← Chapters

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 165 Ch. 2470

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 165 Ch. 2470

“သတ်..”

ပကတိမိုးကြိုးမြို့တော်၏ ကောင်းကင်အင်မော်တယ်ပညာရှင်များက အော်ဟစ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက်တိုက်ခိုက်ကာ ကြီးမားသော တိုက်ပွဲတစ်ခုကို ပေါ်ထွက်လာစေ၏။

ဆူဇီမို၏ အော်ရာက သိပ်သည်းအားကောင်းလာပြီး သူ၏ နှာရောင်ထဲကနေ စာအုပ်တစ်အုပ်က ရုတ်တရက် ပျံသန်းထွက်ပေါ်လာ၏။ အဲဒါက အစိမ်းရင့်ရောင်အလင်းတစ်ခုဖြင့် ပြည့်နှက်နေပြီး ခန္ဓာကိုယ်တစ်ခုအဖြစ် လျင်မြန်စွာစုဖွဲ့သွား၏။

သို့သော်လည်း ထိုခန္ဓာကိုယ်က အနည်းငယ်ထူးဆန်းသည့်ပုံပေါ်နေ၏။ အဲဒါသည် နဂါးတစ်ကောင်၏ ဦးခေါင်းနှင့် ဖီးနစ်တစ်ကောင်း၏ အမြီးနှင့်အတူ နဂါးဖီးနစ်တစ်ကောင်နှင့် ဆင်တူနေ၏။ ၎င်း၏ ဦးချိုများက ငွားငွားစွင့်စွင့်ဖြစ်ပြီး ၎င်း၏ လက်သည်းများက ထက်ရှ၍ အေးစက်စက်အလင်းရောင်နှင့် တလက်လက်တောက်ပနေ၏။

ထိုခန္ဓာကိုယ်၏ နောက်ကျောပေါ်မှာ ဧရာမတောင်ပတစ်စုံရှိနေ၏။

ကမ္ဘာဦးခန္ဓာကို စုဖွဲ့ဖို့အတွက် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကိုအသုံးချသည့်အခါ ဆူဇီမိုသည် ပုံသဏ္ဌာန်ကို အလိုရှိသလိုပြောင်းလဲနိုင်၏။

သူ့အတွက်တော့ တဗူးနဂါးဖီးနစ်က ရင်းနှီးကျွမ်းဝင်မှုအရှိဆုံးဖြစ်သည်။

ဆူဇီမိုသည် တစ်ခါက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကိုယ် ပိုင်ဆိုင်ခဲ့ဖူးပြီး တဗူးနဂါးဖီးနစ်၏ တိုက်ခိုက်ရေးအတတ်များအားလုံးနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလေသည်။

ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကနေ စုဖွဲ့ထားသော ကမ္ဘာဦးခန္ဓာသည် အမြုတေစိတ်ဝိညာဥ်မပါရှိသည့်အတွက် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ် သို့မဟုတ် နတ်ဘုရားစွမ်းအားများကို မထုတ်ဖော်နိုင်ပေ။ သို့သော်လည်း ကမ္ဘာဦးခန္ဓာသည် ဖျက်ဆီး၍မရနိုင်ဘဲ တဗူးနဂါးဖီးနစ်တစ်ကောင်၏ ပုံပန်းသဏ္ဌာန်အဖြစ် အသွင်ပြောင်းလဲထား၏။ အနီးကပ်တိုက်ခိုက်ရည်မှာ ၎င်းသည် အလွန်တရာ ကြောက်စရာကောင်းသော သေစေနိုင်စွမ်းအားတစ်ရပ်ကို ထုတ်ဖော်နိုင်၏။

ဆူဇီမိုသည် နဂါးဖီးနစ်ကိုထိန်းချုပ်ကာ အတွေးတစ်ချက်နှင့်အတူ လူအုပ်ကြီးထဲသို့ ဝင်ရောက်သွားစေ၏။

နတ်ဘုရားလက်နက်များက လေထဲမှာတစ်ခုပြီးတစ်ခုယှက်ဖြာပြီး မလှုပ်ရှားနိုင်သော ထောင်ချောက်တစ်ခုအဖြစ်ယှက်ဖြာကာ နဂါးဖီးနစ်ပေါ်ကို အုပ်မိုးလာခဲ့၏။

နဂါးဖီးနစ်တောင်ပံများက တဖျတ်ဖျတ်ခတ်၍ ၎င်း၏ လှုပ်ရှားမှုနည်းစနစ်က တစ်မူထူးခြားစွာ ပေါ့ပါးဖျတ်လတ်နေ၏။ ၎င်းသည် အးစစ်အမှန်နဂါးလျှပ်စီးကိုးချက်၏ လျှို့ဝှက်အတတ်ကို ဆက်တိုက်ထုတ်ဖော်ကာ မထိုးဖောက်နိုင်သော ထောင်ချောက်ထဲမှာ အက်ကွဲကြောင်းတစ်ခုကို ရှာဖွေပြီး ဖြတ်ကျော်လာခဲ့၏။

အဲဒါက တကယ့်ကို သဘောကျစရာကောင်းသော ခံစားချက်တစ်ခုဖြစ်၏။

ထိုအခိုက်အတန့်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ့ဘေးသို့ ပြန်လည်ရောက်ရှိလာသည့်အလားပင်။

နဂါးဖီးနစ်သည် နတ်ဘုရားလက်နက်များ၏ ဟန့်တားမှုကနေ ဖောက်ထွက်ပြီး တစ်ခဏချင်းမှာပင် လူအုပ်ကြီးထဲသို့ ဝင်ရောက်သွား၏။

ဖောက် ဖောက် ဖောက်...

အနိမ့်တန်းကောင်းကင်အင်မော်တယ်တချို့သည် အဲဒါကိုခံနိုင်ရည်မရှိဘဲ နဂါးဖီးနစ်၏ ပစ်တိုက်မှုမှာ ကျိုးကြေမွသွားကြ၏။

သွေးမြူများက လေထဲမှာဖိတ်စင်ပြန့်ကျဲသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက နေရာမှာပင်ဖျက်ဆီးခံလိုက်ရ၏။

ရွှစ်...

နဂါးဖီးနစ်နှင့် အနီးဆုံးမှာရှိသော ကောင်းကင်အာဏာပါးကွက်သားအစောင့်တပ်သားတစ်ယောက်က လက်ပြန်လှည့်၍ ခုတ်ပိုင်းပြီး မြောက်မြားလှစွာသော ဆေဘာအလင်းတန်းများကို ချက်ချင်းပင် ထွက်ပေါ်လာစေ၏။

ဆေ​ဘာက ခုတ်ပိုင်း​ကျဆင်းလာစဥ် အဆုံးမဲ့ညှင်းပန်းနှိပ်စက်မှုက တိုက်ခိုက်လာသည့်အလား သတ်ဖြတ်လိုစိတ်က ဆင်းသက်၍ ပုံရိပ်ဖြစ်စဥ်များစွာက ဘေးပတ်ဝန်းကျင်မှာ ပေါ်ထွက်လာ၏။

တိုက်ခိုက်လိုက်သော အာဏာပါးကွက်သား အစောင့်တပ်သားသည်လည်း ကောင်းကင်အင်မော်တယ်တစ်ဦးဖြစ်၏။ ထိုခုတ်ချက်ကနေ ထုတ်ဖော်လိုက်သော ဆေဘာစိတ်ဆန္ဒက အန္တိမနတ်ဘုရားစွမ်းအားများနှင့် ယှဥ်နိုင်လေသည်။ သို့သော်လည်း နဂါးဖီးနစ်မှာ အမြု​တေစိတ်ဝိညာဥ်၊ အသားနှင့် သွေးတို့ မရှိသည့်အတွက် ၎င်းက ဆေဘာစိတ်ဆန္ဒကို လုံးဝအာရုံမခံနိုင်ပေ။

ရွှစ်...

ဖျတ်ခနဲဆို နဂါးဖီးနစ်က ထိုသူ၏ ရင်ဘတ်ကို ပစ်တိုက်ချလိုက်၏။ ဧရာမလက်သည်းများက အာဏာပါးကွက်သားအစောင့်တပ်သား၏ ချပ်ဝတ်တာန်ဆာကို ထိုးဖောက်ပြီး သူ့ကို နှစ်ပိုင်းဆွဲဖြဲလိုက်၏။

အာဏာပါးကွက်သား အစောင့်တပ်သား၏ အမြုတေစိတ်ဝိညာဥ်က ထိတ်လန့်တကြားအမူအရာဖြင့် သူ၏ ခန္ဓာကိုယ်ထဲကနေထွက်ခွာပြီး ဤနေရာကနေ ထွက်ပြေးချင်လေသည်။

သို့သော်လည်း အရိပ်တစ်ခုက သူ့ကိုလွှမ်းခြုံသွားပြီး နဂါးဖီးနစ်က ကိုက်ချက်တစ်ချက်တည်းဖြင့် သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဝါးမျိုပစ်လိုက်၏။

နောက်ထပ်ကောင်းကင်အင်မော်တယ်ပညာရှင်တစ်ဦးသည် ယခုတင်ရှေ့သို့ပြေးတက်လာစဥ် နဂါးဖီးနစ်၏ တောင်ပံများက အေးစက်စက်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏ ခေါင်းကို နှစ်ပိုင်းလှီးဖြတ်ချလိုက်၏။

နောက်ထပ်လူတစ်ယောက်က နေရာမှာပင် သေဆုံးသွားပြန်၏။

ဆူဇီမိုက စိတ်အားမာန်တက်ကြွလာ၏။

သူသည် နဂါးဖီးနစ်ခန္ဓာကိုယ်နှင့် အလွန်တရာရင်းနှီးကျွမ်းဝင်မှုရှိလေသည်။

တကယ်ဆို သူသည် ဤခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့အတွက် အသိစိတ်များစွာကိုပင် အသုံးမပြုရပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် တစ်ခါက သူနှင့်အတူ ထျန်ဟွမ်ကုန်းမြေတိုက်ကို စိုးမိုးခဲ့ဖူး၏။

ဤနဂါးဖီးနစ်၏ တိုက်ခိုက်ရေးအတွေ့အကြုံများအားလုံးသည် သူ၏ မှတ်ဉာဏ်များထဲမှာ နက်ရှိုင်းစွာစွဲထင်နေသည့် ဗီဇတုံ့ပြန်မှုတစ်ခုလိုဖြစ်နေ၏။

ဒါ့အပြင် နဂါးဖီးနစ်သည် ရတနာသူတော်စင်ကျောက်စိမ်းကျမ်း ခန္ဓာမီးဆေး တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုကနေ အရင်းခံလာခဲ့၏။ ၎င်းပြုလုပ်လိုက်သော လှုပ်ရှားမှုတိုင်းသည် အလွန်တရာစွမ်းအားကြီးမားသောအင်အားတစ်ရပ်ကို ထုတ်ဖော်နိုင်ပြီး ၎င်း၏ ခန္ဓာကိုယ်က ဖျက်​ဆီး၍မရနိုင်ပေ။

နဂါးဖီးနစ်က လူအုပ်ကြားထဲသို့ပြေးဝင်သွားပြီး ဘယ်သို့ညာသို့ ပြေးဝင်လှုပ်ရှားကာ ဤကောင်းကင်အင်မော်တယ်ပညာရှင်များ အရင်က တစ်ခါမှ မမြင်ဖူး မကြားဖူးသည့် သတ်ဖြတ်ခြင်းနည်းစနစ်များစွာကို ထုတ်ဖော်နေ၏။

“ခေါင်းသုံးလုံးလက်ခြောက်ဖက်...”

အခြားတစ်ဘက်မှာ ဆူဇီမိုကလည်း ထိန်ချန်ထားခြင်း မရှိပေ။ အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားနှင့် ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်၏ အားဖြည့်ထောက်ပံ့မှုနှင့်အတူ သူက နောက်ထပ်အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

ခေါင်းသုံးလုံးလက်ခြောက်ဖက်က ပေါ်ထွက်လာ၏။

ရွှစ်... ရွှစ်... ရွှစ်..

ဆူဇီမို၏ လက်သုံးဖက်မှာ သူသည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၊ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်နှင့် အမြီးခြောက်ချောင်း ဖီးနစ်ငှက်မွေးယပ်တောင်တို့ကို ကိုင်ဆွဲကာ ပကတိမိုးကြိုးမြို့တော်မှ ကောင်းကင်အင်မော်တယ်များကို တိုက်ခိုက်နေ၏။

သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို သာမန်ကာလျှံကာ ပစ်ထုတ်လိုက်သည့်အခါ ၎င်းနှင့် ထိတွေ့ရိုက်ခတ်မိသော မည်သည့်ဓမ္မရတနာမဆို အောက်သို့ပစ်ရိုက်ချခံလိုက်ရ၏။

ဓမ္မရတနာများ၏ အရောင်အဝါက မှေးမှိန်၍ သူတို့ပေါ်ရှိ အမြုတေချီကလည်း ပျက်ပြယ်သွား၏။

သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးသည် လေထဲမှာ အစိမ်းရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ဓမ္မရတနာများစွာကို ရိုက်ချကာ တချွင်ချွင်အသံများ ထွက်ပေါ်နေ၏။

ဓမ္မရတနာများက လေထဲကနေ မိုးပေါက်များကဲ့သို့ အဆက်မပြတ်ပြုတ်ကျလာနေ၏။

ကောင်းကင်အင်မော်တယ်များစွာက တုန်လှုပ်လာကြသည်။

ပကတိကောင်းကင်အဆင့်နှင့် မူလကောင်းကင်အဆင့် ဓမ္မရတနာအချို့သည် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ ရိုက်ခတ်မှုကို ခုခံနိုင်လေသည်။ သူတို့သည် လေထဲကနေပြုတ်ကျလာသော်လည်း သူတို့၏ ဓမ္မရတနာများက အကောင်းတိုင်းကျန်ရှိနေနိုင်သေး၏။

သို့သော်လည်း အလယ်အလတ်ကောင်းကင်အဆင့်နှင့် သာလွန်အဆင့်ဓမ္မရတနာများသည် ၎င်းကိုမခုခံနိုင်ဘဲ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကြောင့် ချက်ချင်းပင် ချို့ယွင်းပျက်စီးသွားကြ၏။

သူတို့ထဲမှ အချို့က အပိုင်းပိုင်းကြေမွသွား၏။

ထိပ်တန်းကောင်းကင်အဆင့် ဓမ္မရတနာများပင် သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိပေ။

ဆူဇီမိုက လူအုပ်ကြားထဲသို့ ပြေးဝင်သွားပြီး အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကို ဝေ့ယမ်းလိုက်၏။

၎င်းပေါ်ရှိ ချည်မျှင်သုံးထောင်က ဖြန့်ကြက်သွားပြီး ကောင်းကင်အင်မော်တယ်များစွာကို လွှဲရိုက်ကာ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် နောက်ပြန်လန်ကျသွားစေ၏။

ချည်မျှင်သုံးထောင်မှာပါဝင်သော စွမ်းအားက နူးညံ့ပျော့ပြောင်းမှုနှင့် မာကြောမှုကြား တစ်လှည့်စီပြောင်းလဲနေ၏။

အလွန်တရာနူးညံ့သိမ်မွေ့လာစဥ် သူတို့သည် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များကို ရစ်ပတ်ပြီး သူတို့ကို သေသည့်တိုင်အောင် ဖျစ်ညှစ်လိုက်လေသည်။

အလွန်တရာမာကြောလာစဥ်မှာ သူတို့သည် နတ်ဘုရားလက်နက်များစွာကို ခြေမွှဖျက်ဆီးပစ်နိုင်၏။

ဝှစ်...

အမြီးခုနှစ်ချောင်း ဖီးနစ်ငှက်မွေးယပ်တောင်က တဖျပ်ဖျပ် ခတ်နေပြီး ဖီးနစ်အော်သံတစ်သံက ထွက်ပေါ်လာ၏။

ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်ပြီး အဲဒါကို အမြီးခုနှစ်ချောင်း ဖီးနစ်ငှက်မွေးယပ်တောင်​ထဲသို့ ထိုးသွင်းကာ ယပ်တောင်၏ စွမ်းအားနှင့် အပြန်အလှန်တုံ့ပြန်လာစေ၏။ မရေမတွက်နိုင်သော မီးတောက်များက စုစည်းလာပြီး မီးများကြားကနေ နတ်ဖီးနစ်တစ်ကောင်က မွေးဖွားပေါ်ထွက်လာကာ လူအုပ်ကြားထဲသို့ ပြေးဝင်သွား၏။

အား... အား... အား...

တိုက်ပွဲနယ်မြေမှာ ရုန်းရင်းဆန်ခတ်ဖြင့် စူးစူးဝါးဝါးအော်သံများက ထွက်ပေါ်လာ၏။

ပုံရိပ်များစွာသည် နတ်ဖီးနစ်ဖြင့် ထိခတ်ခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များက မီးတောက်များဖြင့် လောင်ကျွမ်းကာ လေထဲမှာ လှုပ်ရှားရုန်းကန်နေကြ၏။

ဆူဇီမို၏ ကျန်လက်သုံးဖက်ကလည်း သည်အတိုင်းမနေပေ။

“သတ်ဖြတ်ခြင်းစာလုံးပညာရပ်”

“ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်”

“လောင်ကျွမ်းကောင်းကင်ဆူပွက်ပင်လယ်”

“ပါရမီတံတား”

“​ခြေလှမ်းတိုင်းမှာကြာပန်း”

“....”

အချိန်တိုအတွင်းမှာ အန္တိမနတ်ဘုရားစွမ်းအားများစွာက ဆက်တိုက်ထွက်ပေါ်လာပြီး ပကတိမိုးကြိုးမြို့တော်၏ ကောင်းကင်အင်မော်တယ်များစွာအပေါ် လွှမ်းခြုံလာစေသည့် ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားမုန်တိုင်းတစ်ခုက ပေါ်ထွက်လာ၏။

ဘုန်း... ဘုန်း... ဘုန်း...

ပကတိမိုးကြိုးမြို့တော်၏ ကောင်းကင်အင်မော်တယ်များစွာသည် သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အလောတကြီးထုတ်ဖော်ပြီး ခုခံလိုက်ကြ၏။

သို့သော်လည်း ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အဆင့်ကို ကျော်လွန်နေခဲ့ပြီဖြစ်၏။

အဲဒါကို ထုတ်ဖော်သည့်အခါ ထိုအန္တိမနတ်ဘုရားစွမ်းအားများ၏ စွမ်းအားသည် သူနှင့်အဆင့်တူများကြားမှာ များစွာကျော်လွန်နေ၏။

ကောင်းကင်အင်မော်တယ်ပညာရှင်များစွာက အဲဒါကို လုံးဝမခုခံနိုင်ကြပေ။

ဖောက်... ဖောက်... ​ဖောက်...

လူတချို့သည် လောင်ကျွမ်းကောင်းကင်ဆူပွက်ပင်​လယ်ကနေ ရှင်သန်နိုင်ခဲ့သော်လည်း သူတို့သည် သူတို့၏ အောက်ဘက်က​နေ ပေါ်ထွက်လာသည့် ပြိုးပြိုးပြက်ပြက် ကြာပန်းများကို မရှောင်တိမ်းနိုင်တော့ပေ။

သူတို့၏ ခန္ဓာကိုယ်များက ကြေမွသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ဖျက်ဆီးခံလိုက်ရ၏။

လူတချို့သည် ပါရမီတံတားကို ခုခံနိုင်ခဲ့သော်လည်း သူတို့သည် သတ်ဖြတ်ခြင်းစာလုံးပညာရပ်၏ ရိုက်ခတ်မှုကို မခုခံနိုင်ကြပေ။

ကောင်းကင်အင်မော်တယ်များစွာ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမို၏ ဦးခေါင်းထက်ရှိ ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်က ပျက်ပြယ်လာတော့မည့်ဆဲဆဲဖြစ်၏။

ထိုစဥ်မှာပင် သန်းပေါင်းများစွာသောကြယ်များက ကသောင်းကနင်းဖြစ်လာခဲ့၏။

သိပ်သည်းပြင်းထန်သောသတ်ဖြတ်လိုစိတ်က ပကတိမိုးကြိုးမြို့တော်မှာ ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်ကာ လောကတစ်ခုလုံးကို တုန်လှုပ်သွားစေ၏။

ဝုန်း...

ပကတိမိုးကြိုးမြို့တော်၏ မြေပြင်ကလည်း ပြင်းထန်စွာတုန်ခါလာခဲ့၏။ မြေပြင်က အက်ကွဲသွားပြီး အလွန်တရာ သိပ်သည်းပြင်းထန်ကြီးမားသော သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်ပေါ်လာ၏။

ပကတိမိုးကြိုးမြို့တော်တစ်ခုလုံးသည် ကမ္ဘာဖျက်ကပ်ဘေးနိမိတ်ဖြစ်စဥ်များဖြင့် ဆက်တိုက်လွှမ်းခြုံခံလိုက်ရ၏။

ကောင်းကင်သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာသည့်အခါ ကြယ်များက နဂိုနေရာကနေ ရွေ့လျားကုန်ပေလိမ့်မည်။

ကမ္ဘာမြေ​၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာသည့်အခါ နဂါးမြွေတို့က ပေါ်ထွက်လာပေလိမ့်မည်။

All Chapters