← Chapters

ဝန်ခံချက်

Vol. 25 Ch. 415

ဝန်ခံချက်

Vol. 25 Ch. 415

ကုန်းထျန်းဟောက်ရဲ့အဖျားက ၄၁ဒီဂရီကို ရောက်နေကြောင်း ရှောင်ဝမ်ဆီကနေ ရှောင်လင်းယွီကြားပြီး သူမစိတ်က ဗလာနတ္ထိဖြစ်သွားခဲ့သည်။ သူမ ဘာအကြောင်းကိုမှ မတွေးနိုင်တော့ပေ။ သူမချက်ချင်းပဲ လှုပ်ရှားကာ အမြန်ပြေးသွားလိုက်သည်။

အဖျား၄၁ဒီဂရီက ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် အရမ်းကိုအန္တရာယ်များသည်။ ကုန်းထျန်းဟောက်က ဒီလိုအဖျားကြီးနေတာကို သူမတွေးမိလိုက်တဲ့အချိန် သူမရဲ့နှလုံးသားစတင်ဆို့နင့်လာသည်။ သူမရဲ့လက်ရှိအတွေးက သူ့ကိုတွေ့ဖို့ပဲဖြစ်သည်။

'ကုန်းထျန်းဟောက်၊ ရှင်ဒုက္ခရောက်လို့မရဘူး’

တောဘက်ကလူတွေကတော့ ပျံထွက်သွားတဲ့သူကိုမြင်ပြီး အံ့ဩသွားကြသည်။ သူတို့တွေ့ တုံ့ပြန်လိုက်ပြီးတော့ အမူအယာတွေပြောင်းသွားကြသည်။ ပထမဆုံးပြေးသွားမယ့်သူက ရှောင်လင်းယွီလို့ ဘယ်သူမှထင်မထားကြပေ။ ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေတုန်းဖြစ်သည်။ ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်က ဒုံးကျည်တစ်စင်းလိုပြေးထွက်သွားနိုင်တာ မယုံနိုင်စရာပဲဖြစ်သည်။

တစ်ချိန်တည်းမှာပဲ ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို သဘောမကျတာမဟုတ်ကြောင်းကိုလည်း ၎င်းကပြသနေသည်။ ဆန့်ကျင်ဘက်ပင် သူမက သူ့ကို အရမ်းသဘောကျသည်။

ရှောင်လင်းယွီကအရမ်းမြန်မြန်ဆန်ဆန်ပြေးထွက်သွားတာကိုမြင်ပြီး စစ်ထူရှင်းရဲ့မျက်လုံးတွေ အရောင်တောက်သွားသည်။ သူကအနည်းငယ်‌အံ့ဩသွားပေမယ့် သူ့အမူအယာက ရုတ်တရက် လင်းလက်သွားသည်။

‘ဘော့စ်က အကြောင်းပြချက်မရှိ စိုးရိမ်နေတာပဲ။ ရှောင်လင်းယွီက သူ့ကို ချစ်တာပဲ။ ဒါက သူမက သူ့ကိုအလိုလိုဂရုစိုက်နေတဲ့ ချစ်စိတ်ကြောင့်ပဲလေ။ ကလေးမွေးတော့မယ့်လူတစ်ယောက်အတွက် အသားကုန်အမြန်နှုန်းနဲ့ပြေးသွားတာက အရမ်းအန္တရာယ်များတယ်။ ဒါပေမယ့် ရှောင်လင်းယွီက သတိထားမိပုံမပေါ်ဘူး'

ဒါကြောင့် ရှောင်လင်းယွီရဲ့ ကုန်းထျန်းဟောက်အပေါ် စိမ်းသက်တဲ့သဘောထားက အကြောင်းရင်းတစ်ခုရှိရမယ်လို့ သူခန့်မှန်းမိခဲ့သည်။ သူမက သူမခံစားချက်တွေနဲ့ပက်သက်ပြီး ကွဲလွဲနေတာဖြစ်နိုင်သည်။ သူမက ၎င်းကို လက်ခံချင်ပေမယ့် စိုးလည်းစိုးရိမ်နေသည်။ သူမရဲ့နှလုံးသားက အတိုက်အခံတွေနဲ့ပြည့်နေသည်။ သူမသာ ဒီအတိုက်အခံတွေကို ဖြေရှင်းဖို့ နည်းလမ်းမရှာနိုင်ဘူးဆိုရင် ဒါအရမ်းကိုပဲနာကျင်ရလိမ့်မည်။

သဘောထားကွဲလွဲမှုတွေက အတောမသတ်နိုင်တဲ့စိတ်ပျက်ဖွယ်သံသရာကို ဦးတည်နေနိုင်သည်။ ၎င်းက လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်သည်။

ရှောင်လင်းယွီက ဘယ်လိုလုပ်အကြာကြီး ထိန်းထားနိုင်တာလဲ။

သူ ရုတ်တရက်ကြီး ဒီမိန်းကလေးရဲ့ ဇွဲလုံ့လနဲ့ သန်မာမှုကို ချီးကျူးမိလိုက်သည်။ သူမကအရမ်းဟန်များနေတယ်လို့ တစ်ရွာလုံးပြောနေကြသည်။ သူမက များစွာသောသဘောတူမှုများရဲ့ ခေါင်းစဉ်ပဲဖြစ်သည်။ ဒါပေမယ့် သူမက ဘာမှမပြောခဲ့ပေ။ သူမက အရာအားလုံးကို နှုတ်ဆိတ်ပြီး ငြီးငွေ့နေခဲ့သည်။

တစ်ချိန်တည်းမှာပဲ စစ်ထူရှင်း သိချင်လာသည်။

ရှောင်လင်းယွီက ဒီလိုလေးနက်တဲ့ ကွဲလွဲမှုတွေထဲဖြစ်စေရအောင် ဘယ်လိုလျှို့ဝှက်ချက်မျိုးကို ဖုံးထားတာလဲ?

ရှောင်မိသားစုဝင်တွေက စစ်ထူရှင်းရဲ့ ရှောင်လင်းယွီအပေါ် အကဲဖြတ်မှုကို မတွေ့ခဲ့ကြပေ။ ရှောင်လင်းယွီက စိုးရိမ်စိတ်ပူမှုအပြည့်နဲ့ အမြန်ပြေးထွက်သွားတာကိုပဲ သူတို့မြင်လိုက်ကြသည်။

ရှောင်လင်းယွင်ရဲ့မျက်နှာက အရမ်းစိုးရိမ်နေကာ

“အမေ၊ အစ်မက ဒီလိုပြေးသွားဖို့ အဆင်ပြေပါ့မလား?”

အကြီးဆုံးဒေါ်လေးရှောင်က ခေါင်းခါလိုက်ပြီး ဘာမှမပြောခဲ့ပေ။

မေမေရှောင်က ပြေးမသွားမီ ခနလောက် အံ့ဩနေခဲ့သည်။

သူမပြေးနေရင်း အော်ကာ

“ရှောင်လင်းယွီ၊ မပြေးနဲ့တော့! နင်က ကိုယ်ဝန်ကြီးနဲ့!”

ဒါပေမယ့်လည်း သူမပြေးသွားတော့ ရှောင်လင်းယွီကို မမြင်ရတော့ပေ။

သူမက မျက်မှောင်ကျုံ့ကာ

“ဒီကလေးက ကိုယ်ဝန်ကြီးနဲ့ကို ဘယ်လိုလုပ်အရမ်းမြန်မြန်ပြေးနိုင်ရတာလဲ?"

ရှောင်မိသားစုက ရှောင်လင်းယွီရဲ့ ပုံမှန်မဟုတ်မှုကို သတိမထားမိခဲ့ပေ။ ဒါပေမယ့် ‌သတင်းတင်ပြဖို့လာခဲ့တဲ့ရှောင်ဝမ်က ရှောင်လင်းယွီရဲ့အပြေးနှုန်းကိုမြင်ပြီး အံ့ဩသွားသည်။

‘အိုးမိုင်ဂေါ့ဒ်၊ ရှောင်လင်းယွီက အပြေးချန်ပီယံလား?’

ဒါပေ့ါ ရှောင်ဝမ်က တစ်စုံတစ်ခုအကြောင်းကို ပိုစိုးရိမ်နေသည်။

‘ရှောင်လင်းယွီက ကိုယ်ဝန်ရှိနေတာ။ ဒီလိုအမြန်နှုန်းနဲ့ပြေးဖို့ သူ့အတွက် အဆင်ပြေပါ့မလား?’

ရှောင်ဝမ်က သူမနောက်ကို အအမြန်လိုက်သွားလိုက်သည်။ ဒါပေမယ့်လည်း သူမကို သူမဖမ်းမိခဲ့ပေ။

သူက ချက်ချင်းပဲ ဧည့်ခန်းထဲပြေးသွားလိုက်ပြီး သခင်ကြီးက စိမ်ပြေနပြေလက်ဖက်ရည်သောက်နေတာကို မြင်လိုက်သည်။

ရှောင်ဝမ်က ချက်ချင်းမေးမြန်းကာ

“သခင်ကြီး မစ္စရှောင်ဒီမှာလား?”

သခင်ကြီးက လက်ဖက်ရည်တစ်ငုံငုံလိုက်ပြီး သူ့လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ သူရဲ့အမူအယာက သိသိသာသာကို ပျော်ရွှင်နေသည်။

သူက ပြန်ဖြေကာ

“ဟုတ်တယ် သူဒီမှာ။ ဒါပေမယ့်လည်း သူကအခု သေနာကောင်လေးအခန်းထဲမှာ။ ဘာဖြစ်လို့လဲ?”

သခင်ကြီးကုန်းက ရှောင်ဝမ်ရဲ့မျက်နှာပေါ်က ထူးဆန်းတဲ့အမူအယာကို သတိပြုမိသွားပြီး နားမလည်နိုင်ဖြစ်သွားသည်။

သူက

“ဘာဖြစ်လို့လဲ?”

အဲ့ဒီအချိန်မှာ သခင်ကြီးကုန်းက အပြုံးတစ်ခုနဲ့ ချီးကျူးလိုက်ကာ

“ရှောင်ဝမ်၊ မဆိုးပါဘူး။ မင်းက သူ့ကို အရမ်းမြန်မြန်ရောက်လာအောင် စီမံနိုင်ခဲ့သားပဲ။ မင်း ရှောင်မိသားစုကို ပြေးသွားခဲ့တာလား? မဟုတ်ရင် ယွီအာက ဘယ်လိုလုပ်အရမ်းမြန်မြန်ကြီး ရောက်လာတာလဲ?”

ဒီအကြောင်းပြောရင်း သူက မျက်နှာမှာ စိုးရိမ်မှုတွေ ပူပန်မှုတွေနဲ့ပြည့်နေတဲ့ရှောင်လင်းယွီကို တွေးမိလိုက်သည်။ သူမက သူ့ကိုနှုတ်ဆက်ဖို့တောင်မေ့ပြီး ကုန်းထျန်းဟောက်အခန်း‌ဆီ တည့်တည့်ပြေးသွားခဲ့သည်။

ရှောင်လင်းယွီက ‌ကုန်းမိသားစုနဲ့ ရင်းနှီးသည်။ ဒါကြောင့် ကုန်းထျန်းဟောက်အခန်းကဘယ်မှာမှန်း သူမ အလိုလိုသိသည်။ အပျော်လွန်နေတဲ့သခင်ကြီးကုန်းက တချို့အချက်တွေကို ကျော်သွားမိသွားဟည်။

ရှောင်ဝမ်ရဲ့မျက်နှာက ပူပန်နေသည်။

သူက

“မဟုတ်ဘူး သခင်ကြီး၊ မစ္စရှောင်က ကိုယ်ဝန်ရှိနေတာကို သခင်ကြီးမေ့သွားတာလား? သူက ရှောင်မိသားစုအိမ်ကနေ တည့်တည့်ပြေးလာတာ။ သူပြေးတဲ့အရှိန်က ကျွန်တော့်ထက်တောင်မြန်တယ်။ ကျွန်တော်သူ့ကို အိမ်ကတည်းက လိုက်လာပေမယ့် မမှီလိုက်နိုင်ဘူး”

သခင်ကြီးကုန်းလက်ထဲက လက်ဖက်ရည်ခွက်က ‌မြေကြီးပေါ် ရုတ်တရက်ကျသွားသည်။ ချက်ချင်းဆိုသလိုပဲ လက်ဖက်ရည်တွေပျံ့သွားပြီး လက်ဖက်ရည်ခွက်လည်း အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်။ သူ့မျက်နှာပေါ်က အမူအယာက ချက်ချင်းပြောင်းလဲသွားသည်။ သူမတ်တပ်ရပ်လိုက်ပြီး တစ်ကိုယ်လုံးတုန်ယင်နေသည်။

သူက စိတ်ထိခိုက်စွာနဲ့

“ငါ့ ‌မြစ်လေး….”

ဘယ်လိုလုပ် ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်က အရမ်းမြန်မြန်ပြေးနိုင်ရတာလဲ?

ရှောင်ဝမ်က သူ့ကို ချက်ချင်းနှစ်သိမ့်ကာ

“သခင်ကြီး စိတ်မပူပါနဲ့။ အဆင်ပြေမှာပါ၊ မဟုတ်ရင် ကျွန်တော်တို့ သခင်လေးရဲ့အခန်းထဲကနေ တစ်ခုခုကြားနေရလောက်ပြီပေါ့။ ဒါပေမယ့် ဘာမှမကြားရဘူးလေ။ ဒီတော့ အဆင်ပြေမှာပေါ့”

သခင်ကြီးက ၎င်းကိုတွေးလိုက်ပြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရသည်။

ဒါပေမယ့် သူက မထိန်းချုပ်နိုင်ဘဲ စိုးရိမ်နေတုန်းဖြစ်ကာ

“မဟုတ်သေးဘူး။ ငါအခုပဲသွားပြီး တစ်ချက်လောက်ကြည့်ကြည့်ရမယ်။ ကိုယ်ဝန်သည်မိန်းကလေးတစ်ယောက် တစ်ခုခုမှားနေလားဆိုတာကို ပြောဖို့အထိ အဲ့ဒီအကောင်က တုံးလွန်းတယ်”

ဒီလိုနဲ့ သူ့လမ်းလျှောက်တုတ်နဲ့ သူ့မြေးအခန်းဆီ တည့်တည့်သွားလိုက်သည်။ ဒါပေမယ့်လည်း သူတံခါးကိုရောက်ပြီး အထဲကအသံကိုကြားတော့ ချက်ချင်းရပ်တန့်လိုက်သည်။

ရှောင်ဝမ်က တစ်ဝက်ပွင့်နေတဲ့တံခါးကို ဖွင့်တော့မလို့မှာပဲ သခင်ကြီးကုန်းဆီကနေ တားဆီးခံလိုက်ရသည်။ သူက ရှောင်ဝမ်ကို စကားတိုးတိုးပြောဖို့ အမူအယာပြလိုက်သည်။

ရှောင်ဝမ်၊ “…”

ငါတို့က ဒီမှာ မစ္စရှောင်ကိုစစ်ဆေးဖို့ ရောက်နေတာ မဟုတ်ဘူးလား?

အခု ဘာလို့ငါတို့ ခိုးနားထောင်နေရတာလဲ?

“ကုန်းထျန်းဟောက် ရှင်အရမ်းစိတ်လိုက်မာန်ပါလို့မရဘူး။ ရှင်နေမကောင်းရင် ဆေးသောက်ပြီး ဆေးထိုးရမှာပေါ့”

ရှောင်လင်းယွီရဲ့စကားတွေက စိုးရိမ်မှုတွေ ပူပန်မှုတွေနဲ့ ပြည့်နေသည်။

ပြီးနောက်မှာ ခေါင်းမာပြီး အားကိုးရာမဲ့နေတဲ့အသံက

“မသောက်ဘူး။ မင်းက ငါ့ကိုမကြိုက်ဘဲ လက်မထပ်ချင်မှတော့ ငါဘာလို့ ဆက်အသက်ရှငိနေရဦးမှာလဲ?”

သခင်ကြီးကုန်း၊ “…”

ဒီအကောင်က မိန်းကလေးတစ်ယောက်အတွက်နဲ့ သေလောက်အောင်ငိုနေတာလား?

ဘာတွေဖြစ်နေတာလဲ?

သူ့ဘေးက ရှောင်ဝမ်ကလည်း ပါးစပ်အကျယ်ကြီးဟပြီး အံ့ဩနေသည်။

‘ဒီလူကဘယ်သူလဲ? ရှောင်လင်းယွီကို လှည့်စားဖို့ တစ်ယောက်ယောက်က သခင်လေးအဖြစ် ဟန်ဆောင်နေတာလား?’

အခန်းထဲမှာ ရှောင်လင်းယွီက ပူခြစ်နေတဲ့လက်တွေကို ကိုင်ထားလိုက်ပြီး ခေါင်းမာတဲ့ကုန်းထျန်းဟောက်ကို တည်ငြိမ်တဲ့အမူအယာနဲ့ ကြည့်လိုက်သည်။

သူမက

“ကုန်းထျန်းဟောက်၊ ရှင်ဘာလို့ အရမ်းကလေးဆန်နေတာလဲ? ရှင်က ကျွန်မကို ဖိအာပေးဖို့ တကယ်ရှင့်ကျန်းမာရေးကို အသုံးချနေတာလား?”

ရုတ်တရက် အရမ်းသတိရှိနေတဲ့ကုန်းထျန်းဟောက်က မူးမိုက်သွားသည်။ သူက အဓိပ္ပာယ်မရှိတာတွေကိုပဲ ထပ်ခါထပ်ခါ ပြောနေသည်။

“ရှောင်လင်းယွီက ငါ့ကို ထပ်မလိုချင်တော့ဘူးလေ”

“ရှောင်လင်းယွီ၊ ငါမင်းကို ဘယ်နေရာမှာ ပျက်ကွက်မိလို့လဲ? ငါဘယ်လို ပြောင်းလဲရမလဲ? ရှောင်လင်းယွီ မင်းဘာလို့ ငါ့ကို လက်မခံနိုင်ရတာလဲ?”

“ကလေးကြောင့်လား? ငါကမင်းကို ကလေးကြောင့် လိုက်နေတာလို့ ထင်နေတာလား? ငါက ဒီကလေးကို သဘောကျလို့ မင်းကိုသဘောကျတယ် ထင်နေတာလား?”

“မဟုတ်ဘူး မင်းမှားနေပြီ။ အဲ့ဒီလို လုံးဝမဟုတ်ဘူး။ ငါက ဒီကလေးကို မင်း‌ကြောင့် သဘောကျတာ။ ကလေးက မင်းဗိုက်ထဲမှာ မဟုတ်ဘူးဆိုရင် င့ါကလေးအရင်းဆိုရင်တောင် သဘောကျမှာမဟုတ်ဘူး”

ကုန်းထျန်းဟောက်ရဲ့စကားတွေကိုကြားပြီး ရှောင်လင်းယွီက ပိုပိုပြီးတော့ ပျာယာခတ်လာသည်။

'ကုန်းထျန်းဟောက်၊ ရှင့်အချစ်ကိုထိုက်တန်ရအောင် ကျွန်မဘာများ လုပ်ခဲ့လို့လဲ? ရှင်က အဆင့်တန်းရှိတဲ့ လူပျိုလူလွတ်ပဲ။ ရှင်ကြိုက်တဲ့မိန်းကလေးမဆို ရနိုင်တာပဲ။ ဘာလို့ကျွန်မလဲ? ရှင့်လိုလူတစ်ယောက်ကို ဆွဲဆောင်ဖို့ထိ ကျွန်မက နှစ်လိုဖွယ်ကောင်းတယ်မထင်ဘူး။ ဒီတော့ တစ်ခုတည်းသောအကြောင်းပြချက်က ကျွန်မဗိုက်ထဲက ကလေးပဲ’

ရှောင်လင်းယွီရဲ့မျက်နှာက မျက်ရည်တွေနဲ့ပြည့်နေပြီး ညင်သာစွာပြောကာ

“ကုန်းထျန်းဟောက်၊ ကျွန်မ ရှင့်ကိုသဘောကျတာရောသိလား? ဒါပေမယ့် ရှင့်ကို သဘောကျလို့ပဲ ကျွန်မကြောက်ပြီးတော့ ရှင့်ကို ရှောင်နေခဲ့တာ။ ရှင်က ကလေးကြောင့် ကျွန်မကိုကြိုက်တာလေ။ ကျွန်မတို့နှစ်ယောက်စလုံး ဒီကလေး..”

ရှောင်လင်းယွီက သူတို့နှစ်ယောက်စလုံးက ဒီကလေးက သူ့ကလေးမှန်း သိနေတာပဲလို့ ပြောချင်ခဲ့သည်။

ဒါပေမယ့် သူမ ၎င်းကိုမပြောနိုင်ခင် ကုန်းထျန်းဟောက်ရဲ့နောက်ဆုံးစကားကို ကြားလိုက်ရသည်။

“ကလေးက မင်းဗိုက်ထဲမှာ မဟုတ်ဘူးဆိုရင် င့ါကလေးအရင်းဆိုရင်တောင် သဘောကျမှာမဟုတ်ဘူး။ ငါ့ကလေးအရင်းဆိုရင်တောင် မကြိုက်ဘူး”

ရှောင်လင်းယွီကဒါကိုကြားတော့ သူမနှလုံးသားက တုန်ယင်သွားသည်။ သူမ မျက်လုံးတွေပြူးသွားပြီး ရှက်ပြီး အဓိပ္ပာယ်မရှိတာတွေလျှောက်ပြောနေတဲ့ ကုန်းထျန်းဟောက်ကို စိုက်ကြည့်နေခဲ့သည်။ သူမရဲ့မျက်နှာက မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နေခဲ့သည်။

ရှောင်လင်းယွီက ကုန်းထျန်းဟောက်မျက်နှာကို ဆွဲယူလိုက်ပြီး တင်းတင်းကျပ်ကျပ်ဖစ်ညှစ်ပစ်လိုက်သည်။ သူမက စိုးရိမ်တကြီးနဲ့

“ရှင်ဘာကိုဆိုလိုတာလဲ? ကုန်းထျန်းဟောက် ရှင်ဘာကိုဆိုလိုတာလဲ? ကလေးက ကျွန်မဗိုက်ထဲမှာ မဟုတ်ဘူးဆိုရင် ရှင်က သဘောမကျတော့ဘူးလား? ရှင်… ရှင်…”

အဖျားရှိနေတဲ့ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့လက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားလိုက်သည်။ သူက ရှောင်လင်းယွီကို ပြန်ဖြေနေပုံပေါ်ရင်း စကားဆက်ပြောနေသည်။

သူက

“ယွီအာ၊ မင်းဗိုက်ထဲကကလေးက ငါ့ကလေးမှန်းသိတယ်။ ဒါကြောင့် မင်းကိုယ့်ကို နားလည်မှုလွဲနေတာလား? ကိုယ်က ကလေးကိုသဘောကျလို့ မင်းကိုကြိုက်တယ်လို့ ထင်နေတာပေါ့။ ကိုယ်မင်းကို အခုပြောပြမယ်။ ပြီးတော့ အဲ့လိုမျိုးမဟုတ်ဘဲနဲ့ ကိုယ်… ကိုယ်က မင်းကိုကြိုက်လို့ ဒီကလေးကို သဘောကျတာ”

ရှောင်လင်းယွီ၊ “…”

သူမသာ ကုန်းထျန်းဟောက်ရဲ့ကိုယ်ပေါ်က ပူခြစ်နေတဲ့အပူချိန်ကို မထိခဲ့မိဘူးဆိုရင် ‌ကုန်းထျန်းဟောက်က သူ့နေမကောင်းတာကို ဟန်ဆောင်နေတာလို့ တွေးမိခဲ့လောက်သည်။

မဟုတ်ရင် သူ့ရဲ့ရေရွတ်စကားတွေက သူမရဲ့ပူပန်မှုတွေနဲ့ ဘာလို့ အရမ်းကွက်တိကိုက်နေရတာလဲ?

ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာ ရှောင်လင်းယွီမှာ အများကြီးစဉ်းစားဖို့ အချိန်မရှိပေ။ သူမက ကုန်းထျန်းဟောက်ကို ဘေးနားကစားပွဲပေါ်က ဆေးကို အမြန်ဆုံးသောက်ခိုင်းရမည်။ သူသာ ဒီလိုဆက်ပြီး ပူနေရင် သူ့စိတ်ကို လွတ်သွားလိမ့်မည်။ သူက တော်တဲ့စီးပွားရေးသမားတစ်ယောက်ပဲလေ။

ဘယ်လိုလုပ် သူ့ဦးနှောက်ကို ပြာချပစ်နိုင်ရတာလဲ?

ရှောင်လင်းယွီကလည်း ကလေးရဲ့အဖေကို အရူးတစ်ယောက် မဖြစ်စေချင်ပေ။ ရှောင်လင်းယွီက ဘေးစားပွဲပေါ်က ဆေးကိုယူလိုက်ပြီး ကုန်းထျန်းဟောက်ကို စိုးရိမ်စွာပြောကာ

“ထျန်းဟောက်၊ ဒီဆေးကို မြန်မြန်စားလိုက်။ ရှင် ဒီလိုဆက်ပူနေလို့မဖြစ်ဘူး”

ကုန်းထျန်းဟောက်က လက်ဆန့်ပြီး ၎င်းကို ရိုက်ချပစ်လိုက်သည်။ ရိုက်ချချက်တစ်ခုနဲ့အတူ ရှောင်လင်းယွီလက်ထဲက ဆေးတွေ အပစ်ခံလိုက်ရသည်။

သူက

“ဟင့်အင်း ငါမသောက်ချင်ဘူး။ ငါယွီအာကို စောင့်ချင်တယ်။ ငါဆေးမသောက်ချင်ဘူး။ ယွီအာ ငါ့ကိုလက်ထပ်ဖို့ သဘောတူစေချင်တယ်။ မဟုတ်ရင် ငါ‌မသောက်ဘူး”

ရှောင်လင်းယွီ၊ “…”

ကုန်းထျန်းဟောက်က ထပ်ပြီး

“ယွီအာ မင်းကိုယ့်ကိုလက်ထပ်ရင် ကိုယ်တို့မိသားစုက နောက်ကျရင် ပိုပြီးတော့တောင် ပျော်ရွှင်လာမှာ။ ကိုယ်မင်းကို ကိုယ့်လက်ထဲမှာ ထည့်ထားပြီး တုန်နေအောင်ချစ်မှာ။ ဘယ်သူမှမင်းကို အနိုင်မကျင့်ရဲဘူး။ ကိုယ်မင်းကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးမိန်းကလေးဖြစ်အောင် လုပ်ပေးမှာ”

“ပြီးတော့ ကိုယ့်အချစ်ကလေး သူက ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်၊ သူတို့မွေးလာတာနဲ့ သေချာပေါက် မင်းသားလေး မဟုတ်ရင် မင်းသမီးလေးဖြစ်လာမှာ။ မိန်းကလေးဆိုရင်တော့ အအကောင်းဆုံးပဲပေါ့။ ကိုယ်က သူ့ကို မင်းသမီးလေးလိုမျိုး ရင်ထဲပိုက်ထားမှာ”

“သူက ယောက်ျားလေးဆိုရင်တော့

ဟင်း

သေချာပေါက် မင်းအချစ်တွေအတွက် ကိုယ်နဲ့ယှဉ်ပြိုင်ရတော့မှာပေါ့။ ယွီအာ မင်းကလေးမွေးပြီးရင် ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ့်ကိုပဲ အများဆုံးချစ်ရမယ်နော်။ ဟုတ်ပြီလား?”

ကုန်းထျန်း‌ဟောက်ရဲ့ မဟုတ်တရုတ်တွေကိုကြားပြီး ရှောင်လင်းယွီက သူမမျက်နှာကို လက်နဲ့အုပ်ထားလိုက်ကာ မျက်ရည်တွေက မျက်နှာပေါ်စီးကျလာသည်။ ကုန်းထျန်းဟောက်က သူမကို တကယ်သဘောကျတာကို သူမမငြင်းခဲ့တော့ပေ။ ဒါပေမယ့်လည်းဒါရဲ့နောက်ကွယ်မှာ နောက်ထပ်တခြားအ‌ကြောင်းရင်းတစ်ခုရှိရဦးမယ်လို့ သူမအမြဲသံသယဖြစ်နေခဲ့သည်။

ဥပမာပြောရရင်တော့ သူမက သူ့ကလေးရဲ့မိခင်လေ။ ဒါပေမယ့်လည်း ကုန်းထျန်းဟောက်ရဲ့ အချစ်ဝန်ခံချက်ကိုကြားတော့ ရှောင်လင်းယွီ နက်နက်ရှိုင်းရှိုင်းကို အံ့ဩသွားသည်။ တစ်ချိန်တည်းမှာပဲ သူမ နောင်တလည်းရသွားသည်။

သူမ အံ့ဩနေခဲ့သည်။ သူမ ဘာလို့ ကုန်းထျန်းဟောက်ကို အစောကတည်းက မမေးမိတာလဲ?

ကုန်းထျန်းဟောက်က ‌ရှောင်လင်းယွီရဲ့လက်ကို ဆွဲယူလိုက်ပြီး သူမကို လက်ထပ်ခွင့်တောင်းရင်း မဟုတ်တရုတ်တွေချည်း ဆက်ပြောနေခဲ့သည်။

“ယွီအာ မင်းကိုယ့်ကို လက်ထပ်မှာလား? ကိုယ်တို့လက်ထပ်ပြီးရင် မင်းက ကိုယ့်ဇနီးဖြစ်လာမှာ။ ကိုယ်တို့လက်ထပ်ပြီးရင် ကလေးက တရားမဝင်ကလေးဖြစ်တော့မှာ မဟုတ်ဘူး။ ကိုယ်တို့လက်ထပ်ပြီးရင် ကိုယ်တို့နောက်ကွယ်မှာ မင်းနဲ့ကိုယ်တို့ကလေးကို ဘယ်သူလက်ညှိုးထိုးရဲမလဲလို့ ကိုယ်ကြည့်မယ်။ ငါ ကုန်းထျန်းဟောက်က သူတို့ကို ဖျက်ဆီးပစ်မယ်”

ရှောင်လင်းယွီက ငိုလိုက်ပြီးတော့

“ထျန်းဟောက်၊ ရှင်က ကျွန်မတို့ကို ဂုဏ်တစ်ခုပေးဖို့ လက်ထပ်ချင်တယ်ပေါ့။ ရှင်က ကလေးကို တရားမဝင်မဖြစ်စေချင်လို့လား?”

“ယွီအာ၊ ကလေးက မင်းနဲ့ ကိုယ့်ကလေးပဲ။ ဘယ်လိုလုပ်တရားမဝင်ဖြစ်ရမှာလဲ?”

ကုန်းထျန်းဟောက်က ဆက်ပြီး ရေရွတ်နေကာ

“ယွီအာ ကိုယ်တောင်းပန်ပါတယ်။ ကလေးက ကိုယ့်ကလေးမှန်းသိတယ်။ ကိုယ်မင်းကို စောစောပြောပြခဲ့သင့်တာ။ ကိုယ် ကိစ္စတွေအများကြီးကို မင်းကိုစောစောပြောပြလိုက်သင့်တာ”

ရှောင်မိသားစုရောက်လာကြတော့ ကုန်းထျန်းဟောက်က

“ကလေးက ကိုယ့်ကလေးမှန်းသိတယ်”

လို့ပြောနေတာကို ကြားသွားခဲ့သည်။

ဒီစကားက မိုးကြိုးလျှပ်စီးတစ်ခုလိုပဲ သူတို့ကို ဆွံ့အသွားအောင် အံ့ဩသွားစေခဲ့သည်။

***

All Chapters