← Chapters

 မခံချင်အောင် ဆွ၍ ထောင်ချောက်ဆင်ခြင်း

Vol. 48 Ch. 716

 မခံချင်အောင် ဆွ၍ ထောင်ချောက်ဆင်ခြင်း

Vol. 48 Ch. 716

“ဟားဟားဟား ကောင်လေးရဲ့၊ ကောင်းတယ်ဟေ့”

စစ်မြေပြင်၌ ချင်ပိုင်ချွမ်းသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာပေါင်းများစွာမှ သွေးများ စီးကျနေသည်။ သို့သော် သူသည် ဖြစ်ပျက်ခဲ့သမျှကို မြင်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

လင်းထျန်းရှုံးက သူ့ရန်သူကို ဖိအားပေး၍ တွန်းထုတ်လိုက်ပြီးနောက် ရယ်မောလေသည်။ သူ့ဘေး၌ ဝံပုလွေပြာ၏ နည်းပြချုပ်သည် ဘယ်ဘက်လက်မောင်းသည် အောက်သို့ တွဲလောင်းကျနေပြီး အပေါ်ပိုင်း၌ အရိုးများပင် ပေါ်နေလေသည်။ လက်မောင်းက အားဖြင့် ဆွဲဖြုတ်ထားခံထားရပုံ ပေါ်သည်။ သို့သော် သူက ဝေဒနာကို လျစ်လျူရှုထားပုံရပြီး တိုက်ခိုက်ရင်း ရယ်နေ၏။

“အဘိုးကြီးလင်း၊ ဟိုကောင်လေးက သူ့ရုပ်ရှင်ကို ရိုက်ပြီးသွားပြီလား၊ ဟားဟားဟား …”

“သူ့မှာ ကောင်းတဲ့ အလားအလာ ရှိတယ်”

ချန်ချီသည် A+ အဆင့် သတ္တဝါများနှင့် တိုက်ခိုက်ရင်း ရဲ့လင်းချန်အကြောင်း ကြားသောအခါ ပြုံးသွားလေသည်။ သို့သော် လက်ရှိအချိန်၌ သူ၏ နဖူးတွင် ချွေးစေးများဖြင့် ပြည့်နေသည်။ သုံးယောက်နှင့် တစ်ယောက် ရင်ဆိုင်ရခြင်းက အလွန် ဖိအားများပြီး သူတို့ကို ထိန်းနိုင်ရုံမျှသာ တတ်နိုင်လေသည်။

စစ်မြေပြင်၏ အခြေအနေက ချက်ချင်း ပြောင်းလဲသွားသည်။

ရဲ့လင်းချန် ပေါ်လာခြင်းက လူသား စစ်သည်တော်များကို သူတို့၏ အရေးနိမ့်သော အခြေအနေမှ ကယ်သွားပြီး သူတို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးသွားသည်။

အမျိုးသမီး ပစ်ခတ်သူ ဖြစ်စေ လှံကိုင်ထားသော အေအဆင့် သတ္တဝါဖြစ်စေ သူတို့ နှစ်ယောက်လုံးက တိုက်ပွဲ၏ ဒီရေကို လှုပ်ခတ်နိုင်စွမ်း ရှိသော အဆင့်မြင့် တိုက်ခိုက်သူများ ဖြစ်သည်။ သို့သော် သူတို့သည် ရဲ့လင်းချန်၏ လက်ထဲ၌ လျင်မြန်စွာ ကျဆုံးသွားခဲ့သည်။ ယင်းက သူတို့ထဲက ဘယ်သူမှ ထင်မထားမိသည့် အရာ ဖြစ်သည်။

ယခုတစ်ကြိမ် တိုက်ပွဲက ယခင်ကထက် ပို၍ ခက်ခဲသည်။ ငရဲတံခါး ကျယ်ပြန့်လာခြင်းက ကန့်သတ်ချက်များ တဖြည်းဖြည်း လျော့ပါးလာသည်ဟု ဆိုလိုနေ၏။ A+ အဆင့် သတ္တဝါတောင်မှ ပေါ်လာနေသည်။ ထို့အပြင် ငါးကောင်တိတိ တစ်ပြိုင်တည်း ပေါ်လာခြင်း ဖြစ်လေသည်။

အစောပိုင်းက ငရဲတံခါး၏ မူမမှန်မှုများကို သူတို့ သတိမထားမိပါက သူတို့ ဒေသသစ်ကို ဆုံးရှုံးရလောက်သည်။ သို့သော်ငြားလည်း သူတို့၏ အဆင့်မြင့် တိုက်ခိုက်သူများကို စေလွှတ်ပြီးတာတောင်မှ သူတို့ တောင့်ခံနိုင်ရုံမျှသာ ရှိသည်။ ယင်းသည် ဟင်းလင်းပြင်နယ်မြေမှ လေးကြိမ်မြောက် တိုက်ခိုက်မှုဖြစ်သည်။ အကယ်၍ သူတို့ အဖြေကို မကြာခင် မရှာနိုင်ပါက ကျရှုံးမှုမှာ အသေအချာပင်။

ရဲ့လင်းချန်က အလွန့်အလွန် အရေးကြီးသော အခြေအနေ၌ ရောက်လာသည်ကိုတော့ သူတို့ မငြင်းနိုင်ပါ။

သို့သော် အေအဆင့် သတ္တဝါနှစ်ကောင် သေသွားတာတောင်မှ လူသား စစ်သည်တော်များသည် အရေးနိမ့်နေဆဲ ဖြစ်သည်။ အဆင့်မြင့် တိုက်ခိုက်သူများ၏ ကွာခြားမှုက ကြီးမားလွန်းလှသည်။

အချိန်အများစုတွင် တိုက်ပွဲများကို အဆင့်မြင့် တိုက်ခိုက်သူများက ဆုံးဖြတ်ပေးသည်။

“ကကူ”

စစ်သည်တော်များ ကျင်းပနေချိန်တွင် သတ္တဝါများက ဒေါသတကြီး အော်ဟစ်နေကြသည်။ တစ်ခဏအတွင်း ရဲ့လင်းချန်က အမျက်ဒေါသစိတ်ကို ဆွပေးသွားခဲ့သည်။

သူသည် လှံကိုကိုင်၍ ပတ်ဝန်းကျင်ကို အေးစက်စက် တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူက လှံကို ပစ်လိုက်သဖြင့် ၎င်းက စစ်မြေပြင်၌ ပျံဝဲနေကာ ချက်ချင်းဆိုသလိုပင် နေရာတော်တော်များများကို ရှင်းလင်းပြီးသွားလေသည်။ သူ၏လှံကြောင့် ဘီအဆင့် သတ္တဝါ နှစ်ကောင် အပါအဝင် ဒါဇင်ကျော်သော သတ္တဝါများ သေဆုံးသွားလေသည်။

“လူသစ်တွေပဲ”

ရဲ့လင်းချန်က သူတို့ကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သို့သာ် သူတို့၌ ဘာသာစကား ကွာခြားမှုရှိသည်ကို သတိရပြီးနောက် ရဲ့လင်းချန်က ဆက်သွယ်ပုံ ပြောင်းလိုက်သည်။ သူက ညာဘက်ကို မြှောက်၍ လယ်ခလယ်ကိုထောင်ပြကာ ဟင်းလင်းပြင်နယ်မြေမှ ကျန်ရှိနေသော A+ အဆင့် သတ္တဝါငါးကောင်အား တင်ကို ရိုက်ပြလိုက်သည်။

ကိုယ်လက် အမူအရာက စကြဝဋ္ဌာသုံး ဖြစ်သည်က ငြင်းမရပေ။ ယင်းက မျိုးနွယ်များကြားမှ ဘာသာစကား အဟန့်အတားကို ကျော်ဖြတ်နိုင်စွမ်း ရှိသည်။ ဟင်းလင်းပြင်နယ်မြေမှ သတ္တဝါများ၏ ဒေါသက အမြင့်ဆုံးသို့ ရောက်သွားလေသည်။

“မဒါကရှာ၊ ကကူ”

ဒေါသတကြီး အော်သံနှင့်အတူ အေအဆင့် သတ္တဝါ နှစ်ကောင်လုံးက သူတို့၏ ရန်သူကို ထားခဲ့ပြီး ရဲ့လင်းချန်ထံ ပြေးဝင်လာသည်။ ချန်ချီကို ဝိုင်းထားသည့် A+ အဆင့် သတ္တဝါ သုံးကောင်ကလည်း ရဲ့လင်းချန်ဘက်ကို အာရုံ ရောက်သွားသည်။

“ချီးပဲ၊ သူတို့ ဘာလို့ ငါ့ကို အဲ့လောက် မုန်းနေရတာလဲ”

ရဲ့လင်းချန်သည် စဉ်းစားမနေဘဲ နောက်လှည့်၍ ပြေးကာ အော်ပြောလေသည်။

“သေခြင်းတရားကို ရှောင်လွှဲလို့ မရဘူး၊ စစ်သည်တော်တစ်ယောက်က ပြန်လှည့်ပြေးဖို့ တွေးမှာ မဟုတ်ဘူး၊ မင်းတို့ သတ္တိရှိရင် ငါ့နောက် လိုက်ခဲ့”

သူ ပြေးနေချိန်တွင် လင်းထျန်းရှုံးနှင့် ချင်ပိုင်ချွမ်းတို့နားမှ ဖြတ်သွားသည်။ သူတို့သည် အချိန် အတော်ကြာအောင် တိုက်ပွဲဝင်နေခဲ့ပြိး ဒဏ်ရာများလည်း ရနေသည်။ သူတို့သည် အလွန်အမင်းလည်း ပင်ပန်းနေပြီး လဲကျလုနီးနီး အခြေအနေသို့ ရောက်နေသည်။ ရဲ့လင်းချန်က သူတို့၏ ရန်သူကိုပါ လှမ်းဆွ၍ တောအုပ်ထဲသို့ ပြေးဝင်သွားသည်။

သူ့အနောက်တွင် အေအဆင့် သတ္တဝါ နှစ်ကောင်နှင့် A+ အဆင့် သတ္တဝါတစ်ကောင်တို့က ဒေါသတကြီး လိုက်ပါလာသည်။ သူတို့သည် ခွေးရူးများသဖွယ် ရဲ့လင်းချန်ကိုသာ စိုက်ကြည့်နေပြီး ကမ္ဘာအဆုံးအထိ သည်းကြီးမည်းကြီး လိုက်မည့်ပုံပင်။

စစ်သည်တော်များသည် ချက်ချင်း ဖိအား လျော့နည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ အထူးသဖြင့် ချန်ချီပင်။ သူ၏ ရန်သူများက သုံးယောက်မှ နှစ်ယောက်သို့ လျော့သွားသဖြင့် သူ ချက်ချင်း စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ သူသည် အရေးနိမ့်ခြင်း မရှိတော့ဘဲ တန်ပြန် တိုက်ခိုက်ရန်အတွက် အခွင့်အရေးအချို့ပင် ရှာနိုင်လေသည်။

သို့သော် လူအများစုသည် ရဲ့လင်းချန်ရှိရာ အရပ်သို့ စိုးရိမ်စိတ်နှင် လှမ်းကြည့်လာပြီး သူတို့ထဲ၌ လေးစားသော ခံစားချက်ပါ ဖြစ်ပေါ်လာသည်။ ကိုယ့်ကိုယ်ကိုယ် စတေးသည့် စိတ်ဓာတ်က သူတို့ မျိုးစက်အတွက် အကောင်းဆုံး ဥပမာဖြစ်ပြီး စစ်သည်တော်အားလုံးအတွက် စံနမူနာထားရမည့်သူပင်။

သူတို့အများစုသည် မျက်ရည်ဝဲလာပြီး ခံစားချက်များ ထက်သန်လာကာ ပို၍ သန်မာသော ခွန်အားဖြင့် တိုက်ခိုက် ကြလေသည်။

ချင်ပိုင်ချွမ်း၊ လင်းထျန်းရှုံးနှင့် ဝံပုလွေပြာ၏ နည်းပြချုပ်တို့သည် အချင်းချင်း ပြန်ကြည့်မိပြီးနောက် နှစ်ခါ စဉ်းစားမနေတော့ဘဲ ရဲ့လင်းချန်ဆီသို့ အပြေးလိုက်သွားကြသည်။

ရဲ့လင်းချန်သည် တောအုပ်ထဲ ဝင်သွားပြီးနောက် တုံ့ခနဲ ရပ်သွားသည်။ သူ နောက်လှည့်၍ ရန်သူ သုံးယောက်ကို တောက်ပသော မျက်လုံးများနှင့် ကြည့်လိုက်သည်။

သတ္တဝါသုံးကောင်၏ မျက်လုံးများတွင် သူတို့၏ သားကောင်ကို ဝါးမျိုရန် ရွေးချယ်နေသော သားရဲရိုင်း တစ်ကောင်ကဲ့သို့ ရက်စက် ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသည်။ သူတို့တွင် ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေလေသည်။

“ရွှစ်”

အေအဆင့် သတ္တဝါတစ်ကောင်က သူ့လက်ထဲမှ ဓားကြီးကို ဝှေ့ယမ်းလိုက်သည်။ ဓားကို လေထဲ ဝှေ့ယမ်း လိုက်သည်နှင့် သွေးမြူခိုးတို့ ဖြစ်ပေါ်လာပြီး သွေးမြူခိုင်းလှိုင်းအသွင် ပြောင်းလဲကာ ရဲ့လင်းချန်ထံသို့ တိုးဝင် လာသည်။

ရဲ့လင်းချန်က စိတ်ဝိညာဉ်စွမ်းအင်တို့ ဖုံးအုပ်နေသည့် သူ၏လှံကို ဝှေ့လိုက်သည်။ ၎င်းက သက်တံ့ကို ထိုးခွင်း သကဲ့သို့ ဓားလှိုင်းကို ထိုးဖောက်သွားလေသည်။

ဟင်းလင်းပြင် နယ်မြေသတ္တဝါများ ရဲ့လင်းချန်ကို ဝိုင်း၍ တိုက်ခိုက်တော့မည့်အချိန်၌ တောအုပ်တွင် ရုတ်တရက် မြူများ ဖုံးအုပ်လာ၏။ မြူများက အချိန်နှင့်အမျှ သိပ်သည်းလာပြီး သူတို့၏ မြင်ကွင်းကို လျှင်မြန်စွာ တားဆီး လာ၏။

စစ်သည်တော် တစ်ယောက်၏ အမြင်အာရုံသည် သာမန်လူတစ်ယောက်ထပ် ပို၍ ကောင်းမွန်ပြီး သာမန် အခြေအနေ၌ မြူကြောင့် အဟန့်အတား ဖြစ်လာမည် မဟုတ်ပါ။ သို့သော် ဤမြူခိုးသည် ပုံမှန် မဟုတ်ပေ။ ယင်းက သူတို့၏ မျက်လုံးများကို အထည်စဖြင့် စည်းလိုက်သကဲ့သို့ ဖြစ်သွားစေကာ ဘာလုပ်၍လုပ်ရမယ်မှန်းမသိ ဖြစ်သွားကြသည်။

“ထောင်ချောက် အစီအရင် - မြူခိုး အကျဉ်းထောင်”

ရဲ့လင်းချန်သည် အစီအရင်အတွင်း၌ ပုန်းကွယ်နေပြီး ဟင်းလင်းပြင်နယ်မြေမှ သတ္တဝါသုံးကောင်ကို လေ့လာ နေသည်။

သူ ပြင်ဆင်ပြီးမှ လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ အမှတ်အားလုံးကို စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် လဲလှယ်ခဲ့ခြင်း ဖြစ်ပေသည်။ သူသည် ၎င်းတို့အား အစီအရင်များ ဖန်တီးရန်အတွက် အသုံးပြုရန် ရည်ရွယ် ထားခဲ့သည်။

ကျင့်ကြံမှုနည်းတူ အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံးများသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး များထက် ပိုကောင်းမွန်လေသည်။ သို့သော် အစီအရင်တစ်ခု ဖန်တီးခြင်းက ထူးခြားခြင်း မရှိပါ။ အစီအရင်ကို အသက်သွင်းရန် စိတ်ဝိညာဉ်စွမ်းအင် အများအပြား သုံးရခြင်းမှလွဲလျှင် အစီအရင် အများစုအတွက် အလယ်အလတ် အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးခြင်းက လုံလောက်သည်ထက်ပင် ပိုလေသည်။

ရဲ့လင်းချန်သည် အနီးဝန်းကျင်၌ လဲလှယ်ခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများကို ဟိုတစ်စု သည်တစ်စု ထားခဲ့သည်။ သူသည် ၎င်းတို့အား အရေးပေါ်အနေနှင့် ထားခဲ့ခြင်း ဖြစ်ပြီး မမျှော်လင့်ဘဲ အသုံးဝင်လာခဲ့သည်။

မသေချာသော အန္တရာယ်နှင့် ကြုံတွေ့ရသောအခါ ဝှက်ဖဲတစ်ခု ဆောင်ထားသည်က ဖြစ်သင့်သော လေ့ကျင့်မှုပင်။

၎င်းတို့ကို မလိုအပ်လျှင်တောင်မှ ရဲ့လင်းချန်သည် ၎င်းတို့အား အမှတ် လဲလဲရန်အတွက် ပြန်ပေးရန် စဉ်းစားထားပြီး ဖြစ်သဖြင့် သူ့အတွက် ပြဿနာ မရှိချေ။

ချင်ပိုင်ချွမ်းနှင့် ကျန်နှစ်ယောက်တို့ လိုက်မီလာသောအခါ ရဲ့လင်းချန်သည် သတ္တဝါများနှင့် ရင်ဆိုင်နေပုံရသည်။ သို့သော် သူတို့ တောအုပ်ထဲ ဝင်လာသည်နှင့် မြူခိုးထဲ၌ ချက်ချင်း ပိတ်မိသွားလေသည်။

မြူခိုးများ လျင်မြန်စွာ လွင့်ပြယ်သွားပြီး ရဲ့လင်းချန် ပေါ်လာ၍ ကံကောင်းသွားသည်။ သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“အသံမထွက်ပါစေနဲ့၊ ဒီသတ္တဝါ သုံးကောင်က အစီအရင်ထဲ ပိတ်မိနေပြီးတော့ အပြင်က ဘာကိုမှ မမြင်နိုင်ဘူး၊ ခင်ဗျားတို့က သူတို့ရဲ့ အာရုံကို သွားရှုပ်လိုက်သလို ဖြစ်သွားမယ်၊ ကျွန်တော် သူတို့ကို တစ်ယောက်ပြီး တစ်ယောက် သတ်ဖို့ အခွင့်အရေး ရှာမလို့”

လင်းထျန်ရှုံးနှင့် ကျန်လူများက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိသည်။ သူ လက်ကို ဆန့်လိုက်သည်နှင့် သစ်ပင် နှစ်ပင်က စတင်၍ ယိမ်းခါလာကာ တရှဲရှဲအသံများ ထွက်ပေါ်လာ၏။

ဟင်းလင်းပြင်နယ်မြေမှ သတ္တဝါ သုံးကောင်သည် သတိအပြည့်နှင့် ရှိနေသည်။ သူတို့က တွေဝေမနေဘဲ လှုပ်ရှားနေသော သစ်ပင်နှစ်ပင်ကို ပြိုင်တူ တိုက်ခိုက်လာသည်။ သစ်ပင်များ ချက်ချင်း ပေါက်ကွဲသွားပြီး အကိုင်းများနှင့် အရွက်များက နားကွဲမတတ် အသံနှင့်အတူ လွင့်စဉ်သွားလေသည်။

မြေကြီးပေါ်၌ နွယ်ပင်များက စပါးအုံးမြွေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ တွန့်ခါနေပြီး ဟင်းလင်းပြင်နယ်မြေ သတ္တဝါများ၏ ခြေမျက်စိကို ရစ်ပတ်နေသည်။

သို့သော် နွယ်ပင်များက သူတို့နှင့် နီးကပ်လာချိန်၌ သွေးမြူခိုးကြောင့် ချက်ချင်း တစ်စစီ ဖြစ်သွားလေသည်။

All Chapters