတ်သက်၍ ရန်ကိုင် မစဉ်းစားရသေးပေ။ တစ်ကြိမ်လျှင် တစ်လှမ်းသာ လှမ်းပေဦးမည်။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့လေ၏။ ရန်ကိုင်မှ သူ့ကိုယ်တွင်းရှိ ချိတ်စည်းအား ဖျက်ဆီးရန် ကြိုးစားနေစဉ် အတောအတွင်း ချန်းမုကျီနှင့် မုရုန်ရှောင်ရှောင်တို့မှာ ခေါ်ဆောင်သွားခြင်း ခံရလေသည်။ သူတို့နှစ်ဦးသည်လည်း ရှရှန်းနှင့် ရှောင်ပိုင်ယီတို့လိုပင် ဖြစ်သွားကုန်ကြလေ၏။
အစောင့်များ၏ ခေါ်သွားခြင်း ခံရပြီး ပြန်ရောက်လာသည့်အခါ ဤကဲ့သို့ အသက်မဲ့သလို ဘာကြောင့် ဖြစ်သွားရသလဲ ဆိုသည့်အပေါ် ရန်ကိုင်လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ ရန်ကိုင် သူတို့အား လှမ်းခေါ်သည့်တိုင် လုံးဝ ပြန်မထူးခဲ့။
တစ်ခုခု မူမမှန်သည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားတော့လေသည်။ ကျိုးထျန်းတို့ အဖွဲ့ ဖမ်းလာသည့် ကျင့်ကြံသူအရေအတွက်မှာ ခုနှစ်ဆယ်မှ ရှစ်ဆယ်ကြားရှိသည်။ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာလည်း အမျိုးမျိုးကွဲပြားကြပေသည်။
သို့သော်ငြား ထိုလူများအနက် နေမင်းပြာကျောင်းတော်မှ ကျင့်ကြံသူများကိုသာ ရွေးပြီး ခေါ်ဆောင်သွားကြသည်။ ဤသည်မှာ တိုက်ဆိုင်မှုသက်သက် မဟုတ်တော့။ ပစ်မှတ်ထားနေခြင်းသာ ဖြစ်တော့သည်။
ကောင်းကင်တက်လှမ်းခြင်း လောကကြီး၏ ဒေသခံများနှင့် ပြင်ပလောကကြီးမှ ရောက်လာသော သူများအား ခွဲခြားနိုင်သည့် နည်းလမ်းများ ရှိနေလေသလော။ ထို့ကြောင့်သာ မဟုတ်လျှင် ဒေသခံများမှာ ယခုအချိန်အထိ လုံလုံခြုံခြုံနှင့် ရှိနေသေးပြီး ရှရှန်းတို့အဖွဲ့သည်သာ ဘာကြောင့်များ ခံစားနေကြရသနည်း။
ရန်ကိုင် မည်သို့ပင် စည်းစားနေစေကာမူ မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့လေသည်။
သူ့ကိုယ်ထဲရှိ ချိတ်စည်းအား ချိုးဖြတ်ခါနီးနေစဉ်မှာပင် ယုမန်က ရန်ကိုင့်အား ရုတ်တရက် လက်ညှိုးထိုးရင်း ညစ်ကျယ်ကျယ် ပြုံးကာ ပြောလိုက်လေ၏။ “သူ့ကိုခေါ်သွားလိုက်…”
ယုမန်မှ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အစောင့်များသည် အကျဉ်းတံခါးကို ဖွင့်ကာ ရန်ကိုင့်အား ဆွဲခေါ်သွားလေ၏။
ရန်ကိုင်သည်လည်း ဘာမှ ပြန်မပြောဘဲ ငြိမ်ငြိမ်လေးသာ လိုက်သွားလိုက်လေသည်။
ဟိုလှည့်ဒီလှည့် ကွေ့ပတ်လှည့်လာပြီးသည့်နောက်တွင် အစောင့်များသည် ခန်းမကျယ်ကြီးတစ်ခုရှေ့သို့ လျင်မြန်စွာ ရောက်လာခဲ့လေ၏။
ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ယုမန်သည် ရပ်လျက် ရန်ကိုင့်ဘက်သို့ လှည့်ကာ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်လေ၏။
“မင်းဘာသာ ဝင်သွားလိုက်… အရှင်မင်းမြတ်စောင့်နေတယ်…”
ရန်ကိုင်က ခေါင်းညိတ်လျက် ယုမန်ပြောသည့်အတိုင်း ခန်းမထဲသို့ ဝင်သွားလိုက်လေသည်။ သို့သော်ငြား အထဲသို့ မဝင်ခင် ရုတ်တရက် နောက်သို့ ပြန်လှည့်၍ မေးလိုက်လေသည်။ “ဒီက အစ်မကြီး…”
“နင် ဘယ်သူ့ကို အစ်မကြီးလို့ ခေါ်နေတာလဲ…” ယုမန်က နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလိုက်လေသည်။ သူမဘေးတွင် ရှိနေသော အစောင့်မှာမူ သူမအား တစ်ချက်ကလေးပင် မော့မကြည့်ရဲခဲ့။
ရန်ကိုင့်၏ မျက်နှာထက် ရူးသွပ်စွဲလမ်းသည့် အကြည့်တစ်ချက် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် အံ့အားသင့်နေသည့် အရိပ်အယောင်တို့လည်း သူ့မျက်လုံးထဲ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင် တမင်သက်သက်ဖြင့် ဤကဲ့သို့ လုပ်နေခြင်း မဟုတ်ပေ။ သူ့ခွန်အားမှာ ချိတ်ပိတ်ထားခြင်း ခံရသည့်အတွက်ကြောင့် ယုမန်မှ သူမ၏ ညှို့ဓာတ်ကျင့်စဉ်ကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည်လည်း သူမ၏ ညှို့ဓာတ်အောက် ကျရောက်သွားခြင်းပင် ဖြစ်လေသည်။
သို့သော်ငြား ယုမန်သည် ရန်ကိုင်နှင့် အချိန်ဖြုန်းမနေရဲခဲ့ပေ။ အရှင်မင်းမြတ်သည် ရန်ကိုင့်အား အထဲတွင် စောင့်နေခဲ့သည်။ သူမသာ အရှင်မင်းမြတ်အား အချိန်အကြာကြီး စောင့်နေရအောင် လုပ်မိပါက ဖြစ်လာမည့် အကျိုးဆက်များကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။
ချက်ချင်းဆိုသလို ယုမန်သည် သူမ၏ ညှို့ဓာတ်ကျင့်စဉ်အား ပြန်ရုတ်သိမ်းလိုက်လေ၏။ ရန်ကိုင့်၏ ခန္ဓာကိုယ် ဆတ်ခနဲ တုန်တက်သွားခဲ့ပြီး အသိပြန်ဝင်လာခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း စိတ်ထဲမှနေ၍ အော်ဟစ်ကျိန်ဆဲတော့လေ၏။ သူ့စွမ်းအားသည်သာ ချိတ်ပိတ်ထားခြင်း မခံရပါက ဤကဲ့သို့ အခြေအနေမျိုး ရောက်ခဲ့ရလိမ့်မည် မဟုတ်ပေ။
ရန်ကိုင်က ပြောလိုက်လေသည်။ “ကျုပ်မေးချင်တာလေး တစ်ခုရှိလို့ပါ… အစ်မ ဘာဖြစ်လို့ အခုလူတွေကိုပဲ ရွေးသွားခဲ့တာလဲ… ကျုပ်တို့ ရွေးခံရတဲ့လူတွေနဲ့ ဟို မရွေးခံရတဲ့ လူတွေနဲ့ ကွာခြားချက်ရှိလို့လား…”
ယုမန်က နှုတ်ခမ်းလေးကို ကွေးလျက် “ငါက အမိန့်အတိုင်းပဲ လုပ်နေတာ…”
“အရှင်မင်းမြတ်အမိန့်လား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“နင့်နေရာနင်သိ ကောင်လေး…” ယုမန်၏ မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။
ရန်ကိုင်က ခြောက်ကပ်စွာ ရယ်မောလျက် “ကျုပ်မေးရုံပါပဲ…”
“အထဲ မြန်မြန် ဝင်သွားလိုက်တော့…” ယုမန်က ပြောလိုက်လေသည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့…” ရန်ကိုင်က ပြန်ဖြေရင်း အထဲသို့ ဝင်သွားလိုက်လေ၏။ တခဏအကြာတွင် ခန်းမထဲသို့ ရောက်လာခဲ့လေသည်။
ခန်းမထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သင်းပျံ့မွှေးထုံသည့် ရနံ့တစ်ခုကို ရန်ကိုင် ရလိုက်လေ၏။ ထိုမွှေးရနံ့လေးကို ခံစားမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားကာ တိမ်စိုင်တိမ်တိုက်များထက်သို့ ရောက်သွားသလို ခံစားလိုက်ရလေသည်။
မော့ကြည်လိုက်သည့်အခါ မြင်လိုက်ရသည့် အရာကြောင့် ရန်ကိုင် အံ့အားသင့်မိသွားခဲ့သည်။ အကြောင်းမှာ ဤခန်းမကြီးတစ်ခုလုံးသည် အမျိုးသမီးတစ်ဦး၏ အိပ်ခန်းဆောင်နှင့် ဆင်တူနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
ခန်းမတစ်ခုလုံးကို ပန်းရောင်နှင့် တန်ဆာဆင်ထား၏။ အနီရောင်ကော်ဇောများမှာ ကျော့ရှင်းပြီး တော်ဝင်ဆန်သည့် အရှိန်အဝါကို ပေးစွမ်းနေလေ၏။
ခန်းမထဲသို့ ဝင်လာလိုက်သည်နှင့် တစ်ပြိုင်နက် စူးရှသည့် မျက်ဝန်းတစ်စုံသည် ရန်ကိုင့်အပေါ်သို့ ရောက်ရှိလာခဲ့လေသည်။ ရန်ကိုင်လည်း လှည့်ကြည့်လိုက်ရာ မျက်ဝန်းပိုင်ရှင်ကို ချက်ချင်း မြင်လိုက်ရလေသည်။
ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းအကွာတွင် ပန်းရောင်လိုက်ကာ၏ နောက်ဘက်အကွယ်၌ ပျင်းရိပျင်းတွဲဖြင့် လှဲလျောင်းနေသော ပုံရိပ်တစ်ခု ရှိနေခဲ့လေသည်။
အားကောင်းသည့် ကောင်းကင်စိတ်အာရုံတစ်ခုသည် သူ၏ လျှို့ဝှက်ချက်များကို ထိုးဖောက်မြင်နေသည့်အလား ရန်ကိုင့်အပေါ်သို့ လွှမ်းခြုံကျရောက်လာခဲ့လေ၏။
ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်လေသည်။ “မျက်နှာဖုံးဝတ်လူလား…”
လိုက်ကာနောက်ကွယ်မှာ ထွက်ပေါ်နေသည့် စွမ်းအင်အရှိန်အဝါသည် ကောင်းကင်မွန်းစတား တောင်ကြားထဲတွင် သူခံစားမိခဲ့သည့် မျက်နှာဖုံးဝတ်လူ၏ စွမ်းအင်အရှိန်အဝါနှင့် အတူတူ ဖြစ်နေကြောင်းကို ရန်ကိုင် သတိပြုမိလိုက်သည်။
“ဒါဆို ဒီလူက ရီချွမ်းကို အလစ်ချောင်း တိုက်ခိုက်တဲ့ ပညာရှင်ပေါ့…”
ရီချွမ်းအား အလစ်ချောင်း တိုက်ခိုက်ခဲ့သည့် လူသည် အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ပေ။ မျက်နှာကို မမြင်နိုင်သော်ငြား ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ရုံဖြင့် တစ်ဖက်လူသည် အမျိုးသမီးတစ်ဦးမှန်း ရန်ကိုင်ပြောနိုင်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၃၄)
“မျက်နှာဖုံးဝတ်လူ ဟန့်...”
ရန်ကိုင်စိတ်ထဲ ထိန့်လန့်တုန်လှုပ်မိနေစဉ် ပန်းရောင်ကန့်လန့်လာနောက်ကွယ်ဆီမှ သာယာချိုမြသည့် အသံတစ်သံထွက်ပေါ်လာခဲ့လေသည်။ ထိုအသံကြောင့် ရန်ကိုင် ခေါင်းတစ်ခုလုံး ရီဝေဝေ ဖြစ်သွားခဲ့ရ၏။
သူ့အနေနှင့် ထိုခေါင်းမူးဝေသည့် ခံစားချက်ပျောက်ကွယ်သွားစေရန်အတွက် အကြိမ်ပေါင်းများစွာ အသက်ရှူသွင်း ရှူထုတ်လုပ်လိုက်ရလေသည်။
“နင့်အနေနဲ့ ဒီဘုရင်မကို အခုလိုခေါ်တာ လက်မခံနိုင်စရာတော့ မဟုတ်ဘူး” ပန်းရောင်ကန့်လန့်ကာနောက်ကွယ်တွင် ရှိနေသော အမျိုးသမီးက အလျင်မလိုသည့်လေသံဖြင့်ပြောလိုက်လေသည်။
“စီနီယာက ကောင်ကင်တက်လမ်းခြင်းနိုင်ဘုရင်မလား” ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့သည်။
“အမှန်ပဲ” အမျိုးသမီးက ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်လေသည်။ “ဒါပေမဲ့ ဒီဘုရင်မရဲ့ တစ်ကယ့်မျက်နှာအစစ်အမှန်ကို ဘယ်သူမှမသိခဲ့ကြဘူး။ ကျိုထျန်းတောင် ငါ့မျက်နှာကို တစ်ခါမှ မမြင်ဖူးဘူး” ထိုစကားကို ကြားကြားခြင်း ရန်ကိုင်ကြောင်သွားခဲ့လေသည်။ သို့သော်ငြား မကြာခင်တွင် သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ရလာခဲ့လေ၏။
အမျိုးသမီးသည် မည်သည့်အရေးကြီးသည့် အကြောင်းအရာကိုမှ မပြောသွားခဲ့သော်ငြား ရန်ကိုင်စိတ်ထဲတွင်မူ အချက်ပေးခေါင်းလောင်းသံတို့က မြည်ဝေသွားဆဲ ရန်ကိုင်ရှေ့တွင် ဤကဲ့သို့သော လျှို့ဝှက်ချက်ကြီးတစ်ခုကို ထုတ်ဖော်လိုက်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ကြီးမာလာသော တန်ရာတန်ကြေးတစ်ခုကို ပြန်လည်ပေးဆပ်ရမည်မှာ မလွှဲမသေဖြစ်ပေလိမ့်မည်။
ရန်ကိုင်က ခြောက်ကပ်ကပ်လေသံဖြင့် ရယ်မောလျက် “ဘုရင်မင်းမြတ်ရဲ့ ဆင့်ခေါ်ခြင်းခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ဘုရင်မက ဘာဖြစ်လို့ ဂျူနီယာကို အခုလိုမျိုးး ကောင်းကောင်းမွန်မွန်ဆက်ဆံနေရတာလဲမသိဘူး”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်နှလုံးခုန်မြန်သွားခဲ့လေသည်။
“ဘာလို့လဲဆိုတော့ ဒီဘုရင်မက အဲ့လိုလုပ်ကိုလုပ်ရမှာမိုလို့ပဲ” ပျင်းရိပျင်းတွဲ လဲလျောင်းနေသော အမျိုးသမီးပုံရိပ်သည် တဖြည်းဖြည်းချင်း ထထိုင်လာပြီး ကန့်လန့်ကာနောက်ကွယ်မှတစ်ဆင့် ရန်ကိုင်အား လက်ယက်ခေါ်လိုက်လေသည်။ “အနားလာခဲ့ပါဦး”
ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့လေ၏။ ထို့နောက် အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ဂျုနီယာမှာ ငြင်းခွင့်မရှိဘူးမို့လား”
“စမ်းကြည့်လိုက်လေ”
ရန်ကိုင်သက်ပြင်းချလိုက်ပြီး သူမဆီသို့သာ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်လေသည်။
အမျိုးသမီးဆီသို့လျှောက်သွားနေစဉ် အမျိုးသမီးသည် သူမျှော်လင့်နေသည့်အရာ တစ်ခုခုကို တွေ့လိုက်သဖြင့် စိတ်များလှုပ်ရှားသွားသည့်အလား သူမ၏ ဝိဥာဉ်ဆီမှ စွမ်းအင်လိုင်းအချို့ မသိမသာလေး ဖြာထွက်သွားသည်ကို ရန်ကိုင် အသေအချာ သတိပြုမိလိုက်လေသည်။
မည်ကဲ့သို့သော အရာကများ ဧကရာဇ်တတိယအဆင့်သို့ပင်ရောက်နေသော သူတစ်ဦးကိုပင် စိတ်ဂနာမငြိမ် ဖြစ်သွားအောင် လုပ်နိုင်ရသလဲ ဆိုသည်ကို ရန်ကိုင် တွေးလိုက်လေသည်။
သို့သော်ငြား ထိုအမျိုးသမီးသည် သူ့အားကြိုက်နေသည်ဟု တွေးရလောက်အောင်ထိတော့ ရန်ကိုင် မတုံးအလောက်ပေ။ သူမသာ ရန်ကိုင်အား တကယ်ကြီးကြိုက်နေခဲ့မည်ဆိုပါက ဤကဲ့သို့လုပ်နေစရာပင်မလို။ သူမ၏ ခွန်အားအရ သူမဖြစ်စေချင်သည့်အတိုင်း ရန်ကိုင်အား လုပ်ခိုင်းနိုင်ပေသည်။
အမျိုးသမီးသည် သူ့အား ကြိုက်နေခြင်းမဟုတ်ပါက သူပိုင်ဆိုင်ထားသည့် ပစ္စည်းတစ်ခုခုကိုသာ လိုချင်နေခြင်း ဖြစ်ရပေလိမ့်မည်။
ထိုအကြောင်းကို တွေးမိလိုက်သော် ရန်ကိုင် ရင်ထိတ်သွားခဲ့လေ၏။
ကန့်လန်ကာဆီသို့ ရောက်လာသော ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလျက် ကန့်လန့်ကာအား မတင်လိုက်ကာ အတွင်းဘက်သို့ လှမ်းကြည့်လိုက်လေသည်။ အမျိုးသမီးတစ်ဦး၏ မျက်နှာကို တမုဟုတ်ချည်း လှမ်းမြင်လိုက်ရသည်။
အမှန်တစ်ကယ်ကို အပြစ်ဆိုရက်စရာမရှိလှသည့် မြင်ကွင်းတစ်ရပ်ပင်ဖြစ်လေသည်။ တိုင်းဖျက်ပြည်ဖျက်မိန်းမလှဆိုသည်မှာ ယခုသူ့ရှေ့တွင် ထိုင်နေသော အမျိုးသမီးကို လက်ညိုးထိုး ပြောရပေမည်။ သည်အမျိုးသမီးသည် မိုးမြေတစ်ခွင်တွင် အလှပဆုံးဟုညွှန်းစားရလောက်အောင် လှပသည့် နတ်မိမယ်တစ်မျှ ချောမောလှပသော မိန်းမချောလေးတစ်ဦးပင်ဖြစ်လေသည်။
သို့သော်ငြား အလွန်တစ်ရာကိုမှ လှရက်လွန်းလှသည့်အမျိူးသမီး၏ မျက်နှာကို တစ်နေရာရာတွင် မြင်ဖူးနေသလိုလို ရန်ကိုင် ခံစားလိုက်ရလေသည်။ သူမြင်ဖူးခဲ့ဖူးသော ဧကရာဧ်အဆင့် ပညာရှင်များ၏ မျက်နှာကို သေချာပြန်စဉ်စားကြည့်သည်။ သို့တိုင် မည်သည့်မျက်နှာမှ ယခုသူ့ရှေ့တွင် ရှိနေသောမျက်နှာနှင့် ကိုက်ညီမနေခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ ဇဝေဇဝါ ဖြစ်သွားခဲ့ရလေ၏။
အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် အမျိုးသမီး၏ မျက်လုံးထဲ ဖိနှိပ်လိုသည့် အလင်းရောင်တို့ဖြင့် တလက်လက် တောက်ပလာခဲ့ပြီး ရန်ကိုင်တစ်ကိုယ်လုံးအား လွှမ်းခြုံသွားခဲ့လေသည်။ ရန်ကိုင်တစ်ကိုယ်လုံးသည် အဆုံးမရှိသောအတူတရာ ချောက်နက်ထဲသို့ ကျသွားသည့်အလား တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေ၏။ ရန်ကိုင်မှာ အလွန်တရာကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ကြောက်လန့်တကြား ထအော်တော့လေသည်။
“စီနီယာ”
သို့ရာတွင် အမျိုးသမီးမှာမူ ရန်ကိုင်၏ အော်ပြောသံကို ဂရုစိုက်မနေခဲ့ဘဲ စိတ်လှုပ်ရှားစွာဖြင့်သာ ရေရွတ်လိုက်လေ၏။ “ နင်က နောက်ဆုံးကျန်တဲ့တစ်ယောက်ပဲ ဒီတော့ အဲဒါက နင့်ခန္ဓာကိုယ်ထဲမှာ ရှိနေရမယ်။ ငါသာ အဲ့ရတနာကို ရမယ်ဆိုလို့ရှိရင် ဒီလောကကြီးတစ်ခုလုံးကို သန့်စင်ပစ်လို့ရပြီ။ အဲဒါဆိုလို့ရှိရင် ငါလည်း ဒီလောကကြီးတစ်ခုလုံးရဲ့ အရှင်သခင်ဖြစ်လာနိုင်လိမ့်မယ်။ ငြိမ်ငြိမ်လေးနေပီး ငါပြောတဲ့အတိုင်းလုပ်... အဲဒါဆို ငါ နင့်အသက်ကို ချမ်းသာပေးမယ်...နင့်တစ်ဘဝလုံးကောင်းစားဖို့အရေးကိုတောင် ကူညီပေးချင်ပေးဦးမှာ... ဒါပေမဲ့ နင်က ကလန်ကဆန်လာလုပ်နေဦးမယ်ဆိုရင်တော့ နင့်ကို သတ်ပေးပါလို့ တောင်းဆိုလာရတဲ့အထိ ငါလုပ်နိုင်တယ်ဆိုတာ မမေ့နဲ့”
နောက်ဆုံးစကားကို ပြောပီးသွားသည်နှင့်တစ်ပြိုင်နက် အမျိုးသမီး၏ အလွန်တရာကိုမှ လှပလှသော မျက်နှာလေးသည် ရုတ်ချည်းဆိုသလို စက်ဆုပ်ဖွယ်ကောင်းသည့်အသွင်အပြင်သို့ ပြောင်းလဲသွားခဲ့လေသည်။ သူမ၏ လေသံဟာလည်း ကျောချမ်းဖွယ်ရာကောင်းသော လေသံအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
အခြားတစ်ဖက်တွင်မူ သူမ၏ လေသံကို နားထောင်နေရသည့် ရန်ကိုင်မှာတော့ လုံးဝကို အံ့ဩနေတော့လေသည်။
(နောက်ဆုံးလူ ဒီလောကကြီးကို သန့်စင်ဖို့ရတနာ) အမျိုးသမီး မည်သည့်အရာကို ပြောချင်လို့ပြောချင်နေမှန်း ရန်ကိုင်လုံးဝနားမလည်ပေ။
ရန်ကိုင်သည် ခုခံချင်ပါသော်ငြား တစ်ဖက်လူ၏ ဝိဥာဉ်ဖိအားမှာ အလွန်တရာကိုမှ အားကောင်းလွန်းလှသည့်အတွက်ကြောင့် ခုခံဖို့ရာ မဆိုထားနှင့် လွတ်လွတ်လပ်လပ်ပင်လျှင် မတွေးတော မစဉ်းစားနိုင်တော့ချေ။
အမျိုးသမီးသည် လဲလျောင်းနေရာမှ ဖြည်းဖြည်းချင်းထရပ်လာခဲ့လေ၏။ ထို့နောက် ရန်ကိုင်ဆီသို့ လျှောက်သွားလိုက်ပြီးသည့်နောက်တွင် သူမ၏ လက်ချောင်းကိုမြှောက်လျက် ရန်ကိုင်၏ နဖူးအား ထိလိုက်လေသည်။
ချက်ချင်းဆိုသလို သန့်စင်သည့် စိတ်စွမ်းအင်တို့သည် သူမ၏ လက်ချောင်းမှတစ်ဆင့် ရန်ကိုင်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကုန်ကြလေ၏။
ရန်ကိုင်တစ်ကိုယ်လုံးတဆတ်တတ်တုန်ရီလာခဲ့လေသည်။ အလွန်တရာကိုမှ ပြင်းထန်လာသည့် နာကျင်မှုဒဏ်ကို ခံစားနေရသည့်အလား ရန်ကုန်၏မျက်လုံးများ ဝေဝါးလာကုန်ပြီး သူ၏ခန္ဓာကိုယ်မှာလည်း အဆက်မပြတ်ကို သွက်သွက်ခါအောင် တုန်ရီနေတော့လေသည်။ ရှရှန်းနှင့် တခြားသူများ ဘာကြောင့် ထိုကဲ့သို့ပုံစံဖြင့် အကျဉ်းခန်းဆီသို့ ပြန်ရောက်လာကြသလဲဆိုသည်ကို ယခုမှသာလျှင် ရန်ကိုင် နားလည်သွားတော့လေသည်။
သူတို့ အားလုံးသည် တာအိုသခင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသေးလေရာ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ ဝိဥာဉ်စွမ်းအင်ဖိနှိပ်ချုပ်ချယ်မှုကို မည်သို့များ ခုခံနိုင်ပါမည်နည်း။ ထိုကဲ့သို့ ခံစားနေရစဉ် အတောအတွင်း သူတို့ဝိဥာဉ်များတစ်ခါတည်း ပျက်စီးမသွားသည်ကပင်လျှင် အတော်လေး ကံကောင်းနေပေသည်ဟု ပြော၍ရပေသည်။
အမျိုးသမီးသည် ရန်ပိုင်၏ကိုယ်ထဲ တစ်ခုခုအား ရှာဖွေနေသည့်ပုံပင်။ သူမ၏အမူအရာမှာ အဆက်မပြတ်ကို ပြောင်းလဲနေပေ၏။ ရန်ကိုင်မှာတော့ စိတ်နှင့်ကိုယ်မကပ်ဖြစ်နေသည့်အလား နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်နေခဲ့လေသည်။
ထိုကဲ့သို့ဖြစ်နေစဉ်အတောအတွင်း အမျိုးသမီး၏ ချီးကျူးသံကို ကြားလိုက်ရလေသည်။ “သန့်စင်လိုက်တဲ့ စိတ်စွမ်းအင်ပါလား နင်ကတကယ်ကိုထူးခြားတာပါပဲ ပထမအဆင့်လေးနဲ့ ဒီလောက်ကောင်းတဲ့ စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားနိုင်တယ်။ နောက်ပိုင်းသာ ရောက်လာရင် နင်က တကယ်ကို လက်နက်ကောင်းတစ်လက်ဖြစ်လာမှာ”
ခဏအကြာတွင် အမျိုးသမီးသည် ရုတ်တရက်ဆိုသလို ဝါးလုံးကွဲအော် ရယ်မောလျက် “ဟား ဟား ဟား ဟား ဟား ဟား ငါ တွေ့ပြီ ငါ တွေ့ပြီကွ ဒါဝိဥာဉ်ကြာပန်းပဲ လုံးဝကို သေချာတယ် ဝိဥာဉ်ကြာပန်းပဲ ရိုးရိုးဝိဥာဉ်ကြာပန်းတောင်မဟုတ်ဘူး ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်းပဲ။ ဒါနဲ့ဆိုရင် ကြေးမုံဝိဥာဉ်ကို ထိန်းထားလို့ရပြီ။ ဝမ်ကျိရှန်းရေ နင်စောင့်နေပေတော့... ဒီဘုရင်မ ဒီလောကကြီး တစ်ခုလုံးကို သန့်စင်ပြီးတာနဲ့ နင့်ဘဝ အဆုံးသတ်ပြီသာမှတ်”
ထိုကဲ့သို့ ပြောပြီးသွားပြီသည်နှင့်တစ်ပြိုင်နက် ရက်စက်ကြမ်းကြုတ်ခက်ထန်သည့် အရိပ်ယောင်သို့ သူမ၏မျက်လုံးများထဲ တဖျတ်ဖျတ်လင်းလက်သွားခဲ့သည်။ ထို့နောက်တွင် သူမ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ရန်ကိုင်၏နဖူးကြောထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်၏ နာမ်ဝိဉာဉ်ထဲသို့ ဝင်ရောက်လာပီးသည့်နောက်တွင် အမျိုးသမီးသည် ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းရှိရာဆီသို့ တည့်တည့် ပျံသန်းသွားလေသည်။ ထို့နောက် အလယ်ဗဟို တည့်တည့်တွင် ရပ်လိုက်လေ၏။
သန့်စင်သည့် စွမ်းအင်စီးကြောင်းများသည် သူမခန္ဓာကိုယ်အား ရစ်သိုင်းလာခဲ့လေ၏။ ထိုစွမ်းအင်စီးကြောင်းများကို ခံစားပြီးသည့်နောက် အမျိုးသမီးသည် ကျေနပ်ပီတိဖြစ်စွာ ငြီးသွားလိုက်လေသည်။
ဝိဥာဉ်အား အားဖြည့်ပေးနိုင်သော အဖိုးတန်ရတနာဆိုသည့်အတိုင်း ဒီဝိဉာဉ်ကြားပန်းသည် အလွန်ကိုမှ ထူးခြားသည့် တည်ရှိမှုတစ်ခုဖြစ်ပေသည်။
ဝိဉာဉ်ကြားပန်းအား ရှေးဟောင်းမှတ်တမ်းများထဲတွင် မှတ်တမ်းတင်ထားခဲ့ဖူးသော်ငြား ကြယ်တာရာအစုအဝေးထဲ၌ ဝိဥာဉ်ကြာပန်း ပေါ်လာခဲ့ဖူးသည်မှာ နှစ်ကြိမ် သုံးကြိမ်လောက်သာ ရှိခဲ့ဖူးလေသည်။ တိုက်ဆိုင်သွားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် အမျိုးသမီးအနေဖြင့် ရန်ကိုင်ကိုယ်ထဲတွင် ဝိဥာဉ်ကြာပန်းတစ်ခု ရှိနေကြောင်းကိုပင်လျှင် သိလိမ့်မည်မဟုတ်ချေ။
ဝိဥာဉ်ကြာပန်းဆီသို့ ရောက်လာပီးသည့်နောက်တွင် ကြီးကျယ်ခန်းနားသည့် အနာဂတ်ကို လှမ်းမျှော်၍ မြင်တွေ့နေရသည့်အလား အမျိုးသမီးသည် အားပါးတရ အော်ရယ်မောနေ ခဲ့လေသည်။
သို့သော်ငြား
အမျိုးသမီးမှ ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြားပန်းအား သန့်စင်တော့မည့် အချိန်၌ ဝိဥာဉ်ကြားပန်းဆီမှ အရောင်ခုနှစ်ရောင် ရုတ်တရက် တောက်ပလာခဲ့ပေသည်။ ထို့နောက် ထိုအရောင်ခုနှစ်ရောင်သည် ရောင်သွယ်တော်ခုနှစ်ရောင်အဖြစ်ပြောင်းကာ ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် အမျိုးသမီး၏ နာမ်ဝိဥာဉ်အား လာရောက်တိုက်ခိုက်လေ၏။ ထိုတိုက်ခိုက်မှုကို မြင်ပြီးသည့်နောက် အမျိုးသမီးမျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ အလန့်တကြား အော်ဟစ်ရင်း အမျိုးသမီးသည် ဝိဥာဉ်ကြာပန်း၏ ငြင်းဆန်မှုကို အသည်းအသန် ပြန်လည် ခုခံလိုက်လေသည်။ သို့သော်ငြား သူမ အနေဖြင့် ဘာဆိုဘာမှ မလုပ်နိုင်သေးခင်မှာပင် တဝီဝီ မြည်သံများကို ထပ်မံကြားလိုက်ရပေ၏။ အမျိုးသမီးကြောင်သွားခဲ့ပြီး မော့ကြည့်လိုက်ရာ မရေမတွက်နိုင်သော အင်းဆက်များသည် သူမခေါင်းထက်၌ တိမ်ဆိုင်တိမ်ခဲများနှယ် စုဝေးနေကြောင်းကို တွေ့လိုက်ရလေသည်။
“ဝိဉာဉ်ဝါးမျို အင်းဆက်တွေ” အမျိုးသမီးမျက်နှာ သွေးစုပ်ဖြူရော်သွားပြီး ကြောက်လန့်တကြား ထအော်လေ၏။ ဒီနေရာမှာ ဘယ်လိုလုပ်ပီး ဝိဉာဉ်ဝါးမျို အင်းဆက်တွေ ရှိနေရတာလဲ”
ထို့နောက်တွင်ပင် တစ်ခုခုအားချက်ချင်းနားလည်သွားခဲ့ပြီး မယုံကြည်နိုင်ဟန်ဖြင့် ထအော်တော့ လေသည်။ “ဒီကောင်လေးက ဝိဥာဉ်ကြာပန်းထဲမှာ ဝိဉာဉ်ဝါးမျို အင်းဆက်တွေ မွေးမြူ ထားတာလား သူရူးနေတာပဲ သူတကယ်ကို ရူးနေတာ”
“အို ဘုန်း”
သူမပြောပီးသွားသည်နှင့် ခုနှစ်ရောင်ခြည်ရောင်သွယ်တို့သည် အမျိုးသမီးဆီသို့ ထပ်မံတိုးဝင် လာခဲ့လေသည်။ သူမ၏ခွန်အားနှင့်ပင်လျှင် အမျိုးသမီးမှာနောက်သို့ တရစပ် ဆုတ်နေရလေ၏။ သူမသည် လုံးဝကို ပြန်မတိုက်နိုင်ခဲ့ချေ။ ဤသည်မှာ အဖိုးတန်ရတနာတစ်ခု၏ ပိုင်ရှင်မှလွဲ၍ အခြားတစိမ်းတစ်ဦးအပေါ် ငြင်းဆန်မှုဖြစ်ပေသည်။
အမျိုးသမီးကိုယ်ပေါ်ရှိအလင်းရောင်မှာ အနည်းငယ် မှိန်ကျသွားခဲ့သည်။ ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်း၏ ရောင်သွယ်တော်တိုက်ခိုက်မှုမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ ပြင်းထန်လာသလို ဝိဥာဉ်ဝါးမျိုအင်းဆက်များမှာလည်း ပိုပို၍ ကြမ်းကြုတ်ခက်ထန်လာကြောင်း တွေ့ရှိလာရသော် အမျိုးသမီးမှ ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် ပြန်ဆုတ်လာခဲ့ ရတော့လေသည်။
အလင်းတစ်ချက် လပ်သွားပြီးသည့်နောက်တွင် အခန်းထဲအမျိုးသမီး ပြန်ပေါ် လာခဲ့လေ၏။ သို့သော်ငြား အခန်းထဲပြန်ရောက်ပြီး စိတ်အေးလက်အေး မနားနိုင်သေးခင်မှာပင် သူမတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်း ထသွားခဲ့ရလေသည်။
တစ်ချိန်တည်းတွင် သူမခန္ဓာကိုယ်အား လာရောက်ရိုက်ခတ်သည့် မမြင်နိုင်သော စွမ်းအားတစ်ရပ်ကြောင့် အမျိုးသမီး၏ခန္ဓာကိုယ်မှာ တုန်ရီသွားခဲ့ရလေသည်။
ညည်းတွားသံနှင့်အတူ ရန်ကိုင်ခန္ဓာကိုယ်လည်း နောက်သို့လွင့်စင်ထွတ်သွားခဲ့လေသည်။
“ဝီ ဝီ ဝီ”
ဝိညာဉ်ဝါးမျိုအင်းဆက်အုပ်ကြီးသည် ရန်ကိုင်၏ခန္ဓာကိုယ်ထဲမှ ပြန်ထွက်လာလျက် အမျိုးသမီးဆီသို့ တိုက်ရိုက်ပျံသန်းသွားလေ၏။ ထိုဝိညာဉ်ဝါးမျိုအင်းဆက်များအတွက် ဤအမျိုးသမီးကဲ့သို့သော အားကောင်းလှသည့် ဝိညာဉ်တစ်ခုသည် ဤလောကကြီးထဲတွင် အရသာအရှိဆုံးသော အစားအစာတစ်ခုဖြစ်ပေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှ အမိန့်မပေးသည့်တိုင် ဝိညာဉ်ဝါးမြိုအင်းဆက်များသည် အမျိုးသမီးဆီသို့ သူတို့ဘာသာသူတို့ ပျံသန်းသွားကုန်ကြလေ၏။
အမျိုးသမီးမှာလဲ ဤကိစ္စနဲ့ပတ်သတ်၍ လေးဖင့်မနေရဲခဲ့ပေ။ ဝိညာဉ်ဝါးမျိုအင်းဆက်များ သူမဝိညာဉ်အား ထိခိုက်အောင်မလုပ်နိုင်စေရန်အတွက် သူမ၏ခန္ဓာကိုယ်ပတ်လည်တွင် အကာရံတစ်ခုဖန်းတီးလိုက်လေ၏။
သို့ရာတွင် ဤကဲ့သို့သော အကာအရံဖန်တီးထားခြင်းသည် ရေရှည်ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းမျိုး မဟုတ်ချေ။ သူမဖန်တီးလိုက်သည့် အကာအရံမှာ စိတ်စွမ်းအင်ဖြင့် ဖန်တီးထားခြင်းသာဖြစ်သည်။ ဝိဥာဉ်ဝါးမြိုအင်းဆက်များသည် စိတ်စွမ်းအင်ဖြင့် ဖန်တီးထားသည့်အရာမှန်သမျှကို ဝါးမြိုနိုင်သည့်အတွက်ကြောင့် အနှေးနှင့်အမြန်ဆိုသလို သူမ ဖန်တီးထားသည့် အကာအရံကိုလည်း ဝါးမြိုပစ်သွားပေလိမ့်မည်။ ထို့အတွက်ကြောင့် အကာမရံမပျက်စီးသွားစေရန်အတွက် အမျိုးသမီးသည် အကာအရံကိုအဆက်မပြတ် အားဖြည့် ပေးနေရတော့လေသည်။
ထို့နောက် အမျိုးသမီးသည် ရန်ကိုင်အား သုန်သုန်မှုန်မှုန်ဖြင့် လှမ်းကြည့်လျက် သူ့လက်ထဲရှိ ဓားဆီသို့ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် ကြောက်လန့်တကြား အော်ပြောလိုက်လေ၏။ “ဧကရာဇ်အဆင့် ဝိဥာဉ်အမျိုးအစား မှော်ရတနာ”
အစောပိုင်းက သူမခံစားလိုက်ရသည့် ခြောက်ခြားဖွယ်ရာခံစားချက်မှာ ဤဧကရာဇ်အဆင့် မှော်ရတနာဆီမှ လာခြင်းပင်ဖြစ်လေသည်။ ဤဧကရာဇ်အဆင့်မှော်ရတာသည်သာ သူမအား ထိုကဲ့သို့ကြက်သီးမွှေးညှင်းထသွားအောင် လုပ်နိုင်ခြင်းဖြစ်သည်။
လက်သည်တရားခံကို တွေ့သွားသော အမျိုးသမီးသည် ရန်ကိုင်အားကြည့်၍ နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ “မင်းမှာအရည်အချင်း နည်းနည်းပါးပါးရှိတာပဲ ကောင်လေးရဲ့။ မှော်ရတနာတွေနဲ့ သိုင်းပညာရပ်တွေကလည်း ပေါင်းစုံနေတာပဲ။ ငါ့ရှေ့တည့်တည့်မှာတောင် မင်းကိုယ်ထဲက ချိတ်စည်းကို ငါမသိအောင် ဖျက်ဆီးသွားတာ တကယ်ကို အထင်ကြီးစရာပဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၃၅)
“ဟဲ ဟဲ ဟဲ…” ရန်ကိုင်သည် ကြိုးစားရုန်းကန် ထရပ်ရင်း ဝိဉာဉ်ခွဲဆေဘာဓါးဖြင့် အမျိုးသမီးအား ချိန်ရွယ်၍ နှုတ်ခမ်းလေးကို ကွေးကာ ပြောလိုက်လေသည်။ “အဖွားဆီကနေ အခုလိုမျိုး ချီးကျူးခံရတဲ့အတွက် ဂျူနီယာ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိပါတယ်…”
ထိုစကားကို ကြားသည့်အခါ အမျိုးသမီး၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “နင်ဘာပြောလိုက်တာလဲ…”
ကိုယ့်ကိုယ်ကို ဟုတ်လှပြီဟူသော ပုံစံမျိုးဖြင့် ရန်ကိုင်က ပြောလိုက်လေသည်။ “မသိချင်ယောင်ဆောင်မနေပါစမ်းနဲ့ အဖွားယို့ရယ်… အဖွားယို့မှန်း ဂျူနီယာ သိပြီးနေပါပြီ…”
အဖွားယို့ဟူသော စကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အမျိုးသမီး၏ အမူအယာ ရေခဲတမျှ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။
ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ “စစချင်းတုန်းကတော့ အဖွားယို့ရဲ့ မျက်နှာကို ဘာလို့ ရင်းနှီးနေတယ်လို့ ခံစားနေရလဲ ဆိုတာကို လုံးဝ နားမလည်နိုင်ခဲ့သေးဘူး…”
“အဲ့ဒါဆို နင် ဘယ်တုန်းက နားလည်သွားတာလဲ…” အမျိုးသမီးသည် ရန်ကိုင်၏ အထင်အား ငြင်းဆိုခြင်း မပြုပဲ စိတ်ဝင်တစားဖြင့်သာ ပြန်၍ မေးမြန်းလိုက်လေသည်။ သူမခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော ဝိဉာဉ်ဝါးမျိုခြင်းအင်းစက်များကိုပင်လျှင် လျစ်လျူရှုထားခဲ့သည်။
“အခုလိုမျိုးတွေ ဖြစ်လာတဲ့အချိန်မှာပေါ့…” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “အဖမ်းခံထားရတဲ့ လူတွေထဲမှာ ဘာဖြစ်လို့ နေမင်းပြာကျောင်းတော်က လူတွေကိုပဲ ရွေးလိုက်တာလဲ… အကြောင်းပြချက် တစ်ခုခုတော့ ရှိမှာပေါ့… ဖြစ်နိုင်တာက ခင်ဗျား နေမင်းပြာကျောင်းတော်က လူတွေကို သိထားတာ ဟုတ်ရင်ဟုတ် မဟုတ်ရင် နေမင်းပြာကျောင်းတော်က လူတွေနဲ့ ဒီက ဒေသခံလူတွေနဲ့ တစ်ခုခု ကွာခြားနေလို့နေမှာပေါ့… ဒါပေမဲ့ ဒီကို ရောက်နေတဲ့လူတွေအကုန်လုံးက နာမ်ဝိဉာဉ်ပဲလေ… ဒီတော့ ဒေသခံတွေနဲ့ ပြင်ပကလာတဲ့ လူတွေနဲ့ ဘာကွာမှာမို့လို့လဲ… အဲ့တော့ တစ်ခုပဲ ရှိတော့တယ်… ခင်ဗျား ကျုပ်တို့ကို ရွေးလိုက်တာ ကျုပ်တို့ကို ပြင်ပကလာတဲ့ လူတွေမှန်း သိလို့ပဲ… အခြားတစ်နည်းနဲ့ ပြောရရင်တော့ ခင်ဗျား ကျုပ်တို့ဆီက တစ်ခုခု ရှာနေတာပဲ… အခု ခင်ဗျား ကျုပ်တို့ဆီက ဘာရှာနေတာလဲဆိုတော့ ဟောဒီ ဝိဉာဉ်ကြာပန်းပဲ ဖြစ်နိုင်တာပေါ့…”
“ခုနတုန်းက ခင်ဗျား ကျောင်းသခင်ဝမ်ရဲ့ နာမည်ကို ပြောနေတုန်းက ခင်ဗျားမျက်နှာမှာ ပေါ်လာတဲ့ အမုန်းတရားတွေက အရမ်းကို သိသာထင်ရှားလွန်းတယ်…” ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည်။
ဝမ်ကျိရှန်း၏ နာမည်အား ကြားလိုက်သည့်အခါမှသာလျှင် အကြောင်းစုံကို ရန်ကိုင် ရုတ်တရက် နားလည်သွားတော့လေသည်။
သူ့ရှေ့တွင် ရပ်နေသည့်လူမှာ အခြားမဟုတ်။ ကောင်းကင်တက်လှမ်းခြင်းကြေးမုံအား စောင့်ကြပ်နေသော အဖွားယို့သာ ဖြစ်လေသည်။ ထို့ကြောင့်ပင်လျှင် ဤအမျိုးသမီးအား ရင်းနှီးနေသလို ခံစားရခြင်း ဖြစ်လေသည်။ အဖွားယို့သည် ကောင်းကင်တက်လှမ်းခြင်းကြေးမုံအား တစ်နှစ်ပတ်လုံး စောင့်ကြပ်နေရသည့် အတွက်ကြောင့် ဤနေရာထဲသို့ သူမစိတ်ကြိုက် ဝင်ထွက်သွားလာနိုင်ပေသည်။
အဖွားယို့သည် ပုံမှန်အားဖြင့် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသော အဖွားကြီးတစ်ဦး ဖြစ်သော်ငြား လက်ရှိ သူ့ရှေ့တွင် ရှိနေသော အမျိုးသမီးမှာမူ အလွန်တရာကိုမှ ငယ်ရွယ်လှပလှသည့် အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် မြင်မြင်ချင်း ထိုအမျိုးသမီးနှစ်ဦးကို ရန်ကိုင် မဆက်စပ်မိလိုက်ခြင်း ဖြစ်ပေသည်။
“ဒီတော့ အဲ့နည်းလမ်းနဲ့ ဒီဘုရင်မ ဘယ်သူလဲဆိုတာကို နင်မှတ်မိသွားတယ်ပေါ့…”
ရန်ကိုင်က ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ခင်ဗျားလို သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေတဲ့ အဖွားအိုကြီးတစ်ယောက်က မိန်းမချောလေး ယောင်ဆောင်တာကတော့ ဟုတ်ပါပြီ ကျုပ်ဘာမှ မပြောလိုပါဘူး… ဒါပေမဲ့ ခင်ဗျားကိုယ်ခင်ဗျား ဘုရင်မလို့ သုံးနှုန်းတာကြီးကတော့ နည်းနည်း လွန်မနေဘူးလား…”
အဖွားယို့ဆိုသူက အေးစက်စက် လေသံဖြင့် ရယ်မောလျက် “နင် ငါ့ကို လာရန်စဖို့ ကြိုးစားနေတာလား… အဲ့ဒါဆိုရင်တော့ အလုပ်ဖြစ်မယ်မထင်ဘူးနော်…”
သူ့အစီအစဉ်ကို တစ်ဖက်လူမှ မြင်သွားမှန်း သဘောပေါက်လိုက်သော် ရန်ကိုင် မဲ့ပြုံးပြုံးလိုက်လေသည်။
အဖွားယို့ကဲ့သို့သော ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ တစ်ဖက်လူအား ဒေါသထွက်အောင်လုပ်၍ ပျာယာခတ်အောင် လုပ်သည့်နည်းလမ်းမှလွဲ၍ သူမလက်မှ ထွက်ပြေးလွတ်မြောက်နိုင်မည့် အခြားနည်းလမ်းမရှိမှန်း ရန်ကိုင် ကောင်းကောင်း သိပေသည်။ အပြင်လောကကြီးတွင်သာ ဆိုပါက သူ့တွင် အဖွားယို့လက်မှ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခု ရှိလိမ့်မည်ဖြစ်သော်ငြား လက်ရှိ ဤလောကကြီးထဲတွင်တော့ အဖွားယို့၏ ခွန်အားမှာ အထွဋ်အထိပ်သို့ ရောက်နေလေ၏။ သူ့တွင် သူမလက်မှ လွတ်မြောက်နိုင်သည့် မည်သည့်နည်းလမ်းမှ ရှိမနေခဲ့ချေ။
“ကောင်လေး နင်က တကယ်ကို ဉာဏ်နီဉာဏ်နက်များတာပဲ…” အဖွားယို့သည် အသာအယာ ခေါင်းညိတ်ရင်း ရန်ကိုင့်အား ချီးကျူးလိုက်လေသည်။ “ငါထင်တာသာမှန်ရင် နင် ဝိဉာဉ်ဝါးမျိုအင်းစက်တွေကို သုံးပြီး နင့်ကိုယ်ထဲက ချိတ်စည်းတံဆိပ်ကို ဖျက်ဆီးပစ်လိုက်တာမလား…”
“ဟုတ်တယ်ဆိုရင်ရော…” ရန်ကိုင်၏ လေသံမှာ ယခင်ကကဲ့သို့ ဖော်ရွေမနေတော့ချေ။ ဝိဉာဉ်ခွဲဆေဘာဓါးကို ဝှေ့ယမ်းရင်း အော်ပြောလိုက်လေ၏။ “ခင်ဗျား သေသေချာချာ ရွေးသင့်တယ်နော် အဖွားယို့… ဒီဝိဉာဉ်ဝါးမျို အင်းစက်တွေအကြောင်း သိတယ်ဆိုလို့ရှိရင် သူတို့ဘယ်လောက် ကြောက်ဖို့ကောင်းလဲ ခင်ဗျားသိမှာပါ… အဲ့ဒါဆိုရင် ကျုပ်ကို မြန်မြန်လွှတ်ပေးလိုက်တော့… မဟုတ်ရင် ကျုပ် ဒီကောင်တွေကို အမိန့်ပေးပြီး ခင်ဗျားကို သေတဲ့အထိ ဝါးမျိုပစ်ခိုင်းလိုက်မှာ…”
“ဟမ့်… ဒီကောင်တွေသာ နောက်ထပ် နှစ်တစ်ရာလောက် ကြီးလာဦးမယ်ဆိုရင်တော့ ဒီဘုရင်မ သူတို့ကို ကြောက်ချင်ကြောက်ရဦးမှာ… ဒါပေမဲ့ အခုတော့လား…” အဖွားယို့သည် နှာခေါင်းရှုံ့လျက် သူမလက်အား ဝှေ့ယမ်းချလိုက်ရာ သူမခန္ဓာကိုယ်တစ်ဝိုက်တွင် ဝိုင်းအုံနေသော ဝိဉာဉ်ဝါးမျိုအင်းစက်အားလုံး လွင့်စင်ထွက်သွားကုန်ကြလေသည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များမှာ လွင့်ထွက်သွားပြီးသည့်နောက် တစ်ခဏမျှ မူးဝေသွားခဲ့လေသည်။ ခဏအကြာတွင် အသိပြန်ဝင်လာပြီး အဖွားယို့အား တစ်ဖန်ပြန်လည် ဝိုင်းအုံလိုက်ကြပြန်လေ၏။
“ဒီအခြေအနေထိ ရောက်လာပြီဆိုမှတော့ ဒီဘုရင်မလည်း ဒဲ့ဒိုးပဲပြောတော့မယ်…” အဖွားယို့သည် ဝိဉာဉ်ဝါးမျိုအင်းစက်များကို လျစ်လျူရှုလျက် ရန်ကိုင့်အား ပြောလိုက်လေသည်။ “လိမ်လိမ်မာမာနဲ့ ဝိဉာဉ်ကြာပန်းပေါ်က နင့်ဝိဉာဉ်အမှတ်အသားကို ဖျက်ပစ်လိုက်… အဲ့ဒါဆိုလို့ရှိရင် ငါနင့်ကို ကောင်းကောင်း ဆက်ဆံပေးမယ်…”
“ဘာလို့ ဖျက်ပေးရမှာလဲ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“နင့်ကိုနင် ဘာထင်နေတာလဲ…” အဖွားယို့က နှာခေါင်းရှုံ့လိုက်၏။
ရန်ကိုင်သည် ကူကယ်ရာမဲ့ဟန်ဖြင့် ခေတ္တခဏမျှ ကြာအောင် စဉ်းစားနေပြီးသည့်နောက် ပြောလိုက်လေသည်။ “အဲ့ကိစ္စကို ခဏထားလိုက်ရအောင်… အဲ့မတိုင်ခင် ကျုပ်မေးချင်တာ တစ်ခု ရှိတယ်…”
“ဘာလဲ…”
“ကျုပ်မှာ ဝိဉာဉ်ကြာပန်း ရှိနေမှန်း ခင်ဗျားဘယ်လိုသိတာလဲ… ဝိဉာဉ်ကြာပန်းကို ကျုပ် လုံလုံခြုံခြုံနဲ့ ဖုံးကွယ်ထားတာပဲ အခြားဘယ်သူမှ တစ်ခါမှ မြင်ဖူးတာမဟုတ်ဘူး…”
အဖွားယို့က မျက်မှောင်ကျုံ့လျက် “နင့်ကို ပြောပြလိုက်လို့လည်း ကိစ္စမရှိပါဘူး… ဒီဘုရင်မ ဒီကောင်းကင်တက်လှမ်းခြင်းကြေးမုံကို စောင့်ကြပ်လာတာ နှစ်ပေါင်းနှစ်ထောင် မကတော့ဘူး… ဒီကောင်းကင်တက်လှမ်းခြင်းကြေးမုံက ဒီဘုရင်မကို သခင်အဖြစ် အသိအမှတ် မပြုသေးပေမဲ့ ငါဒီကြေးမုံကို ကောင်းကောင်း အသုံးချနိုင်နေပြီ… နင့်နာမ်ဝိဉာဉ် ဒီကြေးမုံထဲကို ရောက်လာတဲ့အချိန် ခန္ဓာကိုယ်ထဲက အခြေအနေကို ငါတစ်ချက်ကလေး မြင်လိုက်ရတယ်…”
“ဒါပေမဲ့ အတည်မပြုနိုင်ဘူးမလား… ခင်ဗျားမြင်လိုက်တာ တကယ်ဟုတ်မဟုတ် မသေချာဘူးလေ… ဘယ်သူ့ခန္ဓာကိုယ်ထဲမှာ ဝိဉာဉ်ကြာပန်း ရှိနေသလဲ ဆိုတာဆိုရင်တော့ ပိုဝေးပေါ့… ဒါပေမဲ့ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲ ဝင်လာပြီးသွားလို့ရှိရင် ကျုပ်တို့တွေအကုန်လုံး ကောင်းကင်မွန်းစတားရိုးမတောင်တန်းကို သွားမယ်ဆိုတာ ခင်ဗျားသိနေတယ်… ဒါကြောင့်ပဲ ကျိုးထျန်းကို သူ့လူတွေကိုခေါ်ပြီး ကျုပ်တို့ကို လာဖမ်းခိုင်းလိုက်တာ… ဖမ်းပြီးတာနဲ့ ကျုပ်တို့တစ်ယောက်ချင်းကို ထိုင်စစ်ဆေးတော့တာ… ဟုတ်တယ်မလား…” ရန်ကိုင်က ပြောလိုက်သည်။
“ဟုတ်တယ်… ဒါပေမဲ့ ဒီဘုရင်မ တွေးခဲ့တာ ဝိဉာဉ်ကြာပန်းက ရှရှန်းမဟုတ်ရင်တောင် အနည်းဆုံးတော့ ရှောင်ပိုင်ယီဆီမှာ ရှိနေလိမ့်မယ်လို့ ထင်ခဲ့တာ… အားအနည်းဆုံးဖြစ်တဲ့ နင့်ဆီမှာ ရှိနေလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး…”
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
ယခုမှသာ နေမင်းပြာကျောင်းတော်သားများအနက် ရှရှန်းသည် ပထမဦးစွာ ခေါ်ထုတ်သွားခံရပြီး ရှောင်ပိုင်ယီသည် ဒုတိယနေရာမှလိုက်၍ ခေါ်ထုတ်သွားခံရသည့်အကြောင်းကို ရန်ကိုင် နားလည်သွားတော့လေသည်။ သူသည် အားအနည်းဆုံး ဖြစ်သည့်အတွက်ကြောင့် နောက်ဆုံးမှသာ ခေါ်ထုတ်လာခံခဲ့ရခြင်း ဖြစ်သည်။
“နောက်ထပ်မေးခွန်းတစ်ခု ရှိသေးတယ်…” ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည်။
“ကောင်လေး… နင် တစ်ထွာပေးလို့ တစ်ကိုက်လိုချင်မလာရင် ကောင်းမယ်နော်…” အဖွားယို့၏ မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။
ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလျက် “အဖွားယို့ ခင်ဗျား ကျုပ်ဝိဉာဉ်ကြာပန်းကို ဖျက်ဆီးပစ်လိုက်တာ မမြင်ချင်ဘူးမလား… အဲ့ဒါဆိုရင် ကျုပ်ကို အဲ့လိုမျိုး မပြောတာ ကောင်းလိမ့်မယ်… ပြီးတော့ ခင်ဗျားက အသက်ကြီးနေပြီ… အဲ့တော့ သိပ်ဒေါသမထွက်တာ ကောင်းလိမ့်မယ်… မဟုတ်ရင် ခင်ဗျားခန္ဓာကိုယ်အတွက် မကောင်းဘူး…”
ထို့နောက်တွင် ရန်ကိုင်သည် အဖွားယို့အား စိုးရိမ်တကြီး အမူအယာမျိုးဖြင့် လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင်၏လုပ်ရပ်ကြောင့် အဖွားယို့မှာ အလွန်ကိုမှ ဒေါသူပုန်ထသွားရလေ၏။
ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်ရင်း အဖွားယို့က ပြောလိုက်လေသည်။ “နင့်နေရာ နင်သိရင် ကောင်းလိမ့်မယ် ကောင်လေး…”
“ကျုပ်သိတာပေါ့…” ရန်ကိုင်က အံကိုကြိတ်၍ “ဒီတစ်ကြိမ် အဖွားယို့ ကောင်းကောင်း ပူးပေါင်းပေးရင် ကောင်းလိမ့်မယ်… မဟုတ်ရင် ကျုပ် ဒီဝိဉာဉ်ကြာပန်းကို ဖျက်ဆီးပစ်မယ်… ဘာပဲဖြစ်ဖြစ် ကျုပ်အသက်က ခင်ဗျားလက်ထဲ ရောက်သွားရင် လုံးဝ သက်သာမှာ မဟုတ်ဘူး… ဒီတော့ ကျုပ်လည်း ခံရမဲ့အတူတူ ခင်ဗျားလည်း မကောင်းစားအောင် လုပ်ပစ်မှာ…”
ထို့ကဲ့သို့ ခြိမ်းခြောက်လိုက်သည့်နောက်တွင် အဖွားယို့လည်း ရန်ကိုင့်အား ဘာဆိုဘာမှ မလုပ်ရဲတော့ချေ။
ဝိဉာဉ်ကြာပန်းသည် အလွန်တရာကိုမှ အဖိုးတန်လှသော ရတနာတစ်ပါးဖြစ်ကာ ကြုံဆုံရရန် ခက်ခဲလွန်းလှသည့် အဖိုးတန်ရတနာတစ်ခုလည်း ဖြစ်ပေသည်။ ယခုနေကြုံကြိုက်ပြီးလျှင် မည်သည့်အခါမှ ပြန်လည် မတွေ့တော့သည်မှာလည်း ဖြစ်နိုင်ပေ၏။
ဝိဉာဉ်ကြာပန်း၏ ပိုင်ရှင် သေသွားခဲ့မည်ဆိုပါက ဝိဉာဉ်ကြာပန်းသည် ပျောက်ကွယ်သွားကွယ်လိမ့်မည် မဟုတ်ဘဲ ပိုင်ရှင်၏ စိတ်စွမ်းအင်ကို စုပ်ယူကာ အခြားသော လူတစ်ဦးအား စောင့်နေပေလိမ့်မည်။ ရန်ကိုင် ဤဝိဉာဉ်ကြာပန်းကို ရရှိခဲ့စဉ်က ဝိဉာဉ်ကြာပန်း၏ ပုံစံမှာ ငါးရောင်ခြယ်ပုံစံသာ ရှိနေပေသေးသည်။ ရန်ကိုင်၏ အစဉ်အဆက် အားဖြည့်ပေးမှုကြောင့်သာ ခုနှစ်ရောင်ခြယ်အသွင်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင် သေသွားခဲ့လျှင် ဝိဉာဉ်ကြာပန်းမှာ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်သော်ငြား ရန်ကိုင်မှ ဖျက်ဆီးပစ်လိုက်မည်ဆိုလျှင်တော့ ဝိဉာဉ်ကြာပန်းမှာ အပြီးတိုင် ပျောက်ကွယ်သွားနိုင်ပေသည်။
အဖွားယို့၏ ခွန်အားမှာ ရန်ကိုင့်ထက် အဆများစွာ ပိုမိုမြင့်မားပေသည်။ ထို့အတွက်ကြောင့် ဝိညာဉ်ခွဲဆေဘာဓါးရော ဝိဉာည်ဝါးမျိုအင်းစက်များ၏ အကူအညီပါ ရှိနေသည့်တိုင် ရန်ကိုင့်အနေဖြင့် အဖွားယို့၏လက်မှ မည်သို့မှ မလွတ်မြောက်နိုင်ပေ။
သူမအနေဖြင့် ယခုအချိန်ထိ မလှုပ်ရှားရသေးခြင်းမှာ ရန်ကိုင်မှ စိတ်ပေါက်ပေါက်ဖြင့် ဝိဉာဉ်ကြာပန်းအား ဖျက်ဆီးလိုက်မည်ကို စိုးရိမ်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။
အဖွားယို့သည် ရန်ကိုင့်အား ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် သူမကိုယ်သူမ တည်ငြိမ်သွားစေရန်အတွက် မျက်လုံးကိုပိတ်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။ ခဏအကြာ၌ မျက်လုံး ပြန်ဖွင့်လာခဲ့လေ၏။
“ဒါနောက်ဆုံးမေးခွန်းပဲ… နင့်အကန့်အသတ် နင်သိရင် ကောင်းလိမ့်မယ်…”
“ဟုတ်တာပေါ့…” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် “အဖွားသာ ကောင်းကောင်း ဖြေပေးမယ်ဆိုလို့ရှိရင် ဂျူနီယာကလည်း ကျိန်းသေ ထပ်မမေးတော့ဘူး…”
“အဲ့ဒါဆို အကောင်းဆုံးပဲ…” အဖွားယို့ ခေါင်းညိတ်လိုက်လေသည်။
ရန်ကိုင် ရုတ်တရက် အလေးအနက် အမူအယာဖြင့် မေးလိုက်လေသည်။ “အဖွား… အဖွားယို့ ဒီဝိဉာဉ်ကြာပန်းနဲ့ ဘာလုပ်ဖို့ စဉ်းစားထားတာလဲ…”
ထိုစကားကို ကြားသည့်အခါ အဖွားယို့ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သူမ၏ မျက်နှာအမူအယာမှာလည်း ရေခဲတမျှ အေးစက်သွားခဲ့လေ၏။
ရန်ကိုင်က ပြောလိုက်လေ၏။ “ဒီဝိဉာဉ်ကြာပန်းကိုသုံးပြီး အဖွားယို့ရဲ့ ဝိဉာဉ်ကို ပျိုးထောင်နိုင်တာမျိုးတော့မဟုတ်ဘူး… အဖွားယို့ပြောသွားတဲ့ ပုံစံအရဆိုရင်တော့ ဒီဝိဉာဉ်ကြာပန်းအကူအညီနဲ့ ကျောင်းသခင်ဝမ်ကို တစ်ခုခုလုပ်နိုင်တာမျိုးပေါ့ ဟုတ်တယ်မလား… ဂျူနီယာ အခြားတစ်နည်းနဲ့ ပြောမယ်ဗျာ…” ချက်ချင်းဆိုသလို ရန်ကိုင့်၏ အကြည့်သည့် ရုတ်ချည်း စူးရှသွားခဲ့လေသည်။ အဖွားယို့၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ရင်းမှ ပြောလိုက်လေ၏။ “အဖွားယို့ ပြောသွားတဲ့ ကြေးမုံဝိဉာဉ်ဆိုတာ ဘာလဲ… ကြေးမုံဝိဉာဉ်ကို သန့်စင်ဖို့ ဘာလို့ ဝိဉာဉ်ကြာပန်းကို လိုအပ်တာလဲ…”
ထိုစကားလုံးများ ထွက်လာသည်နှင့် တစ်ပြိုင်နက် အဖွားယို့၏ မျက်နှာထက် ကြမ်းကြုတ်ခက်ထန်သည့် အမူအယာ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သတ်ဖြတ်လိုစိတ်တို့ဟာလည်း အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေ၏။
“အဖွားယို့ ကျုပ်တို့ သဘောတူညီချက် လုပ်ထားတယ်နော်… ခင်ဗျား ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းတော့မလို့လား… ခင်ဗျား အဲ့လိုလုပ်မယ်ဆိုရင် ကျုပ်လည်း ဒီဝိဉာဉ်ကြာပန်းကို ဖျက်ဆီးပစ်လိုက်တော့မှာနော်… အဲ့တော့မှ နောင်တရပါတယ်ဆိုပြီး ထိုင်ငိုမနေနဲ့…” အဖွားယို့ ငြိမ်သွားသည်ကို မြင်သော် ရန်ကိုင်က ဖိအားပေးလိုက်လေ၏။
အဖွားယို့က ဒေါသတကြီးဖြင့် ရယ်မောလျက် “နင် လုပ်ရဲလို့လား… လုပ်ရဲရင် ကြိုးစားကြည့်လိုက်လေ… ငါ ကြည့်ကြည့်မယ်…”
အဖွားယို့သည် တကယ်ကြီး ရပ်ကြည့်တော့မည့် ပုံစံမျိုး လုပ်ပြနေသည်ကို မြင်သော် ရန်ကိုင်သည် ခေါင်းကုပ်၍ ခေါင်းခါလျက် “ဘာပဲဖြစ်ဖြစ် ခင်ဗျား ကျုပ်ကို တွန်းအားမပေးသင့်သေးဘူး အဖွားယို့… ကျုပ်မှာ တကယ် ရွေးစရာ မရှိတော့ရင် တကယ်လုပ်မှာ…”
“ဟမ့်… နင့်လိုကောင်ကများ…” အဖွားယို့က ပြန်ပြောလိုက်လေသည်။
ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် အဖွားယို့က အံကြိတ်၍ ပြောလိုက်လေ၏။ “ဒီလောကကြီးထဲမှာ အချို့ရတနာတွေက တိုက်ဆိုင်တဲ့အခါကြမှပဲ ဖြစ်ပေါ်လာလေ့ရှိကြတယ်… နှစ်တွေ လတွေ ရက်တွေ ကြာတဲ့အခါမှာ သူတို့မှာ ကိုယ်ပိုင်အသိစိတ်တွေ ဖြစ်ပေါ်လာကြတယ်… နောက်ဆုံး တစ်နည်းနည်းနဲ့ အဲ့ဒါတွေက မှော်ရတနာစိတ်ဝိဉာဉ်တွေ ဖြစ်လာကြတယ်…”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် သေချာ အာရုံစိုက် နားထောင်လိုက်လေသည်။ “ကျုပ် အဲ့အကြောင်းကိုသိတယ်…”
လျို့ယန်သည် ထိုကဲ့သို့သော် မှော်ရတနာစိတ်ဝိဉာဉ်မျိုး ဖြစ်ပေသည်။