← Chapters

အခန်း (၉၀၆-၉၁၀)

Vol. 61 Ch. 906-910

အခန်း (၉၀၆-၉၁၀)

Vol. 61 Ch. 906-910

အခန်း ၉၀၆ ယဲ့ကျားရှန်း

နာရီပိုင်းအတွင်းမှာပဲ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်ကားမှာ ဝဘ်ဆိုဒ်အားလုံးတွင် လူပြောအများဆုံးသတင်းတစ်ပုဒ်ဖြစ်သွားတော့သည်။

ကုနင်းနှင့်ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏ဆက်နွှယ်မှုအကြောင်း ဝင်ရောက်ဆွေးနွေးကြသည့်လူတွေကလဲ ပိုပိုပြီးများပြားလာခဲ့သည်။

ဖြတ်လျှောက်များစွာကလဲ ကုနင်းက အမြဲတမ်းဆိုရှယ်မီဒီယာပေါ်တွင် လူအာရုံစိုက်ခံရမှုများစွာရရှိနေတာကြောင့် အံ့အားသင့်နေကြသည်။ ကုနင်းတွင် လူများ၏အာရုံကို ဆွဲဆောင်နိုင်သော မယုံနိုင်လောက်စရာစွမ်းရည်မျိုးရှိနေသည်ဟုပင် အားလုံးလက်ခံခဲ့မိကြသည်။

တစ်ချိန်တည်းမှာပဲ ကုနင်း၏အောင်မြင်ကျော်ကြားမှုများ မကြာခင်မှာပဲ ကျဆင်းပျောက်ကွယ်သွားမည်ဟု တွေးနေကြသည့်လူများစွာလဲ ရှိလို့နေကြသေးသည်။ ဖျော်ဖြေရေးနယ်ပယ်မှသတင်းတိုင်းမှ ပေါ်လွယ်ပျောက်လွယ်တွေချည်းသာဖြစ်သည်။ အခုချိန်မှာ ဘယ်လောက်ပဲ အောင်မြင်နေတဲ့ကြယ်ပွင့်တစ်ယောက်ဖြစ်နေပါစေ မကြာခင်မှာပဲ ပရိသတ်များကြား လူထုကြားမှ အမေ့ပျောက်ခံဖြစ်လာမည်သာဖြစ်သည်။ ထို့ကြောင့် တချို့တွေကလဲ ကုနင်းလူတွေရဲ့အမြင်အာရုံမှ ဘယ်လိုပုံစံနဲ့ပျောက်ကွယ်သွားမလဲဆိုတာကို စောင့်ကြည့်နေခဲ့ကြသည်။

ကုနင်းတွင် ပရိတ်သတ်များစွာရှိသော်လည်း အင်တာနက်ပေါ်မှာပဲ သူတို့ဘက်မှမနှစ်သက်ကြောင်းများကို ဖော်ထုတ်ပြနေတတ်သည့် မုန်းတီးသည့်အဖွဲ့များလဲရှိသေးသည်။ လူတိုင်းသဘောကျနှစ်သက်ခံရဖို့ရာက ဖြစ်မှမဖြစ်နိုင်ပဲ။

…….

ထန်မိသားစုစီးပွားရေးလုပ်ငန်းစု၏ဥက္ကဌရုံးခန်းထဲမှာတော့ (မြို့တော်ထန်မိသားစု) ထန်ပင်းစန်၏အတွင်းရေးမှူးက ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’အကြောင်း နောက်ဆုံးရသတင်းများကို တင်ပြနေလေသည်။ တာဝန်ရှိသူများဘက်မှလဲ ဇာတ်ကားကိုရုံတင်ခွင့်ပေးတော့မည့်အကြောင်း သူ့ကိုဖုန်းဆက်လှမ်းပြောခဲ့ကြသည်။

“ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက ဘယ်လိုလုပ် ဒီလိုအာဏာမျိုးရှိနေတာလဲ? ငါအခုချက်ချင်း အဲ့ဒီကုနင်းလို့ခေါ်တဲ့ကောင်မလေးအကြောင်း အားလုံးသိချင်တယ်!” ထန်ပင်းစန် ဒေါသတကြီး အော်ဟစ်လိုက်သည်။

အရင်ကလဲ ကုနင်းအကြောင်း ထန်ပင်းစန် ရှာဖွေစုံစမ်းခဲ့ဖူးပေမည့် သူမကို တတိယတန်းစားမြို့မှသာမာန်မိန်းကလေးတစ်ဦးအဖြစ်သာ သိထားခဲ့တာကြောင့် သူမကိုလျှော့တွက်ခဲ့ခြင်းဖြစ်သည်။ အခုတော့ အံ့အားသင့်စရာကောင်းစွာ သူမက အင်အားကြီးလုပ်ငန်းစုများနှင့်ကုမ္ပဏီများစွာ၏ထောက်ခံမှုကို ရရှိထားလေသည်။

အခုချိန်မှာတော့ ထန်ပင်းစန်လဲ ထိုလူအားလုံးကို သွားမရှုပ်ရဲတာကြောင့် လွန်စွာဖိအားများနေပြီဖြစ်သည်။

လုကျန်းကို ဖျော်ဖြေရေးနယ်ပယ်မှကန်ထုတ်ခဲ့သူမှာ သူဖြစ်သည့်အကြောင်းက လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ ဒါကြောင့် ထိုအင်အားကြီးလူများက ဆက်လက်ပြီး ထောက်ခံပေးနေကြဦးမည်ဆိုလျှင် သူ့အတွက်သတိပေးချက်တစ်ခုဖြစ်လာမည်မှာ အသိသာကြီးဖြစ်သည်။

တာဝန်ရှိသူများကလဲ ဤအရှုပ်အထွေးကြားတွင် မပါဝင်လိုကြတော့ပေ။

“ဟုတ်ကဲ့ပါ။” အတွင်းရေးမှူးကပြန်ဖြေက ထွက်သွားတော့သည်။

အခုဆိုလျှင် ကုနင်းအကြောင်းကို အင်တာနက်ပေါ်ကနေပြီး အလွန်လွယ်ကူစွာ ရှာဖွေနိုင်နေပြီဖြစ်တာကြောင့် အတွင်းရေးမှူးလဲ အချိန်သိပ်မယူလိုက်ရဘဲ များစွာရှာတွေ့သွားတော့သည်။

“ဥက္ကဌထန်၊ ကုနင်းဆိုတဲ့မိန်းကလေးက လုံးဝသာမာန်မဟုတ်ဘူး!” အတွင်းရေးမှူးက လပ်တော့တစ်လုံးကိုင်ကာ ထန်ပင်းစန်၏ရုံးခန်းထဲ အပြေးတပိုင်းဝင်လာခဲ့သည်။

ထိုစကားကြောင့် ထန်ပင်းစန်မျက်မှောင်ကြုတ်သွားမိကာ မကောင်းသည့်အရိပ်အယောင်များခံစားမိသွားသည်။

“ငါကြည့်ဦးမယ်။” ထန်ပင်းစန် အလျင်စလိုပင် တောင်းလိုက်သည်။

အတွင်းရေးမှူးကလဲ ချက်ချင်းဆိုသလို လပ်တော့ကို ထန်ပင်းစန်ရှေ့တွင် ချပေးလိုက်သည်။

ကုနင်းအကြောင်းသတင်းပေါင်းများစွာကို ဖတ်ပြီးနောက် ထန်ပင်းစန်လဲ မှင်သက်နေမိတော့သည်။

ကြည့်ရတာ ကုနင်းက သူတွေးထားတာထက်ကိုပိုပြီးအာဏဦရှိနေပုံပဲ။

ကုနင်း၏အသက်အရွယ်အရာ သူမရရှိထားသည့်အောင်မြင်မှုများမှာ မအံ့၏ဘဲမနေနိုင်လောက်အောင်များလှသည်။ ကုနင်း သူ့ကိုဆန့်ကျင်ရဲသည်မှာ အံ့ဩစရာမရှိတော့ပေ။ သူမမှာ အဆက်အသွယ်တွေအများကြီးရှိနေတာပဲ!

ဒီတစ်ကြိမ်တော့ ထန်ပင်းစန် ဆုံးဖြတ်ချက်မှားသွားခဲ့ပေပြီ။ သို့သော်လည်း ကုနင်းကို သူလုံးဝမသိသလို ကုနင်းနှင့်သူဘယ်တုန်းကမှ မတွေ့ဆုံဖူးခဲ့ဘူးလို့လဲ ယုံကြည်တာကြောင့် သူမဘက်က သူ့ကိုတမင်ဆန့်ကျင်တိုက်ခိုက်နေသည်ဟု မထင်မိပေ။ သူ့အမြင်မှာတော့ ဒါက ပုံမှန်စီးပွားရေးပြဿနာတစ်ခုလို့သာမြင်မိသည်။

ထို့ကြောင့် ကုနင်းကို ထန်ပင်းစန်သဘောမကျသော်လည်း အခုလောလောဆယ်မှာတော့ သူမကိုထိခိုက်အောင် ဘာမှမလုပ်သေးပေ။

ဒီလူနေမှုအသိုင်းအဝိုင်းကြီးမှာက ပိုပြီးအင်အားကြီးသူများထံမှ ထောက်ခံမှုပိုရသူကသာ အနိုင်ဖြစ်တာကြောင့် ထန်ပင်းစန် လက်လျှော့လိုက်တော့သည်။

……..

နာရီဝက်အကြာမှာတော့ ကုနင်း Mမြို့သို့ရောက်ရှိလို့လာခဲ့သည်။

ဆိပ်ကမ်းမှာတော့ သူမတို့ကိုကြိုဖို့ ယဲ့ချောင်ရှုံးလွှတ်ထားသည့် ကားတစ်စီးစောင့်နေခဲ့သည်။

ယဲ့ချောင်ရှုံးက ကုနင်းရောက်ရှိလာမှုကို အရေးကြီးကိစ္စရပ်သဖွယ်သတ်မှတ်တာကြောင့် သူ့ရဲ့ဒုတိယသားဖြစ်သည့် ယဲ့ကျားရှန်းကိုယ်တိုင် သွားကြိုစေခဲ့သည်။

ယဲ့ကျားရှန်းက ယဲ့မိသားစုတွင် ဒုတိယမြောက်သားဖြစ်နေသော်လည်း ယဲ့ချောင်ရှုံး၏အကြီးဆုံးသားက မြာပွေကာဘာမှကောင်းတာမရှိသည့်လူတစ်ယောက်သာဖြစ်တာကြောင့် သူကသာ အမွေဆက်ခံသူဖြစ်သည်။ သားအကြီးနှင့်ဆန့်ကျင်ဘက်ဆိုသလို ယဲ့ကျားရှန်းသည်တော့ စီးပွားရေးဘက်ရော လောင်းကစားဘက်မှာသာ ထူးချွန်သူတစ်ယောက်ဖြစ်သည်။

ဒါကြောင့်ပဲ ယဲ့ကျားရှန်းက ယဲ့မိသားစု၏အမွေဆက်ခံသူဖြစ်လာခြင်းဖြစ်သည်။

ကံမကောင်းစွာဖြင့် ယဲ့မိသားစုသည်က ဟဲမိသားစုလို မိသားစုဝင်ချင်းမတည့်ကြပေ။ ယဲ့ချောင်ရှုံး၏အကြီးဆုံးသားက မိသားစုစီးပွားရေးကို ဦးစီးဖို့အရည်အချင်းမပြည့်ဝသော်လည်း သူကသာ မိသားစုအမွေခံဖြစ်သင့်သည်ဟု အမြဲတမ်းယုံကြည်နေသူဖြစ်သည်။ သူ့မှာ ယဲ့ကျားရှန်းကိုယှဉ်ပြိုင်နိုင်မည့် အရည်အချင်းမရှိသော်လည်း မိသားစုအပေါ် ပြဿနာပေါင်းများစွာတော့ ယူဆောင်လာတတ်သူဖြစ်ပြီး လူအများကြား ယဲ့မိသားစုကို လှောင်ပြောင်စရာဖြစ်စေသည်။

သူသာ အနာဂါတ်မှာ ယဲ့မိသားစု၏အကျိုးစီးပွားကိုထိခိုက်အောင် လုပ်ရဲခဲ့လျှင် ယဲ့ချောင်ရှုံးက သူ့ကို တခြားတစ်မြို့သို့ပြောင်းရွှေ့သွားဖို့ ဖိအားပေးမည်သာဖြစ်သည်။

“မိန်းကလေးထန်၊ တွေ့ရတာဝမ်းသာပါတယ်! ကျွန်တော်က ယဲ့ကျားရှန်းပါ။” ကုနင်းနှင့်တွေ့ဆုံချိန်တွင် ယဲ့ကျားရှန်းက ယဉ်ယဉ်ကျေးကျေးပင် နှုတ်ဆက်ခဲ့သည်။

ယဲ့ကျားရှန်းသည် အသက်၃၀လောက်ရှိပြီဖြစ်ကာ ဆွဲဆောင်မှုရှိကာ အန္တရာယ်များသည့် မျက်ဝန်းအစုံရှိသည့် ခန့်ညားကာရင့်ကျက်သည့်အမျိုးသားတစ်ဦးဖြစ်သည်။ သူ့ပုံစံက ယဉ်ကျေးကာ သိမ်မွေ့ဟန်ပေါက်ပေမည့် လိုအပ်လာလျှင် ရက်စက်ကာ ရန်လိုနိုင်သူလဲဖြစ်သည်။

ဒါကြောင့် လူတစ်ယောက်၏အသွင်အပြင်ကိုကြည့်ရုံဖြင့် ထိုလူအကြောင်းကိုအကဲဖြတ်ကြည့်ဖို့ မဖြစ်နိုင်ပေ။

ကုနင်းက သူ့မိသားစု၏အထူးဧည့်သည်ဖြစ်တာကြောင့် သူ့ဘက်ကကြင်နာမှုအပြည့်ဖြင့် ပြောဆိုဆက်ဆံခဲ့သည်။

“တွေ့ရတာဝမ်းသာပါတယ်၊ လူကြီးမင်းယဲ့။” ကုနင်းလဲ ယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်ကာ ယဲ့ချောင်ရှုံးနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။

သူတို့ချင်း တစ်စက္ကန့်စာလောက်သာ လက်ချင်းထိခဲ့တာတောင်မှ လင်ရှောင်းထင်ကတော့ မကျေမနပ်ဖြစ်နေတုန်းပင်။ သို့သော်လည်း ဒီနေ့အဖို့ သူက ကုနင်း၏သက်တော်စောင့်သာဖြစ်တာကြောင့် သူ့ခံစားချက်တွေကို မြိုသိပ်ရုံသာတတ်နိုင်တော့သည်။

“ကျွန်တော့်နောက်ကလိုက်ခဲ့ပေးပါ၊ မိန်းကလေးထန်။” ယဲ့ကျားရှန်းက လက်ဟန်ပြကာ သူမတို့ကို အနားရှိဗင်ကားတစ်စီးရှိရာ ခေါ်ဆောင်သွားသည်။

“မိန်းကလေးထန်၊ ဟိုတယ်မှာအရင်နားပြီး ကာစီနိုကိုမသွားခင် ညနေ၅နာရီခွဲလောက်မှ ကျွန်တော်တို့နေ့လည်စာစားကြရင်ဘယ်လိုလဲ?” ယဲ့ကျားရှန်းပြောလိုက်တာကြောင့် ကုနင်းလဲ သဘောတူလိုက်သည်။ “အဆင်ပြေပါတယ်။”

***

အခန်း ၉၀၇ ပုံမှန်မဟုတ်သောအမျိုးသမီး

အခုချိန်က နေ့လည်၃နာရီခွဲရှိပြီဖြစ်ကာ ကုနင်းအတွက် ဟိုတယ်တွင်၂နာရီစာနားချိန်ရပေသည်။

“မိန်းကလေးထန်၊ HKက လောင်းကစားပြိုင်ပွဲပြီးသွားတာနဲ့ အခုချိန်မှာ မင်းက လောင်းကစားလောကရဲ့အကျော်ကြားဆုံးလူဖြစ်နေပြီ။ ဒီတစ်ကြိမ်လဲ မင်းနိုင်လိမ့်ဦးမယ်လို့ ငါခံစားနေရတယ်။” ယဲ့ကျားရှန်းက သွားနေရင်း ကုနင်းကိုပြောလိုက်သည်။

ဖန်းကျီဟောက်သည် သူ့အဖေ၏အလုပ်သင်ဟောင်းဖြစ်ကာ သူတို့ချင်း နှစ်ပေါင်းများစွာသိလာကြတာကြောင့် ဖန်းကျီဟောက်၏လောင်းကစားစွမ်းရည်အကြောင်းကို သူကောင်းကောင်းကြီးသိထားသည်။ ဒါကြောင့်ပဲ ကုနင်းက ဖန်းကျီဟောက်ကိုတောင် အနိုင်ယူနိုင်တယ်ဆိုလျှင် သူမ၏လောင်းကစားအရည်အချင်းက တကယ်ကိုကောင်းတာသေချာသည်။

သူကတော့ လောင်းကစားလုပ်ရာမှာ ဖန်းကျီဟောက်ထက်မတော်တာကြောင့် ကုနင်းကိုအနိုင်ယူဖို့ ယုံကြည်ချက်လုံးဝမရှိပေ။ သူ့အဖေဖြစ်သူဆိုရင်တော့… သူ့အဖေက အနိုင်ရသူဖြစ်လောက်မလားကိုတောင် သူသေချာပေါက်မပြောနိုင်ပေ။ တကယ်တော့ ဒီတစ်ခေါက်ပွဲမှာ သူ့အဖေ နိုင်,နိုင်ချေသိပ်မရှိနေပေ။

“လူကြီးမင်းယဲ့ကြည့်ရတာ ရှင့်အဖေကိုသိပ်ပြီးယုံကြည်ချက်မထား,ထားပုံပဲနော်။ ရှင့်အဖေက Mမြို့ရဲ့လောင်းကစားဘုရင်ဆိုတာ မမေ့နဲ့ဦး!” ယဲ့ချောင်ရှုံး အနိုင်မရနိုင်တာက အမှန်ပင်ဖြစ်ကြောင်း ကုနင်းသိပေမည့် ပြန်လည်နောက်ပြောင်လိုက်သည်။

“ကျွန်တော့်အဖေက လောင်းကစားလုပ်တာမှာ မင်းလောက်တော့ မတိကျနိုင်ပါဘူး။” ယဲ့ကျားရှန်း ခပ်ဖော့ဖော့ရယ်မောလိုက်သည်။

ကုနင်းပြုံးရုံသာပြုံးလိုက်ပြီး ဘာမှဆက်မပြောဖြစ်တော့ပေ။

ယဲ့ကျားရှန်းသည်လဲ စကားများသည့်လူမဟုတ်တာကြောင့် အချိန်တိုလေးအတွင်းမှာပဲ သူတို့ရဲ့စကားဝိုင်းကအဆုံးသတ်သွားတော့သည်။

နာရီဝက်အကြာမှာတော့ သူတို့အဖွဲ့က ယဲ့မိသားစုပိုင်သည့် Mမြို့မှကြယ်ငါးပွင့်ဟိုတယ်သို့ ရောက်ရှိခဲ့ကြသည်။ ယဲ့မိသားစုက ကုနင်းနှင့်သူမလူများအတွက် အထူးခန်းနှစ်ခန်းကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

ထို့နောက် ယဲ့ကျားရှန်းက ကုနင်းကို ဟိုတယ်ပို့ပြီးသည့်အကြောင်း ယဲ့ချောင်ရှုံးကိုဖုန်းဆက်လှမ်းပြောလိုက်သည်။

………

ညနေ၅နာရီခွဲခါနီးမှာတော့ ယဲ့ကျားရှန်းက ကုနင်းကိုဖုန်းဆက်လာပြန်ကာ ဟိုတယ်မှသီးသန့်ခန်းတွင် ညနေစာစားဖို့ခေါ်သွားခဲ့သည်။ မကြာခင်တွင်ပဲ ဟင်းပွဲအားလုံးစားပွဲထက်ရောက်ရှိလာခဲ့သည်။

ည၈နာရီတွင်လောင်းကစားပြိုင်ပွဲစတင်မည်ဖြစ်၍ သူတို့လဲ ညနေစာကို ည၇နာရီမတိုင်ခင် အပြီးသတ်ခဲ့ကြသည်။ ဒါကြောင့် အချိန်အနည်းငယ်ပိုလို့နေသေးပေသည်။ သို့သော်လည်း သူတို့အဖွဲ့ ဟိုတယ်ဧည့်ခန်းမသို့ရောက်ရှိချိန်မှာပဲ မမျှော်လင့်ထားသည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပျက်ခဲ့ရသည်။

………

ထိုအချိန်တွင် အမျိုးသမီးသုံးယောက်က ဟိုတယ်ထဲသို့ဝင်လာခဲ့ကာ ထိုထဲမှအရပ်ရှည်ကာ လှပသည့်အမျိုးသမီးတစ်ယောက်က ယဲ့ကျားရှန်းကိုမြင်လိုက်သည်နှင့် အပြေးအလွှားရောက်လာတော့သည်။

“ကျားရှန်း!” ထိုအမျိုးသမီးက မိန်းမငယ်လေးလိုအသံမျိုးဖြင့်ခေါ်လိုက်တာကြောင့် လူတိုင်း၏နားထဲ မသက်မသာဝင်ရောက်သွားခဲ့သည်။ ဒါကြီးက သူမရဲ့ပုံမှန်အသံမဟုတ်မှန်း အသိသာကြီးလေ။

“မိန်းကလေးကျီ၊ ရှေ့ထပ်မတိုးလာပါနဲ့။” ယဲ့ကျားရှန်းက သူမကိုမြင်သည်နှင့် မျက်မှောင်ကြုတ်ကာ နောက်သို့ပင်ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။

“ဘာလို့မိန်းကလေးကျီလို့ခေါ်နေတာလဲ? မန့်လင်းလို့ပဲ ခေါ်လို့ရနေတာကို။” ကျီမန့်လင်း စိတ်တိုသွားပေမည့် ဆက်လက်ပြီးချစ်စရာကောင်းအောင် ချွဲချွဲနွဲ့နွဲ့ပုံစံမျိုးဟန်ဆောင်နေသေးသည်။ သူမက အတော်လေးလှပပေမည့် သူမ၏အသက်အရွယ်အနေအထားအရ ရင့်ကျက်နေသည့်မျက်နှားနှင့် ချစ်စရာကောင်းအောင် သရုပ်ဆောင်နေခြင်းက လူအများကိုမသက်သမသာခံစားရစေသည်။

“မိန်းကလေးကျီ၊ စိတ်မကောင်းပေမယ့် ကျွန်တော်အခုသွားမှဖြစ်ပါမယ်။” ယဲ့ကျားရှန်းက ကျီမန့်လင်းနှင့်စကားအချေအတင်ပြောလိုဟန်မပေါ်ပေ။

“လုပ်ပါ၊ မန့်လင်းတို့ဒီရက်ပိုင်းတွေထဲ တွေ့ဖြစ်ကြတာလဲမဟုတ်ဘူး။ ညစာအတူတူသွားစားကြရအောင်ပါလား?” ကျီမန့်လင်းကပြောပြောဆိုဆိုနှင့် သူမလက်ကိုဆန့်ကာ ယဲ့ကျားရှန်း၏လက်မောင်းကို ချိတ်ဖို့လုပ်လိုက်ပေမည့် ယဲ့ကျားရှန်းဘက်က ချက်ချင်းဆိုသလိုပင် ရှောင်ထွက်သွားသည်။

“မိန်းကလေးကျီ၊ ကျွန်တော့်မှာ ခင်ဗျားနှင့်အတူစားဖို့ အချိန်မရှိသလို စိတ်လဲမဝင်စားပါဘူး။” ယဲ့ကျားရှန်း၏လေသံက တဖြည်းဖြည်းအေးစက်လာခဲ့သည်။

သို့ပေမည့် ကျီမန့်လင်းကတော့ သတိမထားမိဘဲ အလွတ်မပေးသေးပေ။ “ကျွန်မနဲ့အချိန်ခနလေးတောင် မဖြုန်းပေးနိုင်ဘူးလား? ရှင်ကလေ အမြဲအလုပ်များနေတော့တာပဲ။”

“သခင်လေးယဲ့၊ ရှင် ဒီမိန်းကလေးနဲ့ချိန်းထားတာရှိလို့လား?” ကျန်အမျိုးသမီးနှစ်ယောက်ကလဲ သူတို့နားရောက်လာခဲ့သည်။ သူတို့လဲပဲလှပကြပေမည့် ကုနင်းထက်တော့ မလှပကြတာကြောင့် သူမကိုမနာလိုဖြစ်နေကြသည်။

ထိုစကားကိုကြားကာမှ ကျီမန့်လင်းလဲ ကုနင်းကိုကြည့်မိသွားကာ ကုနင်း၏လှပနေမှုကြောင့် မလိုမုန်းတီးသည့်အရိပ်အယောင်တချို့ သူမမျက်လုံးထဲဖြတ်ပြေးသွားတော့သည်။

“ကျားရှန်း၊ သူကဘယ်သူလဲ?” ကျီမန့်လင်း ဒေါသတကြီးမေးမြန်းလိုက်သည်။ “သူ့ကြောင့်နဲ့ ကျွန်မကိုငြင်းနေတာလား?”

ကုနင်းဘေးမှရပ်နေသည့် လင်ရှောင်းထင်ကတော့ ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားတော့သည်။

“မိန်းကလေးကျီ၊ စကားကိုထိန်းထိန်းသိမ်းသိမ်းပြောပါ။ ဒီအမျိုးသမီးက ကျွန်တော်တို့မိသားစုရဲ့အထူးဧည့်သည်ပါ၊ ကျွန်တော်တို့ချင်းအခုမှတွေ့ကြတာ။” ယဲ့ကျားရှန်းလဲ ဒေါသထွက်လာခဲ့သည်။ “ပြီးတော့ ခင်ဗျားမှာ ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး။”

“ရှင်….” ကျီမန့်လင်း အလွန်ဒေါသထွက်သွားပေမည့် ဝမ်းနည်းသလိုသာ ဟန်ဆောင်ပြကာ၊ “မန့်လင်းကို ဘယ်လိုလုပ်ဒီလိုစကားမျိုးပြောနိုင်ရတာလဲ? ရှင့်ကို ကျွန်မအရမ်းသဘောကျတာလေ၊ ဒါပေမယ့် ရှင်ကတော့….”

“ခင်ဗျား ကျွန်တော့်ကိုသဘောကျတယ်ဆိုတာ ခင်ဗျားကိစ္စပါ၊ ကျွန်တော် စိတ်လဲမဝင်စားဘူး။” ယဲ့ကျားရှန်း၏အသံက သိသိသာသာအေးစက်လာခဲ့သည်။ သူ ကျီမန့်လင်းကို လုံးဝသဘောမကျပေ။

“သခင်လေးယဲ့၊ ဘယ်လိုပြောလိုက်တာလဲ? မန့်လင်းနဲ့ရှင်နဲ့က လိုက်ဖက်အညီဆုံးတွေမဟုတ်ဘူးလား?”

“ဟုတ်သားပဲ! မန့်လင်းက ချမ်းသာတဲ့မိသားစုက ပညာတတ်ပြီးလှပတဲ့မိန်းကလေးတစ်ယောက်လေ၊ ရှင့်မိသားစုနဲ့ဘယ်နားများမလိုက်ဖက်နေလို့လဲ။ မန့်လင်းကိုစိတ်မဝင်စားပါဘူးလို့ ဘယ်လိုများပြောထွက်နိုင်ရတာလဲ?” ကျီမန့်လင်း၏သူငယ်ချင်းနှစ်ယောက်က ချက်ချင်းဆိုသလို ကာကွယ်ပြောဆိုပေးနေကြပေမည့် သူမတို့လေသံထဲတွင် လှောင်ပြောင်လိုရိပ်များပါဝင်နေပေသည်။

သူတို့နှစ်ယောက်၏ နောက်ခံအဆင့်အတန်းနှင့်ထူးချွန်ထက်မြက်မှုများတူညီနေရင်တောင်မှ လိုက်ဖက်ညီသည်ဟုတော့ မပြောနိုင်ပေ။ ချစ်သူစုံတွဲတစ်တွဲဖြစ်ဖို့အတွက်က အကြောင်းအရာများစွာပေါ်မူတည်နေသည်မဟုတ်လား။

တကယ်တော့ ယဲ့ကျားရှန်းက သူ့မိသားစုနှင့်ကျီမန့်လင်း၏အဖေကြားမှာ ဆက်ဆံရေးကောင်းရှိနေတာကြောင့်သာ သူလဲ ကျီမန့်လင်းကို အချိန်အတော်ကြာ သည်းခံပေးခဲ့တာဖြစ်သည်။

ကုနင်းကတော့ ထိုအမျိုးသမီးသုံးယောက်က မိုက်မဲလွန်းသည်ဟုတွေးမိပေမည့် သူမကိစ္စလဲမဟုတ်တာကြောင့် တိတ်တိတ်လေးသာနေ,နေခဲ့သည်။

“ကျွန်တော်က အတင်းအကြပ်ချစ်ကြိုက်ဖို့တွန်းအားပေးခံရတာကို သဘောမကျရုံပဲ!” ယဲ့ကျားရှန်း၏ဒေါသများပေါက်ကွဲထွက်လာကာ ထိုအမျိုးသမီးများကို စိုက်ကြည့်လိုက်တာကြောင့် သူတို့လဲ ကြောက်လန့်သွားကြသည်။

ယဲ့ကျားရှန်း ဒေါသထွက်လာသည်နှင့် ခြိမ်းခြောက်နိုင်စွမ်းကအလွန်မြင့်လာတော့သည်။

ယဲ့ကျားရှန်း ဒေါသထွက်နေပြီကိုမြင်တာကြောင့် သူမတို့လဲ နောက်ထပ်စကားတစ်ခွန်းတောင် မဟရဲကြတောပေ။ ဘာပဲဖြစ်ဖြစ် သူတို့က အားနွဲ့သည့်အမျိုးသမီးများပင်မဟုတ်လား။

***

အခန်း ၉၀၈ Mမြို့လောင်းကစားဘုရင်

“မိန်းကလေးထန်၊ သွားကြရအောင်ပါ!” ယဲ့ကျားရှန်းက ကုနင်းကိုပြောလိုက်ချိန်မှာ ကျီမန့်လင်းလဲ ထပ်ပြီးမတားရဲတော့ပေ။

သူတို့တော်တော်ဝေးဝေးကို လျှောက်လာပြီးခါကျမှ ယဲ့ကျားရှန်းက ကုနင်းကိုတောင်းပန်လာခဲ့သည်။ “မိန်းကလေးထန်၊ အစောကအဖြစ်အပျက်အတွက် ကျွန်တော်တောင်းပန်ပါတယ်။”

“အဆင်ပြေပါတယ်။” ကုနင်းပြန်ပြောလိုက်သည်။

…….

ကျီမန့်လင်းသည်တော့ သူမကို ယဲ့ကျားရှန်းဆက်ဆံသွားသည့်ပုံစံကြောင့် ဒေါသထွက်ကာကျန်နေခဲ့သည်။ “သူငါ့အပေါ် ဘယ်လိုလုပ်ဒီလိုပုံစံမျိုးဆက်ဆံရတာလဲ?”

သူမဒေါသထွက်နေကာ သူမဘက်ကတော့ လုံးဝအပြစ်မရှိလို့သာ တွက်လို့နေသည်။ ယဲ့ကျားရှန်း သူမကိုသဘောမကျသည်အား သူမသိနေတာတောင်မှ သူမဂရုမစိုက်ခဲ့ပေ။ သူမဘက်က ယဲ့ကျားရှန်းကို သဘောကျနေရုံနှင့်လုံလောက်နေပြီဟု တွေးထားသည်။ သို့သော်လည်း ယဲ့ကျားရှန်းကို လက်ထပ်ချင်နေတုန်းပင်။

“မန့်လင်း၊ နင်သူ့ကိုမေ့လိုက်သင့်ပြီ။”

“ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ် ပင်လယ်ထဲမှာ ငါတွေမှအများကြီးပဲကို။”

ကျီမန့်လင်း၏သူငယ်ချင်းများက ယဲ့ကျားရှန်းသည် သူ့ပုံစံအတိုင်း စိတ်သဘောထားနူးညံ့သူမဟုတ်ဟု တွေးမိတာကြောင့် ကျီမန့်လင်းကို လက်လျှော့သွားအောင် ဖြောင့်ဖျဖို့ ကြိုးစားနေကြသည်။

သို့သော်လည်း ကျီမန့်လင်းကတော့ သူမသူငယ်ချင်းများ၏စကားကို နားမထောင်ခဲ့ပေ။ “မရဘူး၊ ငါသူ့ကိုကြိုက်တယ်၊ သေချာပေါက် သူက ငါ့အပိုင်ပဲဖြစ်ရမယ်!”

ကျီမန့်လင်း၏ပုံစံကြောင့် သူမသူငယ်ချင်းများလဲ ထပ်မပြောကြတော့ပေ။

“ဒီမှာ ဘာမှကြည့်စရာမရှိဘူး!” ရုတ်တရက်ဆိုသလို ခန်းမထဲမှဖရဲသီးစားနေကြသူများအား ကျီမန့်လင်း လှည့်အော်လိုက်သည်။ (ဖရဲသီးစား=ပွဲကြည့်နေကြသူများ)

ထို့နောက် ကျီမန့်လင်းက သူမ၏ဒေါက်ဖိနပ်သံတစ်ဒေါက်ဒေါက်နှင့် ဧည့်ကြိုစားပွဲသို့ လျှောက်သွားကာ ဘဝင်မြင့်စွာမေးလိုက်သည်။ “အစောက သခင်လေးယဲ့ဘေးနားက မိန်းကလေးကဘယ်သူလဲ?”

ကုနင်းနှင့်ယဲ့ကျားရှန်းကြားမှာ တစ်ခုခုပတ်သတ်မှုရှိသည်ဟု သူမတွေးနေမိတုန်းပင်။ ကျီမန့်လင်းကတော့ တကယ်ကိုပျက်စီးနေသည့် မောက်မသည့်အမျိုးသမီးတစ်ဦးပင်။

“စိတ်မကောင်းပါဘူး၊ မိန်းကလေးကျီ။ ကျွန်မတို့မသိပါဘူး။” ဧည့်ကြိုများက ပြန်ဖြေကာ တောင်းပန်လိုက်သည်။

“စာရင်းကိုပြန်စစ်ကြည့်လေ!” ကျီမန့်လင်း အမိန့်ထပ်ပေးလိုက်ပြန်သည်။

“တောင်းပန်ပါတယ်၊ မိန်းကလေးကျီ၊ ဧည့်သည်တွေရဲ့အချက်အလက်တွေကို ထုတ်ဖော်ခွင့်မပေးထားပါဘူး။ ပြီးတော့ အဲ့ဒီမိန်းကလေးက သူ့နာမည်နဲ့လဲစာရင်းမသွင်းထားပါဘူး။” ဧည့်ကြိုတစ်ယောက်က ပြန်ဖြေလာသည်။

အခုတော့ ကျီမန့်လင်းလုပ်နိုင်တာ ဘာဆိုဘာမှမရှိတော့ပေ။ ဒါကြောင့် သူမလဲဒေါသထွက်ကာ နှာခေါင်းရှုံ့လိုက်ပြီး သူမသူငယ်ချင်းများနှင့်အတူ ထွက်သွားတော့သည်။

………

ကုနင်းတို့ ယဲ့မိသားစုပိုင်ကာစီနိုသို့ရောက်ရှိချိန်တွင် ည၇နာရီခွဲပြီးနေပြီဖြစ်တာကြောင့် လောင်းကစားပြိုင်ပွဲစတင်ဖို့ နာရီဝက်မျှသာလိုပေတော့သည်။

ကျွမ်းကျင်လောင်းကစားသမားများစွာက ခန်းမထဲတွင် သူမကိုစောင့်လို့နေကြပေပြီ။ အခန်းထဲမှာတော့ လောင်းကစားလောက၏မြင်ရခဲသော ထိပ်တန်းလောင်းကစားသမားကြီးလေးဦးရှိလို့နေသည်။

ယနေ့စုဝေးပွဲ၏စီစဉ်သူဖြစ်သည့် ယဲ့ချောင်ရှုံးသည်လဲ ၇နာရီမိနစ်၂၀မှာပဲ ရောက်ရှိလာပြီဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဝင်ပေါက်မှာပဲ ကုနင်းနှင့်ယဲ့ချောင်ရှုံးတွေ့ ဆုံခဲ့ကြသည်။

ကုနင်းကို ယဲ့ချောင်ရှုံးမြင်လိုက်သည်နှင့် သူမကိုချက်ချင်းမှတ်မိကာ စတင်နှုတ်ဆက်လိုက်သည်။ “မိန်းကလေးထန်၊ တွေ့ရတာ ဝမ်းသာပါတယ်။”

ယဲ့ချောင်ရှုံးသည် အသက်၆၀နီးပါးရှိနေပြီဖြစ်ကာ အာဏာရှိသူတစ်ဦး၏အရှိန်အဝါအပြည့်ရှိနေတုန်းပင်။ သာမာန်လူများသာ သူနှင့်မျက်နှာချင်းဆိုင်ရလျှင် ကြောက်ရွံ့မိသွားကြမည်သာ။ ယဲ့မိသားစုမှ လူငယ်မျိုးဆက်များတောင်မှ သူ့ရှေ့တွင်ဦးညွှတ်ကြရသည်။

ယဲ့မိသားစု၏အကြီးဆုံးသားဖြစ်သည့် ယဲ့ကျားယွီသည် သူကိုယ်တိုင်က ဘယ်လောက်ပဲ ပြဿနာကောင်ဖြစ်နေပါစေ သူ့အဖေကိုတော့ ကြောက်နေရတုန်းပင်။

“သခင်ကြီးယဲ့၊ တွေ့ရတာဝမ်းသာပါတယ်!” ကုနင်း ယဉ်ယဉ်ကျေးကျေးပြန်နှုတ်ဆက်လိုက်ပေမည့် ယုံကြည်ချက်ရှိသည့်ပုံစံကမပျောက်ကွယ်သွားပေ။

သူမ၏စိတ်အေးလက်အေးတုံ့ပြန်ပုံကြောင့် ယဲ့ချောင်ရှုံးပင် သူမကိုသဘောတွေ့သွားသည်။

“မိန်းကလေးထန်၊ ငါတို့အထဲဝင်ကြတော့မလား?” ယဲ့ချောင်ရှုံးက ဖိတ်ခေါ်လိုက်သည်။

“သခင်ကြီးယဲ့ အရင်ကြွပါ။” ကုနင်း လေးစားမှုဖြင့်ပြောလိုက်သည်။

ထို့နောက် နှစ်ဦးသားအတူတကွပင် အထဲသို့ဝင်သွားကြတော့သည်။

အပြင်ဘက်မှလူများသည်တော့ ယဲ့ချောင်ရှုံးဝင်လာသည်နှင့် လွန်စွာစိတ်လှုပ်ရှားနေကြတော့သည်။ Mမြို့၏လောင်းကစားဘုရင်အား တွေ့မြင်ရဖို့က ထင်သလောက်လွယ်ကူသည်မှမဟုတ်ဘဲ။ သို့သော်လည်း ယဲ့ချောင်ရှုံးကိုယ်တိုင် ကုနင်းကိုကြိုဆိုလာသည်အားတွေ့ရချိန်မှာတော့ အားလုံးစိတ်ရှုပ်ထွေးကုန်ကြသည်။

တခြားလူတွေကတော့ သူတို့ချင်းဝင်ပေါက်ရောက်မှတွေ့ဆုံသွားကြ၍ အတူတူဝင်လာခဲ့ခြင်းဖြစ်မှန်း မသိတာကြောင့် နားလည်မှုလွဲသွားကြသည်။

…….

ယဲ့ချောင်ရှုံးနှင့်ကုနင်းတို့က သီးသန့်ဓါတ်လှေကားကိုသုံးကာ ခြောက်လွှာသို့တက်လာခဲ့ကြသည်။ တက်ရောက်နိုင်သူအရေအတွက် အကန့်အသတ်ရှိတာကြောင့် ယဲ့ချောင်ရှုံးက လောင်းကစားပြိုင်ပွဲကို နေရာခွဲထားကာ သီးသန့်ဇိမ်ခံအခန်းတစ်ခုတွင် စီစဉ်ထားခဲ့သည်။

ယဲ့ချောင်ရှုံးလာမည်ဖြစ်တာကြောင့် တခြားသူများလဲ နောက်မကျရဲကြတာကြောင့် ၇နာရီမခွဲခင်ကတည်းက သီးသန့်ခန်းထဲသို့ ရောက်ရှိနေကြပြီဖြစ်ကာ “ထန်အိုက်နင်း”အကြောင်း ဆွေးနွေးပြောဆိုနေကြသည်။

သူတို့အားလုံးတွင် “ထန်အိုက်နင်း”နှင့်ပတ်သတ်ပြီး မတူကွဲပြားသည့်အမြင်များစွာရှိလို့နေသည်။ တချို့က သူမကိုလေးစားကာ တချို့ကတော့ ရိုးရိုးရှင်းရှင်း သူမကိုစိန်ခေါ်ကြည့်လိုခြင်းဖြစ်ပြီး တချို့လူများကတော့ သူမကိုအနိုင်ပိုင်းဖို့အတွက်တောင် သူတို့စိတ်ကိုပြင်ဆင်ထားကြသည်။

“ငါတို့အားလုံးကို ထန်အိုက်နင်းအနိုင်ယူနိုင်လိမ့်မယ်လို့ ခင်ဗျားတို့တွေးလား?” အမျိုးသားတစ်ဦးက သိချင်စွာမေးလိုက်သည်။

“ဒါကပြောရတော့ခက်တယ်။” နောက်တစ်ယောက်က ပြန်ဖြေလိုက်သည်။

“အိုက်ယား၊ ငါတို့ဒီနေ့ဒီနေရာကိုရောက်နေတာ သူ့ကိုအနိုင်ပိုင်းဖို့ပဲလေ၊ မဟုတ်ဘူးလား? HKမှာတုန်းက သူဖန်းကျီဟောက်ကို နိုင်ခဲ့တယ်ဆိုရင်တောင်မှ လောင်းကစားလောကမှာ သူကအတော်ဆုံးလောင်းကစားသမားလို့ မဆိုလိုဘူးလေ။”

“ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် သူက စစ်ပေါ်နဲ့ငါးချပ်ပိုကာမှာ တစ်ကြိမ်မှမလွဲခဲ့ဘူးလို့ ငါကြားထားတယ်။ အကြွေ့စေ့စက်ကစားနည်းမှာတောင်မှ သူက အကြိမ်ပေါင်းများစွာ တိုကင်တွေအများကြီးသိမ်းပိုက်နေခဲ့တာတဲ့၊ Prize Poolတောင် ရသွားသေးတယ်ဆိုပဲ!”

“အရမ်းနုံအမနေစမ်းပါနဲ့။ အဲ့ကစားပွဲမှာ ဟဲမိသားစုက ညစ်ခဲ့တာပဲဖြစ်ရမယ်။ ပြိုင်ပွဲရလဒ်က ဟဲမိသားစုအနာဂါတ်ကိုအဆုံးအဖြတ်ပေးမှာဆိုတော့ သူတို့မလုပ်နိုင်တာဘာမှမရှိလောက်ဘူး။”

ကာစီနိုများတွင် တစ်ခါတစ်လေ လှည့်ကွက်များဖြင့်ညစ်ကစားသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ သို့သော်လည်း “ထန်အိုက်နင်း”က သူတို့အတွက် ပြိုင်ဘက်ကြီးတစ်ယောက်လို့တော့ လက်ခံနေမိကြစဲပင်။

***

အခန်း ၉၀၉ 1 VS 1

တံခါးတွန်းဖွင့်လိုက်သံကိုကြားသည်နှင့် “ထန်အိုက်နင်း”အကြောင်း ဆွေးနွေးနေကြသည့် ကျွမ်းကျင်လောင်းကစားသမားတစ်ဖွဲလဲ ချက်ချင်းစကားပြောရပ်သွားကြသည်။

ယဲ့ချောင်ရှုံး အခန်းထဲသို့ဝင်လာသည်နှင့် လေးစားမှုကိုပြသသည့်အနေဖြင့် အားလုံးမတ်တပ်ရပ်ကာ ကြိုဆိုခဲ့ကြသည်။ “သခင်ကြီးယဲ့၊ မင်္ဂလာညနေခင်းပါ။”

သူတို့အားလုံးက ယဲ့ချောင်ရှုံးနှင့်ယှဉ်လျှင် အသက်အရွယ်ရော အတွေ့အကြုံပါ ငယ်သူနည်းသူများဖြစ်တာကြောင့် လေးစားမှုရှိကြပေသည်။

“အားလုံးပဲ ထိုင်ကြပါ။” ယဲ့ချောင်ရှုံးပြန်ပြောလိုက်သည်။

နောက်တစ်ခနမှာပဲ ကုနင်းကို သူတို့သတိထားမိသွားကြကာ အင်တာနက်ပေါ်မှ နေရာတိုင်းတွင် သူမ၏ဓါတ်ပုံများ ဗီဒီယိုများကို မြင်တွေ့ထားဖူးပြီးကြသူများဖြစ်တာကြောင့် သူမက “ထန်အိုက်နင်း”မှန်း ချက်ချင်းမှတ်မိသွားကြသည်။

“ဒီဘက်က မိန်းကလေးထန်ပဲဖြစ်ရမယ်နော်?”

တစ်ယောက်က ကုနင်းကိုကြည့်ကာပြောလိုက်သည်။

“အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်မက ထန်အိုက်နင်းပါ။” ကုနင်းယုံကြည်ချက်ရှိရှိနှင့်နှုတ်ဆက်လိုက်သည်။ သူမတွင် တည်ငြိမ်ကာ မြင့်မြတ်သည့်အရှိန်အဝါများရှိနေသည်ကို ဘယ်သူမှသတိမထားမိဘဲမနေနိုင်ကြပေ။

တစ်ချို့ဆိုလျှင် ကုနင်းသည် အဆင့်အတန်းမြင့်သည့်အမျိုးသမီးတစ်ယောက်ဖြစ်မည်ဟု တွေးသွားကြကာ တစ်ချို့တွေကတော့ သူမဘာသာအဆင့်အတန်းမြင့်ချင်ယောင်ဆောင်နေသည်ဟုသာ ယုံကြည်လို့နေသည်။

“မိန်းကလေးထန်၊ မင်းရဲ့အသက်အရွယ်နဲ့ လောင်းကစားပညာမှာ အရမ်းထူးချွန်နေတော့ ငါလေးစားမိနေခဲ့တာပါ။”

“မိန်းကလေးထန်က စစ်ပေါ်နဲ့ငါးချပ်ပိုကာမှာ လုံးဝမလွဲတမ်းမှန်းနိုင်တယ်လို့ကြားထားတယ်၊ ဒါမျိုးက လောင်းကစားလောကတစ်ခုလုံးမှာ တကယ့်ရှားရှားပါးပါးဖြစ်ရပ်ပဲ။”

“…..”

အားလုံးက ကုနင်းကိုဆက်တိုက်ချီးကျူးပြောဆိုနေကြသော်လည်း တချို့တလေကသာ အစစ်အမှန်ဖြစ်သည်။

တချို့က ကုနင်း၏ကိုယ်ပိုင်အရည်အချင်းဟု ယုံကြည်ကာ တချို့ကတော့ ဟဲမိသားစုက လိမ်ညာကစားခဲ့ခြင်းဟုသာ တွေးနေသည်။

ကုနင်းလဲ သူတို့တွင် သူမအပေါ်မတူညီသည့်အမြင်များရှိနေမည်ကို နားလည်ပေမည့် ဂရုထားမနေပေ။ ယဲ့ချောင်ရှုံးလဲ သတိထားမိပေမည့် ကုနင်းဘက်ကကာကွယ်ကာ ဘာမှဝင်မပြောပေးပေ။

အပြောထက်အလုပ်နဲ့သက်သေပြတာက ပိုကောင်းပေသည်။ ကုနင်းမှာသာ တကယ်ပဲသူမကိုယ်ပိုင်ကျွမ်းကျင်အရည်အချင်းရှိနေတာဆိုလျှင် နောက်ကစားမည့်ပွဲများနှင့် ပြသသွားနိုင်မည်ဖြစ်သည်။ ကုနင်းသာ သူတို့ကိုအနိုင်မယူနိုင်လျှင်တော့ ထိုလူတွေရဲ့ ပြစ်တင်မှု ဒါမှမဟုတ် လှောင်ရယ်မှုကို သူမရင်ဆိုင်ရပေမည်။

ဒါကတော့ လက်ရှိလူမှုအသိုင်းအဝိုင်းရဲ့ရက်စက်လှသည့်အမှန်တရားပင်ဖြစ်သည်။

“အားလုံး ချီးကျူးပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် လောင်းကစားလုပ်တယ်ဆိုတာ ကျွမ်းကျင်မှုအရည်အချင်းထက် ကံကောင်းမှုကလဲ အရမ်းအရေးပါတယ်လို့ ကျွန်မတော့ထင်တယ်။”

“မိန်းကလေးထန်ကတော့ အရမ်းနှိမ့်ချတတ်တာပဲ။”

တချို့ကတော့ သူမကအယောင်ဆောင်နေသည်ဟု တွေးနေကြကာ ယဲ့မိသားစုပိုင်ကာစီနိုမှ သူတို့ရှေ့မှောက်မှာတော့ သူမထပ်ပြီးလိမ်ညာမကစားနိုင်တော့ဘူးဟု ယုံကြည်နေကြသည်။

လူအမျိုးမျိုး စိတ်အထွေထွေပဲလေ!

“HKကလောင်းကစားပြိုင်ပွဲကို ငါတို့လွတ်သွားတာ နှမျောစရာပဲ၊ ဒီနေ့တော့ မိန်းကလေးထန်ရဲ့လောင်းကစားစွမ်းရည်ကို မျက်မြင်ကိုယ်တွေ့မြင်ရတော့မှာဆိုတော့ ဂုဏ်ယူနေမိပြီ။” အမျိုးသားတစ်ဦးကပြောလိုက်သည်။ သူက ကုနင်းကိုစိန်ခေါ်နေခြင်းသာ။

ကုနင်းကလုံးဝစိတ်မဆိုးသွားပေ။ “ကျွန်မတော့ အရမ်းမြောက်နေမိပြီ၊ အားလုံးဆီကနေပြီး သင်ယူဖို့လိုနေတုန်းပါ။”

“ဟုတ်ပါပြီ၊ စကားပြောရင်း အချိန်တော်တော်ဖြုန်းမိနေပြီ။ အခုပဲ စကားပွဲစကြတော့ရင်မကောင်းဘူးလား?” သူတို့ထပ်ပြီးမစောင့်နိုင်ကြတော့ပေ။

ထို့နောက် အားလုံး လောင်းကစား,စားပွဲပတ်လည်မှာ နေရာယူကာထိုင်လိုက်ကြသည်။

လောင်းကစား,စားပွဲက ၂မီတာရှည်ကာ ၁မီတာကျယ်ပြီး ကုနင်းကတော့ ဒိုင်နှင့်မျက်နှာချင်းဆို အလယ်တည့်တည့်မှာထိုင်လိုက်သည်။

သူမ၏ဘယ်ဘက်မှာတော့ သုံးယောက်ရှိကာ ညဘက်မှာတော့ နှစ်ယောက်ရှိသည်။ ယဲ့ချောင်ရှုံးသည်တော့ ဒိုင်၏ဘေးမှာထိုင်နေသည်။

အားလုံးက ကုနင်း၏လုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်းမြင်နိုင်စေရန်အတွက် တမင်တကာ သူမကိုအလယ်ပို့ထားကြခြင်းဖြစ်သည်။

စားပွဲတွင် အားလုံး၇ယောက်ရှိပေမည့် ယဲ့ချောင်ရှုံးကတော့ ဝင်ပါဦးမည်မဟုတ်ပေ။ ကစားပွဲတစ်ပွဲတွင် လူ၆ယောက်သာကန့်သတ်ထားတာကြောင့်ဖြစ်သည်။

နောက်မှ ယဲ့ချောင်ရှုံးက ကုနင်းနှင့်တစ်ကိုယ်တိုင်လောင်းကစားလုပ်ပေလိမ့်မည်။

ထိုကျွမ်းကျင်လောင်းကစားသမားများက ကုနင်းကိုစိန်ခေါ်ဖို့ ဒီကိုရောက်နေခြင်းဖြစ်ကာ ယဲ့ချောင်ရှုံးအတွက်မဟုတ်ပေ။

Mမြို့၏လောင်းကစားလောက၏ ထိပ်တန်းလောင်းကစားသမားများအနေဖြင့် အရင်ကလဲ သူတို့တွေ ယဲ့ချောင်ရှုံးနှင့်တစ်ကြိမ်မကယှဉ်ပြိုင်ခဲ့ဖူးကြပေမည့် ဘယ်သူမှအနိုင်မရခဲ့ပေ။ အခုသာ ယဲ့ချောင်ရှုံးဝင်ကစားလိုက်ပါက သူတို့တွေခွက်ခွက်လန်အောင် ရှုံးကျပေလိမ့်မည်။

“လောင်းကြေးကဘယ်လောက်လဲ?” ကစားပွဲမစတင်ခင်မှာ တစ်ယောက်ကမေးလိုက်သည်။

“အားလုံးသဘောအတိုင်းပါပဲ။” ကုနင်း စိတ်ထဲမထားပေ။ လောင်းကြေးဘယ်လောက်ဖြစ်ဖြစ် သူမလက်ခံနိုင်ပေမည့် နည်းနည်းလေးတော့ မဖြစ်သင့်ပေ။

“ကောင်းပြီလေ၊ ငါတို့ဒီပွဲကို အပျော်ကစကားကြတာပဲဆိုတော့ လောင်းကြေးသိပ်မများသင့်ဘူးလို့ထင်တယ်။ တစ်ပွဲကို ယွမ်၁သန်းဆိုဘယ်လိုလဲ?” တစ်ယောက်က အကြံပေးလိုက်သည်။ သူတို့အားလုံးက လူချမ်းသာများဖြစ်ကာ ယွမ်၁၀သန်းလောင်းကြေးတင်လျှင်ပင် တတ်နိုင်ကြပေမည့် မလိုအပ်တာကြောင့်ဖြစ်သည်။ ယွမ်၁သန်းဆိုလျှင်ပင် လုံလောက်နေပေပြီ။

ဒါ့အပြင် အရင်တစ်ခေါက် ကုနင်းကို ဖန်းကျီဟောက် ဘယ်လောက်တောင်ရှုံးသွားလဲ သိနေကြတာကြောင့် အားလုံးသတိမလွတ်ကြပေ။

လူတိုင်းသဘောတူလိုက်သည်နှင့် တစ်ပွဲလျှင် လောင်းကြေးယွမ်၁သန်းအးတည်ဖြစ်သွားသည်။ ထို့နောက် အားလုံးက တစ်ယောက်ကို ယွမ်သန်းတစ်ရာဖိုး တိုကင်ပြား၁၀၀လဲလှယ်လိုက်ကြသည်။

“ဘာအရင်စကစားကြမလဲ?”

“စစ်ပေါ်နဲ့ပဲစကြရင်ကော? ငါတို့ မိန်းကလေးထန်နဲ့ တစ်ယောက်ချင်းသုံးပွဲစီပြိုင်လို့ရတာပဲ။”

သဘောမတူသည့်လူမရှိခဲ့ပေ။

သူတို့အားလုံးသာတစ်ပြိုင်တည်းကစားလိုက်လျှင် မတရားသလိုဖြစ်နေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အားလုံးက ထိပ်တန်းလောင်းကစားသမားများဖြစ်ကာ လူတိုင်းက အဖြေမှန်ပြောနိုင်ချေ အနည်းဆုံး၆၀ရာခိုင်နှုန်းစီရှိနေကြတာမဟုတ်လား။ သူတို့သာ စစ်ပေါ်ကို တစ်ယောက်ချင်းကစားကြည့်မည်ဆိုလျှင် ဘယ်သူကပိုသာမလဲပါသိနိုင်သည်။

ကုနင်းလဲ သဘောတူလိုက်သည်။

ကစားပွဲကို ဘယ်မှညာသို့ကစားသွားမည်ဖြစ်တာကြောင့် ကုနင်း၏ဘယ်ဘက်မှလူက ပထမဆုံး အံစာခေါက်ရသည်။

အံစာခွက်မြောက်တက်သွားသည်နှင့် အားလုံးက ဒီအလှည့်မှာမပါကြတာတောင် အာရုံစိုက်ကုန်ကြသည်။ သို့ပေမည့် ကုနင်းကတော့ စိတ်အေးလက်အေးနှင့် လက်ဖက်ရည်တောင် သောက်နေသေးသည်။

ထိုမြင်ကွင်းကြောင့် ယဲ့ချောင်ရှုံးပင်လျှင် သံသယဖြစ်ကာ မျက်ခုံးတွန့်မိသွားသည်။ တခြားလူတွေလဲပဲ စိတ်ရှုပ်သွားကြသည်။

“မိန်းကလေးထန်၊ မင်းအဖြေရပြီလား?” အံစာခွက် စားပွဲပေါ်ရောက်သည်နှင့် မေးလိုက်ခြင်းပင်။

“၅,၅,၆ ၁၆” ကုနင်းပြန်ဖြေလိုက်သည်။

ထိုစကားကြောင့် လူတိုင်းအံ့အားသင့်သွားကြတော့သည်။ အံ့စာခွက်ထဲမှာ ၅,၅,၆ရှိမလားဆိုတာ သူတို့မသေချာသော်လည်း ဖြစ်နိုင်ချေများသည်ဟုတော့ တွေးမိကြသည်။ အရေးအကြီးဆုံးကတော့ ကုနင်းက ဂဏန်းအတိအကျကို တန်းပြီးထုတ်ပြောသွားတာပဲ!

ဒီလောက်တောင် ယုံကြည်ချက်ရှိနေတယ်လား!

အံစာခွက်ဖွင့်လိုက်သည်နှင့် ကုနင်း၏အဖြေမှန်ကန်ကြောင်း ဖော်ပြလာခဲ့သည်။

ရလဒ်က တခြားလူများကို ချက်ချင်းပင် အထင်ကြီးမိသွားစေသည်။ သူတိုတောင်မှ အံစာခွက်ထဲက အံစာနံပါတ်အတိအကျကို မပြောနိုင်ခဲ့ကြဘူးမဟုတ်လား။

ဒီလိုနဲ့ပဲ “ထန်အိုက်နင်း”လိမ်ပြီး ကစားခဲ့ခြင်းမဟုတ်ကြောင်း သူတို့သေချာသွားကာ သူမက လောင်းကစားနည်းတွင် တကယ့်ကိုမယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်သူဟု လက်ခံသွားကြတော့သည်။

၁၆အတွက် ဆတိုးက ၁၈-၁ဖြစ်ကာ ကုနင်းက နံပါတ်အတိအကျကိုပါ ပြောနိုင်ခဲ့တာကြောင့် ဆတိုးက ၃၆-၁အဖြစ် နှစ်ဆဖြစ်သွားသည်။ ပထမပွဲပြီးနောက်မှာပဲ ကုနင်းယွမ်၃၆သန်း အနိုင်ရသွားပေပြီ။

***

အခန်း ၉၁၀ ကုနင်းအကြိမ်တိုင်းအနိုင်ရ

ချက်ချင်းဆိုသလို ကုနင်း၏ရှေ့မှောက်တွင် တိုကင်ပြား၃၆ခုရောက်ရှိလာခဲ့ပေမည့် ကစားပွဲကဆက်ဦးမည်ဖြစ်တာကြောင့် သူမအပိုင်မဖြစ်သေးပေ။

အခုချိန်ကတော့ ကုနင်းအံစာခေါက်ရမည့်အလှည့်ပင်။ သူမ၏ပြိုင်ဘက်ကသာ အံစာတန်ဖိုးကို မခန့်မှန်းနိုင်ခဲ့ပါက သူမရှေ့မှတိုကင်ပြားတွေက သူမအပိုင်ဖြစ်လာပေမည်။ သို့သော်လည်း ကုနင်း၏ပြိုင်ဘက်က မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့မည်ဆိုလျှင်တော့ ကုနင်းဘက်က သူ့ကို တိုကင်ပြားများပြန်ပေးရပေမည်။

ယွမ်၃၆သန်းဆိုတာ တကယ်ကိုများပြားလွန်းသည့်ပမာဏဖြစ်တာကြောင့် ဘယ်သူကမှတစ်မိနစ်တည်းနဲ့ မဆုံးရှုံးချင်ကြပေ။

ကုနင်း ပုံမှန်လေးပဲအံစာကိုခေါ်လိုက်သည်။ သို့ပေမည့် သူမပြိုင်ဘက်ကတော့ အံစာခေါက်ချိန်အစမှအဆုံးထိ သေချာအာရုံစိုက်လို့နေသည်။

သူမ အံစာခွက်ကိုချလိုက်ကာ ပြိုင်ဘက်က ခန့်မှန်းစေလိုက်သည်။

သူမပြိုင်ဘက်ကတော့ ကုနင်းလိုမရဲဘဲ အံစာတစ်ခုချင်းနံပါတ်အတိအကျကို မပြောနိုင်ပေ။ ယဲ့ချောင်ရှုံးတောင်မှ နံပါတ်အတိအကျထုတ်ပြောနိုင်ပါ့မလား ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိပေ။

“သုံးမျိုးလုံးတူ” ပြိုင်ဘက်က ခန့်မှန်းလိုက်သည်။

ကုနင်းအံစာခွက်ကိုဖွင့်လိုက်သည်နှင့် အထဲမှာတကယ်ကို သုံးမျိုးလုံးတူရှိနေခဲ့သည်။ အံစာများကိုမြင်တော့မှ ပြိုင်ဘက်လဲ သက်ပြင်းအရှည်ကြီးချနိုင်သွားတော့သည်။

သူအခုလောက် တစ်ခါမှစိုးရိမ်ကာစိတ်မလှုပ်ရှားဖူးပေ။

ဆတိုးက ၈-၁ဖြစ်တာကြောင့် သူက တိုကင်သုံးပြားသာပြန်ရပြီး ကျန်၂၈ခုလုံးက ကုနင်းရှိရာသို့ရောက်သွားသည်။

နောက်တစ်ပွဲမှာလဲ ကုနင်းက နံပါတ်အတိအကျနှင့်ထပ်မှန်ခဲ့ပြန်ကာ ဆတိုး၁၆-၁ရပြန်သည်။

ကုနင်း၏အနိုင်ပွဲကြောင့် လူတိုင်းထပ်ပြီးအံ့အားသင့်ခဲ့ရပြန်သည်။

ဒီအတိုင်းသာဆို “ထန်အိုက်နင်း”ပဲ ပွဲတိုင်းနိုင်နေတော့မှာများလား? ယဲ့ချောင်ရှုံးတောင်မှ ပွဲတိုင်းမနိုင်,နိုင်ဘူးလေ!

သူတို့မသိစိတ်က အလိုအလျောက်ပင် ကုနင်းနှင့်ယဲ့ချောင်ရှုံးတို့ကို နှိုင်းယှဉ်မိသွားကြသည်။ ဒါကြောင့်ပဲ ကုနင်းက သူတို့ထက်ပိုတော်သည်ဟု လက်ခံလိုက်ကြသည့်သဘောပင်။ သူတို့အားလုံးက ယဲ့ချောင်ရှုံးကို အရှုံးပေးခဲ့ရဖူးသူတွေမဟုတ်လား။

ဒုတိယပွဲမှာတော့ ကုနင်း၏ပြိုင်ဘက်က ယွမ်၁၀သန်းရှုံးသွားသည်။

ကုနင်း၏ပြိုင်ဘက်က စုပေါင်းရလဒ်ကိုပြောနိုင်သော်လည်း ကုနင်းက အခေါက်တိုင်း ဆတိုးနှစ်ဆရနေကာ ငွေတွေအများကြီးနိုင်နေတာကြောင့် သူတို့ဘက်က ငွေတွေဆုံးရှုံးနေရစဲဖြစ်သည်။

တတိယပွဲမှာလဲ အလားတူအခြေအနေသာဖြစ်ခဲ့ကာ အခုဆိုလျှင် ကုနင်း၏ပထမဆုံးပြိုင်ဘက်မှာ တော်တော်လေးစိတ်ပျက်ဝမ်းနည်းနေပြီဖြစ်သည်။ ကုနင်းနှင့်သာဆက်ပြိုင်လျှင် သူတစ်ပွဲမှအနိုင်ရနိုင်ချေမရှိဘူးလို့တောင်မှ တွေးမိနေပေပြီ။ သူ့စိတ်ထဲထိုအတွေးဝင်သွားသည်နှင့် အံစာခေါက်သည်ကို အာရုံမစိုက်နိုင်တော့တာကြောင့် ထပ်ရှုံးခဲ့ခြင်းဖြစ်သည်။

သို့ပေမည့် ကုနင်းကတော့ တတိယအလှည့်ပြီးချိန်မှာ ယွမ်၂၃သန်းအနိုင်ရသွားသည်။

ပထမပြိုင်ဘက်နှင့်ပင် ကုနင်း စုစုပေါင်းယွမ်၆၁သန်းအနိုင်ရသွားခဲ့သည်။

ဆန့်ကျင်ဘက်အနေနဲ့ ပထမဆုံးပြိုင်ဘက်ကတော့ ယွမ်၆၁သန်းရှုံးသွားတာပေါ့။ ဒီလောက်အချိန်တိုလေးအတွင်း သူငွေတွေအများကြီးဆုံးရှုံးဖူးတာက အခုကပထမဆုံးအကြိမ်ပင်။ ဒါက ဘယ်လိုမှလက်ခံလို့မရနိုင်စရာပဲ။

သူအများကြီးဆုံးရှုံးသွားကာ စိတ်ပျက်နေမိသော်လည်း တည်ငြိမ်နေသလိုဟန်ဆောင်ကာ “မိန်းကလေးထန်၊ မင်းနိုင်ပါတယ်။” လို့ပြောလိုက်စဲပင်။

ကုနင်းဘာမှပြန်မပြောဘဲ ပြုံးသာပြုံးလိုက်သည်။

ပထမပွဲရလဒ်ကြောင့် တခြားလူတွေအားလုံးထိတ်လန့်နေကြသည်။ တချို့ဆိုလျှင် စိန်ခေါ်မှုကို ပြန်တော်ရုတ်သိမ်းချင်နေကြပေမည့် အဲ့လိုလုပ်လိုက်ရင်လဲ အရှက်ကွဲပေဦးမည်။

ဒုတိယပြိုင်ဘက်သည်လဲ ပထမတစ်ယောက်ထက်တော့ အများကြီးမသာသွားပေ။ သူကတော့ စုစုပေါင်း ယွမ်၅၈သန်းရှုံးခဲ့သည်။

ကျန်လူများ၏ကုနင်းနှင့်မယှဉ်ပြိုင်လိုတော့သည့်စိတ်ကလဲ ပိုလို့ပြင်းထန်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ရှုံးမှာ အသိသာကြီးပဲလေ။

တတိယပွဲ၊ စတုတ္ထပွဲနှင့်ပဥ္စမပြိုင်ဘက်များအားလုံး ကုနင်းကိုအရှုံးပေးချင်သည့် တူညီသည့်ဆန္ဒများရှိနေကြပေမည့် အတတ်နိုင်ဆုံးတော့ ကြိုးစားပြီးမှရှုံးနိမ့်တာက ပိုကောင်းပေသည်။

ဒီလိုနဲ့ပဲ သူတို့ငွေတွေကို ကုနင်းဆီသို့ပေးလိုက်ရတော့သည်။

ငါးယောက်လုံးနှင့်ယှဉ်ပြိုင်ပြီးသည်နောက်မှာတော့ ကုနင်းယွမ်၂၅၆သန်းရရှိသွားခဲ့သည်။

လူတိုင်းက သူမ၏တိကျစွာခန့်မှန်းနိုင်သည့်အရည်အချင်းအား အံ့ဩနေကြကာ ယဲ့ကျားရှန်းနှင့်ယဲ့ချောင်ရှုံးတို့ကလဲ ချွင်းချက်မဟုတ်ပေ။

အရင်တစ်ခေါက် “ထန်အိုက်နင်း”ဆိုသူ HKလောင်းကစားပြိုင်ပွဲမှာပြသခဲ့သည့် အရည်အချင်းများအကြောင်း သူတို့ကြားဖူးထားကြပြီးသားဖြစ်ပေမည့် တကယ့်လက်တွေ့မြင်လိုက်ရချိန်မှာလဲ အံ့ဩမိနေစဲပင်။

“ထန်အိုက်နင်း” ဒါမှမဟုတ် ဟဲမိသားစုဘက်က တစ်နည်းနည်းနှင့်ညစ်ကစားခဲ့သည်ဟု သူတို့တွေယုံကြည်ခဲ့ကြပေမည့် အခုတော့ သူတို့အတွေးတွေမှားနေကြောင်း ရှင်းရှင်းလင်းလင်သိသွားပေပြီ။

ဒီ“ထန်အိုက်နင်း” အံစာခွက်ကိုဖြတ်ပြီးတော့များ အံစာတုံးတွေကို မြင်နေရတာများလား! သူမမှာ ကျောက်စိမ်းမျက်ဝန်းတစ်စုံရှိနေသလားလို့တောင် သူတို့တွေးမိလိုက်ကြသည်။

ထိုကျွမ်းကျင်လောင်းကစားသမားများက အရင်တုန်းကတော့ “ထန်အိုက်နင်း”ကို ယဲ့ချောင်ရှုံးကတော့ သေချာပေါက် အနိုင်ယူနိုင်လိမ့်မည်ဟု တွေးထားကြပေမည့် အခု သူတို့ကြုံတွေ့လိုက်ရသည့် ဖြစ်စဉ်အရ “ထန်အိုက်နင်း”ကသာ အနိုင်ရနိုင်ချေပိုများသည်ဟု တွေးမိသွားကြပေပြီ။

ယဲ့ချောင်ရှုံးပင်လျှင် ထိုသို့တွေးမိပေသည်။ သူရှုံးလိမ့်မယ်ဆိုတာကို သိနေတာတောင်မှ သူ့ရဲ့အနိုင်ရလိုစိတ်က ပိုပြင်းပြလာတာကြောင့် ကစားဖို့စိတ်ဝင်စားနေတုန်းပင်။

အခုတော့ ကုနင်းသည် စစ်ပေါ်ကစားနည်းမှာ မယုံနိုင်စရာကောင်းလောက်အောင် တော်မှန်းသိနေပြီဖြစ်ပေမည့် တခြားလောင်းကစားနည်းများမှာတော့ ဒီလောက်မတော်နိုင်လောက်ပါဟု တိတ်တခိုးမျှော်လင့်နေကြတုန်းပင်။

ဒါကြောင့် ငါးချပ်ပိုကာကစားဖို့ အဆိုပြုလိုက်ကြကာ ကုနင်းကလဲ လက်ခံခဲ့သည်။

သို့သော်လည်း ကုနင်းကတော့ သူမထုံးစံအတိုင်းဆက်နိုင်နေစဲဖြစ်သည်။ ၁၀ပွဲကစားပြီးချိန်မှာတော့ ကုနင်းယွမ်သန်း၁၈၀အနိုင်ရသွားပြန်သည်။

ကျွမ်းကျင်လောင်းကစားသမားမှာ မယုံကြည်နိုင်စွာဖြင့် ဘက်ကာရက်(ဘန်ကာနှင့်ကစားသူကြားမှကတ်များကိုနှိုင်းယှဉ်ရသည့်)ကစားနည်းကို ကစားဖို့ အကြံပြုလိုက်ပြန်ပေမည့် နောက်ဆုံးမှာတော့ ကုနင်းကပဲ ယွမ်သန်း၁၆၀နှင့် အနိုင်ရသူဖြစ်သွားပြန်သည်။

ကျွမ်းကျင်လောင်းကစားသမားများမှာ ယခုထက်ပိုပြီးစိတ်မပျက်နိုင်ကြတော့ပေ။ ဒါကြောင့် ကုနင်းနှင့်ထပ်ပြိုင်လိုသည့်ဆန္ဒများကို လက်လျှော့လိုက်တော့သည်။

လောင်းကစားနည်းသုံးမျိုးကစားပြီးနောက် ကုနင်းက စုစုပေါင်းယွမ်၅၉၆သန်းအနိုင်ရရှိသွားသည်။ လောင်းကြေးကယွမ်၁သန်းပဲဖြစ်တာတောင်မှ ကုနင်းကတော့ ငွေမြောက်မြားစွာအနိုင်ရသွားပြန်သည်။

All Chapters