အခန်း (၂၂၃၆-၂၂၄၀)
Vol. 90 Ch. 2236-2240
အပိုင်း (၂၂၃၆)
“မှော်ရတနာ စိတ်ဝိဉာဉ်တစ်ခု မွေးဖွားလာဖို့ ဆိုတာက အဲ့မှော်ရတနာရဲ့ အဆင့်ထက် ကံနဲ့ ပိုပြီး သက်ဆိုင်တယ်… ဒါပေမဲ့ မှော်ရတနာရဲ့ အဆင့်နဲ့လည်း သက်ဆိုင်တယ်လို့ အချို့ကတော့ ပြောကြတယ်… မှော်ရတနာအဆင့် ပိုမြင့်လေ မှော်ရတနာ စိတ်ဝိဉာဉ် ထွက်ပေါ်လာဖို့ ရာခိုင်နှုန်း ပိုများလေပဲ… အဲ့ဒါကလည်း မှန်တော့လည်း မှန်တာပါပဲ… တကယ်တော့ မှော်ရတနာ စိတ်ဝိဉာဉ်တစ်ခု ထွက်ပေါ်လာဖို့ဆိုတာ အချိန်အကြာကြီး လိုတယ်လေ… မှော်ရတနာအဆင့်မြင့်နေမှပဲ အဲ့မှော်ရတနာတစ်ခုက နှစ်ပေါင်းရာနဲ့ထောင်နဲ့ချီပြီး ကြာရှည်ခံမှာမလား…”
ရန်ကိုင်သည် စကားတစ်ခွန်းမှ ဝင်မပြောပဲ အဖွားယို့ ရှင်းပြနေသည်ကိုသာ သေချာ နားစိုက်ထောင်နေခဲ့လေသည်။
“အဲ့လိုပဲ… ဒီကောင်းကင်တက်လှမ်းခြင်း ကြေးမုံမှာလည်း ကိုယ်ပိုင် မှော်ရတနာစိတ်ဝိဉာဉ် ရှိတယ်…” ထိုစကားကို ပြောသည့်အခါ အဖွားယို့သည် ရန်ကိုင့်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့လေသည်။
“အဲ့မှော်ရတနာ စိတ်ဝိဉာဉ်က အဖွားယို့ပြောတဲ့ ကြေးမုံဝိဉာဉ်လား…” ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်မေးလိုက်သည်။
“ဟုတ်တယ်…” အဖွားယို့က အသာအယာ ခေါင်းညိတ်လိုက်၏။ “ဒီဘုရင်မ ဒီကောင်းကင်တက်လှမ်းခြင်း ကြေးမုံကို စသိကတည်းက လေ့လာနေတာ အခုဆို နှစ်ပေါင်းထောင်နဲ့ ချီသွားပြီ… ဒါပေမဲ့ တစ်ခါမှ မသန့်စင်နိုင်ခဲ့ဘူး… ဒါပေမဲ့ ဟိုးအကြာကြီးတစ်ခါတုန်းက ဒီကောင်းကင်တက်လှမ်းခြင်းကြေးမုံရဲ့ ကြေးမုံဝိဉာဉ်ကို သွားတွေ့ခဲ့တယ်… ဒါပေမဲ့ အဲ့ကြေးမုံဝိဉာဉ်ကို လုံးဝ မသန့်စင်နိုင်ခဲ့ဘူး… ကြေးမုံဝိဉာဉ်လိုအရာမျိုးကို သန့်စင်ဖို့ ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်ကူမှာလဲ… ဒီဘုရင်မရဲ့ ဝိဉာဉ်က ဧကရာဇ်တတိယအဆင့်ကို ရောက်နေတာတောင် အဲ့လိုမျိုး မလုပ်နိုင်ဘူး… ကြေးမုံဝိဉာဉ်ကို အတင်းအကြပ် သွားသန့်စင်ဖို့ လုပ်မယ်ဆိုလို့ရှိရင် ကိုယ့်ဝိဉာဉ်ကိုယ် ဖျက်ဆီးပစ်သလို ဖြစ်သွားမှာ… တကယ်တော့ ကြေးမုံဝိဉာဉ်ရဲ့ ခွန်အားက မဟာဧကရာဇ်တွေတောင် အတင်းအကြပ် ဖိနှိပ်လို့ရတဲ့ ခွန်အားမျိုး မဟုတ်ဘူး…”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် စိတ်ဝင်စားသွားခဲ့လေသည်။ “ဒီတော့ ဒီလောကကြီးရဲ့ စိတ်ဆန္ဒကို သယ်ဆောင်ဖို့ ခင်ဗျားက အခြားတစ်ခုခုကို သုံးဖို့ စဉ်းစားနေတာပေါ့…”
အဖွားယို့က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “အခြားနည်းလမ်းရော ရှိသေးလို့လား… ဒါပေမဲ့ ရှိတဲ့နည်းလမ်းတွေရဲ့ လိုအပ်ချက်တွေကလည်း အရမ်းကြီးမားလွန်းတယ်… ဒီလောကကြီးမှာ အဲ့လိုမျိုး လုပ်နိုင်တဲ့ အဖိုးတန်ရတနာတွေ ဘယ်လောက်များများ ရှိလို့လဲ…” ထိုနေရာသို့အရောက်တွင် အဖွားယို့သည် ရန်ကိုင့်အား မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်၍ ပြောလိုက်လေသည်။ “အဲ့လို ရတနာတွေထဲမှာမှ နင် ပိုင်ဆိုင်ထားတဲ့ ဝိဉာဉ်ကြာပန်းက တစ်ခုအပါအဝင်ပဲ…”
“အဲ့လိုကိုး…” ရန်ကိုင် ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့လေသည်။
“ဒီဘုရင်မသာ ဝိဉာဉ်ကြာပန်းကို ရနိုင်မယ် ဆိုလို့ရှိရင် ဝိဉာဉ်ကြာပန်းကို ကြေးမုံဝိဉာဉ်ကို သယ်ဆောင်သူအဖြစ် သုံးပြီး ဒီလောကကြီးရဲ့ စိတ်ဆန္ဒကို သန့်စင်ပစ်လိုက်လို့ရပြီ… အဲ့လိုမျိုးသာ လုပ်နိုင်မယ် ဆိုလို့ရှိရင် ဒီဘုရင်မရဲ့ ဝိဉာဉ်က မဟာဧကရာဇ်အဆင့်ကို ရောက်သွားလိမ့်မယ်… အဲ့ခါကြရင် ဝမ်ကျိရှန်းလို လူမျိုးက ငါ့အတွက် ဘာမှ စာဖွဲ့စရာ မဟုတ်တော့ဘူး…” ထိုကဲ့သို့ ပြောပြီးသည့်အခါ အဖွားယို့သည် နားရွက်တက်ချိတ်မတတ် ပြုံးသွားခဲ့လေသည်။
“အဖွားယို့ ခင်ဗျား ကျောင်းသခင်ဝမ်ကို တော်တော်ကြီး မုန်းတီးနေတာပဲ…” ရန်ကိုင်က ပြောလိုက်လေသည်။
“အဲ့ခွေးသူတောင်းစားကောင်အကြောင်း ငါ့ကို လာမပြောနဲ့…” အဖွားယို့ ရုတ်တရက် ဒေါသူပုန်ထလာခဲ့လေ၏။ “သူ့ကြောင့်သာ မဟုတ်လို့ရှိရင် ဒီဘုရင်မ ဒီကောင်းကင်တက်လှမ်းခြင်းကြေးမုံကို အေးအေးဆေးဆေး လေ့လာပြီး ဒီရတနာကို အပိုင်သိမ်းလို့ရနေမှာ… ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရှစ်ရာတုန်းက နေမင်းပြာတောင်တန်းဆီ ရောက်လာပြီး ငါ့ကို လာအနိုင်ယူသွားတယ် ပြီးတော့ ဒီရတနာကို ပေးဖို့ တောင်းတယ်… ငါဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ…”
“အဲ့လိုလား…” ရန်ကိုင်က ပြန်ပြောလိုက်လေသည်။
အဖွားယို့သည် ရန်ကိုင့်အား စိုက်ကြည့်ရင်း သူမမျက်နှာထက်ရှိ ဒေါသအရိပ်အယောင်များကို တဖြည်းဖြည်းချင်း ချုပ်တည်းလိုက်လေသည်။ သူမ၏ လေသံကိုလည်း သိမ်မွေ့အောင် ထိန်းရင်း ပြောလိုက်လေ၏။ “ကောင်လေး… ဒီဘုရင်မ ပြောစရာရှိတာတွေ အကုန်လုံးကို ပြောပြီးသွားပြီ… အခု နင်လည်း ငါ့ကို ဝိဉာဉ်ကြာပန်း ပေးဖို့ အချိန်ရောက်ပြီ… စိတ်မပူနဲ့ ငါ ဝမ်ကျိရှန်းနဲ့ပဲ စာရင်းရှင်းမှာ… သူ့ကိစ္စပြီးသွားရင် နင် လုပ်ချင်တာ လုပ်လို့ရပြီ…”
“ကျေးဇူးအများကြီး တင်ပါတယ် အဖွားယို့…” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် “ဒါပေမဲ့ ဒီအခြေအနေက တော်တော်လေး ခက်တယ်နော်…”
အဖွားယို့၏မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး ရန်ကိုင့်အား မှုန်ကုပ်ကုပ် အမူအယာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ “နင့်စကားနင် ပြန်ရုတ်သိမ်းတော့မလို့လား…”
“မဟုတ်ပါဘူး… ဘယ်ကသာ…” ရန်ကိုင်က ချက်ချင်း ငြင်းလိုက်လေ၏။ “ကျုပ်က သဘောတူလိုက်ပေမဲ့ ကျောင်းသခင်ဝမ်က သဘောမတူနိုင်ဘူးလေ… မဟုတ်ဘူးလား ကျောင်းသခင်ဝမ်…”
ထိုစကား ထွက်လာပြီးသည့်နောက် ထောင့်တစ်နေရာဆီသို့ ရုတ်တရက် လှမ်းကြည့်လိုက်လေသည်။
“ဘယ်လို…” ထိုစကားကို ကြားသည့်အခါ အဖွားယို့၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင် ကြည့်နေသည့် ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ “ဝမ်ကျိရှန်း ဒီရောက်နေတာလား…”
ကြောင်ကို တွေ့လိုက်သည့် ကြွက်တစ်ကောင်နှယ် အဖွားယို့ အလွန်ကိုမှ ကြောက်လန့်သွားခဲ့လေသည်။
သို့သော်ငြား ချက်ချင်းမှာပင် သူမ လှည့်စားခံလိုက်ရမှန်း နားလည်သွားခဲ့လေသည်။ သူမအနားတွင် ဝမ်ကျိရှန်း ရှိမနေခဲ့ပေ။ ရန်ကိုင်သည် လျှာရိုးမရှိတိုင်း လျှောက်ပြောနေခြင်းသာ ဖြစ်လေ၏။
“ခွေးကောင်လေး…” အဖွားယို့ ဒေါသူပုန်ထသွားခဲ့လေသည်။ သူမမျက်နှာတစ်ပြင်လုံး ခက်ထန်မှုတို့ဖြင့် ပြည့်နှက်လာခဲ့ပြီး ရန်ကိုင့်နောက်သို့ ပြေးလိုက်သွားတော့လေ၏။
ရန်ကိုင်သည် တည်နေရာကူးပြောင်းခြင်းစွမ်းရည်ကို ထုတ်သုံးခဲ့သော်ငြား အဖွားယို့လက်မှ မလွတ်မြောက်နိုင်ခဲ့သေးပေ။ ရန်ကိုင် နန်းတော်မှ ထွက်သွားပြီးရုံပင် ရှိသေး အဖွားယို့သည် သူ့အား လိုက်မီသွားခဲ့ပြီး သူ့လမ်းကို ပိတ်ထားလိုက်လေ၏။
အဖွားယို့သည် ရန်ကိုင့်အား လက်ညှိုးထိုးလိုက်ရာ သူမလက်ညှိုးထိပ်တွင် စွမ်းအင်ဝဲကတော့တစ်ခု စတင် ဖြစ်ပေါ်လာခဲ့လေသည်။
စွမ်းအင်ဝဲကတော့ကို မြင်ပြီးသည့်နောက် ရန်ကိုင် ကြောက်လန့်တုန်လှုပ်သွားခဲ့လေ၏။
တစ်ချက်ကလေးမှပင် စဉ်းစားမနေတော့ပဲ အော်ပြောလိုက်လေသည်။ “အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်း…”
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်တစ်ဝိုက် အဖြူရောင်ကြာပန်းတစ်ပွင့် ရုတ်တရက် ပွင့်လန်းလာခဲ့လေ၏။
ပြင်ပလောကကြီးတွင်ကဲ့သို့ မဟုတ်ဘဲ ဤနေရာတွင် အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်းပညာရပ်ကို ထုတ်သုံးသည့်အခါ ကြာပန်းသည် အခြားသူများ မြင်နိုင်စေရန်အတွက် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တိုက်ရိုက် ပွင့်လန်းလာခဲ့ပေသည်။
“ဝိဉာဉ်ကြာပန်း…” ကြာပန်းကို မြင်သည့်အခါ အဖွားယို့သည် ပျော်ရွှင်စွာပြုံးလျက် သူမလက်ကို ရှေ့သို့ လှမ်းလိုက်လေသည်။
သို့သော် ထိုအခိုက်အတန့်တွင် ကြာဖူးသည် ရုတ်တရက် လှုပ်ခါသွားပြီး အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလျက် အဖွားယို့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
“အင့်…” အဖွားယို့ကဲ့သို့သော အလွန်အားကောင်းသည့် လူတစ်ဦးပင်လျှင် ငြီးတွားမိလိုက်လေသည်။
ချက်ချင်းဆိုသလို အဖွားယို့၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့၏။
အကြောင်းမှာ သူမ၏ခွန်အား လျင်မြန်စွာ စုပ်ယူခံနေရသည်ကို သတိပြုမိလိုက်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ သူမကိုယ်ထဲရှိ အရာတစ်ခုခုသည် သူမ၏စိတ်စွမ်းအင်အား အရူးအမူးကို ဝါးမျိုပစ်နေခဲ့လေသည်။ အစောပိုင်းက သူမကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သော ကြာဖူးလေးသည် သူမ၏ စိတ်စွမ်းအင်ကို ဝါးမျိုလျက် တဖြည်းဖြည်း ပွင့်လန်းလာနေခဲ့လေ၏။
ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ဝိဉာဉ်ခွဲဆေဘာဓါးဖြင့် အဖွားယို့အား ပိုင်းချလိုက်လေသည်။
အဖွားယို့မှာ အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်းပညာရပ်ဖြင့် တိုက်ခိုက်ခြင်း ခံနေရသော်ငြား အကာအကွယ်မဲ့နေသူ တစ်ဦးတော့မဟုတ်။ ရန်ကိုင်မှ တိုက်ခိုက်လာခဲ့သော်ငြား သူမလက်တစ်ဖက်ကို ဝှေ့ယမ်း၍ ရန်ကိုင့်အား နောက်သို့ ပြန်တွန်းထုတ်လိုက်လေသည်။
သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ အလွန်ကြီးမားလွန်းလှသည့် အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် သူ၏ ဝှက်ဖဲအကုန်အစင်ကို ထုတ်သုံးခဲ့သည့်တိုင် အဖွားယို့၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့သေးပေ။
ထို့အတွက်ကြောင့် စိတ်ပေါက်ပေါက်ဖြင့် ကျိန်ဆဲပြီးတော့သာ ဆက်၍ ထွက်ပြေးတော့လေသည်။ တည်နေရာခုန်ကူးလိုက်ရာ ရန်ကိုင်သည် မီတာထောင်ပေါင်းများစွာ အကွာတွင် တမုဟုတ်ချည်း ပြန်ပေါ်လာခဲ့လေသည်။
အဖွားယို့၏ ဒေါသတကြီး အော်ဟစ်သံသည် သူ့နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့လေ၏။
ထိုအဖြစ်အပျက်ကြောင့် နန်းတော်ထဲတွင် ရှိနေသူ အကုန်လုံး ထိတ်လန့်ကုန်ကြလေ၏။ ကျိုးထျန်း၊ ယုမန်နှင့် ယွမ်ချင်းတို့သည် ဆူညံသံ ထွက်ပေါ်လာရာဆီသို့ ထိတ်လန့်တုန်လှုပ်နေသည့် အမူအယာများဖြင့် လှမ်းကြည့်နေကုန်ကြလေ၏။
ခဏအကြာတွင် နန်းတော်အပြင်ဘက်ဆီ၌ ရန်ကိုင်သည် ကြယ်ကြွေတစ်စင်းနှယ် ထွက်ပေါ်လာခဲ့လေသည်။
သူယခု ဘာလုပ်လို့ လုပ်ရမှန်း မသိချေ။ သို့သော်ငြား အဖွားယို့သာ သူ့အား မိသွားခဲ့မည်ဆိုလျှင်တော့ သူ့အဆုံးသတ်မှာ လုံးဝကို ဆိုးရွားလိမ့်မည်မှန်းတော့ သိနေခဲ့သည်။ အဖွားယို့သာ သူ့အား မိသွားခဲ့မည်ဆိုလျှင် သူမ၏ခွန်အားကိုသုံး၍ သူ့ကိုယ်ထဲမှ ဝိဉာဉ်ကြာပန်းအား အတင်းအကြပ် ထုတ်ယူလိမ့်မည်မှန်း ရန်ကိုင်သိနေခဲ့သည်။
ထို့အတွက်ကြောင့် ဘာလုပ်လို့ ဘာလုပ်ရမှန်း မသိသေးခင် ထွက်ပြေးခြင်းကိုသာ ဦးစားပေးရပေလိမ့်မည်။
အတွေးများ ရောက်ယက်ခတ်နေစဉ် အံ့အားသင့်ဖွယ်ရာ ဖိအားတစ်ရပ်သည် သူ့နောက်ဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာပြီး တောင်တစ်လုံးနှယ် သူ့ခန္ဓာကိုယ်ပေါ်သို့ ဖိချလာခဲ့လေသည်။
ထိုဖိအားကြောင့် ရန်ကိုင် အောက်သို့ ပြုတ်ကျခါနီး ဖြစ်သွားခဲ့လေ၏။ နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ အဖွားယို့သည် မိုင်ပေါင်းများစွာအကွာမှ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာနေကြောင်း တွေ့လိုက်ရလေသည်။ ထိုသို့ လိုက်လာနေရင်းမှ လှမ်း၍ အော်ဟစ်ခြိမ်းခြောက်နေသေး၏။ “ကောင်စုတ်လေး… နင် သေပါရစေလို့ တောင်းဆိုရလောက်တဲ့အထိ ငါနင့်ကို နှိပ်စက်ပြမယ်…”
သို့သော်ငြား ရန်ကိုင့်အနေဖြင့် သူမ၏ ခြိမ်းခြောက်စကားကို မည်ကဲ့သို့များ ဂရုစိုက်နိုင်ပါမည်နည်း။ လေဟာနယ်နိယာမစွမ်းအားကို အသက်သွင်း၍ မီးကုန်ယမ်းကုန် ထွက်ပြေးတော့လေသည်။
သို့သော်ငြား ခွန်အားကွာခြားချက်မှာ ကြီးမားလွန်းလှသည့် အတွက်ကြောင့် ရန်ကိုင့်၏ ကြိုးစားအားထုတ်မှုသည် အချည်းအနှီးသာ ဖြစ်ခဲ့ရလေသည်။
ကျိုးထျန်းသည်ပင်လျှင် သူ့အား ဖမ်းနိုင်ခဲ့ရာ အဖွားယို့ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။
နှစ်ယောက်စလုံးသည် ဧကရာဇ်တတိယအဆင့် ပညာရှင်များ ဖြစ်ကြသော်ငြား အဖွားယို့သည် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံအား နှစ်ထောင်ပေါင်းများစွာ ကြာအောင် လေ့လာနေသူတစ်ဦး ဖြစ်သည်။ ယခုအချိန်အထိ ကြေးမုံအား မသန့်စင်နိုင်သေးသည့်တိုင် ကြေးမုံ၏ စွမ်းအားအချို့ကိုတော့ အသုံးပြုနိုင်ပေသေးသည်။
အသက်သုံးရှိုက်စာအတွင်း အဖွားယို့သည် ရန်ကိုင့်အား လိုက်မီလာခဲ့လေသည်။
အဖွားယို့သည် ခပ်လှမ်းလှမ်းမှနေ၍ အော်ရယ်မောရင်း ရန်ကိုင်အနေဖြင့် တည်နေရာကူးပြောင်းခြင်းပညာရပ်ကို နောက်တစ်ကြိမ် အသုံးမပြုနိုင်စေရန် သူမ၏ စိတ်စွမ်းအင်ကို သုံး၍ ထိန်းချုပ်လိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ အဖွားယို့သည် မည်သည့်အပိုစကားမှ ပြောမနေတော့ဘဲ ရန်ကိုင့်ဆီသို့ တည့်တည့် ပျံသွားပြီး သူမလက်ကို ဆန့်ထုတ်၍ ရန်ကိုင့်အား ဖိနှိပ်ရန် ကြိုးစားလိုက်လေသည်။
ရန်ကိုင် မျက်စိပျက် မျက်နှာပျက် ဖြစ်သွားပြီး ဤအခြေအနေမှ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုခုကို ခေါင်းခြောက်အောင် စဉ်းစားကြည့်ပါသော်လည်း မည်သည့်နည်းလမ်းမှ ရှာမတွေ့ကြောင်း တွေ့ရှိလိုက်ရလေသည်။
သူ့ကိုယ်ထဲရှိ ဝိဉာဉ်ကြာပန်းဟာလည်း အဖွားယို့အား မတားဆီးနိုင်ခဲ့ပေ။ ဤဝိဉာဉ်ကြာပန်းမှာ သူ၏နောက်ဆုံးဝှက်ဖဲ ဖြစ်သည့်အတွက်ကြောင့် တကယ့်အရေးကြီးအခြေအနေနှင့် မကြုံရသေးသရွေ့ ရန်ကိုင်လည်း ထိုဝိဉာဉ်ကြာပန်းကို မသုံးရဲပေ။
သူအဖမ်းခံရတော့မည်ကို မြင်သော် အဖွားယို့အား သူသေကိုယ်သေ တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်တွင် ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အနောက်အရပ်ဆီမှ စွမ်းအင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင့်ရှေ့တည့်တည့်သို့ ရောက်လာခဲ့လေသည်။
လှပသော ပုံရိပ်တစ်ခုသည် အေးစက်စက် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လျက် ရန်ကိုင့်ရှေ့တွင် ထွက်ပေါ်လာခဲ့လေ၏။
အေးစက်စက် သတ်ဖြတ်လိုစိတ်တို့နှင့်အတူ ရေခဲတမျှ အေးစက်သော ဓါးချီလှိုင်းတို့ပါ ဖြာထွက်လာခဲ့လေသည်။
ထိုလူ၏ ကျောပြင်ကိုကြည့်ရင်း ရန်ကိုင့်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး အားကိုးတကြီးဖြင့် လှမ်းခေါ်လိုက်လေသည်။ “အကြီးအကဲကောင်း…”
ထိုလူသည် မကြာသေးခင်ကမှ သူတို့နှင့် လမ်းခွဲသွားခဲ့သော ကောင်းရွှယ်ထင်းသာ ဖြစ်လေသည်။
အကြောင်းအရင်းတစ်ခုကြောင့် ကောင်းရွှယ်ထင်းသည် ဤနေရာသို့ ရုတ်တရက် ရောက်လာပြီး ရန်ကိုင့်ရှေ့တွင် ရပ်နေခဲ့လေသည်။
လက်ရှိတွင် ကောင်းရွှယ်ထင်းသည် အားကောင်းသည့် စွမ်းအင်အရှိန်အဝါကို ထုတ်လွှတ်နေသည့် ထက်ရှသော ဓါးရှည်တစ်ချောင်းအား ကိုင်ဆောင်ထားကြောင်းကို တွေ့ရှိလိုက်ရသည်။
ဤဓါးရှည်မှာ ဧကရာဇ်အဆင့် ဝိဉာဉ်အမျိုးအစား မှော်ရတနာတစ်ခုသာ ဖြစ်လေသည်။
သို့သော်ငြား ဤဧကရာဇ်အဆင့် မှော်ရတနာ၏ ပုံစံကို ကြည့်ရသလောက် ဤမှော်ရတနာ ဧကရာဇ်အဆင့်သို့ ရောက်လာသည်မှာ မကြာသေးသည့် ပုံပင်။
သို့သော်ငြား မကြာခင်တွင် ရန်ကိုင်သည် တစ်ခုခု မှားယွင်းနေမှန်း နားလည်သွားခဲ့ပြီး ချက်ချင်း အော်ပြောလိုက်လေ၏။ “အကြီးအကဲကောင်း ခင်ဗျား သူ့ပြိုင်ဘက်မဟုတ်ဘူး မြန်မြန်ပြေးပေတော့…”
ကောင်းရွှယ်ထင်းသည် ဧကရာဇ်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် သူမအနေဖြင့် ကောင်းကင်တက်လှမ်းခြင်း ကြေးမုံလောကထဲသို့ လေးကြိမ်တိတိ ဝင်လာခဲ့ဖူးသည့်တိုင် သူမ၏စိတ်စွမ်းအင်သည် သူမ၏ခန္ဓာကိုယ်ထက် အနည်းငယ်မျှ ပိုမိုအားကောင်းနေသည့်တိုင် သူမသည် အဖွားယို့၏ ပြိုင်ဘက် မဖြစ်နိုင်သေးချေ။ သူမ ဤနေရာသို့ လာသည့်တိုင် မည်သည့်အကူအညီမှ ဖြစ်လိမ့်မည်မဟုတ်ချေ။
ရန်ကိုင်မှ ထိုကဲ့သို့ အော်ပြောခဲ့သော်ငြား ကောင်းရွှယ်ထင်းကမူ မတုန်မလှုပ်ဖြင့်သာ ရှိနေလေသည်။ ရန်ကိုင့်ရှေ့တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေရင်းမှ ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေ၏။ “စိတ်ပူမနေနဲ့…”
အခြားတစ်ဖက်တွင်မူ ကောင်းရွှယ်ထင်းကို သတိပြုမိလိုက်ပြီးသည့်နောက် အဖွားယို့၏ အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး အော်ပြောလိုက်လေသည်။ “ငါ့လမ်းကနေဖယ်…”
အဖွားယို့ကို ကြည့်ရသည်မှာ ကောင်းရွှယ်ထင်းအား ထိခိုက်အောင် လုပ်ရမည်ကို ထိတ်လန့်နေသည့်ပုံပင်။
သို့သော်ငြား ကောင်းရွှယ်ထင်းကမူ အဖွားယို့၏စကားကို လျစ်လျူရှုလျက် ရန်ကိုင်ဘက်သို့လှည့်ကာ စိုးရိမ်တကြီးဖြင့်မေးလိုက်လေသည်။ “နင် ဒဏ်ရာရသွားသေးလား…”
ရန်ကိုင်က ခေါင်းခါလျက် ပြန်ပြောလိုက်၏။ “မရသွားဘူး…”
“ရှရှန်းနဲ့ အခြားသူတွေကော…”
“သူတို့တွေက အကျဉ်းထောင်ထဲမှာ… ဒါပေမဲ့ အခုလောလောဆယ် ရောင်းရင်းရှနဲ့ အခြားသူတွေက နည်းနည်းဒဏ်ရာရထားကြတယ်… သူတို့ဝိဉာဉ်တွေက သိပ်အခြေအနေတော့ မကောင်းဘူး… နည်းနည်းလောက် နားလိုက်ရင်တော့ ပြန်ကောင်းသွားမယ်ထင်ရတာပဲ… အသက်အန္တရာယ်တော့ မရှိဘူး…”
“အဲ့ဒါဆိုရင် အဆင်ပြေတယ်…” ကောင်းရွှယ်ထင်း ထိုအခါမှ စိတ်သက်သာရာ ရသွားခဲ့လေသည်။
“အကြီးအကဲကောင်း ဘာလို့ ရောက်တာလဲ…” ရန်ကိုင်က ကောင်းရွှယ်ထင်းကိုကြည့်ရင်း အံ့အားသင့်တကြီး အမူအယာဖြင့် မေးလိုက်လေသည်။
“နင်တို့ လေ့ကျင့်နေတာ ဘယ်လို အခြေအနေရှိမလဲလို့ ကောင်းကင်မွန်းစတား ရိုးမတောင်တန်းဆီ သွားပြီး စစ်ဆေးကြည့်လိုက်တာ… အဲ့အစား နင်တို့ကို မတွေ့ပဲ မကြားချင်တဲ့ သတင်းတွေပဲ ကြားလာရလို့ ဒီကိုအမြန် ပြန်ပြေးလာလိုက်တာ… တော်သေးတယ်… ငါ အချိန်မီရောက်လာလိုက်တာ ကံကောင်းသွားတယ်…”
ထိုစကားကိုကြားသည့်အခါမှ ရန်ကိုင် နားလည်သွားခဲ့လေသည်။
ကောင်းရွှယ်ထင်း အချိန်မီကို ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ သူမသာ ခြေတစ်လှမ်းလောက် နောက်ကျသွားခဲ့လျှင် အဖွားယို့ ရန်ကိုင့်အား ဖမ်းမိသွားလောက်ပေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၃၇)
နန်းတော်အပြင်ဘက်အတွင်း ဧကရာဇ်ပထမအဆင့်သို့ရောက်နေသော ကောင်းရွှယ်ထင်းသည် ဧကရာဇ်တတိယအဆင့်သို့ရောက်နေသော အဘွားယုရှေ့တွင် မကြောက်မလန့်ဖြင့် ရပ်နေခဲ့လေသည်။ ဆံပင်ကို နောက်သို့ သပ်တင်ရင်းမှ ကောင်းရွယ်ထင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။ “အဘွား ကျွန်မတို့ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြရင် မကောင်းဘူးလား”
ကောင်းရွယ်ထင်း၏ စကားကြောင့် အဘွားယုမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ရလေသည်။ သို့သော်ငြား မကြာမီတွင် ဝါးလုံးကွဲအော်ရယ်မောလျက် ပြန်၍ အော်ပြောလိုက်လေသည်။ “ကောင်မလေး နင့်ကိုယ်နင် ဘယ်သူလို့ထင်နေတာလဲ”
“ကျွန်မကို ကျွန်မ ဘယ်သူလို့မှ မထင်ပါဘူး” ကောင်းရွှယ်ထင်းက မထူးခြားနားလေသံဖြင့် ပြန်ပြောလိုက်လေသည်။ “အဘွားသာ ဒီကိစ္စတွေကို ဒီမှာဘဲ အဆုံးသတ်လိုက်မယ်ဆိုလို့ရှိရင် ကျောင်းသခင်က အဘွားကို ညှာတာပေးမှာ။ အဘွားကို ဘာအပြစ်မှ ပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ အဘွားက ခေါင်းမာနေဦးမယ်ဆိုရင်တော့... အဘွားနှင့်ကျွန်မတို့ သိလာခဲ့တာကြာပြီ ကျွန်မတို့ကျောင်းတော်ထဲကို အဘွားဘယ်တုန်းကမှ တရားဝင်းမပူးပေါင်းခဲ့ပေမယ့် ကျွန်မတို့ကတော့ အဘွားကို ကျောင်းတော်သားအဖွဲ့သားတစ်ယောက်အဖြစ် မှတ်ယူထားတုန်းပဲ... ဖြစ်နိုင်မယ်ဆိုလို့ရှိရင် အဘွားအပေါ်ကို ကျွန်မ တကယ်မရက်စက်ချင်ဘူး”
“နင် ငါ့ကို လာခြိမ်းခြောက်နေတာလား” အဘွားယို၏ မျက်နှာ ယုတ်ချည်းခက်ထန်လာပြီး လေသံမှာလည်း တင်းမာလာခဲ့လေသည်။
ကောင်းရွှယ်ထင်းက ခေါင်းခါလျက် “အဘွားယုက ကျွန်မရဲ့စီနီယာပဲဟာကို... ရွယ်ထင်းက အဘွားယုကို ဘယ်လိုလုပ်ပြီး ခြိမ်းခြောက်ရဲမှာလဲ... ဒါပေမဲ့ ကောင်းကင်တက်လမ်းခြင်း ကြေးမုံထဲကို ခေါ်လာတဲ့ တပည့်တွေကို လုံခြုံအောင် ထားဖို့ ကျောင်းသခင်က ရွှယ်ထင်းကို အမိန့်ပေးထားတယ်။ ဒီတော့ တပည့်တွေကို အခြားသူတွေ ထိခိုက်အောင်လုပ်မှာကို ရွှယ်ထင်း ဘယ်လိုမှ ခွင့်ပြုပေးလို့မရဘူး။ အဘွားယုတောင် ခြွင်းချက်မဟုတ်ဘူး”
“ဟဲ ဟဲ ဟဲ “ အဘွားယု စတင်ရယ်မောတော့လေသည် “ကောင်မလေး နင့်ခွန်အားကသာ ဘာမှမဟုတ်တာ... လေလုံးကတော့ တကယ် ထွားတာပဲနော်။ အရင်နှစ်တွေတုန်းက လိမ်မာပေးခဲ့တာတွေ အတွက်ကြောင်သာ မဟုတ်ရင် ငါနင်နဲ့ အခုလိုမျိုး လေကုန်ခံပြီး ပြန်စကားပြောနေမယ်ထင်လား”
“အဘွားယု... ရွှယ်ထင်း ငယ်ငယ်လေးတုန်းက အဘွားယုဆီ ဘယ်သူမှမသိအောင် အစားအသောက်တွေယူလာပေးတာကို အဘွားမှတ်မိသေးလား” ကောင်းရွှယ်ထင်းက ရုတ်တရက်ပြောလိုက်လေသည်။
ထိုစကားကို ကြားသည့်အခါ အဘွားယု၏ မျက်နှာ ရုတ်ချည်းအေးစက်သွားခဲ့ပြီး အေးးစက်စက်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “နင်ဘာဖြစ်လို့ အဲ့အကြောင်းလာပြန်ပြောနေတာလဲ”
သူမ၏ မျက်နှာထက် အတိတ်ကို လွမ်းဆွတ်သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့လေသည်။ သူမ၏ ခက်ထန်နေသော အမူအရာမှာလည်း အနည်းငယ်မျှ ပြေလျော့သွားခဲ့လေ၏။
“အဘွားယု ဒီကိစ္စတွေကို ဒီမှာပဲ ရပ်လိုက်ဖို့ ရွှယ်ထင်း တကယ်မျှော်လင့်ပါတယ်” ကောင်းရွှယ်ထင်း သက်ပြင်းချလိုက်လေသည်။
“မဖြစ်နိုင်ဘူး” အဘွားယု၏မျက်လုံးထဲ အေးစက်မှုတို့ တစ်ဖန်ပြန်လည်ဝင်ရောက်လာခဲ့လေ၏။ ထို့နောက် အော်ဟစ်လိုက်လေသည် “အခုလို အခွင့်အရေးအရေးကို ရဖို့ ငါနှစ်တွေအကြာကြီးစောင့်ခဲ့ရတာ... နင့်ရဲ့ စကာလုံးလေးတချို့ကြောင့် ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရမှာလား... ငါ လုံးဝလက်မလွှတ်နိုင်ဘူး”
ကောင်းရွှယ်ထင်းက မျက်မှောင်ကြုတ်လျက် “အဘွားယု ဘာအခွင့်အရေးကို စောင့်နေလဲတော့မသိဘူး ဒါပေမဲ့ အဘွားယို ဒါကို တစ်ကယ်လုပ်ရမှ ဖြစ်မှာလား။ နှစ်ရှစ်ရာတောင် ရှိသွားပီလေ တရားဝင်အခမ်းအနားမျိုးတွေ မလုပ်ခဲ့ပေမယ့် ရွယ်ထင်းက အဘွားကို ကျောင်းတော်ရဲ့ အဖွဲ့သားတစ်ဦးအဖြစ် မှတ်ယူထားပြီးသွားပြီ။ ပြီးတော့ ရွယ်ထင်းရဲ့ စီနီယာ တစ်ဦးအဖြစ်လည်း မှတ်ယူထားပြီးနေပြီ။ ရွှယ်ထင်း အဘွားကို တကယ် လက်နဲ့မရွယ်ချင်ဘူး”
“အပိုတွေတော်လိုက်ပေတော့” အဘွားယမှာ ဆက်၍ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် လေသံကိုမြင့်၍ အော်လိုက်တော့လေ၏။ “နင် ဘေးဖယ်နေရင် ဘေးဖယ်... ဘေးဖယ်မနေရင် ငါ နင့်ကိုပါ သတ်ပစ်တော့မှာ... နင်ကြိုက်တာရွေး”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် စိတ်ပူမိသွားခဲ့လေသည်။
ကောင်းရွှယ်ထင်းသည် ပညာရှင်တစ်ဦးဖြစ်သော်ငြား သူမသည် အဘွားယု၏ ပြိုင်ဘက်မဖြစ်နိုင်ချေ။ အဘွားယုကြောင့်သာ ကောင်းရွှယ်ထင်း ဒဏ်ရာရသွားမည်ဆိုပါက ရန်ကိုင်စိတ်ထဲ အပြစ်မကင်းသလို ခံစားနေရပေလိမ့်မည်။
“ဟူး”
ကောင်းရွှယ်ထင်း ရုတ်တရက် သက်ပြင်းအမောကြီးချလိုက်လေသည်။ ထို့နောက် အဘွားယူအား စိုက်ကြည့်၍ ပြောလိုက်လေ၏။ “အဘွားယု... အဘွားယုနဲ့ သူ ဟိုးတုန်းက တိုက်ခဲ့တဲ့ တိုက်ပွဲကြောင့် သူ့အပေါ် အဘွားယို အခုထိ အခဲမကြေ ဖြစ်နေသေးတာကို ကျောင်းသခင်သိပြီးသား။ အဲဒါကိုတောင် အဘွားယု လက်စားချေမှာကို မစိုးရိမ်ဘဲနဲ့ ကျွန်မကို ဦးဆောင်စေပြီး ကျောင်းတော်က လက်ရွေးစင် တပည့်တွေကို ဒီထဲဝင်လာခိုင်းတာ ဘာကြောင့်လို့ အဘွားယုထင်လဲ”
ထိုစကားကို ကြားသည့်အခါ အဘွားယို မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ကောင်းရွှယ်ထင်းက ဆက်၍ ပြောလိုက်လေ၏။ “အရင်နှစ်တွေတုန်းက ကောင်းကင်တက်လမ်းခြင်းကြေးမုံထဲကို ဝင်လာတဲ့တပည့်တွေ အများကြီးပဲ... အဲထဲကမှ အဘွားယုလက်ချက်ကြောင့် သေသွားခဲ့ရတဲ့တပည့်တွေလည်း မနည်းမနောပဲ... ဒါပေမယ့် အဲ့အတွက် ကျောင်းသခင် အဘွားယုကို ဘာမှမပြောဘူး... ဘာလို့လဲဆိုတော့ အဘွားယုကိုယ်တိုင် သူတို့ကို သတ်ခဲ့တာမဟုတ်လို့ပဲ... ဒီတော့ အဲ့ကိစ္စကို တပည့်တွေအတွက် စမ်းသပ်ချက်တစ်ခုလို့ပဲ ကျောင်းသခင်က သဘောထားတယ်။ အဘွားယုက လက်အောက်ငယ်သားတွေစေလွှတ်ပြီး တပည့်တွေကို သတ်ခိုင်းမယ်ဆိုရင်တောင် အဆင့်တူတဲ့ သူတွေကိုပဲ စေလွှတ်ပြီး သတ်ခိုင်းတယ်။ ဒါကြောင့် ဒါက စမ်းသပ်ချက်တစ်ခုလို့ ယူဆလို့ရတယ်။ ဒုတိယအနေနဲ့ ကျောင်းသခင်က အဘွားယုအပေါ် အကြွေးတင်နေတယ်လို့ ခံစားနေရလို့ပဲ... တကယ်တော့ သူက ဒီကောင်ကင်တက်လမ်းခြင်းကြေးမုံကို အဘွားယုဆီကနေ အတင်းအကြပ်လုယုခဲ့တာလေ။ သူက ဒါကို အတင်းအကြပ်လုယူခဲ့ဆိုတာဆိုပေမယ့် ကျောင်းတော်ရဲ့ အဖိုးတန်ရတနာအဖြစ် သဘောထားတုန်းပဲ သူ့ကိုယ်ပိုင်အဖြစ်မောင်ပိုင်စီးမထားဘူး”
“ဝမ်ကျီရှန်းက ဒီဘုရင်မအပေါ် အကြွေးတင်တယ်လို့ ခံစားရတယ်ပေါ့ ဟုတ်လား” အဘွားယုက ရုတ်တရတ် လှောင်ပြောင်ရယ်မောသံဖြင့် “ သူ့ဦးနှောက်ကို ခွေးစားသွားတာလား တကယ်ကို ရယ်စရာပဲ”
ကောင်းရွှယ်ထင်းကာမူ တုတ်တုတ်မျှမလှုပ်။ ပုံမှန်အမူအရာဖြင့်သာ ဆက်ပြောလိုက်လေသည်။ “ဒါကြောင့်မိုလို့ ဖြစ်သာဖြစ်နိုင်လို့ရှိရင် ဒီနောက်ဆုံးတိုက်ကွက်ကို ထုတ်မသုံးဖို့ ကျောင်းသခင်က ကျွန်မကို ညွှန်ကြားထားခဲ့တာ။ အဘွားယု ဒီနေရာကို ဆက်ပြီတော့စောင့်ကြပ်နေပေးဖို့ ကျောင်းသခင်က ဆန္ဒရှိနေခဲ့တာ”
“ဘာနောက်ဆုံး အကွက်လဲ” အဘွားယု၏ အမူအရာ ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး ကောင်းရွှယ်ထင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
သို့ရာတွင် ကောင်းရွှယ်ထင်းမှာ ပြန်မဖြေခဲ့ပဲ လက်ကွက်များ ဖန်တီး၍သာ ပြောလိုက်လေ၏ “စိတ်မပူနဲ့အဘွား... ဒီကကိစ္စအကြောင်းတွေကို ကျွန်မ ကျောင်းသခင်ဆီ လှမ်းပြောပြီးသွားပြီ... သူ အခုအနေလောက်ဆို အဘွားရဲ့ ကျောက်တုံးခန်းရှေ့မှာ စောင့်နေလောက်တယ်။ အဘွားဝိဥာဉ် ပြန်ရောက်သွားတော့မှ သူနဲ့စကားပြောကြည့်ပေါ့” ည
ထိုကဲ့သို့ ပြောပီးသည့်နောက်တွင် သူမ၏ လက်ဝါးများကို ရှေ့တည့်တည့်သို့ တွန်းထုတ်လိုက်လေရာ အလင်းစက်ဝိုင်းတစ်ခု သူမလက်ဝါးထက်ဆီမှ ဖြာထွက်လာခဲ့လေသည်။ ထိုအလင်းစက်ဝိုင်းလေးသည် အဘွားယုဆီသို့ အသာအယာ တိုးဝင်သွားလေ၏။
ထိုအလင်းစက်ဝိုင်းသည် တိုက်ကွက်တစ်ခုခု မဟုတ်ချေ။ ထိုအလင်းစက်ဝိုင်းထဲ မည်သည့်သတ်ဖြတ်လိုစိတ်၊ အဖျက်စွမ်းအားမှ ပါဝင်နေခဲ့ခြင်းမရှိခဲ့။ သို့ရာတွင် အလင်းစက်ဝိုင်းကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အဘွားယု၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ကြောက်လန့်တကြား ထအော်တော့လေသည်။ “မဟုတ်ဘူးးးးးးး”
ထိုသို့အော်ဟစ်ပြီးသည်နှင့်တစ်ပြိုင်နက် နောက်သို့လှည့်၍ ထွက်ပြေးရန်ကြိုးစားတော့လေသည်။
အဘွားယုမှာ အလွန်ကိုမှ မြန်သော်ငြား အလင်းစက်ကွင်းမှာ သူမထက်ပိုမြန်နေခဲ့လေသည်။ ချက်ချင်းဆိုသလို အလင်းစက်ကွင်းသည် သူမအား ထိမှန်သွားပီး သူမ၏ ဝိဉာဉ်ထဲသို့ အရည်ပျော်ဝင် ပျောက်ကွယ်သွားခဲ့လေသည်။
ထို့နောက်တွင် ရှင်းပြမရသည့် စွမ်းအားတစ်ရပ်သည် အဘွားယုဆီမှ ထွက်ပေါ်လာခဲ့လေ၏။ ထူးဆန်းသော ဝဲကတော်တစ်ခုသည်လည်း အဘွားယို၏ ဦးခေါင်းထက်၌ ထွက်ပေါ်လာကာ သူမအား စတင်စုပ်ယူတော့လေသည်။
အဘွားယုကမူ ငြိမ်မနေခဲ့ချေ။ ဒေါသတကြီးဖြင့် သွေးရူးသွေးတန်းအော်ဟစ်ရင်း စိတ်စွမ်းအင်တိုက်ကွက်တစ်ကွက်ကို ကောင်းရွှယ်ထင်းဆီသို့ ပစ်လွှတ်လိုက်လေသည်။
ထိုအချင်းအရာကို မြင်သည့်အခါ ကောင်းရွှယ်ထင်း၏ အမူအရာ ပြောင်းလဲသွားခဲ့လေ၏။
အဘွားယု၏ သွေးရူးသွေးတန်း တိုက်ခိုက်မှုသည် သူမ၏ စွမ်းအင်အကုန်အစင်ကို ထုတ်သုံး၍ တိုက်လိုက်ခြင်းဖြစ်သည့်အတွက်ကြောင့် ကောင်းရွှယ်ထင်း၏ စွမ်းအားဖြင့် ခုခံနိုင်သည့်အရာမျိုးမဟုတ်ချေ။ သူမအနေဖြင့် ရှောင်တိမ်းရန်သာ ကြိုးစားနိုင်လေ၏။
သို့သော်ငြား သူမရှောင်တော့မည်အပြုတွင် ပုံရိပ်တစ်ခု သူမရှေ့တည့်တည့်၌ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုပုံရိပ်မှာ မုတ်ဆိတ်ဖြူနှင့်လူအိုကြီးတစ်ဦးသာ ဖြစ်လေသည်။ ထိုလူအိုကြီးသာ သူ့ဘာသာ ကိုယ်ထင်ပြမလာခဲ့လျှင် သူရှိနေကြောင်းကို မည်သူမျှ သတိပြုမည် မဟုတ်ပေ။
ထိုလူအိုကြီးသည် ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် သူ့လက်အား အသာအယာ ဝှေ့ယမ်းချလိုက်၏။
သိမ်မွေ့သည့် စွမ်းအားးတစ်ရပ် ထွက်ပေါ်လာပြီး အဘွားယု ပစ်လွှတ်လိုက်သော တိုက်ကွက်အား အသာအယာ ချေဖျက်သွားလေ၏။
“ရှင်” အဘွားယုသည် တစ္ဆေသားရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား မျက်လုံးအပြူးသားဖြင့် လူအိုကြီးအား စိုက်ကြည့်နေခဲ့လေသည်။
သို့သော်ငြား ထိုအခိုက်အတန့်တွင် အဘွားယုသည် ဝဲကတော့၏ စွမ်းအားကို ဆက်၍ မခုခံနိုင်တော့ပဲ ဝဲကတော့ထဲသို့ ဆွဲခေါ်သွားခံရတော့လေသည်။ ချက်ချင်းဆိုသလို ဝဲကတော့သည်လည်း အဘွားယုနှင့်အတူ ထိုနေရာဆီမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့တော့လေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာမူ အတွေးနက်သွားခဲ့လေသည်။
ဝမ်ကျီရှန်းသည် အဘွားယို၏ ခန္ဓာကိုယ်ပေါ်တွင် ချိတ်စည်းတစ်ခုခုကို ချန်ထားရစ်ခဲ့ပြီး ထိုချိတ်စည်းအား မည်ကဲ့သို့ အသက်သွင်းရမလဲဆိုသည့်နည်းလမ်းကို ကောင်းရွှယ်ထင်းအား သင်ပေးထားခဲ့သည့်ပုံပင်။
ထိုချိတ်စည်းကို အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် အဘွားယု၏ ရုပ်ခန္ဓာသည် သူမ၏ ဝိဥာဉ်ကို ပြန်ဆွဲယူပေလိမ့်မည်။
ထို့အတွက်ကြောင့်ပင်လျှင် ကောင်းရွှယ်ထင်းမှာ ထိုကျင့်စဉ်ကို ဖော်ဆောင်လိုက်ပြီးသည့်နောက် ဧကရာဇ် တတိယအဆင့်သို့ရောက်နေသော အဘွားယို၏ ဝိဥာဉ်သည် ကောင်းကင်တက်လှမ်းခြင်းလောကထဲ၌ ဆက်၍ မနေနိုင်တော့ခြင်းပင် ဖြစ်လေသည်။
ဤသည်မှာ ရန်ကိုင်၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်သော်ငြား အမှန်တရားနှင့်တော့ မဝေးကွာလောက်ချေ။ တကယ်တော့ရုပ်ခန္ဓာနှင့်ဝိဥာဉ်သည် တကယ်တော့ ရုပ်နှင့်နာမ် ဝိဥာဉ်သည် ခွဲ၍မှ အတူမရှိနိုင်လေပဲ။ ဒီလောကကြီးထဲတွင် အဘွားယို၏ ဝိဉာဉ်အား အတင်းအကြပ်ဆွဲယူသွားနိုင်သည့်အရာဆို၍ သူမ၏ရုပ်ခန္ဓာသာရှိပေလိမ့်မည်။
ရန်ကိုင်စိတ်ထဲ ခန့်မှန်းချက်ထုတ်နေစဉ် ကောင်ရွယ်ထင်သည် သူမရှေ့၌ ရုတ်တရက်ပေါ်လာသော လူအိုကြီးအား သင်္ကာမကင်းအမူအရာဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ကောင်းရွှယ်ထင်းသည် သူမ ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ လူအိုကြီးအား စစ်ဆေးကြည့်လိုက်ပါသော်ငြား သူမ၏ ကောင်းကင်စိတ်အာရုံမှ လူအိုကြီးအား ဖြတ်သန်းသွားချိန်... ဘာမှမရှိသည့် ဟင်းလင်းပြင်အား ဖြတ်သန်းသွားသလိုသာ ခံစားလိုက်ရကြောင်း တွေ့ရှိလိုက်ရလေသည်။ ထိုအဖြစ်အပျက်ကြောင့် ကောင်းရွှယ်ထင်းမှာ အလွန်တရာကိုမှ ထိန့်လန့်တုန်လှုပ်သွားခဲ့ရလေ၏။
အဘွားယု ဝမ်ကျိရှန်းကဲ့သို့သော ပညာရှင်များသည်ပင်လျှင် သူမအား ဤကဲ့သို့ ဖြစ်အောင် မလုပ်နိုင်ချေ။ ဤလူအိုကြီးသည် သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် စူးစမ်း၍ ထောက်လှမ်း၍ မရသည့် ပထမဦးဆုံးသော ပညာရှင်တစ်ဦးဖြစ်ပေသည်။
ဤကိစ္စနှင့် ပက်သက်၍ ရှင်းပြစရာတစ်ခုသာ ရှိတော့သည်။ လူအိုကြီး၏ ကျင့်ကြံခြင်းသည် ဝမ်ကျိရှန်းနှင့် အဘွားယုတို့ထက်ပင် ပိုမြင့်မားနေသည် ဟူ၍ပင်။
သို့သော်ငြား ထိုနှစ်ဦးစလုံးမှာ ဧကရာဇ်တတိယအဆင့်များ ဖြစ်ကြသည့် အတွက်ကြောင့် သူတို့ထက် ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်းဆို၍ မဟာဧကရာဇ်အဆင့်သာ ရှိတော့လေသည်။ ဤလူအိုကြီးသည် မဟာဧကရာဇ်တစ်ပါးများလေလော။
(ကောင်းကင်တက်လှမ်းခြင်းလောကကြီးထဲမှာ မဟာဧကရာဇ်တစ်ပါး တကယ်ကြီး ရှိနေတာလား)
ဤအကြောင်းကို ဝမ်ကျိရှန်း သူမအား တစ်ခါမှ မပြောပြခဲ့ဖူးချေ။ ဝမ်ကျိရှန်းကိုယ်တိုင်လဲ ဤအကြောင်းကို မသိသည်မှာ ဖြစ်နိုင်ပေသည်။
ကောင်းရွှယ်ထင်းသည် အံ့ဩတကြီးဖြင့် မတ်တပ်ရပ်နေပြီးသည့်နောက် အလျင်အမြန် ဦးညွှတ်လိုက်လေသည် “ဂျုနီယာ ကောင်ရွှယ်ထင်း စီနီယာကို နှုတ်ဆက်ပါတယ်”
“အင်း” လူအိုကြီးက အသာအယာ ခေါင်းငြိမ့်ပြလိုက်၏။
“စီနီယာ စီနီယာက အဘွားယုနှင့် မဟာမိတ်တွေလား” ကောင်းရွှယ်ထင်းက မေးလိုက်လေသည်။
ရန်ကိုင်သည် ကောင်းရွှယ်ထင်းအား အံ့ဩတကြီးမျက်နှာဖြင့် လှမ်းကြည့်လိုက်လေသည်။ ဤအေးစက်စက်အကြည့်ရဲ့အောက်တွင် ချစ်ရာပုံစံလေးလည်း ရှိနေသေးပါတကားဟု ရုတ်တရက် တွေးမိသွားလေသည်။
“မဟုတ်ဘူး” လူအိုကြီးက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်လေ၏။
“အစောပိုင်းက ကျွန်မအသက်ကို ကယ်ပေးတဲ့အတွက် စီနီယာကို ဂျုနီယာ အများကြီးကျေးဇူးတင်ပါတယ်။ ဒါနဲ့ စီနီယာဘာလို့” ကောင်းရွှယ်ထင်းသည် စကားသွေးထိုးကြည့်လေသည်။ လူအိုကြီးဆီမှ မည်သည့်ရန်လိုစိတ်ကိုမှ မခံစားရသော်ငြားတစ်ဖက်လူ၏ အလွန်မြင့်မားသော ကျင့်ကြံခြင်းကြောင့် သူမစိတ်ထဲ အနည်းငယ်မျှပင်လျှင် သတိလက်လွတ်မနေရဲခဲ့ပေ။ သူမသာ တစ်ဖက်လူအား ဒေါသထွက်အောင်၊ စိတ်ပျက်သွားအောင် လုပ်မိလိုက်မည်ဆိုပါက ၀မ်ကျိရှန်းပင်လျှင် သူမအား ကယ်နိုင်လိမ့်မဟုတ်ချေ။
"ဒီလူအိုကြီး ဒီကိုရောက်လာတာက..." ပြောနေရင်း လူအိုကြီးသည် ရန်ကိုင်ဘက်သို့ လှည့်၍ "သူ့အတွက်ဘဲ"
"ကျုပ်အတွက်" ရန်ကိုင် ကြောင်သွားခဲ့လေသည်။
ကောင်းရွှယ်ထင်းသည်လည်း အံအားသင့်သွားခဲ့လေ၏။ ရန်ကိုင်သည် မည်သို့မျှ ထူးခြားနေ၍များ မဟာဧကရာဇ်ကဲ့သို့သော ပညာရှင်တစ်ဦးပင်လျှင် သူ့အား လာရောက်တွေ့ဆုံနေကြောင်း သူမစိတ်ထဲ နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။
သူမသိထားရသလောက် ရန်ကိုင်သည် ကောင်းကင်တက်လမ်းခြင်းကြေးမုံထဲသို့ ယခုမှသာ ပထမဦးဆုံးခြင်း ၀င်ရောက်ခြင်းဖြစ်ကာ ယရင်ကဆိုလျှင် ကောင်းကင်တက်လမ်းခြင်းကြေးမုံရှိကြောင်းကိုပင်လျှင် သိထားသူတစ်ဦးမဟုတ်ချေ။ ထို့ကြောင့် သူတို့နှစ်ဦး ယခင်က တွေ့ဖူးသည်မှာ လုံး၀ မဖြစ်နိုင်။
ထိုကဲ့သို့ တွေးပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းက ပြန်၍ မေးလိုက်လေသည်။ "စီနီယာ သူ့ဆီက ဘာလိုချင်လည်းဆိုတာ မေးလို့ရမလားမသိဘူး"
လူအိုကြီးက ဖော်ရွေစွာ ပြုံးလျက်ပြန်ပြောလိုက်လေသည် "စိတ်ပူမနေနဲ့ ငါ သူ့ကို ပြဿနာရှာဖို့မဟုတ်ဘူး ကိစ္စတစ်ခုခုနဲ့ပတ်သတ်ပြီး ငါသူ့ဆီက နည်းနည်းပါးပါး အကူအညီ ယူစရာရှိလို့။ နောက်ရက်နည်းနည်းလောက်ကြာလို့ရှိရင် ငါသူ့ကို ဒီနေရာကနေ ပြန်ပို့ပေးလိုက်မယ်"
ကောင်းရွှယ်ထင်းက အံ့အားသင့်နေတဲ့ အမူအရာဖြင့် မျက်ခုံးပင့်လျက် "ဒီနေရာကနေ ပြန်ပို့ပေးမယ်... စီနီယာ ဘာတွေသိထားတာလဲ"
လူအိုကြီးက ပြုံးလျက် ပြောလိုက်လေသည် "ငါ အပြင်လောကကြီးကို နည်းနည်းပါးပါး လောက် လှမ်းကြည့်လို့ရတယ်လေ... ဒီတော့ နင်တို့တွေက အပြင်လောကကြီးက ရောက်လာတဲ့ လူတွေမှန်း ငါသိတာပေါ့"
ထိုစကားကို ကြားပြီးနောက် ရန်ကိုင် အလွန်တစ်ရာ ကိုမှ ထိတ်လန့်သွားခဲ့လေသည်။
ရီချွမ်း အပြင်လောကကြီးအကြောင်းသိထားရခြင်းမှာ ၀မ်ကျိရှန်းမှ အရက်မူးနေစဉ် အတောအတွင်း လျှောက်ပြောပြခဲ့သည့်အတွက်ကြောင့် ဖြစ်ပေသည်။သို့သော်ငြား ဤလူအိုကြီးကမူ သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် အပြင်လောကကြီးကို ထိုးဖောက်ကြည့်ရှု့ခဲ့ခြင်းဖြစ်သည်။
ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ဤလူအိုကြီးခွန်အားမှာ မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တပ်အပ်ခန့်မှန်းနိုင်ပေသည်။မဟာဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားသည်သာ ဤလောကကြီးအချုပ်အနှောင်များကို ဖြတ်ကျော်၍ ပြင်ပအလွန်ကို လှမ်းမျှော်ကြည့်နိုင်ပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၃၈)
“သူ့ကိုစိတ်ပူမနေနဲ့ ငါ သူ့ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး ငါ သူ့စွမ်းအားကို ခဏလောက် ငှားသုံးကြည့်ရုံပဲ” လူအိုကြီးက စိတ်ရှည်ရှည်ဖြင့် ကောင်းရွှယ်ထင်အား ရှင်းပြလိုက်လေသည်။ ထို့နောက် နန်းတော်ဆီသို့ ကြည့်၍ ဆက်ပြောလိုက်လေ၏။ “နင်တို့တပည့်တွေ အထဲမှာရှိနေသေးတယ်။ သူတို့ဝိညာဉ်တွေက အရမ်းကြီးမထိခိုက်သွားဘူးဆိုပေမယ့် ဒဏ်ရာကတော့ ရထားတုန်းပဲ။ သူတို့အနားယူလို့ရအောင် ဒီကနေ မြန်မြန် ခေါ်ထုတ်သွားတာ အကောင်းဆုံးဖြစ်လိမ့်မယ်”
“အခုလိုစဉ်းစားပေးတဲ့အတွက် စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်” ကောင်းရွှယ်ထင်က အလျင်စလိုပြောလိုက်လေသည်။
“အင်း” လူအိုကြီးက အသာအယာခေါင်းညိတ်လိုက်လေ၏။ ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ သိမ်မွေ့သည့်လေသံဖြင့် ပြောလိုက်လေသည် “မိတ်ဆွေလေး မင်း ငါနဲ့ခဏလိုက်ခဲ့ပါဦး”
ထို့နောက် သူ့လက်အား ဝှေ့ယမ်းချလိုက်ရာ သိမ်မွေ့သည့်စွမ်းအားတစ်ရပ် ထွတ်ပေါ်လာပြီး ရန်ကိုင်အား ချက်ချင်းရစ်ပတ်သွားခဲ့လေ၏။ ရန်ကိုင်သည် လူအိုကြီး၏ဘေးနားဆီသို့ အလိုလို ရောက်သွားခဲ့ပြီး လူအိုကြီးနဲ့အတူ မိုးကုတ်စက်ဝိုင်းတစ်ဖက်ဆီသို့ လျင်မြန်စွာ ပျံသန်း ထွတ်သွားလေသည်။
ကောင်းရွယ်ထင်းသည် သူမပါးစပ်ကိုဟ၍ တစ်ခုခုပြောရန် ကြိုးစားလိုက်သော်ငြား လူအိုကြီးနဲ့ ရန်ကိုင်မှာ သူမ၏မြင်ကွင်းမှ ပျောက်ချင်းမလှ ပျောက်သွားခဲ့လေပြီ။ သူတို့ပျောက်ကွယ် သွားသည့် အရပ်ဆီသို့ ကြည့်ရင်း ကောင်းရွယ်ထင်း မျက်မှောင်ကြုတ် သွားခဲ့လေ၏။
လူအိုကြီး၏စွမ်းအားအရ သူ့အနေဖြင့် သူမအား လိမ်နေခြင်းမဟုတ်မှန်း ကောင်းရွယ်ထင် ကောင်းကောင်း သိနေသည်။ လူအိုကြီးသာ သူမတို့အပေါ် မကောင်းသည့်ရည်ရွယ်ချက် တစ်ခုခုရှိပါက သူ့စွမ်းအားဖြင့် နိုင်ထက်စီးနင်းလုပ်လိုက်ရုံပင်။ သူမအနေဖြင့် မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား လူအိုကြီးမှ ရန်ကိုင်အား ခေါ်သွားသည်ကို ကြည့်ရင်း ကောင်းရွယ်ထင်၏စိတ်ထဲ အနည်းငယ်စိတ်ပူမိနေပေသေးသည်။ ရန်ကိုင်ကိုယ်ထဲရှိ မည်ကဲ့သို့သောစွမ်းအားကို ယူသုံးချင်၍များ လူအိုကြီးသည် ရန်ကိုင်အား ခေါ်သွားချင်ရသည်နည်း။ ရန်ကိုင်၏ခွန်အားကို ငှားသုံး၍ လူအိုကြီးသည် မည်သို့သောအရာကို ပြုလုပ်ချင်နေသနည်း။ ကောင်းရွှယ်ထင်အတွေးများနေခဲ့လေသည်။
ခဏမျှစဉ်းစားနေပီးသည့်နောက် သူမမည်သို့ပင်စဉ်းစားနေစေကာမူ ဤကိစ္စကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်မှန်း သိလိုက်သည်။ ထိုအတွက်ကြောင့် ထိုကိစ္စကို စဉ်းစားမနေတော့ပဲ ရှရှန်းတို့အား အရင်ဦးစွာကယ်ဆယ်ရန်သာလုပ်လိုက်လေသည်။ ထို့နောက် ဝမ်ကျိရှန်းအား လျှို့ဝှက်နည်းစနစ်ဖြင့် ဆက်သွယ်ကာ ရှရှန်းတို့၏ဝိညာဉ်အား ပြန်ဆွဲခေါ်ရန် လှမ်းအကြောင်းကြားရပေလိမ့်မည်။
လျှပ်စီးတမျှ အမြန်နှုန်းဖြင့် သွားလာနေသည့်အတွက်ကြောင့် လေပြင်းတိုက်ခတ်သံများမှာ အလွန်ကိုမှကျယ်လောင်နေလေသည်။ အောက်ဘက်ရှိမြင်ကွင်းအဖုံဖုံမှာလည်း အလွန်တရာကိုမှ မြန်ဆန်လှသည့်နှုန်းဖြင့် လျင်မြန်စွာ ပျောက်ကွယ်နေခဲ့လေ၏။ ရန်ကိုင်မှာတော့ အလွန်တရာကိုမှ အံ့အားသင့်နေခဲ့လေသည်။
သူ့ဘေးတွင်ရှိနေသော လူအိုကြီးသည် အမှန်တကယ်ကို မဟာဧကရာဇ်တပါးပင် ဖြစ်လေသည်။ ယခင်က ရန်ကိုင်သည် မဟာဧကရာဇ်ကဲ့သို့သော ပညာရှင်များကို ကြားသာကြားဖူးခဲ့ပြီး တစ်ခါမှမတွေ့ခဲ့ဖူးပေ။
(ဟုတ်တယ်နော် ယန်ယန်လည်း မဟာဧကရာဇ်တပါး ဖြစ်နိုင်တာပဲ)
သို့သော်ငြား ယန်ယန်သည် မဟာဧကရာဇ်တစ်ပါးဖြစ်မည်ဆိုလျှင်ပင် သူမ၏ခွန်အားသည် သူတို့နှစ်ဦး အတူရှိနေချိန် အတောအတွင်း အရမ်းမမြင့်မားခဲ့လောက်ပေ။ ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်လာသည့် အခါမှသာ သူမခွန်အား၏ အထွဋ်အထိပ်သို့ ပြန်လည် ရောက်ရှိသွားလောက်၏။
ထို့အတွက်ကြောင့် ရန်ကိုင်သည် အစစ်အမှန်မဟာဧကရာဇ်တစ်ပါး၏ခွန်အားကို ဘယ်သောအခါမှ မမြင်ဖူးခဲ့ပေ။
သို့သော်ငြား ယနေ့တွင်တော့ သူမျှော်လင့်စောင့်စားနေရသည့်အရာကို မြင်တွေ့ခဲ့ရလေပြီ။
ဧကရာဇ်တတိယအဆင့်ဖြစ်သော အဘွားယို၏ အစွမ်းကုန်တိုက်ကွက်တစ်ကွက်သည် လူအိုကြီးအတွက် လေပြေလေညှင်းသာသာသာဖြစ်လေ၏။ ဘာဆိုဘာမှ မပြောပလောက်။
လက်ရှိတွင် လူအိုကြီးသည် ရန်ကိုင်မှေလဟာနယ်နိယာမစွမ်းအားများကိုသုံးပြီး ပျံသန်း သွားလာသည်ထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သည့်နှုန်းဖြင့် ပျံသန်းသွားနေခဲ့လေသည်။ အလွန်တရာကိုမှ မြန်ဆန်လွန်းလှသဖြင့် ရန်ကိုင်သည် သူဖြတ်သန်းသွားသော ပတ်ဝန်းကျင်ရှုခင်းများကိုပင် ကောင်းကောင်းမမြင်နိုင်ခဲ့ပေ။ ဤအချက်ကြောင့် မဟာဧကရာဇ်တစ်ပါး၏ခွန်အားမှာ သာမန်ကျင့်ကြံသူတစ်ဦး နားလည်နိုင်သည်ထက် ကျော်လွန်နေကြောင်း ရန်ကိုင်သဘောပေါက်သွားခဲ့ရ၏။
လမ်းတလျှောက်လုံးတွင် ရန်ကိုင်သည် တိတ်တိတ်လေးသာ နေခဲ့ပေသည်။ လူအိုကြီး ဘာလုပ်ချင်နေသလဲဆိုသည်ကို မမေးခဲ့ချေ။ နောက်ဆုံး သူတို့သွားနေသည့် နေရာဆီသို့ ရောက်လျှင် လူအိုကြီး ဘာလုပ်ချင်နေသလဲဆိုသည်ကို သိရလိမ့်မည်ဖြစ်သဖြင့် ငြိမ်နေခြင်းသည်သာ အကောင်းဆုံးဖြစ်လေ၏။
တစ်ဖက်လူသည် သူ့အပေါ်မကောင်းကြံလိုစိတ်ရှိသဖြင့် ရန်ကိုင်သည်လဲ ထွတ်ပြေးရန် ကြိုးစားမနေခဲ့။ ထွတ်ပြေးရန် ကြိုးစားေနမည်ဆိုလျှင် မဟာဧကရာဇ်တစ်ပါး၏လက်မှ မည်သို့များလွတ်မြောက်နိုင်ပါမည်နည်း။
ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး၏လက်မှပင်လျှင် မလွတ်မြောက်နိုင်ခဲ့လေရာ မဟာဧကရာဇ်တစ်ပါး၏လက်မှာဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။ ဤမဟာဧကရာဇ်တစ်ပါးလူအိုကြီး၏ ခန္ဓာကိုယ်ဆီမှဖြာထွတ်နေသည့် ဧကရာဇ်ဖိအား သက်သက်သည်ပင်လျှင်ပင် သူ့အား စိစိညက်ညက်ကြေအောင် ဖိသတ်နိုင်ပေသည်။
ရန်ကိုင်က စကားသွားစမပြောခဲ့သလို လူအိုကြီးကလည်း စကားမပြောခဲ့ချေ။ နှစ်ယောက်လုံးသည် အသီးသီးတိတ်နေခဲ့ကြလေ၏။ တစ်ရက်ကြာခန့်ပြီးသည့်နောက်တွင် လူအိုကြီးသည် ရန်ကိုင်အား တောင်ကြားတစ်ခုဆီသို့ ခေါ်လာခဲ့လေသည်။
တစ်နေရာသို့ရောက်လာသည့်အခါမှသာ လူအိုကြီးလဲသူ့အရှိန်ကို လျှော့လိုက်တော့၏။
ဘေးပတ်ဝန်းကျင်အား လှည်ပတ်ကြည့်လိုက်ပြီးသည့်နောက်တွင် ဤတောင်ကြားတစ်ခုလုံးကို အလွန်တရာကိုမှသိပ်သည်းလှသည့်မြူခိုးများဖြင့် ဖုံးလွှမ်းနေကြောင်းတွေ့လိုက်ရလေသည်။ မြူခိုးများမှာ ကိုယ့်လက်ချောင်းကိုယ် ပြန်မမြင်နိုင်လောက်သည်အထိ သိပ်သည်းလှပေသည်။ ခေတ္တခဏမျှ ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့နှစ်ဦးသည် တောင်ကြားအလယ်ရှိ ကွပ်လပ်တစ်နေရာဆီသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော သိမ်မွေ့သည့်စွမ်းအားမှာလဲ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့လေ၏။
လွတ်လပ်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ပတ်ဝန်းကျင်ကို လျှောက်ပတ် စစ်ဆေးကြည့်တော့လေသည်။
မကြာခင်တွင် သူရှိနေသည့်နေရာတွင်သာ မြူခိုးများဖြင့်ဖုံးမနေကြောင်းကို ရန်ကိုင် နားလည်သွားတော့သည်။ ဤနေရာသည် အရမ်းကြီး မကျယ်လှချေ။ ဤနေရာအနီးတဝိုက်၌ ရိုးရှင်းလှသည့် သစ်သားအိမ်လေးတစ်လုံးနှင့် မြေပူစာ အလုံးသုံးဆယ်ခန့် ရှိနေခဲ့လေ၏။ ထိုမြေပူစာများအပေါ်တွင် သစ်သားတုတ်များ စိုက်ထူထားလေသည်။ မြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထိုအုတ်ဂူများထဲ အလောင်းများ ရှိနေမည် မဟုတ်မှန်း ရန်ကိုင်သိသော်ငြား ထိုအရာများကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ ရှင်းပြမရသည့် ခံစားချက်တစ်ခုခံစားရလေသည်။
သစ်သားတုတ်တိုင်များပေါ်တွင် ရေးထိုးထားသည့်နာမည်များကို တစ်ခုချင်း လိုက်ဖတ်ကြည့်လိုက်သော်ငြား မည်သည့်နာမည်ကိုမျှ သူမသိချေ။
"မိတ်ဆွေလေး ငါ မင်းကို ဘယ်လိုခေါ်ရမလဲ" လူအိုကြီးက ရုတ်တရက်မေးလိုက်လေသည်။
ရန်ကိုင်က အလျင်စလို လက်သီးဆုပ်၍ သူ့ကိုယ်သူပြန်မိတ်ဆက်လိုက်လေ၏။
"ဒီတော့ မိတ်ဆွေလေးရန်ပေါ့ တွေ့ရတာ ဝမ်းသာပါတယ်" လူအိုကြီး အသာအယာ ခေါင်းညိတ်လိုက်လေ၏။
ရန်ကိုင်က အလေးအနက်အမူအရာဖြင့် “စီနီယာရဲ့ နာမည်ကိုရော သိလို့ရမလား”
လူအိုကြီးသည် တစ်ခဏမျှ တိတ်ဆိတ်သွာပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ဤလူအိုကြီးကို ထျန်းလျန်လို့ခေါ်တယ်”
ရန်ကိုင် နောက်တစ်ကြိမ်ဦးညွှတ်လိုက်လေသည်။
ထျန်းလျန်သည် ရန်ကိုင်၏ အမေးကို ပြန်ဖြေပြီးသည့်နောက်တွင် သူ့ရှေ့၌ ရှိနေသော အုတ်ဂူများအား လက်ညှိုးထိုး၍ ပြောလိုက်လေ၏။ “မိတ်ဆွေလေး အဲ့လူတွေ ဘယ်သူလဲ မင်းသိလား”
ရန်ကိုင်က အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့စီနီယာတွေရဲ့နာမည်ကို ဂျူနီယာမသိပေမဲ့ သူတို့တွေက တစ်ခေတ်တစ်ခါတုန်းက အရမ်းကို နာမည်ကျော်ကြားခဲ့တဲ့ ပညာရှင်တွေမှန်း ဂျူနီယာ ခန့်မှန်းနိုင်ပါတယ်”
“ဟဲ ဟဲ” ထျန်းလျန်ကပြုံးလျက် “မင်းမမှားဘူး။ ဒါပေမဲ့ သူတို့ဘယ်လိုသေသွားလဲ မင်းသိလား”
ရန်ကိုင် ခေါင်းခါလိုက်လေသည်။
တကယ်တော့ ရန်ကိုင်လည်း ထိုအကြောင်းကို တွေးနေခြင်းဖြစ်ပေသည်။ ထျန်းလျန်သည် အလွန်တရာကိုမှ အားကောင်းလှသည့် ပညာရှင်တစ်ဦးဖြစ်သည်။ သို့သော်ငြား သူသည် ဤနေရာကို စောင့်ကြပ်နေသည့် ပုံပင်။ အစောပိုင်းက သူမြင်တွေ့ခဲ့ရသော ရိုးရှင်းလှသည့် သစ်သားအိမ်လေးသည် ထျန်လျန်နေသည့် အိမ်လေး ဖြစ်လောက်၏။
မဟာဧကရာဇ်ကဲ့သို့သော ပညာရှင်တစ်ဦးကပင်လျှင် စောင့်ကြပ်နေရသည်ကို ကြည့်လျှင် ဤအုတ်ဂူများ၏ ပိုင်ရှင်များသည် အလွန်အားကောင်းလှသည့် ပုဂ္ဂိုလ်များသာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား ထိုမျှအားကောင်းလှသော ပုဂ္ဂိုလ်များကို မည်သူကမျှ သတ်ပစ်နိုင်ခဲ့ရလေသနည်း။ ထျန်လျန်ကိုယ်တိုင်ကများ သတ်ပစ်ခဲ့လေသလား။ လူအိုကြီးသည် ထိုကဲ့သို့သော သွေးဆာရက်စက်သည်ဟုတော့ ရန်ကိုင်မထင်ချေ။
ထျန်လျန်က ပြောလိုက်လေသည်။ “ဟိုးအရင်အချိန်တွေတုန်းက ဒီလောကကြီးက အရမ်းကို ခမ်းနားကြီးကျယ်ခဲ့တာ။ ဧကရာဇ်အဆင့်တွေဆိုတာလည်း နေရာတိုင်းလိုလိုမှာ ရှိနေခဲ့တာပေါ့”
ထျန်လျန်သည် အစောပိုင်းက အဖြေကို တိုက်ရိုက်မဖြေဆိုပဲ အတိတ်အကြောင်းကိုသာ စ၍ ပြောပြလေသည်။
ရန်ကိုင်သည် ကြားဖြတ်မမေးခဲ့ပဲ ထျန်လျန်ပြောပြသည်ကိုသာ သေချာနားစိုက်နားထောင်နေလိုက်၏။
“အဲ့အချိန်တုန်းက ဒီလူအိုကြီးက ဧကရာဇ်တတိယအဆင့်ပဲ ရှိသေးတယ်။ ဒီနေ့ မင်းတွေ့အနေတဲ့ အမျိုးသမီးလိုပေါ့”
ထျန်းလျန်က ဆက်ပြောလိုက်သည်။ လူအိုကြီး အဘွားယိုကို ပြောနေမှန်း ရန်ကိုင်သိပေသည်။
“ဒီလောကကြီးက မင်းတို့နေတဲ့အပြင်လောကြီးနဲ့ အရမ်းကွာတယ်။ ဒါပေမဲ့ လောကကြီးတစ်ခု ဖြစ်လာပြီဆိုတာနဲ့ နိယာမဆိုတာလည်း ရှိလာတယ်။ ပညာရှင်တွေက ပိုပြီးအားကောင်းလာဖို့အတွက် အဲ့လိုနိယာမစွမ်းအားတွေကို ထိန်းချုပ်ဖို့ ကြိုးစားကြတယ်။ အဲ့ခေတ်အချိန်တုန်းက တကယ်ကို ပျော်စရာကောင်းခဲ့တာပေါ့ကွာ” ထျန်လျန်၏ မျက်လုံးထဲ အတိတ်အား လွမ်းဆွတ်တမ်းတရိပ်များ ထွက်ပေါ်လာခဲ့လေသည်။
စကားကိုကြားသည့်အခါ ရန်ကိုင်စိတ်ထဲမကောင်းသည့် ခံစားချက်တစ်ခု ရလာခဲ့လေသည်။ အလှည့်အပြောင်းတစ်ခု ဖြစ်လာတော့မည်ဟု သူ့စိတ်ထဲ ခံစားနေရလေ၏။ အခြား သူထင်ထားသကဲ့သို့ပဲ ထျန်လျန်က ဆက်ပြောလိုက် “ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီလောကကြီးတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားတယ် အကြီးအကျယ်ကို ပြောင်းလဲသွားခဲ့တာ”
“ဘာဖြစ်သွားတာလဲ” ရန်ကိုင်က အံ့အားသင့်တကြီးမေးလိုက်လေသည်။ ဒီလောကကြီးတစ်ခုလုံး မည်ကဲ့သို့သောအရာများ ဖြစ်ဖျက်သွား၍များ ဤမျှအားကောင်းလောက်သည့် ပညာရှင်ပေါင်းများစွာ သေသွားကြရလေသနည်း”
တစ်နည်းဆိုရသော် ဤလောကအပေါ် ကျရောက်လာသည့် ကပ်ဘေးသည် လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် အစွမ်းရှိသည်ဟူ၍ပင်။
ထျန်းလျန်သည် ရန်ကိုင်အား လေးလေးစားစားဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။ “အင်းဆက်အုပ်တစ်အုပ်ပဲ”
ရန်ကိုင်၏အမူအရာ ပြောင်းလဲသွားခဲ့ပြီး ရီချွမ်းပြောသည့် အကြောင်းအရာတစ်ခုကို ရုတ်တရက် အမှတ်ရလိုက်လေသည်။ ထို့နောက် အလေးအနက်အမူအရာဖြင့် မေးလိုက်လေသည်။
“ဝိဥာဉ်ဝါးမျိုအင်းဆက်တွေလား”
ကောင်းကင်မွန်းစတား ရိုးမတောင်တန်းတွေ ရှိစဉ်က ကောင်းကင်တက်လှမ်းခြင်းလောကတစ်ခုလုံးသည် ဝိဥာဉ်ဝါးမျိုးအင်းဆက်များကြောင့် ပျက်ဆီးခါနီးဆဲဆဲ ဖြစ်သွားခဲ့သည်ဟု ရီချွမ်းမှ ရန်ကိုင်းအား ပြောခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် ကောင်းကင်တက်လှမ်းခြင်း လောကကြီးထဲသို့ နောက်တစ်ကြိမ်ဝင်ရောက်လာမည်ဆိုပါက သူသာ အပြည့်အဝ မထိန်းချုပ်နိုင်သေးသရွေ့ ထိုဝိဥာဉ်ဝါးမျိုး အင်းဆက်များကို မည့်သည့်အခြေအနေတွင်မှ အထဲသို့ ယူမလာရန် ရီချွမ်းမှ သူ့အားသတိပေးခဲ့သည်။
ထိုစဉ်က ရီချွမ်း၏ လေးနက်တည်ကြည်သည့်မျက်နှာနှင့် လေသံကို ရန်ကိုင်သေသေချာချာမှတ်မိနေပေသည်။
ရီချွမ်း ပြောခဲ့သည်ကို သတိရသွားပြီးနောက် လူအိုကြီး မည်သည့်အကြောင်းကို ပြောချင်နေသလဲ ဆိုသည်ကို ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။
"ဟုတ်တယ်" ထျန်းလျန်က ခေါင်းညိတ်လိုက်သည်။ "အဲ့အင်းဆက်တွေ ဘယ်ကရောက်လာမှန်း ဘယ်သူမှ မသိကြဘူး အစပိုင်းမှာ သူတို့က အားနည်းနေသေးတော့ ဘယ်သူမှ သူတို့ကို ဂရုမစိုက်ကြဘူး။ ဒါပေမယ့် သူတို့တွေက ငါတို့တွေရဲ့ ကပ်ဆိုးတွေလို့ ပြောလို့ရတယ်။ ဒီကောင်တွေက ဒီကသက်ရှိတွေကို သတ်ရင်းသတ်ရင်းနဲ့ တဖြည်းဖြည်း အားကောင်းလာခဲ့တာ။ သူတို့ ဖြတ်သန်းသွားတဲ့ နေရာတစ်ခုလုံး အပျက်အစီးပုံတွေအဖြစ် ကျန်ရစ်ခဲ့တာတွေချည်းပဲ”
"မိသားစုတွေ တစ်ခုပြီးတစ်ခု ပျက်စီး၊ မြို့တွေလည်း တစ်မြို့ပြီးတစ်မြို့ ဝါးမြိုခံရတယ် နှစ်အနည်းငယ် အတွင်းမှာဘဲ ဒီကောင်တွေက ထိန်းချုပ်မရနိုင်တဲ့ အဆင့်ထိကို ကြီးထွားလာခဲ့တာ" ထျန်းလျန်က ရှင်းပြလိုက်သည်။ "အဲ့အင်းဆက်တွေ ဘယ်လောက် အန္တရာယ်များတယ်ဆိုတဲ့အကြောင်း ဒီလောကကြီးက ပညာရှင်တွေ နားလည်သွားတဲ့အချိန် အဲ့အင်းဆက်တွေက ဘယ်သူမှ ဖိနှိပ်လို့မရတဲ့အဆင့်ထိ ကြီးထွားပြီးနေပြီ"
ရန်ကိုင်၏ အမူအရာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ဝိညာဉ်ဝါးမျို အင်းဆက်များ၏ ပိုင်ရှင်ဖြစ်သည့်အလျောက် ဝိညာဉ်ဝါးမျိုအင်းဆက်များ ဤလောကကြီးအား ဤကဲ့သို့ ဒုက္ခပေးနေကြောင်းကို ရန်ကိုင် ကောင်းကောင်း နားလည်ထားပေသည်။
သူသာ ဤဝိညာဉ်ဝါးမျို အင်းဆက်များကို လုံလောက်သည့် အာဟာရတစ်ခုခု ပေးလိုက်မည် ဆိုပါက ဤဝိညာဉ်ဝါးမျို အင်းဆက်များသည် ဤလောကကြီးတစ်ခုလုံးကို ဖျက်စီးပစ်နိုင်သည်အထိ ကြီးထွားလာကြပေလိမ့်မည်။
သို့သော်ငြား ဤသည်မှာ ခန့်မှန်းချက်တစ်ခုသာ ဖြစ်ပေသည်။ ကဲ အလုပ်ဖြစ်မဖြစ် ရန်ကိုင်မသိခဲ့သေးပေ။ သို့သော်ငြား ထန်းရန် ပြောပြသည်ကို ကြည့်ရသလောက် တစ်ကယ်အလုပ်ဖြစ်မည့်ပုံပင်။
"အဲ့အင်းဆက်တွေက အရမ်းကို အားကောင်းလွန်းတယ် ငါတို့ရဲ့ စွမ်းအင်တွေကို တန်ပြန်နိုင်တဲ့ သူတို့ရဲ့ စွမ်းရည်ကလည်း အရမ်းကို ဆိုးဆိုးရွားရွားပဲ သူတို့တွေက ငါတို့ ဒီလောကကြီးထဲက သက်ရှိတွေကို အဆက်မပြတ် ဝါးမျိုရင်း အားကောင်းသထက်ကို အားကောင်းလာနေတာ" ထန်းလျန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ဆက်ပြောလိုက်လေသည်။ "ဒီတော့ နောက်ဆုံးအနေနဲ့ ဒီလောကကြီးထဲက ပညာရှင်တွေ အကုန်လုံး ပူးပေါင်းပြီး အဲ့ဝိညာဉ်ဝါးမျိုအင်းဆက်တွေကို တိုက်ထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ငါတို့အတွက်ကော ဒီလောကကြီး တစ်ခုလုံးအတွက်ရောပေါ့"
ထန်းရန်သည် တိုက်ပွဲ မည်ကဲ့သို ဖြစ်သွားသလည်းဆိုသည်ကို မရှင်းပြခဲ့သည်သော်ငြား ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ဝိညာဉ်ဝါးမျိုအင်းဆက်များကို ရဲ၀င့်စွာတိုက်ခိုက်နေသည့် ပုံစံကို ရန်ကိုင် မြင်ယောင်ကြည့်နိုင်ပေသည်။ ထိုတိုက်ပွဲသည် ကောင်းကင်နှင့် မြေပြင် အလင်းရောင်တို့ပင် မှေးမှိန်သွားစေသည့် တိုက်ပွဲမျိုးဖြစ်ပေသည်။ ဤတိုက်ပွဲသည် နေနှင့်လကိုပင် အရောင်မှိန်သွားစေနိုင်မည့် တိုက်ပွဲလည်း ဖြစ်ပေ၏။ သို့သော်ငြား ထိုတိုက်ပွဲအား ယနေ့ခေတ်လူများ မေ့လျော့သွားလောက်ပေသည်။ အကြောင်းမှာ တိုက်ပွဲထဲတွင် ပါ၀င်ခဲ့သည့် ပညာရှင်အားလုံးမှာ သေဆုံးသွားခဲ့ပြီး ဖြစ်သည်အတွက်ကြောင့်ပင်လျှင်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၃၉)
နှစ်ပေါင်းတစ်သောင်းခန့် ကြာပြီးသည့်နောက်တွင် သူတို့၏ နာမည်များသည် အမေ့အလျော့ခံ ဖြစ်ကုန်ကြလေပြီ။ ယနေ့ အသက်ရှင်နေကြသော လူများသည် ဤလောကကြီးထဲ၌ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်ဟူသော အကြောင်းကိုမူ သိခဲ့ကြတော့လိမ့်မည် မဟုတ်ချေ။
လူအိုကြီးတစ်ဦးသည်သာ မှတ်တမ်းတင်ရစ်ထားခြင်း မရှိသော သူတို့၏အုတ်ဂူများကို တိတ်တဆိတ် စောင့်ကြပ်နေခဲ့လေသည်။ ဤအုတ်ဂူများသည်သာ သူတို့ပြုလုပ်ပေးခဲ့သော အရာများကို မှတ်တမ်းတင်ထားလေ၏။ ဤနေရာတွင်သာ သူတို့ ဤလောကကြီးအတွက် မည်မျှ လုပ်ပေးခဲ့ကြောင်း မည်သည့်အရာများ လုပ်ပေးခဲ့ကြောင်းကို မြင်တွေ့နိုင်ပေသည်။
“အဲ့တိုက်ပွဲ ဘယ်လိုဖြစ်သွားတယ် ဆိုတာကိုတော့ မင်းလည်း မြင်ယောင်ကြည့်နိုင်မှာပေါ့ ဟုတ်တယ်မလား…” ထျန်းယန်သည် အုတ်ဂူများကို ညွှန်ပြရင်း ဝမ်းနည်းသည့် အမူအယာဖြင့် ပြောလိုက်လေသည်။
ရန်ကိုင်ကမူ အံ့ဩတကြီး အမူအယာဖြင့် ရပ်နေရင်း အုတ်ဂူများကို တလေးတစားဖြင့် ဦးညွှတ်လိုက်လေသည်။
ထို့နောက် ခါးဖြောင့်ဖြောင့် ပြန်ရပ်လျက် မေးလိုက်လေ၏။ “အဲ့ဒါဆိုရင် ဝိဉာဉ်ဝါးမျို အင်းစက်တွေရော ဘာဖြစ်သွားလဲ… သူတို့ရော အကုန် အသတ်ခံလိုက်ရလား…”
ထျန်းယန်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် မှုန်ကုပ်ကုပ် အမူအယာဖြင့် ပြောလိုက်လေသည်။ “တကယ့်ပြဿနာက အဲ့ဒါ… ငါတို့တွေ တန်ဖိုးကြီးကြီးမားမားတစ်ခု ပေးဆပ်လိုက်ရတယ်… ဒါပေမဲ့ ဒီကောင်တွေကို အမြစ်မဖြတ်နိုင်ခဲ့ဘူး…”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “စီနီယာ ပြောချင်တာက ဝိဉာဉ်ဝါးမျိုအင်းစက်တွေက အသက်ရှင်နေသေးတယ်ပေါ့…”
ထျန်းယန် ခေါင်းညိတ်လိုက်လေ၏။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ရန်ကိုင် ရုတ်တရက် ဝမ်းနည်းချင်လာခဲ့သည်။ ပညာရှင်ပေါင်းများစွာသည် ထို ဝိဉာဉ်ဝါးမျို အင်းစက်များကို သတ်ပစ်နိုင်ရန်အတွက် သူတို့၏အသက်ကို စတေးပစ်ခဲ့ရသည်။ လူပေါင်းများစွာလည်း သေဆုံးခဲ့ရသည်။ သို့တိုင် ထိုဝိဉာဉ်ဝါးမျိုအင်းစက်များမှာတော့ သေဆုံးသွားခြင်း မရှိခဲ့ပေ။ ထိုပညာရှင်များ၏ စတေးမှုသည် အလဟဿ ဖြစ်သွားခဲ့လေသလော။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နောက် ရန်ကိုင်မှာ အလွန်ကိုမှ ကြောက်လန့်သွားခဲ့ပြီး ပြန်မေးလိုက်လေသည်။ “အဲ့ဒါဆိုရင် အဲ့ဝိဉာဉ်ဝါးမျိုအင်းစက်တွေက အခု ဘယ်မှာလဲ…”
“ငါ့နောက်လိုက်ခဲ့…” ပြောပြီးသည့်နောက်တွင် လူအိုကြီးသည် ရန်ကိုင့်အား သိမ်မွေ့သည့်စွမ်းအားဖြင့် ရစ်ပတ်လိုက်လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင်နှင့်လူအိုကြီးသည် အနက်ရောင်ယဇ်ပုလ္လင်တစ်လုံးရှေ့သို့ ရောက်လာခဲ့လေ၏။ လူအိုကြီးသည် သူ့လက်အား ဝှေ့ယမ်းလျက် ယဇ်ပုလ္လင်အား ဖုံးလွှမ်းနေသော မြူခိုများကို ဖယ်ရှားပစ်လိုက်ပြီးသည့်နောက် ဝမ်းနည်းနေသည့် အမူအယာဖြင့် ပြောလိုက်လေ၏။ “ဒီလောကကြီးတစ်ခုလုံးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တဲ့ အင်းစက်တွေ အကုန်လုံးကို ဒီမှာ ချိတ်ပိတ်ထားတယ်…”
လူအိုကြီးပြောနေစရာပင်မလို။ ယဇ်ပုလ္လင်ကို မြင်စဉ်ကတည်းက ရန်ကိုင် ပြောနေနိုင်ခဲ့လေပြီ။
အကြောင်းမှာ ဤနေရာသို့ စရောက်လာသည့် အချိန်မှစ၍ ဝိဉာဉ်ကြာပန်းထဲတွင် ငြိမ်သက်စွာ ရှိနေကြသော ဝိဉာဉ်ဝါးမျို အင်းစက်များမှာ စတင်၍ ဂနာမငြိမ် ဖြစ်လာသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထိုဝိဉာဉ်ဝါးမျိုအင်းစက်များသည် ရန်ကိုင့်၏ကိုယ်ထဲမှ အတင်းပြန်ထွက်ချင်နေသည့်အလား အလွန်ကိုမှ ဂနာမငြိမ် ဖြစ်နေကြလေသည်။
တစ်ချိန်တည်းတွင်လည်း ယဇ်ပုလ္လင်အတွင်းပိုင်းဆီမှ တဝီဝီမြည်သံများ ထွက်ပေါ်လာနေခဲ့လေသည်။ ထိုတဝီဝီမြည်သံများသည် ရန်ကိုင်၏ကိုယ်ထဲရှိ ဝိဉာဉ်ကြာပန်းထဲရှိ ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ အသံများနှင့် သွား၍ ထူးဆန်းစွာ ပဲ့တင်ထပ်နေခဲ့လေ၏။
ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
“မင်းမှာ တကယ်ကြီး ဝိဉာဉ်ဝါးမျို အင်းစက်တွေ ရှိနေတာပဲ…” လူအိုကြီးသည် ရန်ကိုင့်အား ရှုပ်ထွေးသည့် အကြည့်ဖြင့် စိုက်ကြည့်ရင်း “ဒီဝိဉာဉ်ဝါးမျို အင်းစက်တွေကြောင့်ပဲ ငါမင်းကို သတိထားမိလိုက်တာ… အဲ့အကြောင်းကြောင့်ပဲ ငါမင်းကို ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲမှာ သွားရှာခဲ့တာ… ဒါပေမဲ့ ငါ အဲ့ဒီကို ရောက်သွားတဲ့အချိန် မင်း အဲ့မှာ ရှိမနေတော့ဘူး… ဒါပေမဲ့ ငါ ဒီနေရာကို စောင့်ကြပ်လာတာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ… ဝိဉာဉ်ဝါးမျိုအင်းစက်တွေရဲ့ အရှိန်အဝါကို ငါ တော်တော်လေးရင်းနှီးတယ်… ငါ သူတို့ရဲ့ အရှိန်အဝါကို ကောင်းကင်မွန်းစတား ရိုးမတောင်တန်းထဲမှာ ခံစားမိလိုက်တော့ အဲ့က မွန်းစတားဘုရင်ကို မေးကြည့်လိုက်တယ်… နောက်ဆုံး အဖြေရပြီးတာနဲ့ ကောင်းကင်တက်လှမ်းခြင်းမြို့တော်ကို လိုက်လာခဲ့တာပဲ…”
“စိတ်ချထားလိုက်ပါစီနီယာ… ကျုပ်မှာ ရှိတဲ့ ဝိဉာဉ်ဝါးမျို အင်းစက်တွေက အရမ်းကြီး အားမကောင်းသေးပါဘူး… သူတို့ ဒီလောကကြီးကို ဘာအန္တရာယ်မှ ပေးနိုင်ဦးမှာ မဟုတ်ပါဘူး… ပြီးတော့ ကျုပ် ထွက်သွားတာနဲ့ သူတို့ကိုပါ တစ်ခါတည်း ခေါ်သွားမှာပါ…” ရန်ကိုင်က အလျင်စလို ပြောလိုက်လေသည်။
ထျန်းယန် သူ့အား ဤနေရာသို့ ခေါ်လာရခြင်းမှာ သူ့တွင် ရှိနေသော ဝိဉာဉ်ဝါးမျို အင်းစက်များကို ဤယဇ်ပုလ္လင်ထဲတွင် ချိတ်ပိတ်ထားစေလိုသည့် အတွက်ကြောင့် ဖြစ်သည်ဟု ရန်ကိုင် ထင်သွားခဲ့ခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့်ပင်လျှင် အလျင်စလို ရှင်းပြလိုက်ခြင်း ဖြစ်လေ၏။
“မိတ်ဆွေလေးရန် မင်း ငါ့ကို နားလည်မှုလွဲနေပြီ…” ထျန်းယန်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “မင်းရဲ့ ဝိဉာဉ်ဝါးမျို အင်းစက်တွေကို လိုချင်နေတာမဟုတ်ဘူး… ဒီလောကကြီးတစ်ခုလုံးက အဲ့ကောင်တွေကြောင့်ပဲ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတာ… ငါ သူတို့တွေကို ဘယ်လိုလုပ်ပြီး လိုချင်တော့မှာလဲ… ငါမင်းကို အခုလို ခေါ်လာတာ မင်းဆီကနေ အကူအညီတစ်ခု တောင်းစရာရှိလို့…”
“ဘယ်လိုအကူအညီမျိုးလဲ…” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။
“မင်း ထွက်သွားတဲ့ အချိန်ကြလို့ရှိရင် ဒီကောင်တွေကိုပါ မင်းနဲ့အတူ တစ်ခါတည်း ခေါ်သွားလို့ရလား…” ပြောပြီးသည်နှင့် ထျန်းယန်သည် ယဇ်ပုလ္လင်ကို ညွှန်ပြလိုက်လေသည်။
ရန်ကိုင်၏ နှုတ်ခမ်း မဲ့သွားခဲ့ပြီး ခြောက်ကပ်ကပ် လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “စီနီယာ နောက်နေတာလားဟင်… ဂျူနီယာမှာ ရှိနေတဲ့ ဝိဉာဉ်ဝါးမျို အင်းစက်တွေက အားနည်းသေးတာရယ် ပြီးရင် သူတို့တွေက ဂျူနီယာနဲ့အတူတူရှိနေတာ ကြာလာတာကြောင့်ရယ် ဂျူနီယာ သူတို့ကို ထိန်းချုပ်နိုင်နေတာ… ဒါပေမဲ့ ဒီယဇ်ပုလ္လင်ထဲမှာ ရှိနေတဲ့ ဝိဉာဉ်ဝါးမျိုအင်းစက်တွေက ဂျူနီယာ ထိန်းချုပ်နိုင်တဲ့ ကောင်တွေ မဟုတ်ဘူးနော်…” ယဇ်ပုလ္လင်ထဲတွင် ချိတ်ပိတ်ထားခံရသော ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ဧကရာဇ်တတိယအဆင့် ပညာရှင်ပေါင်းများစွာကို ဝါးမျိုခဲ့သည့် အကောင်များ ဖြစ်ကြသည်။ ထိုသို့ ဖြစ်လေရာ ရန်ကိုင့်အနေဖြင့် ထိုကောင်များကို မည်သို့များ သွားထိန်းချုပ်ရဲပါမည်နည်း။ သူသာ ထိုဝိဉာဉ်ဝါးမျိုအင်းစက်များကို ဝိဉာဉ်ကြာပန်းထဲသို့ ထည့်လိုက်မည်ဆိုပါက ကိုယ့်သေတွင်းကိုယ် တူးသလိုသာ ဖြစ်သွားပေလိမ့်မည်။
“သူတို့တွေက အရင်ကလောက် အားမကောင်းတော့ဘူး…” ထျန်းယန်က ပြောလိုက်သည်။ “သူတို့ ဒီနေရာမှာ ဘာအစာမှ မစားရပဲ ချိတ်ပိတ်ထားခံရတာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ… ဒီတော့ ဒီကောင်တွေ အခု တော်တော်လေး အားနည်းနေကုန်ကြပြီ… မိတ်ဆွေလေးရန်… မင်းက မင်းမှာ ရှိတဲ့ ဝိဉာဉ်ဝါးမျိုအင်းစက်တွေကိုတောင် ထိန်းချုပ်နိုင်တာပဲ… ဒီကောင်တွေကိုရော မထိန်းချုပ်နိုင်ဘူးလား…”
ရန်ကိုင်က ခါးသက်စွာ ရယ်မောလျက် “စီနီယာက ဂျူနီယာကို အရမ်း အထင်ကြီးနေတာပဲ… ဂျူနီယာမှာ ရှိနေတဲ့ ဝိဉာဉ်ဝါးမျိုအင်းစက်တွေကို ထိန်းချုပ်နိုင်တာ ဟုတ်တယ်… ဒါပေမဲ့ ဒီနေရာထဲကို ဝင်လာပြီး ရက်နှစ်ဆယ်လောက် ကြာပြီးတာနဲ့ ဒီကောင်တွေကို ကျုပ်အမိန့်ကို သိပ်မနာခံချင်ကြတော့ဘူး… အဲ့ဒါကြောင့် ဒီနေရာကို ထွက်သွားလို့ရှိရင် အဲ့ကောင်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲ နည်းလမ်းတစ်ခုပြန်စဉ်းစားရဦးမယ်…”
ပြောပြီးသည့်နောက်တွင် ရန်ကိုင် ရုတ်တရက် အတွေးနက်သွားခဲ့လေသည်။
ထိုအချင်းအရာကို မြင်သော် ထျန်းယန်သည်လည်း ရန်ကိုင့်အား မျှော်လင့်တကြီးဖြင့် လှမ်းကြည့်မိလိုက်လေသည်။
သူသည် ဤနေရာအား နှစ်ပေါင်း သောင်းနှင့်ချီကြာအောင် စောင့်ကြပ်နေခဲ့ခြင်း ဖြစ်လေသည်။ ထိုကာလအတွင်း ဤမြူခိုတောင်ကြားဆီမှ ခြေတစ်ဖဝါးပင် မခွာခဲ့ပေ။
ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ဤလောကကြီး၏ အမြဲတစေ အန္တရာယ်တစ်ခု ဖြစ်ခဲ့လေသည်။ ဝိဉာဉ်ဝါးမျိုအင်းစက်များကိုသာ ဤလောကကြီး၏ အပြင်ဘက်သို့ ပို့ပစ်နိုင်မည်ဆိုလျှင်တော့ ထျန်းယန်အတွက် အကောင်းဆုံးပင် ဖြစ်လေ၏။
ထို့ကြောင့် ယဇ်ပုလ္လင်ထဲရှိ ဝိဉာဉ်ဝါးမျိုအင်းစက်များ နိုးလာသည်ကိုမြင်သော် ဘာကြောင့် နိုးလာရသလဲ ဆိုသည့်အကြောင်းအရင်းကို စတင် ရှာဖွေတော့လေသည်။ ရန်ကိုင့်ကြောင့်မှန်း သိလိုက်သော် ရန်ကိုင့်အား ချက်ချင်း သွားအကူအညီတောင်းတော့လေ၏။
အချိန်အတော်ကြာပြီးသည့်နောက်တွင် ရန်ကိုင်က မျှော်လင့်ချက် သန်းနေသည့် မျက်လုံးများဖြင့် ပြန်မေးလာခဲ့လေ၏။ “အခု ဒီမှာ ချိတ်ပိတ်ထားတဲ့ ဝိဉာဉ်ဝါးမျို အင်းစက်တွေလေ အခုအချိန် ဘယ်လောက်လောက် အားကောင်းသေးလဲဆိုတာ စီနီယာသိလား…”
ထိုစကားကို ကြားသည့်အခါ ထျန်းယန်က သတိထားလျက် ပြန်ဖြေလိုက်လေသည်။ “ငါတွက်ကြည့်ရသလောက် ဆိုရင်တော့ မင်းရဲ့ဝိဉာဉ်ဝါးမျို အင်းစက်တွေထက် နည်းနည်း ပိုအားကောင်းလိမ့်မယ်… ဒါပေမဲ့ အရမ်းကြီးတော့ အားကောင်းမှာမဟုတ်ဘူး…”
“အဲ့လောက်ပဲလား…” ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်၏မျက်လုံးများ တောက်ပသွားခဲ့လေသည်။ “အဲ့လောက်ပဲ ဆိုရင်တော့ အခွင့်အရေး ရှိသေးတယ်…”
“မင်းဘာပြောချင်တာလဲ…” ထျန်းယန် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။
ရန်ကိုင်က အလေးအနက် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “အပြင်လောကကြီးက ဒီလောကကြီးနဲ့ အရမ်းကွာတာကို စီနီယာလည်း သိမှာပေါ့ ဟုတ်တယ်မလား… ဝိဉာဉ်ဝါးမျို အင်းစက်တွေကို ဒီနေရာမှာ ဘယ်လိုမှ ထိန်းလို့သိမ်းလို့ မနိုင်ပေမဲ့ အပြင်လောကကြီးမှာတော့ သူတို့ကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးပဲ… ဂျူနီယာမှာ အင်းစက်တွေအကုန်လုံးကို ထိန်းချုပ်နိုင်တဲ့ ရတနာတစ်မျိုး ရှိတယ်…”
“အဲ့လိုရတနာမျိုး ရှိတာလား…” ထျန်းယန် တုန်လှုပ်သွားခဲ့လေသည်။
“ဟုတ်တယ်… ရှိတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ “အစက ဒီနေရာကနေ ထွက်သွားရင် အဲ့ရတနာကို သုံးပြီး ဂျူနီယာမှာ ရှိနေတဲ့ ဝိဉာဉ်ဝါးမျိုအင်းစက်တွေကို ထိန်းချုပ်ဖို့ စဉ်းစားထားတာ… အကယ်၍ အခု ယဇ်ပုလ္လင်ထဲမှာ ချိတ်ပိတ်ထားခံရတဲ့ ဝိဉာဉ်ဝါးမျိုအင်းစက်တွေသာ အရမ်းကြီး အားကောင်း မနေခဲ့လို့ရှိရင် ဂျူနီယာအနေနဲ့ သူတို့ကိုပါ တစ်ခါတည်း ထိန်းချုပ်ပစ်လို့ရတယ်…”
သူပြောနေသည့် ရတနာမှာ အင်းစက်ဧကရာဇ်မှ အသုံးပြုခဲ့သော အင်းစက်ချုပ်နှောင် လက်ကောက်သာ ဖြစ်လေသည်။
ထိုအင်းစက်ချုပ်နှောင်လက်ကောက်သည် အင်းစက်များအပေါ် အလွန်ကိုမှ အကျိုးသက်ရောက်မှု ရှိပေသည်။ ထို့ကြောင့် ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ထိုအင်းစက်ချုပ်နှောင်လက်ကောက်၏ အကျိုးသက်ရောက်မှုကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား ဝိဉာဉ်ဝါးမျိုအင်းစက်များကလည်း အလွန်ကိုမှ အားကောင်းမနေရန် လိုအပ်ပေသေး၏။ ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ဧကရာဇ်အဆင့် ပညာရှင်များကိုပင်လျှင် ဝါးမျိုနိုင်သည်အထိ အားကောင်းနေမည် ဆိုပါက ရန်ကိုင့်အနေဖြင့် မဆင်မခြင် လှုပ်ရှားရဲလိမ့်မည် မဟုတ်ပေ။
သို့သော်ငြား ထျန်းယန်ဆီမှ အဖြေကို သိလိုက်ရပြီးသည့်နောက် ရန်ကိုင် ရုတ်တရက် စိတ်အားထက်သန် လာခဲ့လေသည်။
“အဲ့ရတနာ အကူအညီနဲ့ ဆိုလို့ရှိရင် ငါတို့ တကယ်ကြိုးစားကြည့်လို့ရတယ်…” ထျန်းယန်လည်း ဝမ်းသာသွားခဲ့လေသည်။ “ဒီလူအိုကြီး သိချင်တာက မိတ်ဆွေလေး ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လောက်သေချာလဲ ဆိုတာပဲ… ဒီလူအိုကြီး မင်းကို ခေါ်လာတယ်ဆိုတာက ကြိုးစားကြည့်ရုံပါပဲ… အရမ်းကြီး အန္တရာယ်များတယ်ဆိုရင် ငါမင်းဆီက အကူအညီတောင်းမှာ မဟုတ်ဘူး… ငါ့အတွက်ကလည်း ဒီနေရာကို နောက်ထပ် နှစ်တစ်သောင်းလောက် ဆက်ပြီး စောင့်ကြပ်နေလိုက်ဖို့ကလည်း ဘာပြဿနာမှ မရှိဘူးလေ…”
ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “အလုပ်ဖြစ်တာတော့ ကျိန်းသေတယ်… ဒါပေမဲ့ စီနီယာရဲ့ အကူအညီကိုတော့ လိုအပ်လိမ့်မယ်…”
ထျန်းယန်က ပြောလိုက်သည်။ “အကူအညီလိုရင်ပြော ဘာမှကိစ္စမရှိဘူး…”
ရန်ကိုင်က ပြောလိုက်လေသည်။ “ကျုပ်ရဲ့ ဝိဉာဉ်ဝါးမျို အင်းစက်တွေက ကိစ္စမရှိသေးဘူး… ဒီကောင်တွေက နည်းနည်း ထိန်းမရ သိမ်းမရ ဖြစ်လာတယ်ဆိုပေမဲ့ ဒီတလောအတွင်း ကျုပ်ကို ဘာအန္တရာယ်မှ ပေးဦးမှာ မဟုတ်သေးဘူး… ဒါပေမဲ့ ဒီယဇ်ပုလ္လင်ထဲမှာ ရှိတဲ့ ဒီဝိဉာဉ်ဝါးမျို အင်းစက်တွေကိုသာ ဂျူနီယာနဲ့အတူ ခေါ်သွားမယ်ဆိုလို့ရှိရင် သူတို့တွေက ဂျူနီယာရဲ့ နာမ်ဝိဉာဉ်ထဲကို အရင်ဝင်ရမှာ… အဲ့ဒါကြောင့် ဂျူနီယာ သူတို့ကို မဖိနှိပ်နိုင်တာမျိုး ဖြစ်လာမှာစိုးလို့ စီနီယာအနေနဲ့ သူတို့ကို အရင်ဆုံး ချိတ်ပိတ်ပေးထားလို့ ရမလား…”
ဤသည်မှာ ရန်ကိုင့်အား စိတ်ပူနေစေသည့် အရာ ဖြစ်ပေသည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များကို ခေါ်ဆောင်သွားရန်အတွက် ရန်ကိုင့်အနေဖြင့် ထိုအရာများကို သူ့ကိုယ်ထဲသို့ ထည့်သွင်းရပေလိမ့်မည်။
ထိုဝိဉာဉ်ဝါးမျိုအင်းစက်များသာ ထကြွသောင်းကျန်းလာမည် ဆိုပါက ရန်ကိုင့်အနေဖြင့် မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။ ထို့အပြင် အပြင်သို့ ရောက်ပါက ရန်ကိုင့်အနေဖြင့် အင်းစက်ချုပ်နှောင်လက်ကောက်ကို သန့်စင်ရန်လည်း လိုအပ်ပေသေးသည်။ ထိုအချိန်အတောအတွင်း အနှောင့်အယှက်ဖြစ်၍လည်း မရ။ သူသာ ဝိဉာဉ်ဝါးမျိုအင်းစက်များကိုသာ အဆက်မပြတ် ဖိနှိပ်နေရမည်ဆိုလျှင် အင်းစက်ချုပ်နှောင်လက်ကောက်အား သန့်စင်နိုင်တော့လိမ့်မည် မဟုတ်ပေ။
သို့သော်ငြား ရန်ကိုင်၏စကားကို ကြားသည့်အခါ ထျန်းယန် တုံ့ဆိုင်းသွားခဲ့လေသည်။ ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်က ပြန်၍ မေးလိုက်လေ၏။ “ဒီကိစ္စက စီနီယာအတွက် ခက်ခဲလို့လား…”
ထျန်းယန်သည် ရန်ကိုင့်အား ကြည့်၍ ခေါင်းညိတ်ပြလိုက်လေ၏။
ရန်ကိုင်က အံ့အားသင့်သွားသည့် အမူအယာဖြင့် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… စီနီယာပြောတဲ့ပုံအရဆိုရင် ဒီဝိဉာဉ်ဝါးမျိုအင်းစက်တွေက တော်တော်လေး အားနည်းနေပြီလေ… စီနီယာရဲ့ ကျင့်ကြံခြင်းနဲ့ ဆိုလို့ရှိရင်…”
“ငါ့ခွန်အားနဲ့က သူတို့ကို ခဏလောက် ထိန်းထားလို့ရတယ်… ဒါပေမဲ့ ငါမင်းနဲ့အတူ အပြင်ကိုလိုက်ပြီး မထွက်နိုင်ဘူးလေ… ငါ မပါလို့ရှိရင် မင်း အဲ့ဝိဉာဉ်ဝါးမျိုအင်းစက်တွေကို ဘယ်လိုဆက်ပြီး ထိန်းချုပ်မှာလဲ…”
ရန်ကိုင်က မျက်လုံးအပြူးသားဖြင့် ထျန်းယန်အား အံ့ဩတကြီး စိုက်ကြည့်ရင်း ယဇ်ပုလ္လင်ကို ညွှန်၍ “ဒါဆိုရင် ဟိုးအရင်တုန်းက စီနီယာ ဒီဝိဉာဉ်ဝါးမျို အင်းစက်တွေကို ဘယ်လို ချိတ်ပိတ်ပစ်ခဲ့တာလဲ…”
ယခင်က ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ယခု ဝိဉာဉ်ဝါးမျိုအင်းစက်များထက် အဆ ထောင်သောင်းပေါင်းများစွာ ပိုမိုအားကောင်းပေလိမ့်မည်။ ထိုမျှအားကောင်းလှသော ဝိဉာဉ်ဝါးမျိုအင်းစက်များကိုပင်လျှင် ချိတ်ပိတ်ပစ်နိုင်ခဲ့လေရာ ဘာကြောင့်များ ယခုမှ ချိတ်ပိတ်မပစ်နိုင်ရတော့သနည်း။
ရန်ကိုင် လုံးဝ နားမလည်နိုင်တော့ချေ။
ထျန်းယန်က ပြောလိုက်လေသည်။ “တကယ်ဝန်ခံရမယ်ဆိုရင်တော့ ချိတ်စည်းက ငါလုပ်ထားတာမဟုတ်ဘူး…”
ရန်ကိုင်က မျက်ခုံးပင့်လျက် အံ့အားသင့်နေသည့် လေသံဖြင့် “စီနီယာပြောချင်တာက…ရှေးကလူတွေ အကုန် ပူးပေါင်းပြီး လုပ်ခဲ့ပေါ့…”
“မင်းအဲ့လိုပြောလို့ရတယ်…” ထျန်းယန်က ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ အခြားအင်အားတစ်ရပ်လည်း ပါသေးတယ်… မဟုတ်ရင် ဒီစည်းက ဘယ်လိုလုပ်ပြီး ဒီလောက် ကြာရှည်ခံမှာလဲ…”
“ဘယ်အင်အားလဲ…” ရန်ကိုင်က ပြန်မေးလိုက်လေသည်။ ထျန်းယန်သည် ဘာမှမပြောပဲ ကောင်းကင်ပေါ်သို့သာ ညွှန်ပြလိုက်လေ၏။
ရန်ကိုင့်မှာ စစချင်းတွင် နားမလည်နိုင် ဖြစ်နေခဲ့သော်ငြား ချက်ချင်းသဘောပေါက်သွားခဲ့လေ၏။ ထို့နောက် ထိတ်လန့်နေသည့် လေသံဖြင့် “ဒီလောကကြီးရဲ့ဆန္ဒလား… ကြေးမုံဝိဉာဉ်က ကူညီခဲ့တာလား…”
ထျန်းရန်က ပြောလိုက်သည်။ “ဒီလောကကြီးမှာ သူ့စိတ်ဆန္ဒနဲ့ သူ့ကိုယ်ပိုင်နိယာမတွေ ရှိတယ်… ဝိဉာဉ်ဝါးမျိုအင်းစက်တွေက ဒီလောကကြီးကို ဒုက္ခတွေ ယူဆောင်လာခဲ့တာ… သူ့ရဲ့ဒေသခံတွေကို သတ်ဖြတ်ပစ်တာ… အဲ့ဒါကို ဒီလောကကြီးက သည်းမခံနိုင်ဘူး… ဒါကြောင့် သူ့ရဲ့ ကိုယ်ပိုင်နိယာမတွေကိုသုံးပြီး ငါတို့ကို ကူညီပေးခဲ့တာ… အဲ့ဒါကြောင့်ပဲ ဒီဝိဉာဉ်ဝါးမျို အင်းစက်တွေကို ချိတ်ပိတ်ပစ်နိုင်ခဲ့တာ… တကယ်တော့ ငါတို့ ဘယ်လောက်ပဲ အားကောင်းနေပါစေ ငါတို့တွေက ဝိဉာဉ်ဝါးမျို အင်းစက်တွေရဲ့ အစာသက်သက်ထက် မပိုဘူးလေ... ဒီလောကကြီးရဲ့ အကူအညီကြောင့်ပဲ ငါတို့ကိုယ်ငါတို့ ကာကွယ်နိုင်ပြီး ဝိဉာဉ်ဝါးမျို အင်းစက်တွေ ငါတို့ကို ဝါးမျိုလာမှာကို တားဆီးနိုင်ခဲ့တာ…”
ထိုစကားကိုကြားပြီးသည့်နောက် ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။
ဤချိတ်စည်းတွင် စုစုပေါင်း အပိုင်းနှစ်ပိုင်း ပါဝင်ပေသည်။ ပထမအပိုင်းတွင် ဘေးပတ်ဝန်းကျင်၏ စိတ်ဆန္ဒ ပါဝင်နေခဲ့သည်။ ထိုစိတ်ဆန္ဒမှာ ဤလောကကြီး၏ စိတ်ဆန္ဒသာ ဖြစ်လေသည်။ ဒုတိယအပိုင်းမှာမူ ဤလောကကြီးထဲရှိ ပညာရှင်များ၏ စုပေါင်းစွမ်းအား ဖြစ်လေသည်။ ထိုစွမ်းအားနှစ်မျိုး ပေါင်းစပ်သွားသည့် အခါမှသာ အပြည့်အဝ ချိတ်စည်းတစ်ခု ဖြစ်ပေါ်လာပြီး ဝိဉာဉ်ဝါးမျိုအင်းစက်များကို နှစ်ပေါင်း သောင်းနှင့်ချီကြာအောင် ချိတ်ပိတ်ထားနိုင်လေ၏။ ဤကဲ့သို့ ချိတ်စည်းမျိုးကို နောက်တစ်ကြိမ် ပြန်လည်ဖန်တီးဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
“စီနီယာ... စီနီယာ ဂျူနီယာ့ကို ဒီလောကကြီးရဲ့ စိတ်ဆန္ဒနဲ့ စကားပြောလို့ရအောင် ကူညီပေးလို့ရလား…” ရန်ကိုင်က မေးလိုက်လေသည်။
ရန်ကိုင်သည် အဖွားယို့၏ အကြံအစည်ကို ရုတ်တရက် စဉ်းစားမိသွားခဲ့လေသည်။
အဖွားယို့အနေဖြင့် ရန်ကိုင့်၏ဝိဉာဉ်ကြာပန်းအား လိုချင်ရသည့် အကြောင်းအရင်းမှာ ဤလောကကြီး၏ ကြေးမုံဝိဉာဉ်ကို သယ်ဆောင်လိုသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။
ရန်ကိုင်သာ ကြေးမုံဝိဉာဉ်နှင့် ဆက်သွယ်နိုင်မည်ဆိုပါက ထိုကဲ့သို့ လုပ်နိုင်လောက်ပေသည်။
သူသာ အောင်မြင်သွားမည်ဆိုပါက ကောင်းကင်တက်လှမ်းခြင်းကြေးမုံ၏ အရှင်သခင် ဖြစ်လာမည်ဖြစ်ကာ ဤလောကကြီးထဲသို့ ကြိုက်သည့်အချိန်တိုင်း ဝင်လာ၍ လေ့ကျင့်နိုင်ပေတော့မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၄၀)
ထိုအရာမှာ ဘာဆိုဘာမှ မဟုတ်သေးချေ။ တကယ့်အကျိုးအမြတ်မှာ ကောင်းကင်တက်လှမ်းခြင်းကြေးမုံထဲ၌ ရီချွမ်း၊ ပိုင်လု၊ ယွမ်ဖေး၊ ကျိုးထျန်း၊ ယွမ်ချင်း၊ လျန်းရန်ကဲ့သို့သော ပညာရှင်ပေါင်းများစွာ ရှိနေခြင်းပင် ဖြစ်လေသည်။ မဟာဧကရာဇ်ကဲ့သို့သော ထျန်းယန်ကဲ့သို့ ပုဂ္ဂိုလ်မျိုးပင် ရှိနေသေး၏။
သူသာ နောက်ပိုင်းတွင် ခန္ဓာဖြစ်တည်ဆေးလုံးများကို ဖော်စပ်နိုင်မည်ဆိုပါက ထိုလူများအတွက် ခန္ဓာကိုယ်တစ်ခု တည်ဆောက်ပေးနိုင် ပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်နောက်တွင် သူလိုချင်သည့်အခါတိုင်း အလွန်အားကောင်းသည့် အင်အားစုတစ်ရပ်ကို စိတ်ကြိုက် ဆင့်ခေါ်နိုင်ပေလိမ့်မည်။
ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် ရန်ကိုင့်၏ သွေးများ ဆူပွက်လာခဲ့လေသည်။
ထျန်းယန် တိတ်ဆိတ်သွားခဲ့ပြီး ရန်ကိုင့်အား အဓိပ္ပာယ်ပါပါ ပြုံးလျက် ကြည့်လိုက်လေသည်။
ထျန်းယန်၏အမူအယာကို မြင်သည့်အခါ သူနှင့် အဖွားယို့ ပြောနေသည့်အကြောင်းကို ထျန်းယန် ကြားသွားပြီမှန်း ရန်ကိုင်နားလည်လိုက်လေသည်။ သူ၏အကြံကိုလည်း ထျန်းယန်သိသွားပြီမှန်း သဘောပေါက်လိုက်၏။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ ကသိကအောက် ဖြစ်သွားရလေတော့သည်။
ခဏအကြာတွင် ထျန်းယန်က ပြောလိုက်လေသည်။ “တကယ်တော့ ငါ မကူညီချင်တာ မဟုတ်ဘူး… မင်းရဲ့ ကျင့်ကြံခြင်းကကို အရမ်းနိမ့်နေတာ… ဒီလောကကြီးကသာ မင်းကိုစပြီး မဆက်သွယ်လာလို့ရှိရင် မင်း သူနဲ့ဆက်သွယ်နိုင်မှာ မဟုတ်ဘူး… ငါကူညီမယ်ဆိုလို့ရှိရင်တောင် ဘာမှ ထူးခြားလာမှာမဟုတ်ဘူး…”
“ဒီတော့ နိယာမတွေနဲ့ ဆက်သွယ်ချင်လို့ရှိရင် ဧကရာဇ်တစ်ဦးရဲ့ ခွန်အား ရှိနေဖို့ လိုအပ်တာလား…” ရန်ကိုင် အတွေးနက်သွားခဲ့လေသည်။
တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးသည် နိယာမစွမ်းအားကို အတိုင်းအတာတစ်ခုအထိ နားလည်ထားသော်ငြား ထိုလူများသည် နိယာမစွမ်းအားအား ငှားယူသုံးစွဲနိုင်ခြင်းသာ ရှိလေသည်။ ဧကရာဇ်ကျင့်ကြံသူများကဲ့သို့ နိယာမစွမ်းအားအပေါ် တိုက်ရိုက်ထိန်းချုပ်နိုင်ခြင်း မရှိချေ။ ကြေးမုံဝိဉာဉ်မှ ထိန်းချုပ်သော လောကစွမ်းအားသည် ဤလောကကြီးထဲရှိ နိယာမစွမ်းအားများအနက် အမြင့်မားဆုံးသော နိယာမစွမ်းအားတစ်ခု ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ကြေးမုံဝိဉာဉ်နှင့် ဆက်သွယ်လိုပါက သင့်တင့်လျှောက်ပတ်သော ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားရန် လိုအပ်သည်မှာ သဘာဝသာ ဖြစ်လေ၏။
“ဟုတ်တယ်…” ထျန်းယန်က ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါဆိုရင်တော့လည်း ဘာတတ်နိုင်မှာလဲ…” ရန်ကိုင်က သက်ပြင်းသာ ချလိုက်လေသည်။
ထျန်းယန်က ပြောလိုက်လေ၏။ “မင်းမှာ ခုနှစ်ရောင်ဝိဉာဉ်ကြာပန်း ရှိတာဆိုတော့ အခွင့်အရေးတစ်ခု ရှိသေးတယ်လို့ ပြောလို့ရတယ်… ဒါပေမဲ့ မင်းရဲ့ခွန်အားက နည်းနည်း တိုးတက်လာဖို့လိုသေးတယ်… ဟိုအမျိုးသမီးပြောသလို မင်းသာ ကြေးမုံဝိဉာဉ်ကို သဘောတူအောင် လုပ်နိုင်ပြီး ဒီလောကကြီးကို သန့်စင်နိုင်မယ် ဆိုလို့ရှိရင်တော့ ဒီလောကကြီးမှာ ရှိနေတဲ့ လူတွေအတွက် ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ပေါ့… အဲ့အချိန် ရောက်လာမဲ့နေ့ကို ဒီလူအိုကြီးစောင့်နေမယ်…”
ရန်ကိုင်က မျက်ခုံးပင့်လျက် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ဂျူနီယာ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားပါ့မယ်…”
ထျန်းယန်က ဆက်ပြောလိုက်လေသည်။ “အဲ့နေ့ကတော့ ရောက်လာမှာပါ… ဒါပေမဲ့ အခုလက်ရှိ အရေးကြီးဆုံးက ဒီဝိဉာဉ်ဝါးမျိုအင်းစက်တွေပဲ…”
“ဒါပေမဲ့ စီနီယာ…” ရန်ကိုင်က အခက်တွေ့နေသည့် ပုံစံဖြင့် ဒီဝိဉာဉ်ဝါးမျိုအင်းစက်တွေကို စီနီယာ ချိတ်မပိတ်ပေးနိုင်ဘူး ဆိုလို့ရှိရင် ဂျူနီယာက သူတို့ကို အပြင်ကို ဘယ်လိုခေါ်သွားရမှာလဲ…”
ထျန်းယန်က ရယ်မော၍ “ငါ့ခွန်အားသက်သက်နဲ့ဆိုရင်တော့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ဒါပေမဲ့ ငါတို့သာ ဒီလောကကြီးရဲ့စွမ်းအားကို ငှားယူသုံးစွဲနိုင်မယ် ဆိုလို့ရှိရင် အရင်တုန်းကလို ပြန်မလုပ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ…”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်၏မျက်လုံးများ တောက်ပသွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး စီနီယာကိုပဲ ဂျူနီယာ အားကိုးလိုက်တော့မယ်နော်…”
ခေါင်းညိတ်လိုက်ပြီးသည့်နောက် ထျန်းယန်သည် ချက်ချင်း တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။
ရန်ကိုင်လည်း ငြိမ်ငြိမ်လေးသာ စောင့်နေလိုက်သည်။ ထျန်းယန်သည် ဤလောကကြီး၏ စိတ်ဆန္ဒဖြစ်သော ကောင်းကင်တက်လှမ်းခြင်းကြေးမုံ၏ ကြေးမုံဝိဉာဉ်နှင့် ဆက်သွယ်ရန် ကြိုးစားနေမှန်း ရန်ကိုင်သိပေသည်။ ထျန်းယန်သည် မဟာဧကရာဇ် ဖြစ်သည့်အတွက်ကြောင့် အောင်မြင်နိုင်ချေ များလောက်သည်။
ချက်ချင်းဆိုသလို သမုဒ္ဒရာတမျှ ကျယ်ပြောလှသော ကောင်းကင်စိတ်အာရုံသည် အဘက်ဘက်သို့ စီးထွက်လာလျက် ဟင်းလင်းပြင်ထဲသို့ စီးဝင်ကာ ဤလောကကြီးအနှံ့ ပျံ့နှံ့သွားခဲ့လေသည်။
ထိုသန့်စင်အားကောင်းလွန်းလှသော ကောင်းကင်စိတ်အာရုံရှေ့မှောက်တွင် သူ့ကိုယ်သူ ပုရွက်ဆိတ်တစ်ကောင်မျှ သေးနုပ်သလို ရန်ကိုင် ခံစားလိုက်ရသည်။ ထိုမျှ အားကောင်းလွန်းလှသော စွမ်းအားကိုလည်း သူ့စိတ်ထဲ တပ်မက်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။
ထိုကဲ့သို့ဖြစ်ရပ်သည် နှစ်နာရီတိတိ ကြာမြင့်ခဲ့လေ၏။
ရန်ကိုင့်စိတ်ထဲ မသေချာမရေရာ ဖြစ်နေစဉ်မှာပင် ထျန်းယန် ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး ပြောလိုက်လေ၏။ “မိတ်ဆွေလေး မင်းအဆင့်သင့်ဖြစ်ပြီလား…”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် စိတ်အားတက်ကြွ သွားခဲ့လေသည်။ ထျန်းယန် အောင်မြင်သွားပြီမှန်း သိလိုက်သည်။ ထို့ကြောင့် အလျင်အမြန် ခေါင်းညိတ်လိုက်လေ၏။ “ဂျူနီယာ အဆင်သင့်ဖြစ်ပါပြီ…”
“မင်းမှာ ဝိဉာဉ်ကြာပန်း ရှိနေတာဆိုတော့ ငါ ဒီဝိဉာဉ်ကြာပန်းကို အခြေခံအုတ်မြစ်အဖြစ် သုံးပြီးတော့ မင်းအတွက် ချိတ်စည်းတစ်ခု ဖန်တီးပေးလိုက်မယ်… ဒါပေမဲ့ မင်းမှတ်ထားဖို့က ငါက ဒီလောကကြီးရဲ့စွမ်းအားကို ငှားပြီး ငါ့စိတ်စွမ်းအင်နဲ့ မင်းအတွက် ချိတ်စည်းတစ်ခု ဖန်တီးထားပေးပေမဲ့ ဒီချိတ်စည်းက မင်း ဒီလောကကြီးက ထွက်သွားပြီး ခဏလောက်ပဲခံမှာ… ဒါကြောင့် အချိန်မနှောင်းခင် မင်း ဒီဝိဉာဉ်ဝါးမျိုအင်းစက်ကိစ္စကို မြန်မြန်ရှင်းထားဖို့ လိုအပ်လိမ့်မယ်… မဟုတ်ရင် အကျိုးဆက်တွေက လုံးဝကို တွေးရဲစရာမဟုတ်ဘူး…”
“ဂျူနီယာ သေချာမှတ်ထားပါမယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။
ကြေးမုံဝိဉာဉ်မှ လောကစွမ်းအားဖြင့် ထိန်းချုပ်ရင်း အဆက်မပြတ် အားဖြည့်ပေးနေသည့် အတွက်ကြောင့် ယဇ်ပုလ္လင်ပေါ်ရှိ ချိတ်စည်းမှာ နှစ်ထောင်ပေါင်းသောင်းပေါင်းများစွာ ကြာသွားသည့်တိုင် ပျက်စီးသွားခဲ့ခြင်း မရှိချေ။ သို့သော်ငြား ရန်ကိုင့်ကိုယ်ထဲရှိ ချိတ်စည်းစွမ်းအားမှာတော့ အမြစ်မပါသည့် သစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်ပေသည်။ ထို့အတွက်ကြောင့် အချိန်ကြာညောင်းစွာ တည်ရှိနိုင်လိမ့်မည်မဟုတ်ချေ။
ရန်ကိုင့်အနေဖြင့် ချိတ်စည်း ပျက်စီးမသွားခင် အချိန်အတွင်း ဝိဉာဉ်ဝါးမျိုအင်းစက်များအား ဖိနှိပ်နိုင်မည့် နည်းလမ်းတစ်ခု သို့မဟုတ် ဝိဉာဉ်ဝါးမျိုအင်းစက်များကို ရှင်းထုတ်နိုင်မည့် နည်းလမ်းတစ်ခုကို ကျိန်းသေ ရှာရပေလိမ့်မည်။
နောက်ဆုံး ထိုဝိဉာဉ်ဝါးမျိုအင်းစက်များအား ဖိနှိပ်ရှင်းထုတ်နိုင်မည့် နည်းလမ်း ရှာမတွေ့ပါက ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုဖန်တီးကာ ထိုအက်ကွဲကြောင်းထဲသို့သာ လွှင့်ပစ်လိုက်မည်ဟု ရန်ကိုင် စိတ်ထဲ ဆုံးဖြတ်ချက်ချလိုက်လေသည်။ သူ၏ လေဟာနယ်တာအိုအပေါ် ကျွမ်းကျင်မှုအရ ဝိဉာဉ်ဝါးမျိုအင်းစက်များကို ပစ်ထုတ်နိုင်မည့် အက်ကွဲကြောင်းတစ်ခု ဖန်တီးဖို့ရာ ဆိုသည်မှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်လေ၏။
“မင်းစိတ်ကို လျှော့ထားလိုက်…” ထျန်းယန်က အော်ပြောလိုက်သည်။ ရန်ကိုင်လည်း ချက်ချင်း ခါးမတ်မတ်ထိုင်ကာ အသက်ကို ပြင်းပြင်းရှူသွင်း၍ စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်လေသည်။
ချက်ချင်းဆိုသလို သူ့ရှေ့တည့်တည့်တွင် ရှိနေသော အနက်ရောင်ယဇ်ပုလ္လင် ရုတ်တရက် အရည်ပျော်ကျသွားသည်ကို မြင်တွေ့လိုက်ရသည်။ အနက်ရောင်ယဇ်ပုလ္လင် အရည်ပျော်ကျသွားသည်နှင့် တစ်ပြိုင်နက် တဝီဝီမြည်သံများနှင့်အတူ မရေမတွက်နိုင်သော ဝိဉာဉ်ဝါးမျိုအင်းစက်များ ပျံသန်းထွက်လာခဲ့လေ၏။ ထိုဝိဉာဉ်ဝါးမျိုအင်းစက်များသည် ရန်ကိုင် ပိုင်ဆိုင်ထားသော ဝိဉာဉ်ဝါးမျိုအင်းစက်များထက် ပိုမိုကြမ်းကြုတ်ကာ သွေးဆာရက်စက်သည့် အရှိန်အဝါကို ထုတ်လွှတ်နေပေသည်။
တကယ်တော့ ထိုဝိဉာဉ်ဝါးမျိုအင်းစက်များသည် တစ်ခေတ်တစ်ခါက အလွန်တရာကိုမှ အားကောင်းခဲ့ကြပြီး ဧကရာဇ်အဆင့်များကိုပင် ဝါးမျိုခဲ့ကြသည့် အင်းစက်များ မဟုတ်ကြလေလော။ နှစ်ထောင်ပေါင်းများစွာကြာအောင် အစာအာဟာရမရှိဘဲ တောက်လျှောက်ကြီး ချိတ်ပိတ်ထားခံရသည့် အတွက်ကြောင့်သာ အလွန်တရာကိုမှ အားနည်းလာခဲ့ရခြင်း ဖြစ်သည်။ သို့တိုင် ထိုဝိဉာဉ်ဝါးမျိုအင်းစက်များသည် ရန်ကိုင်ပိုင်ဆိုင်ထားသည့် ဝိဉာဉ်ဝါးမျိုအင်းစက်များထက် အများကြီးပိုမိုအားကောင်းနေသေးဆဲ။
ဘာကြောင့်လဲတေ့ာမသိ ထိုဝိဉာဉ်ဝါးမျိုအင်းစက်များသည် ယဇ်ပုလ္လင်ထဲမှ လွတ်မြောက်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်ကိုယ်ထဲရှိ တစ်စုံတစ်ခု၏ ဆွဲငင်ခြင်း ခံလိုက်ရသည့်အလား ရန်ကိုင့်ဆီသို့သာ တဟုန်ထိုး ပျံသန်းလာကြလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ကြက်သီးမွေးညှင်း ထသွားခဲ့လေသည်။
လက်ရှိတွင် ရန်ကိုင်သည် နာမ်ဝိဉာဉ်ပုံစံဖြင့် ရှိနေခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် ဤဝိဉာဉ်ဝါးမျို အင်းစက်အုပ်ကြီးသည် သူထိန်းချုပ်နိုင်သည့် အရာမျိုးမဟုတ်ပေ။ သူသာ ထိုဝိဉာဉ်ဝါးမျိုအင်းစက်အုပ်ကြီး၏ ဝိုင်းအုံခြင်း ခံလိုက်ရပြီဆိုပါက တစ်ခဏအတွင်း အပြည့်အဝ ဝါးမျိုခံလိုက်ရပေလိမ့်မည်။
သူ၏ တေဇောဓာတ် အသိစိတ်ပင်လယ်ပင်လျှင် ထိုဝိဉာဉ်ဝါးမျိုအင်းစက်များကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ချေ။
သူ့စိတ်ထဲ စိုးရိမ်နေပါသော်ငြား စိတ်ကိုတော့ အတတ်နိုင်ဆုံး ငြိမ်အောင် ထိန်းထားပေသေးသည်။
တကယ့်အရေးကြီးသည့် အခိုက်အတန့်သို့ အရောက်တွင် ထျန်းယန်က စတင် လှုပ်ရှားတော့လေ၏။
မဟာဧကရာဇ်တစ်ပါး၏ စိတ်စွမ်းအင်များ ဖြာထွက်လာလေတော့သည်။ တစ်ချိန်တည်းတွင် မျက်စိကျိန်းမတတ် တောက်ပသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေ၏။ ထိုအလင်းတန်း၏ တစ်ဖက်သည် ကောင်းကင်၏ နေရာဆီသို့ ဆက်သွယ်ထားပြီး အခြားတစ်ဖက်မှာတော့ ထျန်းယန်ဆီသို့ ဆက်သွယ်ထားလေသည်။
ထိုအလင်းတန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝိဉာဉ်ဝါးမျိုအင်းစက်များသည် အလွန်တရာကိုမှ ကြောက်ရွံ့သွားကြသည့်အလား ယာယီမျှ တိတ်ဆိတ်သွားကုန်ကြလေသည်။
ထျန်းယန်သည်လည်း တုံ့နှေးမနေခဲ့ပေ။ သူ့ခွန်အားကို အလင်းတန်းဆီမှ လာနေသည့် စွမ်းအားနှင့် ပေါင်းစပ်၍ လက်ကွက်များကို တစ်ခုပြီးတစ်ခု ဖန်တီးကာ အလင်းဘောလုံးလေးတစ်ခုအဖြစ်သို့ သိပ်သည်းလိုက်လေသည်။ ထို့နောက် ထိုအလင်းဘောလုံးလေးကိုသုံးလျက် ဝိဉာဉ်ဝါးမျိုအင်းစက်များကို ရစ်ပတ်လိုက်လေ၏။
အသက်ဆယ်ရှိုက်စာအတွင်း ရန်ကိုင့်ရှေ့၌ အလင်းဘောလုံးတစ်လုံးသာ ကျန်ရစ်တော့လေသည်။
ထိုကိစ္စအားလုံး ပြီးသွားသည့်နောက်တွင် ထျန်းယန်၏ ခန္ဓာကိုယ်နှင့် ကောင်းကင်အား ဆက်သွယ်ပေးထားသော အလင်းမှာလည်း တဖြည်းဖြည်း မှိန်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် ထျန်းယန်၏ ခန္ဓာကိုယ်အရောင်မှာလည်း သိသိသာသာကို မှိန်ကျသွားခဲ့လေသည်။ ဤလောကကြီး၏ စိတ်ဆန္ဒနှင့် ဆက်သွယ်ရသည်မှာ မဟာဧကရာဇ်တစ်ပါးဖြစ်သော သူ့အတွက်ပင်လျှင် အလွန်ကိုမှ အားကုန်သည့်ပုံပင်။ သို့သော်ငြား လက်ရှိကိစ္စမှာ မပြီးပြတ်သေးသည့်အတွက်ကြောင့် ထျန်းယန်လည်း နားမနေနိုင်သေး။
သူ့လက်ကို ဆန့်ထုတ်၍ အလင်းဘောလုံးလေးအား ရန်ကိုင့်ဆီသို့ ဖြည်းဖြည်းချင်း ပို့လွှတ်လိုက်လေသည်။
အလင်းဘောလုံးလေးသည် ရန်ကိုင့်ဆီသို့ ဖြည်းဖြည်းချင်း တိုးဝင်သွားခဲ့လေ၏။ ရန်ကိုင်သည်လည်း ရှောင်တိမ်းခြင်းမပြုဘဲ လက်ခံယူလိုက်လေသည်။
ခဏအကြာတွင် အလင်းဘောလုံးလေးသည် ရန်ကိုင်၏ နာမ်ဝိဉာဉ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့ကာ ဝိဉာဉ်ကြာပန်းထဲသို့ ရောက်ရှိသွားခဲ့လေ၏။
သူ့ကိုယ်ထဲသို့ ငုံ့ကြည့်လိုက်ရာ မကြာခင်တွင် အလင်းဘောလုံးလေးသည် ဝိဉာဉ်ကြာပန်းထဲတွင် ငြိမ်သက်စွာ လှဲလျောင်းနေကြောင်းကို တွေ့ရှိလိုက်ရလေသည်။ မရေမတွက်နိုင်သော ဝိဉာဉ်ဝါးမျိုအင်းစက်များမှာမူ ထိုအလင်းဘောလုံးလေးထဲ ရှိနေကြလေ၏။
အလင်းဘောလုံးလေးထဲ ချိတ်ပိတ်ထားခံရသော်ငြား ထိုဝိဉာဉ်ဝါးမျိုအင်းစက်များဆီမှ အန္တရာယ်အငွေ့အသက်ကို ရန်ကိုင် ခံစားနေရဆဲ။ အလင်းဘောလုံးလေးသာ ကျိုးပြတ်သွားပြီဆိုသည်နှင့် ဝိဉာဉ်ဝါးမျိုအင်းစက်များ ပြန်လည်ထွက်ပေါ်လာကာ သူ့အား အတွင်းမှ လှိုက်စားလိမ့်မည် ဖြစ်ကြောင်းကို ရန်ကိုင် သိနေခဲ့သည်။ ထိုသို့သာ ဖြစ်လာမည်ဆိုလျှင် မည်သူမျှ သူ့အား ကယ်နိုင်တော့လိမ့်မည် မဟုတ်ချေ။
“ငါမင်းကို နည်းစနစ်တစ်ခု သင်ပေးမယ်… အဲ့နည်းစနစ်အတိုင်း အဲ့ချိတ်စည်းကို အားဖြည့်ပေးကြည့်…” ထျန်းယန်၏အသံ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
ထို့နောက်တွင် ထျန်းယန်သည် ရန်ကိုင့်အား ချိတ်ပိတ်သည့် နည်းစနစ်ကို စတင် အသေးစိတ် သင်ပေးတော့လေ၏။
တစ်နာရီအတွင်းတွင် ရန်ကိုင်သည် ထျန်းယန်သင်ပေးသည့် နည်းစနစ်ကို လျင်မြန်စွာ တတ်မြောက်သွားခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် ထျန်းယန်သည် ရန်ကိုင့်အား ချီးမွမ်းစကား ဆိုလိုက်သေး၏။
ထိုနည်းစနစ်ကိုသုံး၍ သူ့ကိုယ်ထဲရှိ ချိတ်စည်းအား အားဖြည့်ပေးလိုက်ပြီးသည့်နောက် ရန်ကိုင်သည် ထူးဆန်းသည့် အမူအယာဖြင့် ရုတ်တရက် တစ်ခုသော ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်စိုက်ကြည့်နေရာဆီမှ မိုင်ပေါင်း သောင်းပေါင်းများစွာ ဝေးကွာသည့် နေရာ၌ လူအနည်းငယ် ထူထပ်သော မြို့လေးတစ်မြို့ ရှိနေခဲ့လေသည်။ ထိုအရပ်ဆီသို့ ရန်ကိုင် လှမ်းကြည့်လိုက်ချိန် အသက် ခုနှစ်နှစ် ရှစ်နှစ်ခန့်သာ ရှိမည်ထင်ရသော ပုပုဝဝ ချစ်စဖွယ်ကောင်းလှသော ကောင်လေးတစ်ဦးသည်လည်း မြူခိုးတောင်ကြားဘက်သို့ ရုတ်တရက် လှည့်ကြည့်လာခဲ့လေသည်။ ခဏအကြာတွင် ထိုဝဝကောင်လေးသည် ဆူပုပ်ပုပ်မျက်နှာဖြင့် ရေရွတ်လိုက်လေသည်။ “ဆိုးလိုက်တာကွာ… ထျန်းယန် အဲ့ခွေးအိုကြီး ငါ့ကိုယ်ပါ သူ့ပြဿနာအရှုပ်အရှင်းထဲ ဆွဲခေါ်သွားတယ်… သူခေါ်တာကို ငါပြန်မပြောလိုက်သင့်ဘူး… တကယ်ကို ဆိုးလိုက်တာ…”
ကောင်လေးသည် ထိုကဲ့သို့ ရေရွတ်နေသော်ငြား မည်သူမျှ သူ့အား အာရုံစိုက်မနေခဲ့ချေ။
တစ်ချိန်တည်းတွင် ကျစ်ဆံမြီးနှစ်ချောင်းနှင့် မိန်းကလေးတစ်ဦး သူ့နောက်သို့ ရောက်လာပြီး အော်ပြောလိုက်လေသည်။ “ဖက်တီးလေး နင် ဘာလုပ်နေတာလဲ… ဒီသခင်မလေးနဲ့ မြန်မြန် မြို့ထဲက ထွက်သွားကြမယ်လေ… ငါတို့သာ နောက်ကျနေလို့ရှိရင် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူးနော်…”
ကောင်မလေးသည်လည်း ဖက်တီးလေးကဲ့သို့ပင် အသက်ခုနှစ်နှစ် ရှစ်နှစ်ခန့်သာ ရှိသေးသည်။
“နင် တကယ်ကြီး ငါ့ကို ဖက်တီးလေးလို့ ခေါ်လိုက်တာလား…” ကောင်လေးမှာ ဒေါသူပုန်ထသွားပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း ပြန်အော်ပြောလိုက်လေ၏။ “ကောင်မလေး… ဒီသခင်လေး ဘယ်သူလဲဆိုတာ နင်လုံးဝ…”
“ခွပ်…” သူ့စကားအား ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ကောင်မလေးသည် သူ့ဆီသို့ ပြေးဝင်လာပြီး သူ့မျက်နှာတည့်တည့်သို့ လက်သီးနှစ်လုံး ပစ်ထည့်ပေးလိုက်လေသည်။ ထို့အတွက်ကြောင့် ဖက်တီးလေး၏ မျက်လုံးများမှာ အညိုအမည်း စွဲသွားကုန်ရလေ၏။
“ရပ်လိုက်တော့…” ဖက်တီလေးက ထအော်ပြောလေ၏။
သို့သော်ငြား လက်သီးချက်များမှာ ရပ်တန့်မသွားသည့်အပြင် နောက်ထပ်လက်သီးတစ်လုံးပင် ထပ်ဝင်လာသေး၏။
ခဏအကြာတွင် ကောင်မလေးသည် ဖက်တီးလေးအား တရွတ်တိုက်ဆွဲခေါ်ရင်း မြို့ဂိတ်ပေါက်ဆီသို့ လမ်းလျှောက်သွားလေသည်။ ဖက်တီးလေး၏ မျက်နှာတစ်ပြင်လုံးမှာတော့ အညိုအမည်း စွဲနေခဲ့လေ၏။
မြူခိုးတောင်ကြားထဲ၌ ထျန်းယန်သည် ရန်ကိုင့်အား ဝမ်းသာအားရဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။ “မိတ်ဆွေလေးရန်… မင်းတစ်ခုခုကို သတိထားမိလိုက်လို့လား…”
ထိုအခါမှသာ ရန်ကိုင် အသိပြန်ဝင်လာခဲ့ပြီး ထျန်းယန်အား အံ့အားသင့်တကြီးဖြင့် ကြည့်၍ “စီနီယာ အစတည်းက သိနေတာလား…”
ထျန်းယန်က ပြုံးလျက် မိတ်ဆွေလေးက ဝိဉာဉ်ကြာပန်းလို ရတနာမျိုးကိုလည်း ပိုင်ဆိုင်ထားတယ်… ပြီးတော့ အဲ့ချိတ်စည်းထဲမှာ ဒီလောကကြီးရဲ့ စွမ်းအားတစ်စွန်းတစ်စလည်း ပါနေတာဆိုတော့ ဝိဉာဉ်ကြာပန်းရဲ့ အကူအညီနဲ့ အဲ့လူရဲ့ တည်နေရာကို အာရုံခံလို့ရမှာပေါ့…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်က အလျင်အမြန် လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “စီနီယာကို ကျေးဇူးအများကြီးတင်ပါတယ်…”
ထျန်းယန်က သူ့လက်အား ဝှေ့ယမ်းလျက် ပြန်ပြောလိုက်လေ၏။ “ဒါ ငါ လုပ်ပေးနိုင်တာ အကုန်ပဲ… မင်း ဒီလောကကြီးရဲ့ သခင်ဖြစ်လာချင်လို့ရှိရင် ကြိုးစားဖို့ လိုလိမ့်မယ်… အဲ့လူက စကားပြောရတာ လွယ်တာမဟုတ်ဘူး…”
“ဂျူနီယာ နားလည်ပါတယ်… အခွင့်အရေး ရောက်လာတဲ့တစ်နေ့ ဂျူနီယာ ကျိန်းသေ ကြိုးစားပါမယ်…”
“အဲ့လိုနေ့မျိုး ရောက်လာဖို့ ဒီလူအိုကြီး မျှော်လင့်နေပါတယ်… အဲ့လိုအချိန်မျိုး ရောက်လာတဲ့တစ်နေ့ ဒီလူအိုကြီးလည်း ဒီလောကကြီးရဲ့ အချုပ်အနှောင်တွေကို ချိုးဖြတ်ပြီး အပြင်လောကကြီးကို တစ်ချက် လျှောက်ကြည့်ချင်သေးတယ်…” ထျန်းယန်က မျှော်လင့်တောင့်တနေသည့် အမူအယာမျိုးဖြင့် ပြောလိုက်လေသည်။
သူနှင့်ရီချွမ်းနှစ်ဦးစလုံးတွင် တူညီသည့် မျှော်လင့်ချက်တစ်ခု ရှိနေခဲ့သည်။ နှစ်ဦးစလုံးသည် အပြင်လောကကြီးအား ကိုယ်တိုင် လျှောက်ပတ်ကြည့်ချင်ခြင်းပင် ဖြစ်လေသည်။
ရီချွမ်းသည် ပိုမိုမြင့်မားသော သိုင်းတာအိုသို့ တက်လှမ်းချင်သည့် အတွက်ကြောင့် အပြင်လောကကြီးအား လျှောက်ပတ်ကြည့်လိုခြင်း ဖြစ်သော်ငြား ထျန်းယန်ကမူ စိတ်ဝင်စားမှု သက်သက်ကြောင့်သာ လျှောက်ပတ်ကြည့်လိုခြင်း ဖြစ်ပေသည်။