← Chapters

ရွာသား‌တွေရဲ့ ဆွေးနွေးမှု

Vol. 25 Ch. 423

ရွာသား‌တွေရဲ့ ဆွေးနွေးမှု

Vol. 25 Ch. 423

သခင်ကြီးကုန်းက အသိပြန်ဝင်လာပြီး မေးကာ

“ရွာထဲမှာ စေ့စပ်လက်ဆောင်က ဘယ်လောက်လဲ?”

ဖေဖေရှောင်က ပြန်ဖြေကာ

“ပုံမှန်ဆိုရင်တောက ကျွန်တော်တို့ရွာမှာ စေ့စပ်လက်ဆောင်က ၃၆၀၀၀ဝန်းကျင်ပါပဲ။ ပြီးရင် သတို့သမီးမိသားစုက အသွင်းပစ္စည်းတချို့ ပို့ပါတယ်”

“၃၆..၃၆၀၀၀!”

ရွာထဲက စေ့စပ်လက်ဆောင်က အရမ်းနည်းနေမယ်လို့ သခင်ကြီးကုန်းထင်မထားပေ။

၃၆၀၀၀တဲ့လား?

ဒီလိုငွေပမာဏနည်းနည်းလေးနဲ့ ဘယ်လိုလုပ်တောင် လူတစ်ယောက်က ဝယ်ယူနိုင်မှာလဲ? ၎င်းက တခြားဟာမပြောနဲ့ ဆိုဖာတစ်ခုဝယ်ဖို့တောင် မလုံလောက်ပေ။

ကုန်းထျန်းဟောက်က မျက်မှောင်ကျုံ့ကာ

လက်မခံစွာနဲ့

“ဦးလေး ၃၆၀၀၀၀ကအရမ်းနည်းလွန်းတယ်။ ၃၆သန်းဆိုရင်ရော?”

ရှောင်မိသားစုက ၃၆သန်းလို့ကြားတော့ အံ့ဩသွားခဲ့သည်။ ၎င်းကလည်း မဟားတရားများသေးသည်။ ရွာသားတစ်ယောက်က ဘဝပေါင်းများစွာ မမောနိုင်မပန်းနိုင် အလုပ်လုပ်ရင်တောင် ၃၆သန်း မစုဆောင်းနိုင်ပေ။

ဖေဖေရှောင်က ခေါင်းခါကာ

“၃၆သန်းက အရမ်းများတယ်”

ကုန်းထျန်းဟောက်က ခနလောက်တွေးလိုက်ကာ

“ဒါဆိုရင် ယွမ်၃.၆သန်း”

ဖေဖေရှောင်က ၎င်းကို ငြင်းဆိုတော့မလို့မှာပဲ ကုန်းထျန်းဟောက်က ချက်ချင်း

“ဦးလေး မငြင်းပါနဲ့လား၊ ကျွန်တော်ပြောတာကို နားထောင်ပါဦး”

ဖေဖေရှောင်နဲ့ ကျန်တဲ့သူတွေ ခေါင်းည်တ်လိုက်ကြသည်။

“ဦးလေး ဒေါ်လေး၊ ဦးလေးတို့အားလုံးက ယွီအာကိုချစ်ကြပြီး သူ့ကိုရောင်းထုတ်လိုက်ရတယ်လို့ ခံစားရမှာဆိုးတဲ့အတွက် များပြားတဲ့စေ့စပ်လက်ဆောင်တွေကိုယူရတာ ကသိကအောက်ခံစားရမှန်း ကျွန်တော်သိပါတယ်။ ဒါပေမယ့်လည်း ဒါကပြဿနာမဟုတ်ဘူးဗျ။ ဆန့်ကျင်ဘက်ပဲ စေ့စပ်လက်ဆောင်က ပိုများလေ ကျွန်တော်က ရှောင်မိသားစုကို ပိုလေးစားသမှုပြလေပဲ။ ကုန်းမိသားစုက ချမ်းသာမှန်း ရွာထဲကလူတိုင်းသိတယ်။ သူတို့က စေ့စပ်လက်ဆောင်အကြောင်း သိချင်မှာပဲ”

“၃၆၀၀၀တည်းဆိုရင် ကုန်းမိသားစုက လုံလောက်အောင်မစစ်မှန်ဘူးလို့ ရွာသားတော်‌တော်များများတွေးကြလိမ့်မယ်။ ကျွန်တော်တို့က ယွီအာနဲ့ သူ့မိသားစုကို တန်ဖိုးမထားဘူး။ ယွီအာက ကျွန်တော့်ကို လက်ထပ်ဖို့ဖိအားပေးခံရပြီး ဒါကြောင့် စေ့စပ်လက်ဆောင်က အရမ်းနည်းနေတာလို့တောင် သူတို့ပြောနိုင်တယ်။ ဒါကိုစဉ်းစားကြည့်ပါဦး”

ရှောင်မိသားစုက ဒါကိုကြားတော့ ခနလောက်တွေးတောလိုက်ပြီး ကုန်းထျန်းဟောက်မှန်မှန်း သဘောပေါက်သွားခဲ့သည်။

“ဒါပေမယ့်…၃.၆သန်းက အရမ်းများနေတုန်းပဲ။ ဒါက ငါတို့ရွာထဲမှာ အရင်ကမြင်ဖူးတဲ့ စေ့စပ်လက်ဆောင်တွေထက်တောင် ပိုများသေးတယ်”

ကုန်းထျန်းဟောက်က ဒါကိုကြားတော့ ကူကယ်ရာမဲ့စွာနဲ့

“ဦးလေး ဒီလိုဆိုရင်ရော? ဒီ၃.၆သန်းကို ယွီအာရဲ့စီးပွားရေးကိုချဲ့ဖို့ ရင်းနှီးငွေအနေနဲ့ ထားလိုက်ရအောင်”

ရှောင်မိသားစုက ပိုက်ဆံမှာ အရမ်းစိတ်ဝင်စားမှုနည်းလိမ့်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်မိခဲ့ပေ။ သတို့သမီးမိသားစုတိုင်းက သတို့သားမိသားစုကို ဂုတ်သွေးစုပ်ချင်ပေမယ့် ရှောင်မိသားစုကတော့ သူ့ကို ထပ်ခါထပ်ခါ ငြင်းနေခဲ့သည်။ အခု ရှောင်မိသားစုက ဘာလို့အရမ်းစည်းလုံးပြီး ချစ်ခင်နေကြလဲဆိုတာကို သူနားလည်သွားခဲ့သည်။ ဘာလို့လဲဆိုတော့ သူတို့က လောဘကြီးတဲ့လူတွေမဟုတ်ဘဲ သူတို့စိတ်ထဲမှာ မိသားစုနှောင်ကြိုးပဲရှိသည်။

ရှောင်မိသားစုနဲ့ လက်ထပ်ပွဲကို စာရင်းရှင်းပြီး နေ့ရက်ကိုဆုံးဖြတ်ပြီးတော့ သခင်ကြီးကုန်းက တက်ကြွနေသည်။ သူက ရွာသားတွေကိုမြင်တော့ နှုတ်ဆက်လိုက်ကာ

“အိုင်ယား၊ ရွာသားတို့ ကျုပ်မြေးနဲ့ ယွီအာတို့ရဲ့ မင်္ဂလာပွဲကို ခင်ဗျားတို့ လာခဲ့ရမယ်နော်”

ရွာသားတွေက ပြန်ဖြေကာ

“ကောင်းပါပြီ သခင်ကြီး၊ ကျွန်တော်တို့ သေချာပေါက် ရှိနေမယ်”

ပြီးနောက်မှာ ရွာသားတွေက လှည့်လာလိုက်ပြီး စတင်ဆွေးနွေးကာ

“သခင်လေးကုန်းက ရှောင်လင်းယွီကို အရမ်းမြန်မြန်လက်ထပ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

“ဟုတ်ပါ့၊ ‌ရှောင်လင်းယွီရဲ့ကလေးက သခင်လေးကုန်းရဲ့ကလေးဖြစ်နေလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ? ဒါအရမ်းအံ့ဩဖို့ကောင်းတယ်။ အရင်က ရှောင်လင်းယွီရဲ့ကလေးက မကောင်းတဲ့ကလေးတစ်ယောက်လို့ ငါတို့အမြဲထင်ခဲ့ကြတာလေ”

“ဒါပေမယ့် ကလေးက သခင်လေးကုန်းရဲ့ကလေးဖြစ်ကြောင်း ကုန်းနဲ့ ရှောင်မိသားစုတွေဆီက ကြားခဲ့ရတယ်။ အမှန်တော့လည်းမဟုတ်နိုင်ဘူး။ ဒါသူတို့ရဲ့ကလေးကို နာမည်တစ်ခုပေးဖို့ နည်းလမ်းဖြစ်မှာပေါ့”

“ဖြစ်နိုင်တယ်။ သခင်လေးကုန်းက ရှောင်လင်းယွီကို အရမ်းကြိုက်တော့ အဲ့ဒီမကောင်းတဲ့ကလေးကို သူ့ကလေးအရင်းအနေနဲ့ ယူလိုက်တာဖြစ်မယ်”

“ဘာပဲဖြစ်ဖြစ်ရှောင်လင်းယွီက အရမ်းကံကောင်းတယ်။ အဲ့ဒီချန်းမိသားစုက ကလေးနဲ့ ကိစ္စဖြစ်ပြီးတာတောင် သူက သူ့အတိတ်ကိုတောင် စိတ်မခုတဲ့ ပိုကောင်းတဲ့ယောက်ျားတစ်ယောက်ကို ရှာနိုင်ခဲ့တာပဲ”

“ဒါနဲ့ ဘာလို့ လက်ထပ်ပွဲက ရုတ်တရက်ကြီး ရောက်လာတာလဲ? သခင်လေးကုန်းက သိပ်မကြာသေးခင်ကမှ ရှောင်လင်းယွီကို လိုက်နေတုန်း မဟုတ်ဘူးလား?”

“ဘယ်သူကသိမှာလဲ? အရင်‌ရက်တွေမှာ ရှောင်လင်းယွီနဲ့ သခင်လေးကုန်းတို့ လက်ကိုင်နေကြတကို ငါတို့မြင်ခဲ့တာပဲ။ သူတို့ချိန်းတွေ့နေကြတာ သိသာတယ်။ သူတို့က ဖုံးတောင်မထားဘူးလေ!”

“ဘာလို့ သူတို့က ဖုံးထားရမှာလဲ? သူတို့က သမီးရည်းစားတွေပဲ ဥစ္စာ။ နင်အရမ်းခေတ်နောက်ကျနေပြီ”

“အခုခေတ်မှာ ချစ်သူထားတာ ပြတ်တာတွေက လူငယ်တွေအတွက် အရမ်းသာမန်ပဲ။ ပြီးတော့ သူတို့ထဲကတချို့တွေဆို လက်ထပ်တာမတိုင်ခင်တောင် အတူတူနေကြတယ်ကြားတယ်။ ပြီးတော့ ငါတို့နားကရွာတွေမှာ လက်မထပ်ရသေးတဲ့ကိုယ်ဝန်ရှိမှုကိစ္စတွေ မြင့်တက်လာတာကို နင်မကြားမိဘူးလား?”

“ဟုတ်တယ်၊ ခေတ်ကပြောင်းလဲနေပြီ။ အရင်တုန်းကဆို ငါနဲ့ ငါ့ယောက်ျားက အောင်သွယ်တော်ရဲ့ညွှန်ကြားမှုကနေတစ်ဆင့် လက်ထပ်ခဲ့ကြတာ။ စေ့စပ်လက်ဆောင်နဲ့ အသွင်းပစ္စည်းလဲလှယ်မှုတွေတောင် ရှိခဲ့တယ်။ ငါတို့မှာ ချစ်ကြိုက်သွားဖို့တောင် အချိန်မရှိလိုက်ဘူး”

အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်က

“ဒါပေမယ့် အခုကျ လူတွေက အိမ်ထောင်မပြုခင် အချစ်ကို အရင်စဉ်းစားကြတယ်။ သူတို့တွေအရင်ဆုံး တစ်ယောက်ကိုတစ်ယောက် နားလည်ရမယ်။ သူတို့တွေ အဆင်ပြေရင် လက်ထပ်ကြတယ်။ မပြေရင်လည်း ကွဲသွားတာကြတာပေါ့။ ကျစ် ကျစ်

လူငယ်တွေက အချစ်ကို ကလေးကစားစရာလိုမျိုး ဆက်ဆံနေကြတာပဲ”

“ဒါငါတို့ နေနေတဲ့ ခေတ်ပဲလေ။ မိဘတွေအနေနဲ့ ငါတို့ကလေးတွေပျော်ရွှင်ဖို့ မျှော်လင့်ကြတာပဲ။ ပြီးတော့ ဒါက အရမ်းလည်းမဆိုးလှပါဘူး။ အနည်းဆုံးတော့ စုံတွဲတွေက လက်မထပ်ခင် အချင်းချင်းသိနိုင်တာပေါ့။ မဟုတ်ရင် အိမ်ထောင်ရေးဘဝကလည်း ပျော်ရွှင်ရမှာမဟုတ်ဘူး”

“ဒါပေမယ့်လည်း ချစ်သူရည်းစားဖြစ်တယ်ဆိုတာက တကယ်တစ်ယောက်ကိုတစ်ယောက်သိကြတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ။ ရှောင်လင်းယွီကို ဥပမာယူကြည့်လိုက်။ သူက ချန်းရွာက အဲ့ဒီကလေးကို ဆယ်နှစ်တွဲခဲ့တာ။ အဆုံးကျတော့ သူ့ဆီကနေ အဲ့လိုပဲ သစ္စာဖောက်ခံလိုက်ရတယ်”

“ဒါပေမယ့် ရှောင်လင်းယွီက အစွမ်းအစရှိပါတယ်။ သူ ချန်းမိသားစုက ကလေးကို ကန်ထုတ်ပြီးတာနဲ့ လူတော်တွေအများကြီးက သူ့ကို စိတ်ဝင်စားလာကြတယ်။ ဒီ‌ကောင်မလေးက တကယ့်ကိုတစ်ခုခုပဲ”

“ငါတော့ မနာလိုတဲ့ အနံ့တွေရနေတယ်။ နင်လည်း လှပတဲ့သမီးတစ်ယောက်မွေးသင့်တာပဲ။ ဒါဆိုရင် အဲ့ဒီယောက်ျားတွေ လာချင်လာမှာပေါ့”

“ငါ့သမီးကလည်း အရမ်းမဆိုးလှပါဘူး။ သူက ရှောင်လင်းယွီလောက် ကံမကောင်းရုံတင်”

“နင့်မှာ ဒါကိုပြောဖို့ တကယ်သတ္တိရှိတယ်ပေါ့။ ရှောင်လင်းယွီက လှရုံတင်မကဘူး။ ဒါပေမယ့် ငါတို့ရွာရဲ့ ပထမဆုံးတက္ကသိုလ်ကျောင်းသူတစ်ယောက်လည်းဖြစ်တယ်။ သူက မြို့ကြီးက ကုမ္ပဏီကြီးတစ်ခုအတွက် အလုပ်လုပ်ခဲ့တဲ့သူပဲ”

“နင့်သမီးက‌တော့ မူလတန်းတောင် မအောင်ခဲ့ဘဲ အခု စက်ရုံတစ်ခုမှာ အလုပ်လုပ်နေရတယ်။ နင့်သမီးက ဘယ်လိုလုပ် သူ့ကို ယှဥ်နိုင်မှာလဲ?”

ရွာသားတွေ၊ “…”

ဒါကအမှန်ဆိုရင်တောင် ဒါကို ထုတ်ပြောဖို့တော့ မလိုဘူးလေ။

“စကားမစပ်၊ ငါတို့က သူတို့ရဲ့မင်္ဂလာပွဲအတွက် ရွာရဲ့ယဉ်ကျေးမှုကို လိုက်နာရမှာလား”

တစ်ယောက်က မေးလိုက်သည်။

အားလုံးက ဒါကို အလေးအနက်ထားကြသည်။ အကြောင်းမှာ ၎င်းက တစ်ရွာလုံးပါဝင်နေတဲ့ အရာဖြစ်နေသောကြောင့်ဖြစ်သည်။

“စားသောက်ပွဲက တစ်ခုတည်းရှိမှာလား? ဒါမှမဟုတ် မိသားစုနှစ်ခုက မတူတဲ့ စားသောက်ပွဲနှစ်ခု လုပ်မှာလား?”

တစ်ယောက်က ‌မေးလိုက်ပြန်သည်။

“မိသားစုနှစ်ခုက အရမ်းရင်းနှီးတာပဲ။ သူတို့ စားသောက်ပွဲတစ်ခုပဲရှိမယ်လို့ ငါထင်တယ်”

“အမ် ဒါကတော့ နည်းနည်းစိတ်ပူစရာပဲ”

ရွာသားတစ်ယောက်က သောကရောက်စွာပြောကာ

“သူတို့သာ သီးသန့်စီစဉ်ရင် ငါတို့တွေ ရှောင်မိသားစုရဲ့ရိုးရာကို သေချာပေါက် လိုက်နာရမှာ”

“ကုန်းမိသားစုက သိပ်မကြာခင်ကမှ ရွာကိုရောက်တာ။ သူတို့က ငါတို့ရွာရဲ့စားသောက်ပွဲတွေမှာ ဘယ်တုန်းကမှ မပါဝင်ဖူးဘူး။ သူတို့တွေ ငါတို့ရိုးရာကိုလည်း မဆင်နွှဲဖူးဘူး”

“ဒါပေမယ့်လည်း သခင်ကြီးကုန်းနဲ့ သူ့မြေးက ငါတို့ရွာအတွက် အများကြီးလုပ်ပေးခဲ့တာပဲ။ သူတို့ရဲ့မင်္ဂလာစားသောက်ပွဲကိုလာတဲ့အခါလည်း ငါတို့တွေ ရွာရဲ့ရိုးရာကို ဆက်လိုက်နာသင့်တယ်လို့ ထင်တယ်”

ရွာသားတစ်ယောက်က ပြောလိုက်သည်။

“နင့်အတွက်တော့ ပြောဖို့လွယ်တာပေါ့။ မင်္ဂလာစား‌ပွဲတစ်ခုအတွင်းမှာ ရွာရဲ့ဓလေ့အရ ဧည့်သည်တွေက ၃၀ယွမ်ပေးရတယ်။ ၃၀ယွမ်က ငါတို့ရဲ့တစ်နေ့ လုပ်အားခကြီး၊ အရင်က ကုန်းမိသားစုက ဒီရိုးရာကို မလုပ်ခဲ့ဘဲနဲ့ကို။ ဒီတော့ ဘာလို့ငါက လုပ်ရမှာလဲ?”

“ဘာလို့နင်မလုပ်ရမှာလဲ? နင့်မိသားစု စားသောက်ပွဲရှိတုန်းကတောင် နင်သူတို့ကို မဖိတ်ခဲ့ဘူးလေ။ ငါပြောမယ်၊ နင်ဘာလို့ အရမ်းတွက်ချက်နေတာလဲ? နင်လည်း ကုန်းမိသားစုဆီကနေ အကျိူးကျေးဇူးတွေအများကြီးယူထားတာပဲဥစ္စာ။ ဘာလို့အခုမှ အရမ်းကပ်စေးနဲနေရတာလဲ?”

“ပြီးတော့ သခင်လေးကုန်းနဲ့ ရှောင်လင်းယွီက လက်ထပ်မှာဆိုတာမမေ့နဲ့။ သူတို့က ‌နောင်ကျရင် မိသားစုတစ်ခုဖြစ်လာမှာ။ ကုန်းမိသားစုက ရိုးရာကို မလိုက်နာနိုင်ပေမယ့် ရှောင်မိသားစုကရော? ပြီးတော့ နင် ရှောင်မိသားစုဆီကနေ ယူထားတဲ့ ကောင်းကျိုးတွေကိုရော ငြင်းနိုင်လို့လား? ရှောင်မိသားစုသာသိသွားရင် နင့်ကိုအလုပ်လုပ်ဖို့ ထပ်မခန့်တော့မှာ မကြောက်ဖူးလား?”

ရွာသားတွေက ချက်ချင်း ခိုက်ခိုက်တုန်သွားကြသည်။

သူမက ခေါင်းညိတ်ကာ

“အိုး၊ ငါ‌အဲ့ဒီအကြောင်းတောင် မေ့တောင်မလို့”

ရှောင်လင်းယွီရဲ့စိတ်နေသဘောထားကို ရွာသားတွေ နားလည်ကြသည်။ သူမက သူမဆီကနေ အမြတ်ထုတ်ပြီး မကောင်းပြောတဲ့သူတွေကို လုံးဝမကြိုက်ပေ။ သူမက လူတွေကို ဆန့်ကျင်ဖို့လည်း မကြောက်ပေ။

ရွာသားတွေအားလုံးက မိသားစုနှစ်ခုရဲ့ မင်္ဂလာသတင်းကို ဆွေးနွေးနေခဲ့ကြသည်။ ဒါပေမယ့် သူတို့အများစုက ရှောင်လင်းယွီက တကယ်ပဲ ကုန်းထျန်းဟောက်ရဲ့ကလေးကို လွယ်ထားတာလား မလွယ်တာထားဘူးလားဆိုတာကို သံသယရှိနေကြသည်။

ဒါပေမယ့် သူတို့တွေ သံသယရှိနေတော့ရော?

ကုန်းထျန်းဟောက်က ကလေးရဲ့အဖေအရင်းပါလို့ ရှောင်နဲ့ ကုန်းမိသားစု နှစ်ခုစလုံးက ပြောထားတာပဲ‌လေ။

ဒါကအမှန်မဟုတ်ဘူးဆိုရင်တောင် သူဆန္ဒရှိနေသရွေ့ တခြားသူတွေက ဘာပြောနိုင်မှာလဲ?

***

All Chapters