လက်ထပ်ပွဲ
Vol. 25 Ch. 420
ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက သူတို့နောက်ကွယ်မှာ ရှေ့ဆက်တိုးနေကြတာကို မေမေရှောင်နဲ့ ဖေဖေရှောင်က မသိကြဘူးလား?
ဒါပေါ့ သူတို့သိတယ်လေ။
သူတို့က ၎င်းကို မျက်စိမှိတ်ပေးထားဖို့ ရွေးထားကြရုံသာဖြစ်သည်။
အရင်က သူတို့သမီးရဲ့ဗိုက်ထဲကကလေးက ကုန်းထျန်းဟောက်ရဲ့ကလေးမှန်း သူတို့မသိခဲ့ပေ။ ဒါပေမယ့် သူတို့တွေအခုသိသွားပြီဆိုတော့ စုံတွဲကို တကယ်မခွဲပစ်နိုင်တော့ပေ။ သူတို့သာခွဲလိုက်ရင် ၎င်းက သူတို့သမီးနဲ့မြေးကို နာကျင်စေလိမ့်မည်။ သူတို့က ကုန်းထျန်းဟောက်ကို သင်ခန်းစာတစ်ခု ပေးနေကြရုံသာဖြစ်သည်။
ကုန်းထျန်းဟောက်က ဒါကိုတောင် သည်းမခံနိုင်ရင်တော့ သူတို့သမီးရဲ့ သူ့ကိုလက်ထပ်ဖို့ကို စိုးရိမ်ရတော့မည်။
မေမေရှောင်နဲ့ သူမရဲ့ညီအစ်မတွေက တခြားဘက်မှာအတင်းပြောနေကြတုန်း ဖေဖေရှောင်နဲ့ သူ့ညီအစ်ကိုတွေက ခြံထဲမှာ သောက်စားပြီး စကားပြောနေခဲ့ကြသည်။ ဒါပေမယ့်လည်း သူတို့ဂရုအစိုက်ဆုံးကတော့ ရှောင်မိသားစုက သမီးနှစ်ယောက်ရဲ့သမီးရည်းစားကိစ္စပဲဖြစ်သည်။
ရှောင်လင်းယွင်က သူမရဲ့ခံစားချက်တွေကို ထိန်းညှိနေတုန်းအခြေအနေမှာပဲရှိသေးလေသည်။ ဒါကြောင့် သူတို့က အခု သူမကို လွတ်လွတ်လပ်လပ်နေစေသည်။ ဒါကြောင့် ခေါင်းစဉ်ကတော့ ရှောင်လင်းယွီရဲ့အချစ်ရေးပဲဖြစ်သည်။
“ဒုတိယအစ်မ၊ ယွီအာဗိုက်ထဲက ကလေးကိစ္စက ရှင်းသွားပြီဆိုတော့ နင်အခု အေးဆေးအနားယူလို့ရပြီ”
စတုတ္ထဒေါ်လေးရှောင်က ပြုံးပြီး ပြောလိုက်သည်။
အရင်က သူမဗိုက်ထဲကကလေးက ရှောင်လင်းယွီရဲ့အချစ်ရေးကို ထိခိုက်စေမလားဆိုတာ သူတို့စိုးရိမ်ခဲ့ကြပေမယ့် သူတို့ဆက်ပြီးစိတ်မပူကြတော့ပေ။ မဟုတ်ရင်လည်း သူတို့မှာ မတူညီတဲ့စိုးရိမ်မှုတစ်ခုရှိလာတာပဲဖြစ်လိမ့်မည်။
အရင်က သူတို့က ကုန်းထျန်းဟောက်ရဲ့နောက်ခံအကြောင်း မသိခဲ့ကြပေ။ အခု သူတို့သိသွားပြီဆိုတော့ ရှောင်လင်းယွီရဲ့အနာဂတ်ကို စိုးရိမ်ခဲ့ကြသည်။ တီဗီထဲတွင် လူချမ်းသာများသည် မယားငယ်များထားရှိသည့် ဇာတ်လမ်းများစွာကို သူတို့တွေ့ဖူးကြလေသည်။ ဇနီးတွေက သူတို့ပိုက်ဆံတွေကို ယူမသွားဘူးဆိုတာသေချာစေဖို့ သူတို့ဇနီးတွေကို ထိခိုက်အောင်လုပ်ကြတဲ့ ယောက်ျားတွေလည်းရှိသည်။
အရင်ကတော့ ရှောင်မိသားစုက တီဗီပေါ်က အဲ့ဒီချမ်းသာနဲ့လူတွေနဲ့ ဆက်စပ်လာရလိမ့်မယ်လို့ မတွေးမိခဲ့ပေ။ ၎င်းက ဂန္တဝင်စင်ဒရဲလားပုံပြင်တစ်ပုဒ်ပဲ ဖြစ်သည်။ ဒါပေမယ့်လည်း ရဲတိုက်ထဲက ဘဝကတော့ လွယ်မှာမဟုတ်ပေ။ အကြံအစည်တွေ၊ လှည့်ဖျားမှုတွေ အများကြီးရှိလိမ့်မည်။ သူတို့ သမီးက အဲ့ဒီထဲဝင်ရဖို့မပြောနဲ့ ဘေးကကြည့်တဲ့သူတွေအနေနဲ့တောင် လုံးဝကွဲပြားတဲ့ခမည်းခမက်နှစ်ဖက်ကြားက အခက်အခဲတွေကတင် အရမ်းကြောက်စရာကောင်းနေပြီဖြစ်သည်။
မေမေရှောင်က သက်ပြင်းချကာ
“ကလေးရဲ့အဆင့်အတန်းက ဘာပဲဖြစ်ဖြစ်၊ ဘာမှဆက်ပြီး စိုးရိမ်ဖို့မလိုတော့ပါဘူး။ ဒါပေမယ့် ကုန်းထျန်းဟောက်ရဲ့ ဂုဏ်အဆင့်နဲ့က… ယွီအာက သူ့ကိုလက်ထပ်လိုက်ရင် သူနောက်ပိုင်းမှာ ခံစားရမှာကို ငါစိတ်ပူမိတယ်”
အကြီးဆုံးဒေါ်လေးရှောင်က ပြုံးကာ
“ချိုးယင်း၊ နင်အရမ်းကြီး စိုးရိမ်ဖို့ မလိုပါဘူး။ ယွီအာကို သစ္စာမမဲ့ပါဘူးလို့ ထျန်းဟောက် ကတိမပေးခဲ့ဘူးလား? သူ့ချမ်းသာမှုတွေကို ယွီအာကို လွဲပေးဖို့တောင် ကတိပေးလိုက်သေးတယ်”
တတိယဒေါ်လေးရှောင်ကလည်း သဘောတူကာ
“ဟုတ်သားပဲ ဒုတိယအစ်မရဲ့၊ ထျန်းဟောက်က ငါတို့ယွီ့အာကို တကယ်သဘောကျတာ။ ဒါကြောင့် သူ ယွီအာအတွက် အများကြီးလုပ်ပေးခဲ့တာလေ။ သူက သူ့ရဲ့အရာအားလုံးကို ယွီအာကို ပေးဖို့ ဆန္ဒရှိနေတာ။ ငါတို့အရမ်းကြီး မစိုးရိမ်သင့်ဘူး”
“အရင်က ထျန်းဟောက်က ကလေးကြောင့် သူ့ကိုကြိုက်တာလားလို့ ယွီအာစိုးရိမ်ခဲ့တယ်။ ဒါပေမယ့် အခု ထျန်းဟောက်က ကလေးကို ယွီအာကြောင့် သဘောကျတယ်ဆိုတာ ရှင်းလင်းသွားအောင် လုပ်လိုက်ပြီ”
“ယွီအာအတွက် သူ့ချစ်ခြင်းက စစ်မှန်တယ်။ သူ့စိတ်က နောက်ပိုင်းမှာ ပြောင်းမပြောင်းဆိုတာကတော့ ဘယ်သူမှသေချာမပြောနိုင်ဘူးလေ။ တကယ်တော့ ဆင်းရဲတဲ့ယောက်ျားတစ်ယောက်တောင် သူ့မိန်းမအပေါ် လိမ်နိုင်သေးတာပဲ။ ဒီတော့ ဘာလို့စိုးရိမ်နေမှာလဲ?”
စတုတ္ထဒေါ်လေးရှောင်က ပြောလိုက်သည်။
“လူ့စိတ်က တကယ်ခန့်မှန်းလို့မရဘူး”
“တီဗီက သတင်းတွေကိုပဲ ကြည့်လိုက်၊ အဲ့ဒီ ကွဲသွားတဲ့စုံတွဲတွေကလည်း အချင်းချင်းရူးရူးမူးမူးချစ်ခဲ့ကြတာပဲ။ ဒါပေမယ့် အဆုံးကျတော့ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေလိုပဲ ပြောင်းသွားကြတယ်”
မေမေရှောင်က တိတ်ဆိတ်သွားသည်။
စတုတ္ထဒေါ်လေးရှောင်က ထပ်ပြီးမေးကာ
“ဒုတိယအစ်မ၊ ငါတို့ယွီအာက အမြဲထက်မြက်တဲ့ကလေးဖြစ်ခဲ့တာ။ သူ့ကိုယ်သူလည်း ထိန်းနိုင်တယ်။ ချန်းရန် သူ့ကို သစ္စာဖောက်သွားတုန်းက ယွီအာက အရှုံးမပေးခဲ့ဘူးလေ။ သူက လက်စားချေခဲ့တာပဲ။ ဒုတိယအစ်မ၊ ယွီအာက တိတ်တ်တ်လေးခံစားနေမယ့်သူ မဟုတ်ပါဘူး”
မေမေရှောင်က သက်ပြင်းချကာ
“ဒီလိုလည်းဖြစ်နိုင်ပေမယ့် ဆက်ဆံရေးတစ်ခုမှာတော့ ပြောဖို့ခက်တယ်။ ယွီအာက ချန်းရန်နဲ့ ချန်းမိသားစုကို လက်စားချေနိုင်ခဲ့တယ်ဆိုတာက ချန်းရန်နဲ့ ချန်းမိသားစုမှာ ဘာအင်အားမှမရှိလို့လေ။ ယွီအာက အာဏာရှိတဲ့လူတစ်ယောက်ဆီကနေ အကူအညီရခဲ့လို့ အောင်မြင်ခဲ့တာဥစ္စာ”
“ဒါပေမယ့် ထျန်းဟောက်ကတော့ မတူဘူး။ သူ့ထက် ဘယ်သူမှပိုပြီး အင်အားမကြီးနိုင်တော့ဘူး။ ထျန်းဟောက်က ယွီအာကို တကယ်သစ္စာဖောက်ချင်ရင် ငါတို့လုပ်နိုင်တာဘာမှမရှိဘူး။ ဒါက ငါ့ကိုစိတ်အပူစေဆုံး ကိစ္စပဲ”
အကြီးဆုံးဒေါ်လေးရှောင်က
“ဒါပေမယ့် ချိုးယင်း၊ ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ ငါတို့ဘာလုပ်နိုင်မှာလဲ? အခု သူတို့ကိုကြည့်လိုက်လေ။ သူတို့ချစ်နေကြတာ သိသာတာပဲ။ နင် သူတို့ကို ခွဲပစ်ချင်တယ်လို့တော့ ငါ့ကိုမပြောနဲ့နော်? ဒါကြောင့် ငါတို့ သူတို့ကိုပျော်ရွှင်ဖို့ပဲ ဆုတောင်းပေးလို့ရမယ်”
စတုတ္ထဒေါ်လေးရှောင်က သဘောတူစွာ ခေါင်းညိတ်ကာ
“ဟုတ်တယ် ဖြစ်မလာသေးတဲ့ကိစ္စတွေကို စိုးရိမ်နေမယ့်အစား ငါတို့ဘာလို့ အနာဂတ်မှာ ယွီ့အာရဲ့ အကူအညီဖြစ်လာဖို့ မကြိုးစားကြတာလဲ?”
အကြီးဆုံးဒေါ်လေးရှောင်နဲ့ တတိယဒေါ်လေးရှောင်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ ငါတို့ရဲ့စီးပွားရေးကိုချဲ့ဖို့ အလုပ်ကြိုးစားဖို့လိုတယ်။ ဒါမှ တစ်ခုခုများဖြစ်ခဲ့ရင် သမီးတွေမှာ မှီခိုဖို့ ငါတို့တွေရှိဦးမှာ”
ဖေဖေရှောင်နဲ့ တခြားညီအစ်ကိုတွေကလည်း သူတို့မိန်းမတွေလိုပဲ တူညီတဲ့ကိစ္စကိုပဲ စိုးရိမ်နေခဲ့ကြသည်။
အကြီးဆုံးဦးလေးရှောင်က
“ဒုတိယညီလေး၊ ယွီအာနဲ့ ထျန်းဟောက် ကိစ္စက ရှင်းလင်းပြီးသွားပြီပဲ။ ကလေးက ခုနစ်လ ရှစ်လလောက် ရှိနေပြီပဲကို သူတို့လက်ထပ်ဖို့ကို ငါတို့ထည့်စဉ်းစားဖို့လိုတယ်။ မဟုတ်ရင် ကလေးမွေးလာတဲ့အခါ ကလေးက ဂုဏ်ဒြပ်တစ်ခုမရှိတဲ့ တရားမဝင်ကလေးတစ်ယောက် ဖြစ်လာလိမ့်မယ်”
“ယွီအာနဲ့ ထျန်းဟောက်က ချစ်နေကြတာပဲ။ သူတို့လက်ထပ်ရမှာပေါ့။ ပြီးတော့ သူတို့မှာ အတူတူကလေးတစ်ယောက်လည်းရှိနေတယ်လေ”
စတုတ္ထဦးလေးရှောင်က ပြောလိုက်သည်။
ကျေးလက်ကသူတွေအတွက် အိမ်ထောင်မကျခင် ကလေးတစ်ယောက်ရတာက အရမ်းရှက်စရာကောင်းတဲ့ကိစ္စတစ်ခု ဖြစ်သည်။ အရင်က သူတို့က ရှောင်လင်းယွီကလေးရဲ့ နောက်ခံကိုမသိတဲ့အတွက် ဘာမှမလုပ်နိုင်ခဲ့ပေ။ ဒါပေမယ့် အခု ကိစ္စတွေက ပြောင်းလဲသွားပြီဖြစ်သည်။ ဒီတော့ လက်ထပ်ဖို့ကိစ္စက ထပ်ပြီးပါလာပြန်သည်။ မိမစစ်ဖမစစ်ကလေးလို့ အခေါ်ခံရခြင်းက ကလေးကို အများကြီးထိခိုက်စေလိမ့်မည်။
တတိယဦးလေးရှောင်က
“ယွီအာက ကိုယ်ဝန်ရင့်နေပြီ။ ငါတို့ စေ့စပ်တာကိုထားခဲ့ပြီး သူတို့ကို လက်ထပ်စေလို့ရတယ်”
ဖေဖေရှောင်က
“ဒါပေမယ့် ကုန်းမိသားစုက လက်ထပ်ခွင့်တောင်းဖို့ မလာသေးဘူး။ ငါတို့ သူတို့ကိုလည်း တကယ်ကြီးဖိအားပေးလို့မရဘူး။ မဟုတ်ရင် ငါတို့က ဒါကို ငွေအတွက် လုပ်နေတယ်လို့ သူတို့ထင်သွားလိမ့်မယ်။ ပြီးတော့ ကုန်းမိသားစုက အတော်ချမ်းသာတာ”
ဒီဆက်ဆံရေးမှာ နှစ်ယောက်ကြားက အဆင့်ကွာခြားချက်က အရမ်းကြီးလွန်းသည်။ ရှောင်မိသားစုက လက်ထပ်ပွဲတစ်ခုကို တောင်းဆိုနေရင် သူတို့က တခြားဖက်က ပိုက်ဆံကို သဘောကျနေတာဆိုတဲ့အထင်မျိုး လူတွေကို ပေးလိမ့်မည်။ ပြီးတော့ ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို အကြာကြီးလိုက်ခဲ့ပေမယ့် ရှောင်မိသားစုက တစ်ခါမှ လက်ထပ်ဖို့မပြောခဲ့ဘူးပေ။
ဒါပေမယ့် သူ့နောက်ခံပေါ်သွားတဲ့အချိန်မှာ သူတို့က လက်ထပ်ဖို့ကိုတောင်းဆိုမယ်ဆိုရင်?
၎င်းက လူတွေကို သင်္ကာမကင်းဖြစ်စေလိမ့်မည်။
အကြီးဆုံးဦးလေးရှောင်က ပြုံးကာ
“ဒုတိယညီလေး၊ မင်းက အရမ်းအတွေးလွန်နေတာပဲ။ အရင်က ကလေးက ကုန်းထျန်းဟောက်ကလေးမှန်း ငါတို့မသိခဲ့ကြဘူး။ ဒီတော့ ငါတို့က သူ့အပေါ်မှာ ဖိအားမပေးချင်လို့ လက်ထပ်ဖို့ကိစ္စကို မပြောခဲ့ဘူး။ ပြီးတော့ ယွီအာရဲ့အခြေအနေနဲ့ဆို ငါတို့ဘယ်လိုလုပ် လက်ထပ်ဖို့ကိစ္စကို ပြောနိုင်မှာလဲ?”
သူက ရပ်ပြီး ဆက်ကာ
“ဒါပေမယ့် အခုက မတူတော့ဘူးလေ။ သူတို့နှစ်ယောက်က အခုချစ်ကြိုက်နေကြတာပဲ။ ယွီအာက ကုန်းထျန်းဟောက်အပေါ် ဟက်ဟက်ပက်ပက်သဘောထားမရှိခဲ့ပေမယ့် အခု ငါတို့ယွီအာကိုကြည့်လိုက်လေ။ သူက ကုန်းထျန်းဟောက်ကို လုံးဝချစ်နေတာပဲ”
“မင်းနဲ့ ချိုးယင်း သူတို့ အချင်းချင်းတွေ့နေကြတာကို တားလိုက်တယ်။ ဒါပေမယ့် သူတို့ တိတ်တဆိတ် ချိန်းတွေ့နေကြတုန်းပဲ။ ပြီးတော့ ယွီအာက အပြင်ထွက်သွားတာ တစ်နာရီတောင်ရှိပြီ။ ပြန်လည်းမလာသေးဘူး။ သူတို့သေချာပေါက် အတူတူရှိနေတာ”
ရှောင်လင်းရှို့အတွက်ကတော့ သူကသက်သက် အလှပြရုံသာဖြစ်သည်။ ရှောင်ညီအစ်ကိုတွေက ဒီကိစ္စတစ်ခုလုံးကို ရယ်စရာလို့တွေးခဲ့ကြသည်။ အရင်က ယွီအာရဲ့ဖာသိဖာသာသဘောထားက ကုန်းထျန်းဟောက်ကို သူ့ခံစားချက်တွေ ဆုံးရှုံးသွားစေလိမ့်မယ်လို့ သူတို့စိုးရိမ်ခဲ့ကြသည်။ ဒါပေမယ့်လည်း ဟန်ဆောင်နေမကောင်းတဲ့ကိစ္စ ဖြစ်ပြီးသွားတာနဲ့ လူငယ်နှစ်ယောက်ရဲ့ဆက်ဆံရေးက အံ့ဩဖွယ်တိုးတက်လာခဲ့သည်။
သူတို့တွေ အံ့ဩခဲ့ကြသည်။ တစ်ချိန်တည်းမှာပဲ သူတို့ သက်သာရာရခဲ့ကြသည်။
ဒါက ကောင်းတာပဲလေ။ သူတို့တွေချစ်နေကြသရွေ့ အများကြီးစိုးရိမ်ဖို့ မလိုတော့ဘူးပေ့ါ။
ဒါ့ပြင် သူတို့နှစ်ယောက်မှာ ကလေးတစ်ယောက်လည်း ရှိပြီးသားလေ။ လက်ထပ်တာကတော့ သူတို့အတွက် သဘာဝပဲဖြစ်သည်။
အကြီးဆုံးဦးလေးရှောင်က ဆက်ကာ
“သူတို့ရဲ့ဆက်ဆံရေးက ကောင်းမွန်ပြီး သူတို့မှာ ကလေးတစ်ယောက်ရှိနေတာပဲ။ လက်ထပ်တာက သူတို့အတွက် ပုံမှန်ပဲမဟုတ်ဘူးလား? ကုန်းထျန်းဟောက်က ရုတ်တရက်ကြီး တခြားမိန်းကလေးတစ်ယောက်ကို သဘောကျသွားမယ်လို့ မင်းထင်လို့လား?”
“မင်းဘာကိုဆိုလိုတာတုန်း? သူသာ ကျသွားရင်တော့ ငါအဲ့ဒီကိုသွားပြီး သူ့ခြေထောက်ကို ချိုးပစ်မှာ!”
ဖေဖေရှောင်က သူ့ရဲ့တတိယညီကို တစ်ချက်ကြည့်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပြောကာ
“မင်းသူ့အနားကို မကပ်နိုင်သေးခင် သူ့ဘော်ဒီဂတ်တွေက မင်းခြေထောက်ကို အရင်ချိုးပစ်မှာ ငါကြောက်မိတယ်”
ရှောင်ညီအစ်ကိုများ “...”
ဒါက တကယ့်အမှန်တရားပဲလေ။
ကုန်းထျန်းဟောက်ရဲ့ဘော်ဒီဂတ်တွေ ဘယ်လောက်အားကောင်းတယ်ဆိုတာကို သူတို့မြင်ခဲ့ဖူးပြီဖြစ်သည်။ သူ့ခြေထောက်ကို ချိုးပစ်ဖို့မပြောနဲ့ သူတို့ ကုန်းထျန်းဟောက်အနားတောင် မကပ်နိုင်ပေ။ ဒါက ချမ်းသာသူနဲ့ ဆင်းရဲသူကြားက ကြီးမားတဲ့ကွာခြားချက်ပဲဖြစ်သည်။
ရှောင်ကျန်းယန်နဲ့ ချန်းချိုးယင်တို့ စိုးရိမ်နေတာ အံ့ဩစရာမဟုတ်တော့။ အနာဂတ်မှာ ရှောင်လင်းယွီသာ အနိုင်ကျင့်ခံရရင် သူတို့တွေ သူမကို မကူညီနိုင်ပေ။
အကြီးဆုံးဦးလေးရှောင်က
“ဒုတိယညီလေး၊ မင်းစိုးရိမ်နေမှန်း ငါသိတယ်။ တကယ်တော့ ငါတို့လည်း တူညီတဲ့ကိစ္စကိုပဲ စိုးရိမ်နေတာပါပဲ”
“ဒါပေမယ့် အခုက သူတို့မှာ ကလေးတစ်ယောက်ရှိနေတယ်လေ။ ကလေးရဲ့အကျိုးအတွက်ဖြစ်ဖြစ်တောင် သူတို့လက်ထပ်ရမှာပဲ။ ငါတို့လုပ်နိုင်တာအကုန်က ဒီမိသားစုကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ဖို့ပဲ။ ယွီအာသာ ငါတို့ကို တကယ်လိုအပ်ရင် အနည်းဆုံးတော့ ဒီမိသားစုက သူ့ကို နှစ်သိမ့်နိုင်တာပေါ့”
တခြားညီအစ်ကိုတွေလည်း သဘောတူကြသည်။
လူကြီးတွေက ရှောင်လင်းယွီအကြောင်း စိုးရိမ်နေကြတုန်း သူမနဲ့ ကုန်းထျန်းဟောက်ကတော့ လျှို့ဝှက်နေရာတစ်ခုမှာ ချိန်းတွေ့နေကြသည်။ ဒါပေမယ့်လည်း နွေရာသီဖြစ်နေပြီး အပြင်ဘက်မှာ ခြင်တွေအရမ်းများသည်။ ခနလောက်မတ်တပ်ရပ်ပြီးတော့ သူတို့က တဝီဝီခြင်တွေဆီကနေ အဝိုင်းခံလိုက်ရသည်။ သူတို့နှစ်ယောက်စလုံး အင်းဆက်ကာကွယ်တဲ့စပရေး ဖြန်းထားကြပေမယ့် ဒီသည်းမခံနိုင်စရာခြင်တွေရဲ့အသံကို မတားဆီးနိုင်ကြပေ။
ကုန်းထျန်းဟောက်က ခေါက်ယပ်တောင်တစ်ခုထုတ်လိုက်ပြီး တဝီဝီမြည်နေတဲ့ခြင်တွေကို ရှောင်လင်းယွီအနားကနေ မောင်းထုတ်ခဲ့သည်။
ရှောင်လင်းယွီက သူ့ကို ရယ်စရာကြည့်လိုက်ကာ
“ရှင်ဒီလိုမျိုး အရင်ကလုပ်ဖူးတာလား?”
ကုန်းထျန်းဟောက်က သူ့တစ်ဘဝလုံး ဇိမ်ရှိရှိနေလာတာလေ။ သူ့မှာ သူ့ကိုလုပ်ကျွေးဖို့ အိမ်ဖော်နဲ့ ဘော်ဒီဂတ်အုပ်စုကြီးလည်းရှိသည်။ ဒါပေါ့ သူဘယ်တုန်းကမှ ခြင်ကိုက်မခံရဖူးဘူးလေ။
ကုန်းထျန်းဟောက်က အရမ်းလေးနက်တဲ့လေသံတစ်ခုနဲ့ ပြောလိုက်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?
“တကယ်တော့ ကိုယ်လုပ်ခဲ့ဖူးတယ်။ ကိုယ်က စစ်သားဖြစ်ခဲ့ဖူးပြီး ထရိန်နင်မျိုးစုံ ခံခဲ့ရဖူးတယ်။ ဒီလိုမျိုးဆင်းရဲဒုက္ခအားလုံးကို ကိုယ်ကြံ့ကြံ့ခံခဲ့ပြီးသား”
ရှောင်လင်းယွီက အံ့ဩသွားသည်။
သူမရဲ့မျက်လုံးတွေက မယုံနိုင်မှုတွေနဲ့ ပြည့်နေခဲ့သည်။
ကုန်းထျန်းဟောက်က စစ်သားဖြစ်ခဲ့ဖူးတယ်ဆိုတာကို သူမ မယုံနိုင်ပေ။ သူကအမြဲတမ်း စီးကွားရေးသမားတစ်ယောက်လို့ပဲ သူမထင်ခဲ့သည်။
ကုန်းထျန်းဟောက်က ဆက်ကာ
“မတော်တဆတစ်ခုဖြစ်ပြီး ကိုယ်အနားယူလိုက်တယ်။ ပြီးတော့ ကိုယ်စီးပွားရေးလောကထဲ ဝင်ခဲ့တယ်။ တကယ်တော့ ကိုယ်က စစ်သားမဖြစ်ခင်က စီးပွားရေးသမားတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ကိုယ် စစ်တပ်ကနေပြန်လာတော့ စီးပွားရေးလောကဆီ ပြန်သွားခဲ့တာ”
ကုန်းထျန်းဟောက်က အသက်ငယ်ငယ်ကတည်းက ကိစ္စတွေအများကြီး ကြုံတွေ့ဖူးလိမ့်မယ်လို့ ရှောင်လင်းယွီ မထင်ခဲ့ပေ။ သူမက ကုန်းထျန်းဟောက်ရဲ့မျက်နှာကို ကြည့်လိုက်ပြီး နာကျင်နေတဲ့မျက်နှာထားနဲ့
“ဒါဆိုရင် ရှင်အများကြီး ခံစားခဲ့ရမှာပဲ။ ရှင်ကအရမ်းငယ်သေးတာကို ကိစ္စတွေအများကြီး ကြုံတွေ့ခဲ့ဖူးပြီ”
ကုန်းထျန်းဟောက်ကပြုံးကာ
“အဆင်ပြေပါတယ်။ အဲ့ဒီကိစ္စတွေအားလုံးက အတိတ်မှာပဲကို”
၎င်းကိုပြောပြီးတော့ သူက ရှောင်လင်းယွီရဲ့ လက်ကိုကိုင်ကာ
“ယွီအာ၊ မင်း ကိုယ့်အတိတ်အကြောင်းကြားချင်ရင် ကိုယ့်ကို လက်ထပ်လိုက်။ နောက်ကျရင် ကိုယ်မင်းကို အားလုံးပြောပြမယ်။ ဟုတ်ပြီလား?”
ရှောင်လင်းယွီရဲ့မျက်နှာက အနည်းငယ် နီရဲသွားသည်။ ပြီးနောက်မှာ သူမက နှုတ်ခမ်းစူကာ ရှက်ရှက်နဲ့
“ဘယ်သူက ရှင့်အတိတ်အကြောင်း ကြားချင်လို့လဲ?”
ကုန်းထျန်းဟောက်က မျက်ခုံးပင့်ပြီးမေးကာ
“မင်းကိုယ့်အတိတ်ကို သိသိသာသာစိတ်ဝင်စားနေတာပဲကို။ ဒီတော့ မင်းကိုယ့်ကိုနားလည်ပြီး ကိုယ့်အကြောင်း အကုန်သိချင်ရင် ကိုယ့်ဇနီးဖြစ်ဖို့လိုတယ်”
ရှောင်လင်းယွီရဲ့အကြည့်က ရွေ့သွားပြီး အနားပတ်လည်ကို ကြည့်လိုက်ပေမယ့် ကုန်းထျန်းဟောက်ကို သူမမကြည့်ရဲခဲ့ပေ။
‘ဒါဘယ်လို လက်ထပ်ခွင့်တောင်းတာမျိုးလဲ? ငါက ခြင်တွေနဲ့ဝိုင်းခံနေတာ။ ပြီးတော့ အရမ်းမသက်မသာဖြစ်ချက်။ သူက ငါတို့လက်ထပ်ခွင့်တောင်းတာကို ဒီခြင်တွေကို မျက်မြင်သက်သေထားချင်တာလား'
ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ ရှက်နေတဲ့အမူအယာကိုကြည့်လိုက်ပြီး သူ့ရဲ့စူးရှတဲ့အကြည့်က လေးနက်လာသည်။ သူက ရှောင်လင်းယွီရဲ့ ဖြူဖွေးပြီးနူးညံ့တဲ့လက်ကို ကိုင်လိုက်ကာ သူမလက်ဖမိုးကို ပွတ်သပ်ဖို့ သူ့လက်ကိုသုံးလိုက်ပြီး ရှောင်လင်းယွီရဲ့နှလုံးသားကို တရွရွဖြစ်သွားစေခဲ့သည်။
ရှောင်လင်းယွီက ခေါင်းခါလိုက်သည်။
ကုန်းထျန်းဟောက်ရဲ့အကြည့်က လေးနက်သွားပြီး နားမလည်နိုင်စွာမေးကာ
“ဘာလို့လဲ? ကလေးကမွေးတော့မှာပဲလေ။ ကလေးကို နာမည်တစ်ခု မပေးချင်ဘူးလား? ပြီးတော့ မင်းကိုယ့်ကိုလည်း နာမည်တစ်ခု ပေးဖို့လိုတယ်!”
ရှောင်လင်းယွီက မျက်စိကစားလိုက်ပြီး နူးညံ့ပြီးစိတ်တိုနေတဲ့ဟန်ပန်နဲ့မေးကာ
“ဒါဘယ်လို အဓိပ္ပာယ်မရှိတာမျိုးကြီးလဲ?”
သူက သူ့စိတ်ထဲမှာ ကလေးထက် သူ့နာမည်ကို ပိုဂရုစိုက်နေပုံပေါ်သည်။ ကုန်းထျန်းဟောက်က သင့်တင့်လျောက်ပတ်စွာနဲ့
“ယွီအာ ကိုယ်တို့မှာ ကလေးတစ်ယောက်ရှိနေပြီပဲ။ မင်းကိုယ့်ကို တရားဝင်နာမည်တစ်ခု ပေးရမယ်လေ”
ရှောင်လင်းယွီက ပြုံးကာ
“ဒါပေမယ့် ရှင် ကျွန်မမိသားစုကို အရင်စာရင်းရှင်းရမယ်”
ကုန်းထျန်းဟောက်ရဲ့မျက်လုံးတွေ လင်းလက်သွားပြီး သူက စိုးရိမ်တကြီးမေးကာ
“ယွီအာ၊ ဦးလေးနဲ့ ဒေါ်လေးက ကိုယ်တို့လက်ထပ်ပွဲကို သဘောတူရင် မင်းကိုယ့်ကိုလက်ထပ်မယ်လို့ ဆိုလိုတာလား။ ဟုတ်တယ်မလား?”
ရှောင်လင်းယွီက သိသိသာသာကို အနည်းငယ်ရှက်ရွံ့နေသည်။ သူမက ခြေထောက်ဆောင့်လိုက်ကာ
“ကုန်းထျန်းဟောက်၊ ရှင်ကျွန်မကို လာအရူးလုပ်နေတာမလား?”
ပြီးနောက်မှာ ကုန်းထျန်းဟောက်ရဲ့အဖြေကို မစောင့်ဘဲ သူမက အနားကဂိမ်းဆော့နေတဲ့သူကို အော်လိုက်ကာ
“ရှောင်လင်းရှို့၊ ဒီကိုပြန်လာခဲ့တော့။ ငါအိမ်ပြန်တော့မယ်”
သူ့အစ်မရဲ့အော်သံကို ရှောင်လင်းရှို့ကြားတော့ ချက်ချင်းပြေးလာပြီး ရှောင်လင်းယွီကို ကူညီလိုက်သည်။ ဂိမ်းစက်အတွက်ကတော့ သူက ၎င်းကို သူနဲ့အတူယူသွားခဲ့သည်။
***