← Chapters

အခန်း (၂၂၉၆-၂၃၀၀)

Vol. 92 Ch. 2296-2300

အခန်း (၂၂၉၆-၂၃၀၀)

Vol. 92 Ch. 2296-2300

အပိုင်း (၂၂၉၆)

“ကြိုတင်စီစဉ်ထားတဲ့ တွေ့ဆုံမှုက ရေစက်ဆုံလို့ တွေ့တာနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ ရီအာရယ်… ငါတို့တွေ့တုန်းတွေ့ခိုက် မြို့ထဲ အတူတူ ဝင်ကြရအောင်လေ… လတ်တလောတုန်းက ငါ သွေးနက်လက်ဖက်ခြောက်တွေ ရထားသေးတယ်… အဲ့ဒါတွေကို အတူသောက်မဲ့လူ လိုက်ရှာနေတာ… နင် ငါနဲ့အတူ မသောက်ချင်ဘူးလား…” ချိုယုသည် ရီကျင်းဟန်ဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေသည်။

ရီကျင်းဟန်က အေးစက်စက် အမူအယာဖြင့် ပြန်ပြောလိုက်လေ၏။ “ကျွန်မတို့သွားနေတဲ့လမ်းက မတူဘူး… ဒါကြောင့် ငြင်းပါရစေ…”

ထိုသို့ပြောပြီးသည့်နောက်တွင် တုရှန်းနှင့် အခြားသူများဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ “စီနီယာအစ်ကို… သွားကြရအောင်…”

တုရှန်းက ခေါင်းညိတ်လိုက်ပြီးသည့်နောက် ချိုယုဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေသည်။ “သခင်လေးချို… ရေနွေးကြမ်းသောက်ချင်တယ် ဆိုလို့ရှိရင် ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း သောက်လိုက်ပါ… သောက်နေရင်းနဲ့လည်း သီးမသွားအောင်လည်း သတိထားဦးနော်…”

“ဟဲ ဟဲ… အခုလို စိတ်ပူပေးတဲ့အတွက် ရောင်းရင်းတုကို ကျေးဇူးအများကြီးတင်ပါတယ်…” ချိုယုကမူ ဒေါသထွက်သွားခြင်း မရှိဘဲ ပြုံး၍သာ ပြန်ပြောလိုက်လေသည်။

ခဏအကြာတွင် ရွက်တစ်ထောင်ဂိုဏ်းမှ အဖွဲ့သားများ မြို့ထဲသို့ ဝင်သွားကြလေ၏။ ထိုသို့ဖြင့် ချိုယုသည်လည်း သူ၏လူအိုကြီးနှစ်ယောက်နှင့်အတူ မြို့ထဲသို့ ဝင်သွားလေသည်။

“အဲ့ချိုယုဆိုတဲ့လူက ဘယ်သူလဲ… သူ့ကြည့်ရတာ အတော်လေး အဆင့်အတန်းမြင့်တဲ့ပုံပဲ…” မြို့ထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်က မေးလိုက်လေသည်။

ရီကျင်းဟန်က သက်ပြင်းချလျက် ပြောလိုက်လေ၏။ “သူက ငါတို့ရွက်တစ်ထောင်ဂိုဏ်းနဲ့ မတည့်တဲ့ ကောင်းကင်ရောင်စဉ်ဂိုဏ်းရဲ့ သခင်လေးပဲ… သူတို့တွေက ငါတို့ကို အမြဲတမ်း ဖိနှိပ်ဖို့ ကြိုးစားနေတာ… ဒါပေမဲ့ ငါတို့ကတော့ အဆင်ပြေပြေနဲ့ ရှိနေတုန်းပဲ… ကောင်းကင်ရောင်စဉ်ဂိုဏ်းရဲ့ နန်းတော်သခင်ချိုကျဲက ဧကရာဇ်အဆင့်ကို ချိုးဖြတ်ဖို့ဆိုပြီး တံခါးပိတ်ကျင့်စဉ်ဝင်သွားတယ်လို့ ငါကြားတယ်… သူသာ အောင်မြင်သွားခဲ့မယ်ဆိုရင်တော့…”

ထိုသို့ပြောပြီးသည့်နောက် ရီကျင်းဟန်၏မျက်နှာထက် စိုးရိမ်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

တုရှန်းက ပြောလိုက်လေ၏။ “ကောင်းကင်ကြိုးကြာမြို့နဲ့ ကောင်းကင်ရောင်စဉ်နန်းတော်က အတူပူးပေါင်းထားကြတာ… ဒီတော့ ချိုကျဲသာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာမယ်ဆိုလို့ရှိရင် ငါတို့ရွက်တစ်ထောင်ဂိုဏ်းတော့ သွားပြီ…”

ထိုစကားကိုကြားသော် မြို့သခင်၏ ကျောထောက်နောက်ခံအသစ်သည် ကောင်းကင်ရောင်စဉ်နန်းတော်မှလွဲ၍ အခြားမဟုတ်ကြောင်း ရန်ကိုင် နားလည်သွားခဲ့လေသည်။

ထိုစဉ် ဝူမက ဝင်ပြောလိုက်လေ၏။ “ဧကရာဇ်အဆင့်ကို ရောက်ဖို့ဆိုတာ အဲ့လောက်လွယ်တာမဟုတ်ဘူး… အဲ့လူအိုကြီးချိုကျဲ ကျင့်ကြံခြင်းလမ်းကြောင်းသွေဖယ်ပြီး တစ်ခါတည်း သေသွားပါစေလို့ပဲ ငါဆုတောင်းတယ်…”

သို့သော်ငြား ချိုကျဲသည် ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန် ကြိုးစားရဲမှဖြင့် သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ သူသာ တကယ် အောင်မြင်သွားခဲ့မည်ဆိုလျှင်တော့ ရွက်တစ်ထောင်ဂိုဏ်း ဒုက္ခကြီးကြီးမားမား ရောက်ရပေတော့မည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့ဆရာမှာ သူ့အစီအစဉ်နဲ့သူ ရှိပြီးသား… ငါတို့လုပ်ရမှာက ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် လုပ်ဖို့ပဲ…” သူ၏ဂိုဏ်းတူညီအစ်ကိုမောင်နှမများ စိတ်ဓာတ်ကျသွားသည်ကို မြင်သော် တုရှန်းက အလျင်အမြန် နှစ်သိမ့်ပေးလိုက်လေသည်။

ကောင်းကင်ကြိုးကြာမြို့ထဲ ဝင်လာပြီးနောက် မကြာခင်တွင် ရွက်တစ်ထောင်ဂိုဏ်းမှ အဖွဲ့သားများသည် ကောင်းကင်ရုပ်သေးအလုပ်ရုံဟူသော ဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်လာခဲ့လေသည်။

ရီကျင်းဟန်က ရန်ကိုင့်အား မိတ်ဆက်ပေးလိုက်လေ၏။ “ဒါက ကောင်းကင်ကြိုးကြာမြို့ထဲက ကျွန်မတို့ရဲ့ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းပဲ… သခင်လေးရန် စိတ်ထဲမထားဘူးဆိုရင် ဒီမှာ နှစ်ရက်လောက် နေလို့ရတယ်… မနက်ဖြန် မင်္ဂလာပွဲပြီးတာနဲ့ ဂိုဏ်းဆီပြန်ကြတာပေါ့…”

“အင်း…” ကြီးကြယ်ခမ်းနားလှသည့် ကောင်းကင်ရုပ်သေးအလုပ်ရုံကို ကြည့်ရင်း ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။

ကောင်းကင်ရုပ်သေး အလုပ်ရုံသည် တစ်ချိန်တစ်ခါက အလွန်ကိုမှ အောင်မြင်ခဲ့မည်ဖြစ်ကြောင်း ရန်ကိုင် ပြောနိုင်ပေသည်။ ဤကဲ့သို့သော ဈေးကြီးကာ နေရာကျယ်ဝန်းလှသည့် နေရာမျိုးတွင် ဆောက်လုပ်ထားသည့် မည်သည့်အဆောက်အဦးမဆို လူများဖြင့် စည်ကားသိုက်မြိုက်နေတတ်သည် မဟုတ်ပေလော။

သို့သော်ငြား ဤသည်မှာ အတိတ်သာ ဖြစ်သွားခဲ့လေပြီ။ လက်ရှိ ကောင်းကင်ရုပ်သေးအလုပ်ရုံသည် ဈေးဝယ်သူများ ကင်းမဲ့နေခဲ့ပြီး စင်ပေါ်ရှိ ပစ္စည်းများမှာလည်း ဖုန်များပင် တက်နေခဲ့လေပြီ။ ကောင်တာနောက်ဘက်ရှိ ဆိုင်ဝန်ထမ်းသည်ပင်လျှင် အိပ်ငိုက်နေခဲ့လေ၏။ အိပ်ပျော်နေရင်း သွားရည်တမြားမြား ကျလျက် ရယ်မောနေသော ဆိုင်ဝန်ထမ်းကိုကြည့်ရသည်မှာ အိပ်မက်ကောင်းကောင်း မက်နေသည့် ပုံပင်။

“ဒီကစီးပွားရေးက တော်တော်လေးကို ဆိုးရွားတာပဲ…” ရန်ကိုင်က သက်ပြင်းချလိုက်လေသည်။

ရီကျင်းဟန်က ခါးသက်စွာပြုံးလျက် “မြို့ထဲမှာရှိတဲ့ ဆိုင်တစ်ဆိုင်ကိုသာ မြို့သခင်နာမည်နဲ့ လူတွေက လာရောက်ပြီး ရမ်းကားနေမယ်ဆိုလို့ရှိရင် ဘယ်သူကများ အဲ့ဆိုင်မှာ ဆက်ပြီး ဈေးဝယ်ရဲဦးမှာလဲ…”

ထိုစကားကိုကြားသော် ဆိုင်အနီးအနားတစ်ဝိုက်တွင် လူရမ်းကားအချို့ကို ရန်ကိုင် သတိပြုမိသွားခဲ့လေသည်။ ထိုလူရမ်းကားများသည် ကောင်းကင်ရုပ်သေး အလုပ်ရုံအား လှောင်ပြုံးပြုံးလျက် လှမ်းကြည့်နေကြလေ၏။ ဈေးဝယ်သူတစ်ဦးဦးသာ လာဝယ်လျှင် ပြဿနာလာရှာမည့် ပုံစံမျိုးပင်။ သို့သော်ငြား ရီကျင်းဟန်တို့ ဝတ်ထားသည့် ဝတ်ရုံပေါ်ရှိ ရွက်တစ်ထောင်ဂိုဏ်း၏တံဆိပ်ကို သတိပြုမိသွားသော် ထိုလူရမ်းကားများမှာ သူတို့၏အကြည့်ကို အလျင်အမြန် ရှောင်လွှဲလိုက်ကြလေသည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကောင်းကင်ကြိုးကြာမြို့ထဲမှာ ခင်ဗျားတို့ဂိုဏ်းရဲ့ အဆင့်အတန်းနဲ့ စီးပွားရေးလုပ်ငန်းတွေက တော်တော်လေးကို ဆိုးရွားနေတာပဲ…”

ရီကျင်းဟန်ကလည်း မှုန်ကုပ်ကုပ်အမူအယာဖြင့် “ဟုတ်တယ်… အခုဆို ပိုတောင်ဆိုးလာပြီ… သခင်လေးရန် ကျေးဇူးပြုပြီး ဝင်လာပါဦး…”

ရန်ကိုင်လည်း ခေါင်းညိတ်၍ ရီကျင်းဟန်၏ ဦးဆောင်မှုနှင့်အတူ ဆိုင်ထဲသို့ ဝင်သွားလိုက်လေသည်။

တုရှန်း၊ ဝူမနှင့် အခြားသူများမှာတော့ ဇဝေဇဝါ အမူအယာများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ရီကျင်းဟန် ရန်ကိုင့်အား အလွန်ကိုမှ တန်ဖိုးထားကြောင်းကို သူတို့ မြင်နေရသည်။ ရန်ကိုင့်ကိုလည်း တလေးတစားဖြင့် ဆက်ဆံ၏။ သို့သော်ငြား သူတို့မည်သို့ပင် ကြည့်နေစေကာမူ ရန်ကိုင်သည် သာမန် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေသည်။ ရီကျင်းဟန်မှ ရန်ကိုင့်အား ဘာကြောင့် ဤမျှ အလေးထားနေရမှန်းကို သူတို့ လုံးဝ နားမလည်ခဲ့။

သို့သော်ငြား ဤအချိန်သည် မေးခွန်းထုတ်နေရမည့် အချိန်မဟုတ်။ ဆိုင်ထဲသို့ ဝင်လာပြီးသည့်နောက်တွင် ဝူမသည် ကောင်တာနောက်သို့ ပြေးသွားပြီး အိပ်ပျော်နေသည့် ဆိုင်ဝန်ထမ်းကို လှုပ်နှိုးလိုက်လေသည်။

ဆိုင်ဝန်ထမ်းသည်လည်း ရွက်တစ်ထောင်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ရပေလိမ့်မည်။ သို့သော်ငြား သူ့ကျင့်ကြံခြင်းမှာ လုံလောက်အောင် မြင့်မားခြင်း မရှိသည့်အတွက် သူ့အဆင့်အတန်းမှာ အတော်လေးကို နိမ့်ကျပေသည်။ ရီကျင်းဟန်နှင့် သူမတို့အဖွဲ့သားများ ဝင်လာသည်ကိုမြင်သော် ဆိုင်ဝန်ထမ်းလေးမှာ ကြောက်လွန်းသဖြင့် မျက်နှာပင် ဖြူလျော်သွားလေ၏။ ချက်ချင်းပဲ ခေါင်းကိုညိတ်ကာ သူ့အမှားကို ဝန်ခံတော့လေသည်။

ရီကျင်းဟန်က စိတ်မရှည်ဟန်ဖြင့် လက်ဝှေ့ယမ်းလျက် “ဆိုင်ပိုင်ရှင်ကို ငါတို့အတွက် အခန်းတွေ စီစဉ်ပေးဖို့ ပြောလိုက်ဦး…”

“နားလည်ပါပြီ… ကျုပ်အခုပဲ ဆိုင်ပိုင်ရှင်ကို သွားပြောလိုက်ပါမယ်… သခင်မလေး ဒီနေရာမှာ ခဏလောက် စောင့်ပေးပါနော်…” ဆိုင်ဝန်ထမ်းလေးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ဆိုင်နောက်ဘက်ဆီသို့ ပြေးထွက်သွားလေသည်။

တခဏအကြာတွင် အသက်ငါးဆယ်လောက် ရှိမည်ထင်ရသော လူအိုကြီးတစ်ဦးသည် ဆိုင်နောက်ဘက်မှ ထွက်လာပြီး ရီကျင်းဟန်နှင့် သူမအပေါင်းအပါများဆီ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်လေ၏။ ထို့နောက် ဦးညွှတ်နှုတ်ဆက်လျက် ရီကျင်းဟန်တို့အား ဆိုင်နောက်ဘက်ဆီသို့ ခေါ်သွားကာ နေစရာများ စီစဉ်ပေးလိုက်လေသည်။

မင်္ဂလာပွဲမှာ မနက်ဖြန်မှသာ ကျင်းပမည် ဖြစ်သလို သူမတို့တွင်လည်း အခြားအရေးတကြီး လုပ်စရာကိစ္စများ ရှိမနေတော့သည့် အတွက်ကြောင့် ရန်ကိုင့်အတွက် နေစရာတစ်ခု စီစဉ်ပေးပြီးသည်နှင့် တစ်ပြိုင်နက် ရီကျင်းဟန်သည် သူမအခန်းဆီသို့ ပြန်သွားပြီး စောင့်နေလိုက်လေသည်။ တခဏအကြာတွင် တံခါးခေါက်သံကို ကြားလိုက်ရလေ၏။

တံခါးကို သွားဖွင့်လိုက်ရာ တံခါးရှေ့၌ ပြုံးကာ ရပ်နေသော တုရှန်းကို တွေ့လိုက်ရလေသည်။ မိန်းမငယ်လေးမှာ ရှက်သွေးဖြာသွားပြီး ရှက်ရှက်ဖြင့် တုရှန်းကို အခန်းထဲသို့ ဖိတ်ခေါ်လိုက်လေ၏။

ရန်ကိုင်သည် သူ့အခန်းထဲတွင် တင်ပလင်ခွေထိုင်ကာ နားနေခဲ့လေသည်။

ကောင်းကင်ကြိုးကြာမြို့သို့ ရောက်လာသည်မှာ တိုက်ဆိုက်မှုသက်သက်ကြောင့်သာ ဖြစ်သည့်အတွက် ရန်ကိုင်သည် ဤနေရာတွင် သူ၏ နေ့ရက်များကို စိတ်အေးလက်အေးဖြင့် ကုန်ဆုံးရန် စဉ်းစားထားလေသည်။

သို့သော်ငြား ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲ ဂနာမငြိမ် ဖြစ်နေခဲ့လေသည်။ အရေးကြီးသည့် ကိစ္စတစ်ခုခု ဖြစ်တော့မည်ဟု သူ့စိတ်ထဲ ခံစားနေရလေ၏။

ဤသည်မှာ ပထမဦးဆုံးအကြိမ်အဖြစ် ဤကဲ့သို့ ခံစားဖူးခြင်း ဖြစ်လေ၏။ ယခင်က ကျင့်ကြံနေသည့်အခါမျိုး၌ ဤကဲ့သို့ တစ်ခါမှ မခံစားရချေ။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း ပေါ့ပေါ့ဆဆ မနေရဲဘဲ ကောင်းကင်စိတ်အာရုံဖြင့် သူ့ခန္ဓာကိုယ်အား စတင်စစ်ဆေးကြည့်တော့လေသည်။ သို့သော်ငြား သူ့ခန္ဓာကိုယ်နှင့် မည်သည့်ပြဿနာကိုမှ ရှာမတွေ့ခဲ့ပေ။

သို့ရာတွင် သူခံစားနေရသည့် စိတ်မသက်မသာ ခံစားချက်မှာ အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ အားကောင်းလာခဲ့လေသည်။

ထို့ကြောင့် မျက်မှောင်ကျုံ့လျက် ထိုအကြောင်းကို စတွေးတောတော့လေ၏။ တစ်စုံတစ်ခုသည် သူ့အပေါ် လာရောက်သက်ရောက်နေသည့်အလား ကောင်းကင်ကြိုးကြာမြို့ထဲသို့ ဝင်လာသည့် အချိန်မှစ၍ ထိုခံစားချက်ကို ရနေခဲ့ခြင်း ဖြစ်သည်။

ထိုခံစားချက်မှာ အတော်လေးကိုမှ ထူးဆန်းလှပေသည်။ သို့သော်ငြား ရန်ကိုင့်အနေဖြင့် ထိုခံစားချက်အား ဤတိုင်းလည်း လွှတ်မထားရဲခဲ့ပေ။ သူ၏ကျင့်ကြံခြင်းမှာ အတော်လေးကို မြင့်နေပြီ ဖြစ်သလို သူ့ခွန်အားမှာလည်း အလွန်တရာကိုမှ အားကောင်းနေခဲ့လေပြီ။ ထို့ကြောင့် မည်သည့်သာမန်ကိစ္စရပ်ကမှ သူ့အား ဤကဲ့သို့ ဂနာမငြိမ် ဖြစ်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ တကယ့်တကယ်ကို အရေးကြီးသည့် ကိစ္စများသာလျှင် ရန်ကိုင့်အား ဤကဲ့သို့ ဖြစ်အောင် လုပ်နိုင်ပေလိမ့်မည်။

အချိန်အတော်ကြာအောင် စဉ်းစားနေသော်ငြား အဖြေမရသဖြင့် ရန်ကိုင်လည်း သက်ပြင်းချ၍သာ မတ်တပ်ရပ်လိုက်လေသည်။

သူအပြင်ထွက် လမ်းလျှောက်မည့်အကြောင်းကို ရီကျင်းဟန်အား ပြောလိုသည့် အတွက်ကြောင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ရီကျင်းဟန်သည် သူမအခန်းထဲတွင် တုရှန်းနှင့် ကလူကျီစယ်နေကြောင်းကို တွေ့လိုက်ရလေသည်။ ထိုအချင်းအရာကို မြင်လိုက်သည့်အခိုက် ရန်ကိုင့်မျက်နှာကြီး မည်းမှောင်သွားခဲ့လေ၏။

နှစ်ယောက်သား၏ အနေအထားမှာ ခြေလွန်လက်လွန်အဆင့်ထိတော့ မရောက်သေးချေ။ တုရှန်းသည် ရီကျင်းဟန်၏လက်ကို ကိုင်ရင်း သူမအား မြတ်နိုးစွာဖြင့် ကြည့်ကာ သူမအား မည်မျှချစ်ကြောင်း ကြိုက်ကြောင်းကို ပြောဆိုနေခဲ့လေ၏။ ရီကျင်းဟန်ကမူ ရှက်ရှက်ဖြင့် ခေါင်းလေးသာ ငုံ့ထားခဲ့လေသည်။

ရန်ကိုင်လည်း သူ့ကောင်းကင်စိတ်အာရုံကို အမြန် ပြန်ရုတ်သိမ်းလိုက်လေ၏။

သူမြင်လိုက်ရသည့်အကြောင်းကို မည်သူ့ကိုမျှ သွားပြောပြမနေခဲ့ဘဲ ကောင်းကင်ရုပ်သေးအလုပ်ရုံမှသာ အလျင်အမြန် ထွက်လာခဲ့လိုက်လေ၏။ မကြာမီတွင် လူများဖြင့် ပြည့်ကြပ်နေသော အဓိကလမ်းမပေါ်သို့ ရောက်လာခဲ့လေသည်။

ကောင်းကင်ကြိုးကြာမြို့တော်မှာ တောင်ဘက်နယ်မြေထဲရှိ အလယ်အလတ်အဆင့် မြို့များအနက် တစ်မြို့ ဖြစ်သည့်အတွက်ကြောင့် မြို့၏ ပုံပန်းအနေအထားမှာ မေပယ်မြို့ထက် အများကြီး ပိုသာပေသည်။ လမ်းများမှာ လှည်းရှစ်စီး တစ်ပြိုင်တည်း သွားလို့ရလောက်သည်အထိ ကျယ်ဝန်းလှကာ လူများဖြင့် ပြည့်ကျပ်နေခဲ့လေ၏။

သူတို့၏ ပစ္စည်းများကို အော်ရောင်းနေကြသော ဆိုင်များစွာမှာလည်း လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေကြလေသည်။

မနက်ဖြန်တွင် ကျရောက်လာမည့် မြို့သခင်၏ မင်္ဂလာပွဲကြောင့် ရောင်စုံမီးပုံးများ မီးအိမ်များကို လမ်းအနှံ့ တန်ဆာဆင်ထားလေ၏။ မြို့တစ်ခုလုံးမှာလည်း ကျင့်ကြံသူများဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်နေခဲ့လေသည်။

လူအုပ်ကြီးထဲ ရောနှောကာ လမ်းလျှောက်လာရင်းမှ ဧည့်သည်များဖြင့် ပြည့်နေသော စားသောက်ဆိုင်တစ်ခုဆီသို့ ရန်ကိုင် ရောက်လာခဲ့လေ၏။

စားပွဲထိုးလေးတစ်ဦးသည် ရန်ကိုင့်အား အလျင်အမြန် လာရောက်ကြိုဆိုလေသည်။ ထိုစားပွဲထိုးလေးမှာ ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား သူ့ကျင့်ကြံခြင်းမှာ သူတော်စင်အဆင့်သာ ရှိသေးလေ၏။ ရန်ကိုင့်အား ပြုံးလျက် ဦးညွှတ်နှုတ်ဆက်လိုက်ပြီးသည့်နောက် “ကျေးဇူးပြုပြီး အထဲဝင်လာခဲ့ပါ ဆရာ… ဆရာ့ကိုကြည့်ရတာ မျက်နှာသစ်နဲ့တူတယ်… ဆရာဒီမှာ တစ်ယောက်တည်း သောက်ဖို့လာတာလား… ဒါမှမဟုတ် အဖော်တစ်ယောက်နဲ့ တွေ့ဖို့ လာတာများလား…”

ရန်ကိုင်က စားပွဲထိုးကို ကြည့်လျက် ပြုံးကာ ပြောလိုက်လေ၏။ “ငါ့ဘာသာ တစ်ယောက်တည်း လာခဲ့တာ…”

ဆိုင်ဝန်ထမ်းလေးက နားလည်သွားဟန်ဖြင့် ပြုံးလျက် “နားလည်ပါပြီ… ကျေးဇူးပြုပြီး ဒီမှာ ထိုင်ပါဆရာ…”

ပြောပြီးသည့်နောက် ရန်ကိုင့်အား တတိယအလွှာဆီသို့ ခေါ်သွားလိုက်ပြီး ပြတင်းပေါက်နှင့် ဘေးကပ်ရပ် စားပွဲဝိုင်းတွင် နေရာချထားပေးလိုက်လေသည်။ ထို့နောက် ပြုံးကာ ပြောလိုက်လေ၏။ “ဆရာ ဘာများမှာချင်လဲမသိဘူး… ကျုပ် ကြွားပြောတာတော့ မဟုတ်ဘူး… ကောင်းကင်ကြိုးကြာမြို့ထဲမှာ ကျုပ်တို့ဆိုင်ထက် ကောင်းတဲ့ဆိုင်ဆိုတာ မရှိတော့ဘူး… ကျုပ်တို့သုံးထားတဲ့ အသားတွေအကုန်လုံးက လတ်လတ်ဆတ်ဆတ်ကြီးပဲ… အရွက်တွေဆိုတာလည်း အကောင်းဆုံးကိုမှ သုံးထားတာ… ဆရာသာ ဒီမှာရှိတဲ့ ဟင်းပွဲတွေကို နေ့တိုင်းစားမယ်ဆိုရင် ဆရာ့လိုမျိုး လူအတွက်တောင် အတော်လေးကို အကျိုးရှိမှာ… ကံသာကောင်းမယ်ဆိုရင် အဆင့်တောင် ချိုးဖြတ်သွားနိုင်သေးတယ်… အဲ့လို အဆင့် ချိုးဖြတ်သွားတာတွေ ကျုပ်တို့ဆိုင်မှာ တစ်ခါမက ဖြစ်ပြီးသွားပြီ…”

“အို…” ရန်ကိုင်က အံ့အားသင့်နေဟန်ဖြင့် မျက်ခုံးပင့်လျက် ပြုံးကာ ပြောလိုက်လေသည်။ “ဒီတော့ ငါ့ကျင့်ကြံခြင်းနဲ့ဆိုရင် ဘယ်လိုဟာမျိုး စားသင့်တယ်လို့ မင်းထင်လဲ…”

ဆိုင်ဝန်ထမ်းက ရယ်သွမ်းသွေးလျက် “တစ်ချက်ကြည့်ရုံနဲ့ ဆရာက တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးဆိုတာ ကျုပ်ပြောနိုင်တယ်… ဒီတော့ ဆရာအနေနဲ့ အကောင်းဆုံးဟင်းပွဲတွေနဲ့ ဝိုင်တွေကို မှာသင့်တယ်လို့ ထင်တယ်… လိုနေတာဆိုလို့ မိန်းမချောတစ်ယောက်လောက်ပဲ ရှိတော့တယ်…”

ဆိုင်ဝန်ထမ်းလေးမှာ ဤဆိုင်တွင် အလုပ်လုပ်နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည့် အတွက်ကြောင့် အတော်လေးကို အမြင်စူးရှနေပြီဟု ပြော၍ရသည်။ သူသည် သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်လင့်ကစား ရန်ကိုင်သည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးမှန်း ပြောနိုင်လေ၏။ ဆိုင်ဝန်ထမ်းမှာ အမြင်သာလျှင် စူးရှခြင်းမဟုတ် စကားပြောကလည်း သွက်သလို တစ်ဖက်လူ၏ ကောင်းကြောင်းကိုလည်း အလွယ်တကူ ချီးမွမ်းခန်း ဖွင့်နိုင်ပေသည်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကောင်းပြီ… အဲ့ဒါဆိုရင် အဆင်ပြေမဲ့ဟာသာ ယူလာခဲ့လိုက်…”

ထိုစကားကိုကြားသော် ဆိုင်ဝန်ထမ်းလေး ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ပြောလိုက်လေသည်။ “ဆရာ့ကို စိတ်မပျက်စေရပါဘူး… ဆရာ မကျေနပ်ဘူး ဆိုလို့ရှိရင် ကျုပ်ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်လို့ ရပါတယ်…”

ရန်ကိုင်က ခေါင်းညိတ်၍ ပြောလိုက်လေ၏။ “ကဲ… မင်းပြောတဲ့ အတိုင်းပဲနော်… ငါမကျေနပ်ဘူး ဆိုရင်တော့ မင်းပြောတဲ့အတိုင်း လုပ်မှာ…”

ဆိုင်ဝန်ထမ်းလေး မျက်နှာ မှုန်ကုပ်သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေ၏။ “အဲ့ဒါဆိုရင် ကျုပ် အကောင်းဆုံး ကြိုးစားပေးပါမယ်…”

ပြောပြီးသည့်နောက် အမြန် ထွက်သွားခဲ့လေသည်။

ရန်ကိုင်သည် ပြတင်းပေါက်ဘေးတွင်ထိုင်ရင်း အပြင်ဘက်ကို ငုံ့ကြည့်နေခဲ့လေသည်။ ယခု သူ့စိတ်ထဲ အတော်လေးကိုမှ နေလို့ထိုင်လို့ ကောင်းလာသလို ခံစားလိုက်ရလေသည်။ လွန်ခဲ့သည့် ရက်များအတွင်း သူ့စိတ်ထဲ တောက်လျှောက်ကို မသက်မသာ ဖြစ်နေခဲ့ရသည်။ ယခုမူ ထိုစိတ်မသက်မသာ ခံစားချက်အားလုံးသည် နေလာနှင်းပျောက်သည့်နှယ် ပျောက်ချင်းမလှ ပျောက်နေခဲ့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၉၇)

ထိုမျှသာလျှင် မဟုတ်သေး။ သူ့ခန္ဓာကိုယ်မှာလည်း ယခင်ကထက် ပို၍ ပေါ့ပါးလာသလို သူ့စိတ်မှာလည်း အတော်လေးကို လန်းဆန်းလာခဲ့သည်။ သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီသည်ပင်လျှင် ယခင်ကထက် ပို၍ လျင်မြန်စွာ လည်ပတ်လာခဲ့လေသည်။

ထိုအချက်ကို သတိပြုမိလိုက်သော် ရန်ကိုင် အံ့အားသင့်သွားခဲ့လေ၏။ ဘာဖြစ်လို့ ဖြစ်သွားမှန်းကိုလည်း အလျင်အမြန်ပဲ နားလည်သွားခဲ့လေသည်။ သူ့စိတ်အခြေအနေသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားသည့်ပုံပင်။ ထိုအချက်ကို နားလည်လိုက်သော် အပြင်ထွက်ပြီး လမ်းလျှောက်သည်မှာ တကယ်ကို ကောင်းမွန်သည့် ဆုံးဖြတ်ချက်တစ်ခုမှန်း နားလည်သွားခဲ့လေ၏။

ကောင်းကင်ရုပ်သေးအလုပ်ရုံထဲတွင်သာ နေ၍ ကျင့်ကြံနေမည့်ဆိုပါက ဘာမှ တိုးတက်လာလိမ့်မည် မဟုတ်သလို သူ့စိတ်အခြေအနေသည်လည်း ထိုင်းထိုင်းမှိုင်းမှိုင်း သာ ဖြစ်နေပေလိမ့်မည်။

ခဏအကြာတွင် ဆိုင်ဝန်ထမ်းလေးသည် အကောင်းဆုံးသော ဟင်းခွက်များနှင့် ဝိုင်များကိုသယ်ကာ ပြန်ရောက်လာခဲ့လေသည်။ စားပွဲထိုးလေး ကြွားနေခြင်းသာ ဖြစ်မှန်း ရန်ကိုင် သိသော်ငြား စားသောက်ဆိုင်၏ ဟင်းပွဲများမှာ အတော်လေးကိုမှ အရသာရှိသလို ဟင်းပွဲထဲတွင် ထည့်၍ ချက်ပြုတ်ထားသော ပစ္စည်းများမှာလည်း အတော်လေးကိုမှ အဆင့်မြင့်လှကြောင်း တွေ့ရှိသွားခဲ့သည်။ ထိုဟင်းပွဲများကိုသာ တစ်နှစ်ပတ်လုံး ထိုင်စားနေမည်ဆိုပါက မိမိ၏ ကျင့်ကြံခြင်းကိုပင်လျှင် တိုးတက်အောင် လုပ်ကောင်းလုပ်နိုင်ပေသည်။

သို့သော်ငြား တိုးတက်မည်ဆိုလျှင်ပင် အနည်းငယ်လောက်သာ တိုးတက်မည်ဖြစ်ကာ ကိုယ့်ဘာသာကိုယ် ကျင့်ကြံခြင်းလောက် တိုးတက်လာလိမ့်မည် မဟုတ်။

ထို့အပြင် ထိုနည်းဖြင့် ရရှိလာသည့် ကျင့်ကြံခြင်းမှာ မိမိဘာသာ ကျင့်ကြံ၍ ရရှိလာသည့် ကျင့်ကြံခြင်းလောက် ကောင်းမွန်ခြင်း မရှိပေ။ ထို့အတွက်ကြောင့်ပင်လျှင် ကျင့်ကြံသူများသည် ထိုကဲ့သို့သော နည်းလမ်းများကိုသုံး၍ သူတို့၏ကျင့်ကြံခြင်းအား မြှင့်တင်ခြင်းကို ရှောင်ရှားကြလေသည်။ နည်းနည်းလေးတိုးတက်ဖွယ်ရာအတွက်နှင့် အရင်းအမြစ်ကျောက်များစွာကို အသုံးပြုနေမည့်အစား ကိုယ့်ဘာသာကိုယ်ထိုင်၍ ကျင့်ကြံလိုက်ခြင်းသည် ပို၍ အကျိုးရှိပေသည်။

ရန်ကိုင်ကမူ စားပွဲထိုးလေးအား အသေးစိတ်ကစ၍ လိုက်ပြဿနာမရှာခဲ့ပေ။ နည်းနည်းပါးပါး ချီးကျူးပေးလိုက်ပြီးနောက် စားပွဲထိုးအား အရင်းအမြစ်ကျောက် ပေးကာ ပြန်သွားရန် ပြောလိုက်လေ၏။ ထိုသို့ဖြင့် ရန်ကိုင်သည် အစားအသောက်များကို စားရင်း တစ်ယောက်တည်း ဝိုင်ထိုင်သောက်နေတော့လေသည်။

တတိယအလွှာတစ်ခုလုံးမှာ ဧည့်သည်များဖြင့် ပြည့်ကျပ်နေလေ၏။ စားပွဲဝိုင်းတိုင်းတွင် လူတစ်ယောက်မက ရှိနေခဲ့လေသည်။ အနည်းဆုံး နှစ်ဦးတော့ ရှိကြ၏။ ရန်ကိုင်ထိုင်နေသည့် ဝိုင်းသည်သာ တစ်ယောက်တည်း ရှိနေခြင်း ဖြစ်လေသည်။

အကုန်လုံးသည် ပျော်ရွှင်စွာ သောက်စားရင်း အမျိုးမျိုးသော အကြောင်းအရာများကို ဟောင်ဖွာဟောင်ဖွာဖြင့် ဆွေးနွေးနေကြလေ၏။

ရန်ကိုင်သည်လည်း သူတို့ပြောသမျှ အကြောင်းအရာများကို စိတ်ဝင်တစားဖြင့် ထိုင်နားထောင်နေခဲ့လေသည်။

အကုန်လုံး လတ်တလောတွင် ပြောနေသည့် အကြောင်းအရာမှာ မြို့သခင်လော့ကျင်းမှ အသစ်ထပ်ယူလိုက်သည့် ကိုယ်လုပ်တော်အကြောင်းပင် ဖြစ်လေသည်။

“အခု မင်းပြောတော့မှပဲ ဟုတ်တော့လည်း ဟုတ်တယ်နော်… မြို့သခင်က ဒီလောက်တောင် အသက်ကြီးနေပြီ… အဲ့ဒါကို ပျော်လို့ကောင်းနေတုန်း…”

“ဟုတ်တယ်… မြို့သခင်ယူထားတာ ကိုယ်လုပ်တော် ဆယ့်လေးယောက်တောင် ရှိနေပြီ… ဒါကို နောက်ထပ် ဆယ့်ငါးယောက်မြောက်ကို မနက်ဖြန် ထပ်ယူဦးမယ်… သူ့ခန္ဓာကိုယ်ကြီးနဲ့က လုပ်ရောလုပ်နိုင်ဦးမှာလားတောင် မသိဘူး… ဟား ဟား ဟား…”

“မိန်းမချောလေးတွေကို ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း နေနေခိုင်းတာ တကယ်ကို ရက်စက်တယ်ကွ… လူကြီးမင်းလော့သာ သူတို့အားလုံးကို အဖော်မပြုပေးနိုင်ဘူး ဆိုလို့ရှိရင် သူ့မိန်းမတွေ ထွက်ပြေးကုန်ကြတော့မှာပဲ…”

“ဟမ်… ရောင်းရင်း… မင်းပြောတဲ့ပုံကို ကြည့်ရတာ မင်း မြို့သခင်ရဲ့ မိန်းမတွေကို မကောင်းကြံချင်နေတာလား… ဟဲ ဟဲ…”

“ဟဲ ဟဲ… မလုပ်ရဲပါဘူးကွာ မလုပ်ရဲပါဘူး… ငါ ဒီတိုင်းပဲ လျှောက်ပြောနေရုံပါ…”

“မသိရင် မင်းကို ကြည့်ရတာ မိန်းမချောလေးတွေကို သနားပြီး မြို့သခင်ကို သွားကူညီချင်နေတဲ့ပုံပဲ… ဟဲ ဟဲ…”

“အခွင့်အရေးရရင်တော့ ကြိုးစားကြည့်ချင်တာပေါ့ကွ… စကားပုံတောင် ရှိသေးတယ်လေ… မိန်းမချောလေးတစ်ယောက်ရဲ့ ရင်ခွင်မှာ သေခွင့်ရခဲ့မယ်ဆိုရင် ဘာနောင်တများ ရစရာ ရှိဦးမှာလဲ…”

“မင်းတို့ မူးနေတယ်ဆိုရင်လည်း ငြိမ်ငြိမ်လေးနေကြကွာ… အခုလိုမျိုး မဟုတ်တရုတ်တွေ လျှောက်ပြောနေလို့ရှိရင် အကုန်လုံး ပြဿနာတက်ကုန်လိမ့်မယ်… နေရာတိုင်းမှာ နားတွေ ရှိနေတယ်ဆိုတာ မေ့မထားနဲ့ဦး…” တစ်ယောက်ယောက် အေးစက်စက်လေသံဖြင့် သူတို့အား လှမ်းသတိပေးလိုက်လေသည်။

ထိုစကားကိုကြားသော် အာပေါင်အာရင်းသန်သန်ဖြင့် ဆွေးနွေးနေကြသော် လူနှစ်ဦး၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ “အာ… ကျုပ်တို့ မူးသင့်နေတာထက်ကို ပိုပြီး မူးနေကြတာ… ခုနတုန်းက ကျုပ်တို့ ဘာတွေပြောလိုက်တာလဲ…”

“ဘာမှမပြောဘူး… ငါတို့ ဘာမှမပြောလိုက်ဘူး… လာခဲ့ နောက်တစ်ခွက် သောက်ကြရအောင်…”

ဆွေးနွေးစရာ ခေါင်းစီးမှာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားခဲ့လေသည်။

သို့သော်ငြား ခဏအကြာ၌ နောက်တစ်ယောက်က ထိုခေါင်းစဉ်ကို အစဖော်လာပြန်လေ၏။ “ငါတွေးကြည့်လိုက်တော့မှ သတိထားမိတယ်… လူကြီးမင်းလော့ရဲ့ ကိုယ်လုပ်တော် ဆယ့်လေးယောက်လုံးက တကယ်ကို မိန်းမချောလေးတွေချည်းပဲကွ… ငါသာ လူကြီးမင်းလော့လို နေနိုင်မယ်ဆိုလို့ရှိရင် သေရမယ်ဆိုရင်တောင် နောင်တရစရာ မရှိတော့ဘူး…”

“အဲ့ဒါကတော့ မတူဘူးလေကွာ သူက မြို့သခင်ဟာချည်းကို… ဒါပေမဲ့ မင်းပြောတဲ့ပုံကိုကြည့်ရတာ မင်း မြို့သခင်ရဲ့ မိန်းမတွေကို တွေ့ဖူးတဲ့ပုံပဲ…”

“ဒီကောင်ပြောတာဟုတ်တယ်…မြို့သခင်က သူ့ရဲ့ကိုယ်လုပ်တော်တွေ အကုန်လုံးကို မြို့သခင်စံအိမ်ထဲမှာပဲ ဖွက်ထားတာ… အပြင်ထွက်လာမယ်ဆိုရင်တောင် သူတို့ဘေးပတ်လည်မှာ အစောင့်တွေချည်းပဲ… သူတို့မျက်နှာတွေအကုန်လုံးကိုလည်း အနက်ရောင်ဇာပုဝါတွေနဲ့ပဲ အုပ်ထားကြတာ… ရောင်းရင်း မင်း သူတို့ကို ဘယ်လိုလုပ်ပြီး မြင်ဖူးတာလဲ…”

ထိုလူက ယဲ့ယဲ့လေးပြုံးလျက် “ဟဲ ဟဲ… ငါသူတို့ကို မမြင်ဖူးပါဘူး… ဒါပေမဲ့ ငါ့တူမလေးက မြို့သခင်စံအိမ်မှာ အိမ်ဖော်အဖြစ် အလုပ်လုပ်နေတာလေ… ဒီတော့ ကိုယ်လုပ်တော်တွေကို အလုပ်အကျွေးပြုပေးရတာပေါ့… သူပြောတဲ့ပုံကတော့ ကိုယ်လုပ်တော်တွေအကုန်လုံးက အရမ်းကိုချောတာတဲ့… အထူးသဖြင့် နောက်ဆုံးတစ်ယောက်ပဲတဲ့… သူဆိုရင် ကျန်တဲ့ဆယ့်လေးယောက်လုံးထက်ကို ပိုချောတာတဲ့… မြို့သခင်ကလည်း အဲ့တစ်ယောက်ကို အရမ်းချစ်တာတဲ့…”

“ဟမ်… မင်းက မြို့သခင်ယူမဲ့ မိန်းမအသစ်အကြောင်းတောင် သိနေပြီပေါ့… မင်း ငါတို့ကို ပြောပြပါလား… သူက ဘယ်လိုပုံစံမျိုးလဲ…”

“ဟုတ်တယ်… ငါတို့လည်း တော်တော်လေး သိချင်နေတာ…”

ထိုလူက ပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ပြောရတာတော့ ကိစ္စမရှိပါဘူးကွ… ဒါပေမဲ့ ငါတို့မှာ ဝိုင်မရှိတော့ဘူးကွ…”

“ငါမှာပေးမယ် စိတ်မပူနဲ့… စားပွဲထိုးရေ ငါတို့ကို ဝိုင်ချပေးပါဦး…” တစ်ယောက်ယောက်က ရုတ်တရက် အော်ပြောလိုက်လေသည်။

ထိုလူက လက်သီးဆုပ်လျက် “ရောင်းရင်းက တကယ်ကို တည့်တိုးဆန်တာပဲ… အဲ့လိုဆိုမှတော့လည်း ကျုပ်ကလည်း ကျုပ်သိထားသလောက် ပြောပြပေးရသေးတာပေါ့…”

ထိုသို့ပြောပြီးသည့်နောက်တွင် နှုတ်ခမ်းကိုသုတ်လျက် မြို့သခင်၏ ကိုယ်လုပ်တော်အသစ်အကြောင်းကို အာပေါင်အာရင်းသန်သန်ဖြင့် စပြောပြတော့လေသည်။

“ဟမ့်…” ထိုစဉ် တစ်စုံတစ်ဦးသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် သူ၏ မတ်ခွက်ကြီးအား စားပွဲပေါ်သို့ ရိုက်ချလိုက်လေသည်။

စကားဝိုင်းအား စိတ်ဝင်တစားဖြင့် နားထောင်နေကြသော လူအုပ်ကြီးသည် ထိုလူအား ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက်လေ၏။

ရန်ကိုင်သည်လည်း စကားဝိုင်းကို စိတ်ဝင်တစားဖြင့် နားထောင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် အသံကြားရာဆီသို့ အလျင်အမြန် လှမ်းကြည့်မိလိုက်လေသည်။ ထိုနေရာတွင် အရက်နံ့ ထောင်းထွက်နေသော လူထွားကြီးတစ်ဦး ရှိနေခဲ့လေ၏။

ကောင်းကင်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သော် ထိုလူသည် တန်ခိုးရှင်ဘုရင် တတိယအဆင့်သာ ရှိသေးကြောင်း တွေ့ရှိလိုက်ရသည်။ ထို့အပြင် သူ့အရှိန်အဝါမှာ အတော်လေးကို မတည်မငြိမ် ဖြစ်နေခဲ့လေသည်။ ဆိုးဆိုးဝါးဝါး ဒဏ်ရာတစ်ခုခု ရထားသည့်အလား။

ထိုလူ၏ ညာဘက်မျက်လုံးမှာ လုံးဝကို ဖြူဖွေးဆွတ်နေ၏။ တစ်စုံတစ်ဦးကြောင့် မျက်လုံးကန်းထားရသည့်အလား။ အစတည်းက ကြောက်စရာကောင်းနေသော ထိုလူ၏ မျက်နှာမှာ ကန်းနေသော မျက်လုံးကြောင့် ပို၍ ကြောက်စရာ ကောင်းသွားခဲ့ရလေသည်။

လက်ရှိအချိန်တွင် မျက်ကန်းလူမှာ အတော်လေးကိုမှ ဒေါသထွက်နေခဲ့သည်။ သူ့လက်ထဲရှိ မတ်ခွက်ကိုပင်လျှင် တစ်စစီ ရိုက်ခွဲထားခဲ့လေသည်။

“ဘယ်သူလဲလို့ မှတ်နေတာလား… တောင်ပေါ်ကဆင်းလာတဲ့ အဖော်မဲ့ကျားတစ်ကောင် ဖြစ်နေတာကို… ရောင်းရင်းချိုက်ဟူ…” အစောပိုင်းက စကားပြောနေသည့်လူက ရယ်ရယ်မောမောဖြင့် ပါးစပ်ကိုအုပ်ရင်းမှ ပြောလိုက်လေသည်။

“မဟုတ်ဘူး… သူက အဖော်မဲ့ကျားမဟုတ်တော့ဘူး… မျက်လုံးတစ်လုံးကျား ဖြစ်သွားပြီကွ… ဟား ဟား ဟား…”

ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ထိုလူသည် အားပါးတရ အော်ဟစ်ရယ်မောတော့လေသည်။

သူတို့ကြည့်ရသည်မှာ မျိုးရိုးနာမည်ချိုက်နှင့်လူအား သဘောမတွေ့သည့်ပုံပင်။

“ရောင်းရင်းချိုက်… ငါသိချင်နေတာ တစ်ခုရှိတယ်… ဘယ်သူကမင်းကို မျက်လုံးကန်းအောင် လုပ်လိုက်တာလဲ…” အော်ဟစ်ရယ်မောပြီးသည့်နောက် ထိုလူက မေးခွန်းထုတ်လိုက်လေသည်။

ချိုက်ဟူသည် နှာခေါင်းရှုံ့လျက် ပြန်ပြောမနေဘဲ ထိုလူအား စောင်းကြည့်၍ ပြောလိုက်လေသည်။ “မင်းအခုလိုမျိုး ဆက်လုပ်နေဦးမယ်ဆိုရင် ငါမင်းကို တစ်စစီ ဆုတ်ဖြဲပစ်တော့မှာနော်…”

ထိုစကားကိုကြားသည့်အခါ ထိုလူ၏ အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်အော်ပြောလိုက်လေ၏။ “အခုလိုဆက်လုပ်နေဦးမယ်… မင်းဘာပြောချင်နေတာလဲ…”

ချိုက်ဟူက ပြောလိုက်လေ၏။ “မင်းပြောတဲ့ အမျိုးသမီးက မင်းပြောတဲ့ပုံစံနဲ့ လုံးဝမတူဘူးကွ…”

“ဘယ်အမျိုးသမီးလဲ…” ထိုလူ မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သို့သော် အလျင်အမြန်ပဲ အသိပြန်ဝင်လာပြီး မျက်လုံးမှေးစင်းကာ ပြောလိုက်လေ၏။ “ချိုက်ဟူ… မင်းပြောချင်နေတာက မြို့သခင်ရဲ့ ကိုယ်လုပ်တော်အသစ်ကိုလား…”

ချိုက်ဟူသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ဝိုင်ပုလင်းကိုမြှောက်ကာ တစ်ကျိုက်တည်း မော့ချလိုက်လေသည်။

ထိုလူကတော့ အလွတ်မပေးသေးဘဲ ဆက်ပြောလိုက်လေ၏။ “မင်းကြည့်ရတာ ကိုယ်လုပ်တော်အသစ်ကို မြင်ဖူးတဲ့ပုံပဲ ဟုတ်တယ်မလား…”

ချိုက်ဟူ၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားခဲ့ပြီး အတိတ်ကို လွမ်းဆွတ်သည့် အရိပ်အယောင်တို့ သူ့မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့လေသည်။ သို့သော်ငြား အေးစက်စက် အမူအယာဖြင့်ပင် ပြန်ပြောလိုက်လေသည်။ “အဲ့ဒါ မင်းကိစ္စမဟုတ်ဘူး…”

ထိုလူ အံ့အားသင့်သွားခဲ့ပြီး လက်ခုပ်တီးကာ ပြုံးလျက် “မင်း ဘယ်လိုမျက်လုံးကန်းသွားလဲ ငါနားလည်သွားပြီ…” ထို့နောက် တစ်ချက်ရပ်၍ အော်ရယ်မောကာ ပြောလိုက်လေသည်။ “မြို့သခင်ရဲ့ ကိုယ်လုပ်တော်အသစ် ရေချိုးနေတာကို မင်းသွားချောင်းကြည့်တာမလား… ဟိုက မိသွားလို့ ဒေါသထွက်ပြီး တီးလွှတ်လိုက်လို့ အခုလိုမျိုး မျက်လုံးကန်းသွားတာမလား…”

ထိုစကားကိုကြားသော် လူအုပ်ကြီးတစ်ခုလုံး ဝါးလုံးကွဲအော်ဟစ် ရယ်မောတော့လေသည်။

ထိုစကားကိုကြားသော် ချိုက်ဟူသည် သူသောက်နေသည့် စားပွဲဝိုင်းကို မှောက်လှန်လျက် ဆေဘာဓါးတစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ ထို့နောက် အစောပိုင်းက စကားပြောလိုက်သည့် လူဆီသို့ ပြေးဝင်သွားလေ၏။

လက်ရှိ ချိုက်ဟူဆီမှ သိပ်သည်းလှသည့် သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်နေခဲ့လေ၏။ စကားပြောလိုက်သည့်သူမှာ ချိုက်ဟူ၏ ချက်ကောင်းကို သွားထိမိလိုက်သည့်အလား။ ထိုလူသည် ချိုက်ဟူ၏ လုပ်ရပ်ကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ သို့သော်ငြား သူ၏ မှော်ရတနာကို ထုတ်ယူ၍ ချိုက်ဟူ၏ မထင်မှတ်ထားသည့် တိုက်ခိုက်မှုကို အလျင်အမြန် ခုခံလိုက်လေသည်။

နှစ်ယောက်စလုံးမှာ တန်ခိုးရှင်ဘုရင် တတိယအဆင့်များ ဖြစ်ကြသည့်အတွက်ကြောင့် ချိုက်ဟူဆီမှ အရင်းအမြစ်ချီများ ဖြာထွက်လာသော် တတိယအလွှာတွင် ရှိနေသော စားပွဲဝိုင်းများ အကုန်မှောက်ကုန်ကြလေ၏။ စားသောက်ဆိုင်တစ်ခုလုံးမှာလည်း ပျက်စီးတော့မည့်အလား တုန်ခါလာခဲ့လေသည်။

ထိုတိုက်ပွဲကို သတိပြုမိလိုက်သော် ဆိုင်ပိုင်ရှင် အမြန်ပြေးလာပြီး သူတို့၏တိုက်ပွဲကို ဝင်ရောက် ဖြန်ဖြေလေ၏။ အပြင်ဘက်တွင်သာ သွားတိုက်ခိုက်ကြရန်လည်း တောင်းဆိုလေ၏။ သို့သော် ဆိုင်ပိုင်ရှင်၏ တောင်းဆိုသံများမှာ သူတို့နားထဲသို့ မရောက်ခဲ့ချေ။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလျက် စားပွဲပေါ်ရှိ ဝိုင်ပုလင်းကို ကောက်ယူကာ မော့ချလိုက်လေသည်။ ထို့နောက် စားပွဲပေါ်၌ အရင်းအမြစ်ကျောက်အချို့ကို ထားလျက် ဆိုင်ထဲမှ ထွက်လာခဲ့လေ၏။

ကျင့်ကြံသူများကြား တိုက်ပွဲဖြစ်သည်ဆိုသည်မှာ သာမန်သာ ဖြစ်လေသည်။ ကျင့်ကြံသူတိုင်း၏ လက်များသည် သွေးများဖြင့် စွန်းထင်းနေကြသည်။ ယနေ့တွင် ချိုက်ဟူ သို့မဟုတ် သူ့ပြိုင်ဘက် အသတ်ခံရပေလိမ့်မည်။ သို့သော်ငြား ထိုအရာမှာ သူတို့ကိစ္စသာ ဖြစ်လေသည်။ ရန်ကိုင်ကမူ ဝင်ပါရန် မစဉ်းစားခဲ့ပေ။ သူ့စိတ်ထဲ ကောင်းကင်ရုပ်သေးအလုပ်ရုံသို့ ပြန်ရန်သာ စဉ်းစားထားလေ၏။ သို့သော်ငြား ဆေးဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်မိလိုက်သည့်အခိုက် ရုတ်တရက် ရပ်လိုက်ပြီး ထိုဆိုင်ဘက်သို့ လှည့်ကာ ဆိုင်ထဲသို့ ဝင်သွားလေသည်။

ဤဆေးဆိုင်သည် ခရမ်းကြယ်စင်ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဆိုင်ခွဲများအနက် တစ်ဆိုင်ဖြစ်ပေ၏။

ရန်ကိုင်သည် ဆေးပင်အချို့ ဝယ်ရန် လုပ်နေခြင်း ဖြစ်ပေသည်။ သူ့သိုလှောင်လက်စွပ်ထဲတွင် ဆေးအမယ်များစွာ ရှိနေသော်ငြား လတ်တလောတွင် ရန်ကိုင်သည် ဆေးလုံးများစွာကို သုံးစွဲခဲ့လေသည်။ လက်ရှိ သူ့တွင် သာမန်ဆေးအမယ်များ သိပ်ရှိမနေတော့ချေ။ လိုအပ်သည့် ဆေးအမယ်များကို ဝယ်လိုက်ခြင်းသည် အကောင်းဆုံးသော နည်းလမ်း ဖြစ်ပေသည်။

ကောင်းကင်ကြိုးကြာမြို့ထဲရှိ ခရမ်းကြယ်စင် ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဆိုင်ခွဲမှာ မေပယ်မြို့ထဲရှိ ဆိုင်ခွဲထက် အများကြီး ပိုကြီးပေသည်။ ပစ္စည်းမျိုးစုံလည်း ပိုရပေသည်။ ရန်ကိုင်သည် ဆိုင်ဝန်ထမ်းလေး၏ အကူအညီဖြင့် လိုအပ်သည့် ဆေးပင်များကို စတင်ဝယ်ယူတော့လေသည်။ ဆိုင်ဝန်ထမ်းလေးမှာ ရန်ကိုင့်ကြောင့် အတော်လေးကိုမှ ဝမ်းသာအားရ ဖြစ်နေခဲ့လေ၏။ အတော်လေးကိုမှ ချမ်းသာသည့် လူတစ်ယောက်နှင့် လာတိုးပြီမှန်း သိလိုက်သည့်အခိုက် ဆိုင်ဝန်ထမ်းလေးမှာ ရန်ကိုင့်အား သေသေချာချာကို တလေးတစားဖြင့် ဆက်ဆံတော့လေသည်။

ဆေးပင်အားလုံးကို ရွေးယူပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆိုင်ဝန်ထမ်းလေးအား သူဝယ်ထားသည့် ဆေးပင်အားလုံးကို ထုပ်ပိုးပေးရန် ပြောလိုက်လေသည်။

ဆိုင်ပိုင်ရှင်မှာလည်း သူဌေးတစ်ဦးနှင့် တိုးပြီမှန်း နားလည်လိုက်သည့်အလား ပြုံးပြုံးဖြီးဖြီးကို ဖြစ်နေတော့လေသည်။

သို့သော်ငြား ကုန်ပစ္စည်းများကို ရေတွက်နေစဉ်မှာပင် ဆိုင်ထဲသို့ တစ်ယောက်ယောက် ဝင်လာလေသည်။ ဝင်လာသည့်လူကို လှမ်းမော့ကြည့်လိုက်ပြီးသည့်နောက် ဆိုင်ပိုင်ရှင်က အံ့အားသင့်တကြီးဖြင့် “သခင်မလေးလော့ပါလား… လူကိုယ်တိုင် လာထွက်မကြိုမိလို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်…”

ထိုစကားကိုကြားသော် ရန်ကိုင့်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ သခင်မလေးလော့ဆိုသည်ကို ကောင်းကင်ကြိုးကြာမြို့သခင် လော့ကျင်း၏ သမီး ဖြစ်လိမ့်မည်မှန်းလည်း နားလည်သွားခဲ့လေသည်။

သူတို့နှစ်ဦးစလုံး၏ မျိုးရိုးနာမည်မှာ အတူတူပင် မဟုတ်လေလော။ ထို့အပြင် ဆိုင်ပိုင်ရှင်သည် ထိုကောင်မလေးအား သခင်မလေးဟု ခေါ်ဝေါ်သုံးစွဲနေခဲ့သည်။ ထို့ကြောင့် ရောက်လာသည့်လူမှာ မြို့သခင်စံအိမ်မှသာ ဖြစ်ရပေလိမ့်မည်။

ရန်ကိုင်လည်း သခင်မလေးလော့ဆိုသူအား လှမ်း၍ ကြည့်လိုက်လေသည်။ ထိုမိန်းကလေးမှာ ပြောင်ပြောင်ထင်းထင်း အဝတ်အစားကို ဝတ်ဆင်ထားသည့် မိန်းမငယ်လေးတစ်ဦး ဖြစ်နေခဲ့လေသည်။ ဆိုင်ထဲသို့ တပြုံးပြုံးဖြင့် ဝင်လာပြီးသည့်နောက် သူမလက်ကို ဝှေ့ယမ်းပြလိုက်လေသည်။ “ဆိုင်ပိုင်ရှင်… ရှင့်ကိစ္စသာ ရှင်ဂရုစိုက်… ကျွန်မဒီကို တစ်ချက်လာပြီး လျှောက်ပတ်ကြည့်ရုံပဲ…”

“ကြည့်ကြည့်ပါ သခင်မလေးလော့…” ဆိုင်ပိုင်ရှင်က ပြုံးကာ ပြောလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၉၈)

ကောင်မလေးနှင့်အတူ လူငယ်လေးတစ်ဦးပါ ပါလာခဲ့သည်။ ထိုလူငယ်လေးမှာ ကောင်းကင်ရောင်စဉ်နန်းတော်၏ သခင်လေး ချိုယုမှလွဲ၍ အခြားမဟုတ်ချေ။

ရန်ကိုင်၏ အကြည့်ချင်း ဆုံသွားသည့်အခိုက်တွင် ချိုယု အံ့အားသင့်သွားခဲ့ပြီး ပြုံးလျက် ပြောလိုက်လေသည် “မင်းပါလား”

ရန်ကိုင်က သူ့မျက်နှာကို လက်ဖြင့်အုပ်၍ အခြားတစ်ဖက်သို့ လှည့်ကာ ပြောလိုက်၏ “ကျုပ်မဟုတ်ဘူး။ ခင်ဗျား လူမှားနေပြီနဲ့တူတယ်”

ချိုယု ကြောင်သွားခဲ့လေသည်။ ရန်ကိုင် သူ့အား လာများ နောက်နေသလားဟုလည်း တွေးမိသွားသည်။

ကောင်မလေးသည် ရန်ကိုင်အား အထက်အောက် အစုံအဆန် သေချာ စစ်ဆေးကြည့်ပြီး ချိုယုဘက်သို့လှည့်၍ မေးလိုက်လေသည် “အစ်ကိုယု၊ အဲ့လူကို သိလို့လား”

ချိုယုက ပြုံးလျက် “သိတယ်။ ဒါပေမယ့် အဲ့လောက် မရင်းနှီးဘူး”

“အင်း” ကောင်မလေး ခေါင်းညိတ်လိုက်လေ၏။ ထို့နောက် ရန်ကိုင်၏ ပခုံးကို လှမ်းပုတ်၍ ပြောလိုက်လေသည် “ဟဲ့၊ အစ်ကိုယု နင့်ကို စကားပြောနေတယ်လေ။ နင်မကြားဘူးလား”

ရန်ကိုင်က သူပခုံးကို တွန်းဖယ်လျက် ကောင်မလေးကို ကြည့်ကာ ပြောလိုက်လေသည် “ယောကျာ်းနဲ့ မိန်းမဆိုတာ အသားချင်း မထိတွေ့ရဘူးတဲ့။ နင့်မိဘတွေ ဒါလေးတောင် မသင်ထားဘူးလား။ နင်အခုလိုမျိုးပဲ တွေ့ကရာလူရဲ့ ပခုံးကို လိုက်ပုတ်တတ်တာလား။ နင်ဘာလုပ်ချင်နေတာလဲ”

ရန်ကိုင်၏ စကားကြောင့် ကောင်မလေး ရှက်သွေးဖြာသွားပြီး အံကြိတ်၍ ပြန်ပြောလိုက်လေသည် “နင်ငါ့ကို လာအပြစ်တင်ရဲတယ်ပေါ့”

ချိုယုက ပြုံးလျက် ပြောလိုက်လေသည် “ညီလေးပင်း၊ ကိုယ့်အဆင့် မရှိတဲ့ လူတွေနဲ့ ဖက်မဖြစ်နေစမ်းပါနဲ့။ ဒီကောင်က အရမ်း ဥာဏ်နီဥာဏ်နက်များတဲ့ကောင်။ မြို့ဝင်ဂိတ်ပေါက်မှာလည်း အဲ့အတိုင်းပဲ။ ရွက်တစ်ထောင်ဂိုဏ်း နာမည်သုံးပြီး မြို့ထဲကို ခိုးဝင်ဖို့ ကြိုးစားနေတာ။ ဘာတွေကြံနေတာလဲ မသိဘူး”

“သူက ရွက်တစ်ထောင်ဂိုဏ်းကလား” ထိုစကားကို ကြားသည့်အခါ လော့ပင်း မျက်နှာပျက်သွားလေသည်။

“ဟုတ်တယ်” ချိုယုက ခေါင်းညိတ်လိုက်လေသည်။

လော့ပင်းက ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “သူ့မှာ မကောင်းတဲ့ အကြံအစည် တစ်ခုခုရှိတာ သေချာတယ်။ ဟဲ့၊ နင်ဘာလို့ မြို့ထဲကို ခိုးဝင်ဖို့ ကြိုးစားတာလဲ။ နင်ဘာတွေ မကောင်းကြံချင်နေတာလဲ”

ရန်ကိုင်သည် ကောင်မလေးအား ကူကယ်ရာမဲ့စွာဖြင့်ကြည့်လိုက်လေသည်။ (တကယ်ကို ကမ်းကုန်အောင် အလိုလိုက်ခံထားရတဲ့ ကောင်မလေးပါလား... လောကကြီး အကြောင်းကိုတောင် ဘာမှမသိဘူး)

ထိုသို့ တွေးမိလိုက်သည့်အခါ ရန်ကိုင်က ညစ်ကျယ်ကျယ် ရယ်မောလိုက်လေသည်။

လော့ပင်းက ရွံ့ရှာစက်ဆုပ်နေသည့် အမူအရာဖြင့် “နင်ဘယ်လိုတွေ ရယ်နေတာလဲ... ငါမေးနေတယ်လေ... မြန်မြန်ပြော... နင်မြို့ထဲကို ဘာအကြံနဲ့ ဝင်လာတာလဲ”

ရန်ကိုင်က ခပ်သဲ့သဲ့ရယ်မောလျက် ပြောလိုက်လေသည် “ဘာအကြံနဲ့ ဝင်လာရမှာလဲ၊ ကောင်းကင်ကြိုးကြာမြို့ထဲမှာ မိန်းမလှလေးတွေ များတယ်ဆိုလို့ လာပျော်တာလေ။ အထူးသဖြင့် အသားနုနုလေးနဲ့ မိန်းကလေးတွေဆို ပိုတောင် ကြိုက်သေးတယ်”

ထိုသို့ ပြောပြီးသည့်နောက် အနံ့တစ်ချက်ကောက်ရှူလိုက်လေသည်။ ထို့နောက် ထပ်၍ ပြောလိုက်လေ၏ “မွှေးလိုက်တဲ့အနံ့... ချိုပြီး အရသာရှိနေတာပဲ... ဟဲဟဲဟဲ...”

လော့ပင်း ထိတ်လန့်သွားပြီး မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်ကာ စကားတစ်ခွန်းပင် မပြောနိုင်တော့ဘဲ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်သို့ ဆုတ်သွားလေသည်။

ချိုယု မျက်မှောင်ကြုတ်သွားပြီး လော့ပင်ရှေ့သို့ ပြေးသွားလျက် သူမအား သူ့နောက်တွင် ထားကာ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ရောင်းရင်း၊ မင်းစကားကို မင်းသတိထားနော်။ မင်းစားချင်တာ စားလို့ရတယ်။ ပြောချင်တာတော့ ပြောလို့ မရဘူးကွ။ အချို့စကားတွေက မင်းအသက်ကို သေစေနိုင်တယ်ကွ”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပခုံးတွန့်ကာ ပြောလိုက်လေသည် “မင်းတို့ပဲ ငါ့ကို မကောင်းတဲ့ကောင်ဆိုပြီး လာတံဆိပ်တပ်နေကြတာလေ။ ဘာတဲ့... ဘာအကြံနဲ့ မြို့ထဲကို ဝင်လာတာလဲဟုတ်လား... ငါလည်း မင်းတို့ ပြောတဲ့အတိုင်းပဲ လိုက်လုပ်ပေးတာလေ... အခုမှ ဘာတွေ ဖြစ်နေကြတာလဲ”

ထိုအခါမှသာ လော့ပင်း အသိပြန်ဝင်လာပြီး ချိုယုနောက်မှ ခုန်ထွက်၍ အော်ပြောလိုက်လေသည် “နင်ငါ့ကို ခြောက်ရဲတယ်ပေါ့။ ငါဘယ်သူလဲ နင်သိလား”

ရန်ကိုင်က သူမအား တစ်ချက်ကြည့်လျက် ပြန်ပြောလိုက်လေ၏ “မသိဘူး။ သိလည်း မသိချင်ဘူး။ လာရှုပ်မနေနဲ့ နားညီးတယ်”

“နင်ငါ့ကို... မောင်းထုတ်ရဲတယ် ဟုတ်လား” လော့ပင်း မျက်လုံးပြူးသွားပြီး ဒေါသ ထွက်လွန်းသဖြင့် ရင်အစုံပင် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့သည်။ သူမသည် ကောင်းကင်ကြိုးကြာမြို့သခင်၏ သမီးဖြစ်သည်။ သူမ၏ မိသားစုမှာ မြို့၏ ခေါင်းဆောင်ဖြစ်သလို အဆင့်အတန်းလည်း မြင့်မား၏။ သူမသည် ပိုးပန်းသူများစွာ ဝိုင်းဝိုင်းလည်နေသည့် မိန်းမချောလေးတစ်ဦး ဖြစ်ပေသည်။ ချိုယု ကောင်းကင်ကြိုးကြာမြို့သို့ လာတိုင်း သူမနားတွင်သာ အမြဲ ကပ်နေလေ့ရှိသည်။

ထို့အပြင် လော့ကျင်းကလည်း သူမအား အရမ်း အလိုလိုက်ပေသည်။ သူမ လိုချင်သမျှကို ဖြည့်ဆည်းပေး၏။ လူတိုင်းကလည်း သူမအား တလေးတစားဖြင့် ဆက်ဆံသည့် အတွက်ကြောင့် သူမ၏ ဘဝမှ လိုတိုင်းရ ဖြစ်နေလေ၏။ မည်သူမှက သူမအား အထင်တသေးဖြင့် မဆက်ဆံဖူးချေ။

ဒေါသထွက်လွန်းသဖြင့် ခြေကို ဆောင့်လျက် ပြန်ပြောလိုက်လေ၏ “နင်... နင်... ငါနင့်ကို သင်ခန်းစာပေးမယ်”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မျက်နှာပျက်သွားလေသည်။

ကောင်းကင်ကြိုးကြာမြို့ကို သူမကြောက်ချေ။ သို့သော် လော့ပင်းနှင့် သွားပြဿနာ တက်ပါက ရွက်တစ်ထောင်ဂိုဏ်းမှ လူများကိုပါ အမှုပတ်သွားစေနိုင်ပေသည်။

ပြောပြီးသည့်နောက်တွင် လော့ပင်သည် ဆိုင်ရှင်ဘက်သို့လှည့်၍ “သူဆေးပင်တွေ လာဝယ်တာလား”

ထိုစကားကိုကြားသော် ဆိုင်ပိုင်ရှင်က ခေါင်းညိတ်ပြလိုက်လေသည် “ဟုတ်ပါတယ်”

“ကောင်းပြီလေ” လော့ပင်းက အံကြိတ်၍ “အဲ့ဒါဆို သူဝယ်ထားတာအကုန် ကျွန်မကိုပေး၊ သူ့ကို မရောင်းတော့နဲ့”

ရန်ကိုင်၏ အမူအရာ မှုန်ကုတ်သွားသလို ချိုယုလည်း အံ့အားသင့်သွားခဲ့လေသည်။ (သူက အဲ့ကောင်ကို ဒီနည်းလမ်းနဲ့ သင်ခန်းစားပေးချင်နေတာလား... သူ့နည်းလမ်းကလည်း...)

ဆိုင်ပိုင်ရှင်က ရှက်သွားသည့် အမူအရာဖြင့် “သခင်မလေးလော့၊ ပစ္စည်းတွေက ရောင်းပြီးသွားပါပြီ။ ဈေးတောင် တွက်ပြီးနေပါပြီ”

လော့ပင်းက ပြောလိုက်လေသည် “သူပိုက်ဆံ မပေးရသေးဘူးမလား”

ဆိုင်ပိုင်ရှင်က တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် “မပေးရသေးပါဘူး”

“အဲ့ဒါဆို ဘာမှမဖြစ်ဘူး။ ကျွန်မ အကုန်ယူမယ်” လော့ပင်းက နှာခေါင်းရှုံ့လျက် ရန်ကိုင်အား ‘နင်ငါနဲ့များ လာရန်ဖြစ်ရဲတယ်ပေါ့’ ဟူသော အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မှင်သက်သွားခဲ့လေသည်။ ယခုမှသာ ဤကောင်မလေးသည် မိုးထိုးအောင် အလိုလိုက်ထားခံရသည့် ကောင်မလေးမှန်း သဘောပေါက်သွားခဲ့လေသည်။ ရန်ကိုင်ကို ဒေါသထွက်နေသည့်တိုင် မည်ကဲ့သို့ ပြဿနာရှာရမှန်းပင် မသိချေ။

ဆိုင်ပိုင်ရှင်က အသက်ပြင်းပြင်း ရှူသွင်းလျက် “သခင်မလေးလော့၊ ပစ္စည်းတွေကို သူက ရွေးထားတာမို့လို့ သူဝယ်မယ်ဆိုရင် ကျုပ်တို့ သူ့ကိုပဲ ရောင်းရပါမယ်။ အခြားသူကို ရောင်းလို့ မရပါဘူး”

“ဘာလဲ” လော့ပင်းက ဆိုင်ပိုင်ရှင်အား စိုက်ကြည့်လျက် “ရှင်ကျွန်မ ပြောတာကို မကြားတာလား”

ဆိုင်ပိုင်ရှင်က တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြလိုက်လေသည် “ဒါက ဆိုင်စည်းကမ်း မို့လို့ပါ။ သခင်မလေးလော့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်"

ဆိုင်မှာ သိပ်မကြည့်သော်ငြား ၎င်း၏ နောက်ခံမှာ ခရမ်းကြယ်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်းဖြစ်သည်။ ထို့ကြောင့် ဆိုင်ပိုင်ရှင်သည် အခြားသူများကဲ့သို့ ကောင်းကင်ကြိုးကြာမြို့သခင်၏ သမီးကို မကြောက်သလို ဆိုင်မျက်နှာ မပျက်ရရေး သူမအတွက်နှင့် ဈေးလာဝယ်သည့် ဧည့်သည်ကိုလည်း ရန်စလိမ့်မည် မဟုတ်ချေ။

မြို့သခင်စံအိမ်၏ သခင်မလေးကို ရန်စမိလိုက်သည့် အတွက်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အထက်အရာရှိများက ကိုင်တွယ်ပေလိမ့်မည်။ ရှင်းရှင်းပြောရလျှင် လော့ကျင်း ယနေ့ကိစ္စကို သိသွားမည် ဆိုလျှင်ပင် သူတို့အား လာပြဿနာ ရှာရဲလိမ့်မည် မဟုတ်ချေ။

“ရှင်...” လော့ပင်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာများပင် နီလာခဲ့လေသည်။

ထိုအခြင်းအရာကိုမြင်သော် ချိုယုက ဝင်နှစ်သိမ့်ပေးလိုက်လေ၏ “ညီမပင်း ထားလိုက်ပါတော့၊ ဆေးပင်လေး နည်းနည်းပဲဟာကို။ သူတို့ မရောင်းချင်ရင်တောင် အခြား တစ်နေရာမှာ သွားဝယ်လို့ ရတာပဲ”

“မရဘူး။ ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ။ ဒီဆေးပင်တွေကို ဝယ်ကိုဝယ်မှရမယ်” လော့ပင်းက အံကြိတ်၍ ပြောလိုက်လေသည် “ဆိုင်ပိုင်ရှင်၊ သူဝယ်ထားတာ ဘယ်လောက်ပဲပြော။ သူပေးတာရဲ့ နှစ်ဆ ကျွန်မ ပေးမယ်”

ဆိုင်ပိုင်ရှင်သည် နဖူးကိုပွတ်ရင်း ခါးသက်စွာပြုံးလျက် “ဆိုင်စည်းကမ်းကို ချိုးဖောက်လို့ မရလို့ပါ သခင်မလေးလော့”

ရန်ကိုင်က ရုတ်တရက် ပြုံးလျက် ပြောလိုက်လေသည် “ဆိုင်ပိုင်ရှင်ရာ၊ ပိုက်ဆံတွေ အလကား လာပေးနေတာကို ဒီအတိုင်း လက်လွှတ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ ဒီကောင်မလေးက နှစ်ဆပေးပြီး ဝယ်ချင်နေမှတော့ သူ့ကိုပဲ ရောင်းလိုက်ပေါ့”

ထိုစကားကို ကြားသော် ဆိုင်ပိုင်ရှင်သည် ရန်ကိုင်အား ကျေးဇူးတင်တကြီးဖြင့် လှမ်းကြည့်၍ ဦးညွှတ်လိုက်လေသည် “အခုလို နားလည်ပေးတဲ့အတွက် ဧည့်သည်ကို ကျေးဇူးအများကြီးတင်ပါတယ်”

လော့ပင်းက အော်ပြောလိုက်လေသည် “သူကျွန်မကို ပေးလိုက်သလိုလို ပုံစံနဲ့ ဘာလို့ ပြောနေရတာလဲ။ ရှင်သိဖို့က သူပေးတာ မဟုတ်ဘူး။ ကျွန်မက လုယူထားတာ”

“ဟုတ်တယ်၊ ဟုတ်တယ်။ နင်လုယူထားတာ၊ ငါအရှုံးပေးတယ်၊ ဟုတ်ပြီလား” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။

“အဲ့လိုမှပေါ့” ယခုမှပဲ လော့ပင်း၏ အမူအရာ အနည်းငယ် ပြေလျော့သွားခဲ့လေသည်။ မာနတကြီးဖြင့် ခေါင်းကိုမော့လျက် စားပွဲခုံကို တောက်ကာ ပြောလိုက်လေသည် “ပြော၊ သူဝယ်ထားတာ ဘယ်လောက်ဖိုးလဲ”

ဆိုင်ပိုင်ရှင်က အမြန် တွက်ပြလိုက်လေသည် “မူလဈေးက အရင်းအမြစ်ကျောက် (၁၈၆၀၄၃၀၀)တုံးပါ။ ဒါပေမယ့် (၁၈၆၀၀၀၀၀)တုံးပဲ ထားလိုက်ပါမယ်။ ဒီတော့ သခင်လေးလော့ ယူမယ်ဆိုရင် အရင်းအမြစ်ကျောက် (၃၇၂၀၀၀၀၀)ပေးရပါမယ်”

ဂလု...

လော့ပင်း တံတွေးတစ်လုမျိုချလျက် အထစ်အထစ် အငေါ့ငေါ့ဖြင့် ပြန်မေးလိုက်လေသည် “ဘယ်... ဘယ်လောက် ပြောလိုက်တာ”

ဆိုင်ပိုင်ရှင်က ခေါင်းမော့၍ ကျသင့်ငွေကို ပြန်ပြောပြလိုက်လေသည်။

ယခုဆိုလျှင် ချိုယုသည်ပင် မျက်လုံးပြူးနေပြီး ရန်ကိုင်အား အထိတ်တလန့်ဖြင့် လှမ်းကြည့်နေလေ၏။

ရန်ကိုင် ဝယ်ထားသည့် ပစ္စည်းများမှာ ဤမျှ ဈေးကြီးလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဤမျှ များပြားလှသော ပမာဏသည် တာအိုသခင်အဆင့်ပညာရှင် အများစုအား ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားအောင် လုပ်နိုင်ပေသည်။ ကောင်းကင်ရောင်စဉ်နန်းတော်၏ သခင်လေးဖြစ်သော ချိုယုတွင်ပင်လျှင် ထိုမျှများပြားလှသော အရင်းအမြစ်ကျောက်များ မရှိချေ။

ရန်ကိုင်သည် ဤမျှများပြားလှသော အရင်းအမြစ်ကျောက်များကို သူနှင့် တစ်ပါးတည်း သယ်ဆောင်သွားနိုင်သည်ကို ကြည့်လျှင် သူသည် လုံးဝကို သာမန် ကျင့်ကြံသူတစ်ဦး မဖြစ်နိုင်ချေ။

လော့ပင်မှာလည်း အချိန်အတော်ကြာသည်အထိ မှင်သက်နေခဲ့လေသည်။

နောက်ဆုံးမှ ခါးသက်သက် အမူအရာဖြင့် မေးလိုက်လေသည် “ဆိုင်ပိုင်ရှင်၊ ရှင်တွက်တာ မမှားတာ သေချာပါတယ်နော်”

ဆိုင်ပိုင်ရှင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလေ၏ “ကျုပ်ဒီဆိုင်မှာ အလုပ်လုပ်နေတာ နှစ်သုံးဆယ်ရှိပါပြီ။ တစ်ခါမှ မမှားဖူးသေးပါဘူး”

ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “ကောင်မလေး၊ ဘာဖြစ်တာလဲ။ နင်မပေးနိုင်တော့ဘူးလား”

“ကျွန်မ မပေးနိုင်ဘူးလို့ ဘယ်သူပြောလဲ” ထိုစကားကိုကြားသော် လော့ပင်သည် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်ပေါက်လေးတစ်ကောင်နှယ် ဒေါသတကြီး ခြေဆောင့်လိုက်လေသည် “ဒီလောက်ကိုတော့... ကျွန်မ ဂရုကိုမ.. မစိုက်တာ။ ကျွန်မ အဖေပေးတဲ့ မုန့်ဖိုးက ဒီထက်အများကြီး ပိုများတယ်...”

“ဟုတ်လှချည်လား” ရန်ကိုင်က ခေါင်းညိတ်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည် “သခင်မလေးက တကယ်ကို ချမ်းသာတာပဲ။ ကျုပ်တောင် အားကျမိသွားပြီ”

လော့ပင်းက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေသည် “ဒါပေမယ့် ဒီနေ့ လောလောနဲ့ ထွက်လာတော့ အဲ့လောက်အများကြီး ယူမလာခဲ့ဘူး...”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည် “သခင်မလေးလော့က အကြွေး ဝယ်ချင်နေတာလား”

“ကျွန်မ အကြွေးဝယ်မယ်လို့ ဘယ်သူပြောလဲ” လော့ပင်း ရှက်သွားခဲ့လေသည်။ အစကတော့ ထိုကဲ့သို့လုပ်ရန် ကြံနေခြင်းဖြစ်သော်ငြား ရန်ကိုင်၏ လှောင်ပြောင်းခြင်း ခံလိုက်ရပြီးသည့်နောက် ထိုကဲ့သို့ မလုပ်ရဲတော့ချေ။ ထို့ကြောင့် ချိုယု ဘက်သို့သာ မျှော်လင့်တကြီးဖြင့် လှမ်းကြည့်လိုက်လေ၏ “အစ်ကိုချို...”

ချိုယုက သူ့သိုလှောင်လက်စွပ်ကို ပွတ်လျက် နှုတ်ခမ်းကြီးမဲ့ကာ ပြန်ပြောလိုက်လေသည် “ညီမလေးပင်၊ ငါ့မှာ တစ်သန်းပဲ ပါလာတယ်”

ထိုစကားကို ကြားသော် လော့ပင်းက ခြေဆောင့်လိုက်ပြန်လေသည် “ဘာလို့ အများကြီး ယူမလာတာလဲ”

ချိုယု မှင်သက်သွားခဲ့ပြီး တွေးမိလိုက်လေသည် (တစ်းသန်းဆိုတာ ဘာလို့ နည်းရမှာလဲ။ ဒီတစ်သန်းကို ရဖို့တောင် အတော်လေး စုထားရတာ။ ဒီထက်များတာကို ဘယ်ကနေ ထပ်ရရမှာလဲ။ ငါ့မှာ ရှိမယ်ဆိုရင်တောင် ဘာလို့ နင့်ကို ထုတ်ပေးရမှာလဲ...)

သူမသည် ဒေါသထွက်ထွက်နှင့် ဆေးပင်များကို နှစ်ဆပေးဝယ်နေခြင်းဖြစ်သည်။ ထိုသို့ ဝယ်ရန်အတွက်လည်း သူ့အရင်းအမြစ်ကျောက်များကို လာတောင်းနေလေ၏။ သူမ ဤကဲ့သို့ ဖြုန်းလိုက်သော အရင်းအမြစ်ကျောက်များကို လော့မိသားစု သူ့အား ကျိန်းသေ ပြန်ပေးလိမ့်မည် မဟုတ်ချေ။

ထိုကဲ့သို့ တွေးမိလိုက်သော် ချိုယုသည် ရန်ကိုင်အား မုန်းတီးစွာ လှမ်းကြည့်လိုက်လေ၏။ ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် သူလည်း ယခုကဲ့သို့ ကျဉ်းထဲကြပ်ထဲ ရောက်နေလိမ့်မည် မဟုတ်ချေ။

ရန်ကိုင်ကမူ ချိုယု သူ့အား စိုက်ကြည့်နေသည်ကို မသိချင်ယောင်သာ ဆောင်လျက် အော်ရယ်မောလိုက်လေသည် “သခင်မလေးလော့မှာ အရင်းအမြစ်ကျောက် အလုံအလောက် ပါမလာမှတော့ ကျုပ်ကပဲ ဝယ်ရတော့တာပေါ့”

“ရပ်လိုက်” လော့ပင်းက အော်ဟစ်လိုက်ပြီးနောက် ရန်ကိုင်နှင့် ကောင်တာကြား ပိတ်ရပ်လိုက်လေသည်။ ထို့နောက် အော်ပြောလိုက်လေသည် “ခဏလေးပဲစောင့်၊ ကျွန်မ အဖေဆီကနေ ချက်ချင်း သွားတောင်းလာခဲ့မယ်”

“မြို့သခင်က အဲ့လောက်အများကြီး ပေးမှာသေချာလို့လား” ရန်ကိုင်က ပြုံးကာ ပြောလိုက်၏။

လော့ကျင်းသာ ခေါင်းကောင်းနေသရွေ့ လော့ကျင်းက ဤမျှ အများကြီး ပေးလိမ့်မည် မဟုတ်ချေ။ အများဆုံးမှ လူလွှတ်ပြီးတော့သာ ရန်ကိုင်အား သင်ခန်းစာ ပေးပေလိမ့်မည်။ ပိုက်ဆံကတော့ ပေးလိုက်လိမ့်မည် မဟုတ်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၂၉၉)

ချိုယုလည်း ဆက်ကြည့်မနေနိုင်တော့သည့်အဆုံး အမြန် ဝင်တားတော့လေည် “ညီမပင်း၊ အခုအချိန်က ပြဿနာရှာလို့ကောင်းတဲ့ အချိန် မဟုတ်ဘူးနော်။ မြို့သခင်က မင်္ဂလာပွဲကို လုံးဝ သေချာအာရုံစိုက်နေတာ။ အခုအချိန် ညီမပင်းနဲ့ တွေ့နိုင်မှာ မဟုတ်ဘူး”

“ကျွန်မ ပြဿနာ ရှာနေတာမှ မဟုတ်တာ။ ဒီဆေးပင်တွေ ဝယ်ချင်ရုံလေးပဲကို” လော့ပင်းက ပြောလိုက်လေသည်။

ရန်ကိုင်က ခေါင်းခါလျက် ဆေးပင်များကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် ပိုက်ဆံရှင်းကာ ဆိုင်ထဲမှ ထွက်လာလိုက်လေသည်။

ထိုနှစ်ယောက်နှင့် ရန်ကိုင် ဆက်ရန်မဖြစ်ချင်တော့ချေ။

“ရပ်လိုက်စမ်း” လော့ပင်းက လှမ်းအော်ပြောလိုက်သော်ငြား ရန်ကိုင်ကမူ မသိချင်ယောင်သာ ဆောင်နေခဲ့သည်။ ရန်ကိုင် ထွက်သွားတော့မည်ကို မြင်သော် ချိုယုဘက်သို့လှည့်၍ ပြောလိုက်လေသည် “အစ်ကိုချို၊ ကျေးဇူးပြုပြီး သူ့ကို တားပေးပါနော်။ ကျွန်မ ဒီနေ့ အဲ့ဆေးပင်တွေကို ဝယ်ရမှ ဖြစ်မှာမို့လို့ပါ”

“မေ့လိုက်တော့ပါ ညီမပင်းရယ်” ချိုယု မျက်လုံးထဲ စိတ်ညစ်သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့သည်။ ဤဘာမှမသိသည့် ကောင်မလေးနောက်သို့ တစ်ချိန်လုံး လိုက်ပေးနေခဲ့သည်မှာ အတော်ကြာနေပြီ။ အားတိုင်း စိတ်ကောက်တတ်သည့် သူမ၏ အကျင့်ကို သူဆက်သည်းမခံနိုင်တော့ချေ။ သို့သော်ငြား ကောင်းကင်ကြိုးကြာမြို့သည် အတော်လေးကိုမှ အားကောင်းလှကာ ကောင်းကင်ရောင်စဉ်နန်းတော်သည်လည်း သူတို့နှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ချင်နေမိသည်။ ထို့ကြောင့် ကောင်းကင်ကြိုးကြာမြို့သို့ သူလာလည်တိုင်း လော့ပင်းအား အမြဲ အဖော်ပြုပေးရ၏ “မြို့သခင်သာ ဒီအကြောင်းသိသွားရင် ညီမပင်းအတွက် အဆင်ပြေမှာ မဟုတ်ဘူးနော်”

“ဘာဖြစ်လို့လဲ။ ကျွန်မ ဘာအမှားလုပ်မိလို့လဲ။ ကောင်းကင်ကြိုးကြာမြို့ထဲမှာ ကျွန်မ လုပ်ချင်တာ လုပ်ခွင့်ရှိတာ မဟုတ်ဘူးလား။ တစ်ခုခုဖြစ်သွားမယ်ဆိုရင်တောင် ကျွန်မပဲ တာဝန်ခံရမှာကို” လော့ပင်းက ဆက်၍ ဂျီကျလေသည် “ပြီးတော့ သူက ရွက်တစ်ထောင်ဂိုဏ်းနဲ့ လာတာလေ။ ဒီအခွင့်အရေးကိုသုံးပြီး သူဘာလို့ မြို့ထဲကို ခိုးဝင်လာတာလဲ၊ ဘာတွေကြံနေလဲဆိုတာ မေးလို့ရတယ်”

“ဟူး” ချိုယု ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။ လော့ပင်းမှ အဆက်မပြတ် ဂျီကျနေသဖြင့် အဆုံးတွင် ချိုယုလည်း သဘောတူလိုက်ရတော့လေသည်။ မည်သို့ပင် ဖြစ်စေကာမူ သူသည်လည်း ရန်ကိုင်နှင့် ရွက်တစ်ထောင်ဂိုဏ်းတို့ မည်ကဲ့သို့ ပက်သက်နေသလဲ ဆိုသည်ကို သိချင်နေမိသည်။ ရွက်တစ်ထောင်ဂိုဏ်းတွင် ရန်ကိုင်ဟု ခေါ်သော မည်သည့် အကြီးအကဲ၊ တပည့်မှ မရှိမှန်း သူသိထားပေသည်။

သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်ကမူ သူသည် ရွက်တစ်ထောင်ဂိုဏ်း အဖွဲ့ဝင် တစ်ယောက်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူ့စိတ်ထဲ ရန်ကိုင်အပေါ် အနည်းငယ် သတိထားနေမိသော်ငြား ခေါင်းညိတ်လိုက်ခြင်း ဖြစ်သည် “ကောင်းပြီလေ၊ ဒါပေမယ့် မြို့သခင် ဒီအကြောင်းကို မေးလာခဲ့ရင်...”

“ကျွန်မ လုပ်တာလို့ပဲ ပြောလိုက်မယ်။ အစ်ကိုချို နာမည်ကို လုံးဝ ထည့်မပြောဘူး” လော့ပင်းက ပြန်ပြောလိုက်လေသည်။

ချိုယုက မျက်နှာပျက်ပျက်ဖြင့် လှမ်းအော်ပြောလိုက်လေသည် “အကြီးအကဲတို့၊ ကျုပ်ကို တစ်ချက်လောက် ကူညီပေးပါဦး”

လော့ပင်းသည် ပြုံးလျက် ရန်ကိုင်အား လှမ်းကြည့်နေခဲ့လေသည်။ သူမမှ ရန်ကိုင်အား စစ်မေးနေသည့်ပုံပင်၊ ရန်ကိုင်မှ သူမရှေ့တွင် ဒူးထောက်၍ ချမ်းသာပေးရန် တောင်းဆိုနေသည့်ပုံပင်၊ နောက်ဆုံးတွင် သူဝယ်ထားသည့် ဆေးပင်များကို သူမဆီသို့ ပြန်ပေးရသည့်ပုံတို့ကိုပင် မြင်ယောင်ကြည့်နေမိလေ၏။ သို့သော်ငြား ကြည့်နေရင်း ကြည့်နေရင်း လော့ပင် မျက်နှာပျက်သွားခဲ့လေသည်။ ရန်ကိုင်သည် မည်သည့် ပြဿနာမှ မကြုံရဘဲ အခန်းထဲမှ အေးအေးဆေးဆေး လမ်းလျှောက်ထွက်သွားကာ လူအုပ်ကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

“သူ... သူထွက်သွားပြီ” လော့ပင်းက ချိုယု၏ လက်မောင်းကို လှုပ်ခါရင်း ပြောလိုက်လေသည်။

ချိုယုသည်လည်း ကြောင်နေခဲ့ပြီး ဟင်းလင်းပြင်ထဲသို့ လှမ်းအော်ပြောလိုက်လေ၏ “အကြီးအကဲတို့၊ ဘာလို့ မလှုပ်ရှားကြတာလဲ”

သူ့အသံ ဆုံးသွားသည်နှင့် ဂိတ်ပေါက်တွင်သူနှင့်အတူ လိုက်ပါလာခဲ့သည့် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူနှစ်ဦး ပေါ်လာကြလေသည်။ လက်ရှိတွင် ချောက်ခြားဖွယ်ရာ အဖြစ်အပျက်တစ်ခုနှင့် ကြုံထားရသည့်အလား သူတို့တစ်ကိုယ်လုံး ဇောချွေးပျံနေပြီး မျက်နှာများမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်နေကြလေသည်။

“ဘာလို့ မလှုပ်ရှားလိုက်တာလဲ” ချိုယု ဒေါသထွက်နေခဲ့၏။ လော့ပင်းရှေ့တွင် ဘာမှမဟုတ်သည့် လူတစ်ဦးနှယ် ဖြစ်သွားခဲ့ရသည့် အတွက်ကြောင့် အတော်လေးကို ရှက်နေခဲ့လေသည်။

လူအိုကြီးနှစ်ဦးသည် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် တစ်ယောက်က ပြောလိုက်လေသည် “သခင်လေး သိထားဖို့က ကျုပ်တို့ သခင်လေးပြောတာကို မလုပ်ချင်လို့ မလုပ်တာမဟုတ်ဘူး။ မလုပ်နိုင်လို့ကို မလုပ်ဘူး ဆိုတာပဲ”

“ဘာဖြစ်လို့လဲ” ချိုယု မျက်နှာပျက်သွားခဲ့လေသည်။

လူအိုကြီးက ရှင်းပြလိုက်သည် “ဘာလို့လဲဆိုတာတော့ အတိအကျ မပြောတတ်ဘူး။ ဒါပေမယ့် သူ့ကို တိုက်ခိုက်ဖို့ လုပ်နေတဲ့အချိန်မှာပဲ ကျုပ်တို့ စိတ်ထဲ မကောင်းတဲ့ ခံစားချက်တစ်ခု ရလိုက်တယ်။ ဘယ်လိုလဲဆိုတော့... သူ့ကိုသာ တိုက်ခိုက်မယ်ဆိုရင် ကျုပ်တို့ပဲ ဒုက္ခအကြီးကြီး ရောက်သွားတော့မလိုလို”

“ခင်ဗျားတို့ ကျုပ်ကို လာနောက်နေတာလား” ချိုယု ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လူအိုကြီးနှစ်ဦးကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။

လူအိုကြီးက ဆက်ပြောလိုက်လေသည် “သခင်လေးနောက်ကို ကျုပ်တို့ လိုက်နေတာ ကြာပြီပဲ။ ဘယ်တုန်းကများ သခင်လေးရဲ့ အမိန့်ကို မနာခံဘူးလို့လဲ... ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ မတူတော့ဘူးလေ”

“ဟုတ်တယ် သခင်လေး၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ” အခြား လူအိုကြီးကလည်း ဝင်ပြောလိုက်လေသည်။

ချိုယုသည် လူအိုကြီးနှစ်ဦးကို အတန်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ခါးသက်စွာ ပြုံးလျက် “ခင်ဗျားတို့ ပြောချင်တာက အဲ့ကောင်က သူ့ခွန်အားကို ဖုံးကွယ်ထားတယ်ပေါ့... သူက ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးတောင် ဖြစ်နေနိုင်တယ်ပေါ့”

ထိုသို့ ပြောပြီးသည့်နောက် ချိုယု တံတွေးတစ်လုတ် မျိုချလိုက်ပြီး သူ့ကျောပြင် တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲလာခဲ့လေသည်။

လူအိုကြီးနှစ်ဦးမှာ တာအိုသခင်တတိယအဆင့် ပညာရှင်များ ဖြစ်ကြသည်။ သူတို့မှာ အသက်ကြီးနေပြီ ဖြစ်သော်ငြား သူတို့၏ စွမ်းအားမှာတော့ လျော့ကျသွားခြင်းမရှိဘဲ အချိန်နှင့်အမျှ ပို၍ အားကောင်းလာနေခဲ့၏။ ဧကရာဇ်အဆင့်အောက် မည်သူမှ သူတို့အား ယခုကဲ့သို့ မလှုပ်ရှားဘဲ ဖြစ်သွားအောင် မလုပ်နိုင်ချေ။

ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးကို ရန်စမိလိုက်ခါနီး ဖြစ်သွားသည့်အကြောင်း စဉ်းစားမိလိုက်သည့်နောက် ချိုယု၏ ခြေထောက်များ တုန်ရီလာပြီး ခြေခိုင်ခိုင်ပင် မရပ်တော့နိုင် ဖြစ်သွားခဲ့လေသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့လို မဟုတ်ဘူး...” လူအိုကြီးက ခေါင်းခါလျက် ပြန်ပြောလိုက်၏ “သူက အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဧကရာဇ်အဆင့်ကို ရောက်နေစရာ အကြောင်းမရှိဘူး။ ပြီးတော့ ကျုပ်တို့ကိုယ်တိုင် ကောင်းကင်စိတ်အာရုံနဲ့ သူ့ကို စစ်ဆေးကြည့်ပြီးသွားပြီ။ သူ့ကျင့်ကြံခြင်းက တာအိုသခင်ဒုတိယအဆင့်ပဲ ရှိသေးတယ်”

“ဒါဆို သူ့ကို လိုက်ကာကွယ်ပေးနိုင်တဲ့ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေတာပေါ့” ချိုယု အံ့အားသင့်သွားခဲ့ပြန်သည်။

“အဲ့လိုလည်း မဟုတ်ပြန်ဘူး... ကျုပ်တို့ ခံစားရတဲ့ ခံစားချက်က ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးဆီကနေ ခံစားရတဲ့ ခံစားချက်မျိုး မဟုတ်ဘူး...” အခြား လူအိုကြီးက ခေါင်းခါ၍ ဝင်ပြောလိုက်သည်။

ချိုယုက မျက်မှောင်ကြုတ်လျက် “ဒါဆို ခင်ဗျားတို့ရဲ့ မသိစိတ်ကများ အလုပ်မလုပ်တော့တာလား”

ပထမဆုံး စကားပြောလိုက်သည် လူအိုကြီးက ပြန်မေးလိုက်လေသည် “သခင်လေး ကျုပ်တို့ကို မယုံတာလား”

“ကျုပ်အဲ့လို မပြောပါဘူး” ထိုစကားကိုကြားသော် ချိုယုက အလျင်အမြန် လက်ဝှေ့ရမ်း၍ “ဒီကိစ္စက... နည်းနည်း ကြောင်တောင်တောင် နိုင်လွန်းနေလို့ပဲ။ အဲ့လူငယ်လေးက ခင်ဗျားတို့ကို အလွယ်တကူ အနိုင်ယူနိုင်တာကတော့ နည်းနည်း ထူးဆန်းနေတယ်လေ၊ ဟုတ်တယ်မလား”

လူအိုကြီးက မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်၏ “သူ့ကျင့်ကြံခြင်းနဲ့ ကျုပ်ကို အနိုင်ယူဖို့လား... နောက်ထပ် နှစ်တစ်ရာလောက် ထပ်ကျင့်ကြံတောင် မရဘူး”

အချိန်အတော်ကြာအောင် နားထောင်နေသည့် လော့ပင်းမှာတော့ ဘာမှ နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ ထို့ကြောင့် စိတ်မရှည်နိုင်တော့ပဲ ဝင်ပြောလိုက်လေ၏ “ရှင်တို့ ဘာတွေ ပြောနေကြတာလဲ။ ဟိုကောင်က ထွက်သွားနေပြီ... ရှင်တို့ လူအိုကြီး နှစ်ယောက်က တကယ်ကို အသုံးမကျတာပဲ၊ အစ်ကိုယု ရှင်တို့ကို ပျိုးထောင်ပေးတာတွေ အကုန် အလကားပဲ”

ချိုယု၏ အမူအရာ အေးစက်သွားခဲ့ပြီး လော့ပင်းအား ကောက်ဟောက်လိုက်လေသည် “နင့်ပါးစပ်ကို ပါးစပ်ပိတ်ထားစမ်း”

လော့ပင်း ကြောင်သွားခဲ့လေသည်။ ချိုယုအား စသိသည့် အချိန်မှစ၍ ချိုယုသည် သူမအပေါ် ဤကဲ့သို့ တစ်ခါမှ မအော်ဖူးချေ။ ထို့အပြင် ယခုလေးတင် ရန်ကိုင်၏ ရန်စခြင်း ခံထားရသည့်အတွက် စိတ်မထိန်းနိုင်တော့ဘဲ ပြန်ထအော်လေသည် “နင်... နင်ငါ့ကို အော်လိုက်တာလား။ နင်ငါ့ကို အော်ရဲတယ်ပေါ့”

ချိုယုက ပြန်ပြောလိုက်လေသည် “စီနီယာနှစ်ယောက်က ငါ့အတွက် အဖိုးတွေလိုပဲ။ နင်သူတို့ကို စော်ကားခွင့်မရှိဘူး”

လော့ပင်း မျက်လုံးလေးများ နီရဲလာပြီး ထအော်ငိုတော့လေသည်။ ထို့နောက် အံကြိတ်၍ ချိုယုအား စူးရဲစွာစိုက်ကြည့်ရင်း သူ့အား စတင်ကန်ကျောက် ထိုးကြိတ်တော့လေသည် “ငါနင့်ကို မုန်းတယ်၊ ငါနင့်ကို မုန်းတယ်။ နင်အဆိုးဆုံးပဲ။ ငါနင့်ကို အရမ်းမုန်းတယ်”

ထိုသို့ ကန်ကျောက်ပြီးသည့်နောက် ဆိုင်ထဲမှ ပြေးထွက်သွားလေသည်။

“သခင်လေး သူ့နောက်ကိုလိုက်” ထိုအချင်းအရာကိုမြင်သော် လူအိုကြီးတို့၏ အမူအရာ ပြောင်းလဲသွားပြီး အလျင်အမြန် လှမ်းပြောလိုက်လေသည်။

ချိုယုက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “အဲ့ကောင်မလေးက ကမ်းကုန်အောင် အလိုလိုက်ထားခံရတာ။ ဒီအတိုင်းပဲ ထားလိုက်။ ဒီကိစ္စပြီးသွားရင်တော့ သူ့အမှားသူ သိလောက်မှာပါ”

“ဒါပေမယ့် သခင်မလေးပင်း တစ်ခုခု ဖြစ်သွားခဲ့ရင်...” လူအိုကြီးက စိုးရိမ်နေသည့် အမူအရာဖြင့် ပြောလိုက်လေ၏။

ချိုယုကမူ ထိုကိစ္စအား အလေးအနက် ထားမနေဘဲ ရှင်းပြလိုက်လေ၏ “သူက မြို့သခင်ရဲ့ သမီးပဲဟာကို၊ ဘယ်သူ့က သူ့ကို ဒီမြို့ထဲမှာ သွားရန်စရမှာလဲ။ ပြီးတော့ သူကကော ဘယ်သွားတတ်မှာလဲ... မြို့သခင်စံအိမ်ဆီပဲ ပြန်ပြေးမှာ။ ကျုပ်သူ့အကြောင်း ကောင်းကောင်းသိတယ်။ ခင်ဗျားတို့ စိတ်ပူနေစရာ မလိုဘူး”

ထိုစကားကိုကြားသော် လူအိုကြီးနှစ်ဦး ငြိမ်သွားခဲ့ပြီး ဘာမှ ထပ်မပြောတော့ချေ။

“ဟိုကောင်လေးကိုတော့... ကျုပ်တို့ သူ့ကို သေချာအာရုံစိုက်ထားရမယ်” ချိုယုက မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြောလိုက်သည် “သူဘယ်သူလဲ ဆိုတာကို ကျုပ်တော်တော်လေး သိချင်မိသွားပြီ”

“သခင်လေး စိတ်ချထားလိုက်။ ကျုပ်တို့ အခုပဲ ချက်ချင်း သွားစစ်ဆေးကြည့်လိုက်မယ်” လူအိုကြီးတစ်ဦးက လက်သီးဆုပ်လျက် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။

...

ကောင်ကင်ကြိုးကြာမြို့ပေါ်ရှိ လမ်းမထက်တွင် ဝမ်းနည်းကြေကွဲနေသော မိန်းမငယ်လေး တစ်ဦး လမ်းမပေါ် ရှိုက်ကြီးတငင် ငိုကြေးရင်း လျှောက်ပြေးနေလေ၏။ တွေ့ကရာလူ ဝင်တိုက်သွားသောကြောင့် အတိုက်ခံရသည့် လူများမှာ သူမအား အော်ဆဲကြတော့လေသည်။

လော့ပင်း တကယ်ကို စိတ်ထိခိုက်သွားရသည်။ ယနေ့တစ်နေ့တည်း၌ အခြားလူတစ်ဦး၏ လှောင်ပြောင်ခံခဲ့ရသလို ဆေးဆိုင်ထဲ၌ အရှက်လည်း ကွဲခဲ့ရသည်။ ပိုဆိုးသည်ကား သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော ချိုယုကပင်လျှင် လူရှေ့သူရှေ့၌ သူမအား ဆူပူကြိမ်းမောင်းခဲ့ပေသည်။

သူမဘဝတွင် တစ်ခါမှ ဤကဲ့သို့ မဖြစ်ဖူးချေ။ မျက်ရည်များသည် မိန်းမငယ်လေး၏ မျက်လုံးများဆီမှ ရေတံခွန်နှယ် ပိုးပိုးပေါက်ပေါက် စီးကျလာနေခဲ့လေ၏။

ထွက်ပြေးနေရင်းမှ တစ်ယောက်ယောက်များ သူမနောက်သို့ လိုက်လာမလားဟု တွေးရင် နောက်သို့ မကြာမကြာ လှည့်ကြည့်လေသည်။ မည်သူမှ လိုက်မလာသည်ကို မြင်သော် သူမစိတ်ထဲ ပို၍ ဝမ်းနည်းသွားရလေ၏။

ယနေ့ကိစ္စကို စဉ်းစားနေရင်းမှ ဤသို့ ဖြစ်ရခြင်း၏ လက်သည် တရားခံမှာ ဆေးပင်များကို ဝယ်သွားသော မကောင်းသည့် အကောင်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ထိုကောင်သာ သူမအား ဆေးပင်များကို ပေးလိုက်လျှင် သူမအနေဖြင့် လူရှေ့သူရှေ့၌ အရှက်တကွဲ အကျိုးနည်း ဖြစ်ရလိမ့်မည် မဟုတ်သလို ချိုယု၏ ဆူပူခြင်းကိုလည်း ခံရလိမ့်မည် မဟုတ်ချေ။

ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်အား စိတ်ထဲမှနေ၍ အော်ဟစ် ကျိန်ဆဲကာ နောက်တစ်ကြိမ် ပြန်တွေ့လျှင် ကောင်းကောင်း သင်ခန်းစာ ပေးရမည်ဟုလည်း သံဒိဌာန် ချလိုက်လေသည်။

ရောက်တတ်ရာရာ ထွက်ပြေးလာပြီးမှ အသိပြန်ဝင်လာ၍ ပတ်ဝန်းကျင်အား လှည့်ပတ်မိလိုက်ချိန် သူမ လမ်းပျောက်နေပြီမှန်း နားလည်လိုက်လေသည်။

သူမသည် ကောင်းကင်ကြိုးကြာမြို့သခင်၏ သမီးဖြစ်ကာ ကောင်းကင်ကြိုးကြာမြို့၌ပင် နေလာခဲ့သူတစ်ဦးဖြစ်သည်။ သူမ အပြင်ထွက်သည့်အခါတိုင်း သက်တော်စောင့် တစ်ပုံတစ်ပင်နှင့် သွားလေ့ရှိသည်။ ထို့ကြောင့် ပတန်ဝန်းကျင်အား တစ်ခါမှ သေချာ အာရုံမစိုက်မိဘဲ သူမ စိတ်ဝင်စားသည့် အရာများကိုသာ အာရုံစိုက်လေသည်။ သူမ လုပ်ချင်သည့်အရာကို လုပ်ပြီးနောက် သက်တော်စောင့်များနှင့်အတူ အိမ်သို့ ပြန်လေ၏။

ထို့အပြင် သူမသွားသည့် နေရာတိုင်းသည် ကောင်းကင်ကြိုးကြာမြို့၏ နာမည်ကျော် နေရာများ ဖြစ်ကြသည်။

သိုသော်ငြား ယခုတွင်မူ လူသူအရောက်အပေါက်နည်းသည့် အနံအသက် မကောင်းသော လမ်းကျဉ်းလေးထဲသို့ ရောက်နေလေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး အောက်သိုးသို့ အနံ့တို့ဖြင့် ပြည့်နေပြီး လမ်းဘေးတစ်ဖက်တစ်ချက်စီတွင်လည်း ကျိုးကြေပျက်စီးနေသည့် ဆိုင်တန်းများ ရှိနေလေသည်။ ညစ်ပတ်ပေရေနေသည့် သူတောင်းစားများပင်လျှင် ရှိနေခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အန်ချင်လာသလို လော့ပင် ခံစားလိုက်ရသည်။ ဤနေရာသည် ကောင်းကင်ကြိုးကြာမြို့ပင် ဟုတ်မှဟုတ်ပါလေစ၊ ပတ်ဝန်းကျင်ကို မကြည့်ဘဲ ဇွတ်ပြေးလာလိုက်ရာ အခြားမြို့တစ်မြို့သို့များ ရောက်နေလားဟုပင် တွေးမိသွား၏။

ထိုကဲ့သို့ တွေးမိလိုက်သည့်နောက် လော့ပင်း ကြောက်လန့်လာခဲ့လေသည်။

ထိုသို့ဆိုလျှင် သူမ အိမ်ပြန်လို့ ရတော့လိမ့်မည် မဟုတ်ချေ။ ထိုကဲသို့ တွေးမိလိုက်သည့်နောက် ကြောက်လန့်လာပြီး ထအော်ငိုတော့လေသည်။

ထိုစဉ် ယောကျာ်ကြီးနှစ်ဦး လမ်းလျှောက်လာသည်ကို တွေ့လိုက်ရလေသည်။ ထိုအခါ မျက်ရည်ရွဲလဲဖြင့် ထိုသူများဆီသို့ ပြေးသွားလျက် လှမ်းအော်ခေါ်လိုက်လေသည် “လူကြီးမင်းတို့၊ ခဏစောင့်ပါဦး”

အော်ခေါ်သံကိုကြားသော် လူကြီးနှစ်ဦး ရပ်လိုက်ပြီး လော့ပင်းအား လှမ်းကြည့်လိုက်၏။ လော့ပင်းကို မြင်လိုက်သည်နှင့် သူတို့၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။

လော့ပင်းသည် အတော်လေးလှသလို ငယ်စဉ်းကတည်းက မင်းသမီးလေးတစ်ပါးလို နေလာခဲ့ရသည့် အတွက်ကြောင့် သူမပုံစံမှာ အတော်လေးကို တော်ဝန်ဆန်လှသည်။ ယခု သူမျက်နှာတစ်ပြင်လုံး မျက်ရည်ရွဲလဲ ဖြစ်နေသော်ငြား ထိုပုံစံသည် သူမအား တစ်မျိုးတစ်ဖုံ ပို၍ စွဲမက်ဖွယ်ကောင်းနေစေခဲ့လေသည်။

လူကြီးနှစ်ဦးစလုံးသည် သူမဆီမှပင် အကြည့်မခွာနိုင်တော့ဘဲ သရေတမြောင်းမြောင်း ကျလာခဲ့လေသည်။ ပုံမှန်အားဖြင့် လော့ပင်းကဲ့သို့သော မိန်းကလေးမျိုးသည် မြို့၏ ဤကဲ့သို့သော နေရာများသို့ ရောက်လာလေ့မရှိချေ။ ယနေ့တွင် ထိုကဲ့သို့သော မိန်းကလေးတစ်ဦးသည် အကာအကွယ်မဲ့ သူတို့ရှေ့တည့်တည့်သို့ ရောက်လာခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၀၀)

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သော် ကောင်မလေးသည် တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ရှိသေးကြောင်း တွေ့လိုက်ရလေသည်။ နှစ်ယောက်စလုံး ဝမ်းသာအားရဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ယောကျာ်းနှစ်ဦးအနက် ခပ်ဝဝနှင့်တစ်ယောက်က ဖော်ရွေစွာပြုံးလျက် မေးလိုက်လေသည် “ကောင်မလေး၊ ဘာဖြစ်လို့လဲ... လမ်းပျောက်နေတာလား...ဟဲဟဲ”

ထိုစကားကိုကြားသော် လော့ပင်း၏ မျက်လုံးများ တောက်ပသွားပြီး ခပ်‌ဝဝနှင့် ကျင့်ကြံသူကိုကြည့်လျက် “ရှင်ဘယ်လိုလုပ်ပြီး သိတာလဲ။ ကျွန်မ တကယ်ကို လမ်းပျောက်နေတာ”

“အန်” ခပ်‌ဝဝနှင့် ကျင့်ကြံသူ အံ့အားသင့်သွားခဲ့သည်။ သူ့စိတ်ထဲ တွေးမိတွေးရာကို မေးလိုက်ခြင်း ဖြစ်သော်ငြား တကယ်ကြီး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် ကောင်မလေးကို ကြည့်ရသည်မှာ တကယ်ဝမ်းသာသွားသည့်ပုံပေါ်ကာ ဟန်ဆောင်နေသည့် ပုံမရချေ။

သူ့ရှေ့ရှိကောင်မလေးသည် ခြေမွေးမီးမလောင်လက်မွှေးမီးလောင်ဘဲ နေလာရခဲ့ရသည့် ဥယျာဉ်ထဲမှ ပန်းပွင့်လေးတစ်ပွင့်မှန်း ချက်ချင်း နားလည်သွားခဲ့လေသည်။ ထိုအခါ ချောင်းဟန့်လျက် "ကောင်မလေး ကြောက်မနေနဲ့။ ဒီနေရာမှ ဘယ်သူမှ နင့်ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး”

လော့ပင်းသည် ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်ရသည့်အလား မျက်ရည်များကို သုတ်လျက် ပြုံးလိုက်လေသည် “ကောင်းတယ်။ မျှော်လင့်ချက်ရှိသေးမယ်မှန်း သိသားပဲ”

သူမ၏ အပြုံးကို မြင်သည့်အခါ ယောကျာ်းကြီးနှစ်ဦးစလုံး တံတွေးတစ်လုတ်စီ မျိုချမိလိုက်ကြလေသည်။

“ရှင်တို့နှစ်ယောက် ကျွန်မကို အိမ်မြန်မြန် ပြန်ပို့ပေး။ အိမ်ပြန်ရောက်တာနဲ့ ရှင်တို့ကို ဆုကောင်းကောင်းပေးမယ်” လော့ပင်းသည် ချက်ချင်းဆိုသလို သူမ၏ နဂိုပုံစံ၊ အထက်စီးဆန်သည့် ပုံစံမျိုးသို့ ပြန်ပြောင်းသွားခဲ့လေသည်။

ယောကျာ်းကြီးနှစ်ဦးသည် အကြည့်ဖလှယ်လိုက်ကြပြီး ပိန်ပိန်နှင့်တစ်ယောက်က ပြုံးကာ ပြောလိုက်လေသည် “ကောင်ပြီလေ။ ကျုပ်တို့ အိမ်ပြန်ပို့ပေးပါ့မယ်။ သခင်မလေး ကျေးဇူးပြုပြီး ကျုပ်တို့နောက်က လိုက်ခဲ့ပေးပါ”

လော့ပင်းက ခေါင်းညိတ်လျက် လက်ဝှေ့ရမ်းလိုက်လေ၏ “ရှေ့ကနေသွား”

သူမနေသည့် နေရာကို သိသလားဟုပင် မေးမနေတော့ဘဲ လူကြီးနှစ်ယောက်နောက်မှ လိုက်သွားလေသည်။

လူကြီးနှစ်ဦးသည်လည်း လော့ပင်း၏ အိမ်ကို မေးမနေခဲ့ဘဲ တိတ်တိတ်လေး ရှေ့မှ ဦးဆောင်သွားလေသည်။

လော့ပင်း အတော်လေး ပျော်ရွှင်လာခဲ့လေသည်။ သွားနေရင် တီလုံးလေးများကို သီကျူးနေခဲ့လေသည်။

လက်ဖက်ရည်တစ်ခွက်စာလောက် ကြာပြီးနောက်တွင် တစ်ခုခု မှားယွင်းနေမှန်း လော့ပင်း သတိပြုမိသွားပြီး ရပ်လိုက်လေသည်။ လှည့်ပတ်ကြည့်လိုက်သည့်နောက် ပတ်ဝန်းကျင်းတစ်ခုလုံးမှာ ပို၍ လူသူခြောက်ကပ်လာကြောင်း တွေ့လိုက်ရသည်။ ဤနေရာသူ ခွေးတစ်ကောင်ကြောင်တစ်မြီးပင် မရှိချေ။ အဆောက်အဦးအားလုံးမှာလည်း ပြိုကျပျက်စီးနေပြီး နံရံများမှာလည်း ကျိုးကြေနေ၏။ ထိုပတ်ဝန်းကျင်ကြောင့် ကြောက်လန့်သွားခဲ့ပြီး တုန်ရီနေလေသည့် လေသံဖြင့် ပြောလိုက်လေသည် “ဒီနေရာက ဘယ်နေရာကြီးလဲ... ကျွန်မ ရှင်တို့ကို အိမ်ပြန်ခေါ်သွားခိုင်းတာလေ... ဘာလို့ ဒီနေရာကို ခေါ်လာတာလဲ...”

ထိုစကားကိုကြားသော် လူကြီးနှစ်ဦးလည်း ရပ်လိုက်ပြီး လော့ပင်းဘက်သို့လှည့်၍ ညစ်ကျယ်ကျယ် ရယ်မောလိုက်လေသည်။

လော့ပင်းမှာ အတော်လေးကိုမှ တုံးအသည့်လူဖြစ်သည့်တိုင် ယခုအချိန်တွင်တော့ တစ်ခုခု မှားယွင်းနေမှန်းကို သတိပြုမိသွားခဲ့လေသည်။ ထိုလူနှစ်ားသည် လူကောင်းများ မဟုတ်ကြသလို သူမအား အိမ်ပြန်ခေါ်သွားပေးနေခြင်းလည်း မဟုတ်မှန်း နားလည်သွားခဲ့သည်။

“ရှင်တို့... ရှင်တို့ ဘာလုပ်ချင်နေတာလဲ” လော့ပင်းမျက်နှာ ဖြူလျော်သွားပြီး ကြောက်ကြောက်လန့်လန့်နှင့် နောက်သို့ ဆုတ်လိုက်ရာ ကျောက်တုံးတစ်တုံးနှင့် သွားတိုက်မိပြီး ဖင်ထိုင်လျက် လဲကျသွားခဲ့လေသည်။

ကြောက်လည်းကြောက်၊ နာကလည်းနာသွားသည့်အတွက်ကြောင့် အော်ငိုတော့လေ၏။

“ဟဲဟဲဟဲ...” ခပ်ဝဝနှင့် ကျင့်ကြံသူသည် လော့ပင်းနားသို့ တစ်လှမ်းချင်းတစ်လှမ်းချင်း တိုးလာခဲ့လေသည်။ တဖြည်းဖြည်း တိုးကပ်လာနေသည့် လူကြီးကိုကြည့်ရင်း လူကြီး ပို၍ ကြောက်လန့်လာခဲ့လေ၏။

“ကျွန်... ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်... ရှေ့...ရှေ့ဆက်ပြီး တိုးမလားနဲ့နော်။ မဟုတ်ရင်... မဟုတ်ရင် ရှင်တို့ ပြန်ပေးဆပ်ရလိမ့်မယ်” လော့ပင်းသည် နှုတ်ခမ်းလေးကို ကိုက်ရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ခြိမ်းခြောက်လိုက်လေသည်။

သို့သော်ငြား ယနေ့ကိစ္စသည် ဤအတိုင်းအတာအထိ ဖြစ်လာပြီးမှဖြင့် ထိုလူနှစ်ဦးမှာ မည်ကဲ့သို့များ လက်လျှော့်နိုင်ပါမည်နည်း။

ပိန်ပိန်နှင့် ကျင့်ကြံသူက ပြုံးလျက် ပြောလိုက်လေသည် “ကောင်မလေး၊ နင်က တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ။ နင်ဒီလောက်တုံးတာကို နင့်မိဘတွေ သိလား”

ဝဝနှင့်ကျင့်ကြံသူက အော်ရယ်မောလျက် “နင်အော်ချင်သလောက်အော်။ လည်းချောင်းကွဲအောင် အော်ရင်တောင် ဘယ်သူမှ နင့်ကို လာကယ်မှာမဟုတ်ဘူး”

ပြောပြီးသည့်နောက် ဝဝနှင့် ကျင့်ကြံသူသည် သူ့လက်ကို လော့ပင်း၏ လည်ပင်းဆီသို့ ဆန့်ထုတ်လိုက်လေသည်။

လော့ပင်းမှာ ကြောက်လန့်တကြား အော်ဟစ်ရင်း လက်နှစ်ဖက်ကို ရှေ့သို့စုံထုတ်၍ အရင်းအမြစ်ချီကို စုဝေးလိုက်လေသည်။

သို့သော်ငြား သူမ၏ တိုက်ကွက်မှာ အတော်လေးကိုမှ အားနည်းသလို ဖြစ်ကတတ်ဆန်း နိုင်လွန်းလှပေသည်။ လော့ပင်းသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား ဆေးလုံးများ၊ အဖိုးတန်ရတနာများ၏ အကူအညီဖြင့် ဤအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ သူမဘာသာ ကျင့်ကြံ၍ ရောက်လာခြင်းမဟုတ်။

လူကြီးနှစ်ဦးမှာလည်း လော့ပင်းကဲ့သို့ပင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်ငြား သူတို့သည် လော့ပင်းထက် အများကြီး ပိုအားကောင်းပေသည်။ ထို့ကြောင့် လော့ပင်း၏ တိုက်ကွက်သည် သူတို့အတွက် စာမဖွဲ့လောက်ချေ။ ဝဝနှင့် ကျင့်ကြံသူသည် လော့ပင်း၏ တိုက်ကွက်ကို လွယ်လင့်တကူ ချေဖျက်လိုက်ပြီးနောက် သူမ၏ ပခုံးကို ပိတ်ရိုက်ချလိုက်လေ၏။

လော့ပင်းမှာ ခြေပစ်လက်ပစ် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး ပြန်ပင် မထနိုင်တော့ချေ။ သူမ၏ ကျင့်ကြံခြင်းမှာလည်း ချိတ်ပိတ်ခံလိုက်ရသည့်အတွက်ကြောင့် ဝဝနှင့် ကျင့်ကြံသူမှ သူမ၏ အဝတ်အစားများအား ချွတ်နေသည်ကို ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်နေရတော့လေသည်။

“မလုပ်ပါနဲ့... ကျေးဇူးပြုပြီး မလုပ်ပါနဲ့...” လော့ပင်းသည် ငိုရှိုက်ရင်း ကြောက်လန့်တကြား ထအော်လေသည်။

လော့ပင်း၏ အော်သံများကို ကြားပြီးနောက်တွင် ဝဝနှင့် ကျင့်ကြံသူမှာ ပို၍ ရမက်ထန်လာခဲ့လေသည်။ လော့ပင်း ကိုယ်နှံ့အား အားပါးတရ ရှူရှိုက်ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်လေ၏ “အသံလေးက ချိုနေတာပဲ။ ကောင်းကင်က ငါတို့ကို တကယ် မျက်ကွယ်ပြုမထားဘူးပဲ”

ပိန်ပိန်နှင့် ကျင့်ကြံသူကလည်း လော့ပင်းဆီသို့ ရောက်လာပြီး သူမ မျက်နှာကို ဖျစ်ညစ်၍ ပြောလိုက်လေသည် “အသားလေးကလည်း နူးညံ့နေတာပဲ။ ဒီကောင်မလေး ဘယ်မိသားစုကလည်း မသိဘူး။ ငါတို့တော့ ကံကောင်းတာပဲ”

ထိုစကားကိုကြားသော် လော့ပင်းသည် မျှော်လင့်ချက်အသစ်ကို တွေ့လိုက်ရသည့်အလား ချက်ချင်း အော်ပြောလိုက်လေ၏ “ကျွန်မက မြို့သခင်ရဲ့ သမီးပဲ။ မြန်မြန် ကျွန်မကို လွှတ်ပေးလိုက်တော့။ ကျွန်မအဖေသာ ဒီအကြောင်းသိရင် ရှင်တို့ နှစ်ယောက်စလုံး အသတ်ခံရမှာနော်”

သူမစကားကိုကြားသော် လူကြီးနှစ်ယောက်စလုံး၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သွေးဆုတ်ဖြူလျော်သွားကုန်ကြလေသည်။

ချွေးအေးများသည် ဝဝနှင့်ကျင့်ကြံသူ၏ နဖူးထက် ဝေ့သီလာခဲ့လေ၏။ ထို့နောက် ခါးသက်သက် လေသံဖြင့် “မြို့သခင်ရဲ့သမီး တကယ်ကြီး ဖြစ်နေတာလား”

ပိန်ပိန်နှင့် ကျင့်ကြံသူမှာလည်း အလွန်ကိုမှ ကြောက်လန့်နေလေ၏။ ထို့နောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် လော့ပင်ကို မေးလိုက်လေသည် “နင့်... နင့်နာမည် ဘယ်လိုခေါ်လဲ”

လော့ပင်းသည် ထိုနှစ်ဦး အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လျက် အံကြိတ်ကာ အော်ပြောလိုက်လေ၏ “လော့ပင်း”

ထိုစကားကိုကြားသော် လူကြီးနှစ်ဦးစလုံး တုန်တုန်ရီရီ ဖြစ်သွားကြလေသည်။ ဝဝနှင့် ကျင့်ကြံသူ လော့ပင်းကို သေသေချာချာကြည့်လျက် ပြောလိုက်လေ၏ “သူက... သူက တကယ်ကို မြို့သခင်စံအိမ်က သခင်မလေးနဲ့ တူတာဟ။ ငါသူ့ကို အဝေးကနေ မြင်ဖူးတယ်”

“ငါတို့တော့ သွားပြီ... သွားပြီ...” ပိန်ပိန်နှင့် ကျင့်ကြံသူမှာလည်း ကြောက်လွန်းသဖြင့် မြေပြင်ပေါ်သို့ပင် ဖင်ထိုင်လျက် လဲကျသွားခဲ့လေသည်။

ဝဝနှင့် ကျင့်ကြံသူမှာလည်း တုန်တုန်ရီရီနှင့် သူ့လက်များကို အမြန် ပြန်ရုတ်သိမ်းလိုက်လေသည်။ ထို့နောက် လော့ပင်းကိုကြည့်လျက် ဖားယားပြုံးပြလိုက်လေသည်။ သို့သော်ငြား သူပြုံးနေသည့် မျက်နှာမှာ ငိုနေသည့် မျက်နှာထက်ပင် ပို၍ ကြောက်စရာကောင်းနေလေ၏။

လော့ပင်းသည် မြို့သခင်၏ သမီးဖြစ်ကြောင်း သိသွားပြီးသည့်နောက်တွင် နှစ်ယောက်စလုံး သွေးထွက်မတတ် ကြောက်လန့်သွားခဲ့ကြသည်။

အစကတော့ လော့ပင်းသည် ဤနေရာတွင် လမ်းပျောက်နေသည့် ချမ်းသာသော မိသားစုမှ သာမန်မိန်းကလေးတစ်ဦးဟုသာ ထင်ခဲ့သည်။ သူမ၏ နောက်ခံသည် မြို့သခင် ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။

ဝဝနှင့် ကျင့်ကြံသူသည် လော့ပင်းဆီသို့ လေးဘက်ထောက်သွားပြီး သူ့ခေါင်း သွေးထွက်လာသည့်တိုင် မြေပြင်နှင့်ခေါင်းထိအောင် ဦးညွှတ်လိုက်လေသည် “သခင်မလေးလော့၊ ကျုပ်တို့ မသိလိုက်လို့ အခုလို ဖြစ်သွားတာပါ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ”

ထိုအချိန်တွင် ပိန်ပိန်နှင့် ကျင့်ကြံသူမှာလည်း အသိပြန်ဝင်လာပြီး ဝဝနှင့် ကျင့်ကြံသူကဲ့သို့ပင် လော့ပင်းအား ဦးညွှတ် တောင်းပန်တော့လေသည်။

လော့ပင်းသည် ထိုနှစ်ဦးအား ရွံရှာစက်ဆုပ်ဟန်ဖြင့် ကြည့်လျက် အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “ကျွန်မကို မြို့သခင်စံအိမ် ပြန်ပို့ပေး။ အဲ့ဒါဆို ရှင်တို့အသက်ကို ချမ်းသာပေးမယ်”

“သခင်မလေး တကယ် ပြောနေတာလား” ထိုစကားကို ကြားသည့်အခါ ပိန်ပိန်နှင့် ကျင့်ကြံသူက ဝမ်းသာအားရ ခေါင်းမော့ကြည့်လိုက်လေသည်။

လော့ပင်းက ခေါင်းညိတ်၍ ပြောလိုက်လေ၏ “ရှင်တို့အသက်ကို ချမ်းသာပေးပေမယ့် အပြစ်ကတော့ မပေးဘဲ နေလို့မရဘူး။ ရှင်တို့လုပ်ရပ်အတွက် ကျိန်းသေ အပြစ်ပေးရမယ်” ထိုသို့ ပြောပြီးနောက် ခဏမျှ စဉ်းစားလျက် ထပ်ပြောလိုက်လေသည် “ကျွန်မ အဖေကိုပြောပြီး ရှင်တို့ကို ရှစ်နှစ်ကိုးရှစ်လောက် အကျဉ်းချပစ်ရမယ်”

ထိုစကားကိုကြားသော် လူကြီးနှစ်ဦးစလုံး၏ အမူအရာ ထူးဆန်းသွားခဲ့ကြလေသည်။

“ရှင်တို့ ဘာကြည့်နေတာလဲ။ ဆက်ကြည့်နေရင် ရှ၍်တို့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မှာနော်” လော့ပင်းက မာနတကြီး ထအော်ပြောလေသည်။

“အစ်ကိုကြီး...” ပိန်ပိန်နှင့်ကျင့်ကြံသူက ဝဝနှင့်ကျင့်ကြံသူဘက်သို့ လှည့်၍ “ဒီကောင်မလေးကို ကြည့်ရတာ... ခေါင်းမကောင်းတဲ့ပုံပဲ”

သူမသာ ခေါင်းကောင်းလျှင် သူတို့လက်မှ မလွတ်သေးခင်အချိန်အထိ ယခုကဲ့သို့ ခြိမ်းခြောက်စကား ပြောလိမ့်မည် မဟုတ်ချေ။

ဝဝနှင့်ကျင့်ကြံသူက ခေါင်းညိတ်လျက် “ဟုတ်တယ်... မြို့သခင်က တကယ်ကို သနားစရာကောင်းတာပဲ... သူကိုယ်တိုင်က နာမည်ကျော် လူတစ်ယောက် ဖြစ်ပေမယ့် သူ့သမီးကတော့...”

“အဲ့ဒါဆို ငါတို့ ဘာလုပ်ကြမလဲ”

ခပ်ဝဝနှင့် ကျင့်ကြံသူ၏ မျက်လုံးထဲ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏ “ဘာလုပ်နိုင်ဦးမှာလဲ... လမ်းတစ်ဝက်တောင် ရောက်နေပြီပဲ... အဆုံးထိ ဆက်လျှောက်ရုံပေါ့...”

ထိုစကားကိုကြားသော် ပိန်ပိန်နှင့်လူက ခေါင်းညိတ်လျက် “ကောင်းပြီလေ... ရွေးစရာလည်း ရှိမှမရှိတော့တာ...”

ယောကျာ်းနှစ်ဦးမှာ လေသံတိုးတိုးဖြင့် ပြောနေသော်ငြား လော့ပင်းကမူ အတိုင်းသာ ကြားနေရလေသည်။ သူမ မည်သူမှ သိသွားပြီးနောက် လူကြီးနှစ်ဦးလက်မှ လွတ်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ဤကဲ့သို့ ဖြစ်လာလိမ့်မည် မထင်ထားခဲ့ချေ။ ထို့အပြင် သူတို့ ပြောနေပုံအရ၊ ထိုနှစ်ဦးသည် သူမကို မုဒိန်းကျင့်ရုံသာမဟုတ်ဘဲ၊ သူမကိုလည်း သတ်ပစ်မည့်ပုံပင်။ ထို့အတွက်ကြောင့် လော့ပင်းမှာ သေမတတ် ကြောက်လန့်သွားပြီး ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် “ရှင်တို့ ဘာလုပ်ဖို့ ကြံနေတာလဲ။ အဲ့လိုမလုပ်ပါနဲ့။ ရှင်တို့သာ ကျွန်မကို အိမ်ပြန်ပို့ပေးမယ် ကျွန်မ ရှင်တို့ကို အပြစ်မပေးတော့ဘူးလေ။ ဘယ်လိုလဲ”

“နောက်ကျသွားပြီ” ဝဝနှင့် ကျင့်ကြံသူက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်၏။ စိတ်ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ကြောက်ရွံ့နေခြင်း မရှိတော့ချေ။ မြို့သခင်သည် သွားရန်စသင့်သည့် လူတစ်ဦး မဟုတ်သော်ငြား ဤနေရာတွင် မည်သူမှ မရှိချေ။ ထို့ကြောင့် သူတို့သာ ခြေရာလက်ရာများကို သေချာ ဖျောက်ထားမည် ဆိုပါက မည်သူမှ သူတို့အား ခြေရာကောက်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့သို့ ပြောပြီးနောက်တွင် ပိန်ပိန်နှင့် ကျင့်ကြံသူသည် လော့ပင်းရှေ့သို့ တွားသွားလိုက်ပြီး သူမရှေ့တွင် ဒူးထောက်ချလိုက်လေသည်။ သူမ၏ ကိုယ်သင်းရနံ့ကို ရှူရှိုက်မိလိုက်သည့် အခိုက် နောက်တစ်ကြိမ် ရမက်ထန်လာပြန်လေ၏။ ထို့နောက် သူမဆီသို့ တိုးကပ်သွားရင်း တိုးတိုးလေး ပြောလိုက်လေ၏ “လှလိုက်တာ။ သူ့ကိုသာ တစ်ကြိမ်လောက် လုပ်လိုက်ရမယ်ဆို ငါသေပျော်ပြီ”

“မလုပ်နဲ့... မလုပ်ပါနဲ့” လော့ပင်းမှာ အဆက်မပြတ် ရုန်းကန်ရင်း ခေါင်းကို အဆက်မပြတ် ခါနေခဲ့လေသည်။ သို့သော်ငြား သူမ၏ ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခံရသည့်အတွက် ပိန်ပိန်နှင့်လူကြီး ပါးစပ်ကြီး သူမ နှုတ်ခမ်းဆီသို့ တိုးကပ်လာနေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်လေ၏။

ထိုအခိုက်အတန့်တွင် လော့ပင်း စိတ်တစ်ခုလုံး ဗလာကျင်းသွားခဲ့ပြီး သူမစိတ်ထဲ လူတစ်ယောက် ပေါ်လာခဲ့လေသည်။ ထိုလူမှာ သူမ၏ အဖေမဟုတ်သလို ချိုယုလည်း မဟုတ်ချေ။ မုန်းစရာကောင်းသည့် ရန်ကိုင်သာ ဖြစ်လေ၏။

(အဲ့ကောင်ကြောင့်သာ မဟုတ်ရင်... အဲ့ကောင်ကြောင့်သာ မဟုတ်ရင်... ငါအခုလိုမျိုး ဖြစ်မှာမဟုတ်ဘူး...)

All Chapters