ဖွင့်ပြောခြင်း
Vol. 25 Ch. 416
အဲ့ဒီပြေးသွားတာနောက်မှာ ရှောင်လင်းယွီတစ်ခုခုများဖြစ်သွားမလားလို့ မေမေရှောင်နဲ့ ရှောင်မိသားစု စိုးရိမ်နေခဲ့သည်။ သူတို့က ကုန်းမိသားစုဆီ အပြန်ပြေးသွားခဲ့ကြသည်။
ဒါပေမယ့်လည်း သူတို့တံခါးကိုရောက်တာနဲ့တင် ဒီလိုအံ့ဩစရာလျှို့ဝှက်ချက်မျိုးကို ကြားရလိမ့်မယ်လို့ မထင်ခဲ့ကြပေ။
ကလေးက ကုန်းထျန်းဟောက်ကလေးတဲ့။
ရှောင်လင်းယွီလွယ်ထားတဲ့ကလေးက မသိရတဲ့အဖေတစ်ယောက်ရှိတယ်လို့ပဲ သူတို့အမြဲထင်ခဲ့ကြသည်။
မေမေရှောင်ရဲ့အမူအယာက ပြင်းပြင်းထန်ထန်ပြောင်းလဲသွားပြီး သူမခန္ဓာကိုယ်ကလည်း တုန်ယင်လာသည်။ သူမက မူးဝေမှုကနေ ပြိုလဲသွားတော့မယ်လို့ ခံစားနေရသည်။
ကုန်းထျန်းဟောက်က သူမကိုသဘောကျတာက ရှောင်လင်းယွီရဲ့ကံကောင်းမှုပဲလို့ သူတို့အမြဲတွေးခဲ့ကြသည်။ ကုန်းထျန်းဟောက်က သူတို့သမီးက အဖေမသိရတဲ့ကလေးတစ်ယောက်ကို လွယ်ထားရတာကို စိတ်မခုခဲ့ပေ။ သူက သူတို့ရဲ့သမီးကို နှလုံးသားတစ်ခုလုံးနဲ့ စစ်မှန်စွာချစ်ပေးခဲ့သည်။ ဒါကြောင့် သူတို့က ကုန်းထျန်းဟောက်အတွက် အမြဲတမ်းအပြစ်ရှိသလို ခံစားခဲ့ရသည်။
ကုန်းထျန်းဟောက်က သူတို့သမီးကို အရမ်းကြင်ကြင်နာနာဆက်ဆံပေမယ့် သူတို့သမီးက သူ့ကို အရမ်းဖာသိဖာသာနေလွန်းသည်။ ၎င်းက သူတို့ကို ပိုပြီးမသိုးမသန့်ဖြစ်တယ်လို့ ခံစားရစေသည်။ ဒါပေမယ့် သူတို့တွေအခု ဒီဟာရဲ့နောက်ကွယ်က လျှို့ဝှက်ချက်ကို သိလိုက်ကြပြီ။ သူတို့သမီးအတွက် ဒီနားလည်မှုလွဲတာက ကြီးမားလှသည်။
တံခါးမှာ ညိုမည်းနေတဲ့အမူအယာနဲ့ရပ်နေတဲ့ ဖေဖေရှောင်နဲ့ ရှောင်မိသားစုရဲ့ တခြားမိသားစုဝင်တွေရဲ့အမူအယာလည်း ပြောင်းလဲသွားခဲ့သည်။ မေမေရှောင်လည်း အသိပြန်ဝင်လာပြီး အမြန်ပြေးသွားကာ ကုန်းထျန်းဟောက်ကို မေးမြန်းလိုက်ချင်သည်။
သခင်ကြီးကုန်းကလည်း သူ့မြေးရဲ့ဒရာမာတွေကို ဘေးကနေ ကြည့်နေခဲ့သည်။ ဒါပေမယ့် သူ့အကောင်က ဒီလိုကြီးမားတဲ့လျှို့ဝှက်ချက်မျိုးကို ရှောင်မိသားစုတစ်ခုလုံးကို ပြသလိုက်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
ရှောင်မိသားစုရဲ့အမူအယာတွေကို မြင်တော့ သူ့စိတ်ထဲမှာ လျှို့ဝှက်စွာ အံ့အားတသင့်ပြောကာ
‘မကောင်းတော့ဘူးဟေ့! ဘာလို့ဒီလျှို့ဝှက်ချက်က ဒီအချိန်ကျမှ ပေါ်သွားရတာလဲ? ရှောင်မိသားစုက အဲ့ဒီကောင်ကို အရှင်လက်လက်အရေခွံစုတ်တော့မယ့်ပုံပေါက်နေပြီ! လောလောဆယ် စုံတွဲက သူတို့ခံစားချက်တွေကို ရှင်းလင်းနေကြတုန်း။ ရှောင်မိသားစု အပြေးဝင်သွားရင် အကောင်က သူ့နာမကျန်းဖြစ်တာကို ဟန်ဆောင်ထားတာမှန်း သူတို့တွေ့သွားကြလိမ့်မယ်။ ဒါက ကိစ္စတွေကို ပိုဆိုးလာစေလိမ့်မယ်!’
ခနလောက်စဉ်းစားပြီးတော့ သခင်ကြီးကုန်းက ချက်ချင်းပဲ ရှောင်ဝမ်ကို အကြည့်တစ်ချက်ပေးလိုက်သည်။ ရှောင်ဝမ်က အမြဲတမ်း သခင်ကြီးကုန်းဘေးမှာ ရှိနေခဲ့ပေမယ့် ဒါက ဒီလိုလျှို့ဝှက်ချက်မျိုးကို သူပထမဆုံး ကြားလိုက်ရခြင်းဖြစ်သည်။ သူမအံ့ဩသွားဘူးလို့ပြောရင် အလိမ်ပဲဖြစ်သွားလိမ့်မည်။
ဒါပေမယ့်လည်း ရှောင်ဝမ်က သခင်ကြီးကုန်းရဲ့ စောင့်ရှောက်သူအဖြစ် နှစ်ချီရှိနေခဲ့ပြီး အရမ်းမြန်မြန်ဆန်ဆန်ပဲ စိတ်အေးအေးထားနိုင်သည်။ သူက သခင်ကြီးကုန်းရဲ့အချက်ပြတာကို ရလိုက်တော့ သူက တံခါးရှေ့ကို အမြန်ပြေးသွားလိုက်ပြီး ပိတ်ဆို့ထားလိုက်သည်။
မေမေရှောင်က တားဆီးခံလိုက်ရသည်။
ဒါက ပထမဆုံး မေမေရှောင်က ရှောင်ဝမ်ကို ဆူပူလိုခြင်းပဲဖြစ်သည်။
တင်းမာတဲ့အမူအယာနဲ့ သူမက
“ရှောင်ဝမ်၊ ဒါရဲ့အဓိပ္ပာယ်ကဘာလဲ?”
ရှောင်ဝမ်က သူ့ခေါင်းနောက်ကို ပွတ်လိုက်ပြီး ကို့ရို့ကားယားနဲ့
“ဒေါ်လေး ကျွန်တော် ကျွန်တော်…”
အဲ့ဒီအချိန်မှာ သခင်ကြီးကုန်းက လျှောက်လာပြီး သူမကို ဖျောင်းဖျဖို့ကြိုးစားကာ
“ချိုးယင်း စိတ်လျှော့ပါဦး”
မေမေရှောင်က သခင်ကြီးကုန်းရဲ့အေးဆေးတဲ့အမူအယာကို ကြည့်လိုက်ပြီး ချက်ချင်းပြတ်ပြတ်သားသားမေးကာ
“သခင်ကြီး၊ ရှင်လည်း ဒီအကြောင်းကိုသိတာလား?”
သခင်ကြီးကုန်း၊ “…”
“အဟမ်း”
သခင်ကြီးကုန်းက အတော်လေးရှက်ရှက်နဲ့
“ချိုးယင်း ငါဒါကိုရှင်းပြနိုင်ပါတယ်။ ဒါပေမယ့် အခု ဟောက်အာက အပြင်းဖျားနေတယ်လေ။ ယွီအာတစ်ယောက်ပဲ သူ့ကိုဆေးသောက်ဖို့ ဖျောင်းဖျနိုင်မှာ။ မင်းအခု ပြေးဝင်သွားရင် အကူအညီဖြစ်မှာမဟုတ်ဘူး။ သူ့ဆီကနေ မင်းဘာမှရမှာ မဟုတ်တော့ဘူး”
မေမေရှောင်က သခင်ကြီးကုန်းကို စူးစူးရှရှကြည့်ရင်း သူမနှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်သည်။ သူမရဲ့ စိတ်နှလုံးက မေးခွန်းတွေ ဒေါသတွေနဲ့ ပြည့်နေခဲ့သည်။ ကုန်းထျန်းဟောက်က သူမရဲ့သမီးက သူနဲ့ကိုယ်ဝန်ရထားမှန်းသိပေမယ့် သူမရဲ့သမီးကို မသိတဲ့ယောက်ျားတစ်ယောက်နဲ့အိပ်လို့ ဂုဏ်သတင်းပျက်စေတာတွေကို ခေါင်းခံစေခဲ့သည်။
အခု ကုန်းထျန်းဟောက်က သူ့ကလေးကို လွယ်ထားရလို့ သူမသမီးကိုကြိုက်တာလားလို့တောင် မေမေရှောင် သံသယဖြစ်လာသည်။ မေမေရှောင်ကိုလည်း ဒီလိုတွေးလို့ အပြစ်တင်လို့မရပေ။ မိဘတိုင်းက သူတို့ကလေးတွေကို ပထမဆုံးမှာထားမှာပဲလေ။ ကုန်းထျန်းဟောက်က ကလေးကြောင့် သူမရဲ့သမီးကိုသဘောကျပြီး ကလေးကလည်း လွန်လွန်ကဲကဲထူးခြားနေခဲ့သည်။ နောက်ပိုင်းကတော့ ဖြူစင်တဲ့အချစ်ဖြစ်ပြီး အရင်ဟာကတော့ ဂရုတစိုက်ကြံစည်ထားမှုပဲ ဖြစ်သည်။
သခင်ကြီးကုန်းက မေမေရှောင်ရဲ့အမူအယာကို ဂရုတစိုက် လေ့လာလိုက်ပြီး
“ချိုးယင်း၊ မင်းအခုအရမ်းစိတ်ဆိုးနေမှန်း ငါသိတယ်။ ပြီးတော့ ငါနားလည်နိုင်ပါတယ်။ ငါအမှန်ကိုသိသွားတုန်းကလည်း အဲ့ဒီလူလိမ်ကောင်ရဲ့ ခြေထောက်ကို ချိုးပစ်တော့မလို့ပဲ။ ဒါပေမယ့် ချိုးယင်း၊ ဟောက်အာနဲ့ ယွီအာက မင်းကိုဒီအကြောင်းမပြောပြရတာမှာ အကြောင်းရင်းတော့ရှိမှာပါ။ ကောင်လေးပြန်ကောင်းသွားရင် မင်းကိုလာပြီး တောင်းပန်ခိုင်းပါ့မယ်။ ဒီလိုဆိုရင်ရော?”
အဲ့ဒီအချိန်မှာ သူ့မျက်လုံးတွေ လက်ခနဲဖြစ်သွားကာ
“ဒါ့ပြင် ငါ့အကောင်လေးက အဖျား၄၁ဒီဂရှိရှိပြီး မဟုတ်တရုတ်တွေစကားရှည်နေတာလေ။ မင်း သူ့ကိုကြားဖြတ်ပြောချင်ရင်တောင် သူ့ဆီကနေ ဘာမှရမှာမဟုတ်ဘူး”
မေမေရှောင်ရဲ့မျက်ခုံးတွေဆန့်တန်းသွားပြီး မျက်မှောင်ကျုံ့လိုက်သည်။
ဖေဖေရှောင်က
“ချိုးယင်း၊ ထျန်းဟောက်က နေမကောင်းဘူးလေ။ ငါတို့နောက်ပိုင်းကျ သူ့ကိုအမြဲတမ်းပြောနိုင်တာပဲ”
တခြားသူတွေလည်း သူမကိုဖျောင်းဖျဖို့ ကြိုးစားနေကြသည်။
“ဟုတ်တယ် ချိုးယင်း၊ ထျန်းဟောက်က အဖျား၄၁ဒီဂရီရှိပြီး သူရေရွတ်နေတာတွေကလည်း ဗလုံးဗထွေးနဲ့။ သူဆေးသောက်ပြီး ဆေးထိုးဖို့လိုတယ်လို့ ရှောင်ရှင်းပြောမသွားဘူးလား? ယွီအာက သူ့ကို အဲ့လိုလုပ်ဖို့ ဖျောင်းဖျချင်ဖျောင်းဖျနိုင်မှာပေါ့”
မေမေရှောင်က နောက်ဆုံးမှာ
“ကောင်းပြီ!”
သခင်ကြီးကုန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ရှောင်မိသားစုသာ အခန်းထဲကို အပြေးသွားလိုက်ရင် ကုန်းထျန်းဟောက်ရဲ့နာမကျန်းဖြစ်မှုကနေ တစ်ဆင့်မြင်သွားနိုင်သည်။ ဒါဆိုရင် သူတို့စီစဉ်ခဲ့တဲ့အရာအားလုံးက အလဟာသဖြစ်သွားလိမ့်မည်။
အခန်းထဲမှာ ရှောင်လင်းယွီက အရမ်းအံ့ဩပြီး ငိုဖို့တောင်မေ့သွားသည်။ သူမက ငိုင်တွေတွေနဲ့မေးကာ
“ဒီတော့ ကုန်းထျန်းဟောက်၊ ရှင်က ကျွန်မကို ကျွန်မမိုလို့ သဘောကျတာလို့ပြောနေတာလား? ကလေးကြောင့်မဟုတ်ဘူးပေါ့?”
အိပ်ယာပေါ်မှာလှဲရင်း ကုန်းထျန်းဟောက်ရဲ့ခန္ဓာကိုယ်က ပူလောင်နေပေမယ့် သူ့စိတ်ကတော့ ထူးထူးခြားခြားကို ရှင်းလင်းနေသည်။ အခု သူက အချင်းများတာရဲ့ဇစ်မြစ်ကို သိသွားခဲ့ပြီ။ သူက ဒါကို သံသယတော့ဖြစ်ခဲ့သည်။ သူတို့နှစ်ယောက်စလုံးက ကလေးက တကယ်တော့ သူ့ကလေးမှန်းသိကြသည်။ ဒါကြောင့် ရှောင်လင်းယွီက သူက သူမကိုကလေးကြောင့်ကြိုက်တာလို့ သံသယရှိမှာကို သူအမြဲစိုးရိမ်နေခဲ့သည်။
အဲ့ဒီအချိန်တုန်းက သူက သူမကို ဖြူဖြူစင်စင်နဲ့ ရိုးရိုးရှင်းရှင်း သဘောကျတယ်ဆိုတာကို ပြသဖို့ သူ့ရဲ့ရိုးသားစစ်မှန်မှုသုံးနိုင်မယ်လို့ တွေးခဲ့သည်။ ဒါပေမယ့် ၎င်းက တူညီတဲ့အကြောင်းရင်းပဲဖြစ်နေခဲ့ပြီး ၎င်းက ရှောင်လင်းယွီကို သူ့ခံစားချက်တွေကို ထပ်ခါထပ်ခါ လျစ်လျှူရှုစေခဲ့သည်။
ဒီလိုဖြစ်မယ်ဆိုတာသာ သူသိခဲ့ရင် သူပထမဆုံးကတည်းက အရာအားလုံးကို ရှင်းပြခဲ့မည်ဖြစ်သည်။ သူ ဝန်ခံခဲ့မည်။ ပြီးရင် သူတို့တွေ အခက်အခဲအများကြီးကို ရှောင်ရှားနိုင်လိမ့်မည်။
အဲ့ဒီအချိန်မှာ ကုန်းထျန်းဟောက်က တကယ်ထိုင်ချလိုက်ပြီး အကုန်လုံးကို ရှင်းပြချင်ပေမယ့် ဒီပြင်းပြတဲ့ဆန္ဒကို ချုပ်တည်းထားသည်။
စစ်ထူရှင်း သူ့ကိုပြောခဲ့တာကို သူမှတ်ထားသည်။ ရှောင်လင်းယွီက ဘာလို့ သူ့ကိုလပ်မထပ်ချင်ရတာလဲဆိုတာမှာ အကြောင်းရင်းရှိလိမ့်မည်။ အခု သူက အကြောင်းရင်းကို ရှာတွေ့သွားပြီ။
ရှောင်လင်းယွီမှာ ကုန်းထျန်းဟောက်အတွက် ခံစားချက်တွေရှိလား မရှိဘူးလားဆိုတာကိုကြည့်ဖို့ စစ်ထူရှင်းက စမ်းသပ်မှုတစ်ခုလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူမသာ မတုံ့ပြန်ရင် သူအစောကြီးကတည်းက လက်လျှော့ပြီ။
ဒါပေမယ့် ရှောင်လင်းယွီမှာ သူ့အတွက် ခံစားချက်တွေရှိတာ ထင်ရှားနေသည်။ မဟုတ်ရင် သူနေမကောင်းဖြစ်နေတယ်လို့ကြားတော့ ဆေးသောက်ဖို့နဲ့ ဆေးထိုးဖို့အတွက် သူ့ကိုဖျောင်းဖျဖို့ သူမ ပြေးလာခဲ့မှာ မဟုတ်ဘူးလေ။
ဒါပေမယ့် ဒါက မလုံလောက်သေးပေ။ သူက ရှောင်လင်းယွီဆီက သူကြားချင်တဲ့အရာတွေကို မကြားရသေးဘူးဖြစ်သည်။ ဒါကြောင့် သူရှေ့ဆက်တွန်းခဲ့သည်။
သူက ရေရွတ်ကာ
“ယွီအာ၊ မင်းအတွက် ကိုယ့်ခံစားချက်တွေက တကယ်ပါ။ ကိုယ်မင်းကို တကယ် သဘောကျတာ။ ကိုယ်မင်းကို ပထမဆုံးတွေ့တာကတည်းက ချစ်မိသွားတယ်လို့တော့ မပြောနိုင်ပေမယ့် ဒုတိယတွေ့တာမှာ ချစ်မိသွားတာတော့ တကယ်ပါ”
“မင်းကတော့ ဒါကိုမသိလောက်ပေမယ့် ကိုယ်မင်းကို ဒုတိယတစ်ခါမြင်တော့ ရှင်းအန်းခရိုင်မှာလေ။ မင်းက မော်တော်ဆိုင်ကယ်သူခိုးနှစ်ယောက်နောက်ကို လိုက်နေတာ။ အဲ့ဒီအချိန်က မင်းရဲ့ သတ္တိရှိပြီး ရဲရင့်တဲ့အမူအယာဆီကနေ ကိုယ်ဆွဲဆောင်ခံလိုက်ရတာ”
ရှောင်လင်းယွီ၊ “…”
ဒီတော့ အဲ့ဒီတုန်းက ကုန်းထျန်းဟောက်က သူမကို မြင်ခဲ့တယ်ပေါ့?
“အဲ့ဒီအချိန်က မြင်ဖူးသလိုဖြစ်နေတယ်လို့ ကိုယ်တွေးခဲ့ပေမယ့် မင်းနဲ့ Zမြို့ဟိုတယ်က မိန်းကလေးက အတူတူပဲဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ဒါပေမယ့် အဲ့ဒီအချိန်ကတည်းက ကိုယ်ကမင်းကို ချစ်မိနေပြီ”
အခန်းအပြင်ဘက်မှာ သခင်ကြီးကုန်းနဲ့ တခြားသူတွေက ဒါကိုကြားပြီးတော့ ခခနလောက် ငြိမ်သက်နေခဲ့ကြသည်။
ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီကြားမှာ ဒီလိုအံ့ဩစရာကံကြမ္မာမျိုးရှိမယ်လို့ သူတို့မထင်ထားခဲ့ကြပေ။ ပြီးတော့ထပ်ပြီးတော့ ကံကြမ္မာကလည်း ထူးဆန်းတဲ့အရာတစ်ခုပဲလေ။
ဘာလို့ အရမ်းဝေးတဲ့ မြို့တော်က လူတစ်ယောက်ဖြစ်တဲ့ကုန်းထျန်းဟောက်က ထောင်ယွမ်ရွာကို သခင်ကြီးကုန်းရဲ့အနားယူရာနေရာအဖြစ် ရွေးလိုက်တာလဲ?
ကံကြမ္မာသာမဟုတ်ဘူးဆိုရင် အဲ့ဒီညပြီးကတည်းက သူတို့ရဲ့မတူညီတဲ့လမ်းကြောင်းတွေကို သွားပြီးသွားလောက်ပြီ။
သူတို့ရဲ့ဂုဏ်အဆင့်အတန်းတွေက အရမ်းကွာခြားလွန်းတယ်လေ။ ကံကြမ္မာသာမဟုတ်ဘူးဆိုရင် ရှောင်လင်းယွီလွယ်ထားရတဲ့ကလေးက သူ့ကလေးဆိုတာကို သူ့ညီအစ်ကိုဆီကနေ ကုန်းထျန်းဟောက် သိခဲ့ရမှာမဟုတ်ပေ။ အရာအားလုံးက ကြိုတင်ဆုံးဖြတ်ပြီးသားလည်း ဖြစ်နိုင်သည်။
“မင်းကဒါကိုမသိလောက်ပေမယ့် ကိုယ်တို့ကားတွေ တိုက်မိသွားတုန်းက အဲ့ဒါ တတိယအကြိမ်တွေ့ဆုံခြင်းပဲ”
ကုန်းထျန်းဟောက်က ဆက်ပြီး
“မင်းကတော့ ဒါကိုမသိဘူး။ ဒါပေမယ့် ကိုယ်က ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ မတောင်းပန်ခဲ့ဘူး။ မင်းက တစ်ခုတည်းသော ချွင်းချက်ပဲ။ အဲ့ဒီအချိန်တုန်းက လီယွမ်ဟန် ဘယ်လောက်အံ့ဩသွားမှန်း မင်းသိမှာမဟုတ်ဘူး”
“ပြီးတော့ ကိုယ်တို့ မြို့ထဲမှာလျှောက်သွားနေတုန်း တစ်ယောက်ယောက်က မင်းကိုထိခိုက်စေချင်နေတာကို ကိုယ်တို့ကြားခဲ့တယ်။ ကိုယ့်စိတ်က အရမ်းစိုးရိမ်သွားတယ်။ ယွမ်ဟန်နဲ့ ကိုယ်က မင်းကိုစောင့်ကြပ်ဖို့ ချက်ချင်းအပြေးသွားခဲ့တယ်”
“ယွမ်ဟန်က ဒါကိုထူးဆန်းတယ်လို့ ထင်ခဲ့တာ။ ဘာလို့လဲဆိုတော့ ကိုယ်က တခြားလူရဲ့ကိစ္စထဲမှာ စွက်ဖက်တတ်တဲ့သူမဟုတ်ဘူးလေ။ အဲ့ဒီအချိန်က ကိုယ်က မင်းကို ကြိုက်သွားပြီဆိုတာကို မယုံခဲ့ဘူး။ ကိုယ်ရဲ့ညီအစ်ကိုကောင်း ကျန်းထောင်အတွက် မင်းကိုလာကာကွယ်ပေးတာလို့ပဲ ကိုယ့်ကိုကိုယ် ပြောနေခဲ့တာ”
“ဒါပေမယ့် အဲ့ဒီအချိန်က ကိုယ့်နှလုံးသားက ဘယ်လောက်ကွဲလွဲနေမှန်း ကိုယ်သိခဲ့တယ်။ မင်းက ကိုယ့်ညီအစ်ကိုကောင်းရဲ့ ချစ်ရသူလေ။ ဒါကြောင့် မင်းအတွက် ကိုယ့်ခံစားချက်တွေကို မျိုသိပ်ထားခဲ့တယ်”
“ဒီစိတ်ထိခိုက်စရာချုပ်ထိန်းထားမှုတွေက Zမြှို့မှာ အိပ်ခဲ့တဲ့မိန်းကလေးက မင်းဆိုတာ မသေချာခင်အထိပါပဲ။ မင်းဗိုက်ထဲကကလေးက ကိုယ့်ကလေးမှန်းလည်း အရမ်းသေချာခဲ့တယ်။ ကိုယ်အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေခဲ့တာ”
“အဲ့ဒီအချိန်က မင်းက ကိုယ့်ညီကြိုက်တဲ့မိန်းကလေးဆိုတာတောင် လုံဝးမေ့သွားခဲ့တာ။ ကိုယ့်နှလုံးသားထဲမှာတော့ မင်းကိုအရင်ကတည်းက ကိုယ်ချစ်ခဲ့မှန်း သိလိုက်တယ်။ ဒီလိုဆိုမှတော့ ကိုယ်မင်းကို ဘယ်သူ့ဆီမှာမှ အပါမခံနိုင်ဘူး”
ဖွင့်ဟပြောဆိုချက်ကိုကြားပြီးတော့ ကြက်သေသေနေတဲ့ ရှောင်လင်းယွီက ဆွံ့အသွားတော့သည်။
“…”
‘ကုန်းထျန်းဟောက်က ငါ့ကို ဟိုးအရင်ကတည်းက တွေ့ခဲ့တာလား?
ကလေးက သူ့ကလေးမှန်း မသိခင်ကတည်းက င့ါအတွက် ခံစားချက်တွေရှိနေတာလား?
ဒီလိုဆိုရင် တစ်ချိန်လုံး ငါဘာလို့ အရမ်းသတိထားပြီး သတိရှိနေခဲ့တာလဲ?
ခနကြာပြီးတော့ သူမက ကုန်းထျန်းဟောက်ရဲ့ကြီးမားတဲ့လက်ဖဝါးကို တင်းတင်းကျပ်ကျပ်ကိုင်ထားလိုက်ကာ
“ဒီတော့ ကလေးက ရှင့်ကလေးမှန်းမသိခင်ကတည်းက ကျွန်မကို သဘောကျခဲ့တာလား?”
“ဟုတ်တယ်”
ကုန်းထျန်းဟောက်က သူ့မျက်လုံးကိုဖွင့်လိုက်ပြီး စိုးရိမ်တကြီးအဖြေရလိုက်တဲ့အခါက ရှောင်လင်းယွီရဲ့စိတ်လှုပ်ရှားမှုကို မြင်လိုက်ရသည်။
သူအရမ်းရှော့ခ်ရသွားသည်။ စစ်ထူရှင်း မှန်ခဲ့သည်။ ရှောင်လင်းယွီမှာ သူ့အတွက် ခံစားချက်တွေရှိသည်။ သူမက ဒါကို ခနခနထုတ်မပြေပေမယ့်လည်း သူမရဲ့မျက်လုံးတွေထဲမှာ ၎င်းကို သူမြင်နိုင်သည်။ အခု သူက အဖြေကို သေချာသွားပြီလို့ တကယ်ထထိုင်ပြီး ရှောင်လင်းယွီကို တင်းတင်းကျပ်ကျပ်ဖက်လိုက်ချင်သည်။ ဒါပေမယ့်လည်း အချိန်မကျသေးမှန်း သူသိသည်။
ကုန်းထျန်းဟောက်က
“ကိုယ်မင်းကိုချစ်မိတုန်းက မင်းဗိုက်က မြင်တောင်မမြင်ရသေးဘူး။ အဲ့ဒီတုန်းက မင်းကိုယ်ဝန်ရှိနေမှန်းတောင် ကိုယ်မသိခဲ့ဘူး”
ရှောင်လင်းယွီရဲ့နှလုံးသားက တုန်ခါသွားသည်။ သူမ ကုန်းထျန်းဟောက်ကို တွေ့တုန်းကဆိုရင် ကုန်းထျန်းဟောက်ကလည်း ပြန်မွေးဖွားလာတာမဟုတ်သရွေ့တော့ သူမကိုယ်ဝန်ရှိနေတာဆိုတာကို သူသိဖို့မဖြစ်နိုင်ပေ။ ဒါကလည်း အရှင်းကြီးကိုမဖြစ်နိုင်ဘူးလေ။
ကုန်းထျန်းဟောက်က ကလေးကို သူမဆီကနေ အဝေးကိုလုယူသွားဖို့ ဒီမှာရှိနေတာလို့ သူမအမြဲတမ်းတွေးခဲ့သည်။ ဒါကြောင့် သူရောက်လာတဲ့အချိန်ကတည်းက သူ့ကို အလွန်အမင်းသတိထားခဲ့သည်။
ကုန်းထျန်းဟောက်က သူမနဲ့ သူမမိသားစုအတွက် အရာအားလုံးလုပ်ပေးခဲ့ပြီးတာတောင် သူမကကျေးဇူးတော့တင်ပေမယ့် သူ့ဆီကနေ ရေရာတဲ့အကွာအဝေးတစ်ခုကိုတော့ ထိန်းထားခဲ့သည်။ နောက်ပိုင်းကျ သူမက ကုန်းထျန်းဟောက်ကို သူမရဲဲ့ကလေးနဲ့ ပိုပြီးအချိန်ကုန်စေချင်ခဲ့တဲ့အတွက် သူ့ရဲ့ကြင်နာမှုကို လက်ခံခဲ့သည်။ နောက်ကျရင် ကလေးမွေးပြီးသွားရင် သူ့အဖေက သူ့အတွက် တစ်ခါကအရမ်းဂရုစိုက်ပေးခဲ့ဖူးကြောင်းကို သူမ ကလေးကို ပြောပြလို့ရသည်။ သူက သားအိမ်ထဲမှာရှိနေတုန်း သူ့အဖေက သူ့အပေါ် အရမ်းကောင်းမွန်ခဲ့သည်။ သူမက ကလေးကို ဖခင်မဲ့ မဖြစ်စေချင်ပေ။ အနည်းဆုံးတော့ ဒီနည်းနဲ့ဆိုရင် သူ့အဖေက သူ့ကို အရမ်းဂရုစိုက်ခဲ့တယ်ဆိုတာကို သူမ ပြောပြလို့ရသည်။
သူ့အဖေက လူစွမ်းကောင်းတစ်ယောက်ဖြစ်သည်။ သူက ရှောင်လင်းယွီနဲ့ ထောင်ယွမ်ရွာကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့သည်။ သူမက ကလေးကို သူ့အဖေက လူစွမ်းကောင်းပါဆိုတဲ့ ထင်မြင်ယူဆချက်မျိုး ပေးချင်သည်။
ဒါပေမယ့်လည်း ဒီကိစ္စတစ်လျှောက်မှာ သူမက ကုန်းထျန်းဟောက်ကို မတော်တဆချစ်မိသွားခဲ့သည်။ ဒီသိရှိမှုက သူမကို ပိုပြီး ကြောက်ရွံ့ထိတ်လန့်သွားစေသည်။ သူမက ကုန်းထျန်းဟောက်ကို မချစ်နိုင်ပေ။ အကြောင်းမှာ ကုန်းထျန်းဟောက်က ကလေးကို သူမဆီကနေ အဝေးကိုလုယူသွားဖို့ ရှိနေ၍ဖြစ်သည်။ ၎င်းက သူမကို ပိုပြီးတော့တောင် ရှုပ်ထွေးသွားစေသည်။
ရှောင်ထုန်က သူ့အဖေကိုသိဖို့ ထိုက်တန်တဲ့အတွက် သူမက ကုန်းထျန်းဟောက်ကို အဝေးတွန်းမထုတ်နိုင်ပေ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကုန်းထျန်းဟောက်အတွက် သူမရဲ့ခံစားချက်တွေကိုလည်း မျက်နှာချင်းမဆိုင်နိုင်ပေ။
အကြောင်းမှာ သူမနဲ့ ကုန်းထျန်းဟောက်ကြားက အဆင့်အတန်းက ကောင်းကင်နဲ့ မြေကြီးကြားက ကွာခြားချက်လိုဖြစ်နေတာကို သူမသိနေသောကြောင့်ဖြစ်သည်။
ချမ်းသာပြီးအာဏာရှိတဲ့ လူတစ်ယောက်ဖြစ်တဲ့ ကုန်းထျန်းဟောက်က သူမကို စိတ်ဝင်စားမယ်လို့ သူမ မထင်ပေ။ ပြီးတော့ သူမက သူမအပေါ်သစ္စာရှိမယ့်လူတစ်ယောက် လိုချင်တာဖြစ်ပြီး သစ္စာမရှိဘဲ အနားမှာမိန်းကလေးတွေ ပတ်လည်ဝိုင်းနေတဲ့လူမျိုးကို လိုချင်တာမဟုတ်ပေ။
ဒါကြောင့် သူမက သူမခံစားချက်တွေကိုရင်ဆိုင်ရတာကို ရှောင်ရှားခဲ့သည်။ ၎င်းက လူတိုင်းမြင်ကြရတဲ့ ဟိတ်ဟန်များမှုကို ဦးတည်ခဲ့သည်။
ဒီအကြောင်းတွေးရင်း ရှောင်လင်းယွီက ထပ်ပြီးမျက်ရည်ကျလာပြန်သည်။
ဒါပေမယ့်လည်း သူမ ကုန်းထျန်းဟောက်ကို ငြင်းလိုက်ရတဲ့ တကယ့်အကြောင်းရင်းက…
***