← Chapters

ရှောင်လင်းယွီ အပြစ်တင်ဆုံးမခံရတယ်

Vol. 25 Ch. 414

ရှောင်လင်းယွီ အပြစ်တင်ဆုံးမခံရတယ်

Vol. 25 Ch. 414

“မကောင်း‌တော့ဘူး မကောင်းတော့ဘူး!”

စစ်ထူရှင်းက ရှောင်မိသားစုဆီ ပြေးသွားလိုက်ပြီး အထိတ်တလန့်အော်လိုက်သည်။

‌ရှောင်မိသားစုက ကြောက်အားလန့်အားအသံကိုကြားလိုက်ရတဲ့အချိန်မှာ မနက်စာစားကြတော့မလို့ဖြစ်သည်။ သူတို့တွေ အံ့ဩကုန်ကြသည်။

ပုံမှန်ဆိုရင်လည်း စစ်ထူရှင်းက အလွယ်တကူအံ့ဩတတ်ပေမယ့် သူ့ကို သူ့ဘဝမှာ ဘယ်တုန်းကမှ ဒီလိုအထိတ်တလန့်ဖြစ်နေတာမျိုးကို မမြင်ဖူးပေ။ သူတို့တွေ ချက်ချင်း ပန်းကန်နဲ့ တူ‌ တွေကိုချလိုက်ပြီး အမြန်ပြေးထွက်လာသည်။

ဖေဖေရှောင်က မေးကာ

“ရှောင်ရှင်း၊ ဘာဖြစ်လို့လဲ?”

စစ်ထူရှင်းက အနားရောက်လာကြတဲ့ ရှောင်မိသားစုဝင်တွေကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ယောက်ကို မြင်ခွင့်မရလိုက်ပေ။ ပြီးနောက်မှာ သူက အိမ်ထဲကိုကြည့်လိုက်ပြီး ကျယ်လောင်စွာနဲ့

“ဘော့စ်က အပြင်းဖျားနေတယ်”

“ဘာရယ်?”

ကုန်းထျန်းဟောင်က နေမကောင်းဖြစ်နေတယ်လို့ကြားတော့ ရှောင်မိသားစုဝင်တွေ အထူးတလည်စိုးရိမ်သွားကြသည်။

ကုန်းထျန်းဟောက်က ပုံမှန်ဆို အရမ်းကျန်းမာပုံပေါ်သည်။ သူဖျားနေမယ်လို့ ရှောင်မိသားစုမထင်ခဲ့ပေ။

စစ်ထူရှင်းက သေချာတဲ့လမ်းကြောင်းတစ်ခုကိုကြည့်လိုက်ပြီး အသံကျယ်ကျယ်နဲ့

“ပြင်းထန်တယ်။ ၄၀ဒီဂရီနီးနီးပဲ။ အဖျားစာဆက်တက်နေရင် သူ့ဦးနှောက်ကို လောင်သွားလိမ့်မယ်”

၎င်းက ပြင်းထန်တဲ့ပြဿနာကြီးတစ်ခုဖြစ်သည်။

မေမေရှောင်က စိုးရိမ်စွာနဲ့

“ဒီလိုအဖျားမြင့်မြင့်နဲ့ဆိုရင်တော့ သူ့ကိုမြန်မြန် ငြိမ်အောင်လုပ်ရင်လုပ် မဟုတ်ရင်လည်း ဆေးရုံပို့လိုက်သင့်တယ်။ အိုး ဟုတ်သားပဲ။ ရှောင်ရှင်း၊ မင်းကဆရာဝန်မလား? မြန်မြန် လူနာကို ကုပေးလိုက်ပေါ့။ မင်းဒီမှာ ဘာလုပ်နေတာတုန်း?”

စစ်ထူရှင်း၊ “…”

သူက ရှင်းပြကာ

“ဒေါ်လေး ကျွန်တော်လည်း ဒါကိုသိတာပေါ့။ ကျွန်တော့်လူနာက မပူးပေါင်းချင်ရင် ကျွန်တော်ဘာမှလုပ်လို့မရဘူး”

ရှောင်မိသားစုက ဒါကိုကြားတော့ မျက်မှောင်ကျုံကာ

“လူငယ်လေးရှင်း၊ မင်းဘာကို ဆိုလိုတာလဲ?”

စစ်ထူရှင်းက အတော်ကလေး ကူကယ်ရာမဲ့နေတံ့‌အသံနဲ့

“ဘော့စ်က ရက်တွေတိုင်အောင် သူ့အခန်းထဲမှာပိတ်နေတာ။ အကြာကြီးဗိုက်ဟောင်းလောင်းဖြစ်နေတော့ သူဗိုက်ဆာနေမှာကို ကျွန်တော်တို့စိုးရိမ်သွားတယ်။ ဒီတော့ သူ့ကိုတစ်ခုခုစားဖို့ ဖျောင်းဖျဖို့အတွက် ဘော့စ်ကိုရှာခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဝင်သွားတာနဲ့ ဘော့စ်က နီရဲနေတဲ့မျက်နှာနဲ့ အိပ်ယာပေါ်မှာ လှဲနေလိမ့်မယ်ဆိုတာ ဘယ်သူသိမှာလဲ? သူ့မှာအဖျားရှိနေတယ်လို့ ကျွန်တော်မှန်းမိတာဲ့ ကျွန်တော်လည်းရှေ့တိုးပြီး သူ့နဖူးကို ထိကြည့်လိုက်တယ်။ အပူချိန်က အံ့ဩလောက်စရာပဲ။

ကျွန်တော်သူ့ကို ချက်ချင်းပဲ အပူကျအောင်လုပ်ပေးပေမယ့် ဘော့စ်…သူက…”

သူက သူ့ပရိတ်သတ်တွေကို တန်းလန်းထားခဲ့သည်။

“မြန်မြန်ပြောလေ၊ ထျန်းဟောက် ဘာဖြစ်လို့လဲ?”

ဘွားဘွားရှောင်က စိုးရိမ်စွာမေးလိုက်သည်။

စစ်ထူရှင်းက ကူကယ်ရာမဲ့စွာနဲ့

“ဒါပေမယ့် ဘော့စ်က ကျွန်တော့်ကို တွန်းထုတ်တယ်”

သူက ခနလောက်ရပ်လိုက်သည်ာ

‘သူက ဘာဆေးမှမသောက်ချင်သလို ဆေးလည်းမထိုးချင်ဘူး။"

“သူဘာလို့ဒီလိုလုပ်နေတာလဲ?”

မေ‌မေရှောင်က စိုးရိမ်သွားသည်။

“သူနေမကောင်းဖြစ်ရင် ဆေးသောက်ရမယ် ဆေးထိုးရမယ်ဆိုတာကို သူမသိဘူးလား? ထျန်းဟောက်က ကလေးမှမဟုတ်တော့ဘဲ”

အဲ့ဒီအချိန်မှာ မေမေရှောင်က စစ်ထူရှင်း ကို သင်္ကာမကင်းကြည့်လိုက်ပြီး

“ရှောင်ရှင်း၊ ထျန်းဟောက်က အပ်ကြောက်လို့လား? မဟုတ်ရင် သူက ဘာလို့ဆေးမထိုးချင်ရတာလဲ?”

စစ်ထူရှင်း၊ “…”

တကယ်တော့ ကုန်းထျန်းဟောက်က တကယ့်ကို အပ်တွေနဲ့ ဆေးခါးတွေကို ကြောက်သည်။ ဒါပေမယ့်လည်း ဒါက သူနဲ့ သခင်ကြီးကုန်းပဲသိတဲ့ အားနည်းချက်ဖြစ်သည်။ ၎င်းအကြောင်းကို ဘယ်သူမှမသိနိုင်ပေ။

မေမေရှောင်ရဲ့တုံ့ပြန်မှုက အရမ်းစူးရှနေလို့ စစ်ထူရှင်း အံ့ဩသွားသည်။ ဒါပေမယ့် သူဘာမှမပြောနိုင်ပေ။ မဟုတ်ရင် သူ့ဘော့စ်က သူ့ခေါင်းကို ဖြတ်ခုတ်သွားလိမ့်မည်!

ပြီးတော့ သူ့ဘော့စ်ကလည်း ဘာပဲဖြစ်ဖြစ် တကယ်နေမကောင်းတာမှမဟုတ်ဘဲ။

စစ်ထူရှင်းရဲ့ မျက်လုံးတွေက ခနလောက်လွင့်မျောသွားပြီးနောက် သူကလေးလေးနက်နက်နဲ့

“ဒေါ်လေး၊ ဘော့စ်က ဆေးထိုးရတာနဲ့ ဆေးခါးသောက်ရတာတွေကို မကြောက်ပါဘူး။ ဒါပေမယ့် ….ဒါပေမယ့်…”

“ဘာဖြစ်လဲ?”

ဘွားဘွားရှောင်က စိုးရိမ်တကြီးမေးကာ

“မင်းဘာဖြစ်နေတာလဲ ကလေး၊ ဘာလို့ တဝက်တပျက်ပြောနေတာလဲ? ရှောင်ရှင်း မင်းလေးလေးနက်နက်လုပ်ဖို့လိုတယ်။ ထျန်းဟောက်က နေမကောင်းဘူးလေ!”

စစ်ထူရှင်းက တည်ကြည်နဲ့အမူအယာနဲ့

“အဘွား သူသဘောကျတဲ့မိန်းကလေးက သူ့ကိုသဘောမကျဘူး။ ပြီးတော့ သူ့ကိုလည်းလက်ထပ်ဖို့ဆန္ဒမရှိဘူးလို့ပြောတဲ့အတွက် ဘော့စ်က ဆေးမသောက် ဆေးမထိုးချင်ဘူးလို့ပြောတယ်။ သူသဘောကျတဲ့မိန်းကလေးကို လက်မထပ်နိုင်ရင် သူ့ဦးနှောက်ကြီးလောင်သွားပြီး အရူးတောင်ဖြစ်သွားနိုင်တယ်”

ရှောင်မိသားစုဝင်တွေက ဒါကိုကြားတော့ အမူအယာတွေပြောင်းသွားကြပြီး တစ်ချိန်တည်းမှာပဲ မှောင်မိုက်သွားကြသည်။ ဒါက ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီကြားက အချင်းများမှုကြောင့်လို့ သူတို့ ခန့်မှန်းခဲ့ကြသည်။ အချင်းများတာရဲ့အကြောင်းပြချက်က ရှောင်လင်းယွီဖြစ်သည်။

စစ်ထူရှင်းက သူတို့ဆီ တိုက်ရိုက်လာပြီး ကုန်းထျန်းဟောက်က နေမကောင်းဖြစ်နေတယ်လို့ပြောတာ အံ့ဩစရာမရှိတော့ပေ။ စစ်ထူရှင်းက ရှောင်မိသားစုရဲ့အမူအယာတွေကို တစ်ချက်ကြည့်လိုက်သည်။ အထူးသဖြင့် မေမေရှောင်နဲ့ ဖေဖေရှောင်တို့ရဲ့မျက်နှာတွေဖြစ်သည်။

စစ်ထူရှင်းက ဆက်ကာ

“ဒေါ်လေး အဘွား၊ ဘော့စ်က ပြီးခဲ့တဲ့ရက်တွေမှာ မစားမသောက်မှန်း သိကြလား? သူက အဖျားပြင်းပြင်းကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ အဆိုးဆုံးဆိုရင် သူ ကျပ်မပြည့်တဲ့သူတစ်ယောက်ဖြစ်သွားပြီး မဟုတ်ရင်လည်း… သေတောင်သေသွားနိုင်တယ်”

စစ်ထူရှင်းက အံကြိတ်ပြီး နောက်ဆုံးစကားကို ပြောလိုက်သည်။

“ဒီတော့ ကုသမှုခံယူဖို့ ဘော့စ်ကိုကူညီပေးကြဖို့ ကျွန်တော် ဒီကိုလာတောင်းပန်တာ။ များသောအားဖြင့်တော့ ဘော့စ်က ဒေါ်လေးတို့နဲ့ အကျွမ်းတဝင်ရှိတယ်လေ။ ဒါကြောင့် ဒေါ်လေးတို့ကို နားထောင်လောက်တယ်။ ဒီတော့ သူ့ကိုနားချပေးစေချင်တယ်”

ဒါကိုပြောပြီးတော့ သူ့လက်ကောက်ဝတ်ကို မြှောက်လိုက်ကာ နာရီကိုကြည့်ရင်း အရမ်းလေးလေးနက်နက်နဲ့

“ဘော့စ်က အပြင်းဖျားရှိနေတာကို ကျွန်တော်စတွေ့ကတည်းကဆိုရင် နှစ်နာရီရှိပြီ။ သူသာ ဒီလိုအခြေအနေနဲ့ နောက်ထပ် တစ်နာရီ နှစ်နာရီလောက် ဆက်နေရင် သူတကယ် ချောင်သွားနိုင်တယ်”

“ရှောင်လင်းယွီ အခုထွက်လာစမ်း!”

မေမေရှောင်က ရုတ်တရက် အော်လိုက်သည်။

ရှောင်မိသားစုဝင်တွေနဲ့ စစ်ထူရှင်းက အစမှာ ရှော့ခ်ရသွားပေမယ့် တိတ်ဆိတ်သွားကြသည်။ ခနကြာပြီးတော့ ရှောင်လင်းယွီက သူမရဲ့လေးပင်တဲ့ခန္ဓာကိုယ်ကို ‌ဆွဲခေါ်လာသည်။ သူမရဲ့အမူအယာက ‌အရမ်းအေးဆေးနေသည်။ ဒါပေမယ့်လည်း သူမရဲ့မျက်လုံးတွေက နီရဲနေပြီး ငိုထားတဲ့ပုံပေါက်နေသည်။

ဘာပဲဖြစ်ဖြစ် စစ်ထူရှင်းကလွဲရင် ရှောင်မိသားစုဝင်တွေက ၎င်းကို သတိပြုမိကြပုံ‌မပေါ်ပေ။

စစ်ထူရှင်းက သူ့မျက်ခုံးတွေကို လျှို့ဝှက် ပင့်လိုက်ပြီး သူ့ဟာသူတွေးတောကာ

'သူက အေးစက်တဲ့လူမဟုတ်ပါဘူး။ သူနဲ့ ဘော့စ်ကြားမှာ နားလည်မှုလွဲတာတစ်ခုရှိနေတယ်။ ဒါကိုဖြေရှင်းလိုက်တာနဲ့ သူတို့တွေ အတူတူပျော်ရွှင်သွားကြမှာ။'

ရှောင်လင်းယွီထွက်လာတာနဲ့ မေမေရှောင်က ပြတ်ပြတ်သားသားမေးကာ

“ရှောင်လင်းယွီ၊ ဒါက နင်လိုချင်တဲ့ရလဒ်လား?”

“အမေ…”

ရှောင်လင်းယွီက ခေါ်လိုက်ပြီး ရှင်းပြချင်နေသည်။

“ထျန်းဟောက်က နင့်ကို သဘောကျတယ်။ ဒါကြောင့် နင့်ကို အရမ်ချစ်ပြီး နင့်အတွက်အရာအားလုံးလုပ်ပေးခဲ့တယ်။ သူကနင့်အတွက် အများကြီးလုပ်ပေးပြီးပြီ။ ကျောက်တုံးတစ်တုံးတောင်ရွေ့နိုင်‌သေးပေမယ့် နင်ကရော? နင်ဘာလို့ အရမ်းမလှုပ်မယှက်နေရတာလဲ?”

မေမေရှောင်က ဒီတစ်ခါတော့ အရမ်းကိုစိတ်တိုနေသည်။ ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို လက်ထပ်ဖို့ဆန္ဒမရှိဘူးလို့ စစ်ထူရှင်း ပြောတာကိုသူကြားတော့ ဒေါသထွက်သွားခဲ့သည်။ သူမရဲ့ သမီးကို တကယ်ဘာပြောရမှန်းကို မသိတော့ပေ။ သူမက အဲ့ဒီယောက်ျားရဲ့ချစ်သူကောင်မလေးဖြစ်ဖို့ ကတိပေးခဲ့ပေမယ့် သူ့ကို လက်မထပ်ချင်ဘူးတဲ့။ သူမက ရှင်းရှင်းလင်းလင်းကြီးကို သူ့ခံစားချက်တွေနဲ့ ကစားနေတာဖြစ်သည်။ သူမ မြောက်လွန်းနေပြီလို့ မေမေရှောင်တောင် တွေးမိခဲ့သည်။

မေမေရှောင်နဲ့ ရှောင်မိသားစုဝင်တွေက စစ်ထူရှင်းရဲ့စကားထဲက အမှန်တရားတွေကို ဘယ်တုန်းကမှ သံသယမဝင်ခဲ့ပေ။

သူ့စကားတွေက မှန်တစ်ဝက် မှားတစ်ဝက်ဆိုတာကိုများ သူတို့လေးတွေ သိကြရဲ့လား?

ရှောင်လင်းယွီက အခုကုန်းထျန်းဟောက်ကို လက်ထပ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးပေမယ့် ဒါက သူမက၎င်းကို အနာဂတ်မှာ မစဉ်းစားဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ။

မေမေရှောင်က

“ရှောင်လင်းယွီ နင် ကုန်းထျန်းဟောက်ကို ဘာတွေများ မကြိုက်လို့လဲ? ဘာလို့ သူ့ကို ဒီလိုမျိုး နှိပ်စက်နေတာလဲ? ကုန်းထျန်းဟောက်က လိမ္မာတဲ့ကလေးပါ။ နင်က သူ့ကို ညှင်းဆဲနေသေးတယ်။ နင့်အသိစိတ်ကတောင် မနာကျင်ဘူးလား?”

မေမေရှောင်က ရှောင်လင်းယွီကို သမီးမိုလို့ဆိုပြီး ကာကွယ်မပေးပေ။

ရှောင်လင်းယွီရဲ့မျက်လုံးတွေက မျက်ရည်တွေနဲ့ ပြည့်နေခဲ့ပြီး မျက်လုံးတွေထဲမှာ နက်ရှိုင်းနဲ့နာကျင်မှုတွေ ရှိနေခဲ့သည်။ သူမရဲ့ပါးစပ်အစွန်းတွေ တုန်ယင်နေပြီး တစ်စုံတစ်ခုကိုပြောချင်လို့ သူမပါးစပ်ကို ဖွင့်လိုက်ပေမယ့် ရပ်တန့်လိုက်သည်။

မေမေရှောင်က သူမကို ဆက်ပြီး ပြတ်ပြတ်သားသား ဆူပူကာ

“ရှောင်လင်းယွီ၊ နင်က ကုန်းထျန်းဟောက်ကို သဘောမကျမှတော့ ဘာလို့ သူ့ချစ်သူကောင်မလေးဖြစ်ဖို့ သဘောတူလိုက်တာလဲ? သူ့‌ချစ်သူဖြစ်ဖို့ သဘောတူပြီးရင်လည်း ဘာလို့ သူ့ကို လက်မထပ်ချင်ရတာလဲ”

ရှောင်လင်းယွီက သူမမျက်နှာကို အုပ်ထားလိုက်ရင်း မျက်ရည်တွေ ကြမ်းပြင်ပေါ်စီးကျလာသည်။ သူမက ခေါင်းခါလိုက်ပြီး ၎င်းကိုငြင်းဆိုချင်ပေမယ့် သူမရဲ့လည်ချောင်းက ပိတ်ဆို့ခံထားရဟန်တူသည်။ သူမရဲ့အသံက အလွန်အမင်းကိုတိုးနေပြီး မေမေရှောင်က မကြားနိုင်ခဲ့ဘဲ သူမကို ဆက်လက်ဆူပူနေသည်။

ဒါကြောင့် သူမက ကုန်းထျန်းဟောက်ကို သဘောကျတယ်လို့ ရှောင်လင်းယွီဝန်ခံတာကို သူမကို စောင့်ကြည့်နေတဲ့စစ်ထူရှင်းကလွဲရင် ဘယ်သူမှမကြားလိုက်ပေ။ သူ မျက်မှောင်ကျုံ့လိုက်သည်။

‘ရှောင်လင်းယွီက ဘော့စ်ကို သဘောကျတဲ့ပုံပါပဲ။ သူ့မျက်လုံးတွေထဲမှာ အချစ်တွေရှိပေမယ့် အဲ့ဒါကို နက်နက်ရှိုင်းရှိုင်းကို ဖုံးထားတယ်'

မေမေရှောင်က ရှောင်လင်းယွီစကားပြောဖို့ မစောင့်ခဲ့ပေ။

သူမက ဆက်ကာ

“နင်ကအရင်က သစ္စာဖောက်ခံရဖူးတယ်။ ဒါကြောင့် အချစ်နဲ့ပက်သက်ရင် နင်ပိုပြီးသတိထားတယ်။ အမေတစ်ယောက်အနေနဲ့ ငါဒါကိုနားလည်နိုင်ပါတယ်။ ဒါပေမယ့် နင်က ကလေးတစ်ယောက်ကိုယ်ဝန်ရှိနေတာတောင် ကုန်းထျန်းဟောက်က စိတ်မခုဘူး။ သူက နင်နဲ့ နင့်ဗိုက်ထဲကကလေးကို ရတနာလိုပဲ ဆက်ဆံတယ်။ သူကနင့်ကို အရမ်းအသေးစိတ်ကို ဂရုစိုက်ပေးပြီး ကလေးကိုလည်း သူတကယ်ချစ်တာ သိသာတယ်”

“ရှောင်လင်းယွီ ငါပြောပြမယ်။ ကုန်းထျန်းဟောက်က နင့်ကို ချစ်မိသွားတာနင်ကံကောင်းတယ်။ မဟုတ်ရင် ဘာလို့သူ့လိုထူးချွန်တဲ့သူမျိုးက နင့်လို အေးစက်တဲ့မိန်းကလေးမျိုးကို သဘောကျမှာလဲ?”

မေမေရှောင်ရဲ့စကားတွေက နာကြည်းစေသည်။

ရှောင်လင်းယွီရိ့ကိုယ်က တုန်ယင်သွားပြီး သူမအမေကိုကြည့်ရင်း မျက်လုံးပြူးနေသည်။

“ရှောင်လင်းယွီ သူက နင့်ကို ချစ်တာကိုသိလို့ နင်က ထျန်းဟောက်ရဲ့ခံစားချက်တွေနဲ့ ကစားနေတာပဲ။ တစ်နေ့ကျရင် နင် သူ့အချစ်ကို ကုန်ခမ်းစေသွားမှာ။ ပြီးရင် နင်နောင်တရလိမ့်မယ်”

ဒီတစ်ကြိမ်တော့ မေမေရှောင်က ဒေါသထွက်နေခဲ့သည်။

သူမက ထိန်းမထားတော့ပေ။ သူမက ရှောင်လင်းယွီကို ကြမ်းကြမ်းတမ်းတမ်း ဆူပူလိုက်သည်။

ဒါပေမယ့် ၎င်းတို့က ကြမ်းတမ်းသလောက် အမှန်ပဲဖြစ်သည်။

ရှောင်လင်းယွီရဲ့အမူအယာက အရမ်းအံ့ဩသွားသည်။ သူမရဲ့မျက်လုံးတွေပြူးသွားပြီး မေမေရှောင်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။

သူမခေါင်းကို ခါကာ

“သမီး…သမီးမဟုတ်…မဟုတ်ဘူး… အဲ့ဒီလိုမျိုးမဟုတ်ဘူး”

ဘေးမှာရပ်နေတဲ့စစ်ထူရှင်းက ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့‌‌ ရှောင်လင်းယွီကို ကြည့်နေခဲ့သည်။ သူ့ဘော့စ်အတွက် ပျော်ရွှင်မှုအနည်းငယ် ခံစားမိသွားသည်။ သူ့ရဲ့ဘော့စ်ကို ဒီလိုမျိုး ဆက်ဆံတဲ့အတွက် ရှောင်လင်းယွီ အပြစ်ပေးခံရသင့်သည်။ အပြင်လူတွေက ရှောင်လင်းယွီကို သင်ခန်းစာတစ်ခုမပေးနိုင်ပေမယ့် ရှောင်မိသားစုကတော့ ပေးနိုင်သည်။

“ဒီလိုမဟုတ်ရင် ဘာလဲ?”

မေမေရှောင်က ပြတ်ပြတ်သားသားမေးကာ

“ရှောင်လင်းယွီ အမှန်တရားက ငါတို့ရှေ့မှာကို နင်က ငါတို့ကို လိမ်နေတုန်းပဲ။ ငါပြောပြမယ်။ နင်ဒီနေ့ ရှင်းပြချက်တစ်ခု မပေးဘူးဆိုလို့ရှိရင် ငါ့သမီးလို့မပြောနဲ့တော့။ ငါ ချန်ချိုးယင်းမှာ အပြစ်ကင်းတဲ့လူတစ်ယောက်ရဲ့နှလုံးသားနဲ့ ကစားတဲ့ ရက်စက်တဲ့သမီးမျိုးမရှိဘူး”

ရှောင်လင်းယွီရဲ့ အမူအယာက ပြင်းပြင်းထန်ထန်ပြောင်းလဲသွားသည်။

ဒီကိစ္စက အရမ်းပြင်းထန်နေပြီ။ သူမရဲ့အမေက သူမကို တကယ်စွန့်လွှတ်နေသည်။ ရှောင်လင်းယွီက ချက်ချင်းပဲ ဖေဖေရှောင်ကိုသူမရဲ့ အသနားခံတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။

“အဟွတ် အဟွတ်…”

ဖေဖေရှောင်က ကူညီဖို့ သူ့သမီးရဲ့အသနားခံတာကိုရလိုက်တော့ ရှေ့တိုးဖို့ကလွဲရင် ရွေးစရာမရှိတော့ပေ။

ဖေဖေရှောင်

“ချိုးယင် မင်းစကားတွေက နည်းနည်းပြင်းနေပြီ”

“ပြင်းတယ်? ဘယ်လောက်ပြင်းလို့လဲ?”

မေမေရှောင်က ချက်ချင်းပြန်လည်ချေပကာ

“ကျွန်မပြော‌တာတွေက မှားတာပါလို့လား?”

ဖေဖေရှောင်က ချက်ချင်းပဲ လက်ပါးစေတစ်ယောက်လို

“အေးပါ အေးပါ အမှန်ပါပဲ။ မိန်းမရယ် ငါက အခိုင်အမာမင်းဘက်မှာပဲ”

ရှောင်လင်းယွီ၊ “…”

သူမနဲ့ သူမမောင်လေးက ငယ်ငယ်ကတည်းက ဒီနောက်ဆုံးအလှည့်အပြောင်းကို မြင်ဖူးနေပြီဖြစ်သည်။

ပြီးနောက်မှာ ဖေဖေရှောင်က အရမ်းလေးနက်ပြီး စစ်မှန်တဲ့လေသံနဲ့

“ယွီအာ၊ သမီး အဲ့ဒီကလေး ထျန်းဟောက်ကို တကယ်သဘောမကျဘူးဆိုရင် သူ့ကို ရှင်းလင်းအောင် လုပ်သင့်တာပေါ့။ သူ့ကို တစ်ဖက်တည်းမှာပဲ ချိတ်ထားပြီး သူ့အားထုတ်မှုတွေကို ပျော်မနေနဲ့လေ။ သမီး စက်ဆုပ်စရာလူဖြစ်လို့မရဘူး”

ရှောင်လင်းယွီ၊ “…”

ဖေဖေရှောင် စကားပြောပြီးသွားတာနဲ့ ရှောင်မိသားစုရဲ့ တခြားမိသားစုဝင်တွေက စကားပြောလာကြသည်။

“ယွီအာ သမီးက ရှောင်မိသားစုဝင်တစ်ယောက်ပဲ။ ဒီတော့ ဒီလိုပြုမူလို့မရဘူး။ သမီးစက်ဆုပ်စရာလူဖြစ်လို့မရဘူးလေ”

ဘွားဘွားရှောင်က အရမ်းခေတ်မီသည်။ သူမက အနည်းငယ်အသက်ကြီးနေတာတောင် စက်ဆုပ်စရာကောင်းသူက ဘာကိုဆိုလိုမှန်းသိသည်။

“ရှောင်လင်းယွီ၊ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို တစ်ခါတစ်လေ မြူတူတူလုပ်ရင် ဒါကအဆင်ပြေတယ်။ ယောက်ျားလေးတစ်ယောက်က ဒါကို သဘောတောင်ကျနိုင်သေးတယ်။ ဒါပေမယ့် သူအဲ့လိုပဲဆက်လုပ်နေရင်တော့ နောက်ဆုံးမှာ ယောက်ျားလေးကို စိတ်ပျက်သွားစေလိမ့်မယ်။ သမီး ဒီလိုစိတ်ပျက်စရာမိန်းကလေးမျိုးအနေနဲ့တော့ အ‌ဆုံးသတ်မသွားချင်ဘူးမလား?”

ရှောင်လင်းယွီ၊ “…”

သူမရဲ့အကြီးဆုံးဒေါ်လေးက ကိစ္စတွေကို ဒီလိုမျိုးသိရှိနေလိမ့်မယ်လို့ မျှော်လင့်မထားမိပေ။

“ဟုတ်တယ် ဟုတ်တယ် ယွီအာ၊ မင်းအဒေါ်မှန်တယ်”

ဘွားဘွားရှောင်က ကြားဖြတ်ပြောကာ

“သမီးအရမ်းဟန်များနေလို့မရဘူး။ ဒါသာဆက်ဖြစ်နေရင် လူတွေက စိတ်ရှည်နိုင်မှုတွေ ဆုံးရှုံးသွားလိမ့်မယ်။ သမီးက ထျန်းဟောက်လို လူကောင်းတစ်ယောက်ကို တွေ့ပြီးပြီပဲ။ တစ်ယောက်ယောက်သာဆိုရင် သမီးနဲ့ အရင်ကတည်းက ပြတ်တောင်သွားလောက်ပြီ”

ဒီလိုနဲ့ ရှောင်မိသားစုအုပ်စုတစ်ခုက ရှောင်လင်းယွီကို ဝန်းရံထားပြီး သူမကို မနပ်မနားအပြစ်တင်နေသည်။ သူတို့က အခြေခံအားဖြင့်တော့ ရှောင်လင်းယွီကို အုပ်စုလိုက် တိုက်ခိုက်နေခြင်းဖြစ်သည်။ ဒါပေ့ါ့ ရှောင်လင်းယွီက မိန်ကလေးတစ်ယောက်ဆိုတော့ သူမကိုအပြစ်တဲ့လူအများစုက မိန်းကလေးတွေပဲဖြစ်သည်။

ရှောင်လင်းယွီရဲ့မျက်နှာက ဖြူဖပ်နေပြီး သူမရဲ့ခန္ဓာကိုယ်က လဲပြိုသွားတော့မတတ်ခံစားနေရသည်။

စစ်ထူရှင်းက သူမကိုကြည့်လိုက်ပြီး သူ့ရဲ့အမူအယာက ချက်ချင်းအနည်းငယ်စိတ်ပျက်သွားသည်။ ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေတုန်းဖြစ်ပြီး သူမကို သူဘာမတော်တဆမှ ဖြစ်ခွင့်မပြုနိုင်ပေ။

“အဟမ်း…”

စစ်ထူရှင်းက အချိန်ကိုကြည့်လိုက်ပြီး

“ဒေါ်လေး အဘွား၊ ထျန်းဟောက်သာ သူ့ဆေးကို နောက်နာရီဝက်အတွင်းမသောက်ရင် အကျိုးဆက်တွေက အရမ်းပြင်းထန်လာလိမ့်မယ်။ သူ့ကိုဖျောင်းဖျပေးဖို့ ဒေါ်လေးတို့ ကျွန်တော့်ကိုကူညီဖို့လိုတယ်”

“မကောင်းတော့ဘူး။ ဒေါက်တာစစ်ထူ၊ သခင်လေးရဲ့အဖျားက ၄၁ ဒီဂရီကို ရောက်နေပြီ”

ရှောင်ဝမ်က အပြေးရောက်လာရင်း ပြောလာလေသည်။

***

All Chapters