စစ်ဆေးခြင်း
Vol. 25 Ch. 413
စစ်ထူရှင်းရဲ့ ရှောင်လင်းယွီဗိုက်ထဲက ကလေးအပေါ်နားလည်မှုက ပိုပြီးထပ်သစ်လွင်လာပြန်သည်။
အစတုန်းက ကလေးက ကုန်းထျန်းဟောက်ကလေးလို့ သူတွေးခဲ့သည်။ နောက်ပိုင်းကျ ကလေးက ကုန်းထျန်းဟောက်ကလေးမဟုတ်မှန်း သူသိသွားသည်။ အခု ကလေးက ကုန်းထျန်းဟောက်ဟာပါလို့ ထပ်ပြီးပြောနေပြန်ပြီ။ သူ့ဘော့စ်က ကိုယ်တိုင်ကိုယ်ကျ ဝန်ခံနေသည်။ ရှောင်လင်းယွီဗိုက်ထဲက ကလေးက သူ့သားအရင်းတဲ့။
ဘာတွေဖြစ်နေတာလဲ?
စစ်ထူရှင်းက တုံ့ပြန်နိုင်ဖို့ရာ အရမ်းအံ့ဩသွားခဲ့သည်။ သူက ပါးစပ်ဟောင်းလောင်းနဲ့
“ဘော့စ်…ဘော့စ်၊ မရီးရဲ့ဗိုက်ထဲကကလေးက ဘော့စ်ကလေးဖြစ်ပြီးတော့ ဘော့စ်က ကလေးရဲ့အဖေအရင်းလို့ပြောနေတာလား?”
“ဟုတ်တယ်”
ကုန်းထျန်းဟောက်က အေးအေးဆေးဆေးပြန်ဖြေလိုက်သည်။
“ငါက ကလေးရဲ့ အဖေအရင်းပဲ”
စစ်ထူရှင်း က သူ့တံတွေးကိုမျိုချလိုက်ပြီး ဂရုတစိုက်နဲ့ လေးလေးနက်နက်မေးမြန်းကာ
“ဘော့စ်၊ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ? ကျွန်တော် ရှုပ်နေပြီ။ ဘော့စ်က ကလေးရဲ့အဖေအရင်းဆိုမှတော့ ဘာလို့ရွာထဲကလူတိုင်းက ကလေးက အဖေမပေါ်ဘူးလို့ ထင်နေကြတာလဲ? ရှောင်မိသားစုတောင် ဒီလိုထင်နေပုံပေါ်တယ်”
ကုန်းထျန်းဟောက်က
“ဒီအကြောင်းကိုသိတဲ့သူက ငါ၊ ရှောင်လင်းယွီနဲ့ ငါ့အဘိုးပဲ”
စစ်ထူရှင်းမျက်နှာမှာ ပဟေဠိဖြစ်တဲ့အကြည့်တစ်ခုပေါ်လာသည်။
“ဒါဇာတ်လမ်းရှည်ကြီးတစ်ခုပဲ။ ပြီးခဲ့တဲ့ရှစ်လတုန်းက…”
ကုန်းထျန်းဟောက်က ဖြစ်ရပ်ကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။ ကုန်းထျန်းဟောက်က ဒီပြဿနာကို ဖြေရှင်းချင်သည်။ ဒါကြောင့် သူက ဘာကိုမှဖုံးကွယ်မနေပေ။ ဒါ့ပြင် ရှောင်လင်းယွီက သူ့ကလေးကို ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာကို သူက တစ်ကမ္ဘာလုံးကို သိစေချင်နေသည်။
ဒါမတိုင်ခင် သူက ကလေးအတွက်နဲ့ သူမကိုလိုက်နေတယ်လို့ ရှောင်လင်းယွီထင်သွားမှာ ကြောက်ရွံ့ခဲ့သည်။ ဒါကြောင့် သူတို့နှစ်ယောက်စလုံးက ကလေးအကြောင်းခေါင်းစဉ်ကို ရှောင်ကွင်းခဲ့ကြသည်။ သူတို့က ဘာမှမပြောမှတော့ ဘယ်သှူ အမှန်တရားကို မသိတာ နားလည်နိုင်ဖွယ်ဖြစ်သည်။
ကုန်းထျန်းဟောက်ရဲ့ဇာတ်လမ်းကိုကြားတော့ စစ်ထူရှင်းက အံ့အားသင့်စွာပြောကာ
“ကံကြမ္မာက တကယ်အံ့ဩစရာပဲ။ ဘော့စ်နဲ့ ရှောင်လင်းယွီက တစ်ယောက်နဲ့တစ်ယောက် မိုင်ထောင်ချီအဝေးကြီးမှာ။ မြို့တော်က အထက်တန်းလွှာနဲ့ ကျေးတောသူလေးတစ်ယောက်က အအတူတူအဆုံးသတ်သွားတယ်”
ကုန်းထျန်းဟောက်က သူ့ကိုအမှန်ပြင်ပေးလိုက်ကာ
“ယွီအာက ကျေးတောသူလေးမဟုတ်ဘူး။ အိုး သူက ကျေးတောသူလေးဆိုရင်လည်း သာမန်ကျေးတောသူတစ်ယောက်မဟုတ်ဘူး”
စစ်ထူရှင်းက သူ့မျက်လုံးတွေကို အားကိုးရားမဲ့စွာကစားလိုက်ပြီး သဘောတူကာ
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ မရီးက သာမန်ကျေးတောသူတစ်ယောက်မဟုတ်ပါဘူး။ သူက ရွှေရောင်ဖီးနစ်ငှက်ပဲ”
ပြီးနောက်မှာ စစ်ထူရှင်းက ဆက်လက်မေးမြန်းသည်။
“ဒါဆိုရင် ဘော့စ်၊ ကလေးက ဘော့စ်ကလေးမှန်း ဘော့စ်ရော မရီးရော နှစ်ယောက်စလုံးသိမှတော့ ဘာလို့ဒီအကြောင်းကို သူ့ကိုမပြောတာလဲ?”
“…"
ကုန်းထျန်းဟောက်က ခနလောက် တိတ်ဆိတ်သွားပြီး
“ငါက ကလေးရဲ့အကျိုးအတွက် သူ့ကိုလိုက်နေတယ်လို့ ယွီအာထင်သွားမှာ ငါစိုးရိမ်တယ်”
“ဒါပေမယ့် ဘော့စ်ဘာမှမပြောတာတောင် သူအဲ့လိုထင်နေတာ မဟုတ်ဘူးလား?”
စစ်ထူရှင်းက ချက်ကောင်းကို ထိလိုက်သည်။
“မရီးက ဘော့စ်ရဲ့အထောက်အထားကိုသိပြီး ကလေးရဲ့အဖေမှန်းလည်း သိတယ်။ ဒီလိုအခြေအနေတွေအောက်မှာ အမှန်တရားကိုမရင်ဆိုင်ဘဲနဲ့ ဘာမှမဖြစ်သလိုမျိုးနေနိုင်မယ် ထင်နေတာလား?”
ဒီအကြောင်းပြောရင်း စစ်ထူရှင်းက ပြုံးလိုက်ပြီး
“ဘော့စ်၊ ဘော့စ်ဘာလုပ်နေမှန်းရောသိလား?”
“ဘာကို?”
ကုန်းထျန်းဟောက်က ခနလောက် မတုံ့ပြန်နိုင်ဖြစ်သွားသည်။
“ဘော့စ်က ကိုယ့်ကိုယ်ကိုယ် လိမ်နေတာပဲ!”
စစ်ထူရှင်းက ပြတ်ပြတ်သားသားပြောလိုက်သည်။
“ဘော့စ်တို့နှစ်ယောက်စလုံးပဲ”
အဲ့ဒီအချိန်မှာ သူက ခနလောက်ရပ်လိုက်ပြီး လေးနက်တဲ့ မျက်နှာနဲ့
“ဘော့စ်၊ ကျွန်တော်တစ်ခါမှ သမီးရည်းစားမထားဖူးပေမယ့်လည်း ချစ်သူ ဒါမှမဟုတ် စုံတွဲတွေက အချင်းချင်းရိုးသားသင့်မှန်းတော့ ကျွန်တော်သိတယ်။ ဒီလိုဆိုရင် ဘာနားလည်မှုလွဲတာမှရှိမှာ မဟုတ်တော့ဘူး”
ကုန်းထျန်းဟောက်က ဒါကိုကြားတော့ သူ့သူငယ်အိမ်တွေက ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန်တင်းကျပ်သွားသည်။
‘အမှန်ပဲလား? ငါတိုက ကိုယ့်ကိုယ်ကိုယ် လိမ်နေကြတာလား?’
ရိုးသားစစ်မှန်မှုနဲ့ အချစ်စ်နဲ့ဆိုရင် သူက ယွီအာကိုရနိုင်မယ်လို့ ယုံကြည်ခဲ့ပေမယ့် ပြောနိုင်ဖွယ်မရှိတဲ့ကိစ္စတွေက သူတို့ကြားထဲမှာ ကွာဟချက်ကြီးတစ်ခုကို ဖန်တီးခဲ့သည်။ ဒါက သူနဲ့ ရှောင်လင်းယွီကြားက သဘောထားမတိုက်ဆိုင်မှုက နားလည်မှုလွဲတာကြောင့် ဖြစ်ပေါ်လာတာ ဖြစ်နိုင်သည်။ ကလေးကြောင့် သူက သူမကိုသဘောကျနေတာလို့ ယွီအာ တွေးတာဖြစ်နိုင်သည်။ ဒါကြောင့် သူတို့လက်ထပ်ရလိမ့်မယ်လို့ သူမ,မတွေးတာဖြစ်သည်။
ကုန်းထျန်းဟောက်က မျက်မှောင်ကျုံ့လိုက်သည်။ တစ်စုံတစ်ခုကတော့ မှန်ကန်သေးပုံမပေါ်ပေ။ ဘာပဲဖြစ်ဖြစ် အခုက ဒီအကြောင်းစဉ်းစားဖို့အချိန်မဟုတ်ပေ။ အရေးအကြီးဆုံးကိစ္စက သူတို့ကြားက နားလည်မှုလွဲတာကို ဖြေရှင်းဖို့ဖြစ်သည်။
ကုန်းထျန်းဟောက်က စိတ်မရှည်တော့ပေ။ ယွီအာက ရက်နဲ့ချီမစားဘူးဆိုတာကြားကတည်းက သူဒီလိုဖြစ်နေတာဖြစ်သည်။ ၎င်းကိုတွေးရင်း သူထိုင်တောင်မထိုင်နိုင်ပေ။ သူချက်ချင်းပဲ မတ်တပ်ရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်းပြနေပုံပေါ်နေသည်။
စစ်ထူရှင်း၊ “…”
ချစ်မိနေတဲ့ယောက်ျားတစ်ယောက်က တကယ်ကြောက်ဖို့ကောင်းသည်။ သူ့ဘော့စ်ရဲ့နှလုံးသားကိုသိမ်းပိုက်ထားတဲ့ရှောင်လင်းယွီကို စစ်ထူရှင်း လေးစားသွားသည်။
ကုန်းထျန်းဟောက်က သူမကို သူမအတွက် ချစ်နေတယ်ဆိုတာကို သဘောပေါက်ဖို့ ရှောင်လင်းယွီက ဆက်ဆံရေးထဲမှာ ဆွဲဆောင်ခံလိုက်ရသည်။ သူမဗိုက်ထဲကကလေးကြောင့် သူက သူမကို သဘောကျနေတာလို့ သူမယူဆနေသည်။ ဘေးလူတစ်ယောက်အနေနဲ့ ၎င်းကအမှန်မဟုတ်ဘူးဆိုတာကို စစ်ထူရှင်း အတည်ပြုနိုင်သည်။
ကုန်းထျန်းဟောက်က ကလေးကိုသဘောကျရတာက ကလေးရဲ့အမေကို သဘောကျ၍ဖြစ်သည်။ ကလေးရဲ့အမေက ရှောင်လင်းယွီ ဒါမှမဟုတ် သူသဘောကျတဲ့မိန်းကလေးမဟုတ်ဘူးဆိုရင် သူ့ရဲ့အေးစက်ပြီးအကြင်နာမဲ့တဲ့သဘာဝနဲ့ ကလေးက မွေးမလာခင်ကတည်းက သေသွားလောက်ပြီဖြစ်သည်။ ပြီးတော့ သူ့မျက်လုံးထဲမှာ ကလေးက သွေးစပ်စပ် မစပ်စပ် ၎င်းက သူနဲ့ဘာမှမဆိုင်ပေ။ သူ့ရဲ့ကမ္ဘာထဲမှာ အားကြီးတာနဲ့ အားနည်းတာပဲရှိသည်။ သွေးသားမျိုးရိုးက အရေးမကြီးပေ။ သူက အမျိုးသမီးတွေ ဒါမှမဟုတ် ကလေးတွေအတွက် စာနာသနားမှုကိုမရှိပေ။
ဒါပေမယ့် ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို သဘောကျလို့ ကလေးကိုသဘောကျမှန်း စစ်ထူရှင်းက သိသည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီရဲ့နားလည်မှုက ကုန်းထျန်းဟောက်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ဒါကြောင့် ဒီလိုကြီးမားတဲ့နားလည်မှုလွဲခြင်းမျိုးက အနှေးနဲ့အမြန်ပဲ ဝုန်းကနဲပေါက်ကွဲသွားလိမ့်မည်။
ဒါပေမယ့် သူ့ဘော့စ်က နားလည်မှုလွဲတာကိုရှင်းလင်းဖို့ အရမ်းစိတ်အားထက်သန်နေတာက ရယ်စရာကောင်းတယ်လို့ စစ်ထူရှင်းကထင်နေသည်။
“ဘော့စ် ဘယ်သွားမလို့လဲ?”
စစ်ထူရှင်းက ချက်ချင်းမေးလိုက်သည်။
“ငါ သွားရှင်းပြမလို့”
ကုန်းထျန်းဟောက်က ပြောလိုက်သည်။
စစ်ထူရှင်းက အနည်းငယ်ဆွံ့အသွားကာ
“ဒီလိုမျိုးသွားမလို့လား?”
သူ့ရဲ့အကြည့်က ကုန်းထျန်းဟောက်ရဲ့တစ်ကိုယ်လုံးကို ခြုံသွားပြီး ပြုံးကာ
“ကလေးက သားအိမ်ထဲကနေ မွှန်သွားမှာ မကြောက်ဖူးလား?”
စစ်ထူရှင်းရဲ့စကားတွေကိုကြားကာ ကုန်းထျန်းဟောက်က သူ့နှာခေါင်းကိုရှုံ့ကြည့်လိုက်ပြီး မျက်ခုံးတွန့်လိုက်သည်။ ပြီးနောက်မှာ သူ့ရဲ့စူးရှတဲ့အကြည့်က ရယ်မောနေတဲ့စစ်ထူရှင်းကို ဖုံးလွှမ်းသွားသည်။ ဘာမှမပြောဘဲ သူက ရေချိူးခန်းထဲဝင်သွားလိုက်သည်။ သူက ရေမချိုးတာရက်အနည်းငယ်ရှိပြီဖြစ်သည်။ နွေရာသီဖြစ်ပြီးတော့ သူကအနံ့ထွက်နေသည်။
သူ့ရဲ့မိန်းမကို ဒီလိုမျိုးသွားပြီး မတွေ့နိုင်ပေ။
ကုန်းထျန်းဟောက်က ရေချိုးခန်းထဲဝင်သွားပြီးတော့ စစ်ထူရှင်းက ထိုင်ချလိုက်သည်။
“ဒါကို လွယ်လွယ်ကူကူတော့ဖြေရှင်းလို့မရဘူး။ ပြီးတော့ ရှောင်လင်းယွီမှာ တခြားနားလည်မှုလွဲတာတွေလည်း ရှိနိုင်တယ်။ ကိစ္စတွေကို အပြည်အဝမရှင်းပစ်ဘူးဆိုရင် ပြဿနာက ထပ်ခါကျော့လာလိမ့်မယ်”
ပြီးတော့ စစ်ထူရှင်း မကျေနပ်သေးတဲ့ နောက်ထပ်ကိစ္စတစ်ခုလည်းရှိသည်။
အစကတည်းက သူ့ရဲ့ဘော့စ်က ရှောင်လင်းယွီကို ဘယ်လောက်ကြင်ကြင်နာနာဆက်ဆံပြီး ဘယ်လောက်လုပ်ပေးခဲ့တယ်ဆိုတာကို သူကြားခဲ့ပေမယ့် ရှောင်လင်းယွီက သူ့ဘော့စ်အတွက်ဘာမှလုပ်ပေးတာမှ မကြားခဲ့ပေ။ ရှောင်လင်းယွီက သူ့ရဲ့ ကြင်နာမှုနဲ့ စစ်မှန်မှုကို လက်ခံခဲ့ပေမယ့် သူမက ပြန်မပေးပေ။
စစ်ထူရှင်းက ထောင်ယွမ်ရွာကိုရောက်ကတည်းက သူတို့ဆက်ဆံရေးရဲ့တန်ဖိုးဖြတ်မှုအကြောင်းကို လူတော်တော်များများဆီက ကြားခဲ့သည်။ သူတို့ရဲ့ ရှောင်လင်းယွီအပေါ် တူညီတဲ့ပိုင်းဖြတ်မှုက သူမကအရမ်းအေးဆေးပြီး ဟန်များသည်။
အမှန်ပဲလေ။ သူမက အရမ်းဟန်များသည်။
သူတို့ရဲ့သမီးက အရမ်းဟန်များတယ်လို့တောင် ရှောင်မိသားစုတောင် ခံစားမိသည်။ ဒါပေမယ့်လည်း ဒါက စုံတွဲရဲ့ကြားက ကိစ္စဖြစ်သည်။
အပြင်လူတွေက ဘာလုပ်နိုင်မှာလဲ?
ဒီအကြောင်းတွေးရင်း စစ်ထူရှင်းက ထေ့ငေါ့လိုက်သည်။
‘ဟီးဟီး ဘော့စ်က ဒီဆက်ဆံရေးကို အရမ်းသဘောကျကျေနပ်နေတာပဲ။ ဒါသူ့အတွက် အရမ်းမမျှတဘူး။ ဘဝက ရှောင်လင်းယွီအတွက် အရမ်းလွယ်လွန်းနေတယ်။ မဟုတ်ဘူး သူ့ကိုသင်ခန်းစာတစ်ခုပေးဖို့ ငါ နည်းလမ်းတစ်ခုစဉ်းစားရမယ်။ ငါသူ့ကို အခုသင်ခန်းစာမပေးဘူးဆိုရင် အနာဂတ်ကျရင်လည်း လုပ်ဖို့ အခွင့်အရေးမရှိနိုင်လောက်ဘူး။ အခုတောင် သူတို့ အချင်းများထာတာကြီးရဲ့အလယ်မှာတောင် ဘော့စ်က သူ့ကို အတောမသတ်အောင်အလိုလိုက်နေတုန်းပဲ’
'နားလည်မှုလွဲတာကို ရှင်းပြီးသွားတာနဲ့ သူက ပိုပြီးတောင် အလိုလိုက်ခံရဦးမှာ။ ငါ့မှာ သေမင်းဆုတောင်းမရှိသရွေ့တော့ သူ့ကိုသင်ခန်းစာပေးဖို့ အခွင့်အရေးရှိမှာမဟုတ်တော့ဘူး’
သူစဉ်းစားနေတုန်း ကုန်းထျန်းဟောက်က သဘတ်တစ်ထည်နဲ့ ရေချိုးခန်းထဲကနေညထွက်လာသည်။ သူက သူ့ဆံပင်ကို လက်တစ်ဖက်နဲ့ အခြောက်ခံနေသည်။
စစ်ထူရှင်း အဲ့ဒီမှာထိုင်နေတာကို သူမြင်တော့ သူက
“ရှောင်ရှင်း၊ အဝတ်ဗီရိုဆီသွားပြီး ငါ့ဖို့ ပုံမှန်အဝတ်အစားတစ်ခုရှာခဲ့”
“ပုံမှန်အဝတ်အစား?”
စစ်ထူရှင်းက ဒီစကားလုံးတွေကိုကြားတော့ သူ့မျက်နှာက ကြောက်ရွံ့မှုတွေနဲ့ပြည့်သွားသည်။
သူက အော်ဟစ်ကာ
“ဘော့စ်၊ ဘယ်တုန်းက ပုံမှန်အဝတ်အစားကရှိလို့လဲ?”
သူမှတ်မိတာသာမှန်ရင် သူ့ဘော့စ်ကိုတွေ့ကတည်းကနေ အခုအချိန်အထိ တွေ့လိုက်တိုင်း သူက အနောက်တိုင်းဝတ်စုံပြည့်နဲ့ရှူးဖိနပ်ကိုသာ တွဲမြင်ရလေသည်။ အခမ်းအနားတိုင်းမှာ သူက အရမ်း တခမ်းတနားဝတ်ဆင်သည်။ သူ့ဘော့စ်က သာမန်အဝတ်အစားလို့ပြောတာကို ဒါသူပထမဆုံးကြားဖူးခြင်းပဲဖြစ်သည်။
ကုန်းထျန်းဟောက်က ဆွံ့အစွာ မျက်လုံးကစားလိုက်ကာ စိတ်မရှည်စွာနဲ့
“ငါကအခု ကျေးလက်ဘက်မှာနေနေတာလေ။ ဝတ်စုံကြီးဝတ်ပြီးလျှောက်သွားနေရတာ ငါ့အတွက်သင့်တော်မယ်ထင်လို့လား? ကောင်းပြီ အရမ်းလည်းအံ့ဩမနေနဲ့။ မြန်မြန်လုပ်ပြီး ငါ့အဝတ်ဗီရိုထဲကနေ သာမန်ဝတ်တစ်စုံထုတ်လာခဲ့”
စစ်ထူရှင်းက ကူကယ်ရာမဲ့စွာ မတ်တပ်ရပ်လိုက်ကာ မဟော်ဂနီနဲ့လုပ်ထားတဲ့ ဗီရိုကိုဖွင့်လိုက်သည်။ သူမျက်လုံးတွေ ထပ်ပြူးသွားပြီး သူက ၎င်းကို မယုံနိုင်ဖြစ်သွားသည်။ အနက်ရောင်ဝတ်စုံတစ်စုံနဲ့ အဖြူရောင်ရှပ်တစ်ထည်ကလွဲရင် ဗီရိုတစ်ခုလုံးက သာမန်အဝတ်အစားတွေနဲ့ ပြည့်နေသည်။
ကုန်းထျန်းဟော်ဟောက်က အဝတ်ဗီရိုရှေ့မှာ မူးမိုက်နေတဲ့ စစ်ထူရှင်းကိုကြည့်လိုက်ပြီး မကျေမနပ်ဆော်ဩလိုက်ကာ
“မင်းဘာလို့ အဲ့ဒီမှာ ရပ်ပြီး အချိန်ဖြုန်းနေတာလဲ? မင်းကဒီလိုမျိုးကြည့်နေတော့ ငါ့အဝတ်ဗီရိုထဲမှာ အလှလေးတစ်ယောက်များရှိနေလို့လား?”
စစ်ထူရှင်းက ခေါင်းခါလိုက်ကာ
“မဟုတ်ပါဘူး နိုး”
ပြီးနောက်မှာ သူက
“ဘော့စ် ဘော့စ်မှာ သာမန်အဝတ်အစားတွေ အများကြီးရှိတာပဲ။ ဘယ်တစ်ခုကို ဝတ်ချင်လဲ?”
ကုန်းထျန်းဟောက်က မျက်မှောင်ကျုံ့လိုက်ကာ
“ငါက ငါ့ကိုယ်ငါ ရှင်းပြဖို့ ယွီအာဆီသွားမှာ။ ဘယ်တစ်ခုက အသင့်တော်ဆုံးလို့ မင်းထင်လဲ?”
စစ်ထူရှင်း၊ “…”
သူက သူ့ဘော့စ်ကို ထပ်တောင် မမှတ်မိချင်တော့ပေ။
စစ်ထူရှင်းက ခနလောက်တွေးလိုက်သည်။ သူက အဝတ်အစားတွေကိုမယူဘဲ ကုန်းထျန်းဟောက်ဆီလျှောက်သွားပြီး ပြုံးလိုက်ကာ
“ဘော့စ်၊ ရှောင်လင်းယွီ ဘော့စ်အတွက် ဘယ်လိုခံစားရလဲသိချင်လား?”
“သူက မင်းမရီးကွ”
ကုန်းထျန်းဟောက်က မျက်မှောင်ကျုံ့ပြီး ပြတ်ပြတ်သားသားမေးကာ
“မင်းဘာလုပ်ချင်လို့လဲ? စစ်ထူရှင်း၊ ငါမင်းကို သတိပေးမယ်နော်။ ဘာမှမဆင်မခြင်မလုပ်နဲ့။ ယွီအာက မင်းစမ်းသပ်ချက်မဟုတ်ဘူး”
စစ်ထူရှင်းက မြန်မြန်ဆန်ဆန် ခေါင်းခါလိုက်ပြီး သူ့ကိုယ်သူ ခုခံကာ
“ဘော့စ် ဘာတွေပြောနေတာလဲ?”
ပြီးနောက် သူက ခနလောက်ရပ်လိုက်ကာ ပိုပြီးလျှို့လျှို့ဝှက်ဝှက်နဲ့
“ဘော့စ်၊ ဘော့စ်က အမြဲတမ်း ရှောင်..မရီးရဲ့ခံစားချက်တွေကို မသေမချာဖြစ်နေတာမလား?...”
“ဘယ်သူပြောတာလဲ?”
ကုန်းထျန်းဟောက်က အေးစက်စွာပြောလိုက်သည်။
စစ်ထူရှင်းက တခစ်ခစ်ရယ်လိုက်ပြီး သူ့လက်ကို ခါပြလိုက်ကာ
“ဘယ်သူပြောလဲဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော်က ဘော့စ်ကို မေးချင်ရုံတင်။ ဘော့စ် မရီးက ဘော့စ်အတွက် ဘယ်လိုခံစားရလဲဆိုတာ သိချင်လား?”
ကုန်းထျန်းဟောက်၊ “…”
နောက်ကပါလာတာကတော့ တိတ်ဆိတ်မှုပဲဖြစ်သည်။
..............
တခြားဖက်မှာလည်း ရှောင်လင်းယွီက ကုန်းထျန်းဟောက်နဲ့ အချင်းများထားကတည်းက အရမ်းမသက်မသာဖြစ်နေပြီး နာကျင်မှုကို သူမစိတ်ထဲမှာ မျိုသိပ်ထားသည်။ သူမက သာမန်လိုမျိုးပဲ ပေါ်လာနေပေမယ့် လုပ်ဆောင်ချက်တွေက တကယ့်ခံစားချက်တွေကို ကွာခြားစေသည်။ သူမကအရမ်း မသက်မသာဖြစ်နေပြီး စားတောင်မစားနိုင်ပေ။ သူမ စားရမယ်မှန်းသိပေမယ့် လုံးဝစားချင်စိတ်မရှိပေ။
အစားအစာက သူမပါးစပ်ထဲကိုဝင်လာတာနဲ့ စားချင်စိတ်တွေကုန်ပြီး အန်ထွက်တော့မယ်လို့တောင် ခံစားနေရသည်။
သူမမျက်လုံးတွေကို ပိတ်လိုက်ရင် ကုန်းထျန်းဟောက်က သူမဆီကနေ အဝေးထွက်သွားတာကို မြင်ရသည်။ သူကအရမ်းနာကျင်နေပြီး ၎င်းကလည်း သူမနှလုံးသားကိုတောင် ဆို့နင့်စေသည်။ သူမက အိပ်ယာပေါ်မှာ လူးလွန့်ပြီး လှည့်ရင်း အိပ်မပျော်နိုင်ဖြစ်နေသည်။
သုံးရက်တောင်ရှိနေပြီဖြစ်သည်။ ဒီသုံးရက်အတွင်းမှာ သူမက လုံးဝမစားသလို အနားလည်းမယူ ပေ။ သူမ စိတ်အဆင်မပြေဖြစ်လာရင် စိုက်ပျိုးရေးနေရာလွတ်ထဲမှာ ပုန်းနေပြီး ကျယ်လောင်စွာအော်ငိုလိုက်သည်။ သူမက ငတုံးမဟုတ်ပေ။
ကုန်းထျန်းဟောက်ရဲ့ သူမအပေါ်ထားတဲ့ ကြင်နာမှုနဲ့ ချစ်ခင်မှုတွေကို ဘယ်လိုလုပ်မခံစားမိဘဲနေမှာလဲ?
ဒါပေမယ့်လည်း ဒါက နာကျင်မှုရဲ့အရင်းမြစ်ဖြစ်သည်။ လူတိုင်းက အပေါ်ယံကိုပဲ မြင်ကြသည်။ ဘယ်သူမှ အမှန်တရားကို မသိကြပေ။ သူမက ဟန်များနေတယ်လို့ သူတို့က ပြောကြသည်။
ကုန်းထျန်းဟောက်လို လူကောင်းတစ်ယောက်ကို ရှာဖို့က ခက်ခဲသည်။ သူကချမ်းသာ၊ အာဏာရှိ၊ ထူးချွန်ပြီး ချောမောသည်။ သူ့ကို လက်ထပ်ချင်နေတဲ့မိန်းကလေးတွေ အများကြီးရှိသည်။
သူကဘာလို့ မကောင်းတဲ့ကလေးတစ်ယောက်နဲ့မိန်းကလေးကို ရှာရမှာလဲ?
၎င်းက ကျေးတောသူလေးတွေကို ငိုကြွေးစေသည်။
ဒါပေမယ့်လည်း ကုန်းထျန်းဟောက်က သူကလေးရဲ့အဖေအရင်းမှန်း သူတို့ဘယ်နှယောက်ကများ သိကြမှာတဲ့လဲ?
ကုန်းထျန်းဟောက်က အဲ့ဒီကလေးပြီးသွားမှလား မဟုတ်ဘူးလားဆိုတာကို သူတို့ဘယ်လောက်များများကများ စိုးရိမ်ရမှာတဲ့လဲ?
ကုန်းထျန်းဟောက်လိုလူမျိုးက သူမကို နောက်ကျရင် စိတ်ဝင်စားမှုလျော့သွားမယ်ဆိုတာ သူတို့ဘယ်နှယောက်ကများသိကြလို့လဲ?
ပြီးတော့ ဒါက ချမ်းသာပြီး အာဏာရှိတာတွေကြားမှာ အရမ်းအဖြစ်များသည်။ ရှောင်လင်းယွီက ရှောင်ထုန်ကိုအများကြီး အကြွေးတင်နေသည်။ သူမက သူ့ကို ပျော်ရွှင်စရာမိသားစုတစ်ခုပေးမယ်လို့ ကတိပေးခဲ့သည်။
သူမက သူ့ကို သူ့အဖေကြောင့် စိတ်မပျက်သွားစေချင်ပေ။ အဲ့ဒီစွန့်စားမှုကိုကာကွယ်ဖို့ သူမက အဖေမရှိဘဲသာ ထားလိုက်တော့မည်။
***