← Chapters

သေလုမျောပါးဖြစ်သည်အထိ ထိုးကြိတ်ခြင်း

Vol. 6 Ch. 559

သေလုမျောပါးဖြစ်သည်အထိ ထိုးကြိတ်ခြင်း

Vol. 6 Ch. 559

သခင်မလေး ဟုန်ချိန်က ကျောက်တိုင်ကြီးကို ဖျက်စီးပစ်လိုက်သည့် အချိန်မှာပင် ၄င်းက မမြင်နိုင်သော အတားအဆီးမန္တန်များကို အသက်သွင်းလိုက်လေသည်။ တဖြည်းဖြည်း မှေးမှိန်လာသော ရွှေရောင်အလင်းနဂါးကြီး၏ မျက်လုံးများဖွင့်လာလေရာ နံရံများရှိ အပေါက်များထံမှ အလင်းများအားလုံးရုတ်တရက် ဦးတည်ရာပြောင်းသွားပြီး ပြိုကျပျက်စီးနေသော ဂူကြီးတစ်ခုလုံးတွင်ဖြန့်ကျက်သွားတော့သည်။

ရွှေရောင်နဂါးကြီး ပျောက်ကွယ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဂူတစ်ခုလုံးမှာ အလွန်စူးရှတောက်ပသော ရောင်စုံအလင်းတန်းများဖြင့် ပြည့်သွားလေသည်။ အလင်းတန်းအများစုမှာ သခင်မလေး ဟုန်ချိန်ထံ ကျရောက်သွားလေရာ သူမ မျက်နှာပျက်သွားတော့သည်။

အလင်းတန်းများမှာ တိုက်စားတတ်သောစွမ်းအားများရှိသဖြင့် ချက်ချင်းပင် သခင်မလေးဟုန်ချိန်၏ အဝတ်အစားများ ပျော်ကျသွားလေရာ နှင်းပွင့်ပမာ ဆွတ်ဆွတ်ဖြူနေသော နို့နှစ်ရောင် အသားအရေ ပေါ်လာတော့သည်။ ထို့နောက် တောက်ပနေသော အနီရောင် အစက်အပြောက်များ သူမ၏ခန္ဓာကိုယ်ထက်ဝယ် ထွက်ပေါ်လာပြီး အရေပြားကို လှိုက်စားလာလေသည်။ ထိုတိုက်စားခြင်းကို တွန်းလှန်ရန် ကျင့်ကြံခြင်းအခြေခံစွမ်းအား လိုအပ်၏။ မှော်ပစ္စည်းများက အသုံးမဝင်သောကြောင့် သခင်မလေးဟုန်ချိန်သည် အလင်းလွှတ်ပေးနေသော အပေါက်များကို ဖျက်စီးပစ်ရန် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ သို့သော် မည်သို့မျှ ဖြစ်မလာဘဲ သူမမှာ အလင်းထိမှန်ခြင်းကို ရှောင်တိမ်းရန်သာ တတ်နိုင်တော့သည်။

ပိုင်ရှောင်ချန်းမှာ ထိုအရာအားလုံးကြောင့် အံအားသင့်သွားသော်လည်း သခင်မလေးဟုန်ချိန်၏ နူးညံကာ တင်းတင်းရင်းရင်းရှိလှသော ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ်လေးအား ငေးကြည့်နေလိုစိတ် အလျဥ်းရှိမနေချေ။ အခန်းတစ်ခုလုံး ဖြန့်ကျက်နေသော အလင်းတချို့က သူ့အပေါ်သို့တိုင် ကျရောက်လာသော်လည်း သက်ရောက်မှုမှာ မပြင်းထန်ပေ။

" ကျိန်စာ၊ ဒါက ကျိန်စာပဲ။ စာတစ်ကြောင်း ဖယ်ပစ်လိုက်တာ ငါဆိုပေမဲ့ သခင်မလေးဟုန်ချိန်က ပိုခံရနေရပါလား။ ဟား ဟား ဗဟိုဧကရာဇ်က သိပ်တော်တဲ့လူကြီးပါလား "

ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ ဂုဏ်ယူသော်လည်း များစွာ မပျော်လိုက်ရပေ ။ သခင်မလေးဟုန်ချိန်၏ ပတ်ပတ်လည်တွင် အနီရောင်မြူ လည်ပတ်လာကာ သူမက အဝတ်နောက်တစ်စုံလဲလှယ်လိုက်ပြီးနောက် သူရှိရာဘက်သို့ ပြေးလာတော့သည်။

မြူများသည် ပစ်ခတ်နေသော အလင်းတန်းများကြောင့် အလျင်အမြန် လုံးပါး ပါးလာသည့်တိုင်အောင် သခင်မလေးဟုန်ချိန်သည် ပိုင်ရှောင်ချန်းကိုသတ်ရန် သူမမှာ အချိန်များစွာရှိကြောင်း ထင်နေဟန်တူသည်။

ပိုင်ရှောင်ချန်း၏မျက်လုံးများ ပြူးကျယ်သွားပြီး ကြောက်လန့်တကြားအော်လိုက်၏။

" ခင်ဗျားရဲ့ကျိန်စာက အလုပ်မဖြစ်ဘူး ဒုတိယမျိုးဆက် ဗဟိုဧကရာဇ်ကြီးရေ "

ထို့နောက် သူက သခင်မလေးဟုန်ချိန်ထံမှ ဝုန်းခနဲ ထွက်ပြေးလိုက်လေရာ သူ့နောက်တွင် ပုံရိပ်များသာ ကျန်ရစ်ခဲ့လေသည်။

သို့သော် သခင်မလေးဟုန်ချိန်သည် နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး သူမ၏ပုံမှန်အားထုတ်မှုလေးသည်ပင် ရွှေအမြုတေအဆင့်၏ မဟာစက်ဝန်းတွင်ရှိသော ပိုင်ရှောင်ချန်းကဲ့သို့ လူတစ်ယောက်ကို တန်ပြန်မတိုက်ခိုက်နိုင်အောင် စွမ်းဆောင်နိုင်၏။

ဝုန်းခနဲ ပေါက်ကွဲသွားပြီး ပိုင်ရှောင်ချန်း၏ပါးစပ်မှ သွေးများ ပန်းထွက်သွားတော့သည်။ သူ့မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နေလေပြီ။ ထွက်ပေါက်ကို သူ မရှာနိုင်ပါက အသတ်ခံရလိမ့်မည်မှာ သံသယရှိစရာ မလိုချေ။

" နှေးလိုက်တာ "

သခင်မလေးဟုန်ချိန်က အေးစက်စက်လေသံနှင့် ပြောလိုက်၏။ သူမက ရှေ့တစ်လှမ်းတိုးလိုက်ရာ သူမ၏ပတ်လည်ရှိ နေရာလပ်များမှာ တစ်ဆက်တည်း ဆွဲကျုံ့သွားပုံရလေသည်။ သိသာထင်ရှားစွာပင် သူမက ပိုင်ရှောင်ချန်းရှေ့တည့်တည့်သို့ ရောက်လာတော့မည်။

ပိုင်ရှောင်ချန်းမှာ ခေါင်းမွှေးများ ထောင်သွားပြီး နောက်တစ်ခေါက် စူးစူးဝါးဝါး အော်ဟစ်ကာ နောက်သို့ ဆုတ်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ကျောက်တိုက်ကြီးမှာ ယခင်ကထက်ပို၍ ပြင်းထန်စွာ ရှေ့နောက် ယိမ်းထိုးလာတော့သည်။ နံရံများတစ်လျှောက်ရှိ ရုပ်တုများအားလုံးနီးပါး ပြိုကျလာကာ တစစီဖြစ်ကုန်တော့သည်။

ထို့အပြင် တည်နေရာရွှေ့ပြောင်းခြင်းအားတစ်ခု ရုတ်တရက် ပေါ်လာ၏။ သိသာထင်ရှားစွာပင် တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင် အသက်ဝင်လာလေပြီ။

၄င်း၏ သက်ရောက်မှုများသည် ဂူအတွင်းကိုသာ ကန့်သတ်ထားခြင်းမဟုတ်ပေ။ နတ်မီးလျှံစမ်းသပ်ပွဲဒေသများနှင့် ဝင်္ကပါ၏လိုဏ်ခေါင်းများတွင်လည်း တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ ဖြစ်တည်လာလေသည်။ သိသာစွာပင် တည်နေရာရွှေ့ပြောင်းရန် အချိန်အနည်းငယ်သာလိုတော့သည်။

ထိုသို့ ဖြစ်သွားချိန်တွင် အတွင်းရှိ လူတိုင်း တည်နေရာရွှေ့ပြောင်းခံရမည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ထွက်ပေါက် ပွင့်လာလေပြီ။

အခြားသူများ အတွက်ဆိုလျှင် ထွက်ခွာရန် အခွင့်အရေးသည် ရှင်သန်လွတ်မြောက်ရန် အခွင့်အရေးပင်။ သို့သော် ပိုင်ရှောင်ချန်းအတွက်တော့ မဟုတ်ပေ။ သခင်မလေးဟုန်ချိန် မည်မျှသူ့ကို တိုက်ခိုက်နေကြောင်း စဥ်းစားကြည့်ပါက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အသက်ဝင်သွားသည်အထိ သူ တောင့်ခံနိုင်မည်မဟုတ်ပေ။

သို့သော် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားသည် သခင်မလေးဟုန်ချိန်၏သိုင်းကွက်များကို နှောင့်ယှက်လိုက်ရာ သူမမှာ လွန်ခဲ့သော အချိန်အနည်းငယ်က အတိုင်း တစ်နေရာတည်းမှာပင် ရပ်နေလိုက်ရလေသည်။ တည်နေရာရွှေ့ပြောင်းခြင်းဖြစ်ပေါ်တော့မည်ကို သတိပြုမိသွားရင်း သူမ၏ မျက်လုံးများသည် စိတ်ပိုင်းဖြတ်မှုများဖြင့် တောက်ပလာပြီး ပိုင်ရှောင်ချန်းထံ ခြေလှမ်းကျဲကျဲဖြင့် ထပ်မံလျှောက်လာတော့သည်။

ဤအချိန်တွင် အလင်းတန်းများက သူမကို မထိခိုက်တော့ဟန်တူပြီး သူမ၏အရေပြားပေါ်ရှိ အနီရောင်အစက်အပြောက်များမှာ သူမကို နာကျင်နေစေသော်လည်း သူမ၏ ကျင့်ကြံခြင်းအခြေခံနှင့် ဖိနှိပ်ထားနိုင်လေသည်။ အခြားရွေးချယ်စရာမရှိသောကြောင့် သူမက နောက်ထပ် အနီရောက်မြူတိမ်တစ်ခုကို ဆင့်ခေါ်ပြီးနောက် ပိုင်ရှောင်ချန်းကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။

ပိုင်ရှောင်ချန်းမှာ ချောင်ပိတ်မိနေသော တိရစ္ဆာန်ငယ်လေးပမာပင်။ သခင်မလေးဟုန်ချိန် နှောင့်နှေးသွားသည့် အချိန်လေးမှာပင် သူက နတ်ဆေးလုံးတစ်လုံးကို အလျင်အမြန် ဆွဲထုတ်ကာ သူ့ပါးစပ်ထဲ ပစ်ထည့်ပြီး ဆက်ပြေးတော့သည်။ သို့သော် သခင်မလေးဟုန်ချိန်မှာ ခြေတစ်လှမ်းလေးတိုးလိုက်ရုံသာဖြစ်ပြီး သူ၏အရှိန်မှာ အချည်းနှီးပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမက သူ့ရှေ့တည့်တည့်ရောက်လာကာ ညာဖက်လက်ညှိုးဖြင့် သူရှိရာဘက်သို့ ဝှေ့ယမ်းလိုက်လေသည်။

သူမက လေကိုခွင်း၍ ပုံမှန်အတိုင်း လက်ချောင်းကို လှုပ်ရှားလိုက်သော်လည်း ၄င်း၌ အလွန်တရာပြင်းထန်သော ဖျက်စီးခြင်းစွမ်းအားများပါလေသည်။ သေစေနိုင်သော အန္တရာယ်ကြီးကို အာရုံရလိုက်သဖြင့် ပိုင်ရှောင်ချန်း၏ နီရဲနေသော မျက်လုံးများ ပြူးကျယ်လာတော့သည်။ သူ့မှာ ရွေးချယ်နိုင်သော အခွင့်အရေးမရှိသောကြောင့် စဥ်းစားမနေတော့ပဲ ရှိသမျှအားကုန်ဖြင့် သူမအား တိုက်ခိုက်လိုက်တော့သည်။

သူ၏တစ်ခုတည်းသော အခွင့်အရေးမှာ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အသက်ဝင်ပြီးသည်အထိ အချိန်ဆွဲရန်သာဖြစ်ကြောင်း ပိုင်ရှောင်ချန်း သိလေသည်။

" ဒါကို အဆုံးသတ်လိုက်ရအောင်"

သူက ထာဝရအသက်ရှည်နည်း ကျင့်စဥ်၏ စွမ်းအင်အားလုံးကို ထုတ်ရင်း ဟိန်းဟောက်လိုက်လေသည်။ ထာဝရရွှေအရေပြား၊ ထာဝရကောင်းကင်ဘုရင်နှင့် ထာဝရအရွတ်အကြောများကို အသုံးပြုရင်း သူက သခင်မလေးဟုန်ချိန်ထံ သူ၏လက်မနှင့် လက်ညှိုးကို လှမ်းဖိချလိုက်လေသည်။

ထိုသည်မှာ လည်မျိုဖမ်းဆုပ်ကွက်က လွဲ၍ တခြားမဟုတ်ပေ။

သို့သော် သခင်မလေးဟုန်ချိန်က သူလက်ကို အသာလေး ဖမ်းဆုပ်လိုက်သောကြောင့် ပိုင်ရှောင်ချန်း၏ အော်သံနှင့်အတူ ပေါက်ကွဲသံကြီးပဲ့တင်ထပ်တော့သည်။ သူမ၏မျက်လုံးထဲတွင် အထင်မြင်သေးမှုများ ထင်ဟပ်သွားပြီး သူ့ကို ဘေးသို့ ကိုင်ပေါက်လိုက်လေသည်။

လက်ချောင်းများ ကျိုးကြေသွား၍ တဂျွတ်ဂျွတ်မြည်သံများကြားလိုက်ရပြီး ပြင်းထန်သော အားတစ်ခုက သူ့ကို လွင့်ထွက်သွားစေတော့သည်။ ကံကောင်းထောက်မစွာ သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် ထာဝရအသက်ရှည်နည်းပညာရပ်က သူ့ကို အလွန်တရာ မာကြောနေစေလေသည်။ အသတ်မခံရသည့်တိုင် သူသည် မြေကြီးနှင့် တဖုန်းဖုန်း မိတ်ဆက်နေပြီး အရိုးများ ကြေမွေ၍ သူ့ခန္ဓာကိုယ် နေရာအနှံ့မှ သွေးများ ပန်းထွက်နေတော့သည်။ သူ၏ ထာဝရအသက်ရှည်နည်း သိုင်းပညာရပ်က လုံးဝ ရှုံးနိမ့်သွားလေပြီ။

ပိုင်ရှောင်ချန်းမှာ ဆိုးရွားပြင်းထန်စွာ ဒဏ်ရာရရန် အချိန်အနည်းငယ်သာကြာလိုက်သည်။

သခင်မလေး ဟုန်ချိန်က အေးစက်စက် ရယ်မောရင်း ပြော၏။

" ငါတို့က ခိုင်မာပြတ်သားတဲ့ လူတွေမလား။ လာစမ်းပါ "

ထို့နောက် သူမက ပိုင်ရှောင်ချန်း၏ နောက်ဆုံးလက်ကျန် သက်စောင့်အားကို လုံးဝဖယ်ရှားပစ်ရန် လျှပ်တပြက် လှုပ်ရှားလိုက်လေသည်။ ပိုင်ရှောင်ချန်းမှာ သူမည်မျှ ဆိုးရွားစွာ ထိခိုက်ဒဏ်ရာထားကြောင်း သိနေပြီး သူ့သက်စောင့်အား မီးတောက်က ငြိမ်းခါနီးဖြစ်နေချေသည်။ သူက ညည်းညူရင်း နတ်ဆေးလုံးများကို သူ့ပါးစပ်အပြည့် သိပ်ထည့်လိုက်သော်လည်း တစ်လုံးကိုသာ မျိုချလိုက်နိုင်လေသည်။

အပူလှိုင်းများက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းနှင့် သူ့ခန္ဓာကိုယ်ကို ပြုပြင်ပေးရင်း သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သန်းစီးဆင်းသွားတော့သည်။ သို့သော်လည်း ထိုအချိန်တွင် သခင်မလေးဟုန်ချိန်က သူ၏အနားသို့ ရောက်လာလေသည်။

သူက ရဲရဲနီနေသော မျက်လုံးများဖြင့် ကျင့်ကြံခြင်းအခြေခံ စွမ်းအားကို ထုတ်ဖော်လိုက်ရာ အေးစိမ့်ချီများ ရုတ်ချည်း ထွက်ပေါ်လာတော့သည်။ သူက နည်းနည်းလေးမှပင် ချန်မထားဘဲ သူ၏စိတ်စွမ်းအင်ကိုပင် ဆင့်ခေါ်လိုက်သေးသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂူတစ်ခုလုံး ရေခဲကမ္ဘာကြီးအဖြစ် ခဲသွားသောကြောင့် အက်ကွဲသံများ ပြည့်နှက်သွားလေသည်။

သူ့မှာ အစီအစဥ်ချရန် သို့မဟုတ် တွေးတောနေရန် အချိန်မရှိပေ။ ပိုင်ရှောင်ချန်းက ချက်ချင်းပင် လှည့်ပြေးတော့သည်။

ထိုသည်ကို ဖော်ပြရန် အချိန်အနည်းငယ် ကြာသွားသော်လည်း ထိုဖြစ်ရပ်များသည် မီးတစ်ခတ်သာ ကြာလိုက်လေသည်။ သခင်မလေးဟုန်ချိန်၏ မျက်လုံးများမှာ အထင်အမြင်သေးသောအရိပ်များထင်ဟပ်လာတော့သည်။ ပိုင်ရှောင်ချန်းအချိန်ဆွဲနေကြောင်း သူမ ပြောနိုင်သည့်တိုင်အောင် သူ့ကို သေသည်အထိ နင်းခြေဖျက်စီးပစ်နိုင်သည်ဟု သူမမှာ ယုံကြည်ချက်ရှိနေသည်။

သူမထံ ဝင်ရောက်လာသည့်အေးစိမ့်ချီများကိုမူ လက်ဖြင့် ဝှေ့ယမ်းလိုက်ရာ အက်ကွဲကြေမွသွားကြ၏။ ထို့နောက် သူမက လေကိုထိုးဖောက်၍ ပိုင်ရှောင်ချန်းထံ တန်းတန်းမတ်မတ် လက်ညှိုးနှင့် လှမ်းထိုးလိုက်လေသည်။

ထိုအခိုက်အတန့်တွင် သူမက ပိုင်ရှောင်ချန်း၏အသက်ကို အဆုံးသတ်ပေးရန် ရည်ရွယ်ထားသော်လည်း အလင်းတန်းများက သူ၏ အနီရောင်မြူများကို ဖျက်စီးပစ်လိုက်ရာ နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ရပြန်လေသည်။ သူမ မဆင့်ခေါ်နိုင်ခင် သူမ၏အရေပြားပေါ်ရှိ အနီရောင်အစက်များက သူမကို ပို၍ တိုက်စားလာသောကြောင့် သူမ၏ ကျင့်ကြံခြင်းအခြေခံအပေါ် သက်ရောက်လာမှုများကို လျော့ချလိုက်ရတော့သည်။ ထိုအနှောင့်အယှက်များကြောင့် ပိုင်ရှောင်ချန်းကို တိုက်ခိုက်ရန် သူမ၏စွမ်းအားမှ လေးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်လိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ သွေးများ ပွက်ခနဲအန်လိုက်ရသော်လည်း သူမကို ရှောင်တိမ်းရန် ဘာမှမလုပ်နိုင်ပေ။ ဒေါသတကြီးဟိန်းဟောက်ရင်း သူက တောင်ဖြိုသိုင်းကို အသုံးပြုလိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ ဘေးသို့ နောက်တစ်ကြိမ်လွင့်ထွက်သွားပြန်ကာ ပြိုကျထားသော နံရံကို ရိုက်ခတ်သွားသဖြင့် ဝုန်းခနဲမြည်ဟည်းသွားပြီး သည်းခြေခိုက်လုမတတ် နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာတော့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများ အားလုံးနီးပါး ကျိုးကြေကုန်ပြီး သူ၏ သက်စောင့်အား မီးတောက်မှာ နောက်တစ်ကြိမ် ငြိမ်းသေလုနီးပါး ဖြစ်သွားပြန်သည်။ သို့သော် အချိန်မကုန်ခင် စောစောက သူ့ပါးစပ်ထည့်ထားခဲ့သည့်ထဲမှ နတ်ဆေးလုံးတစ်လုံးကို မြိုချလိုက်လေသည်။ နောက်တစ်ကြိမ် အပူစီးကြောင်းတစ်ခုက သူ့ကို ချက်ချင်း ကုသပေးရင် ခန္ဓာကိုယ်ကို ဖြတ်၍ စီးဆင်းသွားတော့သည်။

သခင်မလေး ဟုန်ချိန်က နောက်တစ်ဖန် သူ့အနားရောက်လာချိန်တွင် တက်ကြွဖျတ်လတ်စွာ ဘေးသို့ ခုန်ထွက်လိုက်ရာ သူမ၏ဇင်ယော်တောင်မျက်ခုံးမွှေးတစ်စုံ တွန့်ကွေးသွားလေသည်။ အေးစက်စက်နှာမှုတ်ရင်း သူမက အနီရောင်မြူတိမ် သို့မဟုတ် သူမ၏အရေပြားပေါ်ရှိ အစက်များအတွက် စိတ်ပူနေမတော့ပဲ ပိုင်ရှောင်ချန်းအပေါ်သို့ အားပြင်းသော လက်သီးထိုးချက်ကို ထုတ်လိုက်လေသည်။

" စစ်မှန်တဲ့ အသတ်အဖြတ် လပ်သီးချက်ကနေ မင်း ပြန်ထလာနိုင်မယ်လို့ ငါမယုံဘူး"

ပုံရိပ်ယောင်လက်ကြီးတစ်ဖက်၏ အားပြင်းသော အရိပ်ကြီးသည် ပိုင်ရှောင်ချန်းထံ နီးကပ်လာသောကြောင့် လေထုမှာ တွန့်လိမ်ရှုံ့တွသွားပြီး အရပ်မျက်နှာအနှံ့တွင် ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာတော့သည်။

" အဖွားကြီး ဟုန်ချိန်၊ ကိုယ်တော်ပိုင်ဆိုတာ မင်းသတ်ချင်တိုင်းသတ်လို့ရတဲ့ လူမဟုတ်ဘူးကွ "

သူ့အပေါ်သို့ လက်ကြီးဝင်ရောက်လာစဥ် ပိုင်ရှောင်ချန်းက ထာဝရထီးကို ဖွင့်ချလိုက်လေသည်။ ဖျတ်ခနဲဖွင့်လိုက်သည်နှင့် ၄င်း၏မျက်နှာပြင်ပေါ်တွင် ငွေအမှတ်အသားကိုးခု တောက်ပလာပြီး ကြောက်မက်ဖွယ် မျက်နှာကြီး ပေါ်လာတော့သည်။

All Chapters