တုန်လှုပ်စရာကောင်းသော လုပ်ကြံသတ်ဖြတ်မှု
Vol. 165 Ch. 2465
“ခင်ဗျားအဲဒါကို ဘယ်တုန်းက သိသွားတာလဲ”
ဆူဇီမိုက ယွင်ကျူးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။
ယွင်ကျုးသည် ထောင်ယောင်ထံမှ သဲလွန်စတစ်ခုကို ရှာတွေ့သွားပြီးနောက် သံသယများဝင်လာခြင်းကို သူက အံ့အားသင့်သွားခြင်း မရှိပေ။
သို့သော်လည်း ယွင်ကျူးအနေဖြင့် ထိုအချက်တစ်ချက်ဖြင့် သိုင်းတာအိုပင်မခန္ဓာနှင့် သူ၏ ဆက်ဆံရေးကို အတည်ပြုနိုင်သည်က အနည်းငယ်ရယ်စရာကောင်းနေသည်။
ယွင်ကျူး၏ စိတ်အာရုံကိုဆွဲဆောင်မိဖို့ သူသည် ဟာကွက်တစ်ခုကို သေချာပေါက်ပြုလုပ်ခဲ့ရပေမည်။
“ခန့်မှန်းကြည့်လေ”
ယွင်ကျူးက ပြန်ဖြေခြင်းမရှိဘဲ သူမ၏ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဆူဇီမိုကို ပြုံးကြည့်နေ၏။
အဲဒါက တခြားအချိန်များမှာသာဆိုလျှင် သူသည် အရင်တုန်းက သူ့အမှားလုပ်ခဲ့သည့်နေရာကို သေချာပေါက်စေ့စေ့စပ်စပ် ပြန်စဥ်းစားမိပေလိမ့်မည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် တခြားတစ်စုံတစ်ရာကို တွေးမိနေပြီး အဲဒါကို စဥ်းစားဖို့ အာရုံမရပေ။
ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။
“မင်းသားယွမ်ကျောက အခုဘယ်နေရာမှာလဲ”
ယွမ်ကျောသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ မင်းသားတစ်ပါးအဖြစ် သူ၏ အဆင့်အတန်းကို ဆုံးရှုံးခဲ့ရပြီးနောက် သူက အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ သေချာပေါက်ဆက်နေနိုင်လိမ့်မည် မဟုတ်ပေ။
“ယွမ်ကျောလား”
ယွင်ကျူးက ခဏမျှမှင်တက်သွားပြီး ဆူဇီမိုက ဘာကြောင့် ရုတ်တရက် အဲဒါကို မေးလာသလဲ နားမလည်ပေ။ သို့သော်လည်း သူမက ပြောပြလိုက်ဆဲဖြစ်၏။
“ယွမ်ကျောက သူ့ရဲ့အခွင့်အာဏာကို ဆုံးရှုံးခဲ့ရတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ... သူက အခုချိန်မှာ ရာထူးမရှိတဲ့ သာမန်မင်းသားတစ်ပါးပဲ... အခုဆို သူက ပကတိမိုးကြိုးမြို့တော်မှာ ရှိနေလောက်တယ်”
ဆူဇီမိုက ခေါင်းညိတ်၍ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ကျုပ်က.. ဖုန့်ကျစ်ရီနဲ့ ပကတိအင်မောတယ်ညသင်္ချိုင်းကို ခင်ဗျားလက်ထဲပဲအပ်ခဲ့တော့မယ်... ကျုပ်ဒီမှာ ဆက်မနေတော့ဘူး”
“နင်သွားတော့မလို့လား”
ယွင်ကျူးက အနည်းငယ်အံ့အားသင့်သွား၏။ ဆူဇီမို၏ ထွက်ခွာလိုမှုက ရုတ်တရက်ဆန်လေသည်။
“ကျုပ်တို့... နောက်ကျရင်ပြန်ဆုံကြတာပေါ့... ဒီတစ်ခေါက် ခင်ဗျားရဲအကူအညီအတွက် ကျေးဇူးတင်ပါတယ်”
ဆူဇီမိုက လက်နှစ်ဖက်ကိုယှက်ပြပြီး ထွက်ခွာဖို့ပြင်လိုက်၏။
ယွင်ကျူးသည် တစ်စုံတစ်ရာလွဲမှားနေသည််ဟု ခံစားရပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ဆူဇီမိုက ရထားလုံးထဲကနေ အပြင်ဘက်သို့ ထွက်တော့မည့်ဆဲဆဲမှာပင် အတွေးတစ်ခုက ယွင်ကျူး၏ စိတ်ထဲမှာ ဖျတ်ခနဲပေါ်ထွက်လာ၏။ သူမက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး သူ့ကိုအလောတကြီး ပြန်လှမ်းခေါ်လိုက်၏။
“နေပါဦး”
ဆူဇီမိုက ရပ်တန့်လိုက်၏။
ယွင်ကျူး၏ အမူအရာက တည်တံ့လာပြီး သူမက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဆူဇီမို... နင်က မင်းသားယွမ်ကျောကို ပြဿနာရှာဖို့ မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ ပကတိမိုးကြိုးမြို့တော်ကို သွားဖို့စဥ်းစားနေတာလား”
ဆူဇီမိုက ကြိတ်၍သက်ပြင်းချလိုက်၏။
ယွင်ကျူးက တကယ့်ကို လိမ္မာပါးနပ်လွန်း၏။ သူက အဲဒါကို သာမန်ကာလျှံကာ မေးလိုက်ရုံသာဖြစ်ပြီး ယွင်ကျူးက သူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် အဲဒါကို ယွင်ကျူးထံကနေ ဖုံးကွယ်လို့ မရနိုင်ဘူးဆိုတာကို သိလိုက်၏။ ထို့ကြောင့်သူက ဝန်ခံသည့်အနေဖြင့် နှုတ်ဆိတ်နေ၏။
ယွင်ကျူးက ရှေ့သို့တက်လှမ်းပြီး ဆူဇီမို၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ သူ့ကိုပြန်ဆွဲခေါ်လာခဲ့၏။ သူမက သူ့ကို ထိုင်ခုံမှာပြန်ထိုင်စေပြီး မျက်မှောင်ကြုတ်ကာပြောလိုက်၏။
“မောင်လေးဆူ... နင်က စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ စိတ်ကို အရင်လျှော့လိုက်ဦး”
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
ယွင်ကျူးက ပြောလိုက်၏။
“ငါတို့အခုပြောနေတာက မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့အကြောင်းပဲ... နင့်ကို မဟာကျင်းအင်မော်တယ်နိုင်ငံက အလိုရှိနေခဲ့တာကြာပြီ... အဲဒါက အရမ်းကို အန္တရာယ်များလွန်းတယ်.. နင်က မင်းသားယွမ်ကျောကိုရှာဖို့နေနေသာ ပကတိမိုးကြိုးမြို့တော်ကိုတောင် မရောက်နိုင်မှာ ငါစိုးရိမ်မိတယ်”
ဆူဇီမိုက ပြောလိုက်၏။
“ကျုပ်မှာ အရာရာတိုင်းထံကနေ ဖုံးကွယ်ထားနိုင်တဲ့ ရုပ်ဖျက်နည်းစနစ်တစ်ခုရှိတယ်... ကျုပ်က ပကတိမိုးကြိုးမြို့တော်ထဲကို စိမ့်ဝင်ထိုးဖောက်နိုင်တယ်... တကယ်ဆို ကျုပ်က မင်းသားယွမ်ကျောရဲ့ ဂေဟာထဲကိုတောင်မှ အလွယ်တကူဝင်ရောက်နိုင်တယ်”
ယွင်ကျူးသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲတုန်းကမြင်ကွင်းကို ပြန်လည်အမှတ်ရသွား၏။
ဆူဇီမိုက သူ့ကိုယ်သူ တကယ်ပင်ရုပ်ဖျက်နိုင်ပြီး အဲဒါကို အခြားသူများအနေဖြင့် ခွဲခြားနိုင်ဖို့ မလွယ်ကူပေ။
“နင်က ပကတိမိုးကြိုးမြို့တော်ထဲကို စိမ့်ဝင်ထိုးဖောက်နိုင်မယ်ဆိုရင်တောင် နင်က ဘာလုပ်ဖို့ရည်ရွယ်ထားတာလဲ”
ယွင်ကျူးက မျက်မှောင်ကြုတ်ကာမေးလိုက်၏။
“ပကတိမိုးကြိုးမြို့တော်ကို လုံခြုံရေးတင်းကြပ်ထားတယ်... အဲဒီမှာ ပညာရှင်တွေအများကြီးပဲ... နင်က မင်းသားယွမ်ကျောကို သူ့ရဲ့ပိုင်နက်နယ်မြေထဲမှာ သတ်ဖို့တွေးနေတာလား”
“အဲဒါက ဘာမှဖြစ်မှာ မဟုတ်ဘူး”
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မင်းသားယွမ်ကျောက အခုချိန်မှာ သာမန်မင်းသားတစ်ပါးပဲ... သူ့ရဲ့လုပ်ရပ်တွေက ဆက်တိုက်ကျရှုံးလာပြီးတဲ့နောက် မဟာကျင်းအင်မော်တယ်နိုင်ငံရဲ့ မင်းသား မင်းသမီးတွေကြားမှာ သူ့ရဲ့နာမည်ဂုဏ်သတင်းက အောက်ဆုံးကို ကျဆင်းသွားလောက်ပြီ”
ဤတစ်ခေါက်မှာ ယွင်ကျူးက ငြင်းဆန်းခြင်းမရှိပေ။
သူမ ရရှိထားသော သတင်းအချက်အလက်များအရ ဆူဇီမို၏ အကဲဖြတ်မှုက တကယ့်ကို မှန်ကန်လေသည်။
ဖုန့်စန်းထျန်က ထွက်ပြေးလွတ်မြောက်လာခဲ့၏။ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာတုန်းက အာဏာပါးကွက်သားအစောင့်တပ်သားများသည် သေကြေပျက်စီးထိခိုက်မှုများစွာနှင့်ကြုံတွေ့ခဲ့ရပြီး ဆူဇီမိုကို မဖမ်းဆီးနိုင်ခဲ့ပေ။ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာလည်း သူတို့သည် နောက်တစ်ဖန်ရှုံးနိမ့်စွာဖြင့် ပြန်သွားခဲ့ရပြီး မဟာကျင်းအင်မော်တယ်နိုင်ငံကို ဂုဏ်သိက္ခာကျဆင်းစေခဲ့၏။
မဟာထျဲဝေတောင်မှာတုန်းက ယွမ်ကျော၏ နောက်ဆုံးအလောင်းအစားနှင့် အခြားသောအဖွဲ့အစည်းများစွာနှင့် ပူးပေါင်းတိုက်ခိုက်မှုကိုလည်း ဆူဇီမိုက ချေမှုန်းသုတ်သင်ခဲ့၏။
ထိုဆက်တိုက်ကျရှုံးမှုတချို့သည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ကြီးမားစွာကျဆင်းစေခဲ့ပြီး မင်းသားယွမ်ကျောသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ လှောင်ရယ်စရာဟာသတစ်ခုဖြစ်လာခဲ့၏။
ဆူဇီမိုက ပြောလိုက်လေသည်။
“အဲဒါကြောင့် အခုချိန်မှာ ပကတိမိုးကြိုးမြို့တော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ပကတိအင်မော်တယ်ပညာရှင်တွေ တစ်ယောက်မှရှိမှာ မဟုတ်လောက်ဘူး”
အရင်တုန်းက မင်းသားယွမ်ကျောသည် မဟာထျဲဝေတောင်မှာ တိုက်ခိုက်ခဲ့စဥ် ပကတိအင်မော်တယ်ကျင်းယွဲ့ကို တံခါးပိတ်ကျင့်ကြံရာကနေ ဖိတ်ခေါ်လာနိုင်ခဲ့သည်မှာ သူသည် တစ်ခါက အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ မင်းသားဖြစ်ခဲ့ဖူးသောကြောင့်ပင်။ ပကတိအင်မော်တယ်ကျင်းယွဲ့ကတော့ သူသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ ဘုရင်ခံဖြစ်ခဲ့ဖူးပြီး သူတို့နှစ်ယောက်က ပတ်သက်ဆက်နွယ်မှုတချို့ရှိလေသည်။
သို့သော်လည်း ကိစ္စများက ယခုအချိန်မှာ ကွဲပြားခြားနားသွားပြီဖြစ်၏။
ယွင်ကျူးက ညင်သာစွာခေါင်းညိတ်လိုက်၏။ ပကတိမိုးကြိုးမြို့တော်မှာ ပကတိအင်မော်တယ်ပညာရှင်များ မရှိဟူသောအချက်ကို သူမက သဘောတူလက်ခံရပေမည်။
ဆူဇီမိုက ဆက်ပြောလိုက်၏။
“ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စက သိပ်မကြာခင် မင်းသားယွမ်ကျောရဲ့ နားထဲကို ပြန်ရောက်သွားလိမ့်မယ်... သူက ကျုပ်ရဲ့ကျင့်ကြံမှုနယ်ပယ်ကိုလည်း သိသွားမှာပဲ... ဒါပေမဲ့ ကျုပ်က ကျုပ်အသက်ကိုစွန့်စားပြီး မဟာကျင်းအင်မော်တယ်နိုင်ငံကိုသွားမယ် ပြီးရင် ပကတိမိုးကြိုးမြို့တော်မှာ သူ့ကိုသတ်ဖို့ကြိုးစားလိမ့်မယ်လို့တော့ သူကသေချာပေါက် ထင်မှတ်ထားမှာ မဟုတ်ဘူး”
“အဲဒါကတော့ သူတစ်ယောက်တည်းတင်မဟုတ်ဘူး... ဘယ်သူကမှ အဲဒါကို ထင်မှတ်ထားမှာ မဟုတ်လောက်ဘူး”
ယွင်ကျူးက သက်ပြင်းချကာ ပြောလိုက်၏။
ဆူဇီမိုသည် စောစောက ထိုမေးခွန်းကို မေးမြန်းခဲ့ခြင်းမရှိလျှင် သူသည် ဤမျှအထိ တုန်လှုပ်စရာကောင်းသော ကိစ္စတစ်ခုကို ပြုလုပ်ရဲလိမ့်မည်ဟု သူမပင် တွေးမိလိမ့်မည်မဟုတ်ပေ။
ဆူဇီမိုက ပြောလိုက်၏။
“လုပ်ကြံသတ်ဖြတ်ခြင်းတာအိုက အလစ်အငိုက်ဖမ်းတာကို အထူးပြုတယ်... အဲဒါကိုထင်မှတ်မထားလေလေ အောင်မြင်နိုင်ခြေက ပိုမြင့်မားလေလေပဲ... အခုချိန်က ယွမ်ကျောကိုသတ်ဖြတ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ”
ဆူဇီမိုသည် ဤဆုံးဖြတ်ချက်ကို စိတ်လိုက်မာန်ပါ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း ယွင်ကျုးက ရုတ်တရက် နားလည်သဘောပေါက်လိုက်၏။ သူက အဲဒါကို သေသေချာချာစဥ်းစားတွေးတောခဲ့ပြီး အကုန်လုံးကို အစီအစဥ်ချထား၏။
သူသည် လုပ်ကြံသတ်ဖြတ်ခြင်းကနေတစ်ဆင့် မင်းသားယွမ်ကျောကို သတ်ဖြတ်လိုလေသည်။ ထိုသို့ဖြင့် သူက ပကတိအင်မော်တယ်ညသင်္ချိုင်းကို နှစ်သိမ့်ပေးနိုင်မည်ဖြစ်သည်။
ယွင်ကျူးသည် အတန်ကြာစဥ်းစားတွေးတောနေသော်လည်း သူမက စိုးရိမ်ပူပန်နေဆဲဖြစ်၏။ သူမက သူမ၏ ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။
“နင်က အဆင့်-၈ ဒါမှမဟုတ် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်တဲ့အထိ ကျင့်ကြံထားနိုင်မယ်ဆိုရင် ငါက နင့်ကို တားမှာမဟုတ်ဘူး... အဲဒီအချိန်ကျရင် ကောင်းကင်အင်မော်တယ်တွေကြားထဲမှာ ဘယ်သူကမှ နင့်ကို ယှဥ်နိုင်မှာ မဟုတ်လောက်တော့ဘူး”
“ဒါပေမဲ့ နင်ကအခုချိန်မှာ အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ... နင်နဲ့ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ကြားမှာ အဆင့်သေးသုံးဆင့် ကွာဟနေတယ်... နင်က လုံခြုံရေးတင်းကျပ်ပြီးတော့ ပညာရှင်တွေနဲ့ပြည့်နှက်နေတဲ့ ပကတိမိုးကြိုးမြို့တော်မှာ မင်းသားယွမ်ကျောကို လုပ်ကြံသတ်ဖြတ်ဖို့နေနေသာ သူနဲ့တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်ရမယ်ဆိုရင်တောင် နင့်မှာနိုင်ဖို့အခွင့်အရေးမရှိလောက်ဘူး”
“ယွမ်ကျောက အားမနည်းဘူး... အခုဆိုသူက ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲမှာ အဆင့် ၉၈ဝင်တယ်... ငရဲဖိနှိမ်မီးဖိုကလည်း အခုနင့်လက်ထဲမှာ မရှိတော့ဘူး”
ဆူဇီမိုက ပြုံးပြလိုက်၏။
“ကျုပ်သာ... အဆင့်-၈ ဒါမှမဟုတ် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်တဲ့အထိ ကျင့်ကြံထားမယ်ဆိုရင် ကျုပ်မှာ မင်းသားယွမ်ကျောကို လုပ်ကြံသတ်ဖြတ်နိုင်မယ့်အခွင့်အရေး ရှိမှာမဟုတ်လောက်တော့ဘူး”
ယွင်ကျူးက ထက်မြတ်၍ ဉာဏ်ကောင်းလေသည်။ အတွေးတစ်ချက်နှင့်အတူ ဆူဇီမိုပြောချင်သည့်အရာကို သူမက နားလည်သဘောပေါက်သွား၏။
သူမသာ မင်းသားယွမ်ကျောဖြစ်ပြီး ဆူဇီမိုက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာသည်ဟု ကြားသိရမည်ဆိုလျှင် သူမသည် သေချာပေါက် သတိထား၍ မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေထဲကနေ ထွက်ခွာတော့မည် မဟုတ်ပေ။ ဒါ့အပြင် သူမသည် ပို၍ပင် သတိထားစောင့်ကြည့်နေပြီး သူမ၏ တည်နေရာကို အလွယ်တကူပေါက်ကြားစေလိမ့်မည် မဟုတ်ပေ။ တကယ်ဆို သူမသည် ဆူဇီမိုကိုပြန်လည်သတ်ဖြတ်ဖို့ပင် ထောင်ချောက်တချို့ကို ဆင်ထားပေလိမ့်မည်။
သို့သော်ယခု ဆူဇီမိုက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်မည်ဟု သူမသိရှိထားမည်ဆိုလျှင် သူမက အဲဒါကို သေချာပေါက်အရေးလုပ်လိမ့်မည် မဟုတ်ပေ။
အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်သည် ကြိုတင်ခန့်မှန်း ကောင်းကင်အဆင့်သတ်မှတ်ချက်ထဲဝင်သော အဆင့်-၉ ကောင်းကင်အင်မော်တယ် မင်းသားတစ်ပါးကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပကတိမိုးကြိုးမြို့တော်သို့ လာရောက်လိမ့်မည်ဟု ဘယ်သူက တွေးမိပါ့မလဲ။
ဤအစီအစဥ်က တကယ့်ကို ရဲတင်းလွန်း၏။
အဲဒါသည် တုန်လှုပ်စရာကောင်းသောလုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
သူအောင်မြင်မည်ဆိုလျှင် အဲဒါသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ဘယ်လောက်တောင်ဂယက်ရိုက်သွားမလဲ မသိနိုင်ပေ။
“မင်းငါ့ကို အမဲလိုက်နေခဲ့တာကြာခဲ့ပြီ... အခုအဲဒါကို အဆုံးသတ်ရမယ့်အချိန်ပဲ”
ဆူဇီမိုက သူ၏ ခေါင်းကို အနည်းငယ် ငုံ့ထားပြီး သူ၏ မျက်လုံးထဲရှိ အေးစက်စက်သတ်ဖြတ်လိုစိတ်နှင့်အတူ တီးတိုးရေရွတ်ပြောဆိုလိုက်၏။
တကယ်တော့ သူသည် မင်းသားယွမ်ကျောကို လုပ်ကြံသတ်ဖြတ်ဖို့ရွေးချယ်ခဲ့သည်မှာ ပကတိအင်မော်တယ် ညသင်္ချိုင်းအတွက် လက်စားချေပေးရုံသာမဟုတ်ဘဲ သူကိုယ်တိုင်အတွက်လည်း ဖြစ်လေသည်။
သူတက်လှမ်းလာခဲ့ပြီးကတည်းက ယခုအချိန်ထိ သူသည် မင်းသားယွမ်ကျော၏ လိုက်လံတိုက်ခိုက်မှုကနေ မလွတ်မြောက်နိုင်သေးဘဲ သူက သေဘေးကနေ ကြိမ်ဖန်များစွာရုန်းထွက်ခဲ့ရ၏။
သို့သော်လည်း သူကလုံလောက်အောင်သန်မာမှုမရှိခဲ့သည့်အတွက် လက်တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။
ယခုသူက တိုက်ခိုက်ဖို့ပြင်ဆင်ထားပြီဆိုမှတော့ သူသည် မင်းသားယွမ်ကျောကို မည်သည့်အခွင့်အရေးမှပေးတော့မည် မဟုတ်ပေ။
ဒါ့အပြင် သူသည် မင်းသားယွမ်ကျော၏ ပိုင်နက်နယ်မြေထဲမှာ အဲဒါကို အကောင်အထည်ဖော်ပြီး တစ်ဘက်လူကို အံ့အားသင့်စရာအကြီးကြီးတစ်ခု ပေးချင်လေသည်။
ဒါ့အပြင် ဤနှစ်များအားလုံးမှာ ဆူဇီမို၏ စိတ်ထဲတွင် ရှိနေခဲ့သည့် နောက်ထပ်အရေးကြီးကိစ္စတစ်ခု ရှိနေလေသည်။
မင်းသားယွမ်ကျောသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ သူဝင်ပါနေသည်ကို မည်သို့မည်ပုံသိရှိသွားပြီး ထိုသူက သူ၏ ရုပ်ဖျက်မှုကို ဘယ်လိုမှတ်မိသိရှိသွားသလဲ သူက ရှာဖွေဖော်ထုတ်ချင်နေ၏။