ဝိညာဥ်ရှာဖွေခြင်း
Vol. 165 Ch. 2468
ဧရာမလက်ဖဝါးတစ်ဖက်သည် ကောင်းကင်တစ်ခွင်အုပ်မိုး၍ ဆူဇီမိုနှင့် သူဦးခေါင်းထက်ရှိ ကြယ်အလင်းရောင်ပေါင်းများစွာကို ကြောက်စရာကောင်းသောစွမ်းပကားတစ်ခုနှင့်အတူ ဖမ်းဆွဲလာခဲ့၏။
ကောင်းကင်အာဏာပါးကွက်သားအစောင့်တပ်သားများ၏ ခေါင်းဆောင်တပ်မှူးအနေဖြင့် အထီးကျန်ကြယ်သည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်တွင် စာရင်းမဝင်သော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက အလွန်တရာတုန်လှုပ်စရာကောင်းလေသည်။
“သေစမ်း”
သူ့ကိုလှည့်မကြည့်ဘဲ ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး အန္တိမနတ်ဘုရားစွမ်းအား တဒင်္ဂအခိုက်အတန့်နှင့်အတူ တုံ့ပြန်တိုက်ခိုက်လိုက်၏။
ဤနေရာမှာပေါ်ထွက်လာခဲ့ပြီဆိုမှတော့ သူသည် ထိန်းမနိုင်သိမ်းမရ စွမ်းပကားတစ်ခုနှင့်အတူ ယွမ်ကျောနှင့်အထီးကျန်ကြယ်ကို ဖိနှိမ်ချင်လေသည်။
ဤနေရာမှာတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ကြီးမားသည့်ရုတ်ရုတ်သဲသဲအခြေအနေက မြို့တော်အရှင်ဂေဟာထဲရှိ ကောင်းကင်အင်မော်တယ်များကို သတိဝင်သွားစေပြီဖြစ်သည်။
သိပ်မကြာခင် ပကတိမိုးကြိုးမြို့တော်မှ ပညာရှင်များအားလုံးသည် ဤနေရာမှာ စုစည်းရောက်ရှိလာပြီး အခြားသော အလှည့်အပြောင်းများပေါ်ထွက်လာဖို့က မလွဲမသွေပင်။
အထီးကျန်ကြယ်သည် သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။
သူသည် တဒင်္ဂအခိုက်အတန့်၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို မမြင်တွေ့ခဲ့ဖူးသော်လည်း ဆူဇီမိုက ထိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီးနောက် တစ်စုံတစ်ရာလွဲမှားနေသည်ကို သူက နားလည်သိရှိသွား၏။
အထီးကျန်ကြယ်က ဆူဇီမိုကို တိုက်ခိုက်ခြင်းကို အလောတကြီးရုပ်သိမ်းပြီး လေထဲရှိ ကြယ်ခူးဆွတ်လက်ကို အတင်းအကျပ်ပြန်ဆွဲယူကာ တဒင်္ဂအခိုက်အတန့်၏ စွမ်းအားကို ခုခံလိုက်၏။
ဘန်း...
အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုက ထိတွေ့ရိုက်ခတ်ပြီး ဘယ်သူက ပိုမိုသန်မာသည်ကို ပြောဖို့ခက်လေသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ထူးဆန်းသောဗုံသံတစ်သံက ခန်းမထဲမှာ ထွက်ပေါ်လာ၏။
ဒုံ...
သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား အထီးကျန်ကြယ်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ မျက်လုံးများက ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်လာခဲ့၏။
သူ၏ ဘဝသက်တမ်းက ကြောက်စရာကောင်းသောအလျင်အဟုန်ဖြင့် လျော့ကျလာနေပြီး အဲဒါကို တားဆီး၍ မရနိုင်ပေ။
ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာတုန်းက ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးသုံးယောက်ထဲဝင်သော ကောင်းကင်အင်မော်တယ်ပိုင်ယုသည် အန္တရာယ်ကို နားလည်သိရှိ၍ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကို ဆက်တိုက်ထုတ်ဖော်ခဲ့ပြီးနောက် ဘဝသက်တမ်းနှစ်ပေါင်းသိန်းချီကို ဆုံးရှုံးခဲ့ရသေး၏။
အထီးကျန်ကြယ်သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုသာ ထုတ်ဖော်ထား၏။ သူသည် ဆူဇီမို၏ တဒင်္ဂအခိုက်အတန့်ကို ခုခံနိုင်စရာအကြောင်းမရှိပေ။
'ဒီနေရာမှာ ငါသေရတော့မှာပဲ'
ထိုအတွေးတစ်ခုကသာ အထီးကျန်ကြယ်၏ စိတ်ထဲမှာ ပေါ်ထွက်လာ၏။
ကြွယ်ဝူယင်းကဲ့သို့ ထိပ်သီးပကတိအင်မော်တယ်ပညာရှင်တစ်ဦးပင်လျှင် တဒင်္ဂအခိုက်အတန့်အောက်မှာ ကြီးမားစွာပျက်စီးထိခိုက်ခဲ့ရသည်ကို သူသိထားမည်ဆိုလျှင် သူသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကိုသာ သေချာပေါက်ထုတ်ဖော်လိမ့်မည်မဟုတ်ပေ။
ကံဆိုးစွာနှင့်ပင် ကြွယ်ဝူယင်းနှင့် ဆူဇီမိုကလွဲလျှင် ဤကိစ္စကို အခြားမည်သူကမှ မသိခဲ့ကြပေ။
တစ်ခဏချင်းမှာပင် အထီးကျန်ကြယ်၏ ရုပ်ရည်သွင်ပြင်က အရမ်းကိုအိုစာလာပြီး သူက အချိန်ဆေဘာဖြင့် ခုတ်ပိုင်းခံလိုက်ရသည့်အလား သူ၏ မျက်နှာပေါ်တွင် ပါးရေနားရေအတွန့်ကြောင်းများစွာ ပေါ်ထွက်လာ၏။
သူ၏ ဆံပင်များက ဖြူလာပြီး သူ၏ မျက်လုံးများက ဝေဝါးလာကာ သူ၏ အသက်ဓာတ်အားက လျော့ကျလာခဲ့၏။
ဆူဇီမိုက တစ်ယောက်တည်းလာသည်ကို တွေ့ခဲ့ရစဥ်က မင်းသားယွမ်ကျောသည် အစက အလွန်တရာယုံကြည်မှုရှိနေခဲ့၏။
သို့သော်လည်း အထီးကျန်ကြယ်ဖြစ်သွားသည့်အရာကို တွေ့မြင်သောအခါ သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
အထီးကျန်ကြယ်သည် မလှမ်းမကမ်းမှာ ဆူဇီမိုနှင့် တစ်ယောက်တည်းရင်ဆိုင်ရတော့မည့် မင်းသားယွမ်ကျောကို ကြည့်လိုက်၏။ သူက သူ၏ နောက်ဆုံးလက်ကျန်ခွန်အားကို အသုံးပြုပြီး သူ၏ လက်ထဲရှိ သတင်းပို့အဆောင်နှစ်ခုကို ဆုတ်ဖြဲလိုက်၏။
အဆောင်တစ်ခုသည် ပကတိမိုးကြိုးမြို့တော်က တိုက်ခိုက်မှုအောက်မှာ ကျရောက်နေသည်ကို အစိမ်းရောင်တိမ်စိုင်တိုင်းပြည်တစ်ခုလုံးကို သတင်းပေးဖို့နှင့် ပကတိအင်မော်တယ်များထံမှ အင်အားအကူကို တောင်းခံဖို့ဖြစ်လေသည်။
ဒုတိယအဆောင်က မင်းသားကိုကယ်ဖို့ ဤနေရာကို အသည်းအသန်လာရောက်ကြရန် ပကတိမိုးကြိုးမြို့တော်မှ ကောင်းကင်အင်မော်တယ်ပညာရှင်များအားလုံးကို သတင်းပေးဖို့ ဖြစ်လေသည်။
သတင်းပို့အဆောင်နှစ်ခုကကြေမွသွားပြီး ဂမ္ဘီရအလင်းတန်းနှစ်ခုအသွင်ပြောင်းလဲကာ လေဟာနယ်ထဲသို့ ချက်ချင်းပင်ဝင်ရောက်သွား၏။
အထီးကျန်ကြယ်၏ ဘဝသက်တမ်းကလည်း ကုန်ခန်းသွားပြီး သူက မြေပြင်ပေါ်ကို ပျော့ခွေစွာ လဲကျကာ သေဆုံးသွားလေသည်။
အာဏာပါးကွက်သားအစောင့်တပ်သားများ၏ ခေါင်းဆောင်တပ်မှူးတစ်ယောက်သည် ဆူဇီမိုထံမှ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြင့် သတ်ဖြတ်ခံလိုက်ရ၏။
ဖြစ်စဥ်တစ်လျှောက်လုံးမှာ မင်းသားယွမ်ကျောထံသို့သွားရာ ဆူဇီမို၏ အလျင်အဟုန်က လုံးဝလျော့ကျမသွားပေ။
အထီးကျန်ကြယ်သေဆုံးသွားချိန်မှာ ဆူဇီမိုက မင်းသားယွမ်ကျော၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
“ခုတ်ပိုင်းလိုက်စမ်း”
မင်းသားယွမ်ကျောက သူ၏ သွေးချီကိုထုတ်ဖော်ပြီး ဆေဘာနှင့် ဓားနှင့်အတူ ဆူဇီမိုကို ရက်ရက်စက်စက်ခုတ်ပိုင်းချလိုက်၏။
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ မင်းသားယွမ်ကျော၏ ပကတိကောင်းကင်အဆင့် ဓမ္မရတနာနှစ်ခုကို လက်ဗလာဖြင့် ဖမ်းဆွဲလိုက်၏။
ဆေဘာနှင့်ဓားသည် ဆူဇီမို၏ လက်ထဲမှာ စွဲမြဲစွာ ကပ်ငြိသွားပုံရ၏။ မင်းသားယွမ်ကျောက သူ၏ ခွန်အားကို ဘယ်လောက်ပင်ထုတ်ဖော်သည်ဖြစ်စေ သူက ဆူဇီမိုကို သတ်ဖြတ်ဖို့နေနေသာ သူ၏ လက်နက်များကိုပင် ပြန်ဆွဲမယူနိုင်ပေ။
အဆင့်-၁၁ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာမှာ အလွန်တရာသန်မာသော အခြေခံအုတ်မြစ်တစ်ခုနှင့် ချို့ယွင်းချက်ကင်းမဲသော ကိုယ်ကာယတစ်ခုရှိလေသည်။ သူ၏ ခွန်အားက တုန်လှုပ်စရာကောင်းပြီး ဖျက်ဆီး၍မရနိုင်ပေ။
နောက်ပိုင်းမှာ ဆူဇီမိုသည် ဗလာနယ်မိုးကြိုးကျမ်း၊ နတ်ဆင်အသက်ရှုခြင်းနည်းစနစ်နှင့် တဗူးနည်းစနစ်တစ်ခုဖြစ်သော ရတနာသူတော်စင်ကျောက်စိမ်းကျမ်း အပါအဝင် စွမ်းအားကြီးမားသော နောက်ထပ် ခန္ဓာမီးဆေးကျင့်ကြံရေးနည်းစနစ်တချို့ကို ရရှိထားခဲ့၏။
ထိုကျင့်ကြံရေးနည်းစနစ်များထဲမှ တစ်ခုချင်းစီသည် လူတစ်ယောက်၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယကို သူတို့၏ အထွတ်အထိပ်ထိ ကျင့်ကြံစေနိုင်လေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အခြေခံအုတ်မြစ်ကို ထိပ်တန်းအဆင့် ခန္ဓာမီးဆေးကျင့်ကြံရေးနည်စနစ်သုံးခုဖြင့် တည်ဆောက်ထား၏။ သူ၏ သွေးချီကို အသုံးပြုခြင်းမရှိလျှင်တောင် သူ၏ ခန္ဓာကိုယ်က ပြီးပြည့်စုံလုနီးပါးဖြစ်လေသည်။
မင်းသားယွမ်ကျော၏ လက်ထဲရှိ ဆေဘာနှင့်ဓားက ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုပင် မယှဥ်နိုင်ပေ။
အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည်အထိ ကျင့်ကြံထားသော ဆူဇီမိုသည် သူ့ကိုခြိမ်းခြောက်ဖို့ လုံလောက်အောင်သန်မာနေပြီဖြစ်ကြောင်း ထိုအခိုက်အတန့်မှသာ မင်းသားယွမ်ကျောက နားလည်သိရှိလာခဲ့၏။
“ထွက်ပြေးရမယ်”
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မင်းသားယွမ်ကျောက သူ့လက်ထဲရှိ ဆေဘာနှင့်ဓားကို ပစ်ထုတ်ပြီး လှည့်ထွက်ပြေးလိုက်၏။
သူသည် ခဏမျှအချိန်ဆွဲထားနိုင်သည်နှင့်အမျှ မြို့တော်အရှင်ဂေဟာထဲရှိ ကောင်းကင်အင်မော်တယ်ပညာရှင်များ၊ ပကတိမိုးကြိုးမြို့တော်၏ အာဏာပါးကွက်သား အစောင့်တပ်သားများနှင့် ကောင်းကင်အင်မော်တယ်အစောင့်တပ်သားများက ဤနေရာကို ရောက်ရှိလာပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ဆူဇီမိုက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်၏။ ထိုအချိန်ကျလျှင် သူ့ထံမှ အမိန့်တစ်ချက်ဖြင့် ဆူဇီမိုသည် များစွာသော ကောင်းကင်အင်မော်တယ်များ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်း ခံရပေလိမ့်မည်။
ဆူဇီမိုသည် အဲဒါကို ခုခံနိုင်စရာအကြောင်းမရှိပေ။
ဒါ့အပြင် အထီးကျန်ကြယ်သည် ယခုတင် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ထံ သတင်းတစ်ခုကို ပို့ပေးခဲ့ပြီဖြစ်၏။ သိပ်မကြာခင် သူ့ကို အကူအညီပေးမည့် ပကတိအင်မော်တယ်ပညာရှင်များ ရောက်ရှိလာပေလိမ့်မည်။
ထိုသို့ဖြစ်လာစေဖို့ မဖြစ်မနေလိုအပ်ချက်တစ်ခုမှာ သူသည် လောလောဆယ် ဆူဇီမို၏ လက်ကနေ ရုန်းထွက်နိုင်ဖို့ဖြစ်၏။
“ထွက်ပြေးမလို့လား”
ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သူ၏ လက်ထဲရှိ ဆေဘာနှင့်ဓားကို ပစ်ထုတ်လိုက်၏။ လက်နက်နှစ်ခုက ဂမ္ဘီရအလင်းတန်းနှစ်ခုအသွင်ပြောင်းလဲသွားပြီး မင်းသားယွမ်ကျော၏ နောက်သို့ ချက်ချင်းပင်ပစ်ဝင်လာ၏။
“မင်းက ထွက်ပြေးနိုင်မယ်ထင်နေတာလား”
တစ်ချိန်တည်းမှာပင် ဆူဇီမိုက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး မိုးကြိုးသံလို ပေါက်ကွဲထွက်ပေါ်လာသည့် ကျယ်လောင်သောဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်၏။ ထိုအသံမှာ ခံ့ညားထည်ဝါသော စွမ်းပကားတစ်ခုနှင့်အတူ ကျားဟိန်းသံနှင့် နဂါးဟိန်းသံခပ်ဖျော့ဖျော့ပါဝင်နေ၏။
ထိုအသံများနှင့်အတူ ဆူဇီမိုက သူ၏ အသံပိုင်းလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။
သူ့မှာ ဝှက်ဖဲများစွာရှိလေသည်။
သူသည် မင်းသားယွမ်ကျောကို မိုးကြိုးလျှပ်စီးလိုအလျင်အဟုန်ဖြင့် ရှင်းထုတ်ပစ်ချင်သည်ဆိုမှတော့ သူက ထိန်ချန်ထားတော့မည် မဟုတ်ပေ။
“အား...”
မင်းသားယွမ်ကျောက စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူ၏ နားနှစ်ဖက်ထဲမှာ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ စိတ်ထဲမှာ ဝုန်းခနဲပေါက်ကွဲသံထွက်ပေါ်လာပြီး သူ၏ မျက်လုံးများက ပေါက်ကွဲထွက်လုနီးပါး စွမ်းအားကြီးမားသည့် ရိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရ၏။
သူကလည်း သူ၏ အသံပိုင်းလျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီး ပျက်စီးထိခိုက်မှုနှင့် ထိတွေ့ရိုက်ခတ်မှုကို ချေဖျက်ဖို့ အတတ်နိုင်ဆုံးကြိုးစားလိုက်၏။
ဖောက်.. ဖောက်...
သို့သော်လည်း ထိုအချိန်မှာ သူ၏ ခန္ဓာကိုယ်က ခဏမျှရပ်တန့်သွားခဲ့ပြီဖြစ်ပြီး ဆူဇီမိုပစ်ထုတ်လိုက်သော ဆေဘာနှင့်ဓားက သူ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင်ထိုးဖောက်ကာ သွေးသံရဲရဲ အပေါက်နှစ်ပေါက်ကို ပေါ်ထွက်လာစေ၏။
“ယွမ်ကျော... မင်းမှာဘာအခွင့်အရေးမှ မရှိတော့ဘူး”
ရုတ်တရက် ဆူဇီမို၏ အသံက သူ၏ နားထဲမှာ နီးကပ်စွာထွက်ပေါ်လာ၏။
“အရင်တုန်းက ငါတို့က ပကတိမိုးကြိုးမြို့တော်မှာ စပြီးတွေ့ခဲ့ကြတယ်... ဒီနေ့ ဒီနေရာမှာပဲ အကုန်လုံးကို အဆုံးသတ်ကြတာပေါ့”
ဝှစ်...
ဆူဇီမိုက သူ၏ လက်ကိုဆန့်ထုတ်ပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်ကာ မင်းသားယွမ်ကျော၏ ဖိချလိုက်၏။
မင်းသားယွမ်ကျောသည် သူက မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိရသောအခါ သူက ရုတ်တရက် ဆူဇီမိုဘက်သို့ ပြန်လှည့်လိုက်၏။ မျက်ထောင့်နီအကြည့်နှင့် ကြောက်မက်ဖွယ်ရာကောင်းသော အကြည့်များနှင့်အတူ သူက သူ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကိုထုတ်ဖော်ပြီး သူမသေခင် နောက်ဆုံးအလောင်းအစားတစ်ခုကို ပြုလုပ်လိုက်၏။
မင်းသားယွမ်ကျော၏ စိတ်ဝိညာဥ်အငိစိတ်က ထက်ရှသောဓားမြှောင်တစ်လက်အဖြစ် စုဖွဲ့သွားပြီး ဆူဇီမို၏ နှာရောင်ဆီသို့ ပစ်ဝင်လာ၏။
အဲဒါကိုကြည့်ပင်မကြည့်ဘဲ ဆူဇီမိုက မဟာကစဉ့်ကလျားအမြုတေလက်ဝါးကိုသာ ဆက်လက်၍ ဖိချလိုက်၏။
ဓားမြှာင်က ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားသောအခါ အစိမ်းရောင်ကြာစေ့များစွာက အစိမ်းရောင်ကြာပန်းဓားတစ်လက်ကို ဖြစ်ပေါ်လာစေပြီး ဓားမြှောင်ကို ခုတ်ပိုင်းချလိုက်၏။
ဓားမြှောင်နှင့် ဓားက ထိတွေ့ရိုက်ခတ်ပြီး ပျက်ပြယ်သွားကြလေသည်။
မင်းသားယွမ်ကျော၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က သူ့ကိုမခြိမ်းခြောက်နိုင်ပေ။
ဆူဇီမို၏ မဟာကစဉ့်ကလျား အမြုတေလက်ဝါးကတော့ အဲဒါသည် မင်းသားယွမ်ကျော၏ ဦးခေါင်းပေါ်ကို ဆင်းသက်ရောက်ရှိလာခဲ့ပြီဖြစ်၏။
မဟာကစဉ့်ကလျားအမြုတေလက်ဝါးမှာ အင်အားကြီးမားသော စွမ်အားတစ်ခုပါဝင်သော်လည်း အဲဒါက ထွက်ပေါ်မလာခဲ့ပေ။ ထိုအစား သူ၏ လက်ဖဝါးကနေ စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး မင်းသားယွမ်ကျော၏ အမြုတေစိတ်ဝိညာဥ်ကို ဖမ်းဆီးလိုက်၏။
“မင်းဘာလုပ်နေတာလဲ”
မင်းသားယွမ်ကျော၏ အမြုတေစိတ်ဝိညာဥ်က ဆူဇီမို၏ လက်ဖဝါးထဲမှာ ဖမ်းဆုပ်ခံလိုက်ရ၏။ သူက ဆူဇီမို၏ အေးစက်နေသောမျက်လုံးများကိုကြည့်ပြီး ကြောက်ရွံ့စွာဖြင့် အော်မေးလိုက်၏။
“ဝိညာဥ်ရှာမလို့လေ”
ဆူဇီမိုက အေးစက်စွာဖြင့်ပြောလိုက်၏။