ရင်တွင်းစကား
Vol. 25 Ch. 418
သူ့မျက်လုံးထဲမှာ အရမ်းထက်မြက်ပြီး ယုံကြည်မှုရှိတဲ့ရှောင်လင်းယွီက သူမခံစားချက်တွေနဲ့ ပက်သက်လာတဲ့အခါမှာ သိမ်ငယ်ပြီး လုံလုံလောက်လောက်ယုံကြည်မှုမရှိဘူးလို့ ခံစားနေရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
သူမက လုံလောက်အောင်ကောင်းမွန်တယ်လို့ မခံစားရလို့ သူ့ကို ရှောင်ခဲ့သည်။ ဒါပေမယ့်လည်း ရှောင်လင်းယွီက သူ့ခံစားချက်တွေမှာ ယုံကြည်မှုမရှိရခြင်းက သူက သူမကို လုံလောက်တဲ့စိတ်ချရမှုမပေးလို့ပဲ ဖြစ်သည်။ ဒါကြောင့်ပဲ သူမအတွက် သူ့ခံစားချက်တွေကို သံသယဖြစ်ရသည်။
ကုန်းထျန်းဟောက်က သူ့လက်သီးတွေကိုဆုပ်ထားလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။
‘ငါတစ်ခုခုလုပ်ရမယ်!’
ကုန်းထျန်းဟောက်က ရုတ်တရက် ထိုင်လိုက်ပြီး သူ့လက်တွေကို သူမပခုံးပေါ် တင်လိုက်သည်။
သူက လေးနက်တဲ့အမူအယာနဲ့
“ယွီအာ၊ မင်းကိုယ်မင်းယုံကြည်မှုမရှိတာနဲ့ မင်းအတွက် ကိုယ့်ခံစားချက်တွေကို သံသယဖြစ်ရတာက ကိုယ့်အမှားတွေပါ။ ကိုယ်ဒီအကြောင်းကို အရင်က တစ်ခါမှ မတွေးခဲ့ဖူးဘူး”
ရှောင်လင်းယွီက ထိုင်နေတဲ့ကုန်းထျန်းဟောက်ကို ငေးကြောင်ကြည့်နေမိသည်။ သူမမျက်လုံးတွေက နီရဲပြီးဖူးယောင်နေကာ မျက်လုံးအစွန်းတွေမှာ မျက်ရည်စတွေရှိနေသည်။
ကုန်းထျန်းဟောက်က သူ့လက်တွေကိုဆန့်လိုက်ပြီး သူမမျက်လုံးထောင့်က မျက်ရည်တွေကို သုတ်ပေးလိုက်သည်။ သူရဲ့မျက်လုံးတွေက နာကျင်နေတဲ့အမူအယာကို ပြသနေပြီး လေးနက်တဲ့လေသံနဲ့မေးလိုက်ကာ
“ယွီအာ၊ မင်းက ကိုယ့်အပေါ်မှာ ယုံကြည်ချက်မရှိဘဲ ကိုယ်တို့လက်ထပ်ပြီးသွားတဲ့အခါ အနာဂတ်အကြောင်းပါ စိုးရိမ်နေလိုက်သေးတယ်”
“အကြောင်းရင်းက ကိုယ်က နိုင်ငံထဲမှာ အချမ်းသာဆုံးလူမလို့ဆို ဟုတ်တယ်မလား?”
ရှောင်လင်းယွီက မျက်တောင်ခတ်လိုက်ပြီး ရိုးရိုးသားသားဖြေကာ
“ဟုတ်တယ်!”
ပြီးနောက်မှာ သူကအမှန်အတိုင်းဖြေကာ
“ရှင့်အထောက်အထားကို ကျွန်မသိခဲ့တဲ့နေ့ကစပြီး ရှင့်ကို သာမန်ယောက်ျားတစ်ယောက်လို ကျွန်မ မဆက်ဆံနိုင်တော့ဘူး။ ကျွန်မက Z မြို့က ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးပြီး ချမ်းသာပြီး အာဏာရှိတဲ့လူတွေအများကြီးကို မြင်ခဲ့ဖူးတယ်”
“အဲ့ဒီလူတွေကြားထဲမှာ သူတို့အများစုက မိန်းမတွေအသက်ကြီးသွားတဲ့အတွက် ငယ်ရွယ်ပြီး လှပတဲ့ မယားငယ်လေးတွေ ရှိကြတယ်။ ဒါပေမယ့် သူတို့ဇနီးတွေကလည်း တစ်ခါက အရမ်းလှတဲ့မိန်းကလေးတွေဖြစ်ခဲ့ဖူးတယ်ဆိုတာ သူတို့မေ့သွားပုံပဲ။ သူတို့က အချစ်အတွက်နဲ့ သူတို့ယောက်ျားတွေနဲ့အတူ ဝေဒနာခံစားခဲ့ရတာလေ။ ဒါကြောင့် သူတို့ရဲ့လှပတဲ့အဝတ်အစားတွေကို ချွတ်ပြီး ပုံမှန်အိမ်နေရင်းအဝတ်အစားတွေပဲဝတ်ပြီးတော့ သူတို့ယောက်ျားနဲ့ကလေးတွေကို ဂရုစိုက်ပေးဖို့ အိမ်မှာနေရင်း သူတို့ယောက္ခမတွေကို စောင့်နေကြတာလေ”
“ဒါပေမယ့်လည်း ယောက်ျားတွေက ဒါကိုမမြင်ဘူး။ သူတို့မိန်းမတွေက အသက်ကြီးလာပြီး သတ်လတ်ပိုင်းအမျိုးသမီးတွေအဖြစ်ပြောင်းသွားတာကိုပဲ သူတို့မြင်ကြတာ။ အမျိုးသမီးတွေက၊ ယောက်ျားတွေက နောက်ထပ် လှပပြီးငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ကို ရှာဖို့အတွက်နဲ့ ယောက်ျားတွေ အောင်မြင်အောင်စွန့်လွှတ်အနစ်နာခံကြခဲ့တာ”
“ကုန်းထျန်းဟောက်၊ ရှင်အဲ့ဒီ အမျိုးသမီးတွေအတွက် ဝမ်းမနည်းမိဘူးလား?”
ကုန်းထျန်းဟောက်ရဲ့မျက်လုံးတွေ မှောင်မိုက်သွားသည်။ သူ တစ်ခုခုပြောတော့မလို့မှာပဲ ရှောင်လင်းယွီက လက်တွေကို သူ့ပါးစပ်ပေါ်ထားလိုက်ပြီး သူ့ကို အခုချိန်အတွက် စကားပြောတာရပ်ဖို့ ရည်ညွှန်းနေသည်။
“ရှူး ဘာမှမပြောနဲ့ဦး။ ကျွန်မဆုံးအောင် ပြောပါရစေဦး”
“ကုန်းထျန်းဟောက်၊ ရှင့်မှာ ချမ်းသာမှုအားလုံးရှိပြီးသားပဲ။ ဒါကြောင့် ကျွန်မက ရှင့်အတွက် ဘာမှအနစ်နာခံပေးဖို့ မလိုပါဘူး။ ဒါပေမယ့်လည်း ကျွန်မက သာမန်မိန်းကလေးတစ်ယောက်ပဲလေ။ အတိအကျဆိုရင် ရှင့်မှာ အရာအားလုံးရှိပြီးသားမို့ ရှင်ကျွန်မကို တစ်သက်လုံးကြီးချစ်နိုင်မယ်လို့ မထင်ဘူး။
ဒီအတိုင်းဆိုရင် ကျွန်မ ရှင့်ကိုလက်ထပ်လိုက်ရင် အဲ့ဒီမိန်းကလေးတွေအကြောင်း အမြဲစိုးရိမ်နေစေချင်တာလား?
ကျွန်မက အဲ့ဒီမိန်းကလေးတွေနဲ့ပဲ တစ်သက်လုံးတိုက်ခိုက်နေရာမှာဖြစ်ပြီးတော့ ဒါက ကျွန်မကိုယ်ကျွန်မအတွက် လိုချင်တဲ့ဘဝမျိုးမဟုတ်ဘူး။ အဲ့ဒီဘဝက သောကရောက်စရာပဲဖြစ်လိမ့်မယ်”
“တကယ်တော့ ရှင်ကျွန်မကို တကယ်လက်ထပ်ချင်တယ်လို့လည်း မထင်ပါဘူး။ ကျွန်မအတွက် ရှင့်ခံစားချက်တွေက ဆန်းသစ်နေတယ်လို့ပဲ အမြဲခံစားခဲ့ရတာ။ အချိန်တွေကုန်လွန်လာရင် ကျွန်မလည်း ရှင့်ရည်းစားဟောင်းတွေထဲက တစ်ယောက်အနေနဲ့ အဆုံးသတ်သွားမှာပဲ။ ဒါကြောင့် ကျွန်မ ရှင့်ကို လက်ထပ်ဖို့ ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ဘူး”
ကုန်းထျန်းဟောက်၊ “…”
ဒီနားလည်မှုလွဲတာက တကယ့်ကိုကြီးမားလွန်းတာပဲ။
“ယွီအာ”
ကုန်းထျန်းဟောက်က ရုတ်တရက် ရှောင်လင်းယွီရဲ့လက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားလိုက်ပြီး အရမ်းလေးလေးနက်နက်နဲ့
“မင်း အဲ့ဒီအကြောင်း အရမ်းစိုးရိမ်နေရင် ကိုယ့်ရဲ့လက်ရှိပိုင်ဆိုင်မှုတွေအားလုံးကို မင်းနာမည်ထဲထည့်ပေးပြီး မင်းကို နိုင်ငံထဲမှာ အချမ်းသာဆုံးလူဖြစ်လာစေလိုက်မယ်။ ကိုယ်က မင်းအတွက် အလုပ်လုပ်ပေးတဲ့ သာမန်လူတစ်ယောက်ဖြစ်သွားမယ်။ ဒါက မင်းကိုပိုပြီး စိတ်သက်သာရာရစေမှာလား?
ဒါဆိုရင် ဘယ်မိန်းကလေးမှ ကိုယ့်နောက်မလိုက်နိုင်တော့ဘူး”
ကုန်းထျန်းဟောက်ရဲ့စကားတွေကို ရှောင်လင်းယွီကြားတော့ အံ့ဩမိသွားခဲ့သည်။
အပြင်ဘက်က နားထောင်နေတဲ့သူတွေက ပိုပြီးတော့တောင် အံ့ဩသွားခဲ့သည်။
တစ်ယောက်ယောက်ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုလွှဲပေးလိုက်တာက သာမန်လူတစ်ယောက်လုပ်နိုင်မယ့် ဆုံးဖြတ်ချက်တစ်ခုမဟုတ်ပေ။ ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို တကယ့်ကိုသဘောကျသည်။ ရှောင်လင်းယွီကို ပိုပြီးလုံခြုံတယ်လို့ ခံစားရစေဖို့အတွက် သူက ဒါကိုပြုလုပ်ဖို့ အလိုရှိနေသည်။
သခင်ကြီးကုန်းတောင် အံ့ဩသွားသည်။ ဒါပေမယ့်လည်း သူဒေါသမထွက်ပေ။
ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ငေးကြောင်ကြောင်ကြည့်နေခဲ့ပြီး မယုံနိုင်စွာမေးလိုက်ကာ
“ရှင်…ကုန်းထျန်းဟောက်၊ အခုလေးတင် ရှင်ဘာပြောလိုက်တာ?”
ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့မျက်နှာကို ကိုင်လိုက်ပြီး ရှောင်လင်းယွီရဲ့မျက်လုံးတွေကို လေးနက်တဲ့အမူအယာနဲ့ စိုက်ကြည့်လိုက်ကာ
“ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို မင်းနာမည်ထဲ လွှဲပေးမယ်လို့ ပြောလိုက်တာ။ ပြီးရင် ကိုယ် ကုန်းထျန်းဟောက်က လူမွဲတစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဘယ်မိန်းကလေးကများ လူမွဲကို ကြိုက်မှာလဲ? ဒါဆိုရင် မင်းစိုးရိမ်နေတာကို ရပ်လိုက်မှာလား?”
ရှောင်လင်းယွီက အသိဝင်လာပြီးတော့ ကုန်းထျန်းဟောက်ကို ကြောက်အားလန့်အားအဝေးတွန်းထုတ်လိုက်ကာ အသံကျယ်ကျယ်နဲ့
“ကုန်းထျန်းဟောက် ကျွန်မကို အဲ့လိုမျိုးမနောက်နဲ့”
ကုန်းထျန်းဟောက်က နိုင်ငံထဲမှာ အချမ်းသာဆုံးလူဖြစ်သည်။ သူ့လက်ထဲက ပိုင်ဆိုင်မှုတွေက သန်းရာချီမဟုတ်ဘဲ ဘီလီယံရာချီဖြစ်သည်။ သူမ ၎င်းကို လုံးဝမယုံနိုင်ပေ။
ဒါပေမယ့်လည်း ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့ တည်ကြည်လေးနက်တဲ့မျက်နှာကိုကြည့်လိုက်တော့ ကုန်းထျန်းဟောက်က သူမကို နောက်နေတာမဟုတ်မှန်း သဘောပေါက်သွားသည်။ သူမ အံ့ဩသွားခဲ့သည်။ ပြီးတဲ့နောက်မှာ သူမရင်ထဲမှာ နွေးထွေးတဲ့သဘောထားတစ်ခု ဖြစ်ပေါ်လာသည်။
သူမ ဒီတစ်လျှောက်လုံး ဖုံးကွယ်နေပြီး ကြံ့ကြံ့ခံနေခဲ့တဲ့ ခံစားချက်တွေက မြေပြင်ပေါ်က ဆူပွက်နေတဲ့ ချော်ရည်တွေလိုပဲဖြစ်သည်။ ၎င်းကို တားဆီးလို့မရပေ။
ကုန်းထျန်းဟောက်က
“ယွီအာ မင်းကိုယ့်ကိုမယုံရင် အခုချက်ချင်း ကိုယ့်ရှေ့နေကို ခေါ်ပြီး သူ့ကို လုပ်ရိုးလုပ်စဉ်တွေကို ပြီးအောင် လုပ်ခိုင်းလိုက်မယ်။ မင်းက နိုင်ငံထဲမှာ အချမ်းသာဆုံးအမျိုးသမီး ဖြစ်လာလိမ့်မယ်”
ဒီလိုနဲ့ ကုန်းထျန်းဟောက်က ဘေးကစားပွဲပေါ်က ဖုန်းကိုယူလိုက်ပြီး ဖုန်းတစ်ကောလ်ခေါ်တော့မလို့ လုပ်နေသည်။
ဖုန်းကိုဆွဲလိုက်တာနဲ့ ရှောင်လင်းယွီက သူ့ဖုန်းကို အမြန်လုယူလိုက်ပြီး ခေါင်းခါကာ
“ကုန်းထျန်းဟောက် ကျွန်မ ရှင့်ချမ်းသာမှုတွေကို မလိုချင်ပါဘူး။ အခု ကျွန်မရှင့်ကို ယုံသွားပါပြီ။ ကျွန်မ ရှင်ရဲ့ ကျွန်မအတွက် စစ်မှန်ပြီး ပြင်းပြတဲ့ခံစားချက်တွေကို ယုံသွားပါပြီ”
ကုန်းထျန်းဟောက်က အနည်းငယ်စိုးရိမ်လာပြီး
“ဟင့်အင်း၊ တစ်နေ့ကျရင် မင်း ကိုယ့်ခံစားချက်တွေကို ထပ်ပြီး မေးခွန်းထုတ်လာရင် ဘယ်လိုလုပ်မလဲ? ဒီတော့ ဒီပစ္စည်းတွေကို မင်းနာမည်နဲ့ လွှဲပေးလိုက်တာ အကောင်းဆုံးပဲလို့ထင်တယ်။ ကိုယ်ပိုပြီး သက်သာရာရသွားမှာ။ လာစမ်းပါ ယွီအာ၊ ကိုယ့်ကိုဖုန်းပေး”
ရှောင်လင်းယွီရဲ့မျက်လုံးတွေက တိတ်ဆိတ်စွာ ငိုကြွေးနေသလိုမျိုး မျက်ရည်တွေနဲ့ ပြည့်နေခဲ့သည်။ သူမ ခေါင်းကိုခါလိုက်ကာ
“ထျန်းဟောက် ကျွန်မမှားသွားတာ။ ယောက်ျားတစ်ယောက်ရဲ့နှလုံးသားက ပြောင်းလဲချင်တယ်ဆိုရင် သူချမ်းသာသာမချမ်းသာသာ ပြောင်းလဲဦးမှာပဲ။ ဒါပေမယ့် ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို တကယ်ချစ်ရင်တော့ အပြင်ဘက်မှာ ဘယ်လောက်မက်လုံးတွေပဲရှိရှိ သူအဲ့ဒါကို ခုခံမှာပဲ။ သူ့စိတ်ထဲမှာတော့ သူချစ်တဲ့လူကိုပဲ ချစ်မှာ”
“အခု ကျွန်မ တွေးကြည့်ပြီးပြီ။ တကယ်တော့ ကျွန်မအတွက် ရှင့်ခံစားချက်တွေကို သံသယမဝင်ခဲ့သင့်ဘူး။ ကျွန်မက တောသူလေးတစ်ယောက်ပဲ။ ဒါပေမယ့် ရှင်က နိုင်ငံထဲက အချမ်းသာဆုံးလူလေ။ ကျွန်မထက်ပိုလှတဲ့ မိန်းကလေးတွေ ရှင်တွေ့ဖူးမယ်ဆိုတာ သေချာတယ်။ ချမ်းသာမှုဆိုရင်တော့ ဒါကရူးမိုက်တာပဲပေါ့။ ရှင့်ရဲ့ ရွှေတောင်ကြီးရှေ့မှာ ကျွန်မ ကြွယ်ဝမှုက သဲတစ်ဆုပ်စာပါပဲ”
“ဒါကြောင့် အချစ်စစ်ကလွဲရင် ရှင်ဘာလို့ကျွန်မကို လက်ထက်ချင်လဲဆိုတဲ့အကြောင်းရင်းကို စဉ်းစားလို့မရဘူး။ ဟုတ်တယ်မလား ကုန်းထျန်းဟောက်?”
ရှောင်လင်းယွီရဲ့စကားတွေကိုကြားတော့ ကုန်းထျန်းဟောက်စိတ်ထဲက ကျောက်စိုင်ကြီးက နောက်ဆုံးမှာပြိုလဲသွားခဲ့သည်။ ဒါပေမယ့် အရင်က..
ကုန်းထျန်းဟောက်က
“ဒီတော့ ယွီအာ၊ မင်းက ကိုယ်တို့ရဲ့ဆက်ဆံရေးကို လက်ထပ်ဖို့အကြောင်းပြချက်နဲ့ ရှေ့ဆက်ဖို့ ဆန္ဒရှိတယ်လို့ ပြောနေတာလား?”
ကုန်းထျန်းဟောက်က ဒီမေးခွန်းကိုမေးတော့ သူ့နှလုံးဟားက စိုးရိမ်ပြီး စိတ်လှုပ်ရှားနေခဲ့သည်။
ရှောင်လင်းယွီက သူမပါးစပ်ကို အုပ်လိုက်ပြိး မျက်ရည်တွေစီးကျလာသည်။ သူမ အရမ်းခံစားသွားလိုက်ရပြီး ခေါင်းညိတ်ပြီး ပြန်ဖြေကာ
“အင်း၊ ကျွန်မ ဒီဆက်ဆံရေးကို ရှေ့ဆက်ဖို့ ဆန္ဒရှိတယ်”
ကုန်းထျန်းဟောက်က ထပ်ဖြည့်စွက်ကာ
“လက်ထပ်ဖို့ရည်ရွယ်ချက်နဲ့ ဆက်ဆံရေးတစ်ခုနော်”
ရှောင်လင်းယွီ၊ “...”
သေချာတာပေါ့။
ရှောင်လင်းယွီက နှုတ်ဆိတ်နေမှတော့ ကုန်းထျန်းဟောက်က စတင်စိုးရိမ်လာသည်။
သူက
“ယွီအာ မင်းဘာလို့ ဘာမှမပြောတာလဲ? မင်း ကိုယ့်ကိုထပ်ပြီး ကစားနေတာလား?”
“ဘာကစားတာလဲ?”
ရှောင်လင်းယွီက နားမလည်နိုင်ဖြစ်သွားသည်။
“မင်းက ကိုယ့်မိန်းမဟုတ်ဘဲ ကိုယ့်ချစ်သူကောင်မလေးပဲဖြစ်ချင်တယ်ဆိုရင် မင်းက ကိုယ့်ခံစားချက်တွေနဲ့ ကစားနေတာပဲ”
ကုန်းထျန်းဟောက်က နည်းလမ်းတကျနဲ့
“ရှောင်လင်းယွီ၊ မင်းမှာ ဒါကိုလုပ်ခဲ့တဲ့ရာဇဝင်ရှိတယ်လေ။ ဒီတော့ ကိုယ်ဂရုစိုက်ရမှာပေါ့”
ရှောင်လင်းယွီက သူမမျက်လုံးတွေကို ကူကယ်ရာမဲ့စွာ ကစားလိုက်ပြီး မျက်ရည်တွေကို သုတ်လိုက်သည်။ သူမ ငိုရမလား ရယ်ရမလား မသိတော့ပေ။
“ဒီတစ်ကြီမ်တော့ ကျွန်မ တွေးကြည့်ပြီးပြီ။ ကျွန်မက လက်ထပ်ဖို့ရည်ရွယ်ချက်နဲ့ ရှင်နဲ့ဆက်ဆံရေးတစ်ခုမှာ ရှိနေမှာ”
ရှောင်လင်းယွီက ခနလောက်ရပ်လိုက်ပြီး သင်္ကာမကင်းမေးကာ
“ဒါမှမဟုတ် ရှင်ကျွန်မကို လက်မထပ်ချင်တော့တာများလား?”
ကုန်းထျန်းဟောက်က တုန်ယင်သွားကာ
“မဟုတ်ရပါဘူးကွာ”
သူတို့နှစ်ယောက်က ရင်တွင်းစကားတွေပြောခဲ့ကြပြီး နောက်ဆုံးမှာ ရှောင်လင်းယွီရဲ့ ခံစားချက်အစစ်အမှန်တွေကို ထုတ်ဖော်ပြခဲ့သည်။ ကုန်းထျန်းဟောက်က တကယ့်ကို စိတ်လှုပ်ရှားနေသည်။ သူက သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘဲ ရှောင်လင်းယွီကို သူ့လက်မောင်းတွေထဲ ထပ်ဆွဲလိုက်သည်။
သူက သူမပခုံးပေါ်မှာ သူ့ခေါင်းကို မှီလိုက်ပြီး ချစ်ခင်နှစ်သက်စွာမေးကာ
“ကောင်းလိုက်တာ ယွီအာ၊ ဒီအခိုက်အတန့်လေးက တကယ်ကိုလှတယ်”
အဲ့ဒီအချိန်မှာ ဒီလိုဩဇာရှိလှတဲ့ယောက်ျားတစ်ယောက်တောင် မထိန်းချုပ်နိုင်ဘဲ မျက်ရည်ကျခဲ့သည်။ ၎င်းတို့က ပျော်ရွှင်မှုမျက်ရည်တွေပဲဖြစ်သည်။ သူနဲ့ ရှောင်လင်းယွီရဲ့ဆက်ဆံရေးက အများကြီး ကျော်ဖြတ်ခဲ့ရသည်။ တစ်ခါတစ်လေမှာ သူက ဒီဆက်ဆံရေးအတွက် မျှော်လင့်ချက်များများစားစားတောင် မမြင်နိုင်ခဲ့ပေ။ ၎င်းက သူ့ကိုပိုပြီးတော့တောင် စိတ်ပျက်အားလျော့စေသည်။ ဒါပေမယ့်လည်း သူအခု အရမ်းပျော်ရွှင်နေပြီဖြစ်သည်။
သူက ရှောင်လင်းယွီနဲ့ အချိန်အတော်ကြာ အမြဲတမ်းရှိနေမှာဖြစ်ပြီး ဒီဆက်ဆံရေးကို သေချာပေါက် စိတ်ပျက်စေမှာမဟုတ်ပေ။ ရရှောင်လင်းယွီစိုးရိမ်နေတဲ့အရာတွေ ဖြစ်မလာအောင် သူသေချာစေရမည်။
ကုန်းထျန်းဟောက်ရဲ့မျက်ရည်တွေက ရှောင်လင်းယွီရဲ့ကျောပေါ် တစ်စက်စက်ကျလာပြီး ရှောင်လင်းယွီရဲ့တစ်ကိုယ်လုံးကို တုန်ယင်သွားစေခဲ့သည်။ ကုန်းထျန်းဟောက်က ဒီလိုအာဏာရှိပြီး လွှမ်းမိုးနိုင်တဲ့ယောက်ျားတစ်ယောက်ဖြစ်ပေမယ့် ဒီအချိန်မှာတော့ သူမရဲ့ဖြေကြားချက်ကြောင့် အလွန်အမင်းကိုပဲ လှုပ်ရှားသွားခဲ့သည်။
ရှောင်လင်းယွီက သူ့ကျောကိုပုတ်ပေးဖို့ လက်ဆန့်လိုက်ပြိး အရမ်းစစ်မှန်စွာဖြင့်
“ကုန်းထျန်းဟောက် ရှင်မထွက်သွားချင်ရင် ကျွန်မ ရှင့်ကို မစွန်ပစ်ဘူး! ကျွန်မတို့က တစ်ဘဝလုံးစာအတွက် စုံတွဲတွေဖြစ်လာတော့မှာ”
ရှောင်လင်းယွီရဲ့စကားတွေကို ကုန်းထျန်းဟောက်ကြားပြီးတော့ သူ့မျက်လုံးတွေလေးနက်လာကာ အရမ်းရိုးရိုးသားသားနဲ့
“ဒါပေါ့၊ ကိုယ်မင်းကို ဘယ်တော့မှထားမသွားဘူး။ ကိုယ်တို့ တစ်သက်လုံး အတူတူရှိနေမှာ”
အပြင်ဘက်က နားထောင်နေတဲ့လူတိုင်းက အရမ်းခိုက်သွားကြသည်။ အထူးသဖြင့်တော့ ရှောင်မိသားစုထဲက အမျိုးသမီးတချို့ဖြစ်သည်။ သူတို့အကုန် မျက်ရည်တွေကျလာခဲ့ကြသည်။
ရှောင်လင်းယွီအတွက် ကုန်းထျန်းဟောက်ရဲ့ခံစားချက်တွေက အရမ်းစစ်မှန်ပြီး ပြင်းပြနေလိမ့်မယ်လို့ သူတို့တကယ် မမျှော်လင့်မိခဲ့ကြပေ။ ၎င်းမှာ ဘာမသန့်စင်ခြင်းမှ မရှိပေ။ ၎င်းက သာမန်ယောက်ျားတစ်ယောက်ရဲ့ အချစ်ပဲဖြစ်သည်။
သခင်ကြီးကုန်းက လုံးဝစိတ်သက်သာရာရသွားသည်။ လူငယ်လေးနှစ်ယောက်မှာ ရင်တွင်းစကားတွေ ရှိခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံးက အချစ်ထဲမှာ ရောက်ရှိနေကြပြီး တစ်ယောက်ကိုတစ်ယေက် ချစ်မိနေကြသည်။
ကုန်းထျန်းဟောက်ရဲ့အထောက်အထားကြောင့် ရှောင်လင်းယွီက လုံလုံလောက်လောက်ယုံကြည်မှုမရှိဘူးလို့ ခံစားရနေရုံသာဖြစ်သည်။ အခု အရာအားလုံးက ပွင့်လင်းသွားပြီ ဖြစ်တဲ့အတွက် သူတို့ကြားက နားလည်မှုလွဲတာနဲ့ အချင်းများတာတွေကို နောက်ဆုံးမှာ ဖြေရှင်းလို့ပြီးသွားပြီဖြစ်သည်။ သူကအခု သူ့မြစ်လေးကို ပွေ့ဖက်ဖို့ အေးအေးဆေးဆေးစောင့်နေနိုင်သည်။
စစ်ထူရှင်းရဲ့နည်းလမ်းက တကယ်ထိရောက်သွားပုံပေါ်သည်။ သူ့ကိုနောက်ကျမှ ချီးကျူးရလိမ့်ဦးမည်။
“နေဦး မဟုတ်သေးဘူး”
အဲ့ဒီအချိန်မှာ ရှောင်လင်းယွင်က ရုတ်တရက် အသံကျယ်ကျယ်နဲ့အံ့အားတသင့်ပြောကာ
“အစ်ကိုထျန်းဟောက်က အဖျား၄၁ဒီဂရီရှိနေရမှာ မဟုတ်ဘူးလား? သူက အသိစိတ်လွတ်နေသင့်တာမဟုတ်ဘူးလား? သူကဘာလို့ အစ်မနဲ့ လေးနက်တဲ့စကားတွေပြောနေရတာလဲ?”
ရှောင်မိသားစုကလည်း ရှောင်လင်းယွင်ရဲ့သတိပေးချက်ကို ချက်ချင်းတုံ့ပြန်လိုက်ကြသည်။
ဟုတ်သားပဲ။ ကုန်းထျန်းဟောက်က ဖျားနေရမှာလေ။
ဘာလို့ သူ့အတွေးလမ်းကြောင်းက အရမ်းရှင်းလင်းနေရတာလဲ?
ဒါက လုံးဝ နည်းလမ်းမကျဘူးလေ။
ဒါကြောင့် တစ်ခုတည်းသောအကြောင်းရင်းကတော့ ကုန်းထျန်းဟောက်က သူ့နာမကျန်းဖြစ်မှုကို ဟန်ဆောင်နေတာပဲဖြစ်သည်။ ဒီအတွေးနဲ့ မေမေရှောင်ရဲ့မျက်နှာပေါ်က ခံစားမိနေတဲ့အမူအယာက ချက်ချင်းပျောက်သွားခဲ့သည်။ သူမရဲ့မျက်နှာက ညိုမည်းလာပြီး သတ်ဖြတ်ချင်စိတ်တွေ လှိမ့်တက်လာသည်။ သူမ ဒေါသချောင်းချောင်းထနေမှန်း သိသာသည်။
သခင်ကြီးကုန်းက ချက်ချင်းပဲ တံခါးကိုပိတ်နေတဲ့ရှောင်ဝမ်ကို တစ်ချက်ကြည့်လိုက်သည်။
ရှောင်ဝမ်က ချက်ချင်းနားလည်လိုက်သည်။ သူဖယ်ပေးလိုက်သည်။
မေမေရှောင်က သူမခြေထောက်ကိုမပြီး တံခါးပွင့်အောင် ကန်လိုက်သည်။ ပြီးနောက်မှာ အခန်းထဲမှာ လူငယ်နှစ်ယောက် အချင်းချင်းဖက်နေကြတာကိုမြင်တော့ ချက်ချင်းပဲအော်လိုက်ကာ
“ကုန်းထျန်းဟောက်!”
မြေကြီးကွဲလောက်မယ့်အော်သံက သူတို့နှစ်ယောက်ကို ချက်ချင်းနှိုးဆွလိုက်သည်။
ရှောင်လင်းယွီက အံ့အားသင့်စွာအော်ငိုကာ
“အမေ! ဘာလို့ဒီမှာရှိနေတာလဲ?”
မေမေရှောင်ရဲ့မျက်နှာပေါ်က သတ်ဖြတ်ချင်နေတဲ့အကြည့်ကို ကုန်းထျန်းဟောက်မြင်တော့ သူလုံးဝမတုံ့ပြန်လိုက်ပေ။ ပြီးနောက်မှာ သူက ငေးမှိုင်မှိုင်နဲ့ခေါ်ကာ
“ဒေါ်လေး!”
ပြီးတော့ ဘာဖြစ်ခဲ့လဲဆိုတာ သူသိသွားခဲ့သည်။ ဒါပေမယ့်လည်း အရမ်းနောက်ကျသွားပြီဖြစ်သည်။
မေမေရှောင်က ဟန်ဆောင်ပြုံးလိုက်ပြီး အန္တရာယ်ပြုမယ့် အမူအယာတစ်ခု ပြလိုက်သည်။
သူမ သွားတွေကိုကြိတ်လိုက်ပြီး မေးကာ
“ကုန်းထျန်းဟောက်၊ မင်းမှာ အဖျား၄၁ဒီဂရီရှိနေတာ မဟုတ်ဘူးလား? ဒါပေမယ့် မင်းကို ငါကြည့်ရတာတော့ အဖျားရှိပုံပေါ်မနေဘူးဘဲ?”
မေမေရှောင်ဆီကနေ သတိပေးခံလိုက်ရပြီးတော့ ကိုယ်ဝန်ရှိနေတဲ့ရှောင်လင်းယွီက ချက်ချင်းတုံ့ပြန်လိုက်သည်။
သူမက စိုးရိမ်စွာနဲ့
“ဟုတ်သားပဲ ထျန်းဟောက်၊ ရှင့်မှာ အဖျား၄၁ဒီဂရီရှိနေတာ မဟုတ်ဘူးလား? မြန်မြန်လှဲပြီး ဆေးနည်းနည်းသောက်လိုက်ဦး။ မဟုတ်ရင် ရှင်ဒီလိုဆက်ပူနေရင် ရှင့်ဦးနှောက်တစ်ခုလုံး လောင်သွားလိမ့်မယ်”
ရှောင်မိသားစု၊ “...”
အဖျားရှိတဲ့လူက ကုန်းထျန်းဟောက်မဟုတ်ဘဲ ရှောင်လင်းယွီပဲ ဖြစ်လိမ့်မည်...
***