← Chapters

အခန်း (၂၂၇၆-၂၂၈၀)

Vol. 92 Ch. 2276-2280

အခန်း (၂၂၇၆-၂၂၈၀)

Vol. 92 Ch. 2276-2280

အပိုင်း (၂၂၇၆)

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင် မျက်လုံးပြန်ဖွင့်လာခဲ့သည်။ ယခုဆိုလျှင် သူသည် ကျားတစ်ကောင်ကဲ့သို့ အားမာန်အပြည့်ဖြင့် ဖြစ်နေခဲ့လေပြီ။ မျက်နှာမှာ နီမြန်းနေပြီး မျက်လုံးများမှာ တောက်ပနေခဲ့သည်။ ယခင်ကကဲ့သို့ ပင်ပန်းနွမ်းနယ်နေခြင်း မရှိတော့။

ချက်ချင်းဆိုသလို ရန်ကိုင်သည် ရပ်နေရာမှ ပျောက်ကွယ်သွားပြီး ကျောက်တုံးရုပ်သေးရုပ်ရှေ့၌ ပြန်ပေါ်လာခဲ့လေသည်။

ရန်ကိုင် ရောက်နေသည်ကို သတိပြုမိသော ကျောက်တုံးရုပ်သေးရုပ် မျက်လုံးဖွင့်ကြည့်လာခဲ့သည်။

ကျောက်တုံးရုပ်သေးရုပ်ကို စိုက်ကြည့်နေရင်းမှ ရန်ကိုင်မှ ပြောလိုက်လေသည်။ “မှော်ရတနာစိတ်ဝိဉာဉ်က လုံးဝပျောက်မသွားသေးဘူး… သူ့ဝိဉာဉ်တစ်စိတ်တစ်ပိုင်းက တိုက်ပွဲတူထဲမှာ ပုန်းနေသေးတယ်… မင်းအဲ့ဒါကို သတိထားဦး…”

ကျောက်တုံးရုပ်သေးရုပ်က ညစ်ကျယ်ကျယ်ပြုံးလျက် ၎င်း၏လက်ကို ဖြန့်ပြလိုက်လေ၏။ “မင်းဒါကို ပြောတာလား…”

ရန်ကိုင်လည်း ကျောက်တုံးရုပ်သေးရုပ်၏ လက်ထဲသို့ စိုက်ကြည့်လိုက်ရာ အနက်ရောင်ချီအစုအဝေးတစ်ခုကို မြင်တွေ့လိုက်ရလေသည်။ ထိုအနက်ရောင်ချီအစုအဝေးသည် အသက်ရှိနေသည့်အလား ကျောက်တုံးရုပ်သေးရုပ်၏ လက်ထဲမှ ထွက်ပြေးရန် ကြိုးစားနေခဲ့သည်။ သို့သော်ငြား ဤနေရာသည် ကမ္ဘာငယ်လေး ဖြစ်ပေသည်။ ကျောက်တုံးရုပ်သေးရုပ်၏ ဝိဉာဉ်နှင့် ရန်ကိုင်၏ ဝိဉာဉ်သည် အတူတူသာ ဖြစ်လေသည်။ ထို့ကြောင့် အတွေးတစ်ချက်နှင့် ကျောက်တုံးရုပ်သေးရုပ်သည် ကမ္ဘာငယ်လေးထဲရှိ လောကနိယာမများကို ထိန်းချုပ်၍ အနက်ရောင်ချီကို ဖိနှိပ်နိုင်ပေသည်။ ထိုသို့ဖြစ်လေရာ အနက်ရောင်ချီအနေဖြင့် ကျောက်တုံးရုပ်သေးရုပ်၏လက်မှ မည်ကဲ့သို့များ လွတ်မြောက်နိုင်ပါမည်နည်း။ ထို့အတွက်ကြောင့်ပင်လျှင် ကျောက်တုံးရုပ်သေးရုပ်မှ ၎င်း၏လက်ကို ဖြန့်ထားသည့်တိုင် အနက်ရောင်ချီအစုအဝေးမှာ ထွက်မပြေးနိုင်ခြင်း ဖြစ်ပေသည်။

“မင်း အဲ့ဒါကို အပြင်ထုတ်လိုက်တာလား…” ရန်ကိုင်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။

ကျောက်တုံးရုပ်သေးရုပ်က ခေါင်းခါလျက် “သူ့ဘာသာသူ ပေါ်လာတာ…”

“ဟမ်… ဘာလို့လဲ…” ရန်ကိုင် မျက်လုံးပြူးကျယ်သွားခဲ့လေသည်။

ကျောက်တုံးရုပ်သေးရုပ်က ရယ်မောလျက် “အန္တရာယ်ကို ခံစားမိလို့ ဖြစ်မှာပေါ့…”

ရန်ကိုင်က အံ့ဩတကြီးဖြင့် ပြန်မေးလိုက်လေသည်။ “မင်း ဘာလုပ်လိုက်တာမို့လို့လဲ…”

“ဘာမှမလုပ်ပါဘူး…” ကျောက်တုံးရုပ်သေးရုပ်က ၎င်း၏ဝမ်းဗိုက်ကိုပုတ်ရင်း ညစ်ကျယ်ကျယ်ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ငါအဲ့ဒါကို စားဖို့ လုပ်လိုက်တာ…”

ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေ၏။ “အဲ့ဒါဆို ပြဿနာ တက်နိုင်တယ်နော်… ဒီရှေးဟောင်းနတ်ဆိုး မှော်ရတနာက ဧကရာဇ်အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခုနဲ့ ယှဉ်နိုင်တဲ့ မှော်ရတနာတစ်ခုပဲ… အဲ့ထက်တောင် ပိုမြင့်ချင် မြင့်နေနိုင်သေးတယ်… မင်းသာ အဲ့ဒါကို စားလိုက်မယ်ဆိုလို့ရှိရင် တစ်ခုခု ဖြစ်မသွားနိုင်ဘူးလား…”

“ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ ပြောတာတော့ ဒီလောကကြီးမှာ သူ မဝါးမျိုနိုင်တဲ့အရာ ဘာမှ မရှိဘူးတဲ့… ဒီတော့ ဒီတူလေး တစ်လက်လောက်ကရော ဘာဖြစ်မှာမို့လို့လဲ…” ကျောက်တုံးရုပ်သေးရုပ်က ဂုဏ်ယူဝံ့ကြွားစရာ ပြုံးလျက် “မင်း ဒီကျင့်စဉ်ကို မကျင့်ဖူးတော့ ဒီကျင့်စဉ် ဘယ်လောက်ဆန်းကြယ်တယ် ဆိုတာကို မင်းမသိတာ မထူးဆန်းဘူး… ဒါပေမဲ့ စိတ်မပူနဲ့… ငါ့ကိုယ်ငါ ယုံကြည်ချက် မရှိရင် ဒါမျိုးမလုပ်ဘူး… ငါသာ ပိုပြီး အားကောင်းလာလို့ရှိရင် ဒီနတ်ဆိုးတူရဲ့ စိတ်ဝိဉာဉ်တင်မဟုတ်ဘူး မင်းကိုယ်ထဲမှာ ချိတ်ပိတ်ထားတဲ့ နတ်ဆိုးစိတ်ဝိဉာဉ်ကိုပါ ဝါးမျိုပစ်လို့ရတယ်…”

ရန်ကိုင်က အထိတ်တလန့်ဖြင့် ပြန်မေးလိုက်လေသည်။ “အဲ့လိုမျိုး လုပ်လို့ရလို့လား… ဒါဆိုရင် မင်းရဲ့ကျင့်စဉ်ကြီးက လုံးဝ ပြိုင်ဘက်ကင်းနေပြီပေါ့…”

ကျောက်တုံးရုပ်သေးရုပ်က ရယ်မောလျက် “ငါမို့လို့သာ အခုလိုမျိုး လုပ်နေနိုင်တာ… မင်းသာ ဆိုလို့ရှိရင် အခုလိုမျိုး လုပ်နိုင်မှာမဟုတ်ဘူး… မင်းရဲ့ ခန္ဓာကိုယ်က အားကောင်းတယ်ဆိုပေမဲ့ သန့်စင်တဲ့ နတ်ဆိုးချီ တိုက်စားတာကို ဘယ်လိုမှ ခံနိုင်မှာမဟုတ်ဘူး… မင်းသာ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေကို ကျင့်ကြံလိုက်မယ်ဆိုလို့ရှိရင် သိပ်မကြာဘူး မင်းအသိစိတ်လွတ်သွားပြီး အရူးတစ်ယောက်လို ဖြစ်သွားမှာ…”

“ငါသိပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “အဲ့ခွေးအိုကြီး ဝူမုန်ချွမ်က တကယ်ကို မကောင်းတာပဲ… ဒါပေမဲ့ သူဘာလို့ ဒီကျင့်စဉ်ကို ငါ့ဆီ လွှဲပေးလိုက်တာလဲ… သူဘာတွေများ ကြံနေတာလဲ…”

“ဒီလောက်အားကောင်းတဲ့ကျင့်စဉ်ကို မင်းမကျင့်ကြံဘဲ ဘယ်လိုမှ နေနိုင်မှာမဟုတ်ဘူးလို့ သူထင်ခဲ့မှာပဲ…” ကျောက်တုံးရုပ်သေးရုပ်က ပြန်ပြောလိုက်လေသည်။

တခဏမျှ တိတ်ဆိတ်သွားပြီးသည့်နောက် ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ “မင်းကြောင့်သာ မဟုတ်လို့ရှိရင် ငါ ဒီကျင့်စဉ်ကို တကယ်ကျင့်ခဲ့မှာ… တကယ်တော့ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသဆိုတဲ့ နာမည်နဲ့တင် ဒီကျင့်စဉ်ကို ကျင့်ဖို့က တန်နေပြီ… ငါတစ်ယောက်ထဲသာ ဆိုလို့ရှိရင် ဒီကျင့်စဉ်ကို ကျင့်ချင်တဲ့စိတ်ကို လုံးဝ ထိန်းထားနိုင်မှာမဟုတ်ဘူး…”

ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်းလျက် ဆက်ပြောလိုက်လေ၏။ “ကောင်းပြီ… မင်းဘာသာ ဆက်ပြီး ဝါးမျိုသန့်စင်နေလိုက်တော့… မင်းသာ အဲ့ဝိဉာဉ်ကို သန့်စင်နိုင်မယ်ဆိုရင် မင်းအတွက် တကယ် အကျိုးရှိမှာ…”

ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ ထွက်လာခဲ့ပြီး ကြည်လင်ကျောက်စိမ်းတောင်အပေါ်တွင် ပြန်ပေါ်လာခဲ့လေသည်။

လှည့်ပတ်ကြည့်လိုက်ရာ သစ်ပင်ကြီးတစ်ပင်ကို ကျောမှီလျက် ကမ္ဘာငယ်လေးအား စိတ်ဝင်တစားအမူအယာဖြင့် လေ့လာကြည့်နေသော ဟွာချင်းစီကို တွေ့လိုက်ရလေသည်။

ရန်ကိုင်မှ သူမကို စိုက်ကြည့်နေသော်လည်း ဟွာချင်းစီမှာ သူရှိနေသည့် အရိပ်အယောင်ကို သတိပြုမိဟန် မထင်ရသောကြောင့် သူ့လက်ကို ဆန့်ထုတ်၍ ကမ္ဘာငယ်လေးအား ပြန်ဆွဲယူလိုက်ပြီးသည့်နောက် ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးလျက် မေးလိုက်လေ၏။ “လျို့ယန်ရော…”

လျို့ယန်ကို သူမတွေ့ရချေ။ ဤနေရာတစ်ခုလုံးကို လွှမ်းခြုံထားသော လွမ်ဖုန်း၏ အနက်ရောင်မီးတောက်များသည်ပင်လျှင် မရှိတော့ချေ။

“အထဲကို ပြန်ဝင်သွားပြီ…” ဟွာချင်းစီက မတ်တပ်ရပ်၍ ပြောလိုက်လေ၏။

ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ လျို့ယန်သည် ကမ္ဘာငယ်လေးထဲတွင် ထိုင်လျက် အနက်ရောင်မီးတောက်များကို သန့်စင်ရန် ကြိုးစားနေကြောင်း တွေ့လိုက်ရလေသည်။ သူမ မည်သည့်အချိန်တည်းက ကမ္ဘာငယ်လေးထဲသို့ ပြန်ရောက်လာလို့ ရောက်လာမှန်း ရန်ကိုင်ပင်လျှင် သတိမပြုမိခဲ့ပေ။ ဤသို့ဖြစ်ရခြင်းမှာ ကျောက်တုံးရုပ်သေးရုပ်၏ လက်ချက်ကြောင့်သာ ဖြစ်ရလိမ့်မည်ဟု ရန်ကိုင် တွေးမိသွားခဲ့လေသည်။

ရန်ကိုင် အံ့အားသင့်နေရသည့် အချက်မှာတော့ လျို့ယန်သည် ဤကမ္ဘာဖျက်မီးတောက်အားလုံးကို စုပ်ယူပစ်ရန်အတွက် အချိန်ခဏလောက်သာ ယူလိုက်ခြင်းကိုပေ။ သို့သော်ငြား မီးတောက်များကို သန့်စင်ရန်အတွက်တော့ အချိန်အတော်လေး ကြာမြင့်ဦးမည့်ပုံပင်။

“နင်လည်း ပြန်သွားလိုက်တော့… ငါလုပ်စရာ ကိစ္စအချို့ ရှိသေးတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟွာချင်းစီကို ကမ္ဘာငယ်လေးထဲသို့ ပြန်ပို့လိုက်ပြီးသည့်နောက် ဆက်သွယ်ရေးမှော်ရတနာတစ်ခုကို ထုတ်ယူလျက် ကျန်းရို့ရှီအား သူမရှိတုန်း ခေတ္တခဏ ဂရုစိုက်ထားပေးရန် ချင်းကျောင်းရန်ကို ပြောလိုက်လေသည်။

ဟွာချင်းစီပြောပုံအရ ကျန်းရို့ရှီသည် ရီကျင်းဟန်ဆိုသော အမျိုးသမီးနှင့် လိုက်သွားခဲ့သည်။ ရီကျင်းဟန်သည် လူကောင်းတစ်ယောက် ဖြစ်လိမ့်မည်မှန်း ရန်ကိုင် သိသော်ငြား ကျန်းရို့ရှီအား သူနှင့် သိကျွမ်းသည့် လူတစ်ယောက်လက်ထဲသို့ အပ်ထားရသည်ကို ရန်ကိုင် ပို၍ နှစ်သက်ပေ၏။

ချင်းကျောင်းရန် ပြန်ပြောသည်ကို ကြားပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆက်သွယ်ရေးမှော်ရတနာကို သိမ်းလျက် လေဟာနယ်နိယာမများကိုသုံးကာ ထိုနေရာမှ တည်နေရာ ခုန်ကူးလာခဲ့လိုက်လေသည်။

မကြာမီတွင် ရန်ကိုင်သည် စိတ်ဝိဉာဉ်စမ်းချောင်းရှစ်ခု ရှိနေသည့်နေရာဆီသို့ ပြန်ရောက်လာခဲ့လေ၏။

ဤနေရာ၏ မြေပြင်မှာ အစောပိုင်းက တိုက်ပွဲကြောင့် အကြီးအကျယ် ပြောင်းလဲသွားခဲ့ရသည်။ အသိသာဆုံးသော ပြောင်းလဲမှုမှာ အကြမ်းဖျင်း ဆယ်ကီလိုမီတာခန့် အချင်းဝက်ရှိသော ဧရာမ ရေကန်ကြီးတစ်ကန်ပင် ဖြစ်လေသည်။

နတ်ဆိုးမှော်ရတနာစိတ်ဝိဉာဉ်မှာ တိုက်ပွဲတူကိုသုံးလျက် မြေပြင်တစ်ခုလုံးအား ထုချလိုက်သည့်အတွက်ကြောင့် ဧရာမတွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။ စိတ်ဝိဉာဉ်စမ်းချောင်းရှစ်ခုမှ စီးထွက်နေသော စိတ်ဝိဉာဉ်ချီအရည်များမှာ ထိုတွင်းပေါက်ကြီးထဲသို့ စီးဝင်ကာ ထိုတွင်းပေါက်ကြီးထဲ၌ ကန်တစ်ကန် ဖြစ်လာခဲ့ရလေသည်။ ဤကန်ကြီးသည် မိုးမြေစွမ်းအင်များ သိပ်သည်းရာမှ အရည်ဖြစ်တည်လာသော ရေများဖြင့် ပြည့်နေသည့် ကန်တစ်ကန်သာ ဖြစ်လေ၏။

ကန်မှာ ပြည့်လျှံနေသည့် အတွက်ကြောင့် ကန်ထဲရှိ ရေများသည် အပြင်သို့ပင် စီးထွက်နေကုန်ကြလေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုကန်အနီးတစ်ဝိုက်တွင် စိတ်လှုပ်ရှားစွာဖြင့် စုဝေးနေကြလေ၏။ ထိုလူများမှာ မေပယ်မြို့မှ ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။ ရန်ကိုင်ရောက်လာသည့်အချိန်၌ ကန်တစ်ခုလုံး ကျင့်ကြံသူများဖြင့် ပြည့်နေခဲ့လေပြီ။

ကျင့်ကြံသူတိုင်းသည် ကန်ထဲတွင် နေရာတစ်ခုစီ အသီးသီး ယူလျက် ကျင့်စဉ်ကိုလှည့်ပတ်ကာ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များကို အရူးအမူး စုပ်ယူနေကြသည်။ ကန်အလယ်ဗဟိုတွင် ရှိနေကြသည့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ ကန်အပြင်ဘက်တွင် ရှိနေသည့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းထက် ပိုမိုမြင့်မားပေသည်။ ကန်အလယ်တွင် ရှိနေကြသည့် ကျင့်ကြံသူအားလုံးမှာ တာအိုသခင်အဆင့် ပညာရှင်များသာ ဖြစ်ကြသည်။ ကန်အစွန်နားဘက်တွင် မရေမတွက်နိုင်အောင် များပြားလှသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူများနှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ရှိနေကြပေသည်။ မကြာခဏဆိုသလို နေရာလုကြရင်း တိုက်ပွဲများလည်း ဖြစ်ကြသည်။

ထိုကန်ကြီးကို ကြည့်ရင်း ဤနေရာသည် အနှေးနှင့်အမြန် ဆိုသလို တောင်ဘက်နယ်မြေထဲတွင်သာမက ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင်ပင် နာမည်ကျော်ကြားသည့် ကျင့်ကြံရေး သုခဘုံတစ်ခု ဖြစ်လာလိမ့်မည်ဟု ရန်ကိုင် နားလည်လိုက်လေသည်။

ထိုသို့ ဖြစ်လာသည့်အချိန်တွင် သာမန်ကျင့်ကြံသူများအဖို့ ဤနေရာထဲသို့ စိတ်တိုင်းကျ ဝင်နိုင်တော့လိမ့်မည် မဟုတ်ချေ။ အနည်းဆုံး ဤနေရာထဲသို့ ဝင်ရန်အတွက် သင့်တင့်သော အဖိုးအခကို ပေးချေရပေလိမ့်မည်။

ရန်ကိုင်သာလျှင် ထိုအချက်ကို နားလည်ထားခြင်း မဟုတ်။ အခြားသော တာအိုသခင်အဆင့် ကျင့်ကြံသူအားလုံးသည်လည်း ထိုအချက်ကို နားလည်ထားကြသည်။ ထို့ကြောင့် အချိန်ရတုန်းရခိုက် ဤနေရာတွင် ရအောင် ကျင့်ကြံနေကြလေ၏။

မေပယ်မြို့ အနီးတစ်ဝိုက်တွင် စိတ်ဝိဉာဉ်ကန် ပေါ်လာသည့် သတင်းမှာ ပျံ့သွားပြီ ဖြစ်သည့်အတွက်ကြောင့် နောက်ရက် အနည်းငယ်အတွင်း ဧကရာဇ်အဆင့် ပညာရှင်များ ဤနေရာသို့ ရောက်လာကာ ဤနေရာတစ်ခုလုံးကို ထိန်းချုပ်သွားပေတော့မည်။

အစောပိုင်းက သူမြင်ခဲ့ရသော တာအိုသခင်အဆင့် ကျင့်ကြံသူများကို ရန်ကိုင် မြင်လိုက်ရလေသည်။ ချင်းကျောင်းရန်၊ ကျန်းရို့ရှီ၊ ရီကျင်းဟန်တို့သည် အတူတကွ စုဝေးလျက် ကန်အလယ်တွင် နေရာကောင်းတစ်ခုကို ယူထားကြောင်း တွေ့လိုက်ရလေသည်။

ရန်ကိုင်ကမူ ထိုလူများကို ချက်ချင်း သွားမနှုတ်ဆက်ခဲ့ပဲ နေရာတစ်ခု ရှာ၍သာ ကန်အောက်ဘက်သို့ ထိုးဆင်းသွားလေသည်။

ကန်မျက်နှာပြင်ပေါ်တွင် ကျင့်ကြံသူပေါင်းများစွာ ရှိနေကြပြီး ထိုလူအားလုံးမှာ ကျင့်ကြံရာတွင်သာ အာရုံစိုက်နေကြလေသည်။

ရန်ကိုင်သည် ဗလာနတ္ထိပညာရပ်ကို အသက်သွင်းလျက် သူ့ကိုယ်သူ ကိုယ်ယောင်ဖျောက်နေလိုက်လေသည်။ သူ့အား တမင်သက်သက် လိုက်ရှာနေသည့် လူသာ မရှိလျှင် ဤမျှ မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝသည့် နေရာမျိုး၌ မည်သူကမျှ ရန်ကိုင့်အား သတိပြုမိလိမ့်မည် မဟုတ်ပေ။

ရန်ကိုင်သည် စိတ်ဝိဉာဉ်စမ်းချောင်း ရှိနေခဲ့ဖူးသည့် နေရာဆီသို့ ဆင်းသွားခဲ့လေသည်။

ထိုနေရာတစ်ခုလုံးမှာ ခြောက်ကပ်နေတော့သည်။ နတ်ဆိုးတိုက်ပွဲတူ လူအသွင်ဖြင့် ပေါ်လာသည့် ဖြစ်ရပ်ကြောင့် လူပေါင်းများစွာမှာ ထိုနေရာနှင့်ပတ်သက်၍ ကြောက်စိတ်ဝင်နေသေးကာ အောက်သို့ မဆင်းသွားရဲကြတော့ပေ။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက် ပြီးသည့်နောက် စိတ်ဝိဉာဉ်စမ်းချောင်းရှစ်ခု၏ အလယ်ဗဟိုကို တွေ့ရှိသွားခဲ့သည်။ ထိုအခါ ရန်ကိုင်သည် ကမ္ဘာငယ်လေးကို ထုတ်လျက် ထိုနေရာမှ စီးထွက်လာနေသော စိတ်ဝိဉာဉ်ချီအရည်များကို ကမ္ဘာငယ်လေးထဲသို့ စီးဝင်သွားစေလိုက်လေသည်။ သူသည်လည်း ထိုနေရာတွင် ထိုင်၍ ကျင့်ကြံနေလိုက်လေ၏။

မပြည့်စုံလှသည့် လောကနိယာမများကြောင့် ကမ္ဘာငယ်လေးသည် ၎င်း၏ ကိုယ်ပိုင် မိုးမြေစွမ်းအင်များကို မထုတ်လုပ်နိုင်ပေ။ ထို့အတွက်ကြောင့် ကမ္ဘာငယ်လေးထဲတွင် ကျင့်ကြံဖို့ရာ နေရာကောင်းတစ်ခုကို ဖန်တီးလိုပါက ပြင်ပမှ မိုးမြေစွမ်းအင်ကို ထည့်ပေးရသည့် နည်းလမ်းတစ်ခုသာ ရှိပေသည်။ ယခုအချိန်သည် ကမ္ဘာငယ်လေးထဲသို့ မိုးမြေစွမ်းအင်များ ဖြည့်တင်းထားရမည့် အကောင်းဆုံးအချိန် ဖြစ်ပေသည်။

မကြာခင်တွင် ဧကရာဇ်အဆင့် ပညာရှင်များ ရောက်လာကြပေတော့မည်။ ထို့အတွက်ကြောင့် ရန်ကိုင့်မှာ အချိန်သိပ်မရှိ။ ရန်ကိုင်လည်း အချိန်ရတုန်းရခိုက် မိုးမြေစွမ်းအင်များကို တတ်နိုင်သလောက် စုဆောင်းထားလိုက်လေသည်။

ခေတ္တခဏအကြာတွင် ကန်မျက်နှာပြင်ပေါ်၌ ရှိနေသော ကျင့်ကြံသူများသည် ထူးဆန်းသည့် ဖြစ်ရပ်တစ်ခုကို သတိပြုမိသွားခဲ့သည်။

“ဒီကန်ထဲက ရေတွေ ဘာဖြစ်လို့ လျှံထွက်မနေတော့လဲ…”

“ဟုတ်တယ်နော်… မင်းပြောမှပဲ ငါလည်း သတိထားမိတယ်… မလျှံရုံတင် မဟုတ်တော့ဘူး… ရေတွေက ပိုပြီးတော့တောင် နည်းနည်း လာသလိုပဲ…”

“ဒီရေကန်ကြီးက ရုတ်တရက် ပန်းထွက်လာတာမျိုးများ ဖြစ်နေမလား… ဒီတိုင်း ပန်းထွက်လာပြီး ရက်နည်းနည်းကြာရင် ပြန်ပျောက်သွားတာမျိုးလေ…”

“မင်းပါးစပ်ကို ပိတ်ထားလိုက်စမ်း… အခုမှ ငါတို့မေပယ်မြို့မှာ ဒီလောက်ကောင်းတဲ့ ကျင့်ကြံရေးသုခံဘုံတစ်ခု ပေါ်လာတာ… ဘယ်လိုလုပ်ပြီး ချက်ချင်း ပြန်ပျောက်သွားမှာလဲ… ကန်ရေတွေ လျော့နေတာ သဘာဝအတိုင်းပဲ ဖြစ်ရလိမ့်မယ်… ကြည့်ရတာ ခဏလောက် ကြာလို့ရှိရင် ဒီကန်ရေလျော့တာ ရပ်သွားမယ်နဲ့တူတယ်…”

ကန်ရေလျော့နေသည့်အချက်ကို ကျင့်ကြံသူပေါင်းများစွာ သတိပြုမိခဲ့ကြသော်ငြား ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်ကိုတော့ မည်သူမျှ မသိကြပေ။ တာအိုသခင်အဆင့် ပညာရှင်များပင်လျှင် နားမလည်နိုင်ကြ။

သို့ရာတွင် လက်ရှိအချိန်သည် ထိုကိစ္စကို စစ်ဆေးနေရမည့် အချိန်မဟုတ်ချေ။ သူတို့တွင် ဤနေရာ၌ ကျင့်ကြံရန်အတွက် အချိန်များများစားစား ရှိမနေခဲ့။ ထို့အတွက်ကြောင့် အကုန်လုံးသည် ထိုကိစ္စကို အာရုံစိုက်မနေကြတော့ဘဲ ကျင့်ကြံရေးတွင်သာ ပြန်လည် အာရုံစိုက်ထားကြလေသည်။

ထောင်နှင့်ချီသော ကျင့်ကြံသူများသည် ဤနေရာတွင် စုဝေးနေကြလေသည်။ အများစုသည် ကန်စပ်တွင် ထိုင်ကာ ကျင့်ကြံနေကြပြီး အနည်းစုသည်သာ အလယ်ဗဟိုတွင် ထိုင်နေကြလေ၏။ ဤအကြောင်းကို သတင်းရသွားသည့် မေပယ်မြို့မှ ကျင့်ကြံသူများသည်လည်း ဤကန်ရှိနေရာဆီသို့ အစောတလျင် ပြေးလာနေကြလေသည်။ ထို့အတွက်ကြောင့် ကန်အနီးတစ်ဝိုက်မှာ အလွန်တရာကိုမှ အသက်ဝင်စည်ကားနေလေ၏။

ပုံမှန်ဆိုလျှင် ဤမျှ ထောင်နှင့်ချီသော လူအုပ်ကြီးကို ထောက်ပံ့ရန်အတွက် မိုးမြေစွမ်းအင် အလုံအလောက် ရှိနေလိမ့်မည်မဟုတ်။ သို့ရာတွင် ထိုမိုးမြေစွမ်းအင်များသည် သိပ်သည်းလွန်းသည့်အတွက်ကြောင့် ကန်တစ်ကန်အဖြစ်သို့ ပြောင်းလဲသွားသည့်အခါ ထိုနေရာ၌ ကျင့်ကြံနေသည့် လူပေါင်း ထောင်နှင့်ချီမက ရှိနေမည်ဆိုလျှင်ပင် ထိုလူများသည် ရှိသမျှ မိုးမြေစွမ်းအင်အားလုံးကို ကုန်စင်အောင် စုပ်ယူပစ်နိုင်လိမ့်မည် မဟုတ်ပေ။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့သလို မကြာခဏဆိုသလို ကျင့်ကြံသူများမှာလည်း အဆင့် တစ်ဆင့်ပြီးတစ်ဆင့် ချိုးဖြတ်နေကြလေသည်။ ထိုကဲ့သို့ ဖြစ်သွားသည့်အခါတိုင်း အနီးအနားတွင် ရှိနေသော ကျင့်ကြံသူများဆီမှ မကျေမနပ် အော်ဟစ်သံများ အော်ဆဲသံများ ထွက်ပေါ်လာကြသည်။

ထိုသို့ဖြစ်လာသည့်နောက်တွင် အဆင့်ချိုးဖြတ်တော့မည်ဟု ခံစားလာရသည့် ကျင့်ကြံသူများမှာ ထိုနေရာတွင် ဆက်မနေကြတော့ဘဲ သင့်လျော်သည့် နေရာတစ်ခုဆီသို့ သွားကာ အဆင့်ချိုးဖြတ်ကြလေသည်။

သုံးရက်ခန့် ကြာပြီးသည့်နောက်တွင် ကန်အောက်ခြေ၌ ကျင့်ကြံနေသော ရန်ကိုင် ရုတ်တရက် မျက်လုံးပွင့်လာခဲ့လေသည်။ ကောင်းကင်ပေါ်သို့ မော့ကြည့်ရင်းမှ သက်ပြင်းချလျက် မကျေမနပ်ဖြင့် ညီးတွားလိုက်လေသည်။ “ဘာဖြစ်လို့ ဒီလောက်တောင် အစောကြီး ရောက်လာရတာလဲကွာ…”

ထိုသို့ ပြောပြီးသည့်နောက် ကမ္ဘာငယ်လေးကို ပြန်သိမ်းလျက် ကန်မျက်နှာပြင်ပေါ်သို့ တည်နေရာခုန်ကူးသွားလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၇၇)

ရန်ကိုင်ပေါ်လာပြီး မကြာမီမှာပင် လေတိုးသံများနှင့်အတူ ပုံရိပ်များစွာ မိုးကုတ်စက်ဝိုင်းဆီမှ ထွက်ပေါ်လာကြသည်။ ခဏအကြာတွင် ထိုလူများသည် ကန်ရေပြင်ထက်၌ ရပ်တန့်သွားခဲ့ကြလေသည်။

ထိုလူများသည် လေထဲတွင်သာ ဝဲနေကြပြီး သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်ထားခြင်း မရှိသော်ငြား အောက်ဘက်တွင် ကျင့်ကြံနေသည့် ကျင့်ကြံသူများမှာမူ ရောက်ရှိလာသည့် လူများကြောင့် နိုးနိုးကြားကြား ဖြစ်သွားကာ အကုန်လုံး အပေါ်သို့ မော့ကြည့်လိုက်ကြလေသည်။

အသစ်ရောက်လာသည့် လူများ၏ မျက်နှာများအား မြင်ပြီးသည့်နောက် အကုန်လုံး သက်ပြင်းတစ်ရှိုက် ရှူသွင်းလိုက်ကြလေ၏။

“နေမင်းပြာကျောင်းတော်ရဲ့ ကောင်းရွှယ်ထင်း…”

“ကောင်းကင်တိုက်ပွဲဒိုဂျိုရဲ့ ချန်ဝမ်ဟောင်…”

“ရှေးဟောင်းကျောင်းတော်ရဲ့ ဖုန်းမင်…”

“ခုနှစ်ရောင်စင် ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ချန်းယွမ်…”

“ခရမ်းကြယ်စင် ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ လို့ချီ…”

“ကြယ်ဝိဉာဉ်နန်းတော်က စီနီယာရှောင်တောင် ရောက်လာတာပဲ…”

ထိုကျင့်ကြံသူခြောက်ဦးအား မေပယ်မြို့မှ ကျင့်ကြံသူများ ရင်းနှီးနေကြလေသည်။ မေပယ်မြို့၌ လွမ်ဖုန်းပေါ်လာစဉ်ကလည်း ထိုကျင့်ကြံသူခြောက်ဦးသာ ရောက်လာခဲ့ကြသည်။ ထို့အပြင် မေပယ်မြို့မှ ကျင့်ကြံသူများအတွက်ဟုဆိုကာ မေပယ်မြို့၌ ကြယ်ဝိဉာဉ်နန်းတော်၏ ငါးရောင်ခြယ် ရတနာဘုရားကိုပင်လျှင် ဖွင့်ပေးခဲ့ပေသေးသည်။

သူတို့ဘဝ၌ ထိုစီနီယာခြောက်ဦးအား မြင်တွေ့ခဲ့ရသည်မှာ အလွန်ကံကောင်းလှပြီဟု မြို့ထဲရှိ ကျင့်ကြံသူများ ထင်ထားခဲ့ကြသည်။ သို့သော်ငြား မကြာမီမှာပင် ထိုပညာရှင်များကို နောက်တစ်ကြိမ် ထပ်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုဆိုလျှင် ထိုစီနီယာများ မေပယ်မြို့သို့ ရောက်လာသည်မှာ နှစ်နှစ်သာ ရှိပေသေးသည်။ ပုံမှန်ဆိုလျှင် ဤကဲ့သို့သော အဖြစ်အပျက်မျိုးသည် မေပယ်မြို့ကဲ့သို့သော မြို့လေးတစ်မြို့အတွက် မည်သို့မှ မဖြစ်နိုင်သည့် အရာမျိုး ဖြစ်ပေသည်။

ပုံမှန်အားဖြင့် နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးပင်လျှင် မေပယ်မြို့နားမှာ ဖြတ်မသွားခဲ့ချေ။ ယခုမူ မေပယ်မြို့ဆီသို့ ဧကရာဇ်အဆင့် ပညာရှင်ပေါင်းများစွာ ထပ်တလဲလဲ ရောက်လာနေကြလေ၏။

ထိုပညာရှင်များ ရောက်လာပြီးသည့်နောက်တွင် ကန်အနီးပတ်ဝန်းကျင်တစ်ခုလုံး သုဿန်တစပြင်နှယ် တိတ်ဆိတ်သွားခဲ့လေသည်။

ကန်ရေပြင်အား လေ့လာကြည့်နေရင်းမှ ခရမ်းကြယ်စင် ကုန်သွယ်ရေးအဖွဲ့အစည်း၏ လို့ချီက ရယ်မော၍ ပြောလိုက်လေသည်။ “မေပယ်မြို့က သာမန်မြို့တစ်မြို့ မဟုတ်မှန်းသိလို့ ဒီမှာ ဆိုင်ခွဲတစ်ခု ဖွင့်ဖို့ စဉ်းစားနေခဲ့တာ… ဒါပေမဲ့ အချိန်မရလို့ မလုပ်ဖြစ်လိုက်ဘူး… ကြည့်ရတာ အခု အဲ့ကိစ္စကို ဆက်ပြီး နှောင့်နှေးနေလို့ မရတော့ဘူးနဲ့တူတယ်…”

မေပယ်မြို့ထဲတွင် ခရမ်းကြယ်စင် ကုန်သွယ်ရေးအဖွဲ့အစည်းမှ ဖွင့်ထားသည့် ဆိုင်အချို့ ရှိပေသည်။ ထိုဆိုင်များအနက် တစ်ဆိုင်ကို ခန်စစ်ရန်မှ ဦးစီးလေ၏။ သို့သော်ငြား ဆိုင်များသည် လို့ချီပြောခဲ့သည့် ဆိုင်ခွဲကြီးနှင့် မတူပေ။

ဆိုင်ခွဲဆိုသည်မှာ သူတို့ ကုန်သွယ်ရေးအဖွဲ့အစည်း၏ ကိုယ်စားပြုဖြစ်ပြီး ထိုဆိုင်ခွဲကို ဦးစီးမည့် ပညာရှင်များမှာလည်း အဆင့်မြင့် ပညာရှင်များ ဖြစ်ကြပေသည်။ သာမန်ဆိုင်များမှာမူ ထိုကဲ့သို့ မဟုတ်ကြ။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာသည် အကောင်းဆုံး ဥပမာ ဖြစ်ပေသည်။ ထိုဆိုင်သည် ဆိုင်လေးတစ်ဆိုင်သာ ဖြစ်ပြီး ဆိုင်ကို ဦးစီးနေသည့် ခန်စစ်ရန်မှာလည်း တာအိုသခင်အဆင့်ပင် မရောက်သေးခဲ့ပေ။ ယခု တာအိုသခင်အဆင့်သို့ ရောက်လာပြီးသည့်နောက် တခြား ပိုအဆင့်မြင့်သည့် ဆိုင်တစ်ဆိုင်သို့ ရာထူးတိုးပြောင်းခြင်း ခံလိုက်ရလေ၏။ ဤကဲ့သို့သော သာမန်ဆိုင်ငယ်လေးများကို လို့ချီအနေဖြင့် ကြားပင် ကြားဖူးလိမ့်မည် မဟုတ်ချေ။

သို့သော်ငြား သူတို့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဆိုင်ခွဲအကြောင်းအားလုံးကိုတော့ လို့ချီ ကောင်းကောင်း သိပေသည်။

ခရမ်းကြယ်စင် ကုန်သွယ်ရေးအဖွဲ့သည်သာ မေပယ်မြို့၌ ဆိုင်ခွဲတစ်ခု လာရောက် ဖွင့်လှစ်မည်ဆိုပါက မြို့၏ ကုန်သွယ်ရေး စီးပွားရေးကို တိုးတက်လာစေနိုင်ပြီး မေပယ်မြို့သည်လည်း အနှေးနှင့် အမြန်ဆိုသလို မြို့ကြီးတစ်မြို့ ဖြစ်လာပေလိမ့်မည်။

“အိုး… အရင်တည်းက လုပ်ဖို့ စဉ်းစားနေတာလား…” ချန်းယွမ်က လှောင်ပြုံးပြုံးလျက် ပြောလိုက်လေသည်။ ခုနှစ်ရောင်စင် ကုန်သွယ်ရေး အဖွဲ့အစည်းနှင့် ခရမ်းကြယ်စင် ကုန်သွယ်ရေး အဖွဲ့အစည်းတို့သည် တောင်ဘက်နယ်မြေထဲရှိ ဂုဏ်သတင်း အကြီးမားဆုံး စီးပွားရေး အဖွဲ့အစည်း နှစ်ခု ဖြစ်ကြသည်။ ထို့ကြောင့် ထိုအဖွဲ့အစည်းနှစ်ခုကြား ပဋိပက္ခ များစွာလည်း ရှိကြပေ၏။ ချန်းယွမ်နှင့် လို့ချီတို့ တွေ့လိုက်တိုင်း အမြဲတစေ ရန်ဖြစ် စကားများကြပေသည်။

လို့ချီ၏သုံးသပ်ချက်ကို ကြားသော် ချန်းယွမ်က ပြန်၍ လှောင်ပြောင် ပြောဆို လိုက်လေသည်။ “မင်း အဲ့လောက်တောင် အမြင်စူးရှနေတယ်ဆိုရင် ဘာလို့ အစောကြီးတည်းက မပြောတာလဲ ဖက်တီးလို့…”

လို့ချီက မျက်လုံးမှေးစင်းလျက် ချန်းယွမ်အား စိုက်ကြည့်ရင်း နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ “ငါ့ရဲ့စူးရှတဲ့ အမြင်အာရုံက မင်းလိုလူမျိုး နားလည်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး…”

“ကြွားစမ်းပါ… မင်းစိတ်ကြိုက်သာ ကြွားစမ်းပါ… ဘယ်လိုပဲဖြစ်ဖြစ် ကြွားတာက ပိုက်ဆံကုန်တာမှ မဟုတ်တာ…” ချန်းယွမ်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။

လို့ချီသည် ဒေါသထွက်သွားသည့်ဟန်ဖြင့် ရှောင်ယုယန်ဘက်သို့ လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “စီနီယာရှောင်… ကျုပ်ကို ဒီမြင်းမျက်နှာ လူကြောင်ကြားနဲ့ သူသေကိုယ်သေ တိုက်ခိုက်ခွင့်ပေးပါလား…”

ထိုစကားကို ကြားသော် ချန်းယွမ် မျက်မှောင်ကျုံ့သွားခဲ့ပြီး နဖူးကြောကြီးများ ထောင်တက်လာခဲ့လေသည်။ ထို့နောက်တွင် အံကိုကြိတ်လျက် ပြန်လည် ပြောဆိုလိုက်လေ၏။ “မင်းဘယ်သူ့ကို မြင်းမျက်နှာနဲ့လူကြောင်ကြားလို့ ခေါ်နေတာလဲ…”

လို့ချီက ချန်းယွမ်အား စောင်းကြည့်ရင်း နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် မင်းရောဘယ်သူ့ကို ဖက်တီးလို့ ခေါ်နေတာလဲ…”

ချန်းယွမ်က ပြန်၍ လှောင်ပြောင်လိုက်လေ၏။ “မင်းက ဝလို့ ဖက်တီးလို့ ခေါ်တာလေ… ဘာလဲ… အမှန်ကို ပြောတာ မကြိုက်လို့လား… မကြိုက်ရင် မင်းရဲ့ ဖောင်းထွက်နေတဲ့ ဗိုက်သားတွေကို ငါ လှီးထုတ်ပေးလို့ရတယ်နော်…” ပြောပြီးသည့်နောက်တွင် ရယ်မောလျက် လို့ချီ၏ ဝမ်းဗိုက်ကို သွားပုတ်လေသည်။

လို့ချီက နောက်သို့ ခုန်ဆုတ်သွားရင်းမှ ပြန်ပြောလိုက်လေသည်။ “ဟေ့ကောင်… မြင်းမျက်နှာနဲ့ လူကြောင်ကြား… ငါတို့ လူကြီးလူကောင်းတွေလို စကားချင်း ပြောနေတာ… လက်ပါမလာနဲ့…” ပြောပြီးသည့်နောက်တွင် ရှောင်ယုယန်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “စီနီယာရှောင်… ခင်ဗျားလည်း မြင်တယ်မလား… ဒီခွေးသူတောင်းစားက တော်တော် လွန်လွန်းနေပြီ… ဒီနေ့ ကျုပ် သူနဲ့ သူသေကိုယ်သေ တိုက်မှပဲ ရတော့မယ်…”

“တော်လောက်ပြီ…” ရှောင်ယုယန်က မျက်မှောင်ကျုံ့လျက် သူ့လက်အား ဝှေ့ယမ်းရင်း ပြောလိုက်လေသည်။ “မင်းတို့နှစ်ယောက်လုံးက စီးပွားရေးသမားတွေပဲ… အဲ့ဒါကို ဖော်ရွေမှ လာဘ်ဝင်တယ်ဆိုတာကိုတောင် မသိကြဘူးလား… ဘာလို့ တွေ့တိုင်း အခုလိုမျိုး ရန်ဖြစ်ပြီး စကားများနေကြရတာလဲ… အောက်မှာ အခြားသူတွေ ဝိုင်းကြည့်နေကြတယ်… မင်းတို့ မရှက်ကြဘူးလား…”

ထိုစကားကိုကြားသော် လို့ချီနှင့် ချန်းယွမ်တို့လည်း အောက်သို့ ငုံ့ကြည့်လိုက်ကြလေသည်။ လူပေါင်းများစွာသည် ပါးစပ်အဟောင်းသားဖြင့် သူတို့အား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။

“ရှင်တို့နဲ့ တစ်တန်းတည်း ရပ်နေရတာ တကယ် ရှက်ဖို့ကောင်းတယ်…” ကောင်းရွှယ်ထင်းကလည်း အထင်အမြင်တသေးဖြင့် ပြောလိုက်လေသည်။

“ဟုတ်တယ်… ငါတို့ရဲ့ဂုဏ်သိက္ခာလေးတွေ မင်းတို့နဲ့မှ ရေစုန်မျောရတော့တယ်…” ချန်ဝမ်ဟောင်ကလည်း ဝင်ပြောလိုက်လေသည်။

ဖုန်းမင်ကမူ ဘာစကားမျှ မပြောဘဲ တပြုံးပြုံးဖြင့်သာ ရပ်နေခဲ့လေသည်။ သို့သော်ငြား သူ့အမူအယာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး တစ်ခုသောနေရာဆီသို့ လှမ်းကြည့်ရင်း အံ့အားသင့်နေသည့် လေသံဖြင့် “ဟမ်… အဲ့ကောင်က အဆုံးမဲ့ရတနာဆေးလုံးကို ဖော်စပ်ခဲ့တဲ့ ကောင်လေးမဟုတ်ဘူးလား... ဒီကောင် ဘာလို့ မေပယ်မြို့ကို ရောက်နေတာလဲ…”

အကုန်လုံး ဖုန်းမင်ကြည့်နေသည့် ဘက်ဆီသို့ လှည့်ကြည့်လိုက်ရာ မကြာမီတွင် အားလုံး၏အကြည့်သည် ရန်ကိုင့်ဆီသို့ ရောက်လာခဲ့လေသည်။

“တကယ်ကြီး သူပဲ…” ရှောင်ယုယန်က ပြုံးလျက် ပြောလိုက်လေ၏။ “မင်းအခု ပြောတော့မှပဲ ငါလည်းစဉ်းစားမိတော့တယ်… ဒီကောင့်မျက်နှာကို ရင်းနှီးနေပါတယ်လို့ မှတ်နေတာ… လက်စသတ်တော့ ငါသူ့ကို မေပယ်မြို့မှာတုန်းက တစ်ခါမြင်ဖူးထားတာကို…”

“ဒီကောင်လေးက တော်တော်ကို ပါရမီမြင့်တဲ့ကောင်… ငါတို့ ခရမ်းကြယ်စင် ကုန်သွယ်ရေးအဖွဲ့အစည်းက သူ့ကိုခေါ်ရမယ်…” လို့ချီသည် ရန်ကိုင့်အား စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

ချန်းယွမ်က နှာခေါင်းရှုံ့လျက် “သူက အခြားဂိုဏ်းတစ်ဂိုဏ်းထဲ ဝင်ပြီးသွားပြီလို့ ပြောမသွားဘူးလား… မင်း အခု သူ့ကို ခေါ်ချင်တယ်ဆိုရင်တောင် ခေါ်လို့ရတော့မှာ မဟုတ်ဘူး…”

လို့ချီက နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ငါကိုယ်တိုင် ဝင်ပါရင် ဘယ်ဂိုဏ်းကများ ငါ့ကို မျက်နှာသာ မပေးဘဲ နေရဲမှာလဲ… မြင်းမျက်နှာနဲ့လူကြောင်ကြား… ငါမင်းကို အခုပဲ ပြောလိုက်မယ်… မင်း သူ့ကို ငါ့ဆီကနေ လာလုရဲတယ်ဆိုရင် ငါမင်းကို ဒီနေ့ တကယ်သတ်မှာနော်…”

ချန်းယွမ်ကမူ ဘာမျှမပြောဘဲ မျက်မှောင်ကျုံ့၍သာ တိတ်နေခဲ့လေသည်။

ထိုစဉ် ကောင်းရွှယ်ထင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ဝင်ပြောလိုက်လေ၏။ “ဒုခေါင်းဆောင်လို့… သူ့ကို ခေါ်မယ် မခေါ်မယ်ဆိုတာကို ဘာဖြစ်လို့ ကျွန်မအထင်ကို မမေးဘဲနဲ့ ရှင့်ဘာသာရှင်ပဲ ဆုံးဖြတ်ချက်တွေ ချနေရတာလဲ…”

ထိုစကားကိုကြားသော် လို့ချီက မျက်လုံးပြူးလျက် ကောင်းရွှယ်ထင်းအား အံ့အားသင့်တကြီး စိုက်ကြည့်ရင်း မေးလိုက်လေသည်။ “ဒီကိစ္စက နင်နဲ့ဘာဆိုင်လို့လဲ…”

ကောင်းရွှယ်ထင်းသည် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်လျက် ပြန်ပြောလိုက်လေ၏။ “အဲ့ကောင်လေးက ကျွန်မအပိုင် ဖြစ်နေပြီ…”

“ဂလု…”

တံတွေးမျိုချသံနှင့်အတူ ရှောင်ယုယန်၏မျက်နှာကြီး ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။ ကောင်းရွှယ်ထင်းဆီသို့လည်း ထူးထူးဆန်းဆန်း အမူအယာဖြင့် စိုက်ကြည့်လာလေ၏။

“နင့် နင့်အပိုင်…” လို့ချီပင်လျှင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားခဲ့လေသည်။

ချန်းယွမ်ကလည်း မင်သက်နေသည့် အမူအယာဖြင့် “ကျောင်းသခင်ဝမ်က ဘာမှမကန့်ကွက်ဘူးလား…”

“သူဘာလို့ ကန့်ကွက်ရမှာလဲ…” ကောင်းရွှယ်ထင်းကမူ တစ်ဖက်လူ ဘာပြောလို့ ပြောနေမှန်းကို မသိဘဲ ပြန်ပြောလိုက်လေသည်။ သို့သော်ငြား ခဏအကြာတွင် အခြားလူများ ပြောချင်နေသည့် အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး သူမ၏အေးစက်စက် မျက်နှာလေး ရှက်သွေးဖြာသွားခဲ့လေသည်။

ဧကရာဇ်အဆင့် မှော်ရတနာဖြစ်သော နေမီးလျှံကြေးမုံသည် ကောင်းရွှယ်ထင်း၏ ခေါင်းပေါ်၌ ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် အေးစက်စက် အမူအယာဖြင့် ကောင်းရွှယ်ထင်းက ပြောလိုက်လေ၏။ “ရှင်တို့ မဟုတ်တရုတ်တွေ လျှောက်တွေးနေမယ်ဆိုလို့ရှိရင် ကျွန်မ ရှင်တို့ခန္ဓာကိုယ်ကို ရှစ်စိတ်ဖြစ်အောင် လုပ်ပစ်မှာနော်…”

“တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်ဆိုရင် လုပ်ပစ်မယ်ပေါ့… ဘာတွေ ရှစ်စိတ်ဖြစ်အောင် လုပ်ပစ်မယ်ပြောနေတာလဲ… အဲ့ဒီရှစ်ဂဏန်းက ဘာထူးခြားနေလို့လဲ…”

“အဲ့ဒါ အဓိက မဟုတ်ဘူး…” ချန်းယွမ်သည် လို့ချီအား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လိုက်ပြီးသည့်နောက် ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “ဒီတော့ ဒီကောင်လေးက နေမင်းပြာကျောင်းတော်ရဲ့ တပည့်တစ်ယောက်ပေါ့… ဟုတ်လား…”

ကောင်းရွှယ်ထင်းသည် အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ နေမီးလျှံကြေးမုံကို ပြန်သိမ်းလိုက်လေသည်။

သူမ ရန်ကိုင့်အား နေမင်းပြာကျောင်းတော်ထဲသို့ ခေါ်ရန် ကြိုးစားခဲ့သော်ငြား ရန်ကိုင်မှ ငြင်းဆိုခဲ့သည် ဆိုသော အချက်ကိုတော့ ပြောပြလိမ့်မည် မဟုတ်ပေ။ ထိုကိစ္စသည် သူမအတွက် အတော်လေးကိုမှ ရှက်ဖွယ်ကောင်းလှပေသည်။ သူမသည် နေမင်းပြာကျောင်းတော်၏ အကြီးအကဲတစ်ဦး ဖြစ်သော်ငြား တာအိုသခင်အဆင့်သာ ရှိသေးသော ဂျူနီယာလေးတစ်ဦးအား သူမဂိုဏ်းထဲသို့ ဝင်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

ရှောင်ယုယန်က ပြုံးလျက် “ကောင်မလေးလန်ရွှင်းက ဒီကောင်လေးကို တော်တော်လေး အထင်ကြီးထားတာ… သူကြီးလာလို့ရှိရင် ကြီးကြီးကျယ်ကျယ် အောင်မြင်မယ်ဆိုပဲ… ကြည့်ရတာ အကြီးအကဲကောင်း တပည့်ကောင်းတစ်ယောက် ရသွားပြီနဲ့တူတယ်…”

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာရှောင်…” ကောင်းရွှယ်ထင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။

စကားပြောနေရင်းမှ ဧကရာဇ်အဆင့် ပညာရှင်များသည် ရန်ကိုင့်အား စောင့်ကြည့်နေကြလေသည်။

ဧကရာဇ်အဆင့်ပညာရှင်များ၏ စောင့်ကြည့်ခြင်း ခံနေရသည့် ရန်ကိုင့်မှာ ဘာမှသိပ်မဖြစ်သော်ငြား သူ့ဘေးနားတွင် ရှိနေသော လူများမှာမူ ဖိအားအကြီးကြီး ဝင်လာကာ ဇောချွေးများ ပျံလာကုန်ကြလေသည်။

လူပေါင်းများစွာသည်လည်း ဧကရာဇ်အဆင့် ပညာရှင်များ ဘာကြောင့်များ ရန်ကိုင့်အား ဤမျှ စိတ်ဝင်စားနေရသလဲ ဆိုသည်နှင့် ပတ်သက်၍ နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။

“ကဲ… အဲ့ကိစ္စတွေ ထားလိုက်ဦး… ဒီကန်ကိစ္စကို အရင်ရှင်းကြရအောင်…” ရှောင်ယုယန်က ခေါင်းစဉ်ပြောင်းလိုက်လေသည်။ အောက်ဘက်ရှိကန်ကို စိုက်ကြည့်ရင်းမှ ပြောလိုက်လေ၏။ “ရောက်မလာခင်တုန်းကတော့ ဒီကန်အကြောင်း တော်တော်လေး ကြားထားသေးတယ်… ဒါပေမဲ့ ဒီနေရာကမိုးမြေစွမ်းအင်က ဒီလောက်ထိသိပ်သည်းနေမယ်လို့ မထင်ထားဘူး…”

ထိုစကားကို ကြားသည့်အခါ ချန်ဝမ်ဟောင်၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်၍ မေးလိုက်လေသည်။ “ကြယ်ဝိဉာဉ်နန်းတော်က ကောင်းကင်အဆင့် ကျင့်ကြံခြင်းအခန်းနဲ့ ယှဉ်လိုက်မယ်ဆိုရင်ရော…”

အခြားသူများသည်လည်း ရှောင်ယုယန်ဘက်သို့ လှည့်ကြည့်လာကြလေသည်။ သူတို့သည်လည်း ထိုအချက်နှင့်ပတ်သက်၍ သိချင်နေမိသည်။

ရှောင်ယုယန်သည် တခဏမျှ တိတ်ဆိတ်သွားပြီးသည့်နောက် ပြန်၍ပြောလိုက်လေ၏။ “မီတော့ မမီပေမဲ့ အရမ်းကြီးတော့ မကွာဘူး…”

ထိုစကားကိုကြားသည့်အခါ အကုန်လုံး ထိတ်လန့်သွားခဲ့ကြလေသည်။

သူတို့အောက်တွင် ရှိနေသော စိတ်ဝိဉာဉ်ကန်သည် သူတို့မြင်ဖူးခဲ့သည့် နေရာများအနက် မိုးမြေစွမ်းအင် အသိပ်သည်း အကြွယ်ဝဆုံး နေရာတစ်ခု ဖြစ်ပေသည်။ ဤနေရာသည် သူတို့ဂိုဏ်းအသီးသီးတွင် ရှိနေသော ကျင့်ကြံရေးခန်းများထက်ပင် ပိုမိုသာလွန်နေ၏။ သို့တိုင် ဤနေရာသည် ကြယ်ဝိဉာဉ်နန်းတော်၏ ကောင်းကင်အဆင့် ကျင့်ကြံရေးခန်းကို မမီသေးချေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် ကြယ်ဝိဉာဉ်နန်းတော်ရှိ ကောင်းကင်အဆင့် ကျင့်ကြံရေးခန်းထဲရှိ မိုးမြေစွမ်းအင်သိပ်သည်းဆမှာ မည်မျှ မြင့်မားကြောင်းကို ခန့်မှန်းကြည့်နိုင်ပေသည်။

ကြယ်ဝိဉာဉ်နန်းတော် တောင်ဘက်နယ်မြေတစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်နေသည်မှာလည်း အထူးအဆန်းတော့ မဟုတ်‌ချေ။ သူတို့တွင် လမင်းမဟာဧကရာဇ်ကဲ့သို့သော ထိပ်တန်းအဆင့် ပညာရှင်တစ်ပါး ရှိမနေလျှင်ပင် ထိုကောင်းကင်အဆင့် ကျင့်ကြံရေးအခန်း၏ အကူအညီဖြင့် ပညာရှင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ပေလိမ့်မည်။

သူတို့ကြားရှိ ခွန်အားကွာခြားချက်ကို နားလည်သွားသော် အခြားသော ဧကရာဇ်အဆင့် ပညာရှင်များ အနည်းငယ် စိတ်ဓာတ်ကျချင် မိသွားခဲ့လေသည်။

“အခုအချိန်က အဲ့အကြောင်း ပြောရမဲ့ အချိန်မဟုတ်ဘူး… ဒီရေကန်က စိတ်ဝိဉာဉ်စမ်းချောင်း ရှစ်ခုကြောင့် ဖြစ်လာတာ… အဲ့စိတ်ဝိဉာဉ်စမ်းချောင်း ရှစ်ခုကနေ မိုးမြေစွမ်းအင်တွေ အဆက်မပြတ် စီးထွက်နေလို့ ဒီကန်ရဲ့ မိုးမြေစွမ်းအင်က ဒီလောက်ထိ သိပ်သည်းနေတာ… ဒါပေမဲ့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုလို့ရှိရင် သိပ်မကြာဘူး ပြန်ခမ်းခြောက်သွားလိမ့်မယ်… ဒါကြောင့် ငါတို့ အရင်ဆုံး ဒီနေရာကို ချိတ်ပိတ်ထားဖို့ လိုတယ်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရှောင်ယုယန်သည် လို့ချီဘက်သို့ လှည့်၍ “ရောင်းရင်းလို့… မင်းရဲ့ ဧကရာဇ်မှော်ရတနာ ကောင်းကင်လမ်းစဉ်မှတ်တမ်းမှာ ချိတ်ပိတ်နိုင်တဲ့ စွမ်းအား ရှိတယ်မလား…”

လို့ချီက ဂုဏ်ယူစွာ ပြုံးလျက် “ဟုတ်တယ်… ရှိတယ်…”

ရှောင်ယုယန်က ပြန်ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် ဒါနဲ့ပတ်သက်ပြီး တစ်ချက်လောက် ကူညီပေးဦးကွာ…”

လို့ချီက ပြန်၍ ပြောလိုက်၏။ “ကောင်းပါပြီ…”

ပြောပြီးသည့်နောက် သူ၏အမူအယာ လေးနက်တည်ကြည်သွားခဲ့ပြီး ရှေ့သို့ တစ်လှမ်းချင်း လှမ်းသွားခဲ့လေသည်။ ဧကရာဇ်ဖိအားတို့သည် အဘက်ဘက်သို့ ပြန့်ထွက်လာခဲ့လေ၏။ ဘေးပတ်ဝန်းကျင် အနီးတစ်ဝိုက်တွင် ရှိနေကြသော ကျင့်ကြံသူများမှာလည်း ဧကရာဇ်အဆင့် ပညာရှင်များ လှုပ်ရှားတော့မည်မှန်း နားလည်သွားကြလေသည်။ ထို့အတွက်ကြောင့် ချက်ချင်းပဲ နောက်သို့ ကမန်းကတန်း ဆုတ်လိုက်ကြလေ၏။

လို့ချီသည် သူ့လက်ကို ဆန့်ထုတ်၍ စာအုပ်အထူကြီးတစ်အုပ်ကို ထုတ်ယူလိုက်လေသည်။ ထိုစာအုပ်ဆီမှ နက်နဲဆန်းကြယ်ပြီး ရှေးဟောင်းဆန်သည့် အရှိန်အဝါတို့ ဖြာထွက်နေခဲ့လေ၏။

ထိုစာအုပ်ကြီးကို မြင်ပြီးသည့်နောက် ရန်ကိုင့်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။

လို့ချီထုတ်ယူလိုက်သည်မှာ ဧကရာဇ်အဆင့် မှော်ရတနာမှန်း ရန်ကိုင်သိသည်။ သို့သော်ငြား သူ့ဘဝတွင် စာအုပ်ပုံစံ ဧကရာဇ်မှော်ရတနာတစ်ခုကို ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် ဤစာအုပ်တွင် မည်ကဲ့သို့သော စွမ်းရည်များ ရှိသလဲဆိုသည့်အပေါ် စိတ်ဝင်စားမိသွားလေ၏။

“ဧကရာဇ်မှော်ရတနာ ကောင်းကင်လမ်းစဉ်မှတ်တမ်းလား…” သူ့ဘေးတွင် ရှိနေသော တွမ့်ယွမ်ရှန်းမှာမူ ထိုမှော်ရတနာအား ချက်ချင်း မှတ်မိသွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၇၈)

“အဲ့ဒါ စာအုပ်တစ်အုပ်ပဲ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်လာရတာလဲ…” အတွေ့အကြုံမရှိသည့် ကျန်းရို့ရှီက သူမ နားမလည်နိုင်သည့် အရာကို ထုတ်ပြောလိုက်လေသည်။

တွမ့်ယွမ်ရှန်းက ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “မှော်ရတနာတွေက ပုံစံအမျိုးမျိုး ရှိတယ်… ဓါးတို့ လှံတို့ ပုံစံမျိုးပဲ ရှိတာမဟုတ်ဘူး… ပြီးတော့ မှော်ရတနာတစ်ခုရဲ့ ပုံစံက ပိုထူးဆန်းလေ‌ အဲ့မှော်ရတနာရဲ့ စွမ်းအားကလည်း ပိုထူးဆန်းလေပဲ… ဒီကောင်းကင်လမ်းစဉ်မှတ်တမ်းအကြောင်းကို ငါ ကြားဖူးတယ်… အဲ့ဒါက အရင်တုန်းက ရှေးဟောင်းစာအုပ်တစ်အုပ်ပဲ… ဒါပေမဲ့ ဧကရာဇ်အဆင့် ပညာရှင်တွေရဲ့ အများကြီးရဲ့ ဧကရာဇ်အရှိန်အဝါနဲ့ စိတ်ဆန္ဒတွေကို စုပ်ယူပြီးတဲ့ နောက်ပိုင်း ဧကရာဇ်မှော်ရတနာတစ်ခုအဖြစ်ကို ပြောင်းလဲသွားတာ…”

ထိုစကားကို ကြားပြီးသည့်တိုင် ကျန်းရို့ရှီမှာတော့ နားမလည်နိုင် ဖြစ်နေသေးသည်။ ထိုမှော်ရတနာနှင့် ပတ်သက်၍ မည်သည့်အရာကများ အံ့ဩဖွယ်ကောင်းသလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်နေလေ၏။

တွမ့်ယွမ်ရှန်း ပြောပြီးသည်ကို ကြားသော် အနားတွင် ရှိနေသော တာအိုသခင်အဆင့် ကျင့်ကြံသူများမှာမူ မှော်ရတနာအား စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်လိုက်ကြလေသည်။ သူတို့သည်လည်း တစ်နေ့နေ့တွင် ဧကရာဇ်အဆင့်သို့ ရောက်ကာ သူတို့ကိုယ်ပိုင် ဧကရာဇ်မှော်ရတနာတစ်ခုကို ပိုင်ဆိုင်ချင်မိကြပေသည်။

ကောင်းကင်ထက်တွင် လို့ချီသည် အလေးအနက် အမူအယာဖြင့် လက်ကွက်များကို ဖန်တီးလိုက် ကောင်းကင်လမ်းစဉ်မှတ်တမ်းကို ပုတ်လိုက် လုပ်နေခဲ့လေသည်။

တဝှစ်ဝှစ်မြည်သံများနှင့်အတူ စာအုပ်၏ စာမျက်နှာများ တစ်ရွက်ပြီး တစ်ရွက် လှန်နေခဲ့လေသည်။ စာအုပ်ဆီမှ နက်နဲဆန်းကြယ်သည့် အရှိန်အဝါတစ်ရပ်လည်း ဖြာထွက်လာခဲ့လေ၏။ လို့ချီသည် ဧကရာဇ်စိတ်ဆန္ဒနှင့် ဧကရာဇ်ဖိအားကို ထုတ်လွှတ်ရင်းမှ လက်ကွက်များကို ဖန်တီးလျက် ရေရွတ်နေခဲ့လေသည်။ “မူလဇစ်မြစ်စာအုပ်ကနေ ယင်နဲ့ယန် မွေးဖွားလာတယ်… ယင်နဲ့ယန်ကနေ ရာသီလေးမျိုး ဖြစ်ပေါ်လာတယ်… ရာသီလေးမျိုးကနေတစ်ဆင့် လမ်းစဉ်ရှစ်သွယ် ဖြစ်ပေါ်လာတယ်…”

လို့ချီ ထိုကဲ့သို့ ရေရွတ်နေစဉ် ကောင်းကင်လမ်းစဉ်မှတ်တမ်း၏ စာရွက်များ တဖျတ်ဖျတ် လန်နေပြီး စာအုပ်ဆီမှ ရွှေရောင်အလင်းတန်းတို့ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။

မကြာမီတွင် စာအုပ်ဆီမှ ရှင်းပြရခက်သော စွမ်းအင်လှိုင်းတွန့်လေးများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

လို့ချီ၏လက်ကွက်များမှာ ပိုမိုမြန်ဆန်လာပြီး သူ့အမူအယာမှာ ပို၍ တည်ကြည်လာခဲ့လေသည်။ ရုတ်တရက်ဆိုသလို လက်ကွက်များကို ရပ်တန့်လိုက်ပြီး အော်ဟစ်လိုက်လေ၏။ “ပြီးပြည့်စုံသော အနားသတ်နယ်နိမိတ်…”

“ဘုန်း…”

ရွှေရောင်အလင်းတန်း တောက်ပစွာ ဖြာထွက်လေတော့သည်။ အလင်းတန်းမှာ တောက်ပလွန်းသဖြင့် အောက်ကလူများပင်လျှင် သူတို့၏ မျက်လုံးများကို လက်ဖြင့် ကာလိုက်ကြရသည်။

ထိုအခိုက်အတန့်တွင် ကန်တစ်ဝိုက်၌ စုဝေးနေကြသော ကျင့်ကြံသူအားလုံးသည် မမြင်နိုင်သော စွမ်းအင်တစ်ရပ်၏ တွန်းထုတ်ခြင်း ခံလိုက်ရလေသည်။ ထိုကဲ့သို့ တွန်းထုတ်ခြင်း ခံလိုက်ရသည့်တိုင် မည်သည့်ကျင့်ကြံသူမှ ဒဏ်ရာ ရမသွားခဲ့ချေ။ ရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားချိန် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူအုပ်ကြီးတစ်ခုလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကြလေ၏။

လက်ရှိအချိန်တွင် ကန်ရေပြင်တစ်ခုလုံးကို ရွှေရောင်အမိုးခုံးကြီးတစ်ခုမှ လွှမ်းခြုံထားခဲ့လေသည်။ ထိုအမိုးခုံးကြောင့် ကန်ထဲရှိ မည်သည့်မိုးမြေစွမ်းအင်မှ အပြင်ဘက်သို့ စိမ့်ထွက်မလာနိုင်တော့ချေ။

ကန်သည် အချင်းဝက် မီတာတစ်သောင်းခန့် ရှိပေသည်။ သို့သော်ငြား လို့ချီသည် ထိုကန်တစ်ခုလုံးကို သူ့တစ်ယောက်တည်း ချိတ်ပိတ်ပစ်လိုက်သည်။ ထိုကဲ့သို့ ချိတ်ပိတ်ပြီးသည့်တိုင် သူ့ပုံစံမှာ အနည်းငယ်မျှပင် ပင်ပန်းနွမ်းနယ်သွားဟန်မရ။

ထိုအချင်းအရာကို မြင်ပြီးသည့်နောက် မရေမတွက်နိုင်သော တာအိုသခင်အဆင့် ကျင့်ကြံသူများ၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ကြလေသည်။ တစ်နေ့နေ့တွင် သူတို့သည်လည်း ဤကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသည့် ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်လာချင်ကြလေ၏။

ကန်တစ်ခုလုံးအား ချိတ်ပိတ်ပြီးသည့်နောက်တွင် လို့ချီသည် ရှောင်ယုယန်ဘက်သို့ လှည့်၍ လက်သီးကိုဆုပ်ကာ ပြောလိုက်လေ၏။ “စီနီယာရှောင်ပြောတဲ့အတိုင်း လုပ်ပြီးသွားပါပြီ…”

ရှောင်ယုယန်က ခေါင်းညိတ်၍ “ကျေးဇူးအများကြီးတင်ပါတယ်…”

ပြောပြီးသည့်နောက်တွင် ရှေ့သို့ တိုး၍ ပတ်ဝန်းကျင်တစ်ခုလုံးအား သေချာ စစ်ဆေးကြည့်လေသည်။

ရှောင်ယုယန်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသူတိုင်း သူတို့၏ရင်ကို ဆယ်ပေါင်တူကြီးဖြင့် လာရောက်ထိမှန်သလို ခံစားလိုက်ကြရလေသည်။ အကုန်လုံးသည် ငွေကြယ်သံတမန်၏ အကြည့်အောက်တွင် အသက်ပင် ရဲရဲ မရှူရဲကြ‌ပေ။

ရှောင်ယုယန်က ကြည်လင်ပြတ်သားသည့် လေသံဖြင့် အားလုံးကြားအောင် ပြောလိုက်လေ၏။ “မေပယ်မြို့ထဲမှာ စိတ်ဝိဉာဉ်ကန်တစ်ကန် ပေါ်လာတယ်ဆိုတာ ဒီနယ်မြေအတွက်တင်မဟုတ်ဘူး ငါတို့ တောင်ဘက်နယ်မြေတစ်ခုလုံးအတွက် ကောင်းချီးပဲ… ဒါပေမဲ့ ဒီကန်ကို ဒီအတိုင်း ပစ်စလက်ခတ် ထားလိုက်မယ်ဆိုလို့ရှိရင် ကန်ထဲက မိုးမြေစွမ်းအင်တွေက တစ်နေ့နေ့ကြရင် ခမ်းခြောက်သွားကုန်လိမ့်မယ်… ဒါ့ကြောင့်ပဲ အခုလိုမျိုး ချိတ်ပိတ်ပစ်လိုက်ရတာ… ဒီကန်ကို ဘယ်လိုဝေခွဲပြီး အသုံးပြုမယ်ဆိုတာကတော့ ငါတို့ စီနီယာတွေ သေသေချာချာ ဆွေးနွေးရဦးမယ်…”

ထိုသို့ ပြောပြီးသည့်နောက်တွင် တွမ့်ယွမ်ရှန်းဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “မြို့သခင်တွမ့်… ခင်ဗျားက မေပယ်မြို့ရဲ့ မြို့သခင်ဆိုတော့ ဒီဆွေးနွေးပွဲမှာ ခင်ဗျားလည်း ဝင်ပါလို့ရတယ်…”

ထိုစကားကို ကြားပြီးသည့်နောက် တွမ့်ယွမ်ရှန်းစိတ်ထဲ အလွန်ကိုမှ ဝမ်းသာပီတိဖြစ်ကာ သူ့မျက်နှာများပင် နီမြန်းလာခဲ့လေသည်။ ချက်ချင်းပဲ လက်သီးဆုပ်၍ ပြန်အော်ပြောလိုက်လေ၏။ “အခုလိုမျိုး ဖိတ်ခေါ်ခံရတဲ့အတွက် ဒီတွမ့် တကယ်ကို ဂုဏ်ယူရပါတယ်…”

ရှောင်ယုယန်က ခေါင်းညိတ်၍ “ကျန်တဲ့လူတွေလည်း စိတ်ပူမနေကြနဲ့… ဒီစိတ်ဝိဉာဉ်ကန်က မေပယ်မြို့ထဲမှာ ပေါ်လာတာဆိုတော့ ဘယ်အင်အားစုကမှ မင်းတို့ဆီကနေ လာပြီး လုယူမှာမဟုတ်ဘူး… ငါတို့ ဆွေးနွေးလို့ ပြီးသွားလို့ရှိရင် ဒီကန်ကို အကုန်လုံးအတွက် ပြန်ဖွင့်ပေးမယ်… အဲ့တေ့ာ သတင်းကောင်းကိုသာ စောင့်နေကြ…”

“ဘယ်လို… စိတ်ဝိဉာဉ်ကန်က လူတိုင်းအတွက် ဖွင့်ပေးမှာလား…”

“တကယ်ကြီးလား… ငါများ နားကြားမှားသွားတာလား…”

“စီနီယာရှောင်ကိုယ်တိုင် ပြောနေတာ… ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ…”

“တောင်ဘက်နယ်မြေတစ်ခုလုံးကို ကြီးစိုးနေတဲ့ ကြယ်ဝိဉာဉ်နန်းတော်က ဆိုတဲ့အတိုင်း စီနီယာရှောင်က တကယ်ကို သမာသမတ်ကျတာပဲ…”

အောက်ဘက်ရှိ ကျင့်ကြံသူများမှာမူ ယနေ့ပြီးသည့်နောက် သူတို့အနေဖြင့် ဤကန်ထဲသို့ နောက်တစ်ကြိမ် ဝင်နိုင်တော့လိမ့်မည်မဟုတ်ဟု တွေးထင်နေခဲ့ကြလေသည်။ ထို့အတွက်ကြောင့် ရှောင်ယုယန်၏ စကားကို ကြားပြီးသည့်နောက် လူအုပ်ကြီးတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကုန်ကြလေ၏။

သို့ရာတွင် လူအနည်းငယ်မှာတော့ အတွေးနက်နေကြလေသည်။ ရှောင်ယုယန်ကဲ့သို့သော ဂုဏ်သတင်းကြီးမားသည့် လူတစ်ဦးသည် လူရှေ့သူရှေ့တွင် လိမ်လိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့ ပြောခဲ့မှဖြင့် ဤကန်ကို လူတိုင်းအတွက် ဖွင့်ပေးပေလိမ့်မည်။

သို့ရာတွင် ကျင့်ကြံသူများအဖို့ ဤကန်ထဲသို့ဝင်ရန်မှာ လွယ်ကူမည်လား။ ကန်ထဲသို့ ဝင်လိုပါက သူတို့အနေဖြင့် တန်ရာတန်ကြေးတစ်ခုခုကို ပြန်လည်ပေးချေရပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ လူတိုင်းသာ ကန်ထဲသို့ ဝင်နိုင်မည်ဆိုပါက မိုင်နှစ်ဆယ်ခန့်သာ ကျယ်ဝန်းသော ဤကန်အနေဖြင့် မည်သည့်နည်းနှင့်မျှ လူပေါင်းများစွာ ကာနိုင်လိမ့်မည် မဟုတ်ချေ။

မေပယ်မြို့အနီးတစ်ဝိုက်တွင် စိတ်ဝိဉာဉ်ကန်တစ်ကန် ပေါ်လာသည့် သတင်းသည် တောင်ဘက်နယ်မြေတစ်ခုလုံးအနှံ့ အနှေးနှင့် အမြန် ဆိုသလို ပျံ့သွားပေလိမ့်မည်။ ထိုသတင်း ပျံ့သွားပြီးသည့်နောက် ကျင့်ကြံသူပေါင်းများစွာသည် စိတ်ဝိဉာဉ်ကန်ထဲတွင် ကျင့်ကြံခွင့် ရလို့ရငြား ဤနေရာသို့ အပြေးလာကြပေလိမ့်မည်။ ဒီကန်လေး သေးသေးလေးထဲ၌ ထိုမျှ များပြားလှသော လူအုပ်ကြီးအဖို့ မည်ကဲ့သို့များ ဝင်ဆံ့နိုင်ပါမည်နည်း။

ဤသတင်း ပျံ့သွားပြီးသည့်နောက်တွင် မေပယ်မြို့သည် တောင်ဘက်နယ်မြေတစ်ခုလုံး၏ အာရုံစိုက်ရာ ဖြစ်လာပေလိမ့်မည်။

တွမ့်ယွမ်ရှန်းသည် မေပယ်မြို့၏ မြို့သခင်ဖြစ်သည်။ သူ၏ မြို့ငယ်လေးသည် တောင်ဘက်နယ်မြေတစ်ခုလုံး၏ အလိုမရှိသော သားငယ်လေးတစ်ဦးသာ ဖြစ်ခဲ့ရလေသည်။ သို့သော်ငြား မကြာမီတွင် သူ၏ မြို့ငယ်လေးမှာ တောင်ဘက်နယ်မြေအနှံ့ နာမည်ကျော်ကြား လာပေတော့မည်။ ထိုအကြောင်းကို တွေးရင်း သူ့စိတ်ထဲ စိတ်ခံစားချက်မျိုးစုံ ထွက်ပေါ်လာတော့လေသည်။ သူ့ခမျာ ဝမ်းလည်းဝမ်းသာမိသလို စိတ်လည်း စိတ်ပူမိပေ၏။

ဝမ်းသာမိသည်မှာ မေပယ်မြို့သည် စိတ်ဝိဉာဉ်ကန်ကြောင့် အနှေးနှင့် အမြန်ဆိုသလို မြို့ကြီးတစ်မြို့ ဖြစ်လာတော့မည့် အတွက်ကြောင့်ပင်။ မေပယ်မြို့သာ အားကောင်းသည့် ပညာရှင်များကို ဆွဲဆောင်နိုင်မည်ဆိုပါက မြို့လေးသည် နောင်အနာဂတ်တွင် ပိုမိုအားကောင်းလာမည်ဖြစ်ကာ တောင်ဘက်နယ်မြေ၏ မြို့ကြီးများအနက် တစ်မြို့ ဖြစ်လာပေလိမ့်မည်။

သူစိတ်ပူနေရသည်မှာ သူသည် ရောက်လာမည့် ပညာရှင်များအား ထိန်းချုပ်နိုင်လောက်သည်အထိ အားမကောင်းမည်ကိုပင်။

“အခု မင်းတို့အားလုံး ထွက်သွားလို့ရပြီ… သိပ်မကြာပါဘူး မင်းတို့ သတင်းကောင်းကို ပြန်ကြားရမှာပါ…” ရှောင်ယုယန်က ပြောလိုက်ပြီးသည့်နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်လေ၏။

ထိုစကားကို ကြားသော် ကျင့်ကြံသူအားလုံး ဤနေရာတွင် ထပ်မနေရဲကြတော့ပေ။ ရှောင်ယုယန်အား လက်သီးဆုပ် နှုတ်ဆက်ပြီးသည့်နောက် မေပယ်မြို့ဆီသို့ ပြန်လာကြလေ၏။

“ရန်ကိုင်…” ကောင်းရွှယ်ထင်းက ရုတ်တရက် အော်ပြောလိုက်လေသည်။

ရန်ကိုင်က ကောင်းရွှယ်ထင်းဘက်သို့ လှည့်၍ ပြုံးကာ “အကြီးအကဲကောင်း ဘာများ ပြောချင်လို့လဲ မသိဘူး…”

“ညကြရင် ငါ့အခန်းဆီ လာခဲ့…” ကောင်းရွှယ်ထင်းက ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။

“အမ်…” ကောင်းရွှယ်ထင်း ပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင် မင်သက်သွားခဲ့လေ၏။

မေပယ်မြို့ဆီသို့ ပြန်ရန် လုပ်နေကြသည့် ကျင့်ကြံသူအားလုံးမှာလည်း ကြက်သေ သေကုန်ကြလေသည်။ အကုန်လုံးသည် မင်သက်နေသည့် အမူအယာများဖြင့် တောင့်တောင့်ကြီး ရပ်နေကုန်ကြလေ၏။ တချို့ဆိုလျှင် မျက်လုံးကျွတ်ထွက်မတတ် အမူအယာများဖြင့် ကောင်းရွှယ်ထင်းဘက်သို့ပင် ပြန်လှည့်ကြည့်ကုန်ကြလေသည်။ သူတို့စိတ်ထဲ သူတို့ကြားလိုက်သည့် စကားအပေါ် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့လေသည်။

ချက်ချင်းဆိုသလို လူအုပ်ကြီးတစ်ခုလုံးသည် ရန်ကိုင့်အား မနာလိုအားကျစွာဖြင့် စိုက်ကြည့်လာကြလေ၏။ ရန်ကိုင် ဘာတွေများ တော်လွန်းနေ၍များ အကြီးအကဲကောင်းသည် ဘာကြောင့် သူ့အား ဤမျှ ပစားပေးနေရသလဲ ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။

ဧကရာဇ်အဆင့် ပညာရှင်အချို့မှာလည်း ကြောင်တောင်တောင် ဖြစ်နေကြလေ၏။ ကောင်းရွှယ်ထင်း ပြောချင်နေသည့် အဓိပ္ပာယ်ကို သူတို့ နားလည်ပေသည်။ သို့သော်ငြား လူမြင်ကွင်း၌ ဤကဲ့သို့ ပြောလိုက်သည်မှာ အနည်းငယ်တော့ မသင့်တော်ရာ ရောက်ပေ၏။

“ရှင်တို့ ဘာတွေ ထူးထူးဆန်းဆန်း လုပ်နေကြတာလဲ…” ဧကရာဇ်အဆင့် ပညာရှင်များမှ ထူးထူးဆန်းဆန်း အမူအယာများဖြင့် သူမအား စိုက်ကြည့်နေသည်ကို မြင်သော် ကောင်းရွှယ်ထင်းက အော်ပြောလိုက်လေ၏။

“ဘာမှ မဟုတ်ပါဘူး… ဘာမှမဟုတ်ပါဘူး… ငါ့ဗိုက်နည်းနည်း နာလာလို့… ကြည့်ရတာ မနေ့ညက အအေးမိသွားတာ ဖြစ်လိမ့်မယ်…” ချန်းယွမ်သည် နာကျင်နေသည့် အမူအယာဖြင့် သူ့ဝမ်းဗိုက်အား ပွတ်သပ်လိုက်လေသည်။

“ဒီကို မလာခင်တုန်းက ငါ ထူးဆန်းတာ တစ်ခုခု စားလာခဲ့တယ်… ကြည့်ရတာ အဲ့ဒါကို စားပြီးတော့ ဖျားချင်နေတာနဲ့တူပါတယ်…” လို့ချီကလည်း မျက်နှာကြီးမဲ့ရင်း ပြန်ပြောလိုက်လေ၏။

“ရှင်တို့ ကျွန်မကို လာနောက်နေတာလား…” ကောင်းရွှယ်ထင်းက အေးစက်စွာ ပြုံးလိုက်လေ၏။

ဒုခေါင်းဆောင်နှစ်ဦးမှာ ဘာပြန်ပြောလို့ ပြောရမှန်း မသိသည့် အတွက်ကြောင့် ခြောက်ကပ်ကပ်သာ ရယ်မောလိုက်လေသည်။

ထိုအခိုက်အတန့်တွင် ရှောင်ယုယန်က ချောင်းဟန့်၍ ပြောလိုက်လေ၏။ “ပြောစရာရှိတာကိုပဲ ပြောကြရအောင်…”

“ဟုတ်တယ် ဟုတ်တယ်…” ချန်ဝမ်ဟောင်က ကြက်အစာကောက်သည့်နှယ် ခေါင်းတညိတ်ညိတ်လုပ်ရင်း ဝင်ပြောလိုက်လေ၏။ ကောင်းရွှယ်ထင်း သူ့ဘက်သို့ ထပ်လှည့်လာမည်ကို ကြောက်နေသည့်ပုံပင်။

ရန်ကိုင်ကမူ ကောင်းရွှယ်ထင်းပြောသည်ကို ကြားပြီးသည့်နောက် လက်သီးဆုပ်၍ အလေးအနက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “နားလည်ပါပြီ…”

ကောင်းရွှယ်ထင်းက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ… နင်သွားလို့ရပြီ…”

ထို့နောက်တွင်မူ ရန်ကိုင်သည် ကျန်းရို့ရှီကိုခေါ်၍ လူအုပ်ကြီးနှင့်အတူ မေပယ်မြို့ဆီသို့ အမြန် ပြန်ပြေးလာခဲ့လေသည်။ လမ်းတစ်လျှောက်တွင် ကျင့်ကြံသူပေါင်းများစွာသည် ရန်ကိုင့်ဆီသို့ မကြာမကြာ လှည့်ကြည့်နေကြသည်။ လော့ယွမ်ပင်လျှင် ထူးထူးဆန်းဆန်း အမူအယာဖြင့် ရန်ကိုင့်အား စိုက်ကြည့်နေခဲ့လေသည်။

“ငါ့လခွမ်းကွာ… တကယ်ကို မတရားလိုက်တာ… ငါဒီလောက် ရုပ်ချောနေတာတောင် အကြီးအကဲကောင်းက ငါ့ကို တစ်ချက်တောင် မကြည့်ဘူး… အဲ့ဒါကို ဟိုခွေးကောင်ကိုကြတော့ ဘာဖြစ်လို့ ဒီလောက်တောင် ပစားပေးနေရတာလဲ မသိဘူး…” ကောင်းရှန်နှင့် လျို့ရွှေတို့၏ ကာကွယ်မှုအောက်တွင် ရှိနေသော နင်ယွမ်ရှုသည် ရန်ကိုင့်အား ကြည့်ရင်း မကျေမနပ်ဖြင့် အော်ပြောလိုက်လေသည်။

ရန်ကိုင်ကမူ လှောင်ပြုံးပြုံးရင်း ခေါင်းခါလျက် ဆံပင်ကို နောက်သို့ သပ်တင်ကာ သက်ပြင်းချ၍ ပြောလိုက်လေသည်။ “ရှင်းနေတာပဲ… ငါက မင်းထက် ပိုရုပ်ချောလို့ပေါ့ကွ…”

“မင်းစကားကိုတောင် မင်းယုံလို့လား…” နင်ယွမ်ရှုက ပြန်ပြောလိုက်လေသည်။

“ဆရာက ဒီလောကကြီးမှာ ရုပ်အချောဆုံးလူပဲ…” ရန်ကိုင့်ဘေးတွင် ရှိနေသော ကျန်းရို့ရှီက ရှက်ရှက်ဖြင့် ဝင်ပြောလိုက်လေသည်။

ရန်ကိုင်က ရယ်မော၍ ကျန်းရို့ရှီ၏ ခေါင်းလေးကို ပုတ်ရင်း ပြောလိုက်လေ၏။ “ကလေးမလေး… နင်က တကယ်ကို မျက်လုံးကောင်းတာပဲ… ကြည့်ရတာ နင်ကြီးလာလို့ရှိရင် ယောကျ်ားကောင်းကောင်း ရမှာ သေချာတယ်…”

“ကျွန်မ ယောကျ်ားမလိုချင်ဘူး…” ကျန်းရို့ရှီက တိုးတိုးလေး ပြန်ပြောလိုက်လေသည်။

သူ့ရှေ့၌ ပွတ်သီးပွတ်သပ်လုပ်နေသော အမျိုးသားနှင့် အမျိုးသမီးကို ကြည့်ရင်း နင်ယွမ်ရှု ဒေါသူပုန် ထလာခဲ့လေသည်။

ရုတ်တရက်ဆိုသလို ရန်ကိုင်သည် အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။ “သခင်လေး… အခွင့်အရေးရတုန်းလေး ကျုပ်တို့ကြား ရှင်းရှင်းလင်းလင်း လုပ်ထားကြရအောင်…”

“ဘာလုပ်ချင်တာလဲ…” နင်ယွမ်ရှု ကြောင်သွားခဲ့လေသည်။

ရန်ကိုင်က ကောင်းရှန်နှင့် လျို့ရွှေကိုကြည့်၍ “ခင်ဗျားတို့ သက်ကြားအိုကြီးနှစ်ဦးလည်း သေချာနားထောင်… မင်းရဲ့အစ်ကို နင်ယွမ်ချန်း သေသွားတာကို ငါကိုယ်တိုင် မြင်ခဲ့တယ်…”

ထိုစကားကို ကြားသော် ကောင်းရှန်နှင့် လျို့ရွှေတို့၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ နင်ယွမ်ရှုကမူ မျက်လုံးမှေးစင်းလျက် ပြန်အော်ပြောလိုက်လေသည်။ “ငါထင်ထားတဲ့အတိုင်းပဲ ငါ့အစ်ကိုသေတာ မင်းလက်ချက် ဖြစ်နေတာကိုး…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ “ငါဆုံးအောင် မပြောရသေးဘူး… ပြီးတော့ မင်းအစ်ကိုကို ငါသတ်လိုက်တယ်လို့လည်း မပြောသေးဘူး…”

“ငါ့အစ်ကိုကို မင်းမသတ်ရင် ဘယ်သူသတ်မှာလဲ…” နင်ယွမ်ရှုက ပြန်မေးလိုက်လေသည်။

“သစ်သားဝိဉာဉ်ပဲ…”

“သစ်သားဝိဉာဉ်…” နင်ယွမ်ရှု နားမလည်နိုင် ဖြစ်သွားခဲ့လေ၏။ သူ့ကြည့်ရသည်မှာ သစ်သားဝိဉာဉ်အကြောင်း တစ်ခါမှ မကြားဖူးသည့်ပုံပင်။ သို့သော်ငြား ထိုစကားကို ကြားပြီးသည့်နောက် ကောင်းရှန်နှင့် လျို့ရွှေတို့မှာမူ မျက်လုံးမှေးစင်းသွားကြလေသည်။

ကောင်းရှန်က အံ့အားသင့်တကြီးဖြင့် ပြောလိုက်လေသည်။ “လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မေပယ်မြို့ထဲမှာ သစ်သားဝိဉာဉ်တစ်ကောင် ပေါ်လာပြီး သောင်းကျန်းသွားတယ်လို့ ပြောတယ်…”

“ဟုတ်တယ်…” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “သစ်သားဝိဉာဉ်က ဘယ်အချိန်တည်းကမှန်း မသိဘူး သူ့ရဲ့အစေ့တွေကို နင်ယွမ်ချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ စိုက်ထားခဲ့တာ… ပြောရရင်တော့ အရှည်ကြီးပဲ… ဒါပေမဲ့ နင်ယွမ်ချန်းက သူတော်စင်နန်းတော်ကဆိုမှတော့ ကျုပ်လည်း ခင်ဗျားတို့ကို ပြောပြပေးရသေးတာပေါ့…”

ခဏအကြာတွင် ရန်ကိုင်သည် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။

ရန်ကိုင်ပြောပြသည်ကို ကြားပြီးသည့်နောက် ကောင်းရှန် တိတ်သွားခဲ့လေ၏။ ခဏကြာပြီးသည့်နောက်တွင် ပြန်၍ပြောလိုက်လေသည်။ “မင်းပြောတဲ့ပုံအရ ဆိုလို့ရှိရင် အဲ့နေ့က လေလံပွဲပြီးသွားတာနဲ့ သခင်လေးက သူ့လူတွေနဲ့ မေပယ်မြို့ထဲကနေ ထွက်သွားတယ်… ကြယ်ဝိဉာဉ်နန်းတော်က မောင်းထုတ်ခံထားရတဲ့ ဟန်းလန်ဆိုတဲ့ တပည့်ကလည်း သူ့နောက်ကို လိုက်သွားတယ်… အပြင်မှာ တိုက်ပွဲဖြစ်ပြီး ဟန်းလန်က ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အကြီးအကဲ လျို့ရီကို နိုင်သွားတယ်… ဒါပေမဲ့ သခင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သစ်သားဝိဉာဉ်သတ်တာ ခံလိုက်ရတယ်…”

“အမှန်ပဲ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၇၉)

“အဲ့တိုက်ပွဲ ဖြစ်တုန်းက ငါက အနားကနေ မတော်တဆ ဖြတ်သွားခဲ့တာ… ဒါကြောင့် အကုန်သိနေခဲ့တာ… အဲ့အချိန်တုန်းက ငါ့ကျင့်ကြံခြင်းက တန်ခိုးရှင်ဘုရင် တတိယအဆင့်ပဲ ရှိသေးတာဆိုတော့ ခပ်လှမ်းလှမ်းကနေပဲ တိုက်ပွဲကို ကြည့်နေခဲ့တယ်…” ရန်ကိုင်က ပြောလိုက်လေသည်။

“ဘယ်လို… အဲ့တုန်းက မင်းက တန်ခိုးရှင်ဘုရင် တတိယအဆင့်ပဲ ရှိသေးတာလား…” ထိုစကားကို ကြားပြီးသည့်နောက် ကောင်းရှန်နှင့် လျို့ရွှေတို့နှစ်ဦးစလုံး အံ့အားသင့်သွားကုန်ကြလေသည်။ မယုံကြည်နိုင်စရာ အကြောင်းအရာတစ်ခုကိုလည်း နားလည်သွားခဲ့လေ၏။

ရန်ကိုင် ပြောသလိုသာ ရန်ကိုင်သည် ထိုစဉ်က တန်ခိုးရှင်ဘုရင် တတိယအဆင့်သာ ရှိသေးဦးမည်ဆိုပါက သူသည် နှစ်နှစ်အတွင်း အဆင့်ကြီးတစ်ဆင့်ကို ဖြတ်ကျော်၍ အဆင့်သေးတစ်ဆင့်ကိုပါ ထပ်မံ ချိုးဖောက်ဝင်ရောက်ခဲ့သည်ဟု ပြော၍ ရပေသည်။ ထိုအချိန်တိုအတွင်း တန်ခိုးရှင်ဘုရင် တတိယအဆင့်မှ တာအိုသခင် ဒုတိယအဆင့်သို့ ရောက်ရှိလာသည့် အမြန်နှုန်းသည် အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ရန်ကိုင်သာ ဤနှုန်းဖြင့် ဆက်၍ အဆင့်တက်နေဦးမည်ဆိုပါက နောက်တစ်နှစ်ကြာသည့်အခါ သူသည် တာအိုသခင် တတိယအဆင့်သို့ ရောက်နေပေလိမ့်မည်။ ထိုသို့ဖြစ်၍ နောက်တစ်နှစ် ထပ်မံကြာသွားသည့်နောက် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာမည်လား။

တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးအဖို့ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန်မှာ မလွယ်ကူလှချေ။ သို့သော်ငြား ရန်ကိုင့်အား အနှစ် နှစ်ဆယ် အချိန်ပေးမည်ဆိုပါက သူ့အနေဖြင့် ဧကရာဇ်အဆင့်သို့ ကျိန်းသေ ချိုးဖြတ် ဝင်ရောက်နိုင်ပေလိမ့်မည်။ ထို့အပြင် ရန်ကိုင်သည် ဥတုလေးမျိုးနယ်မြေထဲ၌ အဆုံးမဲ့ရတနာဆေးလုံးကို စားခဲ့သည်ဟု ကောင်းရှန်နှင့် လျို့ရွှေတို့ သတင်းရထားသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ချေသည် သာမန်လူတစ်ဦး ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ချေထက် အများကြီး ပိုများသွားခဲ့လေပြီ။

သူတို့နှစ်ဦးမှာ နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့သော်ငြား ဧကရာဇ်အဆင့်၏ အစွန်အဖျားကိုပင်လျှင် မထိတွေ့နိုင်သေးပေ။ သို့သော်ငြား လူငယ်လေးတစ်ဦးမှာတော့ သူတို့ထက်ပို၍ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ချေ ရှိနေခဲ့သည်။ ထိုအချက်ကို တွေးလိုက်မိသည့်နောက် လူအိုကြီးနှစ်ဦးစလုံး အတော်လေး စိတ်ဓာတ်ကျချင်မိသွားခဲ့လေသည်။

“အဲ့ဒါကြောင့်ပဲ…” ရန်ကိုင်က ပုခုံးတွန့်ပြလျက် “နင်ယွမ်ချန်းသေသွားတာ ငါနဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောတာ…”

နင်ယွမ်ရှု မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ရန်ကိုင့်အား ယုံလျှင်ကောင်းမလား မယုံလျှင်ကောင်းမလား ဝေခွဲရခက်နေသည့် ပုံပင်။ တခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ပြန်၍ မေးလိုက်လေသည်။ “အဲ့ဒါဆိုရင် ငါ့အစ်ကိုရဲ့ ပိုင်ဆိုင်မှုတွေရော… ငါတို့ သူတော်စင်နန်းတော်ရဲ့ ပျံသန်းရေးမှော်ရတနာကို မင်းတစ်ခါသုံးဖူးတယ်လို့ အခြားလူတွေပြောတာ ငါကြားတယ်… အဲ့မှော်ရတနာနဲ့ ငါ့အစ်ကို လေလံပွဲမှာ ဝယ်သွားတဲ့ မှော်ရတနာစိတ်ဝိဉာဉ်ရော… အဲ့ဒါတွေ ဘယ်မှာလဲ…”

“သခင်လေး… မင်းဘာပြောချင်နေလဲ ငါနားမလည်ဘူး…” ရန်ကိုင်က နင်ယွမ်ရှုအား ကြည့်ကာ ပြန်ပြောလိုက်လေသည်။

“မသိချင်ယောင် ဆောင်မနေနဲ့…” နင်ယွမ်ရှု ဒေါသူပုန် ထသွားလေ၏။ “ငါ့အစ်ကိုက သေသွားပြီ… သူ့ပိုင်ဆိုင်မှုတွေက ငါတို့ သူတောင်စင်နန်းတော်ရဲ့ အပိုင်ပဲ… ဒီတော့ ငါ့မှာ အဲ့ဒါတွေကို ပြန်တောင်းဆိုခွင့် ရှိတယ်…”

ရန်ကိုင်က မျက်နှာကိုကုပ်ရင်း ပြန်ပြောလိုက်လေသည်။ “သခင်လေးက အဲ့လောက်တောင် ပြန်လိုချင်နေတာလား… မင်းရဲ့ သူတော်စင်နန်းတော်က အင်အားစုကြီးတစ်ခုပဲကို… ပျံသန်းရေးမှော်ရတနာတစ်ခု နှစ်ခုလောက်က မင်းတို့အတွက် ဘယ်လောက်အဖိုးတန်မှာမို့လို့လဲ…”

“ဘာမှ အဖိုးမတန်ရင်တောင် ငါတို့အပိုင်ပဲ… ငါ့ကို ပြန်ပေး…” နင်ယွမ်ရှုက အော်ပြောလိုက်လေသည်။

“ဟူး…” ရန်ကိုင်က သက်ပြင်းချလျက် ပြန်ပြောလိုက်လေ၏။ “ကောင်းပြီလေ… အဲ့လိုဆိုတော့လည်း ပြောပြပေးရတာပေါ့… မင်းရဲ့ သူတော်စင်နန်းတော်ရဲ့ ပျံသန်းရေးမှော်ရတနာက ပျက်စီးသွားပြီ…”

“ပျက် ပျက်စီးသွားပြီ…” နင်ယွမ်ရှုက မျက်လုံးအပြူးသားဖြင့် ပြန်ပြောလိုက်လေသည်။ “မဖြစ်နိုင်ဘူး… အဲ့သင်္ဘောက တာအိုသခင်အဆင့် မှော်ရတနာတစ်ခုပဲ… ဧကရာဇ်အဆင့်အောက်က ကျင့်ကြံသူတွေရဲ့ ဘယ်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်တယ်… ဒီလောက်လွယ်လွယ်နဲ့ ပျက်စီးသွားစရာ အကြောင်းမရှိဘူး… ငါတို့ သူတော်စင်နန်းတော်မှာတောင် အဲ့လိုသင်္ဘောမျိုး နည်းနည်းပဲရှိတာ…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “တာအိုသခင်အဆင့် ပညာရှင်တွေ တိုက်ခိုက်လို့ ပျက်စီးသွားတာမဟုတ်ဘူး… ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက် တိုက်ခိုက်လိုက်လို့ ပျက်စီးသွားတာ…”

ထိုပျံသန်းရေးမှော်ရတနာသည် တကယ်ကြီး ပျက်စီးသွားခဲ့လေသည်။ ထိုမှော်ရတနာသည် မိုရှောင်ချီကို ပြန်ခေါ်သွားသော ဒေါ်လေးဖုန်းဆိုသူမှ တိုက်ခိုက်လိုက်သည့်အတွက်ကြောင့် တစ်ချက်တည်းနှင့် ပျက်စီးသွားခြင်း ဖြစ်သည်။ ဒေါ်လေးဖုန်းသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လေရာ သူမအဖို့ ထိုမှော်ရတနာအား ဖျက်ဆီးပစ်ရန်မှာ အလွယ်လေးသာ ဖြစ်လေသည်။ လျော်ကြေးအနေဖြင့် ဒေါ်လေးဖုန်းသည် ရန်ကိုင့်အား သစ်သားလှေတစ်စင်း ပြန်ပေးခဲ့လေ၏။ ထိုလှေလေးမှာ သင်္ဘောလောက် မကြီးသော်ငြား သင်္ဘောထက်ပို၍ ပေါ့ပါးပြီး သွားရလာရ ပိုအဆင်ပြေပေသည်။

ထိုစကားကို ကြားသော် နင်ယွမ်ရှု၏မျက်နှာကြီး မဲ့သွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “မင်းဘယ်သူ့ကို သွားရန်စလိုက်တာလဲ…”

ကောင်းရှန်ကလည်း အံ့အားသင့်နေသည့် လေသံဖြင့် “ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးကို ဒေါသထွက်အောင် လုပ်ပြီးတာတောင် မင်းအခုထိ အသက်ရှင်နေသေးတယ်ပေါ့…”

သူတော်စင်နန်းတော်မှ ကျင့်ကြံသူများအားလုံး ရန်ကိုင့်အား အံ့အားသင့်တကြီး စိုက်ကြည့်လာကြလေသည်။

“ကျုပ်သူနဲ့ သွားတိုက်ခိုက်တာမှ မဟုတ်တာ…” ရန်ကိုင်က ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည်။ “သူ့တိုက်ကွက်က ရုတ်တရက်ကြီးဆိုသလို ကျုပ်ကိုလာမှန်တာ… ဒါပေမဲ့ အဲ့စီနီယာက ကျုပ်အသက်ကို မလိုချင်ဘူးလေ…” ပြောရင်းနှင့် ရန်ကိုင်က ဖြတ်ပြောလိုက်သေး၏။ “ပြီးတော့ နင်ယွမ်ချန်းသေသွားတဲ့နောက်ပိုင်း အဲ့သင်္ဘောက ပိုင်ရှင်မဲ့သွားတာလေ… ဒီတော့ ရတဲ့လူက ယူပေါ့… ကျုပ်တွေ့မှတော့ ကျုပ်အပိုင်ပဲပေါ့… ဘာတွေ လာပြန်တောင်းနေသေးတာလဲ…”

“ကောင်းပြီ ကောင်းပြီ… အဲ့သင်္ဘောကိစ္စကို ငါမပြောတော့ဘူး…” နင်ယွမ်ရှုက အော်ပြောလိုက်လေသည်။ “သင်္ဘောက ပျက်စီးသွားပြီဆိုတော့ ဘာမှလည်း မထူးတော့ဘူး… သင်္ဘောမရှိတော့ရင်တောင် မီးဓာတ်မှော်ရတနာစိတ်ဝိဉာဉ်ရော… အဲ့မှော်ရတနာစိတ်ဝိဉာဉ်က တော်တော်လေး အသိဉာဏ်ရှိတယ်လို့ သူများတွေပြောတာ ငါကြားတယ်…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေ၏။ “မင်းမေးခွန်းထဲမှာ အဖြေပါနေပြီဆိုတာကို မသိဘူးလား…‌ မှော်ရတနာစိတ်ဝိဉာဉ်က အသိဉာဏ်ရှိနေမှတော့ အခွင့်အရေးရတာနဲ့ ထွက်ပြေးသွားမှာပေါ့…”

“ထွက်ပြေးသွားတယ်…”

“မင်းအခုလေးတင်ပဲ အသိဉာဏ်ရှိနေတဲ့ မှော်ရတနာစိတ်ဝိဉာဉ်တစ်ခုကို မြင်ပြီးသွားပြီ မဟုတ်ဘူးလား…” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် နင်ယွမ်ရှု၏ မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့လေ၏။

“အဲ့ဒါဆိုရင် ဘာမှ မကျန်တော့ဘူးပေါ့…” ကောင်းရှန် မျက်မှောင်ကျုံ့သွားခဲ့သည်။

“ဘာတွေ ကျန်ရဦးမှာလဲ… ကျုပ်ခင်ဗျားကို အကုန် ရှင်းပြပြီးသွားပြီ မဟုတ်ဘူးလား…” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “သူတော်စင်နန်းတော်က ထပ်ရောက်လာတဲ့ ဖူစီတုန်းကတော့… အဲ့ကောင်က တော်တော်လေး အားကောင်းတယ်… ဒီတော့ ကျုပ်သူ့ကို သတ်လိုက်တယ်လို့ ပြောရင်တောင် ခင်ဗျားတို့ယုံမှာမဟုတ်ဘူး…”

“မင်း ဘာလို့ သူ့ကို သတ်နိုင်ရမှာလဲ…” နင်ယွမ်ရှုက လှောင်ပြုံးပြုံးလျက် “အကြီးအကဲဖူ သေသွားတာ နတ်ဆိုးချီ တိုက်စားခံလိုက်ရတာကြောင့်လို့ မြို့သခင်တွမ့်က ပြောပြပြီးသွားပြီ…”

“ဟုတ်တယ်…” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။ “ကဲ… ဒါဆို ငါတို့ကြား နားလည်မှုလွဲနေတာတွေ အကုန်ရှင်းပြီးသွားပြီပေါ့… ဟုတ်တယ်မလား… ဒါကြောင့် နောက်ပိုင်း ငါ့ကို လာမနှောင့်ယှက်တော့နဲ့… သူတော်စင်နန်းတော်ရဲ့ သခင်လေးကို သတ်တယ်ဆိုပြီးတော့လည်း လာမစွပ်စွဲတော့နဲ့… မင်းက အကျိုးသင့်အကြောင်းသင့် ပြောလို့ရတဲ့လူပါ ဟုတ်တယ်မလား… ကဲ… ဒီတော့ ခင်ခင်မင်မင်နဲ့ပဲ နောက်ပိုင်းတွေ့တဲ့အခါကြရင် မိတ်မပျက်ဘဲ နေကြရအောင်…”

“အဲ့ကိစ္စကို မင်းကပြောရမှာ မဟုတ်ဘူး…” ကောင်းရှန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်လေသည်။

“ဘာလဲ…ကျုပ်မပြောရင် ခင်ဗျားက ပြောရမှာလား…” ရန်ကိုင်၏အမူအယာ အေးစက်သွားခဲ့လေသည်။

“မဟုတ်ဘူး…” လျို့ရွှေက ပြန်ပြောလိုက်သည်။

“အဲ့ဒါဆို ဘယ်သူပြောမှာလဲ…” ရန်ကိုင်၏အမူအယာ တဖြည်းဖြည်း မှုန်ကုပ်လာခဲ့လေသည်။

ကောင်းရှန်က ပြောပြလေ၏။ “မင်းမှာ အပြစ်မရှိဘူးဆိုရင် ငါတို့နဲ့အတူ သူတော်စင်နန်းတော်ကို ပြန်လိုက်ပြီး နန်းတော်သခင်ကို အကုန်ရှင်းပြလိုက်… နန်းတော်သခင်ကပဲ ဆုံးဖြတ်ချက် ချလိမ့်မယ်…”

“ဟုတ်တယ်…” လျို့ရွှေကလည်း ခေါင်းညိတ်လိုက်လေသည်။ “မင်း ငါတို့နဲ့အတူ ဂိုဏ်းဆီပြန်လိုက်ခဲ့ရမယ်…”

ထိုစကားကို ကြားသော် ရန်ကိုင်က ရယ်မောလျက် ကောင်းရှန်အား အဓိပ္ပာယ်ပါပါ ကြည့်ရင်း ပြောလိုက်လေသည်။ “ကာကွယ်သူတို့ ကြည့်ရတာ ခင်ဗျားတို့ တစ်ခုခုကို နားလည်မှုလွဲနေတယ်နဲ့တူတယ်…”

“ဘာကို နားလည်မှုလွဲရမှာလဲ…”

“ကျုပ်အခုလို ရှင်းပြနေတာက ခင်ဗျားတို့ကို ကြောက်တာကြောင့်လို့ ထင်နေတာလား… ရှင်းရှင်းပြောလိုက်မယ်… ကျုပ်မှာ ခင်ဗျားတို့ကို ကြောက်စရာ ဘာအကြောင်းမှ မရှိဘူး… မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ချင်လို့သာ အခုလိုမျိုး အချိန်ကုန်ခံပြီး ရှင်းပြပေးနေတာ… ယုံတာမယုံတာကတော့ ခင်ဗျားတို့အပိုင်းပဲ… ဒါပေမဲ့ အခုလို ရှင်းပြပြီးသွားတာတောင် ကျုပ်ကို ဆက်ပြီး ပြဿနာ ရှာနေဦးမယ်ဆိုရင်တော့ ဟင်း ဟင်း…” ရန်ကိုင့်၏မျက်နှာမှာ ပြုံးနေသော်ငြား သူ့အကြည့်မှာတော့ ရေခဲတမျှ အေးစက်နေခဲ့လေပြီ။

ဘာကြောင့်မှန်းမသိ ကောင်းရှန်နှင့် လျို့ရွှေတို့နှစ်ဦးစလုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ကြလေ၏။ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည့်အလား နှစ်ဦးစလုံး မျက်လုံးများ မှေးစင်းသွားခဲ့ကြလေသည်။

ရန်ကိုင်ပြောသည်ကို ကြားသည့်အခါမှသာ ရန်ကိုင်သည် ကောင်းရွှယ်ထင်းနှင့် ရင်းနှီးကြောင်းကို ပြန်သတိရသွားခဲ့သည်။ လူပေါင်းများစွာရှေ့တွင် ကောင်းရွှယ်ထင်းသည် ရန်ကိုင့်အား သူမအခန်းဆီသို့ လာရန်ပင် ပြောသွားခဲ့သေး၏။ ထို့အတွက်ကြောင့် သူတို့အဖို့ ရန်ကိုင့်အား သွားမတိုက်ခိုက်ရဲကြပေ။ သူတို့သာ ကောင်းရွှယ်ထင်းအား ဒေါသထွက်အောင် လုပ်မိမည်ဆိုပါက နန်းတော်သခင်ပင်လျှင် သူတို့အား ကယ်နိုင်လိမ့်မည် မဟုတ်ချေ။

ယနေ့ နန်းတော်သခင်ကိုယ်တိုင် ရောက်လာခဲ့မည်ဆိုလျှင်ပင် ရန်ကိုင့်အား တိုက်ခိုက်ရဲလိမ့်မည် မဟုတ်။

ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ယနေ့ကိစ္စသည် သူတို့ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးကြောင်း ပို၍ အန္တရာယ်များကြောင်းကို ကောင်းရှန်နှင့် လျို့ရွှေတို့နှစ်ဦးစလုံး နားလည်သွားခဲ့ကြလေသည်။

ကောင်းရှန်က ပြောလိုက်လေ၏။ “သခင်လေးရန် ကျုပ်တို့နဲ့အတူ နန်းတော်ဆီ ပြန်မလိုက်ချင်ဘူး ဆိုရင်လည်း ရတယ်… ဒါပေမဲ့ အနည်းဆုံးတော့ စာလေးတစ်စောင်တော့ ရေးပေး… အဲ့လောက်မှ မလုပ်ပေးဘူး ဆိုလို့ရှိရင် နန်းတော်သခင်က ကျုပ်တို့ကို တာဝန်ခံမှုမရှိဘူးဆိုပြီး စွပ်စွဲလိမ့်မယ်… ကျုပ်တို့ မေပယ်မြို့မှာ တစ်ချိန်လုံး နေနေတာ ဘာအတွက်လဲ ဆိုပြီးတော့ လာပြီး အပြစ်တင်တော့မှာ…”

“အဲ့ဒါက ကျုပ်ကိစ္စမဟုတ်ဘူးလေ…” ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

“ကျေးဇူးပြုပြီးတော့ လုပ်ပေးပါ သခင်လေးရန်…” ကောင်းရှန်က ဆက်၍ တောင်းဆိုလိုက်လေသည်။

“ထွက်သွားတော့…” ထိုသို့ ပြောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် အနန္တဓါးကို ထုတ်၍ ပြောလိုက်လေသည်။ “ဒါ ကျုပ်နောက်ဆုံးအကြိမ် ပြောတာနော်… ခင်ဗျားတို့ ကျုပ်ကို ခေါင်းမာမာနဲ့ ဆက်ပြီး အနှောင့်အယှက်ပေးနေဦးမယ် ဆိုရင်တော့ ကျုပ်ခင်ဗျားတို့ကို တကယ်ကြီး သတ်တော့မှာ…”

ထိုကဲ့သို့ ပြောပြီးသွားသည်နှင့် ရန်ကိုင်သည် အရင်းအမြစ်ချီကို လှည့်ပတ်လိုက်ပြီး သူ့ကောင်းကင်စိတ်အာရုံဖြင့် ကောင်းရှန်နှင့် လျို့ရွှေတို့ နှစ်ဦးစလုံးအား လွှမ်းခြုံလိုက်လေသည်။

ရန်ကိုင့်၏ ကောင်းကင်စိတ်အာရုံကို ခံစားမိလိုက်ချိန် ကောင်းရှန်နှင့် လျို့ရွှေတို့ နှစ်ဦးစလုံး မျက်စိပျက် မျက်နှာပျက် ဖြစ်သွားကြလေသည်။ သူတို့ရှေ့ရှိ ဤလူငယ်လေး၏ ပုံရိပ်မှာ ရုတ်ချည်း ကြီးမားလာသလို သူတို့စိတ်ထဲ ခံစားလိုက်ရသည်။ ရန်ကိုင်၏ အရှိန်အဝါသည် တောင်တစ်လုံးနှယ် သူတို့အပေါ်သို့ ဖိချလာနေခဲ့ရာ သူတို့ခင်မျာ အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ချေ။

ယခုအခါမှသာလျှင် ရန်ကိုင့်၏စွမ်းအားသည် လော့ယွမ်အောက် နိမ့်ကျခြင်း မရှိကြောင်းကို ကောင်းရှန်နှင့် လျို့ရွှေတို့ နှစ်ဦးစလုံး နားလည်သွားခဲ့ကြသည်။

ရန်ကိုင့်၏ ကောင်းကင်စိတ်အာရုံ သူတို့နှစ်ဦးအပေါ်သို့ လွှမ်းခြုံသွားသည်မှာ တဒင်္ဂမျှသာ ဖြစ်သော်ငြား လူအိုကြီးနှစ်ဦးမှာတော့ နှစ်ရာပေါင်းများစွာ ကြာသွားသလို ခံစားလိုက်ရလေသည်။ သူတို့အသိပြန်ဝင်လာသည့်အချိန်တွင် ရန်ကိုင်သည် သူတို့ရှေ့မှ ပျောက်ကွယ်သွားနေခဲ့လေပြီ။ နှစ်ယောက်စလုံး အကြည့်ချင်း ဖလှယ်လိုက်ကြလေ၏။ နှစ်ဦးစလုံး၏ အကြည့်ထဲ ထိတ်လန့်မှုတို့ကို အတိုင်းသား မြင်တွေ့နေရလေသည်။

“အဲ့လူကို ငါတို့ သွားရန်စလို့ မဖြစ်ဘူး…” ကောင်းရှန်က အကြောက်မပြေသေးသည့် အမူအယာဖြင့် ပြောလိုက်လေသည်။ သူသာ ရန်ကိုင်အား သွားရန်စမည်ဆိုပါက သူ့အသက်ကို ဤနေရာတွင်ပင် ဆုံးရှုံးသွားရနိုင်ကြောင်း မသိစိတ်က ပြောနေခဲ့သည်။

“ဟုတ်တယ်…” လျို့ရွှေကလည်း နဖူးထက်ရှိ ချွေးအေးများကို သုတ်ရင်းမှ ပြောလိုက်လေ၏။

“အဲ့ဒါဆို ကျုပ် ဝက်တစ်ကောင်လို ဖူးယောင်ကိုင်းနေအောင် အတီးခံလိုက်ရတာ အလကား ဖြစ်သွားတာပေါ့…” နင်ယွမ်ရှုသည် သူ့ပါးအား လက်ညှိုးထိုးရင်းမှ မကျေမချမ်း ဖြစ်နေသည့် အမူအယာများဖြင့် “သူကျုပ်ကို စော်လည်းစော်ကားတယ်… လူရှေ့သူရှေ့မှာလည်း အရှက်ခွဲတယ်… ပြီးတော့ ကျွမ်းပန်ကိုတောင် သတ်လိုက်သေးတယ်… ဒီလိုတွေလုပ်ပြီးသွားတာတောင် ကျုပ်တို့ သူတောင်စင်နန်းတော်က ငြိမ်ခံနေရဦးမှာလား… အဲ့လို ငြိမ်ခံနေလိုက်မယ်ဆိုရင် ဘယ်မျက်နှာနဲ့ တောင်ဘက်နယ်မြေထဲမှာ ဆက်ပြီး နေနေရတော့မှာလဲ…”

ကောင်းရှန်သည် နင်ယွမ်ရှုအား ကြည့်လျက် သက်ပြင်းချကာ ပြောလိုက်လေ၏။ “ကျွမ်းပန်လို ငကြောက်တစ်ကောင် သေသွားတာ ဘာမှ သနားစရာမရှိဘူး… သခင်လေးကတော့ အဲ့ဒဏ်ရာတွေကို ခြင်ကိုက်တာလို့ပဲ သဘောထားလိုက်ပေါ့…”

ထိုစကားကိုကြားသော် နင်ယွမ်ရှု၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ လူအိုကြီးနှစ်ဦးမှာ ဤကိစ္စနှင့်ပတ်သက်၍ လက်စားပြန်ချေပေးမည် မဟုတ်ကြောင်းကို အခိုင်အမာ ပြောကြားပြီးသွားခဲ့ပြီ ဖြစ်သည့်အတွက်ကြောင့် နင်ယွမ်ရှုအနေဖြင့် ကြိတ်မှိတ်၍ သည်းခံရုံသာ ရှိတော့လေသည်။

ချင်းမိသားစု ခြံဝန်းအတွင်းတွင်…

ရန်ကိုင်၊ ချင်းကျောင်းရန်နှင့် သူတို့၏ အပေါင်းအပါများသည် ချင်းမိသားစုဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

မေပယ်မြို့ထဲတွင် ရန်ကိုင်၏ ကိုယ်ပိုင်နေအိမ် မရှိချေ။ ယခင်က သီးသန့်အိမ်တစ်လုံး ငှားနေခဲ့သော်ငြား ထိုအိမ်သက်တမ်း ကုန်သွားပြီးနောက်တွင် ရန်ကိုင်လည်း အသစ်ထပ်၍ သက်တမ်းမတိုးတော့ချေ။ ကံကောင်းစွာဖြင့် ချင်းမိသားစုသည် သူ့အား သူစိမ်းတစ်ယောက်နှယ် မဆက်ဆံခဲ့ပဲ သူ့အတွက် နေစရာထိုင်စရာ စီစဉ်ပေးခဲ့လေသည်။

လမ်းစဉ်ရှစ်သွယ်ဂိုဏ်းမှ တပည့်များသည်လည်း ပြန်လည် ရောက်ရှိလာကြ၏။ သူတို့အားလုံးသည် လော့ယွမ်နှင့် မျက်နှာဝိုင်းဝိုင်းဖြင့် အမျိုးသမီး၏ ဦးဆောင်မှုအောက်တွင် သူတို့နေထိုင်ရာ ခြံဝန်းဆီသို့ ထွက်သွားကြလေသည်။

သို့သော်ငြား လော့ယွမ်သည် သူ့အား အန္တရာယ်များသည့် အကြည့်ဖြင့် စိုက်ကြည့်နေကြောင်းကို ရန်ကိုင် အသေအချာ သတိပြုမိသွားခဲ့သည်။ လော့ယွမ် သူနှင့် တိုက်ခိုက်ချင်နေမှန်းကို ရန်ကိုင် သတိထားမိပေသည်။ ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် ရန်ကိုင် ခေါင်းကိုက်ချင်လာတော့လေ၏။

“ညီလေးရန်… အစေခံတွေကို မင်းအတွက် နေစရာတစ်ခု စီစဉ်ပေးဖို့ ငါပြောထားပြီးသွားပြီ… အဲ့နေရာက ငါတို့ချင်းမိသားစုရဲ့ အကောင်းဆုံးနေရာတွေထဲက တစ်ခုပဲ… မင်းအဲ့မှာ နားနေလို့ရတယ်…” ချင်းကျောင်းရန်သည် ရန်ကိုင့်အား ခြံဝန်းတစ်ခုဆီသို့ ခေါ်လာပြီး ပြောလိုက်လေ၏။

“အလုပ်ရှုပ်အောင် လုပ်မိလို့ တောင်းပန်ပါတယ် မိသားစုခေါင်းဆောင်ချင်း…” ရန်ကိုင်က ပြောလိုက်လေသည်။

“မလိုပါဘူးကွာ… မင်းတစ်ခုခု လိုအပ်တာ ရှိရင် အစေခံတွေကို ခေါ်ပြီးတော့သာ ပြောလိုက်…” ချင်းကျောင်းရန်က ရယ်မောရင်း ပြောလိုက်လေသည်။ “ကဲ… ငါမင်းကို မနှောင့်ယှက်တော့ဘူး… အေးအေးဆေးဆေး သွားအနားယူလိုက်ပေတော့… ငါလည်း ပြန်ပြီးတော့ ယုအာရဲ့ အခြေအနေကို စစ်ဆေးကြည့်ရဦးမယ်…”

“အင်း…”

ချင်းကျောင်းရန် ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျန်းရို့ရှီနှင့်အတူ ခြံဝန်းထဲသို့ ဝင်လာခဲ့လေသည်။ ခြံဝန်းမှာ သိပ်မကြီးလှ။ သို့သော်ငြား တိတ်ဆိတ်ပြီး ငြိမ်းချမ်းလှ၏။ မိုးမြေစွမ်းအင်မှာလည်း အတော်လေးကို ကြွယ်ဝလှပေသည်။

ခြံဝန်းအား စစ်ဆေးကြည့်ပြီးသည့်နောက် ကျန်းရို့ရှီအား အခန်းတစ်ခန်းယူကာ နေထိုင်ရန် ပြောပြီးသည့်နောက်တွင် ရီကျင်းဟန်ဘက်သို့ လှည့်လိုက်လေ၏။ ရီကျင်းဟန်သည် အရိပ်တစ်ခုနှယ် သူ့နောက်မှ ငြိမ်သက်စွာ တောက်လျှောက် လိုက်လာခဲ့သည်။ သူမအား ကြည့်နေရင်းမှ ရန်ကိုင် သက်ပြင်းမောကြီးတစ်ချက် ချလိုက်မိလေသည်။

ထိုအချင်းအရာကိုမြင်သော် ရီကျင်းဟန်သည် နှုတ်ခမ်းလေးကိုကိုက်လျက် ယဲ့ယဲ့လေးပြုံးလိုက်လေသည်။

“ရပ်လိုက်တော့… အဲ့လိုပြုံးမနေတော့နဲ့… နင်အဲ့လို ပြုံးနေတာ ငိုနေတာထက်တောင် ပိုပြီး အရုပ်ဆိုးသေးတယ်…” ရန်ကိုင်က စိတ်ပျက်ပျက် အမူအယာဖြင့် ပြောလိုက်လေသည်။

ထိုစကားကိုကြားသော် ရီကျင်းဟန်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး သူမ၏မျက်နှာမှာလည်း ဖြူလျော်သွားခဲ့လေသည်။ မျက်ဝန်းလေးများမှာလည်း မျက်ရည်များဖြင့် အရည်လဲ့လာလေတော့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၈၀)

“ဘာပြောမလို့လဲ… အထဲသွားပြီး ပြောကြရအောင်…” ရန်ကိုင်သည် အခန်းတံခါးကိုဖွင့်၍ အထဲသို့ ဝင်သွားလိုက်လေသည်။

ထိုစကားကို ကြားသော် ရီကျင်းဟန် အံ့အားသင့်သွားခဲ့ပြီး စိတ်ဓာတ်ကျနေသည့် သူမ၏မျက်နှာလေး ပြုံးပျော်သွားခဲ့လေသည်။ ထို့နောက် ချိုသာစွာ ပြောလိုက်လေ၏။ “ကျေးဇူးအများကြီးတင်ပါတယ် သခင်လေးရန်…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင် သူ့စကားအား ပြန်ရုတ်သိမ်းမည်ကို စိုးရိမ်နေသည့်အလား အထဲသို့ အမြန်ဝင်သွားလိုက်လေသည်။

အခန်းထဲသို့ ရောက်ပြီးသည့်နောက် ရန်ကိုင်သည် အခန်းအား လေ့လာရုံတင် ရှိသေး ရီကျင်းဟန်သည် သူထိုင်ရန်အတွက် ခုံတစ်ခုံကို အမြန်ယူလာပေးလိုက်လေသည်။ “သခင်လေးရန် ကျေးဇူးပြုပြီး ဒီမှာထိုင်ပါ…”

ရန်ကိုင်သည် ရီကျင်းဟန်အား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် သူမပေးသည့် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်လေ၏။

ထို့နောက်တွင် ရီကျင်းဟန်သည် ရန်ကိုင့်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ ထိုလက်ဖက်ရည်ခွက်ကို သူ့ရှေ့တွင်ချ၍ ပြောလိုက်လေ၏။ “သခင်လေးရန် ကျေးဇူးပြုပြီး သောက်ပါဦး…”

ထိုသို့ပြောပြီးသည့်နောက် သူမလက်အား ဝှေ့ယမ်းလိုက်ရာ လတ်ဆတ်လှသည့် သစ်သီးဝလံများ စားပွဲခုံပေါ်တွင် ပေါ်လာခဲ့လေသည်။ ထို့နောက် ပြုံးလျက် မေးလိုက်လေ၏။ “ရွက်တစ်ထောင်ဂိုဏ်းက ထွက်လာတုန်းက ဒါတွေအကုန်လုံးကို ကျွန်မနဲ့အတူ ယူလာခဲ့တာ… သခင်လေးရန် အကြိုက်တွေ့မလားတော့မသိဘူး… ကျေးဇူးပြုပြီး မငြင်းပါနဲ့နော်…”

ရန်ကိုင်၏အမူအယာ ထူးဆန်းသွားခဲ့လေသည်။ မည်သူကမှ သူ့အား ဤမျှ စိတ်လိုလက်ရ မပြုစုခဲ့ဖူးပေ။ ရီကျင်းဟန်သည်သာ အစေခံမလေးတစ်ဦးအဖြစ် အလုပ်လုပ်မည်ဆိုပါက တကယ်ကို ပြီးပြည့်စုံသည့် အစေခံမလေးတစ်ဦး ဖြစ်သွားပေလိမ့်မည်။

“နင်ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ…” ရန်ကိုင်သည် ရီကျင်းဟန်အား သတိထားကာ ကြည့်လျက် ပြောလိုက်လေ၏။ “နင်ငါ့ကို ကြိုက်နေတာလား… ငါရုပ်ချောမှန်း ငါသိပါတယ်… ငါ့ကို ကြိုက်နေတဲ့ မိန်းကလေးတွေလည်း အများကြီးပဲ…” ရန်ကိုင်က ခေါင်းကိုမော့ ရင်ကိုကော့လျက် “ဒါပေမဲ့ ငါ့မှာ အပိုင်ရှိနေပြီးသား… ဒီတော့ နင်မဟုတ်တရုတ်အတွေးတွေ လာမတွေးရင် ကောင်းလိမ့်မယ်…”

ထိုစကားကို ကြားသော် ရီကျင်းဟန် ရှက်သွေးဖြာသွားခဲ့ပြီး မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေသည်။ “သခင်လေးရန် ရှင်ဘာတွေပြောနေတာလဲ…”

ရီကျင်းဟန်မှာ ရီရခက် ငိုရခက် ဖြစ်နေလေ၏။ ဤကဲ့သို့ အရှက်မရှိ ကြွားဝါတတ်သည့် လူတစ်ဦးနှင့် သူမတစ်ခါမှ မတွေ့ခဲ့ဖူးချေ။

“ဟမ်… ငါမှားသွားတာလား…” ရန်ကိုင်က ရှက်ရှက်ဖြင့် ခြောက်ကပ်ကပ် ရယ်မောလျက် ပြန်ပြောလိုက်လေ၏။ “ငါနောက်နေတာ… စိတ်ထဲ ထားမနေနဲ့…”

ပြောပြီးသည့်နောက် စားပွဲပေါ်ရှိ အသီးတစ်လုံးကိုယူ၍ စတင် ကိုက်ဝါးတော့လေ၏။ အသီးကိုဝါးပြီးသည့်နောက် ခေါင်းတညိတ်ညိတ်ဖြင့် “ပြော… နင်ဘာဆေးလုံးလိုချင်တာလဲ…”

“ဘာဖြစ်လို့လဲ…” ရန်ကိုင်၏ မေးခွန်းကြောင့် ရီကျင်းဟန် အံ့အားသင့်သွားခဲ့လေသည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ငါမှန်းသိတည်းက နင် ငါ့နောက် လိုက်နေတာ… ပြီးတော့ အခုလိုမျိုးတွေလည်း သေသေချာချာ ပြုစုပေးနေသေးတယ်… နင်ငါ့ကို မပြုစုပေးမှာဆိုလို့ အိပ်ယာထဲမှာပဲ ရှိတာ… အဲ့ဒါ နင်ငါ့ဆီကနေ တစ်ခုခု လိုချင်တာမဟုတ်လို့ ဘာဖြစ်ရမှာလဲ…”

“သခင်လေးရန်ပြောတာလည်း ဟုတ်တာပဲနော်…” ရီကျင်းဟန်က ခေါင်းညိတ်လိုက်လေသည်။

“နင်ငါ့ကို ဆေးဖော်စပ်ခိုင်းချင်လို့ ငါ့နောက်ကနေ လိုက်နေတာမဟုတ်ဘူးလား…”

ရီကျင်းဟန်က နားလည်သွားသည့် အမူအယာဖြင့် ပြုံးကာ ပြန်ပြောလိုက်လေသည်။ “အဆုံးမဲ့ရတနာဆေးလုံးကိုတောင် ဖော်စပ်နိုင်တာဆိုတော့ ဆေးတာအိုမှာ သခင်လေးက တော်တော်လေး အဆင့်မြင့်နေပြီလို့ ပြောလို့ရတယ်… ဆေးတာအိုနဲ့ ပတ်သက်လာလို့ရှိရင် သခင်လေးက ဒီလောကကြီးမှာ နံပတ်တစ်ပညာရှင်တောင် ဖြစ်နိုင်တယ်…”

“နင်ငါ့ကို ဖားယားနေမှန်း ငါသိတယ်… ဒါပေမဲ့ ကြားရတာတော့ တကယ် နားဝင်ချိုစရာပဲ…” ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်လေသည်။

ရီကျင်းဟန်က ဆက်ပြောလိုက်လေ၏။ “ဒါပေမဲ့ သခင်လေးနောက်ကို လိုက်နေတာ ဆေးဖော်စပ်ခိုင်းချင်လို့တော့ မဟုတ်ဘူး…”

“ဒါဆို နင် ဘာလိုချင်တာလဲ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေ၏။

ရီကျင်းဟန်က ရှင်းပြလိုက်လေသည်။ “ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းက ဂိုဏ်းကြီးတစ်ဂိုဏ်း မဟုတ်ပေမဲ့ ကျွန်မတို့ဂိုဏ်းမှာ တာအိုသခင်အဆင့် ဆေးပညာရှင်တွေ ရှိတယ်… ဒီတော့ တာအိုသခင်အဆင့် ဆေးလုံး ဖော်စပ်ချင်တယ်ဆိုလို့ရှိရင် သခင်လေးကို လာအလုပ်ရှုပ်ခိုင်းနေမှာမဟုတ်ဘူး… သခင်လေးနောက်ကို လိုက်နေရတဲ့အကြောင်းအရင်းက တစ်ခုခုကို ပြန်ပြင်ခိုင်းချင်လို့ပဲ…”

“ပြန်ပြင်ခိုင်းဖို့…” ရန်ကိုင်က မျက်မှောင်ကျုံ့လျက် “ဘာကို ပြင်ခိုင်းမှာလဲ…”

ရီကျင်းဟန်သည် နှုတ်ခမ်းလေးကို ကွေးလျက် ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေ၏။ “ဟင်းလင်းပြင်အစီအရင်ပဲ…”

“ဟင်းလင်းပြင်အစီအရင်…” ရန်ကိုင့်၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေ၏။ “ကြည့်ရတာ ငါ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ အကြောင်းကို လူတော်တော်များများ သိနေကြပြီနဲ့တူတယ်…”

ဥတုလေးမျိုးနယ်မြေထဲ၌ ရန်ကိုင်သည် လေဟာနယ်နိယာမများကို လူရှေ့သူရှေ့တွင် ထိန်းချုပ်ပြသွားခဲ့သည်။ ထို့အတွက်ကြောင့် သူလေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့် အကြောင်းကို လျို့ဝှက်ချက်အဖြစ် ထိန်းထားနိုင်တော့လိမ့်မည် မဟုတ်ချေ။ ထိုအကြောင်း သတင်းပျံ့သွားလိမ့်မည်မှန်း သူသိပြီးသားပင်။ သို့သော်ငြား ရီကျင်းဟန်သည် ထိုကိစ္စကြောင့် သူ့အား လာရှာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“အဲ့အကြောင်းကို လူတစ်ယောက်ဆီကနေ ကြားခဲ့တာ…”

“ဟင်းလင်းပြင်အစီအရင်တစ်ခုကို ပြန်ပြင်ရုံလောက်ပဲဆိုရင် ငါ့ကိုတောင် လာရှာနေစရာ မလိုပါဘူး… ဘာလို့ အခြား ပိုပြီး ကျွမ်းကျင်တဲ့ အစီအရင်ပညာရှင်တွေကို သွားမရှာတာလဲ…”

ရီကျင်းဟန်က ခါးသက်စွာ ပြုံးလျက် “သာမန်ဟင်းလင်းပြင် အစီအရင်ဆိုရင်တော့ အစီအရင်ပညာရှင်တစ်ယောက်ဆီကနေ အကူအညီတောင်းလိုက်ရုံနဲ့တင် ပြီးသွားပြီပေါ့… ဒါပေမဲ့ ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဟင်းလင်းပြင်အစီအရင်က… အဲ့အစီအရင်ကို ပြင်ဖို့ အစီအရင်ပညာရှင်တွေ အများကြီးကို ခေါ်ပြီးသွားပြီ… ကုန်းမိသားစုက လူတွေကိုတောင် သွားအကူအညီ တောင်းကြည့်သေးတယ်… ဒါပေမဲ့ ဘယ်သူမှ မပြင်နိုင်ကြဘူး…”

“ကုန်းမိသားစုဝင်တွေတောင် မပြင်နိုင်ဘူးလား…” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် ရုတ်တရက် တစ်ခုခုအား နားလည်သွားခဲ့ပြီး အလေးအနက်လေသံဖြင့် ပြန်မေးလိုက်လေ၏။ “ဖြစ်နိုင်တာက... နင်တို့ ရွက်တစ်ထောင်ဂိုဏ်းက အစီအရင်က ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ကြီးလား…”

ရီကျင်းဟန်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး ခေါင်းညိတ်လျက် “ကောလာဟလတွေထဲကအတိုင်း သခင်လေးရန်က တကယ်ကို အမြင်စူးရှတာပဲ… ဟုတ်တယ်… ကမ္ဘာခြား ဟင်းလင်းအပြင်အစီအရင်ပဲ…”

ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ရီကျင်းဟန်အား စိုက်ကြည့်၍ ပြန်မေးလိုက်လေသည်။ “ခင်ဗျားတို့ရွက်တစ်ထောင်ဂိုဏ်းက သီးခြားကမ္ဘာတစ်ခုကို ထိန်းချုပ်ထားတာလား…”

ရီကျင်းဟန်က ခါးသက်စွာ ရယ်မောလျက် “ကြည့်ရတာ သခင်လေးရန်ဆီကနေ ဘာကိုမှ ဖုံးကွယ်ထားလို့ မရတော့ဘူးနဲ့တူတယ်… ဟုတ်တယ်… သခင်လေးပြောတာအမှန်ပဲ… ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းမှာ သီးခြားကမ္ဘာတစ်ခု ရှိတယ်… အရင်တုန်းက ကျွန်မတို့ဂိုဏ်းက တပည့်တွေ အဲ့နေရာမှာပဲ သွားပြီး ကျင့်ကြံကြတာ… အဲ့သီးခြားကမ္ဘာ ဘယ်လိုဖြစ်လာမှန်း ကျွန်မတို့မသိဘူး… အဲ့သီးခြားကမ္ဘာ ဟင်းလင်းပြင်ထဲက ဘယ်နေရာမှာ အတိအကျ ရှိနေတယ်ဆိုတာကိုလည်း ကျွန်မတို့ မသိဘူး… ပြီးတော့ အဲ့ထဲကိုဝင်ဖို့ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ကိုပဲ အားကိုးရတယ်… ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်၂၀၀၀လောက်တုန်းက အဲ့ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင်က ဆက်ပြီး အလုပ်မလုပ်တော့ဘူး… ဒီတော့ အဲ့ချိန်တည်းကနေစပြီး ကျွန်မတို့ဂိုဏ်းက ဘယ်သူမှ သီးခြားကမ္ဘာထဲကို ဝင်သွားလို့မရတော့ဘူး…”

“အဲ့သီးခြားကမ္ဘာက ခင်ဗျားတို့ ရွက်တစ်ထောင်ဂိုဏ်းအတွက် အဲ့လောက်တောင် အရေးပါတာလား…” ရန်ကိုင်က မေးလိုက်လေသည်။

ရီကျင်းဟန်က ခေါင်းညိတ်လျက် “လွန်ခဲ့တဲ့ နှစ်၂၀၀၀တုန်းက ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းက ထိပ်တန်းဂိုဏ်းတွေဖြစ်တဲ့ နေမင်းပြာကျောင်းတော်၊ ကောင်းကင်တိုက်ပွဲဒိုဂျိုတို့နဲ့ အဆင့်တူမဟုတ်ပေမဲ့ ပထမအဆင့် အင်အားစုတွေနဲ့တော့ ယှဉ်နိုင်တယ်… ဒါပေမဲ့ သီးခြားကမ္ဘာထဲကိုသွားတဲ့ ဝင်ပေါက် ပိတ်သွားတဲ့နောက်ပိုင်း ကျွန်မတို့ဂိုဏ်းက တောက်လျှောက်ကို နိမ့်ကျလာခဲ့တာ… ဒီနေ့ဆိုလို့ရှိရင်…”

ရီကျင်းဟန်သည် ဆက်မပြောတော့ချေ။ သူမဘာပြောချင်နေသလဲ ဆိုသည်ကို ရန်ကိုင်သဘောပေါက်လိုက်သည်။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားတို့ဂိုဏ်း နိမ့်ကျလာတာ သီးခြားကမ္ဘာဆီကို သွားတဲ့လမ်းနဲ့ ဘာမှမဆိုင်ဘူးလေ… ခင်ဗျားတို့ဂိုဏ်းသားတွေ ကောင်းကောင်း မကျင့်ကြံလို့ အဲ့လိုမျိုးဖြစ်တာပဲ မဟုတ်ဘူးလား… ဂိုဏ်းတိုင်းမှာ သီးခြားကမ္ဘာ ရှိနေတာမှမဟုတ်တာ… ဒါပေမဲ့ အဲ့လို သီးခြားကမ္ဘာ ရှိမနေတဲ့ ဂိုဏ်းတွေတောင် ပထမအဆင့် အင်အားစုတွေ ဖြစ်နေနိုင်ကြသေးတာပဲ… အဓိကက ကြိုးစားဖို့ပဲလိုတာ…”

ရီကျင်းဟန်၏မျက်နှာလေး ဖြူလျော်သွားခဲ့လေသည်။ ထို့နောက် ခါးသက်စွာဖြင့် ပြန်ပြောလိုက်လေ၏။ “သခင်လေးရန်မသိလို့… လွန်ခဲ့တဲ့နှစ်၂၀၀၀လောက်တုန်းက ကျွန်မတို့ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သူနဲ့အတူ ဂိုဏ်းရဲ့ အဓိကအမွေအနှစ်တွေရော အဖိုးတန်ရတနာတွေရော အကုန်လုံးကို သီးခြားကမ္ဘာထဲ သယ်သွားခဲ့တာ… ဒါပေမဲ့ သူဝင်သွားပြီးတဲ့နောက်ပိုင်း သီးခြားကမ္ဘာထဲကို သွားတဲ့ ဝင်ပေါက်လည်း ပိတ်သွားရော… အဲ့အမွေအနှစ်တွေအကုန်လုံးကို ဆုံးရှုံးလိုက်ရမှတော့ ကျွန်မတို့ရွက်တစ်ထောင်ဂိုဏ်းက တပည့်တွေ ဘယ်လိုလုပ်ပြီး ဆက်ပြီး ကျင့်ကြံနိုင်ကြဦးမှာလဲ… ပြီးတော့ ဂိုဏ်းမှာရှိတဲ့ မိုးမြေစွမ်းအင်စုစည်းပေးတဲ့ အစီအရင်က အဲ့သီးခြားကမ္ဘာကို အစီအရင်ဗဟိုချက်အဖြစ် အသုံးချထားတာ… ဝင်ပေါက်လည်း ပိတ်သွားရော ဂိုဏ်းက မိုးမြေစွမ်းအင်ကလည်း တဖြည်းဖြည်း စပြီး ယုတ်လျော့လာရော…”

“ကျုပ်နားလည်သွားပြီ…”

ထိုစကားကို ကြားသော် ရီကျင်းဟန်ပြောချင်နေသည့် အကြောင်းအရာကို ရန်ကိုင် နားလည်သွားခဲ့လေသည်။ သီးခြားကမ္ဘာဆီသို့ သွားသည့် ဝင်ပေါက် ပိတ်သွားသည့်နောက်ပိုင်း သူတို့ဂိုဏ်းသည် အဖိုးတန် သိုင်းပညာရပ်များစွာ ကျင့်စဉ်များစွာနှင့်တကွ ရတနာများနှင့် မိုးမြေစွမ်းအင်ထောက်ပံ့မှုကိုပါ ဆုံးရှုံးလိုက်ရသည်။ ကျင့်ကြံသူတစ်ဦး လျင်လျင်မြန်မြန် တိုးတက်လာနိုင်ရန်အတွက် လိုအပ်သည့်အရာမှာ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များ ဖြစ်ပေသည်။ မိုးမြေစွမ်းအင်များ ရှားပါးလာသည့်နောက်တွင် ရွက်တစ်ထောင်ဂိုဏ်း၏ မျိုးဆက်များ တဖြည်းဖြည်း နိမ့်ကျလာသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။

ရီကျင်းဟန်သည် နှုတ်ခမ်းလေးကိုကိုက်လျက် ပြန်ပြောလိုက်လေ၏။ “ဒါကြောင့် သခင်လေးရန်ကို ရွက်တစ်ထောင်ဂိုဏ်းဆီဖိတ်ပြီး ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ကို ပြန်ပြင်ခိုင်းချင်တာ… သခင်လေးရန်သာ သဘောတူမယ်ဆိုရင် ကျွန်မတို့ရွက်တစ်ထောင်ဂိုဏ်းသားတွေ အကုန်လုံး သခင်လေးရန်ကို အရမ်း ကျေးဇူးတင်မိတာ… အခုလို လာရောက်ပြီး ကူညီပေးတဲ့အတွက်လည်း သခင်လေးရန်ကို ထိုက်တန်တဲ့အဖိုးအခ ကျိန်းသေ ပြန်ပေးပါ့မယ်…”

“ဒါက…” ရန်ကိုင် အကြပ်ရိုက်သွားခဲ့လေတော့သည်။ သူ့အနေဖြင့် မည်ကဲ့သို့ ငြင်းလို့ငြင်းရမှန်း မသိသဖြင့် ပြန်၍သာပြောလိုက်ရတော့လေသည်။ “ခင်ဗျားပြောချင်တာကို ကျုပ်နားလည်တယ်… ဒါပေမဲ့ အခုက ကျုပ်သိပ်အားတာမဟုတ်ဘူး… ခင်ဗျားဘာဖြစ်လို့ အရင်ပြန်မသွားလိုက်တာလဲ… ကျုပ်အားလို့ရှိရင် ခင်ဗျားတို့ဆီ လာခဲ့မယ်လေ…”

သူမနောက်သို့ မလိုက်ချင်၍ ရန်ကိုင် ဤကဲ့သို့ပြောခြင်းဖြစ်မှန်း ရီကျင်းဟန်သဘောပေါက်သည်။ သူမသာ ရန်ကိုင့်စကားကို ယုံပြီး ထွက်သွားပါက ရန်ကိုင့်အရိပ်အား နောက်တစ်ကြိမ် ထပ်တွေ့ရတော့လိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ထပ်၍ ပြောလိုက်လေသည်။ “သခင်လေးရန်… သခင်လေးရန်လို လေဟာနယ်တာအိုကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားတဲ့ လူတွေပဲ ကျွန်မတို့ဂိုဏ်းရဲ့ ဟင်းလင်းပြင်အစီအရင်ကို ပြန်ပြင်ပေးနိုင်တာ… ဒါပေမဲ့ အဲ့လိုမျိုး အဆင့်မြင့်မြင့် ကျွမ်းကျင်ထားတဲ့ လူတွေကို ရှာဖို့ကလည်း အရမ်းခက်လွန်းတယ်… အရှေ့ပိုင်းနယ်မြေက စိတ်ဝိဉာဉ်ကျွန်းမှာနေတဲ့ စီနီယာတစ်ယောက်က လေဟာနယ်တာအိုကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားတယ်လို့ ကျွန်မကြားတယ်… ဒါပေမဲ့ အဲ့စီနီယာက ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဆိုတော့ ကျွန်မတို့ဂိုဏ်းလေးက သူ့ကို ဘယ်လိုမှ သွားမဖိတ်ခေါ်နိုင်ဘူး…”

“သူ့ကိုကြ အဆင့်မြင့်လို့ ခေါ်လို့မရပဲ ကျုပ်ကြတော့ အဆင့်နိမ့်လို့ ခေါ်လို့ရတယ်လို့ ခင်ဗျားပြောချင်နေတာလား…” ရန်ကိုင်က ရီကျင်းဟန်ကို ကြည့်လျက် ပြန်ပြောလိုက်လေသည်။

ရီကျင်းဟန်က ကမန်းကတန်းလက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်လေသည်။ “ကျွန်မပြောချင်တာ အဲ့လိုမျိုး မဟုတ်ဘူး သခင်လေးရန်… ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့…”

ရန်ကိုင်က ခေါင်းညိတ်လျက် “ကျုပ်လည်း အဲ့စိတ်ဝိဉာဉ်ကျွန်းက စီနီယာအကြောင်း ကြားဖူးတယ်…”

မိုရှောင်ချီသည် တစ်ကြိမ်တစ်ခါမှ ဝန်ခံခဲ့ခြင်း မရှိသော်ငြား သူမ စိတ်ဝိဉာဉ်သားရဲကျွန်းမှ လာကြောင်းကို ရန်ကိုင် ခန့်မှန်းမိပြီးသားပင်။ ကြယ်တာရာအစုအဝေးအကြောင်း နည်းနည်းပါးပါး နားလည်လာသလို ဒေါ်လေးဖုန်း၏ ကြောက်မက်ဖွယ်ရာခွန်အားကို မျက်မြင်ကိုယ်တွေ့ မြင်ပြီးသည့်နောက် မိုရှောင်ချီ၏ ဇစ်မြစ်ကို ရန်ကိုင် ခန့်မှန်းသွားနိုင်ခဲ့လေသည်။

စိတ်ဝိဉာဉ်သားရဲကျွန်းမှ လူများသည်သာ မွန်းစတားသားရဲပေါင်းများစွာကို ထိန်းချုပ်ကာ သူတို့အတွက် တိုက်ခိုက်ခိုင်းနိုင်ပေသည်။

မိုရှောင်ချီအကြောင်း စဉ်းစားမိလိုက်သည့်နောက် သူမ အခုချိန် ဘာတွေများ လုပ်နေမလဲဟု ရန်ကိုင် တွေးမိသွားခဲ့လေသည်။

ကြယ်တာရာအစုအဝေးသို့ သူရောက်လာသည်မှာ မကြာသေးသည့်အတွက်ကြောင့် လူအနည်းအကျဉ်းလောက်ကိုသာ ရန်ကိုင် သိပေသည်။ ထိုလူများအနက် တစ်ယောက်မှာ ခန်စစ်ရန်ဖြစ်၏။ သို့သော်ငြား ခန်စစ်ရန်သည် တာအိုသခင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ပြီးသည့်နောက်ပိုင်း ရာထူးတိုးကာ အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားခဲ့လေသည်။ ဒုတိယတစ်ဦးမှာတော့ မိုရှောင်ချီဖြစ်ပေသည်။ မိုရှောင်ချီကိုလည်း ဒေါ်လေးဖုန်းမှ အိမ်ပြန်ခေါ်သွားခဲ့လေပြီ။

ရန်ကိုင် ရုတ်တရက် တိတ်ဆိတ်သွားသည်ကို သတိပြုမိလိုက်သော် ရီကျင်းဟန်က အံကြိတ်၍ ပြောလိုက်လေ၏။ “တကယ်တော့ အခြားတစ်ယောက်က အကြံပေးလို့ သခင်လေးရန်ကို လာရှာခဲ့တာပါ…”

“ဘယ်အရှက်မရှိတဲ့ သူတောင်းစားက အကြံပေးလိုက်တာလဲ… ကျုပ်ကိုပြော… ကျုပ် အဲ့ကောင်ကို မသတ်ဘူးလို့ ကတိပေးတယ်…” ရန်ကိုင် ဒေါသူပုန် ထသွားလေ၏။

ရီကျင်းဟန်က နှုတ်ခမ်းလေးကို ကွေးလျက် ပြုံးကာ ပြန်ပြောလိုက်လေသည်။ “ကုန်းဝမ်ရှန်းပဲ… သခင်လေးရန် သူ့ကို သိမှာပေါ့ ဟုတ်တယ်မလား…”

“အဲ့ခွေးသူတောင်းစားလား…” ရန်ကိုင် မျက်လုံး ပြူးသွားခဲ့လေသည်။ “ခင်ဗျား သူ့ကို သိနေတာလား…”

ကုန်းဝမ်ရှန်းသည် ကောင်းကင်မြစ်တောင်ကြား ကုန်းမိသားစု၏ တက်သစ်စ ကြယ်ပွင့်တစ်ပွင့် ဖြစ်ပေသည်။ ကုန်းမိသားစုသည် အစီအရင်ပညာရှင်များကြောင့် နာမည်ကျော်ကြားသည့်အလျောက် ကုန်းဝမ်ရှန်းသည်လည်း အစီအရင် ပညာရှင်တစ်ဦး ဖြစ်နေခဲ့သည်။ ဥတုလေးမျိုးနယ်မြေထဲတွင် ကုန်းဝမ်ရှန်းသည် အချိန်မြစ်ကျောင်းတော်အား ကာရံထားသည့် အစီအရင်စွမ်းအားကို အသုံးပြုလျက် ကောင်းကင်တိုက်ပွဲဒိုဂျိုမှ ဝူချန်းအား အချိန်မြစ်ကျောင်းတော်ထဲသို့ ဝင်ခွင့်မရအောင် တားဆီးခဲ့လေသည်။

ထိုအကောင်သည် အပြင်ပန်းအရသာ လူရိုးလူဖြောင့်တစ်ယောက်ဟု ထင်မှတ်ရသော်ငြား တကယ့်အတွင်းစိတ်သည် မြေခွေးတစ်ကောင်ကဲ့သို့ ကောက်ကျစ်လွန်းလှပေသည်။

ရီကျင်းဟန်အား သူ့အကြောင်းကို ပြောခဲ့သည်မှာ ကုန်းဝမ်ရှန်းဖြစ်နေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

ရီကျင်းဟန်က ပြောလိုက်လေ၏။ “လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းက သူ့ကိုခေါ်ပြီး ဟင်းလင်းပြင်အစီအရင်ကို ပြင်ခိုင်းကြည့်တယ်… ဒါပေမဲ့ သူလည်း မအောင်မြင်ခဲ့ဘူး… အဲ့အစား လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ လူတစ်ယောက်ကို ရှာပြီး ပြင်ခိုင်းဖို့ပဲ ပြောတယ်… ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးလတုန်းကတော့ သူ့ဆီကနေ သတင်းစကားတစ်ခု ရုတ်တရက် ရလိုက်တယ်… အဲ့ဒါက သခင်လေးရန်ကို လာရှာပြီး ပြင်ခိုင်းဖို့ပဲ… အစကတော့ ဒီကကိစ္စတွေကို အကုန်ရှင်းပြီးတော့မှ နေမင်းပြာကျောင်းတော်ဆီသွားပြီး ကံစမ်းကြည့်မလို့… ဒါပေမဲ့ သခင်လေးရန်နဲ့ ဒီမှာလာတိုးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး… ကျွန်မတို့နှစ်ယောက် ကံချင်းစပ်တယ်လို့ မထင်မိဘူးလား…”

ရီကျင်းဟန်သည် အချစ်ကို လိုလားတောင့်တနေသည့် မိန်းကလေးတစ်ဦးနှယ် စိတ်လှုပ်ရှားနေသည့် အမူအယာဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်က နှာခေါင်းရှုံ့လျက် “စိတ်ဓာတ်ကျနေတဲ့ ယောကျ်ားတွေနဲ့ အချစ်ဆိပ်တက်နေတဲ့ မိန်းကလေးတွေပဲ ကံချင်းစပ်ကြတာ… ခင်ဗျားက ကျုပ်နဲ့ အဲ့လိုမျိုး ကံချင်းစပ်ချင်လို့လား…”

ရီကျင်းဟန် ဇောချွေးပြန်သွားခဲ့ပြီး ကသိကအောက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “သခင်လေးရန်က ဘယ်လိုနောက်ရမလဲ တကယ်သိတာပဲနော်… ကျွန်မကတော့ အဲ့လောက် ကံမကောင်းပါဘူး…”

“ကျုပ် အဲ့ခွေးကောင်ကုန်းဝမ်ရှန်းနဲ့ တွေ့ဖူးတယ်… ဒါပေမဲ့ တစ်ကြိမ်ပဲ တွေ့ဖူးတာ… ကျုပ်တို့နှစ်ယောက်က အဲ့လောက်ရင်းနှီးတာမဟုတ်ဘူး… သူပြောတဲ့စကားကို သူ့ကိုပဲ တာဝန်ခံခိုင်းလိုက်… ဒီကိစ္စက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး…”

ရီကျင်းဟန်က သက်ပြင်းအရှည်ကြီးချလျက် “သခင်လေးရန် ကျွန်မကို မကူညီပေးချင်ဘူးမလား…”

ရီကျင်းဟန်သည် နှုတ်ခမ်းလေးကို ကိုက်လျက် သနားစဖွယ်အမူအယာဖြင့် ရန်ကိုင့်အား စိုက်ကြည့်လိုက်လေသည်။

All Chapters