ခွင့်လွှတ်ခြင်း၊ လက်ထပ်ခြင်း
Vol. 25 Ch. 421
ရှောင်လင်းယွီရဲ့စကားတွေကိုကြားပြီးတော့ ကုန်းထျန်းဟောက်က ရှောင်မိသားစုကို နေ့တိုင်း အစီရင်ခံသည်။ ဖေဖေရှောင်နဲ့ မေမေရှောင်က သူ့အတွက် ကိစ္စတွေကို ဘယ်လောက်ပဲ ခက်ခဲအောင်လုပ်ဖို့ ကြိုးစားကြိုးစား သူက စိတ်ပါလက်ပါတောင်းပန်သည်။ ဒါပေမယ့်လည်း သူ့ဆင်ခြေကဘာပဲဖြစ်ဖြစ် သူက ရှောင်လင်းယွီကို ထိခိုက်စေခဲ့တာတော့ အမှန်တရားပဲဖြစ်သည်။
ကုန်းထျန်းဟောက်က အရမ်းလေးနက်ပြီး ရိုးသားတဲ့ဟန်နဲ့
“ဦးလေး ဒေါ်လေး၊ ကျွန်တော်မှားခဲ့မှန်း သိပါတယ်။ ကျွန်တော်က ယွီအာကို နာကျင်စေခဲ့တယ်။ ကျွန်တော် ဦးလေးတို့အားလုံးကို တောင်းပန်ပါတယ်။
ဒါပေမယ့်လည်း ကျွန်တော် ယွီအာကို အနာဂတ်မှာ ပိုပြီးကောင်းကောင်းဆက်ဆံမှာပါ။ ကျွန်တော် သူ့ကို ဘာနစ်နာချက်မှ မကြုံတွေ့စေရဘူး။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”
မေမေရှောင်နဲ့ ဖေဖေရှောင်က ကုန်းထျန်းဟောက်ကို လေးလေးနက်နက်မကြည့်မီ ခနလောက် တိတ်ဆိတ်နေခဲ့ကြသည်။
မေမေရှောင်က သက်ပြင်းချကာ
“ထားလိုက်ပါတော့၊ ကလေးရဲ့အထောက်အထားကိုဖုံးထားက လုံးဝကြီး မင်းအမှားလည်းမဟုတ်ပါဘူး။ ယွီအာလည်း တာဝန်ရှိတာပဲ။ သူလည်း ငါတို့ကို အမှန်ကိုဖုံးထားခဲ့တာပဲ”
ဖေဖေရှောင်က ခေါင်းညိတ်ကာ
“မင်းရော ယွီအာရော နှစ်ယောက်စလုံးက ကလေးရဲ့ဇစ်မြစ်အကြောင်း သိခဲ့ကြပေမယ့် တစ်ယောက်မှ ငါတို့ကို ဘာမှမပြောပြခဲ့ဘူး။ မင်းတို့နှစ်ယောက်က ပူပန်စရာပဲ။ ဘာလို့ ဒါကို ငါတို့ကိုဖုံးထားရတာလဲ?
ဒီအကြောင်း မင်းတို့ငါတို့ကိုပြောရင် စိတ်ဆိုးလောက်ပေမယ့် အဲ့ဒါကဘယ်လောက်ကြာမှာမလို့လဲ? ဆန့်ကျင်ဘက်ပဲ၊ ဒီအကြောင်းကို ငါတို့ပျော်တောင်ပျော်ဦးမှာ။ အနည်းဆုံးတော့ ငါတို့တွေ ကလေးကတရားမဝင်ဖြစ်မှာကို စိတ်ပူစရာမလိုတော့ဘူးလေ။ ဒါ့ပြင် သူ့မှာ အဖေတစ်ယောက်ရှိပြီး သူ့အဖေကလည်း သူ့ဘေးမှာ အမြဲရှိနေမှာပဲကို”
ကုန်းထျန်းဟောက်က
“ကျွန်တော်က ကလေးကြောင့် သူ့ကိုလိုက်နေတယ်လို့ ယွီအာနားလည်မှုလွဲသွားမှာ ကျွန်တော် ကြောက်ခဲ့လို့ပါ”
မေမေရှောင်က ပြတ်ပြတ်သားသားနဲ့
“ဒါပေမယ့် အဆုံးကျတော့လည်း အဲ့ဒါကဖြစ်ခဲ့တာပဲ မဟုတ်ဘူးလား? ငါတို့ကိုအရူးတောင်လုပ်လိုက်ပြီး ဒါအတွက်နဲ့ သူ့ကိုတောင် ငါတို့ကိုဆူစေလိုက်သေးတယ်။ အခု ဘာလို့ ယွီအာက ဒီလျှို့ဝှက်ချက်ကို ထိန်းထားရလဲဆိုတာကို ငါနောက်ဆုံးမှာ နားလည်သွားပြီ”
အဲ့ဒီအချိန်မှာ မေမေရှောင်က ခနလောက်ရပ်လိုက်ပြီး လေးလေးနက်နက်နဲ့
“ထျန်းဟောက် အချစ်ရေးတွေမှာ နှစ်ဖက်စလုံးက စစ်မှန်၊ ရိုးသားပြီး ယုံကြည်ရမယ်။ ဒါက နားလည်မှုလွဲတာမျိုးအားလုံးကို လျှော့ချပေးလိမ့်မယ်။ နောက်ကျလို့ မင်းယွီအာကို လက်ထပ်ရင် ငါ့ယွီအာကို မင်းစစ်မှန်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြလိမ့်မယ်လို့ မျှော်လင့်တယ်။ ထျန်းဟောက် မင်းငါ့ကို တစ်ခုကတိပေးနိုင်မလား?”
သူမ ဒီမေးခွန်းကိုမေးတော့ မေမေရှောင်ရဲ့မျက်နှာထားက တည်ကြည်လေးနက်နေသည်။
ကုန်းထျန်းဟောက်က ခေါင်းကို တည်တည်ကြည်ကြည်ပဲညိတ်လိုက်ကာ
“ဟုတ်ကဲ့ ဒေါ်လေး၊ ကျေးဇူးပြုပြီး ပြောလိုက်ပါ”
မေမေရှောင်က
“ထျန်းဟောက် ငါဒါကိုပြောနေတာက တကယ်လို့ တကယ်လို့များ အနာဂတ်မှာ မင်း ယွီအာအတွက် ခံစားချက်တွေဆုံးရှုံးသွားလို့ရှိရင် မင်းသူ့ကိုပြောပြဖို့ ငါမျှော်လင့်တယ်။ ပြီးတော့ မင်းယွီအာကို နာကျင်အောင်မလုပ်စေချင်ဘူး။ ဟုတ်ပြီလား?
မင်း ဘယ်လောက်ဩဇာရှိမှန်း ဒေါ်လေးသိတယ်။ မင်းတကယ်ပဲ ယွီအာကိုနာကျင်စေချင်ရင် ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး၊ ဒါပေမယ့် ငါ့သမီးကို ကာကွယ်ဖို့တော့ အကောင်းဆုံးလုပ်မှာပဲ။ အခု ဒေါ်လေးမင်းကို အမေတစ်ယောက်အနေနဲ့မေးမယ်။ မင်းဒါကို ငါ့အတွက် လုပ်ပေးနိုင်မလား?”
ကုန်းထျန်းဟောက်က လေးနက်ပြီး တည်ကြည်တဲ့အမူအယာနဲ့ မေမေရှောင်ကို နားထောင်နေခဲ့သည်။ သူက အရမ်းလေးလေးနက်နက်နဲ့
“ဦးလေး ဒေါ်လေး၊ ကျွန်တော်က ဒီဆက်ဆံရေးကို သစ္စာမဖောက်ပါဘူး။ ပြီးတော့ ကျွန်တော် ယွီအာကိုလည်း ဘယ်တော့မှ ထိခိုက်အောင်မလုပ်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံကြည်ပေးပါ”
ဖေဖေရှောင်နဲ့ မေမေရှောင်က အချင်းချင်းကြည့်လိုက်ကြပြီး ခနလောက် တိတ်ဆိတ်သွားကြသည်။
ဖေဖေရှောင်က ထျန်းဟောက်ရဲ့ပခုံးကို ပုတ်လိုက်ပြီး
“ထျန်းဟောက်၊ ဦးလေးနဲ့ ဒေါ်လေးက မင်းကိုယုံပါတယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ ငါတို့ကလေးအတွက် စိုးရိမ်မှုကိုလည်း မင်းနားလည်ပေးနိုင်မယ် မျှော်လင့်တယ်”
ဖေဖေရှောင်က ခနလောက်ရပ်လိုက်က
“ယွီအာက ငယ်ငယ်လေးကတည်းက ခေါင်းမာခဲ့တာ။ သူ့မှာ စိတ်ကူးစိတ်သန်းကောင်းတွေရှိပြီး တွေးခေါ်တတ်တယ်။ သူက ငါတို့ကို စိတ်ပူစေခဲပါတယ်။ သူငါတို့ကို စိတ်ပူစေခဲ့တဲ့ တစ်ခုတည်းသောအချိန်က ၁၅နှစ်တုန်းက ရည်းစားထားတဲ့အချိန်ပဲ။ ငါတို့ သူ့ကိုတားဖို့ ကြိုးစားပေမယ့်လည်း သူက အဲ့ဒီချန်းမိသားစုက ကလေးနဲ့ ခေါင်းမာမာနဲ့ ကြိုက်နေခဲ့ကြတာ”
“အဲ့ဒီဆက်ဆံရေးက ဆယ်နှစ်ကြာခဲ့တယ်။ ဒါပေမယ့်လည်း ဆယ်နှစ်ကြာပြီးတော့ သူက သစ္စာဖောက်ခံရပြီး ဘောင်ခတ်ခံလိုက်ရတယ်။ သူ့ရဲ့မိဘတွေအနေနဲ့ သူ့အတွက် ငါတို့စိတ်တွေ တကယ်ဆို့နင့်ခဲ့တယ်။ အခု ယွီအာက သူ့နှလုံးသားကိုဖွင့်ပြီး မင်းခံစားချက်တွေကို လက်ခံလိုက်တယ်။ ဆိုလိုတာကတော့ သူမင်းကို တကယ်သဘောကျနေတာပဲ။
ဒါကြောင့် ဦးလေးနဲ့ဒေါ်လေးက နောက်ကျရင် မင်းသူ့ကို မနာကျင်စေဖို့ မျှော်လင့်တာပဲ”
မိဘတွေက အသက်၁၀၀နေရရင်တောင် ၉၉နှစ်အထိ သူတို့ကလေးအတွက် စိုးရိမ်နေကြဦးမှာ ဖြစ်သည်။
ကုန်းထျန်းဟောက်က ခေါင်းညိတ်ကာ
“ဦးလေး၊ ကျွန်တော် ယွီအာကို မနာကျင်စေဘူးလို့ ကတိပေးပါတယ်။ ကျွန်တော် ယွီအာနဲ့ ကလေးကို သေချာပေါက်ကာကွယ်မှာ။ သူတို့ကိုလည်း ဘယ်သူမှ နာကျင်စေခွင့်မပြုဘူး”
ဖေဖေရှောင်နဲ့ မေမေရှောင်က ခေါင်းညိတ်လိုက်ကြသည်။
ဖေဖေရှောင်က
“မင်းကတိကိုတည်မယ်လို့တော့ ငါမျှော်လင့်ပါတယ်။ အထဲဝင်ပြီး ယွီအာကို တစ်ချက်ကြည့်သွားဦး။ သူက ခြံထဲမှာ အရမ်းစိုးရိမ်နေတာ။ သူ့အမေနဲ့ ငါက မင်းကို ကိုက်စားလိုက်မှာ စိုးရိမ်နေတာလေ”
ခြံထဲတွင် ကုန်းထျန်းဟောက် ထပ်ပြီးလာလည်မှန်း ရှောင်လင်းယွီသိခဲ့သည်။ သူမက ကုန်းထျန်းဟောက်က တံခါးအပြင်ဘက်ကနေ အငြင်းခံလိုက်ရတဲ့ အကြိမ်အရေအတွက်ကိုတောင် မေ့သွားပြီဖြစ်သည်။ ဒီတစ်ကြိမ်လည်း အတူတူပဲလို့ သူမတွေးခဲ့သည်။ သူမ အပြင်ထွက်ပြီး ကုန်းထျန်းဟောက်အတွက် အသနားခံချင်သည်။ ပြီးတော့ သူမကလည်း ကလေးအဖေရဲ့အထောက်အထားကို ဖုံးထားတဲ့အတွက် တာဝန်ရှိတာပဲလေ။
သူမမိဘတွေက လုံးဝကြီး ကုန်းထျန်းဟောက်ကို အပြစ်တင်လို့မရပေ။ နိုင်ငံထဲမှာ အချမ်းသာဆုံးလူဆိုတဲ့ အထောက်အထားကိုတော့ ကုန်းထျန်းဟောက်က ၎င်းကိုဘယ်လိုပြောရမယ်မှန်း တကယ်မသိခဲ့ပေ။ သူက ဒီအချက်ကို ဖြစ်သလိုမပြောလိုက်နိုင်ပေ။ သူ့ကို ဘယ်သူမှယုံကြည်မှာ မဟုတ်ပေ။ ဒါ့ပြင် သူက သူမကိုမရသေးခင် သူ့ရဲ့အထောက်အထားကိုချပြလိုက်ရင် နောက်ထပ်ဟန့်တားမှုတချို့လည်း ရှိလာနိုင်သည်။ ဒါကြောင့် သူဘာမှမပြောခဲ့တာတော့ နားလည်နိုင်ဖွယ်ရှိသည်။
ရှောင်လင်းယွီက ခြံထဲမှာ ဆက်မနေနိုင်တော့ပေ။ သူမက မတ်တပ်ထရပ်လိုက်ပြီး တံခါးဆီလျှောက်လာဖို့ ပြင်လိုက်သည်။
“ယွီအာ၊ သမီးအတွက် ဘာကအကောင်းဆုံးလဲဆိုတာ သမီးအဖေနဲ့ အမေက သိတယ်။ စိုးရိမ်မနေနဲ့”
သူမက မတ်တပ်ရပ်တုန်း ဘွားဘွားရှောင်က သူ့ကိုတားလိုက်သည်။
သူမကို ဖျောင်းဖျဖို့ ကြိုးစားလိုက်ပြီး
“သမီးအခုသွားရင် မီးကို လောက်စာထည့်မိသွားလိမ့်မယ်။ သမီးအဖေနဲ့ အမေက ထျန်းဟောက်အတွက် ကိစ္စတွေကို ပိုပြီးခက်ခဲစေလိမ့်မယ်”
ရှောင်လင်းယွီက ထပ်ပြီးထိုင်မချမီ ခနလောက် တွေးလိုက်သည်။ မသိနိုင်တဲ့အချိန်ပမာဏတစ်ခုပြီးတဲ့နောက်မှ သူမအဖေ၊ အမေနဲ့ ကုန်းထျန်းဟောက်တို့က ခြံထဲကိုဝင်လာသည်။ ကုန်းထျန်းဟောက် ခြံထဲကိုဝင်လာတာကိုမြင်တော့ ရှောင်လင်းယွီရဲ့မျက်လုံးတွေ လင်းလက်သွားသည်။ သူမမျက်လုံးတွေထဲမှာ ဖော်ပြလို့မရနိုင်တဲ့ ပျော်ရွှင်မှုတွေ ရှိနေသည်။
ဒါက သူမရဲ့မိဘတွေက ကုန်းထျန်းဟောက်ကို ခွင့်လွှတ်လိုက်ပြီလို့ ဆိုလိုတာလား?
“ထျန်းဟောက်”
ရှောင်လင်းယွီက ချက်ချင်းထလိုက်ပြီး ကုန်းထျန်းဟောက်ဆီ လမ်းလျှောက်သွားလိုက်သည်။
သူမက သူ့ရဲ့လက်ကိုကိုင်ကာ
“ထျန်းဟောက်၊ ကျွန်မမိဘတွေက ရှင့်ကို အခက်တွေ့အောင် လုပ်သေးလား?”
ဖေဖေရှောင်နဲ့ မေမေရှောင် “…”
ဒီကလေးမျက်လုံးထဲမှာ ငါတို့ရောရှိသေးလား? ငါတို့ဘေးနားမှာ ရှိနေတုန်းတောင် ဒီမေးခွန်းကိုမေးဖို့ စဉ်းစားရင်! သူက ငါတို့ကိုကျော်ပြီး သူ့ရည်းစားကို ရွေးသွားတာပဲ။
ဖေဖေရှောင်နဲ့ မေမေရှောင်က သူတို့စိတ်ထဲမှာ အနည်းငယ်မသက်မသာဖြစ်သွားကြသည်။ သူတို့က ရုတ်တရက် ကုန်းထျန်းဟောက်ကို မအေးစက်သလို နွေးလည်းမနွေးထွေးတဲ့ သူတို့သမီးကို ပြန်လွမ်းလာကြသည်။
မေမေရှောင်က ချက်ချင်း အသံကျယ်ကျယ်နဲ့
“ရှောင်လင်းယွီ၊ ငါတို့ကိုဘယ်လိုလူမျိုးလို့ နင်ထင်နေတာလဲ?”
မေမေရှောင်က ဒေါသထွက်တော့မှာကို ကုန်းထျန်းဟောက်မြင်လိုက်သည်။ ဒါကြောင့် သူက ရှောင်လင်းယွီရဲ့လက်ကို ချက်ချင်းဆွဲယူလိုက်ကာ
“ယွီအာ မဟုတ်ဘူး မဟုတ်ပါဘူး။ ဦးလေးနဲ့ ဒေါ်လေးက လုံးဝ ကိုယ့်ကို အခက်တွေ့အောင်မလုပ်ဘူး။ မဟုတ်ရင် သူတို့တွေ ကိုယ့်ကို အထဲဝင်ခွင့်တောင်ပေးမှာမဟုတ်ဘူးလေ”
ရှောင်လင်းယွီက ခေါင်းညိတ်ကာ
“အိုး ကောင်းတာပဲ”
ပြီးနောက်မှာ သူမရဲ့ မိဘတွေဆီ လှည့်လိုက်ပြီး
“အဖေ အမေ၊ သမီးလည်း ကလေးရဲ့ကိစ္စကို ဖုံးထားခဲ့တာပဲ။ သမီးလည်း တာဝန်ရှိတယ်။ အဖေတို့ ထျန်းဟောက်ကို အကုန်လုံးအတွက် အပြစ်တင်လို့မရဘူး”
ဖေဖေရှောင်နဲ့ မေမေရှောင်၊ “…”
ရှောင်တစ်မိသားစုလုံး “…”
ကိစ္စတွေက ပြောင်းလဲတာအရမ်းမြန်တာပဲ!
မေမေရှောင်က စက်ဆုပ်စွာနဲ့
“တော်လောက်ပြီ။ နင်က ကိုယ်ဝန်ရှိနေတာ။ မြန်မြန်ထိုင်တော့”
ရှောင်လင်းယွီ “…”
ကြည့်ရတာ ငါအမေရဲ့ခြေထောက်ကို ခလုတ်တိုက်မိသွားပုံပဲ။ မကောင်းတော့ဘူး။
အဲ့ဒီအချိန်မှာ မေမေရှောင်က
“ယွီအာ၊ နင့်ဗိုက်က အရမ်းကြီးလာပြီး အစားလျှော့ရမယ်လို့ ဆရာဝန်က ပြောတယ်။ ဒါကြောင့် နောက်ကျရင် ငါနင့်အတွက် အစာကို လျှော့ချက်ပေးမယ်"
မျှော်လင့်ထားသလိုပဲ လက်စားချေတာက ရောက်လာပြီ။
သူမ ကိုယ်ဝန်ရှိနေကတည်းက ရှောင်လင်းယွီက အစားအစာအတွက် ဦးစားပေးမှုရခဲ့သည်။ အစတုန်းကတော့ ၎င်းက အဆင်ပြေသည်။ ပြီးတော့ ကလေးကလည်း နုသေးတယ်လေ။ ဒါကြောင့် မေမေရှောင်က ရှောင်လင်းယွီရဲ့ စားချင်စိတ်ရှိနေတာကိုပဲ သဘောကျသည်။
ဒါပေမယ့် သူမရဲ့ဗိုက်ကကြီးလာတာနဲ့ သူမစတင်ပြီး စိုးရိမ်လာသည်။ ဒီကိုယ်ဝန်က အရမ်းကြီးနေပြီး မွေးဖွားဖို့ မလွယ်ကူလောက်ပေ။ ဒါကြောင့် သူမက ရှောင်လင်းယွီရဲ့ အစားအသောက်ပုံစံကို စတင်ထိန်းချုပ်ခဲ့ပေမယ့် သူမသမီးရဲ့ ကြိုက်နှစ်သက်တဲ့အစားအစာကိုတော့ ချက်ပြုတ်ပေးနေဆဲဖြစ်သည်။
အခု သူမရဲ့သမီးက သူမကို ဆန့်ကျင်လာတော့ မေမေရှောင်က သူမကို အလိုလိုပဲ သင်ခန်းစာပေးချင်လာသည်။
ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ထိုင်ဖို့ ဆွဲလိုက်သည်။ သူက ဖေဖေရှောင်၊ မေမေရှောင်နဲ့ ဘွားဘွားရှောင်တို့ကို တစ်ချက်ကြည့်လိုက်ပြီး အရမ်းလေးနက်တဲ့အမူအယာနဲ့
“ဒေါ်လေး၊ ကျွန်တော် ယွီအာကို လက်ထပ်ချင်တယ်။ ကျွန်တော် ယွီအာကို သေချာပေါက် စိတ်မပျက်စေဘူး။ ကျွန်တော်သူ့ကို တစ်ဘဝလုံး တုန်နေအောင် ချစ်မှာပါ။ ကျွန်တော်သူ့ကို ဘယ်သူမှ ကျွန်တော်ကိုယ်တိုင်တောင် သူ့ကိုနာကျင်စေခွင့်မပြုဘူး”
ရှောင်မိသားစုက သူတို့ရဲ့လက်ထပ်ခြင်းကို ပြီးခဲ့တဲ့နှစ်ရက်ကတင် ဆွေးနွေးနေခဲ့ကြသည်။ အရင်က ကုန်းမိသားစုက လက်ထပ်ခွင့်တောင်းဖို့ မလာခဲ့တဲ့အတွက် သူတို့က ၎င်းကိုပြောဆိုဖို့ အဆင်မပြေဘူးလို့ ဖေဖေရှောင် တွေးခဲ့သည်။ ဒါ့ပြင် သူတို့တွေ နည်းနည်းတောင်စိုးရိမ်နေလိုက်သေးသည်။
***