← Chapters

ပြဿနာရှာခြင်း

Vol. 165 Ch. 2474

ပြဿနာရှာခြင်း

Vol. 165 Ch. 2474

ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်၊ အမွေခံကုန်းမြေမှာ။

မလှမ်းမကမ်းမှာ ဓားအလင်းတန်းတစ်ခုက ပျံသန်း၍ ယွဲ့ဟွား၏ လိုဏ်ဂူခန်းဝါဝင်ပေါက်ဝရှေ့မှာ ဆင်းသက်လာ၏။ သူက အမွေခံတပည့်ရှောင်လီဖြစ်လေသည်။

“မင်္ဂလာပါ စီနီယာအစ်ကိုယွဲ့ဟွား”

ရှောင်လီသည် လိုဏ်ဂူခန်းဝါ၏ရှေ့မှာ မတ်တတ်ရပ်နေသောသူကို တွေ့မြင်သောအခါ သူကအလောတကြီး ဦးညွှတ်လိုက်၏။

“မင်းဘယ်လိုတွေစီစဥ်ထားလဲ”

ဓားအင်မော်တယ်ယွဲ့ဟွားက မှင်သေသေဖြင့် မေးလိုက်၏။

“စီနီယာအစ်ကို... မပူပါနဲ့ ကျုပ်က ဖန့်ချင်းယွင်နဲ့ တခြားသူတွေကို ထောင်ယောင်ကို ပြဿနာကောင်းကောင်းရှာဖို့ မှာထားပြီးသွားပြီ”

ရှောင်လီက အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဆူဇီမိုက အရင်တုန်းက ဘယ်အစေခံကိုမှ ခေါ်ယူခဲ့တာမရှိဘူးလို့ ကျုပ်ကြားထားတယ်... အခုသူက သူ့လက်အောက်မှာ ထောင်ယောင်ကို ခေါ်ထားတယ်ဆိုတော့... သူက အဲဒီကောင်လေးကို တော်တော်တန်ဖိုးထားတာပဲ”

“ဆူဇီမိုက ဒီသတင်းကို လက်ခံရရှိတာနဲ့ သူက စိတ်လိုက်မာန်ပါနဲ့ ဖန့်ချင်းယွင်ရဲ့စိန်ခေါ်မှုကို သေချာပေါက်ငြင်းပယ်မှာ မဟုတ်ဘူး”

“ဒီကောင်လေးရဲ့ ကျင့်ကြံမှုအလျင်အဟုန်က မြန်ဆန်တယ်​ဆိုပေမဲ့ သူက အခုချိန်မှာ အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ... သူက ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်ရောက်တာနဲ့ ဖန့်ချင်းယွင်က သူ့ကို ဒုက္ခိတဖြစ်အောင်လုပ်လိုက်လိမ့်မယ်”

“ဒုက္ခိတဖြစ်ဖို့လား...အဲဒါနဲ့ မရဘူး”

ဓားအင်မော်တယ်ယွဲ့ဟွားက အေးစက်စက်အမူအရာတစ်ခုနှင့်အတူ သူ၏ ခေါင်းကို ညင်သာစွာခါပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ငါသူ့ကို သေစေချင်တယ်”

ရှောင်လီ၏ သွေးက အေးစက်သွား၏။

နတ်မိမယ်မိုချင်သည် ဆူဇီမိုအတွက် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာပြီး စန်းယွင်တောင်သို့ လိုက်ပါသွားသည်ဟု သူကြားသိခဲ့ရပြီးကတည်းက ဓားအင်မော်တယ်ယွဲ့ဟွား အိပ်မက်ကနေနိုးထလာပုံရပြီး ဒေါသချောင်းချောင်းထွက်နေ၏။

​ရှောင်လီက ခဏမျှတွေဝေတုံ့ဆိုင်းသွား၏။

“ဒါပေမဲ့... သေခြင်းရှင်ခြင်းပြိုင်ပွဲတွေကို ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ ခွင့်ပြုမထားဘူး... ဖန့်ချင်းယွင်က ဆူဇီမိုကို သတ်လိုက်မယ်ဆိုရင် သူကလည်း တက္ကသိုလ်ရဲ့ အပြင်းအထန်အပြစ်ပေးခြင်းခံရလိမ့်မယ်”

“မပူနဲ့”

ဓားအင်မော်တယ်ယွဲ့ဟွားက ပြောလိုက်၏။

“ဒီတစ်ခေါက် ငါက ဆူဇီမိုကို သတ်ရုံတင်မကဘူး... ငါက သူ့ရဲ့နာမည်ဂုဏ်သတင်းကိုပါဖျက်ဆီးပြီး သူ့ကို တက္ကသိုလ်ကနေဖယ်ထုတ်ပစ်မယ်”

“စီနီယာအစ်ကို ခင်ဗျားက ထောင်ယောင်ရဲ့သရုပ်သကန်ကိုအသုံးချဖို့ စဥ်းစားနေတာလား”

ရှောင်လီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“ဒါပေမဲ့... ထောင်ယောင်က မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်ရဲ့ တာအိုကလေးငယ်တော့ မဟုတ်လောက်ဘူးလေ... ဟုတ်တယ်မလား ဆူဇီမိုက ဘယ်လောက်ပဲရဲတင်းရဲတင်း သူက အထီးကျန်သိုင်းသခင်ရဲ့ တာအိုကလေးငယ်ကို သူ့ဘေးမှာတော့ ခေါ်ထားရဲမှာ မဟုတ်လောက်ဘူး”

“သူဟုတ်တာမဟုတ်တာက အရေးမကြီဘူး”

ဓားအင်မော်တယ်ယွဲ့ဟွားက လှောင်ရယ်လိုက်၏။

“အရင်တုန်းက အဲဒီတာအိုကလေးငယ်ကိုမြင်တွေ့ခဲ့တဲ့ ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက လူအများစုက အထီးကျန်သိုင်းသခင်သတ်လို့သေပြီ... ဘာသက်သေအထောက်အထားမှ မရှိတော့ဘူး.. သူကဟုတ်တယ်လို့ ငါကပြောရင် သူကဟုတ်လို့ပဲ”

ရှောင်လီက ခဏမျှစဥ်းစားတွေးတောပြီး ခေါင်းညိတ်ပြလိုက်၏။

“ဆူဇီမိုကို ဖန့်ချင်းယွင်က သတ်လိုက်တာနဲ့ ကျုပ်တို့က ဘယ်လိုပဲစွပ်စွဲပြောဆိုပြောဆို သူက သူ့ကိုယ်သူရှင်းပြနိုင်မှာ မဟုတ်တော့ဘူး”

“အောက်ဘုံလောကက ကောင်စုတ်တစ်ကောင်က ဂျုနီယာညီမမိုချင်ကို ဘယ်လိုတောင်လာထိရဲတာလဲ”

ဓားအင်မော်တယ်ယွဲ့ဟွား၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားပြီး သူကတီးတိုးရေရွတ်လိုက်၏။

“ဒီနေ့... မင်းကို ငါ့ရဲ့အစွမ်းအစပြပေးမယ်... တက္ကသိုလ်မှာဆိုရင်တောင်မှ ငါလုပ်ချင်တာလုပ်လို့ရတယ်”

“စီနီယာအစ်ကို... အတွင်းဂိုဏ်းကို တစ်ချက်လောက်သွားကြည့်ရအောင်”

ရှောင်လီက ပြောလိုက်၏။

“ဖန့်ချင်းယွင်က အခုလောက်ဆို တိုက်ခိုက်ပြီးသွားလောက်ပြီလို့ ကျုပ်ထင်တယ်”

တက္ကသိုလ်၏ အတွင်းဂိုဏ်းမှာ...။

အမြုတေစိတ်ဝိညာဥ်ဌာနရှိရင်ပြင်ကို ကျင့်ကြံသူများက အထပ်ထပ်ဝိုင်းပတ်ထား၏။ သူတို့အများစုက တက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့်များဖြစ်ပြီး သူတို့ထဲမှာ အင်မော်တယ်အစေခံတချို့လည်းပါဝင်လေသည်။

“ဘာတွေဖြစ်နေကြတာလဲ”

“မင်းမသိဘူးလား... ဂျူနီယာညီဆူရဲ့ အင်မော်တယ်အစေခံတစ်ယောက်က တက္ကသိုလ်မှာ လူတစ်ယောက်ကို တိုက်ခိုက်ခဲ့တယ်... တခြားသူတွေကိုသတိပေးတဲ့အနေနဲ့ စီနီယာအစ်ကိုဖန့်က ပေါ်လာပြီးတော့ အဲဒီအင်မော်တယ်အစေခံကို သတ်ဖို့လုပ်နေတာ”

“မင်းရဲ့သတင်းက သိပ်တော့မတိကျဘူး... စီနီယာအစ်ကိုဖန့်က တိုက်ခိုက်ပြီးသွားပြီလို့​ငါကြားတယ်... ဒါပေမဲ့ ဂျူနီယာညီဆူရဲ့ အင်မော်တယ်အစေခံမှာ ခုခံရေးဓမ္မရတနာတစ်ခု ရှိနေတဲ့ပုံပဲ... အဲဒါက တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးပေးပြီး သူ့အသက်ကို ကယ်တင်ပေးလိုက်တယ်”

ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်သွားလာနေသော ကျင့်ကြံသူများစွာရှိပြီး သူတို့က အသည်းအသန်ဆွေးနွေးပြောဆိုနေကြ၏။

ရင်ပြင်ပေါ်မှာ ကျင့်ကြံသူနှစ်အုပ်စုက အ​ချေအတင်ဖြစ်နေကြသည်။

တစ်ဘက်မှာ လူသုံးယောက်သာရှိပြီး သူတို့က မင်းသမီးသက်တံနီ၊ လျှိုဖျင်နှင့် ထောင်ယောင်တို့ဖြစ်၏။

အခြားတစ်ဘက်မှာတော့ ကြီးမားသောစွမ်းပကားတစ်ခုနှင့်အတူ လူပေါင်းထောင်ချီရှိနေ၏။ သူတို့၏ ခေါင်းဆောင်သည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်တွင် အဆင့်-၁၀ ဝင်သော တက္ကသိုလ်မှ အတွင်းဂိုဏ်း၏ နံပါတ်တစ် ဖန့်ချင်းယွင်ဖြစ်လေသည်။

ဖန့်ချင်းယွင်သည် အတွင်းဂိုဏ်းမှာ နှစ်ပေါင်းများစွာကျင့်ကြံခဲ့ပြီး အတွင်းဂိုဏ်း၏ နံပါတ်တစ်ဖြစ်လာခဲ့၏။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ့မှာနောက်လိုက်များစွာရှိလာခဲ့ပြီဖြစ်၏။

ဖန့်ချင်းယွင်သည် သူ၏ လက်ကို ဝေ့ယမ်းလိုက်သည်နှင့် အတွင်းဂိုဏ်းတပည့်များစွာက သူ့အမိန့်ကို နာခံကြပေလိမ့်မည်။

စီနီယာအစ်ကိုဖန့်... ရှင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ”

မင်းသမီးသက်တံနီက မေးလိုက်၏။

ဖန့်ချင်းယွင်၏ အမူအရာက မှင်သေသေဖြင့် ရှိနေ၏။

“အဲဒါက နင်နဲ့မဆိုင်ဘူး... နင့်နောက်က အစေခံကိုထုတ်ပေးလိုက်... ငါက ဒီနေ့ သူ့ကို သင်ခန်းစာတစ်ခု မပေးဘူးဆိုရင် တက္ကသိုလ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးက ဘာဖြစ်သွားမလဲ”

ထောင်ယောင်က မင်းသမီးသက်တံနီနှင့် လျှိုဖျင်၏ နောက်မှာ ထိတ်လန့်တကြားအမူအရာဖြင့် မတ်တတ်ရပ်နေ၏။

သူ၏ အပြုအမူသည် တက္ကသိုလ်မှာ ဤမျှအထိ ဂယက်ရိုက်သွားစေလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။

ဒါ့အပြင် စောစောက သူ့ခါးပေါ်ရှိ တံဆိပ်ပြားကြောင့် မဟုတ်လျှင် သူသည် ဖုန့်ချင်းယွင်သတ်လို့သေနေလောက်လေပြီ။

ထောင်ယောင်က သူ၏ ဘေးပတ်လည်မှ တဖြည်းဖြည်းတိုးလာသော ကျင့်ကြံသူများကိုကြည့်ပြီး စိတ်ထိခိုက်ခံစားရ၍ မအီမသာဖြစ်နေ၏။ သူက လျှိုဖျင်၏ အင်္ကျီလက်စကို ညင်သာစွာဆွဲနေ၏။

“ဖျင်ဖျင်... ငါ သခင်လေးအတွက်... ပြဿနာရှာမိပြီလား”

“အဲဒါမင်းအမှားမဟုတ်ဘူး... အရင်ဆုံးရန်စခဲ့တဲ့သူတွေက သူတို့တွေပဲ”

လျှိုဖျင်က ဖန့်ချင်းယွင်ကို ဒေါသတကြီးစိုက်ကြည့်ပြီး သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ကာ မေးခွန်းထုတ်လိုက်၏။

“စီနီယာအစ်ကိုဖန့်... စောစောက အမြုတေစိတ်ဝိညာဥ်ဌာနရဲ့ရှေ့မှာ ခင်ဗျားရဲ့အစေခံတွေက ထောင်ယောင်ကိုအရင်ရန်စပြီး ဆက်တိုက်စော်ကားပုတ်ခတ်ပြောဆိုခဲ့တာပဲ... အဲဒါကြောင့် သူက တိုက်ခိုက်ခဲ့ပြီး သူတို့ထဲကတစ်ယောက်ကို ထိမိသွားတာ”

“နောက်ပြီး ထောင်ယောင်က ဘာခွန်အားကိုမှ မသုံးခဲ့ဘူး... သူ့ကိုလည်း ဒဏ်ရာမရစေခဲ့ဘူး”

“အို...”

ဖန့်ချင်းယွင်က မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

“အဲတော့ဘာဖြစ်လဲ... တက္ကသိုလ်ရဲ့ စည်းမျဥ်းစည်းကမ်းတွေက ကိုယ့်သဘောနဲ့ကိုယ်တိုက်ခိုက်တာကို တားမြစ်ထားတယ်... တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေတောင် စည်းမျဥ်းစည်းကမ်းကိုဖောက်ဖျက်ရင် အပြင်းအထန်အပြစ်ပေးခံရလိမ့်မယ်... သူ့လိုမျိုးအစေခံတစ်ယောက်က တာဝန်ယူမှုတာဝန်ခံမှုကို ဘယ်လိုလုပ်ရှောင်လွှဲနိုင်မှာလဲ”

“အစေခံတစ်ယောက်က အရမ်းကိုမောက်မာပြီးတော့ တက္ကသိုလ်မှာ အခြားသူတွေကို ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တယ်... သူ့ရဲ့သခင်က အရမ်းကိုကြီးကျယ်မြင့်မြတ်နေတယ်လို့ သူထင်လို့လား”

ဖန့်ချင်းယွင်၏ နောက်ဆုံးစကားက တမင်ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေသည်မှာ သိသာလေသည်။

​ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများက ရင်တစ်ချက်ထိတ်သွားပြီး ပြောစရာ​စကားမဲ့သွားရ၏။

“စီနီယာအစ်ကိုဖန့်... ခင်ဗျားက ကျစ်စာခဲကို တောင်တစ်လုံးဖြစ်အောင် လုပ်ချင်နေတာလား”

လူအုပ်ကြားထဲမှ လူတစ်ယောက်က ခပ်တိုးတိုးပြောလိုက်၏။

“ရှူး...”

နောက်ထပ်လူတစ်ယောက်က သူ၏ ခေါင်းကို အလောတကြီးခါပြပြီး တစ်ဘက်လူကို တိတ်တိတ်နေရန်အချက်ပြလိုက်၏။ သူက အသံနှိမ့်၍ရှင်းပြလိုက်၏။

“မင်းနားမလည်ဘူးလား... စီနီယာအစ်ကိုဖန့်က ကျစ်စာခဲကို တောင်တစ်လုံးဖြစ်အောင် တကယ်ကို တမင်သက်သက်လုပ်နေတာပဲ”

ဖန့်ချင်းယွင်၏ တိုက်ခိုက်မှုသည် အစေခံကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ ဆူဇီမိုကိုဆိုတာ လူအများစုက နားလည်သဘောပေါက်နေကြပြီဖြစ်သည်။

လူအုပ်ကြားထဲမှာ တက္ကသိုလ်မှ တပည့်ဂိုဏ်းသားတစ်ယောက်က လှောင်ရယ်လိုက်၏။

“စီနီယာအစ်ကိုဖန့်ပြောတာမှန်တယ်... ငါတို့တွေက သူ့ကိုမဆုံးမဘဲ တခြားအစေခံတွေက တစ်ယောက်ပြီးတစ်ယောက် သူ့ကိုလိုက်ပြီးအတုခိုးမယ်ဆိုရင် တက္ကသိုလ်က ပရမ်းပတာဖြစ်လာလိမ့်မယ်”

“ငါ့အထင်တော့... အဲဒါ စီနီယာအစ်ကိုဆူက သူ့ကို ကောင်းကောင်းမသွန်သင်ထားလို့ပဲ”

“စီနီယာအစ်ကိုဆူက တက္ကသိုလ်ကိုဝင်ရောက်ကတည်းက အရမ်းကိုမောက်မာဝင့်ကြွားနေခဲ့တာ... သူ့ရဲ့အစေခံကလည်း အခုဒီလိုပုံစံမျိုးဖြစ်လာတယ်ဆိုတော့...”

လူအုပ်ကြားထဲမှာ တပည့်ဂိုဏ်းသားများစွာက အားပေးထောက်ခံလိုက်ကြပြီး ရုတ်ရုတ်သဲသဲဖြစ်လာစေ၏။

မင်းသမီးသက်တံနီက တစ်ချက်ဝေ့ကြည့်လိုက်ပြီး အရင်စတင်အားပေးထောက်ခံခဲ့သော လူတချို့သည် ဖန့်ချင်းယွင်၏ နောက်လိုက်များဖြစ်သည်ကို မှတ်မိသိရှိသွား၏။

သူတို့က အဲဒါကို ကြိုတင်စီစဥ်ထားကြခြင်းဖြစ်လေသည်။

“အဲဒါ..အဲဒါက.. ကျုပ်သခင်လေးရဲ့အမှားမဟုတ်ဘူး အဲဒါကျုပ်အမှားပဲ”

ထောင်ယောင်၏ မျက်နှာကနီရဲနေပြီး သူက ဘေးပတ်လည်မှ တပည့်ဂိုဏ်းသားများကိုကြည့်ပြီး ရှင်းပြဖို့ကြိုးစားနေ၏။

သို့သော်လည်း ဘေးပတ်ဝန်းကျင်က ဆူညံပွက်လောရိုက်နေပြီး မည်သူကမှ သူပြောသည်ကို မကြားပေ။ သူတို့က ကြားမည်ဆိုလျှင်တောင်မှ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများသည် လူ့အထက်တန်းလွှာများဖြစ်ပြီး သူတို့ကိုယ်သူတို့ မြင့်မြင့်မားမားသတ်မှတ်ထားကြလေသည်။

ဤလူများသည် အောက်ဘုံလောကကနေတက်လှမ်းလာသော ယန်လောရှုကိုပင် အရင်က အလေးအနက်ထားခဲ့ခြင်းမရှိပေ။

အစေခံတစ်ယောက်၏ သေခြင်းရှင်ခြင်းကို ဘယ်သူက ဂရုစိုက်နေမှာလဲ။

မင်းသမီးသက်တံနီနှင့် လျှိုဖျင်က အကြည့်ချင်းဖလှယ်ပြီး ချွေးပြန်လာကြ၏။

သူတို့နှစ်ယောက်မှာ မြင့်မားသော ကျင့်ကြံမှုနယ်ပယ်များမရှိဘဲ တက္ကသိုလ်၏ အတွင်းဂိုဏ်းမှာ သူတို့တွင် နောက်ခံအင်အားမရှိသလောက်နီးပါးပင်။ သူတို့သည် ဖန့်ချင်းယွင်၏​တိုက်ခိုက်မှုများကို လုံးဝမခုခံနိုင်ပေ။

“စီနီယာအစ်ကိုဖန့်... ကျုပ်မှားသွားပါတယ်”

ထောင်ယောင်က ရှေ့သို့ထွက်ရပ်ပြီး သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ သူ၏ နီရဲနေသော မျက်လုံးများထဲမှာ မျက်ရည်များက စိုစွတ်နေပြီး သူက ဖန့်ချင်းယွင်ကို ဦးညွှတ်ကာ တောင်းပန်နေ၏။

“အဲဒါတွေအားလုံးက ကျုပ်အမှားပါပဲ... ကျုပ်က စည်းမျဥ်းစည်းကမ်းတွေကို မသိခဲ့လို့ပါ... ကျေးဇူးပြုပြီး ကျုပ်သခင်လေးကို အပြစ်မတင်ကြပါနဲ့”

ထောင်ယောင်က ဖန့်ချင်းယွင်ကို ထပ်တလဲလဲဦးညွှတ်တောင်းပန်နေ၏။

“ဦးညွှတ်ပြီးတော့ တောင်းပန်ရုံပဲလား... ဘယ်လောက်တောင် မရိုးဖြောင့်လိုက်သလဲ”

“မင်းက ဦးညွှတ်တောင်းပန်လိုက်တာနဲ့ အပြစ်ပေးမှုကနေ လွတ်မြောက်သွားပြီလို့ထင်နေတာလား... တက္ကသိုလ်ရဲ့ စည်းမျဥ်းစည်းကမ်းတွေက ဟန်ပြသက်သက်ထားတာလို့ မင်းထင်လို့လား”

“တောင်းပန်တိုင်းသာအလုပ်ဖြစ်မယ်ဆိုရင် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲတစ်ယောက်ကို ငါတို့က ဘာလို့လိုအပ်နေဦးမှာလဲ”

“ဟားဟားဟားဟား”

အခြားတစ်ဘက်မှာရှိသော တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများစွာက တစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်​ပြောဆိုပြီး ထောင်ယောင်ကို ငုံ့ကြည့်နေကြ၏။ သူတို့၏ အကြည့်များက လှောင်ပြောင်သရော်လိုမှုနှင့် အထင်အမြင်သေးမှုတို့နှင့် ပြည့်နှက်နေပြီး သူတို့က ကျယ်လောင်စွာရယ်မောနေကြ၏။

“ထောင်ယောင်... ထတော့”

ထိုစဥ်မှာပင် လူတစ်ယောက်က ထောင်ယောင်၏ ဘေးမှာ ပေါ်လာပြီး သူ့ကို ကူညီဖေးမလိုက်၏။

All Chapters