← Chapters

ရှောင်လင်းယွီရဲ့နှလုံးသားထဲက အထုံးအဖွဲ့

Vol. 25 Ch. 417

ရှောင်လင်းယွီရဲ့နှလုံးသားထဲက အထုံးအဖွဲ့

Vol. 25 Ch. 417

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့ရှင်းပြချက်နဲ့ ဝန်ခံချက်ကိုကြားတော့ ကုန်းထျန်းဟောက်နေမကောင်းဖြစ်နေတယ်ဆိုတာကို သူမလုံးဝ မေ့သွားခဲ့သည်။

သူမ ဘာကိုမှ သံသယမဖြစ်ခဲ့ပေ။ သူမအရမ်းကိုပဲ ရှော့ခ်ရသွားခဲ့သည်။

ကုန်းထျန်းဟောက်က သူမကိုယ်ဝန်ရှိနေမှန်း မသိခင်ကတည်းက သူမကိုစတင်ကြိုက်ခဲ့မှန်း ရှောင်လင်းယွီ နောက်ဆုံးမှာ လက်ခံသွားသည်။

သူက သူမကို သဘောကျပြီး သူမကသူ့ကလေးကို ကိုယ်ဝန်ဆောင်ထားရမှန်း သိလိုက်တော့ အရမ်းကိုစိတ်လှုပ်ရှားသွားခဲ့တာတဲ့။ သူကချက်ချင်းပဲ မြို့တော်ကနေ ထောင်ယွမ်ရွာကို မိုင်ထောင်ချီအပြေးလာခဲ့ပီး ရှောင်လင်းယွီကို လိုက်ခဲ့သည်။

ရှောင်လင်းယွီကို ပိုပြီးရပ်လှပ်စေခဲ့တာက ကုန်းထျန်းဟောက်က သူမဗိုက်ထဲကကလေးကို သဘောကျရတာက သူမကိုသဘောကျလို့ဖြစ်ပြီး ကလေးကြောင့်မဟုတ်ကြောင်း ပြောခဲ့၍ဖြစ်သည်။ မိန်းကလေးက ရှောင်လင်းယွီသာမဟုတ်ဘူးဆိုရင် ကလေးက သူ့ဟာဆိုရင်တောင် သူဂရုစိုက်မှာမဟုတ်ပေ။

ရှောင်လင်းယွီက ကိစ္စတစ်ရပ်လုံးကို ဟာသလို့တွေးမိသွားသည်။ သူမ အချိန်အကြာကြီးရုန်းကန်နေခဲ့ရတဲ့ပြဿနာက တကယ်တော့ ဒီလောက်တောင်ရိုးရှင်းသည်။ သူမက အတွေးလွန်နေခဲ့တာလေ။

တစ်ဖက်မှာလည်း သူမက ရှောင်ထုန်ကို သူရဲကောင်းဆန်တဲ့အဖေတစ်ယောက် ရစေချင်သည်။ ဒါပေမယ့် တစ်ခြားတစ်မှာလည်း သူ့အတွက် သူမရဲ့ခံစားချက်တွေကို ဂရုမစိုက်နိုင်ပေ။ သူမက ရှုပ်ထွေးနေခဲ့ပြီး ဒါကြောင့်ပဲ သူ့အပေါ် သူမရဲ့သဘောထားက ဟဟက်ဟက်ပက်ပက်မရှိခဲ့ပေ။

ပြီးနောက်မှာ ကုန်းထျန်းဟောက်က သူမကို အစွမ်းကုန်လိုက်ခဲ့သည်။ ကုန်းထျန်းဟောက်ပြောသလိုပဲ သူမက သူ့ခံစားချက်တွေကို လက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ သူက သူမဘေးမှာပဲရှိနေမည်ဖြစ်သည်။ သူမ ၎င်းကို နေသားကျသွားရလိမ့်မည်။ သူမ ၎င်းကို အသားကျသွားခဲ့သည်။ သူမက ၎င်းကို အရမ်းနေသားကျသွားခဲ့ပြီး သူ့ရဲ့တည်ရှိမှုက သူမကို ချစ်မိစေခဲ့သည်။ သူမ ၎င်းကို ဝန်ခံရမည်။

မေမေရှောင်က သူမကို ရွေးချယ်ဖို့ ဖိအားပေးတော့ သူမကချစ်ဖို့ ရွေးချယ်ခဲ့သည်။ ဒါပေမယ့်လည်း သူမက အဲ့ဒီအချိန်က လက်ထပ်ဖို့အကြောင်းကို မစဉ်းစားခဲ့ပေ။

အမှန်ပင်။

သူမ ကွဲလွဲနေခဲ့သည်။

ကုန်းထျန်းဟောက်က သူမကို အရူးအမူးလိုက်နေပေမယ့် အဲ့ဒီချစ်စိတ်က ဘယ်လောက်ခံမှာလဲ?

၎င်းက နှစ်လ၊ နှစ်နှစ် ဒါမှမဟုတ်ရင်လည်း အနှစ်၂၀ပေါ့။

သူမက ကုန်းထျန်း‌ဟောက်ဆီမှာ တစ်သက်စာလုံး ဆွဲဆောင်မှုရှိနေလိမ့်မယ်လို့ ယုံကြည်ချက်မရှိပေမယ့် ဒါက သူမလိုချင်တာပဲလေ။ ဘဝတစ်ခုစာ ဝေမျှဖို့ လူတစ်ယောက်ပေါ့။

ရှောင်လင်းယွီက သူမအတွေးထဲမှာ နစ်မြုပ်နေခဲ့ပြီး ရုန်းကန်နေခဲ့ရေမယ့် လောလောဆယ်နေမကောင်းဖြစ်နေတဲ့ကုန်းထျန်းဟောက်က သူမကိုကြည့်ဖို့ မျက်လုံးတစ်ဝက်ဖွင့်ထားတာကို မသိခဲ့ပေ။ ပြီးနောက်မှာ သူ့မျက်လုံးတွေကို ထပ်ပိတ်လိုက်ပြီး ဆက်ပြီး စကားလျှောက်ပြောဖို့ ပြင်းပြနေသည်။

ကုန်းထျန်းဟောက်ရဲ့ စီးပွားရေးလောကက နှစ်ပေါင်းများစွအတွေ့အကြုံတွေအရ ရှောင်လင်းယွီက ဒီအချိန်မှာ အတွင်းပိုင်းကြိုးပမ်းနေတာတွေရှိမယ်မှန်း သိခဲ့သည်။ ဒါပေမယ့်လည်း သူနားမလည်နိုင်ဖြစ်နေသည်။ သူ အရာအားလုံးကို အရမ်းရှင်းသွားအောင် လုပ်ရလိမ့်မည်။

သူမဘာလို့ အရမ်းသဘောထားကွဲလွဲနေသေးတာလဲ?

ကုန်းထျန်းဟောက်ရဲ့မျက်နှာက အပူကြောင့် နီရဲလာသည်။ သူက သူ့မျက်လုံးတွေကို ပိတ်လိုက်ပြီး သူ့ခေါင်းကိုပဲ ဆက်ခါနေကာ

“ယွီအာ၊ ကိုယ်အရမ်းတည့်တိုးဆန်နေတာ။ ဘာလို့ ကိုယ့်ကိုလက်မထပ်ရတာလဲ? ဘာလို့လဲ?”

ရှောင်လင်းယွီရဲ့အမူအယာက ငိုင်သွားသည်။ သူမပါးစပ်အစွန်းတွေ တရွရွဖြစ်သွားပြီး ပါးစပ်ကိုဟလိုက်ပေမယ့် သူမထပ်ပြီး ကပ်ငြိနေပြန်ပြီဆိုတာကို သဘောပေါက်လိုက်သည်။ သူမ စကားတစ်လုံးမှ မပြောနိုင်ပေ။ သူမရဲ့မျက်ရည်တွေက ကုန်းထျန်းဟောက်လက်ဖမိုးပေါ်ကို စီးကျလာသည်။

‌ကုန်းထျန်းဟောက်ရဲ့လက်ဖမိုးတွေက ဘယ်အချိန်မှာမဆို ပေါက်ကွဲတော့မယ့်အတိုင်း ချက်ချင်းထွက်လာမယ့် အပြာရောင်သွေးကြောတွေရှိနေခဲ့သည်။ ဒါပေမယ့်လည်း သူအရမ်းကို စိတ်ရှည်နေသည်။

ကုန်းထျန်းဟောက်က သူကိုယ့်သူသတိပေးလိုက်တယ်။

‘ငါ တောင့်ခံထားရမယ်။ မဟုတ်ရင် အကုန်ပျက်စီးသွားလိမ့်မယ်။ ဘာလို့ ယွီအာက ငါ့ကိုလက်မထပ်ချင်ရလဲဆိုတဲ့အကြောင်းပြချက်ကို ရှာရမယ်’

ကုန်းထျန်းဟောက်က အသက်ပြင်းပြင်း ရှူလိုက်သည်။ ကုန်းထျန်းဟောက်က ဆက်ပြီးပြောကာ

“ယွီအာ ကိုယ့်ကိုလက်မထပ်ချင်လို့ မင်းကိုအပြစ်မတင်ပါဘူး။ ကိုယ်လုံလုံလောက်လောက်ကောင်းမပေးခဲ့တာလည်းဖြစ်နိုင်တယ် ကိုယ်က..."

သူ့ရဲ့စကားကိုမပြီးသေးခင်မှာ ရှောင်လင်းယွီက သူ့ပါးစပ်ကို ပိတ်ထားလိုက်သည်။ မျက်ရည်တွေက သူမမျက်နှာပေါ်စီးကျလာပြီး သူမခေါင်းကိုခါကာ

“မဟုတ်ဘူး အဲ့ဒီလိုမဟုတ်ဘူး။ ကုန်းထျန်းဟောက် ရှင်မဟုတ်ဘူး။ အဲ့ဒါကျွန်မ...ကျွန်မလို့”

ကုန်းထျန်းဟောက်က အံ့ဩသွားသည်။ သူက ရုတ်တရက် ထိတ်လန့်ပြီး ကြောက်ရွံ့သွားသည်။ ၎င်းက သူ့ကြောင့်သာဆိုရင် ပြုပြင်ဖို့ သူ သေချာပေါက် နည်းလမ်းရှာမည်။

ဒါပေမယ့် အကြောင်းရင်းက ရှောင်လင်းယွီ‌ဆိုရင် သူဘာလုပ်နိုင်တော့မှာလဲ?

ကုန်းထျန်းဟောက်က ထပြီးတော့ သူမကို ရှင်းပြချင်သည်။ ဒါပေမယ့် သူ၎င်းကိုမလုပ်နိုင်မှန်း သိသည်။

ဒါပေမယ့်လည်း သူမမေးသေးခင်မှာ ရှောင်လင်းယွီက

“ထျန်းဟောက် ရှင့်ကြောင့်မဟုတ်ပါဘူး။ ကျွန်မကြောင့်ပါ။ ကျွန်မက လုံလုံလောက်လောက်ယုံကြည်ချက်မရှိလို့ပါ”

စကားလုံးတွေက ကြီးမားတဲ့ကျောက်တုံးတစ်ခုလိုမျိုး ကုန်းထျန်းဟောက်နှလုံးသားကို ထုရိုက်သွားသည်။

ဘယ်လိုပဲဖြစ်နေပါစေ သူမက သူ့ကိုလက်မထပ်နိုင်ရတဲ့အကြောင်းရင်းက သူမကကောင်းကောင်းယုံကြည်ချက်မရှိလို့ဆိုတာလို့ သူဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ရှောင်လင်းယွီက ဒီလိုမျိုးယုံကြည်ချက်ရှိပြီး လှပတဲ့မိန်းကလေးတစ်ယောက်ပဲလေ။ သူက သူမကို အဆက်အသွယ်မိလာတဲ့အချိန်ကတည်းကသူမရဲ့ ထက်မြက်မှု၊ ယုံကြည်မှုနဲ့ အလှတရားတွေကို မြင်ခဲ့သည်။ သူမလုပ်သမျှအရာအားလုံးက ယုံကြည်မှုတွေပြည့်နေခဲ့သည်။

ဒါပေမယ့်လည်း ရှောင်လင်းယွီက ဒီဆက်ဆံရေးမှာ ယုံကြည်ချက်မရှိဘူးလို့ သူဘယ်တုန်းကမှ မထင်မိခဲ့ပေ။ သူက သူမကို ကလေးရဲ့သိရှိမှုကြောင့် ကြိုက်တဲ့ပြဿနာကို ဖြေရှင်းပြီးသွားပေမယ့် နောက်ထပ်ပြဿနာတစ်ခု ပေါ်လာသည်။ ဒီပြဿနာက လုံးဝ သူ့ကို အံ့ဩသွားစေသည်။

ဘာလို့ ရှောင်လင်းယွီက ဒီဆက်ဆံရေးကို အရမ်းမသေမချာဖြစ်နေတာလဲ?

သူ့ရဲ့လုပ်ရပ်တွေက သူ့ရဲ့ခံစားချက်တွေကိုပြသပြီးနေပြီလို့ ခံစားခဲ့ရသည်။ ဒါပေမယ့် သူမှားနေတာ ဖြစ်နိုင်သည်။ သူက ရှောင်လင်းယွီကို လုံလုံလောက်လောက်စိတ်ချယုံကြည်မှုမ‌ပေးတာဖြစ်နိုင်သည်။

သူက ရှောင်လင်းယွီရဲ့ ဖြူဝင်းပြီး နူးညံ့တဲ့လက်တွေကို တင်းတင်းကိုင်ထားကာ နီရဲတော့မလိုတောင် ဖြစ်နေသည်။

‌ဒါပေမယ့်လည်း သူမရဲ့အတွေးထဲမှာ နစ်မြောနေတဲ့ ရှောင်လင်းယွီက ဘာမှမခံစားမိပေ။

သူမက ဆက်ပြီးငိုနေကာ

“ဘာလို့လဲ‌ဆိုတော့ စင်ဒရဲလားနဲ့ ချစ်စရာကောင်းတဲ့မင်းသားလေးတို့ရဲ့ အကောင်းဆုံးအဆုံးသတ်လိုမျိုး နတ်သမီးပုံပြင်မျိုးကို ကျွန်မ ဘယ်တုန်းကမှ မယုံခဲ့ဘူး”

“ကုန်းထျန်းဟောက် ရှင်က ဒီနိုင်ငံမှာမှာ အချမ်းသာဆုံးလူပဲ။ ရှင်က အထက်တန်းဆန်ပြီး အာဏာရှိတယ်။ ရှင့်မှာ ပိုက်ဆံ၊ အာဏာနဲ့ ဩဇာရှိတယ်။ ဥပမာဆိုရင် ကျွန်မက ထောင်ယွမ်ရွာရဲ့ဖိအားပေးခံရတဲ့ ဖြိုချရေးကို ကျွန်မဘာသာ ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ရှင်က ဖုန်းကောလ်လေးတစ်ခုနဲ့တင် ဖြေရှင်းလိုက်တယ်။ ရှင်က Z မြို့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအသိုင်းအဝိုင်းမှာ ဂယက်ကြီးတစ်ခုတောင် ဖြစ်စေလိုက်သေးတယ်”

“ကျွန်မက တောဘက်က ဆင်းရဲတဲ့မိန်းကလေးတစ်ယောက်ပဲလေ။ ဘယ်လိုလုပ် ကျွန်မက သခင်လေးကုန်းရဲ့အချစ်နဲ့ နှစ်သက်မှုကို ဆွဲဆောင်နိုင်ပါ့မလဲ? ကျွန်မ‌ဆွဲဆောင်နိုင်ရင်တောင် ဒီစိတ်ဝင်စားမှုက ဘယ်လောက်ခံမှာတဲ့လဲ? တစ်လ နှစ်ဝက် မဟုတ်ရင်လည်း နှစ်နှစ်...

ဖြစ်နိုင်မှာပေါ့။ ဒါပေမယ့် ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်ကြာပြီးရင်ရော?”

“ရှင်ကျွန်မကို ဆက်သဘောကျနေဦးမယ်လို့ အာမခံနိုင်လို့လား? ကျွန်မက အသက်ကြီးပြီး အိုသွားရင်တောင် ရှင် ကျွန်မကို ဆက်ချစ်နေဦးမှာလား? မဟုတ်ရင်လည်း အဲ့ဒီအိမ်က ဝန်ထုပ်ဝန်ပိုးတစ်ခုအနေနဲ့ မြင်လိုက်မှာလား? ကျွန်မ ဒီအကြောင်းကို တွေးလိုက်တဲ့အချိန်တိုင်း အရမ်းကြောက်တယ်”

“ကျွန်မက ကျွန်မရဲ့လွတ်နေတဲ့ အသိုက်ကိုစောင့်ပြီး ယောက်ျားတစ်ယောက်အိမ်ပြန်လာတာကို စောင့်နေတဲ့ မိန်းကလေးတစ်ယောက်တော့ ဖြစ်လာမှာမဟုတ်ဘူး။ အဲ့ဒါဆိုရင်လည်း ကျွန်မက ကျွန်မပဲဖြစ်နေဦးမှာလား?”

“ဒါကြောင့် ကျွန်မကလေးနဲ့ အနာဂတ်အတွက် အရဲမစွန့်ရဲဘူး။ အိမ်က လစ်ဟာနေရင် ယောက်ျားနဲ့ မိန်းမက သူစိမ်းတွေဖြစ်သွားကြရင် ဘယ်လိုပျော်ရွှင်မှုမျိုးကို ကလေးကရနိုင်မှာတဲ့လဲ? သူဘယ်လိုလုပ် ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာလဲ?”

“ဒါကြောင့် ကျွန်မကလေးကို မှားယွင်းတဲ့မျှော်လင့်ချက်တစ်ခုနဲ့ အတုအယောင်အိမ်တစ်ခု ပေးမယ့်အစား သူ့ကိုကာကွယ်ပြီး ကျွန်မဟာ ကျွန်မပဲ အိမ်ဆောက်ပေးလိုက်တော့မယ်။ ကျွန်မ လက်မထပ်ရင်တောင် ကျွန်မကလေးကို အကောင်းဆုံးအနာဂတ်ပေးမယ်။ ဒါမှ သူက အပျော်ဆုံးကောင်လေး ဖြစ်လာနိုင်မှာလေ”

ရှောင်လင်းယွီရဲ့မျက်ရည်တွေက တည့်တည့်စီးကျလာသည်။ သူမက ဖိနှ်ိပ်ထားခဲ့တဲ့ခံစားချက်တွေကို ဖွင့်ဟခဲ့သည်။ စိတ်အားငယ်မှု၊ နာကြည်းမှု၊ ရှုပ်ထွေးမှုနဲ့ နာကျင်မှုတို့ပဲဖြစ်သည်။ သူမကို ဘယ်သူမှ နားမလည်နိုင်သလို ဘယ်သူမှလည်းမကူညီနိုင်ပေ။

ရှောင်လင်းယွီက ကုန်းထျန်းဟောက်လိုတစ်စုံတစ်ယောက်ရဲ့ နှစ်သက်မှုကို ရရှိတဲ့အတွက် ကံကောင်းတယ်လို့ လူတိုင်းပြောကြသည်။ ကုန်းထျန်းဟောက်က သူမအတွက် အများကြီးလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်သင့်တယ်လို့ လူတိုင်းတွေးခဲ့ကြသည်။ သူမက သူ့အချစ်ကို အလေးမထားဘူးလို့ လူတိုင်းတွေးခဲ့ကြသည်။ ၎င်းရဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေကို သူမခံစားရလိမ့်မည်။

ဒါပေမယ့် ဒါက စင်ဒရဲလားနဲ့ မင်းသားချောလေးကြားက တကယ့်အချစ်ဇာတ်လမ်းမှန်း ဘယ်သူမှမသိခဲ့ပေ။ ဒါပေမယ့် ဒီစင်ဒရဲလားက နတ်သမီးပုံပြင်ထဲက စင်ဒရဲလားထက်တောင် ပိုကံကောင်းသေးသည်။ သူမက မင်းသားချောလေးရဲ့ ရွေးချယ်ခြင်းခံခဲ့ရပြီး ချက်ချင်းပဲဖမ်းမိသွားတယ်လေ။ ဒါပေမယ့်လည်း သူမက မင်းသမီးတစ်ယောက်မဟုတ်ဘဲ သာမန်ကျေးတောသူလေးတစ်ယောက်ပဲဖြစ်ချင်တာကို ဘယ်သူကသိမှာလဲ?

ဒါပေမယ့် သူမ ၎င်းကို မလုပ်နိုင်ပေ။ သူမက မင်းသားလေးရဲ့ ကလေးကို လွယ်ထားတာလေ။ ကလေးရဲ့အဖေကို လစ်ဟထားနိုင်ပေမယ့် သူ့အဖေက ဘယ်သူလဲဆိုတာကိုတော့ ကလေးကသိပိုင်ခွင့်ရှိသည်။

ပြီးတော့ အဖေဖြစ်သူက သူ့သားအတွက် လုပ်ပေးခဲ့တဲ့ကိစ္စတွေကို သူမ မငြင်းဆိုနိုင်ပေ။ ဒါပေမယ့်လည်း သူမက ဒီနတ်သမီးပုံပြင်လေးရဲ့ ရှည်ကြာနိုင်မှုမှာ ယုံကြည်ချက်မရှိပေ။ ပြီးတော့ ဒါက သူမရဲ့အတိုက်အခံဖြစ်မှု၊ စိတ်ပိုင်းမဖြတ်နိုင်မှု၊ ယုံကြည်ချက်နည်းမှု၊ နာကျင်မှုနဲ့ စက်ဆုပ်မှုတွေကိုပါ ဖြစ်ပေါ်စေခဲ့တယ်လေ။

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့ တကယ့်အထောက်အထားကို ဖော်ထုတ်နေတာကို ရှောင်မိသားစုကြားလိုက်သည်။

၎င်းက မြေကြီးပေါ်ချထားလိုက်တဲ့ ဗုံးတစ်လုံးလိုပဲဖြစ်သည်။ သူတို့အကုန်လုံး ရှော့ခ်ရသွားပြီး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။

ကုန်းထျန်းဟောက်က နိုင်ငံထဲမှာ အချမ်းသာဆုံးလူဆိုတာကို သူတို့ တကယ်ကိုမယုံကြည်နိုင်ကြပေ။

ကုန်းထျန်းဟောက်က ရေရာတဲ့ ငွေပမာဏတချို့နဲ့ လွှမ်းမိုးမှုရှိတဲ့ တစ်ယောက်ယောက်ဖြစ်ရမယ်လို့ အရင်က သူတို့တွေ ခန့်မှန်းခဲ့ကြသည်။ ဒါပေမယ့် ကုန်းထျန်းဟောက်က နိုင်ငံထဲမှာ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်နေမယ်မှန်း သူတို့မသိခဲ့ကြပေ။ သူတို့ ဒီအချက်ကို မယုံနိုင်ကြသေးပေ။

သခင်ကြီးကုန်းက ရှောင်မိသားစုဝင်တွေရဲ မေးခွန်းထုတ်ပြီး သင်္ကာမကင်းတဲ့အကြည့်တွေကို စုံလိုက်ချိန်မှာ ရှောင်မိသားစုဝင်တွေအားလုံးက သခင်ကြီးကုန်းကို ကြည့်နေခဲ့ပြီး သူ့ခေါင်းတစ်ခုလုံး ထုံသွားခဲ့သည်။ သူရဲ့အကြည့်ကို ရွှေ့လိုက်ပြီး အရမ်းလိပ်ပြာမလုံပုံပေါ်နေသည်။

ရှောင်လင်းယွီက သူ့မြေးရဲ့ နိုင်ငံထဲက အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့အထောက်အထားကို တကယ်သိနေတာကိုလည်း သူအံ့ဩသွားခဲ့သည်။ ရှောင်မိသားစုက ဖော်ရွေ၊ ရိုးသားပြီး ကြင်နာကြပေမယ့်လည်း လွယ်လွယ်အရူးလုပ်မခံပေ။ သူတို့က ကိုယ်ကျင့်တရားကောင်းကြပြီး သေချာတဲ့အဓိကအချက်တစ်ခုရှိသည်။ သိသိသာဟာပဲ သူတို့က ရှောင်မိသားစုရဲ့ အရေးအကြီးဆုံးစည်းကို ကျော်လိုက်မိကြသည်။

အရေးအကြီးဆုံးအပိုင်းကတော့ ရှောင်လင်းယွီပဲဖြစ်သည်။

ဖေဖေရှောင်ရဲ့အမူအယာက အရမ်းအကျည်းတန်နေပြီး အံကြိတ်ကာ သခင်ကြီးကုန်းကို မေးလိုက်သည်။

“လေးစားရတဲ့ကုန်းလူကြီးမင်းခင်ဗျား၊ အတိအကျကို ဘာတွေဖြစ်နေတာလဲ? ကျွန်တော့်ယွီအာက ကုန်းထျန်းဟောက်ရဲ့ကလေးနဲ့ ကိုယ်ဝန်ရှိနေတယ်။ လူကြီးမင်းက ဘာမှမပြောခဲ့ဘဲ ဒီစော်ကားမှုတွေအားလုံးကို ကျွန်တော့်ယွီအာကို ခေါင်းခံစေခဲ့တယ်။ ပြီးတော့ ကျွန်တော့် ယွီအာကို ကစားနေကြတုန်း လူကြီးမင်းတို့ရဲ့အထောက်အထားကိုလည်း ဖုံးထားခဲ့သေးတယ်”

များသာအားဖြင့်တော့ ဖေဖေရှောင်က သူ့ကို သခင်ကြီးအနေနဲ့ပဲ ရည်ညွှန်းပေမယ့် သူကပိုပြီး နည်းလမ်းကျတဲ့နှုတ်ဆက်မှုဆီ ပြန်ရောက်သွားသည်။ သူအရမ်းစိတ်ဆိုးနေမှန်း သိသာသည်။

မေမေရှောင်က ဘာမှမပြောခဲ့ပေ။ သူမက သခင်ကြီးကုန်းကို စူးရှတဲ့အကြည့်တစ်ခုနဲ့သာ စိုက်ကြည့်နေခဲ့သည်။

ရှောင်မိသားစုရဲ့ တခြားမိသားစုဝင်တွေကလည်း အဖြေတစ်ခုကို စောင့်နေကြပုံပေါ်သည်။

သခင်ကြီးကုန်းက သူ့လမ်းလျှောက်တုတ်ပေါ် မှီလိုက်သည်။ သူက ဖေဖေရှောင်ရဲ့မေးခွန်းကိုကြားတော့ သူ့ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားသည်။ သူက စိတ်ထဲမှာသက်ပြင်းချလိုက်ပြီး သူ့ဟာသူတွေးကာ

'နောက်ဆုံးတော့ ဒီအထိရောက်လာပြီပဲ’

“အဟွတ် အဟွတ်…”

သခင်ကြီးကုန်းက မသိုးမသန့်နဲ့

“‌ကျန်းယန် ချိူးယင်း၊ စိတ်အေးအေးထားကြပါဦး။ ဒါက ဇာတ်လမ်းရှည်ကြီးတစ်ခုပါ။ ပြီးတော့ အချိန်တိုတိုနဲ့ ရှင်းပြလို့မရဘူးလေ။ စောင့်ပါဦး…”

သူက ၎င်းကို နောက်ကျရင် ရှင်းပြလိမ့်မည်။

“ဒါဆိုရင်လည်း ကျွန်တော်ပဲ တိုအောင်လုပ်လိုက်မယ်”

ဖေဖေရှောင်က ခေါင်းမာစွာပြောလိုက်သည်။

သခင်ကြီးကုန်း၊ “…”

သူအဲ့ဒါကို ဘယ်လိုလုပ် လုပ်မှာလဲ?

ဒါပေမယ့်လည်း သူက ဖေဖေရှောင်ကို ပြန်မဖြေနိုင်ခင် ရှောင်လင်းယွီရဲ့ရှိုက်ငိုသံက သူမဘာလို့ ကုန်းထျန်းဟောက်ရဲ့ခံစားချက်တွေကို လက်မခံရဲရလဲ‌ဆိုတာနဲ့ ဘာလို့သူ့ကိုလက်မထပ်နိုင်ရလဲဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ထွက်လာခဲ့သည်။

သူမက လုံလုံလောက်လောက် ယုံကြည်မှုမရှိလို့တဲ့!

သခင်ကြီးကုန်းရော ရှောင်မိသားစုရဲ့ မိသားစုဝင်တွေပါ ချက်ချင်းတိတ်ဆိတ်သွားကြသည်။ အထူးသဖြင့်တော့ ရှောင်မိသားစုက မိသားစုဝင်တွေဖြစ်သည်။ အရင်တုန်းက ရှောင်လင်းယွီက ထပ်ပြီးဟိတ်ဟန်များနေတယ်လို့ သူတို့တွေးခဲ့ကြသည်။

ဒါပေမယ့် သူတို့တွေ အခု ကုန်းထျန်းဟောက်ရံ့အထောက်အထားကို သိလိုက်ကြပြီး ရှောင်လင်းယွီရဲ့အနာဂတ်ကိုလည်း အရမ်းစိုးရိမ်သွားကြသည်။ ရှောင်လင်းယွီပြောသလိုပဲ သူမက တောဘက်ကမိန်းက‌လေးတစ်ယောက်ပဲလေ။ ဘယ်လိုလုပ် ချမ်းသာ၊ အာဏာရှိ၊ ထူးချွန်ပြီး ချောမောခန့်ညားတဲ့ယောက်ျားတစ်ယောက်က သူမကို တစ်သက်လုံးတစ်သက်လုံး သဘောကျနေပါ့မယ်လို့ သေချာနိုင်မှာတဲ့လဲ?

ဒီလိုယောက်ျားမျိုးက သူ့အနားမှာ လှပတဲ့မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေလိမ့်မည်။ ကုန်းထျန်းဟောက်ရဲ့ ရှောင်လင်းယွီအပေါ် ခံစားချက်တွေက အတူတူပဲရှိနေပါ့မယ်လို့ ဘယ်သူအာမခံနိုင်မှာလဲ?

ကုန်းထျန်းဟောက်နဲ့ လုံးဝယှဉ်နိုင်တဲ့ ပိုပြီး နှစ်လိုဖွယ်ကောင်း၊ ယုံကြည်ချက်ရှိပြီး လှပတဲ့မိန်းကလေးတစ်ယောက်က အနာဂတ်မှာပေါ်လာခဲ့ရင် ကုန်းထျန်းဟောက်က တစ်ယောက်ယောက်နဲ့ မချစ်ကြိုက်မိသွားပါဘူးလို့ ဘယ်သူမှအာမမခံနိုင်ပေ။

အဲ့ဒီအချိန်မှာ ရှောင်လင်းယွီနဲ့ ကလေးက ဘာဖြစ်သွားမှာလဲ?

***

All Chapters