← Chapters

ဒါဘာကောင်ကြီးတုံး

Vol. 6 Ch. 560

ဒါဘာကောင်ကြီးတုံး

Vol. 6 Ch. 560

ထာဝရထီးထုတ်လိုက်သည့် တစ်ချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည် မရေမတွက်နိုင်သော အဆောင်စက္ကူများကိုလည်း ဆွဲထုတ်ကာ သူ့ကိုယ်ပေါ်ကို ကပ်လိုက်လေသည်။ ထိုအခိုက်အတန့်တွင် သူ့ခေါင်းထဲ၌ အချိန်ဆွဲရန်နည်းလမ်းများစဥ်းစားနေခြင်းမှ လွဲ၍ တခြားမရှိတော့ပေ။

သခင်မလေး ဟုန်ချိန်၏ လက်ဝါးရိုက်ချက်က သူ၏ ထာဝရထီးဆီ ဝင်ရောက်လာသောအခါ လေထဲတွင် ပြင်းထန်သောပေါက်ကွဲသံကြီးတစ်ခု ပြည့်သွားလေသည်။ ထာဝရထီးမှာ ထိုအားကို မခံနိုင်သည့်အလား တဖျောက်ဖျောက်မြည်သံများ ကြားလိုက်ရလေသည်။ ၄င်းမျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ထလာပြီး သရဲမျက်နှာကြီးမှာ မချိတင်ကဲဝေဒနာ ခံစားလိုက်ရသည့်အလား ရှုံ့တွသွားတော့သည်။

ထီးနက်မှာ ပိုင်ရှောင်ချန်း၏လက်မှ လွတ်ထွက်သွားပြီး ဘေးသို့ကျသွား၏။ ၄င်းကို ပြန်ယူရန် စဥ်းစားနေရန်အတွက်အချိန်မရှိပဲ သူသည် နောက်သို့ ကျွမ်းထိုးမှောက်ခုံလွင့်သွားကာ ပါးစပ်မှသွေးများ ပန်းထွက်သွားတော့သည်။ သူ၏ အဆောင်စက္ကူများမှ ဖြစ်ပေါ်လာသော ဒိုင်းအထပ်ထပ်သည် အလွန်ထူထဲ၍ ဂူကြီးအထဲတွင်ပင် မဆံ့ဖြစ်နေပြီး သခင်မလေးဟုန်ချိန်၏လက်ဝါးက သူတို့အပေါ်ကို ဝုန်းခနဲထိလိုက်ချိန်ဝယ် အကျိုးဆက်ကား အံ့မခန်းပင်။

ဝုန်းးးး

အဆောင်လက်ဖွဲ့များ တစ်ခုပြီးတစ်ခု ဖျက်စီးခံနေရပြီး ဒိုင်းအကာအကွယ်အထပ်ထပ်မှာ ပျက်စီးလာလေသည်။ သခင်မလေးဟုန်ချိန်၏ လက်ဝါးရိုက်ချက်မှာလည်း တစထက်တစ အားနည်းလာ၏။ အသက်ရှူချိန်အနည်းငယ်အတွင်း ဒိုင်းများသာမက အဆောင်များပါ အသုံးချလိုက်ကာ ပိုင်ရှောင်ချန်းက နတ်ဆေးလုံး၏စွမ်းအားများနှင့် သူ့တစ်ကိုယ်လုံး ကုသလိုက်ရင်း နောက်ဆုတ်လိုက်လေသည်။

ဤအပြောင်းအလဲမှာ ကြည့်ရသ၍ အတော်လေး ရိုးရှင်းလှသော်လည်း ပိုင်လင်းသာ မြင်လိုက်ရလျှင်ဖြင့် နှလုံးအောင့်သွားပေလိမ့်မည်။ ပိုင်ရှောင်ချန်းမှာ ငွေအပုံလိုက်ကြီးဖြင့် သူ့ကိုယ်သူ ခုခံလိုက်သည့်အလား ဖြစ်နေသောကြောင့်ပင်။

ပိုင်ရှောင်ချန်း၏ မျက်နှာမှာ စက္ကူရွက်ပမာ ဖြူဖပ်နေတော့သည်။ သူက သခင်မလေးဟုန်ချိန်ထံမှ ဝေးရာသို့ နောက်ဆုတ်လိုက်ပြီး အချိန်ဆွဲရန် သူလုပ်နိုင်သမျှအားလုံးလုပ်နေရင်း သူမကို မိုးမွှန်အောင် ဆဲဆိုနေတော့သည်။

" ဟေး အပျက်မကြီးဟုန်ချိန်၊ ကိုယ်တော်ပိုင်ကို သတ်ရတာ ဘယ်လောက်ခက်လဲ အခုသိပြီလား။ ငါ နတ်ဘုရားတစ်ပိုင်းရောက်တဲ့အထိတော့ နေနှင့်ဦးပေါ့ကွာ။ ပြီးရင် လက်စားချေဖို့ ပြန်လာမယ်"

"ခွေးကောင် "

သခင်မလေးဟုန်ချိန်က ဒေါသတကြီးဆဲလိုက်လေသည်။ သူမက ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့သည့်တိုင် ပိုင်ရှောင်ချန်းကို မသတ်နိုင်သေးပေ။ ထိုမျှသာမက ဤနေရာရှိ တည်နေရာရွှေ့ပြောင်းခြင်းအားသည် အထွတ်အထိပ်သို့ရောက်လာလေပြီ။ သတ်ဖြတ်လိုသောစိတ်များဖြင့် မျက်လုံးများမီးဝင်းဝင်းတောက်နေရင်း သူမက အနီရောင်မြူတိမ်တစ်ခုပစ်လွှတ်လိုက်ရာ လေပြင်းမုန်တိုင်းတစ်ခုဖြစ်သွားပြီး ဂူကြီး၏ နံရံများရှိ အပေါက်များကို ပိတ်ဆို့လာကြလေသည်။

မြူတိမ်များက လျင်မြန်စွာတိုက်စားခံနေရသော်လည်း သခင်မလေးဟုန်ချိန်ကို သူမ၏ ကျင့်ကြံခြင်းအခြေခံ စွမ်းအားအကုန်ကို ထုတ်ရန်လိုအပ်သော၊ အလင်းတန်းများမှလွတ်သွားစေသည့် အသက်ရှူချိန်အနည်းငယ်ကိုပေးစွမ်းနိုင်လေသည်။ ထို့နောက် သူမက ပိုင်ရှောင်ချန်းကို သတ်ရန် သေချာသည့် လက်သီးတိုက်ကွက်တစ်ခုထုတ်ရန် ပြင်လိုက်လေသည်။

သူမက အချိန်အတော်ကြာကတည်းက ထိုအလင်းတန်းများသည် ပိုင်ရှောင်ချန်းကို သက်ရောက်မှုမရှိပဲ သူမကိုသာ စိတ်အနှောင့်အယှက်ဖြစ်စေ၍ အန္တရာယ်ဖြစ်စေကြာင်း သတိပြုမိခဲ့လေသည်။ သိသာစွာပင် သူမသည် ကျောက်တိုက်ပေါ်ရှိ စာကြောင်းကို ဗဟိုပြုသော ပိုင်ရှောင်ချန်း ထောင်ထားသည့် ထောင်ချောက်အတွင်းကျသွားခဲ့လေပြီ။

နံရံများအပေါ်ရှိ အပေါက်များကို ပိတ်ဆို့ပြီးနောက် သခင်မလေးဟုန်ချိန်၏ မျက်လုံးများ တလက်လက်တောက်ပလာပြီး ပိုင်ရှောင်ချန်းထံ ခြေတစ်လှမ်းလှမ်းလိုက်လေသည်။

သူမ၏ခြေထောက် ကျသွားသည်နှင့် သူမ၏ပတ်ပတ်လည်ရှိ လေထုသည် ကျုံဝင်သွားကာ အန္တရာယ်များသော ပါးစပ်ပေါက်ကြီးတစ်ခုကဲ့သို့သော အရာတစ်ခု ဖန်တီးလိုက်လေသည်။ ထို့နောက် စွမ်းအားကြီးသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာကာ ပိုင်ရှောင်ချန်းကို ဖမ်းဆွဲပြီး ပါးစပ်ထဲသို့ တရွတ်တိုက်ဆွဲခေါ်နေလေသည်။

ပိုင်ရှောင်ချန်းမှာ ရူးမတတ် ကြောက်လန့် သွားပြီး လျင်မြန်စွာပင် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်၏။ ထို့နောက် သူက ပါးစပ်ကြီးထံ လက်ဝှေ့ယမ်း၍ အော်လိုက်သည်။

" ရွှယ်ကျဲ"

ရုတ်တရက် ဂူကြီးတစ်ခုလုံးသည် တွန့်လိမ်ရှုံတွလာပြီး နေရာအနှံ့ ရေခိုးရေငွေ့များ လိပ်တက်ကာ နေရာတစ်ပြင်လုံးသည် ရေအိုင်ကြီးတစ်ခုအသွင် ပြောင်းသွားတော့သည်။

ထို့နောက် ကမ္ဘာဦးအစမှလာသော အရာကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုထွက်ပေါ်လာလေသည်။ ယခု ထိုရေအိုင်ကြီးအတွင်းရှိ နေရာတစ်ခုလုံးသည် ရှေးခတ်ထဲက တည်ရှိနေခဲ့သည့်အလား အချိန်နှင့်နေရာနှစ်ခုလုံး သက်ရောက်သွားပုံပေါ်လေသည်။

သခင်မလေးဟုန်ချိန်၏ မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားသည်။

သူမ မည်သို့မျှ မလုပ်နိုင်လိုက်ခင် ပိုင်ရှောင်ချန်းက အော်လိုက်လေသည်။

" ကော်တု"

ရုတ်ခြည်းပင် ရေအိုင်ကြီးအတွင်းမှ တောင်ငါးလုံးကဲ့သို့ အရိုးချွန်ကြီးများ စတင်ထွက်ပေါ်လာပြီး သခင်မလေးဟုန်ချိန်ထံတန်းတန်းမတ်မတ် ပြေးဝင်သွားလေသည်။

သို့သော် ပိုင်ရှောင်ချန်းက တစ်စက်လေးမှပင် မရပ်နားပေ။ လေပေါ်သို့ ခုန်တက်ရင်း သူက ဟိန်းဟောက်လိုက်သည်။

" အသက်ဝင်တောင် ဂါထာ"

မီတာ ၃၀ အမြင့် ကျောက်ဘီလူးကြီးတစ်ကောင်အသွင်ပြောင်းသွားပြီးနောက် သူက ရွှယ်ကျဲကော်တုအရိုးချွန်များနှင့် ပေါင်းစည်း၍ သခင်မလေး ဟုန်ချိန်အား သနားညှာတာမှုကင်းမဲ့စွာ တိုက်ခိုက်လိုက်လေသည်။

ရွှယ်ကျဲကော်တုပညာရပ်ကြောင့် သခင်မလေးဟုန်ချိန်၏ မျက်လုံးများမှာ ထူးဆန်းသောအလင်းများဖြင့် တောက်ပသွား၏။ သို့သော် တခဏကြာသော် သူမက သွေးအေးစွာ တခစ်ခစ်ရယ်လိုက်လေသည်။

" အင်မတန် ထူးဆန်းတဲ့ မှော်သိုင်းပါလား။ ဒီလို နတ်ဘုရားသားရဲဝိညာဥ်အစောင့်တစ်ကောင်ရှိရလောက်အောင် မင်းဘယ်ဂိုဏ်းက လာတာလဲ ငါသေချာမသိဘူး။ မင်းသူ့ကို အပြည့်အဝ မဆင့်ခေါ်နိုင်တာ...တော်တော်ဆိုးတာပဲ။ မင်းခေါ်နိုင်ရင်တောင်မှ ငါက မင်းကို အဲဒီလိုလုပ်ဖို့ အချိန်ပေးမှာ မဟုတ်ဘူး။ ပထမဆုံး ဒီသတ္တဝါကို ငါသတ်မယ်။ ပြီးရင် မင်းကို သတ်မယ် "

သူမ၏ပါးစပ်မှ ထိုစကားလုံးများထွက်လာသည်နှင့် သခင်မလေးဟုန်ချိန်က မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သူမ၏လက်ထဲမှ အနီရောင်မြူများ ထွက်သွားစေလိုက်သည်။ အတိုတောင်းဆုံးအချိန်လေးအတွင်း၌ ၄င်းသည် အနီရောင်လှံရှည်ကြီးတစ်ခုအသွင်ပြောင်းသွားပြီး သူမက လာနေသော ဆူးချွန်ထံ မဟုတ်ပဲ ရေအိုင်ကြီးတကယ်ရှိသည့် မြေကြီးထံသို့ ပစ်လွှတ်လိုက်လေသည်။

အနီရောင်လှံကြီးသည် အောက်ဖက်ရှိ နေရာကြီးထံ ထိုးဆင်းသွားပြီး အောက်၌ မည်သည့်ကမ္ဘာပဲရှိနေပါစေ ထိုးဖောက်၍ အတွင်းထဲရှိ ပိုင်ရှောင်ချန်းတစ်ခါမှ မမြင်ဖူးသော သတ္တဝါကြီးကို စိုက်သွားလေသည်။

နောက်ဆက်တွဲအနေနှင့် အောက်ဖက်မှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံထွက်ပေါ်လာရာ သခင်မလေးဟုန်ချိန်၏လှံ ကျိုးကျေသွားတော့သည်။ သူမ၏ မှော်သိုင်းသုံးကာ ဖန်တီးထားသော အန္တရာယ်များသည့်ပါးစပ်ကြီးပင်လျှင် ပျက်စီးသွားလေသည်။ တချိန်တည်းမှာပင် တောင်ငါးလုံးသဖွယ် အရိုးချွန်ကြီးများသည် အောက်ဖက်မှ ဆက်လက်ထိုးထွက်လာနေတော့သည်။

သူတို့က ဖြောင့်မနေပဲ ကောက်ကွေ့ရာ မြင်မြင်ချင်း သားရဲကြီးတစ်ကောင်ကောင်၏ လက်သည်းကြီးများဟု ထင်မိကာ မှင်သက်သွားရမည်သာဖြစ်သည်။ သို့သော် သူတို့မှာ အလွန်အမင်းကြီးမားလေရာ ထိုလက်သည်းလေးကပင် တောင်ကြီးပမာပင်။ ထိုမျှသာမက ထိုသတ္တဝါကြီးသည် သခင်မလေးဟုန်ချိန်ကြောင့် ဒေါသူပုန်ထသွားပုံရပြီး ရေအိုင်ထဲမှထွက်၍ သူမကို လှမ်းဆွဲရန် ကြိုးစားနေသည့်အလားပင်။

ကံဆိုးစွာပင် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ ရွှယ်ကျဲကော်တုကို ထောက်ပံ့ ပေးရန်အထိ အင်အားမတောင့်တင်းပေ။ လက်သည်းလက်ကြီး ထွက်လာသည်နှင့် သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် သက်စောင့်အားတို့မှာ ပြင်းထန်စွာ စုတ်ဖြဲခံလိုက်ရသည့်အလား ခံစားလိုက်ရသောကြောင့် နာကျင်စွာ အော်ဟစ်ညည်ူးညူလိုက်လေသည်။ သိသာထင်ရှားစွာပင် လက်သည်းလက်ကြီး အပြည့်အဝ ထွက်ပေါ်လာဖို့ ခွင့်ပြုပေးရန် လိုအပ်သော စွမ်းအားသည် သူ့ကို သေသွားစေရန် လုံးဝလုံလောက်၏။ တုန်လှုပ်ချောက်ခြားသွားရင်း သူ၏ ကိုယ်ပိုင်မှော်သိုင်းကို ရပ်တန့်ကာ ရွှယ်ကျဲကော်တု၏ စွမ်းအားကို ပျောက်သွားစေရုံမှတစ်ပါး သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။

သခင်မလေးဟုန်ချိန်မှာ အံသြတုန်လှုပ်သော အမူအရာပြောင်းလဲသွားပြီး သူမ နောက်ဆုတ်မိလိုက်လေသည်။

" အဲဒါ ဘာကြီးလဲ"

ပိုင်ရှောင်ချန်း၏ မျက်နှာမှာလည်း သခင်မလေးဟုန်ချိန်နည်းတူ ဖြူဆုပ်နေလေသည်။ သူ၏ ရွှယ်ကျဲကော်တုက စွမ်းအားကြီးကြောင်း သူသိသော်ဘည်း ဤမျှစွမ်းအားကြီးမည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ပေ။ သတ္တဝါကြီး၏ လက်ပေါ်ရှိ လက်သည်းတစ်ခုသည်ပင် သူ့ကိုယ် သတ်တော့မည့်သကဲ့သို့ ဖြစ်ခဲ့လေသည်။ သူသာ ရွှယ်ကျဲကော်တုကို သတိမထားပဲ အသုံးပြုလျှင် သူ့ကိုသူသတ်မိနိုင်သည်ကို တွေးလိုက်မိသောကြောင့် ကြက်သီးမွှေးညင်းများ ထသွားတော့သည်။

ပို၍ စိတ်ပျက်ဖွယ်ကောင်းသည်မှာ သခင်မလေးဟုန်ချိန် မည်မျှ ရူးသွပ်စွာ ပြုမူနေသောကြောင့်ပင်။ မည်သို့ဖြစ်ရသနည်း။ သူမ လုပ်ရမည့်အရာမှာ သူ၏အစီအစဥ်အတိုင်း တောင်သဖွယ် အရိုးချွန်ကြီးများကို တိုက်ခိုက်ေနခြင်းသာဖြစ်ပြီး ထိုအချိန်တွင် သူက သူမ၏လမ်းကြောင်းကို ပိတ်ဆို့၍ အသက်ဝင်တောင်ဂါထာကို အသုံးပြုမည်ဖြစ်သည်။

ထိုအစား ရွှယ်ကျဲ ကော်တုမှာ ပျောက်သွားပြီး သူက ကျောက်ဘီလူးကြီးအသွင်ဖြင့်သာ ကျန်ခဲ့လသည်။ တစ်ခုတည်းသော ကောင်းကျိုးမှာ နံရံရှိ အပေါက်များသည် အနီရောက်မြူများကို ဖျက်စီး၍ ယခုအခါ အလင်းတန်းများက သခင်မလေးဟုန်ချိန်အပေါ်သို့ ကျရောက်နေကြပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ သူ့အတွက် အချိန်ကုန်လာပြီဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူက အော်ဟစ်၍ ကြယ်ကြွေသည့်အလား သခင်မလေးဟုန်ချိန်ထံ တဟုန်ထိုးပြေးဝင်လိုက်သည်။

သခင်မလေးဟုန်ချိန်မှာ ဧရာမသတ္တဝါဆန်းကြီးကြောင့် တုန်လှုပ်နေရာမှ ပြန်လည်သက်သာလာရုံရှိသေးသည်။ ယခုတွင်တော့ အလင်းတန်းများကို တွေ့လိုက်ရပြန်သည်။ သူမ၏ရင်ထဲတွင်ဒေါသမီးများ ချက်ချင်းတောက်လောင်လာတော့သည်။ ထိုအလင်းတန်းများကြောင့် မဟုတ်။ ပိုင်ရှောင်ချန်းကို သတ်ရတာလောက် သူမ၏ဘဝမှာ တစ်ခါမှ အခက်အခဲ မတွေ့ခဲ့သောကြောင့်ပင်။

သို့သော် အလင်းတန်းများနှင့် သူတို့ကြောင့်ဖြစ်သည့် သူမ၏အရေပြားပေါ်ရှိ အနီရောင်အတွက်များက အသည်းခိုက်အောင် နာကျင်စေပြီး ဖိနှိပ်ရန် မြောက်မြားစွာသော အင်အားလိုအပ်လေသည်။ ထို့ပြင် သူမ နည်းနည်းလေးသတိလွတ်သွားသည်နှင့် ဖျက်၍မရသော အကျိုးဆက်များ ဖြစ်ပေါ်သွားပေလိမ့်မည်။

ပိုင်ရှောင်ချန်းမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ကြံ့ကြံခံနိုင်လေသည်။ ထို့အပြင် သူ့မှာ သူ့ကို ဆက်လက်အသက်ရှင်သန်နေစေမည့် ကြံရာကျပန်းပစ္စည်းများနှင့် ပညာ မျိုးစုံရှိလေသည်။ နောက်ဆုံးတွင် သခင်မလေးဟုန်ချိန်က အေးတိအေးစက် တဟားဟားရယ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို ခါတိုင်းထက်ပိုသော သတ်ဖြတ်လိုစိတ်များဖြင့် စိန်းစိန်းဝါးဝါးကြည့်လေသည်။

" မင်း အချိန်မရှိတော့ဘူး" အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း သူမက နောက်တစ်ဖန် အနီကွက်များကို လျစ်လျစ်ရှုကာ သူမကိုယ်ကို ကာကွယ်ရန် အနီရောင်မြူများ အသုံးပြုခြင်းအား စွန့်လွှတ်လိုက်သည်။ မန္တန်လက်ကွက်တစ်ခု ဖော်ရင်း သူမက နောက်ထပ် အနီရောင် လှံရှည်တစ်ချောင်းကို ဆင့်ခေါ်ကာ ပိုင်ရှောင်ချန်းထံ ပစ်လွှတ်လွှတ်လိုက်၏။

ထိုလှံတွင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စစ်မှန်သော စွမ်းအားများ ပါဝင်လေသည်။

လှံကြီးက လေကို ခွင်း၍ ပျံသန်းလာသည့် အခိုက်အတန့်မှာပင် ပိုင်ရှောင်ချန်းက မြားတစ်ချောင်းထုတ်လိုက်၏။ ၄င်းသည်..... စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ့်တစ်ကြိမ်ပြုလုပ်ထားသော မီးဝိညာဥ်မြားပင်။ သူ၏ ခန္ဓာကိုယ်ကို လေးသဖွယ် သတ်မှတ်၍ လက်မောင်းနှစ်ဖက်ကို လေးကြိုးများ ပမာပြုလုပ်ရင်း သူက အကြင်နာမဲ့စွာ သခင်မလေးဟုန်ချိန်ထံသို့ မြားကို ပစ်လွှတ်လိုက်တော့သည်။

မီးဝိညာဥ်မြား၏ မျက်နှာပြင်ပေါ်တွင် အံ့မခန်းရွှေအမှတ်သားများ တောက်ပလင်းလက်နေပြီး တဖျောက်ဖျောက်မြည်ဟည်းလျက် လေကိုခွင်း၍ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းက အနီရောင်လှံကြီးထံရောက်သွားပြီး နားကွဲလုမတတ် ပေါက်ကွဲသံကြီးထွက်ပေါ်လာတော့သည်။

ပြောရလျှင် အနီရောင်လှံကြီးသည် မီးဝိညာဥ်မြားထက် များစွာ စွမ်းအားကြီးမားလေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်၏။

" ပေါက်ကွဲလိုက်စမ်း "

All Chapters