← Chapters

အခန်း (၂၂၆၁-၂၂၆၅)

Vol. 91 Ch. 2261-2265

အခန်း (၂၂၆၁-၂၂၆၅)

Vol. 91 Ch. 2261-2265

အပိုင်း (၂၂၆၁)

သူ့တိုက်ကွက် အလုပ်မဖြစ်မှန်း သိလိုက်သော် နင်ယွမ်ရှု ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အလျင်အမြန် ပြန်ဆုတ်ရန် ကြိုးစားလေတော့သည်။ သို့သော်ငြား သူ့အနေဖြင့် မည်သို့များ ပြန်ဆုတ်နိုင်ပါမည်နည်း။

သူ ပြန်မဆုတ်နိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ၏ အင်္ကျီလည်တိုင်အား လှမ်းဆွဲ၍ ကျန်လက်တစ်ဖက်ဖြင့် သူ့ပါးအား တစ်ချက်ပြီးတစ်ချက် ရိုက်တော့လေသည်။

ပါးရိုက်သံများ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင် ရပ်လိုက်ချိန် နင်ယွမ်ရှု၏ မျက်နှာတစ်ပြင်လုံး ဖူးယောင်ကိုင်းနေခဲ့လေပြီ။ သူ့မျက်နှာမှာ ပွက်ပွက်ဆူနေသော ရေထဲ ရက်ပေါင်းများစွာ ကြာအောင် စိမ်ထားသော ဝက်တစ်ကောင်၏ ခေါင်းနှယ်ဖြစ်နေခဲ့လေ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ဘေးပတ်ဝန်းကျင်၌ ရှိနေသော ကျင့်ကြံသူများ တိတ်ဆိတ်သွားကုန်ကြလေသည်။ မည်သူမှ ရန်ကိုင်နှင့်ရော နင်ယွမ်ရှုနှင့်ပါ အကြည့်ချင်း မဆိုင်ရဲကြတော့ပေ။

ချင်းမိသာစုခြံဝန်းတွင် ရန်ကိုင်သည် မိစ္ဆာလတောင်ကြားသခင်ကို သတ်၍ အခြားသော သက်လတ်ပိုင်းလူကြီးတစ်ဦးကိုလည်း ဒဏ်ရာရအောင် လုပ်ခဲ့သည်။ သို့သော်ငြား ချူဟွိုက်ရန်နှင့် သက်လတ်ပိုင်းလူကြီးတို့သည် ဂိုဏ်းကြီးများတွင် မွေးဖွားလာကြသူများ မဟုတ်ကြ။ သူတို့ဂိုဏ်းအသီးသီးတွင် မည်သည့် ဧကရာဇ်အဆင့် ပညာရှင်များမှ ရှိမနေကြပေ။ ထို့ကြောင့် ရန်ကိုင်သာ လုံလောက်အောင် အားကောင်းနေသရွေ့ သူ့အပေါ် လက်တုန့်ပြန်လာမည်ကို စိုးရိမ်နေစရာမလိုပေ။

သို့ရာတွင် နင်ယွမ်ရှုမှာတော့ ထိုလူများကဲ့သို့ မဟုတ်ချေ။ သူသည် သူတော်စင်နန်းတော်၏ သခင်လေးတစ်ဦးဖြစ်သည်။

သူတော်စင်နန်းတော်သည် ဒုတိယအဆင့်အင်အားစုများကြား အတော်လေးအဆင့်မြင့်သည့် အင်အားစုတစ်ခုဖြစ်သည်ဟု ပြော၍ရသည်။ နင်ယွမ်ရှု၏ အဖေဖြစ်သော နင်ပိုရန်သည် ဧကရာဇ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ထိုမျှသာလျှင်မဟုတ်သေးဘဲ သူတော်စင်နန်းတော်၌ အခြားသော အားကောင်းသည့် ပညာရှင်များစွာလည်း ရှိနေကြပေသေးသည်။ ဥပမာပြောရသော် ကာကွယ်သူကောင်းရှန်နှင့် လျိုရွှေတို့ပင် ဖြစ်လေသည်။

သူတို့၏ သခင်လေး လူမြင်ကွင်းရှေ့တွင် ဝက်ခေါင်းနှယ် ဖူးယောင်ကိုင်းအောင် ပါးရိုက်ခံရသည်ကို သူတော်စင်နန်းတော် အနေဖြင့် မည်ကဲ့သို့များ လက်တုန့်မပြန်ဘဲ နေပါမည်နည်း။

လူတိုင်းသည် ရန်ကိုင်အား ကြောက်လန့်နေရုံမက ဒုက္ခရောက်ရမည့်အပေါ် ကြိတ်၍လည်း ဝမ်းသာနေကြလေသည်။ 'မင်း အဲ့လောက်တောင် မောက်မာချင်နေတာကိုး'ဟု တွေးလျက် ကြိတ်၍ ပီတိဖြစ်နေလေ၏။

"မင်း-မင်း ငါ့ကို ရိုက်ရဲတယ်လား။" အင်္ကျီလည်တိုင်မှ ဆွဲကိုင်ထားခြင်း ခံရသော နင်ယွမ်ရှုသည် ရန်ကိုင်အား မယုံကြည်နိုင်စွာဖြင့် ကြည့်ရင်း အော်ပြောလိုက်လေသည်။

ရန်ကိုင်က ပြန်၍ပြေလိုက်လေ၏။ "ရိုက်ရဲတာမဟုတ်ဘူး ရိုက်တောင် ရိုက်ပြီးနေတာကွ။"

"ဒီသခင်လေးက..."

"ငါသိတယ် မင်းပြောနေစရာမလိုဘူး မင်းက သူတော်စင်နန်းတော်လေးရဲ့ သခင်လေးမှန်း ငါသိပြီးသား။" ထိုသို့ ဖြတ်ပြောလိုက်ပြီးသည့်နောက် ရန်ကိုင်သည် နင်ယွမ်ရှု၏ ပါးကို နောက်တစ်ကြိမ် ထပ်ရိုက်လိုက်လေသည်။ ထို့နောက် ချင်းကျောင်းရန် ဘက်သို့လှည့်၍ ပြုံးကာ "ဒီကောင်လေးက တော်တော်စိတ်ဝင်စားစရာကောင်းတယ် မိသားစုခေါင်းဆောင်ချင်းရ... ဒီလောက် ဖူးယောင်ကိုင်းအောင် ရိုက်ခံထားရတာတောင် သူ့အိမ်ကိုသူ မမေ့သေးဘူး ကြည့်ရတာ ဒီကောင်က သူ့နောက်ခံသာမရှိရင် ဘာမှမဟုတ်တော့မယ့် ကောင်မျိုးပဲ။"

ထိုသို့ ပြောပြီးသည့်နောက်တွင် နင်ယွမ်ရှုအား ခပ်မြင့်မြင့် ဆွဲကိုင်၍ အားလုံးဘက်သို့လှည့်ကာ အော်ပြောလိုက်လေသည်။ "ဒီမှာ အကုန်လုံး သေချာကြည့်ထားကြနော် ဒါက သူတော်စင်နန်းတော်ရဲ့ နာမည်ကျော်သခင်လေး နင်ယွမ်ရှုပဲ။ မင်းတို့ သူ့မျက်နှာကို သေသေချာချာ မှတ်ထားကြ။"

အနီးအနားတွင်ရှိနေသော ကျင့်ကြံသူများကမူ တွေးလိုက်ကြလေသည်။ (မင်းသူ့ကို ငါတို့ရှေ့မှာ ဒီလောက်တောင် ဖူးယောင်ကိုင်းအောင်ရိုက်ထားတာ ငါတို့က သူ့ကို မမှတ်မိပဲ ဘယ်နေမလဲကွ။)

လူမြင်ကွင်းရှေ့၌ ဤကဲ့သို့ အရှက်ခွဲခံလိုက်ရသည့် အတွက်ကြောင့် နင်ယွမ်ရှုမှာ ဒေါသထွက်လွန်းသဖြင့် သွေးနောက်ပြန် စီးလုနီးပါးဖြစ်သွားခဲ့ရလေသည်။ သည်းမခံနိုင်တော့သည့်အဆုံး သွေးတစ်ပွက် ထိုးအန်ချလိုက်လေ၏။

သူသည် အားကောင်းသော နောက်ခံနှင့်တကွ မွေးဖွားလာပြီး ငယ်စဉ်ကတည်းက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေခဲ့ရသူတစ်ဦးဖြစ်သည်။ သူ့ဘဝ၌ တစ်ကြိမ်တစ်ခါမျှပင်လျှင် ဤကဲ့သို့ မစော်ကားခံခဲ့ရချေ။ သို့သော်ငြား ယနေ့တွင်မူ ရန်ကိုင်သည် လူမြင်ကွင်းတွင် သူ့အား ဖူးယောင်ကိုင်းကာ ရိုက်ခဲ့သည့်အပြင်ကိုမှ အရှက်ခွဲကာ စော်ကားနေခဲ့သေး၏။ နင်ယွမ်ရှုမှာ သွေးအန်လိုက်သော်ငြား သတိတော့ လစ်မသွားခဲ့ချေ။

ထိုမြင်ကွင်းကိုကြည့်ရင်း ချင်းကျောင်းရန်လည်း ဘာပြောလို့ပြောရမှန်း မသိတော့ဘဲ ခါးသက်သက်ဖြင့်သာ သက်ပြင်းချလိုက်လေ၏။ လူငယ်တွေများ တကယ်ကို တက်ကြွပါလေသလားဟု တွေးရင်း သူ့ငယ်ဘဝအကြောင်းကို ပြန်စဉ်းစားမိလိုက်လေသည်။

ရွှစ်

ထိုစဉ် အဝေးတစ်နေရာဆီမှ အလင်းတန်းနှစ်ခု ရုတ်တရက် ပျံသန်းလာခဲ့လေသည်။ ထိုအလင်းတန်းနှစ်ခုဆီမှ ဖြာထွက်နေသည့် အရှိန်အဝါမှာ အနည်းငယ် မတည်မငြိမ်ဖြစ်နေခဲ့သည်။ ကြည့်ရသလောက် ထိုအလင်းတန်းနှစ်ခုသည် တစ်ယောက်ယောက်ဆီမှ ထွက်ပြေးလာသည့်ပုံပင်။

"အာ သခင်လေး။" ထိုအလင်းတန်းနှစ်ခုသည် ရန်ကိုင်နှင့် ခပ်လှမ်းလှမ်းနေရာတွင် ရပ်သွားခဲ့လေသည်။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် ကာကွယ်သူ ကောင်းရှန် နှင့် လျိုရွှေတို့ ပေါ်လာခဲ့လေ၏။

လက်ရှိတွင် သူတော်စဉ်နန်းတော်မှ အကြီးအကဲနှစ်ဦးမှာ အတော်လေးကို ပုံပျက်ပန်းပျက် ဖြစ်နေကြလေသည်။ ဆံပင်များ မုတ်ဆိတ်မွှေးများ ဖွာကျဲလန်နေပြီး အဝတ်အစားများမှာလည်း စုတ်ပြဲနေခဲ့သည်။ ကောင်းရှန်သည် ကုချင်းကဲ့သို့သော မှော်ရတနာတစ်ခုကို ကိုင်ထားခဲ့သော်ငြား သူ့မှော်ရတနာမှ ဖြာထွက်နေသည့် ရောင်ဝါမှာ အတော်လေးကို မှိန်နေခဲ့လေသည်။ လျိုရွှေ၏ ခါးတွင် ချိတ်ဆွဲထားသော ပုလွေသည်လည်း အလားတူသာ ဖြစ်လေ၏။

ရောက်ရောက်ချင်း နင်ယွမ်ရှု၏ အခြေအနေကို မြင်ပြီးသည့်နောက် နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြလေသည်။

"လက်ဝဲ၊ လက်ယာ ကာကွယ်သူ..." ကောင်းရှန်နှင့် လျိုရွှေတို့ ရောက်လာသည်ကို မြင်သော် နင်ယွမ်ရှု၏ မျက်လုံးထဲ ရူးသွပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး အံကြိတ်ကာ အော်ပြောလိုက်လေ၏။ "ဒီခွေးသူတောင်းစားကို သတ်ပြီး ဒီသခင်လေးအတွက် မြန်မြန်လက်စားပြန်ချေပေးဦ။"

"ငါတို့ သခင်လေးကို ဒီလိုဖြစ်အောင် မင်းလုပ်လိုက်တာလား။" ကောင်းရှန်သည် ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်လေသည်။

လျိုရွှေကမူ စကားတစ်ခွန်းမှ ပြောမနေဘဲ သူ၏ ပုလွေထဲသို့သာ အရင်းအမြစ်ချီများ ထည့်သွင်းလိုက်လေ၏။

ရန်ကိုင်ကမူ ထိုလူအိုကြီးနှစ်ဦး စကားပြောနေသည်ကို မကြားချင်ယောင်ဆောင်လျက် သူတို့၏ ကျောပြင် အနောက်ဘက်ဆီသို့သာ လှမ်းကျော်ကြည့်လိုက်ရာတွင် ရန်ကိုင်၏ အမူအရာလေးနက်တည်ကြည်သွားခဲ့ပြီး မျက်မှောင်လည်း ကြုတ်သွားခဲ့လေသည်။

"ငါတို့ သခင်လေးကို ချက်ချင်းလွှတ်ပေးစမ်း။" ရန်ကိုင်မှ သူတို့အား မသိကျေးကျွန်ပြုနေသည်ကို မြင်သော် ကောင်းရှန် ဒေါသပုံထသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် လျိုရွှေသည် သူ၏ ပုလွေမှော်ရတနာကို ကိုင်ဆွဲလျက် ရန်ကိုင်၏ ဘေးဘက်တွင် ရုတ်တရက်ပြန်ပေါ်လာခဲ့လေသည်။

"ညီလေးရန် သတိထား။" ချင်းကျောင်းရန် ထိတ်လန့်သွားခဲ့လေ၏။

သူ့ကျင့်ကြံခြင်းကြောင့် လျိုရွှေ ရန်ကိုင်ဘေးနားသို့ မည်ကဲ့သို့ ရောက်လာသလည်း ဆိုသည်ကို မမြင်တွေ့လိုက်နိုင်ခဲ့ပေ။ သူ သတိပြုမိလိုက်ချိန် နောက်ကျလွန်းလေခဲ့လေပြီ။

ရန်ကိုင်ကမူ ရယ်မော၍သာ လျိုရွှေ၏ တိုက်ကွက်ကို လျစ်လျူရှုထားခဲ့သည်။ ပြန်ခုခံတိုက်ခိုက်မည့်အစား လျိုရွှေ၏ တိုက်ကွက်ကို သူ့လက်ထဲရှိ နင်ယွမ်ရှုဖြင့် ကောက်ကာချလိုက်လေသည်။

ထိုအချင်းအရာကို မြင်သော် လျိုရွှေ မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ့တိုက်ကွက်အား ချက်ချင်းအလျင်အမြန် ပြန်ရုတ်သိမ်းကာ ကောင်းရှန်ဘေးဆီသို့ ပြန်သွားလိုက်လေ၏။

ကောင်းရှန်သည် မှုန်ကုပ်ကုပ်အမူအရာဖြင့် သူ့လက်ထဲရှိ ကုချင်းအား စတင်တီးခတ်တော့လေသည်။ ကြည်လင်သာယာသည့် တေးသံတစ်သံစတင် ပြန့်လွင့်လာခဲ့လေ၏။ အနီးအနားတွင်ရှိနေသော ကျင့်ကြံသူများမှာ ထိုအသံလှိုင်းများကို ကာကွယ်ရန်အတွက် သူတို့၏ အရင်းအမြစ်ချီကို လှည့်ပတ်လိုက်ကြရလေသည်။

"ကောင်လေး ငါတို့သခင်လေးကို အခုလိုဖြစ်အောင် လုပ်ရအောင် သူတော်စင်နန်းတော်က မင်းကိုဘာတွေ လုပ်ခဲ့လို့လဲ" ကောင်းရှန်သည် ကုချင်းကို တီးနေရင်း မေးလိုက်လေသည်။

"ကျုပ်လည်း အဲဒါကို သိချင်နေတာ။" ရန်ကိုင်သည် နင်ယွမ်ရှုကို သူ့ရှေ့တွက် ကာထားရင်းမှ လှမ်းပြောလိုက်လေသည်။ "ဒီကိစ္စနဲ့ ပတ်သတ်ပြီး ခင်ဗျားတို့ သခင်လေးကို မေးရင်ပိုကောင်းလိမ့်မယ်။ ဒီကောင်က ကျုပ်ကို ရုတ်တရက်ကြီး လာတိုက်ခိုက်တာ ဒါကြောင့် ကျုပ်လည်း ပြန်ပြီးတိုက်ခိုက်လိုက်ရုံပဲ။"

နင်ယွမ်ရှု၏ မျက်လုံးထဲ အမုန်းတရားတို့ဖြင့် ပြည့်နေခဲ့လေ၏။ သူ့ခင်ဗျာ ခုခံချင်သော်ငြား မည်သို့မှ မခုခံနိုင်ကြောင်း တွေ့လိုက်ရသည်။ အရင်းအမြစ်ချီကိုပင် မလှည့်ပတ်နိုင်ခဲ့ချေ။ ထို့ကြောင့် အံကြိတ်၍သာ အော်ပြောလိုက်လေ၏။ "လက်ဝဲ၊လက်ယာ ကာကွယ်သူ ဒီကောင်က ကျုပ်ရဲ့ အကြီးဆုံးအစ်ကိုကို သတ်သွားတဲ့ မျိုးရိုးနာမည်ရန်နဲ့ ကောင်ပဲ ဒီကောင်ကို ဖမ်းခေါ်သွားပြီး ပြစစ်မေးရမယ်..."

"ဟမ် သူက မျိုးရိုးနာမည်ရန်နဲ့ ကောင်လေးလား။" ကောင်းရှန်နှင့် လျိုရွှေတို့ နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြလေသည်။ ချက်ချင်းဆိုသလို ချင်းမိသားစုတွင် ရှိစဉ်က ရန်ကိုင်၏ နာမည်အား မမေ့ခဲ့မိသည်ကို ပြန်အမှတ်ရသွားခဲ့လေသည်။

"ငါက မင်းရဲ့ အကြီးဆုံးအစ်ကိုကို သတ်လိုက်တယ်။" ရန်ကိုင်က နင်ယွမ်ရှုဘက်သို့ လှည့်၍ ပြန်မေးလိုက်လေ၏။ ယခုမှပဲ နင်ယွမ်ရှု ဘာကြောင့် သူ့အား ရုတ်တရက် တိုက်ခိုက်ခဲ့မှန်းကို နားလည်သွားတော့လေ၏။ "ယုံယုံ မယုံယုံ မင်းအစ်ကို သေသွားတာ ငါနဲ့ ဘာမှမဆိုင်ဘူး။"

သူသည် နင်ယွမ်ချန်း၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့သော်ငြား နင်ယွမ်ချန်း သေသွားရအောင် လုပ်ခဲ့သော တကယ့် လက်သည်တရားခံမှာ သစ်သားဝိဉာဉ်သာဖြစ်လေသည်။ သစ်သားဝိဉာဉ်၏ အဆိပ်သည် နင်ယွမ်ချန်း၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲသွားသည့်အတွက်ကြောင့် နင်ယွမ်ချန်း သေသွားခဲ့ကြခြင်းဖြစ်သည်။ ရန်ကိုင် သတ်လိုက်သည်မှာ သစ်သားဝိဉာဉ်မှ ဝင်ပူးထားသော သစ်သားဝိဉာဉ်ကိုယ်ပွားတစ်ခုသာ ဖြစ်လေသည်။

ထို့ကြောင့် နင်ယွမ်ချန်း သေသွားသည်မှာ သူနှင့် ဘာမှမဆိုင်ဟု ပြော၍ရသည်။

"မင်းပြောလိုက်ရုံနဲ့ ငါတို့က မင်းကို ယုံပေးရမှာလား ကိုယ့်အခြေအနေကို သိရင် နာနာခံခံနဲ့ ငါတို့ဂိုဏ်းဆီ ပြန်လိုက်ခဲ့ပြီး ဟိုမှာ စစ်မေးတာကိုခံ နောက်ဆုံး ဘယ်လိုလုပ်မလဲဆိုတာကို နန်းတော်သခင်ကပဲ ဆုံးဖြတ်လိမ့်မယ်။" ကောင်းရှန်က အော်ပြောလိုက်လေ၏။

ရန်ကိုင်က လှောင်ပြောင် ပြောဆိုလိုက်လေသည်။ "ခင်ဗျားတို့ ပြောတိုင်း ကျုပ်က ခင်ဗျားတို့နောက် လိုက်ပေးရမှာလား သောက်ကျက်သရေတုံးလိုက်တာ။ ကျုပ်ကိုချည်းပဲ အာရုံစိုက်မနေနဲ့ဦး၊ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့လည်း ပြန်ဂရုစိုက်ကြဦး။ ခင်ဗျားတို့နောက် လိုက်နေတဲ့သူက မကြာခင် ရောက်လာတော့မှာ။"

ရန်ကိုင်၏ စကားကို ကြားပြီးသည့်နောက် လူပေါင်းများစွာ စိတ်ရှုပ်သွားခဲ့ကြလေသည်။

သို့ရာတွင် ကောင်းရှန်နှင့် လျိုရွှေတို့၏ အမူအရာများမှာ‌တော့ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အလျင်စလို နောက်သို့ လှည့်ကြည့်လိုက်ကြလေ၏။

ဝုန်း

ချက်ချင်းဆိုသလို အနီးအနားတစ်ဝိုက်ရှိ ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး အားကောင်းလှသည့် ဖိအားတစ်ရပ် လူအုပ်ကြီးဆီသို့ ပြိုဆင်းကျလာခဲ့လေသည်။ အနီးအနားတွင် ရှိနေသော ကျင့်ကြံသူအားလုံး သူတို့အပေါ်သို့ အလွန်လေးလံသည့် တောင်တစ်လုံး ပြိုဆင်းကြလာသလို ခံစားလိုက်ကြရလေ၏။

ထိုရှင်းမပြနိုင်သည့် ဖိအားကြောင့် မြေပြင်ပေါ်ရှိ ကျောက်စ ကျောက်နများ သဲမှုန်များမှာလည်း လေပေါ်သို့ အလိုလိုမြောက်တက်လာခဲ့လေသည်။

"ဘာဖြစ်တာလဲ။"

"ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ယောက် ရောက်လာတာလား။"

"သွားပြီ ငါတို့တော့ သေတော့မယ်။"

အစောကတည်းက ဒဏ်ရာရထားပြီးဖြစ်သော နင်ယွမ်ရှုသည် ထိုဖိအားအောက်တွင် ပို၍ ဒုက္ခရောက်တော့လေသည်။ သူ့အနာမှ သွေးများဒရဟော စီးကျလာခဲ့ရာ သူ၏ အဖြူရောင်အဝတ်စားတစ်ခုလုံး ‌သွေးများဖြင့် နီရဲသွားကုန်တော့လေ၏။

"ဒါက..." မျက်နှာခပ်ဝိုင်ဝိုင်းနှင့် အမျိုးသမီးနှင့် တကွ လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များအားလုံးသည် ကြောက်ကြောက်လန့်လန့်ဖြင့် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။

မကြာမီ မိုးကုပ်စက်ဝိုင်းအောက်အတွင်း ပုံရိပ်တစ်ခု ပေါ်လာခဲ့လေ၏။

ထိုပုံရိပ်တစ်ခုလုံးကို ရှင်းပြမရသည့် စွမ်းအင်များဖြင့် လွှမ်းခြုံထားခဲ့ပြီး သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသာ အားကောင်းလှသည့် ရက်စက်ကြမ်းကြုတ်လှသော အရှိန်အဝါမှာ ခံစားမိသူတိုင်းအား ထိတ်လန့်တုန်လှုပ်သွားစေနိုင်ပေသည်။

ရောက်လာသည့်လူ၏ အရှန်အဝါမှာ အလွန်ကိုမှ ပြင်းထန်လွန်းလှလေရာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ ဖိအားအောက် နိမ့်ကြနေခြင်းမရှိချေ။ ထို့ပရမ်းပတာဖြစ်နေသာ စွမ်းအင်လှိုင်းများကြား စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေသော တောက်ပသည့် မျက်ဝန်းတစ်စုံ ရှိနေခဲ့လေသည်။

ထိုလူမှာ အခြားမဟုတ် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လော့ယွမ်သာ ဖြစ်လေသည်။

ကောင်းရှန် လျိုရွှေနှင့် လော့ယွမ်တို့ကြား မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သလည်းဆိုသည်ကို မည်သူမှ မသိရ။ ထိုသုံးဦးစလုံးသည် တိုက်ခိုက်ရန်အတွက် မြို့ပြင်ဘက်သို့ ထွက်သွားကြခြင်းဖြစ်သည်။ သို့သော်ငြား ယခုတွင်မူ ကောင်းရှန်နှင့်လျိုရွှေမှာ လေလွင့်ခွေးလွင့်များနှယ် အမြှီးကုပ်ကာ ထွက်ပြေးနေပြီး လော့ယွမ်သည် သူတို့နောက်သို့ လိုက်လာနေခဲ့လေသည်။

"ကျွတ် ကျွတ် ဒီအရှိန်အဝါကတော့။" ရန်ကိုင်က လေးစားအားကျနေသည့် လေသံဖြင့် "ဒီလောက်များတဲ့ စွမ်းအားတွေကို ထုတ်သုံးပြီးတာတောင် စိတ်မလွတ်သွားသေးတာ တကယ်တော်တယ်လို့ ပြောရမယ်... ဒီကောင် ကျင့်ကြံနေတဲ့ သိုင်းပညာရပ်က ဘာပညာရပ်ပဲဖြစ်ဖြစ် တကယ်ကို အထင်ကြီးစရာပဲ... အဲ့ဒါကို သူ အခု ကျွမ်းကျင်သွားပြီးလား မသိဘူး။"

အစောပိုင်းက လော့ယွမ်သည် ကျင့်စဉ်တစ်ခုအား ကျင့်ကြံနေရင်း အဆင့်တစ်ဆို့သွားသည်ဟု ပြောခဲ့သည်။ ထို့အတွက်ကြောင့် ထိုအဆင့်တစ်ဆို့ အတားအဆီးကို ကျော်ဖြတ်နိုင်ရန်အတွက် ရန်ကိုင်နှင့် တိုက်ခိုက်ချင်ခဲ့ပေသည်။ သို့သော်ငြား ရန်ကိုင်ကမူ သူ့ဆီသို့ ပြေးဝင်လာနေသော အရှုပ်ထုပ်ကို ကောင်းရှန်နှင့် လျိုရွှေဆီသို့ လှည့်ပြောင်းပေးလိုက်လေ၏။ လက်ရှိအခြေအနေကို ကြည့်ရသလောက် လော့ယွမ်သည် ကျင့်ကြံနေသော ကျင့်စဉ်အား အပြည့်အဝနားလည်နိုင်ရန် သိပ်မလိုတော့သည့်ပုံပင်။ ရန်ကိုင်ပင်လျှင် တာအိုသခင်အဆင့် ကျင့်ကြံခြင်းသာ ရှိသေးလျက်နှင့် ဧကရာဇ်တစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်နိုင်သော ကျင့်စဉ်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

အဝေးတစ်နေရာတွင် ရှိနေသော လော့ယွမ်သည် မျက်တောင်တစ်ခတ်အတွင်း သူတို့ဆီသို့ ရောက်လာခဲ့လေ၏။ သူမည်ကဲ့သို့ လှုပ်ရှားလိုက်သလဲဆိုသည်ကို မည်သူမှ မမြင်လိုက်ရပေ။

"မကောင်းတော့ဘူး။" ကောင်းရှန် နှင့် လျိုရွှေတို့၏ လက်၌ ဆိုးဆိုးရွားရွား ခံထားခဲ့ရသည့်ပုံပြင် ထို့ကြောင့်သာ မဟုတ်လျှင် ခွေးလေခွေးလွင့်များနှယ် အရူးအမူး ထွက်ပြေးလာခဲ့ကြလိမ့်မည် မဟုတ်ချေ။ အခု လော့ယွမ် ရောက်လာသည်ကို မြင်သော် နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ် သွားကုန်ကြလေ၏။

နှစ်ယောက်စလုံးသည် အကြည့်ခြင်း ဖလှယ်လျက် သူတို့၏ မှော်ရတနာ အသီးသီးကို တစ်ပြိုင်တည်း ထုတ်သုံးလိုက်ကြလေသည်။ ဖြာထွက်လာသည့် အသံလှိုင်းများကြောင့် အနီးအနားတွင် ရှိနေကြသော ကျင့်ကြံသူများ ဝူးဝူးဝေဝေဖြစ်ကုန်ကြလေ၏။

ကောင်းရှန် နှင့် လျိုရွှေသည် ရန်ကိုင်၏ ဘယ်နှင့်ညာဘက်တွင် တစ်ပြိုင်တည်း ပေါ်လာကြလေသည်။

လျိုရွှေသည် သူ၏ ပုလွေကို မှုတ်ရင်း ရန်ကိုင်ဆီသို့ အသံလှိုင်းများဖြင့် ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းတွင် ကောင်းရှန်သည်လည်း သူ၏ ကုချင်းကို တီးခတ်လျက် မမြင်နိုင်သော သံဓားချက်များကို ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

"ဟားဟားဟား။" ရန်ကိုင်က လှောင်ပြောင်ဟန်ဖြင့် အော်ရယ်မောလျက် "ခင်ဗျားတို့က ဒီလောက်တောင် ခံချင်နေမှတော့လည်း ကျုပ်ကလည်း ခင်ဗျားတို့ရဲ့ လက်ဆောင်ကို ပြန်ပေးရသေးတာပေါ့။"

ပြောပြီးသည်နှင့် သူ့လက်ထဲတွင် ကိုင်ထားသော နင်ယွမ်ရှုအား ကုချင်း၏ အသံလှိုင်း ဓားချက်များဆီသို့ လှမ်းပစ်လိုက်လေသည်။

"မကောင်းတော့ဘူးး။"

ကောင်းရှန်နှင့် လျိုရွှေတို့ နှစ်ဦးစလုံး အလန့်တကြား ထအော်ကြလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၆၂)

ကောင်းရှန်နှင့် လျို့ရွှေတို့ နှစ်ဦးသည် သူတော်စင်နန်းတော်၏ လက်ဝဲလက်ယာ ကာကွယ်သူများ ဖြစ်ကြသည်။ သူတို့၏ကျင့်ကြံခြင်းနှင့် ခွန်အားမှာ နန်းတော်သခင်ဖြစ်သော နင်ပိုယွမ်အောက်သာ နိမ့်ကျပြီး သူတော်စင်နန်းတော်ထဲရှိ မည်သူ့ထက်မဆို ပိုမိုသာလွန်ပေသည်။ သူတို့နှစ်ဦးသာ အတူပူးပေါင်း တိုက်ခိုက်မည်ဆိုလျှင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးကိုပင်လျှင် အချိန်အနည်းငယ်ခန့် ယှဉ်တိုက်နိုင်ပေ၏။

သို့သော်ငြား ယခုအချိန်တွင်တော့ ထိုလူအိုကြီးနှစ်ဦးစလုံး၏ ယုံကြည်ချက်တို့မှာ တစ်စစီ နင်းချေခံလိုက်ရလေ၏။

ပထမဦးစွာအနေဖြင့် လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ လော့ယွမ်သည် သူတို့နှစ်ဦးအား ခွေးလေခွေးလွင့်များနှယ် အမြီးကုပ်ကာ ထွက်ပြေးရအောင် ဆော်တီးပစ်ခဲ့သည်။ ယခုဆိုလျှင် ရန်ကိုင်သည်လည်း သူတို့၏တိုက်ကွက်များကို လုံးဝ လျစ်လျူရှုပြသွားခဲ့လေသည်။

(အခုခေတ်လူငယ်တွေ ဘာတွေဖြစ်နေကြတာလဲ… အကုန်လုံးက သွေးနားထင်ရောက်နေတဲ့ ကောင်တွေချည်းပဲ… ဒါပေမဲ့ ဒီကောင်တွေရဲ့ ခွန်အားကလည်း ကြောက်ဖို့ကောင်းလွန်း နေကြတာတွေချည်းပဲ…) လူအိုကြီးနှစ်ဦးစလုံး တစ်ပြိုင်တည်း တွေးလိုက်ကြလေသည်။

ရန်ကိုင်မှ နင်ယွမ်ရှုအား အသံလှိုင်းဓါးချက်များဆီသို့ ပစ်ထည့်လိုက်သည်ကို မြင်သော် ကောင်းရှန်နှင့် လျို့ရွှေတို့၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေသည်။ နင်ယွမ်ရှုသာ သူတို့၏တိုက်ခိုက်မှုအောက်တွင် သေသွားခဲ့ရမည်ဆိုပါက ဤကိစ္စကို နန်းတော်သခင်ဆီသို့ မည်ကဲ့သို့ ပြန်ရှင်းပြလို့ ရှင်းပြရမှန်း သိတော့လိမ့်မည် မဟုတ်ပေ။

မာန်သွင်းအော်ဟစ်လျက် လျို့ရွှေသည် သူ၏ ပုလွေမှော်ရတနာကို ပြန်သိမ်းလိုက်လေသည်။ ထို့နောက် လှုပ်ရှားမှုပညာရပ်တစ်ခုကို သုံးလျက် နင်ယွမ်ရှုရှေ့တွင် တိုက်ရိုက်ပေါ်လာခဲ့လေ၏။ သူ၏ကျောပြင်ကိုသုံးလျက် လျို့ရွှေသည် အသံလှိုင်းဓါးချက်ကို တားဆီးလိုက်ကာ နင်ယွမ်ရှုအား ဖမ်းကိုင်လိုက်လေ၏။

“ရွှစ်…”

အသံလှိုင်းဓါးချက်သည် လျို့ရွှေ၏ကျောပြင်အား တိုက်ရိုက် ထိမှန်သွားခဲ့လေသည်။ ထိုအချက်‌ကြောင့် လျို့ရွှေမှာ ရှေ့သို့ ဒယိမ်းဒယိုင် ဖြစ်လာခဲ့ပြီး ပါးစပ်ထောင့်မှလည်း သွေးများ စီးကျလာခဲ့ရလေ၏။

“ဟမ့်… မင်း သေချင်နေတာပဲ…” ဤကဲ့သို့ တိုက်ခိုက်ခံလိုက်ရသည့်အတွက်ကြောင့် လျို့ရွှေမှာ ဒေါသူပုန် ထသွားခဲ့ပြီး ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

“ဟား ဟား ဟား…” ရန်ကိုင်ကမူ ဘာဆိုဘာမျှ ပြန်ပြောမနေဘဲ ဝါးလုံးကွဲသာ အော်ဟစ်ရယ်မော နေခဲ့လေ၏။

“မကောင်းတော့ဘူး… ငါတို့ သခင်လေးကို ဒီနေရာကနေ မြန်မြန် ခေါ်ထုတ်သွားမှ ဖြစ်တော့မယ်…” ကောင်းရှန်က အလျင်အမြန် အော်ပြောလိုက်လေသည်။

သူတို့အနေဖြင့် ဤနေရာတွင် ဆက်မနေသင့်တော့မှန်းကို လျို့ရွှေလည်း သိနေခဲ့သည်။ လော့ယွမ်သည် ဤနေရာသို့ မကြာခင်တွင် ရောက်လာပေတော့မည်။ အဝေးတစ်နေရာဆီမှ လော့ယွမ်သည် ခြောက်ခြားဖွယ်ရာကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်လျက် သူတို့ဆီသို့ ပြေးလာနေခဲ့လေသည်။ တိမ်စိုင်တိမ်တိုက် ဝဲကတော့များသည် လော့ယွမ်တစ်ဝိုက်အနီးတွင် အဆက်မပြတ် လည်ပတ်နေခဲ့ကြလေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း အနီးအနားတစ်ဝိုက်တွင် ရှိနေသော ကျင့်ကြံသူများ၏ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားခဲ့ကြလေသည်။

ကောင်းရှန်နှင့် လျို့ရွှေတို့မှာတော့ ထိုအချင်းအရာကို မြင်ပြီးသည့်နောက် ခြေကုန်သုတ်ကာ ထွက်ပြေးကြတော့လေသည်။ ထွက်မသွားခင် ရန်ကိုင့်ဘက်သို့ လှည့်၍ လှမ်းအော်ပြောလိုက်လေသည်။ “ကောင်စုတ်လေး… မင်းအပြစ် မင်းသိရင် နန်းတော်ဆီလာပြီး ကိုယ့်ဘာသာကို တောင်းပန်ပြီး ဝန်ခံလိုက်… ဘာလို့လဲဆိုတော့ မင်းတစ်သက် ထွက်ပြေးမယ်ဆိုရင်တောင် ငါတို့လက်ကနေ လုံးဝ လွတ်မှာ မဟုတ်လို့ပဲ…”

“ခင်ဗျားတို့မှာ သတ္တိရှိရင် မပြေးနဲ့လေ…” ရန်ကိုင်ကမူ ပြန်၍သာ အော်ပြောလိုက်လေသည်။

သို့ရာတွင် ကောင်းရှန်နှင့် လျို့ရွှေတို့အနေဖြင့် ဤနေရာ၌ မည်ကဲ့သို့များ ဆက်နေရဲဦးပါမည်နည်း။

ခဏအကြာတွင် လော့ယွမ်သည် အားလုံးရှေ့၌ ထွက်ပေါ်လာခဲ့လေသည်။

လော့ယွမ်၏ လက်ရှိပုံစံသည် လူတိုင်းအား အကြောက်ကြီး ကြောက်သွားစေအောင် လုပ်နိုင်ပေသည်။ သီးခြားဆန်လှသည့် စွမ်းအင်လှိုင်းများသည် လော့ယွမ်၏ ခန္ဓာကိုယ်အား ဝဲကတော့တစ်ခုနှယ် အဆက်မပြတ် လည်ပတ်နေခဲ့သည်။ ထိုစွမ်းအင်လှိုင်းများမှာ အနီးအနားတစ်ဝိုက်ရှိ လောကနိယာမများကိုပင်လျှင် နှောင့်ယှက်နေခဲ့လေသည်။ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်များ ပြိုကြရပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများ ထွက်ပေါ်လာခဲ့ရသည်။ သို့သော်ငြား ထိုပျက်စီးမှုများမှာ လောကနိယာမများ၏ အလျင်အမြန် ပြင်ဆင်ခြင်း ခံလိုက်ရလေသည်။

ဤနေရာအနီးအနားတစ်ဝိုက်တွင် ရှိနေကြသော ကျင့်ကြံသူများမှာမူ လော့ယွမ်အား ကြောက်လွန်းသဖြင့် သူနှင့် မီတာတစ်ထောင်အနီးသို့ပင် မလာရဲကြပေ။

လော့ယွမ်အား စိုက်ကြည့်ရင်း ရန်ကိုင့်အမူအယာ လေးနက်တည်ကြည်သွားခဲ့လေ၏။

လက်ရှိတွင် လော့ယွမ်၏ အရှိန်အဝါသည် အထွဋ်အထိပ်သို့ ရောက်နေခဲ့လေ၏။ ထို့အပြင် သူ့တစ်ကိုယ်လုံး ချွေးများဖြင့်လည်း စိုရွှဲနေခဲ့လေ၏။ ကြည့်ရသလောက် ကောင်းရှန်နှင့် လျို့ရွှေတို့နှင့် တိုက်ခိုက်ရာတွင် လော့ယွမ်သည်လည်း အသာစီးမရခဲ့ပုံပင်။ ခန္ဓာကိုယ်အခြေအနေမှာ ဤကဲ့သို့ ဖြစ်နေသော်ငြား သူ့မျက်လုံးများမှာမူ မီးတောက်မတတ် လင်းလက်တောက်ပနေခဲ့လေ၏။

“စီနီယာအစ်ကိုလော့…” ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးက ရေရွတ်လိုက်လေ၏။

လော့ယွမ်ကမူ သူမဆီသို့ လှမ်းမကြည့်ဘဲ ရန်ကိုင့်ဘက်သို့သာ လှည့်ကြည့်လာခဲ့လေသည်။

လော့ယွမ်၏မျက်လုံးထဲမှ အားကောင်းလှသည့် တိုက်ခိုက်လိုစိတ်တို့ကို ရန်ကိုင် ခံစားမိနေခဲ့လေသည်။

ထို့ကြောင့် အလျင်အမြန် ပြန်ပြောလိုက်လေ၏။ “ရောင်းရင်းလော့… မင်းတစ်ခုခုကို စလုပ်ပြီဆိုရင် မပြီးပြတ်ဘဲနဲ့ မရပ်လိုက်သင့်ဘူးနော်… ဟိုနှစ်ယောက်က အခုပဲ ထွက်ပြေးသွားတာ… မင်း သူတို့နောက်ကို အခုနေလိုက်ရင် မီနိုင်သေးတယ်…”

ပြောပြီးသည့်နောက် ကောင်းရှန်နှင့် လျို့ရွှေတို့ ထွက်ပြေးသွားသည့်ဘက်ဆီသို့ ညွန်ပြလိုက်လေသည်။

လော့ယွမ်သည် ရန်ကိုင့်အား ခဏမျှကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် အသာအယာ ခေါင်းညိတ်လျက် “ကျင့်ကြံခြင်းအဆင့် တက်လာတော့မှ မင်းနဲ့တိုက်ခိုက်လည်း နောက်မကျသေးဘူး…”

ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ကောင်းရှန်နှင့် လျို့ရွှေတို့ ထွက်ပြေးသွားသည့် ဘက်ဆီသို့ လော့ယွမ် ပျံသန်းသွားလေသည်။

သူထွက်သွားသည့်အခါမှသာ လူပေါင်းများစွာ ကောင်းကောင်း အသက်ရှူနိုင်ကြတော့သည်။ ယခုမှသာလျှင် သူတို့ရင်ထဲ ဝန်ထုပ်ကြီးတစ်ခု လျော့ကျသွားသလို ခံစားလိုက်ကြရလေသည်။ အကုန်လုံးမှာ သေဘေးမှလွတ်လာရသည့် လူများနှယ် သက်ပြင်းတမောကြီး ချနေကြလေသည်။

ထိုလူအုပ်ကြီးထဲတွင် အခြားသူများ မသိအောင် ထွက်ပြေးရန် ကြိုးစားနေသော လူတစ်ဦး ရှိနေခဲ့လေ၏။

သို့သော်ငြား သူ့အနေဖြင့် နောက်ထပ်ခြေတစ်လှမ်းပင် မလှမ်းနိုင်သေးခင်မှာပင် သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး အထိတ်ထိတ် အလန့်လန့်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်လေသည်။

“ဟူး…” သူ့ရှေ့တည့်တည့်တွင် ပုပုဝဝနှင့် လူတစ်ဦး ရှိနေခဲ့လေသည်။ ထိုလူ၏ နှာခေါင်းမှာ နီမြန်းမြန်း ဖြစ်နေပြီး မျက်နှာလည်း အလားတူသာ ဖြစ်၏။ အကြည့်ချင်းဆုံသွားသည့်အခိုက် ထိုလူသည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။

ကျွမ်းပန်မှာ သတိလက်လွတ်ဖြစ်ကာ ထိုလေပူအားလုံးကို ရှူသွင်းမိလိုက်လေ၏။ ထို့အတွက်ကြောင့် သူ့မျက်နှာတစ်ပြင်လုံး နီရဲတက်လာခဲ့ပြီး ပါးစပ်ကို လက်ဖြင့်အုပ်ရင်း နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့လေသည်။ ထိုလေပူများကို ရှူသွင်းလိုက်ပြီးနောက် ကျွမ်းပန်စိတ်ထဲ အော်ဂလီဆန်သလို ခံစားလာရကာ အော့အန်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။ ကံကောင်းစွာဖြင့် သူ့ကျင့်ကြံခြင်းမှာ အော့အန်ချင်စိတ်ကို ဖိနှိပ်နိုင်လောက်သည်အထိ အားကောင်းနေခဲ့လေသည်။

ထိုပုပုဝဝလူသည် ညစ်ကျယ်ကျယ် ပြုံးရင်း သူ့ခါးထက်တွင် ချိတ်ဆွဲထားသော အရက်ပုလင်းကိုကိုင်ကာ တစ်ကျိုက် မော့ချလိုက်လေ၏။

“အရက်သမား…” ထိုလူကို မြင်ပြီးသည့်နောက် ကျွမ်းပန်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

အရက်သမားနောက်မှ ထွက်လာသည့်လူကို မြင်ပြီးသည့်နောက် ကျွမ်းပန်၏ အမူအယာ ပို၍ အရုပ်ဆိုးသွားခဲ့လေသည်။

“မြို့သခင်…”

တွမ့်ယန်ရှန်းသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီတွမ့်ကို မြို့သခင်မှန်း မင်းမှတ်မိနေဦးမယ်လို့ ငါ တကယ် မထင်ထားဘူး… လက်ထောက်အကြီးအကဲကျွမ်းက တကယ်ကို မှတ်ဉာဏ်ကောင်းတာပဲ…”

လက်ရှိအချိန်တွင် သူ့ရင်ထဲခံစားနေရသည့် မကျေနပ်များကို ပြန်လည်ဖွင့်ထုတ်နိုင်တော့မည် ဖြစ်သည့်အတွက်ကြောင့် တွမ့်ယွမ်ရှန်းမှာ အတော်လေးကို ဝမ်းသာအားရ ဖြစ်နေခဲ့လေသည်။

ကျွမ်းပန်ကမူ အားတင်းပြုံးလျက် ပြန်ပြောလိုက်လေ၏။ “မြို့သခင် နောက်နေတာပဲ… ဒီကျွမ်းက မြို့သခင်လက်အောက်မှာ နှစ်တွေအများကြီး အလုပ်လုပ်ခဲ့တာ ဘယ်လိုလုပ်ပြီး ဒီအချက်ကို မေ့မှာလဲ…”

“တကယ်လား…” တွမ့်ယွမ်ရှန်းသည် ကျွမ်းပန်အား စိုက်ကြည့်၍ လှောင်ပြုံးပြုံးလျက် “ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းကတော့ လက်ထောက်အကြီးအကဲ အဲ့ကိစ္စကို မေ့သွားတဲ့ပုံပဲနော်…”

“ဘယ်လိုလုပ်ပြီး မေ့ရမှာလဲ…” ကျွမ်းပန်က ပျာပျာသလဲလဲဖြင့် ပြန်၍ ငြင်းဆိုလိုက်လေသည်။ “လွန်ခဲ့တဲ့ရက်တွေတုန်းက အဲ့လိုမျိုး ဖြစ်သွားတာက ကျုပ်ကိုယ်ပိုင် အကြောင်းကြောင့်ပါ…”

ကျွမ်းပန် ထိုကဲ့သို့ ပြောနေရုံပင် ရှိသေး ချင်းကျောင်းရန်သည် ကျွမ်းပန်ဘေးတွင် ပေါ်လာပြီး တွမ့်ယွမ်ရှန်း၊ အရက်သမားတို့နှင့်အတူ ကျွမ်းပန်အား တြိဂံပုံစံ ဝိုင်းထားလိုက်ကြလေသည်။

ကျွမ်းပန်မှာ တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေ၏။ ထို့ကြောင့် ထိုကျင့်ကြံသူသုံးဦးမှာ သူ့အား ရက်စက်ကြမ်းကြုတ်သည့် အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို မြင်သော် ကျွမ်းပန်မှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ဒူးများပင် ပျော့ခွေလာလျက် အော်ပြောလိုက်လေ၏။ “မင်းတို့ ဘာလုပ်ချင်နေကြတာလဲ… ဒီကျွမ်းက မေပယ်မြို့ရဲ့ ဒုမြို့သခင် မဟုတ်တော့ဘူးနော်… သူတော်စင်နန်းတော်ရဲ့ လက်ထောက်အကြီးအကဲတစ်ဦး ဖြစ်နေပြီ…”

ကျွမ်းပန်မှ ထိုကဲ့သို့ ပြောလိုက်သော် မြို့သခင်တို့သုံးယောက် မျက်မှောင်ကျုံ့သွားခဲ့ကြလေသည်။

ကျွမ်းပန်သည် သူတို့အတွက် ဘာဆိုဘာမှ မဟုတ်ပေ။ သူတို့သုံးဦးသာ အတူပူးပေါင်း တိုက်ခိုက်မည်ဆိုပါက ကျွမ်းပန် ဤနေရာတွင် ကျိန်းသေ သေရပေလိမ့်မည်။ သို့သော်ငြား လက်ရှိကျွမ်းပန်၏ အဆင့်အတန်းမှာ သူတို့ကြောက်ရွံ့ရသည့် အရာ ဖြစ်နေခဲ့လေသည်။

သူတော်စင်နန်းတော်ထဲတွင် လက်ထောက်အကြီးအကဲဆိုသည့် ရာထူးမှာ ဘာမှ အထင်ကြီးစရာ မကောင်းသော်ငြား နိမ့်ကျသည့် အဆင့်အတန်းတစ်ခုလည်း မဟုတ်။ ထိုရာထူးသည် သူတော်စင်နန်းတော်၏ မျက်နှာကို ကိုယ်စားပြုနေသည့် အဆင့်အတန်းတစ်ခုလည်း ဖြစ်ပေသည်။ ထို့ကြောင့် သူတို့သုံးဦးသာ ကျွမ်းပန်အား လူမြင်ကွင်းရှေ့၌ သတ်ပစ်လိုက်မည်ဆိုပါက ဤအကြောင်းသည် မကြာခင်တွင် သူတော်စင်နန်းတော်၏ နားဝဆီသို့ ရောက်ရှိသွားပေလိမ့်မည်။

ချင်းကျောင်းရန်တွင် ကာကွယ်စရာ ချင်းမိသားစု ရှိနေသလို တွမ့်ယွမ်ရှန်းနှင့် အရက်သမားတွင်လည်း သူတို့စောင့်ရှောက်ရမည့် မေပယ်မြို့ ရှိနေခဲ့သည်။ ဤကိစ္စကြောင့်သာ သူတော်စင်နန်းတော်အား ရန်စမိလိုက်သလို ဖြစ်သွားမည်ဆိုပါက သူတို့၏ နေ့ကောင်းရက်ကောင်းများမှာ မကြာခင် အဆုံးသတ်ရတော့ပေလိမ့်မည်။

သူတို့၏ အမူအယာ ပြောင်းလဲသွားသည်ကို မြင်သော် ကျွမ်းပန်မှာ ညစ်ကျယ်ကျယ်ပြုံးရင်း အကျယ်ကြီး အော်ရယ်မောလျက် “မြို့သခင်တွမ့်… ကျုပ်ကို အခုလိုမျိုးကြီး စိုက်မကြည့်နေပါနဲ့လား… ခင်ဗျားတို့အကြည့်ကို မြင်ပြီး ကျုပ်မှာ ကြောက်တောင်ကြောက်ချင်လာပြီ…”

ထိုသို့ပြောနေရင်းမှ ကျွမ်းပန်သည် အရက်သမားရှေ့သို့ လျှောက်သွားလိုက်ပြီး အရက်သမား၏ ဗိုက်ကို ပုတ်လျက် စနောက်လှောင်ပြောင်လိုက်လေသည်။ “အရက်သမား… မင်း အရက်နည်းနည်း လျှော့သောက်သင့်တယ်နော်… အရင်တုန်းကတော့ မင်းက တော်တော်လေးကို ချောခဲ့တာ… အခုတော့ ကြည့်စမ်း… ဘယ်လိုဖြစ်သွားပြီလဲ… အရင်တုန်းက မင်းကို လေးစားအားကျခဲ့ရတဲ့ အမျိုးသမီးတွေသာ အခုနေ မင်းပုံစံကို မြင်သွားလို့ရှိရင် အသည်းကွဲကုန်ကြမှာ…”

အရက်သမားကမူ ဘာမျှ မပြောဘဲ အရက်ပုလင်းကို မော့၍သာ နောက်ထပ်တစ်ကျိုက် မော့ချလိုက်လေသည်။

ထို့နောက်တွင် ကျွမ်းပန်သည် ချင်းကျောင်းရန်ဘက်သို့ လှည့်၍ “တစ္ဆေအိုကြီးချင်း… ချင်းမိသားစုကို ခင်ဗျားတစ်ယောက်တည်း ကာကွယ်ပေးနေရတာ ခက်ခဲတယ်လို့ မထင်ဘူးလား… ခင်ဗျား စဉ်းစားကြည့်စမ်း… တစ်နေ့နေ့ ခင်ဗျားသာ မရှိတော့ရင် ချင်းမိသားစု ဘာဖြစ်မလဲ… ချင်းယုရော ဘာဖြစ်မလဲ…”

ထိုစကားကို ကြားသည့်အခါ ချင်းကျောင်းရန်၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ချင်းယုသည် ချင်းကျောင်းရန်၏ အကြီးမားဆုံးသော အားနည်းချက်တစ်ခု ဖြစ်သလို သူ၏ ရတနာတုံးလေးလည်း ဖြစ်ပေသည်။ ကျွမ်းပန်၏စကားသည် ချင်းကျောင်းရန်၏ ဒေါသမီးကို ဆွပေးလိုက်သလို ဖြစ်သွားခဲ့သည်။

ကျွမ်းပန်က ရယ်မောလျက် “လူဆိုတာ အခြေအနေ အချိန်အခါကို ကြည့်ပြီး ပြုမူရတယ်… ခင်ဗျားဘာလို့ သူတော်စင်နန်းတော်ထဲကို မဝင်လိုက်တာလဲ… ဒီလက်ထောက်အကြီးအကဲ ခင်ဗျားကို ထောက်ခံပေးလို့ရတယ်နော်…”

“ဟမ့်…” ချင်းကျောင်းရန်ကမူ အေးစက်စက် အမူအယာဖြင့်သာ နှာခေါင်းရှုံ့လိုက်လေ၏။

“စေတနာကို တန်ဖိုးမထားတတ်တာ…” ချင်းကျောင်းရန်မှ သူ့အား အနည်းငယ်မျှပင် မျက်နှာသာမပေးသည်ကို မြင်သော် ကျွမ်းပန်၏ ပြုံးနေသည့် မျက်နှာ မှုန်ကုပ်သွားခဲ့လေသည်။ ထို့နောက်တွင် တွမ့်ယွမ်ရှန်းဘက်သို့ လှည့်၍ “မြို့သခင်တွမ့်… ဒီကျွမ်း ဒီတစ်ကြိမ် သခင်လေးနဲ့အတူ မေပယ်မြို့ကို ရောက်လာတဲ့ အကြောင်းအရင်းက မြို့သခင်တွမ့်ကို သူတော်စင်နန်းတော်ထဲဝင်ဖို့ ဖိတ်ခေါ်မလို့ပဲ… ပြီးတော့ အရေးကြီးကိစ္စလေးတစ်ခု လုပ်စရာ ရှိလို့ပေါ့… မြို့သခင် စိတ်ဝင်စားမလားမသိဘူး…”

ယခင်က မေပယ်မြို့သည် မည်သည့်အရင်းအမြစ်မှ ပေါကြွယ်ဝခြင်း မရှိသည့် မြို့ငယ်လေးတစ်မြို့သာ ဖြစ်သည့်အတွက်ကြောင့် မည်သည့်အင်အားစုကမှ မေပယ်မြို့အား ထိန်းချုပ်ကွပ်ကဲရန် အစီအစဉ် မရှိခဲ့ပေ။ သို့သော်ငြား မကြာသေးခင် အတောအတွင်း မေပယ်မြို့ အနီးတစ်ဝိုက်၌ အရင်းအမြစ်ကျောက်တွင်းတစ်ခု သာမက များစွာသော မြေကမ္ဘာချီကြောမများလည်း ပေါ်လာခဲ့လေ၏။ ထို့အတွက်ကြောင့် အင်အားစုများစွာသည် မေပယ်မြို့လေးအား စတင်၍ စိတ်ဝင်စားလာ ကြတော့လေသည်။

တွမ့်ယွမ်ရှန်းသည် မေပယ်မြို့၏ မြို့သခင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူသာ သူတော်စင်နန်းတော်ထဲသို့ ဝင်လိုက်မည်ဆိုပါက မေပယ်မြို့သည် သူတော်စင်နန်းတော်၏ လက်အောက်သို့ ရောက်သွားရပေလိမ့်မည်။ ထိုအခါ အနီးအနားတစ်ဝိုက်တွင် ပေါ်လာသော အရင်းအမြစ်ကျောက်တွင်းနှင့် မြေကမ္ဘာချီကြောမများမှာလည်း သူတော်စင်နန်းတော်၏အပိုင် အလိုလို ဖြစ်လာကြပေလိမ့်မည်။ ထိုအဖိုးတန်ရတနာများကို လိုချင်သည့် အင်အားစုများအနေဖြင့် သူတို့တွင် သူတော်စင်နန်းတော်နှင့် ယှဉ်ပြိုင်နိုင်သည့် ခွန်အား ရှိမရှိကို အရင်ဦးစွာ စတင် သုံးသပ်ရပေတော့မည်။

ကျွမ်းပန်၏အမေးကို ကြားပြီးသည့်နောက်တွင် တွမ့်ယွမ်ရှန်းသည် အေးစက်စက် အမူအယာဖြင့်သာ တိတ်နေခဲ့လေသည်။

ကျွမ်းပန်က ပြန်ပြောလိုက်လေ၏။ “မြို့သခင်တွမ့်… အခွင့်အရေးက ခင်ဗျားရှေ့မှာ ရောက်နေတာနော်… ဘာလို့ လက်လွှတ်ချင်နေတာလဲ… မြို့သခင် တစ်ဘဝလုံး ကျင့်ကြံနေတာ တာအိုသခင် တတိယအဆင့်ကို ရောက်ဖို့ပဲ မဟုတ်လား… မြို့သခင် တာအိုသခင် ဒုတိယအဆင့်မှာ တစ်နေမှန်း ဒီကျွမ်းသိပြီးသား… မြို့သခင်သာ နန်းတော်သခင်ရဲ့ သင်ကြားပြသပေးတာ ခံရမယ်ဆိုလို့ရှိရင် ဒီဘဝမှာ တာအိုသခင် တတိယအဆင့်ကို ချိုးဖြတ်နိုင်ချေ ရှိလာလိမ့်မယ်”

ထိုစကားကို ကြားသော် တွမ့်ယွမ်ရှန်း၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး သူ့မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ သို့သော်ငြား မကြာခင် သူ့အမူအယာမှာ တမုဟုတ်ချည်း ပြန်လည် တည်ငြိမ်သွားခဲ့ပြီး အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီတွမ့်အနေနဲ့ သူတော်စင်နန်းတော်ထဲကို ဝင်ဖို့ မဖြစ်နိုင်ဘူး…”

ထိုစကားကိုကြားသော် ကျွမ်းပန်က ဒေါသတကြီး ထခုန်ရင်း အော်ဟစ်ပြင်တင်လိုက်လေ၏။ “တွမ့်ယွမ်ရှန်း… မင်း ငါ့ကို တွန်းအား ပေးမလာနဲ့နော်…”

“ထွက်သွားလိုက်တော့… မေပယ်မြို့ထဲမှာ မင်းမျက်နှာကို နောက်တစ်ကြိမ် မမြင်ရစေနဲ့… မဟုတ်ရင် ငါ့ကို မယဉ်ကျေးလို့ဆိုပြီး လာအပြစ်မတင်နဲ့…”

ဤသည်မှာ သူသည်းခံနိုင်သည့် အတိုင်းအတာ ဖြစ်သည်။ ကျွမ်းပန်သာ ဤနေရာတွင် ဆက်နေနေမည်ဆိုလျှင် တွမ့်ယွမ်ရှန်းအနေဖြင့် သူ၏ သတ်ဖြတ်လိုစိတ်ကို ထိန်းချုပ်နိုင်တော့လိမ့်မည် မဟုတ်ပေ။ တိုက်ပွဲအလယ်တွင် သွေးကြောင်ပြီး ထွက်ပြေးသွားသည့် လုပ်ရပ်အရ တွမ့်ယွမ်ရှန်းအနေဖြင့် ကျွမ်းပန်အား ဆယ်ခါပြန် သတ်မည်ဆိုလျှင်ပင် သူ့ဒေါသကို ဖြေဖျောက်နိုင်လိမ့်ဦးမည် မဟုတ်ပေ။ ထို့အပြင် ယခုတစ်ကြိမ်၌ ကျွမ်းပန်သည် မေပယ်မြို့ဆီသို့ နင်ယွမ်ရှုနှင့်အတူ ရောက်လာပြီးသည့်နောက် သူ၏နောက်ခံကို အားကိုးလျက် တွမ့်ယွမ်ရှန်းနှင့်တကွ အရက်သမားတို့အပေါ် အဆက်မပြတ် ဖိအားပေး လှောင်ပြောင်ခဲ့လေသည်။

ကျွမ်းပန်အနေဖြင့် သူတော်စင်နန်းတော် လက်အောက်သို့ မခိုဝင်ခဲ့ပါက တွမ့်ယွမ်ရှန်းအနေဖြင့်လည်း သူတော်စင်နန်းတော်အား ကြောက်မနေရခဲ့ပါက ကျွမ်းပန်အနေဖြင့် တွမ့်ယွမ်ရှန်းလက်မှ မည်ကဲ့သို့များ အလွယ်တကူ လွတ်မြောက်နိုင်ပါမည်နည်း။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၆၃)

“မယဉ်ကျေးဘူး ဟုတ်လား…” ကျွမ်းပန်က လှောင်ပြုံးပြုံးလျက် “မြို့သခင်က ဘယ်လို မယဉ်ကျေးချင်တာလဲ… ဒီကျွမ်းကို တစ်ချက်လောက် ပြပေးလို့ရမလား…”

“မြို့သခင် မကျေနပ်ဘူးဆိုရင် ဒီကျွမ်းကို လာတိုက်ခိုက်လေ… တိုက်ခိုက်ရဲရင်ပေါ့…” ကျွမ်းပန်သည် လှောင်ပြုံးပြုံးလျက် တွမ့်ယွမ်ရှန်းနှင့်တကွ အခြားသူများဘက်သို့ လှည့်၍ လှောင်ပြောင်ပြောဆိုလိုက်လေ၏။

အနီးအနားတွင် ရှိနေသော ကျင့်ကြံသူများမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း အထင်အမြင်တသေးဖြင့်သာ ခေါင်းခါလိုက်ကြလေသည်။

ထိုကျင့်ကြံသူများမှာ ကျွမ်းပန်အား ယခုမှ ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် သူ့အကြောင်းကို မသိကြချေ။ သို့ရာတွင် သူမည်ကဲ့သို့သော လူစားမျိုးလဲ ဆိုသည်မှာ သူ့ပြောပုံဆိုပုံထဲတွင် အထင်းသား ပေါ်လွင်နေခဲ့ပေသည်။

ကျွမ်းပန်သည် လူတိုင်းအမြင်ကပ်သော ကိုယ်ပြိုင်ဘက် နိမ့်ကျနေချိန် ဖိနှိပ်ညှင်းပန်းတတ်သော လူစားမျိုး ဖြစ်ပေသည်။

ဤနေရာသို့ အမြန်ရောက်လာကြသော မေပယ်မြို့ထဲရှိ မိသားစု အသီးသီး၏ ခေါင်းဆောင်များမှာလည်း ထိုမြင်ကွင်းကို မြင်ပြီးသည့်နောက် တွမ့်ယွမ်ရှန်းအား ကရုဏာသက်နေသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

လွန်ခဲ့သောနှစ်များအတွင်း မေပယ်မြို့ထဲရှိ မိသားစုပေါင်းများစွာသည် မြို့သခင်စံအိမ်၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့ပေသည်။ သူတို့ကြား အချင်းများမှုများ မကြာခဏ ရှိခဲ့သော်ငြား မည်သည့်တိုက်ပွဲ အကြီးစားမှ ဖြစ်ပွားခဲ့ခြင်း မရှိပေ။ ထို့အပြင် သူတို့သည် မြို့သခင်နှင့်အတူ ပူးပေါင်း၍ မေပယ်မြို့အား နတ်ဆိုးချီကပ်ဘေးမှလည်း ကာကွယ်ခဲ့ဖူးပေသေးသည်။

ထို့ကြောင့် လက်ရှိမြို့သခင်၊ ဒုမြို့သခင်နှင့် ချင်းမိသားစုခေါင်းဆောင်တို့ ကျွမ်းပန်၏ အနိုင်ကျင့် အထင်သေးခံနေရသည်ကို မြင်သော် သူတို့စိတ်ထဲ မြို့သခင်တို့အပေါ် အနည်းငယ်တော့ ကရုဏာ သက်မိသွားခဲ့လေသည်။

“ဖြန်း…”

ပါးရိုက်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ မြို့သခင်များ သူ့စိတ်သူ မထိန်းနိုင်တော့ဘူးလားဟု တွေးလျက် အကုန်လုံးမှာ မင်သက်သွားကုန်ကြလေသည်။ သူတို့၏နဖူးထက် ချွေးများလည်း စီးကျလာခဲ့လေ၏။

သို့ရာတွင် လှည့်ကြည့်လိုက်ပြီးသည့်နောက် မြင်လိုက်သည့် မြင်ကွင်းကြောင့် အကုန်လုံး ကြောင်သွားခဲ့ကြလေသည်။

လက်ရှိတွင် ကျွမ်းပန်ရှေ့၌ လူတစ်ဦး ရပ်နေခဲ့လေသည်။ ထိုလူသည် တိုက်ခိုက်ရန် ပြင်ဆင်နေသည့်အလား လက်ဆစ်များကို တဖျောက်ဖျောက် ချိုးနေခဲ့လေ၏။

“ဘယ်သူလဲ… ဘယ်သူ ငါ့ကို ရိုက်ရဲတာလဲ…” ထိုရိုက်ချက်ကြောင့် ကျွမ်းပန်မှာလည်း ကြောင်သွားခဲ့လေသည်။ သူ့ပါးတစ်ခြမ်းလုံး ရောင်ကိုင်းထုံထိုင်းသွားသလို ခံစားလိုက်ရလေသည်။ ထိုရိုက်ချက်ကြောင့် သူ့ခေါင်းမှာ ချာလပတ်လည်ထွက်သွားသည့်အတွက် သူ့အား မည်သူ ရိုက်လိုက်သလဲ ဆိုသည်ကို ချက်ချင်း မမြင်နိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် ရှေ့တည့်တည့်သို့ သွေးရူးသွေးတန်းဖြင့် ပြန်လှည့်အော်လိုက်လေသည်။ “ဘယ်သူ…”

ထိုသို့ အော်ဟစ်နေစဉ်မှာပင် ညစ်ကျယ်ကျယ်ပြုံးနေသော ရန်ကိုင်နှင့် အကြည့်ချင်း ဆုံသွားခဲ့လေသည်။ အကြည့်ချင်း ဆုံသွားသည့်အခိုက် သူ့ကိုယ်သူ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံနေရသလို ခံစားလိုက်ရလေသည်။ ထို့အတွက်ကြောင့် ကျွမ်းပန်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး ဆက်ပြောတော့မည့် ပြောလက်စ စကားများကို အတင်းအကြပ် ပြန်မျိုချလိုက်ရလေသည်။

“စိတ်ဝင်စားစရာပဲ…” ပြောနေရင်း ရန်ကိုင်သည် နောက်ထပ် ပါးတစ်ချက် ထပ်ရိုက်လိုက်လေသည်။

“ဖြန်း…”

ပါးရိုက်သံနှင့်အတူ ကျွမ်းပန်၏ အခြားပါးတစ်ဖက် ရောင်ကိုင်းတက်လာပြီး သွားများစွာဟာလည်း ကျွတ်ထွက်သွားခဲ့လေ၏။

ထို့နောက်တွင် ရန်ကိုင်သည် ကျွမ်းပန်အား အင်္ကျီလည်တိုင်မှ ဆွဲကိုင်လျက် သူ့ပါးကို တစ်ချက်ပြီးတစ်ချက် ရိုက်တော့လေ၏။

“ဖြန်း ဖြန်း ဖြန်း…”

စည်းချက်ညီညီ ပါးရိုက်သံများမှာ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာခဲ့လေသည်။

ကျွမ်းပန်အား ပါးရိုက်နေရင်းမှ ရန်ကိုင်က လှောင်ပြုံးပြုံးကာ ပြောလိုက်လေ၏။ “ဒါ ငါ့ဘဝမှာ လူတစ်ယောက်က ဒီလောက် အရိုက်ခံချင်နေတာကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ… မင်းက ဒီလောက် အရိုက်ခံချင်နေမှတော့ ငါကလည်း ရိုက်ပေးရသေးတာပေါ့…”

ကျွမ်းပန် အရိုက်ခံနေရသည်ကို ကြည့်နေသည့် ကျင့်ကြံသူများပင်လျှင် သူတို့၏ ပါးများ နာကျင်လာသလို ခံစားလိုက်ရလေသည်။ အရိုက်ခံနေရသည့် ကျွမ်းပန်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

ထိုအဖြစ်အပျက်ကြောင့် ကျွမ်းပန်မှာ လုံးဝကို မင်သက်နေခဲ့ပြီး အချိန်အတော်ကြာမှသာ အသိပြန်ဝင်လာနိုင်ခဲ့လေသည်။ အသိပြန်ဝင်လာချိန် ရန်ကိုင့်လက်မှ အတင်းရုန်းတော့လေ၏။

သို့သော်ငြား တာအိုသခင်ပထမအဆင့်သာ ရှိသေးသော ကျွမ်းပန်အနေဖြင့် ရန်ကိုင့်လက်မှ မည်ကဲ့သို့များ လွတ်မြောက်နိုင်ပါမည်နည်း။

နောက်ဆုံး မလွတ်နိုင်တော့သည့်အဆုံး ကျွမ်းပန်သည် ကြောက်ကြောက်လန့်လန့်ဖြင့် အော်ဟစ်တောင်းပန်တော့လေသည်။ “စီနီယာရန် ရပ်လိုက်ပါတော့… ရပ်လိုက်ပါတော့… ကျုပ်ကို ဆက်မရိုက်ပါနဲ့တော့…”

“စီနီယာရန် ကျုပ်အမှား ကျုပ်သိပါပြီ… ကျုပ်တကယ်သိပါပြီ… ကျေးဇူးပြုပြီး ကျုပ်ကို သွားခွင့်ပေးပါ ကျုပ်တောင်းပန်ပါတယ်…”

“ငါက သူတော်စင်နန်းတော်ရဲ့ လက်ထောက်အကြီးအကဲနော်… ငါ့ကို မြန်မြန် လွှတ်ပေးစမ်း…”

“ခွေးသူတောင်းစား မင်းငါ့ကို သတ်ချင်သတ်လိုက်… အခုလိုမျိုး လာအရှက်မခွဲနဲ့ကွ… ဒါမျိုး ဆက်လုပ်နေလို့ရှိရင် ငါငြိမ်ခံနေတော့မှာ မဟုတ်ဘူးနော်…”

“အီး ဟီး ဟီး… စီနီယာရန် ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ ကျုပ်တကယ် မသေချင်လို့ပါ…”

အဆက်မပြတ် အရိုက်ခံရပြီးသည့်နောက်တွင် ကျွမ်းပန်၏မျက်နှာမှာ လူရုပ်ပင် မပေါက်တော့ပေ။

နင်ယွမ်ရှုနှင့် တိုက်ခိုက်စဉ်က ရန်ကိုင်သည် နင်ယွမ်ရှုအား အမှန်တကယ် မသတ်ပစ်ခဲ့ပေ။ အကြောင်းမှာ သူ့တွင် ဧကရာဇ်အဆင့်သို့ ရောက်နေသော အဖေတစ်ယောက် ရှိနေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင့်အနေဖြင့် မလိုလားအပ်သော မည်သည့်ပြဿနာကိုမှ မဖိတ်ခေါ်ချင်ပေ။

သို့ရာတွင် ကျွမ်းပန်ကတော့ မတူတော့ပေ။ ရန်ကိုင်သည် ကျွမ်းပန်အား ရိုက်ရာတွင် အရင်းအမြစ်ချီကို ထည့်ပြီး ရိုက်နေခြင်း ဖြစ်သည်။ ရိုက်ချက်တစ်ချက်စီတိုင်းတွင် ရန်ကိုင်၏ အရင်းအမြစ်ချီများသည် ကျွမ်းပန်၏ သွေးကြောများထဲသို့ စီးဝင်လာကာ သူ့သွေးကြောများကို ဖျက်ဆီးပစ်လေ၏။

တစ်နည်းဆိုရသော် ကျွမ်းပန်အနေဖြင့် ဤကပ်ဘေးမှ အသက်ရှင်နိုင်ခဲ့မည်ဆိုလျှင်ပင် ကျင့်ကြံခြင်းမှာ ပျက်စီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ဒုက္ခိတတစ်ဦးအဖြစ်သာ ဆက်လက် အသက်ရှင်နိုင်ပေတော့လိမ့်မည်။ မည်သို့မှ ထပ်မံ ကျင့်ကြံနိုင်တော့လိမ့်မည် မဟုတ်ချေ။

“ညီလေးရန်…” ကျွမ်းပန် ဆိုးဆိုးရွားရွား အရိုက်ခံနေရသည့် မြင်ကွင်းကို ဆက်မကြည့်နိုင်တော့သည့်အဆုံးတွင် တွမ့်ယွမ်ရှန်းက ပြောလိုက်လေသည်။ “ထားလိုက်တော့… ကြောက်တတ်တာက ဒီကောင့်သဘာဝပဲ… ဒါပေမဲ့ ဒီကောင်က ငါတို့ကို ဘာဆုံးရှုံးမှုမှ ဖြစ်အောင် လုပ်ခဲ့တာမှမဟုတ်တာ… ဒီတော့ သူ့ကို ချမ်းသာပေးလိုက်ကွာ…”

အရက်သမားကလည်း လေချဉ်တစ်ချက် တက်ရင်း ဝင်ပြောလိုက်လေ၏။ “မြွေဆိုတဲ့အမျိုးက သတ်ပြီဆိုလို့ရင် မသေသေအောင် သတ်ပစ်ရတယ်… ကျားတစ်ကောင်ကို တောင်ပေါ် ပြန်လွှတ်ပေးလိုက်လို့ရှိရင် မလိုလားအပ်တဲ့ ပြဿနာတွေပဲ ဖြစ်လာမှာ…”

ထိုသို့ပြောပြီးသည့်နောက် သူ့လက်ကို ဆန့်ထုတ်၍ ကျွမ်းပန်၏ခေါင်းကို ကိုင်လိုက်လေသည်။

ထိုမြင်ကွင်းကို မြင်ပြီးသည့်နောက် ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့လေသည်။ ထို့နောက် အရက်သမား၏လက်ကို တွန်းထုတ်၍ ပြုံးကာ ပြောလိုက်လေ၏။ “ဒုမြို့သခင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဝင်ပါနေစရာမလိုပါဘူး…”

အရက်သမားအနေဖြင့် ဤကိစ္စကို လုပ်ရန် မသင့်တော်ပေ။ ရန်ကိုင်ကတော့ ထိုကဲ့သို့ မဟုတ်။ သူသည် သူတော်စင်နန်းတော်၏ သခင်လေးဖြစ်သော နင်ယွမ်ရှုအား လူမြင်ကွင်းရှေ့တွင် ဖူးယောင်ကိုင်းအောင် ရိုက်ခဲ့ပြီးလေပြီ။ ထို့အတွက်ကြောင့် ကျွမ်းပန်အား ထပ်သတ်လည်း ဒီထက်ပိုဆိုးလာစရာ ဘာအကြောင်းမှ မရှိတော့ချေ။ မည်သို့ပင် ဖြစ်နေစေကာမူ သူသည် သူတော်စင်နန်းတော်နှင့် ပြဿနာ ဖြစ်ပြီးသွားပြီ မဟုတ်ပေလော။ နောက်ထပ် ပြဿနာအနည်းငယ်လောက် ထပ်တိုးလာလည်း ကိစ္စမရှိတော့ပေ။

ထိုသို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျွမ်းပန်၏ ကိုယ်ထဲသို့ အရင်းအမြစ်ချီများ ထည့်သွင်းလျက် ကျွမ်းပန်၏ ကိုယ်လုံးကို အဝေးသို့ လွှင့်ပစ်လိုက်လေသည်။

“အား…” ကျွမ်းပန်မှာ အရူးအမူး ထအော်လေ၏။ သို့သော်ငြား သူ့အော်သံများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ သွေးစသွေးနနှင့် အသားစတို့မှာလည်း အဖက်ဖက်သို့ လွင့်စင် ထွက်လာကုန်လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း အနီးအနားရှိ ကျင့်ကြံသူများအားလုံး တိတ်နေကုန်ကြလေသည်။

သို့ရာတွင် ရန်ကိုင်မှ မိစ္ဆာလတောင်ကြား၏ ဒုတောင်ကြားသခင်အား သတ်ခဲ့သည့်ပုံကို ပြန်သတိရလိုက်သော် ဤမြင်ကွင်းသည် ဘာမှ မဟုတ်ပါလေတကားဟု တွေးမိသွားပြန်လေ၏။

တွမ့်ယွမ်ရှန်းနှင့် အရက်သမားမှာမူ ရန်ကိုင့်အား ကျေးဇူးတင်တကြီးဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

ထိုအခိုက်အတန့်တွင် သိမ်မွေ့ညက်ညောလှသော မိုးမြေစွမ်းအင်မှာ နောက်တစ်ဖန် တုန်ခါလာပြန်လေ၏။ မြေကမ္ဘာတုန်ဟီးမတတ် မိုးခြိမ်းသံများနှင့်အတူ မိုးကုတ်စက်ဝိုင်းဆီမှ ရှင်းပြမရသည့် ခံစားချက်တစ်ခု ရုတ်တရက် ဖြာထွက်လာခဲ့လေသည်။

အကုန်လုံး ထိတ်လန့်သွားခဲ့ပြီး လှမ်းကြည့်လိုက်ကြလေသည်။

“မင်းတို့ သတိထားမိလိုက်လား… မိုးမြေစွမ်းအင်က ရုတ်တရက်ပိုပြီး သိပ်သည်းလာသလိုပဲ…” တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးက ပြောလိုက်လေသည်။

အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်လေသည်။ “ဟုတ်တယ်… ငါ စိတ်ထင်နေတာပဲ မှတ်နေတာ… ရောင်းရင်းတို့လည်း ခံစားမိနေတာဆိုတော့ ဒါတကယ် ဖြစ်နေတာနဲ့တူတယ်…”

“မိုးမြေစွမ်းအင်တွေ ရုတ်တရက်ကြီး သိပ်သည်းလာတယ်ဆိုတော့ အရင်းအမြစ်ကျောက်တွင်း ဒါမှမဟုတ်ရင် မြေကမ္ဘာချီကြောမမှာ တစ်ခုခု ဖြစ်နေလို့ပဲ ဖြစ်ရလိမ့်မယ်…”

ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံး၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ကြလေသည်။ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးသည့်နောက်တွင် အကုန်လုံးသည် လှုပ်ရှားမှုပညာရပ် အသီးသီးကိုသုံးလျက် အရင်းအမြစ်ကျောက်တွင်းနှင့် မြေကမ္ဘာချီကြောမများ ရှိနေရာဆီသို့ ပြေးထွက်သွားကြလေ၏။

အရက်သမားနှင့် တွမ့်ယွမ်ရှန်းမှာ မေပယ်မြို့၏ မြို့သခင်နှင့် ဒုမြို့သခင် အသီးသီး ဖြစ်ကြသည်။ ဤကိစ္စတွင် သူတို့အနေဖြင့် ရပ်ကြည့်နေ၍ မသင့်တော်ပေ။ ထို့ကြောင့် ထိုလူများနောက်သို့ ချက်ချင်း ပြေးလိုက်သွားကြလေ၏။

“ညီလေးရန်…” ချင်းကျောင်းရန်သည် ရန်ကိုင့်ဘက်သို့ လှည့်၍ “ကြည့်ရတာ ခုနတုန်းက ငါတို့ ခံစားမိလိုက်တဲ့ဟာက လော့ယွမ် ကောင်းရှန်၊လျို့ရွှေတို့နဲ့ တိုက်ခိုက်တာကြောင့်မဟုတ်ဘဲ မြေကမ္ဘာချီကြောမနဲ့ အရင်းအမြစ်ကျောက်တွင်းတွေမှာ တစ်ခုခု ဖြစ်သွားလို့နဲ့တူတယ်…”

“ဟုတ်လောက်တယ်…” ရန်ကိုင်ကလည်း ခေါင်းညိတ်လိုက်လေသည်။ သူသည်လည်း မြေပြင်တစ်ခုလုံး တုန်တက်သွားရခြင်းမှာ လော့ယွမ် ကာကွယ်သူနှစ်ဦးနှင့် တိုက်ခိုက်နေသည့်အတွက်ကြောင့် ဖြစ်သည်ဟု ထင်ခဲ့မိသည်။ သို့သော်ငြား ယခုမူ ထိုသို့မဟုတ်သည့် ပုံပင်။

“သွားစစ်ဆေးကြည့်ကြမလား…” ချင်းကျောင်းရန်သည် ရန်ကိုင့်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။

“ဒါပေါ့…” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလျက် ပြန်ပြောလိုက်လေသည်။ သူထွက်သွားတော့မည်အပြု ခပ်လှမ်းလှမ်းတွင် ရပ်လျက် သူ့အား စိုက်ကြည့်နေသော ရွက်တစ်ထောင်ဂိုဏ်းမှ ရီကျင်းဟန်ကို လှမ်းမြင်လိုက်ရလေ၏။

ရန်ကိုင့်မျက်နှာကြီး မှုန်ကုပ်သွားခဲ့လေသည်။

ဤအမျိုးသမီးသည် အရိပ်တစ်ခုနှယ် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်နေခဲ့သည်။ မည်သို့ပြောပါစေ ထွက်မသွားဘဲ သူ့နောက်သို့သာ တောက်လျှောက်လိုက်နေခဲ့လေသည်။

ရန်ကိုင့်၏မျက်နှာ မှုန်ကုပ်သွားသည်ကို သတိပြုမိသော် ရီကျင်းဟန်နောက်သို့ ဆုတ်သွားခဲ့လေ၏။ သို့သော်ငြား သူမ၏ မျက်နှာကလေးမှာတော့ မြင်သူတိုင်း ကရုဏာသက်စရာ ကောင်းလှအောင် သနားစဖွယ်လေး ဖြစ်နေခဲ့လေသည်။

“သွားကြရအောင်…” ထိုသို့ အော်ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အစောပိုင်းက အဖြစ်အပျက်များ ထွက်ပေါ်လာရာ နေရာဆီသို့ ပြေးထွက်သွားလေ၏။

သူတို့နှစ်ဦး ရောက်လာချိန် မိုးကုတ်စက်ဝိုင်းတစ်ခုလုံး လင်းထိန်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ ယခင်က မည်သူမှ မလာချင်ခဲ့သော လွင်တီးခေါင်ပြင်နေရာကြီးသည် လက်ရှိအချိန်၌ သုခံဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲနေခဲ့လေပြီ။

“ဘာတွေ ဖြစ်နေတာလဲ…” ချင်းကျောင်းရန် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။

နတ်ဆိုးချီများ ဖုံးလွှမ်းလာစဉ်က သူနှင့် ရန်ကိုင်သည် ပျက်စီးသွားသော ချိတ်စည်းကို ပြန်လည်ပြင်ဆင်ရန်အတွက် ချင်းယုနှင့်အတူ ဤနေရာသို့ လာခဲ့ပေသည်။ ထိုစဉ်က သူတို့၏အစီအစဉ် မအောင်မြင်ခဲ့သော်ငြား ဤနေရာနှင့်ပတ်သက်၍ ချိတ်စည်းမှလွဲကာ အခြားထူးခြားသည့် မည်သည့်အရာကိုမှ သတိမပြုမိခဲ့ပေ။

သို့ရာတွင် လအနည်းငယ်ကြာပြီးသည့်နောက် မြေကမ္ဘာချီကြောမများစွာနှင့် အရင်းအမြစ်ကျောက်တွင်းတစ်တွင်းသည် ထူးဆန်းစွာပင် ဤနေရာ၌ ပေါ်လာခဲ့လေသည်။

“ဘုန်း…”

ပေါက်ကွဲသံကြီးနှင့်အတူ ဧရာမတွင်းပေါက်ကြီးတစ်ပေါက် ရန်ကိုင့်ရှေ့၌ ပေါ်လာခဲ့လေ၏။ ထိုတွင်းပေါက်ထဲဆီမှ အားကောင်းလှသည့် အလင်းတန်းတစ်ခု ကောင်းကင်ပေါ်သို့ ထောင်တက်လာခဲ့လေသည်။

“ဒါက…”

“ဘုရားရေ…”

“ဒီလောကကြီးမှာ ဒါမျိုး ရှိသေးတာလား…”

ထိုအလင်းတန်းကို ကြည့်ရင်း ကျင့်ကြံသူအားလုံး တစ်ယောက်တစ်ပေါက် ထအော်ကြတော့လေသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ဤဖြစ်စဉ်၏ တကယ့်သဘာဝကို ချက်ချင်း ရှာတွေ့သွားခဲ့လေ၏။

ထိုအလင်းတန်းမှာ အခြားမဟုတ်။ သန့်စင်လှသော မိုးမြေစွမ်းအင်များ သိပ်သည်းရာမှ ဖြစ်ပေါ်လာသည့် အလင်းတန်းတစ်ခုသာ ဖြစ်ပေသည်။ မိုးမြေစွမ်းအင်များမှာ သိပ်သည်းလွန်းလှသဖြင့် ဤကဲ့သို့ အလင်းတန်းနှယ် ဖြစ်သွားခဲ့ရခြင်း ဖြစ်လေ၏။

အကုန်လုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း သူတို့မျက်လုံး သူတို့ မယုံကြည်နိုင်အောင် ဖြစ်နေကြလေသည်။

ဤနေရာရှိ မိုးမြေစွမ်းအင်များ၏ သိပ်သည်းသန့်စင်နှုန်းမှာ အလွန်တရာကိုမှ အံ့အားသင့်ဖွယ် ကောင်းလွန်းနေခဲ့သည်။ ဤနေရာသို့ ရောက်လာကြသည့် ကျင့်ကြံသူအများစုမှာ ဒုတိယအဆင့် အင်အားစုများမှ လာကြခြင်း ဖြစ်သည့်အတွက် သူတို့သည်လည်း မိုးမြေစွမ်းအင် သိပ်သည်းသန့်စင်သည့် နေရာများတွင် ကျင့်ကြံခဲ့ကြဖူးပေသည်။ သို့သော်ငြား ဤနေရာရှိ မိုးမြေစွမ်းအင်ကို ခံစားမိလိုက်သော် အကုန်လုံး အံ့အားမသင့်ဘဲ မနေနိုင်အောင်ကို ဖြစ်သွားကုန်ကြလေ၏။

ရုတ်တရက်ဆိုသလို အလင်းတန်းသည် ကောင်းကင်ပေါ်သို့ ပျံတက်လာပြီးသည့်နောက် ပေါက်ကွဲထွက်သွားခဲ့လေသည်။ ထို့နောက်တွင် အလွန်တရာကိုမှ သန့်စင်သိပ်သည်းလှသော မိုးမြေစွမ်းအင်များသည် မိုးသီးမိုးပေါက်များနှယ် အနီးအနားဝန်းကျင်တစ်ဝိုက်ဆီသို့ ရွာကျလာခဲ့လေ၏။

ခဏအကြာတွင် မိုးစတင် ရွာသွန်းတော့လေသည်။ ဤမိုးမှာ ရိုးရိုးမဟုတ်။ မိုးမြေစွမ်းအင်မိုးသာ ဖြစ်လေသည်။

လွင်တီးခေါင်ပြင်ဖြစ်နေသော ဤနေရာရှိ မိုးမြေစွမ်းအင် သိပ်သည်းနှုန်းမှာလည်း တမုဟုတ်ချည်း မြင့်တက်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၆၄)

လက်ဖက်ရည်ခွက်တစ်ဝက်စာ မရှိတတ်သေးခင်မှာပင် မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းသော ပတ်ဝန်းကျင်တစ်ခုလုံးကို အလွန်တရာသိပ်သည်းလှသည့် စိတ်ဝိဉာဉ်ချီပင်လယ်မှ လွှမ်းခြုံသွားခဲ့လေသည်။ မိုင်ပေါင်းနှစ်ထောင်ခန့်အကွာတွင် ရှိနေသော မေပယ်မြို့သည်ပင်လျှင် အတော်လေး အကျိုးအမြတ် များသွားခဲ့ရသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မြို့နံရံပေါ်သို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးတက်လျက် မိုးရေထွက်ချိုးကြတော့သည်။

“ဘုန်း ဘုန်း ဘုန်း…”

မေပယ်မြို့အနှံ့တွင် ရှိနေသော ကျင့်ကြံသူပေါင်းများစွာ၏ ခန္ဓာကိုယ်တွင်းဆီမှ မမြင်နိုင်သော အတားအဆီးများ ကျိုးပျက်သွားသည့် အသံများ အစီအရီ ထွက်ပေါ်လာခဲ့ကြလေ၏။

“ငါ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ကို ချိုးဖြတ်သွားတယ်ဟ…”

“ဝိုး… ငါလည်း တန်ခိုးရှင်အဆင့်ကို ချိုးဖြတ်သွားပြီ…”

“ဟား ဟား ဟား… ဒီသခင်လေးက တကယ့်ပါရမီရှင်ပဲကွ… အဆင့်သုံးဆင့်ကို တစ်ခါတည်းချိုးဖြတ်ပြီး အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို တက်လှမ်းသွားနိုင်တာ ဒီလောကကြီးမှာ ငါတစ်ယောက်တည်းပဲ ရှိလိမ့်မယ်…”

မေပယ်မြို့အနှံ့ ဝမ်းသာအားရ အော်ဟစ်သံများ ပလုံစီအောင် ထွက်ပေါ်လာကုန်ကြလေသည်။ ကျင့်ကြံသူပေါင်းများစွာသည် သိပ်သည်းလှသည့် စိတ်ဝိဉာဉ်ချီပင်လယ်၏ အကူအညီကြောင့် ပိုမိုမြင့်မားသော သိုင်းတာအိုဆီသို့ တက်လှမ်းသွားနိုင်ကုန်ကြလေ၏။

အဆင့်သေးတစ်ဆင့် ချိုးဖြတ်သွား၍ ဘာကိစ္စမှ မရှိပေ။ သို့ရာတွင် အဆင့်ကြီးတစ်ဆင့် ချိုးဖြတ်သွားမည်ဆိုလျှင်တော့ မိုးမြေကောင်းချီးကို လက်ခံရယူ ရပေလိမ့်မည်။

ထို့အတွက်ကြောင့် တစ်ခဏလေးအတွင်း မေပယ်မြို့၏ ကောင်းကင်တစ်ခုလုံး အနက်ရောင် တိမ်စိုင်တိမ်တိုက်များဖြင့် ပြည့်နှက်လာတော့လေသည်။ ကမ္ဘာ့ကပ်ဘေး ကျရောက်လာသည့်အလား လေပြင်းမုန်တိုင်းများ တဖျတ်ဖျတ် တိုက်ခတ်လာပြီး မိုးမြေကောင်းချီးတို့မှာလည်း အဆင့်ကြီးတစ်ဆင့် ချိုးဖြတ်သွားသည့် ကျင့်ကြံသူများအပေါ် တဝုန်းဝုန်း တဒိုင်းဒိုင်း ကျရောက်လာကုန်ကြတော့လေသည်။

မေပယ်မြို့တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်လာလေ၏။ သို့ရာတွင် ရှေးဟောင်းချိတ်စည်းအပြင်ဘက်၌ ရပ်နေကြသော ရန်ကိုင်နှင့် အခြားသူများမှာမူ ပိုမိုများပြားသော အကျိုးအမြတ်များကို ရရှိခဲ့ကြပေသည်။

တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးတိုင်းသည် ဈာန်ဝင်စားနေသည့်အလား မျက်လုံးများပိတ်၍ ရပ်နေကြလေသည်။ သိပ်သည်းလှသော မိုးမြေစွမ်းအင်များသည် သူတို့၏ကျင့်စဉ်အား လှည့်ပတ်ထားခြင်း မရှိသည့်တိုင် သူတို့၏ခန္ဓာကိုယ်ထဲသို့ အလိုလို စီးဝင်နေကြလေ၏။ အရှိန်မပျက် စီးဝင်လာနေသော သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များကြောင့် ထိုကျင့်ကြံသူများမှာ အလွန်တရာကိုမှ လန်းဆန်းပေါ့ပါးသလို ခံစားနေကြရလေသည်။

ရန်ကိုင့်၏ ခန္ဓာကိုယ်တွင်းဆီမှလည်း အက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြောင့် ရန်ကိုင့်အမူအယာ ထူးဆန်းသွားခဲ့ပြီး ချက်ချင်း စိတ်လှုပ်ရှားလာခဲ့လေသည်။

“ညီလေးရန်…” ချင်းကျောင်းရန်က ရုတ်တရက် ခက်ခက်ခဲခဲဖြင့် လှမ်းအော်ခေါ်လိုက်လေသည်။

“ဘာဖြစ်လို့လဲ…” ရန်ကိုင်က ချင်းကျောင်းရန်ဘက်သို့ လှည့်၍ ကြည့်လိုက်လေ၏။

“ငါဆက်ပြီး ထိန်းထားလို့ မရတော့ဘူး…” ချင်းကျောင်းရန်သည် နာကျင်နေသည့်အလား မျက်နှာကြီးကို ရှုံ့မဲ့ရင်း ရန်ကိုင့်ဘက်သို့ ရုတ်တရက်လှည့်၍ အော်ပြောလိုက်လေ၏။ “ငါအဆင့်ချိုးဖြတ်ဖို့ နေရာတစ်ခု ရှာဖို့ လိုနေပြီ…”

ထိုစကားကို ကြားကြားချင်း ရန်ကိုင် မျက်မှောင်ကျုံ့သွားလေ၏။ သို့သော်ငြား ခဏအကြာ၌ ဝမ်းသာအားရဖြင့် “ဂုဏ်ယူပါတယ် မိသားစုခေါင်းဆောင်ချင်း…”

အသက်ကြီးလာသည့်အတွက်ကြောင့် ချင်းကျောင်းရန်အဖို့ နောက်တစ်ဆင့်သို့ ချိုးဖြတ်ရန် အတော်လေး အခွင့်အရေး နည်းပါးသွားခဲ့သည်။ သို့သော်ငြား သိပ်သည်းလှသည့် မိုးမြေစွမ်းအင်၏ ရုတ်တရက် လွှမ်းခြုံခြင်း ခံလိုက်ရပြီးသည့်နောက်တွင် အခွင့်အရေးတစ်ခုမှာ သူ့ရှေ့သို့ စိုက်စိုက်မြိုက်မြိုက် ရောက်ရှိလာလေတော့သည်။

ဤအခွင့်အရေးသာ မရှိပါက ချင်းကျောင်းရန်၏ အရည်အချင်းနှင့် အသက်အရွယ်အရ သူ့အနေဖြင့် တာအိုသခင် ဒုတိယအဆင့်သို့ မည်သို့မှ ချိုးဖြတ်နိုင်တော့လိမ့်မည် မဟုတ်ချေ။ သူ့အနေဖြင့် တာအိုသခင်ဒုတိယအဆင့်သို့ ချိုးဖြတ်သွားနိုင်ခြင်းသည် ချင်းမိသားစုအတွက် ကောင်းချီးတစ်ခု ဖြစ်ပေသည်။ မေပယ်မြို့အတွက်လည်း အလားတူပင် ဖြစ်လေ၏။

ချင်းကျောင်းရန်က ခါးသက်စွာ ပြုံးလျက် “အဆင့်ချိုးဖြတ်နိုင်တာက ဝမ်းသာစရာ ဆိုပေမဲ့ အခုအချိန်က သိပ်ပြီးတော့ ဝမ်းသာစရာ ကောင်းမနေဘူး… ဒီက အခြေအနေတစ်ခုလုံးက လုံးဝကို ရောက်ယက်ခက်နေတာ… ဒီတော့ ညီလေးရန် ငါ့ကို တစ်ချက်လောက် ကာကွယ်ပေးထားလို့ရမလား…”

“ကိစ္စမရှိဘူး…” ရန်ကိုင်က အလျင်စလို သဘောတူလိုက်ပြီးသည့်နောက် သူ့ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်လေသည်။ လက်ရှိတွင် ကျင့်ကြံသူပေါင်းများစွာ၏ ခန္ဓာကိုယ်ထဲရှိ အရင်းအမြစ်ချီများမှာ မတည်မငြိမ် ဖြစ်နေကြလေ၏။ သူတို့ကို ကြည့်ရသည်မှာ အဆင့်ချိုးဖြတ်တော့မည့် ပုံစံမျိုးပင်။

“စွမ်းအင်အရင်းအမြစ်နေရာဆီ သွားကြတာပေါ့…” ရန်ကိုင်သည် ချင်းကျောင်းရန်ကို ခေါ်၍ ပြေးထွက်သွားလေသည်။

ဤနေရာတွင် ကျင့်ကြံသူပေါင်းများစွာ ရှိနေကြသည်။ အကုန်လုံးမှာ တာအိုသခင်အဆင့် ပညာရှင်များ ဖြစ်ကြသည့်အတွက် သူတို့ အဆင့်ချိုးဖြတ်ရာမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများမှာ အလွန်ကိုမှ ဗရမ်းဗတာ ဖြစ်နေပေလိမ့်မည်။ ထို့အတွက်ကြောင့် ဤနေရာတွင် အဆင့်ချိုးဖြတ်ခြင်းသည် ကောင်းမွန်သည့် နည်းလမ်းတစ်ရပ်တော့မဟုတ်။ ထို့အတွက်ကြောင့်ပင်လျှင် ရန်ကိုင်သည် အတွင်းပိုင်းထဲသို့ သွားရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်ပေသည်။

“အရင်းအမြစ်…” ချင်းကျောင်းရန် မျက်လုံးမှေးစင်းသွားခဲ့လေ၏။ သို့သော်ငြား ရန်ကိုင် မည်သည့်အရာကို ပြောချင်နေမှန်း အလျင်အမြန် နားလည်သွားခဲ့လေသည်။

မကြာမီ ရန်ကိုင်နှင့် ချင်းကျောင်းရန်သည် ဧရာမတွင်းပေါက်ကြီးထဲသို့ ခုန်ဆင်းသွားခဲ့ကြလေသည်။ အဆက်မပြတ် အပေါ်သို့ တိုးထွက်လာနေသော မိုးမြေစွမ်းအင်များကို တွန်းလှန်ရင်း အောက်သို့ ဆင်းသွားခဲ့ကြသည်။

ရန်ကိုင်၏ နည်းလမ်း အမှန်တကယ်ကို မှန်ကန်ပေသည်။ အောက်သို့ ဆင်းလာသည်နှင့်အမျှ မိုးမြေစွမ်းအင်၏ သိပ်သည်းသန့်စင်နှုန်းမှာလည်း ပို၍ မြင့်မားလာခဲ့လေ၏။ မြေပြင်ပေါ်ရှိ မိုးမြေစွမ်းအင်မှာ အံ့အားသင့်ဖွယ်ကောင်းသည်ဟု ပြော၍ရသော်ငြား အောက်ဘက်ရှိ မိုးမြေစွမ်းအင်မှာတော့ လုံးဝကို အခြားအဆင့်တစ်ခုအထိ ရောက်သွားပြီဟုပင် ပြော၍ရပေသည်။

ဤမျှ သိပ်သည်းလှသော မိုးမြေစွမ်းအင်၏ အကူအညီ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ချင်းကျောင်းရန်အနေဖြင့် ယခုတစ်ကြိမ် အဆင့်တက်ရာတွင် ကျရှုံးစရာ အကြောင်းအရင်း မရှိတော့ချေ။ ထို့အတွက်ကြောင့် ချင်းကျောင်းရန်ကိုယ်တိုင်မှာလည်း အတော်လေးကိုမှ ဝမ်းသာစိတ်လှုပ်ရှားလာခဲ့ကာ သူ့မျက်နှာဆိုလျှင် နှစ်ပေါင်းများစွာ ပိုငယ်သွားသလားဟုပင် ထင်မှတ်ရလေသည်။

မီတာတစ်ထောင်အကျော်အထိ ဆင်းလာပြီးသည့်နောက် မြေပြင်ပေါ်သို့ နှစ်ဦးစလုံး ရောက်လာခဲ့ကြသည်။

သူတို့အောက်ဘက်ရှိ မြေပြင်မှာ မြေသားသီးသန့်မဟုတ်ဘဲ ရေကန်လေးတစ်ကန် ဖြစ်နေခဲ့လေသည်။ သို့ရာတွင် ဤနေရာရှိ ရေသည် သာမန်ရေမျိုးမဟုတ်ဘဲ ဝိဉာဉ်စွမ်းအင်များ အလွန်တရာ သိပ်သည်းရာမှ အရည်အဖြစ်သို့ ပြောင်းလဲသွားသည့် စိတ်ဝိဉာဉ်ချီအရည်များသာ ဖြစ်ကြလေသည်။

ရန်ကိုင်သည် ထိုနေရာတွင် အကြာကြီး ရပ်မနေခဲ့ဘဲ လမ်းကြောင်းတစ်ခုရွေးကာ ရှေ့သို့ ဆက်သွားလေ၏။ အချိန်အတော်ကြာ သွားပြီးသည့်နောက် ရန်ကိုင် ရပ်သွားခဲ့လေသည်။ သူ့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ချင်းကျောင်းရန်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “မိသားစုခေါင်းဆောင်ချင်း… ဒီမှာ အဆင့်ချိုးဖြတ်လို့ရတယ်… ဘယ်သူမှ ဒီကို အချိန်တိုအတွင်း ရောက်လာမှာမဟုတ်ဘူး…”

လက်ရှိအချိန်တွင် အကုန်လုံးမှာ အဆင့်ချိုးဖြတ်ရန်အတွက် မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူနေကြလေရာ မည်သူကများ မြေအောက်လိုဏ်ခေါင်းကို စစ်ဆေးချင်စိတ် ရှိနေပါဦးမည်နည်း။ ထို့အတွက်ကြောင့် ရန်ကိုင်ပြောသည်မှာ ယုတ္တိရှိပေသည်။

ချင်းကျောင်းရန်မှာလည်း ဆက်မထိန်းထားနိုင်တော့သည့်အတွက်ကြောင့် ခေါင်းညိတ်၍ ချက်ချင်း တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။ ထို့နောက် ကျင့်စဉ်ကို လှည့်ပတ်လိုက်လေ၏။

ရန်ကိုင်မှ သူ့လက်အား ဝှေ့ယမ်းလိုက်သည့်နောက် ပုံရိပ်သုံးခု ပေါ်လာခဲ့လေ၏။

“ဆရာ… ဒါဘယ်နေရာလဲ…” သူမ၏ ဘေးပတ်ဝန်းကျင်မှာ ပုံမှန်နှင့်မတူ ထူးဆန်းနေသည်ကို မြင်သော် ကျန်းရို့ရှီသည် သူမပါးစပ်အား လက်ဖြင့်အုပ်ရင်း အလန့်တကြားဖြင့် မေးလိုက်လေသည်။

ဟွာချင်းစီ၏ မျက်လုံးလှလှလေးများ ပြူးကျယ်သွားခဲ့ပြီး ကတုန်ကယင်ဖြင့် “ရန်… ရန်ကိုင်… နင် ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ကျင့်ကြံခြင်းနယ်မြေထဲကို ခွင့်ပြုချက်မရဘဲ ဖောက်ဝင်လာတာလို့တော့ ငါ့ကို မပြောနဲ့နော်…”

လျို့ယန်သည် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရင်း သူမ၏ နှုတ်ခမ်းလေးများ တွန့်ကွေးသွားခဲ့လေသည်။ သို့သော်ငြား ဘာမျှ မပြောခဲ့ပေ။

ရန်ကိုင်ကမူ ပြုံး၍သာ ပြန်ပြောလိုက်လေ၏။ “ဘယ်လိုလုပ်ပြီး ဟုတ်ရမှာလဲ…”

“ဒီနေရာက မိုးမြေစွမ်းအင်က…” ဟွာချင်းစီမှာ ထိတ်လန့်နေခဲ့လေ၏။

“ဒီနေရာနဲ့ ယှဉ်လိုက်ရင် နင်တို့ ကြယ်ဝိဉာဉ်နန်းတော်က ကျင့်ကြံရေးသုခဘုံတွေက ဘယ်လိုနေလဲ…” ရန်ကိုင်က စိတ်ဝင်တစားဖြင့် မေးလိုက်လေသည်။

“သိပ်မကွာဘူး…” ခဏမျှ စဉ်းစားနေပြီးသည့်နောက် ဟွာချင်းစီက ပြန်ပြောလိုက်လေ၏။ “ငါတို့ ကြယ်ဝိဉာဉ်နန်းတော်က ကျင့်ကြံရေးသုခဘုံတွေကို သုံးပိုင်း ပိုင်းထားတယ်… ကောင်းကင်၊ မြေပြင်နဲ့ သာမန်ဆိုပြီးတော့… ငါကျင့်ကြံခြင်းအဆင့်နဲ့ ဆိုရင်တော့ မြေကမ္ဘာအဆင့် ကျင့်ကြံရေးသုခဘုံတွေထဲကိုပဲ ဝင်လို့ရတယ်… ဒါပေမဲ့ အဲ့လိုဝင်ဖို့ဆိုရင်တောင် အမှတ်တွေ အများကြီး ပေးရသေးတယ်… ဒီနေရာက မိုးမြေစွမ်းအင်က အဲ့မြေအဆင့် ကျင့်ကြံရေးအခန်းတွေထဲက မိုးမြေစွမ်းအင်ထက်တောင် ပိုပြီး သိပ်သည်းသေးတယ်…”

“ကောင်းကင်အဆင့်ကရော…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။

“အဲ့ဒါတော့ ငါမသိဘူး…” ဟွာချင်းစီက ခေါင်းခါလျက် ခါးသက်သက် အမူအယာဖြင့် “ဧကရာဇ်အဆင့်တွေပဲ ကောင်းကင်အဆင့် အခန်းတွေထဲကို ဝင်ခွင့်ရတာ… ငါတို့မှာ ဝင်ခွင့်မရှိဘူး…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။

“ဒီနေရာက ဘယ်နေရာလဲ… ဘာဖြစ်လို့ မိုးမြေစွမ်းအင်တွေ ဒီလောက်တောင် သိပ်သည်းနေရတာလဲ…” ဟွာချင်းစီက ထပ်မေးလိုက်လေ၏။

“ဒီနေရာက ငါတို့အရင်တုန်းက တစ်ခါရောက်လာခဲ့ဖူးတဲ့ ရှေးဟောင်းချိတ်စည်း ရှိနေတဲ့နေရာပဲ… ဒီနေရာကိုဘယ်လိုခေါ်လဲ ဒီအောက်မှာ ဘာတွေ ရှိလဲ ဆိုတာတော့ ငါမသိဘူး… ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ဒီနေရာမှာ မြေကမ္ဘာချီကြောမတွေနဲ့ အရင်းအမြစ်ကျောက်တွင်းတစ်တွင်း ရုတ်တရက်ကြီး ပေါ်လာတယ်…”

ထိုစကားကို ကြားပြီးသည့်နောက် ဟွာချင်းစီ မင်သက်သွားခဲ့လေသည်။

ရန်ကိုင်မှ သူမအား ဖမ်းပြီး ကမ္ဘာငယ်လေးထဲသို့ ထည့်ပိတ်ထားလိုက်သည့် အချိန်မှစ၍ ဟွာချင်းစီသည် သူမ၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူမ၏ ဝိဉာဉ်အမှတ်အသားကိုပါ ပေးခဲ့လိုက်ရလေသည်။

သို့သော်ငြား ထို့အတွက်ကြောင့်ပင်လျှင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးသော အဆုံးမဲ့ရတနာဆေးလုံးအား သူမ ရရှိခဲ့လေသည်။

“အပိုစကားတွေ ပြောမနေတော့နဲ့ ဒီလိုအခွင့်အရေးမျိုးဆိုတာ လက်လွတ်သင့်တဲ့ဟာမျိုး မဟုတ်ဘူး… မြန်မြန်ထိုင်ပြီး ကျင့်ကြံလိုက်…”

ဟွာချင်းစီနှင့် ကျန်းရို့ရှီတို့ နှစ်ဦးစလုံး အသီးသီး ခေါင်းညိတ်လိုက်ကြပြီး နေရာတစ်ခုရှာကာ တင်ပလင်ခွေ ထိုင်လျက် သူတို့၏ကျင့်စဉ်များကို လှည့်ပတ်လိုက်ကြလေသည်။

ဟွာချင်းစီသည် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်တစ်ဦး ဖြစ်သလို အားကောင်းသည့် တာအိုသခင်တတိယအဆင့် ကျင့်ကြံခြင်းကိုလည်း ပိုင်ဆိုင်ထားလေ၏။ ယခင်တစ်ကြိမ်တွင် ရန်ကိုင့်လက်၌ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသော်ငြား သူမသည် အထင်သေးလို့ရသည့် လူစားမျိုးထဲ မပါဝင်ပေ။ တခဏအတွင်းဆိုသလို သူမ၏ ခန္ဓာသည် အဆုံးမဲ့ တွင်းနက်ကြီးတစ်ခု အလား အနီးအနားတစ်ဝိုက်တွင် ရှိနေသော မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူတော့လေသည်။

ဟွာချင်းစီကို ကြည့်ရင်း ရန်ကိုင် အံ့ဩတကြီး ဖြစ်သွားခဲ့လေ၏။ ချက်ချင်းဆိုသလို သူ့အား ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားစေသည့် မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့လေ၏။

ကျန်းရို့ရှီ၏ ခန္ဓာကိုယ်လေးဆီမှ တဝီဝီမြည်သံများ အစဉ်မပြတ် ထွက်ပေါ်လာခဲ့သည်။ ခဏအကြာ၌ ကျန်းရို့ရှီ၏ သေးသွယ်သွယ် ခန္ဓာကိုယ်လေးသည် အဆုံးမဲ့တွင်းပေါက်ကြီး တစ်ခုနှယ် အနီးအနားတစ်ဝိုက်တွင် ရှိနေသော မိုးမြေစွမ်းအင်များကို လျင်မြန်စွာ ဝါးမျိုတော့လေသည်။

ကျန်းရို့ရှီ၏ ကျင့်ကြံခြင်း အရှိန်အဝါမှာလည်း အလွန်လျင်မြန်သည့်နှုန်းဖြင့် မြင့်တက်လာနေခဲ့လေ၏။

“ခရက်…”

ကျန်းရို့ရှီဆီမှ ပုံမှန်မဟုတ်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ကျန်းရို့ရှီ၏ ခန္ဓာကိုယ်ကို ဗဟိုပြုလျက် မမြင်နိုင်သော စွမ်းအားလှိုင်းတစ်လှိုင်းသည် အဖက်ဖက်သို့ ပြန့်ထွက်လာခဲ့လေ၏။

“ဒါက…” ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။

သွေးမျိုးဆက် နိုးထလာသည့် အချိန်မှစ၍ ကျန်းရို့ရှီ၏ ကျင့်ကြံခြင်းမှာ အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် မြင့်တက်လာခဲ့ရသည်။ မိုးမြေစွမ်းအင် ပိုမိုသိပ်သည်းလေ သူမ၏ကျင့်ကြံခြင်း တိုးတက်သည့်နှုန်းမှာ ပိုမိုမြန်ဆန်လေပင်။ ကျန်းရို့ရှီသည် မည်သည့်အဆင့်တစ်ဆို့ အတားအဆီးကိုမှ မကြုံရပေ။ စွမ်းအင်အလုံအလောက်ကိုသာ စုဆောင်းနိုင်သရွေ့ သူမအနေဖြင့် နောက်တစ်ဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ပေသည်။ သူမ၏ ရှီစွမ်းအင်ပင်လျှင် မည်သည့်အတားအဆီးနှင့်မှ မကြုံရပဲ ပြီးပြည့်စုံခြင်းအဆင့်သို့ အလွယ်တကူ ရောက်ရှိသွားခဲ့သည်။

ယခုတစ်ကြိမ်တွင်လည်း ကျန်းရို့ရှီသည် တန်ခိုးရှင် တတိယအဆင့်သို့ အလွယ်တကူ ချိုးဖြတ်ဝင်ရောက်သွားခဲ့ပြန်လေသည်။

ရန်ကိုင့်အနေဖြင့် ကျန်းရို့ရှီ၏ ဆန်းကြယ်လှသော သွေးမျိုးဆက်အကြောင်းကို သိလိမ့်မည် မဟုတ်သော်ငြား ဤနေရာသည် ကျန်းရို့ရှီ ကျင့်ကြံရန်အတွက် အကောင်းမွန်ဆုံး နေရာတစ်ခု ဖြစ်သည်မှာတော့ မြေကြီးလက်ခတ်မလွဲပင်။

ရန်ကိုင့်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့လေသည်။ (ကျန်းရို့ရှီသာ ကြယ်ဝိဉာဉ်နန်းတော်ထဲက ကောင်းကင်အဆင့် ကျင့်ကြံခြင်းအခန်းတွေထဲမှာ နှစ်တွေအများကြီး ကျင့်ကြံခွင့်ရမယ်ဆိုရင် ဘယ်လိုနေမလဲ မသိဘူး…)

(ဧကရာဇ်အဆင့်ကိုများ တစ်ခါတည်း တန်းရောက်သွားမလား…)

“သခင်လည်း နောက်တစ်ဆင့်ကို တက်တော့မဲ့ပုံပဲနော်…” လျို့ယန်သည် ရန်ကိုင့်အား ကြည့်ရင်း ပြောလိုက်လေ၏။

သူမ၏ ကျင့်ကြံခြင်းမှာ ပိုမိုအားကောင်းလာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာနေသော စွမ်းအင်တုန်ခါလှိုင်းများကို အလွယ်တကူ ခံစားမိပေသည်။

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “နင် ဒီနေရာကို တစ်ချက်လောက် စောင့်ပေးထားလိုက်…”

ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် ကမ္ဘာငယ်လေးကို ထုတ်ယူလိုက်လေသည်။ လက်ကွက်အချို့ ဖန်တီးလိုက်ပြီးသည့်နောက်တွင် ကမ္ဘာငယ်လေးဆီမှ ဆွဲအားတစ်ရပ် ထွက်ပေါ်လာကာ အနီးအနားတစ်ဝိုက်တွင် ရှိနေသော မိုးမြေစွမ်းအင်များကို စတင် ဆွဲယူတော့လေသည်။ စိတ်ဝိဉာဉ်ချီအရည်များသည် ရေစီးကြောင်းများအလား ကမ္ဘာငယ်လေးထဲသို့ တသွင်သွင် စီးဝင်သွားကုန်ကြလေ၏။

ထိုကမ္ဘာငယ်လေးအား လျို့ယန်ဆီသို့ ပစ်ပေးလိုက်ပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေသည်။ “နေရာတစ်နေရာရှာပြီး ပုန်းနေနှင့်လိုက်… ဒီမှာ လူတွေ အများကြီးပဲ…”

လျို့ယန်လည်း ခေါင်းညိတ်၍ ကမ္ဘာငယ်လေးကိုယူကာ ရန်ကိုင်ပြောသည့်အတိုင်း တစ်နေရာရာတွင် သွားပုန်းနေလိုက်လေသည်။

သို့သော်ငြား သူမ ထွက်မသွားခင် သူမ၏မျက်လုံးထဲ မနာလိုအားကျသည့် အရိပ်အယောင်အချို့ကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။ ဤသို့ဖြစ်သည်မှာလည်း ဖြစ်ချင်စရာပင်။ အကုန်လုံးမှာ အလွန်သိပ်သည်းလှသော မိုးမြေစွမ်းအင်များကို စုပ်ယူခွင့် ရနေချိန် လျို့ယန်မှာတော့ မစုပ်ယူနိုင်ပဲ ဤနေရာကိုသာ စောင့်ကြပ်နေရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၆၅)

လျို့ယန်သည် ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်း မရှိသည့်အတွက်ကြောင့် သူမ၏ခွန်အား တိုးတက်ရန် အလို့ငှာ ရှားပါးသော မီးတောက်များကို ဝါးမျိုသည့် နည်းလမ်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။ သာမန်သက်ရှိများကဲ့သို့လည်း မိုးမြေစွမ်းအင်ကို တိုက်ရိုက် စုပ်ယူ၍ မရနိုင်ချေ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် လျို့ယန်အား ကျန်နှစ်ယောက်ကို စောင့်ကြပ်ပေးရန် ပြောခဲ့ခြင်း ဖြစ်ပေသည်။

လျို့ယန် ပုန်းနေပြီးသည့်နောက်တွင် ရန်ကိုင်သည် အင်းစက်ဘုရင်မနှင့် မီးတောက်ပြာမိုးကြိုးဝံပုလွေတို့ကို ဆင့်ခေါ်လိုက်လေသည်။

သူ့ကျင့်ကြံခြင်း တိုးတက်လာသည်နှင့်အမျှ ထိုမွန်းစတားသားရဲနှစ်ကောင်မှ ပေးစွမ်းနိုင်သည့် အကူအညီမှာ တဖြည်းဖြည်း လျော့ကျလာခဲ့ရသည်။ အထူးသဖြင့် တာအိုသခင် ဒုတိယအဆင့်လောက်သာ အားကောင်းသော မီးတောက်ပြာမိုးကြိုးဝံပုလွေပင် ဖြစ်လေသည်။ ထိုမွန်းစတားသားရဲနှစ်ကောင်သည် အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ အသုံးမဝင်သလို အားနည်းသည့်ရန်သူများကို တိုက်ခိုက်ရာတွင်လည်း ထင်သလောက် မြန်ဆန်ခြင်း မရှိ။ သို့သော်ငြား ဤကဲ့သို့သော နေရာမျိုးတွင်မူ ထိုမွန်းစတားသားရဲနှစ်ကောင်မှာ အတော်လေး အသုံးဝင်သည်ဟု ပြော၍ ရပေသည်။

ကောင်းကင်စိတ်အာရုံကို သုံးလျက် သွေးသားရဲနှစ်ကောင်အား ပုန်းနေရန် အမိန့်ပေးပြီးသည့်နောက်တွင် ရန်ကိုင်သည် နေရာတစ်ခုရှာကာ တင်ပလင်ခွေ ထိုင်ချလိုက်လေသည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း နောက်တစ်ဆင့်သို့ ချိုးဖြတ်ခါနီးနေခဲ့လေပြီ။ ထို့အတွက်ကြောင့် အခြားမည်သည့်အရာကိုမှ အာရုံစိုက်မနေတော့ဘဲ သူ့ကိုယ်သူသာ အပြည့်အဝ အာရုံစိုက်ထားလိုက်တော့လေ၏။

ဤကဲ့သို့သော နေရာမျိုး၌ သူ့ကျင့်စဉ်အား မလှည့်ပတ်ဘဲနှင့်ပင်လျှင် သိပ်သည်းလှသော မိုးမြေစွမ်းအင်များသည် သူ့ကိုယ်ထဲသို့ အလျင်မပြတ် စီးဝင်နေခဲ့လေ၏။ အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင်စုဆောင်းထားသည့် ချီစွမ်းအင်ပမာဏမှာ တဖြည်းဖြည်း တိုးများလာခဲ့လေသည်။

တစ်ခုသော အချိန်သို့ အရောက်တွင် ရန်ကိုင့်ကိုယ်ထဲရှိ အရင်းအမြစ်ချီပမာဏမှာ ပြည့်ဝသည့် အခြေအနေသို့ ရောက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့အား ရှေ့ဆက်တိုးမရအောင် တားဆီးနေသော မမြင်နိုင်သည့် နံရံတစ်ခုကိုလည်း ရန်ကိုင် စတင် ခံစားမိလာခဲ့သည်။

သို့ရာတွင် ရန်ကိုင်မှာ ပျာယာခတ်သွားခြင်း မရှိဘဲ စွမ်းအင်များကို စုစည်းလျက် သူ့အား ရှေ့ဆက်မတိုးနိုင်အောင် တားဆီးနေသော အတားအဆီးကို ဖျက်ဆီးရန် ကြိုးစားလိုက်လေသည်။

“ဘုန်း…”

ရန်ကိုင်၏ခန္ဓာကိုယ် တသိမ့်သိမ့် တုန်ရီသွားခဲ့ပြီး သူ့မျက်နှာဟာလည်း သွေးမရှိတော့သည့်အလား ဖြူလျော်သွားခဲ့လေသည်။ အဆင့်တစ်ဆို့ အတားအဆီးအား ချိုးဖြတ်ရန် ကြိုးစားမှုသည် အောင်မြင်ခြင်း မရှိခဲ့ပေ။

ရန်ကိုင် စတင်ကျင့်ကြံသည့် အချိန်မှစ၍ ယခုကဲ့သို့ ဖြစ်သည်မှာ ရှားပါးလှသည်။ သူအလွန်အားနည်းစဉ် အခါမျိုးတွင်ကသာလျှင် ဤကဲ့သို့သော အဆင့်တစ်ဆို့ အတားအဆီးမျိုးနှင့် ကြုံခဲ့ရလေသည်။ ထို့ကြောင့် ယခုတစ်ကြိမ် ဤကဲ့သို့သော အခိုက်အတန့်မျိုးနှင့် ထပ်မံကြုံကြိုက်လာရသည့်အခါ ရန်ကိုင် အတိတ်ကိုပင် လွမ်းဆွတ်ချင်မိသွားခဲ့လေသည်။ ထိတ်လန့်သွားခဲ့ခြင်း မရှိဘဲ ရန်ကိုင်သည် ညစ်ကျယ်ကျယ်သာ ပြုံး၍ ဆက်လက် ကြိုးစားလိုက်သည်။

ဤကဲ့သို့ ဖြစ်သည်မှာလည်း အထူးအဆန်းတော့မဟုတ်။ ယခုတစ်ကြိမ် ရန်ကိုင် အဆင့်တက်လိုရခြင်းမှာ သူ့ဘာသာသူ ကျင့်ကြံခြင်းကြောင့် မဟုတ်ဘဲ ပြင်ပအကူအညီကြောင့် ဖြစ်သည်ကိုး။ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာသည့် အတွက်ကြောင့် ရန်ကိုင့်ကိုယ်ထဲရှိ စွမ်းအင်ပမာဏမှာ ပြည့်ဝသည့် အဆင့်သို့ ရောက်ကာ နောက်တစ်ဆင့်သို့ အလိုလို ချိုးဖြတ်လာလိုခြင်း ဖြစ်သည်။ သို့သော်ငြား မည်သို့သော အခက်အခဲကို ကြုံတွေ့နေပါစေ ထိုအခက်အခဲများသည် ရန်ကိုင့်၏ တိုက်ခိုက်လိုစိတ်အား မှေးမှိန်သွားစေခြင်း မရှိဘဲ ပို၍ လောင်မြိုက်လာစေခဲ့လေသည်။

ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် သူ့စွမ်းအင်များကို နောက်တစ်ကြိမ် ထပ်မံ စုစည်းလိုက်လေ၏။ ခဏအကြာ၌ မမြင်နိုင်သည့် အတားအဆီးအား ထပ်မံချိုးဖြတ်ရန် ကြိုးစားလိုက်လေသည်။

“ဘုန်း ဘုန်း ဘုန်း…”

ရန်ကိုင်သည် အရင်းအမြစ်ချီကို စုစည်းလိုက် အတားအဆီးကို ဖျက်ဆီးရန် ကြိုးစားလိုက်ဖြင့် ထပ်တလဲလဲ လုပ်နေခဲ့လေသည်။ လုပ်ဖန်များလာလတ်သော သူ့ခန္ဓာကိုယ်ပင်လျှင် နာကျင်လာကာ သူ့ဝိဉာဉ်ဟာလည်း အောင့်သက်သက် ဖြစ်လာခဲ့လေသည်။ ထိုနာကျင်မှုမျိုးသည် သာမန်လူတစ်ဦးအား သတိလစ်သွားအောင် လုပ်နိုင်လောက်အောင် ပြင်းထန်လွန်းလှသည်။ ယခုတွင်သာ ရန်ကိုင် လက်လျှော့လိုက်မည်ဆိုပါက သူ၏ သိုင်းနှလုံးသားမှာလည်း ထိခိုက်သွားရပေလိမ့်မည်။ ထိုသို့ ဖြစ်သွားသည့်အခါ နောက်တစ်ဆင့်သို့ ထပ်တက်ရန် လွယ်ကူတော့လိမ့်မည် မဟုတ်ချေ။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤကဲ့သို့သော နာကျင်မှုမျိုးကို မခံစားနိုင်သည့်အတွက်ကြောင့် သူတို့ကိုယ်သူတို့ စတင် သံသယဝင်လာကြလေသည်။ ဤနည်းဖြင့် ကိုယ်တွင်းနတ်ဆိုးများ ဖြစ်လာခဲ့ပြီး နောက်တစ်ဆင့်သို့ မတက်ရောက်နိုင် ဖြစ်ကုန်ကြရလေ၏။ ကျင့်ကြံသူများအနေဖြင့် အထွဋ်အထိပ်သို့ ရောက်လိုပါက ဇွဲရှိရှိဖြင့် ကြိုးစားရန် လိုအပ်ပေသည်။

မခံမရပ်နိုင်လောက်အောင် ပြင်းထန်လှသော နာကျင်မှုသည် ရန်ကိုင်၏ ယုံကြည်ချက်အား လျော့ကျသွားအောင် မလုပ်နိုင်ခဲ့ပေ။ ထို့အစား သူ၏ကြိုးစားလိုစိတ်ကို ပို၍ပင် အားကောင်းသွားစေခဲ့လေ၏။

“တာအိုဆိုတာ အရာအားလုံးရဲ့ အခြေခံပဲ… ဘယ်အရာမဆို တာအိုကိုပဲ အခြေခံထားတာ… အထွဋ်အထိပ်တာအိုကို လျှောက်လမ်းနိုင်ဖို့ လိုအပ်တဲ့ ကံတရားကို ကိုယ်ကိုယ်တိုင်ကပဲ ဖန်တီးရမှာ… ဖန်တီးနိုင်တဲ့ စိတ်စွမ်းအားကလည်း နှလုံးသားကနေပဲ မွေးဖွားလာတာ… ပုံရိပ်ယောင်ဆိုတာလည်း နှလုံးသားကနေပဲ မွေးဖွားလာခဲ့တာ… အဲ့ပုံရိပ်ယောင်တွေကိုလည်း နှလုံးသားကပဲ ဖျက်ဆီးနိုင်စွမ်း ရှိတာ…”

ရန်ကိုင့်စိတ်ထဲ တစ်စုံတစ်ခုအား အလိုလို နားလည်သွားခဲ့ပြီး သူ့စိတ်အခြေအနေသည် ဈာန်ဝင်စားသည့် အခြေအနေသို့ မသိလိုက်မသိဘာသာ ရောက်ရှိသွားခဲ့လေသည်။

အသွင်မဲ့ စွမ်းအားတစ်ရပ်သည် ရန်ကိုင့်ခန္ဓာကိုယ်တစ်ဝိုက် ရစ်သိုင်းရင်း သိမ်မွေ့နက်နဲသည့် စွမ်းအင်တစ်ခုအဖြစ်သို့ ပြောင်းလဲလျက် ရန်ကိုင့်အား နောက်တစ်ဆင့်သို့ ထပ်မလှမ်းနိုင်အောင် ချုပ်နှောင်ထားသော အတားအဆီးအားလုံးကို ရှင်းထုတ်ပစ်နေခဲ့လေသည်။

“ဘုန်း ဘုန်း…”

ချီစွမ်းအင်လှိုင်းတို့သည် ရန်ကိုင့်ခန္ဓာကိုယ်အား ဗဟိုပြုလျက် အဖက်ဖက်သို့ ပျံ့နှံ့လာခဲ့လေသည်။ တစ်ချိန်တည်းတွင် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံခြင်း အရှိန်အဝါမှာလည်း ရန်ကိုင့်ဆီမှ ဖြာထွက်လာခဲ့လေ၏။ ရန်ကိုင်သည် မလှုပ်မယှက်ကို ထိုင်နေခဲ့လေသည်။ သူ့စိတ်ထဲ၌လည်း ထူးဆန်းသော ခံစားချက်တစ်ခု ရနေခဲ့လေ၏။ သူ၏နာမ်ဝိဉာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်လျက် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေသလို ရန်ကိုင် ခံစားနေခဲ့ရသည်။

ကမ္ဘာငယ်လေးကို ဆုပ်ကိုင်လျက် အနီးအနားတစ်နေရာတွင် ပုန်းနေသော လျို့ယန်ကို ရန်ကိုင် အတိုင်းသား မြင်နေရလေသည်။

ရန်ကိုင်နှင့် လျို့ယန်ကြား၌ ရှင်းပြမရသော ဆက်သွယ်ချက်တစ်ခုခု ရှိနေသည့် အတွက်ကြောင့်လားမသိ လျို့ယန်သည် အံ့အားသင့်နေသည့် အမူအယာဖြင့် မျက်မှောင်လေးကျုံ့လျက် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။

မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူနေသော ဟွာချင်းစီကိုလည်း ရန်ကိုင် မြင်နေရသည်။

ကျန်းရို့ရှီဘက်သို့ လှည့်ကြည့်လိုက်သည့်အခိုက် သူမ၏ကျင့်ကြံခြင်းမှာ တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်နေကြောင်း တွေ့လိုက်ရလေသည်။ အချိန်တိုအတွင်းမှာပင် ကျန်းရို့ရှီသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ယခုဆိုလျှင် မိုးမြေကောင်းချီးကိုပင် ခံယူနေခဲ့လေသည်။

ဥတုလေးမျိုးနယ်မြေထဲ၌ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖြတ်သွားစဉ်က ကဲ့သို့ပင် ယခုတစ်ကြိမ်တွင်လည်း ကျန်းရို့ရှီ၏နောက်ဘက်၌ ဧရာမ အမျိုးသမီးပုံရိပ်တစ်ခု ပေါ်လာနေခဲ့လေသည်။

ထိုပုံရိပ်မှာ ဖြူဖွေးဆွတ်နေကာ မှုန်ဝါးဝါးဖြစ်နေသော်ငြား ပုံရိပ်၏ တကယ့်ပုံစံသည် မိန်းမချောလေးတစ်ဦးမှန်း သိသာလှပေသည်။ ထိုအမျိုးသမီးသည် ဧရာမဓါးကြီးတစ်ချောင်းကို သူမရှေ့တည့်တည့်တွင် ကိုင်စွဲထားခဲ့လေ၏။ ကြယ်ရောင်များကဲ့သို့ တလက်လက်တောက်ပနေသော သူမ၏မျက်ဝန်းအစုံကို စိုက်ကြည့်မိလိုက်သည့်အခိုက် ရန်ကိုင်ပင်လျှင် တခဏတာမျှ မိန်းမောသွားခဲ့ရလေသည်။

ထိုဧရာမပုံရိပ်ကြီးသည် သူမ၏ပါးစပ်ကိုဟလျက် ကောင်းကင်ထက်တွင် စုဝေးနေသော မိုးမြေကောင်းချီးအားလုံးကို စုပ်ယူပစ်လိုက်ပြီးသည့်နောက် ကျန်းရို့ရှီ၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားခဲ့လေသည်။ ဤနည်းဖြင့် ကျန်းရို့ရှီသည်လည်း မည်သည့်အတားအဆီး အန္တရာယ်နှင့်မျှ မကြုံရဘဲ တန်ခိုးရှင်ဘုရင်အဆင့်သို့ အလွယ်တကူ ချိုးဖြတ် ဝင်ရောက်သွားခဲ့လေ၏။

အဆင့်တစ်ဆို့ အတားအဆီးများကို ချိုးဖြတ်၍ နောက်တစ်ဆင့်သို့ ချိုးဖြတ်ဝင်ရောက်နေကြသော တာအိုသခင်အဆင့် ကျင့်ကြံသူပေါင်း များစွာကိုလည်း ရန်ကိုင် မြင်တွေ့ခဲ့ရသေးသည်။ အချို့သည် ရူးသွပ်စွာ ရယ်မောနေကြချိန် အချို့မှာတော့ သူတို့ကြုံနေရသော အဆင့်တစ်ဆို့ အတားအဆီးများအား ချိုးဖြတ်နိုင်ရေး အပေါ်တွင်သာ အာရုံစိုက်ထားကြလေသည်။

ရန်ကိုင်၏ နာမ်ဝိဉာဉ်သည် တဖြည်းဖြည်း ပျံတက်သွားခဲ့ပြီး မီတာထောင်ပေါင်းများစွာအကွာသို့ တမုဟုတ်ချည်း ရောက်ရှိလာခဲ့လေသည်။ လှမ်းကြည့်လိုက်ရာ မိုင်နှစ်ထောင်အကွာတွင် ရှိနေသောမေပယ်မြို့အား လှမ်းမြင်လိုက်ရလေသည်။ လက်ရှိအချိန်တွင် မေပယ်မြို့တစ်ခုလုံး စိတ်လှုပ်ရှားစွာ အော်ဟစ်သံများဖြင့် ဆူညံ ပွက်လောရိုက်နေခဲ့လေ၏။

ကောင်းကင်တစ်ခုလုံးမှာလည်း တိမ်စိုက်တိမ်တိုက်များဖြင့် ပြည့်နေခဲ့လေသည်။ ကျင့်ကြံသူပေါင်းများစွာမှာ အသစ်အသစ်သော အဆင့်ကြီးများသို့ ချိုးဖြတ်ဝင်ရောက်နေသည့်အတွက်ကြောင့် မိုးမြေကောင်းချီးများမှာလည်း ကောင်းကင်ထက် ပလူပျံအောင် ထွက်ပေါ်နေခဲ့လေ၏။

မကြာခဏဆိုသလို အောင်မြင်စွာ အဆင့်ချိုးဖြတ် သွားနိုင်သူများ၏ ဝမ်းသာအားရ အော်ဟစ်သံများကို ရန်ကိုင် ကြားနေခဲ့ရသည်။

ရန်ကိုင်၏ နာမ်ဝိဉာဉ်မှာ တဖြည်းဖြည်းနှင့် အပေါ်သို့ ဆက်တက်နေခဲ့လေသည်။

မကြာမီတွင် မေပယ်မြို့လေးသည် ရန်ကိုင်၏ မြင်ကွင်း၌ အနက်ရောင်အစက်ကလေးတစ်စက် အရွယ်သာ ရှိတော့လေသည်။ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည့်အခါ တလက်လက်တောက်ပနေသော ကြယ်လေးများဖြင့် ပြည့်နှက်နေသည့် အာကာယံ ညကောင်းကင်ကို မြင်တွေ့လိုက်ရလေသည်။

ဤအမှောင်ထုထဲဝယ် ကြယ်တာရာအစုအဝေး၏ လောကနိယာမများသည် သူနှင့် လက်တစ်ကမ်းအကွာ၌ ရှိနေသလို ရန်ကိုင် ခံစားလိုက်ရလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး သူ့လက်ကို ဆန့်ထုတ်၍ ထိုဆန်းကြယ်နက်နဲသော နိယာမများကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်လေသည်။ တကယ့်တကယ်တွင် ရန်ကိုင်သည် မည်သည့်အရာကိုမှ မဖမ်းဆုပ်လိုက်နိုင်သော်ငြား သူ့စိတ်ထဲတွင်မူ တစ်ခုခုအား ထိလိုက်ရသလို ခံစားလိုက်ရလေသည်။

ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေမှန်း ရန်ကိုင် နားမလည်ခဲ့။ ထိုအခိုက်အတန့်မှာပင် အသွင်မဲ့ မိုးမြေစွမ်းအင်တစ်ရပ်သည် ကောင်းကင်ယံထက်မှ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ရန်ကိုင့်တည့်တည့်သို့ ထိုးဆင်းကျလာခဲ့လေသည်။

“မကောင်းတော့ဘူး…” ရန်ကိုင် အလန့်တကြား ထအော်လေ၏။ ထို့နောက် သူ့ဝိဉာဉ်အား အသည်းအသန် ထိန်းချုပ်၍ ရုပ်ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရန် ကြိုးစားလိုက်လေသည်။

“ဘုန်း…”

မိုးမြေစွမ်းအင်တို့နှင့်အတူ လောကစွမ်းအားတို့ပါ လိုက်ပါလာခဲ့လေ၏။

မိုးကြိုးပစ်ချခံလိုက်ရသည့်နှယ် ရန်ကိုင့်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့အရင်းအမြစ်ချီမှာလည်း ထိန်းချုပ်မရအောင် တုန်ခါလာခဲ့လေသည်။

“အဟွတ်…”

ရန်ကိုင် ရွှေရောင်သွေးတစ်ပွက်ကို ထိုးအန်ချလိုက်ရပြီး သူ့အရှိန်အဝါမှာလည်း ချက်ချင်းကို အားနည်းသွားခဲ့လေသည်။ သို့သော်ငြား တမူထူးခြားစွာပင် သူ၏မျက်လုံးများမှာတော့ ကောင်းကင်ထက်တွင် တောက်ပနေသည့် ကြယ်ကလေးများနှယ် တလက်လက် တောက်ပနေလေ၏။

“အဲ့ဒါ ဘာကြီးလဲ…” ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်း ညစ်ကျယ်ကျယ် ပြုံးလျက် ရေရွတ်လိုက်လေသည်။ “လုံလောက်တဲ့ ခွန်အားမရှိဘဲနဲ့ မိုးမြေစွမ်းအင်တွေကို သွားရောက်ထိတွေ့လို့ မရဘူးလို့ ငါ့ကို သတိပေးချင်နေတာလား…”

လောကနိယာမများ၏ ဖိနှိပ်မှုကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် နိယာမစွမ်းအား၏ နောက်ကွယ်ရှိ အမှန်တရားအား ထိတွေ့နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေပေသည်။ ထိုသို့သာ ထိတွေ့သွားနိုင်မည်ဆိုပါက သူ့အနေဖြင့် ဧကရာဇ်အဆင့် ပညာရှင်များသာ အသုံးပြုနိုင်သော နိယာမစွမ်းအားကို တိုက်ရိုက် အသုံးပြုလာနိုင်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် လောကနိယာမများ၏ ဖိနှိပ်မှုကြောင့် ရန်ကိုင့်၏ အကြံအစည်မှာ ထင်တိုင်း မဖြစ်ခဲ့ချေ။ သို့သော်ငြား ယခုအဖြစ်အပျက်မှ ရန်ကိုင် ဘာဆိုဘာမှ မရခဲ့သည်တော့ မဟုတ်ပေ။

ရန်ကိုင်သည် ဆုပ်ထားသည့် သူ့လက်ကို ဖြည်းဖြည်းချင်း ဖြန့်ချလိုက်လေသည်။ သူ့လက်ချောင်းလေးများကို လှုပ်ရှားလိုက်သည့်အခိုက် လေဟာနယ်နိယာမ စွမ်းအားများသည် သူ့လက်တစ်ဝိုက်တွင် စုဝေးလာကြပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကြောင်းလေးများမှာလည်း အသက်ရှိနေသည့်အလား သူ့လက်ချောင်းပတ်ပတ်လည်တွင် ကူးခတ်သွားလာနေကြလေသည်။

ဟင်းလင်းပြင်နိယာမစွမ်းအားများကို ထိန်းချုပ်နိုင်သည့် ရန်ကိုင်၏ စွမ်းအားမှာ ယခင်ကထက် ပိုမိုမြင့်မားလာခဲ့လေပြီ။

သူ့လက်ချောင်းလေးများကို ရှေ့တည့်တည့်သို့ ညွှန်လိုက်သည့်အခိုက် မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းလေးများမှာ သူ့ရှေ့တည့်တည့်တွင် ရှိနေသော ကျောက်နံရံများအား သွားရောက်ထိမှန်ကာ ထိုနံရံများပေါ်၌ မရေမတွက်နိုင်သော ပြတ်ရာများကို ဖြစ်ပေါ်သွားစေခဲ့လေသည်။ ထိုအချင်းအရာကို ကြည့်ရင်း ရန်ကိုင် ကျေနပ်စွာ ပြုံးဖြီးလိုက်လေ၏။

ယခင်ကမူ လေဟာနယ်နိယာမစွမ်းအားများကို ဤအဆင့်ထိ မထိန်းချုပ်နိုင်ခဲ့ပေ။ ယခုမူ ထိုကဲ့သို့ အလွယ်တကူ လုပ်နိုင်နေလေပြီ။

ဤကဲ့သို့သော တိုက်ခိုက်မှုသည် လဓါးသွားနှင့် ယှဉ်လိုက်လျှင် အတော်လေးကိုမှ အားနည်းသော်ငြား ရန်သူများအဖို့ ဤကဲ့သို့သော တိုက်ကွက်များကို ရှောင်တိမ်းရန် အတော်လေးကိုမှ ခက်လှပေသည်။ ထို့အတွက်ကြောင့် အချို့သော အခြေအနေများတွင် ဤတိုက်ကွက်သည် လဓါးသွားထက်ပင် ပို၍ အသုံးဝင်ကောင်း ဝင်နိုင်ပေသည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ့ကျင့်ကြံခြင်းကို ချက်ချင်း စစ်ဆေးကြည့်လိုက်လေသည်။ စစ်ဆေးပြီးနောက် သူ့ကျင့်ကြံခြင်းမှာ တာအိုသခင် ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရလေ၏။ ထိုအခါမှသာ ရန်ကိုင် စိတ်အေးသွားခဲ့ပြီး ဆေးလုံးအချို့ကို ထုတ်ကာ သောက်လိုက်လေသည်။

လောကနိယာမစွမ်းအား၏ ဖိနှိပ်မှုသည် သူ့အား အရမ်းကြီး ထိခိုက်သွားစေခြင်း မရှိသော်ငြား ထိုအရာသည် ရန်ကိုင် လျစ်လျူရှုထားနိုင်သည့် အရာမျိုး မဟုတ်ပေ။ လောကနိယာမ စွမ်းအားများ၏ တိုက်ခိုက်မှုကြောင့် သူ့၌ ကိုယ်တွင်းဒဏ်ရာတစ်ခုခု ရသွားခဲ့လျှင် မည်သို့များ လုပ်မည်နည်း။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပေသည်။

ရန်ကိုင် သူ့ကိုယ်သူ ပြန်လည်ကုသနေစဉ် ချင်းကျောင်းရန်သည်လည်း စွမ်းအင်များကို စုစည်းနေခဲ့လေ၏။ မကြာမီတွင် သူ့ခန္ဓာကိုယ်တုန်ရီသွားခဲ့ပြီး ချီစွမ်းအင်လှိုင်းများသည် သူ့အား ဗဟိုပြုလျက် အဖက်ဖက်သို့ ပြန့်ထွက်လာခဲ့လေသည်။ တစ်ချိန်တည်း၌ သူ၏ကျင့်ကြံခြင်း အရှိန်အဝါမှာလည်း တမုဟုတ်ချည်း မြင့်တက်သွားခဲ့လေသည်။

ထိုဖြစ်စဉ်နှင့်အတူ ချင်းကျောင်းရန်မျက်နှာထက်ရှိ အရေးအကြောင်းများမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့လေသည်။ ခဏအကြာတွင် ချင်းကျောင်းရန်သည် နှစ်ပေါင်းများစွာ ပိုမိုငယ်ရွယ်သည့် လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ သူ့အသားအရေမှာလည်း ယခင်ကနှင့်မတူ ပို၍ နီမြန်းလာခဲ့လေပြီ။ တစ်ခေါင်းလုံးပြည့်နေသော ဆံပင်ဖြူများ ကြားထဲတွင်ပင် အနက်ရောင်ဆံပင်အချို့ ပြန်ပေါက်လာခဲ့လေ၏။

သူ့ကျင့်ကြံခြင်းမှာလည်း တာအိုသခင်ဒုတိယအဆင့်သို့ ရောက်ခဲ့လေပြီ။

သို့ရာတွင် ချင်းကျောင်းရန်မှာ အလျင်စလို ထမရပ်သေးဘဲ ဆက်ထိုင်ရင်းဖြင့်သာ မိုးမြေစွမ်းအင်များကို ဆက်လက် စုပ်ယူလျက် သူ့ကျင့်ကြံခြင်းအား ခိုင်မာကျစ်လျစ်အောင် လုပ်နေခဲ့လေသည်။

ဤသို့ဖြင့် အချိန်မှာ တဖြည်းဖြည်း ကုန်ဆုံးနေခဲ့လေ၏။

တစ်ခုသောအချိန်သို့ အရောက်တွင် အဆင့်ချိုးဖြတ်ခါနီး ကျင့်ကြံသူတစ်ဦးသည် ရုတ်တရက် မယုံသင်္ကာအမူအယာဖြင့် မျက်မှောင်ကျုံ့လိုက်လေသည်။ ခဏအကြာ၌ သူ့ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့်အရှိန်အဝါမှာ ပေါက်သွားသည့် ပူပေါင်းတစ်လုံးနှယ် ရုတ်ချည်း လျော့ကျလာခဲ့လေသည်။

ထိုကဲ့သို့ ဖြစ်သွားပြီးသည့်နောက် ချက်ချင်း မျက်လုံးဖွင့်လျက် ဒေါသတကြီး ထအော်လေ၏။ “ဘာဖြစ်နေတာလဲ… ငါ အဆင့်ချိုးဖြတ်ခါနီးနေပြီကို မိုးမြေစွမ်းအင်တွေက ဘာလို့ ရုတ်တရက်ကြီး လျော့သွားရတာလဲ…”

သူ့အနေဖြင့် ဤကဲ့သို့ အဆင့်ချိုးဖြတ်နိုင်ရခြင်းမှာ အလွန်သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ယခုကဲ့သို့ မိုးမြေစွမ်းအင်သိပ်သည်းဆ လျော့ကျသွားသည့်အခါ သူလည်း နောက်တစ်ဆင့်သို့ မချိုးဖြတ်နိုင်တော့ချေ။

“တစ်ခုခုတော့ မှားနေပြီ… ခုနတုန်းက ဒီမှာ မိုးမြေစွမ်းအင်တွေက အရမ်းကို အများကြီး ရှိနေတာပါ… ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး နည်းသွားရတာလဲ… ဧကရာဇ်အဆင့် ပညာရှင်တွေ ရောက်လာမယ်ဆိုရင်တောင် ဒီလောက်အများကြီးကို ဒီအချိန်အတောအတွင်း စုပ်ယူပစ်နိုင်မှာ မဟုတ်ဘူး…”

“ခွေးသူတောင်းစားတစ်ကောင်ကောင်က မိုးမြေစွမ်းအင်တွေကို ဆက်ပြီး ထွက်မလာအောင် ပိတ်ထားတာလား…” အခြားသော အသံတစ်သံ ထွက်လာခဲ့လေသည်။

“ဟုတ်တယ်နော်… ငါလည်း ခုနတုန်းက အောက်ဘက်ကို တစ်ယောက်ယောက် ဆင်းသွားတာ တွေ့လိုက်တယ်… အဲ့ကောင်ကြောင့်များ ဖြစ်နေမလားမသိဘူး…”

“အဲ့ခွေးသူတောင်းစားဘယ်ကောင်လဲ… ဒါကတော့ လွန်သွားပြီ…”

“သွားစစ်ဆေးကြည့်ရအောင်… အဲ့ကောင်ကို တွေ့တာနဲ့ ကောင်းကောင်း သင်ခန်းစာပေးပစ်ရမယ်… ငါ အဆင့်ချိုးဖြတ်တာများကိုများ လာတားရဲရတယ်လို့…”

All Chapters