← Chapters

ပကတိမိုးကြိုးမြို့တော်သို့ပြန်လာခြင်း

Vol. 165 Ch. 2466

ပကတိမိုးကြိုးမြို့တော်သို့ပြန်လာခြင်း

Vol. 165 Ch. 2466

ဆူဇီမိုက ဆုံးဖြတ်ချက်ချပြီးသွားပြီကို ယွင်ကျူးတွေ့မြင်သောအခါ သူမက သူ့ကို ထပ်မံ၍ဖျောင်းဖျမနေတော့ပေ။

ခဏမျှစဥ်းစားပြီးနောက် သူမကပြောလိုက်၏။

“ဒီကိစ္စမှာ ငါနင့်ကိုကူညီမပေးနိုင်ဘူး... ဒီအဆောင်ကိုတော့ယူသွား”

ထိုသို့ပြောရင်း ယွင်ကျူးက သူမ၏ သိုလှောင်အိတ်ထဲကနေ အဆောင်တစ်ခုကိုထုတ်ယူပြီး ဆူဇီမို၏ လက်ထဲကို ထိုးထည့်ပေးလိုက်၏။

“ပို့ဆောင်ရေးကျောက်စိမ်းအဆောင်လား”

ဆူဇီမိုသည် အဆောင်ကို မှတ်မိသိရှိသွားပြီး သူ၏ ခေါင်းကို ခပ်မြန်မြန်ခါပြလိုက်၏။

“ဟင့်အင်း... ဒီအဆောင်က အရမ်းကို အဖိုးတန်လွန်းတယ်”

အရေးကိစ္စများစွာမှာ ပို့ဆောင်ရေးကျောက်စိမ်းအဆောင်တစ်ခုကို ဆောင်ထားခြင်းသည် နောက်ထပ်အသက်ပိုတစ်ခုကို ရရှိထားခြင်းနှင့်တူလေသည်။

တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် သူ့ကို အမည်ခံတပည့်အဖြစ်လက်ခံခဲ့စဥ်က သူသည် ဆင်တူသောကျောက်စိမ်းအဆောင်တစ်ခုကိုသာ သူ့ကိုပေးခဲ့သည်။

ဆူဇီမိုက ပြောလိုက်၏။

“နောက်ပြီး ကျုပ်အစွမ်းအစနဲ့ဆို ကျုပ်က မင်းသားယွမ်ကျောကို သတ်ပြီး ပကတိမိုးကြိုးမြို့တော်ကနေ ရအောင်ထွက်နိုင်တယ်... ခင်ဗျားစိတ်ချလက်ချနေပါ”

ယွင်ကျူးက တည်တံ့စွာပြောလိုက်၏။

“မောင်လေးဆူ... ငါပြောတာကိုနားထောင်.. ဒီကိစ္စက အောင်မြင်တာမအောင်မြင်တာကိုအသာထား... နင်က တတ်နိုင်သမျှမြန်မြန်ပြန်လာနိုင်ဖို့ ငါမျှော်လင့်တယ်... ဒီပို့ဆောင်ရေးကျောက်စိမ်းအဆောင်က နင့်ကိုကျိရွှမ်အင်မော်တယ်နိုင်ငံရဲ့ ပို့ဆောင်ရေးဝင်္ကပါဆီတိုက်ရိုက်ပို့ပေးနိုင်တယ်”

“အဲဒီအချိန်ကျရင် နင်က အပြေးအလွှားပြန်လာပြီး ပကတိအင်မော်တယ်ညသင်္ချိုင်းကို သူ့ရဲ့နောက်ဆုံးခရီးကို ပို့ပေးနိုင်တယ်”

ဆူဇီမိုက နှုတ်ဆိတ်သွား၏။

သူ၏ အစွမ်းအစအရ သူ့အနေဖြင့် ပကတိမိုးကြိုးမြို့တော်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့က မခက်ခဲပေ။

သို့သော်လည်း မင်းသားယွမ်ကျောအသတ်ခံရသည်နှင့် မဟာကျင်းအင်မော်တယ်နိုင်ငံက သေချာပေါက် စစ်အမိန့်အောက်သို့ ရောက်ရှိသွားပြီး သူက ပို့ဆောင်ရေးဝင်္ကပါတစ်ခုခုကို သေချာပေါက်အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ သူ့အနေဖြင့် မဟာကျင်းအင်မော်တယ်နိုင်ငံကနေ ထွက်ခွာဖို့အတွက် အချိန်တချို့ တကယ်ပင်ယူရပေလိမ့်မည်။

ယွင်ကျူးက ပြုံးပြလိုက်၏။

“ယူထားလိုက်ပါ... အဲဒါအောင်မြင်သွားမယ်ဆိုရင် ငါအဲဒါအတွက်... အကြွေးတစ်ခုပြန်တောင်းမယ်”

“ကောင်းပါပြီ”

ခဏမျှနှုတ်ဆိတ်နေပြီးနောက် ဆူဇီမိုက ငြင်းပယ်ခြင်းမရှိတော့ဘဲ ခေါင်းညိတ်လိုက်၏။

“နှုတ်ဆက်ပါတယ်”

ယွင်ကျူးက ပြောလိုက်၏။

“ဂရုစိုက်ဦး”

ဆူဇီမိုသည် ရထားလုံးထဲကနေထွက်ခွာပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ မဟာကျင်းအင်မော်တယ်နိုင်ငံရှိရာဘက်သို့ ပြေးထွက်သွား၏။

အတိအကျဆိုရလျှင် လာမည့်တိုက်ပွဲသည် ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် သူ၏ ပထမဆုံး အစစ်အမှန်တိုက်ပွဲဟုဆိုနိုင်လေသည်။

မဟာထျဲဝေတောင်မှာတုန်းက တိုက်ပွဲမှာတုန်းက သူသည် မင်းသားယွမ်ကျောနှင့် အခြားသူများကို အနိုင်ယူဖို့အတွက် ငရဲဖိနှိမ်မီးဖို၏ စွမ်းအားသက်သက်ကိုသာ အသုံးချခဲ့သည်။

ရတနာသူတော်စင်ကျောက်စိမ်းကျမ်းထဲမှာ မင်းသား မက်းသမီးတို့နှင့် သူတိုက်ခိုက်ခဲ့သည့်အကြောင်းကိုလည်း အပြင်လူများက မသိရှိကြပေ။

မင်းသားနှင့် မင်းသမီးသည် သူ၏ လက်ထဲမှာရှုံးနိမ့်၍ ကြီးမားစွာမျက်နှာပျက်ခဲ့ရ၏။ သူတို့၏ ဂုဏ်သိက္ခာတွက် သူတို့သည် ထိုအကြောင်းကို ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤတိုက်ပွဲက ပေါ်ထွက်လာသည်နှင့် အဲဒါသည် ဂမ္ဘီရမိုးကောင်းကင်နှင့် မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာပါ သေချာပေါက်ပျံ့နှံ့သွားပေလိမ့်မည်။

“အဲဒါလည်းကောင်းတာပဲ... ငါက ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် ပါဝင်ယှဥ်ပြိုင်လိုတယ်ဆိုမှတော့... မင်းတို့တွေကို ငါ့ရဲ့အစွမ်းအစ ပြပေးရသေးတာပေါ့”

ဆူဇီမို၏ မျက်လုံးများက တိုက်ပွဲဝင်စိတ်ဝိညာဥ်နှင့် ပြည့်နှက်လာပြီး သူ၏ မာန်မာနက ထွက်ပေါ်လာ၏။ သူက ကောင်းကင်ထက်သို့ဟိန်းဟောက်လိုက်ပြီး လှုပ်ရှားခြင်းနည်းစနစ်နှင့် လျှို့ဝှက်အတတ်များစွာကို ထုတ်ဖော်ကာ သူ၏ အစွမ်းကုန်ဖြင့် ရှေ့သို့ပြေးထွက်သွား၏။

သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၏ အကူအညီနှင့်အတူ ဆူဇီမိုသည် ကောင်းကင်အာဏားပါးကွက်သားခေါင်းဆောင်တပ်မှူးတစ်ယောက်ဖြစ်သော အထီးကျန်ကြယ်၏ ရုပ်ရည်သွင်ပြင်သို့ ပြောင်းလဲပြီးနောက် မဟာကျင်းအင်မော်တယ်နိုင်ငံထဲသို့ အလွယ်တကူဝင်ရောက်လာနိုင်၏။

ထို့နောက် သူသည် လုံးဝရပ်တန့်ခြင်းမရှိဘဲ ပို့ဆောင်ရေးဝင်္ကပါများကို ဆက်တိုက်အသက်သွင်းကာ ပကတိမိုးကြိုးမြို့တော်သို့ ရောက်ရှိလာ၏။

ပကတိမိုးကြိုးမြို့တော်၏ ပို့ဆောင်ရေးဝင်္ကပါသည် မြို့တော်အရှင်ဂေဟာ၏ အနောက်မြောက်ဘက်ထောင့်မှာရှိလေသည်။

အချိန်က ညနက်နေပြီဖြစ်ပြီး အလင်းရောင်တစ်ချက် ဖျတ်ခနဲလက်သွား၏။

ဆူဇီမို၏ ပုံရိပ်က ပေါ်ထွက်လာပြီး သူက ပို့ဆောင်ရေးဝင်္ကပါပေါ် ဆင်းသက်လိုက်၏။

မလှမ်းမကမ်းမှာ မြို့တော်အရှင်၏ ဂေဟာအစောင့်တပ်သားလေးယောက်က ပို့ဆောင်ရေးဝင်္ကပါကို စောင့်ကြပ်နေကြ၏။ လှုပ်ရှားမှုတစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူတို့က လှမ်းကြည့်လိုက်ကြသည်။

ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်လေသည်။

ပို့ဆောင်ရေးဝင်္ကပါကို စောင့်ကြပ်နေသော အစောင့်တပ်သားလေးယောက်က ကမ္ဘာမြေအင်မော်တယ်များသာဖြစ်ကြသည်။

မည်သို့ပင်ဆိုစေ ပို့ဆောင်ရေးဝင်္ကပါများကို စောင့်ကြပ်ဖို့အတွက် အဆင့်မြင့်ပညာရှင်များကို သေချာပေါက် စေလွှတ်ထားလိမ့်မည် မဟုတ်ပေ။

“မင်္ဂလာပါ ခေါင်းဆောင်တပ်မှူးအထီးကျန်ကြယ်”

မြို့တော်အရှင်၏ ဂေဟာအစောင့်တပ်သား​လေးယောက်က ဆူဇီမိုကို တွေ့မြင်သောအခါ အလောတကြီးဦးညွှတ်လိုက်ကြ၏။

ဆူဇီမို၏ အမူအရာက အေးစက်နေပြီး ညင်သာစွာခေါင်းညိတ်ပြကာ သူတို့လေးယောက်ရှိရာသို့ လျှောက်လှမ်းလာ၏။ သူက ရောက်မလာခင်မှာပင် သိပ်သည်းပြင်းထန်သော စိတ်ဝိညာဥ်အသိစိတ်ဖိအားတစ်ရပ်ကို ထုတ်ဖော်လိုက်၏။

သူတို့လေးယောက်က လုံးဝမလှုပ်ရှားနိုင်တော့ဘဲ ဆူဇီမိုကို တွေဝေရှုပ်ထွေးမှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ကြည့်နေ၏။

မည်သည့်စကားမှမဆိုဘဲ ဆူဇီမိုက သူ၏ လက်ကိုဆန့်ထုတ်ပြီး သူတို့၏ အသိစိတ်များထဲမှ သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို ဖမ်းဆီးကာ ဝိညာဥ်ရှာဖွေခြင်းအတတ်ကို အသုံးချလိုက်၏။

သူသည် မင်းသားယွမ်ကျောနှင့်ပတ်သက်သည့် သတင်းအချက်အလက်နှင့် ထိုသူ၏ တည်နေရာကို သိရှိလိုလေသည်။ သိပ်မကြာခင် သူတို့၏ အမြုတေစိတ်ဝိညာဥ်များက မှေးမှိန်၍ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

အစောင့်တပ်သားလေးယောက်က တိတ်တဆိတ်သေဆုံးသွားလေသည်။

ဆူဇီမိုသည် သူလိုချင်သည့်အချက်အလက်ကို ရရှိသွားခဲ့ပြီဖြစ်၏။

သူက သူ၏ မျက်လုံးထဲရှိသတ်ဖြတ်လိုစိတ်နှင့်အတူ မြို့တော်အရှင်ဂေဟာ၏ ပင်မခန်းမရှိရာဘက်သို့ ကြည့်လိုက်၏။

သူထင်ထားသည့်အတိုင်းပင် ပကတိမိုးကြိုးမြို့တော်သည် ဖုန့်စန်းထျန်ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ပြင်းထန်စွာ ပျက်စီးထိခိုက်ခဲ့ရ၏။ အဲဒါကို ပြန်လည်တည်ဆောက်ထားခဲ့ပြီဖြစ်သော်လည်း ထိုမြို့၏ နာမည်ဂုဏ်သတင်းက အရင်ကလောက် မကောင်းတော့ပေ။

ပကတိမိုးကြိုးမြို့တော်မှာ ပကတိအင်မော်တယ်ပညာရှင်များလည်းရှိမနေပေ။

ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က ယွမ်ကျောဖြစ်ပြီး သူသည် မြို့တော်အရှင်ဂေဟာထဲမှာ ကျင့်ကြံနေတတ်၏။

ဆူဇီမိုသည် အစောင့်တပ်သားလေးယောက်၏ အလောင်းများကို သိုလှောင်အိတ်ထဲသို့ သာမန်ကာလျှံကာပစ်ထည့်လိုက်၏။

ထို့နောက် သူက ပို့ဆောင်ရေးဝင်္ကပါရှေ့သို့ပြန်သွားပြီး သူ၏ လက်ချောင်းထိပ်ဖျားကနေ ဓားချီတချို့ကို ပစ်ထုတ်ကာ ပို့ဆောင်ရေးဝင်္ကပါ၏ အင်းကွက်များကို ဖျက်ဆီး၍ အောက်ခံကျောက်တုံးများကို အပိုင်းပိုင်းလှီးဖြတ်ပစ်လိုက်၏။

ပကတိမိုးကြိုးမြို့လို ​သာမန်မြို့များမှာရှိသော ပို့ဆောင်ရေးဝင်္ကပါများအနေဖြင့် သူတို့၏ ပို့ဆောင်နိုင်သောအကွာအဝေးက အကန့်အသတ်ရှိပြီး သူတို့သည် အလွန်ဆုံး အစိမ်းရောင်တိမ်စိုင်​တိုင်းပြည်အတွင်းကိုသာ ပို့ပေးနိုင်လေသည်။

အစိမ်းရောင်တိမ်စိုင်မြို့တော်၏ ပို့ဆောင်ရေးဝင်္ကပါကသာ အခြားသောမြို့တော်များနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ နယ်စပ်သို့ပို့ပေးနိုင်၏။

ကျိရွှမ်အင်မော်တယ်နိုင်ငံကဲ့သို့ မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေအပြင်ဘက်မှာရှိသော အဖွဲ့အစည်းများသို့ ပို့ဆောင်ဖို့အတွက်တော့ မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မြို့တော်မှာရှိသော ပို့ဆောင်ရေးဝင်္ကပါကသာ တတ်နိုင်လေသည်။ ထို့ကြောင့် ကိစ္စတစ်စုံတစ်ရာဖြစ်ပွားလာသည်နှင့် မဟာကျင်းအင်မော်တယ်နိုင်ငံတစ်ခုလုံးက စစ်အမိန့်အောက်သို့ရောက်ရှိသွားပြီး ပို့ဆောင်ရေးဝင်္ကပါများကို ချက်ချင်းပိတ်ဆို့ထားပေလိမ့်မည်။

ပကတိမိုးကြိုးမြို့တော်၏ ပို့ဆောင်ရေးဝင်္ကပါက ဆူဇီမိုအတွက် အသုံးမဝင်တော့ပေ။

သို့သော်လည်း အခြားသောမြို့များမှ ပကတိအင်မော်တယ်ပညာရှင်များသည် ဤနေရာမှသတင်းကို လက်ခံရရှိပြီး ချက်ချင်းပင် အင်အားအကူပေးဖို့အတွက် ပကတိမိုးကြိုးမြို့တော်သို့ ဆင်းသက်ရောက်ရှိလာလိုသည်ဆိုလျှင် ဤပို့ဆောင်ရေးဝင်္ကပါက ဝင်ပေါက်တစ်ခုဖြစ်လာပေလိမ့်မည်။

ဆူဇီမိုက ပို့ဆောင်ရေးဝင်္ကပါကို ဖျက်ဆီးလိုက်သည့်အတွက် အခြားသောမြို့များမှ ပကတိအင်မော်တယ်ပညာရှင်များက သတင်းကိုလက်ခံရရှိမည်ဆိုလျှင်တောင် သူတို့အနေဖြင့် အချိန်တိုအတွင်းမှာ ပကတိမိုးကြိုးမြို့တော်ကို ရောက်လာနိုင်ဖို့ မလွယ်ကူတော့ပေ။

သူ့အနေဖြင့် မင်းသားယွမ်ကျောကို ရှင်းပစ်ဖို့ အချိန်ပိုရလာပေလိမ့်မည်။

ဆူဇီမိုသည် ဤနေရာကနေထွက်ခွာ​ပြီး ဝိညာဥ်ရှာဖွေခြင်းအတတ်ကနေ သူရရှိထားသောမှတ်ဉာဏ်များအရ မြို့တော်အရှင်ဂေဟာ၏ ပင်မခန်းမရှိရာသို့ ဦးတည်လိုက်၏။

အထီးကျန်ကြယ်သည် ကောင်းကင်အာဏာပါးကွက်သားအစောင့်တပ်သားများ၏​ ခေါင်းဆောင်တပ်မှူးတစ်ယောက်ဖြစ်၏။ ထိုသို့ဖြင့် သူသည် မည်သည့်အဟန့်အတားနှင့်မှ ကြုံတွေ့ရခြင်းမရှိဘဲ မြို့တော်အရှင်၏ ဂေဟာရှိရာသို့ ချောချောမွေ့မွေ့ဖြတ်ကျော်လာ၏။

သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးကို အသုံးပြုထားပြီး သူသည် တစ်ဖက်လူ၏ ရုပ်ရည်သွင်ပြင်နှင့် ပုံပန်းသဏ္ဌာန်ကို တုပနိုင်ရုံသာမက သူသည် အဝတ်အစားများနှင့် အဆင်တန်ဆာများကိုပါ မည်သည့်ဟာကွက်မှမရှိဘဲ ထုတ်ဖော်နိုင်၏။

တစ်ခုတည်းသောဟာကွက်မှာ တုပ၍မရနိုင်သော ကျင့်ကြံမှုနယ်ပယ်ဖြစ်လေသည်။

ဆူဇီမိုသည် အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီး အထီးကျန်ကြယ်ကတော့ အဆင့်-၉ ကောင်းကင်အင်မော်တယ်ဖြစ်လေသည်။

သို့သော်လည်း အထီးကျန်ကြယ်မှာ မြင့်မားသောအဆင့်အတန်းတစ်ခုရှိလေသည်။ သူ၏ ကျင့်ကြံမှုနယ်ပယ်ကို စစ်ဆေးဖို့အတွက် ဘယ်အစောင့်တပ်သားကများ သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို ထုတ်ဖော်ရဲပါ့မလဲ။

ဒါ့အပြင် မြို့တော်အရှင်ဂေဟာရှိအစောင့်တပ်သားများက အတော်လေး စိတ်လက်ပေါ့ပါးနေပြီး သူတို့၏ သတိကို လျှော့ချထားကြ၏။

အချိုးအကွေ့များစွာဖြတ်ကျော်ပြီးနောက် ဆူဇီမိုသည် မြို့တော်အရှင်ဂေဟာ၏ ပင်မခန်းမနှင့် နီးကပ်သထက်နီးကပ်လာခဲ့၏။

ကင်းလှည့်နေသော နောက်ထပ်အစောင့်တပ်သားနှစ်ယောက်က ရှေ့မှာပေါ်ထွက်လာခဲ့၏။

သူတို့ထဲမှတစ်ယောက်က အဆင့်-၄ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ပြီ အခြားတစ်ယောက်က အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လေသည်။

လမ်းတစ်လျှောက်မှာ သူတွေ့ကြုံရသော အစောင့်တပ်သားများ၏ ကျင့်ကြံမှုများက ပို၍မြင့်မားလာ၏။

သူသည် မင်းသားယွမ်ကျောနှင့် သိပ်မကွာဝေးတော့ဟုလည်း အဓိပ္ပါယ်​ရလေသည်။

“မင်္ဂလာပါ ခေါင်းဆောင်တပ်မှူးအထီးကျန်ကြယ်”

အစောင့်တပ်သားနှစ်ယောက်က ဆူဇီမိုကို တွေ့မြင်သောအခါ အလောတကြီးဦးညွှတ်လိုက်ကြ၏။ သို့သော်မကြာခင် သူတို့နှစ်ယောက်က တွေ့ဝေရှုပ်ထွေးစွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့ထဲမှတစ်ယောက်ကမျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ခေါင်းဆောင်တပ်မှူးအထီးကျန်ကြယ်က စောစောလေးကမှ ပင်မခန်းမထဲကို ဝင်သွားတာ မဟုတ်ဘူးလား... ဘာလို့...”

ဆူဇီမို၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက်ဖျတ်ခနဲလက်သွားပြီး သူက ပြတ်သားစွာ တိုက်ခိုက်လိုက်၏။ သူကရှေ့သို့တက်လှမ်းပြီး သူတို့၏ နှာရောင်များကို သူ၏ လက်ချောင်းဖြင့် ထိုးဖောက်လိုက်၏။

အဲဒါက အရမ်းကိုမြန်ဆန်သည်။

အစောင့်တပ်သားနှစ်ယောက်က အငိုက်မိသွားပြီး သူတို့၏ မြင်ကွင်းများက ဝေဝါးသွားသည်ဟု ခံစားလိုက်ရ၏။ ထို့နောက်ချက်ချင်းပင် သူတို့၏ အသိစိတ်များထဲမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီး သူတို့၏ အသိစိတ်ကို ဆုံးရှုံးသွားရလေသည်။

ဖြစ်စဥ်တစ်ခုလုံးက အသက်တစ်ရှိုက်စာပင်မကြာဘဲ အဲဒါ​က တိတ်တဆိတ်ပြီးဆုံးသွား၏။

ဆူဇီမိုသည် အလောင်းနှစ်​လောင်းကို သူ၏ သိုလှောင်အိတ်ထဲသို့ ထိုးထည့်လိုက်၏။

ညအမှောင်မှာ ဆူဇီမို၏ အမူအရာက မကောင်းဆိုးဝါးဆန်၍ အေးစက်နေ၏။

ရှေ့တည့်တည့်မှာ ပင်မခန်းမ၏ ပုံပန်းသဏ္ဌာန်ကို ခပ်ရေးရေးတွေ့မြင်နေရပြီဖြစ်သည်။

ခွမ်း...

ရှေ့တည့်တည့်မှာ ကြွေထည်ပစ္စည်းတစ်ခုကြွေမွသွားသည့်အသံက ထွက်ပေါ်လာ၏။

ဆူဇီမိုက မင်းသားယွမ်ကျော သတိထားမိသွားမည်ကိုစိုးပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို အသုံးမပြုပေ။

သူက သူ၏ စွမ်းအားကြီးမားသောအကြားအာရုံကိုသာ မှီခိုပြီး အပြန်အလှန်စကားပြောဆိုသံတချို့ကို ခပ်ရေးရေးဖမ်းမိလိုက်၏။

သူတို့ထဲမှတစ်ယောက်က အလွန်တရာ ဒေါသထွက်နေပုံရပြီး သူ၏ ဒေါသကို ဖွင့်ထုတ်နေ၏။

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး သူ၏ အော်ရာကို ရုပ်သိမ်းလိုက်၏။ သူသည် ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်းကျလုနီးပါးဖြစ်လာပြီး ရှေ့သို့တိတ်တဆိတ်တက်လှမ်းသွားလေသည်။

All Chapters