← Chapters

မင်းကိုသတ်မလို့

Vol. 165 Ch. 2467

မင်းကိုသတ်မလို့

Vol. 165 Ch. 2467

ပကတိမိုးကြိုးမြို့တော်၊ မြို့တော်အရှင်ဂေဟာ၏ ပင်မခန်းမမှာ။

“ဘယ်လောက်တောင် မုန်းစရာကောင်းလိုက်လဲကွာ”

မင်းသားယွမ်ကျောက ယခုတင်သူပစ်ပေါက်လိုက်သည့် မြေပြင်ပေါ်မှ လက်ဖက်ရည်ခွက်ကို စိုက်ကြည့်နေ၏။ သူက သုန်မှုန်နေသောအမူအရာနှင့်အတူ မုန်းတီးစွာပြောလိုက်၏။

“ဆူဇီမိုက ငါ့ရဲ့အကြံအစည်တွေကို ထပ်ပြီးဖျက်ဆီးပစ်ပြန်ပြီ”

အထီးကျန်ကြယ်က ပြောလိုက်၏။

“ဒီတစ်ခေါက်မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ပန်းချီအင်မော်တယ်မိုချင်တင်မကဘူး ကျိရွှမ်အင်မော်တယ်နိုင်ငံက အင်ပါယာစစ်တပ်ကပါ ဝင်ပါလာတယ်... နတ်ဘုရားမျိုးနွယ်သက်ရှိ ရှုကောဟန် ပေါ်ထွက်လာတဲ့အချိန်မှာ ကြွယ်ဝူယင်းက ဘာမှမတတ်နိုင်ဘဲ နောက်ပြန်ဆုတ်လိုက်ရတယ်”

“ကျိရွှမ်အင်မော်တယ်နိုင်ငံက ဘာလို့ပါလာတာလဲ”

မင်းသားယွမ်ကျောက မ​ကျေမနပ်ဖြစ်နေ၏။

“သူတို့ရဲ့ မင်းသားငယ်ယွင်ထင်က ဆူဇီမိုနဲ့အတိုက်အခံဖြစ်ထားပြီး သူနဲ့ အသေအကြေ တိုက်ခိုက်ချင်နေကြတာ မဟုတ်ဘူးလား”

“အဲဒါတော့ ကျုပ်လည်း မပြောတတ်ဘူး”

အထီးကျန်ကြယ်က ခေါင်းခါပြလိုက်၏။

ခဏမျှရပ်တန့်ပြီးနောက် သူကဆက်ပြောလိုက်၏။

“ဒါပေမဲ့... အဖိုးကြီးညသင်္ချိုင်းကတော့ အသက်ရှင်နိုင်မှာ မဟုတ်လောက်တော့ဘူး”

“သူသေတာကို ဘာလုပ်လို့ရမှာလဲ.. ဖုန့်ကျစ်ရီက လွတ်မြောက်သွားပြီ”

မင်းသားယွမ်ကျောသည် အဲဒါကိုတွေးကြည့်လေလေ သူကပို၍ဒေါသထွက်လာလေလေဖြစ်၏။ သူ၏ အသံက အလိုလိုတင်းမာလာပြီး သူကပြောလိုက်၏။

“ငါက... အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားဆိုတဲ့ငါ့ရဲ့ဘွဲ့ကို ပြန်ရချင်တယ်ဆိုရင် ငါက ငါ့ရဲ့အမှားကို ပြန်ဖာထေးဖို့အတွက် ဖုန့်ကျစ်ရီကိုဖမ်းဆီးပြီး ဖုန့်စန်းထျန်ကို မျှားခေါ်ထုတ်ရမယ်”

“ဒါပေမဲ့... အခုတော့ အဲဒီအခွင့်အရေးက ဆူဇီမိုကြောင့်ပျက်စီးသွားပြီ”

“ဆူဇီမိုက ငါ့ရဲ့ကိုယ်ပွားကိုဖျက်ဆီးပြီး ငါ့ရဲ့တဗူးဂမ္ဘီရကျင့်စဥ်ကိုလည်း ခိုးယူသွားတယ်... သူက ငါ့ရဲ့အစီအစဥ်တွေကို ထပ်ဖန်တလဲလဲဖျက်ဆီးပြီး ငါ့ကိုလုံးဝအရှက်ရစေခဲ့တယ်... သူက တကယ့်ကိုသေသင့်တယ်”

နောက်ဆုံးမှာတော့ မင်းသားယွမ်ကျောသည် ကြောက်စရာကောင်းသောအမူအရာနှင့်အတူ အံကိုတင်းတင်းကြိတ်ထားပြီဖြစ်၏။

အထီးကျန်ကြယ်က တည်တံ့စွာပြောလိုက်၏။

“အရှင်မင်းသား... အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့ မင်းသားဆိုတဲ့ခင်ဗျားရဲ့ဘွဲ့ကို ပြန်ရယူဖို့ တခြားနည်းလမ်းတစ်ခုရှိဦးမှာပါ... ကျုပ်တို့က ဆူဇီမိုကို သတ်လိုက်မယ်ဆိုရင်ရော”

“ပထမတစ်ချက်... ဒီကောင်လေးကိုသတ်လိုက်တာက အရှင်မင်းသားရဲ့ရင်ထဲက မုန်းတီးမှုတွေကို ဖြေဖျောက်ပေးနိုင်မယ်... ဒုတိယအချက် ဒီကောင်လေးက မဟာကျင်းအင်မော်တယ်နိုင်ငံကို တပ်ဖန်တလဲလဲအရှက်ရစေခဲ့တယ်... ဒီကောင်လေးကို သတ်လိုက်တာက မဟာကျင်းအင်မော်တယ်နိုင်ငံအတွက် ဂုဏ်သိက္ခာပြန်ဆယ်ပေးတာလို့ဆိုနိုင်တယ်”

“တတိယအချက်... ဒီကောင်လေးက မင်းသမီးမုန့်ယောင်ကို တစ်ခါက ဆန့်ကျင်ခဲ့ဖူးတယ် ကျုပ်တို့သူ့ကိုသတ်လိုက်မယ်ဆိုရင် ကျုပ်တို့က မင်းသမီးကို သေချာပေါက် စိတ်ကျေနပ်စေနိုင်မှာပဲ... သူကသာ အရှင်မင်းသားအတွက် ကူညီပြောပေးမယ်ဆိုရင် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်ရဲ့မင်းသားဆိုတဲ့ ရာထူးကို ပြန်ရလာနိုင်တယ်”

“မင်းက အဓိပ္ပါယ်မရှိတာပြောနေတာပဲ”

မင်းသားယွမ်ကျောက ကျိန်ဆဲလိုက်၏။

“အဲဒီနိမ့်ကျသက်ရှိက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်သွားပြီ.. ငါ့မှာ ဘာအခွင့်အရေးမှမရှိတော့ဘူး ငါကသူ့ကိုသတ်ဖို့အတွက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ထဲကို လမ်းလျှောက်ဝင်သွားရမှာလား”

အထီးကျန်ကြယ်က ပြောလိုက်၏။

“နှစ်တစ်ထောင်ကြာပြီးရင် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်တွေ့ဆုံပွဲက ကောင်းကင်အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ အခွင့်အရေးတစ်ခုရလာနိုင်တယ်”

“အဲဒါဘယ်လိုဖြစ်နိုင်မှာလဲ”

မင်းသားယွမ်ကျောက လှောင်ရယ်လိုက်၏။

“ဆူဇီမိုက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ဆိုတဲ့ သတင်းကို အခုပဲငါရထားတယ်... သူ့ရဲ့ ကျင့်ကြံမှုနဲ့ဆို ငရဲဖိနှိမ်မီးဖိုမရှိရင် သူက ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ထဲကိုတောင်မှ ဝင်ရောက်နိုင်မှာမဟုတ်ဘူး... သူက နောက်ဆုံးအဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ဝင်ပါဖို့တောင် အခွင့်အရေးမရှိဘူး”

အထီးကျန်ကြယ်က ယူကျုံးမရဟန်ဖြင့် ပြောလိုက်၏။

“အခု ကျုပ်အဲဒါကိုပြန်ပြီးတော့ စဥ်းစားမိတယ်... လွန်ခဲ့တဲ့နှစ်နှစ်ထောင်တုန်းက မဟာထျဲဝေတောင်ပေါ်က ပူးပေါင်းတိုက်ခိုက်မှုက သူ့ကိုသတ်ဖြတ်ဖို့အကောင်းဆုံးအခွင့်အရေးဖြစ်ခဲ့တာပဲ... ဒီကောင်လေးမှာ ငရဲဖိနှိမ်မီးဖိုလိုရတနာတစ်ခု ရှိနေလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ”

“ဆူဇီမိုကလည်း အဲဒီတစ်ခေါက်တုန်းက အတော်လေးထိခိုက်ဆုံးရှုံးခဲ့ရတယ်”

မင်းသားယွမ်ကျောက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“မိစ္ဆာမဟာနယ်မြေက ထျန်ဟွမ်ဂိုဏ်းရဲ့လက်ရှိဂိုဏ်းချုပ် အထီးကျန်သိုင်းသခင်က ငရဲဖိနှိမ်မီးဖိုနဲ့ အနန္တငရဲကိုထိန်းချုပ်ထားပြီးပြီလို့ ငါကြားတယ်”

“အဝီစိမှာတုန်းက ဆူဇီမိုက အထီးကျန်သိုင်းသခင်နဲ့ တွေ့ပြီး တိုက်ခိုက်ခဲ့ရတဲ့ပုံပဲ... သူက အသက်ရှင်နိုင်ခဲ့ပေမယ့် ငရဲဖိနှိမ်မီးဖိုကတော့ လုယူခံလိုက်ရတာဖြစ်မယ်”

မင်းသားယွမ်ကျော၏ အကြည့်က သုန်မှုန်တည်တံ့လာခဲ့၏။

“ဒီကောင်လေးက ငရဲဖိနှိမ်မီးဖိုကို ဆုံးရှုံးထားပြီ... အရင်တုန်းကလို အခွင့်အရေးမျိုးထပ်ပြီးရမယ်ဆိုရင် ငါတို့သူ့ကိုသေချာပေါက်သတ်ဖြတ်နိုင်မှာ”

“ဟဲဟဲ”

ထိုစဥ်မှာပင် အပြင်ဘက်ကနေရယ်မောသံတစ်သံကထွက်ပေါ်လာ၏။

“ဘယ်သူလဲဟေ့..”

“အဲဒါဘယ်သူလဲကွ”

မင်းသားယွမ်ကျောနှင့် အထီးကျန်ကြယ်၏ အမူအရာကပြောင်းလဲသွားပြီး သူတို့က တင်းမာစွာဖြင့်မေးလိုက်၏။

“ယွမ်ကျော... ငါအခုပဲ မင်းကို အဲဒီအခွင့်အရေးပေးမယ်”

အသံထွက်ပေါ်လာစဥ် လူတစ်ယောက်က ခန်းမထဲကိုဝင်ရောက်လာ၏။ အစကတော့ သူသည် အထီးကျန်ကြယ်နှင့် တူလေသည်။ သို့သော်လည်း တစ်ခဏချင်းမှာပင် သူက ကြော့ရှင်းသန့်ပြန့်သောသွင်ပြင်နှင့်အတူ အစိမ်းရောင်ဝတ်အမျိုးသားတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွား၏။

အထီးကျန်ကြယ်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားလေသည်။

မင်းသားယွမ်ကျော၏ မျက်နှာက ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်သွား၏။ သို့သော်သူက လျင်မြန်စွာပြန်လည်တည်ငြိမ်လာခဲ့သည်။

အဲဒါက အရမ်းကို ထူးခြားလွန်းလေသည်။

ဆူဇီမိုက သူ၏ ဂေဟာထဲကို ရောက်လာပြီ ဘာလုပ်ဖို့ကြိုးစားနေတာလဲ။

သူက ဤနေရာကို ရောက်လာပြီဆိုမှတော့... သူ့မှာ ကြိုတင်ပြင်ဆင်ထားမှု ရှိရပေမည်။

သူက လူဘယ်လောက်များများကို ခေါ်လာခဲ့တာလဲ။ အဲဒီမှာ ပကတိအင်မော်တယ်ပညာရှင်တစ်ယောက်ယောက် ပါလာသေးလား။

မင်းသားယွမ်ကျောသည် သူ၏ မျက်လုံးကိုမှေးကျဥ်းပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်ကာ သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေ၏။

သူသည် လက်ထဲမှာ သတင်းပို့ကျောက်စိမ်းအဆောင်ကို ဆုပ်ကိုင်ထားပြီး အဲဒါကို အချိန်မရွေးချိုးခြေဖို့ ပြင်ထားလေသည်။

“ဆူဇီမိုလား”

မင်းသားယွမ်ကျောက အကဲစမ်းကြည့်လိုက်၏။

သူက ဆူဇီမို၏ အစစ်အမှန်ခန္ဓာကို တွေ့မြင်နေရချိန်မှာတောင် သူက အဲဒါကိုမယုံကြည်နိုင်ပေ။

“ငါပါ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“မင်းဒီကိုဘာလာလုပ်တာလဲ”

မင်းသားယွမ်ကျောက ထပ်မေးလိုက်၏။

“မင်းကိုသတ်မလို့လေ”

ဆူဇီမိုက မှင်သေသေဖြင့်ပြန်ဖြေလိုက်၏။

“ဘာမှလိုက်ရှာမနေနဲ့... ငါက တစ်ယောက်တည်းလာတာ”

အထီးကျန်ကြယ်က မင်းသားယွမ်ကျောကို ​ခေါင်းညိတ်ပြလိုက်၏

စောစောက သူသည်လည်းပဲ ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ်စစ်ဆေးကြည့်နေခဲ့ပြီး အခြားမည်သူ့ကိုမှ ရှာမတွေ့ပေ။

“မင်းတကယ်တစ်ယောက်တည်းလာတာလား”

မင်းသားယွမ်ကျောက စိတ်သက်သာရာရသွားပြီး ရုတ်တရက် ရယ်မောလိုက်၏။

“ဆူဇီမို... မင်းက ငါ့ရဲ့ပိုင်နက်နယ်မြေထဲမှာ တစ်ယောက်တည်းနဲ့ ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတာလား... မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ ငရဲဖိနှိမ်မီးဖိုမရှိရင် မင်းက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ.. မင်းက ငါ့ကိုစိန်ခေါ်ချင်တယ်ပေါ့”

“ငါက... မင်းဝင်ရောက်ဖို့တောင် အဆင့်မမီတဲ့ ကြိုတင်ခန်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ထဲမှာ အဆင့်-၉၈ ဝင်တယ်”

“အဲလိုလား”

ဆူဇီမိုက ညင်သာစွာပြုံးလိုက်၏။

“မနက်ဖြန်ကစပြီး ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်မှာ မင်းရဲ့နာမည်ရှိမှာ မဟုတ်တော့ဘူး”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမိုက ရုတ်တရက်တိုက်ခိုက်လိုက်ပြီဖြစ်၏။

“ငါတို့ကြားမှာ ကျင့်ကြံမှုနယ်ပယ်အသေးသုံးခုတောင် ကွာဟနေတယ်... မင်းက အဲဒါကို ဘာနဲ့ဖာထေးနိုင်မလဲ ကြည့်ရသေးတာပေါ့”

မင်းသားယွမ်ကျော၏ တုံ့ပြန်မှုကလည်း အရမ်းကိုမြန်ဆန်ပြီး သူက သူ၏ ဆေဘာနှင့်ဓားကို ချက်ချင်းပင် ဆင့်ခေါ်လိုက်၏။

ထိုလက်နက်နှစ်လက်စလုံးက မူလကောင်းကင်မဆင့် ဓမ္မရတနာဖြစ်ပြီး သူ့ရှေ့မှာ ဆုပ်ကိုင်ထားလေသည်။

ဝေါ...

မင်းသားယွမ်ကျော၏ ခန္ဓာကိုယ်ထဲရှိသွေးချီက ဆူနာမီသံတလိပ်လိပ်နှင့်အတူ ထွက်ပေါ်လာ၏။

ဆူဇီမိုက မင်းသားယွမ်ကျောထံသို့ ပြေးဝင်လာ၏။ သူက လေထဲမှာ ရှိနေစဥ်မှာပင် သူ၏ ပင်ကိုနတ်ဘုရားစွမ်းအား အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်လိုက်၏။ သူ့ခန္ဓာကိုယ်နှင့် အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက ဆပွားတိုးလာခဲ့၏။

တစ်ချိန်တည်းမှာပင် သူက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲလှုပ်ရှားလိုက်၏။

ကြီးမားသောကြယ်နယ်မြေဒေသများက သူ၏ ဦးခေါင်းထက်မှာ ပေါ်ထွက်လာပြီး သန်းပေါင်းများစွာသောကြယ်များဖြင့် တောက်ပနေ၏။ ကြယ်အလင်းရောင်က ခန်းမထဲမှာ ဖြန်းပက်ကျဆင်းလာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။

ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်၏ ပေါ်ထွက်လာမှုက ဆူဇီမို၏ ခွန်အားကို နောက်တစ်ဖန်မြင့်တက်လာစေ၏။

ဤနှစ်များအားလုံးမှာကျင့်ကြံခဲ့ပြီးနောက် ဆူဇီမိုသည် ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်၏ ကြယ်နယ်မြေဒေသခြောက်ခုကို အသက်သွင်းနိုင်ခဲ့ပြီဖြစ်၏။ နောက်ဆုံးကြယ်ဒေသတစ်ခုကသာ အရောင်မှိန်နေလေသည်။

ထိုသို့ဆိုလျှင်တောင် ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်၏ စွမ်းအားက အရမ်းကိုကြောက်စရာကောင်းပြီး မျိုးဆက်သွေးနယ်မြေများကိုပင် ဆန့်ကျင်နိုင်လေသည်။

ဆူဇီမိုက မင်းသားယွမ်ကျောရှေ့သို့ ရောက်ရှိလာသည့်အချိန်မှာ သူ၏ အော်ရာက ထိုသူနှင့် မကွာခြားတော့ပေ။

ကြမ်းကြုတ်ခက်ထန်မှုမှာ သူက ပို၍ပင် အသာစီးရရှိနေ၏။

မင်းသားယွမ်ကျော၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။ အခြေအနေမကောင်းတော့သည်ကို သူက နောက်ဆုံးမှာ နားလည်သဘောပေါက်သွားလေသည်။

​ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံထားသောကြောင့် ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်အမြုတေနှင့် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်တို့က ပြီးပြည့်စုံစွာ ပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။

သူ့ကျင့်ကြံမှုနယ်ပယ်က အဆင့်-၆ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာ ရှိနေသော်လည်း သူ့အမြုတေစိတ်ဝိညာဥ်၏ နယ်ပယ်က အဆင့်-၉ ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

ယခု သူက သူ၏ ပင်ကိုနတ်ဘုရားစွမ်းအား အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကိုလည်း ထုတ်ဖော်ထား၏။ သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားသည် ပကတိအင်မော်တယ်တစ်ယောက်၏ အဆင့်ကို မရောက်ရှိသေးသော်လည်း အဲဒါက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ထို့ကြောင့် မင်းသားယွမ်ကျောက ဆူဇီမိုပြေးဝင်လာသည်ကို တွေ့မြင်ချိန်မှာ သူ့ကိုမွန်းကျပ်စေမည့် သိပ်သည်းပြင်းထန်သော ဖိအားတစ်ရပ်ကို သူက ခံစားလာရ၏။

“ကြယ်ခူးဆွတ်လက်”

အထီးကျန်ကြယ်၏ တုံ့ပြန်မှုကလည်း အရမ်းကိုမြန်ဆန်လေသည်။ သူက မဆိုင်းမတွဆုံးဖြတ်ချက်ချပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ ဆူဇီမိုရှိရာဘက်သို့ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်၏။

All Chapters