← Chapters

ချင်ယန်ရဲ့ မျက်နှာနှစ်ဖက်

Vol. 25 Ch. 411

ချင်ယန်ရဲ့ မျက်နှာနှစ်ဖက်

Vol. 25 Ch. 411

သူ့အဘိုးရှေ့မှာရပ်နေရင်း ကျန်းထောင်က ဆုံးဖြတ်ချက်ချထားတဲ့ အမူအယာနဲ့

“အဘိုး၊ အဘိုးကျွန်တော့်ကို ခိုင်းတာတွေကို လုပ်ပြီးသွားပြီ။ အဲ့ဒီခရိုင်ကိုပြန်ပြီး ကျွန်တော့်အလုပ်ကို အဆုံးသတ်လို့ရပြီမလား?”

သခင်ကြီးကျန်းရဲ့မျက်နှာက ပိုပြီးတင်းမာလာသည်။

“အခု မင်း အဲ့ဒီခရိုင်လေးကို ပြန်သွားဖို့မလိုတော့ဘူး။ မင်း တောင်ဘက်မြို့ကို တိုက်ရိုက်သွားပြီး အဲ့ဒီမှာ ခေါင်းဆောင်ဖြစ်လို့ရတယ်”

ကျန်းထောင်ရဲ့မျက်နှာပေါ်မှာ အေးစက်တဲ့အပြုံးတစ်ခုပေါ်လာပြီး

“အဘိုး ဒါကျွန်တော်တို့အရင်က သဘောတူထားတာနဲ့ မတူဘူးလေ။ စေ့စပ်ပွဲအခမ်းအနားပြီးရင် ကျွန်တော်က ကျွန်တော့်အလုပ်ကိုပြန်သွားဖို့ ပေကျင်းကနေထွက်ခွင့်ရတယ်ဆို။ ဘာပဲဖြစ်ဖြစ် အဘိုးက ကျွန်တော့်ကို ချင်ယန်နဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်စေချင်နေတော့ ကျွန်တော်နေပေးခဲ့တယ်”

“တစ်ချိန်တည်းမှာပဲ အဘိုးက ကျွန်တော့်ကို ချင်မိသားစုနဲ့လည်း အဆက်အသွယ်ရစေချင်တယ်။ ကျွန်တော်အဲ့ဒါကိုလည်း လုပ်ခဲ့တာပဲ။ အဘိုးက ကျွန်တော့်ကို မိသားစုရဲ့တာဝန်တွေကို ဖြည်းဖြည်းချင်းယူစေချင်တယ်။ ကျွန်တော်လည်းလုပ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်လမှာ အဘိုး ကျွန်တော့်ကိုခိုင်းတာအားလုံး လုပ်ခဲ့တယ်။ အခု အဘိုးကျွန်တော်တို့ အလုပ်တွေကို လိုက်နာပြီး ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်တာဝန်ကိုပြီးဆုံးစေဖို့ အဲ့ဒီခရိုင်မြို့လေးကိုပြန်သွားဖို့ ခွင့်ပြုမယ်လို့ မျှော်လင့်တယ်”

အဘိုးကျန်းက သူ့မြေးကို ပိုပိုပြီးသဘောကျလာပေမယ့် သူ့စိတ်က ပိုပိုပြီး မကျေမနပ်ဖြစ်လာသည်။ သူ သဘောကျရတာက ဒီမြေးက ကျန်းမိသားစုရဲ့အမွေခံအဖြစ်နဲ့ အရမ်းထိုက်တန်၍ဖြစ်သည်။ သူက လိမ္မာရိုကျိုး၊ သွေးအေးပြီး ရဲရင့်သည်။ သူက သူ့မြေးရဲ့ ကျန်းမိသားစုကို စီမံခန့်ခွဲဖို့ အရည်အချင်းပြည့်မီမှုတွေကို စစ်ဆေးဖို့ နှစ်လအသုံးပြုခဲ့ပြီး ကျန်းထောင်က ထူးခြားတဲ့အရည်အချင်းတွေနဲ့ အားလုံးကိုကျော်ဖြတ်ခဲ့သည်။

သူ မကျေမနပ်ဖြစ်ရတာကတော့ သူ့မြေးက သူနဲ့ပိုမိုဝေးကွားစွာ ကြီးပြင်းလာသည်။ သူ့ရဲ့သဘောထားက ပိုပြီးအေးစက်လာပြီး စက်တစ်ခုလို ပိုဖြစ်လာသည်။ သခင်ကြီးကျန်းက မိသားစုအတွက် သွေးအေးပြီး အကြင်နာကင်းနဲ့အမွေဆက်ခံသူတစ်ယောက် ပျိုးထောင်ချင်တယ်ဆိုပေမယ့် ဒါက သူ့မြေးက သူ့ကို စိမ်းကားလာရမယ်လို့ မဆိုလိုဘူးလေ။

ဘယ်အဘိုးအဘွားကများ သူတို့မြေးတွေရဲ့အချစ်ကို မလိုချင်ဘဲနေမှာလဲ?

အဘိုးကြီးက စံနှုန်းနှစ်ဆနဲ့ကစားနေခဲ့သည်။ သူက မိဘတွေအပါအဝင်တောင် အမွေဆက်ခံသူကို သွေးအေးပြီးနှလုံးသားကင်းမဲ့စေချင်ပေမယ့် သူ့ကိုတော့ အမွေဆက်ခံမယ့်သူက ကြင်နာစေချင်သည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ဒါပေမယ့်လည်း သခင်ကြီးကျန်းက သူမှားတယ်ဆိုတာကို ဝန်ခံဖို့ ခေါင်းမာနေသည်။

သခင်ကြီးကျန်းရဲ့ ညှိုးနွမ်းနေတဲ့မျက်လုံးတွေထဲမှာ မကျေမနပ်မှုတစ်ခု ဖြတ်ပြေးသွားသည်။

သူက မပျော်မရွှင်နဲ့

“အဲ့ဒီနေရာက အမှိုက်ပုံပဲ။ မင်းဘာလို့ ပြန်သွားချင်ရတာလဲ?”

ကျန်းထောင်က တိတ်ဆိတ်လို့နေသည်။ သူ့မျက်လုံးတွေက သူ့အဘိုးကိုတည့်တည့်ကြည့်နေရင်း ‌ရေခဲလိုအေးစက်နေသည်။

သခင်ကြီးကျန်းရဲ့သူငယ်အိမ်တွေ တင်းကျပ်သွားသည်။ သူက သူ့လက်ကိုခါပြလိုက်ကာ

“‌ထားလိုက်တော့ ထားလိုက်တော့၊ မင်းသွားချင်ရင်လည်း သွား။ ဘာပဲဖြစ်ဖြစ် ကျန်းထောင်၊ မင်းအဲ့ဒီနေရာမှာ နှစ်လပဲကျန်တော့တာကိုသတိရဖို့ အဘိုးမျှော်လင့်နေမယ်”

ကျန်းထောင်က ခေါင်းညိတ်ကာ

“ကျေးဇူးပါ အဘိုး။ ကျွန်တော်မှတ်ထားပါ့မယ်”

ဒါကိုပြောပြီးတော့ သူလှည့်ထွက်သွားခဲ့သည်။ သူက လေယာဉ်ပေါ်တက်ပြီး ပြတင်းပေါက်အပြင်ဘက်က ငြိမ်သက်‌နေတဲ့ကောင်းကင်ပြာကြီးကိုကြည့်ကာ သူ့စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး

‘ရှောင်လင်းယွီ၊ ဒီနှစ်လအတွင်းမှာ မင်းဘယ်လိုနေပါ့မလဲ?’

သူက ဒီစကားတွေကို ရေရွတ်နေရင်း သူ့အမူအယာက ကာလရှည်ကြာနာကျင်မှုနဲ့ ရုန်းကန်ရမှုတွေ လတ်ခနဲဖြစ်သွားသည်။ သူက ချင်မိသားစိုကို လက်ထပ်ဖို့သဘောတူပြီး ချင်ယန်ကို စေ့စပ်လိုက်ကတည်းက သူ့မှာ ရှောင်လင်းယွီကို စွဲလမ်းပိုင်ခွင့်မရှိတော့ပေ။ သူက သူမကို လွမ်းတောင်မလွမ်းရဲတော့ပေ။ ဒါပေမယ့်လည်း သူ့ရဲ့နောက်ဆုံးအကျဉ်းချမှုမတိုင်ခင် ရှောင်လင်းယွီနဲ့ တူညီတဲ့လေကိုတော့ ရှုရှိုက်ချင်သေးသည်။ သူမကို ထပ်ပြီး တွေ့ချင်နေမိသည်။

…

ချင်မိသားစုတွင် အစောင့်က ချင်ယန်ကို အစီရင်ခံကာ

“မစ္စ၊ သခင်လေးကျန်းက လေယာဉ်နဲ့ ထွက်သွားပါပြီ။ လေကြောင်းလိုင်းက Zမြို့ကို ဦးတည်နေတယ်”

ချင်ယန်က ကျန်းထောင်ကိုမချစ်ပေမယ့် သူမမှာ ရွေးစရာမရှိပေ။ ကျန်းထောင်က သူမကို စေ့စပ်ပွဲဖျက်ဖို့ပြောတုန်းက သူမရဲ့မာနကို ထိခိုက်ခဲ့သည်။ သူမက ကျန်းထောင်ကို မကြိုက်ရင်တောင် ကျန်းထောင်ကို သူမကို မကြိုက်ခွင့်မပြုပေ။ ဒါကြောင့် သူမက ကျန်းထောင်ကိုလည်း သိမ်းပိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။

သူမက သူ့ကို သူမအပေါ် ရူးသွပ်စေချင်နေသည်။ ပြီးရင် သူမ ကျန်းမိသားစုကို လက်ထပ်ပြီးရင် သူမက သခင်မဖြစ်လာမည်။ သူမ လိုချင်တာမှန်သမျှ ရမည်။ ဒါကြောင့် သူမရဲ့လက်ရှိတားဂတ်က ကျန်းထောင်နဲ့ ကျန်းမိသားစုလည်း ဖြစ်သည်။

ဒါပေမယ့်လည်း ချင်ယန်က ထက်မြက်ပြီး လိမ္မာပါးနပ်တဲ့သူတစ်ယောက်ဖြစ်သည်။ သူမရဲ့ပန်းတိုင်ကို တခြားသူတွေရှေ့မှာ ဘယ်တုန်းကမှ မထုတ်ပြပေ။ အဲ့ဒီအစား သူမရဲ့ပန်းတိုင်ကို မရောက်ခင်အထိ ဂရုတစိုက် ကြံစည်သည်။

‌သူမက မြို့တော်မှာ နံပါတ်တစ် ရေပန်းအစားဆုံးသူဖြစ်သည်။ သူမရဲ့ လှပတဲ့မိသားစုနောက်ခံနဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုအပြင် မြို့တော်အသိုင်းအဝိုင်းမှာလည်း အရမ်းကြင်နာတဲ့မိန်းကလေးအဖြစ် အသတိအမှတ်ပြုခြင်းခံရသည်။ သူမက လမ်းပေါ်မှာ ဒဏ်ရာရနေတဲ့ငှက်လေးတစ်ကောင်ကို တွေ့တုန်းက သူမရဲ့လှပတဲ့အဝတ်အစားတွေပေါ် မျက်ရည်တွေစီးကျလာပြီး ငှက်ကလေးကို ပတ်တီးစည်းပေးပြီးတော့ ကုသမှုအတွက် တိရစ္ဆာန်ဆေးရုံကို ကိုယ်တိုင်ကိုယ်ကျ ပို့ပေးခဲ့သည်။

ချင်ယန်က လမ်းပေါ်က လေလွင့်ကြောင်လေးတွေနဲ့ ခွေးလေးတွေကို မကြာခန ကူညီပေးတတ်တယ်လို့လည်း ပြောကြသည်။ သူမက လေလွင့်တိရစ္ဆာန်များကယ်တင်ရေးပန်းခြံကိုလည်း ထောက်ပံ့ထားသည်။ အဲ့ဒီကယ်တင်ရေးပန်းခြံကို ဘယ်လေလွင့်သတ္တဝါမဆို ပို့လို့ရသည်။

အကြိမ်ပေါင်းများစွာကို ချင်မိသားစုရဲ့အကြီးဆုံးသမီးက ဒီအလေအလွင့်ကလးတွေရဲ့ကယ်တင်မှုကို ကိုင်တွယ်ဆောင်ရွက်နေတာကို လူတွေမြင်ဖူးကြသည်။ သူမက ခေါင်းစီးပိုင်းတွေမှာလည်း ခနခနကို ထိပ်ဆုံးကဖြစ်သည်။ ပြီးတော့ သူမက အပြင်ရောအတွင်းပါလှတယ်လို့ အင်တာနက်သုံးစွဲသူတွေက ပြောကြသည်။ ချမ်းဟာတဲ့လူတိုင်းသာ သူမလို ကြင်နာတတ်ရင် ကမ္ဘာကြီးက ပိုကောင်းတဲ့နေရာတစ်ခု ဖြစ်လာလိမ့်မည်။ သူမက နတ်သမီးလေးတစ်ပါးနဲ့ နှိုင်းယှဉ်ခံရသည်။

ချင်ယန်က ချမ်းသာတဲ့မိသားစုတစ်ခုရဲ့သမီးဖြစ်သည်။ သူမက လူတိုင်းရဲ့ ခနခနချီးမွမ်းခြင်းကို ခံရသည်။ ၎င်းက သူမရဲ့ ဘဝင်ကို ကြီးကြီးမားမားသဘောကျစေသည်။ အထက်တန်းလွှာတွေကြားထဲမှာလည်း ချင်ယန်က လိမ္မာယဉ်ကျေး၊ အကျင့်ကောင်းပြီး လူကြိုက်များတဲ့ရေပန်းစားသူတစ်ယောက်ဖြစ်သည်။

သူမက အရမ်းလည်းထူးချွန်သေးသည်။ သူမရဲ့စန္ဒရားစကေးက ကမ္ဘာကျော်ကျွမ်းကျင်သူအဆင့်ရောက် နေပြီလို့လည်း ပြောကြသည်။ သူမက ကတာမှာလည်း အရမ်းတော်ပြီး ကမ္ဘာ့စင်မြင့်မှာ ချန်ပီယံရှစ်တစ်ခုလည်း ရထားဖူးသေးသည်။ သူမက မိသားစုတိုင်းလက်ထပ်လိုတဲ့ စိတ်ကူးယဉ်ချွေးမလေးပဲဖြစ်သည်။

ဒါပေမယ့်လည်း မိသားစုတိုင်းက ချင်ယန်အတွက် မသင့်တော်ပေ။ ပြီးတော့ ချင်မိသားစုက ဩဇာကောင်းတဲ့မိသားစု တစ်ခုလေ။ ဒါကြောင့် အထက်တန်းလွှာထဲမှာ ကောလဟာလတစ်ခုစတင် ပျံ့လွင့်လာသည်။ သခင်လေးကုန်းသာပဲ ချင်ယန်နဲ့ ထိုက်တန်သည်တဲ့။ နောက်ဆုံးမှာတော့ သခင်လေးကုန်းနဲ့ သခင်မလေးချင်တို့က တရားဝင်စုံတွဲတွေဖြစ်လာကြလိမ့်မည်။

သခင်လေးကုန်းကို အမှားလုပ်မိမှာစိုးလို့ ဘယ်မိသားစုကမှ ချင်ယန်ကို မနှောင့်ယှက်ရဲကြပေ။ သူတို့က ပြီးပြည့်စုံတဲ့အတွဲအဖက်ပဲလို့ လူတိုင်း တွေးခဲ့ကြသည်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်လတုန်းက လူတိုင်းရဲ့မျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်ဘက်ပင် သခင်လေးကျန်းနဲ့ ချင်ယန်တို့ စေ့စပ်လိုက်သည်။

သခင်လေးကျန်းက သခင်လေးကုန်းထက် နိမ့်ကျတဲ့အဆင့်အတန်းမရှိတာတောင် ကွာခြားချက်တစ်ခုရှိနေတုန်းပဲလို့ လူတော်တော်များများခံစားခဲ့ရသည်။ အဓိကကွာခြားချက်က ကုန်းထျန်းဟောက်က သူ့ရဲ့ဂုဏ်အဆင့်အတန်းကို သူ့ကိုယ်ပိုင်ကြိုးစားမှုကနေ ရရှိထားခြင်းဖြစ်သည်။ ဒါပေမယ့်လည်း ကျန်းထောင်ကတော့ သူ့အဆင့်အတန်းကိ သူ့မိသားစုဆီကနေ ရရှိထားသည်။

ကုန်းထျန်းဟောက်ရဲ့ အထင်ကရအေတွေ့အကြုံ၊ သူ့ရဲ့ဩဇာ၊ ပိုက်ဆံနဲ့ ချောမောခန့်ညားတဲ့အသွင်အပြင်ကြောင့် ဆိုရှယ်လိုက်ဒ်တွေက သူ့ကို နှစ်သက်ကြသည်။ သူက ချစ်စရာကောင်းတဲ့မင်းသားလေးဆိုတာအတွက် အသင့်တော်ဆုံးပဲဖြစ်သည်။ သူတို့က သူ့ကို လေးစားကြပြီး ချီးမွမ်းကြသည်။

ကျန်းထောင်ကလည်း ချောမောပြီး အင်အားတောင့်တဲ့မိသားစုတော်တော်များများအတွက် အကောင်းဆုံးသင့်တော်သူဖြစ်ပေမယ့် အများစုကတော့ သူက သခင်လေးကျန်းဖြစ်နေလို့ပဲဖြစ်သည်။ ဒါကြောင့် ကျန်းထောင်က ချင်ယန်ကို စေ့စပ်လိုက်ပြီလို့ သူတို့တွေကြားကြတော့ လူတော်တော်များများ ရှော့ခ်ရကုန်ကြသည်။

ကျန်းထောင်က သူ့ညီအစ်ကိုကောင်းရဲ့မိန်းကလေးကို ခိုးခဲ့တာလေ။

သူသေချင်နေတာလား?

ကုန်းထျန်းဟောက်က မြို့တော်မှာမရှိတုန်း ကျန်းထောင်က ချင်ယန်ကို စေ့စပ်လိုက်သည်။ ကုန်းထျန်းဟောက် ပြန်လာပြီးသိသွားရင် ကျန်းထောင်ကို သတ်ပစ်မလားဆိုတာ သူတို့သိချင်မိသည်။ လူတော်တော်များများရဲ့မျက်လုံးတွေက မျှော်လင့်စောင့်စားချက်တွေနဲ့ လတ်ခနဲဖြစ်သွားသည်။

ကုန်းထျန်းဟောက်နဲ့ ကျန်းထောင်က မိန်းကလေးတစ်ယောက်အတွက် ရန်ဘက်ဖြစ်သွားကြရင် အကောင်းဆုံးပဲဖြစ်သည်။ သူတို့ရဲ့ကျရှုံးမှုက မိသားစုနှစ်ခုကြားက ကျရှုံးမှုနဲ့ညီမျှသည်။ တခြားမိသားစုတွေအတွက်ကတော့ ၎င်းက အားရဖွယ်အခါသမယပဲဖြစ်သည်။

ဒါပေမယ့်လည်း ပါဝင်သက်ဆိုင်တဲ့နှစ်ဖက်နဲ့ သိရှိထားတဲ့လူတချို့ကလွဲရင် ကျန်းထောင်နဲ့ ကုန်းထျန်းဟောက်က ချင်ယန်ကိုကြိုက်တောင်မကြိုက်ကြဘူးဆိုတာကို ဘယ်သူမှမသိပေ။ သူတို့က သူမအတွက်တော့ မတိုက်ခိုက်ပေ။

ချင်ယန်အတွက်ကတော့ သူမက ကျန်းထောင်ကို မကြိုက်ပေမယ့် ကျန်းထောင်ကိုလည်း သူမကို မကြိုက်ခွင့်မပြုပေ။ ပြီးခဲ့တဲ့နှစ်လက ကျန်းထောင်က ချင်ယန်နဲ့အတူရှိခဲ့တော့ ချင်ယန်က သူမမျက်နှာကို အမြဲတမ်း ဖြူစင်ကာ သိမ်မွေ့သည့်မျက်နှာဖုံး ဝတ်ဆင်ထားခဲ့သည်။

သူမက ကျန်းထောင်ကို ငယ်ငယ်ကတည်းက သိခဲ့သည်။ ဒါကြောင့် သူက သဘာဝကျတဲ့မိန်းကလေးတွေကို ပိုသဘောကျမှန်း သူမသိသည်။ ချင်ယန်က မိတ်ကပ်မပါဘဲတောင် သူမရဲ့ပုံပန်းသဏ္ဍာန်ကို အရမ်းယုံကြည်မှုရှိသည်။ သူမက ကျန်းထောင်ကို အလွယ်တကူပဲ ကြွေဆင်းစေနိုင်သည်။ ဒါပေမယ့်လည်း သူမရဲ့အသွင်အပြင်ကနေ ကျန်းထောင်ကို ကြွေဆင်းစေနိုင်ရင် ၎င်းက အချိန်ကြာကြီးကတည်းက ဖြစ်ပြီးသွားလောက်ပြီဆိုတာကို သူမသဘောမပေါက်ခဲ့ပေ။

ဒီမိန်းကလေးက သူမရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုကြောင့် မျက်ကန်းဖြစ်နေသည်။ ကျန်းထောင်က သူမလက်ဖဝါးထဲမှာရှိတယ်လို့ သူမထင်ပေမယ့် သူက သူမကိုတောင်မပြောဘဲ ထွက်ခွာသွားသည်။ ကျန်းထောင်ရဲ့ဘေးနားမှာ စပိုင်ချမထားရင် သူမသိမှာတောင်မဟုတ်ပေ။

ချင်ယန်က အံကြိတ်လိုက်ပြီး ‌ညိုမည်းနေတဲ့မျက်နှာနဲ့

“ကျန်းထောင် ဒီမကောင်းဆိုးဝါး၊ အဲ့ဒီတောခရိုင်ကို ပြန်သွားရအောင် ဘာတွေက ရှင့်ကိုဆွဲထားတာလဲ? ရှင်က ကျွန်မကိုတောင် ဘာမှရှင်းမပြသွားဘူး”

ဒါသာပျံ့သွားရင် သူမ အရှက်တကွဲဖြစ်တော့မည်။ သူတို့ကို ပြီးခဲ့တဲ့နှစ်လမှာ လူသိရှင်ကြားပွဲတွေမှာ အတူတူတွဲမြင်ခဲ့ကြသည်။ သူတို့က ချစ်နေကြသလိုမျိုး ဟန်ဆောင်ခဲ့ကြသည်။ သူတို့ရဲ့ဆက်ဆံရေးကကောင်းမွန်တယ်လို့ လူတိုင်း တွေးခဲ့ကြသည်။

ချင်ယန်က ဒေါသနဲ့ အကြိမ်ရေအနည်းငယ်ရဆဲရေးပြီးတော့ ထပ်ပြီး လေးနက်နဲ့အတွေးတွေထဲ မျောသွားပြန်သည်။ သူမရဲ့ မိန်းကလေးဆဌမအာရုံအရ အဲ့ဒီခရိုင်မှာ ကျန်းထောင်ကိုခေါ်နေတဲ့ မိန်းကလေးတစ်ယောက်ရှိရမယ်လို့ သူမခံစားနေရသည်။ သူမက သူ့ရဲ့တကယ့်ချစ်ရသူပဲဖြစ်သည်။ သူမကအဲ့ဒီမိန်းကလေးမဟုတ်မှန်း သဘောပေါက်သွားတော့ ချင်ယန်ရဲ့နှလုံးသားက ဒေါသနဲ့ လောင်မြိုက်လာသည်။ သူမက ခနချင်းမှာပဲ ပေါက်ကွဲသွားတော့မလို ခံစားနေရသည်။

ကျန်းထောင်မှာ ချစ်သူတစ်ယောက်ရှိပြီးသားဆိုရင် ပြီးခဲ့တဲ့နှစ်လမှာ သူက သူမနဲ့ဘာလုပ်‌နေခဲ့တာလဲ?

သူက ဟန်ဆောင်နေရုံတင်လား?

‘သေစမ်း!’

‘ကျန်းထောင် ဒီစော်ကားမှုအတွက် ရှင့်ကို ကျွန်မ ဘယ်တော့မှခွင့်မလွှတ်ဘူး။ ရှင်နောင်တရအောင် ကျွန်မလုပ်မယ်'

‘ရှင်အဲ့ဒီမှာ တကယ်ပဲ မိန်းကလေးတစ်ယောက်ကို ဖွက်ထားရင် ကျွန်မသူ့ကိုရှာပြီး လက်စားချေမယ်။ သူ့ကိုလွှတ်ပေးဖို့ ရှင်ကျွန်မကို တောင်းပန်ရလိမ့်မယ်'

ဒါကိုတွေးရင်း ချင်ယန်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး သူမရဲ့ မှန်ဘီရိုဆီကို လျှောက်သွားလိုက်သည်။ သူမရဲ့ အောက်ခြေအံဆွဲကို ဖွင့်လိုက်သည်။ အဆင့်မြင့်အနီရောင်ဖုန်းတစ်လုံးရှိနေသည်။ ဒီဖုန်းက သူမရဲ့လျှို့ဝှက်ချက်အားလုံးကို ဖုံးထားသည်။ သူမက ဖုန်းကိုဖွင့်လိုက်ပြီး မမှတ်ထားတဲ့နံပါတ်တစ်ခုကို ရှာလိုက်သည်။

တခြားဖက်ကဖုန်းမြည်လာတော့ သူမက ချက်ချင်းပဲ

“ရှင့်ကိုခိုင်းထားတဲ့ကိစ္စကို မစုံစမ်းရသေးဘူးလား? နှစ်လတောင်ရှိနေပြီ”

“ဘာရယ်? အိုခေ ကျွန်မရှင့်ကို နောက်ထပ်သုံးရက်ပေးမယ်။ သုံးရက်ကြာပြီးရင် ကျွန်မ တိကျတဲ့အဖြေတစ်ခုလိုချင်တယ်။ မဟုတ်ရင် ရှင်ကျွန်မကို စရန်ငွေအပြည့်ပြန်ပေးရမယ်”

ချင်ယန်က ဖုန်းချလိုက်ပြီးတော့ ဖုန်းစခရင်ကိုကြည့်ပြီး ထေ့ငေါ့လိုက်ကာ

“သေးငယ်တဲ့မြို့လေးက တကယ်ပဲ လျှို့ဝှက်ချက်တစ်ခု ရှိနေပုံပဲ။ မဟုတ်ရင် လင်ဖေးယန်ရဲ့အစွမ်းအစနဲ့ ‌ကိစ္စလေးတစ်ခုကိုစုံစမ်းဖို့ သူနှစ်လ လိုပါ့မလား?”

ချင်ယန်က ဖုန်းကို အံဆွဲထဲ ပြန်ထားလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။ သူမက မှန်ဘီရိုရှေ့မှာထိုင်လိုက်ပြီး ဘာမိတ်ကပ်မှမပါတဲ့ မှန်ထဲက သူမကိုကြည့်လိုက်သည်။

သူမရဲ့ ဖြူစွတ်ပြီး ကျောက်စိမ်းလို ချောမွေ့တဲ့အသားအရေနဲ့ သိမ်မွေ့ပြီး ကြည်လင်တဲ့မျက်နှာလက္ခဏာတွေ၊ အထူးသဖြင့် သူမရဲ့နီရဲနေတဲ့နှုတ်ခမ်းနှစ်ခုက… တကယ့်ကို သူမကို လူတွေနမ်းချင်လာစေချင်သည်။

ချင်ယန်က ပြုံးလိုက်သည်။ ချက်ချင်းပဲ အံ့ဩဖို့ကောင်းတဲ့အလှလေးက မှန်ထဲမှာပေါ်လာသည်။ ပြီးတော့ ခနကြာပြီးတဲ့‌နောက်မှာ အလှလေးရဲ့မျက်နှာထားက ယုတ်မာမှုတွေနဲ့ ပုံပျက်သွားသည်။ သူမက ထူးထူးခြားခြားကို အကျည်းတန်သွားသည်။

သူမက ဒေါသတကြီးနဲ့

“ကုန်းထျန်းဟောက် ကျန်းထောင်၊ ကျွန်မလို ပြိုင်ဘက်ကင်းတဲ့အလှလေးက ရှင်တို့နှစ်ယောက်စလုံးအတွက် လုံလောက်တာထက်တောင် ပိုနေပြီ။ ငါ့ရဲ့တည်ရှိမှိုကို ဘယ်လိုတောင် လျစ်လျူရှုရဲတာလဲ? ရှင်တို့နှစ်ယောက်စလုံးကို ကျွန်မခြေဖျားမှာ ‌ဒူးထောက်ရအောင်လုပ်ပြီး ရှင်တို့ကို အချစ်နည်းနည်းလောက်ပေးဖို့ တောင်းပန်စေရအောင် လုပ်မယ်”

ချင်ယန်က လက်မခံနိုင်ပေ။ ကုန်းထျန်းဟောက်နဲ့ ကျန်းထောင်က ဘယ်လိုလုပ် သူမကို မကြိုက်ဘဲနေမှာလဲ?

သူမက အရမ်းလှပ၊ အရမ်းထူးချွန်ပြီး အရမ်းလည်းကြင်နာသည်။ ယောက်ျားတိုင်းက သူမကို ချစ်မိသွားကြလိမ့်မည်။ ချင်ယန်က ရောဂါရှိနေတာလို့တောင် ပြောလို့ရသည်။ ၎င်းက အလွန်အမင်းဘဝရူးနေတဲ့ရောဂါဖြစ်သည်။

ချင်ယန်က မှန်ရှေ့မှာ ရင်ဖွင့်လို့ပြီးတော့ ချက်ချင်းပဲ မိတ်ကပ်လိမ်းလိုက်သည်။ ခနကြာပြီးတော့ စိုးရိမ်မှုတွေ မျှော်လင့်စောင့်စားချက်တွေနဲ့ပြည့်နေတဲ့မိန်းကလေးတစ်ယောက် မှန်ထဲမှာ ပေါ်လာသည်။ ချင်ယန်က မိတ်ကပ်လိမ်တာ အရမ်း‌တော်တယ်လို့ ပြောလို့ရသည်။

ချင်ယန် အိမ်ကနေထွက်ခဲ့သည်။ သူမက ကျန်းမိသားစုကို ဦးတည်နေသည်။

“အဘိုး ဘာလို့ အစ်ကိုထောင်က အလျင်စလိုထွက်သွားတာလဲ? ကိစ္စတစ်ခုခုရှိလို့လား?”

ချင်ယန်က စိုးရိမ်စွာ မေးလိုက်သည်။

သခင်ကြီးကျန်းက အေးစက်စွာနဲ့

“ဘာမှမဟုတ်ပါဘူး။ သူက ကိစ္စတချို့ကို အ‌ခြေချဖို့သွားပြီး မကြာခင်ပြန်လာမှာလေ။ ယန်အာ၊ သမီးစိုးရိမ်ဖို့မလိုပါဘူး”

“…”

ချင်ယန်က မျက်မှောင်ကျုံ့လိုက်ပြီး သခင်ကြီးကျန်းကို တုံ့ဆိုင်းနေတဲ့အမူအယာနဲ့ကြည့်လိုက်သည်။

သူမစိတ်ထဲမှာ တစ်ခုခုရှိနေမှန်း သခင်ကြီးကျန်းပြောလို့ရသည်။

“ယန်အာ၊ သမီးမှာ ပြောစရာတစ်ခုခုရှိရင် ဒီတိုင်းပဲပြောလိုက်။ သမီးက ကျန်းမိသားစုကို လက်ထပ်တော့မှာပဲ။ အဘိုးနဲ့ဆို အရမ်းသတိထားနေဖို့ လိုသေးလို့လား”

သခင်ကြီးကျန်းကပြောလိုက်သည်။

ချင်ယန်က သူမ ပြောသင့်မပြောသင့်ကို စဉ်းစားနေရင်း အနည်းငယ် တုံ့ဆိုင်းနေသည်။ အဆုံးမှာတော့ သူမစိတ်ကိုပြင်ဆင်လိုက်ပုံပေါ်ပြီး

“အဘိုး အစ်ကိုထောင်က အပြင်မှာ ချစ်သူတစ်ယောက်ရှိတာလား? သူကတစ်ခြားမိန်းကလေးတစ်ယောက်ကိုလွမ်းနေသလိုမျိုး သမီးနဲ့ရှိနေရင် ဘာလို့ သူစိတ်လွတ်နေတယ်လို့ ခံစားနေရတာလဲ?”

သခင်ကြီးကျန်းရဲ့စူးရှတဲ့အကြည့်က ချင်ယန်ရဲ့မျက်နှာကို ဖုံးလွှမ်းသွားပြီး သူမကို ခနလောက် တွန့်ဆုတ်သွားစေသည်။ ပြီးနောက်မှာ သူမက သတ္တိတွေကို အားခဲထားလိုက်ပြီး

“အဘိုး အစ်ကိုထောင်မှာ တကယ်ပဲ နောက်ထပ်ချစ်သူတစ်ယောက်ရှိရင် သမီးခေါင်းငုံ့ဖို့အသင့်ပါပဲ။ သမီးက အစ်ကိုထောင်ကို ပျော်ရွှင်စေချင်ရုံတင်”

သခင်ကြီးကျန်းရဲ့အကြည့်က သူမဆီ တင်းတင်းကျပ်ကျပ်ကျနေပြီး‌တော့

“ယန်အာ မစိုးရိမ်ပါနဲ့။ ကျန်းထောင်ရဲ့နှလုံးသားထဲမှာ နောက်ထပ်မိန်းကလေးတစ်ယောက်ရှိရှိမရှိမရှိ သူကလူတစ်ယောက်တည်းကိုပဲ လက်ထပ်နိုင်မှာ။ ပြီးတော့ အဲ့ဒီလူကလည်း သမီးပဲ။ အများကြီးမတွေးနဲ့”

ချင်ယန်၊ “…”

***

All Chapters