မိုးထိပ်ဖျားလက်ဆောင်
Vol. 25 Ch. 422
ကုန်းထျန်းဟောက်ရဲ့ လပ်ထပ်ခွင့်တောင်းမှုက သူတို့ရဲ့မျှော်မှန်းချက်အတွင်းမှာ ရှိသလို မရှိလည်းမရှိပေ။
သူတို့က ကုန်းထျန်းဟောက်ကို အိမ်ထဲကို ပြန်ဝင်ခွင့်ပြုပြီး သူကချက်ချင်း လက်ထပ်ခွင့်တောင်းခဲ့သည်။ အဲ့ဒီအချိန်မှာ နှစ်ယောက်သားလက်ထပ်ကြဖို့ ဖေဖေရှောင်နဲ့ မေမေရှောင်တို့ကလည်း မျှော်လင့်ခဲ့သည်။ အနည်းဆုံးတော့ ၎င်းက ကလေးမမွေးခင်ဖြစ်သင့်သည်။ ဒါမှ ကလေးက တရားမဝင်လို့ အခေါ်မခံရမှာဖြစ်သည်။
ဒါပေမယ့်လည်း သူတို့သမီးကို ဒီလိုပဲပေးပစ်လိုက်ရတာက သူတို့အတွက် ကောင်းမွန်တယ်လို့ မခံစားရပေ။ သူတို့က သူတို့သမီးကို အနှစ်နှစ်ဆယ်ကျော် ပျိုးထောင်ခဲ့တာလေ။ သူမကိုအိမ်ထောင်ချပေးလိုက်တာက ပျော်ရွှင်ရသလို ဝမ်းလည်းဝမ်းနည်းရသည်။
သူမကိုအမှန်တကယ်ချစ်မြတ်နိုးတဲ့ ယောက်ျားတစ်ယောက်ကို တွေ့သွားလို့ သူတို့တွေပျော်ရွှင်ကြသည်။ ဒါပေမယ့်လည်း သူတို့သမီးက သူတို့ကို ထားခဲ့တော့မှာမလို့ ဝမ်းနည်းကြသည်။
ဖေဖေရှောင်က ကုန်းထျန်းဟောက်ရဲ့တောင်းဆိုချက်ကို ချက်ချင်းသဘောမတူခဲ့ပေ။ အဲ့ဒီအစား သူက ရှောင်လင်းယွီကို ကြည့်လိုက်ပြီးမေးကာ
“ယွီအာ သမီးဘယ်လိုစဉ်းစားလဲ?”
ရှောင်လင်းယွီက ရှက်သွေးဖြာသွားကာ ရှက်ရှက်နဲ့
“အဖေ အဖေဆုံးဖြတ်ချက်ချနိုင်တာပဲကို”
သူမက ကုန်းထျန်းဟောက်နဲ့ ချစ်ကြိုက်နေမှတော့ သူ့ကိုလက်ထပ်ဖို့ကို အလိုလိုပဲငြင်းမှာမဟုတ်ပေ။ ဒါ့ပြင် သူမက ရှောင်ထုန်ကိုလည်း သူ့ကိုချစ်ပြီး ကာကွယ်ပေးမယ့်အဖေတစ်ယောက် ရှိစေချင်သည်။ သူမရဲ့အရင်ဘဝမှာ သူ့ကိုအများကြီး အကြွေးတင်နေခဲ့သည်။ ဒီဘဝမှာတော့ သူ့ကို အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံးဘဝတစ်ခု ပေးချင်သည်။ အဖေ၊ အမေ ၊ အဘိုးအဘွားတွေနဲ့ မိသားစုနှစ်ခုရဲ့ချစ်မေတ္တာနဲ့ သူကသေချာပေါက် ဒီတစ်ကြိမ်မှာ အရမ်းပျော်စရာကောင်းတဲ့ဘဝဆီ ဦးတည်နေလိမ့်မည်။
ဒီအကြောင်းတွေးရင်း ရှောင်လင်းယွီက သူမဗိုက်ကိုပွတ်လိုက်ပြီး တွေးကာ
‘ရှောင်ထုန်၊ မင်းလည်း မင်းမိဘတွေကို အတူတူရှိစေချင်တယ်မလား? မင်းအဖေလည်း အဲ့ဒီမှာရှိနေမှာ။ သူကအရမ်းချောမောတယ်၊ ပြီးတော့ မင်းကိုလည်းကာကွယ်ပေးမှာ'
ရှောင်လင်းယွီက သူမဗိုက်ကိုပွတ်နေတဲ့လုပ်ရပ်ကို လူတိုင်း သတိပြုမိခဲ့သည်။
ဖေဖေရှောင်က တစ်ခုခုပြောချင်နေပေမယ့် အဆုံးမှာတော့
“ကောင်းပြီ! ငါ့သမီးကို မင်းလက်ထဲအပ်ရတာပေါ့။ မင်းသူ့ကို ချစ်မြတ်နိုး၊ ကာကွယ်ပြီး မနာကျင်စေဖို့ ငါမျှော်လင့်တယ်”
“ဟုတ်ကဲ့၊ ကျွန်တော် သေချာပေါက်သူ့ကို ချစ်ပြီး၊ ကာကွယ်ပေးမှာပါ။ မနာကျင်စေရဘူး။ ဦးလေးနဲ့ ဒေါ်လေး စိတ်မပူပါနဲ့”
ပြီးခဲ့တဲ့ဒီနှစ်ရက်မှာ သခင်ကြီးကုန်းက လေအလျင်လို လျှောက်နေခဲ့သည်။ မနေ့က သခင်ကြီးကုန်းက လက်ထပ်ခွင့်တောင်းဖို့ ကုန်းထျန်းဟောက်ကို ရှောင်မိသားစုဆီ ခေါ်သွားခဲ့သည်။ သူတို့မသွားခင် ဘယ်ပစ္စည်းတွေကို စေ့စပ်လက်ဆောင်အဖြစ်နဲ့ပေးရမလဲဆိုတာ သခင်ကြီးကုန်းနဲ့ ကုန်းထျန်းဟောက်တို့ ဆွေးနွေးခဲ့သည်။
“ကျန်းယန် ချိုးယင်း၊ ဒါ ငါတို့ မင်းတို့တွေကိုပေးတဲ့ စေ့စပ်လက်ဆောင်တွေပဲ။ တစ်ချက်လာကြည့်ဦး”
ဘိုးဘိုးကုန်းက မေမေရှောင်နဲ့ ဖေဖေရှောင်ကို လက်ဆောင်ပစ္စည်းစာရင်းတစ်ခု ပေးလိုက်သည်။ အဲ့ဒီနေ့က ကုန်းမိသားစုက တောင်းရမ်းမယ်ဆိုတာကိုသိတော့ ရှောင်မိသားစုက ဘယ်လောက်ပဲအလုပ်များများ အပြေးလာခဲ့ကြသည်။ ဖေဖေရှောင်နဲ့ မေမေရှောင်က လက်ဆောင်စာရင်းကို ဖွင့်လိုက်တာနဲ့ ရှော့ခ်ရသွားခဲ့ကြသည်။ စာရင်းကအရမ်းရှည်နေပြီး သူတို့တောင် ၎င်းကို ကိုင်မထားနိုင်ပေ။
၎င်းမှာ မြို့တော်က ဗီလာခြောက်ခု၊ ခြံဝန်းကျယ်နှင့်အိမ်တော် နှစ်လုံး၊ ကုမ္ပဏီရှယ်ယာတွေ၊ စတော့ငွေတွေနဲ့ အစရှိတာတွေပဲဖြစ်သည်။
ဖေဖေရှောင်က စတော့တွေကို နားမလည်ပေမယ့်လည်း မြို့တော်က ဗီလာခြောက်ခုနဲ့တင် ဆယ်သန်းကျော်ပြီလို့ ခန့်မှန်းလို့ရသည်။ သူတို့က ထောင်ယွမ်ရွာကနေ ဘယ်တုန်းကမှ မထွက်ခွာခဲ့ဘူးလို့ သူတို့ရဲ့နားလည်နိုင်မှုကို ကန့်သတ်ထားသည်။
ဒါပေမယ့်လည်း အရင်က Z မြို့မှာ အလုပ်လုပ်ခဲ့ဖူးပြီး သူမရဲ့အရင်ဘဝမှာ လက်ရွေးစင်အလုပ်သမားတစ်ယောက်ဖြစ်ခဲ့တဲ့ ရှောင်လင်းယွီက စေ့စပ်လက်ဆောင်စာရင်းကြောင့် ရှော့ခ်ရသွားခဲ့သည်။ ဗီလာတွေက ရွှေရောင်နယ်မြေမှာရှိတာဖြစ်သည်။ ဒါကြောင့် ဈေးနှုန်းတွေက အလိုလိုမြင့်သည်။ မြို့တော်က တကယ့်မြေယာတွေအပေါ် သူမရဲ့နားလည်မှုအရတော့ ဗီလာတစ်ခုကို အနည်းဆုံးသန်း၂၀၀ရှိသည်။
အဲ့ဒါအပြင် ခြံဝန်းပါအိမ်တော်ကလည်း တစ်ခုကို တစ်ဘီလီကျော်ကျသည်။
ဒါပေမယ့်လည်း ဈေးအကြီးဆုံးပစ္စည်းတွေကတော့ ကုမ္ပဏီရှယ်ယာတွေပဲဖြစ်သည်။
ကုန်းထျန်းဟောက်က နိုင်ငံထဲမှာ အချမ်းသာဆုံးလူဖြစ်သည်။ ဒါ့အပြင် သူက ရှယ်ယာတွေအားလုံးကို ထိန်းချုပ်ထားပြီး ကုမ္ပဏီရှယ်ယာရဲ့ ၈၅%ကို ယူထားသည်။ သူ့ကုမ္ပဏီလိုမျိုး ကြီးမားတဲ့ကုမ္ပဏီကြီးတစ်ခုအတွက် နှစ်စဉ်အမြတ်က တစ်ဆယ်ဘီလီယံဖြစ်သည်။ အခု ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို ရှယ်ယာ ၄၅%ကို လွှဲပေးလိုက်တဲ့အတွက် သူ့မှာ ၄၀ရာခိုင်နှုန်းပဲကျန်သည်။ ရှောင်လင်းယွီက အခုလောလောဆယ်မှာ ရှယ်ယာအများဆုံးပိုင်ရှင်လို့ ဆိုလိုနေသည်။
အရင်က ကုန်းထျန်းဟောက်က ရှောင်လင်းယွီကို အရာအားလုံးလွှဲပြောင်းပေးမယ်လို့ ပြောခဲ့ပေမယ့် ရှောင်လင်းယွီက သူ့ကို ငြင်းဆိုခဲ့သည်။ အခုကျ ကုန်းထျန်းဟောက်က သူမကို စေ့စပ်လက်ဆောင်အနေနဲ့ သူ့မှာရှိတာရဲ့တစ်ဝက်ကျော်ကျော်ကို ပေးလိုက်သည်။ ရှောင်လင်းယွီက အရမ်းစိတ်လှုပ်ရှားသွားခဲ့သည်။ အချစ်ကိုပြသဖို့ ပိုက်ဆံနဲ့ ကြွယ်ဝမှုတွေက တစ်ခုတည်းသောနည်းလမ်းမဟုတ်ပေမယ့် သူတို့လည်း တန်ဖိုးရှိတာပဲလေ။
ယောက်ျားတစ်ယောက်က အချိန်အကြာကြီး ပြောဆိုနေနိုင်ပေမယ့် ဘာလုပ်ဆောင်ချက်မှ မဆောင်ရွက်ရင် ၎င်းက အချည်းနှီးပဲဖြစ်သည်။ ဒီလိုယောက်ျားမျိုးကို လက်ထပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ?
စေ့စပ်လက်ဆောင်စာရင်းကိုင်ထားတဲ့ ရှောင်လင်းယွီကို ရှောင်မိသားစုဝင်တွေ မြင်သွားကြသည်။ သူမရဲ့မျက်လုံးတွေက နီရဲနေသည်။
မေမေရှောင်က စူးစမ်းစွာမေးကာ
“ယွီအာ ဘာဖြစ်လို့လဲ? စေ့စပ်လက်ဆောင်တွေမှာ ပြဿနာရှိလို့လား?”
ရှောင်လင်းယွီက ခေါင်းခါလိုက်ကာ
“ဘာပြဿနာမှမရှိပါဘူး။ ဒီစေ့စပ်လက်ဆောင်တွေရဲ့တန်ဖိုးက တစ်ရာဘီလီယံကျော်နေရုံတင်ပါ”
“အမ်!”
“ဘန်း!”
ရှောင်မိသားစုဝင်တွေက ဒါကိုကြားတော့ အရမ်းအံ့ဩသွားခဲ့ကြသည်။ ခွက်တွေ၊ တူတွေနဲ့ သူတို့လက်ထဲက တခြားပစ္စည်းတွေက တစ်ခုပြီးတစ်ခု မြေကြီးပေါ်ကျလာသည်။ သူတို့မျက်လုံးတွေ ပြူးနေပြီးတော့ ပါးစပ်တွေအဟောင်းသားဖြစ်နေကြသည်။
“၁၀၀ဘီလီယမ်?”
သူတို့တွေရဲ့အထင်မှာ တစ်သန်းကတောင် အတော်လေးများတဲ့ငွေဖြစ်သည်။ ၁၀၀ဘီလီယမ်ဆိုတဲ့နံပါတ်ကိုကြားရတာက အိမ်မက်တစ်ခုလိုပဲဖြစ်သည်။
“ယွီအာ၊ ဒီစေ့စပ်လက်ဆောင်က ၁၀၀ဘီလီယမ်ကျော်တန်တယ်လို့ သမီးပြောချင်တာလား?”
စတုတ္ထဦးလေးရှောင်က မယုံကြည်နိုင်စွာ ထပ်မေးလိုက်သည်။
တခြားသူတွေကလည်း ရှောင်လင်းယွီကို ကြည့်နေခဲ့သည်။
ရှောင်လင်းယွီက ခေါင်းညိတ်ကာ
“ဗီလာခြောက်လုံးက အနည်းဆုံး၁၀၀ဘီလီယမ်တန်တယ်။ ခြံဝန်းပါအိမ်တော်နှစ်ခုက နှစ်ဘီလီယမ် သုံးဘီလီယမ်၊ စတော့ငွေနဲ့ တခြားခြံတွေက ဘီလီယမ် ၃၀ ၄၀ ပတ်လည်ပဲ။ Imperial Group ရဲ့ ရှယ်ယာ ၄၅%က ၁၀ဘီလီယမ်ရှိပြီး ဒါက နှစ်စဉ် အစုအမြတ်တင်…”
ရှောင်မိသားစုဝင်တွေ လုံးဝအံ့ဩသွားခဲ့ကြသည်။ သူတို့တွေ အချိန်အတော်ကြာ အသိပြန်မကပ်နိုင်ဘဲ ရှိကြသည်။ သူတို့က နေ့တိုင်းအလုပ်လုပ်ရတဲ့ လယ်သမားတွေဖြစ်သည်။ သူတို့က တစ်နှစ်ပတ်လုံး စားဝတ်နေရေးကို စိုးရိမ်နေရပြီး နှစ်စဉ်ဝင်ငွေက ဒေါ်လာ ထောင်သောင်းနည်းနည်းပဲ ရှိမည်။
ရှောင်လင်းယွီက လယ်တောကို ပြန်လာပြီးတော့ သူတို့က သိန်းအနည်းငယ် သန်းအနည်းငယ် ငွေပမာဏအများကြီးနဲ့ အဆက်အသွယ်ပြန်မိလာသည်။
အခု သူတို့တွေက ဆယ်သန်းနဲ့ သန်းတစ်ရာကို ကျော်လွန်သွားပြီး ဘီလီယမ်ဆီ တိုက်ရိုက်ရောက်သွားတယ်!
သူတို့က ဒီငွေကို တစ်သက်လုံးတောင် ရှာချင်မှရှာနိုင်မည်။ ဒါက အရမ်းများတဲ့ငွေတွေလေ!
ရှောင်မိသားစုက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
ဒါပေမယ့်လည်း သူတို့အံ့အားသင့်မှုကနေ ပြန်ကောင်းလာတော့ ဖေဖေရှောင်က ရှောင်လင်းယွီဆီက စေ့စပ်လက်ဆောင်စာရင်းကို ယူလိုက်ပြီး သခင်ကြီးကုန်းကို ပြန်ပေးကာ
"သခင်ကြီး၊ ကျွန်တော်တို့က သမီးကို လက်ထပ်ပေးနေတာပါ။ ရောင်းစားနေတာမဟုတ်ပါဘူး။ သခင်ကြီးတို့ရဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ်။ ဒါပေမယ့် ဒါကအရမ်းများလွန်းပါတယ်။ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး”
ရှောင်မိသားစုက ဘီလီယမ်တစ်ရာကြွယ်ဝမှုကို ငြင်းဆိုနိုင်လို့ သခင်ကြီးကုန်း အရမ်းအံ့ဩသွားခဲ့သည်။ တစ်ရာဘီလီယမ်က ကြီးမားတဲ့သွေးဆောင်မှုတစ်ခုပဲလေ။ ရှောင်မိသားစုက ဒီသွေးဆောင်မှုကို မငြင်းဆိုခင် ခနလောက်ပဲအံ့ဩသွားခဲ့သည်။
သခင်ကြီးကုန်းက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ သူ ရှောင်မိသားစုနဲ့ပက်သက်ပြီး တွေးထားတာတွေက မမှားယွင်းခဲ့ပေ။
သခင်ကြီးကုန်းက ပြုံးကာ
“ကျန်းယန် ချိုးယင်း၊ ယွီအာက ငါနဲ့ ငါ့အကောင်လေးရဲ့နှလုံးသားထဲမှာပါ တန်ဖိုးမဖြစ်နိုင်တဲ့ရတနာပဲ။ ယွီအာသာဆန္ဒရှိရင် ဘီလီယမ်နည်းနည်းမပြောနဲ့ ကုန်းမိသားစုတစ်ခုလုံးကိုတောင် ငါသူ့ကိုပေးလိုက်မှာ”
သခင်ကြီးကုန်းစကားပြောပြီးသွားတာနဲ့ ရှောင်မိသားစုဝင်တွေရဲ့အမူအယာတွေက မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နေခဲ့သည်။ သူတို့လည်း အရမ်းခံစားမိသွားကြသည်။ ကုန်းမိသားစုက တကယ့်ကိုပဲ ယွီအာကို တန်ဖိုးထားကြလို့ သူမက တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုလို့ သူတို့ခံစားမိကြသည်။
ဖေဖေရှောင်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး လေးလေးနက်နက်နဲ့
“သခင်ကြီး၊ ယွီအာက ကျွန်တော်တို့ရင်ထဲမှာလည်း ရတနာလေးပါပဲ။ သခင်ကြီးတို့ အတူတူပဲတွေးလို့ ကျွန်တော် ခံစားမိပါတယ်။ သခင်ကြီးတို့ရဲ့ နှလုံးသားတွေ အချစ်တွေနဲ့ ကျွန်တော့်ယွီအာက လက်ထပ်ပြီးရင်လည်း ဘာမကျေနပ်ချက်မှ ခံစားရမှာမဟုတ်ပါဘူးလို့ပဲ ယုံပါတယ်။ ဒါက ဈေးအကြီးဆုံးစေ့စပ်လက်ဆောင်ထက် ပိုပြီးတန်ဖိုးကြီးပါတယ်”
ဒါကိုပြောပြီးတော့ ဖေဖေရှောင်က စေ့စပ်လက်ဆောင်စာရင်းကို ပြန်တွန်းပေးကာ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့ဒါကို သေချာပေါက် လက်မခံနိုင်ပါဘူး။ သခင်ကြီး ကျေးဇူးပြုပြီး ပြန်ယူလိုက်ပါ”
သခင်ကြီးကုန်းက အတော်လေးမပျော်မရွှင်နဲ့
“ဒါပေမယ့် စေ့စပ်လက်ဆောင်မပါဘဲ ဘယ်သူက သူတို့သမီးကို အိမ်ထောင်ချပေးမှာလဲ? ဒါမမှန်ဘူးလေ”
စေ့စပ်လက်ဆောင်က တရုတ်ယဉ်ကျေးမှုမှာ အရေးကြီးတဲ့ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ တစ်ခါတစ်လေမှာ ၎င်းက နှိုင်းယှဉ်မှုရဲ့ပစ္စည်းလည်းဖြစ်သည်။ စေ့စပ်လက်ဆောင်က ပိုကြီးမားလေ သတို့သမီးရဲ့မိသားစုက ပိုဂုဏ်ယူရလေ ဖြစ်သည်။ ဒါကြောင့် မျက်နှာစာအတွက် သတို့သမီးရဲ့မိသားစုက အရမ်းတန်ဖိုးကြီးတဲ့စေ့စပ်လက်ဆောင်တွေကို တောင်းဆိုကြသည်။
ဖေဖေရှောင်က သူ့ခေါင်းကိုခါကာ
“သခင်ကြီး၊ ကျွန်တော်တို့က စေ့စပ်လက်ဆောင်တွေကို မလိုချင်ဘူးရယ် မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအရမ်းလေးပင်တဲ့ စေ့စပ်လက်ဆောင်ကိုတော့ မယူနိုင်ဘူး”
သခင်ကြီးကုန်းက ချက်ချင်းနားလည်သွားသည်။
***