← Chapters

ကုန်းထျန်းဟောက် အရမ်းနာကျင်နေတယ်!

Vol. 25 Ch. 409

ကုန်းထျန်းဟောက် အရမ်းနာကျင်နေတယ်!

Vol. 25 Ch. 409

ရှောင်လင်းယွီ၊ ကုန်းထျန်းဟောက်နဲ့ မေမေရှောင်က ဖြစ်ရပ်ကိုကြည့်ဖို့လာကြတော့ ရှောင်ဖုချီက သူ့မိန်းမကို ကိုယ်ထိလက်ရောက်ကျူးလွန်နေတာကို မြင်လိုက်ကြရသည်။ မေမေရှောင်က ခနလောက် မျက်မှောင်ကျုံ့လိုက်ပြီး ဘာမှမပြောခဲ့ပေ။f

အရာရှိလီက ရှောင်ဖုချီကိုတားလိုက်ပြီးတော့ သူ့ကိတည်ငြိမ်တဲ့မျက်နှာထားနဲ့ အပြစ်တင်ကာ

“ဆရာ တစ်ယောက်ယောက်ကိုရိုက်တာက ဥပဒေကိုဆန့်ကျင်မှန်း မသိဘူးလား?”

ရှောင်ဖုချီက ဒါကိုကြားတော့ အနည်းငယ်ကြောက်သွားပေမယ့် သူ့ကိုယ်သူခုခံကာ

“ငါက ငါ့မိန်းမကို ရိုက်နေတာလေ။ ဒါက ဘယ်လိုလုပ် ဥ‌ပဒေကို ဆန့်ကျင်မှာလဲ?”

အရာရှိလီက

“ဒါက အိမ်တွင်းအကြမ်းဖက်မှုပဲ။ ဒါ ဥပဒေကိုဆန့်ကျင်တာပဲ”

“ဒါပေမယ့် သူက သူခိုးတစ်ယောက်လေ။ ငါ သူ့ကို သင်ခန်းစာတစ်ခုသင်ပေးချင်တယ်!”

ရှောင်ဖုချီက ကျန်းချွမ်းကျောင်းအတွက် များစွာသောခါးသီးတဲ့ခံစားချက်တွေရှိသည်။ သူက ဘာလို့ဒီလိုမျိုးတစ်စုံတစ်ခုကို လုပ်ဖို့အထိ အရမ်းမိုက်မဲရတာလဲ?

အရာရှိလီက တည်တည်ငြိမ်ငြိမ်နဲ့

“ခင်ဗျားမိန်းမက ဥ‌ပဒေကို ချိုးဖောက်ခဲ့တယ်။ ဒီတော့ သူ့ကိုအပြစ်ပေးဖို့ ဥပဒေတွေရှိတယ်။ ဒါပေမယ့် သူ့ကိုရိုက်တာကတော့ ခင်‌‌ဗျားအတွက်မှားတယ်။ အခုလေးတင် ကျွန်တော်တို့ ဒီကိုလာတော့ ခင်ဗျားမိန်းမက ထိခိုက်ထားတဲ့မျက်နှာနဲ့ သစ်ပင် ပင်စည်တစ်ခုမှာ အချည်ခံထားရတာကို မြင်လိုက်ရတယ်။ ကျွန်တော်တို့ ခင်ဗျားကိုဖမ်းပြီး ရဲစခန်းမှာ ရက်အနည်းငယ် ထောင်ချထားနိုင်တယ်”

ရှောင်ဖုချီရဲ့မျက်နှာက ဒါကိုကြားတော့ ပြောင်းလဲသွားသည်။ သူက ကြောက်ကြောက်နဲ့ အထိတ်တလန့်ဖြစ်ကာ

“အရာရှိကြီး မလုပ်ပါနဲ့။ ကျွန်တော်…ကျွန်တော် သူ့ကို နောက်ကျရင် မမရိုက်တော့ဘူး”

အဲ့ဒီအချိန်မှာ ကျန်းချွန်း‌ကျောင်း ရောက်လာတာကိုမြင်ပြီး ချက်ချင်း ရှောင်လင်းယွီဆီပြေးကာ ဒူးထောက်လိုက်သည်။

“ရှောင်လင်းယွီ ချိုးယင်၊ ငါနင်တို့မိသားစုနွားတွေကို မခိုးခဲ့ဘူးလေ။ ရဲတွေကို ဒါကိုပြောလိုက်မှာလား? ငါနင်တို့ကို နောက်ကျရင် ဘယ်တော့မှ အမှားမလုပ်တော့ဘူးလေ။ ငါတောင်းပန်ပါတယ်”

ကျန်းချွမ်းကျောင်းက မတုံးအပေ။ အခုမှ ရဲတွေကိုအသနားခံတာက အသုံးမဝင်မှန်း သူမသိသည်။ သူမက ရှောင်ကျန်းယန်ရဲ့မိသားစုကိုပဲ တောင်းပန်နိုင်တော့မည်။ သူတို့တွေ အမှုကို တားဆီးထားသရွေ့ သူမအဆင်ပြေလိမ့်မည်။ တစ်နေ့ကျရင် သူမက ချန်ချိုးယင်းကို ခေါင်းငုံ့ရလိ့မ်မယ်လို့ ဘယ်တုန်းကမှ ‌ကျန်းချွမ်းကျောင်း တွေးမထားခဲ့ပေ။ သူမ ခေါင်းကိုငုံ့မှဖြစ်မည်။

သူမ ကြောက်ရွံ့နေသည်။ ဒီကောက်ကျစ်တဲ့ကောင်မလေးရှောင်လင်းယွီမှာ ရက်စက်တဲ့အကျင့်စရိုက်ရှိပြီး မာကျောတဲ့နှလုံးသားရှိသည်။ ရွာထဲကလူတိုင်း ဒါကိုသိကြသည်။

အရင်က ကျန်းရှောင်လန်က ပြစ်မှုတစ်ခု ကျူးလွန်ခဲ့တုန်းက သူမမိသားစုက တောင်းပန်နေပေမယ့်လည်း ရှောင်လင်းယွီက သူမကို ထောင်ထဲပို့ခဲ့သည်။ ကျန်းရှောင်လန်ရဲ့မိသားစုက လျော်ကြေးတွေကိုလည်း ပေးရလိမ့်ဦးမည်။

အခု သူမအလှည့်ဖြစ်သည်။ သူမရဲ့ဘဝကို ထောင်ထဲမှာ တစ်သက်လုံးဘယ်လိုကုန်ဆုံးရမလဲဆိုတာတွေးရင်း အမှန်တကယ်ကိုကြော်ရွံ့ပြီး ထိတ်လန့်နေသည်။ ဒါကြောင့် သူမက သူမရဲ့ဘဝမှာ အမုန်းဆုံးဖြစ်တဲ့ ချန်ချိုးယင်းကို အသနားခံခဲ့သည်။

ဒါပေမယ့်လည်း…

ရှောင်လင်းယွီက သူမအမေ စကားပြောဖို့ မစောင့်လိုက်ဘဲ အေးစက်စက်နဲ့

“ဒေါ်လေးကျန်း၊ ဒေါ်လေးလုပ်ခဲ့တာက ဥပဒေကို ဆန့်ကျင်တာပဲ။ ကျွန်မတို့ကို လာအသနားခံနေလည်း အသုံးမဝင်ဘူး။ ဒေါ်လေးက ဥပဒေအရ အပြစ်ပေးခံရမှာပဲ။ ကျွန်မတို့က သာမန်လူတွေပဲလေ။ ကျွန်မတို့ ဥပဒေကို ဖယ်ကျဉ်လို့မရဘူး။ ပြီးတော့ ကျွန်မတို့ ဒေါ်လေးကို ခွင့်လွှတ်ချင်ရင်တောင် ဥပဒေက ခွင့်လွှတ်မှာတဲ့လား?”

ရှောင်လင်းယွီရဲ့စကားလုံးတွေက ရွာသားတွေအတွက်တော့ အနည်းငယ်ကြမ်းတမ်းနေသည်။ သူမက အကြင်နာတရားကင်းပြီး သွေးအေးသည်။

အရာရှိလီက သ‌ဘောတူစွာ ခေါင်းညိတ်ကာ

“မစ္စရှောင် ပြောတာမှန်တယ်။ ခင်ဗျားက ပြစ်မှုတစ်ခုကျူးလွန်ခဲ့တာ။ ဘယ်သူ့ကိုအသနားခံနေနေ အသုံးမဝင်ဘူး။ ဒါပေမယ့်လည်း ခင်ဗျားကိုယ်ခင်ဗျား မှန်မှန်ကန်ကန်ပြုပြင်နေသရွေ့ ဥပေဒါက အလိုလိုပဲ သက်ညှာမှာပါ”

ရွာသားတွေက ဒါကို လက်ခံကြသည်။

အဲ့ဒီအချိန်မှာ တစ်ယောက်လာလိုက်ပြီး သင်္ကာမကင်းနဲ့မေးကာ

“ဆရာ ကျန်းချွမ်းကျောင်းက နွားတွေကိုခိုးတာမှာ တကယ်ပါဝင်ခဲ့တာလား?”

အရာရှိလီက ခေါင်းညိတ်ကာ

“သူခိုးတွေကို ဖမ်းမိထားပြီး သူတို့က အားလုံးဝန်ခံထားကြတယ်။ ကျန်းချွမ်းကျောင်း၊ ခင်ဗျား ကျုပ်တို့နဲ့ လိုက်ခဲ့ရမယ်”

ဒါကိုပြောပြီးတော့ အရာရှိလီက လက်ထိပ်တွေကို ထုတ်လိုက်သည်။

“မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်မမသွားဘူး”

ကျန်းချွမ်းကျောင်းက ကြမ်းကြမ်းတမ်းတမ်းရုန်းကန်လိုက်သည်။

“မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်မမသွားဘူးလို့။ ငါ..ငါ နွားတွေကိုမခိုးခဲ့ဘူး။ ငါနွားတွေကို မခိုးခဲ့ပါဘူးလို့။ ငါမှားသွားတာပါ”

ကျန်းချွမ်းကျောင်းက ရုန်းကန်ရင်း အော်ဟစ်နေပေမယ့် ၎င်းက အရာမရောက်ပေ။

သူမက ဒေါသတကြီးနဲ့ အော်ဟစ်ကာ

“ချန်ချိုးယင်း ရှောင်လင်းယွီ၊ နင်တို့တွေဝဠ်လည်မယ်။ ရှောင်လင်းယွီ နင့်ကလေးက ချွတ်ယွင်းချက်တွေနဲ့ မွေးလာပါစေလို့ ငါကျိန်တယ်!”

ကုန်းထျန်း‌ဟောက်ရဲ့စူးရှတဲ့မျက်လုံးထဲမှာ ရက်စက်တဲ့အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။

ဒီမိန်းမက ဒီလိုမျိုးဟာကို လုပ်ရဲတယ်ပေါ့။

သူမကို ခွင့်လွှတ်လို့မရနိုင်ပေ။

ကျိန်ဆဲနေတုန်းဖြစ်တဲ့ ကျန်းချွမ်းကျောင်းက သူမရဲ့စကားတွေကြောင့် သူမရဲ့နှစ်တစ်ဝက်ပြစ်မှုက ခြောက်နှစ်ဖြစ်သွားလိမ့်မယ်လို့ မသိခဲ့ပေ။ သူမက ခြောက်နှစ် ဝေဒနာခံစားရလိမ့်မည်။ သူမရဲ့ဗိုက်ထဲက ကလေးက အရမ်းကျန်းမာမှန်း ရှောင်လင်းယွီသိပေမယ့် ကျန်းချွမ်းကျောင်းရဲ့ အဆက်မပြတ် ကျိန်ဆဲမှုတွေကိုကြားတော့ သူမမျက်နှာပေါ်မှာ အမျက်ဒေါသတွေပေါ်ပေါက်လာသည်။

ဒီကျန်းချွမ်းကျောင်းက တကယ်ခေါင်းမာတာပဲ။ သူမက အပြစ်သားပေမယ့် ခံရသူတွေအပေါ်မှာ အပြစ်တင်နေတယ်။

ရယ်စရာပဲ!

ချန်ချိုးယင်းက ဒေါသထွက်ပြီး စိမ်းပုပ်လာသည်။

“ကျန်းချွမ်းကျောင်း၊ နင်ဝဠ်လည်တဲ့အကြောင်းပြောချင်ရင် နင်ကအရင်ခံရမှာ။ နင်က မှားတာတွေကို အရင်လုပ်ခဲ့တဲ့သူလေ။ ဒါပေမယ့် နင်က ငါတို့ကပဲ အကြမ်းကြုတ်ဆုံးပြစ်မှုတွေကို ကျူးလွန်ခဲ့သလို လုပ်နေတယ်။ နင်ထောင်ထဲမှာနေပြီး နင်လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ရမှာ”

ချန်ချိုးယင်းက အနိုင်ကျင့်ရတာလွယ်တဲ့လူတစ်ယောက် မဟုတ်ပေ။ သူမက အစွမ်းအစရှိတဲ့သူတစ်ယောက်ဖြစ်ပြီး လိမ္မာပါးနပ်တဲ့သူတစ်ယောက်လည်းဖြစ်သည်။ ဒါပေမယ့်လည်း သူမရဲ့ လိမ္မာပါးနပ်မှုကို သူမကိုရန်စတဲ့သူတွေကိုပဲ ပစ်မှတ်ထားသည်။

ချန်ချိုးယင်းက စကားပြောပြီးသွားတာနဲ့ ရွာသားတွေက မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေနဲ့ ချန်ချိုးယင်းကို ကြည့်လိုက်ကြသည်။

အဲ့ဒီအချိန်မှာ တစ်‌ယောက်က လာပြီးတော့ ဂရုတစိုက် မေးမြန်းကာ

“လင်းယွီ ကျန်းချွမ်းကျောင်းက တကယ်ပဲ နွားခိုးတာမှာ ပါဝင်ခဲ့တာလား?”

ရှောင်လင်းယွီက အပြုံးရေးရေးနဲ့မေးလိုက်တဲ့လူကို ကြည့်လိုက်ပြီး ပြန်မေးလိုက်ကာ

“ဒေါ်လေးလျို၊ ကျွန်မက သူ့ကို မှားစွပ်စွဲနေတယ်လို့ ထင်နေလို့လား? ရဲတွေက သူ့ကိုမှားစွပ်စွဲနေတာလို့ ထင်နေတာလား? ကျွန်မက ရဲတွေကို အမိန့်လျှောက်ပေးဖို့များ ဩ‌ဇာကောင်းနေတယ်လို့ ဒေါ်လေးထင်နေသလား?”

ဒေါ်လေးလျိုက ရှက်ရွံ့ရွံ့အပြုံးနဲ့

“ဒါပေမယ့် ကျန်းချွမ်းကျောင်းက သူ မတရားခံရတယ်လို့ပဲ အော်နေတာကိုး။ ပြီးတော့ နွားဘုရင်ငယ်လေးပျောက်သွားတုန်းက ငါက ချွန်းကျောင်းနဲ့အတူတူလေ။ သူ့မှာ ပြစ်မှုကျူးလွန်ဖို့ အချိန်မရှိဘူး။ ဒီတော့ သူဘယ်လိုလုပ် ပါဝင်နိုင်မှာတဲ့လဲ?”

နွားဘုရင်ငယ်လေးပြန်ပေးဆွဲခံလိုက်ရပြီမှန်း သူတို့သိသွားတုန်းက ကျန်းချွမ်းကျောင်းက မိန်းမတစ်စုနဲ့ စကားပြောနေခဲ့သည်။ ဒါကြောင့် ကျန်းချွမ်းကျောင်းမှာ ရာဇဝတ်မှုတစ်ခုကျူးလွန်ဖို့ အချိန်မရှိပေ။ ပြီးတော့ ကျန်းချွမ်းကျောင်းလိုမိန်းမမျိုးက ဘယ်လိုလုပ် နွားကြီးနှစ်ကောင်ကို ရွှေ့နိုင်မှာလဲ?

လျိုဆန်းရှို့ရဲ့စကားတွေကိုကြားပြီး တခြားမိန်းတွေက သံယောင်လိုက်ကာ

“လင်းယွီ၊ ဆန်းရှို့ ပြောတာမှန်တယ်။ နွားတွေပျောက်သွားတုန်းက ချွန်းကျောင်းက ငါတို့နဲ့ စ‌ကားပြောနေခဲ့တာ။ သူ ဒါကိုမလုပ်နိုင်ဘူး”

“ဟုတ်တယ် အမှန်ပဲ၊ လင်းယွီ၊ တကယ်ပဲ ဘယ်လိုတွေဖြစ်ကုန်တာလဲ?”

တချို့ရွာသားတွေကတော့ ဖြူဖြူစင်စင် စပ်စုတာပေမယ့် တခြားသူတွေမှာတော့ ဖုံးထားတဲ့အကြောင်းရင်းတွေရှိသည်။ သူတို့က ရှောင်လင်းယွီက အသေးအမွှားကိစ္စတွေအတွက် ရဲခေါ်တာကို မကြိုက်ကြပေ။ ဒါက နောက်ကျရင် သူတို့အပေါ်မှာလည်း ရဲခေါ်ခံရလိမ့်မယ်လို့ ဆိုလိုနေသည်။ ဒါကြောင့် တချို့လူတွေက ရှောင်လင်းယွီက မျက်လုံးထဲက ကြောက်ရွံ့မှုတွေနဲ့ ကြည့်လိုက်ကြသည်။

ရှောင်လင်းယွီက ဘာလို့ အနည်းငယ်သဘောထားမတိုက်ဆိုင်မှုလေအတွက် ရဲကိုခေါ်လိုက်တာလဲ?

ရှောင်လင်းယွီက လူတွေကို တစ်ချက်ကြည့်လိုက်ပြီး ကြည်ကြည်နူးနူးမေးကာ

“ဒီတော့ ကျွန်မ သူ့ကိုမှားစွပ်စွဲနေတယ်လို့ ရှင်တို့‌ဆိုလိုတာပေါ့? ရဲတွေက သူ့ကို ချောက်ချတယ်လို့ ရှင်တို့ထင်နေတာလား?”

“ဒါ ငါတို့ဆိုလိုတာ မဟုတ်ပါဘူး”

လျိုဆန်းရှို့က ရှက်ရှက်နဲ့

“ငါတို့က သိချင်ရုံတင်ပါ။ ချွန်းကျောင်းမှာ ပြစ်မှုကျူးလွန်ဖို့ အချိန်မရဘူးလေ။ ဒီတော့ သူက ဘယ်လိုလုပ်သူခိုးဖြစ်နိုင်ပါ့မလဲ?”

ရှောင်လင်းယွီက

“ကျွန်မမသိဘူးလေ။ ကျွန်မက ရှောင်ကွမ်းနဲ့ သု့အမေပျောက်သွားပြီးတော့ ရဲကိုခေါ်လိုက်တာပဲ။ ပြီးတော့ တရားခံက ဒေါ်လေးကျန်းမှန်း ရဲတွေကရှာတွေ့သွားတယ်”

အဲ့ဒီအချိန်မှာ သူမက ရပ်တန့်လိုက်ပြီး ပြတ်ပြတ်သားသားနဲ့

“ဒေါ်လေးလျို၊ ဒေါ်လေးကျန်းက ရာဇဝတ်မှုကို ကျူးလွန်သည်ဖြစ်စေ မကျုးလွန်သည်ဖြစ်စေ၊ ရှင်ကျွန်မကိုမမေးဘဲနဲ့ ရဲတွေကိုပဲ မေးသင့်တာ။ ကျွန်မနွားတွေက ပျောက်နေခဲ့တာလေ။ ဒီတော့ ကျွန်မ ရဲကိုခေါ်တာပေါ့။ ရှင့်ဆီမှာလည်း တူညီတဲ့တစ်စုံတစ်ခုပဲဖြစ်ရင် ရဲခေါ်မှာလား? ရှင်မခေါ်လောက်ပါဘူး။ ဒါပေမယ့် ရှင့်‌နွားတွေကို ရှင့်အိမ်နီးချင်းကခိုးသွားမှန်း ရှင်ရှာတွေ့သွားရင်တော့ အခုကျွန်မလိုမျိုးပဲ ဒေါသထွက်နေမှာလား?”

“ဒါမှမဟုတ် ရှင်က သူတို့ကို ခွင့်လွှတ်ဖို့အထိ သဘောထားကြီးမှာလား? ကျန်းရှောင်လန်က ကျွန်မစတော်ဘယ်ရီခင်းကို မီးရှို့ခဲ့ပြီး ၁၀၀၀၀ဝကျော်ကျော် ဆုံးရှုံးရအောင် လုပ်ခဲ့တယ်။ တရားခံကို ခွင့်လွှတ်ပေးဖို့ လူတော်တော်များများ ကျွန်မကိုပြောကြတယ်။ ဒါပေမယ့် ရှင်တို့ ကျွန်မနေရာမှာ ဝင်ခံစားကြည့်လိုက်။ သူ့ကို ခွင့်လွှတ်ဖို့ ရွေးချယ်မှာလား? သူက နှစ်တစ်ဝက်လုံးကြိုးစားမှုတွေကို မီးရှို့ချခဲ့ပီး ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်စေခဲ့တာ”

“အလားတူပဲ။ ရှင်တို့နွားတွေအခိုးခံလိုက်ရပြီး ရှာလို့မတွေ့ရင် ရဲကိုခေါ်မှာလား? နွားတစ်ကောင်က လယ်သမားတစ်ယောက်အတွက် နှစ်တစ်ဝက်စာ ဝင်ငွေနဲ့ညီတဲ့ အနည်းဆုံး ၆၀၀ ၇၀၀တန်မှန်း လူတိုင်းသိကြတယ်”

“ကျွန်မ ရှောင်ကွမ်းနဲ့ တာ့ကွမ်းကိုဝယ်ခဲ့တုန်းက ၁၀၀၀ကျော်သုံးခဲ့ရတာ။ ဒါပေမယ့် သူ့ရဲ့တကယ့်တန်ဖိုးကို ရှင်းပြဖို့မလိုဘူးလို့ပဲ ကျွန်မထင်တယ်။

ဒီတော့ ကျွန်မ ရဲမခေါ်သင့်ဘူးလား? ကျွန်မရဲ့နွားနှစ်ကောင်ကို ကူရှာပေးဖို့ ရဲတွေကို မခေါ်သင့်ဘူးလား? ရဲတွေက စုံစမ်းစစ်ဆေးမှုလုပ်ပြီး ဒေါ်လေးကျန်းကို တရားခံအနေနဲ့ ခြေရာခံမိခဲ့တယ်လေ။ ဒီကိစ္စကိုသာ ကျွန်မ အစောကတည်းကသိခဲ့ရင် ပထမဆုံးသတိထားမိကတည်းက ရဲတွေကိုခေါ်မယ့်အစား ဒေါ်လေးကျန်းဆီက နွားတွေကို တောင်းဖို့ ကျွန်မမသွားခဲ့လောက်ဘူးလား?”

လူတချို့က ဒါကိုမပြောကြပေမယ့် သူတို့မျက်နှာထားတွေက ရှောင်လင်းယွီက ရဲကိုမခေါ်သင့်ဘူးလို့ ပြသနေကြသည်။ ဒီလူတွေက တခြားသူကို ဆန်းစစ်ဝေဖန်ရတာ အတော်သဘောကျကြသည်။

ရှောင်လင်းယွီက ဒါကို မကြိုက်ပေ။ သူမရဲ့သဘောထားကို ‌ရှင်းရှင်းလင်းလင်းဖော်ပြရမည်။ ရှောင်လင်းယွီစကားပြောပြီးသွားတာနဲ့ ‌ဖြစ်ရပ်နေရာက တိတ်ဆိတ်သွားသည်။

လူအများစုက အတွေးထဲ မျောနေကြသည်။ ၎င်းက တကယ့်ကို ရှောင်လင်းယွီပြောသလိုပဲဖြစ်သည်။

သူမရဲ့နွားနှစ်ကောင်က ပျောက်နေခဲ့ပြီး သူတို့ကိုဘယ်သူခိုးသွားမှန်း ဘယ်သူမှမသိကြပေ။ သူတို့တွေကို တကယ်မရှာနိုင်မှတော့ ရဲတွေကိုခေါ်ဖို့ပဲ ရွေးချယ်ရတော့မည်။ သူတို့နွားတွေသာပျောက်သွားပြီး နောက်ပိုင်းမှ တစ်ရွာတည်းသားတွေဆီက အခိုးခံလိုက်ရမှန်းသိရင် ရဲခေါ်ဖို့မပြောနဲ့ သူတို့အိမ်တခါးဆီကို ဓားတွေနဲ့သွားပြီးလောက်ပြီဖြစ်သည်။

ကျန်းချွမ်းကျောင်းက ရာဇဝတ်မှုကျူးလွန်ဖို့ အချိန်ရှိလား မရှိလားဆိုတာတော့ ရဲတွေရဲ့ကိစ္စပဲဖြစ်သင့်သည်။ ရဲတွေက ကျန်းချွမ်းကျောင်းက ခိုးမှုမှာပါခဲ့ပေမယ့် သူမက အဓိကတရားခံမဟုတ်ကြောင်း ပြောဆိုထားကြသည်။ ဒီလိုဆိုရင်တော့ ရာဇတ်မှုဖြစ်တဲ့အချိန်မှာ သူမက အခင်း‌နေရာမှာ ရှိနေဖို့မလိုပေ။

ဒါပေမယ့် ကျန်းချွမ်းကျောင်းက နွားတွေကိုခိုးဖို့ အပြင်လူတွေနဲ့ ဘယ်လိုလျှို့ဝှက်ကြံစည်ခဲ့တာလဲ?

သူတို့တွေ ဒါကိုတော့ ရဲတွေကို မေးရမည်။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီထွက်ဖို့ ကူညီပေးလိုက်သည်။ သူတို့တွေ လမ်းပေါ်လျှောက်သွားတာနဲ့ သူ့မျက်လုံးတွေက ‌ဒေါသနဲ့ပြည့်နေကာ

“ယွီအာ သူက ကိုယ်တို့သားကို ကျိန်ဆဲရဲတယ်။ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး”

သူက ထောင်ယွမ်ရွာက ရွာသားတစ်ယောက်ဆိုတော့ရော ဘယ်သူဂရုစိုက်မှာလဲ?

သူမက သူတို့ကိုဆန့်ကျင်နေသရွေ့တော့ သူမ ငြိမ်းငြိမ်းချမ်းချမ်း နေရမှာ မဟုတ်ပေ။

ရှောင်လင်းယွီက လမ်းလျှောက်နေရင်း ကုန်းထျန်းဟောက်က ကိုယ်တို့သားလို့ ပြောတာကိုကြားလိုက်တော့ ရှော့ခ်ရသွားသည်။ သူမက မသိုးမသန့်နဲ့ ရှင်းပြလိုက်ကာ

“ကုန်းထျန်းဟောက်၊ ဒါကျွန်မသားပါ ရှင့်သားမဟုတ်ဘူး။ ဒါကိုမမေ့နဲ့”

ကုန်းထျန်းဟောက်က ကူကယ်ရာမဲ့စွာပြုံးကာ

“ယွီအာ ကွာခြားချက်ရှိလို့လား? နောက်ကျရင် ကိုယ်တို့လက်ထပ်တဲ့အခါ ကိုယ်တို့သားဖြစ်လာမှာပဲလေ”

“လက်ထပ်မယ်?”

ရှောင်လင်းယွီက အံ့အားသင့်စွာပြောလိုက်သည်။

သူမက ရုတ်တရက် သူမခြေလှမ်းတွေကို ရပ်လိုက်သည်။ သူမရဲ့ မျက်လုံးတွေက အံ့ဩမှူတွေ စိတ်မသန့်မှုတွေနဲ့ ပြည့်နေခဲ့သည်။ သူမက လက်ထပ်မှုအကြောင်းကို ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့အမူအယာကို ကြည့်လိုက်ကာ သင်္ကာမကင်းနဲ့

“ဒါပေါ့၊ ကိုယ်တို့လက်ထပ်မှာလေ။ ယွီအာ ကိုယ့်ကို လက်ထပ်ဖို့ မင်းဘယ်တုန်းကမှ မစဉ်းစားဖူးဘူးလား?”

သူဒါကိုပြောလိုက်တော့ ကုန်းထျန်းဟောက်စိတ်ထဲ အတွေးတစ်ခု ဖြတ်သွားလိုက်သည်။ သူက သူမရဲ့လက်ကိုဆွဲလိုက်ပြီး စိုးရိမ်တကြီးမေးမြန်းကာ

“ရှောင်လင်းယွီ၊ မင်းက ကိုယ့်ကောင်မလေးဖြစ်ဖို့ကိုပဲ သဘောတူပြီး ကိုယ့်ဇနီးဖြစ်ပြီး ကိုယ့်ကိုလက်ထပ်ဖို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူးလား”

ရှောင်လင်းယွီက သူ့ကောင်မလေးဖြစ်ဖို့ သဘောတူလိုက်တုန်းက ‌သူ့အတွက် ရှောင်လင်းယွီရဲ့မျက်လုံးထဲက ချစ်ခြင်းမေတ္တာတွေကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သူတို့က စုံတွဲကနေ လင်မယားအထိ တိုးတက်လာကြလိမ့်မယ်လို့ သူယူဆခဲ့သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီက သူ့ဇနီးမဟုတ်ဘဲ သူ့ကောင်မလေးသာဖြစ်ချင်ခဲ့လိမ့်မယ်လို့ သူမတွေးခဲ့မိပေ။

ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့လက်ကိုဆွဲပြီး သူမကို မေးခွန်းထုတ်လိုက်ပြီးတော့ ရှောင်လင်းယွီရဲ့အကြည့်က သိသိသာသာ ပြောင်းသွားခဲ့သည်။

သူမက အထစ်အထစ်နဲ့

“အမ် ဒါ…ဒါက၊ ကျွန်..ကျွန်မ..”

ကုန်းထျန်းဟောက်ရဲ့မျက်နှာက မှောင်မိုက်သွားသည်။ သူက သူမကို ကြားဖြတ်လိုက်ပြီး ပြတ်ပြတ်သားသားမေးကာ

“ရှောင်လင်းယွီ ကိုယ့်ကိုတည့်တည့်ပြော။ ကိုယ့်ကို လက်ထပ်ဖို့ရော တွေးခဲ့ဖူးလား?”

ရှောင်လင်းယွီက ခနလောက် ဆွံ့အသွားခဲ့သည်။ ကုန်းထျန်းဟောက်ရဲ့ လေးနက်တဲ့မျက်နှာကိုကြည့်ရင်း သူမပါးစပ်ကိုဖွင့်ပြီး ခက်ခက်ခဲခဲနဲ့

“ဟင့်အင်း!”

ကုန်းထျန်းဟောက်ရဲ့မျက်လုံးထဲက အလင်းက ချက်ချင်းမှိန်သွားပြီး နာကျင်မှုတွေနဲ့ အစားထိုးသွားသည်။ သူက မတတ်သာဘဲ ရှောင်လင်းယွီရဲ့လက်ကို လွှတ်လိုက်ပြီး ရေရွတ်လိုက်ကာ

“ဒီတော့ ဒါတွေအားလုံးက ကိုယ်တစ်ယောက်တည်းရဲ့အတွေးတွေပေါ့? ဟုတ်တယ် ကိုယ်ကပဲ ကိုယ့်ကိုအသုံးချဖို့ မင်းကိုဖိအားပေးရင်း မင်းဘေးနားမှာ နေရာယူထားတဲ့သူပဲ။ ဒီတစ်လျှောက်လုံး မင်းကို ကိုယ့်ဇနီးအနေနဲ့ သဘောထားနေခဲ့တာ။ မင်း ကိုယ့်ကောင်မလေးဖြစ်ဖို့ သဘောတူခဲ့တုန်းက သုံးရက်သုံးညလောက်မအိပ်နိုင်လောက်အောင်ကို ပျော်နေခဲ့တာ။ နောက်ကျရင် ကိုယ် မင်းနဲ့ ကလေးကို အကောင်းဆုံးဘဝပေးမှာ။ ကိုယ်တို့တွေက အပျော်ရွှင်ဆုံးမိသားစုဖြစ်လာမှာ”

“ဒါပေမယ့် ဒါအကုန် ကိုယ်တစ်ယောက်တည်းဖြစ်ချင်နေတဲ့ အတွေးတွေပဲ”

ရှောင်လင်းယွီက နာကျင်နေတဲ့ ကုန်းထျန်းဟောက်ကို ကြည့်ပြီး ပါးစပ်ဟလိုက်သည်။ သူမ ရှင်းပြချင်ပေမယ့် ဘာစကားမှမပြောနိုင်ပေ။

ကုန်းထျန်း‌ဟောက်မျက်လုံးထဲက မျှော်လင့်ချက်က လုံးဝပျောက်ကွယ်သွားသည်။ ပြီးနောက်မှာ သူက နာကျင်စွာလှည့်ထွက်သွားလိုက်ပြီး ခြေလှမ်းကျဲကြီးတွေနဲ့ လှည့်ထွက်သွားလိုက်သည်။

ရှောင်လင်းယွီက သူမ လက်တွေကိုဆန့်လိုက်ပြီး သူ့ကို တားဖို့ ပါးစပ်ကို ဖွင့်လိုက်ကာ

“ကုန်း…”

ပြီးနောက်မှာ သူမနှုတ်ခမ်းတွေပြန်စေ့သွားသည်။ သူမရဲ့မျက်လုံးတွေ နီရဲလာသည်။

***

All Chapters